YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Jirisan.(2021).EP5. (1080P).mp4

888.56 MB N/A video/mp4 1077 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Young Detective Dee: Rise of the Sea Dragon
6.3

Young Detective Dee: Rise of the Sea Dragon (2013) IMDb Rating (6.5)/ Rotten Tomatoes (53%) Mark Chao သရုပ်ဖော်တဲ့ ဒီးလျန်ကျယ် ခေါ် စုံထောက် ဒီး ဒီဇာတ်လမ်း ဟာ ၂၀၁၀ ခုနှစ်ကထွက်ရှိထားတဲ့ Detective Dee and the Mystery of the Phantom Flame ရုပ်ရှင်ရဲ့ Prequel ဖြစ်ပါတယ် ...ဒါကြောင့် စုံထောက်ဒီးကိုငယ်စဉ်ဘဝကပုံစံနဲ့တွေ့ရမှာပါ။ မင်းသား Mark Chao ကစုံထောက်ဒီးအဖြစ်ပါဝင်ထားပြီး မင်းသမီးကတော့ Angelababy ဖြစ်ပါတယ်။ ကိုရီးယားမင်းသား Kim Bum လဲအရံပါဝင်ထားပါတယ်။ Andy Lou နဲ့ ဒီးလျန်ကျယ် ကို ရင်းနှီးခဲ့ရတဲ့ ကျွန်တော်တို့ဟာ Mark Chao နဲ့ ရုတ်တရက်ကြုံလိုက်ရတော့ အသားမကျဖြစ်လိုက်ရသေးတယ်။ ဒါပေမဲ့ ဒီဇာတ်ကားပုံဖော်လိုက်တဲ့ ဒီးလျန်ကျယ် က တောစာရေးလေးတစ်ယောက် လူးရန်မြို့ကြီးကို ရောက်လာတဲ့ပုံစံ ဒီး အငယ်စားလေးဆိုတော့ ကွက်တိဖြစ်နေပြန်ရော။ ဧကရာဇ်မင်းကြီး နတ်ရွာမစံမီ၊ ဧကရာဇ်ဘုရင်မကြီး ဝူ နဲ့ တိုင်းပြည်ကို အတူအုပ်ချုပ်ချိန်ကို ဇာတ်လမ်းတည်ပါတယ်။ အတူအုပ်ချုပ်တယ်ဆိုတာ နားခံသာအောင်ပြောတဲ့စကားပေါ့။ တကယ်တော့ အရုပ်ဘုရင်ကို မျောက်ပြစားပြီး ဝူ ဧကရာဇ်မ တန် နိုင်ငံတော်ကို ကြိုးကိုင်ချိန်ပါပဲ။ တန် နိုင်ငံတော်နဲ့ ဖူယု နိုင်ငံတော် စစ်မက်ဖြစ်ပွားချိန် ရေကြောင်းစစ်ချီမှုတစ်ခုမှာ ရေတပ်ကြီးတစ်ခုလုံးကို စိတ်ရှိလက်ရှိ ရိုက်ချိုးဖျက်ဆီးသွားတဲ့ ပင်လယ်သတ္တဝါကြီးတစ်ကောင်ကြောင့် တန် နိုင်ငံတစ်ခုလုံး ဟိုးလေးတကြော် ကြောက်လန့်တကြားဖြစ်ကုန်ပါတယ်။ ပင်လယ်နဂါးကြီး အမျက်ထွက်တယ်လို့ ယုံကြည်ကြတဲ့ မြို့သူမြို့သားတွေက လူးရန်မြို့ရဲ့ ပြည်ကြီးတန်ဆာ၊ အထက်တန်းပြည့်တန်ဆာမလေး ယင်ယူကျီ ကို ပင်လယ်နဂါးကျောင်းတော်မှာ ဥပုသ်စောင့်ဖို့ ရွေးချယ်လိုက်ပါတယ်။ ပင်လယ်နဂါးကြီး အမျက်ပြေစေရန်အတွက်ပါ။ အဲဒီအချိန်မှာ ဘင်း စီရင်စုကနေ နေပြည်တော်ကို အဆင့် ၇ အရာရှိမင်းအဖြစ်ရောက်လာတဲ့ ဒီးလျန်ကျယ် က သဲလွန်စတစ်ခုကို ဖော်ထုတ်မိပြီး မမျှော်လင့်ဘဲ နောက်ထပ်ရေသတ္တဝါငယ်တစ်ကောင်နဲ့ ဆုံရပြန်ပါတယ်။ ပင်လယ်ထဲမှာ ရေနဂါးတစ်ကောင်၊ လူးရန်မြို့ထဲမှာ ရေနဂါးတစ်ကောင်၊ တော်တော်ရှုပ်တဲ့ဇာတ်ပေါ့။ ပင်လယ်နဂါးတွေက အပျင်းပြေ လူ့ပြည်အလည်လာတာမဟုတ်ဘဲ တန်နိုင်ငံတော်ကြီးကို တစ်စစီဖျက်ဆီး၊ ဘုရင်အသစ်အဖြစ် ထီးနန်းကိုသိမ်းပိုက်ရန် ကြံစည်နေတဲ့သူရဲ့ အိမ်မွေးတိရစ္ဆာန်‌တွေဆိုတာ ဒီးလျန်ကျယ်တို့ မကြာခင်ပဲ သိလိုက်ရပါတယ်။ ဧကရာဇ် ဝူ ရဲ့ အပျင်းပြေ လူသတ်ချင်နေတဲ့စိတ်ဓာတ်၊ မထင်မရှား အရာရှိလေးကို မလေးမစား တန်ဖိုးမထားသူတွေကြား၊ နိုင်ငံနဲ့ချီတဲ့ ကပ်ဆိုးကြီးကို အချိန်အကန့်အသတ်နဲ့ ဖြေရှင်းရဖို့ဖြစ်လာတဲ့အခါ ရေမကူးတတ်တဲ့ ဒီးလျန်ကျယ် တစ်ယောက် ပင်လယ်ပြင်မှာ သင်္ဘောမှောက်တော့ ဘယ်မေခလာ လာကယ်မလဲ။ ပင်လယ်နဂါးတစ်ကောင်ကို သတ်၊ နောက်ပင်လယ်နဂါးတစ်ကောင်ကို ကယ်တင်ရမယ့် ဂွကျကျဇာတ်လမ်း၊ ပြည့်တန်ဆာမလေးရဲ့ အဖြူထည်နှလုံးသားကို စာနာမိလို့ အသက်နဲ့ပါ လောင်းကြေးထပ်ခဲ့တဲ့ ဒီးလျန်ကျယ် ဘယ်လိုဇာတ်သိမ်းရမယ်ဆိုတာ ကြည့်လိုက်ကြစို့ရဲ့။ ဒီဇာတ်လမ်းမှာ ဒီးလျန်ကျယ် က ခေါင်းသုံးတဲ့နေရာမှာ ကျွမ်းကျင်ပေမယ့် အတိုက်အခိုက်မှာတော့ တော်တော်လိုနေသေးတာကို တွေ့ရတယ်။ သူတာဝန်ထမ်းဆောင်နေတဲ့ တလီစီရုံးတော်က အကြီးအကဲ ယုချီ နဲ့ယှဉ်လိုက်ရင် သိသာပါတယ်။ ရေတောင်မကူးတတ်သေးဘူးပေါ့လေ။ ပြီးတော့ ဒီးလျန်ကျယ် စုံစမ်းစစ်ဆေးရေးမှူး အရာရှိမင်းတစ်ယောက် ဘယ်လိုဖြစ်လာလဲ၊ သူ့ရဲ့ ဝိသေသ နဂါးနိုင်ဓား ခေါ် ကျိုင်းတော်ကို ဘယ်လိုရခဲ့တယ်ဆိုတာ ဒီဇာတ်ကားမှာ မြင်တွေ့နိုင်ပြီး ပလ္လင်လုမယ့် ဧကရာဇ် ဝူ မျက်လုံးထဲက သွေးချောင်းစီးလူသတ်ပွဲကိုပါ ကြိုတင်ခန့်မှန်းမိပုံတွေပါ ပါဝင်နေလို့ ကျော်ခဲ့လို့မရတဲ့ ဒီး ဇာတ်လမ်းပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(2.9 GB)/(1.7 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:14:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.3 2013 133 mins
Young Detective Dee: Rise of the Sea Dragon
Badrinath Ki Dulhania
6.4

