YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Jersey [2019] (MM Sub).mp4

1.17 GB 720p video/mp4 367 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spirit Halloween: The Movie
6.4

~ Rotten Tomatoes - 55% ~ အားလုံးကို ဟောလို၀င်းအမှီ ဟောလို၀င်း vibe အပြည့်ရစေမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Rating တွေက မစုတ်တစုတ်ဖြစ်‌နေသလို Effect တွေကလည်း မကောင်းတ‌ကောင်းပေမယ့် ၁နာရီခွဲစာလောက် အချိန်ဖြုန်းချင်သူတွေအတွက်တော့ အဆင်ပြေမယ့်ကားလေးပါ။ လူပျိုဖော်၀င်စ သူငယ်ချင်းသုံးယောက် ဟောလို၀င်းကို ခါတိုင်းနှစ်နဲ့မတူဘဲ ဖြတ်သန်းချင်လို့ ပေါက်ကရလေးဆယ်လုပ်ရင်းနဲ့ မြို့ရဲ့ဒဏ္ဍာရီထဲက ဝိညာဉ်ကိုနှောင့်ယှက်မိသွားတဲ့အခါမှာတော့ အဲဒီဝိညာဉ်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဟာသလေး‌တွေနဲ့ စခွီထရင်း ကြည့်ရှုရမှာပါ။ မိသားစုနဲ့အတူကြည့်ရင်း ဟာသလေးတွေနဲ့ fun ဖြစ်နိုင်တဲ့ကားမျိုးမလို့ တင်ဆက်ပေးလိုက်ရပါတယ်။ Deep plot တွေဘာတွေ မမျှော်လင့်ထားဘဲ ပေါ့ပေါ့ပါးပါးကြည့်ရင် အဆင်ပြေတဲ့ကားလေးပါ။ သရဲကားလည်းကြည့်ချင်တယ်၊ ကြောက်လည်း ကြောက်တတ်တယ်ဆိုတဲ့သူတွေလည်း လုံးဝလက်လွှတ်မခံသင့်တဲ့ကားဆိုတာကို သရဲကိုတွေ့တဲ့အချိန်မှာ သဘောပေါက်သွားပါလိမ့်မယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 851MB Quality - 1080p, 720p IMDb Rating - 4.3/10 Format - mp4 Duration - 1H 27Min Genre - Adventure, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Adventure • Animation • Family • Science Fiction
6.4 2022 87 mins
Spirit Halloween: The Movie
The Dead Don't Die
5.4

သေခြင်းတရားဟာ မသေဆုံးပါဘူး။ အဆို‌တော်တစ်ယောက်ရဲ့နာမည်ကြီးဇာတ်ဝင်သီချင်းတစ်ပုဒ်။ လူ‌တွေဟာ Polar Fracking ကနေ စွမ်းအင်ထုတ်ယူ သုံးစွဲခဲ့ကြတယ်။ အလွန်အကျွံ သုံးစွဲမှုတွေရဲ့နောက်ဆက်တွဲ အနေနဲ့ ကမ္ဘာ‌‌မြေကြီးဟာ Polar Fracking ကြောင့် သူ့ဝင်ရိုးပေါ်ကနေ တိမ်းစောင်းခဲ့ပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ..... နေ့အလင်းရောင်ဟာ တော်တော်နဲ့မကုန်တော့ပါဘူး။ နေ့တာရှည်လာပါတယ်။ ရေဒီယိုတွေ လိုင်းမကောင်းချင်တော့ပါဘူး။ ဖုန်းလိုင်းတွေ ပြတ်တောက်ကုန်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေ ပျောက်တဲ့ကောင်ပျောက်ကုန်ပါတယ်။ အမူအကျင့်တွေ ‌ပြောင်းလဲကုန်ပါတယ်။ အဲဒီထက် ဆိုးတာကတော့ ဒီဇာတ်လမ်းရဲ့ ခေါင်းစဉ်အတိုင်းပါပဲ။ သေဆုံးခြင်းက မသေဆုံးတော့တဲ့အခါ ..... တစ်နည်းအားဖြင့် သေပြီးသားလူတွေ အသက်ပြန်ရှင်လာကြတဲ့အခါ ..... ခင်ဗျားတို့ရော တွေးကြည့်ဖူးလား????? Zombie ကားကို အတွေးအခေါ်တစ်မျိုးနဲ့ ထပ်ကြည့်ကြည့်ပါ။ Horror ကား ကောင်းကောင်း ကြိုက်တတ်သူများ လက်မလွှတ်စေချင်ပါဘူး။ အဲ ..... တစ်ခု လက်တို့စရာ ကျန်သွားလို့ Selena Gomez လေးလည်း ပါတယ်ဗျ။ ? ? ?? ? ဘာသာပြန် နဲ့ Review ကတော့ August ပါ။

Drama
5.4 2019 104 mins
The Dead Don't Die
Nanny McPhee and the Big Bang
6.1

Nanny McPhee and the Big Bang (2010) ================================ နာနီမက်ဖီးရဲ့ နောက်ဆက်တွဲအနေနဲ့ ဒုတိယကား ထပ်မံထွက်ရှိလာပါတယ်. ဘယ်လိုမှဖြေရှင်းလို့မရဘူးလို့ ထင်ရတဲ့ ပြဿနာတွေ တစ်ပုံတစ်ပင်နဲ့ မိသားစုတစ်စုဆီကို ကယ်တင်ဖို့ ထပ်မံရောက်ရှိလာရပါပြီ။ စစ်ပွဲကာလနောက်ခံထားပြီး ကျေးလက်ဒေသ အငွေ့အသက်ကလေးတွေ ပါတဲ့ ဒီဇာတ်လမ်းမှာ ဝမ်းကွဲတွေ လာလည်ကြတဲ့ ထုံးစံ၊ ကျေးလက်ဒေသက ကလေးတွေရဲ့ အမူအကျင့်တွေ၊ နေထိုင်မှုထုံးစံတွေနဲ့ ဒီဇာတ်လမ်းမှာတော့ ပြဿနာတွေ ဖြေရှင်းဖို့ ရောက်လာတဲ့ နာနီမက်ဖီးကို ဘယ်လိုအခက်အခဲ တွေက ကြိုဆိုနေမလဲ. မိသားစုတစ်စုမှာ ဘယ်လိုအရာတွေ လိုအပ်မလဲ. ဆိုတာကို သင်ခန်းစာပေးသွားမလဲ ဆိုတာကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.67GB / 693MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 49m Genre ….. Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

