YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Its.Whats.Inside.2024.720p.(CM).mp4

1007.94 MB 720p video/mp4 338 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bad Behind Bars: Jodi Arias
7.5

မိန်းမလည်သိန်းကြွယ် ဆိုတဲ့စကားပုံတစ်ခု မြန်မာစကားမှာရှိပါတယ်။ မိန်းမတွေလည်လာတဲ့အခါ ကောင်းတဲ့ဘက်မှာအရမ်းထူးချွန်ထက်မြက်ကြသလို ဆိုးတဲ့ဘက်မှာဆိုရင်လည်း တစ်ဖက်ကမ်းခတ်ယုတ်မာကောက်ကျစ်တဲ့သဘောကို ဖော်ပြတဲ့စကားပုံပါ။ အခုဇာတ်ကားလေးကိုကြည့်မိရင် ဒီစကားပုံကိုသွားအမှတ်ရမိမှာပါ။ လူ့သဘာဝအရ ထောင်ကျရင် ဆိုးမိုက်လို့လို့ ယေဘုယျသတ်မှတ်လို့ရပေမယ့် အချို့ကျတော့လည်း မှားယွင်းစွပ်စွဲခံရတတ်တာမျိုးလည်းရှိပါတယ်။ ဒီသဘောသဘာဝကြောင့် ထောင်တွင်းရောက်နေတဲ့ အကျဥ်းသားအချင်းချင်းတောင် မှားယွင်းယုံစားမိတာမျိုး၊ အခွင့်အရေးယူအသုံးချခံရတာမျိုး၊ လှည့်စားခံရတာမျိုးတတ်ရှိပါတယ်။ ဒီသဘောသဘာဝကို အခွင့်ကောင်းယူပြီး ကိုယ့်ပြစ်မှုအတွက်ပြစ်ဒဏ်သက်သာအောင် ကလိမ်တိငြမ်းစင် အကျဥ်းသားအချင်းချင်းလှည့်စားပြီး နှစ်ကျပ်ကွက်နင်းတဲ့အဖြစ်ကို ရိုက်ပြထားတဲ့ ၂၀၂၃ ခုနှစ်ထွက် crime- thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဒိုနာဗန်ဘယ်ရင်း၊ ထရေစီဘရောင်း တို့ဟာ တစ်ဆောင်တည်းနေကြတဲ့ အကျဥ်းသူအချင်းချင်းဖြစ်သလို မိန်းမချင်းကြိုက်နေတဲ့ lesbian အတွဲလည်းဖြစ်ပါတယ်။ ထရေစီဟာ ဆတ်ဆတ်ထိမခံ ထောင်တွင်းဖိုက်တာတစ်ယောက်မို့ သူနဲ့ပတ်သက်သူတွေဟာ ထောင်တွေရဲ့ထုံးစံအတိုင်း တခြားအကျဥ်းသားတွေ၊ နှစ်ကြီးသမားတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေကနေ သက်သာရာရပါတယ်။ ထရေစီရဲ့ချစ်သူဖြစ်တဲ့ အကျဥ်းသူ ဒိုနာဗန်ကတော့ ယောကျ်ားလျာပုံစံဖြစ်ပေမယ့် ရိုးရိုးအေးအေးနေတတ်ပြီး သဘောကောင်းတဲ့သူဖြစ်သလို ထရေစီလောက်လည်း ပြစ်မှုမကြီးတဲ့အတွက် ထောင်ထဲမှာအချိန်ခဏပဲကုန်ဆုံးရမှာပါ။ အဲ့လိုနဲ့ သူတို့နှစ်ယောက်ဟာ ထောင်တွင်းအကျဥ်းသူဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေစဥ်မှာပဲ ထောင်ထဲထပ်ရောက်လာတာကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကျော် ဂျိုဒီအာရီးယပ်စ်ပါ။ သူမဟာ ချစ်သူကောင်လေးဖြစ်တဲ့ ထရာဗစ်အလက်ဇန္ဒားကို ရက်ရက်စက်စက်သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ထောင်ထဲရောက်လာပြီး တရားသူကြီးရဲ့အပြီးသတ်အမိန့်ချမှတ်မှုကို စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ အကျဥ်းသူအသစ်ဖြစ်တဲ့အတွက် အခန်းလွတ်နေတဲ့ ထရေစီ့အခန်းမှာပဲ ထောင်ဝါဒါတွေကနေရာချပေးတဲ့အချိန်မှာ ဂျိုဒီကိုမြင်ကတည်းကကြည့်မရတဲ့ ထရေစီနဲ့ပြသနာတက်ပါတော့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဂျိုဒီတတ်ကျွမ်းတဲ့တက်တူးပညာကြောင့် ထရေစီနဲ့သာမက သူမချစ်သူဖြစ်တဲ့ ဒိုနာဗန်ဘယ်ရင်းနဲ့ပါ ခင်မင်သွားကြပြီး သုံးယောက်သားတတွဲတွဲဖြစ်လာပါတော့တယ်။ ဒီလိုအေးဆေးစွာဖြတ်သန်းနေတဲ့အချိန်မှာပဲ အခြေအနေပြောင်းလဲဖို့ဖြစ်လာတာက ဒိုနာဗန်ဘယ်ရင်းအပြီးသတ်အမိန့်ချမှတ်ခံရပြီး လျှော့ရက်တွေနှုတ်ပြီး ထောင်ထဲကအစောကြီး လွတ်ဖို့အကြောင်းဖန်လာတာပါ။ တစ်ဖက်မှာလည်း မိန်းမချင်းချစ်ကြိုက်မှုကြောင့် ထရေစီနဲ့ဒိုနာဗန်ကို လူချင်းခွဲပြီး ထရေစီကိုထောင်ပြောင်းပေးလိုက်ပါတယ်။ အဲ့အချိန်မှာပဲ အေးဆေးတယ်လို့ထင်ရတဲ့ ဂျိုဒီတစ်ယောက် ဇာတိတွေပြလာပါတယ်။ တီဗီအင်တာဗျူးတွေမှာ သူ့အမှုနဲ့ပတ်သက်ပြီး သူအပြစ်မရှိကြောင်း တင်ပြတာ၊ ထောင်ဝါဒါတွေနဲ့ ခြေရှုပ်တာကအစ မျိုးစုံအလုပ်ရှုပ်လာပါတယ်။ အဲ့အချိန်မှာ ဘယ်ရင်းတစ်ယောက် လွတ်သွားပြီဖြစ်လို့ သူကနေတစ်ဆင့် သူမသက်သာရာသက်သာကြောင်း၊ ပြစ်ဒဏ်လျော့ရာလျော့ကြောင်းတွေကို ဂျိုဒီတစ်ယောက်နည်းမျိုးစုံသုံးပြီးချိတ်ဆက်လှုပ်ရှားဆောင်ရွက်လာပါတော့တယ်။ အဲ့အချိန်ကျမှ ဘယ်ရင်းလည်း ဂျိုဒီတကယ်ပဲအမှုကျူးလွန်ခဲ့လား၊ မကျူးလွန်ခဲ့ဘူးလားဆိုတာ မျက်မြင်ကိုယ်တွေ့သိလာရပါတော့တယ်။ ဂျိုဒီတစ်ယောက် တကယ်ပဲအပြစ်ကင်းခဲ့သလား… ထရေစီ၊ ဂျိုဒီနဲ့ ဘယ်ရင်းတို့သုံးယောက် တကွဲတပြားဖြစ်ပြီးတဲ့နောက် အရင်လိုပဲတတွဲတွဲဖြစ်ဦးမလား… အပြင်ရောက်သွားတဲ့ ဒိုနာဗန်ဘယ်ရင်းတစ်ယောက်ရော ဘာတွေဆက်ကြုံရမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးကြည့်ရင်း ရှုစားလိုက်ရအောင်ပါ။ ထရေစီယာဘလက်ခ်၊ ဆယ်လီနာဆင်းဒန်၊ လင်းရက်ဖာတီတို့ခေါင်းဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ IMDd rating 5.9 ရရှိထားပြီး ဇာတ်ကားကြာမြင့်ချိန်က ၁နာရီ ၃၀ မိနစ်ဖြစ်ပါတယ်။ File size…(1.15GB)  / (591.95MB) /488MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Crime / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

