YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Joy of Life S2 E32 1080p WEB-DL CM.mp4

609.18 MB 1080p video/mp4 136 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Good Morning, Vietnam
7.3

Good Morning, Vietnam (1987) ~ IMDb - 7.3/10, Rotten Tomatoes - 89% ~ ဒီဇာတ်လမ်းလေးကတော့ အမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အေဒရီယန်ခရိုနော်ဆိုတဲ့ ရေဒီယိုဒီဂျေတစ်ယောက်အကြောင်းကို အခြေခံထားတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ ၂ ခြမ်းကွဲနေတဲ့အချိန်ကာလကိုနောက်ခံထားပြီး ရိုက်ကူးထားပါတယ်။ အမေရိကန်က ဗီယက်နမ်မြောက်ပိုင်းဘက်ကနေ မဟာမိတ်အဖြစ် ကြားဝင်ဆောင်ရွက်နေတဲ့ကာလပေါ့။ အေဒရီယန်ခရိုနော်ကတော့ ဗီယက်နမ်မြောက်ပိုင်း ဆိုင်ဂွန်က ပြန်ကြားရေးဌာနကိုတာဝန်နဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။ ဇဝနဉာဏ်ရွှင်လွန်းလို့ စရောက်တဲ့နေ့မှာတင် လက်တန်းပြက်လုံးထုတ်တင်ဆက်ပြီး ပွဲကျစေခဲ့တဲ့သူပါ။ ခရိုနော်ရောက်လာပြီဆိုကတည်းက အထက်လူကြီး ဟော့ခ်နဲ့ ဒစ်ကာဆန်တို့နှစ်ယောက် အငြိမ်မနေရတော့ပါဘူး။ ခရိုနော်က စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တတ်တဲ့သူပါ။ ဘယ်လောက်အမိန့်ပေးပေး အသံလွှင့်ခန်းထဲရောက်ရင် သူလုပ်ချင်ရာလုပ်ပါတယ်။ ဆင်ဆာဖြတ်ထားတဲ့အပိုင်းတွေ အကုန်ထည့်ဖတ်တယ်။ အမေရိကန်စစ်တပ်ကို Troll တယ်။ သမ္မတဟောင်းရဲ့မိန့်ခွန်းလွှင့်နေရင်းတောင် ရုပ်ပြောင်လိုက်ပါသေးတယ်။ အားတဲ့အချိန် မြို့ထဲက ဗီယက်နမ်တွေနဲ့မိတ်ဖွဲ့ပြီး အင်္ဂလိပ်စာလည်းသင်ပေးလိုက်ပါသေးတယ်။ စစ်ရဲ့ အနိဌာရုံတွေကြားက ဒီလူတွေနဲ့ ခရိုနော်ရဲ့ လှပပြီး တိုတောင်းတဲ့ ရေစက်လေးတစ်ခုပေါ့။ ဒီလိုပါပဲ ခရိုနော်နဲ့ ဒီလူကြားက ရေစက်ကလေး တိုတောင်းခဲ့သလို ခရိုနော်နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ ဟာသမင်းသားကြီး Robin Williams နဲ့ ကမ္ဘာတဝှမ်းက ရုပ်ရှင်ပရိသတ်တွေကြားက ရေစက်ဟာလည်း တိုတောင်းလွန်းခဲ့ပါတယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.55GB, 1.3GB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 1Min Genre - Biography, Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Drama • Thriller
7.3 1987 121 mins
Good Morning, Vietnam
Collision
5.9

အာဖရိက ရုပ်ရှင်တွေကို စင်တင်ပေးဖို့ ကြိုးစားနေတဲ့ Netflix ရဲ့ ကြိုးစားအားထုတ်မှုလေးပါ။ ဒီဇာတ်ကားလေးကတော့ တောင်အာဖရိကနိုင်ငံ ဂျိုဟန်ဘတ်မြို့ကို အခြေတည်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ယာဉ်တိုက်မှု တစ်ခုနဲ့ အစပြုထားပြီး အဲဒီနောက်မှာတော့ ဂျိုဟန်ဆိုတဲ့ ကုမ္ပဏီလုံခြုံရေးခေါင်းဆောင်က ဘဏ္ဍာစီမံမှူးအဖြစ် ရာထူးတိုးဖို့ ကြိုးစားနေတာတွေ့မြင်ရမှာပါ။ ခေတ်ကာလကတော့ လူဖြူလူမည်း ခွဲခြားမှုတွေ ရှိနေဆဲအပြင် ဂျိုဘတ်မြို့သားတွေက နိုင်ဂျီးရီးယန်းတွေနဲ့ ဇင်ဘာဘွေနိုင်ငံသားတွေကိုပါ မကျေမနပ် ဖြစ်နေကြတဲ့ အချိန်လေးပေ့ါ။ ဂျိုဟန်ရဲ့ ဇနီးနဲ့ ဂျစ်ကန်ကန်သမီး နစ်ကီတို့က အမေရိကန်သွားဖို့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများနေကြပါတယ်။ နစ်ဟာ အမေရိကား ခရီးကို လုံးဝစိတ်မဝင်စားဘဲ ကျောင်းလစ်ပြီး လူမည်း ရည်းစား ဆီဆဲလ်နဲ့ အတူ ကလပ်တက် ဆေးရှူ လုပ်ဖို့လောက်ပဲ စိတ်ဝင်စားပါတယ်။ တစ်ဖက်မှာတော့ ဘရာဆိုးဆိုတဲ့ လူဆိုးဂိုဏ်း ခေါင်းဆောင်တစ်ယောက်ကို အမေချစ်သား အနေနဲ့လည်း မျက်နှာနှစ်ဖက်နဲ့ တွေ့မြင်ရမှာပါ။ ပိုက်ဆံငါးသန်း မရှာနိုင်ရင် သူ့ရဲ့ ကျောင်းဆောက်တဲ့ ပရောဂျက်ကို ပိတ်ပစ်မယ်လို့ မြို့တော်ဝန်က ခြိမ်းခြောက်လိုက်တော့ သူလည်းနစ်ကို ပြန်ပေးဆွဲပြီး ငွေငါးသန်းညှစ်ပါတော့တယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားသားတွေကို ဆန့်ကျင်တဲ့ အဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတယ်။ ရုန်းရင်းဆန်ခတ် အခြေအနေတွေကြားမှာ သမီးကို ပြန်ရဖို့ သူ့ရဲ့ မိဘတွေ ဘယ်လိုကြိုးစားအားထုတ်ကြမလဲ? ဘာတွေဆက်ဖြစ်မလဲ? ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက် ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။) File Size : 1.7GB, 613MB, 285MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 39mins Genre : Crime, Drama, Thriller Translated by Poant Encoded by Kinnov

