YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Joseon.Attorney.A.Morality.S01E14.1080p(CM).mp4

816.69 MB N/A video/mp4 303 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Sassy Girl
6.7

My Sassy Girl (2023) အချစ်ဦးဆို မြေးဦးရတဲ့အထိတောင် မမေ့ဘူးတဲ့။ ဒီဇာတ်လမ်းလေးကတော့ မထင်မှတ်ဘဲ ‌အချစ်ဦးနဲ့ ဆုံတွေ့ခဲ့ရတဲ့ ဂီအန်နဲ့ "မိထူးဆန်း" လို့ သူ ချစ်စနိုးမှည့်ထားတဲ့ သူ့အချစ်ဦးတို့ရဲ့ ချစ်စရာအင်ဒိုဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားက အများသိကြတဲ့ Jun Ji-hyun နဲ့ Cha Tae-hyun တို့ရဲ့ My Sassy Girl ဆိုတဲ့ နာမည်ကြီးကိုရီးယားကားရဲ့ remake လည်းဖြစ်ပါတယ်။ My Sassy Girl ရဲ့ Plot ဆိုတာကလည်း ချိန၊ ဂျပန်၊ ထိုင်းစတဲ့ အာရှနိုင်ငံတွေအပြင် ဟောလီးဝုဒ်ကပါ ပြန်ရိုက်ရတဲ့အထိတောင် Adaptation တွေ Remake တွေနဲ့ လူတွေရဲ့ အသည်းနှလုံးထဲ အတော်လေးလွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဒီ အင်ဒို version မှာတော့ ဂီအန်ဆိုတဲ့ "မ"ဆို ယင်မတောင် မသန်းဖူးတဲ့ ရိုးသားတဲ့ဖိုးသခွား ကိုလူပျိုတစ်ယောက် သူ့ကြီးတော်ကြီးစီစဉ်ပေးထားတဲ့ ဘလိုင်းဒိတ်ဆီသွားမယ့်လမ်းမှာ အရက်မူးပြီး လူတွေကိုလိုက်ရစ်နေတဲ့ ဆစ်စီဆိုတဲ့ကောင်မလေးနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ဂီအန့်ရှုထောင့်ကနေ ကြည့်ရှုရမှာပါ။ IMDb 7.1/10 ဆိုတော့လည်း မူရင်းကိုရီးယားကားကို ရင်ပေါင်တန်းနိုင်တယ်လို့ ပြောရလောက်တဲ့ remake ပါ။ ဘယ်အချိန်ကြည့်ကြည့် ဘယ်တော့မှရိုးမသွားတဲ့ My Sassy Girl。。。 အင်ဒို version မှာရော ဂီအန်တစ်ယောက် အချစ်ဦးကြောင့် ဘယ်လိုမျိုး မရိုးမရွတွေ ခံစားပြီး မေ့မရဖြစ်နေရဦးမလဲဆိုတာတော့。。。အားလုံးပဲ ဂီအန်နဲ့အတူ လိုက်လံခံစားကြည့်ကြပါစို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 873MB | 428MB Format… mp4 Duration…. 1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... Aaron

Comedy • Family • TV Movie
6.7 2022 117 mins
My Sassy Girl
Snakes and Earrings
6.3

ညတစ်ညနဲ့စတင်ခဲ့တဲ့ ‌ဇာတ်လမ်းလေးပေါ့... Luiဆိုတဲ့ကောင်မလေးက ၁၉နှစ်အရွယ်Amaဆိုတဲ့ကောင်လေးကို ရူးရူးမူးမူးချစ်မိသွားခဲ့တယ် ကောင်လေးကလျှာနှစ်ခွဖြတ်ထားတာကြောင့် သူပါလိုက်လုပ်ချင်တဲ့အထိကောင်လေးကိုစွဲလမ်းသွားတယ် တ‌စ်နေ့ လျှာသွားဖောက်ရင်းနဲ့ tattoo ဆရာရဲ့ အထိအတွေ့တွေအောက်မှာသာယာသွားမိတဲ့အခါ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ် နာကျင်မှုနဲ့အတူဆက်ဆံရတဲ့ လိင်ပိုင်းဆိုင်ရာအထိအတွေ့ကိုသဘောကျတဲ့ Luiနဲ့ အချစ်ကိုနူးညံ့သိမ်‌မွေ့စွာတန်ဖိုးထားတတ်တဲ့ Ama မျက်ရည်မြင်မှ လိင်စိတ်ကြွတဲ့ tattoo ဆရာShibaတို့ရဲ့ အရှုပ်ထွေးတွေကို ပဟေဠိဆန်ဆန် ခံစားစီးမျောရမှာဖြစ်ပါတယ် File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:03:00 Type__Adult, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by DS Team Encoded by Dark Devil