7.5 2023 88 mins
Bad Behind Bars: Jodi Arias
Son of Satyamurthy
6.7

ဖခင်ဆိုတဲ့ ကြီးမားလှတဲ့အရိပ်ကို ခိုလှုံရင်း ဘဝကို ခပ်အေးအေးနေခဲ့တဲ့ လူငယ်တစ်ယောက်... အက်ဆီးဒင့်ကြောင့် ဖခင်ဖြစ်သူ သေဆုံးပြီးနောက်ပိုင်း ဖခင်အရိုက်အရာကိုလက်ခံကာ... ကြုံလာသမျှအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်သလဲဆိုတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတကယ်ကောင်းသလို ၊ ရိုက်ချက်တွေလည်းကောင်းတယ်။ Stylish Star အာလူအာဂျွန်းရဲ့ ထုံးစံအတိုင်း ခပ်မြူးမြူးလေးဆိုတော့ ကြည့်ဖူးသူလည်း မူရင်းတီလူဂူးအသံနဲ့ ထပ်ကြည့်လို့ရတာပေါ့ ခင်ဗျာ။ အိုဗာအက်ရှင်ပါတာလေးတွေတော့ သည်းခံကြည့်ရမယ်။ File size…4.64Gb / 2.4Gb / 1.2GB Quality…1080p Blu Ray AAC 5.1Ch / 1080p AAC 2.0 / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myint Thu