Action • Adventure • Drama
6.1 2010 109 mins
Nanny McPhee and the Big Bang
Dada
8.5

Dada (2023) IMDb-8.5/10 ရုံတင်ငွေငါးဆမကမြတ်ခဲ့တဲ့ 2023 နောက်ဆုံးထွက် ဆယ်ကျော်သက်အချစ်ရူးလေး မာနီနန်ကန်နဲ့ စင်ဒူတို့ရဲ့ ဘဝဇာတ်လမ်းလေး ဇာတ်လမ်းအညွှန်း မာနီနဲ့ စင်ဒူတို့နှစ်ယောက်ဆယ်ကျော်သက်အရွယ်မှာပဲ အချစ်နယ်ကျွံပြီး ကိုယ်၀န်ရသွားချိန်မှာ နှစ်ဖက်မိဘကလည်းမထောက်ပံ့ ကိုယ်ထူကိုယ်ထရပ်တည်ကြရပါတော့တယ် ကျောင်းစာတစ်ဖက်အလုပ်တစ်ဖက်နဲ့၀င်ငွေဟာ အိမ်စရိတ် မီးဖွားစရိတ် ဘာမှမလုံလောက်ခဲ့ပေမယ့် အချစ်လတ်လတ်ဆတ်ဆတ်တွေနဲ့ ဒုက္ခပင်လယ်ကြား ပြုံးပျော်နေကြတုန်းပါပဲ ဒါပေမယ့် တူနှစ်ကိုယ်တဲအိုပျက်မှာ ထမင်းကြမ်းခဲ ဘာညာသာရကာဆိုတာ ပိုးစိုးပက်စက်ဂျင်းဆိုတဲ့အကြောင်းကို ဇာတ်ကားလေးမှာ အောင့်သီးအောင့်သက်နဲ့ကြည့်ရှုရမှာပါ အခက်အခဲတွေကြားက မိတ်ဆွေတွေ အိမ်ထောင်ရေးမှာ ချစ်ကြည်နူးတစ်တီတူးပြီးရင် ကြုံတွေ့ရမဲ့လက်တွေ့ဘဝတွေ သားသမီးဆိုတာ ဘယ်လိုပျိုးထောင်ရလဲဆိုတဲ့ ဘဝမှန်ကူကွက်တွေကို ပေါ့ပေါ့ပါးပါးပါးနဲ့ အတွေးများစေရမဲ့ ဇာတ်ကားလေးပါ က‌ဗျာဆရာတစ်ယောက်ရဲ့ စာသားလေးနဲ့ပဲ အညွှန်းကို အဆုံးသတ်ပေးပါရစေ ကျွန်တော်တို့အချစ်ကိုကိုးကွယ်ခဲ့ဖူးတယ်….. လောကဓံနဲ့ ရင်ဆိုင်တွေ့ချိန်မှာတော့ အချစ်ဟာ အငွေ့ပျံပြီး ရှောင်ပြေးသွားခဲ့တယ်……

Drama • Romance • Mystery
8.5 2023
Dada
Walking with the Enemy
6.5

ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကိုကိုးကားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ ဂရမ်မီဆုရှင် မင်းသားကြီး Ben Kingsley က ဟန်ဂေရီနိုင်ငံခေါင်းဆောင်ရီဂျန့်ဟော်သီ အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအပိုင်းအခြားက ဟန်ဂေရီနိုင်ငံသား ဂျူးလူမျိုးကောင်လေးတစ်ယောက်ဟာ နာဇီတွေဝင်ရောက်လာပြီးနောက် အလုပ်သမားစခန်းကိုပို့ခံလိုက်ရပါတော့တယ်။ အလုပ်သမားစခန်းမှ မိသားစုဝင်တွေဆီကို သက်စွန့်ဆံဖျားစခန်းကနေ ခိုးထွက်ပြီးပြန်လာတဲ့အချိန်မှာ မျှော်လင့်ထားသလို မိသားစုဝင်တွေကို မတွေ့ရတော့သောအခါ မိသားစုဝင်တွေကို လိုက်ရှာရင်း ရင်ဆိုင်ရတဲ့ အခက်အခဲတွေ။ ရန်သူတွေကြားထဲကို အယောင်ဆောင်ဝင်ရောက်ပြီး မိမိလူမျိုးတွေကို တက်နိုင်သမျှကယ်တင်ပုံတွေ။ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ နာဇီတွေ ဂျူးတွေအပေါ်ရက်စက်ကြမ်းကြုတ်ပုံတွေ၊ နိုင်ငံရေးလှည့်ကွက်တွေအပြင် စစ်ပွဲရဲ့ ရက်စက်ပုံတွေကို ကွင်းကွင်းကွက်ကွက် ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size… 1.90 GB / 772 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 2h 4m Genre ….. Action , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Eunice

