YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Judge.Dredd.1995.PROPER.720p.(CM).mp4

1.05 GB 720p video/mp4 495 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
White Sun
7.1

ဒီကားရဲ့ နာမည် Seto Surya (နေဖြူ) ဆိုတာက နီပေါနိုင်ငံရဲ့ အမျိုးသားအလံမှာပါတဲ့ အစိတ်ပိုင်းတစ်ခုကို ရည်ညွှန်းထားတာပါ။ အတွင်းသားအနီရောင်နဲ့ အပြာအနားကွပ်၊ လခြမ်းကွေးလေးရယ် တောက်လောင်နေတဲ့နေရယ် ပါတဲ့ နီပေါအလံကို မြင်ဖူးရင် သိကြမှာပါ။ ဒီကားရဲ့ နေဖြူဆိုတာကတော့ အဲဒီ အဖြူရောင်နေကို ဆိုလိုတာဖြစ်ပါတယ်။ ၁၉၉၆ ကနေ ၂၀၀၆ အထိ ဖြစ်ပွားခဲ့တဲ့ နီပေါ ပြည်တွင်းစစ်ပြီးစ အခြေအနေကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ တစ်ချိန်က နီပေါဟာ ဘုရင့်နိုင်ငံဖြစ်ခဲ့ပြီး ဘုရင့်တော်ဝင်တပ်တွေနဲ့ နီပေါကွန်မြူနစ်ပါတီ (မော်စီတုန်းဝါဒီသမားတွေလို့လည်း ခေါ်ပါတယ်) ကြား နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့ပြီး တော်လှန်သူ ကွန်မြူနစ်တွေ အနိုင်ရခဲ့တဲ့ စစ်ပွဲပါ။ နီပေါနိုင်ငံသားတွေဟာ ထုံးတမ်းစဉ်လာတွေ ဓလေ့တွေလိုက်နာသက်ဝင်ပြီး လူမှုအဆင့်အတန်း ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှု ပြင်းထန်တဲ့အလျောက် လူတန်းစားအလွှာကွာဟမှုကို ဆန့်ကျင်တဲ့ မော်စီတုန်းဝါဒီသမားတွေ အာဏာရသွားတေ့ာ အတော်လေးလည်း ခွကျခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းဘက်ကို လှည့်ရမယ်ဆိုရင်ဖြင့် ရှုထောင့် ၂မျိုးက ပြောဖို့ စဉ်းစားထားပါတယ်။ ပထမတစ်မျိုးကတော့ ပူးဂျာလို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ရဲ့ ရှုထောင့်ပါ။ ပူးဂျာလေးဟာ အမေဖြစ်သူနဲ့အတူ ဝေးလံခေါင်သီတဲ့ တောင်တွေပေါ်မှာရှိတဲ့ ရွာဇနပုဒ်မှာ နေထိုင်ပါတယ်။ သူ့ရဲ့ အဖိုးလို့ ခံယူထားတဲ့ ရွာအကြီးအကဲကြီး ဆုံးသွားတဲ့အခါမှာတော့ ရွာမှာ ကြားဖူးနားဝ ကောလဟာလနဲ့ သူ့အဖေဖြစ်လိမ့်မယ်လို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရွာပြန်အလာကို မျှော်လင့်တကြီး စောင့်စားပါတော့တယ်။ ဒုတိယ ရှုထောင့်အနေနဲ့ကတော့ ချန်ဒျာလို့ခေါ်တဲ့ စစ်သားဟောင်းတစ်ဦးရဲ့ နေရာကနေပါ။ သူဟာ စစ်သားဆိုပေမယ့် ယခုလက်ရှိအာဏာရ ကွန်မြူနစ်ပါတီရဲ့ တစ်ချိန်က ပြောက်ကျားစစ်သား (သူပုန်)ပါ။ တော်လှန်စဉ်က ပါဝင်ခဲ့ပြီး စစ်ပွဲအပြီး ဘေးထွက်နေတဲ့လူမျိုးပေါ့။ သူ့အဖေဖြစ်သူ ဆုံးသွားပြီဆိုတဲ့ သတင်းကြောင့် ရွာကို ပြန်လာခဲ့ပေမယ့် အပေါ်မှာပြောသလို အယူအစွဲကြီးတဲ့ ရွာကလူတွေနဲ့ သူနဲ့ကြားက ပဋိပက္ခတွေကြောင့် သူ့အဖေဖြစ်သူ ရွာအကြီးအကဲကို အဆင်ပြေပြေသင်္ဂြိုလ်နိုင်ဖို့ လုံးပမ်းရပါတော့တယ်။ Venice ရုပ်ရှင်ပွဲတော်မှာ ဆုရထားပြီး Toronto တို့ Rotterdam တို့အပါအဝင် ဟုတ်ပေ့ဆိုတဲ့ ရုပ်ရှင်ပွဲတော်ကြီးတွေမှာ ပြသခွင့်ရထားတဲ့ ရုပ်ရှင်မို့ လက်မလွတ်စေလိုပါ။ ဒီ နီပေါဒါရိုက်တာဟာဖြင့် သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ကား Highway တုန်းကလည်း ဘာလင်တို့ လိုကာနိုတို့လို ပွဲတော်ကြီးတွေနဲ့ စခဲ့တာပါ။ အခု White Sun ကတော့ သူ့ရဲ့ ဒုတိယကားပေါ့။ နီပေါလို ဒေသတွင်း အနုပညာဖန်တီးသူတွေ သူတို့လက်ရာတွေနဲ့ ကမ္ဘာပတ်နေတာကို ကြွေနေရသလိုမျိုး ကိုယ့်နိုင်ငံတွင်းက ရုပ်ရှင်သမားတွေရဲ့ လက်ရာတွေ (ယခု လူနည်းစု ပတ်နေကြပြီမှန်း သိပါတယ်) လည်း များများစားစား မြင်ရဖို့ မျှော်လင့်မိပါကြောင်း...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 690MB Quality - 720p, 480p IMDb Rating - 7.1/10 Format - mp4 Duration - 1H 29Min Genre - Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Music • Romance
7.1 2016 87 mins
White Sun
The Seven Dog's PDU

