YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Its.Only.the.End.of.the.World.2016.1080p.BluRay {CM}.mp4

1.58 GB N/A video/mp4 43 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kate & Leopold
6.3

Kate & Leopold(2001) ******************** ယနေ့လိုခေတ်ကြီးမှာ တော်ဝင်မင်းသားလေးက မြင်းဖြူကြီးစီးပြီး သင့်‌ရှေ့ရောက်လာမယ်လို့ စိတ်ကူယဉ်ဖူးပါသလား။ ဒီဇာတ်ကားလေးမှာတော့ မင်းသားလေးက မြင်းဖြူကြီးစီးလို့ ရောက်လာတာတော့မဟုတ်ပါဘူး တောင့်တောင့်ဖြောင့်ဖြောင့် အင်္ဂလိပ်နယ်စားမင်းက အချိန်အက်ကြောင်းပေါ်တယ်ကတဆင့် ပြုတ်ကျလာတာပါ။ The Greatest Showmanထဲမှာ ရှေးခေတ်ဝတ်စုံအပြည့်နဲ့ ချောမောခန့်ညားလှတဲ့ Hugh Jackman ကို ဒီကားမှာလည်း နယ်စားဝတ်စုံအပြည့်နဲ့ တစ်ဖန်ပြန်လည်ရှုစားရဦးမှာပါ။ ဇာတ်ကြောင်းကတော့ ဒီလိုပါ သိပ္ပံစူးစမ်းသူ Stuartက အချိန်အက်ကြောင်းကနေ ၁၈၇၆ခုနှစ်ကို ပြုတ်ကျသွားပါတယ်။ အဲဒီခေတ်က နယ်စားမင်းLeopoldဟာ Stuwartနောက်ကို မသင်္ကာလို့ လိုက်လာရာကတဆင့် မတော်တဆ ဒီဘက်ခေတ်ကိုရောက်လာပါတော့တယ်။ ၁၈၇၆ကနေ ရောက်လာသူဆိုတော့ ဒီဘက်ခေတ်ကအရာရာဟာ အသစ်အဆန်းပေါ့။ သူရောက်နေတာ ခေတ်သစ်နယူးယော့ခ်ဆိုတာမသိဘဲ Stuwart ကို နယူးယော့ခ်ကိုသာ ပြန်ပို့ခိုင်းနေပါတော့တယ်။ Stuwartရဲ့ရည်းစားဟောင်းဖြစ်သူ အောက်ထပ်မှာနေတဲ့ Kateကတော့ အပေါ်ထပ်မှာ ထူးထူးဆန်းဆန်းတွေဖြစ်နေတာကြောင့် သူ့ရည်းစားဟောင်းဟာ စော်အသစ်ခေါ်လာတယ်လို့ပဲ ထင်နေပါတယ်။ ၁၉ရာစုက နယ်စားမင်းLeopold ဒီဘက်ခေတ်မှာ ဘာတွေကြုံရမလဲ၊ Kateနဲ့ရော ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ သူ့အချိန်ဆီကိုရော ပြန်ရောက်ဦးမှာလားဆိုတာ ကြည့်ရှုလိုက်ပါဦး။ File Size : (2.4GB) and (1.04GB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:15:00 Genres: Comedy, Fantasy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Drama
6.3 2001 118 mins
Kate & Leopold
Chaguo

ဝန်ဒိုနဲ့မူဂယ်နီတို့ဟာ အာဖရိကန်နိုင်ငံတစ်နိုင်ငံကလွတ်လပ်ရေးရပြီးကတည်းက သမိုင်းစဉ်ဆက် အားပြိုင်နေတဲ့မတူညီတဲ့မိသားစုနှစ်စုက ချစ်သူတွေဖြစ်ပါတယ်။ ဝန်ဒိုဟာ ရှေးရိုးစွဲ လူမျိုးစွဲတွေကို ဆန့်ကျင်ပြီး ဇာတိမြေကောင်းစားရေးအတွက်ကြိုးပမ်းနေတဲ့ အမတ်လောင်းအတွက် မဲဆွယ်စည်းရုံးရေးမှာ ပါဝင်ကူညီနေတာဖြစ်ပါတယ်။ လူမျိူးစွဲ ပါတီစွဲများကြောင့် ဝန်ဒိုရဲ့အလုပ်ဟာသူတို့ချစ်သူနှစ်ဦးရဲ့ရှေ့ဆက်မယ့်လမ်းမှာ အဟန့်အတားဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းမှာတော့ ချစ်သူနှစ်ဦးရဲ့ချစ်ခရီးလမ်းမှာ နှောင့်ယှက်လာတဲ့နိုင်ငံရေး လူမျိုးရေးအရှုပ်တော်ပုံကို ဖြေရှင်းကြပုံ၊ နိုင်ငံရေးသမားများ အကျင့်ပျက်ချစားမှု လူမျိုးစွဲမှုတို့ကြောင့် ပြည်သူများနစ်နာရပုံ၊ မဲအနိုင်ရဖို့အတွက် ဘာမဆိုလုပ်ကြမယ့်နိုင်ငံရေးသမားတို့ရဲ့လောဘကို ပေါ်လွင်အောင်ရိုက်ကူးပြထားပါတယ်။ File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:40:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

