YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Jeongnyeon The Star is Born 2024 - Episode 06 - 720p [RMC].mp4

465.15 MB 720p video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Credimi!
6

Credimi! (2022) ~ IMDb rating - 7/10 ~ သားသားမီးမီးတွေနဲ့ တူတူကြည့်ဖို့အတွက် အီတလီ Superhero Fantasy ကားလေးပါ။ ဆာလ်ဗာတိုရဲဆိုတဲ့ ကောင်လေးဟာ စူပါဟီးရိုး လူစွမ်းကောင်းတွေကို အရမ်း သဘောကျပြီး ကိုယ်တိုင်လည်း စူပါဟီးရိုးတစ်ယောက်ဖြစ်ချင်နေတဲ့ ကလေးတစ်ယောက်ပေါ့။ Astroman လို့ခေါ်တဲ့ စီးရီးတစ်ခုက ဇာတ်ကောင်ဟာ သူ့ရဲ့ ဆရာသခင်ဖြစ်ပြီး သူဘာလုပ်လုပ် တိုင်တည်ရသူလည်းဖြစ်ပါတယ်။ ဆာလ်ဗာတိုရဲလေးရဲ့ နေ့စဉ်မပါမဖြစ် လုပ်ငန်းဆောင်တာတွေကတော့ သူ့မေမေရဲ့ဖုန်းနဲ့ Astroman စီးရီးကို ကြည့်တာ၊ သူ့မေမေရဲ့ဖုန်းကင်မရာနဲ့ Astroman ကို ပြောချင်တာလေးတွေ ဗီဒီယိုရိုက်ထားတာ၊ နောက်ပြီး ဘာအလုပ်လေးလုပ်လုပ် သူ့အတွက် စူပါဟီးရိုးဖြစ်ဖို့အတွက် လေ့ကျင့်နေတဲ့ Mission ပိစိလေးတွေလိုသဘောထားတာ။ ဒီလို စိတ်ကူးယဉ်ဆန်တဲ့ဘဝလေးထဲ သူ့မေမေရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းပေးဖို့ရာ စူပါ ပါဝါတစ်ခု ပွင့်စေဖို့ သူကြိုးစားတဲ့အခါမှာတော့… ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကလေးတစ်ယောက်ကို ဖုန်းတစ်လုံးပေးပြီး အလိုလိုက်ထားတဲ့ကားထက် ပိုတယ်မထင်မိပါဘူး။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ့် Fantasy နဲ့ကိုယ် ကျင်လည်တတ်ကြသမို့ သားသားမီးမီး ကြည့်ဖို့ပဲ ဒေါင်းဒေါင်း ကိုယ်တိုင်ကြည့်ဖို့ပဲ ဒေါင်းဒေါင်း ဒေါင်းကြည့်လိုက်ကြပါဦးလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 730MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 24Min Genre - Drama, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action
6 2022
Credimi!
Upstream Color
6.4

ဒီနေ့မှာတော့ တွေ့ရခဲတဲ့ ရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းကိုရေးတာ၊ ဒါရိုက်တာလုပ်တာ၊ ထုတ်ဝေတာတွေကို Shane Carruth တစ်ယောက်တည်းက လုပ်ထားတာပါ။ ဒါ့အပြင် ဇာတ်လမ်းထဲမှာ Jeff ဆိုတဲ့ ဇာတ်ကောင်ကိုလည်း သရုပ်ဆောင်ထားပါသေးတယ်။ ရုပ်ရှင်ရဲ့ ဘတ်ဂျတ်အနေနဲ့ ဒေါ်လာ 5,0000 လောက်ပဲ သုံးထားတယ်လို့လည်း ပြောထားပါတယ်။ ဇာတ်လမ်းဇာတ်ကွက်နဲ့ တည်းဖြတ်ထားပုံက ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းလို့ ခံစားကြည့်လိုက်ကြပါဦးနော်။ ဇာတ်လမ်းထဲက ဇာတ်ဆောင်နှစ်ယောက် Kris နဲ့ Jeff ကို အဖြူရောင် သန်ကောင်တွေက ထိန်းချုပ်ထားတာပါ။ အဖြူရောင် သန်ကောင်တွေရဲ့ ဇီဝစက်ဝန်းမှာ လူ-ဝက်-သစ်ခွပင်ဆိုတဲ့ လက်ခံသုံးခုကို ဖြတ်ပြီး ရှင်သန်နေကြပါတယ်။ Kris ဆီက ပိုက်ဆံခိုးချင်တဲ့ သူခိုးတစ်ယောက်က Kris ခန္ဓာကိုယ်ထဲကို သန်ကောင်ထည့်ပေးပြီး ထိန်းချုပ်ပါတယ်။ သူ့အမေကို ဓားစာခံအဖြစ်အဖမ်းခံရလို့ ပိုက်ဆံနဲ့ရွေးရမယ်ဆိုပြီး ပိုက်ဆံတွေ လိမ်ထုတ်သွားတယ်။ Kris ကလည်း သန်ကောင်ကြောင့် အိပ်မွေ့ချခံရပြီး ထိန်းချုပ်ခံထားရပါတယ်။ သတိဝင်သွားလို့ ကြည့်လိုက်တော့ သူ့ခြေလက်တွေမှာ သန်ကောင် ဖြတ်သွားနေတာ တွေ့ရပါတယ်။ နောက်တော့ သန်ကောင်ကို အသံလှိုင်းနဲ့ ထိန်းချုပ်ပြီး Kris ဝက်ခြံတစ်ခုကို ရောက်သွားပါတယ်။ သူ့ခန္ဓာကိုယ်ထဲက သန်ကောင်ကို ထုတ်ပေးပြီး နောက်လက်ခံတစ်ခုဖြစ်တဲ့ ဝက်ဆီကလို လွှဲပေးလိုက်ပါတော့တယ်။ Jeff ကတော့ ကုမ္ပဏီက ပိုက်ဆံတွေကို လိမ်ထုတ်သွားလို့ ထောင်ကျ လုနီးပါးဖြစ်ခဲ့တဲ့ အကျိုးဆောင်တစ်ယောက်ပါ။ Kris နဲ့ Jeff ရထားပေါ်မှာ တွေ့မိကြပြီး တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မိသွားကြပါတယ်။ Jeff ကလည်း Kris နဲ့ တစ်ပုံစံတည်း ကြုံတွေ့ခဲ့ရပြီး သန်ကောင်ရဲ့ ထိန်းချုပ်မှုကြောင့် သတိလွတ်ပြီး ကုမ္ပဏီငွေတွေကို လိမ်ထုတ်ခဲ့တာပါ။ လက်ရှိမှာတော့ သူတို့နှစ်ယောက်လုံးရဲ့ သန်ကောင်ကို ဝက်နှစ်ကောင်ဆီကို ပေးလိုက်ပြီး သူတို့ကလည်း ဝက်နှစ်ကောင်ရဲ့ ခံစားချက်တွေ အဖြစ်အပျက် တွေကို ခံစားနေရပါတယ်။ သန်ကောင်ထိန်းချုပ်တာ ခံနေရတဲ့ လူနှစ်ယောက် အချင်းချင်း ဆက်နွယ်မိကြပြီ း သူတို့ ပျောက်ဆုံးသွားတဲ့ အစိတ်အပိုင်းတွေကို ဘယ်လိုချိတ်ဆက်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File size…1.42GB / 602MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 36m Genre ..... Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Myat Thwe