CM ပရိသတ်တွေအတွက် The Seven Dogs ဆိုတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ရဲတပ်ဖွဲ့ဝင် အသစ်ဖြစ်တဲ့ ချန်ရှောင်ထျန်းဟာ မှုခင်းရဲတစ်ယောက် ဖြစ်ချင်ခဲ့ပေမဲ့ ရဲခွေးတပ်ဖွဲ့ကို အပို့ခံလိုက်ရပါတယ်။ သူတာဝန်ယူရတဲ့ ခွေးလေး ဖက်ထုပ်လေးက သူ့စကားကို နားမထောင်ပဲ လေ့ကျင့်ရခက်ခဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဖြစ်အပျက် အမျိုးမျိုး ဖြတ်သန်းပြီးနောက် အချင်းချင်း ပူးပေါင်းကူညီပြီး သူတို့ဟာ အကောင်းဆုံးရဲဘော်ရဲဘက်တွေ ဖြစ်သွားကြပါတော့တယ်။ ဖက်ထုပ်လေးကို ချန်ရှောင်ထျန်းက ဘယ်လို လေ့ကျင့်ပေးမလဲ...... သူတို့နှစ်ယောက် သံယောဇဉ်က ဘယ်လို ဆက်သွယ်သွားမလဲကို...... ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုကြရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Fantasy
0 2023
The Seven Dog's PDU
Flyboys
6.5

ဒီဇာတ်လမ်းဟာ ပထမကမ္ဘာစစ်စတင်ပြီး 1916 ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်‌ကိုပြန်ရိုက်ကူးထားတာပါ။ ဒီကာလမှာက အမေရိကန်ဟာ စစ်ထဲဝင်မပါ‌သေးတော့ စစ်တိုက်ချင်တဲ့၊‌ လေယာဉ်မောင်းချင်တဲ့ အမေရိကန်လူငယ်အချို့ဟာ စစ်ပညာသင်ပေးမယ့်ပြင်သစ်ကိုသွားပြီး စစ်ထဲဝင်ကြရပါတယ်။ အကြောင်းကြောင်းနဲ့ စစ်ထဲဝင်လာတဲ့သူတွေရှိသလို ကျဆုံးသွားသူတွေလည်း ဒုနဲ့ဒေးပါပဲ။ လေယာဉ်နဲ့ မစ်ရှင်လုပ်ရတိုင်း ဘယ်တော့သေမယ် မသိတဲ့ရတဲ့ လေယာဉ်မှူးတွေအတွက်ကတော့ ကျဆုံးသတင်းဆိုတာ ထူးမခြားနားလိုဖြစ်နေပါပြီ။ မနေ့ကအတူရှိနေပြီး ဒီနေ့ကျဆုံးသွား၊ သူ့အတွက်လက်စားချေနိုင်မယ့်အချိန်ကိုစောင့်ရင်း အရက်တွေပဲသောက် ‌နောက်လူတွေကိုကာကွယ်ပေး အသက်ကိုစတေးခံ စတဲ့ သရုပ်တွေကို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်အပြင် လေယာဉ်အချင်းချင်း စီးချင်းတိုက်တာ‌တွေကို တဝကြီးကြည့်ရှုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။ File Size :(2.7GB) (1.1 GB) and (335MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:20:00 Genre : Action, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • War
6.5 2006 138 mins
Flyboys
Mechanic: Resurrection
6

လူသတ်သမားတစ်ယောက်ဟာ လူသတ်ပြီးသွားရင် သူသတ်မှန်းမသိရအောင် ခြေရာလက်ရာဖျောက်နိုင်မှ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီထက် တစ်ဆင့်တက်ကြည့်ကြမလား။ ဘယ်သူဘယ်ဝါ သတ်သွားတယ်ဆိုတာကို အသာထားလိုက်။ လူသတ်ခံလိုက်ရတာပါ ဆိုတာကိုတောင် မသိအောင်လုပ်နိုင်တဲ့ လုပ်ကြံရေးသမားတစ်ယောက်ရှိပါတယ်။ သူ့လက်ချက်နဲ့ လူ့လောကကို တာ့တာပြသွားရတဲ့သူတွေဟာ အများအမြင်မှာတော့ မတော်တဆဖြစ်ပြီး သေရတာပါတဲ့။ ဝမ်းနည်းစရာ မတော်တဆမှုလေးတွေပေါ့။ ဒီလောက်ဆိုရင်တော့ လူကြီးမင်းတို့ တွေးမိလောက်ပါပြီ။ ဟုတ်ပါတယ်။ ဘစ်ရှော့ပ် ဆိုတဲ့ Mechanic စက်ပြင်သမားတဖြစ်လဲ လုပ်ကြံရေးသမားကြီးပေါ့။ တည်ငြိမ်တယ်။ သွေးအေးတယ်။ တိကျတယ်။ ပြီးတော့ ရက်စက်တယ်။ အခုကတော့ ပထမကား The Mechanic (2011) ရဲ့ အဆက် sequel ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကောင်တစ်ယောက်ပေါ့။ သူနဲ့အတူ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေး Jessica Alba ကလည်း အားဖြည့်ပါဝင်ပါတယ်။ Fantastic Four ဇာတ်ကားတွေထဲက ကိုယ်ပျောက်လူသားမလေးအဖြစ်ရယ်၊ The sleeping Dictionary ထဲက ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကို လှစ်ဟပြခဲ့တဲ့ မင်းသမီးလေးဆိုရင်ဖြင့် မှတ်မိကြပါလိမ့်မယ်။ Michelle Yeoh လည်း ပါသေးတယ်နော်။ ဇာတ်လမ်းအကျဉ်းကတော့ လုပ်ကြံရေးသမားဘဝကနေ အနားယူပြီး ဘရာဇီးမှာ ဇာတ်မြှုပ်နေတဲ့ ဘစ်ရှော့ပ် ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကနေ သူ့ဘဝကို ဖော်ကောင်လုပ်သွားတာကနေ စတင်ပါတယ်။ သူ့အ‌ကြောင်းကိုသိတဲ့ သူ့ရန်သူက အရည်အချင်းရှိတဲ့ ဘစ်ရှော့ပ် ကို အသုံးချပြီး ရန်သူတွေကို ရှင်းပစ်ချင်တာပါ။ သူတို့နှစ်ယောက်ကလည်း ကျောင်းတော်ကရန်စနဲ့ ကမ္ဘာမကြေ ရန်သူတော်နှစ်ပါးပေါ့။ ငယ်ငယ်က ‌ရန်စကိုလည်း လက်စားချေရင်း၊ သူ့လုပ်ငန်းအတွက်လည်း အသုံးလည်းချရင်း တစ်ချက်ခုတ်ပြီး နှစ်ချက်ပြတ်ချင်တဲ့ ခရိန်း ရယ်၊ ကြားထဲက ဘာမဆိုင် ညာမဆိုင် ညပ်ပါလာတဲ့ မိန်းမလှလေး ဂျီနာ ရယ်၊ လုပ်ကြံရေးသမားဟောင်းကြီး ဘစ်ရှော့ပ် ရယ်တို့ ဉာဏ်ကိုလွှာသုံးပြီး တစ်ယောက်နဲ့တစ်ယောက် အနိုင်ကြဲကြပုံတွေ ရှုစားရဖို့ရှိကြောင်းပါခင်ဗျာ။ File size…(4GB) /(1.5 GB) / (1.1 GB) Quality….BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….01:38:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Adventure • Science Fiction
6 2016 98 mins
Mechanic: Resurrection
Stories Not to be Told
6.2