Comedy • Romance
0 2022 100 mins
Chaguo
Dashcam
5.1

ဇာတ်လမ်းနာမည် အတိုင်းပါပဲ။ ကားရှေ့မှာ တပ်ထားတဲ့ ကင်မရာကတစ်ဆင့် မြင်ရတဲ့ အနေအထားမျိုးနဲ့ ဇာတ်လမ်းကို တင်ပြသွားတာပဲ ဖြစ်ပါတယ်။ ဒီကားကတော့ တခြား Horror ကားတွေနဲ့ မတူဘဲ တစ်ကားလုံးမှာ မင်းသမီးက livestream နေမှာဖြစ်ပြီး Live တစ်ခုကို ကြည့်နေရသလို ကြည့်ရမှာပါ ဇာတ်ကောင်နဲ့အတူ စီးမျောရင်း ကြောက်လန့်မှုကို ခံစားရမယ့် ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ..... အန်နီဟာဒီ covid ကာလ lockdown တွေလုပ်ထားတဲ့အချိန်မှာ ကားမောင်းရင်း livestream လွှင့်ပြီး သီချင်းလက်တန်းရွတ်ဆိုပြတဲ့သူပါ။ တစ်ရက်မှာတော့ အမေရိကန်ကနေပြီးတော့ အင်္ဂလန်မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ဆီအလည်သွားပါတယ် အဲဒီမှာ သူ့သူငယ်ချင်းနဲ့ ပြဿနာတက်ပြီး ကားကိုခိုးသွားရင်းနဲ့ အဖွားကြီးတစ်ယောက်ကို လိုက်ပို့ပေးဖို့ အကူညီတောင်းခံရတော့ သူလည်း လိုက်ပို့ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအဖွားကြီးက သာမန်အဖွားကြီးတစ်ယောက်မဟုတ်နေခဲ့တဲ့အခါမှာတော့ .... ဒီကားကတော့ သာမန် Horror ကားမျိုးနဲ့ မတူဘဲ တစ်ကားလုံးမှာ မင်းသမီးက livestream နေမှာဖြစ်ပြီး Live တစ်ခုကို ကြည့်နေရသလို ကြည့်ရမှာပါ ဇာတ်ကားကို ကြည့်ရင်း အတူတူ ကြောက်လို့ ရမယ့် ရုပ်ရှင်မျိုးပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kuz ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… 1.68GB | 857MB | 287MB Format… mp4 Duration…. 1h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kuz Encoder ..... August

Action • Drama
5.1 2022 80 mins
Dashcam
Siklo
7

ရင်ဂိုဆိုတဲ့ကောင်လေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်သည်တစ်ပိုင်းဖြစ်နေပြီး အတူနေချစ်သူအမန်ဒါမှာလဲ ကိုယ်ဝန်ဆောင်ထားတာဖြစ်တော့ Delivery Rider တစ်ယောက်အနေနဲ့ကြိုးစားအသက်မွေးနေပါတယ်။ သူတို့ဆီမှာလဲ ဒီမှာလိုပဲ Rider တွေကြုံရတတ်တဲ့မှာပြီးမှမယူတာ၊ စိုက်ပေးထားတဲ့ပိုက်ဆံတွေပြန်မရတာ စတာမျိုးတွေကြောင့် သူ့ချစ်သူနဲ့ခဏခဏပြဿနာဖြစ်ရပါတယ်။ တစ်နေ့တော့ အဲ့ဒီလိုကုမ္ပဏီအသစ်တစ်ခုမှာ သွားလျှောက်ရာကနေအဆင်ပြေသွားခဲ့ပြီး ရင်ဂိုဘဝတစ်ဆစ်ချိုးပြောင်းဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒီမှာအလုပ်ဝင်ချိန်ကစလို့ ဆက်တိုက်ကြုံရတာကတော့ သူတို့မြို့မှာ သာသနာပြုလုပ်ငန်းဗန်းပြပြီးနောက်ကွယ်က မကောင်းမှုပေါင်းစုံ အားလုံးလုပ်တဲ့ သင်းအုပ်ဆရာ မိသားစု ရဲ့ အရှုပ်အထွေးတွေပါပဲ။ သင်းအုပ်ဆရာရဲ့ တိတ်တိတ်ပုန်းချစ်သူ မိန်းကလေး ပစ္စည်းမှာတဲ့အခေါက်တိုင်း သူ့ဆီပဲတိုက်တိုက်ဆိုင်ဆိုင်ရောက်ရောက်လာတတ်လို့ မျက်မှန်းတန်းမိစအချိန်မှာ အဲ့ဒီမိန်းမလှလေးဟာ ရေစိုနေတဲ့အဝတ်အစားတွေနဲ့ ထွက်ပြီးလာယူပါတယ်။အဲ့ဒီကနေ စကားစပ်မိရာက ကောင်မလေးအိမ်မှာရေပိုက်ပျက်နေတယ်ဆိုတာကို သိလိုက်ရသလို ရင်ဂိုက သူရေပိုက် ကောင်းကောင်းပြင်တတ်တဲ့အကြောင်းပြောရင်း အိမ်ထဲဝင်လိုက်မိတဲ့အခါ...။ ရင်ဂို့ဇနီးသည်ဟာ ကိုယ်ဝန်ဆောင်ဖြစ်တဲ့အတွက် သူ့မှာ တစ်ပိုင်းတစ်စနဲ့မပြီးပြတ်လိုက်တဲ့ဆန္ဒတွေရှိပါတယ်၊အသက်ချင်းထက်ဝက်လောက်ကွာတဲ့သင်းအုပ်ဆရာကို အလိုဖြည့်ရုံသက်သက် ဆက်ဆံရရှာတဲ့ ကောင်မလေးမှာလဲ ဒီလိုထပ်တူအားမလိုအားမရဖြစ်မှုတွေ ကိန်းအောင်းနေတဲ့အတွက် သူတို့နှစ်ယောက်ဟာ..။ ထုံးစံအတိုင်း မိသားစုနဲ့ကြည့်မရတဲ့ အခန်းတွေ အများကြီးပါဝင်ပါတယ်။ ဒါတွေကို အသားပေးဆိုပေမယ့် နောက်ခံဇာတ်လမ်း၊ လှည့်ကွက်၊ အစရှိတာတွေကလဲ အပြစ်ပြောစရာမရှိသလောက် ကောင်းမွန်တဲ့အချစ်ဇာတ်ကြမ်းကားသစ်တစ်ကားဖြစ်ပါတယ်။ File size…(1.2 GB)/(570 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias

Drama • Thriller
7 2022 108 mins
Siklo
Hridayam
6.6

ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ ပထမဆုံးချစ်ဖူးတဲ့ လူဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ရဲ့လား။ အချစ်ဦးတိုင်းမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ရှိနိုင်ပါ့မလား။ ကျုပ်အနေနဲ့ဖြေရရင်တော့ ရှိနိုင်ပေမယ့် မလွယ်ကူဘူးလို့ပဲ ထင်တယ်ဗျ။ ဒီဇာတ်လမ်းထဲက အာရွမ်နဲ့ ဒါချ်နာလိုပေါ့။ ကောလိပ်ကို စရောက်တဲ့အချိန်ကနေ မြင်မြင်ချင်းရင်ခုန်မိတဲ့ နှစ်ယောက် အတူတူလက်တွဲခဲ့ကြပေမယ့် ၂၀ ပတ်လည် ကောလိပ်ကျောင်းသား ဘဝမှာ ကြုံကြရမယ့် အချစ်ရေးပြဿနာတွေ၊ အချင်းချင်းကို တသက်တာ မမေ့နိုင်မယ့် ဒဏ်ရာတွေ ပေးကြရင်း ဘယ်လိုအဆုံးသတ်ကို ဦးတည်ခဲ့ကြမလဲ။ ဒီဇာတ်လမ်းက အာရွမ်ဆိုတဲ့ အမျိုးသားဇာတ်ကောင်ရဲ့ ကောလိပ်ကျောင်းသားဘဝကနေ ၃၀ ပတ်လည် လူလတ်ပိုင်းအရွယ်ထိ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပုံတွေကို အသားပေးရိုက်ပြထားတာပါ။ လူငယ်ဘဝမှာ ကျောင်းကိစ္စ၊ အချစ်ရေး ၊ သူငယ်ချင်း လူလတ်အရွယ်မှာ စီးပွားရေးနဲ့ အိမ်ထောင်ရေး ဒါတွေကို ပျော်စရာရွင်စရာဆိုတာထက် လက်တွေ့ကျကျ ဖော်ကြူးထားတာပေါ့။ ဒီနှစ်ထဲပဲ လောလောလတ်လတ်ထွက်ထားပြီး IMDb မှာ 8.9/10 ထိရထားတဲ့အပြင် ရုံတင်ငွေရူပီး 50 crores ထိစံချိန်တင်ထားတာပါ။ ဇာတ်လမ်းရဲ့ကြာချိန် ၃ နာရီနီးပါးမှာ ဒါရိုက်တာ Vineeth နဲ့ သူ့ဇနီး Divya တို့ရဲ့ ကောလိပ်ကအကြောင်းတွေကို ဒါရိုက်တာကိုယ်တိုင်ရေးသားပြီး ပုံဖော်ရိုက်ကူးထားတာပေါ့။ ဆိုတော့ကာ ဒီပိတ်ရက်မှာလည်း Channel Myanamr ရဲ့ ဘောလိဝုဒ်ရုပ်ရှင်ချစ်ပရိတ်သတ်တို့ အပန်းဖြေရင်း ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။ File size…2.56GB /  1.1GB /  6.8GB Quality…True Web Dl 1080p AAC 5.1CH / 720p / 4k SDR HEVC DD+5.1CH Format…mp4 Duration….2h 52m Subtitle….Myanmar Subtitle(Hard Sub) Encoder…. Nyein Saeya Aung & YK Translated by Poe & Yunni & Honeyey & HM

Crime • Thriller
6.6 2022 172 mins
Hridayam
The Shape of Water
7.2

Pan's Labyrinth ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Del Toro တစ်ဦးတည်းကပဲရိုက်ကူးခဲ့တဲ့ ဇာတ်ကားမို့ ဇာတ်လမ်း အပြင်အဆင် တွေ Effect အလန်းစားတွေအကြောင်းကိုတော့ သိပ်ပြီး စာဖွဲ့ပြနေစရာလိုမယ်မထင်ပါဘူး... ဒီဇာတ်ကားကို ၇၄ကြိမ်မြောက် ဗင်းနစ် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် မှာယှဉ်ပြိုင်ဖို့ရိုက်ကူးခဲ့တာဖြစ်ပြီး...အဲ့ဒီပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆု Golden Lion ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်...ေ နာက်ထပ် ဝေဖန်မှုတွေ Best Director,Best Picture,Best Screenplay,Best Actress အပါအဝင် မရေမတွက်နိုင်တဲ့ဆုပေါင်းများစွာကို လက်ခံရရှိထားကာအလွန်နာမည်ကြီးနေတဲ့ ရုပ်ရှင်တစ်ကားလို့ ဆိုရမှာပဲ... ဒီလို ကားမျိုးမှ မကြည့် ဘာသွားကြည့်မလဲ ဘာညာပေါ့နော်... ဇာတ်လမ်းအကျဉ်းပြောရရင်...ထူးထူးဆန်းဆန်း လည်ပင်းမှာ အမာရွတ်နဲ့ မြစ်နားက ကောက်ယူမွေးစားခံရတဲ့ မိဘမဲ့ကလေး အလိုင်စာ ဟာ စကားမပြောတတ်သူပါ... ပြဇာတ်ရုံရဲ့ အပေါ်ထပ်အခန်းမှား ငှားနေရတယ်ပေါ့ သူ့မှာလည်း သူငယ်ချင်းနှစ်ဦးတည်းရှိတယ်(သူတို့ဟာလည်း Best supporting ဆုတွေ ရရှိခဲ့) ကိတ်ဖုတ်တဲ့ကောင်လေးကိုကြိုက်နေတဲ့ အလိုင်စာ့ ရှေ့ခန်းက ဂေး အဖိုးကြီးတစ်ယောက်ရယ်... Secret Government Labခန်းမှာ အတူတူသန့်ရှင်းရေး အလုပ်လုပ်တဲ့ အာဖရိကန်ကပြား အဒေါ်ကြီးရယ် ဟာ အလိုင်စာ့ သူငယ်ချင်းတွေပါ... .တစ်နေ့မှာ Labခန်းထဲကို ပင်လယ်ထဲကဖမ်းလာတဲ့ ရေသတ္တဝါကြီးတစ်ကောင်ကို စပ်စပ်စုစု သွားချောင်းကြည့်မိတဲ့ အလိုင်စာတစ်ယောက် ရေသတ္တဝါကြီးအပေါ်သနားစိတ် ချစ်စိတ်ဝင်လာပါတယ်... ရေသတ္တဝါကြီးကိုလည်း အစိုးရက ခွဲစိတ်လေ့လာပစ်တော့မှာ ဖြစ်တဲ့အတွက် အလိုင်စာတစ်ယောက်ကယ်တင်မှ ဖြစ်ပါတော့မယ်... အလိုင်စာ ရဲ့ကယ်ဆယ်ရေး အလုပ်မှာ သူ့ မိတ်ဆွေတွေ ဘယ်လိုအားဖြည့် ကူညီကြမလဲ... ရေသတ္တဝါကြီး ကိုကယ်ပြီးတော့ရော ဘယ်လို ဆက်ပြီး စခန်းသွားကြတယ် ဆိုတာတွေကို ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်... သာမန်ဇာတ်အိမ်မျိုးက ခွဲထွက်ပြီး သရုပ်ဖော်တတ်တဲ့ ဒါရိုက်တာ Del Toro ရဲ့ ရိုက်ချက်အလန်းစားတွေနဲ့ "The Shape of water"ကို ပရိသတ်ကြီးတို့ပဲ ရှုစားပြီး အကဲဖြတ်ပေးကြပါဦး... (ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ) File Size : (987 MB) Quality : Blu-Ray 720p Running Time : 2h 3min  Format : Mp4 Genre : Adventure, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source :720p.BluRay.x264-SPARKS Translated by May Thazin Myint Encoded by Thanhtike Zaw

