YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Joy of Life S2 E07 720p WEB-DL CM.mp4

299.32 MB N/A video/mp4 154 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
2 Alone in Paris
5.2

ဂျာဗစ်ဟာ ပါရီမြို့က ပြင်သစ်ရဲဌာနက စုံထောက်တစ်ယောက်ဖြစ် ပါတယ်။ သူဟာ ကာတစ်ဆိုတဲ့ သူခိုးတစ်ယောက်ကို လိုက်ဖမ်းနေခဲ့တာ ၁၀ နှစ်လောက်ရှိသွားခဲ့ပါပြီ။ သူက လိုက်ဖမ်းလိုက် ကာတစ်က တစ်ပတ် ရိုက်ပြီး လစ်သွားလိုက်တဲ့ ဖြစ်နေခဲ့တာပါ။ တစ်နေ့မှာတော့ ကာတစ်ကို လိုက်ဖမ်းရင်း ပါရီတစ်မြို့လုံးက လူတွေ ပျောက်သွားတဲ့အဖြစ်နဲ့ ဂျာဗစ် ကြုံလိုက်ရပါတယ်။ ဂျာဗစ်လည်း မြို့အကြီး ကြီး တစ်မြို့မှာ တစ်ယောက်တည်း ပျင်းရိစွာ ဖြတ်သန်းနေရင်း တစ်ယောက် တည်း ကျန်နေခဲ့တာမဟုတ်ဘူးလို့ ယုံကြည်လက်ခံထားပါတယ်။ ဒီလိုနဲ့နေလာရင်း တစ်ရက်မှာတော့ ပါရီမြို့မှာ ကျန်နေခဲ့တာ သူ တစ်ယောက် တည်းမဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။ နောက်ကျန်နေခဲ့တဲ့ တစ်ယောက် ကတော့ သူ အမြဲတမ်းလိုက်ဖမ်းနေခဲ့တဲ့ ကာတစ် ဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ မြို့အကြီးကြီးတစ်မြို့မှာ နှစ်ယောက်တည်း ဖမ်းလိုက် ပြေးလိုက်နဲ့ စိန်ပြေး လိုက်တမ်းဆော့ရင်း ဘယ်လိုတွေကြုံတွေရမလဲဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှု့ရမယ် Comedy ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အကယ်၍ သင်ရော မြို့ကြီးတစ်မြို့ထဲမှာ တခြားဘယ်သူမှမရှိတော့ဘဲ နှစ်ယောက် တည်း ကျန်နေခဲ့ရမယ်ဆိုရင် ဘယ်သူနဲ့ ကျန်နေခဲ့ချင်လဲ..... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(1.94 GB) / (808 MB) / (480 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 34Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Leonard Lin Encoder..........SWM

Action • Adventure • Science Fiction
5.2 2008 94 mins
2 Alone in Paris
(18+) Still Life of Memories
4.3

¶ကိုယ့်ရဲ့ စားပွဲအိုလေးထက်မှာ ပြန့်ကျဲ စက္ကူအပိုင်းအစတွေ ဆေးလိပ်တိုတွေနဲ့ ကံ့ကော်ပန်းခြောက်တစ်ပွင့် ဒါသက်ငြိမ် ပန်းချီကားပဲ¶ ထူးအိမ်သင်ရင် သက်ငြိမ်သီချင်းကို တိုးတိုးလေးငြီးမိရင်း ဒီဇာတ်ကားလေးရဲ့အညွှန်းကို ပုံဖော်ကြည့်မိသည်။ အနုပညာတွင် still art လို့ခေါ်တဲ့ သက်ငြိမ်အနုပညာ ဆိုတာ ခံစားရနက်နဲသည် ပန်းချီတို့ ဓာတ်ပုံတို့သည် သက်ငြိမ်အနုပညာပင်ဖြစ်သည်။ မိုနာလီဇာပန်းချီကားတို့ ဗင်းဆင့်ဗန် starry night အာလူးစားသူများ အစရှိသည်ကနေ ပူလစ်ဇာဆုရ ဓာတ်ပုံများထိ သက်ငြိမ်များပင်..... ခေတ်တွေပြောင်း ရာစုနှစ်တွေကြာညောင်းပါစေ ပန်းချီကား ဓာတ်ပုံကားချပ်များက စကားလှမ်းပြောနေကြသည်။ တစ်ယောက်နှင့်တစ်ယောက် ကြားရသည့်အသံတွေတော့ တူမည်မဟုတ်။ သက်ငြိမ်ပန်းချီကားတစ်ချပ်ကို စီးကရက်ဖွာရင်း ခံစားတတ်သူတွေအတွက် ယခုရုပ်ရှင်က အသိမ်မွေ့ဆုံး သက်ငြိမ်တစ်ခုကို ရုပ်ရှင်အနုပညာထဲတွင် ထုဆစ်ပြသပေးထားသည် ရုပ်ရှင်ပွဲတော်များတွင်လဲ ဆုများရရှိခဲ့ပြီး ပန်းချီပညာ ဓာတ်ပုံပညာ ဒဿနများပြည့်ဝစွာဖော်ကျူးထားသော သက်ငြိမ်ပန်းချီကားတစ်ချပ် မိတ်ဆွေတို့အတွက် တစ်ကိုယ်ရည်ညချမ်းတွေကို အဖော်ပြုပေးနိုင်မှာပါ File size…3.24GB / 1.06GB Quality…1080p BluRay  /720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Drama • War
4.3 2018 107 mins
(18+) Still Life of Memories
Breakfast on Pluto
7.1

