YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Jatta.Dolie.Naa.2024.720p.AMZN.WEB-DL.YK(CM).mp4

1.17 GB 720p video/mp4 197 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
TANG AND ME
3

နည်းပညာတွေ တိုးတက်မြင့်မားလာပြီး အနာဂတ်နဲ့ မဝေးတော့တဲ့ကာလမှာ လူသားတွေရဲ့ နေ့စဉ်ကိစ္စတွေကို အကူအညီပေးဖို့ လှပကျော့ရှင်းတဲ့ စက်ရုပ်တွေလည်း ကိုယ်စီကိုယ်စီရှိနေကြပါပြီ။ ဒီလိုခေတ်ကြီးထဲမှာ တန်ဂ်ဆိုတဲ့ ဟောင်းဟောင်းနွမ်းနွမ်း ရိုးရိုးယဉ်ယဉ်စက်ရုပ်လေးဟာ စက်ရုပ်တွေမှာမရှိတဲ့ စိတ်ခံစားချက်တွေရှိနေပါသတဲ့။ တစ်နေ့ ကန် တို့မိသားစု အိမ်နောက်ကခြံလေးကို စက်ရုပ်လေးတန်ဂ် ရောက်လာတယ်ပေါ့နော်။ ကန် ဆိုတာက အလုပ်သင်ဆရာဝန်လုပ်ရင်း အကြောင်းကိစ္စတစ်ခုကြောင့် ဆေးပညာလောက ကနေ အနားယူပြီး အလုပ်မလုပ်ဘဲ အိမ်မှာပဲတစ်နေကုန် ဂိမ်းဆော့အချိန်ဖြုန်းနေသူပါ။ ဇနီးဖြစ်သူ အဲမီဟာ ရှေ့နေအလုပ်လည်းလုပ်၊ အိမ်အလုပ်လည်းလုပ်ပြီး မိသားစုကိုဦးဆောင်နေသူ၊ ခင်ပွန်းသည်ကိုလည်း အလုပ်လေးတစ်ခုလောက်ဖြစ်ဖြစ် လုပ်စေချင်သူပေ့ါ။ ကန် တစ်ယောက် အလုပ်အင်တာဗျူး မသွားတာကို အဲမီသိသွားတဲ့အခါမှာ‌တော့ စိတ်ဆိုးပြီး အိမ်ကမောင်းချလိုက်ပါတော့တယ်။ ဒီလိုနဲ့ အဲမီ စိတ်ဆိုး‌နေတာချော့ဖို့ သူမ လိုချင်တဲ့ စားဖိုမှူးစက်ရုပ်ကို တန်ဂ်နဲ့ လဲလှယ်ယူဖို့ဆိုပြီး ကန်နဲ့တန်ဂ်တို့ ခရီးကို စတင်ခဲ့ပါတော့တယ်။ လမ်းခရီးမှာဘာတွေဆက်ဖြစ်ကြမလဲ? တန်ဂ်ရဲ့ ပုံပြင်ကရောဘယ်လိုမျိုးလဲ? စတာတွေကို ပေါ့ပေ့ါပါးပါးလိုက်ပါခံစားလို့ရမယ့်အပြင် စက်ရုပ်နဲ့လူသားကြားက သံယောဇဉ်ကို သေချာတွေ့မြင်နိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size          : 2.4GB, 1GB, 518MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 56mins Genre              : Drama, Sci-fi Translated by Themes Encoded by Kinnov