မင်းသား Varun Dhawan နဲ့ မင်းသမီး Alia Bhatt တို့ရဲ့ ချစ်စရာဇာတ်ကားလေးပါ။ Badrinath Ki Dulhania ဆိုတာ မြန်မာလိုဆိုရင် ဘဒ်ရီနာသ့်ရဲ့ သတို့သမီးပေါ့ ဒါဆို ဘဒ်ရီနာ့သ် ကဘယ်သူလဲ? ဘဒ်ရီနာသ်က ဂျန်ဆလ်မြို့ရဲ့ မြို့မျက်နှာဖုံး ကျိကျိတက်သူဌေးကြီး အမ်ဘာနသ် ဘန်ဆလ်ရဲ့သား တစ်ယောက် ။ ဒါဆို သူ့သတို့သမီးအကြောင်း နည်းနည်းပြောမယ် သူ့သတို့သမီးဖြစ်ရဖို့က တော်တော်ကံကောင်းမှပဲ ဖြစ်မှာနော် ဘာကြောင့်လဲဆိုတော့ ဟိန္ဒူအယူဝါဒအရ ထိမ်းမြားလက်ထပ်ရင် သတို့သမီးရှင်ဘက်က သတို့သားကို အခန်းဝင်လက်ဖွဲ့ကြေးနဲ့ တင်တောင်းယူရတာဗျာ။ သတို့သမီးက ဘယ်လောက်ပဲ ပညာတတ်တတ် တော်တော် အချိန်တန် အိမ်ထောင်ကျပြီးရင် ဒိုး မီးဖိုချောင် ဒီစနစ် လင်ယောကျ်ားကို ဖြူသည် မဲသည် လာမပွါးနဲ့ ဒီလို မိန်းကလေးအခွင့်ရေးနည်းပါးတဲ့ လူ့အသိုင်းဝိုင်းမှာ အမှန်အကန်သူဌေးသားအတွက်ဆို အခန်းဝင်လက်ဖွဲ့ကြေးကလည်း မနည်းလောက်ပေဘူး ဒါပေမယ့် ဘဒ်ရီကတော့ အဖေစီစဉ်သမျှကို အသံမထွက်ဘဲ နာခံလာပေမယ့် မိတ်ဆွေ တစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဗီဒဟီဆိုတဲ့ ကောင်မလေးကို တွေ့တွေ့ချင်း စိတ်ဝင်စားခဲ့တယ်။ ဗီဒဟီကလည်း အမျိုးသမီးအခွင့်ရေးမပေးတဲ့ လူ့အသိုင်းဝိုင်းကို မုန်းလွန်းလို့ ကိုယ်ဘဝကိုယ်ရပ်တည်ဖို့ ကြိုးစားနေတဲ့အတွက် အိမ်ထောင်ပြုဖို့ဆိုတာ လုံးဝကို စိတ်မဝင်စားတဲ့ မိန်းကလေးတစ်ယောက်... ဘဒ်ရီအနေနဲ့ ဗီဒဟီကို သူ့သတို့သမီးဖြစ်အောင် ကြိုးစားနိုင်ပါ့မလားဆိုတာကတော့...။ (ဇာတ်လမ်းလေးကလည်း ကြည်နူးစရာတွေ, ဝမ်းနည်းစရာတွေ, မခံမရပ်နိုင်စရာလေးတွေနဲ့ အမှန်အကန် တင်ဆက်ထားတဲ့အတွက်ကြောင့် ဘောလိဝုဒ် ဒရမ်မာလေးတွေကို ကြိုက်တယ်ဆိုရင်ဖြင့် လက်မလွတ်သင့်ဘူးလို့ ထပ်ညွှန်းပါရစေ ) (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ ခံစားတင်ဆက်ထားပါတယ်။) File size…(8.4 GB)/(2.4 GB)/(999 MB) Quality….BluRay 4K HEVC/1080p/ DVDrip 720p Format…mkv/mp4 Duration….02:19:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,Than Htike Zaw Translated by Zaw Htoo

Drama • Romance
6.4 2017 139 mins
Badrinath Ki Dulhania
The Transporter
6.7

Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံး လန်းတယ် ဆိုရပါမယ်။ Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ... ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။ မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။ The Transporter(2002)မှာတော့ တရုတ်မင်းသမီး Shu Qi ပါဝင်ထားပြီး IMDb Rating(6.8/10)ရရှိထားပါတယ်။ File size…(2.3 GB)/(760 MB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:32:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Comedy • Horror
6.7 2002 92 mins
The Transporter
Rev
6