Crime • Drama
7.2 2017 123 mins
The Shape of Water
Madalena
6.4

ဒီတစ်ခါCMကမိတ်ဆက်ပေးချင်တဲ့ ကားလေးကတော့ ဟောင်ကောင်ကားလေးတစ်ကားပါ လူငယ်အချစ်ကားမျိုးမဟုတ်ဘဲ သက်လတ်ပိုင်းအိမ်ထောင်ရေးနဲ့ လူမှုရေးဇာတ်ကားမျိုး… မာဒါက သူ့ဒေသမဟုတ်တဲ့မကာအိုမြို့မှာ လွန်ခဲ့တဲ့သုံးနှစ်က သူ့ကိုထားခဲ့တဲ့မိန်းမဖြစ်သူကိုရှာဖို့ ရောက်နေတာပါ တက်စီကားမောင်းရင်း လိုက်စုံစမ်းနေဆဲပါပဲ ပြည့်တန်ဆာတစ်ယောက်ကိုလည်း သူ့မိန်းမထားခဲ့တဲ့စာတွေကို ဖတ်ပြဖို့ခဏခဏသွားတွေ့ခဲ့သူပါ သူ့မိန်းမနဲ့ရှိနေခဲ့တဲ့အတိတ်တွေကိုမလွှတ်ချနိုင်ဘဲ ဘယ်မှာစားစား နှစ်ယောက်စာမှာကာ အတိတ်ထဲပိတ်မိနေသူပါ လီနာကလည်း ယောကျာ်းတစ်ယောက်ကြောင့် မကာအိုမြို့ကိုရောက်လာခဲ့ရတာပါပဲ သမီးလေးတစ်ယောက်လည်းရှိပါတယ် အလုပ်နှစ်ခုလုပ်ရင် အမေဖြစ်သူနဲ့ သမီးလေးကိုထောက်ပံ့နေသူပါ အိမ်ထောင်ကွဲနှစ်ယောက်တွေ့ချိန် ဘယ်လိုတွေဆက်ဖြစ်မလဲ တစ်ယောက်နဲ့တစ်ယောက်ကူညီနိုင်မလား ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသလို ဘယ်လိုတွေပြသနာတွေတက်မလဲဆိုတာ စောင့်ကြည့်ကြရအောင်နော် ။ File Size__(1.5GB) / (750MB) Quality__WEB-DL_1080p, 720p IMDb Rating__6.4/10 Format__mp4 Duration__01:33:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt

Drama • History
6.4 2021
Madalena
[18+] Redemption

*********************** ညိုကီတို့ သမားရိုးကျ 18+ ဇာတ်ကားတွေကို ကြည့်ရတာရိုးနေပြီဆိုရင်တော့ ဒီကားလေး စမ်းကြည့်ဖို့တိုက်တွန်းချင်ပါတယ် ဒီထဲမှာတော့ စိတ်ကူးလိုက်တိုင်း တကယ်ဖြစ်သလိုခံစားရစေမဲ့ စွမ်းအားတွေရယ် စိတ်မှန်းနဲ့တင် ကိုယ်မှန်းတဲ့လူရဲ့အနားကို ဝိညာဉ်လွှင့်သွားနိုင်တဲ့ အစွမ်းတွေရယ်နဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ဇာတ်အိမ်တည်ပြီးမှ ရိုက်ပြထားတဲ့ ဇာတ်ဆန်းဆန်းလေးပေါ့လေ အဲလိုအစွမ်းတွေကို ညိုကီတို့ရလာရင်ရော ဘယ်နေရာမှာအသုံးချဖြစ်လောက်လဲဆိုတာကို ရှေ့ပြေးရိုက်ပြထားတဲ့ကားလေးလို့လည်း ပြောရမယ်ထင်ပါတယ် ခံစားကြည့်ကြပါဦးဗျ File size…2GB& 828MB Quality… WEB-DL1080P, 720p Format…mp4 Duration….1h 30min Genre ….. Adult , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….DS Translated by SD