Drama • Comedy • Crime
6.5 2013
Walking with the Enemy
[18+] Call Me Alma

Call Me Alma (2023) လူအမျိုးမျိုး စိတ်အထွေထွေရှိကြသလို ပြည့်တန်ဆာတွေမှာလည်း အမျိုးမျိုးစရိုက်အဖုံဖုံရှိကြတယ်။ ဒူးထောက်ရတာ သဘောကျတဲ့ ဘာသာရေးကိုင်းရှိုင်းသူတွေ၊ အချင်းချင်းဖြတ်ခုတ်တဲ့ လောဘသားတွေ၊ ဝါသနာပါလို့ ဒီအလုပ်လုပ်ကြတဲ့သူတွေ၊ တကယ့်ပရော်ဖက်ရှင်နယ်ဆန်ဆန် အလုပ်တစ်ခုလိုသာ သဘောထားသူတွေ စသဖြင့် အမျိုးမျိုးပေါ့လေ။ သူတို့အများစုရဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ ဒီဘဝကကယ်တင်ပေးမယ့်၊ သူတို့ကိုမြတ်မြတ်နိုးနိုးလက်ထပ်ယူမယ့် ကယ်တင်ရှင်တစ်ယောက်ယောက်ကိုပါပဲ။ ကျွန်မမှာတော့ အဲဒီလို အတွေးအယူမှား မျှော်လင့်ချက်အမှားတွေမရှိဘူး။ သူတို့အားလုံးနီးပါး နာမည်အတုတွေသုံးလေ့ရှိကြပေမဲ့ ကျွန်မကတော့ မသုံးဘူး။ ကျွန်မနာမည် “အယ်လ်မာ” ပါ။ အယ်လ်မာက ဒီဘဝမှာပျော်ပျော်နေသလို မနက်ဖြန်ကိုလည်း သိပ်မစဉ်းစားပါဘူး။ သူ့ဘဝရဲ့အတိတ်ဆိုးတွေကို ပြောပြလေ့မရှိသလို ပြန်တွေးနေတာမျိုးလည်းမရှိပါဘူး။ သူဟာ ပစ္စုပ္ပုန်ကိုပဲ တည့်တည့်ရှုမြင်လေ့ရှိသူပါ။ ဒါပေမဲ့ သူ့ဘဝထဲကို အတိတ်ကသူ့မိခင်ဆိုသူ ရှီလာဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက် ချဥ်းနင်းဝင်ရောက်စပြုလာချိန်မှာ အယ်လ်မာဘယ်တုန်းကမှခေါင်းထဲမရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့အရာကို ခံစားမိစပြုလာပါတယ်။ အားလုံးရဲ့ အချစ်တော်လေး Azi Acosta ရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ တော်တော်မိုက်ပါတယ်။ ရှုစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 755MB Quality – 1080p, 720p Format – mp4 Duration – 1H 30Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

0 2023
[18+] Call Me Alma
The Woman in the Storm
6.2

မိသားစုတော်တော်များများမှာ အိမ်တွင်းဒုက္ခတွေကိုအပြင်ကိုထုတ်မပြောတတ်ကြဘူး။ ရွှီမင်ဟာ အလုပ်အကိုင် ရုပ်ရည်အားလုံးပြည့်စုံတဲ့မိန်းမတစ်ယောက်ပါ။ ဒါပေမယ့် သူ့မှာထုတ်ပြောဖို့ခက်တဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်။ ထိန်းချုပ်လိုစိတ် ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကွဲခြင်းဟာ ရှက်စရာလို့ယူဆတဲ့ အာရှနိုင်ငံသားတစ်ယောက်အနေနဲ့မလွယ်ကူတဲ့အပြင် ငယ်ရွယ်သေးတဲ့ကလေးတွေလဲရှိသေးတာကြောင့် ပတ်ဝန်းကျင်ဖိအားတွေ အိမ်တွင်းဖိအားတွေ အဘက်ဘက်ကနေခံစားနေရပါတယ်။ အဲဒီအချိန်မှာ ရှေ့နေလိုင်စင်ရခါစ ရှေ့နေပေါက်စမလေးဟာ စာနာစိတ်ကိုအရင်းခံပြီးသူ့ကိုကူညီခဲ့ပါတယ်။ ကွာရှင်းခွင့်ရလိုက်ပေမယ့် ကလေးနှစ်ယောက်ကို တစ်ယောက်စီခွဲပြီး အုပ်ထိန်းခွင့်ရတဲ့အတွက် ပြဿနာတွေဟာပြီးမသွားပါဘူး။ ယောင်္ကျားဖြစ်သူက ဘယ်လိုတွေလိုက်တွယ်ကပ်ပြီး မိန်းမဖြစ်သူကိုဒုက္ခလိုက်ပေးနေမလဲ…… ကွာရှင်းထားတဲ့မိဘကြောင့် ခွဲနေရတဲ့သနားစရာ ကလေးတွေကိုပါ ဘယ်လိုအသုံးချနေမလဲ…… လူတွေကိုအပေါ်ယံပဲကြည့်ပြီး ဆုံးဖြတ်လို့မရတဲ့အကြောင်း အိမ်တွင်းအကြမ်းမှုဟာဘယ်လောက်ကြောက်ဖို့ ကောင်းကြောင်းကို ပညာပေးရိုက်ပြထားတာပဲဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကိုဆန့်ကျင်တဲ့ ပညာပေးဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