Crime • Drama
6.7 2015 162 mins
Son of Satyamurthy
Who Are You People
5.3

Who Are You People(2023) ************************ မိဘတွေက သူ့ကိုဂရုမစိုက်ဘူး၊ သူ့ညီမတွေဖြစ်တဲ့ အမြွှာတွေကိုပဲ ဂရုစိုက်ပြီးချစ်တယ်လို့ အမြဲခံစားနေရတဲ့ ၁၆ နှစ်အရွယ်ကောင်မလေး အဲလက်စ်။ တစ်နေ့မှာတော့ သူ့ကျောင်းကဆရာတစ်ယောက်ကို သူ့မိသားစုအပြင်သွားတုန်း အိမ်ခေါ်ပြီး မြူဆွယ်ဖို့လုပ်ခဲ့ပါတယ်။ ခက်တာက မိဘတွေနဲ့ပက်ပင်းတိုးပြီး အဲလက်စ်ကို နိုင်ငံခြားပညာတော်သင်ပို့လိုက်ဖို့ ဆုံးဖြတ်ကြပါတယ်။ အဲလက်စ်မသွားခင်ဘဲ သူ့အမေသိမ်းထားတဲ့ တခြားယောကျ်ားတစ်ယောက်ဆီက စာတစ်စောင်ကိုတွေ့လိုက်ရတဲ့အခါ... အဲဒီလူကလည်း သူ့အဖေဖြစ်နေနိုင်တဲ့အခါ... လက်ရှိမိဘတွေကို သဘောမကျတဲ့အဲလက်စ်တစ်ယောက် အဖေအရင်းလို့ထင်ရတဲ့သူကိုရှာဖို့ နိုင်ငံခြားသွားသလိုလိုနဲ့ ခိုးထွက်လာပါတော့တယ်။ သူသွားရှာတဲ့အဖေအရင်းက တကယ်ရော သူ့စိတ်ကူးထဲကလိုကောင်းနေပါ့မလား. . သူ့မိဘတွေကရော သူ့ကိုဘာတွေလျှို့ဝှက်ထားကြတာလဲ။ File Size :(1.9GB) and (675MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:44:00 Genre : Mystery , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

Action • Drama • Thriller
5.3 2023 104 mins
Who Are You People
Jericho Ridge
6.8

Jericho Rudge (2022) ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် Jericho Ridge ဆိုတဲ့ ဇာတ်ကားလေးကတော့ ၂၀၂၂ ကထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား တစ်ကားဖြစ်ပါတယ်။ နာမည်ကြီး နိုင်ဂျီးရီးယန်းမင်းသမီး Nikki Amuka-Bird ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်နဲ့ပါဝင်သရုပ်ဆောင်ထားပြီးတော့ "Origin" ဇာတ်လမ်းတွဲထဲက မင်းသား Philipp Christopher ကတော့ ဗီလိန်အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ တန်ပီတန်ပယ်ဆိုတဲ့ အမျိုးသမီးကိုဇာတ်အိမ်တည်ပြီးတော့ ရိုက်ထားပါတယ်။ တက်ဘီဟာ သူ့ခင်ပွန်းနဲ့ကွဲပြီးနောက်ပိုင်းမှာ အရက်အလွန်အကျွံသောက်ပြီး ကားမောင်းလိုက်လို့ လမ်းမှာသမင်တစ်ကောင်ကို ရှောင်ရရင်းနဲ့ သူ့ခြေချင်းဝတ်ကျိုးသွားရှာပါတယ်။ ဒါပေမဲ့ သူ့က ရဲမေတစ်ယောက်ဖြစ်နေတော့ အလုပ်ကအရေးပေါ်လိုအပ်လာတော့လည်း ရဲစခန်းကိုပြန်သွားရတာပေါ့။ ဖြစ်ချင်တော့ သူလုပ်နေတဲ့ရဲစခန်းက သူအနားယူနေဆဲကာလမှာ အဖောက်ခံလိုက်ရတာပါ။ ဒါနဲ့ပဲ ရရာ သဲလွန်စကနေတစ်ဆင့် ဒီအမှုကို ဖော်ထုတ်ဖို့ကြိုးစားနေရင်းနဲ့ပဲ သူတို့ရဲစခန်းကို ဗီလိန်ကြီးက တစ်ခြားလူဟန်ဆောင်ပြီး ဝင်လာပြန်ပါတော့တယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ တက်ဘီကိုယ်တိုင် ရဲစခန်းထဲမှာရှိနေတဲ့အချိန်နဲ့တိုက်နေတော့ မသင်္ကာဖြစ်ပြီး တစ်ခြားရဲကို မေးကြည့်ရာမှ ဗီလိန်ဖြစ်နေတာကို သိလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ပဲ ဗီလိန်ကြီးက ရဲစခန်းကနေ တကယ်တမ်းဘာကို ရှာဖို့ကြိုးစားနေတာလဲ... ပထမဖြစ်ခဲ့တဲ့ ခိုးမှုကရော ဗီလိန်ကြီးနဲ့ပဲတကယ်ပတ်သက်နေတာလား... ဆိုတာကို အက်ရှင်ပေါင်းများစွာနဲ့ သဲထိတ်ရင်ဖို ရှုစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 675MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 27Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Comedy • Drama
6.8 2023 88 mins
Jericho Ridge
The Tiger’s Nest
5.7

