YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Jhansi S01E02 Man from the Past.1080p(CM).mp4

533.45 MB N/A video/mp4 22 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Butler
7.3

2013 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Butler ဇာတ်ကားလေးကတော့ ဆုတွေအများအပြားရခဲ့ပြီးတော့ IMDB 7.2 အထိရခဲ့တဲ့ အမေရိကန်သမိုင်းနောက်ခံ ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ ၁၉၂၀ခုနှစ်မှာ လူမည်းအိမ်ဖော်တွေကနေ မွေးဖွားလာခဲ့တဲ့ Cecil Gaines တစ်ယောက် ဟာ အဖေဖြစ်သူအသတ်ခံရပြီးတဲ့နောက် လူငယ်ဘဝမှာတင်တစ်နယ်တစ်ကျေးကိုထွက်လာခဲ့တဲ့ လူမည်းလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ် အဖိနှိပ်ခံလူမည်းအိမ်စေအဖြစ်ကနေ အိမ်ဖြူတော်အိမ်တော်ထိန်းကြီးအနေနဲ့ သမ္မတအဆက်ဆက်ကို တာဝန်ထမ်းဆောင်နေစဥ် အတောအတွင်း ကြုံခဲ့ရတဲ့ လူမျိုးရေးအကြောင်းအရာတွေ သမိုင်းအဖြစ်အပျက်တွေကို သူ့ရဲ့ရှု့ထောင့် သူ့ရဲ့ခံစားချက်တွေနဲ့ လိုက်လံကြည့်ရှု့ရမယ်ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ၁၉၅၀​​​ပြည့်လွန်နှစ်တွေအတွင်းမှာ လူမည်းတွေဘယ်လို အဖိနှိပ်ခံရတယ် သူတို့အခွင့်အရေးကို ဘယ်လိုတောင်းယူကြရသလဲဆိုတာကိုလည်း ရှု့ထောင့်အမျိုးမျိုးကနေ တွေ့မြင်ရမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဆိုတော့ကာ သူ့ဘဝကိုဘယ်လို​​ဖြတ်သန်းရတယ် ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို ခံစားချက်အမျိုးမျိုးနဲ့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါဦး File size…(1.47GB)  / (790MB) / (459MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wallace

Horror • Romance
7.3 2013 132 mins
The Butler
Girl in the Box
6.7

၁၉၇၇ခုနှစ် ​မေလမှာ ကိုလင်းဆိုတဲ့ မိန်းက​လေးတစ်​ယောက်ဟာ ကယ်လီဖိုးနီးယားက သူငယ်ချင်းတစ်​​​​ယောက်ရဲ့ ​မွေး​နေ့ကိုလာရင်း ကမ်မရွန်းနဲ့ ဂျန်နစ်ဆိုသူတို့ရဲ့ကားကို လမ်းကြုံလိုက်စီးခဲ့ပါတယ်။ ဒီလိုလမ်းကြုံစီးခဲ့တာက သူ့ဘဝရဲ့အဆိုးရွားဆုံးဆုံးဖြတ်ချက်မှန်း ကိုလင်းတစ်​ယောက် ကြိုသိခဲ့လျှင် အ​ခြေအ​နေက တစ်မျိုးတစ်ဖုံ​ ပြောင်းသွားနိုင်​ပေမယ့် သူသိတဲ့အချိန်မှာ အခါ​နှောင်းသွားခဲ့ပါပြီ။ ဒီလိုနဲ့ပဲ လူများ​​အော့နှလုံးနာစရာ နှ​မြောတသဖြစ်စရာ ဖြစ်ရပ်မှန် ကိစ္စဆိုးတစ်ခု ဖြစ်ပွားခဲ့ပါ​​တော့တယ်။ ကင်မရွန်းနဲ့ ဂျန်နစ်က လင်မယား၂​ယောက်ဖြစ်ပြီး လင်ဖြစ်သူက BDSMစွဲလမ်းသူ Dominaceတစ်​ယောက် ဖြစ်​ပေမယ့် မယားက submission typeဖြစ်မ​နေတာ​​ကြောင့် လင်မယား၂​ယောက်ဟာ ကားတစ်စီးနဲ့ပတ်ရင်း လမ်းကြုံလိုက်စီးတဲ့မိန်းမငယ်​​​လေးတွေကို ပြန်​ပေးဆွဲပြီး လိင်ကျွန်ပြုလုပ်ရင်း လက်လွန်သွားရင် အ​လောင်း မကျန်​အောင် လက်စ​ဖျောက်တဲ့သူ​တွေပါ။ ကံဆိုးတဲ့ ကိုလင်းဟာ သူတို့နဲ့ပါ တည့်တည့်တိုးခဲ့ရပါတယ်။ ကိုလင်းဟာ သူတို့၂​ယောက်ရဲ့လိင်ကျွန်အဖြစ် ၇နှစ်နေခဲ့ရသလို သူတို့လင်မယားရဲ့ က​လေးကိုပါ ထိန်း​ပေးရင်း အိမ်​​ဖော်သာသာ ​နေခဲ့ရပါတယ်။ ညဘက်အိပ်ရင် လင်မယား၂​ယောက်ရဲ့ ကုတင် ​အောက်ထဲမှာ ဖွဲ့ထားတဲ့ လူတစ်ကိုယ်စာ ​သေတ္တာခန်း​လေးထဲမှာ ဝင်အိပ်ရပြီး စိတ်မထင်သလို ကင်မရွန်းရဲ့ နှိပ်စက်မှုဒဏ်ကိုပါ ခံခဲ့ရပါတယ်။ ဒီလိုမျိုးဘဝကို ရောက်​နေ​ပေမယ့် ထွက်မ​ပြေးရဲ​အောင် သူမဟာ လိင်လုပ်သားကုမ္ပဏီရဲ့ တရားဝင်ကျွန်ဖြစ်​ကြောင်း၊ ထွက်​ပြေးရင် မိသားစုပါအသက်အန္တရာယ်ရှိ​​ကြောင်း လိမ်​ပြောထားတာ​ကြောင့် ကိုလင်းခမျာ ၇နှစ်တာလုံးလုံး ကြီးစွာ​သောဒုက္ခကို ပြေးမရပြုမရ ခံစားခဲ့ရပုံကို ဖြစ်ရပ်မှန်အတိုင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သတိ​ပေးလိုတာက အ​ဖော်အပြကြမ်းတဲ့ ကားမျိုးမဟုတ်​ပေမယ့် Sensitiveဖြစ်တတ်သူ​တွေအတွက် သင့်​တော်တဲ့ဇာတ်ကား​တော့ မဟုတ်ပါဘူး။ ဖြစ်ရပ်မှန်မှုခင်း စိတ်ဝင်စားသူ​တွေအတွက်​​တော့ စိတ်ဝင်စားစရာကောင်းသလို သင်ခန်းစာယူလို့လည်းကောင်းမယ့် ဇာတ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 566MB | 276MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Drama
6.7 2016 87 mins
Girl in the Box
Love SummerI
6.5