ကျွန်တော့်နာမည်က မိုက်ကီ၊ အထက်တန်းကျောင်းသားဘဝကတည်းက ရဲကားကိုခိုး မောင်းပြီး အဖမ်းခံရဖူးတယ်။ အဲဒါနဲ့ ပြီးသွားရောလားဆိုတော့ မပြီးဘူး ပိုဆိုးလာတယ်ပေါ့။ ဖြစ်ချင်တာက အိုင်တီနည်းပညာရှင်၊ App ကောင်းကောင်းလေး တီထွင်ပြီး အသက် ၂၀ မပြည့်ခင် အနားယူချင်တဲ့ကောင်မျိုး။ ဒါပေမဲ့ ဘဝပေး မကောင်းပါဘူး ကွန်ပြူတာဆိုင်ဝင်လုပ်လည်း အလုပ်ပြုတ်လာပြီး ကျွမ်းကျင်တဲ့ကားသူခိုးအလုပ် ဆက်လုပ်တော့လည်း ရဲက ဖမ်းခံရပြန်တယ်။ ဆရာသမားရဲတွေက အဲဒါကို ထောင်ထဲတန်းမထည့်ပဲ ကျွန်တော်က ကားခိုးတာကျွမ်းကျင်တော့ အပေးအယူလာလုပ်တယ် “မင်း မဟုတ်ရင် တစ်သက်တစ်ကျွန်းလောက် ကျမှာနော်” ဘာညာနဲ့ ဖြဲခြောက်တော့ ကြောက်လန့်ပြီး သူတို့ပြောတာ လက်ခံလိုက်တယ်။ အဲဒါက ဘာလဲဆိုတော့ ကားသူခိုးဂိုဏ်းထဲကို သူလျှိုအနေနဲ့ ဝင်ရမှာတဲ့၊ ဒါနဲ့ ခေါင်းဆောင်ရဲ့ လမ်ဘော်ဂီနီကားကို ခိုးပြလိုက်တော့ ခေါင်းဆောင်က သဘောကျပြီး ကျွန်တော့်ကို သူ့အဖွဲ့ထဲ ဆွဲခေါ်ခဲ့ရော။ သူ့နာမည်က ချာလီ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တယ် ယုတ်မာတာမျိုးမရှိဘူး ကျွန်တော့်ကိုလည်း ယုံကြည်ပြီး ပစားပေးတယ်။ သူ့တွဲဖက် အာဖရိကကနေ ပြန်လာတဲ့ ဆမ်မီဆိုတဲ့ကောင်ကရော အပေါက်ဆိုးတယ် ယုတ်မာတယ် ကျွန်တော့်ကို စတွေ့တဲ့နေ့ကလည်းက သိပ်ကြည်ဟန်မရှိဘူး။ အဲဒီမှာ မမတစ်ယောက်လည်း ရှိနေပြန်တယ် သူကတော့ ချာလီရဲ့ကောင်မလေး အေဗာတဲ့၊ မစားသင့်တဲ့ အသီးမှန်း သိပေမဲ့လည်း မမရဲ့ ငြို့အားတွေအောက် ကျွန်တော် ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော့်ဘဝဟာ Hot Dog ထဲက ဝက်အူချောင်းလိုပဲ တစ်ဖက်က ရဲတွေတသိုက်က စောင့်ကြည့်နေပြီး တစ်ဖက်ကလည်း ကားသူခိုးဂိုဏ်းလူမိုက်တွေကြား (ပိုဆိုးတာ ခေါင်းဆောင်ကောင်မလေးကို ခိုးစားနေသေးတယ်) ညှပ်နေခဲ့ပြီး ကျွန်တော် ဘာတွေဆက်ဖြစ်မယ် ဘာတွေလုပ်ပြမယ်ဆိုတာတော့ ခင်ဗျားတို့ပဲ ဆက်ကြည့်ပြီး ခံစားလိုက်ကြပါတော့……။

Crime • Drama • Mystery
6 2020 91 mins
Rev
Harry Brown
7.2

Harry Brown (2009) ================ တော်ဝင်ရေတပ်သားဟောင်းကြီး ဟယ်ရီဘရောင်းဟာ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အထီးကျန်လှတဲ့ဘဝကို ပင်စင်ယူထားတဲ့ သူငယ်ချင်းလီယိုနာ့အက်ဝယ်လ်နဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဟယ်ရီတို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း အရမ်းသောင်းကျန်းပြီး ဆိုးသွမ်းတဲ့ လူငယ်လေးတွေအုပ်စုရှိပါတယ်။ လူ့အသက်တွေကို ကစားစရာလိုသတ်မှတ်ပြီး သေနတ်တစ်လက်နဲ့ ဆေးမူးပြီးလုပ်ချင်တာလုပ် ထင်ရာစိုင်းနေတဲ့လူငယ်လေးတွေပါ။ ဒီလိုမျိုး ပြဿနာပဲရှာချင်နေတဲ့ ကောင်လေးတွေက ပင်စင်စားဖြစ်ပြီး အင်အားနည်းတဲ့ မစ္စတာအက်ဝယ်လ်ကိုလည်း အနိုင်ကျင့်နှောင့်ယှက်ကြပါတယ်။ တစ်ရက်မှာတော့ ဟယ်ရီဆီကို စုံထောက်နဲ့ စုံစမ်းရေးအရာရှိတို့က မိတ်ဆွေမစ္စတာအက်ဝယ်လ်သေဆုံးသွားကြောင်းလာအကြောင်းကြားပါတယ်။ ဟယ်ရီတစ်ယောက် တစ်ဦးတည်းသောမိတ်ဆွေကိုဆုံးရှုံးလိုက်ရတဲ့အချိန်ကနေစပြီး ဘယ်လိုတွေပြောင်းလဲမလဲ.. မိတ်ဆွေအတွက်ရော ရေတပ်သားဟောင်းကြီးအနေနဲ့ ဘယ်လိုအကွက်ကျကျလက်တုံ့ပြန်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်… File size…0.99GB / 330.9MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 43m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kyawt Kay Zin