6.2 2023
The Woman in the Storm
Cast Away
7.8

2000 ခုနှစ်က ထွက်ရှိခဲ့တဲ့ Cast Away ဇာတ်ကားမှာဆိုရင် မင်းသားကြီး Tom Hank ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ဒီဇာတ်ကားဟာ. အောင်မြင်မှုတွေများစွာရရှိခဲ့ပါတယ် ပါဝင်ရိုက်ကူးသမျှ ဇာတ်ကားတိုင်းကို အောင်မြင်စေသည့် မင်းသားတစ်လက်ဟုပင် တွမ်ဟန့်ခ်စ်ကို ညွှန်းဆိုရမှာဖြစ်ပါတယ်… Forrest Gum၊ Big၊ Sleepless in Seattle၊ Apollo 13၊ Saving Private Ryan၊ Catch Me If You Can၊ The Green Mile၊ Cast Away၊ Toy Story အစရှိသည့် ဇာတ်ကားများတွင် ဟန့်ခ်စ်ပါဝင်ခဲ့ပြီး ယင်းရုပ်ရှင်များ ရုံတင်ရာမှ ရရှိသည့် ရုံဝင်ကြေးသည် အမေရိကန် တစ်နိုင်ငံတည်းတွင်ပင် ဒေါ်လာ ၄.၂ ဘီလီယံမျှ ရှိခဲ့ပါတယ်.. တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဆိုလျှင်မူ အဆိုပါ ငွေပမာဏ၏ နှစ်ဆအထိ တိုးသွားမည်ဖြစ်ပါတယ်… အော်စကာနှစ်ဆုရှင် ဟန့်ခ်စ်ကို ဟောလိဝုဒ် သမိုင်းတွင် အကျိုးအမြတ် အဖြစ်ထွန်းဆုံး စာရင်းဝင် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံထားရပြီး သူ့ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ကြွယ်ဝမှုမှာမူ ဒေါ်လာသန်းပေါင်း ၃၅၀ ကျော်မျှ ရှိပါတယ်… Cast Away ကြည့်ခဲ့သမျှတွေထဲက စိတ်ထဲ စွဲနေအောင်ကျန်ရစ်ခဲ့တဲ့ကားတွေကို ပြောရမယ်ဆိုရင် Tom Hanks သရုပ်ဆောင်ထားတဲ့ Cast Away ကို ပထမဆုံး ပြောချင်ပါတယ်။ တစ်ကားလုံးမှာ ကျွန်းတစ်ကျွန်းပေါ်က ဇာတ်ကောင်တစ်ယောက်တည်း သရုပ်ဆောင်သွားတယ်။ တစ်ယောက်တည်း သရုပ်ဆောင်သွားတယ်ဆိုပေမဲ့ လုံးဝရိုးအီသွားခြင်းမရှိဘူး။ အဲ့ကားထဲမှာ မင်းသားက ပစ္စည်းတွေပို့တဲ့ ကုမ္ပဏီတစ်ခုမှာလုပ်တယ်။ သင်္ဘောနဲ့ ပစ္စည်းသွားပို့တဲ့အခါ သင်္ဘောပျက်ပြီး လူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို တစ်ယောက်တည်း ရောက်သွားခဲ့တယ်။ သူလွတ်မြောက်ဖို့ အမျိုးမျိုး ကြိုးစားပေမဲ့ လုံးဝမရဘူး။ ၈ လလောက်ထိကြာ လာတယ်ပေါ့။ အဲဒီမှာ ဘယ်လောက်ထိ ကာရိုက်တာကိုလုပ်ပစ်လိုက်လဲဆို ခန္ဓာကိုယ်ကအစ အကုန်လုံး ပိန်ခြောက်သွားတဲ့အထိ လုပ်ချပစ်လိုက်တယ်။ နောက်ဆုံး သွေးပေသွားတဲ့ ဘောလုံးလေးကို လက်နဲ့ မျက်နှာပုံစံလေးဆွဲပြီး စကားပြောရတာ။ အရမ်းအထီးကျန်နေရတဲ့ ဘဝကိုပြလာတာ။ ဘာမှမရှိတဲ့ဟာကို အရှိလုပ်ပြီး ပြောနေတာ အိုက်တင်အရမ်းကိုကောင်းတယ်။ ကြာလာတဲ့အခါ ငါးတွေဘာတွေကစ မီးမကင်တော့ဘဲ အစိမ်းလိုက်စားလာတာ။ ဖြစ်သလိုနေတတ်လာတာ။ အာဟာရဖြစ်ဖို့အတွက်ပဲ လုပ်တော့တာပေါ့။ နောက်ဆုံး ဒီကနေမဖြစ်ဖြစ် အောင်ထွက်မယ်ဆိုပြီး လှေတစ်စင်းနဲ့ ဇွဲမလျှော့ဘဲ ထွက်ခဲ့တာပေါ့။ နောက်ဆုံး သူပြန်ရောက်လာ တာကို ကြိုဆိုတဲ့အနေနဲ့ ပွဲလုပ်တာ။ အဲဒီမှာ ဈေးကြီးတဲ့ ပင်လယ်စာ အစားအစာတွေ ပုစွန်တွေကျွေးတာပေါ့။ ဟိုမှာသူကအစိမ်းလိုက်စားလာတာတွေဆိုတော့ သူ့အတွက် ရယ်စရာမျိုးလေး ဇာတ်သိမ်းထားတာ။ မှတ်မှတ်ရရဇာတ်ဝင်ခန်း တွေဆိုရင် ဘောလုံးလေးနဲ့ စကားပြောတဲ့အခန်း တွေ အရမ်းကြိုက်တယ်။ ကြည့်နေရင်းနဲ့ ကိုယ်ပါ လိုက်ပြီးအထီးကျန်မှုကို ခံစားလာရတယ်။ တစ်ကားလုံးအရမ်းကို perfect ပါ။ တစ်ယောက်တည်း နဲ့ တည်ဆောက်ထားတဲ့ ဇာတ်လမ်းက အရမ်းကိုဆန်းကြယ်တယ်။ ပြီးတော့ ဖျော်ဖြေရေးသက်သက် မဟုတ်ဘဲ ဇွဲရှိဖို့တွေ၊ ဘဝမှာ မရောင့်ရဲ မတင်းတိမ်နိုင်ဘဲ စိတ်ဓာတ်ကျမနေဖို့တွေ၊ စဉ်းစားတွေးခေါ် စရာတွေ ထည့်ပေးထားတဲ့ ကားပါပဲ။ (ရုပ်ရှင်အညွှန်းများကို 7daydaily မှ စာပိုဒ် တချို့နှင့် သရုပ်ဆောင်မင်းသွေး ပြောကြားထားသော အင်တာဗျူးမှ ကောက်နုတ်တင်ပြထားသည် ) File size… 7.15 GB / 3.32 GB / 1.7 GB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 2h 23m Genre ….. Adventure, Drama , Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hades