Love Summer (2011) ================= ဒီတစ်ခါမှာတော့ ထိုင်းကားလေးတွေကြိုက်တတ်တဲ့ သူတွေအတွက် ထိုင်းဟာသကားလေးလာပါပြီနော် ခရီးသွားဖို့စီစဉ်တိုင်း သူငယ်ချင်းတွေ ညှိမရတာနဲ့ မသွားဖြစ်ကြတော့တာမျိုးတွေများတယ်မလား? ဒီကားထဲမှာတော့ သူငယ်ချင်းတွေစုပြီးခရီးထွက်ကြ တာမဟုတ်ဘဲ ခရီးထွက်ရင်း မထင်မှတ်ဘဲ လမ်းမှာဆုံကြတဲ့ သူတို့တွေ သူငယ်ချင်းဖြစ်သွားတဲ့အကြောင်းရိုက်ကူး ထားတာပဲဖြစ်ပါတယ်… ကောင်လေးသုံးယောက် ဘန်ကောက်ကနေပြီး ထိုင်းနိုင်ငံရဲ့နာမည်ကြီးကျွန်းတစ်ခုဖြစ်တဲ့ ဖူးခက်ကိုခရီး ထွက်လာကြပါတယ် လမ်းမှာနောက်ထပ် သူစိမ်းကောင်မလေးနှစ်ယောက်နဲ့အမှတ်မထင်ဆုံမိပြီး ဖူးခက်ကိုအတူခရီးနှင်ကြတဲ့ လမ်းတစ်လျှောက်မှာ …. ကားပျက်လို့ကြုံတွေ့ရတဲ့နောက်ဆက်တွဲတွေ…. ကြိုသိမထားတဲ့အရာတွေဖြစ်လာတဲ့အခါ ရင်ဆိုင်ရတာတွေ၊ သူတို့ကြားကဆက်ဆံရေးတွေကို အခွီတစ်လိုင်းနဲ့ ရယ်နေရမယ့်ကားလေးမို့ထိုင်းဟာသကားကြိုက်တတ်တဲ့ CM ပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော် File size…2.1GB / 1GB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 50m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hnin-Pale

Action • Adventure • Animation • Comedy • Family
6.5 2011
Love SummerI
Beginners
7.2

အိုလီဗာဖီးဒ်ဟာ မိဘတွေရဲ့ထူးဆန်းတဲ့အိမ်ထောင်ရေးကြောင့် တခြားသူကိုရေရှည်ချစ်ကြည့်ဖို့မဝံ့ရဲပဲ အသက်သုံးဆယ့်ရှစ်နှစ်ရှိလာခဲ့ပါတယ်။ လူပျိုကြီးဘဝနဲ့ အရိုးထုတ်ဖို့ဆုံးဖြတ်ထားတဲ့အိုလီဗာဟာ တစ်နေ့တော့ ပါတီမှာအမှတ်မထင်ဆုံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိသွားတဲ့အခါမှာတော့… အိုလီဗာ့လိုပဲ ငယ်ဘဝစိတ်ဒဏ်ရာတွေရှိနေတဲ့ အချစ်ကိုကြောက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားမှာတဖြည်းဖြည်းအမြစ်တွယ်လာတဲ့သံယောဇဥ်တွေရယ် အိုလီဗာရဲ့ဘဝဇာတ်ကြောင်းရယ်ကို လှပစွာပြသသွားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒရမ်မာကားကောင်းတွေကြိုက်တတ်ရင် ပေးရတဲ့အချိန်နဲ့တန်မယ့်ဇာတ်ကားကောင်းတစ်ပုဒ်ပါလို့ ညွှန်းရင်းတင်ဆက်လိုက်ရပါတယ်။ File size…1.04 GB /470 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chole Khin