Stories not to be told (2023) ကျွန်မတို့တွေဟာ ဘ၀ရဲ့တစ်ထောင့်တစ်ကွေ့မှာ မရည်ရွယ်ပေမယ့်လည်း အမှားသေးသေးကစလို့ ကြီးကြီးမားမားတွေထိ လုပ်မိတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ ရှက်စရာကောင်းလွန်းလို့ ဘယ်သူ့ကိုမှလည်းမသိစေချင်၊ ကိုယ်တိုင်လည်းလုံး၀မေ့ပစ်ချင်ပေမယ့် ညအိပ်ခါနီးစိတ်ထဲပြန်ပြန်ပေါ်လာတတ်ပြီး စိတ်အနှောင့်အယှက်ပေးတတ်တဲ့ အဖြစ်အပျက်မျိုးတွေကို Stories not to be told လို့ခေါ်တဲ့ ဒီစပိန်ရုပ်ရှင်မှာ အသားပေးတင်ဆက်ထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ မတူညီတဲ့လူအမျိုးမျိုးရဲ့ မတူညီတဲ့ဇာတ်လမ်းငါးခုက လူတွေရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ပုံကို သရော်ထားပြီး သူ့နေရာမှာကိုယ်သာဆိုရင်ရော ဆိုတဲ့ စာနာစိတ်ကိုပါဖြစ်စေအောင် ရိုက်ပြထားနိုင်တာမို့ တကယ်ကို ခံစားကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Jane ပဲ ဖြစ်ပါတယ်။ Genre….. Action, Adventure, Comedy Quality…. 1080p | 720p File size… 1.4GB | 694MB Format… mp4 Duration….1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Jane Encoder ….. Aaron

Drama • Adventure • Fantasy • TV Movie
6.2 2023 100 mins
Stories Not to be Told
Alien Planet
5.5

ဇာတ်လမ်းလေးကတော့ ရာစုနှစ်ပေါင်းများစွာ ခမီးန်မျိုးနွယ်တွေက လို့ခ်ကိုင်းမျိုးနွယ်ကို ဖိနှိပ်ထားတဲ့အတွက် လို့ခ်ကိုင်းတွေမကျေနပ်တော့ တွန်းလှန်တဲ့အခါ စစ်ပွဲတွေစဖြစ်ပါတော့တယ်။ လို့ခ်ကိုင်းတွေဟာ စစ်ပွဲမှာအများအပြားကျဆုံးခဲ့ကြပြီး စစ်ရှုံးကာ ရော့ကာချီဆိုတဲ့ဂြိုလ်ကိုထွက်ပြေးပါတော့တယ်။ အဲ့ဂြိုလ်မှာက အာဟာရဓာတ်မပြည့်စုံတဲ့အတွက် ဇာ့ထ်ဆိုတဲ့ရေကိုပဲ သောက်ရတဲ့အတွက် Rejuvenation Vial ဆေးရည်ကို အသုံးပြုပြီးလိုအပ်တဲ့ ရေကိုရယူကြရတယ်။ တစ်ဖက်မှာ ခမီးန်တွေနေထိုင်တဲ့ဂြိုလ်ဟာ တလွဲ အသုံးချမှုတွေကြောင့် ရေအရင်းအမြစ်ဆုံးရှုံးလာပါတော့တယ်။ ခမီးန်ခေါင်းဆောင်ဟာ လို့ခ်ကိုင်းတွေမှာရှိတဲ့ Rejuvenation Vial ဟာဂြိုလ်တစ်ခုလုံးကို ပြန်လည်ရှင်သန်လာအောင်လုပ်နိုင်တယ်ဆိုတာသိထားတဲ့အတွက် အတော်ဆုံး စစ်သည်တော်ဖြစ်တဲ့ ဘရိုချိကိုသွားယူခိုင်းလိုက်ပါတယ်။ ဘရိုချိတစ်ယောက်တည်း ဆေးရည်ကိုအရယူနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။ File size…2.16GB / 796MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5.5 2023
Alien Planet
A Christmas Serenade