Drama • Fantasy • Thriller
3 2022 115 mins
TANG AND ME
Strange World
6.5

ဒီနှစ်ထဲမှာထွက်ရှိထားတဲ့ ဝေါ့လ်ဒ်ဒစ္စနေးရဲ့ သိပ္ပံစိတ်ကူးယဉ် animation ဇာတ်ကားကောင်းလေးတစ်ကားလာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေဂါကလေ့ဒ်ဟာ အဗာလိုနီးယားဆိုတဲ့ပြည်က နာမည်ကြီးစူးစမ်းရှာဖွေသူတစ်ယောက်ပါ။ အဗာလိုနီးယားဟာ ‌တောင်အထပ်ထပ်ကာရံထားတဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး အဲ့ဒီတောင်တွေရဲ့ဟိုဘက်မှာ ဘာတွေရှိမလဲဆိုတာ ဘယ်အဗာလိုနီးယားပြည်သူမှမသိကြသလို သိရအောင်စူးစမ်းတဲ့ စူးစမ်းရှာဖွေသူတိုင်းဟာလည်း မအောင်မြင်ခဲ့ကြပါဘူး။ အဲ့လိုခက်ခဲကြမ်းတမ်းပြီး မရေရာတဲ့စိတ်ကူးအိပ်မက်ကို မက်နေသူကတော့ ဂျေဂါကလေ့ဒ်ပဲဖြစ်ပါတယ်။ ဂျေဂါကလေ့ဒ်ဟာ ဇွဲကြီးကြီးထားကြိုးစားပြီး တောင်တန်းတွေကို ဖြတ်ကျော်နိုင်ဖို့ ကြံစည်အားထုတ်ခဲ့ရမှာ တစ်နေ့မှာတော့ မထင်မှတ်ထားတာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ‌တောင်တန်းတွေကိုကျော်နိုင်မယ့် မိုးကုပ်စက်ဝိုင်းကို လှမ်းမြင်ရချိန်မှာ သူ့ရဲ့လက်ထောက်လည်းဖြစ်၊ သားလဲဖြစ်တဲ့ ဆာချာကလေ့ဒ်ဟာ ထူးဆန်းပြီးလက်လက်ထနေတဲ့ အပင်တစ်မျိုးကိုတွေ့ခဲ့ပါတယ်။ အဲ့ဒီမှာပဲ ဂျေဂါရဲ့အိပ်မက်ကို အကောင်အထည်မဖော်သေးပဲ အဆိုပါအပင်ကို အဗာလိုနီးယားဆီပြန်ပို့သင့်၊ မပို့သင့် အငြင်းပွားရာကနေ သားအဖနှစ်ယောက် သဘောထားကွဲလွဲပြီး ဂျေဂါကတစ်ဘက်၊ သားဖြစ်သူ ဆာချာနဲ့ အဖွဲ့သားတွေကတစ်ဘက် ဖြစ်သွားကြပါတော့တယ်။ အဲ့ဒီမှာပဲ ခေါင်းမာတဲ့ဂျေဂါဟာသူတစ်ဦးတည်း ခရီးဆက်ထွက်ပြီး သားဖြစ်သူနဲ့အဖွဲ့သားတွေကို အိမ်ပြန်စေပါတယ်။ အဲ့နောက်ပိုင်း ဂျေဂါရဲ့သတင်းမကြားရတော့သလို သားဖြစ်သူဆာချာဟာလည်း သူတွေ့ရှိခဲ့တဲ့ အဆိုပါလက်လက်ထနေတဲ့ ပန်ဒိုအပင်ကို စိုက်ပျိုး၊ သုတေသနပြုပြီး ပန်ဒိုဆီကနေ စွမ်းအင်ထုတ်ယူနိုင်ခဲ့ပါတယ်။ အဲ့စွမ်းအင်ကိုပဲ လျှပ်စစ်လို အသုံးချပြီး အဗာလိုနီးယားကို လူနေမှူအဆင့်မြင့်မားစေခဲ့လို့ အထင်ကရပုဂ္ဂိုလ်တစ်ဦးအနေနဲ့ လေးစားခံရပါတယ်။ တစ်နေ့မှာ ဆာချာရဲ့အိမ်ရှေ့စိုက်ခင်းမှာ သူတို့အဗာလိုနီးယားပြည်သူတွေ သုံးစွဲနေကျလေသင်္ဘောအငယ်စားထက်ကြီးမားတဲ့ ယာဉ်တစ်ခုရောက်နေလို့ ထွက်ကြည့်လိုက်တဲ့အခါ အဗာလိုနီးယားသမ္မတဖြစ်သူ မောလ်ကိုတွေ့လိုက်ရပါတယ်။ မောလ်ဟာ ဂျေဂါရဲ့ခရီးစဉ်မှာ အဖွဲ့သားအဖြစ်လိုက်ပါဖူးသူပါ။ မောလ်ပြောပြချက်အရ အဗာလိုနီးယားပြည်ရဲ့ အဓိကစွမ်းအင်ထုတ်ကုန်ဖြစ်တဲ့ ပန်ဒိုပင်မှာ ဘေးအန္တရာယ်ကျရောက်နေကြောင်းသိလိုက်ရပြီး မောလ်ကလည်း ပန်ဒိုကိုကယ်တင်မယ့်ခရီးစဉ်တစ်ခုစီစဉ်ထားလို့ ဆာချာကိုလည်း လိုက်စေချင်ကြောင်း ပြောပါတယ်။ မငြင်းသာလို့ ဆာချာလိုက်ရမယ့်အချိန်မှာ စူးစမ်းလိုစိတ်ပြည့်နေတဲ့ ဆယ်ကျော်သက် သားဖြစ်သူ အီသန်လည်း အတင်းလိုက်ချင်နေတဲ့အခါ…။ ဆာချာတို့ရဲ့ခရီးစဉ်ထဲ အီသန်ပါသွားမလား…။ ပန်ဒိုကိုဒုက္ခပေးနေတဲ့ အရာရဲ့ဇာစ်မြစ်ကို မောလ်တို့အဖွဲ့ ဖော်ထုတ်တားဆီးနိုင်မှာလား…။ နောက်ထပ် ဘာအလှည့်အပြောင်းတွေရှိလာဦးမလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ရှုစားကြည့်ကြရအောင်ပါ။ ဒစ္စနေးအင်နီမေးရှင်းကားတွေရဲ့ ထုံးစံအတိုင်း အသက်ဝင်ပီပြင်အောင် ဖန်တီးရိုက်ကူးထားလို့ ရှုခင်းတွေ၊ စိတ်ကူးယဉ်သတ္တဝါဆန်းတွေ၊ လှုပ်ရှားမှုတွေကို ပီပီပြင်ပြင်ရသမြောက်‌စွာ ရှုစားကြည့်ရှုရမှာပါ။ အဖေနဲ့သားကြား၊ မြေးအဘိုးကြား သံယောဇဉ်တရားနဲ့ လူကြီး၊လူငယ်ကြား ပဋိပက္ခလွန်ဆွဲတတ်မှုတွေအကြောင်း ပညာပေးရိုက်ကူးပြသထားလို့ မိသားစုတွေနဲ့ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ချို့ဇာတ်ဝင်ခန်းလေးတွေမှာတော့ gender orientation သဘောဆန်တဲ့ အကြောင်းလေးအချို့ပါလို့ စိတ်အနှောင့်အယှက်ရှိနိုင်ပါတယ် (ဟောလိဝုဒ်ရဲ့ ပထမဦးဆုံး LGBT တုတ်ထိုးအိုးပေါက်ဇာတ်ဝင်ခန်းပါတဲ့ဇာတ်ကားလို့‌တောင် ဝေဖန်ရေးသမားတွေကတော့ မှတ်ချက်ပြုထားပါတယ်) IMDb rating 5 ဖြစ်ပြီးတော့ Rotten tomatoes 74% ဖြစ်ပါတယ်။ File size…(2.5GB)  / (1.07GB) / (537MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:42:00 Genre...Animation / Action / Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

Drama
6.5 2022 102 mins
Strange World
83
7

အခုတစ်ခေါက်မှာတော့ 1983 ခုနှစ် ဝန်းကျင်ကာလကို ကျောရိုးတည်ပြီး ရိုက်ကူးထားတဲ့ ဘောလီးဝုဒ် ကရစ်ကတ်-အားကစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားဟာဆိုရင် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2021 ခုနှစ်အတွင်း ပရိတ်သတ်တွေ သောင်းသောင်းဖြဖြ အားပေးခဲ့ကြတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ် အိန္ဒိယနိုင်ငံဟာ 1983 ခုနှစ်မတိုင်မီ ၃၅ နှစ်အကြာ ကာလတည်းက လွတ်လပ်ရေးရခဲ့ပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဗြိတိသျှတွေဆီက လေးစားသမှုမဆိုထားနဲ့ မထိတထီ စော်ကားမော်ကားလုပ်တာတွေကိုပင် ခံနေရဆဲဖြစ်ပါတယ်။ သူ့ကျွန်ဘဝကလွတ်မြောက်ခါစကာလမှာ အားကစားကဏ္ဍအပါအဝင် အစစအရာရာ နိမ့်ပါးနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲမှအနိုင်မရဖူးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လူတိုင်းက ဟားတိုက်ခံရတဲ့အခြေအနေမှာ ရောက်ရှိလို့နေပါတယ် တစ်နေ့မှာတော့ ကတ်ပေးလ်ဒက်ဗ် ဆိုတဲ့ ကရစ်ကတ်ကစားသမားတစ်ဦးက အိန္ဒိယအသင်းကို ကပ္ပတိန်အဖြစ်ဦးဆောင်ပြီး အင်္ဂလန်ကို ကမ္ဘာ့ဖလားသွားရောက်ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ နာမည်ကျော်သရုပ်ဆောင်များစွာပါဝင်ထားပြီး ကြည့်တဲ့ပရိတ်သတ်ကိုပါ မျိုးချစ်စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေတဲ့ ဇာတ်ကားကောင်းတစ်ပုဒ် ဖြစ်တဲ့အတွက် အားလုံးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်... (ဇာတ်လမ်းအညွှန်းကိုတော့ Thar Htet က ရေးပေးထားပါတယ်) File Size          :  3.1GB, 1.7GB, 859MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 42mins Genre              : Biography, Drama, History Translated by  Thar Htet & Kit Encoded by Kinnov