Action • Fantasy • Horror • Science Fiction • Thriller
5.9 2022 99 mins
Collision
#Mute
9.3

Mute 2023 IMDb 9.5/10 လန်ပြန်ထွက်နေအောင် rating ကောင်းပြီး ထွက်ထားတာမကြာသေးတဲ့ ဒီကားလေးဟာ အလကားနေရင်း rating မြင့်နေတယ်ထင်ရင်မှားသွားပါလိမ့်မယ် အိန္ဒိယထုံးစံ အဆိုအကတောင် လုံးဝ(လုံးဝ) မထည့်ထားဘဲနဲ့ ဇာတ်လမ်းဇာတ်ကွက်ကိုပဲ အသားပေးထားတဲ့ Thriller ကားကောင်းလေးပါ ဇာတ်လမ်းလေးက သာမန်မြင်တွေ့နေကြ အချစ်အလွမ်းအကြမ်းအရမ်းအက်ရှင်တွေမဟုတ်ပါဘူး အဲ့တော့ ဒရာမာဘာညာနိုင်ငံရေးကားလားဆိုတော့လည်းမဟုတ်ပါဘူး အိမ်မွေးခွေးလေးတစ်ကောင် ပျောက်ဆုံးသွားတာကို ရင်တမမနဲ့ကြည့်ရမဲ့ Thriller ရုပ်ရှင်လေးပါ ဒီဗီရာဆိုတဲ့ကောင်မလေးက လင်ယောကျာ်းသစ္စာဖောက်တာခံရလို့ ကိုယ့်ကိုယ်ကိုသတ်သေတဲ့အထိ စိတ်ဓာတ်ကျခဲ့ဖူးပါတယ် ဒါပေမဲ့ သူ့ရဲ့သူငယ်ချင်းကောင်းတွေရဲ့ဝိုင်းဝန်းစောင့်ရှောက်မှုကြောင့် သူ့ဘဝကိုဆက်ရှင်သန်ဖြစ်ခဲ့ပါတယ် သူ့ဘဝရဲ့အရေးအကြီးဆုံး နံပါတ်တစ်အဖော်ကတော့ ကောစ်မိုလို့ခေါ်တဲ့ခွေးလေးပါ အဲ့ခွေးလေး ငါးနှစ်ပြည့်မွေးနေ့ နောက်တစ်နေ့မနက်ဒီဗီရာနိုးလာတဲ့အချိန်မှာ ခွေးလေးကပျောက်ချင်းမလှပျောက်သွားပါတယ် အဲ့အချိန်ကစပြီး တက်လိုက်တဲ့ဇာတ်ရှိန်ကတော့ ပြီးသွားမှန်းတောင်သိလိုက်ရမှာမဟုတ်ပါဘူး ကဲ သာမန်အိန္ဒိယကားတွေနဲ့မတူ ဇာတ်လမ်းဇာတ်ကွက်ကောင်းမွန်လွန်းတဲ့ ယခုဇာတ်ကားလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်