7.2 2009 103 mins
Harry Brown
Baby Boy, Baby Girl

Baby Boy, Baby Girl (2023) ဖိလစ်ပိုင် လူငယ်ဟာသအချစ်ဇာတ်လမ်းကောင်းလေးလာပါပြီ။ လူငယ်ဇာတ်လမ်းဆိုတဲ့အတိုင်းပဲ ဒီဇာတ်လမ်းထဲက ကောင်မလေးဂျိုစီက ဒီခေတ်ရဲ့ကောင်မလေးတွေကို ကိုယ်စားပြုနိုင်တယ်ပြောရမယ်။ သူကအွန်လိုင်းရှော့လုပ်တယ်။ ခေါင်းအုံးတံဆိပ်ရိုက်တာ ပူတင်းရောင်းတာ တခြားအစုံပလုံပဲ။ ဒါပေမဲ့သူများကိုလဲမယုံကြည်တတ်တော့ ဝန်ထမ်းမခေါ် သူကိုယ်တိုင်အလုပ်တွေသိမ်းကြုံးလုပ်ပြီး စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကောင်မလေး။ အလုပ်တွေကလဲ အဆင်ပြေလိုက်မပြေလိုက်အမျိုးမျိုး။ တစ်နေ့တော့ဂျိုစီက အချိန်ပိုင်းဧည့်ကြိုသွားလုပ်တယ်။ အဲ့ဒီပွဲကို သူဌေးမတစ်ယောက်ရဲ့ကိုယ်စားတက်လာတာက သူ့ရဲ့ရည်းစားဟောင်း ဆက်ဘ်။ အဲ့ဒါနဲ့ပွဲအပြီးမှာ သူတို့ပြန်ဆုံကြ ဂျိုစီကလဲဆက်ဘ်အိမ်လိုက်သွားပြီး တစ်ညမတ်တပ်ရပ်ကြတယ်ပေါ့။ ဂျိုစီ မနက်နိုးလာမှသတိထားမိတယ် ဆက်ဘ်အိမ်ကခမ်းနားလိုက်တာ သူတက်တဲ့ပွဲတွေ အိုင်ဂျီကပုံတွေကလဲမြင့်မြင့်မားမားတွေချည်းပဲ။ ထူးဆန်းဆို ဆက်ဘ်က ဂျိုစီနဲ့ကြိုက်နေတုန်းက သန့်ရှင်းရေးကုမ္ပဏီတစ်ခုကအလုပ်သမားလေးလေ။ အဲ့ဒါနဲ့ဆက်ဘ်ကို အချိန်တိုအတွင်းချမ်းသာနည်းကိုမေးတာပေါ့။ ဆက်ဘ်ကလဲ သူရှူးဂါးဘေဘီလုပ်နေတာဖြစ်ကြောင်း ရှူးဂါးဒိတ်တင်းလောကကဘယ်လိုကောင်းကြောင်းတွေပြောတာပေါ့။ သူ့အလုပ်တွေကိုစိတ်ကုန်နေတဲ့ဂျိုစီ့ကိုလဲ ဆက်ဘ်က ရှူးဂါးဘေဘီတို့တတ်ထားသင့်တဲ့ အသိပညာအတတ်ပညာတွေ သင်ပေးရင်း ဘာတွေဆက်ဖြစ်မလဲကြည့်ကြရမှာပါ။ ဒီဘာသာပြန်သူကိုတော့ နောက်ကားတွေမှာမရှာပါနဲ့တော့။ ရှူးဂါးဘေဘီ သွားလုပ်ပါပြီ။ ဒီဇာတ်ကားကိုကြည့်သူတွေလဲ ပြီးရင်ရှူးဂါးဘေဘီဖြစ်ချင်စိတ်မပေါက်ဘူးလို့ အာမမခံနိုင်ပါဘူးနော်။ Watch at your own risk ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.2GB | 567MB | 292MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. Aaron

0 2023
Baby Boy, Baby Girl
Haita De Acțiune
5

Haita De Acțiune (2023) Romania က ရဲတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ တာ၀န်မကျေပွန်မှုတွေ၊ မတရားမှုကို လျစ်လျူရှုထားတာတွေကို အခြေတည်ရိုက်ကူးထားတဲ့ Romanian ဟာသဆန်ဆန် အက်ရှင်ကား လာပါပြီ။ ဒီမှာ အဓိကဇာတ်ကောင်က ဒန်ဇယ်လို့ခေါ်တဲ့ ယာဉ်ထိန်းရဲပါ။ သူ့ရဲ့ငယ်ဘ၀သူရဲကောင်းတွေက မတရားမှုကို တိုက်ခိုက်သူတွေဖြစ်ပြီး ဒန်ဇယ်ကလည်း သူတို့လို ဖြစ်ချင်ခဲ့တာပါ။ ကံမကောင်းစွာနဲ့ စာမေးပွဲကျတဲ့အတွက် ရဲအရာရှိဖြစ်မလာဘဲ ယာဉ်ထိန်းရဲလုပ်နေရသူပေါ့။ ဒန်ဇယ်အဖေကလည်း တစ်ချိန်က ယာဉ်ထိန်းရဲလုပ်ခဲ့ပြီး တရားမျှတမှုအတွက်ကြိုးပမ်းခဲ့တဲ့အတွက် သူတို့ ဌာနမှာ ခုထိလှောင်စရာဖြစ်နေပါတယ်။ သားအဖ၂ယောက်လုံး ဌာနမှာ သိုးမည်းဖြစ်နေတာပေါ့။ ဒန်ဇယ်တို့ မြို့မှာ ရဲတွေက သူတို့လုပ်ရမယ့်အလုပ်ကလွဲရင် ကျန်တာအကုန်လုပ်ပါတယ်။ ကိုကိန်းသုံးတာ အရက်သောက်တာ အလှပြင်တာ မိန်းမရှုပ်တာ အကုန်ပါပဲ။ ရဲတွေနဲ့ လူကြီးပိုင်းတွေ ပေါင်းပြီးတော့ အကျင့်ပျက်နေကြတာပါ။ သူတို့အတွက် တရားမျှတမှုဆိုတာ ဟာသလိုကို ဖြစ်နေတာပါ။ ဒန်ဇယ်ကတော့ ဒါတွေကို ပြောင်းလဲချင်ပါတယ်။ သူတို့မြို့က လောင်းကစားအိမ်ကို ဓားပြတိုက်တဲ့သူတွေကို ရအောင်ဖော်မယ်ဆိုပြီး မစ်ရှင်စပါတယ်။ သေချာပေါက် ရဲမှူးနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သဘောမတူပါဘူး။ ဒန်ဇယ် တရားခံလို့ ထင်တဲ့သူက အထက်လွှတ်တော်အမတ်ရဲ့ သား ဖြစ်နေတဲ့အခါ… ဓားပြမှုကို ဆက်ပဲဖော်မလား… တခြားရဲတွေလိုပဲ မသိသလိုနေမလားဆိုတာကတော့…. ဒန်ဇယ်ရဲ့ Character ကို အလေးအနက်ကြီးမဟုတ်ဘဲ အူကြောင်ကြောင် ငတုံးလို လုပ်ထားတာမို့လို့ ဟာသဆန်ဆန် ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 740MB Quality – 1080p, 720p IMDb Rating – 5/10 Format – mp4 Duration – 1H 39Min Genre – Action, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5 2023 99 mins
Haita De Acțiune
Strange Case in Western Hunan
5.9

အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် သဲထိတ်ရင်ဖို ရုပ်ရှင်လေးတစ်ကား ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ရှန်းရှီးလူမျိုးတွေဟာ ဇာတိမြေကို တန်ဖိုးထားကြပြီး သစ်ရွက်ကြွေဟာ အမြစ်ဆီပြန်ရမယ်ဆိုတဲ့ ရိုးရာရှိပါတယ်။ နယ်မြေလမ်းခရီးကြမ်းတမ်းလှတဲ့အတွက် အလောင်းနှင်သူဆိုတဲ့ လုပ်ငန်းတစ်မျိုးလည်း ပေါ်ထွက်လာပါတယ်။ လုံချီးရဲနဲ့ တပည့်ဖြစ်သူ လုံဖျင်အန်းတို့ဟာ ထိုနယ်မြေမှာ နာမည်ရှိတဲ့ အလောင်းနှင်သူတွေပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က လုံချီးရဲဟာ အလောင်းနှင်စဉ် အလောင်းနှင်သူတို့ အကြောက်ဆုံးဖြစ်တဲ့ အလောင်းပြန်ရန် နေရာမရှိခြင်းကို ကြုံတွေ့ခဲ့ရပါတယ်။ နှစ် ၂၀ ကြာပြီးနောက် ခေါင်းမဲ့အလောင်းတစ်ခုပေါ်လာခဲ့ပြီး မြို့ထဲမှာ ထူးဆန်းကြောက်လန့်စရာကောင်းတဲ့ ကိစ္စတွေ ဆက်တိုက်ဖြစ်ပျက်နေပါတယ်။ ဒီကိစ္စဟာလည်း လွန်ခဲ့တဲ့ နှစ် ၂၀ က လုံချီးရဲအလောင်းနှင်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်နေပါသတဲ့။ လွန်ခဲ့တဲ့ နှစ် ၂၀ က အဖြစ်ရဲ့ အမှန်တရားက ဘယ်လိုဖြစ်မလဲ…… ယခုမြို့ထဲက လူသေမှုပေါင်းများစွာရဲ့ နောက်ကွယ်မှာ ဘယ်သူက ကြိုးကိုင်ထားတာလဲ…… ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါ အဖြေရှာလိုက်ရအောင်နော်။

Adventure • Fantasy • Drama • Romance
5.9 2023
Strange Case in Western Hunan
Barbie in A Christmas Carol
6.3

ဒီဇာတ်လမ်း​လေးက​တော့ က​လေး​တွေအတွက် ဘယ်​တော့မှ မရိုးနိုင်တဲ့ ဘာဘီဇာတ်ကား​လေးပဲဖြစ်ပြီး ခရစ္စမတ်themeနဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းက​တော့ ခရစ္စမတ်အကြိုည​နေခင်း ရန်ပုံ​ငွေကပွဲကို သွားရမယ့် ဘာဘီ မင်းသမီး​လေးဟာ ညီမ​ဖြစ်သူရဲ့ ကပွဲကိုမလိုက်ချင်ဘူးဆိုတဲ့ ဂျီတိုက်မှု​ကြောင့် ပုံပြင်​တစ်ပုဒ်နဲ့ ​ချော့ဖို့ဖြစ်လာပါတယ်။ ဘာဘီ​​ပြောပြလိုက်တဲ့ ပုံပြင်က​တော့ ခရစ္စမတ်ရဲ့နာမည်​​ကျော် ပုံပြင်တစ်ပုဒ်ဖြစ်တဲ့ ခရစ္စမတ်ရဲ့တ​စ္ဆေ၃​ကောင်ဆိုတဲ့ ပုံပြင်ပါ။ အဲဒီပုံပြင်ကို ဘာဘီမင်းသမီးရဲ့ဇာတ်လမ်းအဖြစ် ဘယ်လိုမျိုး ဆန်းသစ်ထားမလဲ၊ က​လေး​တို့အတွက် ဘယ်လိုသင်ခန်းစာမျိုး ​ပေးစွမ်းသွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size… 1.73GB / 999MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 16m Genre ….. Animation , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

6.3 2008
Barbie in A Christmas Carol
Dummy
6.6

Dummy (2002) ============== IMDb Rating – 6.6/10 ဒီဇာတ်ကားလေးကတော့ The Pianist နဲ့ Oscar ရခဲ့တဲ့ Adrien Brodyတို့၊ Resident Evil မင်းသမီးကြီး Vera Farmiga တို့အပြင် Resident Evil မင်းသမီး Milla Jovovich ပါ ပါဝင်သရုပ်ဆောင်ထားတဲ့ Romance-Comedy ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ 2000ခုနှစ်အငွေ့အသက်တွေအများ ကြီးပါပြီး အဲဒီခေတ်ကခေတ်စားတဲ့ pop-rockဇာတ်ဝင်တေးလေးတွေနဲ့ Nostalgicဖြစ်ဖြစ်နဲ့ ခံစားကြည့်ရှုရမယ့် ကားဟောင်း၊ကားကောင်းလေးတစ် ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ စတီဗင်က ငယ်ငယ်ကတည်းက ရုပ်သေးနဲ့ အသံတုလုပ်ပြီးဖျော်ဖြေသူတစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် သာမန်အလုပ်လေး တစ်ခုမှာပဲ လုပ်နေခဲ့တဲ့ ခပ်အေးအေးကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာသူငယ်ချင်းဆိုလို့ သူနဲ့ဘဝတူ မိဘအိမ်မှာပဲနေနေတဲ့ အဆိုတော်ရူးမလေး တစ်ယောက်ပဲရှိပါတယ်။ စတီဗင်တစ်ယောက် အလုပ်ထွက်ပြီး အိပ်မက်နောက် လိုက်ဖို့ကြိုးစားခဲ့တဲ့အချိန်မှာ သူကြုံရတဲ့အခက်အခဲတွေကြားထဲကနေ မိန်းက လေးတစ်ယောက်ကိုပါ သဘောကျမိသွားပြန်ပါသေးတယ်။ အလုပ်အကိုင်မယ် မယ်ရရမရှိ၊ မိဘအိမ်မှာနေနေတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ရဲ့ဘဝအကြောင်း တွေ၊ မိသားစုပြဿနာတွေနဲ့ တခြားလေးနက်တဲ့အကြောင်းအရာတွေကို တင်ဆက် ထားလို့ Rom-Comဆိုပေမယ့် Dramaအရသာတွေလည်းခံစားရမယ့် ဇာတ်ကား ကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zayar Maw ဖြစ်ပါတယ်) File Size……….(1.95 GB) / (792 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Zayar Maw Encoder……….SWM