Comedy • Drama • Family
7 2021 163 mins
83
Phantom Thread
7.3

ဒီကားလေးကတော့ rating မြင့် Drama ကားကြည့်ချင်သူများအတွက် ဇာတ်ကားကောင်းလေးပါ။ IMDb rating 7.5 အထိရရှိထားပြီး Daniel Day-Lewis ၊ Lesley Manville နဲ့ Vicky Krieps တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ စစ်ကြီးပြီး ၁၉၅၀ခုနှစ်နှောင်းပိုင်း လန်ဒန်မြို့တွင် ဇာတ်အိမ်တည်ထားပါတယ်။ Reynolds နဲ့ သူ့ရဲ့အစ်မဖြစ်သူ Cyril တို့ဟာ ဗြိတိသျှဖက်ရှင်လောကတွင် အထင်ကရမျက်နှာကြီးသူတွေဖြစ်ပြီး တော်ဝင်မျိုးနွယ်များ၊ ရုပ်ရှင်အကျော်အမော်များ၊ နာမည်ကျော်ကြားသူများအတွက် ဝတ်စုံချုပ်လုပ်ဖန်တီးသူတွေပဲဖြစ်ပါတယ်။ တစ်ကိုယ်တည်းနေ ၂ယောက်အတူနေနိုင်ကြတဲ့ အဲဒီမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ဖက်ရှင်အလုပ်မှာပဲ စိတ်နှစ်မြုပ်ထားတာပဲဖြစ်ပါတယ်။ Reynold ဘဝမှာ သူ့ရဲ့ဝတ်စုံတွေဝတ်ဖို့ မော်ဒယ်တွေနဲ့အများကြီးပတ်သက်ဖူးထားသူဖြစ်ပေမယ့် အိမ်ထောင်ပြုခြင်းလည်းမရှိပါဘူး။ သူ့ဘဝကိုသူ စိတ်ကြိုက်မွမ်းမံဖြတ်သန်းနေသူပါ။ ဒါပေမယ့် ကံကြမ္မာတစ်ကွေ့မှာတော့ Alma ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံပြီးနောက်ပိုင်း သူ့ရဲ့ဘဝမှာ တဖြေးဖြေးပြောင်းလဲလာပါတော့တယ် သူကိုယ်တိုင်တည်ဆောက်ထားတဲ့ဘဝဟာ အချစ်ကြောင့် ပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး အရာရာဟာတစ်မူထူးခြားလာတဲ့နောက်…… သူဘယ်လိုလုပ်မလဲ၊ Alma ကရောဘယ်လိုအမျိုးသမီးလေးမျိုးလဲ၊ သူတို့ကြားကဘယ်လိုတွေ ဆက်နွယ်မှုတွေရှိလာမလဲဆိုတာကိုတော့ ဒါရိုက်တာ Paul Thomas Anderson ကစိတ်ကူးကွန့်မြူးကာ ရိုက်ကူးထားတာကို ကြည့်ရှုရမှာပါ။ Rating မြင့်တဲ့ ဇာတ်ကားလေးဖြစ်သလို တွေးစရာလေးလည်း တစ်မျိုးတစ်ဖုံခံစားစရာလေးတွေ လည်းရမှာပဲဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းဘာသာပြန်သူကတော့ မေသရဖီလွင်ပါ) File Size : (0.99 GB) Quality : Blu-Ray 720p Running Time : 2hr 10min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-GECKOS Translated by May Tharaphi Lwin Encoded by Thanhtike Zaw

Comedy • Drama
7.3 2017 130 mins
Phantom Thread
A Cure for Wellness
6.3

ဖေဖော်ဝါရီလထဲမှာ ရုံတင်ခဲ့တဲ့ စိတ်ကူးယဉ် ဟော်ရာကားတစ်ခု ဘာသာပြန်တင်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ ဆွစ်ဇာလန်နယ် အစွန်အဖျား နယ်မြေလေးတစ်ခုက ထူးဆန်းတဲ့ ဆေးကုသဆောင်တစ်ခုအကြောင်းပါပဲ။ အဲဒီနေရာဟာ ကြောက်စရာသမိုင်းကြောင်းတစ်ခုနဲ့အတူ မီးလောင်တိုက်သွင်းခံရပြီးမှ ပြန်လည်တည်ဆောက်ထားတဲ့ နေရာတစ်ခုပါ။ အဲဒီကို တကယ့် လူချမ်းသာတွေက စိတ်အပန်းဖြေကုသဖို့ လာရောက်တတ်ကြပါတယ်။ လူနာတွေဟာ ၁-၂ ပါတ် ခန့်သာ နေထိုင်ဖို့ရည်ရွယ်ပြီး လာရောက်ကြပေမယ့် အထဲကိုရောက်ပြီးတာနဲ့ ဘယ်သူမှ ပြန်မလာချင်ကြတော့ဘူး။ နယူးယောက် ရှယ်ယာကုမ္မဏီကြီးတစ်ခုရဲ့ စီအီးအို တစ်ယောက်ဟာလည်း အဲဒီကို အပန်းဖြေသွားပြီး ပြန်မလာတော့တဲ့ အချိန်မှာ ကုမ္မဏီသေရေးရှင်ရေး ကိစ္စကြုံလာလို့ ဝန်ထမ်းဖြစ်သူ လော့ခ်ဟက်ဟာ CEO ပမ်ဘရုတ် ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အဲဒီ ဆေးကုသဆောင်ထဲက ပြန်ခေါ်ထုတ်ဖို့ ဆုံးဖြတ်ပြီး အဲဒီကို လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် အဲဒီထဲမှာ ထူးဆန်းတဲ့ ကုထုံးတွေနဲ့ လျို့ဝှက်ချက်တွေကြားမှာ နှစ်မြှပ်သွားပြီး ကျန်းမာခြင်းနဲ့ ဖျားနာခြင်း၊ စိတ်မှန်ခြင်းနဲ့ ရူးသွပ်ခြင်းကိုတောင် မခွဲခြားနိုင်တော့တဲ့အခါ...... File Size     :   1Gb Duration    :   2hr 26 min Quality       :   Bluray rip Translator  :  Littleneo Encoder     :   Littleneo

Action • Adventure • Science Fiction
6.3 2017 146 mins
A Cure for Wellness
5-25-77
6.4