9.3 2023
#Mute
Il Boemo
6.5

Il Boemo (2022) ဂီတပညာရှင်ကြီးမိုးဇက်ဆိုရင်တော့ မကြားဖူးတဲ့သူ မရှိသလောက် ရှားမှာပါ။ ဒါပေမဲ့ Il Boemo လို့ အီတလီမှာ လူသိများတဲ့ ဂျိုးဇက်ဖ် မိစလက်ဗစ်ချက်ကိုတော့ ကြားဖူးတဲ့သူ သိပ်ရှိလောက်မယ်မထင်ဘူး။ တကယ်ဆို သူက ၁၈ ရာစုနှောင်းပိုင်းရဲ့ ဂန္ထဝင်ဂီတအင်အားစုကြီးတစ်ခုမှာ အားဖြည့်ခဲ့တဲ့ တေးရေးဆရာတစ်ယောက်ပါ။ မိုးဇက်ကိုယ်တိုင်တောင် ငယ်ငယ်လေးကတည်းက ခင်မင်လေးစားအားကျရတဲ့ ချက်လူမျိုး ဂီတပညာရှင်တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒီရုပ်ရှင်ဟာ သူ့အကြောင်းပဲဖြစ်ပါတယ်။ မွေးရပ်မြေ ချက်နိုင်ငံ ပရဂ်မြို့ကိုခွာပြီး အီတလီအော်ပရာစင်မြင့်တွေမှာ သူ့လက်ရာတွေ ထွန်းတောက်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးတစ်ဦးပါပဲ။ အသက်ရှင်စဉ်ကာလမှာ လျှမ်းလျှမ်းတောက်ခဲ့သလို သေဆုံးသွားပြီးနောက်ပိုင်းလည်း ဂန္ထဝင်ဂီတလေ့လာသူတွေကြားမှာ မှေးမှိန်မသွားပါဘူး။ ဒါပေမဲ့ သူ့မိသားစု သူ့အိုးအိမ်အကြောင်း၊ သူ့မေတ္တာရေးရာအကြောင်း၊ ကိုယ်ပိုင်ဘဝအကြောင်းတွေကိုတော့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရပါဘူး။ ဒီရုပ်ရှင်ဟာ ခေတ်ကိုအခြေခံပြီး စိတ်ကူးနဲ့ ပြန်လည်ရေးဖွဲ့ပုံဖော်ထားတာဖြစ်လို့ ဒီထဲက သူ့အချစ်ရေးအချစ်ရာတွေ ပတ်သက်နေတဲ့ မိန်းမတွေဟာ အမှန်ဖြစ်မယ်လို့ ယူဆလို့မရပါဘူး။ ဒါပေမဲ့ မိုးဇက်ရဲ့ လက်ရာတွေမှာ သူလွှမ်းမိုးမှုရှိပြီး ငယ်စဉ်ကတည်းက အကြံပေးခဲ့ဖူးသူဆိုတာကတော့ အမှန်တရားပါပဲ။ ဘာလို့ဆို သူနဲ့ပတ်သက်ပြီး မိုးဇက်တို့ မိသားစုက မကြာခဏထုတ်ပြောဖူးခဲ့ကြတာကြောင့်ပါ။ နောက်တစ်ခုက ဒီကားထဲမှာ သူ့နာမည် ဂျိုးဆက်ဖ်ကို အီတလီအသံထွက်နဲ့မို့ထင်ပါတယ်… ဂီဆက်ဖ်လို့ပဲ ခေါ်ကြပါတယ်။ ဒီကားကို လက်ရှိမှာ ချက်နိုင်ငံက အကယ်ဒမီအတွက် အမည်စာရင်းသွင်းထားပါတယ်။ ၁၈ရာစုခေတ်ရဲ့ ဥရောပကို ပီပီပြင်ပြင် ရှုစားရမှာဖြစ်ပြီး ဂန္ထဝင်ဂီတတွေကိုပါ တစ်ပါတည်း အခမဲ့ နားဆင်ရဦးမှာဆိုတော့ မလိုင်အပြည့်နဲ့ နို့တစ်ခွက်လိုပဲနေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1GB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 10Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.5 2022 141 mins
Il Boemo
Don’t Look Away

တစ်မူထူးခြားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပြီး သရဲလား ဝိဉာဉ်လား ကျိန်စာလား နတ်ဆိုးလားဆိုတောင်သိပ်မသဲကွဲပါဘူး….. ဖက်ရှင်ဆိုင်တွေမှာထောင်ထားတတ်တဲ့ မော်ဒယ်ရုပ်/လူရုပ် က ကျောချမ်းစရာအပြုံးကြီးနဲ့ လူလိုက်သတ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်းကတော့….. ကောင်မလေးတစ်ယောက်ဟာ မတော်တဆမှုတစ်ခုဖြစ်ရာကနေ လူရုပ်ကြီးတစ်ရုပ်ကိုရုတ်တရက်တွေ့လိုက်ရပြီး အရုပ်ကနောက်ကိုလိုက်လာနေခဲ့တာကိုသိပေမဲ့ ဘယ်သူမှသူပြောတာကိုမယုံကြပါဘူး………… ဒါပေမဲ့ သူ့သူငယ်ချင်းတွေအားလုံးလည်း တွေ့သွားကြတဲ့အခါမှာတော့ တစ်ယောက်ပြီးတစ်‌ယောက် ဆက်တိုက်အသတ်ခံနေရပါတော့တယ် ဒီလူရုပ်ကြီးက ဘာကိုလိုချင်နေတာလဲ ဝိဉာဉ်ပူးနေလို့လား နတ်ဆိုးများလား ကျိန်စာကြောင့်ဖြစ်တာလားဆိုတာကိုလည်းဘယ်သူမှရေရေရာရာမသိကြပါဘူး…. သူတို့သူငယ်ချင်းတစုသား ဒီကျောချမ်းစရာ လူရုပ်ကြီးကိုတားဆီးလို့ရနိုင်ပါ့မလား သူ့လက်ထဲကနေရော ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ် သွေးသံရဲရဲနဲ့ခြောက်ခြားစရာအခန်းတွေသိပ်မပါပေမဲ့ အရုပ်ကြီးရဲ့ကျောချမ်းစရာအပြုံးကြီးက ကြက်သီးထစေပြီး The boy ရဲ့ cheaper version လိုခံစားရစေမှာပါ File size…(985 MB)/(470 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Horror
0 2023
Don’t Look Away
When Evil Lurks
7.2

