YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Joy of Life S1 E03 1080p WEB-DL CM.mp4

588 MB N/A video/mp4 246 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ayisha

Ayisha (2023) ******************* IMDb-8.2/10 Flimfare ဆုအပြင် တခြားဆုပေါင်းများစွာရထားတဲ့ အဆိုကောင်းအကကောင်း မင်းသမီးကြီး Manju Warrier က ပထမဆုံးမလေယာလမ်ရုင်ရှင်မင်းသမီးကြီး Nilambur Ayisha ရဲ့ ဘ၀ဇာတ်ကြောင်းကို ပြန်လည် အသုံးတော်ခံထားပါတယ်။ ဟိုးအရင်ခေတ်တွေတုန်းကတော့ အစေခံခေါ်ကြတယ်။ လူသားချင်းစာနာတဲ့ခေတ်ဘာညာနဲ့ ဖြစ်လာတော့ အိမ်အကူ အိမ်အတွက် ကူဖော်လောင်ဖက်။ဒီဇာတ်လမ်းထဲမှာလည်း အိမ်အကူတွေရဲ့ ဖြတ်သန်းရပုံတွေပေါ့။ ဇာတ်လမ်းအကျဉ်း အာရီရှာဆိုတဲ့ အမျိုးသမီးက အာရပ်ပြည်ကို အိမ်အကူလုပ်ငန်းလုပ်ဖို့ သမီး‌လေးကိုခွဲပြီး ရောက်ရှိလာသူဖြစ်ပါတယ်။ အိမ်အကူလုပ်တယ်ဆိုပေမဲ့ သတ္တိကတော့ မခေလှဘူး။ အလုပ်အေဂျင်စီကလူတွေနဲ့ ထိပ်တိုက်တွေ့တာလည်း ခဏခဏပါပဲ။ ဒီလိုဇနဲ့ အာရီရှာ အလုပ်ရတဲ့နေရာက မာမားလို့ခေါ်ကြတဲ့ အမျိုးသမီးကြီး ဩဇာညောင်းတဲ့ မော်ဆွမ်းနန်းတော်မှာပါ။လူတိုင်းသူ့စကားတစ်ခွန်းနဲ့ အကုန်ပြီးလောက်သည်ထိ အိမ်ကြီးရှင်မာမားနဲ့ မဟုတ်မခံ အာရီရှာတို့ နှစ်ဦးကြားက ဆက်ဆံရေးအဖုအထစ်တွေမှာ သူတို့နှစ်ဦး အဆင်ပြေသွားကြမလား တဦးနဲ့တဦးရန်ပဲဆောင်နေကြရမလားဆိုတာ အမျိုးသမီးနှစ်ယောက်ရဲ့ အားပြိုင်မှုကို ရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ BpL ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ BpL , chiclon3,Thaik San , Aditi, Zwe Yan Naing, Yunni တို့ပဲဖြစ်ပါတယ်) File size…2.38GB /  1.12GB Quality…1080p WEB DL /720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ chiclon3 ~ Thaik San ~ Aditi~ Zwe Yan Naing~ Yunni

Adventure • Animation • Drama • Family
0 2023 153 mins
Ayisha
[18+] Star Dancer

Star Dancer (2023) အိုဒတ်ဆာဟာ မနီလာမှာရှိတဲ့ ဘဲလေးကျောင်းတစ်ကျောင်းမှာ ပညာသင်ဆုရခဲ့ပေမယ့်လည်း ကံဆိုးစွာပဲ ခြေထောက်မှာဒဏ်ရာရခဲ့ပြီး အနားယူရာကနေ ဘယ်တော့မှ ဘဲလေးပြန်မကနိုင်တော့ဘူးဆိုတာသိရပြီး ကျောင်းထွက်ခဲ့ရပါတယ်။ အဆောင်အတူနေ သူငယ်ချင်းကောင်မလေးတွေက သူတို့အလုပ်လုပ်တဲ့ကလပ်မှာ Dancer အဖြစ်လျှောက်ဖို့ပြောလို့ လိုက်သွားခဲ့မိရာကနေ ကလပ်ပိုင်ရှင်ရဲ့သား ပရင်စ့်ဆိုသူက မျက်စိကျပြီး မြှောက်စားတဲ့နောက် သူဟာ Lakeside ဆိုတဲ့ကလပ်မှာ Star Dancer တစ်ယောက်ဖြစ်လာပါတော့တယ်။ မပြေလည်တဲ့ မိသားစုကိုထောက်ပံ့နေရတဲ့ သူ့အတွက် ကလပ်ကရတဲ့ ညကြေးတွေနဲ့တင် မလုံလောက်တဲ့အခါ အခန်းဝင်ဖို့ တစ်ဆင့်တက်ဖို့ ကမ်းလှမ်းတာတွေကြုံရတဲ့ကြားက ပရင်စ့်ရဲ့မျက်နှာကိုထောက်ပြီးသူထိန်းချုပ်ထားခဲ့ပေမယ့်လည်း တစ်ချိန်တုန်းက ကလပ်ရဲ့ Star Dancer ဟောင်း ဂျီဆဲလ်ဆိုတဲ့ မိန်းမလှလေးပြန်ရောက်လာတဲ့အချိန်မှာတော့ အခြေအနေတွေတစ်မျိုးတစ်ဖုံပြောင်းလဲလာပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဂျီဆဲလ်ဟာ ကချေသည်ဟောင်းတစ်ယောက်ဖြစ်ရုံမက သူ့လက်ရှိချစ်သူ ပရင်စ့်ရဲ့ရည်းစားဟောင်းတစ်ယောက်လည်းဖြစ်နေလို့ပါပဲ။ ရင်းနှီးပြီးသားဖြစ်လောက်မယ့် မင်းသမီးချောလေး Denise Esteban နဲ့ ပြီးခဲ့တဲ့ Stalkers Series မှာ Apple အဖြစ်၊ Pantaxa Laiya မှာ Host အဖြစ် ပါဝင်ခဲ့တဲ့ Rose Van Ginkel တို့ရဲ့အကအလှ အကြီး အကျယ် ပြိုင်ဆိုင်မှုတွေကိုဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 780MB Quality - 1080p, 720p Format - mp4 Duration - 1H 35Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Horror
0 2023
[18+] Star Dancer
Species II
5.2

Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 2 (1998) ဇာတ်လမ်းအကျဉ်း.... ကမ္ဘာမြေကနေ အင်္ဂါဂြိုလ်ပေါ်ကို ပထမဆုံးရောက်ရှိသွားတဲ့ အာကသယာဉ်မှူးတစ်ယောက်ဆီမှာ အင်္ဂါဂြိုလ်က ဂြိုလ်သား DNA ကူးစက်သွားတာကနေ စပါတယ်....ဒီအာကသယာဉ်မှူး ကမ္ဘာမြေကိုပြန်လည်ရောက်ရှိပြီး သူနဲ့အိပ်လိုက်မိတဲ့မိန်းခလေးဆီမှာ ဂြိုလ်သားကလေးမွေးရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ.... အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:33:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Action • Comedy • Crime
5.2 1998 93 mins
Species II
To the Bone
7.2

~ IMDb - 6.8/10, RT - 70%, Meta - 64% ~ လူရယ်လို့ဖြစ်လာရင် အကြောက်တရားနဲ့ ဆင်းရဲဒုက္ခဆိုတာ ယှဥ်တွဲလာစမြဲပါပဲ။ ​တချို့က ဝလာမှာကြောက်တယ်။ တချို့က ​အသက်ရှင်ရတာကိုတောင် ကြောက်လာကြတယ်။ အမျိုးမျိုးသော အကြောက်တရားတွေကြားမှာ ဒီ အယ်လန်ဆိုတဲ့ ကောင်မလေးကတော့ ဝိတ်တက်မှာကို ကြောက်တာပါ... Broken Family ​ဖြစ်သွားတဲ့ အယ်လန်တစ်ယောက် မိထွေးလက်အောက် ဂေးမိခင်တစ်ယောက်လက်အောက်မှာ မိသားစုအရှုပ်အထွေးတွေကြားမှာ သနားစရာ ကြီးပြင်းလာခဲ့ပါတယ်။ အဲ့ကြားထဲကမှ အနုပညာကိုဝါသနာပါတဲ့ အယ်လန်ဟာ ကိုယ့် artwork ကြောင့် လူတစ်ယောက်နစ်နာသွားတာကို သိလိုက်ရတဲ့အချိန်မှာ ပြိုလဲပြီး အစာသိပ်မစားဘဲ အငတ်ခံလို့ စိတ်သက်သာရာ ရှာပါတော့တယ်။ အဲ့လို အယ်လန်ဟာ အကြောက်တရားကနေ ဘယ်လိုရုန်းထွက်မလဲ။ အယ်လန့်ကို ကူညီပေးတဲ့ဆရာဝန် ဒေါက်တာဘက်ခမ်းကရော ဘယ်လိုကုထုံးတွေနဲ့ ​အယ့်လန့်ဘဝကို အဖက်ဆယ်ပေးမလဲ။ အယ်လန့်သူငယ်ချင်းလုခ်ကရော အယ်လန့်ကိုဘယ်လိုပျော်အောင်လုပ်ပြီး အယ်လန့်ဘဝကို ဘယ်လိုအသက်ဝင်လာစေမလဲဆိုတာကို ဒီ '' To The Bone '' ဇာတ်ကားလေးမှာ ရှုစားရမှာပါ။ ဒီကား​လေးက ဝမှာတအားကြောက်နေတဲ့သူတွေ အစာအငတ်ခံလို့ အလွန်အမင်းဝိတ်ချနေတဲ့လူတွေ စိတ်ဆင်းရဲမှုကြောင့် ခံတွင်းမလိုက် ဖြစ်​နေသူတွေအတွက်လည်း ပညာပေးကားဆန်ဆန်​လေးဖြစ်မယ်လို့ ထင်ပါတယ်။ ကိုယ်အလေးချိန်နဲ့ ပတ်သက်တာကို အဓိကရိုက်ပြသွားပေမဲ့ ကိုယ့်ကိုယ်တွင်းက အကြောက်တရားကို တွန်းလှန်ပြီး စိတ်ချမ်းသာရာကို ဘယ်လိုရှာရမယ်ဆိုတာ ပြတဲ့ကားလေးဖြစ်တာမို့ လက်လွှတ်မခံသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်... ခေါင်းဆောင် မင်းသား မင်းသမီး​တွေအဖြစ် Emily in Paris ထဲက မင်းသမီးလေး Lilly Collins နဲ့ မသိသူမရှိလောက်မယ့် မင်းသားကြီး Keanu Reeves တို့ ပါဝင်ထားတာမို့ မကောင်းမှာကိုတော့ စိတ်ပူစရာမလိုမယ့် ကားကောင်းတစ်ကားပါပဲ။ (ဇာတ်ကားနဲ့ အညွှန်းကို Nadi Myint Naing မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.6GB, 1GB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 47Min Type - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Nadi Myint Naing Encoded by Y

