YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Its.Kind.of.a.Funny.Story.2010.720p.(CM).mp4

807.9 MB N/A video/mp4 182 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Night Owl
7

ဒီတစ်ခေါက် တင်ဆင်ပေးမှာကတော့ နန်းတွင်းဇာတ်ကားကိုမှ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရမယ့် ရာဇဝတ်ဇာတ်လမ်းဖြစ်ပါတယ် ချောင်နိုင်ငံရဲ့လက်အောက်ခံဖြစ်နေတဲ့ ဂျိုဆွန်းမင်းဆက် အင်ဂျိုဘုရင်လက်ထက်မှာ ဇာတ်အိမ်တည်ထားပါတယ် ချောင်းဂယောင်းဆူဟာ ညီလေးဖြစ်သူရဲ့ ရောဂါကိုကုပေးချင်တဲ့အတွက် နန်းတွင်းသမားတော်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် အပ်စိုက် အထူးကျွမ်းကျင်တဲ့ ဂယောင်းဆူကတော့ အလင်းထဲမှာ မမြင်ရပေမဲ့ ညဘက်အမှောင်ထဲမှာဆိုရင်တော့ ရှင်းလင်းစွာ မြင်ရပါတယ် ဒါပေမဲ့နန်းတွင်းထဲမှာ မမြင်ချင်သလို မကြားသလို နေရမှာဖြစ်တဲ့အလျောက် အဲဒါကို ဖုံးကွယ်ထားခဲ့ပေမဲ့... ၈ နှစ်ကြာမှ ချောင်နိုင်ငံဓားစာခံအဖြစ်ကနေ ပြန်လာတဲ့ အိမ်ရှေ့စံရဲ့ သေဆုံးမှုကို မျက်မမြင်လို့သိထားကြတဲ့ ဂယောင်းဆူဟာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုရပါတော့တယ် မျက်မမြင်တစ်ယောက်က မျက်မြင်သက်သေအဖြစ် ထွက်ဆိုမယ့်ကိစ္စဟာ မယုံနိုင်စရာဖြစ်တဲ့အပြင် ဘုရင်ကိုလိမ်ထားတဲ့ ပြစ်မှုလည်း မြောက်နေပြန်တော့ ဘယ်လိုတွေ ရှေ့ဆက်ပြီး ဖြေရှင်းမလဲဆိုတာကို အတူကြည့်ရှုရမှာပါ ဂယောင်းဆူအဖြစ် Ryu Joon Yeol နဲ့ မင်းသားကြီး Yu Hae Jin က အင်ဂျိုဘုရင်အဖြစ် သရုပ်ဆောင်ထားပါတယ် ဝါရင့်မင်းသားကြီးနှစ်လက်ရဲ့ ဇာတ်လမ်းဆိုတော့ သရုပ်ဆောင်ပိုင်းတော့ အထူးပြောစရာမလိုတော့ပါဘူးနော် ရာဇဝင်ဇာတ်လမ်း ကြိုက်တတ်တဲ့သူတွေအတွက် ကွက်တိပါပဲ အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။ Genre..... Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 554MB | 292MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz and Hmwe Encoder ..... August