When Evil Lurks (2023) ~ IMDb – 7.2/10, Rotten Tomatoes – 99% ~ ဒီနှစ်ရဲ့ ရှားရှားပါးပါး ဟော်ရာကားကောင်းပါ။ မနှစ်ကတော့ ဟော်ရာကားအလန်းစားတွေ သောက်သောက်လဲထွက်ခဲ့သလောက် ဒီနှစ်တော့ ဟော်ရာကားခပ်လန်းလန်း တော်တော်ရှားသွားပါတယ်။ ထွက်ဖို့တော့ ရှိသေးပေမဲ့ အခုထိတော့ ကောင်းကောင်းတန်းတန်းတော်တော်ရှားပါတယ်။ ဒီလိုအခြေအနေထဲမှာမှ အာဂျင်တီးနားဒါရိုက်တာရိုက်တဲ့ ဟော်ရာကား အလန်းစားတစ်ကားထွက်လာပါတယ်။ သိရသလောက်ဆို ၂၀၂၃လက်ရှိအထိ ထွက်ခဲ့တဲ့ဟော်ရာကားတွေထဲ အလန်းဆုံးလို့ပြောလို့ရပါတယ်။ ဒီကားကလည်း လန်းသလို တခြားကားတွေကလည်း စွံမနေဘူးကိုး။ သို့ပေမဲ့လည်း Rotten Tomatoes Rating အရရော၊ IMDb Rating အရရော ကျွန်တော်တို့ဆီ မထွက်သေးတဲ့ နာမည်ကြီးကားတွေရဲ့ Rating ထက်ကို သာနေတယ်။ ဇာတ်ကလည်း ဇွတ်ဖြဲခြောက်မဟုတ်ဘဲ အထာကျတယ်။ ရုတ်တရက်အလန့်တကြားအခန်းတစ်ခန်းပေါ်လာလို့ လန့်ဖြန့်ပြီး အကြည့်လွှဲမယ်လည်းမကြံလိုက်နဲ့။ ဇာတ်ဘာဖြစ်သွားလဲ မသိရဘဲဖြစ်သွားမယ်။ ဇာတ်ရော ခြောက်လုံးရော ကောင်းနေတဲ့ ဟော်ရာကားလို့ပြောရမယ်။ ဘော်ဒီဟော်ရာဆန်ဆန် မသတီစရာကောင်းတာတွေလည်းပါတယ်။ ဇာတ်ကတော့ အစွန်အဖျားဒေသတစ်ခုမှာ လူတစ်ယောက် မသေဘဲ ပုပ်ပြီး အလောင်းကောင်ထက် တော်တော်ကြည့်ရဆိုးလာတယ်။ အပုပ်ကောင်ဖြစ်လာတယ်ပေါ့။ သူတို့အဆိုအရတော့ ဒီလူက နတ်ဆိုးဝင်ပူးခံထားရတဲ့လူပဲ။ မသေနိုင်ဘဲ ဝေဒနာခံစားနေရတဲ့ သူ့ကို ဒီတိုင်းသတ်လိုက်ရင် နတ်ဆိုးကလွတ်သွားမယ်။ သန့်ရှင်းရေးသမားလို့ခေါ်တဲ့ ရှင်းလင်းရေးသမားတွေလာပြီး စည်းစနစ်ကျကျ ရှင်းလင်းပေးမှရမှာ။ ဒီလိုနဲ့ သူ့ကိုလာရှင်းပေးမယ့် သန့်ရှင်းရေးသမားက လမ်းမှာတင် နှစ်ပိုင်းဖြတ်အသတ်ခံလိုက်ရတယ်။ သူ့ကိုရှင်းပေးမယ့်သူ မရှိတော့ဘူး။ အဲဒီဒေသကလူတွေက နောက်ဆက်တွဲတွေကို တွေးပူပြီး အဲဒီအပုပ်ကောင်ကို ကားနဲ့သယ်ပြီး တစ်နေရာသွားပစ်တယ်။ ဒါပေမဲ့ လမ်းမှာပျောက်သွားပြီး ပြဿနာကြီးလာခဲ့တယ်။ ဝင်ပူးခံရတဲ့လူတွေများလာပြီး ကမောက်ကမတွေဖြစ်လာတယ်။ ဒါကို သူတို့ ဘယ်လိုရင်ဆိုင်ကြမလဲ ပြထားတယ်။ နတ်ဆိုးပဲ အောင်မြင်မလား လူသားပဲ အောင်မြင်မလားဇာတ်က ဆန်းတော့မဆန်းဘူး။ ဒါပေမဲ့ ဒီကားရဲ့ တင်ဆက်ပုံကတော့ ဆန်းခဲ့တယ်။ ဒီရုပ်ရှင်တစ်ကားလုံး ရုပ်ရှင်ထဲကလူတွေကို နတ်ဆိုးက အလစ်အငိုက်ဖမ်းတိုက်ခိုက်ဖို့ စောင့်နေလိမ့်မယ်။ နတ်ဆိုးရန်က ကာကွယ်ဖို့ လိုက်နာရမယ့်စည်းမျဉ်း ၇ခုရှိတယ်။ ပထမ – နတ်ဆိုးဝင်ပူးခံထားရတဲ့သူရှိနေတာကို မမေ့စေနဲ့။ ဒါမှ ခေါင်းထဲဝင်လာပြီး ကိုယ်မလုပ်ချင်တာတွေ ခိုင်းလို့မရမှာ။ ဒုတိယ – လျှပ်စစ်မီးမသုံးနဲ့။ လျှပ်စစ်မီးရဲ့အရိပ်မှာ နတ်ဆိုးက ခိုနိုင်တယ်။ တတိယ – တိရိစ္ဆာန်တွေနားမကပ်နဲ့။ စတုတ္ထ – ဝင်ပူးခံထားရတဲ့သူ သုံးဖူးတာတွေကို မထိနဲ့။ ပဥ္စမ – ဝင်ပူးခံထားရတဲ့သူကို နာကျင်အောင်မလုပ်နဲ့။ ဆဠမ – နတ်ဆိုးနာမည်ကို မခေါ်မိစေနဲ့။ သတ္တမ – အကြောက်တရားမရှိစေနဲ့။ နတ်ဆိုးကတော့ ခန္ဓာနဲ့မွေးဖွားလာဖို့ ခြုံခိုတိုက်ဖို့စောင့်နေလေရဲ့။ စည်းမျဉ်း ၇ခုကို လူတွေလိုက်နာနိုင်ကြပါ့မလား… ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ၂၀၂၃ထဲ လက်ရှိထွက်ဖူးသမျှတွေထဲ အလန်းဆုံး ဟော်ရာကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 675MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 39Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2023
When Evil Lurks
Blue Crush
5.7