ခရစ္စမတ်လည်းနီးလာပြီးဆိုတော့ အသစ်ထွက်ထားတဲ့ ခရစ္စမတ်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် Agents Of S.H.i.E.L.D ထဲကမင်းသား B.J.Britt နဲ့ Lucifer ဇာတ်လမ်းတွဲထဲက မင်းသမီး Skye Townsend တို့အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ Romance/Holiday ဇာတ်ကားလေးတစ်ကားပါ အလုပ်နဲ့ ကမ္ဘာပတ်နေရပြီး အိမ်ကိုပြန်မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ အနုပညာသမားတစ်ယောက်ဖြစ်တဲ့ ဂျရာမိုင်း တစ်ယောက် ခရစ္စမတ်အကြိုမှာ အလုပ်ကိစ္စနဲ့ မွေးရပ်မြို့လေးဆီကိုပြန်လာဖြစ်ဖို့ အကြောင်းဖန်လာတာပေါ့ အရင်ရည်းစားဟောင်းဖြစ်တဲ့ ဝယ်လို ဆိုတဲ့ သူ့အဖေရဲ့ဧဝံဂေလိဘုရားကျောင်းက ဓမ္မတေးဆရာမလေးတစ်ယောက်နဲ့ ပြန်ဆုံပြီး ပြန်ပေါင်းထုပ်တဲ့အကြောင်းလေးပါ ဇာတ်ကားထဲမှာ မင်းသားရော မင်းသမီးရော သီချင်းဆိုတာ အသံတွေအရမ်းကောင်းကြပါတယ် ဇာတ်ဝင်သီချင်းလေးကတော့ အမိုက်ဆုံးပါပဲ ဒီတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည်နူး ခံစားကြည့်လိုက်ကြပါဦးနော်……… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

0 2023
A Christmas Serenade
Eliminate Violence and Give You Peace
5.7

ဒီရုပ်ရှင်လေးကတော့ ဒုစရိုက်သမားတွေနဲ့ ရဲတပ်ဖွဲ့တို့ အချင်းချင်း လက်ရုံးရည်နဲ့ နှလုံးရည် ယှဉ်ပြိုင်ကြတဲ့ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- 1999 ခုနှစ်မှာ တရုတ်နိုင်ငံမှ တိုင်းပြည်လိုအပ်ချက်ကြောင့် ငွေစက္ကူအသစ် သိန်း၁၀၀၀ ရိုက်နှိပ်ပြီး ကျန်းယန်ဘဏ်မှ တစ်ဆင့် ဖြန့်ဝေဖို့ ရထားနဲ့ သယ်ဆောင်လာခဲ့ပါတယ်။ အဲ့ဒီငွေတွေကို လက်နက်ကိုင် ဓားပြတစ်ဖွဲ့က ဘူတာမှာတိုက်ခိုက်လုယက်သွားခဲ့တဲ့အတွက် မှုခင်းရဲအဖွဲ့ခေါင်းဆောင် ချန်ရုန်က လိုက်လံ စုံစမ်းနေပါတယ်။ အဲ့လို လိုက်လံစုံစမ်းခြင်းကနေ သဲလွန်စ အသစ်တွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ချန်ရုန်ရဲ့ ဦးဆောင်မှုအောက်မှာ ရဲတပ်ဖွဲ့ဝင်တို့ အခက်အခဲတွေ အန္တရာယ်တွေကို မမှုပဲ ဒုစရိုက်သမားတွေကို ဖမ်းဆီးနိုင်ဖို့ အစွမ်းကုန်ကြိုးစားရပါတော့တယ်..အခက်အခဲတွေကြားထဲက ပေးဆပ်စွန့်လွှတ်မှုတွေကြားမှာ လုပ်ငန်းစဉ်အောင်မြင်နိုင်ပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်

5.7 2024
Eliminate Violence and Give You Peace
Family Drama
6.5

Family Drama (2024) ဒရာမာမိသားစု IMDb-6.6/10 အိန္ဒိယရဲ့ များပြားလှသော မိသားစုတွေလိုပဲ ဖခင်တစ်‌ယောက်တည်းရဲ့ ကြပ်တည်းတဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတဲ့မိသားစု ၊ ကျန်မိသားစုဝင်တွေကလည်း မိသားစုအဆင်ပြေရေး အနာဂတ်စိုပြေရေးအတွက် အိပ်မက်တွေအသီးသီးရှိကြတဲ့သူတွေပါပဲ ၊ ဒါပေမဲ့ အိပ်မက် နဲ့ ခံယူချက်ကို အရာအားလုံးထက် ဦးစားပေးလွန်းတဲ့သူတွေများတော့ ဒီမိသားစုကြားမှာ ဟန်ချက်မညီတာတွေဖြစ်လာတယ် ။ အမေဖြစ်သူကလည်း အိမ်အလုပ်တွေအကုန်လုပ်ရတယ် သူသာအိမ်ရဲ့ကျွန်မကြီးဆိုပြီး မြည်တွန်တောက်တီးရင်း အိမ်အလုပ်တွေစိတ်ကုန်ပြီး ကုန်စုံဆိုင်လေးပဲဖွင့်ချင်နေတဲ့သူ ၊ သမီးဖြစ်သူက အိမ်အလုပ်နဲ့ တခြားအရာတွေထက် ဖုန်းတစ်လုံးနဲ့ အလုပ်ရှာ စာလုပ်ဖို့ပဲစိတ်ဝင်စားတဲ့သူ ၊ သားဖြစ်သူကတော့ ကောင်မလေးဆီက အထင်ကြီးခံရဖို့ လူမိုက်အဖွဲ့မှာ ဝင်ငွေအလွယ်ရဖို့ဝင်လုပ်နေတဲ့ ဆယ်ကျော်သက်လေးတစ်ယောက် ၊ ဒီလိုမိသားစုရဲ့ အဓိကဝင်ငွေရှာပေးနေတဲ့ အဖေဖြစ်သူဆုံးသွားတဲ့အချိန်မှာ အပြောင်းအလဲ ၊ အတိမ်းအစောင်းတွေစဖြစ်လာတော့တာပဲ ဒီမိသားစုဝင်တွေရဲ့ ပင်ကိုယ်စိတ်ခံယူချက်တွေနဲ့ ‌ရှေ့ဆက်ကြုံရမဲ့အခက်အခဲတွေ အငယ်ဆုံးသားဝင်လုပ်နေတဲ့ လူမိုက်အဖွဲ့ကနေ နွှယ်ပါလာမဲ့ပြဿနာတွေ ၊ ဒီပြဿနာတွေကြား သူတို့မိသားစု ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ပရိသတ်ကြီးပဲရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်