0 2020
[18+] Redemption
Strange Case in Western Hunan
5.9

အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် သဲထိတ်ရင်ဖို ရုပ်ရှင်လေးတစ်ကား ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ရှန်းရှီးလူမျိုးတွေဟာ ဇာတိမြေကို တန်ဖိုးထားကြပြီး သစ်ရွက်ကြွေဟာ အမြစ်ဆီပြန်ရမယ်ဆိုတဲ့ ရိုးရာရှိပါတယ်။ နယ်မြေလမ်းခရီးကြမ်းတမ်းလှတဲ့အတွက် အလောင်းနှင်သူဆိုတဲ့ လုပ်ငန်းတစ်မျိုးလည်း ပေါ်ထွက်လာပါတယ်။ လုံချီးရဲနဲ့ တပည့်ဖြစ်သူ လုံဖျင်အန်းတို့ဟာ ထိုနယ်မြေမှာ နာမည်ရှိတဲ့ အလောင်းနှင်သူတွေပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က လုံချီးရဲဟာ အလောင်းနှင်စဉ် အလောင်းနှင်သူတို့ အကြောက်ဆုံးဖြစ်တဲ့ အလောင်းပြန်ရန် နေရာမရှိခြင်းကို ကြုံတွေ့ခဲ့ရပါတယ်။ နှစ် ၂၀ ကြာပြီးနောက် ခေါင်းမဲ့အလောင်းတစ်ခုပေါ်လာခဲ့ပြီး မြို့ထဲမှာ ထူးဆန်းကြောက်လန့်စရာကောင်းတဲ့ ကိစ္စတွေ ဆက်တိုက်ဖြစ်ပျက်နေပါတယ်။ ဒီကိစ္စဟာလည်း လွန်ခဲ့တဲ့ နှစ် ၂၀ က လုံချီးရဲအလောင်းနှင်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်နေပါသတဲ့။ လွန်ခဲ့တဲ့ နှစ် ၂၀ က အဖြစ်ရဲ့ အမှန်တရားက ဘယ်လိုဖြစ်မလဲ…… ယခုမြို့ထဲက လူသေမှုပေါင်းများစွာရဲ့ နောက်ကွယ်မှာ ဘယ်သူက ကြိုးကိုင်ထားတာလဲ…… ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါ အဖြေရှာလိုက်ရအောင်နော်။

Adventure • Fantasy • Drama • Romance
5.9 2023
Strange Case in Western Hunan
Scarygirl
6.2

ပေါ့ပေါ့ပါးပါးနဲ့ ကာတွန်းလေးပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် လတ်တလောကမှထွက်ရှိထားတဲ့ ကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ဂြိုဟ်တစ်ခုပေါ်က အလင်းမြို့တော်ဆိုတဲ့ မြို့မှာ Doctor Maybeeဆိုတဲ့ သိပ္ပံပညာရှင်တစ်ဦးရှိပါတယ်။ သူဟာအဲ့ဂြိုဟ်ရဲ့ နေလုံးကနေစွမ်းအားတွေစုပ်ယူပြီး စမ်းသပ်ချက်တွေပြုလုပ်နေသူပါ။ ဒါ့အပြင် အဲ့ဂြိုဟ်မှာအရမ်းရှားတဲ့ ရေဘဝဲတွေကိုလည်း ကြေးစားတွေငှားပြီးရှာဖမ်းခိုင်းထားပါသေးတယ်။ တစ်ဖက်က အလင်းမြို့တော်နဲ့ဝေးတဲ့ နေရာမှာတော့ ဘလစ်စတာဆိုတဲ့ရေဘဝဲကြီးရှိပြီး နေရောင်ခြည်စွမ်းအင်လျော့ကျလာတာကြောင့် သေဆုံးကုန်ကြတဲ့အပင်တွေကို သူ့အစွမ်းနဲ့ပြန်လည်ရှင်သန်အောင်ကူညီပေးနေသူပါ။ သူ့မှာ အာကီ လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရှိပြီး အာကီက စက်တွေတီထွင်ရတာကိုဝါသနာပါသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ အလောင်းကစားတွေလုပ်တာကြောင့် အကြွေးတွေဝိုင်းနေလို့ ရေဘဝဲလာရှာတဲ့ ဘန်နီဂုရု နဲ့ ဥ တို့နှစ်ယောက်ရယ် အာကီရယ်ဆုံမိကြပြီး အလင်းမြို့တော်ကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလောက်ပါပဲ။ ဇာတ်လမ်းသွားလေးကလည်း ပျင်းစရာမကောင်းဘဲပေါ့ပေါ့ပါးပါးရှိပြီး animation တွေကလည်း အတော်ကိုကောင်းလှပါတယ်။ Australia ကရိုက်တဲ့ကားမို့ Australian accent ကိုလေ့လာချင်တဲ့သူတွေလည်းကြည့်သင့်တဲ့ကာတွန်းလေးပါ။ ဒီတော့ ဇာတ်ကားလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…1.56GB / 743MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Animation , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6.2 2023
Scarygirl
There Was a Father
7.6