Blue Crush (2002) ~ IMDb – 5.7/10, Rotten Tomatoes – 62% ~ ခုမိတ်ဆက်ပေးမှာကတော့ မမ Mitchelle Rodriguez ပါတဲ့ 2002 ခုနှစ်က ကားဟောင်း‌လေးဖြစ်ပါတယ်။ ငယ်စဉ်တည်းက အတော်ဆုံးရေလွှာလျှောစီးသူဖြစ်ဖို့ ရည်မှန်းခဲ့တဲ့ ဟာဝိုင်အီကျွန်းသူလေး အန်းမယ်ရီ… မိခင်ဖြစ်သူက ဒုက္ခရောက်တဲ့အချိန် ထွက်ပြေးသွားလို့ ညီမလေး ပန်နီနဲ့ မိသားစု၀င်လိုသူငယ်ချင်းတွေနဲ့ ရုန်းကန်နေရသူ။ အန်းမယ်ရီက ရေလွှာလျှောစီးချန်ပီယံဖြစ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၃နှစ်က ပြိုင်ပွဲမှာ ရေနစ်‌သွားတဲ့ထိ မတော်တဆမှုဖြစ်ခဲ့လို့ ပွဲစဉ်ကနေ ထွက်လာရပါတယ်။ အဲ့အဖြစ်အပျက်ကြောင့် စိတ်ဒဏ်ရာရပြီး လှိုင်းစီးဖို့ တွန့်ဆုတ်နေတာပေါ့။ နေ့စဉ်ဘ၀ကို သူငယ်ချင်းတွေနဲ့ ဟိုတယ်မှာ သန့်ရှင်းရေးလုပ်ပြီး ရုန်းကန်ရင်း ပန်နီကိုတော့ ကောလိပ်တက်စေချင်တာပါ။ မထင်မှတ်ထားဘဲ ဟာဝိုင်အီမှာ အားလပ်ရက်လာအပန်းဖြေတဲ့ ဘောလုံးသမား မက်ကို ငွေလိုတဲ့အတွက် ရေလွှာလျှောစီး သင်ခန်းစာသင်ပေးရာက တစ်စနဲ့တစ်စတွယ်ငြိလာတဲ့အခါ… ဒီတစ်ခေါက် ကျင်းပမယ့် ပြိုင်ပွဲမှာ အန်းမယ်ရီတစ်ယောက် သူ့စိတ်ဒဏ်ရာကို မေ့ပစ်ပြီး အနိုင်ရမလားကျွန်းသူ‌လေးအန်းနဲ့ မြိုကြီးသား မက်တို့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားလို့ရပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 831MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 44Min Genre – Drama, Romance, Sport Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.7 2002 104 mins
Blue Crush
Hanukkah on Rye
7.3

Hanukkah on rye (2022) ================== IMDb rating – 7.3/10 ဒီဇာတ်ကားကို‌ Hallmark channel ရဲ့ 2022 ခုနှစ်ထွက် အကောင်းဆုံး Chanukah film လို့သတ်မှတ်ထားကြပါတယ် ဒီဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့…. Hanukkah ရာသီရောက်ပြီဆိုတာနဲ့ Jewish deli ဆိုင်ဖြစ်တဲ့ Jake တို့ဆိုင်က လက်မလည်အောင်ရောင်းချရပါတယ်။ တစ် ဖက်မှာလည်း molly တို့ဆိုင်ကလည်း ထိုနည်းတူပါပဲ။ ဒီဆိုင် 2 ဆိုင်ရဲ့ အဓိကကွာခြားက တစ်ဆိုင်က ရှေးရိုးဆွဲပုံစံအတိုင်း ကျင့်သုံးပြီး နောက်တစ်ဆိုင်ကတော့ ခေတ်နဲ့အညီ ပြောင်းလဲ တိုးတက်နေတာပါ။ တစ်နေ့မှာတော့ Jake တစ်ယောက် ဆိုင်ခွဲတိုးချဲ့ဖို့ဆိုပြီး Molly တို့ ဆိုင်ဖွင့်ထားတဲ့နေရာအနီးမှာ လာရောက်ဖွင့်ဖို့လုပ်ရင်း Molly နဲ့ကံကြမ္မာဖန်လာခဲ့ပါတယ်။ Hanukkah ပွဲတော်လေးက Jake နဲ့ Molly တို့ရဲ့ ဖူးစာဖက်ကိုရှာတွေ့စေမလား…စီးပွားပြိုင်ဘက်မိသား စုကြားမှာ နှစ်ယောက်သား အဆင်ပြေနိုင်ပါ့မလားဆိုတာကို ဒီဇာတ် လမ်းလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.7 GB) / (623 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Family Translator…….June Encoder……….SWM