Comedy • Drama
7.2 2017 107 mins
To the Bone
Marlowe

Marlowe (2022) ဒီကားက Philip Marlowe ဆိုတဲ့ စုံထောက်ကြီးအကြောင်းကို ရိုက်ထားတာပါ။ သူကလည်း ရှားလော့ဟုမ်းတို့ ပယ်ရီမေဆင်တို့လောက် နာမည်မကြီးတာပဲရှိတယ် နှယ်နှယ်ရရတော့မဟုတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ ရေမွန်ချန်ဒလာဆိုတဲ့ စာရေးဆရာကြီးက ၁၉၃၀ကျော်ကတည်းက စအသက်သွင်းခဲ့ပြီး ဝတ္တုရှည်၇အုပ်နဲ့ ဝတ္တုတိုအများအပြားထွက်ခဲ့သလို နောက်ပိုင်းတခြားစာရေးဆရာတွေကလည်း ဒီဇာတ်ကောင်ကိုသုံးပြီး အများကြီးပြန်ရေးခဲ့ကြတယ်။ ဒီစာအုပ်တွေကို ဇာတ်ကားအဖြစ်လည်း ၁၃ခါပြန်ရိုက်ခဲ့သလို နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားက 1978 တုန်းက The Big Sleep ပါ။ ဆိုတော့ ၄၄နှစ်ကြာပြီးမှ Marlowe ဇာတ်ကောင်ကို ထပ်အသက်သွင်းတဲ့ရုပ်ရှင်ဆို‌တော့ ထူးထူးခြားခြားပေါ့။ ခုကားကတော့ 2014 ခုနှစ်ထွက် The Black-Eyed Blonde ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ 40s ခုနှစ်တွေကို အခြေပြုထားတဲ့ ဂန္ထဝင်စတိုင် စုံထောက်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသားကတော့ Taken မင်းသားကြီး လီယံနီဆန်ပါပဲ။ မင်းသမီးတွေကတော့ Big Fish တို့၊ The Postman Always Rings Twice တို့က Jessica Lange နဲ့ National Treasure အပြင် Inglourious Basterds ထဲက ဂျာမန်သွေးနှောအလှလေး Diane Kruger တို့ ပါပါတယ်။ စိတ်ဝင်စားစရာ စုံထောက်ကားမို့ အားလုံးကြိုက်ကြမှာပါ။ စုံထောက်ကားကိုမှ Neo-noir ကားဆိုတော့ Neo-noir ကားတွေ ကြိုက်တဲ့လူတွေလည်း အကြိုက်တွေ့ကြမှာပါ။ စုံထောက်ကြီးမာလိုဟာ ရဲတပ်ဖွဲ့ကနေ ပြဿနာတက်ပြီး ထွက်လိုက်ရလို့ ပင်စင်မရဘဲ အလွတ်စုံထောက်လုပ်စားနေရတာပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကလဲယားဆိုတဲ့ မိန်းမလှသူဌေးမလေးတစ်ယောက်က အလုပ်အပ်လာပါတယ်။ သူ့ရဲ့အငယ်အနှောင်းချစ်သူ နီကိုပီတာဆန်ဆိုတဲ့လူ ပျောက်ဆုံးမှုပါပဲ။ အစကတော့ သူ့ကိုပလစ်သွားတဲ့ဘဲကို လိုက်ရှာပေးရုံပဲထင်မိပေမဲ့ လူသတ်မှုတွေ၊ လူဆိုးဂိုဏ်းတွေနဲ့ အရှုပ်တော်ပုံတွေကြားထဲက ရောက်သွားပြီး လျို့ဝှက်ချက်တွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့အခါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 885MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 49Min Genre – Crime, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

0 2022 109 mins
Marlowe
[18+] Kamadora
6.3

Kamadora (2023) အီကာဖာယာဒိုဟာ အဆောင်သူလေးတစ်ယောက်ဖြစ်ပြီး ဒေးဗစ်ဆန်ကုန်တိုက်ကြီးမှာ အရောင်းစာရေးလုပ်ပါတယ်။ မျက်နှာချိုအပြုံးချိုနဲ့ လူတကာချစ်ခင်နှစ်သက်ခြင်းခံရတဲ့သူဟာ မဟုတ်မခံ ဆတ်ဆတ်ကြဲလေးလည်းဖြစ်ပြီး ရိုင်းစိုင်းတဲ့ ကပ်စတမ်မာတွေနဲ့လည်း ပြဿနာဖြစ်တတ်လို့ မန်နေဂျာရုံးခန်းထဲကို မကြာခဏခေါ်ဆူခံရတတ်ပါသေးတယ်။ ဒါပေမဲ့လည်း ဘယ်သူမှမသိတာက အဲဒီသဘောကောင်းတဲ့မျက်နှာလှလှလေးရဲ့နောက်ကွယ်မှာ ကြောက်စရာပင်ကိုစရိုက်တစ်ခုရှိနေတယ်ဆိုတာကိုပါပဲ။ အီကာရဲ့ငယ်ဘဝဟာ မြတ်နိုးတို့ ကြယ်စင်တို့လို ကြမ်းတမ်းလွန်းခဲ့ပါတယ်။ ရှာမကျွေးနိုင်တဲ့ဖခင်ဖြစ်သူကို သူ့မိခင်က စွန့်ခွာခဲ့ပြီးနောက် ငယ်စဉ်ကတည်းက ပထွေးနဲ့အတူနေခဲ့ရတယ်။ အရွယ်မရောက်တစ်ရောက်အချိန်လေးမှာ ပထွေးဖြစ်သူကစော်ကားလို့ အိမ်ကထွက်ပြေးခဲ့ပြီး လမ်းဘေးရောက်ခဲ့ရတာပါ။ အဲဒီမှာ ကယ်တင်ရှင်တစ်ယောက်နဲ့တွေ့ခဲ့ရပေမဲ့ အဲဒီကယ်တင်ရှင်ဖြစ်သူကလည်း သူ့ကိုမွေးပြီးစားနေတဲ့အခါမှာတော့… အဲ့ဒီဘဝကလွတ်ဖို့ နည်းပေါင်းစုံသုံးပြီး ကြိုးစားတော့မှာဖြစ်ပါတယ်။ အီကာအဖြစ် Lovely Ladies Dormitory ထဲမှာ ချစ်စရာကောင်မလေး အယ်လ်မာဇာတ်ရုပ်နဲ့ ပရိသတ်ကိုဖမ်းစားနိုင်ခဲ့တဲ့ Tiffany Grey လေးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 845MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 44Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama
6.3 2023
[18+] Kamadora
Island Escape