7.2 2010
Beginners
Mood Indigo
6.5

အရမ်းချမ်းသာပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်တဲ့ သူဌေးလေးကိုလန်အကြောင်းကို ရိုက်ကူးထားတဲ့ကားလေးပါ။ ကုဋေရှစ်ဆယ်သူဌေးသားကိုမှ ပြင်သစ်ဗားရှင်းလေးလို့ ပြောလို့ရပါတယ်၊ ဒါပေမဲ့ ဒီကုဋေရှစ်ဆယ်သူဌေးသားက ကိုယ်တိုင်သုံးဖြုန်းလို့ကုန်တာမဟုတ်ဘဲ အချစ်ကြောင့်ကုန်တာမျိုးဆိုတော့ သူရဲကောင်းလေး‌ပေါ့… ကိုလန်က ဘဝမှာ အပူအပင်မရှိသက်သောင့်သက်သာနေနိုင်သလောက် ချစ်ရတဲ့သူတော့ရှိမနေပါဘူး၊ တစ်ရက် မိတ်ဆွေတစ်ယောက်ရဲ့ခွေးလေး မွေးနေ့ပါတီကိုသွားရင်း တွေ့ခဲ့တဲ့ ကလိုဝီကိုချစ်မိသွားပါတော့တယ်၊ နောက်ရက်မှာ ကလိုဝီနဲ့ အပြင်မှာတွေ့ပြီး အချစ်တွေကိုဝန်ခံလိုက်ချိန်မှာတော့ ကလိုဝီ့ဘက်ကလည်း လက်ခံခဲ့ပါတယ်။ ချစ်သူနှစ်ယောက် မင်္ဂလာဆောင်ပြီးတဲ့ညမှာပဲ ကလိုဝီ့အဆုတ်ထဲမှာပဒုမ္မာကြာပေါက်လို့ အိပ်ရာထဲလဲသွားပါတော့တယ်… မိန်းမကိုအရမ်းချစ်တဲ့ ကိုလန်တစ်ယောက် ဘယ်လိုမျိုး ကုပေးမလဲ… ကလိုဝီ့ရောဂါကရော သက်သာနိုင်ပါ့မလား ဆိုတာကို 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb မှာ rating 6.5နဲ့ Rotten Tomatoes မှာ rating 61% ရရှိထားတဲ့ Mood Indigo ဆိုတဲ့ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင် File size… 2.84 GB / 1.24 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 10m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

Thriller
6.5 2013
Mood Indigo
The French Minister
6.4

IMDb – 6.4/10 ဇာတ်လမ်းအညွှန်း ဒီပြင်သစ်ဇာတ်လမ်းလေးမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက နေ့ဒဓူဝလုပ်ငန်းစဉ်တွေ၊ သံတမန်ရေးရာအကြောင်းတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သံတမန်ရေးရာမှာ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်ရဲ့ စကားလုံးတစ်လုံးဟာ နိုင်ငံတကာပဋိပက္ခတွေကို ပြေလည်စေနိုင်သလို ဒီစကားလုံးတစ်လုံးမှားလိုက်တာနဲ့ စစ်မီးမွှေးနိုင်လောက်တဲ့အထိ အရေးကြီးပါတယ်။ ဒီတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အဲလက်ဇန်းဒါး တာယာ့ဒ်ဒီက သူပြောမယ့်စကားတွေ မိန့်ခွန်းတွေ ရေးသားဖို့ အ ာ့သူးဗလာဗိုက်ခ်ဆိုတဲ့လူငယ်လေးကို တာဝန်ခန့်အပ်လိုက်တယ်။ ငြိမ်းချမ်းရေးကို လိုလားပြီး ကိုယ့်ကိုကိုယ်အထင်ကြီးတတ်၊ စကားမာမာပြောတတ်၊ သံတမန်ရေးကိစ္စတွေနဲ့ခေါင်းရှုပ်လာရတဲ့အခါ ပေါက်ကွဲတတ်တဲ့ ဝန်ကြီး အဲလက်ဇန်းဒါးလို အထက်အရာရှိအတွက် သံခင်းတမန်ခင်းမှာအရေးကြီးတဲ့မိန့်ခွန်းတွေကို အာ့သူးတစ်ယောက် ဘယ်လိုကြိုးစားရေးရလဲ၊ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ အာ့သူးနဲ့ အဖွဲ့ဝင်တွေ ဘယ်လိုကြိုးစားကြရလဲ ဆိုတဲ့အကြောင်းတွေကို ပါဝင်ပါတယ်။ ဒီလိုအဖွဲ့ဝင်တွေရဲ့ကြိုးစားမှုတွေကြောင့်အပါအဝင် ဝန်ကြီး အဲလက်ဇန်းဒါးဟာ နိုင်ငံတကာပြဿနာတွေ၊ စစ်ဖြစ်ပွါးလာနိုင်တဲ့အရေးအခင်းတွေမှာ သံတမန်ရေးအရ ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတဲ့အကြောင်းတွေကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ Quai d’Orsay ဆိုတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြောင်းရေးသားထားတဲ့စာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ UKရဲ့ BAFTA award winner တစ်ယောက်ဖြစ်ပြီး နိုင်ငံရေးအကြောင်းဇာတ်လမ်းတွေ ရိုက်ကူးတဲ့နေရာမှာ နာမည်ကြီးဒါရိုက်တာဖြစ်တဲ့ Bertrand Tavernier က ရိုက်ကူးထားဖြစ်ပြီး ဒီဇာတ်လမ်းဟာ nominee အများကြီးဝင်ထားပြီး award တွေလည်း ရရှိထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘယ်လိုအလုပ်လုပ်ကြလဲဆိုတဲ့ အကြောင်းနဲ့ သံတမန်ရေးရာအကြောင်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးဟာ ကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size… 2.2 GB / 957.8 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Thriller • Drama
6.4 2013 113 mins
The French Minister
The Story of Yuan Tiangang
5.8