Documentary • Music
7 2022 118 mins
The Night Owl
Basic Instinct 2
5.1

(18+ Erotic  အမျိုးအစားဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါ.) စုံထောက်ကားဆန်ဆန် သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို နှစ်သက်တဲ့သူတွေအတွက် ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်....တင်ပါးလွှဲထိုင်ချက်နဲ့ ကမ္ဘာလောကြီးက ပုရိသအပေါင်းကို ဆွဲလှုပ်ခဲ့ဖူးတာကို အားလုံးသိကြမယ်ထင်ပါတယ်.. အဲဒီ အထဲ မြန်မာက လူငယ်တွေပါ မပါတော့ ကျွန်တော်လည်းမပြောတတ်.. မင်းသမီးကတော့ 90s kid တို့အသဲစွဲ Sharon Stone ပါ.. သူ့ဇာတ်ကားတွေကြည့်ဖူးတဲ့လူတွေကတော့ သူ့ရဲ့အကြည့် သူ့ရဲ့အသံနဲ့တင် ရင်ဖိုလှိုက်မောခဲ့ရတာတွေကို ပြန်အမှတ်ရပါလိမ့်မယ် ဒီဇာတ်ကားထဲမှာလည်း သူဟာ ဆွဲ‌ဆောင်မှုရှိတဲ့ ရွှေရောင်ဆံပင်ပိုင်ရှင်ကောင်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်... စကားလုံးအသုံးအနှုန်းတွေဟာ မိသားစုနဲ့အတူကြည့်ရှုဖို့တော့ သင့်တော်မှာမဟုတ်ပါဘူး ဇာတ်လမ်းအညွှန်း ကက်သရင်းထရာမယ်ဆိုတဲ့အမျိုးသမီးဟာ စွန့်စားရတာကိုစွဲလမ်းနေ‌တဲ့ စိတ်ရောဂါတစ်မျိုးကို ခံစားနေရတဲ့လူတစ်ယောက်ပါ... သူ့ရဲ့စွန့်စားမှုတွေကြောင့် သူ့ကိုယ်သူတင်မကဘဲ သူတစ်ပါးကိုပါ အသက်သေစေတဲ့အထိဖြစ်လာတဲ့အခါမှာ သူဟာ လူသတ်မှုနဲ့ တရားစွဲခံခဲ့ရပါတယ်... အဲဒီအချိန်မှာ သူ့ရဲ့စိတ်အခြေအနေကို အကဲဖြတ်သုံးသပ်ဖို့အတွက် မိုက်ကယ်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်ဆီမှာ သူကုသခဲ့ပါတယ် ဒီလိုကု‌သနေတဲ့အချိန်အတောအတွင်းမှာလည်း သူ့အနီးအနားကလူတွေဟာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာကြရပါတယ်... ဒီတော့ ဒီအမှုကို သေသေချာချာလိုက်လံစုံစမ်းပြီး ရှာဖွေဖော်ထုတ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ ကြည့်ရှုသူအားလုံးစိတ်ထဲမှာ သို့လောသို့လောနဲ့ ရင်တမမကြည့်ရှုရမယ့်ဇာတ်ကားဖြစ်တဲ့အကြောင်းကတော့ အာမခံလိုက်ပါရစေ.... File Size :(3.08GB)(0.9GB) and (338MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:54:00 Genre : Mystery , Drama ,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Paing Encoded by Phyo Pyae

Horror • Thriller
5.1 2006 114 mins
Basic Instinct 2
The Twilight Saga: New Moon
6

စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်... Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ဆိုပြီး စုစုပေါင်း ၅ ကားထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။ သွေးစုတ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ လူသား စတဲ့ မတူညီတဲ့ လောကတွေအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုမန့်တစ်ဆန်ဆန်တင်ဆက်ထားပြီး သရုပ်ဆောင်တွေရော ဇာတ်လမ်းရော ဒိုင်ယာလော့ခ်တွေရော ထိမိလှတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ File size…(1.6 GB) /(1 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:10:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Drama • Science Fiction • Thriller
6 2009 131 mins
The Twilight Saga: New Moon
Starred Up
7.3