There Was a Father (1942) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ There Was a Father က အိုဇုရဲ့ အသံတိတ်မဟုတ်တဲ့ ရုပ်ရှင်တွေထဲတော့ အစောဆုံးတွေထဲက တစ်ကားပဲ။ ၁၉၃၆မှာ သူ့ရဲ့ ပထမဆုံးဒိုင်ယာလော့သံပါတဲ့ ရုပ်ရှင် The Only Son ကို ရိုက်ပြီးတဲ့နောက် ၁၉၃၇မှာ စစ်မှုမထမ်းမနေရစနစ်အရ စစ်မှုထမ်းခဲ့ရတယ်။ ၁၉၃၉မှာမှ စစ်မှုထမ်းကာလပြီးဆုံးခဲ့တယ်။ ၁၉၄၁မှာ Brothers and Sisters of the Toda Family ကိုရိုက်ပြီးတဲ့နောက် ၁၉၄၂မှာ There Was a Father ကို ရိုက်ခဲ့တယ်။ ၁၉၄၃မှာတော့ အိုဇုကို ဗမာပြည်မှာ ဝါဒဖြန့်ရုပ်ရှင်ရိုက်ခိုင်းဖို့ ထပ်ပြီး စစ်မှုပြန်ထမ်းခိုင်းခဲ့တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်နေတုန်းကာလပေါ့။ ၁၉၄၅မှာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ၁၉၄၆မှပဲ သူပြန်လာခဲ့ရတယ်။ ဒီနောက်ပိုင်းမှာ သူရဲ့နာမည်ကျော် Noriko Trilogy ကို ရိုက်ခဲ့တယ်။ စစ်ပြီးကာလရုပ်ရှင်တွေမှာမှ သူ့ဟန်ပိုပေါ်လာတယ်လို့ ပြောကြတယ်။ There was a fatherကတော့ သူ့ရဲ့ဟန်ပေါ်မလာခင် စပ်ကြားကာလက ရုပ်ရှင်လို့ပြောရမယ်။ Tatami Shot လို့ခေါ်တဲ့ သူထွင်ခဲ့တဲ့ သူ့ Trademarkရိုက်ဟန်တောင် ဒီမှာ သိပ်ပုံမပေါ်သေးဘူး။ Tatami Shot ဆိုတာက တတမိဖျာပေါ်ဒူးတုပ်ထိုင်နေတဲ့လူနဲ့ ဗီဒီယိုကိုကြည့်နေတဲ့လူ မျက်လုံးချင်းဆုံးနိုင်တဲ့အနေအထားအထိ ကင်မရာကို ခပ်နိမ့်နိမ့်ထားထားတဲ့ အနီးကပ်ရိုက်ဟန်မျိုး။ စစ်ပြီးနောက်ပိုင်းရိုက်ခဲ့တဲ့ တိုကျိုစတိုရီလို အိုဇုကားတွေမှာ ဒီလိုရိုက်ချက်မျိုးကို ဖောဖောသီသီတွေ့ရတယ်။ There Was a Father မှာတော့ ဒီလိုရိုက်တာမျိုး သိပ်မမြင်ရပေမဲ့ ပေါ်သလောက်တော့ရှိနေပြီဖြစ်သလို နှောင်းပိုင်း သူ့ရုပ်ရှင်‌တွေအတိုင်းပဲ သူမြင်နေရတဲ့ခေတ်နဲ့ သူမြင်နေရတဲ့အရာတွေကိုပဲ တင်ပြထားတယ်။ သူ့စစ်မှုထမ်းကာလတွေစပ်ကြားမှာ ရိုက်ခဲ့တဲ့ကားဆိုတော့ ဒီအပေါ် သူ့အမြင်ကိုလည်းမြင်ရတယ်။ သူ့အမြင်က ဘဝထဲကြုံရမယ့် တစ်စိတ်တစ်ပိုင်းအရာတစ်ခုလိုပဲ မြင်ပုံပဲ ထူးထွေခိုင်မာတဲ့ ခံစားချက်တစ်စုံတရာတော့ ရှိမနေဘူး။ ကျန်တဲ့ အိုဇုရုပ်ရှင်တွေမှာ စစ်ပွဲနဲ့ပတ်သက်တဲ့ အမြင်ကို ဘယ်တော့မှပြလေ့မရှိဘဲ စစ်ပွဲရဲ့ဒဏ်ကို ခံခဲ့ရတဲ့ လူတွေရဲ့ ဝေဒနာတွေကိုပဲပြတာများတယ်။ There Was a Father မှာတော့ အဓိကအားဖြင့် အဖေတစ်ယောက်ရဲ့ဘဝနဲ့ ခံယူချက်အကြောင်းပဲပြထားတယ်။ The Only Son နဲ့ There Was a Father ကြားက တူညီတဲ့အခြေအနေတစ်ချို့ကြောင့် There Was a Father ကို The Only Son ရဲ့ တခြားတစ်ဘက်အမြင်လို့ ဆိုရင်လည်း ဆိုလို့ရနိုင်တယ်။ အဖေတစ်ခုသားတစ်ခုနေနေကြတဲ့ သားအဖ၂ယောက်ရှိတယ်။ အဖေက ကျောင်းဆရာလုပ်တယ်။ တစ်နေ့မှာ ကျောင်းအပျော်ခရီးထွက်ကြရင်း ကျောင်းသားတစ်ယောက် လှေမှောက်သေသွားတဲ့နောက် တာဝန်ယူစိတ် တာဝန်ခံစိတ်ကြီးတဲ့အဖေက သူ့အပြစ်တော့မဟုတ်လှပေမဲ့ သူ့အပြစ်ပါပဲလို့ယူဆပြီး ကျောင်းဆရာလုပ်ရမှာကို ကြောက်သွားတယ်။ သူနဲ့မထိုက်တန်တဲ့အလုပ်လို့ ယူဆသွားတယ်။ ဒီနောက် သူ့သားကိုခေါ် ဇာတိမြို့ကလေးကိုပြန်ပြီး တခြားအလုပ်တစ်ခုရှာလုပ်တယ်။ ဒါပေမဲ့ သူ့သားကိုသိပ်ချစ်တော့ သူ့သားကိုကျောင်းကောင်းကောင်းပို့နိုင်ဖို့က ဒီနယ်မြို့ကလေးမှာ လုပ်အားခအဲဒီလောက်မရလေတော့ သူ့သားကို ဘော်ဒါကျောင်းထား ခွဲထားခဲ့ပြီး တိုကျိုကိုတက်လာခဲ့တယ်။ သူ့သားကလည်း စာကိုကြိုးစား သူကလည်း အလုပ်ကိုကြိုးစားမယ်။ ဒီလိုကြိုးစားလာရင်း အဖေတစ်ခုသားတစ်ခုပဲရှိနေတဲ့ဘဝမှာတောင် ခွဲနေနရတဲ့ သူတို့တွေ တစ်နေ့အတူတူပြန်နေကြဖို့ သားရောအဖေရော အိပ်မက်ထားခဲ့ကြတယ်။ ဒီလိုနဲ့ သူ့သားကလည်း အဖေတူသား ကျောင်းဆရာဖြစ်လာတယ်။ သူတို့သားအဖရဲ့အိပ်မက် ဖြစ်လာသလားတော့ ဆက်ကြည့်လိုက်တာကောင်းမယ်။ There Was a Father မှာ အိုဇုဟာ သူ့နာမည်အတိုင်း အဖေတစ်ယောက်ရဲ့အချစ်နဲ့ခံယူချက်တွေအကြောင်းကိုပဲ ပုံဖော်ပြသသွားခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 630MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 34Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Romance
7.6 1942 93 mins
There Was a Father
Gallowwalkers
5.5