Comedy • Drama
6.3 2008 123 mins
Snakes and Earrings
The Outfit
7.1

အင်္ဂလိပ် အမျိုးသား အပ်ချုပ်ဆရာတစ်ဦး၊ အရေတွန့်နေတဲ့ အသားအရည်နဲ့၊ ကျွမ်းကျင်ပိုင်နိုင်တဲ့ လက်တွေနဲ့၊ ချီကာဂိုမြို့ပေါ်က ကျော်ကြားသူကြီးပေါ့။ သူ့ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်သလိုပါပဲ။ ဒါပေမဲ့ ဘွိုင်း ဆိုတဲ့ ပုဂ္ဂိုလ်တွေဦးဆောင်တဲ့ ဂိုဏ်းတစ်ခုရယ်၊ လာ ဖောင်တိန်း ဆိုတဲ့ ပြင်သစ်အမျိုးသမီးတစ်ယောက်ဦးဆောင်တဲ့ ဂိုဏ်းတစ်ခုရယ်၊ မှုခင်းနှိမ်နင်းရေး FBI အဖွဲ့ရယ်၊ သူတို့ကြားမှာ သူ့အပ်ချုပ်ဆိုင်လေးက အေးချမ်းသလိုလိုနဲ့ ငရဲတွင်းတစ်ခု ဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ အောက်ဖစ် ဆိုတဲ့ အဖွဲ့တစ်ခုကလည်း ကြားကဝင်ရှုပ်လာပြန်တယ်။ ဂိုဏ်းအဖွဲ့နှစ်ခုကြား ဘယ်သူမှန်းမသိရတဲ့ အောက်ဖစ် ကို ကြောက်ကြ လန့်ကြရပေါ့။ ဘွိုင်းအဖွဲ့ထဲကို လျှို့ဝှက်အသံဖမ်းစက်တစ်လုံး ရောက်လာပြီး ရာဇဝတ်မှုတွေကို ဖော်ထုတ်နိုင်တဲ့ အသံတွေ ဖမ်းမိသွားတဲ့အခါမှာ ဇာတ်လမ်းက ရုပ်လုံးကြွလာပါတယ်။ ဘွိုင်း အဖွဲ့ကလည်း ပြန်လိုချင်၊ ပြိုင်ဘက် လာ ဖောင်တိန်း အဖွဲ့ကလည်းလိုချင်၊ ဒီလိုနဲ့ ဂိုဏ်းနှစ်ဖွဲ့လုံး ပဒူအုံ တုတ်ထိုးသလို ပျားပမ်းခတ်တွေ ဖြစ်ကုန်ပါလေရော။ ဒီလိုနဲ့ ဒီသပွတ်အူ ဇာတ်လမ်းကြီးကို အပ်ချုပ်ဆိုင်လေးမှာ ရှင်းကြဖို့ ဖြစ်လာတဲ့အခါ အပ်ချုပ်သမား အဘိုးကြီးခင်မျာ အသက်ရှင်သန်ဖို့အရေး ဉာဏ်နီ ဉာဏ်နက် ဉာဏ်ဝါ ဉာဏ်ပြာ စုံလင်စွာနဲ့ ရှောင်ထွက်၊ အသက်ဘေးကို လိမ္မာပါးနပ်စွာနဲ့ တိမ်းရှောင်ပုံကို twist များစွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပါ။ Bridge of Spies ဇာတ်ကားမှာ သရုပ်ဆောင်ပိုင်နိုင်ခဲ့တာကြောင့် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရခဲ့တဲ့ Mark Rylance ကြီး ကိုယ်တိုင် ခေါင်းဆောင်ပါဝင်ထားတာမို့အနှစ်ပါပဲ။ သူ့ကိုတော့ Ready Player One, Dunkirk, Don't Look up စသဖြင့် ဆေးစက်ကျရာ အရုပ်ထင်တဲ့သူမို့ ကြိုက်ကြတဲ့သူ များမယ်မှန်းသေချာပါတယ်။ သူ့အပြင် တခြားသရုပ်‌ဆောင်တွေအ‌နေနဲ့ Maze Runner နဲ့ Teen Wolf ထဲက Dylan O' Brien, Before I fall, Flower, Why him? တို့ထဲက မင်းသမီးလေး Zoey Deutch တို့ပါ ပါပါသေးတယ်။ အခုအချိန်ထိ IMDb မှာ 7.5 နဲ့ Rotten Tomatoes မှာ 86% ရရှိထားပါတယ်။ မှုခင်းနဲ့ ဒရမ်မာ အမျိုးအစားဖြစ်ပြီး ဘက်ဂျက်ကို 3.2 သန်း အကုန်ခံ ရိုက်ကူးထားပြီး ဂိုဏ်းအဖွဲ့တွေကြားက အားပြိုင်ကြတဲ့ မှုခင်းမြင်ကွင်းတွေကို ဖောဖောသီသီ မြင်ရဖို့ရှိတာမို့ ခံစားကြည့်ရှူလိုက်ကြပါဦး။ (ဇာတ်ကားအညွှန်းကိုတော့ Arr Khun Winchester မှ ရေးထားပေးပြီး ဇာတ်ကားကို Mr. Anderson နဲ့ Arr Khun Winchester တို့က ပြန်ထားပေးပါတယ်) Size - 1.36GB, 651.3MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 45Min Genre - Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson & Arr Khun Winchester Encoded by Ka Naung