Starred Up(2013) ============== ဒီကားလေးကတော့ british director David Mackenzie ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ လူကြီးထောင်ကို ပြောင်းလာတဲ့ Eric Love လို့ခေါ်တဲ့ ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ အကြောင်းပါ။ ဖြစ်ချင်တော့ အဲ့ဒီထောင်မှာပဲ သူ့အဖေဖြစ်သူ Neville ဟာလည်း အကျဉ်းသားအဖြစ် ရှိနှင့်နေပြီးသား ဖြစ်နေပါတယ်။ ဒေါသကြီးပြီး စိတ်ဆတ်တတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ ယောကျ်ားတွေကြားမှာ ရှင်သန်ဖို့ ဘယ်လို ရုန်းကန်ရမယ်၊ အဖေဖြစ်သူမှာလည်း သူ့သားဒီထောင်ထဲမှာ အခြေကျနိုင်ဖို့အတွက် ဘယ်လိုကြိုးစားပြီး ကူညီပေးမယ် ဆိုတာတွေကို အမုန်းတရားတွေ၊ ဒေါသတွေကြားက သားအဖနှစ်ယောက်ရဲ့ မေတ္တာတရားကိုပါ မြင်တွေ့ရမှာပါ။ Eric Love အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားဖြစ်သူ Jack O’Connell ရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေ၊ ခပ်ကြမ်းကြမ်း action တွေနဲ့ စကားအသုံးအနှုန်းတွေအပြင် အုတ်နံရံ၊ သံတိုင်တွေကြားက ကြမ်းတမ်းတဲ့ ဘ၀တွေကို စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ပြထားတာဖြစ်ပါတယ်။ File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 46m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by KMH

7.3 2013
Starred Up
Christopher
6.8

Christopher 2023 (IMDb 6.8/10) အိန္ဒိယရဲကားကောင်းကောင်းလေးကိုမျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် မင်းသားကြီးမမ်မွတ်တီးရဲ့ နောက်ဆုံးထွက် ရဲကားအလန်းလေးနဲ့ မိတ်ဆက်ပေးပါရစေ အိန္ဒိယနိုင်ငံမှာ သိတဲ့အတိုင်း ဘာအမှုပဲဖြစ်ဖြစ် မုဒိမ်းကျင့်လူသတ်ရင်တောင် ငွေနဲ့မီးငြိမ်းသလို အမှုတွေပျောက်သွားအောင် လူအားငွေအားနဲ့ လုပ်နိုင်တာကို သိကြမှာပါ ဒီကိစ္စကို ရဲမှူးခရစ္စတိုဖာဖြေရှင်းတဲ့နည်းလမ်းကတော့ ရိုးရှင်းပါတယ် ဘယ်တရားရုံးမှပို့မနေပဲနဲ့ တရားခံတွေကို သူ့သေနတ်နဲ့ပဲ ကိစ္စတုံးပေးတာပါ ဆိုရှယ်မီဒီယာ ပြည်သူလူထုအားလုံးအတွက် ခရစ္စတိုဖာက ဟီးရိုးပါ ဒါပေမဲ့ မျှတတဲ့ဒီမိုကရေစီစစနစ်တစ်ခုမှာ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာ မရှိလို့မရပါဘူး အဲ့ဒါကြောင့် အထက်ဌာနကနေ ခရစ္စတိုဖာကို စုံစမ်းစစ်ဆေးဖို့အတွက် အမျိုးသမီးအရာရှိတစ်ဦးကို တာဝန်ပေးအပ်လိုက်ပါတော့တယ် ခရစ္စတိုဖာရဲ့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက် မှန်ကန်မျှတပေမဲ့ မညှာတာတတ်တဲ့ စရိုက်ကို အတိတ်ကစတူးဖော်ကြည့်မိတဲ့အခါ…….. ဒီဇာတ်ကားလေးဟာ ဇာတ်လမ်းလေးက မြင်နေကျဆိုပေမဲ့ ဆက်ပြီးကြည့်ချင်လောက်အောင် လှည့်ကွက်လေးတွေကို သူ့နေရာနဲ့သူပါထားပြီး မင်းသားကြီးမမ်မွတ်တီးရဲ့ အိုဗာတွေသိပ်မပါ ရင့်ကျက်တဲ့ပုံစံနဲ့မို့ ကြည့်ရရှုရတာ စိတ်ဝင်စားဖို့ကောင်းပြီး မှုခင်းဒရာမာ ရဲအက်ရှင်ကြည့်ချင်တဲ့သူတွေအတွက် ဇာတ်အိမ်ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်း ဒီကားလေးကို လက်မလွှတ်ကြဖို့ လက်တို့ပေးပါရစေ