Adventure • Comedy • Family • Fantasy
6.4 2013 96 mins
Upstream Color
Deinfluencer

Deinfluencer (2023) ယနေ့ခေတ်မှာ ကျွန်တော်တို့အားလုံးရဲ့နေ့စဉ်ဘဝမှာ Entertainment ကဏ္ဍက‌နေ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လာတဲ့အရာကတော့ Social Mediaပါပဲ။ Social mediaနဲ့ Influencer တွေရဲ့အရေးပါမှုက တစ်နေ့တခြား ပိုပိုနေရာယူလာမှုနဲ့အတူ Social media addiction နဲ့ပြဿနာတွေ၊ Cyber Bullying and Abuse တွေ တဖြည်းဖြည်းလိုက်ပါလာတာကိုတော့ ငြင်းမရပါဘူး။ ဒီလိုနဲ့ပဲ Social Media ရဲ့ ပြဿနာတွေကို လူတွေသိအောင် သတိထားမိအောင် ချပြတဲ့‌လူတွေ Influencer တွေကို ဆန့်ကျင်တိုက်ခိုက်မဲ့ deinfluencerဆိုတဲ့လူတွေ နေရာအနှံ့မှာ ပေါ်လာတော့တာပေါ့။ အခုတင်ဆက်ပေးမဲ့ရုပ်ရှင်လေးထဲမှာကတော့ Social media influencer တစ်ယောက်ဖြစ်တဲ့ . ကယ်လီဝီဗာဆိုတဲ့ ကောင်မလေး အစွန်းရောက် Deinfulencer ဖြစ်တဲ့ ချားလ်စ်ရဲ့လက်ထဲမှာ ဖမ်းခံထားရတာနဲ့ အစပျိုးထားပါတယ်။ ကယ်လီက Social Media မှာ ဖော်လိုဝါ ၅ သိန်းလောက်ရှိတဲ့ Cheerleader မလေးတစ်ယောက်၊ တစ်နည်း ကောင်လေးတွေရဲ့အသဲကို ဖမ်းစားထားတဲ့ကောင်မလေးပေါ့။ ကယ်လီတစ်ယောက် ချားလ်စ်ဆိုတဲ့ ဆိုက်ကိုဆန်ဆန် deinfluencerလက်ကနေ လွတ်မြောက်ဖို့ဆိုရင်တော့ ချားလ်စ်ရဲ့social media challenge တွေကို targetပြည့်အောင်လုပ်ရမှာပါ။ challenge ကျရှုံးမှုတိုင်းအတွက် ရက်စက်တဲ့တန်ကြေးတစ်ခုက‌ စောင့်ကြိုနေမှာပါ။ အဲဒီနောက်မှာတော့ …. မုဆိုးကျားကြီးချားလ်စ်ရဲ့ သားကောင်‌လေးလို ပုတ်ခတ်ကစားခံနေရတဲ့ ကယ်လီတစ်ယောက် လွတ်မြောက်မှုရနိုင်မလား။ ဒီလုပ်ရပ်အားလုံးရဲ့ နောက်ကွယ်ကရည်ရွယ်ချက်က ဘာဖြစ်မလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုလိုက်ရအောင်ပါ။ Social Media ဆိုတာ မရှိမဖြစ်နီးပါးလောက်ကို ဖြစ်လာတဲ့ ကယ်လီလိုလူမျိုးတွေရှိနေခဲ့ရင်တော့ Awareness တစ်ခုရအောင် ကြည့်သင့်တဲ့ရုပ်ရှင်လေးဖြစ်တာမလို့ မြည်းစမ်းကြည့်ဖို့ လက်တို့လိုက်ရပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller Quality…. 1080p | 720p | 480p File size… 955MB | 459MB | 230MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Comedy • Horror
0 2023
Deinfluencer
The Last Voyage of the Demeter
6.4