Crime • Drama
7.3 2022
Hanukkah on Rye
Dall’alto di una fredda torre
5.8

Dall’alto di una fredda torre (2024) IMDb Rating (5.8) အမွှာနှစ်ယောက်ဖြစ်တဲ့ အယ်လီနာနဲ့ အန်တိုနီယိုတို့ဟာ တစ်နေ့မှာ သူတို့ရဲ့အသက်ကြီးနေပြီဖြစ်တဲ့ မိဘနှစ်ပါးမှာ ရှားပါးရောဂါတစ်ခုကို ခံစားနေရပြီးတော့ ရိုးတွင်းခြင်ဆီအစားထိုးကုသမခံရင် အသက်မရှင်နိုင်ကြောင်း သိလိုက်ရပါတယ်… ဒါ့အပြင် ရောဂါအခြေအနေကြောင့် တခြားအလှူရှင်တွေရှာဖို့အချိန်လည်း မရှိတော့တာကြောင့် လက်ရှိလှူဒါန်းဖို့ အသင့်တော်ဆုံးမှာ သားသမီးအရင်းတွေဖြစ်ကြတဲ့ သူတို့ပဲရှိပါတော့တယ်… ဒ ါကြောင့် မိဘတွေကို ရိုးတွင်းခြင်ဆီလှူဒါန်းပေးဖို ဆုံးဖြတ်ခဲ့လိုက်ကြပေမယ့်လည်း ဆေးစစ်မှုတွေ ပြုလုပ်အပြီးမှာ ထင်သလိုဖြစ်မလာခဲ့ဘဲ မိဘနှစ်ပါးမှာ တစ်ယောက်ကိုပဲကယ်ဖို့ ဆုံးဖြတ်ရမယ့်အခြေအနေဖြစ်လာပါတယ်… ဒီတော့ အကျဥ်းအကျပ်ထဲရောက်သွားတဲ့အချိန်မှာ သူတိုမောင်နှမနှစ်ယောက် ဘယ်လိုမျိုးအ‌ဖြေရှာကြမလဲဆိုတာကို ဇာတ်ရှိန်အနိမ့်အမြင့်၊ အတက်အကျများစွာကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပြီး ဇာတ်ကားပြီးသွားတဲ့အခါ ကိုယ်သာ သူတို့နေရာမှာဖြစ်နေခဲ့လို့ရှိရင်ဆိုတဲ့ အတွေးမျိုးတွေလည်း ဝင်လာမိမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။) File size…(1.1 GB) / (560 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:27:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Fiona Spalko

5.8 2024
Dall’alto di una fredda torre
Identity
8.9

Identity (2025) ဖြစ်တည်မှု CM Bollywood ပရိသတ်ကြီးအတွက် ဇာတ်လမ်းဆန်းဆန်း rating ကောင်းကောင်းနဲ့ မလေယာလမ်းစကားပြော အိန္ဒိယကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့အစမှာတော့ အိမ်ထောင်ကွဲလို့ အမေတစ်ယောက်အဖေတစ်ယောက် အုပ်ထိန်းခွင့်ယူကြတဲ့အခါမှာ အဖေ့ဘက်လိုက်နေရတဲ့ ဟာရန်လေးဟာ ဖခင်အရက်သမားရဲမှူးရဲ့သင်တန်းကျောင်းနေရသလို ထိန်းကျောင်းပုံကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ထရော်မာဝင်ပြီး ဘာမဆိုပြည့်စုံမှကြိုက်တဲ့ စိတ်ရောဂါရသွားပါတယ်…. နှစ်တွေကြာပြီးနောက် စတိုးဆိုင်တစ်ခုက အဝတ်လဲခန်းမှာ ကင်မရာခိုးထားပြီး ကောင်မလေးတွေကို ဗီဒီယိုရိုက်ငွေညှစ်လုပ်စားနေတဲ့ အမာရ်ဆိုတဲ့ လူယုတ်မာတစ်ကောင်ရှိပါတယ်။ တစ်နေ့မှာတော့ ခွင်ဖန်နေတုန်း ချောင်းရိုက်ကောင်ကို ဘယ်ကမှန်းမသိတဲ့ဘဲတစ်ပွေက အရှင်လတ်လတ်မီးရှို့ပြီး အလောင်းကိုချောင်းထဲပစ်ချလိုက်ပါတယ် ဒီအမှုကို ရဲတွေကလည်း ကြိုးစားပမ်းစားစစ်ဆေးဖို့ ကြိုးစားကြရင်း ဘယ်သူတွေနဲ့ဘယ်လိုပတ်သက်ဆက်နွယ်နေမလဲဆိုတာ ပိတ်သားပြင်ထက်မှာပဲ ဆက်လက်ရှုစားနိုင်ဖို့ မနှေးလေးတင်ဆက်ပေးပါရစေ။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်