The Tiger’s Nest (2022) ကလေးတစ်ယောက်နဲ့ တိလေးတစ်ကောင်ဇာတ်လမ်းဆိုတာမျိုးက ရုပ်ရှင်ချစ်သူတွေငယ်ငယ်က ပထမဆုံးထိတွေ့ခဲ့တဲ့ရုပ်ရှင်တွေထဲမှာပါဝင်ပြီး ဘယ်အသက်အရွယ်ရွယ်ပဲရောက်ရောက် စိတ်အပန်းပြေမှုတွေပေးနိုင်တဲ့ ကြည်နူးဖွယ်ရာဇာတ်လမ်းလေးတွေပါ။ ဒီဇာတ်လမ်းမှာတော့ ငလျင်ဘေးကြောင့်မိဘမဲ့ဖြစ်ခဲ့တဲ့ ဘလ်မနီဆိုတဲ့ကလေးရယ် ကျားလေးတစ်ကောင်ရယ်ဇာတ်လမ်းပါ။ ဘလ်မနီက ကျားကလေးကိုမှောင်ခိုသမားတွေလက်ကနေ ကယ်ပေးခဲ့တာပါ။ ဒီကျားလေးကို အန္တရာယ်ကင်းဖို့ဘယ်နေရာပို့မလဲစဥ်းစားရင်း အမေ့ကိုလဲလွမ်းနေတဲ့ဘလ်မနီက အမေပြောပြဖူးတဲ့ဒဏ္ဍာရီကိုသတိရသွားပါတယ်။ ဟိမလေရာတောင်တန်းပေါ်မှာ ကျားသိုက်လို့ခေါ်တဲ့ဘုန်းကြီးကျောင်းရှိပါတယ်။ ဒဏ္ဍာရီအရတော့ ဟိုးအရင်ကဂုရုကြီးတစ်ပါးဟာ ကျားပျံကြီးကိုစီးပြီးအဲ့ဒီကိုသွားခဲ့ပါတယ်။ နောက်တော့အဲ့ဒီနေရာက ဘုန်းကြီးကျောင်းဖြစ်လာခဲ့တယ်ပေါ့။ အဲ့ဒီကျားသိုက်ကို ခရီးနှင်မယ့်ကောင်လေးနဲ့ကျားတစ်ကောင်ရယ် သူတို့ကြုံရမယ့်အခက်အခဲတွေရယ်ကိုကြည့်ရှုရဦးမှာပါ။ ဇာတ်လမ်းလေးကကောင်းတဲ့အပြင် နီပေါ ဘူတန် ဟိမလေရာတောင်တန်းတွေရဲ့ အလှအပရှုခင်းတွေ ရိုးရာဓလေ့တွေပါမြင်ရမှာဆိုတော့ ကြည့်ဖို့သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Adventure Quality…. 1080p | 720p | 480p File size… 1.43GB | 792MB | 377MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. August

Drama • Comedy
5.7 2022
The Tiger’s Nest
In Her Name
7

ပြင်သစ်နိုင်ငံ ဂျာမနီနိုင်ငံတို့မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပေါ် မူတည်ပြီး ရိုက်ကူးထားတဲ့ ပြင်သစ်ကားလေးပါ။ သားသမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ကိစ္စတစ်ခုပေါ်မှာ အဖေတစ်ယောက်အနေနဲ့ အရှုံးမပေးပဲ ဇွဲနပန်းကြီးစွာ ၂၇ နှစ်လောက်ထိ ကြိုးစားမှုတွေကို တင်ဆက်ပေးထားတဲ့ မှုခင်းနောက်ခံ ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး စာရင်းကိုင်လုပ်ငန်းနဲ့ အဆင်ပြေနေတဲ့ အန်ဒရေးတစ်ယောက်ဟာ ဇနီးသည်ဖောက်ပြားတာကို လက်ဝယ်မိပြီး ကွာရှင်းပြီးတဲ့နောက် ၁၉၈၂ ခုနှစ်မှာ သတင်းဆိုးတစ်ခု ကြားလိုက်ရပါတယ်။ အဲဒါကတော့ ကျောင်းပိတ်ရက်ဖြစ်လို့ သားသမီးတွေကို မိခင်ရှိရာ ဂျာမနီကို အလည်အပတ်ဆိုပြီး ပို့လိုက်ရတာကနေ သမီးဖြစ်သူ ဆုံးပါးသွားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း သေဆုံးရခြင်း အကြောင်းအရင်းကို အတိအကျ မသိရလို့ လိုက်လံ စုံစမ်းရာကနေ နောက်ကွယ်က ရွံရှာဖွယ် အမှန်တရားကို သိလိုက်ရတဲ့အချိန် တရားခံဖြစ်သူကို တစ်ကမ္ဘာလုံးနဲ့တစ်ယောက် ဆန့်ကျင်ပြီး အပြစ်ပေးနိုင်ဖို့ ဘယ်လိုတွေ ကြိုးစားရုန်းကန်ရလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အန်ဒရေးနေရာကလည်း ပြင်သစ် ဝါရင့်မင်းသားကြီး Daniel Auteuil သရုပ်ဆောင်ထားတာပါ။ File size…1.38GB / 627MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 27m Genre ….. Biography , Drama , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