7.8 2000
Cast Away
Chatrapathi

Chatrapathi (2023) “ချာထရာပတ်သီ” ချန်မရန်ရဲ့ Naayak (2013)ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ V. V. Vinayakရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကို Prime Videoကထုတ်လွှင့်ခဲ့ပြီဖြစ်လို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ချာထရာပတ်သီဆိုတာ မြန်မာလိုဆို ဧကရာဇ်မင်းပေါ့။ ရှီဗာကို လူထုက ချာထရာပတ်သီဆိုပြီး ကင်ပွန်းတပ်ကြတယ်။ နိုင်ငံရေးထဲမှာပါဝင်ပြီး လူထုကိုဒုက္ခပေးနေတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တွေကို ပြန်လည်တိုက်ခိုက်ပေးတဲ့အတွက်ပေါ့။ ရှီဗာက ပါကစ္စတန်ဘက်ကနေ ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်တစ်ဦး။ ထွက်ပြေးရင်း ပျောက်ဆုံးနေခဲ့တဲ့ အမေဖြစ်သူနဲ့ ညီလေးကို လိုက်ပြီးရှာနေခဲ့သူ။ ဆပ်ပ်နာဆိုတဲ့ အရာရှိအမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပြီး ဆပ်ပ်နာက ရှီဗာရဲ့အမေနဲ့ညီလေးကို ကူရှာပေးရင်း နှစ်ဦးသားချစ်ခင်စုံမက်ခဲ့တယ်။ ဒီလို လူပျောက်ရှာနေတဲ့ကြားထဲကမှ မွေးစားအဖေဖြစ်သူရဲ့ သားအရင်းအာရှို့ခ်ရဲ့ အငြိုးထားရန်လိုခြင်းကိုလည်း ခံနေရပြန်တယ်။ အာရှို့ခ်က ရှီဗာရဲ့ရန်သူတွေနဲ့ ပူးပေါင်းပြီး ရှီဗာကို ဒုက္ခပေးဖို့ကြံလာတဲ့အခါ…။ ရှီဗာတစ်ယောက် ပျောက်ဆုံးနေတဲ့ အမေနဲ့ညီလေးကို ရှာတွေ့ပြီး ချစ်ရသူနဲ့အတူတူ ပျော်ရွှင်စွာနေနိုင်သွားမလားဆိုတာ…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

0 2023
Chatrapathi
Trumbo
7.4

ဒီတစ်ခါမှာတော့ စာရေးဆရာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ Trumbo ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးထဲမှာ Breaking Bad ထဲမှမင်းသားကြီး Bryan Cranstonကပါဝင်သရုပ်ဆောင်ထားပြီး Malificent ထဲက မင်းသမီးလေး Elle Fanning လည်းပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ထရမ်ဘိုဟာ 1947 မှာဟောလိဝုဒ်ရဲ့အအောင်မြင်ဆုံးထိပ်သီးစာရေးဆရာတစ်ယောက်ပါ ဒါပေမဲ့ သူနဲ့အတူ အခြားအနုပညာရှင်တချို့ဟာ ကွန်မြူနစ်တွေအဖြစ် စုံစမ်းစစ်ဆေးခံရပြီး တရားရင်ဆိုင်ရပါတယ် နောက်ပြီး သူတို့တွေကို နာမည်ပျက်စာရင်းသွင်းပြီး သပိတ်မှောက်ကြပါတယ်။ ထရမ်ဘိုတို့ဟာလည်း အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုတွေမှာထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။ ထောင်ကထွက်လာပြီးနောက်မှာ သူ့ကိုဘယ်သူကမှအလုပ်တွဲမလုပ်ကြတော့ပါ မခေါ်မပြောနဲ့ဝိုင်းပြီးခွဲခြားခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့လိုအခြေအနေမှာတောင် ဒေါ်လ်တန်တစ်ယောက် စကားလုံးနဲ့ဥာဏ်ပညာကိုအသုံးချပြီး အကယ်ဒမီဆုနှစ်ဆုကိုရအောင်ယူပြခဲ့ပါတယ် အဲ့နောက်မှာတော့ နာမည်ပျက်စာရင်းဆိုတာကြီးကို ဖျောက်ဖျက်ဖို့သူဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ် ဒီဇာတ်ကားဟာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ အတ္ထုပ္ပတ္တိကိုရိုက်ကူးထားတဲ့ Biography Film အမျိုးအစားလေးပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre…Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

7.4 2015
Trumbo
Rescue Under Fire
6.2

Original Title: Zona Hotsil အာဖဂန်နစ္စတန် စစ်မြေပြင်ထဲက စပိန်တပ်မတော်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ MEDEVAC လို့ ခေါ်တဲ့ ဆေးဖက်ဆိုင်ရာ ဟယ်လီကော်ပတာတပ်ဖွဲ့အကြောင်းကို အဓိက အခြေပြုထားတာပါ။ MEDEVAC ၂ ဖွဲ့ထဲက တစ်ဖွဲ့ကို ရန်သူ့နယ်မြေထဲ ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့ဆိုပြီး စေလွှတ်ရာမှာ ဟယ်လီကော်ပတာဆင်းသက်ချိန် မြေမညီတဲ့အတွက် ဘီးချော်ပြီး ယာဉ်တိမ်းမှောက်ခဲ့ရပါတယ်။ အဲဒီမှာ အထဲကလူတွေ ထိခိုက်မှုမရှိပေမဲ့လည်း အသံတွေက ကျယ်လောင်ပြီး ရန်သူ့နယ်မြေထဲ ဖြစ်တဲ့အတွက် နောက်ထပ် ကယ်ဆယ်ရေးမလာခင် အသက်ရှင်ဖို့ လုံးပမ်းရမှာပါ။ တစ်ဖက်မှာလည်း စခန်းမှာက MEDEVAC ယာဉ် ၂ စီးပဲ ရှိတဲ့အတွက် ဒီပျက်ကျတဲ့တစ်စီးကို မရရအောင် သယ်ထုတ်မယ်ဆိုပြီး မဟာဗျူဟာနဲ့ နောက်နေ့ အရုဏ်တက်မှာ အရကယ်ဆယ်ဖို့ ကြံစည်ကြပါတယ်။ ဒီလိုနဲ့ ပျက်ကျတဲ့ MEDEVAC တပ်ဖွဲ့ရယ် စခန်းစောင့်တပ်ဖွဲ့တွေရယ် ကယ်ဆယ်ရေးမလာခင် တစ်ညတာကို ရန်သူတာဘီဘန် နယ်မြေထဲမှာ ဘယ်လိုမျိုး စွန့်စွန့်စားစားနဲ့ ဖြတ်သန်းရမလဲ ကယ်ဆယ်ရေးအချိန်မှီလာမလား ဟယ်လီကော်ပတာကိုလည်း သယ်သွားနိုင်ပါ့မလား စသဖြင့် ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် စပိန်ဖြစ်ရပ်မှန် စစ်ကားလေးပဲ ဖြစ်ပါတယ်။ IMDB မှာလည်း 6.2 ရရှိထားပါတယ်။ File size…1.55GB / 726MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

Action • Crime • Thriller • Horror
6.2 2017
Rescue Under Fire
Inshallah a Boy
7.2