ပီကီဘလိုင်းဒါမှာ စပယ်ရှယ်ကြမ်းတဲ့ ကျွန်တော်တို့အားလုံးရဲ့အချစ်တော် တွမ်မီ ဖာ့ခ်ကင်း ရှယ်လ်ဘီ ကြီးကို ဒီလိုပုံစံနဲ့မြင်တွေ့လိုက်ရလို့ အားလုံးပဲ ပါးစပ်အဟောင်းသားဖြစ်သွားကြမယ်ထင်ပါတယ်။ အစကတော့ သူ့လိုလူနဲ့ ဒီလိုဇာတ်ကောင်ဘယ်လိုမှမလိုက်ဖက်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကြည့်ပြီးချိန်မှာတော့ သိပ်ကိုနွဲ့ပြီးလှပတဲ့ 'ကစ်တန်' ဆိုတဲ့ သူ့ရဲ့ မိန်းမလျာဇာတ်ရုပ်ကို ချစ်မိသွားတဲ့အထိ သရုပ်ဆောင်ပီပြင်တဲ့ Cillian Murphy ရဲ့အနုပညာစွမ်းရည်ကတော့ သြချလောက်စရာပါပဲ။ ဇာတ်လမ်းအကျဥ်းပြောရရင်တော့ သူ့ကိုယ်သူ ကစ်တန်လို့ နာမည်ပေးထားတဲ့ ပတ်ထရစ် ဆိုတဲ့ကောင်လေးဟာ မွေးကင်းစအရွယ်မှာတင် စွန့်ပစ်ခြင်းခံခဲ့ရပြီး အဖေ အမေ ဘယ်သူမှန်း သိခွင့်မရခဲ့သူလေးပါ။ မွေးစားမိသားစုနဲ့အတူ ကြီးပြင်းလာတဲ့ ပတ်ထရစ်ဟာ ငယ်ငယ်ကတည်းက ဂါဝန်တွေ မိန်းကလေးအသုံးဆောင်တွေကိုပဲ သဘောကျခဲ့ပြီး သူ့ကိုယ်သူ ဘာဆိုတာ သိခဲ့ပေမယ့် ပတ်ဝန်းကျင်နဲ့ မွေးစားမိသားစုရဲ့ ဟန့်တားမှုကြောင့် ပေါ်ပေါ်ထင်ထင် နေချင်တိုင်းနေလို့ မရခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့လိင်ခံယူချက်အတိုင်း ပေါ်တင်ပဲနေထိုင်ပါတော့တယ်။ ဒါပေမဲ့ မိန်းမလျာတွေကို လုံးဝလက်သင့်မခံတဲ့ သူ့အသိုင်းအဝိုင်းကြောင့် တစ်နေ့မှာတော့ အိမ်ပေါ်ဆင်းပြီး သူ့အမေအရင်းရှိတယ်ဆိုတဲ့ လန်ဒန်မြို့ကြီးကို ရှာတော်ပုံတော်ခရီးစဥ် ထွက်လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ပတ်ထရစ် (ခ) ကစ်တန်တစ်ယောက် သူ့အမေကို ရှာတွေ့သွားမှာလား။ ခရီးတစ်လျှောက်မှာရော ဘယ်လိုအလွဲတွေ ဖြစ်ဦးမလဲဆိုတာ ကြည့်ရှခံစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 2.3GB | 1.2GB | 565MB Format… mp4 Duration….2h 8min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... August

Action • Adventure • Drama • Horror • Thriller
7.1 2005 128 mins
Breakfast on Pluto
Agent Game
4.9

မင်းသားကြီး Mel Gibson ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားက မကြာခင်ကမှထွက်ရှိလာတဲ့ အက်ရှင်ဇာတ်ကားသစ်ပါ။ Catagory ကတော့ Agent Game ဆိုတဲ့နာမည်အတိုင်းပဲ ပရိသတ်ရင်းနှီးပြီးသားဖြစ်တဲ့ စပိုင်တွေ၊အေးဂျင့်တွေ နှစ်ကျပ်ကွက်ရိုက်တာတွေ စတဲ့တွေးစရာအပိုင်းတွေနဲ့အတူ ပစ်ခတ်ဖောက်ခွဲဝုန်းဒိုင်းကြဲတဲ့အက်ရှင်ခန်းတွေ ဝေဝေဆာဆာနဲ့ကြည့်ရှုရမှာပါ။ ရာထူးကြီးကြီးအမေရိကန်အစိုးရအဖွဲ့ဝင်တစ်ယောက်ကလျှို့ဝှက်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဟာ စစ်ပြန်တွေ၊လူမိုက်တွေ၊ ဂန်းစတားတွေထဲကအလားအလာရှိတဲ့လူမျိုးတွေကိုရှာဖွေစုဆောင်းပြီး နိုင်ငံအဆင့်ရှိတဲ့လျှို့ဝှက်မစ်ရှင်တွေကိုပေးလေ့ရှိပါတယ်။ တရားဝင်စစ်တပ်ကိုမသုံးပဲအဲလိုကြေးစားတွေကိုငှားရတဲ့အကြောင်းရင်းကတော့ သူတို့လိုလက်မရွံ့တဲ့လူမျိုးတွေ သေမထူးနေမထူးတွေကိုပဲ လက်မှာသွေးစွန်းခံစေပြီး အစိုးရနာမည်ကိုမသုံးချင်တာကြောင့်ဖြစ်ပါတယ်။ Runtime တစ်နာရီခွဲကြာမြင့်ပြီးတော့ အဆုံးသတ်သွားတဲ့ပုံစံအရ Sequel လာနိုင်တယ်လို့လည်းထင်ရသလို ဆက်မရိုက်လည်းရတဲ့ပုံစံမျိုးလေးပြသွားပါတယ်။ ပြီးပြည့်စုံတဲ့အက်ရှင်ကားမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းမှာလိုအပ်ချက်လေးတွေရှိရင်တောင် သရုပ်ဆောင်နဲ့ဇာတ်ညွှန်းပိုင်း တော်တော်လေးအားစိုက်ထားတာသိသာပါတယ်။ ကြည့်ရှုအားပေးကြပါဦးဗျ။ File size…(1.1 GB)/(450 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:30:o9 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Bo