Science Fiction
6.8 2023
Christopher
Rebel Without a Cause
7.6

IMDb Rating (7.3) / Rotten Tomatoes (93%) James Dean ကို နှုတ်ခမ်းကြား ဆေးလိပ်ညှပ်ထားတဲ့ ခပ်မိုက်မိုက်ကောင်လေးအဖြစ် ပိုစတာပုံလေးတွေလောက်တော့ မြင်ဖူးကြမှာပါ…. သူဟာ လူငယ်ပရိတ်သတ်တွေရဲ့ Icon အဖြစ် ၁၉၅၅ ခုနှစ်ဝန်းကျင်က ဟောလိဝုဒ်မှာ တဟုန်ထိုးအောင်မြင်ခဲ့ပြီး အသက် ၂၄ နှစ်အရွယ်မှာပဲ ယာဉ်မတော်တဆမှုနဲ့သေဆုံးခဲ့ရတဲ့ လူတိုင်းကနှမြောရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်… ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူ့ဘဝသက်တမ်းတိုတိုလေးမှာ ရုပ်ရှင်ကားကြီး ၃ ကားသာ ရိုက်ကူးခဲ့ရပြီး Rebel Without a Cause (1955) ကတော့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးဇာတ်ကား East of Eden (1955) ကိုတော့ တင်ဆက်ပြီးသားဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံးဇာတ်ကား Gaint (1956) ကိုတော့ အခွင့်ကြုံရင် တင်ဆက်ပါဦးမယ်။ ယခုဇာတ်လမ်းလေးမှာလဲ ဆယ်ကျော်သက် ခေတ်လူငယ်တွေ ကြုံရလေ့ရှိတဲ့ စိတ်ခံစားချက်တွေ ပြဿနာတွေကို ကွင်းကွင်းကွက်ကွက် ပုံဖော်ရိုက်ကူးထားတယ် ဇာတ်လမ်းကတော့… အချိန်တိုင်း တကျက်ကျက် စကားများနေကြတဲ့ မိဘ… တစ်ခုခုဆို ပြဿနာကိုရှောင်ပြေးပြီး အိမ်ခဏခဏပြောင်းတဲ့ အမေနဲ့ မယားကြောက်အဖေကို အားမလိုအားမရဖြစ်နေတဲ့ ဂျင်မ်… အပျိုဖော်ဖြစ်လာတော့ အရင်လို ကြင်ကြင်နာနာ မဆက်ဆံတော့တဲ့ အဖေရဲ့အာရုံစိုက်မှုကို သိပ်လိုချင်ရှာတဲ့ ဂျူဒီ… ကလေးဘဝကတည်းက အဖေ စွန့်ပစ်တာ ခံရပြီး အမေရဲ့ ဂရုစိုက်ခြင်းကို လုံးဝမခံရ အိမ်ဖော်မိန်းမကြီးနဲ့ပဲ အတူနေရတဲ့ ပလေတို… သူတို့ ၃ယောက်လုံးဟာ ပြဿနာကိုယ်စီနဲ့ ရဲစခန်းတစ်ခုမှ စဆုံမိကြတယ် နောက်နေ့ ကျောင်းစဖွင့်ချိန်မှာလည်း တစ်ကျောင်းတည်း အတူတက်ရပြန်တယ် ပလေတိုဟာ ဂျင်မ်နဲ့ သူငယ်ချင်းဖြစ်ဖို့ ကြိုးစားသလို ဂျင်မ်ကလည်း ဂျူဒီကို စိတ်ဝင်စားနေပြန်တယ်… ဂျင်မ်နဲ့ ဂျူဒီ စကားစမြည်ပြောရင်း သူမဟာ သူငယ်ချင်းအုပ်စုလို့ခေါ်တဲ့ အပေအတေ လူငယ်လေးတွေနဲ့ပဲ အချိန်ဖြုန်းလေ့ရှိတယ် သူတို့အုပ်စုနဲ့ ဂျင်မ်နဲ့ ညှိသွားကြချိန်မှာတော့ ကံကြမ္မာ အပြောင်းအလဲ တစ်ခုနဲ့ သူတို့ ၃ယောက်ကြား ဘာတွေဆက်ဖြစ်မယ်ဆိုတာ…..။ James Dean ရဲ့ ငယ်မူငယ်သွေးအပြည့်အဝနဲ့ ထီမထင် ခပ်ရွဲ့ရွဲ့ လူငယ်စတိုင်ကို သတိတရပြန်လည်မြည်းစမ်းကြပါဦးလို့။ (4K Quality ကို HDR version နဲ့တင်ဆက်ထားတာမလို့ HDR ကြည့်ရှုနိုင်တဲ့ VLC ကဲ့သို့ player များနဲ့ကြည့်မှသာ ကာလာစုံဖြစ်ရမှာဖြစ်ပြီး 1080p နဲ့ 720p ကိုတော့ ဘာနဲ့ကြည့်ကြည့်အဆင်ပြေမှာဖြစ်ပါတယ်။)