6.6 2002 91 mins
Dummy
Gold Or Shit / G For Gap
6

“လောကကြီးက ငါ့အပေါ်မကောင်းဘူး” “ငါဟာလူရာမဝင်တဲ့သူ” “ငါ့ကို အားလုံးက အပြစ်မြင်နေကြတယ်” “ငါဘာကြောင့် အသက်ရှင်နေရတာလဲ” ဒီလိုမေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်ဆိုရင် Gold or Shit (2024) ကိုကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်.. တရုတ်အနုပညာလောကရဲ့ နတ်ဘုရားလို့ဆိုနိုင်တဲ့ မင်းသား ဟူကယ်.. မင်းသမီး ထန်ယွမ်ယွမ်တို့ အဓိကပါဝင်ရိုက်ကူးထားတာကြောင့် သရုပ်ဆောင်ပိုင်းရော ရုပ်ရည်ပိုင်းလည်း စိတ်ပူစရာမလိုပါဘူး ဇာတ်လမ်းအကျဉ်းလေးကိုပြောပြရမယ်ဆိုရင်.. ငယ်ငယ်တည်းက သူများနဲ့မတူ တစ်မူထူးခြားပြီး ထက်မြက်တဲ့ ဝူဒီဆိုတဲ့ အမျိုးသားတစ်ယောက်… မူလတန်း အလယ်တန်း အထက်တန်း တစ်လျှောက် ဆုတွေရပြီး ထူးချွန်ခဲ့တာကြောင့် အိပ်မက်တွေအကောင်အထည်ဖော်ဖို့ မြို့ကြီးကို တစ်ယောက်တည်း ထွက်ပြီး ကြိုးစားခဲ့ပေမယ့်… အသက် ၃၅ နှစ်ကျော်သွားချိန်မှာတော့ သူ့မွေးရပ်ဇာတိကို အရှုံးတွေပိုက်ပြီး ပြန်လာခဲ့တယ်… ဘယ်အလုပ်အတွေ့အကြုံမှ မရှိခဲ့တဲ့ သူ့အနေနဲ့ အတော်လေး အခက်တွေ့ခဲ့ရသလို… ဒီအချိန်မှာ လုပ်ငန်းအသီးသီးမှာ အဆင်ပြေနေတဲ့ ကျောင်းနေဖက်တွေကိုပါတွေ့တော့ ဝူဒီတစ်ယောက်ဘယ်လိုတွေဆက်ဖြစ်မလဲ… အရှုံးသမားကံကြမ္မာက လွတ်မြောက်နိုင်မလား… ကျောင်းနေဖက်တွေရဲ့ အကူအညီနဲ့ သူဘဝတစ်ကွေ့ချိုး ပြောင်းလဲသွားမှာလား… တစ်သျှူးလေးဆောင်ပြီး ဇာတ်ကားလေးကို ကြည့်လိုက်ကြပါတော့