6.5 2024
Family Drama
Special Double
5.7

ရုပ်ရှင်ကြည့်တဲ့လူတိုင်း ရိုက်ကွင်းမှာ အစားထိုးသရုပ်ဆောင်ဆိုတာ ရှိတတ်မှန်း သိပေမဲ့ သူတို့တွေ ဘယ်လို အလုပ်လုပ်ရသလဲကိုတော့ သေချာမသိကြဘူးထင်ပါတယ်။ Special Double ဆိုတဲ့ ရုပ်ရှင်လေးကတော့ အဲလို အစားထိုးသရုပ်ဆောင်တွေရဲ့ ဘဝကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဟန်ကျားကျယ်ဟာ သိုင်းအစားထိုးသရုပ်ဆောင်ဖြစ်ပြီး ဂျက်ကီချန်းတို့ ဂျက်လီတို့လို အောင်မြင်တဲ့ အက်ရှင်သရုပ်ဆောင်ဖြစ်ဖို့ အိပ်မက်ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ အပြင်လောကမှာတော့ သိုင်းအစားထိုးအလုပ်က အန္တရာယ်များပြီး ဝင်ငွေနည်းတဲ့အတွက် သူ့ဘဝ စားဝတ်နေရေးအတွက်တောင် အခက်အခဲရှိနေပါတယ်။ ရည်းစားဖြစ်သူ ယွီရှင်းက လိုက်ဖ်လွင့်တဲ့အလုပ်က ငွေပိုရတဲ့အတွက် ရှန်ဟိုင်းကို ထွက်သွားတဲ့အခါ၊ သူငယ်ချင်းကျိုးမြောင်က မတော်တဆထိခိုက်မိပြီး ခြေထောက်ကျိုးသွားလို့ ဇာတိကို ပြန်သွားရတဲ့အခါ၊ အနားက အလုပ်တူတူလုပ်တဲ့လူတွေ အကြောင်းအမျိုးမျိုးကြောင့် ဒီလုပ်ငန်းကို စွန့်ခွာသွားကြတဲ့အခါ ဟန်ကျားကျယ် တစ်ယောက် လမ်းပျောက်သွားခဲ့ပါတယ်။ စိတ်ပျက်လက်ပျက်နဲ့ အရက်ဆိုင်မှာ အရက်သောက်နေတုန်း မိန်းကလေးတစ်ယောက်ကို တိုက်ခိုက်ခံရမဲ့အန္တရာယ်က ကယ်ပေးခဲ့လိုက်ပါတယ်။ ဒါပေမဲ့ သူကယ်ပေးတဲ့လူက မူးယစ်ဂိုဏ်းခေါင်းဆောင်ရဲ့သမီး အိုးယင်ယင်ဖြစ်နေပါတယ်။ ငွေလိုနေတဲ့ ဟန်ကျားကျယ်ဟာလည်း ငွေအလွယ်ရမဲ့ မူးယစ်ရောင်းချရေး လုပ်ငန်းထဲ ပါဝင်လာခဲ့ပါတယ်။ အိပ်မက်အပြည့်နဲ့ လူငယ်တစ်ယောက်က မူးယစ်ဂိုဏ်းထဲ ရောက်သွားပြီလား…… အိပ်မက်ကို ဆက်တောင့်ခံပြီး ကြိုးစားနိုင်မလား…… ဆိုတာကို ရုပ်ရှင်ကိုပဲ ဆက်ကြည့်လိုက်ရအောင်နော်။