7.6 1955 111 mins
Rebel Without a Cause
Taylor Swift: Speak Now World Tour Live
8.9

Taylor Swift: Speak Now World Tour Live (2011) ==================================== IMDb Rating – 8.9/10 Speak Now Tour ကိုတော့ သိပ်ကို ခမ်းနားတဲ့ ပြဇာတ်တစ်ပုဒ်လို့ တင်စားချင်ပါတယ်။ ဘာသာပြန်သူ ကိုယ်တိုင်လည်း Speak Now era မှာ Swiftie တစ်ယောက်ဖြစ်ခဲ့တာပါ။ အဖေဝယ်လာပေးတဲ့ Speak Now Tour အခွေကို တစ်နေ့ တစ်ခေါက်မှ မကြည့်ရရင် မနေနိုင်ခဲ့ရလောက်အောင်ကို ဒီ Tour ကို သဘောကျပါတယ်။ အားလုံးသိတဲ့အတိုင်း စင်မြင့်ထက်မှာ ဂီတပြဇာတ်တစ်ပုဒ်ကို ကြည့် နေရသလို ပရိသတ်ကို ဖျော်ဖြေတင်ဆက်တတ်တာ Taylor ရဲ့ စတိုင်လ်တစ်ခုပါ။ ဒီလို ဖျော်ဖြေမှုတွေထဲကမှ ပြဇာတ်အဆန်ဆုံးက Speak Now Tour ပါ။ Sparks Fly သီချင်းနဲ့ အငွေ့တွေကြားကနေ Taylor ထွက်လာပုံတွေ… Speak Now သီချင်းကို ဇာတ်လမ်းတစ်ပုဒ်လို သရုပ်ဖော်သွားတွေ … စသဖြင့်ပေါ့။ အမှန်တိုင်းပြောရရင် ဘာသာပြန်က The Eras Tour က Enchanted ဖျော်ဖြေမှုထက် Speak Now Tour က Enchanted ဖျော်ဖြေမှုကို ပိုပြီး သဘောကျမိသူပါ။ The New Taylor က သူ့နည်း သူ့ဟန်နဲ့ slay နေသလို the Old Taylor လေးကိုလည်း ရင်မှာ စွဲကျန် နေဆဲပါ။ ဒါကြောင့်မလို့ Speak Now ကို အားလုံး ပြန်လည်ခံစားနိုင်ဖို့ Speech သီးသန့် ဘာသာပြန်လေးနဲ့ တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(6 GB) / (2 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 20Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Music Translator…….Act Molemy Encoder……….SWM