The Last Voyage of the Demeter (2023) ============================= IMDb Rating – 6.4/10 ရှေးခေတ် ဟော်ရာရုပ်ရှင်ကောင်းကောင်းတစ်ခုလာပါပြီ။ တကယ်တော့ ဒရက်ကူလာ ဇာတ်ကြောင်းတွေကို စိတ်ဝင်စားတဲ့သူဆိုရင်နာမည်ကြားတာနဲ့ မှတ်မိမှာပါပဲ။ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကြီးထဲမှာပါတဲ့ ဒမီတာဆိုတဲ့ လှေပါပဲ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒမီတာရဲ့ နောက်ဆုံးပင်လယ်ခရီးရှည် အကြောင်းပါပဲ။ ဒါရိုက်တာကတော့ André Øvredal ပါ။ သူက လူကြိုက် များခဲ့တဲ့ The Autopsy of Jane Doe နဲ့ Troll Hunter ကို ရိုက်ခဲ့တဲ့သူပါ။ အခုလည်း The Autopsy of Jane Doe စတိုင်ပဲ ဘယ်ကိုမှ ပြေးလို့လွှားလို့ မရတဲ့ အလုံပိတ်နေရာတစ်ခုထဲက မိစ္ဆာတစ်ကောင်ကို ဇာတ်လမ်းတည်ပြီး ရိုက်ကူးထားတာပါ။ မာလိမ်မှူး အဲလိယက်အဖြစ် Game of Thrones ထဲက ဆာဒါးဗို့စ်ဖြစ်တဲ့ Liam Cunningham က သရုပ်ဆောင်ထားပြီး၊ အန်နာအဖြစ် Game of Thrones ထဲမှာ လာယာနာစတာ့ခ်ဖြစ်တဲ့ Aisling Franciosi က သရုပ်ဆောင်ထားပါတယ်။ (ဒီဇတ်လမ်းနဲ့ ဆင်တူတဲ့ စီးရီးတစ်ခုလည်းရှိပါတယ်။ အက်မင်အကြိုက်ဆုံးစီးရီးတွေထဲက တစ်ခုပါပဲ၊ Dracula (2020) ဖြစ်ပြီး အပိုင်း ၃ ပိုင်းပဲရှိပါတယ်။ CM မှာ ကြည့်လို့ရပါတယ်)။ ဇာတ်လမ်းအကျဉ်း ဒမီတာဆိုတဲ့လှေရဲ့ မာလိမ်မှူး အဲလိယက်ဟာ သူ့ရဲ့အနား မယူခင် နောက်ဆုံးခရီးစဉ်အဖြစ် ငွေမြိုးမြိုးမြက်မြက်ရတဲ့ သီးသန့်အလုပ်တစ်ခု ကိုလက်ခံလိုက်ပါတယ်။ ဒါကတော့ ရိုမေးနီးယားက သေတ္တာအလုံး ၅၀ ကို အင်္ဂ လန်ကိုပို့ပေးဖို့ပါပဲ။ အဲဒီခရီးစဉ်အတွက် လက်ကျန်လှေထိုးသားတွေနဲ့မလောက်လို့ လှေထိုးသားအသစ်အဖြစ် ကလယ်မန်ဆိုတဲ့ လူမည်းဆရာဝန်တစ်ယောက်ကိုပါ ခေါ်လာခဲ့ပါတယ်။ အဲဒီလှေခရီးစဉ်တလျှောက် ထူးဆန်းတာတွေ ကြောက်စရာ တွေဖြစ်ပြီး လူတွေတစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အခါ…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(2.76 GB) / (1.34 GB) / (600 MB) Quality…………WEB-DL 4K / 1080p / 720p Duration………1Hr 58Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Fantasy, Horror Translator……Mr.Anderson Encoder……….SWM

6.4 2023
The Last Voyage of the Demeter
Father & Soldier
5.9

Father & Soldier (2022) ~ IMDb – 5.9/10, Rotten Tomatoes – 86% ~ ဒီရုပ်ရှင်နာမည်က ပြင်သစ်လိုဆိုရင် “Tirailleurs” လို့ခေါ်ပါတယ်။ အဓိပ္ပာယ်အရဆိုရင် အဲဒီခေတ်က ရှေ့တန်းမှာသုံးတဲ့ အာဖရိကတပ်သားတွေကို ရည်ညွှန်းတာပေါ့။ သူတို့တာဝန်က ရှေ့တန်းမှာကင်းစောင့်ရတယ်၊ ပစ်စရာရှိရင်ရှေ့ဆုံးကပစ်ရတယ်၊ ကျဆုံးစရာရှိရင်လည်း ဒုတိယမဟုတ်ခဲ့ကြဘူး။ အကြမ်းသုံးစစ်သည်တွေလို့ ယူဆလို့ရပါတယ်။ ပထမကမ္ဘာစစ်ကာလတုန်းက ပြင်သစ်ဟာ သူတို့ရဲ့အာဖရိကန်ကိုလိုနီနိုင်ငံတွေဆီကနေ အဲဒီလိုအကြမ်းခံစစ်သားတွေကို ခေါ်သုံးခဲ့ပါတယ်။ အကြမ်းနည်းတဖုံ အနုနည်းတဖုံပေါ့။ အကြမ်းနည်းဆိုရင် အာဖရိကန်ရွာတွေကို ဝင်စီးတယ်။ လူငယ်တွေကို ပေါ်တာဆွဲတယ်။ တပ်ထဲထည့်တယ်။ အနုနည်းဆိုရင် မင်းတို့ဒီတိုက်ပွဲအပြီးမှာ ပြင်သစ်နိုင်ငံသားဖြစ်ပြီး အဆင့်အတန်းမြင့်မြင့်နေရမယ်လို့ဆွယ်တယ်။ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ။ ပြင်သစ်အလံတော်အောက်မှာ စတေးကြဖို့။ ဒီရုပ်ရှင်ကတော့ အဲဒီလို အမေ့လျော့ခံအာဖရိကန်စစ်သားတွေကို အမှတ်ရသောအားဖြင့်ရိုက်ကူးထားတဲ့ War, Drama ကားကောင်းလေးပါ။ ရုပ်ရှင်အကျဉ်းကတော့… ဆီနီဂေါက ရွာတစ်ခုမှာ ဘာကရီတို့မိသားစုလေးနေတယ်။ ပြင်သစ်တွေ ပေါ်တာစဆွဲပြီလို့ သတင်းတွေကြားတော့ ရွာက အဖေတွေက သူတို့သားတွေကို ပြင်သစ်တွေလာတဲ့အချိန်မှာ ဖွက်ထားကြဖို့ စီစဉ်ကြတာပေါ့။ ဒါပေမဲ့ ဘာကရီတစ်ယောက် ကံမကောင်းခဲ့ပါဘူး။ သူ့သားလေး သီယာနို ပေါ်တာဆွဲခံလိုက်ရတယ်။ ကိုယ့်သားသမီးအသက် ၆၀ ဖြစ်နေရင်တောင် မိဘဆိုတာ ကလေးလေးလိုပဲ မြင်တတ်ကြတာမဟုတ်လား။ ပေါ်တာဆွဲခံလိုက်ရတဲ့သားကို အဖေဖြစ်တဲ့သူက ဘယ်စိတ်ချပါ့မလဲ။ အဲဒါနဲ့ ဘာကရီတစ်ယောက် သားကိုကယ်ထုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူ့ဖာသာစစ်ထဲဝင်ဖို့ စာရင်းပေးလိုက်တယ်။ သူ့သားလေး ရှေ့တန်းမထွက်ရအောင် နည်းမျိုးစုံကြံတယ်။ တပ်ထဲဝင်ခါစကနေ သူလွတ်လမ်းရတဲ့အထိ သူ့သားလေးကို စစ်ပွဲထဲက အမြန်ဆုံးခေါ်ထုတ်သွားဖို့ကိုပဲ စိတ်လောခဲ့တယ်။ ဒီလိုနဲ့ သူတို့သားအဖ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ 2022 ကိန်းစ်ရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီး 2023 မှာမှ ပြင်သစ်မှာ စတင်ရုံတင်ပြသခဲ့ပါတယ်။ ဒါဟာ စစ်ပွဲအနိဋ္ဌာရုံတွေ၊ မိဘမေတ္တာတွေကိုဖော်ကျူးထားတဲ့ရုပ်ရှင်ဖြစ်ရုံတင်မကပါဘူး။ စစ်ပွဲရဲ့ မှောင်မိုက်တဲ့ဘက်ခြမ်းကိုပါ မီးမောင်းထိုးပြထားပြီး ချစ်ရသူတို့နဲ့ခွဲခွာရခြင်းအပြင် စစ်မြေပြင်မှာ ပြင်သစ်အလံတော်အောက်စတေးခဲ့ရသူ အမေ့လျော့ခံအာဖရိကန်စစ်သည်တို့အတွက် အောက်မေ့သတိရအထိမ်းအမှတ်တစ်ခုလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 38Min Genre – Action, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