7 2016 87 mins
In Her Name
Making It Up [Maquillame Otra Vez]
4.7

Making It Up [Maquillame Otra Vez] (2023) ============================== အန်နာဆိုတဲ့ မိတ်ကပ်ပညာရှင်မလေးက အဲလက်စ်လို့ခေါ်တဲ့ သူငယ်ချင်းဖြစ်သူနဲ့ လုပ်ငန်း အတူတူအောင်မြင်ရာကနေ အဲလက်စ်ရဲ့ တလွဲလုပ်မှုတွေကြောင့် ဘဝပျက်ခဲ့ရပါတယ်။ အဲဒီမှာပဲ တခြားသူငယ်ချင်းဖြစ်တဲ့ ရီတာ့ဆီ သွားနေပြီး နောက် ထပ် ဆိုနီယာဆိုတဲ့တစ်ယောက်နဲ့ မိတ်ကပ်ပညာရှင် ၃ ယောက် သား မွဲတေပြီး ဘဝကို ကြိုးစားဖြတ်သန်းနေခဲ့ရပါတယ်။ ဒီမှာတင် အရင်တုန်းက အန်နာ့ကို ဒုက္ခပေးတဲ့ အဲလက်စ်က မင်္ဂလာ ဆောင်ပွဲတစ်ခုကို မိတ်ကပ်လိမ်းပေးဖို့ ပြန်လည် ဆက်သွယ်ခဲ့ ရာမှာ အန်နာက သူ့ဆီ ပြန်မသွားချင်ပေမဲ့ ရီတာတို့က ဘိုင်ပြတ် နေကြတာကြောင့် လိမ်းဖို့ လက်ခံလိုက်ပြီး အဲလက်စ်ရဲ့ အမွှေအ နှောက်တွေအောက် ဘယ်လို ပြဿနာတက်ကြရမလဲ ကြည့်ရမှာ ဖြစ်ပါတယ်။ စပိန်စကားပြော မက်ဆီကို ရုပ်ရှင် ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.39 GB) / (568 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 21Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Thura Aung Encoder……….SWM

Horror • Action • Thriller
4.7 2023 81 mins
Making It Up [Maquillame Otra Vez]
Jack Strong
7

ဒီ IMDB 7/10 ရတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲအတွင်းက ပိုလန်သူလျှိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ ဗိုလ်မှူးကြီးရစ်ဇာ့ဒ်ကူလင်စကီဟာ အရမ်းကိုအလုပ်ကြိုးစားပြီး မျိုးချစ်စိတ်ထက်သန်တဲ့ဗိုလ်မှူးတစ်ယောက်ပါ။ သူဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကမ္ဘာစစ်ထပ်ဖြစ်အောင်ကြိုးစားနေတဲ့ စီမံချက်တွေ အကြံအစည်တွေကိုသိနေပြီး ကမ္ဘာစစ်ဖြစ်လာမှာကိုမလိုလာပါဘူး။ ဒါကြောင့်ကူလင်စကီဟာ သူ့တိုင်းပြည်ဖြစ်တဲ့ပိုလန်ရဲ့ အနာဂတ်အတွက်နဲ့ သူ့မိသားစုရဲ့လုံခြုံရေးအတွက် “Jack Strong” ဆိုတဲ့ လျှို့ဝှက်နာမည်ကိုသုံးပြီး အမေရိကန်စစ်ရေးသတင်းထောက်လှမ်းရေးအေဂျင်စီတွေနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်တယ်။ ဒီလိုတခြားနိုင်ငံကို ထိပ်တန်းလျှို့ဝှက်စစ်ရေးသတင်းတွေပေးခြင်းဟာ တရားမဝင်သလို သူရောသူ့မိသားစုပါ ဒုက္ခရောက်မယ်ဆိုတာ သူကောင်းကောင်းကြီးသိပါတယ်။ ဒီလိုမျိုး ကြီးလေးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ကူလင်စကီရဲ့စိတ်တွင်းမှာ ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ထင်ရှားအောင် ဒီဇာတ်ကားကဖော်ပြပေးသွားတာပါ။ စစ်အေးတိုက်ပွဲအတွင်းက ရက်စက်မှုတွေနဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကိုပါ ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗဟုသုတနဲ့ သည်းထိတ်ရင်ဖိုဖြစ်မှုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… 2.1 GB / 895 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre ….. Thriller , Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

7 2014 123 mins
Jack Strong
The Prequel of Gold Convoyers 7: A Supernumerary Candidate
5.7