8.9 2011 129 mins
Taylor Swift: Speak Now World Tour Live
A Cup of Flavor

A Cup of Flavor (2023) အချစ်ဆိုတာ ကော်ဖီတစ်ခွက်လိုပါပဲတဲ့။ ခါးသက်မှုနဲ့ ချိုမြိန်မှုတွဲဖက်နေတဲ့အရာပေါ့။ ကော်ဖီလိုပဲ စွဲလမ်းမှုပါပေးပါတယ်။ အချစ်ဆိုတာကို လူတွေဟာ သမိုင်းအဆက်ဆက် အဓိပ္ပာယ်ဖွင့်ဆိုကြပေမဲ့ ခုထိလဲ ဘယ်သူမှတိတိကျကျမပြောနိုင်ပါဘူး နောက်လဲ အဖြေရှာတွေ့မှာမဟုတ်ပါဘူး။ ဒါကြောင့်ပဲ အချစ်ဆိုတာ အချစ်လို့ပဲ သတ်မှတ်လိုက်ပါ။ အချစ်ဆိုတာကို လူတွေအများကြီးက အဓိပ္ပာယ်ဖွင့်ဆိုကြတယ် တင်စားကြတယ် ဖွဲ့နွဲ့ကြတယ်။ ဒါပေမဲ့ ဘယ်တုန်းကမှပြီးဆုံးတယ်ဆိုတာ မရှိပါဘူး။ လူတွေမှာ ခံစားတတ်တဲ့နှလုံးသားရှိနေသရွေ့ အချစ်ဆိုတာတည်ရှိနေမှာဖြစ်သလို အချစ်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေ ကဗျာတွေဟာလဲ အမြဲမရိုးနိုင်ဖြစ်နေဦးမှာပါ။ အချစ်ရဲ့အကြောင်းရာတွေကို ဇာတ်လမ်းဆင်ပြထားရတဲ့ ဇာတ်လမ်းလေးထဲမှာ ၂၀၂၃ တုန်းကထွက်ထားတဲ့ ဖိလစ်ပိုင် အချစ်ကားလေးကိုလဲသဘောကျမိမှာအမှန်ပါပဲ။ အစ်စီဆိုတဲ့ကောင်မလေးဟာ ဖိလစ်ပိုင်က ကော်ဖီတွေစိုက်တဲ့ နယ်မြို့လေးမှာ နေတဲ့ကောင်မလေးတစ်ယောက်ပေါ့။ သူတို့မြို့လေးက ကော်ဖီခြံတွေကို မနီလာကနေလာတဲ့ သူဌေးတွေက ဝယ်ထားပြီး အဲ့ကကော်ဖီစိုက်သူတွေကိုလဲ အလုပ်ပေးထားတော့ မိရိုးဖလာ ကော်ဖီစိုက်တဲ့ တောင်သူတွေခက်ခဲကုန်ကြတာပေါ့။ တောင်သူတွေတော်တော်များများကလဲ နယ်မြို့လေးမှာ မနေတော့ပဲ မနီလာမြို့ကြီးကိုတက်ပြီး ပိုက်ရှာဖို့ ထွက်ကုန်ကြတာပေါ့။ သူတို့မြို့လေးဟာ ခက်ခဲပြီး ဒေသခံတွေလဲ မရှိသလောက် ခြောက်ကပ်နေတာပေါ့။ ဒါပေမဲ့ အစ်စီမှာ အိပ်မက်တစ်ခုရှိပါတယ် သူတို့မြို့လေးကို တိုးတက်အောင်ကူညီမယ်ဆိုတဲ့အိပ်မက်ပေါ့။ တစ်နေ့မြို့ထဲကို လမ်းပျောက်ပြီးရောက်လာတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ပြီးနောက် အစ်စီရဲ့ဘဝလေးထဲ ဒီလူကဘယ်လိုပါဝင်ပတ်သက်လာမယ်ဆိုတာ ကြည့်ရှုအားပေးလိုက်ကြပါဦး။ မှတ်ချက်။ ။ မင်းသမီးလေးကြည့်ရတာနဲ့တင် တန်နေပြီဖြစ်သလို ဇာတ်လမ်းလေးက အချစ်ကိုခံစားမိစေမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.5Gb | 706MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Science Fiction • Adventure • Thriller
0 2023
A Cup of Flavor
Champions
7.3