Island Escape (2023) Science-Fiction နဲ့ Horror ကြိုက်တဲ့သူအတွက် တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ လူမသိသူမသိကျွန်း တစ်ကျွန်းပေါ်မှာ အခြေခံထားပါတယ်။ ဒီကျွန်းက “Elite Soldier” တွေကို မွေးထုတ်ဖို့အတွက် လေ့ကျင့်ပေးတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဒါပေမဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီးနောက်ပိုင်းမှာ ဒီကျွန်းဟာ ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ သုတေသီတစ်ယောက်ဖြစ်တဲ့ စီအီးအိုတစ်ယောက်ရဲ့သမီးကလည်း မတော်တဆမှုထဲပါသွားတဲ့အတွက် စီအီးအိုရဲ့ သမီးကို သွားကယ်ဖို့ ကုမ္ပဏီကနေပြီးတော့ စစ်ပြန်နဲ့ ပရော်ဖက်ရှင်နယ်တစ်စုကို ငှားပါတော့တယ်။ ဒီအဖွဲ့ထဲမှာဆိုရင် ဇာတ်လမ်းရဲ့ မင်းသားဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ ချေ့စ်နဲ့ ရပ်စ်ဆိုပြီးပါလာပါတယ်။ သူတို့နှစ်ယောက်က ဒီစစ်ဆင်ရေးမတိုင်ခင် အရင်စစ်ဆင်ရေးတစ်ခုမှာအတူလုပ်ခဲ့ဖူးကြပေမဲ့ အဲဒီစစ်ဆင်ရေးမှာဖြစ်ခဲ့တဲ့မတော်တဆတစ်ခုကြောင့် ချေ့စ်ဟာ အတိတ်မေ့ရောဂါဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့စိတ်ထဲမှာတော့ ရပ်စ်ကို မယုံသင်္ကာဖြစ်နေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ချေ့စ်တို့နှစ်ယောက်ဟာ စစ်ဆင်ရေးအတူထွက်ဖြစ်ခဲ့ကြတာပေါ့။ လူမသိသူမသိကျွန်းကို ရောက်သွားတဲ့အခါမှာတော့ စစ်ဆင်ရေးထဲပါသွားတဲ့သူတွေအားလုံး ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုနဲ့စတင်ကြုံတွေ့လာရပါတော့တယ်။ ကျွန်းပေါ်မှာ သုတေသီတစ်ယောက်မှ ရှာမတွေ့တော့တဲ့အပြင် အလောင်းများစွာကို ရှာတွေ့ကြပါတယ်။ ဒါ့အပြင် ဒီကျွန်းပေါ်မှာ ညဘက်ဆို ထူးဆန်းတဲ့မကောင်းဆိုးဝါးတွေပေါ်လာတတ်ပါသေးတယ်။ ဒီလိုနဲ့ပဲ ချေ့စ်တို့အဖွဲ့ သူတို့ရဲ့စစ်ဆင်ရေးကို အောင်မြင်အောင် ဘယ်လိုဆက်ပြီး ဆောင်ရွက်သွားကြမှာလဲ… ကျွန်းပေါ်က မကောင်းဆိုးဝါးတွေကရော ဘယ်လိုတွေဖြစ်တည်လာတာလဲ… ဒါ့အပြင် ကျွန်းပေါ်မှာဖြစ်နေတဲ့ တခြားသဘာဝလွန်ဖြစ်ရပ်ပေါင်းများစွာကို ဒီရုပ်ရှင်ထဲမှာ ဖီးလ်အပြည့်နဲ့ခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 580MB Quality – 1080p, 720p Format – mp4 Duration – 1H 26Min Genre – Action, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

0 2023 86 mins
Island Escape
EXmas
5.7

EXmas (2023) =========== ဒီဇာတ်လမ်းမှာ ဂရေဟမ်က မကြာသေးခင်ကမှ သူနဲ့စေ့စပ်ထားတဲ့ ကောင်မလေးနဲ့ပြတ်ပြီး အသည်းကွဲရင်း အလုပ်တွေနဲ့ပိနေခဲ့တယ်။ အဲဒီအချိန် ခရစ္စမတ်ကို အရမ်းသဘောကျတဲ့ သူ့မိဘတွေက ဂရေဟမ် ကို ခရစ္စမတ်ပိတ်ရက် အလည်လာဖို့ပြောတော့ အစက အလုပ်မအား လို့ငြင်းခဲ့သေးတယ်။ ဒါပေမဲ့ နောက်တော့ သူ့ဘဝကြီးက အသည်းကွဲ ဒဏ်၊ အလုပ်ဒဏ်နဲ့ အတော်ပျက်ဆီးနေတာ သူ့ကိုယ်သူနားလည်သွားပြီး ခရစ္စမတ်မှာ သူ့မိသားစုနဲ့ ပျော်ပျော်ကုန်ဆုံးဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလိုနဲ့ သူ့မိဘတွေဆီ လေယာဥ်နဲ့သွားပြီး သူ့အိမ်ကိုမပြောမဆို ရောက် ချလာမှ မြင်လိုက်ရတာက သူ့ Exက သူ့အိမ်မှာ သူ့မိဘတွေနဲ့ ခရစ္စမတ် ပျော်နေတာပါပဲ။ နောက်တော့ ဂရေဟမ်တစ်ယောက် သူ့ Ex နဲ့ ဘယ်လို တွေပြိုင်ဆိုင်ပြီး ရန်ဖြစ်မလဲဆိုတာကို ဟာသပေါင်းစုံနဲ့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.75 GB) / (657 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Thwal Htoo Zin Encoder……….SWM