ဒါကတော့ The Prequel of Gold Convoyers ရဲ့(၇)ကားမြောက်ကားပဲဖြစ်ပါတယ်။ စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဒီဇာတ်ကားမှာတော့ ဝမ်ကျောက်ရှင်းတို့ပို့ဆောင်ရေးအဖွဲ့ဟာ ဆားဂိုဏ်းဂိုဏ်းချုပ်ကြီးအပ်တဲ့ပစ္စည်းကိုပို့ရတာပဲဖြစ်ပါတယ်။ ရှေးခေတ်မှာ ဆားကိုတရားမဝင်ရောင်းဝယ်တဲ့သူဟာ အပြစ်တော်တော်ကြီးပါတယ်။ ဆားဂိုဏ်းဆိုတာကတော့ ဆားမှောင်ခိုအရောင်းအဝယ်အားလုံးထိန်းချုပ်ထားတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ပြီး အရမ်းကိုချမ်းသာပါတယ်။ ဘုရင်ကဆားရောင်းဝယ်တာတွေကိုပြန်စီမံမယ်ဆိုတော့ စံပြနမူနာအနေနဲ့ ဆားဂိုဏ်းဂိုဏ်းချုပ်တူဝရီးကိုအရင်ဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ဝမ်ကျောက်ရှင်းက ဆားဂိုဏ်းကိုတိုက်တိုက်ဆိုင်ဆိုင်ရောက်နေတဲ့အတွက် ဆားဂိုဏ်းဂိုဏ်းချုပ်ဖမ်းဆီးဖို့စစ်ဆင်ရေးမှာ သူပါပါဝင်ရတော့တာပေါ့။ နဂါးတော်ဝင်တပ်ရဲ့ရန်အပြင် အတွင်းရေးပဋိပက္ခတွေပါရှိနေတဲ့ ဆားဂိုဏ်းဟာ ဘယ်လိုအဆုံးသတ်သွားမလဲ။ ဝမ်ကျောက်ရှင်းတို့အဖွဲ့ဟာ ဒီတာဝန်ကိုရောဘယ်လိုအောင်မြင်အောင်လုပ်သွားမလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော်။

5.7 2010
The Prequel of Gold Convoyers 7: A Supernumerary Candidate
A Moment to Remember

A Moment to Remember (2004) ********************************* အချစ်စစ်ဆိုတာကို သိမြင်ဖို့ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ်။ အချစ်ကို အကြိုက်နဲ့ ရောထွေးနေတဲ့ အရေခြုံအချစ်တွေလည်းရှိသလို ဘာကြောင့် ညာကြောင့် ချစ်တယ်ဆိုတာတွေ ကျွန်တော်တို့အများကြီးကြားနေရတယ်။ အကြိုက်နဲ့ချစ်လိုက်ပြီဆိုရင် အတူယှဉ်တွဲပါလာတာက မာနပါပဲ။ မာနတွေနဲ့ ဘောင်ခတ်ပြီး မြင်နေရင်တော့အချစ်စစ်မဟုတ်ပါဘူး။ အချစ်စစ်ဆိုတာ ပေးဆပ်မှုတွေနဲ့ ကိုယ်ချစ်တဲ့သူကို စိတ်ချမ်းသာစေပြီး အမြင့်ကိုရောက်သွားစေဖို့ပဲ ဆန္ဒရှိပါတယ်။ ဒီကိုရီးယားကားလေးထဲမှာတော့ အချစ်စစ်ဆိုတာမျိုးတွေ တွေ့မြင်ရပါတယ်။ ကောင်လေးက သာမန် လက်သမားဆရာလေးတစ်ယောက် ငယ်ငယ်လေးထဲက အဖေဆုံးသွားတဲ့အပြင် အမေက ဘယ်အရပ် ဘယ်ဒေသ ရောက်နေမှန်းမသိ ကောင်မလေးက အစစအရာရာ သူ့ထက်သာပါတယ်။ အဖေက ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို သင့်တင့်တဲ့ငွေရေးကြေးရေး အသိုင်းအဝန်းက‌ပေါ့။ တစ်နေ့ သူတို့ ၂ယောက်ဟာ စတိုးဆိုင်လေးတစ်ဆိုင်မှာ ဆုံခဲ့ကြတယ်။ ဒီလိုနဲ့ပဲ………. တကယ်တော့ ဒီဇာတ်ကားလေးဟာ သာမန်ကိုရီးယားအချစ်ဇတ်လမ်းပါပဲ။ ဘဝကို နာကျဉ်းချက်တွေရှိတဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ဟာ အချစ်ကြောင့် ပြောင်းလဲလာပုံတွေ တွေ့ရတယ်။ မိဘတွေတွေဟာ ကိုယ့်သားသမီးကို အမြင့်ဆုံးဖြစ်စေချင်ပေမဲ့ နောက်ဆုံးသားသမီး ဆန္ဒကိုဦးစားပေးတဲ့ မေတ္တာတရားတွေကိုလည်း တွေ့နိုင်သလို ကောင်လေးနဲ့ ကောင်မလေးဟာ အချစ်အတွက် ပေးဆပ်ပုံလေးတွေကိုလည်း တွေ့မြင်ရမှာပါ။ အထူးသဖြင့် အပြစ်ကင်းကင်းနဲ့ ပွင့်လင်းရိုးသားတဲ့ စရိုက်ပုံစံ သရုပ်ဆောင်တဲ့ Ye-jin Son က ချီးကျူးဖို့ကောင်းပါတယ်။ နောက်ခံတေး ဖျော့ဖျော့လေးတွေနဲ့ စီးမျောလို့ကောင်းတဲ့ ဇာတ်ကားဆိုတာတော့ IMDb 8.2ဆိုတာကြည့်ရုံနဲ့လုံလောက်ပါတယ်။ ဟုတ်ကဲ့ ခံစားကြည့်လိုက်ပါဦးဗျာ ….. File size…1.91GB / 760MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….2h 8m Genre ….. Romance, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by MMyo