Action • Thriller
7.1 2022 105 mins
The Outfit
Aśoka
6.4

IMDb Rating (6.6) / Rotten Tomatoes (100%) သမိုင်းမှတ်တမ်းဝင်ဘုရင်တွေထဲမှာ အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့တဲ့ တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သလို ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သီရိဓမ္မာသောကမင်းတဖြစ်လဲ အာသောကမင်းကြီး အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းကြီးဖြစ်ပါတယ်။ မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာရီနာကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အချိန်က ခရစ်တော်မပေါ်မီ BC 260 ဝန်းကျင်ကာလတွေဖြစ်ပါတယ်။ အာသောကမင်းဟာ ဗိန္ဓုသာရမင်းနဲ့ ဓမ္မာမိဖုရားတို့ရဲ့သားတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံးသောအင်ပါယာ မောရိယနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တဲ့ စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်ပါတယ်။ဘိုးတော်ရဲ့အင်ပါယာမှာ မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ကို သူ့လက်ထက်မှာ ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်... တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ပေမယ့် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်)ကိုဝင်ရောက်တိုက်ခိုက်ရာမှာ ကလိင်္ဂကတိုင်းသားတို့က ရဲရဲဝံ့ဝံ့ပြန်လည်ခုခံတာကြောင့် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး လူပေါင်းများစွာ သေကြေပျက်ဆီးပြီးမှ အောင်နိုင်ခဲ့ပါတယ်။အရာအားလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အာသောကမင်းကြီးအနေနဲ့ သူ့ရဲ့အောင်နိုင်မှုတွေဟာ လူသေအလောင်းတွေအပေါ်မှာသာရှိတယ်လို့ ကလိင်္ဂကတိုက်ပွဲမှာ ထိတ်လန့်တကြားမြင်တွေ့သွားတဲ့အခါမှာတော့....ချစ်ခြင်းမေတ္တာနဲ့ လူတွေကိုထွေးပွေ့ဖိုအတွက် စစ်ကိုစွန့်လွှတ်ခဲ့ပါတော့တယ်။ ဒီ့နောက်မှာတော့ သူဟာ ဗုဒ္ဓရဲ့ ဓမ္မဖက်မှာပဲ စိတ်ကိုမြုပ်နှံခဲ့ပြီး လူ့လောကကောင်းကျိုးတွေကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်.... လူမဆန်တဲ့ တင်းကျပ်လွန်းတဲ့ဥပဒေများကို ဖြေလျှော့ပေးခြင်း..တိရိစ္ဆာန်ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း...လမ်းများဖေါက်ပေးခြင်း.. ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်း စတဲ့ကောင်းမှုတွေကို တိုင်းသူပြည်သားတို့အတွက် ဆောင်ရွက်ပေးခဲ့ပါတယ်... အထူးခြားဆုံးကတော့ တခြားဘာသာများကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများ စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းမှာဆိုရင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့ပါတယ်။ ဒါကြောင့်လဲ အသောကမင်းကြီးကို ဗုဒ္ဓမှလွဲလျှင် ဗုဒ္ဓသာသနာကို ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံးဆောင်ရွက်နိုင်ခဲ့သူလို့ဆိုကြတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက အာသောကမင်းကြီးရဲ့ဘဝဇာတ်ကြောင်းကိုတင်ဆက်ထားတာမျိုးမဟုတ်ဘဲ သူ့ရဲ့လမ်း သူ့ရဲ့ဓမ္မကိုသာ နှောင်းလူတို့လျှောက်လှမ်းဖို့အတွက် ဖော်ပြတင်ဆက်ထားတာဖြစ်ပါတယ်။ အာသောကမင်းကြီးရဲ့ ဓမ္မဆိုတာကတော့ မန္တန်ရွတ်ဖတ်ပူဇော်ခြင်းနဲ့ ဘာသာရေးဓလေ့ထုံးတမ်းများကို လိုက်နာခြင်းမျိုးထက် လူ့လောက..လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းနဲ့လူ့လောကကောင်းကျိုးကိုသာ ဆောင်ရွက်ခြင်းမျိုးဖြစ်ပါတယ်...ဒီအယူအဆတွေကို နေရာအနှံ့နှံ့က သူ့ရဲ့ကျောက်စာတွေမှာ ဖော်ကျူးထားခဲ့တာဖြစ်ပါတယ်။ ကဲ..အာသောကမင်းကြီးရဲ့ဖြစ်တည်မှုကို ဒီရုပ်ရှင်လေးနဲ့ခံစားကြည့်ကြပါစို့။ File size…(3.9 GB)/(1.6 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:55:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Action • Drama • Thriller
6.4 2001 175 mins
Aśoka
Red Sparrow
6.5

ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အမျိုးသမီးသူလျှိုတွေကို ရုရှားအစိုးရက ဘယ်လိုလေ့ကျင့်သလဲ၊ ရုရှားရဲ့နိုင်ငံရေးမူဝါဒက ဘာလဲ၊ ဘယ်လိုအမှုတွေကို စုံစမ်းထောက်လှမ်းရမလဲဆိုတာ ဆက်ပြီးကြည့်ရှုခံစားကြရမှာပါ။ ဒီဇာတ်ကားကို ဘာသာမပြန်ခင်အထိ သာမန် Spy အက်ရှင်ကားတစ်ကားလို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့် သေချာဂရုစိုက်ကြည့်တဲ့အခါ ကိုယ့်တူမကို အစိုးရသူလျှိုလောကထဲ လွှတ်ရဲတဲ့ဦးလေးတစ်ယောက်ရဲ့ လုပ်ရပ်၊ နိုင်ငံတော်ရဲ့လိုအပ်ချက်အရဆိုတဲ့ စကားတစ်ခွန်းနဲ့ အမျိုးသမီးတွေကို ပြည့်တန်ဆာသာသာဖြစ်အောင် ရက်ရက်စက်စက် လေ့ကျင့်ပေးတဲ့ အစိုးရသင်တန်းကျောင်း၊ စစ်အေးကာလမှာ အင်အားအကြီးဆုံးနဲ့ ရန်ငြိုးရန်စအများဆုံး အမေရိကန်နဲ့ ရုရှားတို့ရဲ့ သူလျှိုထောက်လှမ်းရေးအစီအစဉ်တွေအကြောင်းတွေ အများကြီး ပါဝင်သလို ရုရှားသူလျှိုတစ်ယောက်နဲ့ အမေရိကန်သူလျှိုတစ်ယောက်ရဲ့ အတွေးအမြင်မတူပုံကိုလဲ ဖော်ပြထားတာတွေ့ရပါတယ်။ ဒီဇာတ်ကားက အက်ရှင်ဝုန်းဒိုင်းကြဲ ဂျက်မ ဇာတ်ကားတစ်ကားမဟုတ်ပဲ ပညာသားပါပါလှည့်ကွက်တွေ၊ နိုင်ငံရေးလောကရဲ့ အမည်းစက်တွေ၊ သူလျှိုလောကရဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို သေချာ ရိုက်ကူးထားတာဖြစ်ပြီး မူရင်းဝတ္ထုကို မမှီရင်တောင်မှ ဝတ္ထုကပေးချင်တဲ့ အနှစ်သာရကိုတော့ ပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ထပ်ပြီး အသိပေးချင်တာကတော့ ဒီဇာတ်ကားဟာ ဂျနီဖာလောရင့်စ်ရဲ့ nude scene တွေပဲ လိုက်ကြည့်ရင် တော်တော်အဓိပ္ပါယ်မဲ့တဲ့ကားတစ်ကားဖြစ်မှာပါ။ သူ ဒီဘဝကိုဘယ်လိုရောက်လာတယ်၊ ဘယ်လိုနေထိုင်ရတယ်ဆိုတာတွေကို ကြည့်မှသာ ဒီရုပ်ရှင်ကြည့်ရကျိုးနပ်မှာဖြစ်ပါတယ်။ (ဘာသာပြန်တဲ့နေရာမှာ ဇာတ်ဝင်ခန်းတော်တော်များများကို Listening နဲ့ပြန်ထားရတာဖြစ်တဲ့အတွက် အမှားတစ်စုံတစ်ရာပါခဲ့ရင် ရုရှားတွေရဲ့ မပီကလာပီကလာ အင်္ဂလိပ်စကားကို သေချာမကျွမ်းဝင်သေးတဲ့ ဘာသာပြန် ကျွန်တော့်ရဲ့အမှားသာဖြစ်ပါတယ်ခင်ဗျ။) (အညွှန်းနဲ့ဘာသာပြန်ကို Arkar Phyo မှတင်ဆက်ထားတာပါ။) File size…(3 GB)/ (1.1 GB)/ (810 MB) Quality….BluRay 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:20:14 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Arkar Phyo

Crime • Drama
6.5 2018 140 mins
Red Sparrow
[21+] Frivolous Lola (1998) Monella
5.1