” ငါ့ကံကြမ္မာက ကောင်းကင်ဘုံပေါ်မမူတည်ဘူး ငါ့အပေါ်ပဲမူတည်တယ် ” ဒီဇာတ်ကားလေးကတော့ ကံကြမ္မာဆိုတဲ့အရာကိုမယုံတဲ့ ယွမ်ထျန်းကန်းတစ်ယောက်ကံကြမ္မာနဲ့ အတိုက်အခံလုပ်ပြီး ဘဝကိုရှင်သန်သွားတဲ့ဇာတ်ကားလေးပါ ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ယွမ်ထျန်းကန်းဆိုတဲ့ ကလေးလေးက ငယ်ငယ်တည်းက ကံကြမ္မာဆိုးတဲ့မွေးဖွားလာခဲ့တဲ့သူပါ ။ မွေးမွေးချင်းပဲ မိဘနှစ်ပါးအပြင် အိမ်နီးနားချင်းတွေကိုပါ ထူးဆန်းစွာ‌နဲ့သေသွားစေခဲ့ပါတယ် ။ အဲဒီလိုနဲ့ရွာသားတွေပါ သူ့ကိုမကောင်းဆိုးဝါးဆိုပြီးနှင်ထုတ်ကြပါတော့တယ် ။ ဒါပေမဲ့ စိတ်သဘောထားကောင်းတဲ့ သူ့ရဲ့ဦးလေးဖြစ်သူက ယွမ်ထျန်းကန်းကိုခေါ်ထားပြီး သူ့နောက်ကိုလိုက်ပြီးတောက်ဓမ္မကျင့်စေပါတယ် ။ ဒီလိုနဲ့သူ အသက် ၁၅နှစ်မှာ အပြင်းအထန်ဖျားပြီးမေ့လဲသွားခဲ့ပါတယ် ။ ပြန်နိုးလာတဲ့အချိန်မှာ သူ့ဦးလေးရော သူတို့ဂိုဏ်းတစ်ခုလုံး အမြစ်ပြန်သုတ်သင်ခံလိုက်ရတာကိုသိလိုက်ရပါတော့တယ် ။ အဲဒါကြောင့်ပဲ ယွမ်ထျန်းကန်းဟာ သူ့ကိုယ်သူအပြစ်တင်ရင် ကံကြမ္မာဆိုး ကံကြမ္မာကောင်းဆို‌တာတွေကိုမယုံဘဲ ကံကြမ္မာနဲ့တိုက်ခိုက်ဖို့လုပ်ပါတော့တယ် ။ သူ့ကိုယ်သူလူသတ်သမားအဖြစ်ခံယူရင်း ကံကြမ္မာနဲ့ဘယ်လိုတိုက်ခိုက်သွားမလဲ သူကရော အဆုံးမှာဘယ်လိုရှင်သန်ကျန်ရစ်ခဲ့မလဲ ? ပျောက်ဆုံးနေတဲ့ရတနာဓားနဲ့ သူကရောဘယ်လိုဆက်နွယ်နေမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်