0 2004 117 mins
A Moment to Remember
License to Wed
5.3

ဆေဒီ က သူ့ချစ်သူ ဘန်နဲ့သူ့တို့မိသားစု ဘုရားကျောင်းမှာလက်ထပ်ချင်နေတယ် ဒါပေမယ့် ဘုန်းတော်ကြီးဖရန်ခ့်ကတော့ သူ့ရဲ့သင်ရိုးအတိုင်းအောင်မှ ထိမ်းမြားပေးမှာပါ. ဆေဒီနဲ့ဘန် နဲ့က တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိကြတဲ့ အတွဲတွေလို့ထင်ထားကြပေမယ့် ဘုန်းတော်ကြီးဖရန့်ရဲ့ သင်ရိုးတွေအတိုင်းစမ်းသပ်ကြည့်တော့မှ ကတောက်ကဆ ဖြစ်စရာလေးတွေပေါ်လာတာပါ. ဒါကြောင့်သူတို့၂ယောက်ကြားထဲက ဘယ်လိုနားလည်မှုပြန်ယူမလဲဆိုတာ ဟာသဆန်ဆန်ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Andy Baker ပါ ) File size_(1.3GB)/(730MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:331:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Andy Baker

Documentary • Crime
5.3 2007 91 mins
License to Wed
Miracle on 1st Street

Miracle on 1st Street (2007) **************************** ၁ လမ်းရပ်ကွက်မှ အံ့သြစရာဖြစ်ရပ်။ ဒီဇာတ်လမ်းမှာ ကလေးသရုပ်ဆောင်တွေက အဓိကဖြစ်ပြီး ချစ်စရာ ဒေသခံတွေရဲ့ … ဇာတ်လမ်းအသီးသီးတွေ၊ လူနေမှုအဆင့်အတန်းကွာဟမှုတွေ… မြို့ပြစီမံကိန်းရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေနဲ့အတူ ရင်ထဲကိုနွေးသွားစေမဲ့ အခိုက်အတန့်တွေအားလုံးကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတာမို့ ရယ်တစ်လှည့်၊ ငိုတစ်လှည့် ကြည့်ရမှာဖြစ်ပြီး ၂၀၀၀ ခုနှစ်ရဲ့ ဒိတ်ဒိတ်ကြဲ မမ ဟာဂျီဝန်းရဲ့ … ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုလည်း ရှုစားနိုင်မှာဖြစ်လို့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တယ်ဆိုတာ ညွှန်းလိုက်ပါရစေနော်။ ဇာတ်လမ်းအကျဉ်း ————– ဆင်းရဲသားရပ်ကွက်လို့ လူတိုင်းကနှိမ်ခေါ်ကြတဲ့ ၁ လမ်းရပ်ကွက်လေးဟာ… စရိုက်အဖုံဖုံနဲ့ အရောင်အသွေးစုံလှတဲ့ မိသားစုတွေရဲ့ အိမ်လို့ ခေါ်ရမှာပေါ့။ အဲဒီနေရာလေးကိုမှ လူမိုက်ဖီးဂျယ်ဟာ ရောက်ရှိသွားခဲ့တယ်။ ဖီးဂျယ်ဟာ… အဲဒီကိုရောက်ပြီး သိပ်မကြာခင်မှာပဲ ၁ လမ်းမှာနေထိုင်တဲ့ မြောင်နန်ဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့တယ်။ လက်ဝှေ့သမားပေါက်စဖြစ်ပြီး တစ်နေ့မှာ ချန်ပီယံဖြစ်ဖို့ အိပ်မက်ရှိတဲ့ မြောင်နန်ဟာ… အလုပ်ကြမ်းလုပ်ပြီး နေမကောင်းမကျန်းမာတဲ့ ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်နေတဲ့ သမီးလိမ္မာတစ်ဦးပါ။ အစကတော့ ဒေသခံတွေကို ခြိမ်းခြောက်နှင်ထုတ်ဖို့ လာခဲ့တဲ့ ဖီးဂျယ်ဟာ… အပြင်ပန်းမှာတော့ ကြမ်းတမ်းရိုင်းစိုင်းပေမဲ့ ရပ်ကွက်လေးထဲက နက်ရှိုင်းတဲ့နှောင်ကြိုးတွေကို… ရှာဖွေတွေ့ရှိလာခဲ့ပြီးနောက် တဖြည်းဖြည်းနဲ့ သူ့ရဲ့စရိုက်ဟာ ပြောင်းလဲလာခဲ့တော့တယ်။ ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်နေရပေမဲ့ ဇွဲမလျှော့ဘဲ ကြိုးစားနေတဲ့ မြောင်နန်ကတော့… သူ့ပြောင်းလဲမှုအတွက် တစ်စိတ်တစ်ပိုင်းကနေ ပါဝင်ကူညီပေးခဲ့တဲ့လူပေါ့။ ဒီလိုနဲ့ပဲ သူတို့နှစ်ဦးဘဝဟာ ကံကြမ္မာစပ်ခဲ့ကြတယ်။ File Size : 2.92GB / 1.21GB Quality : WEB-DL 1080p / 720p Duration : 1 hr. 53 min. Genre : Comedy, Romance, Sports Subtitle : Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by Heather Oo