အီတလီဒါရိုက်တာ Tinto Brass ဇာတ်ကားဆိုရင်တော့ သဘောပေါက်လိုက်ပါတော့။ လိုလာဆိုတာ အီတလီနယ်မြို့လေးတစ်မြို့ရဲ့ဆယ်ကျော်သက်မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး၊ သူ့ချစ်သူနဲ့ စေ့စပ်ထားတဲ့ သတို့သမီးလောင်းလေးတစ်ယောက်လဲဖြစ်ပါတယ်။ ဒါပေမယ့် လင်ကောင်မပေါ်ပဲ သူ့ကိုမွေးတယ်လို့ လူတွေဆိုကြတဲ့ သူ့မိခင်၊ မိန်းမရှုပ်တယ်လို့နာမည်ကျော်တဲ့အမည်ခံဖခင်တို့ကြောင့်ရော သူကိုယ်တိုင်ရဲ့လော်လည်တဲ့အနေအထိုင်တွေကြောင့်ပါ မြို့နေမိန်းမသားတွေကြားမှာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ လိုလာဟာ သူ့ချစ်သူနဲ့လက်မထပ်ခင်မှာအပျိုစင်ဘဝကိုအသည်းအသန်ပေးအပ်ချင်နေခဲ့ပေမယ့် သူ့ကိုတန်ဖိုးထားချစ်တယ်လို့ဆိုတဲ့ ရှေးရိုးစွဲသူ့ချစ်သူကတော့ လက်မခံပါဘူး။ ဒီတော့ လိုလာဟာ သူ့ချစ်သူကိုအတင်းဝင်လုံးတယ်၊ အထိအတွေ့နဲ့ဖြားယောင်းတယ်၊ တစ်ပါးသူတွေနဲ့ပရောပရည်လုပ်ပြီးဝန်တိုအောင်ဆွတယ်။ ဒီလိုကနေ တစ်ဖြည်းဖြည်းမချင့်မရဲဖြစ်လာတဲ့လိုလာဟာပတ်ဝန်းကျင်ကလူမှန်သမျှကို အလွတ်မပေးစတမ်းဖြစ်လာပါတော့တယ်။အဲ့ဒီထဲမှာမှ သူ့ဖခင်လို့ အများသိထားတဲ့ မိန်းမရှုပ်တဲ့နေရာမှာနာမည်ကျော်တဲ့ အန်ဒရေးလဲ မလွတ်ပါဘူး။ ဆရာကြီး Tinto Brass ရဲ့ထုံးစံအတိုင်း မိန်းမလှလေးလိုလာရဲ့ စူးစမ်းရှာဖွေမှုစွန့်စားခန်းတွေကို ပွင့်လင်းတဲ့ အပြောအပြတွေနဲ့တွေ့မြင်ရမှာဖြစ်တဲ့အတွက် 21 plus ပါပဲ။ Frivolous Lola နာမည်နဲ့လူသိပြီး မူရင်း နာမည်က Monella ဖြစ်ပါတယ်။ပိုစတာကိုတော့အများရင်းနှီးနေမှာဖြစ်ပေမယ့် ကြည့်ပြီးသားလို့အထင်မရောက်စေချင်ပါဘူး။ သူ့ဇာတ်ကားတွေထဲမှာ ဒီလိုပုံစံမျိုးဆင်တူတွေ မနည်းမနောရှိလို့ပါပဲ။ File Size : (2.3 GB) & (950 MB) Quality : BluRay 1080p & 720p Running Time : 01:45:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Action & Adventure • Crime • Drama
5.1 1900
[21+] Frivolous Lola (1998) Monella
Burned by Love
5

Burned by Love (2023) ================= ဒီကားလေးကတော့ American Assassin ဇာတ်ကားထဲက မင်းသမီး ချောလေး Shiva Negar ဇာတ်ဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ် ဆောင်ထားတဲ့ အိမ်ထောင်ရေးဇာတ်ကားကောင်းလေးတစ်ကားဖြစ် ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အတွင်းခန်း အလှပြင်ပန်းချီဆရာ အနေနဲ့ အသက်မွေးတဲ့ Shiva တစ်ယောက် ခင်ပွန်းသည်ရဲ့ ဖောက်ပြန် မှုကို လက်ပူးလက်ကြပ်မိသွားပြီး အိမ်ထောင်ကွဲဘဝကိုရောက်သွား ရှာပါတယ်။ တစ်နှစ်လောက် ကြာတဲ့အထိ Move on မလုပ်နိုင်တော့ အတူနေအခန်းဖော်က ဘဲလေးဘာလေးရအောင် ဆိုပြီး Tinder လိုမျိူး Dating Account ဖွင့်ပေးပြီး သုံးခိုင်းရာကနေ Shiva တစ်ယောက် Marco ဆိုတဲ့ဘဲနဲ့ ညိသွားပါတော့တယ်။ ဖြစ်ချင်တော့ Marco က ကြာကူလီ ဖိုးတွမ်တီးသမားဖြစ်နေတော့ ပိုက်ဆံလည်းရှုံး အသည်းလည်းကွဲ မိအေးနှစ်ခါနာဖြစ်ပါတော့တယ်။ အဲတော့ သူ့လိုမျိုး နောက်ထပ်ကောင်မလေးတွေ မခံရလေအောင်ဆို ပြီး လိုင်းပေါ်မှာ သတိပေးစာတွေထုတ်၊ မိန်းကလေးအချင်းချင်းရင်ဖွင့် ကြနဲ့ Carry on လုပ်တဲ့အခါမှာ Marco တစ်ယောက် စားပေါက်ပိတ် သွားပါတော့တယ်။ စားပေါက်ပိတ်သွားတဲ့ ကြာကူလီ Marco က Shiva ကိုလက်တုံ့ပြန်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြ မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(484 MB) Quality…………WEB-DL 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Mystery Translator……Thetti Tun Encoder……….SWM