Animation • Comedy • Family • Fantasy
4.9 2022 90 mins
Agent Game
Mowgli: Legend of the Jungle
6.5

1967 ခုနှစ်က The Jungle Book ကို အသက်ပြန်သွင်းထားတယ်လို့ ပြောလို့ရတယ် ကျနော့်အနေနဲ့ကတော့ 2016 က ရုံတင်ခဲ့တဲ့ The Jungle Book ထက် Netflix က ရိုက်တဲ့ ဒီ Mowgli ကို ပိုပြီး သဘောကျမိတယ် Effects တွေကလဲ အတော်လေးကို အသက်ဝင်တယ် ဇတ်လမ်းကျောရိုးက တူပေမဲ့ ဇတ်လမ်းဇတ်ကွက်လေးတွေတော့ နည်းနည်းပြောင်းလဲသွားတာရှိတယ် အရင်ကလို ကလေးကြည့်တဲ့ရုပ်ရှင်သက်သက် မဟုတ်တော့ပဲ သွေးထွက်သံယို အခန်းလေးတွေ အနည်းငယ်ပါတယ် ဇတ်လမ်း ပုံစံကတော့ Mowgli ရဲ့ မိဘတွေဟာ ခြေတဖက်ကျိုး နေတဲ့ ရှီရာခန်း ဆိုတဲ့ ကျားဆိုးကြီးရဲ့ သတ်ဖြတ်ချင်းကို ခံရပြီး Mowgli လေးကတော့ ကံကောင်းပြီး လွတ်မြောက်သွားခဲ့တယ် ကျားသစ်နက်ကြီး ဘာဂီရာ က ကလေးငယ်ကို ကယ်ဆယ်ပြီး ဝံပုလွေမိသားစုဆီ ပေးခဲ့တယ်.... ဝံပုလွေတွေဟာလဲ Mowgli လေးကို မိသားစုဝင်အဖြစ်လက်ခံခဲ့ပြီး သူတို့ အသက်ရှိနေသ၍ ကျားဆိုးကြီး ရှီရာခန်း ဆီကနေ Mowgli ကို ကာကွယ်ပေးမယ်လို့ သစ္စာဆိုခဲ့ကြတယ်... ဒီလိုနဲ့ Mowgli  အရွယ်ရောက်လာတဲ့အခါ သူဟာ ဝံပုလွေ တွေနဲ့ မတူတာကို သတိထားမိပြီး မေးခွန်းပေါင်းများစွာ ရှိလာခဲ့တယ်... သူ့မေးခွန်းတွေကို ဒိုင်ခံဖြေရတဲ့သူတွေကတော့ ကျားသစ်နက်ကြီး ဘာဂီရာ နဲ့ ဝက်ဝံကြီး ဘာလူး တို့ပဲ ဖြစ်ပါတယ်..... ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ Mowgli လေးကို စားသောက်ချင်နေတဲ့ ရှီရာခန်းကြီး ဟာလဲ တစ်ဖြေးဖြေး နဲ့ Mowgli အနားသို့ ရောက်လာခဲ့သော်အခါ... ဒီ ရုပ်ရှင်ဟာ IMDb မှာ Rating 8 လောက်ထိ ရထားပါတယ် အရမ်းလဲ လူကြိုက်များ အောင်မြင်ပါတယ်... ဘာလို့အောင်မြင်လဲ ဆိုတာလဲ မမေးနဲ့ အသံသရုပ်ဆောင်ကိုပဲ အရင်ပြောပြပါမယ်... ကျားသစ်နက်ကြီး ဘာဂီရာ အဖြစ် ဘတ်မန်းမင်းသားကြီး Christian Bale အသံသရုပ်ဆောင်ပါတယ် ပြီးတော့ ခင်ဗျားတို့ ကျားဆိုးကြီး ရှီရာခန်းကို မုန်းလို့ရမှာ မဟုတ်ဘူး ဘာလို့လဲ ဆိုတော့ နောက်ခံ အသံသရုပ်ဆောင်က ဒေါက်တာထူးဆန်း ကိုကို Benedict Cumberbatch ပါပဲ <3 Tom Hollander တို့ ဘာတို့ အပြင် အခြား နာမည်ကျော် မင်းသားကြီး မင်းသမီးကြီးတွေက နောက်ခံ အသံ သရုပ်ဆောင်ပေးထားပါတယ် ကဲ ဒါဆိုရင် ဒီရုပ်ရှင်က သင်ကြည့်ကိုကြည့်သင့်တဲ့ တောတွင်းသားလေး ဇတ်လမ်း ပါပဲ..... ဒီရုပ်ရှင်ကားကို Little Neo က ဘာသာပြန်ပေးထားပြီး Thit San Khant က တင်ဆက်ပေးထားပါတယ်

Animation • Sci-Fi & Fantasy
6.5 2018 105 mins
Mowgli: Legend of the Jungle
Tokyo!
7