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၁၂ကထွက်ရှိခဲ့တဲ့ Gallowwalkers ဆိုတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Andrew Goth ရိုက်ကူးပုံဖော်ထားပြီး မင်းသား Welsey Snipes , Keivin Howarth နဲ့ မင်းသမီး Tanit Phoenix တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီလမ်းအစမှာ လူငါးယောက်ကအမျိုးသမီးတစ်ယောက်ကို ဝိုင်းဝန်းအသုံးတော်ခံနေကြပုံနဲ့ စတင်ထားပါတယ်.. ဒီလိုနဲ့အချိန်ငါးနှစ်ကြာပြီးသွားတဲ့အချိန်မှာတော့ အဲ့လူတွေအကုန်လုံးက အာမန်လို့ခေါ်တဲ့ ထူးဆန်းတဲ့ သေနတ်သမားတစ်ယောက်ရဲ့ အမဲလိုက်သတ်ဖြတ်ခြင်း ကိုခံလိုက်ရပါတယ် အကြောင်းကတော့ ဒီလူတွေဝိုင်းဝန်း အသုံးတော်ခံခဲ့ကြတဲ့ မိန်းမလှလေးက အာမန်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် အသက်တမျှချစ်ခင်မြတ်နိုးရတဲ့ ကောင်မလေးဖြစ်နေလို့ပါ ပဲ ဒီလိုနဲ့ထူးဆန်းစွာပဲ တစ်နေ့မှာတော့ ဒီလူငါးယောက်က ငရဲကနေ အာမန်ကိုလက်စားချေဖို့ တစ်ဖန်ပြန်လည် နိုးထလာပါ တော့တယ် ဒီအချိန်မှာတော့ အာမန်တစ်ယောက် ငရဲကနေပြန်လည်နိုးထလာတဲ့ ဒီမကောင်းဆိုးဝါး ငါးယောက်ကို ပြန်လည်ရင်ဆိုင်ရှင်းပစ်ကြိုးစားပါတော့တယ် အာမန်ကိုယ်တိုင်ကလည်း သေခြင်းတရားကို ဘယ်လိုကျော်လွှားလာခဲ့ရတာလဲ သူ့ကရော ဘယ်သူတွေရဲ့ သားဖြစ်မလဲ… ကောင်မလေးနဲ့ကော ဘယ်လိုတွေ့ဆုံခဲ့တာလဲ သူ့ရဲ့ဘဝကကော ဘယ်လိုတွေ ရင်နာဖွယ်ကောင်းခဲ့လဲ အာမန်ကိုပြန်ပြီးလက်စားချေဖို့ နိုးထလာတဲ့ ဒီမကောင်းဆိုးဝါးငါးကောင်ကို ရင်ဆိုင်ဖို့ ကြိုးစားရမှာ ဘယ်လိုတွေကြုံတွေ့ရင်ဆိုင်ရမလဲ အာမန်တစ်ယောက် အောင်မြင်အောင် လုပ်ဆောင်နိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင် လိုက်ပါစီးမျော ကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Action, Adventure, Fantasy, Horror, Thriller & Western အမျိုးအစားကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ လက်မလွတ်စတမ်း ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…1.94GB / 967MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

5.5 2012 90 mins
Gallowwalkers
When Love Strikes
6.5

When Love Strikes (2024) IMDb Rating (6.5) ဘောလုံးအားကစားနဲ့ မိသားစု၊ သူငယ်ချင်းနဲ့ ချစ်ရသူတို့ကြားက နွေးထွေးတဲ့ချစ်ခြင်းတရားကို ရိုက်ကူးပုံဖော်ထားတဲ့ နိုင်ဂျီးရီးယားရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ အောင်မြင်တဲ့ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ဆိုတဲ့ အိပ်မက်နောက်ကို လိုက်ရမလား၊ အမေဖြစ်စေချင်တဲ့ စကော်လာရှစ်ရဖို့ကြိုးစားပြီး နိုင်ငံခြားကိုကျောင်းသွားတက်ရမလား ဝေခွဲမရဖြစ်နေတဲ့ အိုင်ဘီ‌ကေ.. လက်ရှိသူကစားနေတာ ရီမိုစတားဆိုတဲ့ ဘောလုံးအသင်းတစ်ခုမှာ။ အကောင်းဆုံးကစားသမားဆုရတဲ့လူက ဒေါ်လာနှစ်သိန်းအပြင် ဥရောပကိုပါသွားကစားဖို့အတွက်ရွေးချယ်မဲ့ လူငယ်စိန်ခေါ်ဖလားပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အိုင်ဘီကေ.. အမေဖြစ်သူ အစ်မဖြစ်သူနဲ့နေရင်း သူ့ကိုဘောလုံးကစားဖို့ အားပေးခဲ့သူ၊ ဆုံးသွားတဲ့အဖေဖြစ်သူကသူ့အဖေရင်းမဟုတ်တာကို သိလိုက်ရတဲ့အချိန်.. ဖိုင်နယ်ပွဲနဲ့ စကော်လာရှစ်ရဖို့စာမေးပွဲဖြေရမဲ့ရက်က တစ်ရက်တည်းဖြစ်လာတဲ့အခါမှာတော့.. မိသားစုအရှုပ်အရှင်းတွေနဲ့ အိုင်ဘီကေတစ်ယောက် ဘယ်အရာကိုရွေးချယ်မလဲဆိုတာခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(1.6 GB) / (840 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:44:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