5 2023 88 mins
Burned by Love
Head Count
5

Head Count (2023) =============== Thriller ရုပ်ရှင်ကောင်းကောင်း ကြည့်ချင်သူတွေအတွက် ဒီကားလေးက သင့်တော်ပါတယ်။ အကယ်၍ သင့်ခေါင်းကို သေနတ်နဲ့ အချိန်ခံထားရပြီး သင့်အသက်က သေနတ်ထဲမှာပါတဲ့ ကျည်ဆန်အရေအတွက်ပေါ် မူတည် နေတယ်။ အဲလိုအခြေအနေမျိုးကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ ကတ် ဟာ ထောင်ကျနေစဉ်မှာပဲ အခွင့်အရေးကောင်းတစ်ခုကြောင့် ရဲကားနဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမယ့် သူ သတိလစ်သွားခဲ့ပြီး ပြန်သတိရလာတဲ့အချိန်မှာ လူတစ်ယောက်က သူ့ခေါင်းကို သူ့သေနတ်နဲ့ပဲ ချိန်ထားနေခဲ့ပါတယ်။ သူ ဘာကြောင့် ဒီလိုအခြေအနေမျိုးဖြစ်သွားလဲ၊ သေ နတ်နဲ့ ချိန်ထားတဲ့သူကရော ဘယ်သူလဲ၊ သေနတ်ထဲမှာ ကျည်တောင့် ဘယ် နှစ်တောင့်ကျန်နေလဲဆိုတာကို အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့် ရမှာပါ။ အများကြီးညွှန်းမနေတော့ဘဲ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ အချိန် ကုန်ရကျိုးနပ်မယ်လို့ထင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.13 GB) / (403 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 20Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Leonard Lin Encoder……….SWM

TV Movie • Comedy • Romance
5 2023
Head Count
Love Life Light / The Shop Of The Lamp

သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကြားက အကောင်းဆုံးအဓိပ္ပာယ်ကိုနားလည်လိုပါသလား ? Shop of the lamp ဇာတ်ကားကိုသာကြည့်လိုက်ပါ ။ ဒီဇာတ်လမ်းလေးက အရမ်းကိုမှ လျို့ဝှက်ပြီး ဘာများဖြစ်လာမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရင်း အဆုံးသတ်ကျမှ ဇာတ်အိမ်အလွှဲအပြောင်းအကြီးကြီးနဲ့ ဒီလိုဒီလိုပါလားဆိုပြီး ဖြစ်သွားရမဲ့ horror ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ် ။ မကြည့်ခင် တစ်သျူးဆောင်ထားဖို့လည်း မမေ့ပါနဲ့နော် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ – သူနာပြုမလေးရွှီနျန့်က သူ့ချစ်သူနဲ့အတူတိုက်ခန်းတစ်ခုကိုပြောင်းသွားခဲ့ပါတယ် ။ အဲဒီပြောင်းတဲ့နေ့မှာပဲ ခပ်လှမ်းလှမ်းမှာလည်း ယာဉ်တိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ချစ်သူနဲ့ပျော်ပျော်ရွှင်ရွှင်ဘဝကိုဖြတ်သန်းဖို့ကြံရွယ်ထားတဲ့ သူမရဲ့ဘဝမှာ မထင်မှတ်ထားတာတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ် ။ သူတို့ငှားနေတဲ့ အဆောက်အဦးကို အသစ်ထပ်ပြောင်းလာတဲ့ လျိုယွီရှန်းဆိုတဲ့ကောင်မလေးမှာ အရိပ် နှစ်ခု ရှိနေတာကို ရွှီနျန့်ကမြင်သွားခဲ့ပါတယ် ။ အဲဒါတင်မကသေးဘူး ။ အမြဲတမ်း လက်အိတ်စွပ်ထားတဲ့ ကျူးကျူးရဲ့မေမေ ၊ twinkle twinkle little star သီချင်းကိုအမြဲတမ်းသီဆိုနေတဲ့ အဘိုးအို ၊ နောက်ပြီး သူ့ကိုဆို မီးသီးမရောင်းပေးတဲ့ လမ်းဆုံက မီးသီးဆိုင်… ဒါ့အပြင် လူတစ်စုကိုတွေ့မိလားဆိုပြီး အမြဲတမ်းမေးမေးနေတဲ့ တစ်ကိုယ်လုံးသဲတွေဖုံးနေတဲ့ လူကြီးတစ်ယောက်.. ဒီလမ်းထဲမှာဘာတွေလျို့ဝှက်ထားမလဲ ? မီးသီးဆိုင်ကရော ဘယ်လိုဖြစ်တည်မှုမျိုးလဲ ? သူကအရာရာကိုထူးဆန်းနေတယ်‌ထင်ပေမဲ့ သူကိုယ်တိုင်ကမှ ပြဿနာရှိနေတာလို့ပြောလာတဲ့ မီးသီးဆိုင်ပိုင်ရှင်နဲ့ ရွှီနျန့် ! ဘယ်သူကလူ ဘယ်သူကလူမဟုတ်တဲ့ဖြစ်တည်မှုနဲ့ ဇာတ်လမ်းကဘယ်လိုတွေ ‌အလှည့်အပြောင်းဖြစ်လာလိမ့်မလဲဆိုတာကို ဇာတ်ကားလေးထဲမှာပဲ စိတ်ဝင်စားစွာကြည့်ရှု့ဖို့တိုက်တွန်းလိုက်ပါတယ်