5.8 2024
The Story of Yuan Tiangang
Raising Helen

၂၀၀၀ ခုနှစ်​ကျော်​ကာလတွေမှာ ခေတ်​စားခဲ့တဲ့ အမေရိကန်​ဟာသရုပ်ရှင်ကားတွေထဲက တစ်ကားနဲ့ မိတ်ဆက်​ပေးပါရစေ။ Family/Drama နဲ့ Comedy​ အမျိုး​အစား​ရုပ်ရှင်​ဖြစ်​ပြီး ၂၀၀၄ ခုနှစ်​က ထွက်ရှိ​ခဲ့ပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Helen Harris က နာမည်ကြီး​ ဖက်​ရှင်အေဂျင်စီတစ်ခုမှာ အလုပ်​လုပ်​တဲ့ ခေတ်​ဆန်​ဆန်မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့​မှာ သူ့အစ်မအကြီးဆုံး Lindsay တို့​ဇနီး​မောင်နှံ​ ကား​မှောက်​ပြီး ကွယ်​လွန်​သွား​ကြပါတယ်။ Lindsay က သေတမ်းစာ​မှာ သူ့ရဲ့​သားသမီးသုံးယောက်ကို ညီမအလတ်ဖြစ်တဲ့ မိခင်​အဖြစ်​ အတွေ့အကြုံ​ရှိပြီးသား Jenny လက်​ထဲမအပ်ခဲ့ဘဲ ထူးဆန်း​စွာနဲ့ ညီမ​အငယ်ဆုံး Helen လက်​ထဲအပ်ခဲ့ပါတယ်။ ဒီလို​နဲ့ မိခင်​တစ်​ဦး​ဖြစ်ဖို့ အသင့်မဖြစ်သေးတဲ့ Helen နဲ့ ကလေး​သုံး​ဦး​တို့​ ဘယ်လိုစခန်းသွားကြမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရှုရမှာပါ။ ဟာသ​ရုပ်ရှင်​ဆို​ပေမဲ့​ မိသားစု၊ ချစ်​ခြင်း​မေတ္တာ​နဲ့ ကိုယ့်ကိုယ်ကို ပြန်​လည်ရှာဖွေခြင်း စတဲ့ theme တွေ ထိတွေ့​ထားတဲ့​ လေးနက်​ကြည်နူးဖွယ် Drama​ အငွေ့အသက်များလည်း ပါဝင်​ပါတယ်။ Lindsay​ က သူ့ကလေးတွေ အုပ်​ထိန်း​ခွင့်​ကို Helen လက်​ထဲ ဘာလို့​ထည့်ပေးခဲ့တာလဲ ဆိုတဲ့အဖြေကိုလည်း ဇာတ်လမ်း​အဆုံး​မှာ တွေ့မြင်​ရမှာဖြစ်ပါတယ်။ ၂၁ ရာစုအစပိုင်းက ဇာတ်ကား​ကောင်းလေးကို တစ်ဖန်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre… Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2004
Raising Helen
Camera
6.4

ဒီဇာတ်ကားလေးက ဘ၀မှာ ဆုံးရှုံးလိုက်ရတဲ့အရာ တစ်ခုခု ရှိတဲ့သူတိုင်း ကြည့်ရမယ့် ဇာတ်ကားလေး တစ်ကားပါ။ ဘ၀မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ သာမန် အဖြစ်အပျက်တွေထဲက စိတ်လှုပ်ရှားစရာတွေကို မြင်အောင် ကြည့်တတ်ဖို့အတွက် အဓိက မီးမောင်းထိုးပြသွားတဲ့ ဇာတ်ကားလို့ ပြောရင်လည်း မမှားပါဘူး။ ကိုယ့်အနေနဲ့ ဒီဇာတ်ကားကို နောက်ဆုံးထိ ကြည့်မယ်ဆိုရင် ဘေးမှာ တစ်ရှူးဘူးလေး ဆောင်ထားဖို့ အကြံပေးလိုက်ပါရစေ။ ဇာတ်လမ်းအကျဉ်း ************** ဒီ ဒရာမာကား‌လေးက အော်စကာဆိုတဲ့ စကားမပြောတတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ အထီးကျန်တဲ့ ဘဝအကြောင်း၊ သူ့ဘဝရဲ့ ဖြတ်သန်းမှု တစ်စိတ်တပိုင်းအကြောင်းကို ဟတ်ထိအောင် ရိုက်ပြထားတဲ့ ဇာတ်ကားတစ်ကားပါ။ အဲဒီ ကောင်လေး အော်စကာဟာ တစ်နေ့မှာ အရမ်း သဘောကောင်းတဲ့ အဲရစ်ဆိုတဲ့ စက်ပြင်ဆိုင် ပိုင်ရှင်တစ်ဦးနဲ့ အမှတ်မထင်တွေ့ဆုံမိပြီး အော်စကာရဲ့ ကင်မရာ အပျက်တစ်လုံးကို အဲရစ်က ပြင်ပေးရင်း ဇာတ်လမ်းက စတင်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ နေထိုင်တဲ့ တံငါရွာလေးကို ဇိမ်ခံဟိုတယ် ပရောဂျက်တွေ ရောက်လာတဲ့အခါ .. ရွာသားတွေကြားမှာ ဘယ်လို သဘောထားကွဲမှုတွေလဖြစ်ကြလဲ။ ပြီးတော့ အဘိုးကြီး အဲရစ်နဲ့ ကောင်လေး ‌အော်စကာကရော သူတို့ရဲ့ ရင်းနှီးမှုမှာ ဘာတွေကို ရင်ဆိုင်ရပြီး ကျွန်တော်တို့ကို ဘယ်လို မက်ဆေ့တွေ ပေးသွားမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ တစ်မေ့တမော ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူအချင်းချင်း ရင်းနှီးတဲ့ ဆက်ဆံ‌ရေးတွေက အတိတ်ရဲ့ ဒဏ်ရာတွေကို အနာကျက်မြန်အောင် ကုသပေးနိုင်တယ်ဆိုတာ ဒီဇာတ်ကားကြည့်ပြီးရင် သဘောပေါက်သွားမှာတော့ အသေအချာပါပဲ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ BZW ဖြစ်ပါတယ် ) File size…1.31GB Quality…WEB-DL 1080p HEVC Format…mkv / mp4 Duration….1h 52m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6.4 2024
Camera
Nidarr
5.4