Drama • Crime • Thriller
6 2024
Gold Or Shit / G For Gap
Alien: Covenant
6.4

Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ…..အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်…..ထွက်ရှိပြီးသားကားတွေကတော့…… (1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) – အကြည်မထွက်ရှိသေး….. Timeline အရကြည့်မယ်ဆိုရင်တော့….. (1) Prometheus (2012) – 2093 (2) Alien: Covenant (2017) – 2104 (3) Alien (1979) – 2122 (4) Alien: Romulus (2024) – 2142 [အကြည်မထွက်သေး] (5) Aliens (1986) – 2192 (6) Alien³ (1992) – 2197 (7) Alien Resurrection (1997) – 2381 တို့ဖြစ်ပါတယ်……Alien: Romulus (2024) ကလွဲပြီး ကျန်၆ကားလုံးကို CM မှာတင်ဆက်ထားပြီးဖြစ်လို့ ကြည့်ရှုအားပေးနိုင်ပါပြီ….. ***************************************************************************************************************** ဒီတစ်ပတ်ရုပ်ရှင်ကြည့်ရင်း အပန်းဖြေဖို့ကိုတော့ သည်းထိတ် ရင်ဖိုစိတ်ကူးယဉ် သိပ္ပံအက်ရှင် ကား Alien:Covenant ကို ညွှန်းဆိုလိုက်ပါတယ်။ ၂၀၁၂ က ထွက်ခဲ့တဲ့ Prometheus ဇာတ်ကားရဲ့ အ ဆက်အဖြစ် ထွက်ရှိလာတဲ့ ဂြိုဟ် သားရုပ်ရှင်စီးရီးဖြစ်ပြီး ဒါရိုက်တာရစ်ဒလေစကော့ရဲ့ လက်ရာဖြစ် ပါတယ်။ Covenant ဆိုတဲ့ ယာဉ်ပျံ ကြီးပေါ်က အဖွဲ့သားတွေဟာ အာကာသ ဟင်းလင်းပြင် အစွန်အ ဖျားက ဂြိုဟ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဘယ်သူနဲ့မှ မထိတွေ့ရသေးတဲ့ ကောင်းကင် ဘုံတစ်ခုလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကတော့ သက်ရှိ ရယ်လို့ ဘာမှမတွေ့ရတဲ့ အမှောင်ထုလွှမ်းနေတဲ့ အန္တရာယ် ကမ္ဘာ ကြီးတစ်ခုပါ။ အဲဒီဂြိုဟ်ပေါ်ကို ဆင်းပြီး လေ့လာကြတဲ့အခါမှာ ပျက်စီး နေတဲ့ အင်ဂျင်နီယာယာဉ်ပျံတစ် ခုကို ခြေရာခံမိခဲ့ကြပါတယ်။ နောက်တော့ ယာဉ်ပျံပေါ်က လူတချို့က ဂြိုဟ်သားရောဂါပိုး မတော်တဆ ကူးစက်ခံခဲ့ရပြီး အဲဒီလူတွေထဲကနေ ဂြိုဟ်သား တစ်ကောင် ဖြစ်တည်လာကာ ယာဉ်ပေါ်ကလူတွေကို တိုက်ခိုက် ပါတော့တယ်။ အဲဒါနဲ့ပဲ ယာဉ်ပျံပေါ်မှာ အခြေအနေတွေ ရှုပ်ယှက်ခတ်ကုန်ပြီး နောက်ဆုံးမှာ ဂြိုဟ်သား ကို ရှင်းပစ်နိုင်ခဲ့ပါတယ်။ နောက် တော့ ရောဂါကူးစက်ခံရသူတွေ ဆီကနေ ဂြိုဟ်သားတွေ ပေါက် ပွားလာခဲ့ကာ ယာဉ်ပေါ်ကလူ တွေကို အန္တရာယ်ပေးပါတော့ တယ်။ စိတ်ကူးယာဉ်သိပ္ပံအက်ရှင် ဇာတ်လမ်းတွေရဲ့ ရိုက်ချက်တွေ အတိုင်း ခေတ်လွန် လက်နက် တွေ၊ ဂြိုဟ်သားနဲ့ လူတွေရဲ့ တိုက်ပွဲတွေကို အထူးပြုလုပ်ချက် ကောင်းကောင်းနဲ့ တင်ဆက်ထား တာမို့ သိပ္ပံဇာတ်လမ်းကြိုက်တဲ့ ပရိသတ်တွေ သဘောကျမှာပါ။ ဒီတစ်ခါဇာတ်ကားမှာကော ဒါရိုက်တာစကော့က ဘယ်လို တွေ လက်စွမ်းပြထားသလဲဆို တာတော့ ကိုယ်တိုင်ကြည့်ပြီး တော့သာ အကဲဖြတ်လိုက်ဦး။ ဒီဇာတ်ကားထဲက သရုပ် ဆောင်တွေကတော့ ဒေးဗစ် 8/ ဝေါလ်တာအဖြစ် မိုက်ကယ်ဖက်စ်ဘန်ဒါ၊ ဒန်နီယယ်အဖြစ် ကက် သရင်းဝေါတာစတန်တို့နဲ့အတူ ဘီလီခရူဒက်ပ်၊ ဒန်နီမက်ဘ ရိုက်၊ ဒန်မီရန်ဘီချာ၊ ကာမန်းအီ ဂျိုဂိုစသူတွေ ပါဝင်ထားကြတာ ပါ။ ဘာသာပြန်သူကတော့ မင်းသက်ဦး ဖြစ်ပြီး ဇာတ်လမ်း အညွန်းကိုတော့ ဇီးကွက် မှ ကူးယူဖော်ပြပါတယ် File size…(2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:02:00 Genre… Monster Horror, Sci-fi Epic, Space Sci-fi, Horror, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Thet Oo

6.4 2017
Alien: Covenant
Dilan : Wo Ai Ni (2024)

ဒီတစ်ခါအလှည့်ကျတာကတော့ Netflix မှ အင်ဒိုနီးရှား ကလေးကားလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီလန်လို့အမည်ရတဲ့ကျောင်းသားလေးက အရှေ့တီမောမှာ ၂ နှစ်နီးပါးနေပြီးတဲ့နောက် အရင်မြို့ အရင်ကျောင်းကို ပြန်လာခဲ့ရပါတယ်။ အတန်းထဲမှာ အရင်က သူရဲ့ဆိုးဖော်တေဖက်ငယ်သူငယ်ချင်းတို့အပြင် မေလီယန် မယ်ရီအွိုင်းလို့ခေါ်တဲ့ ခပ်ချောချောတရုတ်မလေးတစ်ယောက်ကလည်း ကျောင်းသူသစ်အနေနဲ့ ရောက်ရှိလို့နေပါတယ်။ ဒီတော့ လူကြီးမကျ ကလေးမကတဲ့ ငဆိုး ငပေ ငတေ ငပွေလေး ဒီလန်တစ်ယောက် တရုတ်မလေးကို ဝေါ်အိုက်နီတွေဖြစ်ကာ အိမ်ထောင်စုဇယားထဲ မင်းပါးပါးနဲ့မားမားကိုထည့်ချင်လာပါတော့တယ်။ ကျောင်းသားကားပီပီ ကလေးလို ဆိုးလိုက်ဆော့လိုက် တရုတ်ဘုံကျောင်းက နဂါးဖြစ်ချင်နေတဲ့ အတန်းကြီးလူဆိုးကောင်တွေနဲ့ ရန်ဖြစ်လိုက်နဲ့ပဲ ဇာတ်လမ်းလေးကို သယ်လာတာမလို့ ပေါ့ပေါ့ပါးပါး အပျင်းပြေကြည့်ရှုချင်သူတွေအတွက် အချိန်ဖြုန်းစရာ ဇာတ်ကားကောင်းတစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီလန်တစ်ယောက် ကံကောင်းစေမယ့် တရုတ်ဘုံကျောင်းက နဂါးပဲဖြစ်မလား .. ပါးပါးနဲ့မားမားကိုပဲ အိမ်ထောင်စုဇယားထဲက ပြန်ထုတ်ပေးလိုက်ရမလား ဆိုတာကိုတော့ ဇာတ်လမ်းအဆုံးမှာ သိရပါလိမ့်မယ်ဗျ။