0 2024
Love Life Light / The Shop Of The Lamp
Mune: Guardian of the Moon
7.1

Mune : Guardian of the Moon (2014) ဒီကားလေးကတော့ ၂၀၁၄ မှာထွက်ရှိခဲ့တဲ့ Family/Fantasy အမျိုးအစား animation ကားကောင်းလေးတစ်ကားပါ Rating မှာလည်း MIDb 7.1 ထိရရှိထားပြီးတော့ ကလေးရောလူကြီးပါကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ အချိန် ၁ နာရီကျော်လောက်ကြာပြီး ဇာတ်အိမ်ဖွဲ့ထားတာလေးက ချစ်ဖို့ကောင်းလွန်းတော့ အကြိုက်တွေ့မယ်ဆိုတာသေချာပါတယ် ဇာတ်လမ်းအစမှာ နေနဲ့လရဲ့စောင့်ရှောက်သူတွေဟာ ကမ္ဘာကြီးကိုဟန်ချက်ညီအောင်ထိန်းသိမ်းနေကြရတယ် နက်ခရော့ဆိုတဲ့ မိစ္စာတစ်ကောင်က စောင့်ရှောက်သူအသစ်ခန့်အပ်လွှဲပြောင်းပွဲအပြီးမှာ လူသစ်လေးတွေဖြစ်တာကိုအခွင့်ကောင်းယူပြီး နေကိုခိုးဖို့ကြိုးစားပါတော့တယ် အရည်ပျော်လိုက် ခဲလိုက်ဖြစ်နေတဲ့ ဖယောင်းကောင်မလေးက ဘယ်လိုတွေကူညီပေးနိုင်မလဲ စောင့်ရှောက်သူတွေဖြစ်တဲ့ မူရ် နဲ့ ဆိုဟွန်းတို့ဘယ်လိုတွေကြိုးစားပြီး ကမ္ဘာကြီးကိုကယ်တင်ကြမလဲဆိုတာ ရင်ခုန်စရာလေးတွေ ဟာသလေးတွေရောပြီးမိသားစုနဲ့တူတူကြည့်ဖို့ အသင့်တော်ဆုံးကားလေးတစ်ကားပဲဖြစ်လို့ အခုပဲဒေါင်းထားလိုက်ကြတော့နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Adventure, Animation, Comedy, Family Quality…. 1080p | 720p File size… 1GB | 490MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

7.1 2014
Mune: Guardian of the Moon
Strangled
7

IMDB – 7 Rating ကောင်းမှကြည့်ချင်တဲ့သူတွေအတွက် ဟန်ဂေရီရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ အာကိုရှ်ရယ်တီဟာ ဖိနပ်စက်ရုံကအမျိုးသမီးတစ်ယောက်နဲ့ညဖက်မှာ အတူတူပြန်လာရင်း လမ်းမှာ မုဒိန်းကျင့်သတ်ဖြတ် ခဲ့တယ်ဆိုပြီး အစိုးရရှေ့နေဖက်က ရယ်တီကို တရားစွဲပါတယ်။ နှိပ်စက်မှုဒဏ်တွေ၊ ဝေခွဲမရနိုင်တဲ့အကြောင်းအရာတွေကြောင့် ရယ်တီဟာ သူသတ်ခဲ့ပါတယ်ဆိုပြီးဝန်ခံခဲ့တဲ့အတွက် သေဒဏ်ချမှတ်ခံရပါတယ်။ နောက်ပိုင်းမှာ ပြစ်ဒဏ် လျှော့ပေါ့ပေးမှုကြောင့် ‌သေဒဏ်ကနေ ထောင်ဒဏ် ၂၅ နှစ် ပြောင်းလဲချမှတ်ပေးခဲ့တယ်။ ရယ်တီထောင်ကျပြီး ၇ နှစ် အကြာမှာ အလားတူလူသတ်မှုတွေပေါ်လာခဲ့တယ်။ အမျိုးသမီးတွေတစ်‌ယောက်ပြီးတစ်ယောက်အသတ်ခံ လာရတဲ့အခါ ပြည်သူတွေကြားမှာထိတ်လန့်မှု‌တွေ ဖြစ်လာခဲ့တယ်။ လူသတ်သမားရဲ့ သိုသိပ်စေ့စပ်မှုတွေကြောင့် ရဲတွေလည်း သက်သေတောင်ရှာမရဖြစ်နေပါတယ်။ အစိုးရရှေ့တစ်ယောက်ဖြစ်တဲ့ ဇိုတန်စီရီမာအီဟာ လက်ရှိအမှုတွေဟာ လွန်ခဲ့တဲ့ ၇ နှစ်ကအမှုနဲ့တစ်စုံ တစ်ခုပက်သက်‌‌နေတာကိုသိသွားတဲ့အခါမှာတော့….. File size…1.59GB / 760MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 1m Genre ….. Horror , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