Horror
5.7 2023 93 mins
EXmas
Sesham Mike-il Fathima
7

Sesham Mike-il Fathima (2023) ဘောပွဲကြေငြာသူ ဖာသီမာ imdB (8.6/10) ပရိသတ်ကြီးကို ယခုတင်ဆက်ပေးမှာကတော့ မာလာရာလမ်စကားပြော ဒါရိုက်တာ မာနူစီကူးမားရဲ့ ပွဲဦးထွက်လက်ရာပေးပဲ ဖြစ်ပါတယ်….. ပွဲဦးထွက်မှာပဲ သူမတူတဲ့ဇာတ်လမ်းမျိုးကို ရဲရဲဝံ့ဝံ့ရိုက်ကူးပြထားပြီး rating တွေကလဲ လန်ပြန်နေတာကို တွေ့ရမှာပါ… တွေ့တဲ့အတိုင်းပဲ အမျိုးသမီးဇာတ်ကောင် ဦးစားပေးဖြစ်ပြီး မွတ်ဆလင်အမျိုးသမီးတစ်ယောက်ရဲ့ သူမတူပဲ ဘောလုံးပွဲကြေငြာတင်ဆက်သူအဖြစ် ရုန်းကန်တဲ့ပုံစံလေးကို comedy drama ပုံစံလေးနဲ့ တင်ဆက်ပေးထားတာပါ… ဖာသီမာက ငယ်ငယ်လေးထဲက စကားအရမ်းများပါတယ် ဘယ်လောက်များလဲဆို သူ့အမေဗိုက်ထဲကထွက်ပြီး အူဝဲလို့စအော်ထဲက ပြောလိုက်တဲ့စကား ခုထိကိုမရပ်သေးဘူးလို့ ပြောယူရပါတယ် လေအိုးလေးဖာသီမာရဲ့အကိုကတော့ ဘောလုံးသမားတစ်ယောက်ပါ ဖာသီမာလဲ အကိုနဲ့ပေါင်းရင်း ဘောပွဲကြည့်ရုံတင်မက ဘေးကနေ ဘာဖြစ်တယ်ညာဖြစ်တယ် ဂိုးတယ်ခင်ဗျာတွေလဲ ထထအော်တတ်နေပါတော့တယ် အဲ့လိုနဲ့ပဲ သူ့အကိုတို့ဘောလုံးပွဲတစ်ခုမှာ ပွဲကြေငြာသူမရှိလို့ ဖာသီမာတစ်ယောက် စမ်းပြီးပွဲတင်ဆက်သူလုပ်လိုက်ရာကနေစပြီး…. အမျိုးသမီးပွဲတင်ဆက်သူတစ်ယောက်အတွက် သော့ပိတ်ထားတဲ့တံခါးတွေအများကြီးပါ အဲ့တံခါးတွေကို ရဲရဲဝံ့ဝံ့တံခါးခေါက်လိုက်ပါတဲ့…. အဲ့လိုပါပဲ ကမ္ဘာပေါ်ကအိမ်မက်ပေါင်းစုံနဲ့အမျိုးသမီးများ ကိုယ့်ရှေ့ကပိတ်ထားတဲ့ တံခါးတွေကို ရဲရဲဝံ့ဝံ့ခေါက်နိုင်ဖို့အတွက်… ခေါက်မဲ့သူတွေရော ကူခေါက်ပေးမဲ့သူတို့ကောင်လေးတွေရော ကြည့်နိုင်ဖို့ CM ကနေ မိုတီအပြည့်နဲ့တင်ဆက်ပေးလိုက်ပါတယ် အညွှန်းကိုတော့ ဆရာစိုင်းမှ ရေးသားပေးထားပြီး ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Comedy • Family
7 2023 136 mins
Sesham Mike-il Fathima
The Darjeeling Limited
7.2