Nidarr 2023 သေမင်းတမန်စစ်ဆင်ရေး Imdb 5.4 ကြမ်းပေ့ ရမ်းပေ့အက်ရှင်ကားတွေစောင့်မျှော်နေကြသူတွေအဖို့ ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးထားပါတယ် ဇာတ်လမ်းအစမှာတော့ အစွန်းရောက်တွေလက်ထဲရောက်သွားတဲ့ ဗိုလ်ကြီးကို သွားရောက်ကယ်တင်ပုံနဲ့စထားပါတယ် ကယ်တင်ရင်းပစ်ကြခတ်ကြတော့ အစွန်းရောက်ခေါင်းဆောင်ရဲ့သားဖြစ်သူပါ ဆုံးပါးသွားခဲ့တယ် ဒီသွေးကြွေးကိုရအောင်ပြန်ဆပ်မယ်ဆိုပြီး ရန်ငြိုးစတစ်ခုတည်ခဲ့တာပေါ့။။။ အချိန်တစ်ခုရောက်လာတဲ့အခါ ဗိုလ်ကြီးရဲ့သားကလည်း ရဲစွမ်းသတ္တိတွေအပြည့်နဲ့ စစ်ဆင်ရေးတွေအောင်မြင်လို့ အရာခံဗိုလ်ထိတောင်ရာထူးတိုးလာခဲ့တယ် တိုင်းပြည်အတွက် အချိန်မရွေးအသက်စွန့်ဖို့အဆင်သင့်ရှိနေတဲ့ တက်ကြွတဲ့စစ်သား သားဖြစ်သူကိုဂုဏ်ယူနေတဲ့ခေါင်းဆောင်တွေမိသားစုက တစ်နေ့မှာတော့ နိုင်ငံအရေးအတွက်မဖြစ်မနေသားဖြစ်သူကိုစစ်ဆင်ရေးထဲထည့်ဖို့အခြေအနေရောက်လာခဲ့တယ် ဒီစစ်ဆင်ရေးက အန္တရာယ်များလွန်းလို့ ရှင်သူမရှိလောက်ဘူးဆိုတာလည်းသိထားပေမဲ့ မတတ်သာတဲ့အခြေအနေကြောင့် သားဖြစ်သူကိုတာဝန်ပေးလိုက်ရပါတယ် ဒီစစ်ဆင်ရေးကိုအောင်နိုင်မှာလား အသက်ရှင်လျက်ပြန်လာနိုင်မှာလားကိုတော့။။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Bluri ~ Zwe ~ KKKZ တို့ပဲဖြစ်ပါတယ် )

Comedy • Drama
5.4 2023
Nidarr
Lowlifes
6.2

ဒီတစ်ပတ်တော့ cm ပရိသတ်ကြီးကို လူသားစား Horror ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ IMDB မှာ Rating 6.2 အထိရထားပြီး သိပ်မဆိုးတဲ့ Horror ဇာတ်ကားလို့ ပြောရမှာပါ။ ဇာတ်ကြောင်းကတော့…. ကိသ်နဲ့ ကတ်သလင်းတို့ ဇနီးမောင်နှံနှစ်ဦးက သူတို့ရဲ့ ဆယ်ကျော်သက် ကလေးနှစ်ယောက်နဲ့အတူ နှစ်စဉ်နှစ်တိုင်း ထွက်နေကျဖြစ်တဲ့ နယ်ဘက်ခရီးစဉ်ကို အာဗီနောက်တွဲကားနဲ့ ထွက်လာခဲ့ကြပါတယ်။ လမ်းတစ်နေရာမှာ နယ်ခံနှစ်ယောက် ကားပျက်တာနဲ့ ကြုံဆုံပြီး လမ်းကြုံပို့ပေးဖို့ အစပြုတာကနေ လူသူဝေးတဲ့ အိမ်တစ်လုံးကို ရောက်သွားကြတဲ့ အခါမှာတော့….။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ လူတွေကို အပြင်ပန်းသဏ္ဍန် ကြည့်ပြီးတော့ပဲ ဆုံးဖြတ်လို့ မရဘူးဆိုတာရယ်နဲ့… အချိန်မရွေး သားကောင်ကနေ မုဆိုး….မုဆိုးကနေ သားကောင် ဖြစ်သွားနိုင်တယ်ဆိုတာကို မက်ဆေ့ပေးချင်တဲ့ သဘောကို တွေ့ရမှာပါ။ တစ်ခုသတိပေးချင်တာက သွေးသံရဲရဲ အပိုင်းအစတွေ မြင်ရမှာ မို့လို့ နှလုံးမကောင်းတဲ့သူတွေ ရွံတတ်တဲ့သူတွေအနေနဲ့ သတိလေးကပ်ပြီး ကြည်သင့်ကြောင်းပါခင်ဗျ….။ File size… (857MB) / (582MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.2 2024 90 mins
Lowlifes
Thunder Chase
6