6.5 2024 105 mins
When Love Strikes
Hagen
6.2

Hagen (2024) IMDb Rating (6.2) ဒီဇာတ်ကားလေးကတော့ Nibelung ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည်ပြင်ဆင်ရေးသားရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လူသားတွေနဲ့ ရှေးဟောင်းဒဏ္ဍာရီလာသတ္တဝါတွေရောနှောတည်ရှိနေကြချိန် ဟေဂန်ဆိုတဲ့စစ်သည်တစ်ဦးရဲ့ တိုက်ပွဲတွေကြားထဲမှာရှင်သန်ရင်း သူငယ်ချင်းသံယောဇဉ် သစ္စာစောင့်သိမှု ဆုံးဖြတ်ရခက်တဲ့ရွေးချယ်မှု၊ သစ္စာဖောက်မှု ရှုပ်ထွေးပွေလီလှတဲ့ အချစ်ခံစားချက်တွေအကြောင်းကို ရှေးဟောင်းအလယ်ခေတ်အပြင်အဆင်တွေနဲ့ ခံစားကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟေဂန်ဟာ သူ့ရဲ့တိုင်းပြည်နဲ့သခင်တွေအပေါ်မှာ သစ္စာရှိရှိကာကွယ်စောင့်ရှောက်ခစားနေရင်း အမှတ်မထင်ပဲ သူတို့ဆီကို စိဖရစ်လို့ခေါ်တဲ့ နဂါးသတ်သူရဲကောင်းတစ်ယောက်ရောက်ရှိလာချိန်မှာ သူတို့ကြိုးစားပမ်းစားထိန်းသိမ်းစောင့်ရှောက်ထားတဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအပေါ်ဘယ်လိုတွေသက်ရောက်မှုရှိလာမှာလဲ? တစ်ချိန်ထဲမှာ ကျူးကျော်စစ်တွေစတင်ခံရပြီး မဟာမိတ်လိုနေချိန်မှာ တာဝန်ဝတ္တရားတွေနဲ့ ချစ်ခြင်းမေတ္တာဘယ်အရာတွေကိုဦးစားပေးမှာလဲ? စွမ်းအားကြီးလွန်းလှတဲ့ ဒဏ္ဍာရီလာသတ္တဝါတွေဖြစ်တဲ့ နဂါးတွေ နတ်သူငယ်တွေ ဗယ်လ်ကာရီတွေရဲ့လွှမ်းမိုးမှုအပေါ်မှာရော လူသားတွေဘယ်လိုရင်ဆိုင်တုံ့ပြန်ကြမလဲဆိုတာတွေ ရှုပ်ထွေးပွေလီလှတဲ့အချစ်ဇာတ်လမ်းတွေနဲ့ ရောယှက်တင်ဆက်ထားပုံကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Usa-Chan ဖြစ်ပါတယ်။) File size… (2.3 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, Fantasy Duration….02:19:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Usa-Chan

Crime • Drama • Mystery
6.2 2024 135 mins
Hagen
Like You Know It All
6.8

Like You Know It All (2009) *************************** IMDb -6.8 ဇာတ်လမ်းအကျဥ်း ******************* ရုပ်ရှင်ဒါရိုက်တာဂူဂ​ယောင်းနမ် (Kim Tae Woo)က ကိုယ့်အ​ကြောင်းကိုယ် ပြန်ရိုက်ကူးတဲ့ ​နားလည်ဖို့ခက်တဲ့ ရုပ်ရှင်​တွေကို ရိုက်ကူးတဲ့ ဒါရိုက်တာတစ်​ယောက်၊ နာမည်ကြီး ဒါရိုက်တာမဟုတ်​ပေမဲ့ ရုပ်ရှင်အကဲဖြတ်အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းခံခဲ့ရပြီး ​​ဂျယ်​ချောင်းကို ​ရောက်လာခဲ့ပါတယ်။ ဂျယ်​ချောင်းကို​ရောက်ပြီး တစ်​နေ့မှာ​ ဂျူနီယာဖြစ်သူ ဘူဆန်းယုံး(Gong Hyung Jin)နဲ့ အမှတ်မထင်​တွေ့ပြီး အရက်​သောက်ရင်း ​ဘူဆန်းယုံးရဲ့အိမ်ကို ​ရောက်သွားကြတယ်။ ဘူဆန်းယုံးရဲ့ အိမ်မှာ ဘူဆန်းယုံးရဲ့ ဇနီးဖြစ်သူ ယူရှင်း (Jung Yu Mi)နဲ့ ​ကိစ္စတချို့ကြောင့် ဖောက်ပြန်ခဲ့မိပြီး အဲဒါကိုသိသွားတဲ့ ဘူဆန်းယုံးက ဂူဂ​ယောင်းနမ်နဲ့ ​ရေစက်ဖြတ်ခဲ့ပါတယ်။ တစ်ဖန် ဂူဂ​ယောင်းနမ်က ရုပ်ရှင်နဲ့ပတ်သတ်တဲ့ လက်ချာ​ပေးဖို့အတွက် ဂျယ်ဂျူကျွန်းကို ​ရောက်လာခဲ့ပြန်ပါတယ်။ ဂျယ်ဂျူကျွန်းမှာ ရှိ​နေတဲ့ စီနီယာယန်း​ချောင်းဆူ (Moon Chang Gil)နဲ့ ပြန်လည်​တွေ့ဆုံပြီး ​စီနီယာယန်းရဲ့ အိမ်ကို အလည်လိုက်သွားပါ​တော့တယ်။ စီနီယာယန်းရဲ့ ဇနီးဖြစ်သူ ဂိုဆွန်း (Go Hyun Jung) က တစ်ချိန်က ဂူဂ​ယောင်းနမ် ကြိုက်ခဲ့တဲ့ မိန်းက​လေးဖြစ်ပြီး ဂိုဆွန်းကလည်း ဂူဂ​ယောင်းနမ်နဲ့ ဇာတ်လမ်းပြန်စဖို့ ကြိုးစားလာတဲ့အခါမှာ​တော့ မလွန်ဆန်နိုင်တော့ပဲ ​ဖောက်ပြန်ခဲ့မိပြန်ပါတယ်။ ဒီလိုနဲ့ ဂူဂ​ယောင်းနမ်တစ်​ယောက် ဖူးစာဖက်ကို ရှာမ​တွေ့နိုင်ဘဲ ​ယောင်လည်လည်ဘဝနဲ့ပဲ ဇာတ်သိမ်းသွားပါတော့တယ်။ ဒီဇာတ်ကားက လူ​တွေရဲ့ ဖြစ်တည်မှု၊ အ​တွေးအမြင်နဲ့ ​သေချာမသိနိုင်တဲ့ အ​ကြောင်းကိစ္စ​တွေကို အသား​ပေးပြီး ရိုက်ကူးထားတာ​ကြောင့် ​တွေးရတာကို ကြိုက်နှစ်သက်တဲ့လူ​တွေအတွက် ဇာတ်လမ်း​ကောင်းတစ်ခုဖြစ်မှာ ​သေချာပါတယ်။ (ဇာတ်လမ်းအညွှန်းကို Staryက ရေးသားထားပါတယ်) File Size – 2.48 GB/ 1.08 GB Quality – WEB-DL 1080p/ 720p Duration – 2h 7m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Stary Encoded by – Treasure Htet

Drama
6.8 2009 128 mins
Like You Know It All