The Darjeeling Limited (2007) ~ IMDb – 7.2/10, RT – 69%, Meta – 67% ~ The Darjeeling Limited ဟာ နာမည်ကျော်အမေရိကန်သရုပ်ဆောင်တွေချည်းသုံးထားပေမဲ့ အိန္ဒိယမှာပဲ တစ်ကားလုံးနီးပါးပြီးသွားတဲ့ ရုပ်ရှင်ပါပဲ။ Wes Anderson ဟာ သူ့ထုံးစံအတိုင်း ဒီကားမှာလည်း နာမည်ကြီးစတားတွေ မြိုင်မြိုင်ဆိုင်ဆိုင်သုံးပြီး အိန္ဒိယခရီးစဉ်တစ်ခုကို ရိုက်ပြထားခဲ့တယ်။ အန်ဒါဆန်စကားအရတော့ “အိန္ဒိယဟာ သူမတူအောင် အရောင်အသွေးစုံလင်တဲ့ နိုင်ငံပေါ့။ အိန္ဒိယဟာ သိပ်မြူးကြွနေတဲ့ နိုင်ငံဆိုလည်း ဟုတ်တယ်။ အိန္ဒိယမှာ တစ်ယောက်တည်း အေးဆေးနေချင်လို့တောင် နေမရဘူး”တဲ့။ အိန္ဒိယဟာ ဒီဇာတ်ကားရဲ့ ဇာတ်အိမ်တည်ရာဖြစ်နေရုံတင်မဟုတ်ဘဲ အိန္ဒိယကိုယ်တိုင်ကိုက ဒီဇာတ်ရဲ့အကြောင်းအရာဖြစ်နေတယ်လို့လည်း ဆိုတယ်။ အန်ဒါဆန်ဟာ The Darjeeling Limited ကို ရိုက်တဲ့နေရာမှာ အိန္ဒိယကို သူ့ပုံစံအတိုင်းပဲထားပြီး ရိုက်ကူးခဲ့တယ်။ သူတို့ရိုက်ကွင်းမှာ ရှိနေတဲ့အရာတွေ ရောက်လာတဲ့အရာတွေကို ထိန်းချုပ်ဖို့ လုံးဝမကြိုးစားခဲ့ဘူး။ ရိုက်ပြီးလို့ ပြန်ကြည့်တဲ့အခါ သူတို့ရုပ်ရှင်ထဲ ဘယ်သူတွေဖြတ်သွားလဲ ဘယ်သူတွေရှိနေလဲ ပြန်ကြည့်ပြီး သူတို့ကိုယ်တိုင်လည်း အံ့ဩခဲ့ရတယ်။ ဒီအရာတွေကို သူတို့က လုံးဝမထိန်းချုပ်ခဲ့ဘူး။ အိန္ဒိယကကိုက ဒီဇာတ်ဖြစ်လာခဲ့တာပါပဲ။ ဒီဇာတ်လမ်းအတွက် ဇာတ်ညွှန်းရေးဖို့ အန်ဒါဆန်ရယ် ဒီရုပ်ရှင်ထဲက မင်းသားတစ်ဖြစ်လဲ Jason Schwartzman ရယ်၊ ဖရန်စစ်ဖို့ဒ်ကော်ပိုလာရဲ့သား ရိုမန်ကော်ပိုလာရယ်ဟာ အိန္ဒိယကိုခရီးထွက်ခဲ့တယ်။ ခရီးမှာပဲ ရေးခဲ့တယ်။ ဒါကြောင့် ဒီဇာတ်မှာ အိန္ဒိယအငွေ့အသက်တွေ အိန္ဒိယဓလေ့တွေကို အိန္ဒိယကားစစ်စစ်တွေထက်တောင် ပိုတွေ့နိုင်တယ်။ ဒီအိန္ဒိယဆိုတဲ့ ဇာတ်လမ်းကျောရိုးကြီးကို ပရိသတ်ဆီရောက်အောင်စီးကူးပေးဖို့ သူ့ထည့်ထားတဲ့ ဒြပ်ကူပစ္စည်းက ညီအစ်ကိုသုံးယောက်။ မကြာသေးခင်ကမှ အဖေဆုံးထားပြီး အမေက သူတို့အနားမရှိနေသလို သူတို့ချင်းလည်း ပွင့်ပွင့်လင်းလင်းမရှိ ချစ်တော့ချစ်ကြပေမဲ့ တစ်ကောင်နဲ့တစ်ကောင် ချောက်ချမိနေတဲ့ ညီအစ်ကိုသုံးယောက်။ ဒီခရီးကိုထွက်မှာကလည်း သူတို့သုံးယောက်ပဲ။ ဘာလို့ ညီအစ်ကိုသုံးယောက်သုံးထားသလဲဆို အန်ဒါဆန်ကိုယ်တိုင်လည်း ညီအစ်ကိုသုံးယောက်ထဲကတစ်ယောက်ဖြစ်ပြီး သူတို့နဲ့ အန်ဒါဆန်ဟာလည်း ဒီရုပ်ရှင်ထဲက ကောင်တွေလိုပဲ အမြဲရန်ဖြစ်နေကြတာပဲ။ ဒါပေမဲ့လည်း သူတို့ဟာ အန်ဒါဆန်ရဲ့ အရင်းနီးဆုံးတွေလည်းဖြစ်နေတယ်။ အန်ဒါဆန်ကတော့ ဒီရုပ်ရှင်ထဲက ညီအစ်ကိုသုံးယောက်လုံးက စိတ်ကူးယဉ်သက်သက်လို့ပြောခဲ့တယ်။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာလည်း အငယ်ဆုံးညီဖြစ်တဲ့ စာရေးဆရာဂျက်ဟာ သူတို့ညီအစ်ကိုတွေအကြောင်းကို မသိမသာဆိုသလို သူ့စာထဲထည့်ထည့်ရေးပေမဲ့ အမြဲ စိတ်ကူးယဉ်ဇာတ်ကောင်တွေလို့ပဲ ပြောတတ်တယ်။ ဘာပဲဖြစ်ဖြစ် သူ့စိတ်ကူးတွေဟာ သူ့အစ်ကိုတွေနဲ့မကင်းနိုင်ခဲ့ဘူး။ အန်ဒါဆန်အတွက်လည်း ဒီရုပ်ရှင်ဟာ ထိုနည်းလည်းကောင်း ဖြစ်လိမ့်မယ်။ အိန္ဒိယမှာ သူတို့ခရီးထွက်ဖို့ အဓိကသုံးရတဲ့ ယာဉ်က ရထားဖြစ်သလို ဇာတ်ညွှန်းရေးတဲ့လူတွေလည်း အိန္ဒိယက ရထားပေါ်ပဲ တက်ရေးခဲ့ကြတာပါပဲ။ ဒီခရီးမှာ အိန္ဒိယက ကျင့်စဉ်ဓလေ့ ပူဇော်ပသမှုတွေကို မနည်းမနောတွေ့ရတယ်။ မြွေတွေကနေ ယောဂအထိအကုန်ပါတယ်လို့လည်း အန်ဒါဆန်က ဆိုထားတယ်။ ဒီရုပ်ရှင်မှာ အိန္ဒိယက ကျင့်စဉ်ဓလေ့တွေအကုန် ထည့်သွင်းထားပေမဲ့ အကြီးဆုံးကျင့်စဉ်က ဒီရုပ်ရှင်ကိုယ်တိုင်ပဲလို့လည်း ဆိုထားတယ်။ ဒီဘက်ရာစုရဲ့ အကောင်းဆုံး အိန္ဒိယသရုပ်ဆောင်လို့ သတ်မှတ်ရမယ့် Irrfan Khan တောင်ပါတယ်။ သိပ်တော့မပါလိုက်ရပါဘူး။ ဒါပေမဲ့ သိပ်ပါတာမပါတာက အရေးတော့မပါလှဘူး။ ဘာလို့ဆို ဒီရုပ်ရှင်မှာ Bill Murray လည်း သိပ်မပါဘူး။ ဒါပေမဲ့ အန်ဒါဆန်က သူ့ကို နားချတော့ သူ့ရုပ်ရှင်မှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့မဟုတ်ဘဲ Symbolism နိမိတ်ပုံတစ်ခုအနေနဲ့ ပါပေးနိုင်မလားမေးခဲ့တာ။ မာရေးကလည်း သဘောကျပြီး လက်ခံခဲ့တယ်။ ဒီရုပ်ရှင်မှာ Symbolism နိမိတ်ပုံတွေ မနည်းဘူး။ ညီအစ်ကိုသုံးယောက်ကိုယ်တိုင်ကိုကလည်း Symbolism နိမိတ်ပုံဖြစ်နေခဲ့တယ်။ နောက် ဒီရုပ်ရှင်မှာသုံးထားတဲ့ နောက်ခံတေးတွေကလည်း “အိန္ဒိယတွင်ပြုလုပ်သည်” တွေပဲ။ ဆတ္တရာဂျစ်ရေးရဲ့ ရုပ်ရှင်တွေကနေ ယူထားတယ်လို့ဆိုတယ်။ ရေးရဲ့ ရုပ်ရှင်တွေကြောင့်ပဲ အန်ဒါဆန်ဟာ အိန္ဒိယကို လာချင်ခဲ့တာပါတဲ့။ ရေးဟာ သူ့ကားတွေအတွက် နောက်ခံတေးကို သူကိုယ်တိုင်ပဲဖန်တီးခဲ့တယ်။ အန်ဒါဆန်ကိုယ်တိုင်လည်း ဆတ္တရာဂျစ်ရေး လွှမ်းမိုးမှုမကင်းတဲ့လူတစ်ယောက်ဆိုတော့ အိန္ဒိယကို သူချစ်ခဲ့၊ Homage ပေးချင်ခဲ့တာလည်း မဆန်းလောက်ဘူး။ ဂီတနဲ့ အကြောင်းအရာပိုင်းနဲ့ အပြင်အဆင်မှာတင်မဟုတ်ဘဲ အရောင်အသွေးမှာလည်း The Darjeeling Limited ဟာ အိန္ဒိယလို့ ကျွန်တော်တို့ ယုံကြည်တဲ့ အရောင်အသွေးမျိုးရှိနေတယ်။ ဝေဖန်ရေးသမားတွေအတွက်တော့ အရမ်းကြီးအကြိုက်တွေ့စရာမဖြစ်ခဲ့ပေမဲ့ ဝက်စ်အန်ဒါဆန်ဟာ သူ့ရည်ရွယ်ချက်ကို သူပြည့်မြောက်အောင်လုပ််နိုင်ခဲ့တယ်။ လွယ်လွယ်ပြောရရင် The Darjeeling Limited ဟာ အိန္ဒိယရုပ်ရှင်မဟုတ်တဲ့ အိန္ဒိယအကြောင်းရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 935MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 31Min Genre – Adventure, Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2007
The Darjeeling Limited
Kubi
6.7