5.9 2022
Father & Soldier
Song Lang
7.7

Song Lang (2018) 80 ခုနှစ်လောက်က အပြင်အဆင်တွေကို သဘောကျသူတွေအတွက် 2018ကထွက်ရှိထားတဲ့ Song Langဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်လေးဟာ 80ခုနှစ် operaပြဇာတ်ကိုအခြေခဲရိုက်ကူးထားတဲ့ လူငယ်နှစ်ယောက်ကြားက Bromanceလည်းမဟုတ် brotherhoodကိုလည်း နည်းနည်းအရောင်ဆိုးချင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ မိုးကြိုးသွားဒုန်းဟေ့ဆိုတာနဲ့ တစ်မြို့လုံးက ရွံကြောက်ရတဲ့ အကြွေးသိမ်းတဲ့လူတစ်ယောက်၊ အကြွေးလာသိမ်းပြီဆိုရင် ရက်ရက်စက်စက်နည်းလမ်းမျိုးစုံနဲ့ မသိမ်းနိုင်တဲ့အကြွေးမရှိလို့ နာမည်ကြီးတဲ့အထိ ရက်စက်တတ်သူတစ်ယောက်ပေါ့။ ဒါပေမဲ့ ရက်စက်ခက်ထန်တဲ့မျက်နှာဖုံးအောက်မှာ ဒဏ်ရာအပြည့်နဲ့ နူးညံ့တဲ့နှလုံးသားရှိတာကိုတော့ လူတွေကမသိကြပါဘူး။ ဒီလိုနဲ့တစ်နေ့ ပြဇာတ်အဖွဲ့မှာ အကြွေးသိမ်းဖို့သွားရင်းနဲ့ လင်ဖုန်ဆိုတဲ့လူငယ်လေးနဲ့ဆုံဖို့ ဖြစ်လာပါတော့တယ်။ လင်ဖုန်က ငယ်ငယ်ထဲက operaပြဇာတ်ကိုရူးသွပ်ခဲ့သူတစ်ယောက်၊ စင်မြင့်ထက်မှာ ပရိသတ်ရဲ့အာရုံကိုဖမ်းစားနိုင်သူဖြစ်ပေမဲ့လည်း လက်တွေ့မှာ စကားနည်းပြီး တစ်ကိုယ်တည်းနေတတ်တဲ့ အထီးကျန်နေသူတစ်ယောက်ပါ။ အချစ်ဆိုတဲ့အရာနဲ့ မထိတွေ့ရသေးတဲ့ ရေခဲနှလုံးသားပိုင်ရှင်လေးဆိုရင်လည်း မမှားပါဘူး။ ဒီလို မတူညီတဲ့ကမ္ဘာကလူနှစ်ယောက် အကြွေးကိုအရင်းတည်လို့ ဆုံစည်းဖို့ ဖြစ်လာတဲ့အခါ… အပေါ်ယံမှာ မျက်နှာဖုံးတပ်ထားပေမဲ့ အတွင်းကစိတ်ဒဏ်ရာကိုယ်စီနဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုနှောင်ကြိုးတွေဖြစ်ပေါ်လာမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama, Romance Quality…. 1080p | 720p File size… 1.9GB | 683MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Drama
7.7 2018 101 mins
Song Lang
Satanic Hispanics
5.7