Tokyo! ( 2008 ) တိုကျိုလို့ နာမည်ပေးထားပြီး တိုကျိုမှာပဲ ဇာတ်အိမ်တည် ဂျပန်သရုပ်ဆောင်တွေချည်းသုံးထားတဲ့ ဒီရုပ်ရှင်ကို ဂျပန်မဟုတ်တဲ့ ဒါရိုက်တာသုံးယောက်က ရိုက်ကူးထားတယ်။ ပထမဇာတ်လမ်းတို “Interior Design”ကို ရိုက်တဲ့သူက ပြင်သစ်ဒါရိုက်တာ Michel Gondry, သူ့ကိုနာမည်နဲ့ရုပ်ရှင် တွဲသိချင်သိမှာပေမဲ့ သူက Eternal Sunshine of the Spotless Mind လို မာစတာပိစ်ရုပ်ရှင်ကားရဲ့ ဒါရိုက်တာ။ ဒုတိယဇာတ်လမ်း ” Merde”ကို ရိုက်တာက Leos Carax, သူလည်းပြင်သစ်ပဲ။ ကိန်းကနေ best directorဆုရဖူးတဲ့သူဆိုတော့ မခေတာသိသာပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ အောက်စကာမှာ သမိုင်းတွင်အောင်လုပ်ခဲ့သလို ကိန်းမှာလည်း အမြင့်ဆုံးဆုရခဲ့တဲ့ တောင်ကိုရီးယား ဒါရိုက်တာ ဘွန်းဂျွန်းဟို။ ဒိတ်ဒိတ်ကြဲ၃ယောက် စုထားတယ်ပေါ့။ သူတို့ဟန်တွေက မရိုးရှင်းသလို ဒီထဲက ဇာတ်လမ်းတို၃ပုဒ်ကလည်း တော်တော်ဆန်းတယ်။ ဇာတ်လမ်းအရဆိုရင်တော့ “Interior Design”ဟာ တော်တော်လေးလှတယ်။ ဒါရိုက်တာဖြစ်ဖို့ကြိုးစားနေတဲ့ ယောက်ျားတစ်ယောက်နဲ့ သူ့အတွက် အရာရာစွန့်ထားတဲ့ မိန်းမတစ်ယောက်အကြောင်းပေါ့။ သူ့ကိုယ်သူတစ်ခါမှ အသုံးဝင်တယ်လို့ မခံစားရဖူးတဲ့ မိန်းမတစ်ယောက်ရဲ့အဖြစ်ပေါ့။ လူကနေ ခုံကြီးပြောင်းသွားတာလို အဆန်းကြီးတွေပြပေမဲ့ သူပြချင်တဲ့ အချက်ကို နိမိတ်ပုံနဲ့ပြတယ်လို့ ယူဆလို့ရပါတယ်။ အင်းနားလော့ဂျစ်မပျက်ဘူးပြောရမှာပဲ။ တခြားတစ်နည်းပြောရရင် ငါဘာအတွက်ဖြစ်တည်နေလဲ ရှာဖွေတဲ့ကားပေါ့။ နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါသလို Shunji Iwaiလည်း ဝင်သရုပ်ဆောင်ထားတယ်။ Shunji Iwaiက သူ့ရုပ်ရှင်တွေဟာ လူ့ပြည်က နိဗ္ဗာန်တွေလို့ တင်စားရတဲ့အထိ လှပနေတတ်တဲ့ ဂျပန်ရဲ့အတော်ဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်။ သူ့ရဲ့ All About Lily Chou-Chouကို မသိတဲ့ အာရှဖန် ရှားတယ်။ ဒုတိယဇာတ်လမ်းက Merde , တိုကျိုရဲ့ရေဆိုးမြောင်းတွေကြားနေတဲ့ လူပေမဲ့ လူမပီတော့တဲ့ သတ္တဝါတစ်ကောင်အကြောင်း။ ဒီဇာတ်လမ်းကတော့ တစ်ခုခုကို မေးခွန်းထုတ်ထားတဲ့ မေးခွန်းလို့ ပြောလို့ရတယ်။ ခြွင်းချက်က ဒီဇာတ်လမ်းထဲက အဓိကဇာတ်ကောင်၂ကောင်က ဂျပန်တွေဟုတ်မနေဘူး။ တတိယဇာတ်လမ်းက ဘွန်းဂျွန်းဟိုရဲ့ “Shaking Tokyo”။ ဘွန်းဂျွန်းဟိုကားလို့ ပြောဖို့ သူက နည်းနည်းနူးညံ့လွန်းနေတယ်။ အချစ်ကားလို့ သွားပြောရင်တောင် ရတယ်။ ဇာတ်လမ်းက ၁၁နှစ်လုံး အိမ်ပြင်မထွက်တဲ့ အိမ်တွင်းပုန်းလူတစ်ယောက်ရဲ့ အိမ်ပြင်ထွက်ဖြစ်သွားတဲ့ ဇာတ်လမ်း။ ဘွန်းဂျွန်းဟိုပီသစွာပဲ ဇာတ်က ခပ်ဆန်းဆန်းလေးဖြစ်နေတယ်။ ဒီဇာတ်လမ်းရဲ့အလှကို အားဖြည့်ပေးထားတာက Yū Aoi။ ချစ်စရာမျက်နှာလေးနဲ့ ဂျပန်အကယ်ဒမီ ဆုအပါအဝင် ဆုပေါင်းများစွာရထားတဲ့ မင်းသမီး။ Art Filmတွေ မနည်းမှာ ပါဝင်သရုပ်ဆောင်ဖူးသလို လက်ရှိထိပ်တန်းမင်းသမီးတွေထဲ အပါအဝင်လည်းဟုတ်တယ်။ ကျွန်တော်တော့ ဂျပန်မင်းသမီးတွေထဲ သူ့သဘောအကျဆုံးပဲ။ ဒီထဲလည်း သူ့ကြောင့် ဘွန်းဂျွန်းဟိုရဲ့ ဇာတ်လမ်းကို သဘောအကျဆုံးဖြစ်သွားတယ်။ Tokyoဟာ အချိန်တိုလေးအတွင်းမှာ ဒါရိုက်တာဆရာကြီး၃ယောက်ရဲ့ တော်တော်လေးဆန်းတဲ့ဇာတ်လမ်းတွေကို မြည်းစမ်းရမယ့် ရှားရှားပါးပါး ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Fantasy Quality…. 1080p | 720p | 480p File size… 2.92GB | 1.08GB | 518MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Fantasy • Horror • Thriller
7 2008 112 mins
Tokyo!
An Unfinished Life
7