History • Drama
8.9 2025 156 mins
Identity
Unstoppable
6.8

Unstoppable (2024) IMDb Rating (6.8) / Rotten Tomatoes (76%) ဒီဇာတ်လမ်းလေးကတော့ အမေရိကန် ပရော်ဖက်ရှင်နယ် နပန်းအားကစားသမားအန်တိုနီရိုဘယ်ရဲ့ ဘဝဇာတ်လမ်းကိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ခြေထောက်တစ်ဖက်တည်းနဲ့မွေးဖွားလာခဲ့သူအန်တိုနီရိုဘယ်က ဘဝရဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလည်း၊ အခက်အခဲတွေကြားကနေ ဘယ်လိုမျိုး အောင်မြင်မှုကို ရရှိသွားလည်းဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အဲ့တာအပြင်ကို ကမ္ဘာကျော် အဆိုတော်တစ်ဦးဖြစ်သူ Jennifer Lopez က ဂျူဒီရိုဘယ်အဖြစ် အန်တိုနီရဲ့ မိခင်နေရာကနေ ပါဝင်ထားပါသေးတယ်။ အားကစားဇာတ်လမ်းတစ်ပုဒ် တစ်ဖြစ်လည်း ခံစားချက်ပေါင်းများစွာနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားမို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ N ဖြစ်ပါတယ်။) File size…(8.1 GB) / (2.7 GB) / (1.3 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:04:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by N

History • Comedy
6.8 2024 123 mins
Unstoppable
Rule of Thirds
6.6

မော်ဒယ်လို့ပြောလိုက်ရင် ဓာတ်ပုံဆရာကို မေ့ထားလို့မရသလို ဓာတ်ပုံဆရာလို့ပြောလိုက်ရင်လည်း မော်ဒယ်ကို မေ့ထားလို့ မရအောင် ဒီအလုပ်အကိုင်နှစ်ခုက နေနဲ့လ ရွှေနဲ့မြလို တွဲဖက် ညီနေကြပါတယ်။ဒါပေမယ့် ဒီမော်ဒယ်နဲ့ ဓာတ်ပုံဆရာတို့ရဲ့ ဆက်ဆံရေးတွေထဲက လူတွေမမြင်တဲ့မှောင်မိုက်တဲ့အခြမ်းတွေ ရှိနေပါသေးတယ်။အဲ့လိုခါးသီးတဲ့အမှန်တရားတွေကို မီးမောင်း ထိုးပြပြီးရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Rule Of Thirds ဖြစ်ပြီး လက်ရှိ IMDb အနေနဲ့ 6.6 အထိရရှိထားပါတယ်။ မွန်တီလို့ခေါ်တဲ့ဓာတ်ပုံဆရာတစ်ယောက်က အရမ်းနာမည် ကြီးပြီး အောင်မြင်ကျော်ကြားတဲ့အတွက် သူ့ဓာတ်ပုံဆရာ လောကမှာ ဒိတ်ဒိတ်ကြဲဆရာကြီးလို့တောင်ဆိုရမှာပါပဲ။ သူ့ကိုလိုချင်တဲ့ အလုပ်ရှင်တွေကလည်း အရမ်းများကြပြီး သူကိုင်ရတဲ့မော်ဒယ်တွေကလည်း အလန်းစားတွေပါပဲ။ သူ့မှာ သူ့အတွက်အလုပ်လုပ်ပေးနေတဲ့ ညီအစ်ကိုလိုခင်ရတဲ့ ဂျယ်ရမီဆိုတဲ့သူလည်းရှိပြီး သူ့ဘ၀ကြီးက အရမ်းပြည့်စုံ နေခဲ့ပါတော့တယ်။ဒီလိုနဲ့တစ်နေ့မှာ အလုပ်ကိစ္စခရီးသွားရင်း မထင်မှတ်ဘဲ စားသောက်ဆိုင်တစ်ခုမှာ ဒကိုတာဆိုတဲ့ ကောင်မလေးနဲ့တွေ့ခဲ့ပါတော့တယ်။ဒကိုတာက သာမန် မိန်းကလေးဖြစ်ပေမဲ့ မွန်တီက သူ့ရဲ့အလှတရားကိုထွင်းဖောက် မြင်ခဲ့ပြီး မော်ဒယ်လုပ်ချင်ရင်ဆက်သွယ်ဖို့ပြောခဲ့ပါတော့တယ်။ ဒကိုတာရဲ့အမေဖြစ်သူကလည်း သမီးအပေါ်မှာ ဘယ်တုန်းကမှ ကောင်းခဲ့တဲ့အမေမဟုတ်တဲ့အတွက် ဒကိုတာလည်း အကုန်လုံးကိုစွန့်လွှတ်ပြီး မွန်တီရှိရာကိုလိုက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဒကိုတာနဲ့ မွန်တီ မော်ဒယ်နဲ့ ဓာတ်ပုံဆရာတို့ရဲ့ဇာတ်လမ်းလေး စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘယ်လိုခါးသီးတဲ့အမှန်တရား တွေကို ပြသထားဦးမလဲဆိုတာကို ရှုစားရမဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (1.09 GB) / (675 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.6 2024 108 mins
Rule of Thirds
Fights Break Sphere 4
5.8