Champions(2018) ****************** IMDb…7.3 ထက်မြက်တဲ့ဘက်စကက်ဘောနည်းပြတစ်ယောက်ဖြစ်တဲ့မွန်တီးစ်တစ်ယောက်ဟာ တော်လည်းတော်သလို စိတ်မရှည်ဒေါသထွက်လွယ်တဲ့လူတစ်ယောက်ဖြစ်တာနဲ့အညီ သူ့အသင်းက နည်းပြအချင်းချင်း သဘောထားမတိုက်ဆိုင်ရာကနေစကားများရန်ဖြစ်ပြီးအသင်းကထုတ်ခံလိုက်ရပါတယ်.. ယောကျ်ားလေးထုံးစံအတိုင်းစိတ်ပျက်ဒေါသထွက်ပြီးအရက်သောက်…အရက်မူးပြီးမောင်းတော့ယာဉ်တိုက်မှုဖြစ်.. တိုက်တာကလည်းရဲကားကိုမှ..အဲဒီမှာတရားရုံးရောက်..တရားသူကြီးက လူမှုဝန်ထမ်းလုပ်မလား ထောင်ထဲသွားမလားလို့မေးတော့.. လူမှုဝန်ထမ်းပဲလုပ်မယ်ပေါ့..အဲဒီမှာဇာတ်လမ်းကစပြီ.. မွန်တီးစ်တစ်ယောက်အသိဉာဏ်ချို့တဲ့(ကျပ်မပြည့်)တဲ့လူတွေကိုဘက်စကက်ဘောနည်းပြလုပ်ဖို့အကြောင်းဖန်လာတဲ့ အချိန်မှာ စိတ်မရှည်တတ်တဲ့နည်းပြတစ်ယောက်နဲ့ ဘတ်စကက်ဘော ကစားတဲ့နေရာမှာ အားနည်းချက်တွေ အများကြီးရှိတဲ့သူတစ်သိုက်နဲ့စတွေ့ကြတဲ့အခါမှာတော့…ကိုင်း အလွဲလွဲအချော်ချော်တွေနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားလိုက်ပါဦး… ဟာသအမြူးလေးတွေကြိုက်တဲ့သူတွေအတွက် စိတ်အပန်းပြေဇာတ်ကားလေးတစ်ကားဖြစ်ကြောင်းပြောပါရစေ…။ File Size : 2.20GB/ 1.09GB Quality : Blu-Ray 1080p/ Blu-Ray 720p Format…mp4 Duration…02:06:00 Genre : Comedy, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Tiff