An Unfinished Life (2005) ~ IMDb – 7/10, Rotten Tomatoes – 52% ~ ကျေးလက်အငွေ့အသက်တွေနဲ့ မိသားစုဆန်ဆန်ဇာတ်လမ်းမျိုးကြည့်ချင်နေတယ်ဆိုရင် An Unfinished Life ကို ကြည့်ပါ။ Pop Icon တစ်ဦးဖြစ်တဲ့ J Lo အဓိကပါဝင်ထားပြီး ရသတွေ တပုံကြီးပေးတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘဝရဲ့ အငြိုးတရားတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့စိတ်အခြေအနေရောက်ဖို့ လက်လွှတ်သင့်တာ လက်လွှတ်ရမယ်ဆိုတဲ့အကြောင်းကို ပုံဖော်ထားပါတယ်။ အိုင်နာ ဆိုတဲ့ ကောင်းဘွိုင်အဖိုးကြီးဟာ သူ့သားသေဆုံးမှုကြောင့် ချွေးမဖြစ်သူကို ရန်လိုနေပြီး ချွေးမဖြစ်သူ ဂျင်း ကတော့ သမီးတစ်ယောက်ပိုက်လို့ နောက်ရည်းစားတိုက်ခန်းမှာနေပါတယ်။ ရည်းစားဖြစ်သူက ကိုယ်ထိလက်ရောက် ညှင်းပန်းတာတွေလုပ်လာတဲ့နောက် မခံနိုင်တဲ့အဆုံး သူ့ကိုမုန်းနေတဲ့ အိုင်နာဆီ မြေးမျက်နှာနဲ့ပြန်သွားရပါတော့တယ်။ သမီးလေးကို ပြုစုရင်း နေရာသစ်မှာ အခြေချဖို့ကြိုးစားနေတဲ့ ဂျင်းကို သူ့ရည်းစားကတော့ လက်မလွှတ်ဘဲ လိုက်ချောင်းနေဆဲပါ။ ဂျင်းကို ပြန်တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ… ဂျင်းနဲ့ အိုင်နာတို့ ဆက်ဆံရေးကရော ဘာတွေဆက်ဖြစ်မလဲ… ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shein Waiyan မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 850MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 48Min Genre – Drama, Family, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shein Waiyan Encoded by Y

7 2005 108 mins
An Unfinished Life
No Mercy
5.4

ဒီတစ်ခါမှာတော့ မမ Lee Si Youngရဲ့ အမိုက်စားအက်ရှင်ကားလေးပါ။ အော်တဇင်ဖြစ်နေတဲ့ ညီမလေးကို နိုင်ငံရေးသမားတစ်ယောက်က မတရားကြံတာကြောင့် ညီမလေးအွန်းဟယ်ကိုကာကွယ်ပေးရင်း ထောင်နန်းစံလိုက်ရပြီး ပြန်ထွက်လာတဲ့မင်းသမီး Lee Si Young… အမထောင်ထဲမှာရှိနေချိန် ကျောင်းမှာလည်းအနိုင်ကျင့်ခံရ၊ အမလည်း ထောင်ထဲရောက်နေတာကြောင့်အားကိုးရာမဲ့ဖြစ်နေတဲ့ အပျိုအရွယ် အော်တဇင်လေးအွန်းဟယ်ကို သားသမီး နှမချင်းမစာမနာ အမြတ်ထုတ်ချင်တဲ့ ရပ်ကွက်ထဲကယောက်ျားသားတွေရဲ့ အနိုင်ကျင့်မှုတွေ၊ ဒီလိုမျိုး အနိုင်ကျင့်မှုတွေကို ထောင်ထဲကထွက်လာတဲ့ အမကို မပြောရဲဘဲ အရွယ်နဲ့မလိုက်အောင်ခံစားနေရတဲ့ အွန်းဟယ်ပါ။ တစ်ရက်မှာတော့ ပိုက်ဆံရှာချင်တဲ့ အတန်းဖော်တွေဟာ အွန်းဟယ်ကို အနိုင်ကျင့်ပြီးတော့ ဟိုတယ်မှာအဖိုးကြီးတွေနဲ့အိပ်ဖို့သွားခိုင်းပါတယ်။ အဖိုးကြီးတွေအိပ်ဖို့ကြိုးစားတဲ့အချိန်မှာ သူတို့က အခန်းထဲဝင်လာပြီးတော့ ခြိမ်းခြောက်ငွေညှစ်တာမျိုးလုပ်တာပါ။ အဲဒီထဲမှာမှ ကောင်မလေးတွေကို မုဒိန်းကျင့်ပြီး ရောင်းစားတတ်တဲ့ လူမိုက်တစ်ယောက်နဲ့တွေ့သွားတဲ့အခါ အွန်းဟယ်တစ်ယောက် ရောင်းစားခံလိုက်ရပါတော့တယ်။ ညီမလေးအိမ်ပြန်မလာလို့ စိတ်ပူနေတဲ့ အမကလည်း ရဲတိုင်ပေမယ့်လည်း အဆင်မပြေတဲ့အပြင် ကျောင်းကဆရာကိုယ်တိုင်ကလည်း အရေးတယူမလုပ်တာကြောင့် ကိုယ်တိုင်စုံစမ်းပြီး ပျောက်နေတဲ့ ညီမလေးကိုတစ်ကိုယ်တော်ရှာပုံတော်ဖွင့်ပါတော့တယ်။ ညီအစ်မနှစ်ယောက်ရဲ့ ချစ်ခြင်းကိုမြင်တွေ့ရမယ့်အပြင် အော်တဇင်လေးအွန်းဟယ်ရဲ့ ဇာတ်နာမှုတွေကိုလည်း ဝမ်းနည်းဖွယ်ရိုက်ကူးပြထားပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်ရေးနည်းပြဟောင်းအနေနဲ့ မမ Lee Si Young ရဲ့ တိုက်ရေးခိုက်ရေးတွေကိုလည်း အားရပါးရ အဝကြည့်ရမှာမလို့ မလွတ်တမ်းကြည့်ရှုခံစားလိုက်ပါဦး။ File size… 1.5 GB / 766 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Action/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