Inshallah a Boy (2023) ~ IMDb – 7.2/10, Rotten Tomatoes – 100% ~ ဇာတ်ကားနာမည်လေးကတော့ ဘုရားပေးတဲ့သား ပါတဲ့။ အာရဗီ စကားပြောဇာတ်ကားဖြစ်ပြီး အစ္စလာမ်ဘာသာအဓိကကိုးကွယ်တဲ့ ဂျော်ဒန်နိုင်ငံမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဘာဆုညာဆုတွေ အများကြီးရထားပြီး ခရမ်းချဉ်သီးပုပ်အမှတ် ၁၀၀ အပြည့်ရထားတယ်ဆိုပေမဲ့ ကြည့်လိုက်မှ ဘယ်လောက် ကောင်းတယ်ဆိုတာ အတိအကျသိသွားပါလိမ့်မယ်။ ဇာတ်ကားတစ်ကားလုံး အသက်ကိုမရှုနိုင်လောက်အောင် မွန်းကြပ်နေသလိုခံစားရအောင် လုပ်နိုင်တဲ့ ဇာတ်ကားလေးပါပဲ။ ဇာတ်ကားစဖွင့်ဖွင့်ချင်းမှာပဲ ပရိသတ်ကို ဘဝသမားတွေဆိုတာ ဒါမျိုးကွဆိုပြီး ဗိုက်ကို လက်သီးနဲ့ထိုးလိုက်သလို အီဆောင့်သွားအောင်လုပ်လိုက်တာမျိုးနဲ့ စပါတယ်။ နောက်တော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ ဘဝပေးတဲ့ ဒူး၊ တံတောင်၊ ဖနောင့်တွဲလုံးတွေကို အတွဲလိုက်ပြသွားပါတယ်။ တော်တော်လေးကို Heavy ဖြစ်တဲ့ ဇာတ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အလုပ်လုပ်နေတဲ့ အိမ်ရှင်မတစ်ယောက် ယောက်ျားက ကောက်ခါငင်ခါ ဆုံးပါးသွားပါတယ်။ နှစ်ယောက်အလုပ်လုပ်နေတာတောင် မလောက်ငနိုင်တဲ့ အိမ်ထောင်ကို တစ်ယောက်တည်း ထောက်ပံ့နိုင်ဖို့အားမတင်းနိုင်ခင်မှာပဲ ကွယ်လွန်သူအမျိုးသားရဲ့ အကြွေးတွေကပေါ်လာပါတယ်။ ကားကို အရစ်ကျနဲ့ ဝယ်ထားပြီး လေးလစာ အကြွေးပေးဖို့ကျန်နေတာပါ။ ကွယ်လွန်သူကြီးဆီက ရစရာအမွေဆိုလို့ ကားတစ်စီး အိမ်တစ်လုံးနဲ့ ကားဖိုးငွေကျန်တဲ့ အကြွေးတွေပဲရှိပါတယ်။ အိမ်တန်ဖိုးကလည်း ပိုက်ဆံအပြည့်မသွင်းရသေးပါဘူး။ အဲဒါနဲ့တင် မပြီးသေးပါဘူး အကြွေးရှင် ကွယ်လွန်သူရဲ့ အစ်ကိုအရင်းက ရှရီယာဥပဒေအရ ဇနီးဖြစ်သူက သားယောက်ျားလေးမမွေးထားရင် ကွယ်လွန်သူချန်ခဲ့တဲ့ အမွေတွေကို မောင်နှမတွေနဲ့ ကျန်ရစ်သူမိသားစု တစ်ပုံစီ အညီအမျှခွဲဝေယူရတဲ့အတွက် အမွေမှုကိုတရားရုံးတင်လိုက်ပါတယ်။ မသိတဲ့အကြွေးကထပ်တင်သွားတဲ့အပြင် အပျိုဘဝကရထားတဲ့ အမွေတွေ၊ တင်တောင်းငွေ (ဥပဒေကြောင်းအရ ဇနီးသည်က တင်တောင်းငွေကို ပိုင်ပါတယ်) တွေပါ ထည့်ပြီး ဝယ်ထားတဲ့ အိမ်၊ လစာထဲကနေ တစ်လတစ်ခါအရစ်ကျငွေသွင်းနေရတဲ့ အိမ်ကိုရောင်းပြီး ယောက်ျားရဲ့အမျိုးတွေဆီ ခွဲပေးရမယ့်အဖြစ်နဲ့ကြုံလာပါတယ်။ ယောက်ျားရဲ့ အလုပ်ကိစ္စအကြောင်းကလည်း ဘာမှမသိ၊ သူ့မှာ ရစရာငွေ ဘယ်မှာရှိလဲမသိ၊ ဒီကြားထဲ ဖောက်ပြန်နေတာကိုလည်း သိလိုက်ရသေးတယ်။ အကြွေးရှင် ခဲအိုက ကားရောင်းပြီး အကြွေးကိစ္စ အတင်းရှင်းဖို့လုပ်ပေမဲ့ ခင်ပွန်းသည်ရဲ့အမှတ်တရအနေနဲ့ ချန်ခဲ့တဲ့ကားလေးကို မရောင်းရက်သလို ရောင်းရရင်လည်း ယောက်ျားမောင်နှမတွေနဲ့ တစ်ပုံစီခွဲပြီးမှရမှာဆိုတော့ ပြေလည်နိုင်စရာမရှိတော့ တင်းခံနေရတာလည်း ပြဿနာတစ်ခုပါပဲ။ ကြံရမရာတဲ့အဆုံး ပြဿနာတွေ ဖြေရှင်းဖို့ အချိန်နည်းနည်းရသွားအောင် လမ်းဘေးမရောက်အောင် ကိုယ်ဝန်ရှိနေတယ်လို့ ဟန်ဆောင်လိုက်တာပါပဲ။ လင်ကလည်းသေ၊ အကြွေးကလည်းပူ၊ အလုပ်ကလည်းအဆင်မပြေ၊ ကိုယ်ပိုင်တာကိုတောင် ခွဲပေးနေရမယ့် အဖြစ်မျိုးကို ကြုံနေရလို့ ကိုယ်ဝန်ရှိနေတယ်လို့ ဟန်ဆောင်ရတဲ့ မိန်းမတစ်ယောက်ရဲ့ ဒုက္ခရောက်တဲ့ အကြောင်းပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 920MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 53Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