Satanic Hispanics (2022) ~ IMDb – 5.7/10, Rotten Tomatoes – 91% ~ “Satanic Hispanics” ဆိုတဲ့နာမည်မှာ Hispanics ဆိုတာက စပိန်ဘာသာစကားကို အခြေခံထားတဲ့ လူမျိုးတွေကိုပြောတာပါ။ ဥပမာ ကျူးဘား၊ မက္ကဆီကန် လူမျိုးတွေပေါ့။ ဒီဇာတ်ကားရဲ့ခေါင်းစဉ်ကတော့ စေတန်နှင့်ပတ်သက်သော စပိန်များ လို့ အဓိပ္ပါယ်ဖွင့်လို့ရပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ စပိန်နိုင်ငံရဲ့ အယ်လ်ပါဆိုတဲ့ဒေသမှာရှိတဲ့ အိမ်တစ်ခုကိုဝင်စီးတဲ့အချိန်မှာ ရဲတွေဟာအလောင်းပေါင်းများစွာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ “သွားလေသူ” လို့ သူ့ကိုယ်သူခေါ်တဲ့ အမျိုးသားတစ်ယောက်ပဲ ဘာထိခိုက်ဒဏ်ရာမှမရှိဘဲရှင်ကျန်နေခဲ့ပါတယ်။ ဒီလိုနဲ့ ထုံးစံအတိုင်းပဲ မှုခင်းဖြစ်ပွားတဲ့နေရာမှာ ရှင်ကျန်နေတဲ့သွားလေသူဆိုတဲ့သူကို လူသတ်တရားခံအတွက် သံသယရှိတဲ့သူဆိုပြီး စခန်းကိုဖမ်းသွား၊ မေးမြန်းတာတွေလုပ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သေဆုံးသူတွေက သမားရိုးကျပုံစံမျိုးနဲ့သေဆုံးတာမဟုတ်ဘဲ အားလုံးက သွေးတွေခန်းတဲ့အထိစုပ်သတ်ခံရပြီးမှ နဖူးထဲသေနတ်ရာပေါက်ပြီး သေသွားကြရပါတယ်။ ရဲတွေက ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကိုမေးလိုက်တိုင်း သူက တခြားအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီးပြောပြောလာပါတယ်။ အဲဒီမှာပဲ သွားလေသူဟာ သူ့ရဲ့ဇာတ်လမ်းတွေကို ပြောလာပါတော့တယ်။ တကယ်ပဲ ဒီမှုခင်းဟာ သမာရိုးကျအစွန်းရောက်လူသတ်သမားတစ်ယောက်ရဲ့ လုပ်ရပ်ပဲလား၊ ဒါမှမဟုတ် သွေးရိုးသားရိုးမဟုတ်တဲ့ ဂမ္ဘီရအတတ်၊ အောက်လမ်းနည်းတွေပါနေတဲ့ လူသတ်ကွင်းဆက်ကြီးများလားဆိုတာကို ကြည့်ရှူကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို ပြန်အကျဉ်းချုပ်ရရင်တော့ ရှုထောင့်ပေါင်းစုံနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားလို့ပြောနိုင်ပါတယ်။ သွားလေသူပြောပြခဲ့တဲ့ ဇာတ်လမ်းတွေဟာ ရယ်ရ၊ မောရတဲ့အပြင် ထိတ်လန့်ချောက်ချားပြီး မထင်မှတ်ထားတဲ့ပုံစံတွေပါဝင်နေတဲ့အတွက် သာမန် Horror ကားတွေလိုမျိုး အမြဲလန့်နေရမှာမဟုတ်ဘဲ ရသမျိုးစုံကိုပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 900MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 45Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

5.7 2022 113 mins
Satanic Hispanics
Between Calmness and Passion
6.6

Reisei to jônetsu no aida (2001) Between Calmness and Passion ~ IMDb – 6.6/10, MyDramaList – 7.3/10 ~ ဟောင်ကောင်ရုပ်ရှင် Lost and Found ထဲက ညှို့ဓာတ်အပြည့်နဲ့ မင်းသမီး Kelly Chan ပါလို့ကတစ်ကြောင်း၊ စကားလုံးမပါတဲ့ နောက်ခံတေးဂီတသံသက်သက်နဲ့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ဆောင်နှစ်ယောက် လူအုပ်ကြားထဲ တွေ့ကြတာကို ရိုက်ပြထားတဲ့ ဇာတ်၀င်ခန်းကိုကြည့်မိပြီး တော်တော်သဘောကျသွားက တစ်‌ကြောင်း၊ ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်။ ဟောင်‌‌ကောင်မင်းသမီး ကယ်လီချန်းပါထားပေမဲ့ တကယ်က ဒီရုပ်ရှင်က ဂျပန်ကား။ ဂျပန်မှာ ဘတ်ဆဲလ်လားဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာ။ ဒါပေမဲ့ ဇာတ်အိမ်ကတော့ အဓိကအားဖြင့် အီတလီက ဖလောရန့်မှာ တည်ထားတယ်။ အီတလီအငွေ့အသက် အီတလီမြင်ကွင်းတွေကို နောက်ခံထားထားတဲ့ ရုပ်ရှင်လို့ ပြောရမယ်။ နောက် မင်းသားရဲ့ အလုပ် Art Restoration ခေါ် ပျက်စီးသွားတဲ့အနုပညာလက်ရာတွေကို ပြန်အဖတ်ဆည်မွမ်းမံပေးရတဲ့အလုပ်။ ဖလောရန့်က အဲဒီပညာရဲ့ အချက်အချာမြို့လို့ ရုပ်ရှင်ထဲပြောထားတယ်။ တစ်မြို့လုံး အဲဒီအလုပ်ပဲလုပ်ကြတယ်ပေါ့။ ဒီလိုအလုပ်ကို စိတ်နှစ်လုပ်နေတဲ့ မင်းသားကို ကြည့်ရတာလည်း တော်တော်ကြည့်ကောင်းနေတယ်။ မင်းသားနဲ့ ကယ်လီချန်းက ကောလိပ်မှာကတည်းက ချစ်ခဲ့ကြတဲ့လူတွေ။ အကြောင်းကြောင်းနဲ့ဝေးသွားခဲ့ပြီး အီတလီမှာ သူတို့ပြန်တွေ့ကြတဲ့အခါမှာလည်း ဆိုင်သူကိုယ်စီရှိနှင့်ပြီးနေပြီ။ ပြီးတော့ သူတို့ကြားက အဖုအထစ်တွေကလည်း မပျက်ပြယ်သေးဘူး။ ဒီတော့ သံယောဇဉ်လက်ကျန်နဲ့ တွေ့ချင်ကြလို့ ပြန်တွေ့ဖြစ်ကြပေမဲ့ အလိုက်မသိခဲ့တဲ့ အခြေအနေတွေကို မကျော်လွှားနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ အစကတည်းက ဝေးပြီးသားဘ၀‌တွေ အဝေးကြီးကို ထပ်ဝေးလွင့်ခဲ့ကြတယ်။ ဇာတ်က အဲဒီအခြေအနေကမှ ရိုးရှင်းလှပတဲ့စကားလုံးတွေပါတဲ့ နှုတ်ဆက်စာလို့ ပြောရမယ့် စာလေးတစ်စောင်နဲ့ သူတို့အတိတ်ကို ပြန်လှစ်ဟပြသွားတယ်။ ကြင်နာတာတွေကို ပြန်ပြောင်းအောက်မေ့မိတဲ့အခါ နာကျင်တာတွေရဲ့ ပိုထင်ရှားလာခြင်းတွေအကြောင်းပေါ့။ ဒီဇာတ်ဟာ လှပတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်သက်သက်ပါပဲ။ ဂီတတွေ အနုပညာတွေနဲ့ အနုပညာမြို့ကြီးတစ်မြို့မှာ အခြေတည်ထားတဲ့ ဒီအချစ်ဇာတ်လမ်းဟာ တည်ဆောက်ပုံလှပသလို ဟောင်ကောင် ကလပ်စစ်အရသာလည်း ပေးနိုင်တယ်။ ဂျပန်ကားပေမဲ့ ဇာတ်ရဲ့အရသာကတော့ ဂျပန်ကားဆိုတာထက် ဝေါင်ကာဝေးကားကလိုလို အရသာလေးတော့ သန်းနေတယ်။ ဇာတ်ကြောင်းပြန်ပြောင်းပြောပြခြင်းတွေကလည်း ဒီအရသာပိုသန်းစေခဲ့တယ်။ ဒီရုပ်ရှင်ဟာ ဟောင်ကောင်ရိုမန့်တွေ ကြိုက်တဲ့လူတွေအတွက်တော့ အရသာသိပ်တွေ့မယ့် လွမ်းတတ်ရင် မျက်ရည်ဝေစေမယ့် ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 920MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 2H 5Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 2001 125 mins
Between Calmness and Passion
The Housemaid
6.4