Action • Drama
5.4 2019 93 mins
No Mercy
Mad Fate
6.4

Mad Fate (2023) ============ “ကံလမ်းကြောင်းက ခင်းပြီးသားပေမဲ့ လျှောက်လှမ်းမဲ့ပုံစံကို ရွေးချယ်လို့ရတယ်” လူငယ်လေးတစ်ယောက်ရဲ့ဇာတာကိုကြည့်ပြီးနောက် လူသတ်‌ပြီး‌ထောင်ကျကိန်းရှိနိုင်တဲ့အတွက် ‌ဗေဒင်ဆရာကအရမ်းထိတ်လန့်သွားပြီး ကူညီပေးချင်စိတ်တွေပေါ်သွားတယ်။ အကြောင်းကတော့ အဲ့လူငယ်လေးက မကောင်းတဲ့နက္ခတ်တွေနဲ့ယှဉ်ပြီးမွေးဖွားလာတဲ့အတွက် လူသတ်ချင်စိတ်တွေအမြဲဖြစ်ပေါ်လေ့ရှိပြီး ကံအညံ့တွေနဲ့ပဲကြုံရမှာပဲဖြစ်တယ်။‌ အစက‌တော့ ဒါတွေကိုမယုံသလိုလိုနဲ့ ဂျစ်ကန်ကန်ဖြစ်ခဲ့ပေမဲ့ ထောင်မကျချင်တဲ့ဆန္ဒလေးတစ်ခုကြောင့် ဗေဒင်ဆရာဖြစ်သူကိုအကူအညီတောင်းလာပါတော့တယ်။ သူတို့နှစ်ယောက် ကံကြမ္မာကိုဘယ်လိုပြောင်းလဲကြမလဲ ပြောင်းလဲလို့ရောရပါ့မလားဆိုတာကြည့်ရှုရမဲ့ ဟောင်ကောင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ ) File size_(1.6GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing

6.4 2023 108 mins
Mad Fate
Maid Droid Origins

Maid Droid Origins ဆိုတာက ၂၀၂၄ ခုနှစ်ထွက် sci-fi စိတ်လှုပ်ရှားဖို့ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Rich Mallery ကဒီကားကိုဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး အနာဂတ်နည်းပညာနဲ့ စိတ်ပညာဆိုင်ရာလှည့်ကွက်တွေကိုရောစပ်ပြထားပါတယ်။ Eve ဆိုတဲ့ အင်ဒရွိုက်က မတော်တဆယောက်ျားတစ်ယောက်ကိုသတ်ပြီး နောက်ဆုံးတော့ သူ့ကိုယ်သူရှာဖွေဖို့ နည်းပညာရှင် Timothy ကိုပြန်ပြီးတော့လိုက်ရှာပါတော့တယ်။ Timothy ရဲ့အိမ်မှာ ဝင်ခိုနေရင်း Timothy နဲ့ သူ့ဇနီး Belle တို့ကြားက သူစိမ်းဆန် ဆက်ဆံရေးတွေကြောင့် စိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်။ ဒီဇာတ်ကားက လူသားတန်ဖိုး၊ စိတ်ပိုင်းဆိုင်ရာတွေ၊ နည်းပညာနဲ့ လူသားဆက်ဆံရေးအကြောင်းတွေကို တင်ပြထားတဲ့အတွက် sci-fi နဲ့ စိတ် အကြောင်းတွေကိုရင်သပ်မောဖွယ်ဇာတ်လမ်းကြိုက်သူတွေအတွက် တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ လူ့ဘဝနဲ့ စက်ရုပ်တစ်ရုပ်ကြားက မူမမှန်မှုတွေနဲ့ ကွာခြားမှု့တွေကို ရင်သပ်ရှုမောဖို့ ကြည့်ရှုချင်တဲ့သူတွေအတွက်ဇာတ်ကားတစ်ကားပါပဲ။ သိပ်မကြာခင်မှာပဲ Tubi ကနေ တရားဝင်စတင်ပြသနေပြီမို့ sci-fi ကားကြိုက်သူတွေ၊ စိတ်ကူးယဉ်ရုပ်ရှင်ချစ်သူတွေအတွက် မမေ့မလျော့ကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။ File size…(871 MB)/(542 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Science Fiction, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2024
Maid Droid Origins
A Whale-Riding Teenager
5.8