7.2 2023
Inshallah a Boy
One Piece: Clockwork Island Adventure
6.6

One Piece: Clockwork Island Adventure (2001) My Anime List – 7.08/10, IMDB Rating – 6.6/10 ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ movie ကောင်းလေးကတော့ One Piece Animation Series ရဲ့ ၂၀၀၁ ခုနှစ်တုန်းက ထွက်ရှိထားခဲ့တဲ့ ၂ ကားမြောက် movie လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဝရမ်းပြေးအဖြစ် ဆုကြေးငွေထုတ်ခံလိုက်ရတဲ့ Luffy တို့အုပ်စုက ကမ်းခြေတစ်ခုမှာ ပျော်ပွဲစားထွက် အနားယူနေရင်း Going Merry ဆိုတဲ့ သူတို့ရဲ့ ပင်လယ်ဓားပြသင်္ဘောကြီး အခိုးခံလိုက်ရပါသတဲ့။ ဘယ်သူခိုးသွားလဲဆိုတာ မသိဘဲ သူခိုးနောက်ကို လိုက်ကြရင်း ပင်လယ်ထဲမှာပဲ BorĹŤdo နဲ့ ‌Akisu ဆိုတဲ့ သူခိုးညီနောင်နဲ့ တွေ့သွားကြပါတယ်။ အဲဒီ သူခိုးညီနောင်နဲ့ တွေ့ပြီး သူတို့သင်္ဘောကို ခိုးသွားတာ နာရီစက်ကျွန်းပေါ်က Trump ပင်လယ်ဓားပြတွေဆိုတာ သိခဲ့ရပြီး BorĹŤdo တို့ ညီအစ်ကိုကလည်း အဲဒီနာရီစက်ကျွန်းပေါ်က စိန်နာရီဆိုတဲ့ ရတနာကို ခိုးချင်နေတာဖြစ်ကြောင်း ပြောလာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပင်လယ်ထဲမှာ Trump မောင်နှမတွေရဲ့ ပင်လယ်ဓားပြအုပ်စု‌နဲ့ ထိပ်တိုက်တွေ့ခဲ့ရပြီး Luffy တို့အုပ်စုထဲက Nami San ဆိုတဲ့ အလှလေးကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ စိန်နာရီကို ခိုးချင်တဲ့ BorĹŤdo ညီနောင်နဲ့ Nami San နဲ့ သူတို့ရဲ့ သင်္ဘော Going Merry ကို ပြန်လိုချင်တဲ့ Luffy တို့အုပ်စုဟာ နာရီစက်ကျွန်းကို အတူသွားဖို့ ဖြစ်လာကြတဲ့အခါ… ပန်းတိုင်တူနေကြတဲ့ အုပ်စုတွေ နာရီစက်ကျွန်းပေါ်က ထောင်ချောက်တွေအပြည့်ရှိနေတဲ့ Trump ရဲတိုက်ကို ဘယ်လို အရောက်သွားကြမလဲ Nami San နဲ့ Going Merry သင်္ဘောကိုရော Luffy တို့က ပြန်ရနိုင်ပါ့မလား၊ စိန်နာရီကိုရော BorĹŤdo ညီနောင်ကခိုးနိုင်ပါ့မလားဆိုတာ စိတ်ပါဝင်စားစွာနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ နောက်ပြီး သူငယ်ချင်းအုပ်စုတွေကြားက သံယောဇဥ်တွေ၊ ဘယ်လိုတွေ ပူးပေါင်းတိုက်ခိုက်ကြလဲဆိုတာအပြင် One Piece ရဲ့ ထုံးစံအတိုင်း Luffy တို့ သူငယ်ချင်းအုပ်စုရဲ့ စခွီတွေလည်းပါဝင်တော့ တစ်ကားလုံး မပျင်းရဘူးဆိုတာတော့ အ‌သေအချာပါပဲ။ စီးရီးမကြည့်ဖူးတဲ့ လူတွေအတွက်လည်း အဆက်အစပ်မရှိဘူးလို့ မခံစားရလေအောင် တစ်ကားတည်းမှာပဲ အစအဆုံး အကုန်ပြီးစီးတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပြီး စီးရီးကြည့်ပြီးသား သူတွေအနေနဲ့လည်း အသစ်အဆန်းလေးဖြစ်အောင် ဒီ movie လေးကို ကြည့်ရှုဖို့ ဖိတ်ခေါ််အပ်ပါတယ်ရှင်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ttmuswe ပဲဖြစ်ပါတယ်) File size… 1.4 GB / 620 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 55m Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant Translated by ttmuswe

Drama • History
6.6 2001 60 mins
One Piece: Clockwork Island Adventure
Drishyam Hindi Version
8.2