2010ခုနှစ်မှာထွက်ရှိခဲ့ပြီး ကိုရီယားထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားကြတဲ့ The Housemaid ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ အင်ဆန်းဆူ ရဲ့လက်ရာဖြစ်ပြီး 1960 ပြည့်နှစ်လောက်က ထွက်ရှိခဲ့တဲ့ရုပ်ရှင်ကိုပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ ငွေကြေးဥစ္စာပြည့်စုံတဲ့ ဓနရှင်တွေဟာ အောက်ခြေလူတန်းစားများကို အနိုင်ကျင့်ဖိနှိပ်တတ်ကြပုံကို ပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့ ဒီကားလေးမှာ ကလေးထိန်းအဖြစ်သွားရောက်လုပ်ကိုင်တဲ့ အမျိုးသမီးလေးဟာ အိမ်ပိုင်ရှင်သူဌေးရဲ့ အသုံးတော်ခံအဖြစ်ဖြည့်ဆည်းရပြီး နောက်ဆက်တွဲပြဿနာတွေရှိလာတဲ့အချိန်မှာလည်း အဖက်ဖက်ကညှင်းပန်းခံရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့ လက်စားချေပုံကို ဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်ပါတယ်။ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်တွေရဲ့စွမ်းရည်ကိုပေါင်းစပ်ထားတဲ့အတွက် ရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံရပြီး sequel movie တွေ ရိုက်ရ‌လောက်သည်အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအထဲက တစ်ကားဖြစ်တဲ့ The Taste of money ဆိုတဲ့ ကားကိုလည်း CM မှာတင်ပေးဖူးပါတယ်။ IMDb rating 6.4 ရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေကိုလည်းရရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာ အိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်လမ်းဖြစ်သည့်အတွက် မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းလေး အနည်းငယ်ပါဝင်ပါတယ်လို့ ကြိုပြီးသတိပေးလိုက်ပါတယ်။ File size… 1.4 GB / 652MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

6.4 2010 107 mins
The Housemaid
Siksa Neraka or Hell Torture

Siksa Neraka or Hell Torture (2023) လူ့ပြည်မှာ ကိုယ့်အပြစ်အတွက် ထုတ်ဖော်မပြောနိုင်ရင် ငရဲကျမှ အပြစ်ဒဏ်နဲ့တူညီတဲ့ညှင်းပန်းနှိပ်စက်မှုမျိုး တွေ့ကြုံရတတ်တာကို ရိုက်ကူးတင်ဆက်ပြထားပါတယ်။ ဖာဂျာ၊ အာဇီ၊ ဆာလတ်နဲ့ တယာဆိုတဲ့ မောင်နှမလေးယောက်ရှိပါတယ်။ ဒီ၄ယောက်ထဲမှာ တယာက ထူးဆန်းတဲ့ကလေးတစ်ယောက်ပါ။ သူ့ရဲ့ထူးခြားပုံကတော့ သေလွန်လို့ငရဲရောက်သွားတဲ့လူကို မြင်နိုင်စွမ်းရှိတာပါပဲ။ ငရဲမှာ ခံစားရပုံတွေကိုမြင်နေတွေ့နေတဲ့ တယာက သူ့ဘဝမှာမကောင်းတာတစ်ခုလေးတောင်မလုပ်ခဲ့ဘဲ ကြီးပြင်းလာခဲ့တာပေါ့။ နှစ်တွေကြာပြီးတဲ့နောက် ကျောင်းကိုယ်စီတက်နေကြတဲ့ ဒီမောင်နှမလေးယောက်ပြန်ဆုံမိကြပါတယ်။ အာဇီကအသံလေးကောင်းပြီး သီချင်း‌ဆိုတော်သူလေးဆိုတော့ အဖေကမကြိုက်လို့တားထားတဲ့ကြားက သီချင်းဆိုပြိုင်ပွဲကို ခိုးပြီးသွားပြိုင်ရင်း ဖိုင်နယ်ထိတောင်ရောက်သွားလေရဲ့။ ဖိုင်နယ်ပြိုင်ဖို့ညမှာ လူကြီးတွေမရှိတုန်းခိုးထွက်ကြတဲ့သူတို့၄ယောက် ဖိုင်နယ်ပွဲကမြစ်တစ်ဖက်မှာဖြစ်လို့ ဒီမြစ်ကိုဖြတ်ရင်း သူတို့ကြုံတွေ့သွားရမဲ့ငရဲက အသည်းငယ်သူတွေအတွက်တော့ အော့နှလုံးနာစရာမြင်ကွင်းတွေပါပြီး အဖန်တလဲလဲဖြစ်နေတဲ့ငရဲဆိုတာဒါပါလားလို့ စိတ်ကူးနိုင်တဲ့အထိ ကွင်းကွင်းကွက်ကွက်ရိုက်ပြထားပါတယ်။ အမှားတွေကိုအတတ်နိုင်ဆုံးမလုပ်ကြဖို့ ဒီဇာတ်ကားလေးက ရည်ညွှန်းရိုက်ကူးထားတာမို့ ခံစားကြည့်ရှုကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller Quality…. 1080p | 720p File size… 1.1GB | 561MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