မိုးကြိုး (Thunder) ဟာ နိုင်ငံခြားမှာ ပုဂ္ဂလိက လုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ပါ။ သူ့သား လီယို (Leo) ဟာ နိုင်ငံခြားက ဂိုဏ်းတွေရဲ့ သားကောင်အဖြစ် အသုံးချခံရပြီး လူသတ်အမဲလိုက်ကစားပွဲမှာ စည်းကမ်းချက်တစ်ခုအဖြစ် အသုံးပြုခံရပါတယ်။ မိုးကြိုးနဲ့ သူ့သူငယ်ချင်း နှစ်ယောက်ဟာ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ယူဆောင်ပြီး နိုင်ငံခြားက တောအုပ်ထဲကို ဝင်ရောက်ခဲ့ပြီး တိုက်ပွဲတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ သားဖြစ်သူကို ကယ်တင်နိုင်ခဲ့ပေမယ့် ညီဖြစ်သူက ဓားစာခံဖြစ်သွားပါတယ်။ ဒီလိုခက်ခဲတဲ့အခြေအနေမှာတော့ မိုးကြိုးဟာ သူ့အသက်နဲ့ လဲလှယ်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူကယ်တင်ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူမဟာ အမဲလိုက်သတ်ဖြတ်ရေး အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်နေတာ ပေါ်လွင်လာခဲ့ပါတယ်။ သူမက ကယ်တင်ဖို့ လာတာလား၊ ဒုက္ခပေးဖို့လာတာလား။ ဒါမှမဟုတ် သွေးဆာနေတဲ့ ရန်သူကို ရင်ဆိုင်ရတဲ့အခြေအနေကို ပြောင်းလဲနိုင်မှာလား

Drama
6 2021
Thunder Chase
Jathara
7

Jathara (2024) “ဆုတောင်း” ကျေးလက်နေ တောသူတောင်သားတို့ရဲ့ ကိုးကွယ်မှုယုံကြည်မှုတွေနဲ့ ထူးခြားဆန်းကျယ်မှုတို့ကို ပုံဖော်ထားတဲ့ တလေဂူးကျေးလက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ တိုက်ပွဲမှာ ဆုံးပါးသွားခဲ့တဲ့ ခေါင်းဆောင်ကြောင့် ကိုးကွယ်ခဲ့ကြတဲ့ နတ်ဘုရားမကို လက်အောက်ငယ်သားတွေ မေ့မေ့လျော့လျော့နဲ့ ထားခဲ့ကြရာကစ နတ်ဘုရားမ အမျက်တော်ရှပြီး ထွက်သွားချိန် ကျေးရွာတွေမှာ အငတ်ဘေးကြီး ကြုံရပါတော့တယ်။ တစ်ရွာပြီးတစ်ရွာ အငတ်ဘေးကြောင့် သေကြေပျက်ဆီးနေကြချိန် တစ်နေ့မှာတော့ ယန်ကတ်တရာမူဒူကို နတ်ဘုရားမက အိပ်မက်ပေးပါတယ်။ ဒါနဲ့ ယန်ကတ်တရာမူဒူက ဗိမာန်တော်ဆောက်ပြီး နတ်ဘုရားမကို ကိုးကွယ်အမှုပြုတဲ့အချိန်မှာတော့ ရွာကလေးက ပြန်သာယာလာပေမဲ့ သူ့မျိုးဆက်တစ်ယောက် ဗိမာန်တော်မှာ အောက်လမ်းအတတ်တွေ လုပ်နေတယ်ဆိုပြီး နတ်ဘုရားမ အမျက်တော်ရှလို့ ပြန်ထွက်သွားချိန် ရွာလည်းအငတ်ဘေးပြန်ဆိုက်ပါတော့တယ်။ ဒီမှာပဲ အောက်လမ်းအတတ်လုပ်ပါတယ်လို့ စွပ်စွဲခံရသူလည်း သေဆုံး ကျန်ခဲ့တဲ့သားငယ်လေးနဲ့ အဘွားအိုကြီးလည်းရွာပြင်ကိုနှင်ထုတ်ခံလိုက်ရပါတော့တယ်။ ကျန်ခဲ့တဲ့ သားငယ်လေး ကြီးပြင်းလာချိန်မှာတော့ အမှန်တရားတွေ ထူးခြားဆန်းကြယ်မှုတွေကို ကြုံတွေ့လာရတဲ့အခါ….။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