5-25-77 (2022) ~ IMDb – 6.4/10, Rotten Tomatoes – 100% ~ ခင်ဗျားတို့မှာ ငယ်ဘဝအိပ်မက်တွေ ရှိခဲ့ဖူးကြလားဗျ… အမှန်တကယ်ဖြစ်ချင်တာလား… မိဘအုပ်ထိန်းသူအသိုင်းအဝိုင်းရဲ့ကိစ္စတစ်ခုခုကြောင့် ဖြစ်ချင်တာမျိုးလား… ဥပမာ ကိုယ့်အသိုင်းအဝိုင်းထဲက ချစ်ရတဲ့တစ်ယောက် မဖြစ်သင့်ပဲအသက်ဆုံးရှုံးလိုက်ရလို့ ဆရာဝန်ကြီးလုပ်မယ်ဆိုတာမျိုး… ဒါမှမဟုတ်ရင်လည်း အိမ်မှာနေရ၊ မြို့ကြီးပြကြီးမှာ နေရတာမွန်းကျပ်လို့ ကြီးလာ‌ရင်တောင်ပေါ်ဒေသလေးတစ်ခုမှာ ဆရာမလေးတစ်ယောက်လုပ်ချင်တယ်ဆိုတာမျိုးပေါ့… ထားပါတော့… လူဦးရေ 750 ပဲနေထိုင်တဲ့ Illinois ပြည်နယ်၊ Lake County ရဲ့ Wadsworth ဆိုတဲ့ဒေသလေးမှာ မွေးဖွားလာခဲ့သူ Patrick Read Johnson ဟာ ဆယ်နှစ်မပြည့်ခင်အရွယ်ကတည်းက အိမ်ရဲ့နောက်ဖေးမြေကွက်လပ်မှာ သူငယ်ချင်းတွေနဲ့အတူ ဇာတ်ကားတွေရိုက်တဲ့ ဒါရိုက်တာလေးဖြစ်ခဲ့သူပါ။ အထက်တန်းကျောင်းသားဘဝ ရောက်လာတဲ့အခါမှာ သူ့ရဲ့ငယ်ဘဝကရိုက်ထားတဲ့ ဇာတ်ကားများစွာကို ထုတ်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ရှင်‌သန်နေပါတယ်။ ငယ်ပေါင်း ဇာတ်ကားရိုက်ဖော်ရိုက်ဖက် သူငယ်ချင်း ‌Bill Holmes ကတော့ အိပ်မက်ထက် လက်တွေ့ကျကျသမားဖြစ်တာမို့ သူ့သူငယ်ချင်းကို လက်တွေ့ဘဝမှာပဲ အဆင်ပြေစေချင်သူပေါ့… Patrick ရဲ့မိခင်ဟာ သူ့ယောက်ျားနဲ့ကွာရှင်းပြီးတဲ့နောက် ဇာတ်ကားတွေအရမ်းရိုက်ပြီး ပွေရှုပ်စုတ်ပြတ်နေတဲ့ သူ့သားကို တတ်နိုင်တဲ့ဘက်က Support ပေးပါတယ်။ Pat ဟာလည်း ကလေးဘဝကလိုပဲ Sci-Fi ရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်းကြိုက်နှစ်သက်ပြီး အကောင်အထည်ဖော်ချင်နေတာပဲဖြစ်ပါတယ်။ တစ်ဒေသလုံးက လူတွေထဲမှာ Patrick ဟာ Sci-Fi Geek ပါပဲ။ ဘယ်သူမှလက်မခံတဲ့ လူတွေကြားထဲမှာ Pat ဟာ သူ့ကိုလက်ခံနိုင်တဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Patrick ကို အောင်‌မြင်စေချင်တဲ့အမေဟာ သူ့ရဲ့ အိပ်မက်တွေကို ဖမ်းဆုပ်နိုင်ဖို့ Hollywood ကို သွားပြီး Director ပညာတွေကိုဆက်လက်သင်ယူဖို့ရာ Illinois ကနေ California ဆိုတဲ့ အနောက်ဖက်ခရီးကို လွှတ်လိုက်ပါတော့တယ်။ ဒီကနေစလို့ လူငယ်တစ်ယောက်ရဲ့ ဘဝတစ်ကွေ့ဖြစ်တဲ့ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြတ်သန်းမလဲဆိုတာ ကိုတော့ CoA Comedy Drama ပီပီသသ ကြည့်ရမှာဖြစ်ပါတယ်။ ပြောစရာရှိတာက ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်နာမည် Patrick Read Johnson ဟာ ဒီကားရဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ။ ဒီကားက အကြောင်းအရာတော်တော်များများက သူ့ဘဝကို အခြေခံထားတယ်လို့ပြောရမယ်။ အခုဆို သူ့အသက်က ၆၁နှစ်ပေါ့။ ဒီကားက သူ့ငယ်ဘဝအားကျခဲ့ရတဲ့ စတန်ကလေကူးဘရစ်တို့၊ Douglas Trumbull တို့၊ စတီဗင်စပီးဘာ့ဂ်တို့ ဂျော့လူးကတ်စ်တို့နဲ့ သူ့ဘဝအကြောင်းကို ရောနှောပြထားတယ်လို့ပြောလည်းမမှားဘူး။ ကောင်လေးဟာ ၁၉၆၈မှာထွက်ခဲ့တဲ့ ကူးဘရစ်ရဲ့ 2001: A Space Odyssey ကို ရူးသွပ်ပြီး ဒီကနေမှ သူ့ကိုယ်ပိုင် စိတ်ကူးယဉ်အာကာသဇာတ်လမ်းတွေကို စိတ်ကူးနဲ့ရေးထားတာတွေမနည်းဘူး။ စပီးဘာ့ဂ်ရဲ့ Jaws တို့၊ Duel တို့ကိုကြည့်ပြီး အဲဒီကားထဲက အတိုင်း နောက်ဖေးကွက်လပ်မှာ ကိုယ်တိုင်ရှိတာလေးနဲ့ ဖန်တီးပြီး ရိုက်ကြည့်တဲ့အထိ ရုပ်ရှင်ပိုးသန်ခဲ့တဲ့လူပေါ့။ ဒါရိုက်တာလည်းဖြစ်ဖို့ ဟောလိဝုဒ်ကိုလည်း သွားခဲ့တယ်။ ဒီကမ္ဘာမှာ သေချာတာက ဘယ်အရာမှအသစ်ရှိမနေဘူး။ အနည်းဆုံးတော့ စိတ်ကူးအသစ်ဆိုတာ မရှိသလောက်ရှားတယ်။ ခင်ဗျားမသိတာပဲရှိမယ်။ ခင်ဗျားလိုမျိုး ထပ်တူညီတဲ့ စိတ်ကူးမျိုးရှိတဲ့လူတွေတော့ ရှိကိုရှိဦးမှာပဲ။ ပက်ထရစ်ဟာ ဟောလိဝုဒ်ကိုသွားတော့ စပီးဘာ့ဂ်နဲ့တွေ့တယ်။ စပီးဘာ့ဂ်က ဒီအချိန်မှာ Close Encounters of the Third Kind ကို ရိုက်နေပြီ။ Sci-Fi ရုပ်ရှင်လောကရဲ့ မှတ်တိုင်တစ်ခုလို့ပြောရမယ့်ကားပဲပေါ့။ ဘယ်လောက်အာကာသအကြောင်း နောကျေလဲဆို ဒီကားရဲ့နာမည်ရဲ့ အဓိပ္ပာယ်ကိုပါ သူသိတယ်။ စပီးဘာ့ဂ်နဲ့စကားပြောပြီးတော့ စပီးဘာ့ဂ်က သူ့ကို ဒေါက်ဂလပ် ထရမ်ဘူးလ်နဲ့ သွားတွေ့ခိုင်းတယ်။ သူ့ကားရဲ့ VFX ဆရာပေါ့။ နောက် ကူးဘရစ်ရဲ့ 2001 ရဲ့ VFX ဆရာလည်း ဟုတ်တယ်။ နောက် သူက ဂျော့လူးကတ်စ်ရိုက်နေတဲ့ စတားဝါးစ်ပထမကားအကြောင်းသိလိုက်ရတယ်။ ပြောရရင် စတားဝါးစ်ဟာ သူရိုက်ချင်တဲ့အကြောင်းအရာလဲဟုတ်တယ်။ သူပြချင်တဲ့အရာလည်းဟုတ်တယ်။ လူးကတ်စ်က သူ့အိပ်မက်တွေကို ဖြည့်ဆည်းပေးလိုက်သလိုဖြစ်သွားတယ်။ ဒီရုပ်ရှင်ရဲ့နာမည် 5-25-77 ကိုက စတားဝါးစ်စပြတဲ့ ဒိတ်ပဲ။ သူဟာ သူမရိုက်လိုက်ရတဲ့အကြောင်းအရာကို သူများကရိုက်သွားပေမဲ့လည်း ဒီကားကို အားလုံးကြည့်ရအောင် လိုက်ဆော်ဩခဲ့တယ်။ ဒီလိုရုပ်ရှင်တွေကို ချစ်တဲ့ သူ့စိတ်ကို ထင်းနေတဲ့အခန်းပေါ့။ ထူးတာက ဒီကားဟာ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းကားလို့ပြောလို့ရပေမဲ့ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းသက်သက်ထက်ပိုတယ်၊ ပြန်ထိန်းကွပ်ပေးသွားတယ်။ သူ့သူငယ်ချင်းရဲ့လက်တွေ့ကျမှုဟာ သူ့ရဲ့စိတ်ကူးယဉ်ဆန်မှုကို ပြန်ထိန်းကွပ်ပေးသွားတယ်။ ကိုယ်တကယ်ရိုက်ချင်တာ ဘယ်လောက်သေချာလဲ… သေချာမှ ရအောင်ကြိုးစား ဆိုတဲ့အချက်ကို မီးမောင်းထိုးပြပြီး မလိုအပ်ဘဲရူးသွပ်နေနိုင်မယ့်လူတွေကိုလည်း ပြန်ထိန်းကွပ်ပေးသွားတယ်။ ဘဝဆိုတာ FPS 24 နဲ့ ရွေ့နေတာမှမဟုတ်ဘဲလေ။ ဘာနေနေပါ… ဒီကားရဲ့ ဒါရိုက်တာကတော့ ရုပ်ရှင်ကို တကယ်ချစ်ခဲ့သလို ရအောင်လည်းကြိုးစားပြီး ဒါရိုက်တာဖြစ်လာခဲ့ပါတယ်။ Spaced Invaders လို သူ့အိပ်မက်ကားတွေကို ရိုက်ခဲ့သလို Baby’s Day Out တို့လို တစ်ခေတ်ရဲ့ ဂန္ထဝင်ကားမျိုးတွေကိုလည်းရိုက်ခဲ့တယ်။ ဒီရုပ်ရှင်မှာတော့ ကျွန်တော်တို့ဟာလူငယ်တစ်ယောက်ရဲ့ ရူးသွပ်မှုကိုမြင်ရရုံတင်မဟုတ်ဘဲ ကျွန်တော်တို့ချစ်တဲ့ ဒါရိုက်တာတွေကို Homage ပေးထားတာတွေကိုလည်း မနည်းမြင်ရမှာမို့ ကူးဘရစ် လူးကတ်စ်နဲ့ စပီးဘာ့ဂ်တို့ကို ချစ်တဲ့လူတွေ ဒီရုပ်ရှင်ကိုဧကန်ကြည့်သင့်တာပါပဲ။ ဘဝဆိုတာ FPS 24 နဲ့ ရွေ့နေတာမဟုတ်ပေမဲ့လည်း ကျွန်တော်တို့ချစ်တဲ့ရုပ်ရှင်တွေနဲ့ ကျွန်တော်တို့ဘဝကိုတော့ ပိုင်းခြစ်ပစ်ကြလို့မရနိုင်ဘူးပဲကိုး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 870MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 12Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