0 2023
Siksa Neraka or Hell Torture
Man of the House

တက္ကဆက်မြို့က အမှုတခုအကြောင်းအပေါ်အခြေခံထားပြီး မှုခင်းဆန်ဆန်ဇာတ်အိမ်မျိုးကိုမှ ဟာ‌သ‌‌လေးတွေနှောထားတဲ့ ဇာတ်ကားလေးပါ၊ဒီကားမှာ မင်းသားကြီး Tommy Lee က ရိန်းဂျားတပ်ဖွဲ့က ဆာဂျင် ရိုလန်ရှက်ဖ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး တာဝန်ကလွဲပြီး ဘာကိုမှမသိတဲ့ ရှေးရိုးစွဲ ဘုကလန့်လူကြီးတ‌ယောာက်ပါ၊ တဖက်မှာလည်း ဘဝကိုပေါ့ပေါ့ပါးပါးနဲ့နေတတ်တဲ့ Cheerleaders ကောင်မလေး၅ယောက်က မထင်မှတ်ဘဲ လူသတ်မှုတခုကို မျက်မြင်‌‌တွေ့လိုက်ရပြီး အမှုရဲ့အရေးကြီးတဲ့ သက်သေတွေဖြစ်လာခဲ့ပါတယ်၊ဒီမျက်မြင်သက်‌သေကောင်မလေးတွေကိုကာကွယ်ဖို့တာဝန်က ရှက်ဖ်တယောက်အ‌ပေါ်ကျလာပါ‌‌တော့တယ်၊ အကျင့်စာရိုက်ချင်းမတူတဲ့ ရှက်ဖ်နဲ့ကောင်မလေး‌တွေ တွေ့ကြတဲ့အခါမှာ အဆင်ပြေကြပါ့မလား၊ ရှက်ဖ်တယေက်က‌ကော ကောင်မလေးတွေ အ‌ဆုံးထိကာကွယ်‌ ပေးသွားပြီး လူသတ်သမားကိုဖမ်းမိသွားမလား ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာပါ File size…(1.8 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Comedy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thway

Drama
0 2005
Man of the House
Marnie
7.1

၁၉၆၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Marnie ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် မင်းသမီးကြီး ‘Tippi’ Hedren နဲ့ မင်းသားကြီး Sean Connery တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မာနီက ဆွဲဆောင်မှုရှိတဲ့အပြင်ငယ်ရွယ်တဲ့အမျိုးသမီးလေးဖြစ်ပြီး နာမည်တုတွေအများကြီးနဲ့ ကုမ္ပဏီကြီးတွေမှာ အချိန်တစ်ခုလောက်အထိ အလုပ်လုပ်ကာ အဲ့ဒီအလုပ်မှာရှိတဲ့ ပိုက်ဆံတွေကို ခိုးယူတတ်တဲ့ သူခိုးတစ်ယောက် လူလိမ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့ သူမအလုပ်သွားလျှောက်တဲ့ ရတ်ထ်လန်ကုမ္ပဏီရဲ့ သူဋ္ဌေး မက်ခ်ရတ်ထ်လန်က သူမကို မျက်စိကျပြီး အလုပ်ခန့်လိုက်ပြီးနောက် သူမရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး သူမကို အကြပ်ကိုင်ကာ သူ့ကို အတင်းအဓမ္မ လက်ထပ်စေပါတော့တယ်။ လက်ထပ်ပြီးသွားမှ သိလိုက်ရတာကတော့ မာနီက သူမကို ဘယ်ယောက်ျားသားကမှ ထိတွေ့တာကို မနှစ်သက်ပါဘူး။ မုန်တိုင်းတွေထန်တဲ့ညတွေမှာဆိုရင်လည်း အရူးတစ်ယောက်လို အော်ဟစ်ငိုကြွေးနေတတ်ပါသေးတယ်။ ညဖက်တိုင်းလိုလို အိပ်မက်ဆိုးတွေ မက်နေတတ်တဲ့ မာနီ၊ မက်ခ်ကို သဘောကျပေမယ့် မက်ခ်ရဲ့ အထိအတွေ့ကို မနှစ်သက်တဲ့ မာနီ သူမဘာကြောင့် ဒီလိုတွေဖြစ်နေရတာလဲ။ မာနီကို ချစ်လွန်းလို့ သူခိုးတစ်ယောက် လူလိမ်တစ်ယောက်မှန်း သိလျက်နဲ့ လက်ထပ်ယူထားတဲ့ မက်ခ်ကရော သူမကို ကူညီပေးနိုင်ပါ့မလား စတာတွေကို ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Psychological thriller အမျိုးအစားဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(3.4 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre… Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

Romance • Comedy • Science Fiction
7.1 1964 130 mins
Marnie
Super/Man: The Christopher Reeve Story
8.1