Crime • Horror • Thriller
5.7 2024
Special Double
A Hidden Life
7.5

A Hidden Life (2019) IMDb Rating (7.4) / Rotten Tomatoes (82%) ” ကမ္ဘာကြီးကို ပိုကောင်းလာစေတဲ့ အဖြစ်အပျက်တွေထဲမှာ သမိုင်းမတွင်တဲ့လုပ်ရပ်တွေအများကြီးရှိပါတယ် မင်းတို့ငါတို့ရဲ့ ဘဝတွေ ဆိုးမသွားဘဲ အဆင်ပြေနေရတဲ့ အကြောင်းရင်းရဲ့ တစ်ဝက်လောက်က အညတရဘဝနဲ့ရှင်သန်ခဲ့ပြီး ဘယ်သူမှလာမတွေ့တဲ့ အုတ်ဂူတွေထဲက လူတွေရဲ့ ကျေးဇူးတွေပါပဲ။ ” – George Eliot ဒုတိယကမ္ဘာစစ်အတွင်းက အေးချမ်းပြီးလူတွေမသိတဲ့ ဘဝလေးတစ်ခု ပျက်စီးခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားပါတယ်။ ဖရန့်နဲ့ ဖန်နီက ဩစတေးလျတောင်တန်းတွေကြားက အေးချမ်းသာယာတဲ့ရွာလေးတစ်ရွာမှာ ယာလုပ်ရင်း ချစ်စရာသမီးလေးသုံး‌ယောက်နဲ့အတူပျော်ရွှင်နေကြသူတွေပါ။ ဒုတိယကမ္ဘာစစ်စဖြစ်ကြတော့ ဖရန့်ကို စစ်ထဲဝင်ဖို့အမိန့်စာကျလာပါတယ်.. ဒီလိုနဲ့ လေ့ကျင့်ရေးစခန်းရောက်တဲ့အခါမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲနေချင်တဲ့သူ့အနေနဲ့ ခေါင်းဆောင်တွေရဲ့လုပ်ရပ်တွေ မှန်ကန်တယ်လို့မထင်၊ စစ်ပွဲကလည်း မတရားဘူးလို့ယူဆတဲ့အလျောက် ဟစ်တလာကိုသစ္စာခံပါမယ်ဆိုတဲ့ ကျမ်းသစ္စာကိုမကျိန်နိုင်ပါဘူးဆိုပြီး ငြင်းပါလေရော။ ဒါကြောင့် သူဟာ အကျဉ်းထောင်ထဲပို့ခံလိုက်ရပြီး ပြစ်ဒဏ်စီရင်ချက်ချဖို့စောင့်ဆိုင်းနေရတဲ့ အကျဉ်းသားဘဝကို တန်းရောက်သွားပါတော့တယ်။ ဒီရုပ်ရှင်ကားက ဇာတ်လမ်းကဘာဆက်ဖြစ်မလဲဆိုတာထက် တကယ့်အပြင်က ခံစားချက်တွေကိုပဲ ပေးစွမ်းမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်။ အကျဉ်းစခန်းက ဖရန့်နဲ့ သူ့မိန်းမနဲ့စာတွေအပြန်အလှန်ရေးပြီးလွမ်းဆွတ်ရတာတွေကိုကြည့်ပြီး နာကျင်မှုတွေက ကိုယ်ထဲထိစီးဆင်းလာမှာပါ။ သာယာပျော်ရွှင်နေတဲ့မိသားစုလေးတခုတည်ရှိခဲ့ပေမယ့် ကိုယ်မှန်တယ်ထင်တဲ့အရာကို‌ခေါင်းမာမာနဲ့ လုပ်လိုက်တဲ့လင်ယောက်ျားကြောင့် သူမဟာ ပင်ပန်းဆင်းရဲစွာအလုပ်လုပ်နေရပြီး ပတ်ဝန်းကျင်ရဲ့ဖယ်ကျဉ်ခြင်းကိုခံနေရပေမယ့် လင်ယောက်ျားအပေါ်ငြူစူခြင်းမရှိဘဲ အဆုံးထိပါရမီ‌ဖြည့်ပေးခဲ့တဲ့ မိန်းမတစ်ယောက်ကိုလည်း မှတ်ကျောက်တင်စရာမြင်တွေ့ရမှာပါ။ ဒါတွေအားလုံးက တကယ်ဖြစ်ခဲ့တဲ့အကြောင်းတွေဆိုတာတွေးမိရင် A hidden life ဆိုတဲ့အတိုင်း စစ်ရဲ့ပယောဂကြောင့်လူမသိသူမသိဘဲ ပျက်စီးခဲ့တဲ့ဘဝတွေဘယ်လောက်များရှိမလဲဆိုတာ မတွေးရဲအောင်ပါပဲ။ ဒီရုပ်ရှင်ကားက Epic historical War drama ရုပ်ရှင်ကားကြီးအဖြစ် အမြဲတမ်းမှတ်ကျောက်တင်နိုင်ခဲ့ပြီး ဆုများစွာလဲဆွတ်ခူးရရှိခဲ့ပါတယ်။

7.5 2019 173 mins
A Hidden Life
Extinction

ကျနော်တို့ အရမ်းရင်းနှီးတဲ့ သူတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ… ဟုတ်ပါတယ် Michael Peña ပါ သူကတော့ Ant Man ရုပ်ရှင်တွေမှာ စကားအင်မတန်များပြီး ဟာသ ဇတ်ရုပ်နဲ့ လူတိုင်းချစ်ကြတဲ့ သူပါ အခု Netflix ရဲ့ ဇတ်လမ်းတစ်ခုမှာ ခေါင်းဆောင်သရုပ်ဆောင် တစ်ဦးအဖြစ် ပါဝင်လာခဲ့ပါပြီ Michael Peña ကို ဒီဇတ်လမ်းမှာ Ant Man ထဲက မျက်နှာပြောင်ချော်ချော် နဲ့ စကား အင်မတန်များတဲ့ သူ အဖြစ်မြင်တွေ့ရမှာမဟုတ်ပဲ အိမ်ထောင်ဦးစီးယောကျင်္ားတစ်ယောက် သမီး ၂ ဦးရဲ့ ဖခင် အလုပ်မှာ တာဝန်ကျေတဲ့ ဝန်ထမ်းကောင်း တစ်ဦးအဖြစ်တွေ့ရမှာ ဖြစ်ပြီး သူ့ကာရိုက်တာ ကတော့ အေးဆေးတဲ့ လူတစ်ဦးအဖြစ်ပါ Netflix က ထွက်လာတဲ့ ဇတ်လမ်းမှန်သမျှ ဟာ အမှိုက်တောင်းထဲ ပစ်လိုက်ရတယ် မရှိအောင် ကောင်းတာတွေ များပြီး အခုနောက်ပိုင်း သိပ္ပံဘက် နွယ်တဲ့ ရုပ်ရှင်တွေ များလာပါတယ် ပြီးတော့ တွေးစရာတွေ အများကြီးပေးပြီး လူတွေ ရဲ့ စိတ်သဘောထားကို ဖောက်ထုတ်ပြသတဲ့ ရုပ်ရှင်တွေ များပါတယ် ဒီ Extinction ဆိုတဲ့ ရုပ်ရှင်ကားမှာတော့ ပီတာဆိုတဲ့ လူတစ်ဦးဟာ အိပ်မက်ဆိုး တစ်ခုကို အမြဲလိုလို မြင်မက်နေပါတယ် သူတို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ ကမ္ဘာတစ်ဖက်က ဂြိုလ်သားတွေ ရန်ကြောင့် ပျက်စီးပြီး သူတို့ အားလုံးသေကြရတာကို မြင်မက်နေတာပါ သူ့ဇနီး ရော အလုပ်က လုပ်ဖော်ကိုင်ဖက်တွေကပါ သူရူးနေတယ်လို့ သက်မှတ်ထားကြပြီး ဆရာဝန် နဲ့ ပြဖို့သာ တွင်တွင် ပြောနေခဲ့ပါတယ် ဒီလိုနဲ့ ပီတာဟာ လူတွေ နဲ့ ခပ်ကင်းကင်း နေဖြစ်ခဲ့ပြီး သူ့ အိပ်မက်ထဲက အဖြစ်အပျက်ကိုပဲ စိုးရိမ်ထိတ်လန့်နေခဲ့တယ် တစ်ရက်မှာ ပီတာ ရဲ့ ဇနီးဖြစ်သူက ပီတာ စိတ်သက်သာစေဖို့ သူငယ်ချင်းတွေ မိတ်ဆွေတွေကို ခေါ်ပြီး ပါတီ လုပ်ခဲ့ကြတယ် အဲ့ဒီ ပါတီလုပ်နေတဲ့ ညမှာပဲ မိုးပေါ်က ကြယ်တွေ တဖြုတ်ဖြုတ်ကြွေပြီး ကမ္ဘာပေါ်ကို ဆင်းလာခဲ့တယ် ပီတာ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာလား သူတို့ အားလုံး တကယ်သေရတော့မှာလား ဆိုတာနဲ့ ပီတာ အိပ်မက်ထဲက အရာတွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားခဲ့သလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်လား ခင်ဗျာ…. File Size : 2.3 GB, 835 MB, 468 MB Quality : WEB-DL HEVC 4K / 1080p / 720p Running Time : 1hr 40min Format : Mkv and Mp4 Audio : AAC and E-AC-3 Genre : Action, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by : Wai Zin Encode by : Thit San Khant