ဒီတစ်ခါမှာတော့ CM ကနေပေါ့ပေါ့ပါးပါးကျောင်းသားကလေးနဲ့မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ သစ်ရွက်လှုပ်တာကအစ ရင်ခုန်တတ်တဲ့အရွယ်မျိုးဆိုသလို ပတ်ဝန်းကျင်တွေကြောင့်အချိန်မရွေးလမ်းမှာရောက်သွားနိုင်တဲ့ ဆယ်ကျော်သက်စွန်းစွန်းအရွယ်လေးတွေကို မိဘတွေကအမြဲတမ်းလိုက်ကြည့်နေရတာပေါ့။ ဒီဇာတ်ကားလေးထဲမှာလည်း ဟူရှောင်ကျိုးလို့ခေါ်တဲ့ကောင်လေးက အမြဲတမ်းသတ္တိနည်းပြီးမိသားစုလေးကသာမာန်ဖူလုံရုံလောက်ပဲပေါ့။ ဒါပေမဲ့ သူ့ဝါတနာကတော့လက်ဝှေ့ထိုးရတာ ဂိမ်းဆော့ရတာကိုကြိုက်နှစ်သက်သူဖြစ်တယ်။ သူနဲ့အတူငယ်ပေါင်းကြီးဖော်ဖြစ်တဲ့ ဝမ်ချင်ဆိုတဲ့ကောင်မလေးကတော့ စာလည်းတော်ရုပ်လည်းချောပြီးဝေလငါးကိုအင်မတန်မှနှစ်သက်သူတစ်ယောက်ဖြစ်တယ်။ သူတို့နဲ့အတူ ဝူဖုန်း ဖုန်ကျွင်း လင်ဝမ်တို့ကလည်း ကျောင်းမှာပြိုင်စံရှားရန်ဖြစ်တဲ့လူတွေဖြစ်ကြတယ်။ ညတိုင်းချိန်းတွေ့လျှောက်သွားကြတဲ့သူငယ်ချင်းတွေအမြဲတမ်း အနိုင်ကျင့်ခံရတာတွေကို ဟူရှောင်ကျိုးတစ်ယောက် ကိုယ့်ကိုယ်အရှက်ရမိခဲ့တယ်။ ဒီလိုနဲ့ သူချစ်ရတဲ့ကောင်မလေး ဝမ်ချင်ကိုကာကွယ်ဖို့အတွက် လက်ဝှေ့ပညာကိုသင်ယူဖို့ ယွမ်နည်းပြလက်ဝှေ့ရုံဆီသွားပြီးသင်ကြားခဲ့တယ်။ လက်ဝှေ့ပညာကို အတော်တတ်မြောက်ပြီးတဲ့နောက်မှာ ဟူရှောင်ကျိုးတစ်ယောက် ကျောင်းပညာကိုစိတ်မဝင်စားတော့ပဲညဘက် ချိန်းတွေ့ရန်ဖြစ်တာတွေ အဖွဲ့လိုက်ရန်ဖြစ်တာတွေပါလုပ်လာခဲ့တာကြောင့် ကျောင်းကသူတို့ကိုကျောင်းထုတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါကို ဟူရှောင်ကျိုးမိဘတွေကယွမ်နည်းပြဆီလာအပြစ်တင်ပုံချခဲ့တဲ့အချိန်မှာတော့………… ဒီဇာတ်ကားလေးဟာမိဘနဲ့သားသမီးကြားက နားလည်မှုတွေအပြင် ဆရာတစ်ယောက်ရဲ့သွန်သင်ဆုံးမမှုအရေးပါကြောင်းကိုမီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်