6.4 2022
5-25-77
Message from the King
6.4

ဒီရုပ်ရှင်လေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Black Pantherမင်းသား Chadwick Boseman သရုပ်ဆောင်ထားတဲ့ action crime drama movie လေးပဲဖြစ်ပါတယ်….။ နောက်ပြီး ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ သူ့ရဲ့လေသံ၊ စကားပြောဟန်ဟာ Black Pantherရဲလေသံနဲ့တူတူပဲလို့ အင်တာဗြူးတစ်ခုမှာဖြေသွားဖူးပါတယ်…။ ဒီတော့ Black Pantherတစ်ဖြစ်လဲ မင်းသား Chadwick Bosemanရဲ့ သရုပ်ဆောင်ပုံကို အလွမ်းပြေ ကြည့်ရှုလို့ရမယ့်ကားလေးဖြစ်ပါတယ်…။ ညီမဖြစ်သူကိုရှာပုံတော်ဖွင့်တဲ့ အစ်ကိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းဖြစ်ပြီး မင်းသား Chadwickကလည်း စူပါဟီးရိုးသရုပ်မဟုတ်ဘဲ လူကောင်းတစ်ယောက်၊ ကြေကွဲနေတဲ့ အစ်ကိုတစ်ယောက်ရဲ့သရုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ သရုပ်ဆောင် ပြသွားပါတယ်…။ ဇာတ်လမ်းအကျဥ်းကတော့… ဂျက်ကော့ဟာ ညီမဖြစ်သူဘီယန်ကာကိုရှာဖို့အတွက်နဲ့ ‌အာဖရိကကနေ လော့စ်အိန်ဂျယ်လစ်ကိုတက်လာပါတယ်…။ သူသိတာဆိုလို့ ညီမဖြစ်သူက သူ့အကူအညီလိုနေတယ်၊ပျောက်ဆုံးနေတယ်… ဆိုတာကလွဲပြီး ကျန်တာနတ္ထိပါ…။ အဲ့လိုကနေ တစ်စပြီးတစ်စသိအောင် စုံစမ်းရင်းနဲ့ ညီမဖြစ်သူပျောက်ဆုံးရတာဟာ မသမာသူလူတစ်စုရဲ့လက်ချက်ဖြစ်မှန်းသိသွားတဲ့အခါမှာတော့… ဘုရင်ကြီးရဲ့ ရာဇသံက ဘာဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ရှုလို့ရပါပြီ…။ File size…2.81GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.4 2016
Message from the King
Dick
6.2