0 2018 96 mins
Extinction
Resurrecting the Champ
6.7

Resurrecting the Champ (2007) IMDb – 6.7 ကျွန်တော်တိုတွေရဲ့ဘဝမှာ သိပ်ချစ်လွန်းလို ဒီကမ္ဘာပေါ်မှာ လိမ်မပြောဖူးတဲ့သူရှိပါ့မလား.. ကျွန်တော်ကတော့ လိမ်ပြောဖူးပါတယ်။ လိမ်မပြောဖူးတဲ့သူရှိတယ်ဆိုရင်လည်း ခင်ဗျားဟာ အလိမ်အညာတွေပြည့်နေတဲ့ ဒီလောကကြီးထဲမှာ တကယ့်ကိုစံနမူနာယူထိုက်တဲ့ လူကောင်းတစ်ယောက်လို ချီးကျူးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဲရစ်ဆိုတဲ့ဂျာနယ်လစ်တစ်ယောက်က သူ့ရဲ့သတင်းစာတိုက်မှာ တော်တော်လေးရုန်းကန်နေရပါတယ်။ အယ်ဒီတာအသစ်က သူ့ဇာတ်လမ်းတွေကို သဘောမကျဖြစ်နေတယ်။ သူ့မိန်းမနဲ့လည်း ကွဲထားတယ်။ သူသိပ်ချစ်ရတဲ့ သူ့သားလေးနဲ့လည်း အတူမနေရတော့ဘူး။ အဲ့ဒီအချိန်မှာပဲ အရင်ကလက်ဝှေ့ချန်ပီယံဟောင်းကြီးဆိုတဲ့ အိမ်ချေရာမဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံမိသွားပါတယ်။ အဲရစ်က ချန်ပီယံကြီးနဲ့ရင်းနှီးသွားတဲ့အခါမှာတောင် ချန်ပီယံကြီးအကြောင်းဇာတ်လမ်းရေးရင်တောင် ကျိန်းသေပေါက်အောင်မြင်နိုင်မယ်လို ယုံကြည်ထားတယ်။ ဒီလိုနဲ့ ချန်ပီယံကြီးအကြောင်းဇာတ်လမ်းကိုရေးလိုက်တဲ့အခါမှာတော့ သူတွက်ထားတဲ့အတိုင်းပဲ နာမည်ကြီးသွားခဲ့ပါတယ်။ ပူလစ်ဇာဆုအတွက် ဆန်ကာတင်စာရင်းထဲတောင်ဝင်သွားခဲ့တယ်။ ဒါပေမယ့်… သူရေးခဲ့တဲ့ဇာတ်လမ်းထဲက မှားနေတယ်ဆိုပြီး လူတစ်ယောက်က ဖုန်းဆက်ပြောလာတဲ့အခါမှတော့ အဲရစ်ထင်ထားတာနဲ့ ဆန့်ကျင်ဘက်တွေဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းကြည့်ပြီးသွားရင် ကျွန်တော်တိုကိုယ့်ကိုကိုယ် မေးခွန်းတစ်ချိုထုတ်မိကောင်းထုတ်မိကြပါလိမ့်မယ်။ ကျွန်တော်တိုက အမှန်တရားကိုတကယ်ရောသိချင်ကြရဲ့လား။ အမှန်တရားရဲ့ ခါးသီးခြင်းကိုတကယ်ရော လက်ခံနိုင်ကြရဲ့လား။ နောက်ပြီး ချစ်ခြင်းမေတ္တာနဲ့ မုသားစကားတိုကြားမှာ သိမ်မွေ့နက်နဲတဲ့ ဆက်နွယ်မှုတစ်ခုများရှိနေတာလား။ စသည်ဖြင့်ပေါ့..။ သေချာတာတစ်ခုကတော့ ကျွန်တော်တိုရဲ့ စကားတွေက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဒီစကားတွေကို လူများတွေကြားသွားခဲ့ပြီဆိုရင်တော့ ကိုယ့်စကားတွေရဲ့ အကျိုးဆက်ကို ကိုယ်သာလျှင်ရင်ဆိုင်ရမှာပါပဲ။ File Size – 1.72 GB/ 737 MB Quality – BluRay 1080p/ 720p Duration – 1h 52m Format – mp4 Genre – Drama, Sport Subtitle – Myanmar Subtitle (Hard Sub) Translated by – Pyae Hein Kyaw Encoded by – Treasure Htet