Romance • Drama
5.8 2024
A Whale-Riding Teenager
Steppenwolf Dala qasqiri
6.4

Steppenwolf (2024) IMDb Rating (6.4) / Rotten Tomatoes (79%) ဒီကားနာမည်က သိဒ္ဓတ္ထဝတ္တုကိုရေးခဲ့တဲ့ ဂျာမန်စာရေးဆရာကြီး ဟားမန်းဟက်ဆီရဲ့ Steppenwolfဆိုတဲ့ ဝတ္တုနာမည်ကိုပဲ ပေးထားတာ။ ဒါပေမဲ့ အဲဒီဝတ္တုရဲ့ ဇာတ်လမ်းကို ယူထားတာတော့မဟုတ်ဘူး။ ဇာတ်လမ်းရဲ့အစမှာ Steppenwolfထဲက ဇာတ်ကောင်ရဲ့ ကိုယ့်ကိုယ်ကိုယ်ကရော လူ့ဘောင်ကရော လွတ်မြောက်မှုကို ထင်ဟပ်စေတဲ့ စကားကို ယူသုံးထားတယ်။ အဲဒီစကားက ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင် အမျိုးသမီးကိုရော အမျိုးသားကိုရော ထင်ဟပ်နေတယ်။ ” လူ့ဘောင်ကြီးရဲ့ ရည်ရွယ်ချက်ကိုလည်း ငါနားမလည်နိုင်သလို လူတွေသာယာနေကြတဲ့ ပျော်စရာတွေဆိုတာကိုလည်း ငါမခံစားတတ်တဲ့နောက် ငါက တစ်ကိုယ်တည်းသမား ဧကစာရီကျင့်ကြံသူ ဖြစ်လာရတော့တာပေါ့” ဟားမန်းဟက်ဆီရဲ့ ဟန်အတိုင်း လွတ်မြောက်မှုအစစ်ဆိုတာကို သရုပ်ဖော်ထားတဲ့ စာသားပါပဲ။ ဒီကားက မငြိမ်သက်တဲ့ တိုင်းပြည်တစ်ခုရဲ့ ရိုက်ခတ်မှုကြားက အဖော်မဲ့သွားတဲ့ လူ၂ယောက်ရဲ့ ဖြစ်စဉ်ကို ရက်စက်မှုတွေ တစ်သီတစ်သန်းနဲ့ သရုပ်ဖော်ထားတဲ့ ကား။ မသိရင် အက်ရှင်ကားလို့ ထင်ရအောင်ကို ပစ်ခတ် သတ်ဖြတ်တာလည်း သိပ်များတယ်။ ဥပဒေမဲ့နေတဲ့ နိုင်ငံမှာ ဖြစ်ချင်တိုင်း ဖြစ်ချင်နေတဲ့ အခြေအနေတွေကြားက လူတွေကို သရုပ်ဖော်ထားတယ်ပေါ့။ အောက်ကစာတွေကတော့ ဆောင်းပါးတစ်ခုမှာ ဒီကားအကြောင်းရေးထားတာလေးက သဘောကျစရာတော့ ကောင်းလို့ ထုတ်နုတ် ဘာသာပြန်ပေးလိုက်တာပါ။ စစ်ပွဲတွေက ဘယ်တော့မှ မပြောင်းလဲဘူး။ စစ်ပွဲဒဏ်ခံရတဲ့လူတွေပဲ ပြောင်းလဲကုန်ကြတာပါပဲ။ ဒီရုပ်ရှင် ဇာတ်အိမ်တည်ရာ Kazakhstan နိုင်ငံဆိုတဲ့နာမည်က Boratကားနဲ့ ရုပ်ရှင်သမားတွေ အားလုံးသိကြတဲ့ နိုင်ငံပါပဲ။ ဒါပေမဲ့ Kazakhstanရုပ်ရှင်တွေကတော့ ကမ္ဘာကို သိပ်ပျံ့နှံ့ပုံမရဘူး။ ဒီနိုင်ငံက ကမ္ဘာပေါ်မှာ နဝမမြောက်အကြီးဆုံးနိုင်ငံဆိုတော့ ဒီလိုဖြစ်နေတာ ဆန်းတော့ဆန်းသား။ တစ်ခါတလေကျ တစ်ကမ္ဘာလုံး နိုင်ငံတစ်ခုနာမည်ကို ရင်းနှီးသွားဖို့ ရုပ်ရှင်တစ်ကားပဲလိုတယ်။ Steppenwolfက ဒီနိုင်ငံရဲ့ ရုပ်ရှင်လောကကို ရုပ်ရှင်ပရိသတ်တွေ အာရုံစိုက်မိစေမယ့် ရုပ်ရှင်ပါပဲ။ Steppenwolfဟာ ကျွန်တော်တို့ စိတ်ကိုချမ်းမြေ့စေမယ့် ရုပ်ရှင်တစ်ကားတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကမ္ဘာကြီးကို ပိုသိဖို့ ကျွန်တော်တို့ကြည့်ဖို့လိုတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ခံစားချက်တွေစိုပြေစေမယ့် ရုပ်ရှင်တစ်ကားဖြစ်ဖို့တော့ တော်တော်အလှမ်းဝေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(1.7 GB) / (680 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Dram,Thriller Duration….01:42:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Drama
6.4 2024 102 mins
Steppenwolf Dala qasqiri
Oxy Morons

IMDb – 4.2/10 ဇာတ်လမ်းအကျဉ်း – ဝိန်းပေါ့စ်က ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်ဖူးတဲ့သူပါ။ အရင်က ကမ်းခြေစောင့်တပ်ဖွဲ့၀င်ဟောင်းဖြစ်ပေမဲ့ ထုတ်ခံလိုက်ရပြီး လတ်တလောမှာ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီမှာ သူငယ်ချင်းဖြစ်သူ ရာကွယ် ဘစ်ဂိုင်းတို့နဲ့ အဖွဲ့တစ်ဖွဲ့အဖြစ် အလုပ်လုပ်နေတာပါ။ ပြီးတော့ အပို၀င်ငွေလေးရအောင် ဟော်ပီဆိုတဲ့မိန်းမတစ်ယောက်ဆီကနေ မူးယစ်ဆေးယူပြီး ရုံးမှာပြန်ရောင်းနေပါသေးတယ်။ ဒီလိုနဲ့ နယ်စပ်မှာဆေးသွားယူရင်း ဆေးတွေဆုံးရှုံးလိုက်ရပြီး ဟော်ပီဆီ အကြွေးအများကြီးတင်ခဲ့ပါတယ်။ အကြံကုန် ဂဠုန်ဆားချက်ဆိုသလို ကုမ္ပဏီရဲ့ဖောက်သည်ဖြစ်တဲ့ ပီအန်ပီဘစ်ဖာမာဆေးကုမ္ပဏီကြီးရဲ့အဖျားပျောက်ဆေးကို တစ်ဘတ်ရိုက်ခိုးပြီး ဟော်ပီကိုအကြွေးပြန်ဆပ်နေတာပါ။ ဒီလိုနဲ့ ဆေးတွေပျောက်လို့ ဖောက်သည်ပီအန်ပီနဲ့သွားတွေ့ရင်း ဟော်ပီကကိုယ်စားလှယ်ဖြစ်နေတဲ့အတွက် နှစ်ပတ်တစ်ပတ်ရိုက်ခံနေရတာကိုသိသွားပါတယ်။ ရဲတွေကလည်း အနံ့စရလာပြီး ဝိန်းနောက်ကိုလိုက်ပါတယ်။ အကြွေးရှင်ဟော်ပီကတစ်ဖက် ရဲတွေကတစ်ဖက်အပြင် သစ္စာဖောက်ခံရတဲ့ကြားက ဝိန်းတစ်ယောက် ဒီအဖြစ်ဆိုးကနေ ဘယ်လိုရုန်းထွက်မလဲဆိုတာ ကြည့်ရှုရမှာပါ။ File size…(1.2 GB)/(684 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Soe Thiri Nwe

Comedy • Drama • Music • Romance
0 2025
Oxy Morons