IMDb Rating (6.2) / Rotten Tomatoes (72%) ကမ္ဘာ့နိုင်ငံရေးအကြောင်းတီးမိခေါက်မိရှိသူဆိုရင်တော့ အမေရိကန်နိုင်ငံက Watergate Scandal ဆိုတဲ့ ကိစ္စကိုသိကြမှာပါ။ သမ္မတ နစ်ဆင်လက်ထက်က နိုင်ငံရေးအရှုပ်တော်ပုံတစ်ခုပေါ့။ သတင်းထောက်လောကမှာဆိုရင်လည်း ဒီကိစ္စက အတုယူမှတ်သားဖွယ်သတင်းတင်ဆက်မှုတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ ဒီ Dick ဆိုတဲ့ဇာတ်ကားကတော့ အဲဒီအဖြစ်အပျက်ကို Parody ဆန်ဆန် သရော်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကဖြစ်တဲ့အတွက် လက်ရှိအချိန်မှာနာမည်ကြီးနေတဲ့ Deadpool မင်းသားရဲ့ ငယ်ဘဝသရုပ်ဆောင်ပုံတွေကိုတွေ့ရမှာပါ။ Dick မှာဆိုရင် စပိုင်ဒါမန်းမင်းသမီးလို့နာမည်ကြီးတဲ့ Kristen Dunst၊ အော်စကာစာရင်းဝင်မင်းသမီး Michelle Williams တို့အဓိကပါဝင်ထားကြပါတယ်။ ဆယ်ကျော်သက်ကောင်မလေး ၂ ယောက်ဟာ မအူမလည်နဲ့ အမေရိကန်သမ္မတကြီးဆီရောက်သွားပြီးတော့ သမ္မတကြီးရဲ့ လျှို့ဝှက်ချက်တွေကို အမှတ်မထင်ရခဲ့ကြပြီး သူတို့ရဲ့ ဆယ်ကျော်သက်စိတ်တွေကြောင့်ပဲ ဒီအရှုပ်တော်ပုံကြီးပေါ်ပေါက်ခဲ့ရတယ်ဆိုပြီး တကယ့်အဖြစ်အပျက်ကို ဟာသဆန်ဆန်ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ရိုးအီနေတဲ့ နိုင်ငံရေးအရှုပ်တော်ပုံဇာတ်လမ်းကို နောက်ထပ် ဗားရှင်းတစ်မျိုးနဲ့ဟာသဆန်ဆန်ကြည့်ချင်ရင်တော့ Dick ကိုကြည့်ပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားပါတယ်။)

6.2 1999 94 mins
Dick
Stone Turtle
6.4

Stone Turtle (2023) ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ လျို့ဝှက်ပြီးပဟေဠိဆန်တဲ့ဇာတ်ကားလေးပါ အာရစ်ဖ်ဆိုတဲ့လူတစ်ယောက်ကသူ့ညီလေးဟာကျွန်းတစ်ကျွန်းကိုသွားရင်းမတော်တဆပျောက်ဆုံးသွားလို့ သူ့ညီရဲ့ပျောက်ဆုံးမှုကိုရှာဖွေဖို့ ဒဏ္ဍာရီပုံပြင်ပေါင်းများစွာရှိတဲ့အဲ့ဒီကျွန်းကို ရောက်လာခဲ့ပါတယ် အဲ့ကျွန်းပေါ်မှာတော့အမျိုးသမီးတစ်ဦးနဲ့ကလေးမလေးတစ်ဦးတို့နေထိုင်ကြပြီးထိုအမျိုးသမီးကတော့သူ့ကိုသတ်ချင်နေပါတယ် အဲဒီအမျိုးသမီးရဲ့နောက်ကြောင်းကရောဘာလဲ အဲဒီအမျိုးသားကရော သူ့ကိုသတ်မယ့်သူရဲ့လက်ထဲကနေလွတ်မြောက်နိုင်ပါ့မလား အဒီအမျိုးသမီးကရော သူ့ကို ဘာကြောင့်သတ်ချင်နေတာလဲ အာရစ်ဖ်နဲ့အဲ့အမျိုးသမီးရဲ့ပက်သက်မှုကဘယ်လိုလဲဆိုတာပဟေဠိဆန်ဆန်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် အညွန်းကိုတော့ Thae Thae မှရေးသားထားပါတယ် Genre….. Drama, Mystery, Sci-fi Quality…. 1080p | 720p File size… 1.5GB | 574MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thae Thae Encoder ….. Aaron

6.4 2023 91 mins
Stone Turtle
Cold Meat
5.5

ဒီတစ်ခါတော့ mystery and thriller ပရိတ်သတ်တွေအတွက်ပါ.. David ဆိုတဲ့လူတစ်ယောက်ဟာ စားသောက်ဆိုင်တစ်ခုမှာ လမ်းကြုံကော်ဖီဝင်သောက်ရင်း အဲ့ဒီက စားပွဲထိုးမိန်းမ Ana နဲ့ သူ့ယောကျာ်း Vincent တို့ရန်ဖြစ်နေတာကိုတွေ့လို့ ဝင်ကူညီခဲ့ရာမှ ယောကျာ်းဖြစ်သူ vincentနဲ့အချေအတင်တွေဖြစ်ပါတော့တယ်… ဒီကိစ္စက စားသောက်ဆိုင်မှာတင်ပြီးမသွားဘဲ Vincent က David ကားနောက်ထပ်ကြပ်မကွာလိုက်ပါတော့တယ်… အဲ့ဒီအချိန် နှင်းမုန်တိုင်းလည်းရှိနေတာကြောင့် David တစ်ယောက် ယောကျာ်းဖြစ်သူလက်မှလွတ်မြောက်မလား.. ဆိုင်က စားပွဲထိုးမိန်းမ Anaကရော ဘာတွေဘယ်လိုပါဝင် ပတ်သက်မလဲဆိုတာကို ကြည့်ရှုရမှာပါ… Vincent နောက်ကလိုက်လာတာရယ် နှင်းမုန်တိုင်းရယ်ထက် ဆိုးတာကရော ဘာများရှိဦးမလဲ…… File size…1.36GB / 550MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric

5.5 2023
Cold Meat
Christmas on Cobbler Street

IMDb – 7.1/10 နော်ဝေမှာ ခုနစ်ပတ်ဆက်တိုက် နံပါတ်တစ်နေရာယူခဲ့တဲ့ ဒါရိုက်တာ Mikal Hovlandရဲ့လက်ရာ ခရစ္စမတ်ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက် ရထားခိုးစီးလာရင်း မြို့ကလေးတစ်မြို့ကဘူတာမှာ ခုန်ဆင်းခဲ့ရာကစပါတယ်။ စစ်ပွဲကြီးပြီးကာစ ခရစ္စမတ်အချိန်ကာလကိုရောက်တော့မှာဖြစ်လို့ စစ်ပွဲကြီးအပြီး ပြန်လည်ကျင်းပရမဲ့ ခရစ္စမတ်ကို အားလုံးစောင့်မျှော်နေကြချိန်လည်းဖြစ်။ စစ်ပွဲပြီးကာစအချိန်ဆိုတော့ ရထားပေါ်မှာခိုးစီးရင်း ခုန်ချနေခဲ့တဲ့ ကလေးမလေးကို ရဲတွေကလည်း မသင်္ကာလို့ လိုက်ရှာနေကြပါတယ်။ ခိုကိုးရာမဲ့နေတဲ့ အန်နာလေး အသိမပေးဘဲဝင်တည်းခိုမိတာကတော့ ဖိနပ်ချုပ်သမားကြီး အန်ဒါဆန်ရဲ့အိမ်။ အန်ဒါဆန်ဆိုတာက နှစ်နဲ့ချီအောင် အိမ်ထဲကအိမ်ပြင်မထွက်၊ ဘယ်သူနဲ့မှအဆက်အဆံမလုပ်တဲ့လူ့ဂွစာကြီး။ ဒီလိုနဲ့ အန်နာတစ်ယောက် လူ့ဂွစာကြီးမစ္စတာအန်ဒါဆန်ရဲ့ ဖိနပ်ချုပ်တဲ့အလုပ်ရုံလေးမှာ ခဏတာတည်းခိုဖို့ တောင်းဆိုရာကစ ကြည်နူးလွမ်းဆွတ်ဖွယ်ရာ ခရစ္စမတ်ရုပ်ရှင်လေးတစ်ကားဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.4 GB)/(712 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

Romance • Drama
0 2023
Christmas on Cobbler Street
Best. Christmas. Ever!
5.5

2023 မှာ ထွက်ရှိထာားတဲ့ Christmas ရုပ်ရှင်ဖြစ်ပြီးတော့ Heather Graham , Brandy Norwood, Jason Biggs တို့ ပါဝင်သရုပ်ဆောင်ပြီး Mary Lambert ကရိုက်ကူးထားပါတယ်…. Charlotte Sanders ဆီမှာ holiday newsletter ပို့ရတာကို ခုံမင်သဘောကျတဲ့ Jackie Jennings ဆိုတဲ့ ကောလိပ်တုန်းက သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ တစ်နှစ်ကြာ newsletter မပို့ဘဲ Christmas မှာ စာပြန်ပို့တဲ့ Jackie ရဲ့ newsletter ထဲမှာ သူ့ရဲ့ အသက်အငယ်ဆုံးနဲ့ ဟားဗတ်တက်ရောက်ခွင့် ရထားတဲ့သမီး ၊ အာဖရိကမှာ charity လုပ်နေတဲ့သား ၊ ကရာတေး သင်တန်းကျောင်းဖွင့်ထားတဲ့ခင်ပွန်း နဲ့ သူ့ရဲ့ လေယာဥ်စက်ပစ္စည်း ကုမ္ပဏီကိုရောင်းချပြီး အနားယူနေတဲ့ ဘဝအကြောင်းကို ရေးသား ထားပါတယ်။ Jackie ရေးထားတာတွေကိုအတုအယောင်လို့ထင်နေတဲ့ Charlotte တစ်ယောက်အကြောင်းတစ်ခုခုကြောင့် Jackie တို့ မိသားစုနဲ့ Christmas ကိုဖြတ်သန်းဖြစ်တဲ့အခါ….. File size…1.72GB / 850MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 22m Genre ….. Comedy , Holiday , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin

5.5 2023 82 mins
Best. Christmas. Ever!
SPL: Kill Zone
6.8

တရုတ်ကားဟောင်း old but gold တွေကို ကြည့်ချင်သူများအတွက် ဟောင်ကောင်မင်းသားကြီး နှစ်ပါးဖြစ်တဲ့ Donnie Yen နဲ့ Simon Yam တို့ရဲ့ ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ စုံထောက်ချန်ဟာ နာမည်ကြီး လူဆိုး‌ဂိုဏ်းခေါင်းဆောင် ဝမ်ဘိုကို ဖမ်းဖို့ မျက်မြင်သက်သေမိသားစုကို ခေါ်ဆောင်နေစဉ်မှာပဲ ဝမ်ဘိုလွှတ်လိုက်တဲ့ လူသတ်သမားကြောင့် ကားတစ်စီးလုံးမှာ စုံထောက်ချန်နဲ့ မျက်မြင်သက်သေရဲ့ သမီးဖြစ်သူနဲ့သာ ကျန်ခဲ့ပါတော့တယ်။ သနားဂရုဏာသက်စွာနဲ့ ကျန်ရစ်သူကလေးမလေးကို သူ့သမီးအနေနဲ့ မွေးစားလိုက်ပြီး သိပ်မကြာခင် သူ့မှာ နေစရာ သက်တမ်းမရှိတော့တာကို သိပြီးနောက် ဝမ်ဘိုကို ပုံစံမျိုးစုံနဲ့ အမိဖမ်းဖို့ကြိုးစားပါတော့တယ်။ ဒီအဖြစ်အပျက်တွေအပြီး သုံးနှစ်အကြာထိ ဝမ်ဘိုကို ဖမ်းလို့မမိနိုင်သေးတဲ့အချိန် မာခွင်းဆိုတဲ့ ထက်ထက်မြက်မြက် စုံထောက်တစ်ယောက်ဟာ စုံထောက်ချန်နေရာကို တာဝန်ယူဖို့ ရောက်လာပါတော့တယ်။ စုံထောက်မာရဲ့အကူအညီနဲ့ စုံထောက်ချန်နဲ့အဖွဲ့ ဝမ်ဘိုကို ဖမ်းဆီးနိုင်ပါ့မလား? Rotten tomatoes 80%, IMDb 6.9/10 ရထားတဲ့ ဖခင်မေတ္တာနဲ့ အက်ရှင်ကို အချိုးကျကျရောစပ်ထားတဲ့ ဒီဇာတ်ကားလေးကို ရှုစားလိုက်ကြပါဦး။ File size…(2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:33:00 Genre… Martial, Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Xing Egg