Action
6.7 2007 112 mins
Resurrecting the Champ
The Way Out
6.2

သိပ်တော်လွန်းတဲ့ ပါရမီရှင်နဲ့ စိတ်ရောဂါဝေဒနာရှင်ဆိုတာကလေ စည်းလေးတစ်ခုပဲ ခြားနေတယ်ဆိုတာကိုသိကြလား… ဒီကားလေးမှာတော့ စီနီယာ ပရိုဂရမ်မာ ဟယ်လီဝေတစ်ယောက်ဟာ သူ့ရုံးမှာ သူပဲမြင်ရတဲ့ ကုလားအုတ်ဆိုတဲ့သူနဲ့အတူ ပရောဂျက်တစ်ခုကို ဒီဇိုင်းစပြီး အဆုံးသတ်ထိ တာဝန်ယူဖန်တီးခဲ့ပေမယ့်… သူဌေးရဲ့ တစ်ဖက်သတ်အမြင်ကြောင့် ငြင်းပယ်ခံခဲ့ရပါတယ်… ဒါပေမယ့်လည်း သူဌေးအတည်ပြုတဲ့ ပရောဂျက်မှာသုံးထားတာက သူဒီဇိုင်းဖြစ်နေပြန်တာကြောင့် သူ့ဉာဏမူပိုင်ခွင့်တောင်းရာကနေ နောက်ဆုံးမှာတော့ သူ့ကိုစိတ်ဝေဒနာသည်လို့ ခေါင်းစဉ်တပ်ပြီးတော့ စိတ်ရောဂါစင်တာကို ပို့ခဲ့တာပါပဲ… တည်ဆဲဥပဒေအရလည်း စိတ်ဝေဒနာသည်မှာ တောင်းဆိုနိုင်တဲ့ လူ့အခွင့်အရေးမရှိသလို လူ့အခွင့်အရေး တောင်းဆိုခွင့်ပြုထားတဲ့ ဥပဒေလည်း မရှိနေပြန်ဘူး… ဒါကြောင့်လည်း သူဟာ မရူးကြောင်းကို သက်သေပြဖို့ကြိုးစားခဲ့တာပေါ့… တစ်ဖက်မှာလည်း ငယ်ငယ်တည်းက မမျှတဆက်ဆံခံရတဲ့ သူ့အစ်ကိုက သူ့ကိုတစ်သက်လုံး စိတ်ရောဂါစင်တာမှာ ရှိနေစေချင်ပြန်တာကတစ်ကြောင်း တစ်ဖက်မှာလည်း ဉာဏမူပိုင်ခွင့်ကို အပိုင်သိမ်းချင်တဲ့ သူဌေးရန်ကတစ်ကြောင်းနဲ့ ဟယ်လီဝေတစ်ယောက် အကြပ်ရိုက်ခဲ့ပါတော့တယ်… ဒီလိုနဲ့ ဆေးရုံစင်တာက ထွက်ပြေးခဲ့ရင်းကနေ သူမိတ်ဆွေ ကုလားအုတ်က တကယ် အပြင်မှာမရှိဘူးဆိုတာကို သိလိုက်ရချိန်မှာတော့…

Drama
6.2 2025
The Way Out
Moon Ghost
5.6

Moon Ghost (2024) Rating ကောင်းကောင်း ဟော်ရာဇာတ်ကားတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ညွှန်း Joshua Courtade နဲ့ Kristin Mellian ဖြစ်ပြီး Joshua Courtade ကတော့ ဒါရိုက်တာပါ။ လကမ္ဘာပေါ်က လူအဖွဲ့အစည်းတစ်ခုလုံးကို မျိုးဖြုတ်ပစ်ခဲ့တဲ့ လမင်းတစ္ဆေဆိုတဲ့ ရှေးဟောင်းမိစ္ဆာတစ်ကောင်ကို လပေါ်သွားမစ်ရှင်တစ်ခုက မတော်တဆလွှတ်ပေးလိုက်မိရာကနေ ကမ္ဘာမြေပေါ်မှာပါကပ်ဆိုးကြီးဆိုက်သွားခဲ့ပါတယ်။ ထိုမိစ္ဆာကို ရင်ဆိုင်နိုင်သူကတော့ လမင်းတစ္ဆေကို ချူပ်နှောင်နိုင်ခဲ့ဖူးတဲ့ လမင်းမှော်ဝိဇ္ဇာရဲ့ မျိုးဆက်ဖြစ်တဲ့ ဆယ်လီနာ (Danira Stanojevic)ကသာ တတ်နိုင်ပါတယ်။ လမင်းတစ္ဆေကပဲ ကမ္ဘာပျက်စေမလား၊ ဆယ်လီနာကပဲ စတေးခံတားဆီးနိုင်မလားဆိုတာကိုတော့ ရှုစားပေးပါ။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီးပြောရရင် နိုင်ငံ‌ရေး၊ အဖွဲ့အစည်းတွေ၊ ဘာသာရေး၊ ငွေတစ်မျက်နှာပဲကြည့်တဲ့ လူစု စသဖြင့် အမျိုးစုံကို လှောင်ပြောင်ထားတာတွေ့ရမှာပါ။ သတ်ခန်းဖြတ်ခန်းတွေက အသက်ပါလွန်းလို့ အသက်မပြည့်သေးရင် မကြည့်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ? ညမကြည့်ရ သတ်မှတ်ထားချင်ပါတယ်။ နာမည်ကြီးရုပ်ရှင်တစ်ချို့ကိုလည်း Parody လုပ်ထားပါတယ်။ သရုပ်ဆောင်တွေ ဖောဖောသီသီသုံးထားလို့ ရှုမငြီးဖြစ်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thompson ဖြစ်ပါတယ်။) File size… (910 MB) Quality…. WEB-Rip 720p Format…. mp4 Genre…. Comedy, Horror, Sci-Fi Duration…. 01:26:23 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thompson

Drama • Romance • Thriller
5.6 2024 86 mins
Moon Ghost