7 2016
Strangled
When I Met You in Tokyo
5.1

When I Met You In Tokyo (2023) ============================== Romance/Drama IMDb rating – 4.7/10 ဒီဇာတ်လမ်းလေးကတော့ ဂျပန်လိုတခြားပြည်ပနိုင်ငံမှာ နှစ်ပေါင်းများစွာအလုပ်လုပ်ရင်း မိသားစုကိုထောက်ပံ့ရင်း အလုပ်လုပ်နေကြတဲ့သူနှစ်ယောက်ရဲ့ ရင်ခုန်ဖွယ်အချစ်ဇာတ်လမ်းလေးပါ။ အဲဒီအပြင် အချစ်ဆိုတာ ဘယ်အသက်အရွယ်ပဲရောက်ရောက်နုပျိုအသက်ဝင်နေဆဲဖြစ်တယ်ဆိုတာကို ဒီဇာတ်ကားမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းကတော့… လူ့ဘဝဆိုတာမွေးဖွားလာကတည်းက လက်တွဲဖော်ကိုယ်စီနဲ့မွေးဖွားလာကြတယ်။ ငါ့ရဲ့ဖူးစာရှင်ကတော့‌ တော်တော်လေးနောက်ကျနေတယ်နဲ့တူပါတယ်လို့အတွေးဝင်နေတဲ့ အက်ဇွန်တစ်ယောက် မိန်းမကသစ္စာဖောက်သွားတဲ့ စိတ်ဒဏ်ရာကြောင့်လောကကြီးကိုစိတ်နာနေတဲ့ဂျိုဝီနဲ့စတွေ့ကတည်းကဘုနဲ့ဘောက်ဖြစ်ပြီး ငြင်းရင်းခုန်ရင်းကနေ အချင်းချင်းအပြန်အလှန်နားလည်ပေးနိုင်တဲ့ အချစ်အိမ်လေးတစ်ခုကိုတည်ဆောက်သွားကြမယ့်ပုံကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Swe Yee ပါ ) File size_(1.8GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Swe Yee

5.1 2023
When I Met You in Tokyo
The Love Scam
6

Netflix က အသစ်ထွက်လာတဲ့ The Love Scam အီတလီ ရုပ်ရှင်ကတော့ ဟာသဇာတ်မြူးအချစ်ကားလေးဖြစ်ပါတယ်။ အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ဗီတိုနဲ့အန်တိုနဲလိုတိုညီအစ်ကိုဟာ ရသမျှအလုပ်လုပ်ပြီး ဝင်ငွေရှာဖွေနေရသလို အန်တိုနဲလိုဟာ လိမ်လည်တာမျိုးစုံလုပ်တဲ့လူလိမ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ အန်တိုနဲလိုဟာ သူများပြန်လိမ်တာခံလိုက် ရတာကြောင့် နေအိမ်ကိုပါဆုံးရှုးရမယ့်အရေးနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။ ဗီတိုကလည်း နေအိမ်ကိုဆုံးရှုးရမယ်ဆိုရင် သူ့ကလေးရဲ့ အုပ်ထိန်းခွင့်ကိုပါဆုံးရှုးရနိုင်ခြေရှိနေပါတယ်။ အဲဲဒီအခါမှာတော့ ဗီတိုနဲ့အန်တိုနဲလိုဟာ သူတိုကိုလိမ်သွားတဲ့ကုမ္ပဏီရဲ့အမွေဆက်ခံသူ မာလီနာကိုပြန်လိမ်ဖို ပရဟိတအဖွဲယောင်ဆောင်ကာ အလှူငွေ ထည့်ခိုင်းဖိုအကွက်ဆင်ကြပါတော့တယ်။ လူလိမ်အန်တိုနဲလိုရဲ့ဦးဆောင်မှုနဲ့ ဗီတိုတစ်ယောက် မာလီနာနားကို ချဥ်းကပ်ပြီး မာလီနာအကြောင်းပိုသိလာလေလေ ချစ်မိလာလေ ဖြစ်လာတဲ့အခါမှာတော့ လူလိမ်ညီအစ်ကိုနဲ့မာလီနာကြားဘာတွေ ဆက်ဖြစ်မယ်ဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size… (1.68GB) / (922MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Action • Drama • History
6 2024 101 mins
The Love Scam