Action • Comedy • Crime • Thriller
6.8 2005 93 mins
SPL: Kill Zone
Drop
6.4

Drop (2025) IMDb Rating (6.4) / Rotten Tomatoes (84%) Drop ကတော့ thriller, mystery, drama အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဗိုင်အိုလက်လို့ခေါ်တဲ့ တစ်ခုလပ်ကလေးအမေအမျိုးသမီးတစ်ယောက်ဟာ အွန်လိုင်းအပ်ပလီကေးရှင်းတစ်ခုကနေ လူတစ်ယောက်နဲ့တွေ့ဆုံဖို့ချိန်းဆိုခဲ့ပါတယ်။ အဲဒီလူနဲ့တွေ့ဆုံနေချိန်မှာပဲ သူမရဲ့ဖုန်းထဲကိုစိတ်အနှောင့်အယှက်ဖြစ်စရာ စာတွေတစောင်ပြီးတစောင်ဝင်လာပါတော့တယ်။ အစမှာတော့ အပျော်အပျက်အနေနဲ့အမှတ်မထင်ထားလိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ဘဝကိုအကြီးအကျယ်ခြိမ်းခြောက်မှုတွေပါလာပါတော့တယ်။ ဒီအရာကိုလုပ်ဆောင်နေသူဟာ သူမရဲ့လှုပ်ရှားမှုတိုင်းကိုမြင်တွေ့နေရသလိုထိန်းချုပ်နေပြီး သူမရဲ့အနားမှာရှိနေတဲ့ဘယ်သူမဆိုဖြစ်နေနိုင်တာကိုသိခဲ့ရပြီးနောက်.. ဒီအကြပ်အတည်းကနေ သူမဘယ်လိုပုံစံနဲ့ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။) File size… (3.4 GB) / (1 GB) / (650 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery, Thriller Duration…. 01:36:46 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Senju

Drama • Action • Crime
6.4 2025 95 mins
Drop
The 100 Year-Old Man Who Climbed Out the Window and Disappeared
7.1

The 100 Year-Old Man Who Climbed Out the Window and Disappeared (2013) Original title: Hundraåringen som klev ut genom fönstret och försvann IMDb Rating (7.0) / Rotten Tomatoes (68%) ကဲ…မိတ်ဆွေတို့ရေ….. ဒီတစ်ခေါက်ကတော့ အသက် ၁၀၀ ကျော် အဘိုးကြီးတစ်ယောက်ရဲ့ စွန့်စားခန်းလေးအကြောင်းကို ပြောပြသွားပါ့မယ်.. သူ့နာမည်က အယ်လန်ကာလ်ဆန် တဲ့….. ရုပ်ရှင်နာမည်အတိုင်းပဲ အသက်၁၀၀ကျော် အဘိုးကြီးတစ်ယောက် ဘိုးဘွားရိပ်သာ ပြတင်းပေါက်ကနေ ကျော်ထွက်သွားပြီး ဘယ်တော့မှ ပြန်ပေါ်မလာတော့တဲ့ အကြောင်းပါ။ ကိုယ့်လူတို့ကတော့ တွေးနေကြမှာပဲ…”ဟ..ပြတင်းပေါက်က ကျော်ထွက်တာများ အဆန်းလုပ်လို့ကွာ” လို့ တွေးမိကြမှာပါ။ ဟုတ်ပါတယ်..ကျွန်တော်တို့လို လူငယ်တွေအတွက်ကတော့ မဆန်းပါဘူး။ ဒါပေမယ့် အသက် ၁၀၀ ကျော်ဖြစ်တဲ့ အဘိုးအိုတစ်ယောက်အတွက်ကတော့ မဟာ့မဟာ စွန့်စားခန်းကြီးပါ။ ဟုတ်ကဲ့…အဲ့ထက်ဆန်းတာ ရှိပါသေးတယ်။ သူထွက်ပြေးတဲ့နေ့က သူ့ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ပါ။ သူ့မှာ အလွန်ကို စိတ်တွေလှောင်ပိတ်နေလို့ ထွက်ပြေးရတဲ့အထိ ဖြစ်သွားတာပါ။ သူဟာ Autism တစ်ယောက်ပါ။ သူ့ဘဝမှာ ဖောက်ခွဲရတာကလွဲလို့ ကျန်တာတွေ ခေါင်းထဲမဝင်ခဲ့သူတစ်ဦးပေါ့…. ဒီရုပ်ရှင်ဟာ ဆွီဒင် စာရေးဆရာ Jonas Jonasson ရဲ့ နိုင်ငံရေးနောက်ခံ ဟာသဝတ္ထုကြီးကို အသက်သွင်းထားတဲ့ ဆွီဒင်စကားပြော Dark Comedy ရုပ်ရှင်ကားဖြစ်ပါတယ်။ အယ်လန့်ကြောင့် နိုင်ငံရေးသမားတွေ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရပါသေးတယ်။ ရထားမဆိုက်တော့တဲ့ ဘူတာရုံမှာ စတည်းချနေတဲ့ ဘိုးတော်တစ်ယောက်၊ အမြဲတမ်း တလွဲတွေပဲ ကောက်ချက်ချနေတတ်တဲ့ စုံထောက်တစ်ယောက်၊ စော်ကြောင်ချင်တာနဲ့ ရှိသမျှပညာ ငါတတ် ဆိုတဲ့ တတ်ယောင်ကားတစ်ယောက်၊ မိန်းကလေးတန်မဲ့ ဇိုးဇိုးဇက်ဇက် လုပ်တတ်တဲ့ ချာတိတ်မတစ်ယောက်၊ ငကြောင်တွေချည်း ဖွဲ့ထားတဲ့ စက်ဘီးလမ်းသရဲဂိုဏ်းရယ်.. လူပေါင်းမှားမိတဲ့ အကောင်ကြီးတစ်ကောင်တို့— အသက် ၁၀၀ ကျော် ဘိုးတော်အယ်လန်နဲ့ ဆုံမိကြတဲ့ အခါမှာတော့…..။ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်ကြီး အယ်လန့်ရဲ့ဘဝကို ပဲ့ကိုင်ပေးခဲ့တာက သူ့မိခင်ရဲ့ တစ်ခုတည်းသော အမှာစကားလေးပါ… “အသေချာဆုံးတစ်ခုကတော့.. အရာရာတိုင်းဟာ သူ့ဟာနဲ့သူ ရှိနေမှာပဲ… နောက်ပြီး သူတို့ဖြစ်ရမယ့်အတိုင်း ဖြစ်ကိုဖြစ်ကြမှာပဲ… ” နောက်တစ်ခု ရှိသေးတယ်…အယ်လန်ပြောပြတဲ့တစ်ခု.. “ကျုပ်ဘဝတစ်လျှောက်လုံး ကျုပ်နဲ့ ဆုံမိတဲ့သူမှန်သမျှ အော်သွားရတာချည်းပဲတဲ့”…… ကဲ..မိတ်ဆွေတို့လည်း အယ်လန်ကြီးနဲ့ တွေ့ပြီး အော်လိုက်ကြပါဦး..အဲလေ… ရယ်လိုက်ကြပါဦးလို့……

Horror • Adventure
7.1 2013 115 mins
The 100 Year-Old Man Who Climbed Out the Window and Disappeared