Horror • Drama
0 1983
Dilan : Wo Ai Ni (2024)
Moon Ghost
5.6

Moon Ghost (2024) Rating ကောင်းကောင်း ဟော်ရာဇာတ်ကားတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ညွှန်း Joshua Courtade နဲ့ Kristin Mellian ဖြစ်ပြီး Joshua Courtade ကတော့ ဒါရိုက်တာပါ။ လကမ္ဘာပေါ်က လူအဖွဲ့အစည်းတစ်ခုလုံးကို မျိုးဖြုတ်ပစ်ခဲ့တဲ့ လမင်းတစ္ဆေဆိုတဲ့ ရှေးဟောင်းမိစ္ဆာတစ်ကောင်ကို လပေါ်သွားမစ်ရှင်တစ်ခုက မတော်တဆလွှတ်ပေးလိုက်မိရာကနေ ကမ္ဘာမြေပေါ်မှာပါကပ်ဆိုးကြီးဆိုက်သွားခဲ့ပါတယ်။ ထိုမိစ္ဆာကို ရင်ဆိုင်နိုင်သူကတော့ လမင်းတစ္ဆေကို ချူပ်နှောင်နိုင်ခဲ့ဖူးတဲ့ လမင်းမှော်ဝိဇ္ဇာရဲ့ မျိုးဆက်ဖြစ်တဲ့ ဆယ်လီနာ (Danira Stanojevic)ကသာ တတ်နိုင်ပါတယ်။ လမင်းတစ္ဆေကပဲ ကမ္ဘာပျက်စေမလား၊ ဆယ်လီနာကပဲ စတေးခံတားဆီးနိုင်မလားဆိုတာကိုတော့ ရှုစားပေးပါ။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီးပြောရရင် နိုင်ငံ‌ရေး၊ အဖွဲ့အစည်းတွေ၊ ဘာသာရေး၊ ငွေတစ်မျက်နှာပဲကြည့်တဲ့ လူစု စသဖြင့် အမျိုးစုံကို လှောင်ပြောင်ထားတာတွေ့ရမှာပါ။ သတ်ခန်းဖြတ်ခန်းတွေက အသက်ပါလွန်းလို့ အသက်မပြည့်သေးရင် မကြည့်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ? ညမကြည့်ရ သတ်မှတ်ထားချင်ပါတယ်။ နာမည်ကြီးရုပ်ရှင်တစ်ချို့ကိုလည်း Parody လုပ်ထားပါတယ်။ သရုပ်ဆောင်တွေ ဖောဖောသီသီသုံးထားလို့ ရှုမငြီးဖြစ်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thompson ဖြစ်ပါတယ်။) File size… (910 MB) Quality…. WEB-Rip 720p Format…. mp4 Genre…. Comedy, Horror, Sci-Fi Duration…. 01:26:23 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thompson

Drama • Romance • Thriller
5.6 2024 86 mins
Moon Ghost
Time Renegades
6.8

Time Renegades (2016) *********************** IMDb… 6.8 IMDb 6.8 ရှိတဲ့ Sci-fi thriller ကိုမှ Romance နဲ့ရောထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Hospital Playlist နဲ့ လူကြိုက်များတဲ့ မင်းသား Jo Jung Suk, Search WWW နဲ့ Low Life တို့မှာ ပါဝင်တဲ့ မင်းသမီး Im Soo Jung, Squid Game S2 S3 မှာ ပါဝင်ခဲ့တဲ့ Player 246 Lee Jin Wook တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့…. ၁၉၈၃ခုနှစ်ရဲ့ နှစ်သစ်ကူး Countdown လုပ်တဲ့အချိန်မှာ အထက်တန်းပြဆရာ ဂျီဟွမ် (Jo Jung Suk) က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ် ချစ်သူလည်းဖြစ်တဲ့ ယွန်းဂျောင် (Im Soo Jung) ကို လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။ ဒါပေမဲ့ လက်ထပ်ခွင့်တောင်းပြီး ခဏအကြာမှာပဲ ချစ်သူဖြစ်တဲ့ ယွန်းဂျောင်ရဲ့ ပိုက်ဆံအိတ် အခိုးခံရလို့ ဂျီဟွမ်က သူခိုးအနောက်ကို လိုက်ရာကနေ ဓားထိုးခံလိုက်ရပြီး ဆေးရုံရောက်သွားပါတော့တယ်။ အဲဒီလိုပဲ ၂၀၁၅ခုနှစ်ရဲ့ နှစ်သစ်ကူးအချိန်မှာ လူသစ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဂွန်းအူ (Lee Jin Wook) ကလည်း လူအုပ်ထဲမှာ တရားခံကို ဖမ်းဖို့ကြိုးစားရင်း သေနတ်ထိမှန်လိုက်ရပြီး ဆေးရုံကိုရောက်သွားခဲ့ပါတယ်။ ၃၂နှစ် အချိန်ကွာဟာမှုကြားမှာ တူညီတဲ့ရက်၊ တူညီတဲ့ အချိန်မှာပဲ ဂွန်းအူနဲ့ ဂျီဟွမ်က ဆေးရုံမှာ အသက်လုနေရတဲ့အချိန်ပေါ့… ဇာတ်လမ်းက အဲဒီမှာစတာပါပဲ… နှစ်ယောက်စလုံး သေရေးရှင်ရေး အချိန်ကို ဖြတ်ကျော်ပြီးနောက်မှာ ၁၉၈၃ခုနှစ်က ဂျီဟွမ်နဲ့ ၂၀၁၅ခုနှစ်က ဂွန်းအူတို့ဟာ တစ်ယောက်အကြောင်း တစ်ယောက်ကို အိပ်မက်ကနေတစ်ဆင့် မြင်လာရပါတော့တယ်။ ပြောချင်တာက ဂွန်းအူကလည်း အိပ်မက်ထဲကနေ ဂျီဟွမ်ကြုံတွေ့ရတာတွေကို မြင်ရသလို ဂျီဟွမ်ကလည်း အိပ်မက်ထဲကနေ ဂွန်းအူ ကြုံတွေ့ရတာတွေကို မြင်ရပါတော့တယ်… ဒါပေမဲ့ ဇာတ်လမ်းက အဲဒီမှာတင် ပြီးမသွားသေးဘဲ သူတို့အိပ်မက်တွေကနေတစ်ဆင့် ၁၉၈၃ခုနှစ် အတိတ်မှာ ဖြစ်ခဲ့တဲ့အမှုတစ်ခုကို ၂၀၁၅က ဂျီဟွမ်က စုံစမ်းဖို့ ဖြစ်လာပါတော့တယ်… Plot Twist တွေလည်း ပါမယ်.. ဇာတ်လမ်းဆန်းဆန်းလေးလည်း ကြည့်ချင်တယ်ဆို ဒီကားလေးကို ကြည့်ဖြစ်အောင် ကြည့်ကြည့်ပါနော်… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ M ပဲ ဖြစ်ပါတယ်။) File Size : 1.82GB/ 900MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:47:44 Genre : Thriller, Romance, Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by M Encoded by Tiff

Adventure • Comedy
6.8 2016 107 mins
Time Renegades