လည်ပင်းလို့အဓိပ္ပာယ်ရတဲ့ Kubi ဂျပန်ဆာမူရိုင်းရုပ်ရှင်မှာ ခေါင်းဖြတ်တာတွေကိုတော့ ပေါပေါများများမြင်တွေ့ရမှာ ဖြစ်ပါတယ်။ Takeshi Kitano က ကိုယ်တိုင်ရေးသား ရိုက်ကူးထားတဲ့အပြင် ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင် ထားပါတယ်။ ၁၅၈၂ ခုနှစ် စံဂိုကုခေတ်ကာလကဖြစ်ပွားတဲ့ခဲ့ သမိုင်းဝင်အဖြစ်အပျက် Honnō-ji ကို ရိုက်ကူးပုံဖော် ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ကို ၁၆ ရာစုမှာအခြေ တည်ထားပြီး ပြိုင်ဘက်စစ်နယ်ရှင်တွေဟာ ဂျပန်ကို ထိန်းချုပ်ခွင့်ရဖို့ အပြိုင်အဆိုင်ကြိုးစားလျက်ရှိတဲ့ခေတ် ကာလဖြစ်ပါတယ်။ ဂျပန်နိုင်ငံတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့အရှင်အိုဒါနိုဘူနာဂါဟာ မျိုးနွယ်စုတွေ အများကြီးနဲ့ စစ်ပွဲဆင်နွှဲနေစဉ်မှာပဲ သစ္စာခံတစ်ယောက် ဖြစ်တဲ့အာရာကီမူရာရှီဂီက ပုန်ကန်ထကြွပြီး စစ်ရှုံးချိန်မှာ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ နိုဘူနာဂါက မီဆူဟီဒီနဲ့ဟီဒီယိုရှီအပါအဝင် တခြားသစ္စာခံတွေကိုစုစည်းပြီး ဝရမ်းပြေးမူရာရှီဂီကိုဖမ်းဖို့အမိန့်ပေးလိုက်တဲ့အပြင် ကြိုးစားသူတိုင်းကိုလည်း သူ့နေရာကိုဆက်ခံခွင့်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ နိုဘူနာဂါရဲ့နေရာကိုဆက်ခံချင်သူတိုင်းက အမျိုးမျိုးသော စိတ်ကူးတွေ၊ အကြံအစည်တွေ၊ ထောင်ချောက်တွေနဲ့အတူ သိပ်မကြာခင်မှာပဲ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုမှာ ထိပ်တိုက်ရင်ဆိုင်တွေ့မိကြပါတော့တယ်။ နိုဘူနာဂါလာရောက်မယ့်ဟွန်နိုဂျီဘုရားကျောင်းမှာ နိုဘူနာဂါရဲ့သစ္စာခံတွေအတွက် ဘယ်လိုကံကြမ္မာတွေက စောင့်ကြိုနေမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ File size…2.45GB / 1.2GB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre …..Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.7 2023
Kubi
Better Luck Tomorrow
7

Better Luck Tomorrow (2002) IMDb Rating (7.0) / Rotten Tomatoes (81%) Director Justin Lin ရိုက်ကူးခဲ့ပြီး၊ အတိတ်ကာလက ကျောင်းသားလေးတွေ ရင်ဆိုင်နေရတဲ့ စိတ်အခြေအနေတွေ ရည်မှန်းချက်တွေနဲ့ လက်တွေ့အခြေအနေတွေကို ဖော်ပြတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ အောင်မြင်မှုအတွက် စိတ်နဲ့ ငြိမ်းချမ်းသော ဘဝမှာ အကြမ်းဖက်မှုတွေကို စတင်ခဲ့တဲ့ အပေါ်လွတ်လပ်ချင်တဲ့ ကျောင်းသား Ben (Parry Shen) ရဲ့ ဘဝအမြင်ကနေကြည့်ရပါမယ် ။ Ben ဟာ သူ့ရဲ့ အဖွဲ့သားတွေအပါအဝင် Virgil (Jason Tobin) နှင့် Steve (Sheng-Wei Liao) တို့ဟာ အကြမ်းဖက်မှုများအတွင်း ဝင်ရောက်ပြီး မကောင်းမှုတွေပိုလုပ်ဖြစ်လာပါတယ်။ ဇာတ်လမ်းက အရင်က ပျော်ရွှင်သော အချိန်များ နဲ့ မတည်တံ့တဲ့ အဖြစ်အပျက်တွေကို ပေါင်းစပ်ပြီး ရုပ်ရှင်ရဲ့ ပြင်းထန်မှုတွေကို ခံစားရစေပါတယ်။ ဒါကအချိန်လွန်ပြီးသွားပေမယ့် ခေတ်မီတဲ့ လူငယ်တွေရဲ့ ကိုယ်ပိုင်အတွေး ယုံကြည်မှုတွေကို လေ့လာရတာတင် မဟုတ်ဘဲ၊ လူတွေကို ပြသတဲ့ စိတ်ကူးကို ပါမြင်ရပါမယ်။ Better Luck Tomorrow ရုပ်ရှင်ကို Justin Lin ရိုက်ကူးထားပြီး Parry Shen ရဲ့ အခန်းကတွေကတော့စိတ်သက်သက်သာသာနဲ့ မိုက်ပါတယ် ။ လူငယ်ဆန်ဆန် အတွေးတွေမြင်ချင်ရင်တော့ကြည့်ကောင်းတဲ့ဇာတ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2.8 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Drama, Romance Duration….01:39:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