0 2007 113 mins
Miracle on 1st Street
The Bouncer
5

ဒီတစ်ခါမှာတော့ ပရိသတ်တွေကို အက်ရှင်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2024 တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ Massimiliano Cerchi က ဒါရိုက်တာအဖြစ် ရိုက်ကူးပေးထားပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် John Ozuna, Costas Mandylor, Rosmary Yaneva နဲ့ Vincent Rivera တို့က ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် ဖရန့်ခ်ဟာ ဘားတစ်ခုမှာ လုံခြုံရေးအစောင့်လုပ်ပါတယ်။ လူမိုက်ခေါင်းဆောင်တစ်ယောက်က အဲဒီဘားကို ညတိုင်း ကောင်မလေးတစ်ယောက်နဲ့အတူ လာပါတယ်။ အဲဒီကောင်မလေးက ပြန်ပေးဆွဲခံလာရတဲ့သူမှန်းသိတဲ့အခါ သူ့ကို ကယ်ထုတ်ဖို့အတွက် ကြိုးစားပါတော့တယ်။ လူမိုက်တွေရဲ့လက်ထဲကနေ လွတ်အောင်ထွက်ပြေးနိုင်မလား၊ သစ္စာဖောက်မှုတွေ လှည့်ကွက်တွေကြားထဲကနေ အောင်မြင်အောင် ဘယ်လိုထွက်ပြေးကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပါ။ File size… (1.30 GB) / (613 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 18m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5 2024 79 mins
The Bouncer
Poison Ivy: The New Seduction
4.8

Poison Ivy: The New Seduction (1997) IMDb Rating (4.8) / Rotten Tomatoes (36%) Poison Ivy: The New Seduction ကတော့ Poison Ivy စီးရီးရဲ့ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ ဒါရိုက်တာ Kurt Voss နှင့် Karen Kelly ကရေးသားခဲ့ပါတယ်။ Violet အဖြစ် သရုပ်ဆောင်ထားတဲ့ အဓိက မင်းသမီးမှာ Jaime Pressly ဖြစ်ပါတယ်။ အခြားသရုပ်ဆောင်များတွင် Megan Edwards၊ Michael Des Barres နှင့် Greg Vaughan တို့ပါဝင်တယ်။ ဇာတ်လမ်းက ပထမဆုံးရုပ်ရှင်ထဲက Ivy ရဲ့ ညီမ Violet အကြောင်းပါ။ သူအမေကို ဆိုးဆိုးရွားရွားဆက်ဆံခဲ့လိူ့ လက်စားချေဖို့ ချမ်းသာတဲ့မိသားစုအိမ်ကိုပြန်လာခဲ့ပါတယ်။ သူမိသားစုကို ထိန်းချုပ်ရန်နှင့် ဖျက်ဆီးဖို့အတွက်သူ့ရဲ့အရှက်သိက္ခာကို အသုံးပြုပါတယ််။ ဒီဇာတ်ကားမှာ ဒရာမာ၊ သည်းထိတ်ရင်ဖို နဲ့ အချစ်ဇာတ်လမ်းတွေ ပါဝင်ပါတယ်။ ယေဘူယျအားဖြင့်၊ Poison Ivy: The New seduction က ဒရာမာမတွေပါဝင်တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေကိုနှစ်သက်တဲ့သူတွေဆိုရင်တော့ကြည့်သင့်ပါတယ်။ 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar aung ဖြစ်ပါတယ်။) File size…(2.6 GB) / (850 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance,Thriller Duration….01:35:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Banyar aung

Action • Comedy
4.8 1997 93 mins
Poison Ivy: The New Seduction