Fights Break Sphere က ရှောင်းယန်ဖန်တို့အတွက် အတွဲ ၄ ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်… အရှေ့အတွဲ သုံးတွဲလဲ CM မှာတင်ထားပီးပြီမို့ Fights Break Sphere ဆိုပီး Search မှာရှာလိုက်လို့ရပါတယ် ဒီကားထဲမှာတော့ အဖေကိုသတ်တဲ့ အကြွေးကို ဆပ်ခိုင်းမယ်ဆိုတဲ့ မြေခွေးခေါင်းအဖွဲ့ ခေါင်းဆောင်သားကတော့ အခုကားမှာ ရှောင်းယန်ရဲ့ မိတ်ဆွေအဖြစ်နဲ့ ပါလာပြီးတော့… အနာဂတ်ကိုဟောနိုင်တဲ့ကောင်မလေးနဲ့ပါ ဖူးစာက ဆုံပြန်တယ်… တစ်ချိန်တည်းမှာပဲ သူကယ်ခဲ့တဲ့ မိန်းမလှ နတ်သမီးလေးကို ရန်သူအဖြစ်နဲ့လည်း ပြန်ဆုံရပြန်တယ်… ကဲ ရှောင်းယန်ရဲ့ အမေ့အတွက် လက်စားချေမယ့်ခရီးစဉ်မှာ… အခုဆို ဆရာကိုလည်း ဆုံးရှုံးခဲ့ပြီးပြီ… မိတ်ဆွေအသစ်တွေ ထပ်ရလာပေမယ့်… ထပ်ပြီး ဆုံးရှုံးရမှာလား… ကာကွယ်ပေးနိုင်မှာလား…သူ့အမေအတွက် လက်စားချေဖြစ်ဦးမှာလား… နတ်သမီးမမနဲ့ရော ဘယ်လိုဖူးစာပါမှာလဲ… သူနဲ့ စေ့စပ်မှုဖျက်သိမ်းခဲ့တဲ့ နာ့လန်နဲ့ရော ဘယ်လိုပုံစံနဲ့ ပြန်ဆုံမှာလဲ… အစဉ်အလာမပျက် စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်ဖို့ တိုက်တွန်းလိုက်တယ်နော်…

Science Fiction • Horror • Thriller
5.8 2025
Fights Break Sphere 4
Saving My Hubby
6.5

Saving My Hubby (2002) *************************** ကေဒရမ်မာပရိတ်သတ်ကြီးတို့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ရမဲ့ တစ်ခေတ်တစ်ခါက ဟာသ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားမှာတော့ ဇာတ်လိုက်အဖြစ် မင်းသမီးကြီး Bae Doo-Naရဲ့ ငယ်ရွယ်စဥ်အခါက မသေးလှတဲ့သရုပ်ဆောင်စွမ်းရည်တွေကို တစ်ဝကြီးရူစားကြရမှာဖြစ်ပြီး ဟာသဇာတ်လမ်းတွဲကြိုက်သူများ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်နော် ‌တစ်ချိန်က နိုင်ငံကျော် ဘော်လီဘောအားကစားမယ် ဂျောင်ဂွန်ဆွန်းဟာ အခုအချိန်မှာတော့ အားကစားလောကမှ အနားယူပြီး ခင်ပွန်းနဲ့ သမီးလေးတစ်ယောက်ဖြင့် သာမာန်အိမ်ထောင်သည်ဘဝကိုဖြတ်သန်းနေပါတယ်။ ခင်ပွန်း ဟန်ဂျွန်းထယ်ရဲ့ ပထမဆုံးအလုပ်တက်ရက်မှာပဲ ယောက္ခမဖြစ်သူများက နယ်မှတက်လာမည်ဟုသတင်းရသောကြောင့် ပြင်ဆင်ရင်းမှ အလုပ်သွားတက်တဲ့ယောကျ်ားကို အကြွေးဖြင့် အသက်ခြိမ်း‌ခြောက်သည့်ဖုန်းဝင်လာပါတော့တယ်။ အားကစားသမားဟောင်း ဂွန်ဆွန်းဟာ သမီးကိုတစ်ဖက်ကုန်းပိုးရင်းနဲ့ ဘယ်ဆီရောက်မှန်းမသိတဲ့ ခင်ပွန်းကို လိုက်ရှာရင်းက အလွဲပေါင်းများစွာဖြင့် မထင်မှတ်ဘဲ ရန်ဘက်ဂိုဏ်းနှစ်ဂိုဏ်းကြားထဲ ရောက်သွားသောအခါ.. အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ တစ်ညတာစွန့်စားခန်းများကို အက်ရှင်နဲ့ဟာသလေးများရောနှောပြီး ရင်တထိတ်ထတ်ကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Khin Niက ရေးသားထားပါတယ်) File Size – 1.74 GB/ 690 MB Quality – WEB-DL 1080p/ 720p Duration – 1h 33m Format – mp4 Genre – Comedy,Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Khin Ni Encoded by – Treasure Htet

6.5 2002 91 mins
Saving My Hubby