7 2002 101 mins
Better Luck Tomorrow
Online Selling

Online Selling (2025) မလီဆာနဲ့အောဆန်းတို့ဟာ အတန်းပညာမတတ်သလိုလုပ်ငန်းအတွေ့အကြုံလည်းမရှိတာကြောင့်လတ်တလောမှာ အွန်လိုင်းပေါ်က အဝတ်အထည်တွေ၊Sex toy တွေ Live လွှင့်ရောင်းတဲ့အလုပ်ကိုဗန်းပြလုပ်ပြီးနောက်ကွယ်မှာ အော်ဒါလိုက်တဲ့အလုပ်နဲ့အသက်မွေးနေပါတယ်။ ဒီဘ၀ကနေ ရုန်းထွက်ချင်တယ်ဆိုပေမယ့်လတ်တလောရွေးချယ်စရာမရှိတာကြောင့် ဆက်လုပ်ဖြစ်နေရင်းက ကယ်တင်ရှင်ကိုလည်း နှစ်ဦးလုံးရှာဖွေနေကြတာဖြစ်ပါတယ်။ သူတို့မျှော်လင့်ထားတဲ့ ကယ်တင်ရှင်ဟာဘယ်သူဖြစ်မလဲ? တကယ်ပဲ သူတို့ရဲ့ဆုတောင်းတွေပြည့်လာမလားဆိုတာတွေကိုဆက်လက်ရှုစားကြပါ။ ဇာတ်ပို့နေရာကအနေများတဲ့ Arah Alonzo နဲ့Aria Bench တို့ကို constume အမျိုးမျိုးနဲ့ပွဲထုတ်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (450 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:10:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

0 2025 70 mins
Online Selling
Autumn Sonata
8.1

“မိသားစု”- အရမ်းကိုမှလှပပြီး အဓိပ္ပာယ်တွေအများကြီးနဲ့စကားလုံးပါ။ လူတိုင်းရင်ထဲ မိသားစုသာအရာရာဆိုပြီးရှိကြပေမဲ့ ကိုယ်အတွက်အရေးပါဆုံး အဲဒီမိသားစု‌ကြောင့်ပဲ တစ်ဘ၀လုံးစာ သေရာပါမယ့် စိတ်ဒဏ်ရာတွေရကြတယ်။ မှားသွားရင်လည်း မတောင်းပန်ကြသလို ရင်ထဲကနေ လှိက်လှိက်လှဲလှဲရှိပေမဲ့လည်း ကျေးဇူးတင်စကားမပြောဖြစ်ကြ။ အသက်ရွယ်ကြီးရင့်လာတော့ သားသမီးနဲ့မိဘ အနေစိမ်းသွားကြပြီး ‌ထိတွေ့ပွေ့ဖက်ဖို့နေနေသာသာ ချစ်ပါတယ်ဆိုတဲ့စကားကိုတောင် ဘယ်တုန်းကနောက်ဆုံးပြောခဲ့ကြလဲဆိုတာကိုတောင် မေ့သွားကြပြီဆိုတဲ့သူတွေမှ အများကြီးရယ်ပါ။ ဒီရုပ်ရှင်ဟာ ဒါရိုက်တာကြီး Ingmar Bergmanရဲ့ အရမ်းကိုမှလှပကောင်းမွန်တဲ့ ဆွီဒင်ရုပ်ရှင်ကားဟောင်းတစ်ကားပါ။ နာမည်ကြီးစန္ဒယားပညာရှင်ကို အမေတော်ထားရတဲ့ အေဗာဟာ ငယ်ငယ်လေးကတည်းကနေ သူ့အမေအပေါ်ထားရှိခဲ့တဲ့ မကျေနပ်ချက်တွေ အမုန်းတရားတွေကို မျိုသိပ်လာခဲ့တာ အချိန်‌တွေကြာညောင်းခဲ့ပြီ။ တစ်ယောက်နဲ့တစ်ယောက် ရင်ထဲကခံစားချက်တွေကို ဖွင့်မဟဘဲ အပေါ်ယံစကားတွေပဲ သူစိမ်းလိုမျိုးပြောဖြစ်ခဲ့ကြတယ်။ ဒီဆောင်းဦးမှာတော့ အေဗာဟာ ၇ နှစ်ကြာမတွေ့ဖြစ်ခဲ့တဲ့အမေဖြစ်သူကို အိမ်ကိုအလည်ခေါ်လိုက်ရာကနေ မျိုသိပ်မထားနိုင်တော့ဘဲ ပွင့်အံကျလာတဲ့ သားမိနှစ်ယောက်ရဲ့ခံစားချက်တွေ…. File size…(1.8 GB)/(825 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Comedy • Family
8.1 1978 93 mins
Autumn Sonata
Late Shift
8.1

Late Shift (2025) *************** IMDb Rating (8.1) / Rotten Tomatoes (91) ဒီတစ်ခေါက်မှာတော့ တစ်ကမ္ဘာလုံးဆိုင်ရာ သူနာပြုအင်အားလိုအပ်ချက်ကို မီးမောင်းထိုးပြထားတဲ့ Late Shift လို ခေါ်တဲ့ ဂျာမန်ရုပ်ရှင်လေး တစ်ခုကို CM က ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ ဝန်ထမ်းအင်အားနည်းနေတဲ့ ဆေးရုံတစ်ရုံမှာ ညနေပိုင်းဂျူတီကျတဲ့ သူနာပြုဆရာမလေး ဖလော်ရီဒါ ရဲ့ ညနေပိုင်းဂျူတီချိန်အကြောင်းပါပဲ ။ ဝန်ထမ်းအင်အားနည်းတဲ့အထဲမှာမှ လူနာဆောင်တစ်ခုလုံးမှာ သူနာပြုက နှစ်ယောက်တည်းရှိနေခဲ့ပါတယ် ။ ဆေးစစ်ချက်အဖြေကို စောင့်နေတဲ့ လူနာရယ် ၊ ကွန်ပလိန်းအရမ်းများတဲ့ သီးသန့်ခန်း လူနာရယ် ၊ သတိက ဝင်တစ်ချက် မဝင်တစ်ချက်ဖြစ်နေတဲ့ လူနာတွေထဲမှာမှ အရေးပေါ်ကိစ္စတွေဖြစ်လာတဲ့အခါ ဖလော်ရီဒါ ဘယ်လိုဖြေရှင်းမလဲ ။ စိတ်ဖိစီးစရာတွေရဲ့ အဆုံးသတ်မှာ ဖလော်ရီဒါတစ်ယောက် စိတ်ပေါက်ပေါက်နဲ့ ဘာတွေလုပ်ပစ်မလဲဆိုတာကိုတော့ Late Shift ရုပ်ရှင်ကားမှာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ် ။ File Size… (1.83 GB) / (827 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 32m Genre ….Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

8.1 2025 92 mins
Late Shift