Drishyam (2015) Hindi Version IMDb Rating (8.2) / Rotten Tomatoes (78%) လေးတန်းအောင်ဇာတ်ကားလို့ ပြောတာနဲ့ မသိတဲ့လူမရှိတဲ့ အဂျေးရဲ့ Old but Gold ‌ဇာတ်ကားလေးကို အသစ်တစ်ဖန်မွမ်းမံပြီး ပြန်လည်တင်ဆက်ပေးထားပါတယ် အတန်းပညာတွေမသင်ယူခဲ့ရပေမဲ့ မိသားစုကို ပညာနဲ့မဟုတ်ဘဲ သင်ညာနဲ့ ကာကွယ်သွားပုံတွေက ထိုင်ရာကမထ ကြည့်ချင်စိတ်ပေါက်အောင် လုပ်ပေးနိုင်မှာ အမှန်ပါပဲ ရုံတင်ချိန်တုန်းကလည်း 197 ကုဋေထိရရှိခဲ့တဲ့ ဝက်ဝက်ကွဲပေါက်ကားလေးကို ပြန်လည်ခံစား ကြည့်ရှုလိုက်ပါဦးရှင် ဗီဂျေးဆိုတာက ဇာတ်ကားတွေကြည့်ရတာ အလွန်နှစ်သက်တဲ့လူပေါ့ ရပ်ကွက်ထဲက လူတစ်ယောက် အခက်အခဲရှိရင် သူ့ဆီပဲ အကူအညီသွားတောင်းကြပါတယ် ဗီဂျေးက ဇာတ်ကားတွေကြည့်ပြီး ဇာတ်ကားထဲကအတိုင်း ဖြေရှင်းချက်ပေးလိုက်ရင် အဆင်ပြေသွားတာက များပါတယ် ဒီလိုအဆင်ပြေပြေ ဖြတ်သန်းနေကြတဲ့ သူတို့မိသားစုဘဝထဲ ကံဆိုးမိုးမှောင်ကျရောက်လာတဲ့နေ့မှာတော့ ပုံမှန်နဲ့မတူ မိုးတွေသည်းကြီးမည်းကြီးရွာနေခဲ့တာပေါ့ ဒီမိုးကြောင့် အိမ်ပြန်မအိပ်ဖြစ်တဲ့ရက်ကျမှ အိမ်မှာကျန်နေခဲ့တဲ့မိသားစုက လူသတ်မှုကို ပူးပေါင်းကျူးလွန်မိပါတယ် သတ်လိုက်မိတဲ့လူကလည်း ကြမ်းပေ့ ရက်စက်ပေ့ဆိုတဲ့ အမျိုးသမီးရဲချုပ်ရဲ့ တစ်ဦးတည်းသောသားပါ ခုခံရင်းလက်လွန်သွားပေမဲ့ မနိုင်လောက်တဲ့အမှုဆိုတာသိလို့ အလောင်းဖွက်ရပါတော့တယ် ဒီကနေစပြီး ဗီဂျေးကရုပ်ရှင်တွေထဲကနေ သူရရှိထားတဲ့ ဉာဏ်ပညာနဲ့ သူ့ရဲ့လိမ္မာပါးနပ်မှုကို အသုံးချပြီး ရဲတွေရဲ့စစ်ဆေးမေးမြန်းမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ သူ့မိသားစုကို ဘယ်လိုကာကွယ်မလဲဆိုတာကို အသည်းတယားယား စောင့်ကြည့်ရမှာပါ ပညာတတ်မဟုတ်ပေမဲ့ သာမန်အဖေတစ်ယောက်ရဲ့ မယုံနိုင်လောက်စရာ ဉာဏ်ပညာနဲ့ မိသားစုကို ကာကွယ်ဖို့အတွက် သူဘယ်အထိ လုပ်ဆောင်နိုင်မလဲဆိုတာကို ပြသထားပါတယ် တစ်ခဏလေးတောင် မျက်စိလွှဲလို့မရအောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူ ကြည့်ရှုသူကို အဆုံးအထိ စိတ်လှုပ်ရှားစေမဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်ရှင် ( အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Alex~ Star ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ် ) ဒီဇာတ်ကားက သိပ်ကောင်းပေမယ့် မူရင်းတော့ မဟုတ်ခဲ့ဘဲ တောင်ပိုင်းက မလာယမ်စကားပြောရုပ်ရှင်ကို Remake ပြန်ရိုက်ထားတာဖြစ်ပါတယ်။ မူရင်း Malayalam Version ဖြစ်တဲ့ Drishyam (2013 ) က ၂၀၁၃ မှာ စတင်ထွက်ရှိခဲ့ပြီး တောင်ပိုင်းရဲ့နာမည်ကျော် မင်းသားကြီး မိုဟာလာနဲ့ရိုက်ကူးခဲ့ပေမယ့် လူသိပ်မသိခဲ့ဘဲ ဘောလိဝုဒ်က အဂျေးနဲ့ရိုက်မှပဲ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ မူရင်း Malayalam Version က ၂၀၂၁ ခုနှစ်မှာ Drishyam 2 ကိုဆက်ရိုက်ခဲ့ပြီး ဘောလိဝုဒ်ကလဲ Drishyam 2 (2022) ဆိုပြီး ထပ် Remake ခဲ့ပါတယ်။ ဆိုတော့ Hindi Version နဲ့ ၂ ကားရှိပြီး Malayalam Version နဲ့ ၂ ကားရှိပါတယ်။ ဘယ်မင်းသားကိုကြိုက်လဲပေါ်မူတည်ပြီး ကြည့်လို့ရပါတယ်။ Version ၂ ခုစလုံးက ဇာတ်လမ်းသွားလာအကုန်တူတာမလို့ ၄ ကားလုံးကြည့်ဖို့ မလိုအပ်ပါဘူး။

Comedy
8.2 2015 163 mins
Drishyam Hindi Version
[18+] Kandungan

Kandungan (2025) ကလိုဝီဟာ စာကြမ်းပိုးရိုးရိုးတုံးတုံးပုံနဲ့ အတွင်းစိတ်မှာတော့ အတော်ထန်တဲ့ကောင်မလေးတစ်ယောက်ပါ။ သူ့ရဲ့စိတ်ကူးယဉ်အိမ်မက်က သူ့ဘော့စ် လူဝီဖြစ်ပြီး လူဝီနဲ့သူဖြစ်ချင်တဲ့အကြောင်းတွေကို စာအုပ်တစ်အုပ်ထဲမှာကွက်ကွက်ကွင်းကွင်း မှတ်တမ်းတင်လေ့ရှိပါတယ်။ တစ်နေ့တော့ အဲ့ဒီစာအုပ်ကို လူဝီကကောက်တွေ့သွားခဲ့ပြီး ယောက်ျားပီပီရှေ့ဆက်လှမ်းလာချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ရုံးတွင်းဇာတ်လမ်းစတင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူလုံး၀မသိခဲ့တဲ့ တတိယလူတစ်ယောက်ဖြစ်တဲ့ လူဝီရဲ့ဇနီးလောင်း ဇာတ်လမ်းတွင်းကိုပါဝင်လာချိန်မှာတော့ သူ့အတွက် ရွေးချယ်ဆုံးဖြတ်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.1 GB) / (520 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:12:25 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Alvar Translated by Alias

Action
0 2025 71 mins
[18+] Kandungan