7 2024 129 mins
Jathara
[18+] Celestina: Burlesk Dancer
7.6

Celestina: Burlesk Dancer (20224) IMDb Rating (7.6) Celestina: Burlesk Dancer ဟာ Lovely Ladies Dormitory တစ်ကားထဲနဲ့ပွဲဦးထွက်မှာတင် ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ Yen Durano လေးရဲ့ပထမဆုံးရုံတင်ကားကြီးဖြစ်ပြီး VMX အတွက်တော့ Unang Tikim နောက်ဒုတိယဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၄၀ ဝန်းကျင် ဖိလစ်ပိုင်နိုင်ငံရဲ့ မငြိမ်မသက်ကာလတစ်ခုကိုအခြေခံထားတာပါ။ ဆယ်လက်စ်တီးနား သို့မဟုတ် တီနေးဟာ လင်ဆိုးမယားဘ၀နဲ့ရင်ဆိုင်ရုန်းကန်နေရပါတယ်။ ခင်ပွန်းဖြစ်သူဟာ ရခဲ့သမျှအမွေတွေကိုရောင်းစားရင်း၊ လောင်းကစားလုပ်မိန်းမရှုပ်ရင်းအချိန်ကုန်ပြီးလက်ကြောမတင်းတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ဆက်သည်းမခံနိုင်တော့တဲ့နောက် သားဖြစ်သူလက်ကိုဆွဲပြီး ဘ၀သစ်စဖို့ တီနေးထွက်လာခဲ့ပါတယ်။ အဲ့ဒီမှာမှ ပဒေသာဇာတ်ရုံတစ်ခုမှာ burlesque ကချေသည်အဖြစ် အလုပ်ဝင်ရင်းလီယန်ဒရိုဆိုတဲ့ ဂျပန်တော်လှန်ရေးသမားလေးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ခဲ့မိပါတယ်။ဘ၀သစ်မှာနေသားတကျပျော်မွေ့နေတဲ့ တီနေးဆီကို တဖန်ပြန်ရောက်လာခဲ့တဲ့ ကြမ္မာဆိုးကတော့ ခင်ပွန်းဟောင်းဖြစ်သူပါပဲ။ အခုချိန်မှာ သူ့ခင်ပွန်းဟာ ဂျပန်အလိုတော်ရိတစ်ယောက်အဖြစ်ကောင်းစားနေပါပြီ။ လှုပ်လှုပ်ခတ်ခတ် နိုင်ငံရေး အခြေအနေ၊ဆန့်ကျင်ဘက်တွေဖြစ်နေကြတဲ့ ချစ်သူနဲ့ခင်ပွန်းဟောင်း၊ သားတစ်ယောက်တို့ကြားက တီနေးရဲ့အနိမ့်အမြင့်အတက်အကျတွေကို လိုက်ပါစီးမျောခံစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (750 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:59:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Drama • Comedy • Romance
7.6 2024 119 mins
[18+] Celestina: Burlesk Dancer
Kabuliwala
5.5

Kabuliwala (2024)”ကာဘူလီဝါလာ” ============================= အိန္ဒိယ ဂန္ထဝင်ကဗျာဆရာ၊ စာရေးဆရာကြီး ရာဘင်ဒြာနတ်တဂိုးရေးသားခဲ့တဲ့ ဝတ္ထုတိုကို ပြန်လည်အသက်သွင်းထားတဲ့ ဟင်ဒီစကားပြော ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းကိုပဲ ၁၉၆၁ ခုနှစ်တုန်းကလည်း ရုပ်ရှင်တစ်ခုထွက်ရှိခဲ့ပြီး အခုရုပ်ရှင်ကတော့ ၁၉၆၁ ခုနှစ်ရုပ်ရှင်ရဲ့ Remake ဖြစ်ကာ မင်းသားကြီး မီသွန်းချာကရာဘော်တီက ကာဘူလီဝါလာနေရာကနေ သရုပ်ဆောင်ပါဝင်ထားပါတယ်။ ရုပ်ရှင်နာမည်ဖြစ်တဲ့ ကာဘူလီဝါလာဆိုတာကတော့ အဝေးကြီးကနေ အိန္ဒိယကို အလုပ်လာလုပ်ကြတဲ့ အာဖဂန်နွယ်ဖွားတွေကို အိန္ဒိယကလူတွေခေါ်ကြတဲ့နာမည်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၆၀ ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။ အာဖဂန်နစ္စတန် နယ်စပ်မှာတည်ရှိပြီး ရွှံ့နဲ့လုပ်ထားတဲ့အိမ်လေးတွေရှိတဲ့ ရွာလေးတစ်ရွာမှာ ရာမတ်နဲ့ ရာဇီယာဆိုတဲ့သားအဖနှစ်ယောက်ရှိပါတယ်။ ရာဇီယာလေးဟာ ရာမတ်တို့ဇနီးမောင်နှံ အသက်ကြီးမှရတဲ့ သမီးဦးလေးဖြစ်ပြီး ရာမတ်ရဲ့ဇနီးကတော့ ဆုံးပါးသွားခဲ့ပါပြီ။ သူတို့ရွာလေးဟာ ကန္တာရထဲမှာရှိတဲ့ နယ်စပ်ရွာလေးဖြစ်တဲ့အတွက် အစာရေစာရှားပါးပြီး အသက်ရှင်ရပ်တည်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အဲဒီလိုနဲ့ ရပ်တည်ဖို့ကြိုးစားရင်း အကြွေးတွေတင်လာတဲ့အတွက် ရာမတ်ဟာ သူ့သမီးလေးကို အဘွားဖြစ်သူနဲ့ထားခဲ့ကာ ကာလကတ္တားကို အလုပ်သွားလုပ်ဖို့ဖြစ်လာပါတယ်။ အသက်ရှင်ရပ်တည်ရေးအတွက် သမီးလေးနဲ့ မိုင်ထောင်ချီအဝေးမှာ အလုပ်လုပ်နေရတဲ့ရာမတ်ဟာ သူ့သမီးလေးနဲ့တူတဲ့ မီနီဆိုတဲ့ကလေးမလေးနဲ့ သားအဖသံယောဇဉ်ဖြစ်လာပုံကို လွမ်းစရာကောင်းအောင်၊ ရင်နင့်စရာကောင်းအောင် ပုံဖော်ပြထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Western • Action • Drama • Romance • Thriller
5.5 2024 101 mins
Kabuliwala