ဒီဒိုကူမန်ထရီက စူပါမန်းသရုပ်ဆောင် ခရစ္စတိုဖာရိဗ်အကြောင်းပါ။ ခရစ္စတိုဖာရိဗ်ဟာ စူပါမန်းမင်းသားအနေနဲ့‌ ကျော်ကြားခဲ့သလို မြင်းပေါ်က ပြုတ်ကျပြီး လည်ပင်းကျိုးရာကနေ သွက်ချာပါဒါလိုက်ပြီး သေသည်အထိ လည်ပင်းအောက်ပိုင်း လုံးဝလှုပ်မရတော့ဘဲ ဖြစ်သွားတဲ့ သတင်းနဲ့ ပတ်သက်ပြီးလည်း နာမည်ကျော်ခဲ့ပါတယ်။ သူတို့ဆီမှာတော့ ခရစ္စတိုဖာရိဗ်ဟာ သွက်ချာပါဒဖြစ်သွားပြီးနောက်ပိုင်းတောင် မသန်မစွမ်းအရေး သွက်ချာပါဒရောဂါသည်အရေး လှုပ်ရှားမှုတွေနဲ့ တော်တော်လေး လူသိပိုများခဲ့ပါတယ်။ နောက် ကျွန်တော်ပဲ ပိန်းလို့လားမသိပေမဲ့ သူ့စူပါမန်းကားကိုရော သူ့စူပါမန်းကာရိုက်တာကိုရော သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မမြင်ခဲ့မိဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်မှာတော့ စူပါမန်းရုပ်ရှင်ဟာ သမိုင်းဝင်ခဲ့သလို ရိဗ်ကလည်း အပြင်မှာပါ စူပါမန်းအနေနဲ့ နာမည်ကျော်ခဲ့တာကို သိခဲ့ရတယ်။ ပြောရရင် ရိဗ်ရဲ့ စူပါမန်းဟာ သူ့ခေတ်သူအခါက အကျော်ကြားဆုံးဖြစ်ခဲ့ပါတယ်။ ဒီလိုလူတစ်ယောက်က သွက်ချာပါဒလုံးလုံးဖြစ်သွားတဲ့နောက် အမြင့်ကြီးကနေ ဟိုးအောက်ဆုံးထိုးကျသွားတဲ့ ဖြတ်သန်းမှုကို ဒီဒိုကူမန်ထရီမှာ ကျွန်တော်တို့မြင်ရမှာပါ။ ထူးခြားတာက ဒီရုပ်ရှင်မှာ ခရစ္စတိုဖာရိဗ်ရဲ့ ဖြစ်တည်မှုအဓိပ္ပာယ်နဲ့ ချစ်ခြင်းသံယောဇဉ်အပေါ် ခံယူချက်တွေက ဒီကာလ၂ခုကြားပြောင်းလဲသွားတာကို ရိဗ်ကိုယ်တိုင် သေချာပြောပြထားတာပါပဲ။ ရိဗ်ဟာ ဒီမတော်တဆမှုမတိုင်ခင်မှာ ရုပ်ပိုင်းကို အလေးထားလွန်းသူဖြစ်ခဲ့ပေမဲ့ ဒီမတော်တဆမှုနောက်ပိုင်းမှာ စိတ်ပိုင်းကို ပိုအလေးထားတဲ့သူဖြစ်လာပါတယ်။ ချစ်ခြင်းသံယောဇဉ်တွေနဲ့ပတ်သက်ပြီး သူ့အမြင်ကလည်း တော်တော်လေးပြောင်းလဲလာခဲ့တယ်။ ဖြတ်သန်းမှုကိုလိုက်ပြီး အမျိုးမျိုးဖြစ်နေတဲ့ ပုံသေတွက်မရတဲ့ ဒီဖွင့်ဆိုချက်တွေဟာ ဗုံးဗုံးကျသွားတဲ့ ရိဗ်အခြေအနေနဲ့ အရင်ကအခြေအနေကြား လူသားပိုဆန်လာတယ်ပြောရမယ်။ ဒါပေမဲ့လည်း ဒီအတွေးအခေါ်တွေကို ဒီလိုအခြေအနေမှာမှ ပြောင်းလဲသွားတာက ဒီအတွေးအခေါ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ပြန်ဆန်းစစ်ကြည့်ချင်ရင် အခြေအနေတွေကို ထည့်တွက်ရတဲ့ ဖြစ်ရပ်ကို ပိုထင်ရှားလာစေတဲ့အချက်ကို ကျွန်တော်‌တော့ တော်တော်သဘောကျပါတယ်။ ဒီဒိုကူမန်ထရီက ခရစ္စတိုဖာရိဗ်ရဲ့ ကောင်းကြောင်းချည်းရိုက်ထားတဲ့ ရုပ်ရှင်ပေမဲ့ တစ်ဘက်တစ်လမ်းမှာ ကျွန်တော်တို့ မြင်နေရတာတွေမှာ ရိဗ်ရဲ့ ကောင်းကျိုးဆောင်တဲ့လုပ်ရပ်ဆန်တာတွေမှာတောင် သူ့အတ္တကထင်းနေသလိုဖြစ်နေတော့ တစ်ဘက်တစ်လမ်းက မြင်ကြည့်ချင်လည်းရပါတယ်။ ဒါပေမဲ့လည်း လုံးဝအတ္တကင်းတဲ့ ကောင်းကျိုးဆောင်တဲ့လုပ်ရပ်မရှိတာလားတော့ မသိလေတော့ သိပ်တော့မဆိုးသေးဘူးပြောရမှာပါပဲ။ တခြားအချက်တွေလည်းရှိပါတယ်။ ဒီဒိုကူမန်ထရီဟာ လူတစ်ယောက်ရဲ့ကောင်းကြောင်းကို ရိုက်ပြထားတဲ့ဗီဒီယိုပေမဲ့ ဒါရိုက်တာရဲ့အတတ်ပညာလား ဒီတိုင်းပဲဖြစ်သွားတာလေလားမသိနိုင်ပေမဲ့ သူ့ရဲ့တခြားဘက်ခြမ်းကိုပါ ကျွန်တော်တို့ တွေးဆကြည့်လို့ရမှာပါ။ ကြည့်သင့်တဲ့ ဒိုကူမန်ထရီပါပဲ။ File Size : 6 GB, 2 GB, 1 GB Quality : WEB-DL HEVC 4K / 1080p / 720p Running Time : 1hr 44min Format : Mkv and Mp4 Audio : AAC and E-AC-3 Genre : Biography, Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

8.1 2024
Super/Man: The Christopher Reeve Story
Serpico
7.7

ဒီဇာတ်ကားလေးကတော့ 1973 ခုနှစ်ကထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ The Godfather ဇာတ်လမ်းမှမင်းသားကောင်း Al Pacino အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းချုပ်ကတော့ ငယ်စဥ်ကတည်းက ရဲအရာရှိတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ဆာပီကိုဆိုတဲ့ လူငယ်လေးဟာ ရည်မှန်းချက်ပြည့်ခဲ့ပြီးနောက်မှာ… အကျင့်ပျက်ခြစားလွန်းတဲ့ အရာရှိတွေ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ အလုပ်ခွင်ထဲကအဖြစ်မှန်တွေကို သိလာရပြီးနောက် သူကိုယ်တိုင်ပြောင်းလဲပြင်ဆင်ဖို့ ကြိုးစားရုန်းကန်တာကို မြင်တွေ့ရမှာပါ။ ဟောင်းနေသော်လည်း ကောင်းဆဲမို့ ကြည့်ရှုကြဖို့တိုက်တွန်းပါရစေခင်ဗျာ။ File size…(9.7 GB)/(2.9 GB)/(1.4 GB) Quality….Blu-Ray 4K HEVC/1080p / 720p Format… mp4 Duration…. 02:10:00 Genre… Biography, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Satt

7.7 1973 130 mins
Serpico