7.3 2018 124 mins
Champions
Yes or No
7

Yes Or No (2010) **************** ဒီဇာတ်လမ်းလေးကတော့ နယ်ကနေ တက္ကသိုလ်လာတက်တဲ့ Tomboyလေး ‘ခင်မ်’နဲ့ သဘာဝကိုဆန့်ကျင်တဲ့လိင်စိတ်ခံယူမှုကို မကြိုက်တဲ့မိသားစုမှာ ကြီးပြင်းလာသူတစ်ယောက်ဖြစ်တဲ့ ချစ်စရာမိန်းမလှလေး’ဖိုင်’တို့ အဆောင်မှာ တစ်ခန်းတည်း အတူတူ နေဖို့ ဖြစ်သွားရာကနေ စတင်ခဲ့ပါတယ်… အခြေအနေမတူကြတဲ့အပြင် နေထိုင်မှုပုံစံကွဲပြားတဲ့ သူတို့နှစ်ယောက် ဘယ်လိုညှိနှိုင်းပြီး နေထိုင်သွားကြမလဲ… အခန်းဖော် ခင်မ်ရဲ့ အလိုလိုက် အကြိုက်ဆောင် လိုက်လျောမှုတွေမှာ ဖိုင် တစ်ယောက် သဘောထား ပျော့ပျောင်းလာပါ့မလား… ခင်မ်ရဲ့ ဖိုင်အပေါ် ထားတဲ့ အချစ်တွေက ဘယ်အချိန်ထိ ဖုံးကွယ်ထားနိုင်ပါ့မလဲ… အချစ်ဇာတ်လမ်းလှလှလေးတစ်ခုကို တက္ကသိုလ်ကျောင်းသားဘဝ နောက်ခံနဲ့ထားရိုက်ကူးတင်ဆက်ပေးထားပါတယ်… လူ့အဖွဲ့အစည်းအတွင်းက လိင်စိတ်ခံယူချက်မတူကြတဲ့သူတို့အပေါ် မိသားစုနဲ့ အတူနေ ကျောင်းနေဖက် လူတွေရဲ့ အပေါင်းအနုတ်ဆန်တဲ့ အမြင်သဘောထားတွေ ဆက်ဆံကြပုံတွေ လူတွေရဲ့အပြုအမူတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့်ဖြစ်လာတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ…အဆုံးသတ်မှာ လက်လျှော့လိုက်ကြမလား… လိင်စိတ်ကွဲပြားသူတွေရဲ့ ရင်တွင်းခံစားချက်များကို သဘာဝကျစွာ ရိုက်ကူးတင်ဆက်ထားလို့ ရင်ထဲမှာ တစ်စုံတစ်ရာ ကျန်ရစ်စေမယ့် ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Dao Phyo ပဲ ဖြစ်ပါတယ် File Size : 2.1GB / 728MB Quality : Blu-Ray 1080p / 720p Duration : 01:42:00 Genres : Romance, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Dao Phyo Encoded by Heather Oo

7 2010 107 mins
Yes or No
[18+] Elevator Lady

Elevator Lady (2025) ကေးက စီနီယာအထက်တန်းကျောင်းသူလေးတစ်ဦးဖြစ်ပြီး ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာ မိဘကိုလည်းထောက်ပံ့ရတဲ့အတွက်ကွန်ဒိုကြီးတစ်ခုမှာ ဓာတ်လှေကားမောင်းသူအဖြစ်အလုပ်လုပ်ပြီး ဓာတ်လှေကားစီးနင်းသူ အမျိုးသားတွေနဲ့ အချိန်ပိုင်း အော်ဒါလိုက်ရင်း ကြားပေါက်ရှာတတ်ပါတယ်။ ဒါတွေဟာ ယာယီသာဖြစ်ပြီး တစ်နေ့တော့ ဒီကွန်ဒိုမှာတစ်ခန်းပိုင်စေရမယ်လို့ရည်မှန်းချက်ထားတဲ့ ကေးဟာ ဂွင်ကြီးကြီးရှိရင် အချီကြီးဝင်အောင်းဖို့လည်းရည်ရွည်ချက်ရှိတဲ့သူပါ။ တစ်နေ့တော့ သူတို့ကွန်ဒိုကိုရောက်လာတဲ့ ဂျေးဆိုတဲ့လူသစ်ဟာ အသက်ငယ်ရုပ်ချောရုံတင်မကပဲ အချမ်းသာဆုံးတစ်ယောက်လည်းဖြစ်တယ်ဆိုတာ သိလိုက်ရတဲ့နောက် သူ့ရည်ရွယ်ချက်အတိုင်းဝင်အောင်းဖို့ကြိုးစားပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်လူဟာ လူရှုပ်လူပွေတစ်ယောက်ဖြစ်ပြီး အချိန်တန်လို့မယားကြီးပေါ်လာတဲ့အချိန်မှာတော့ သူတို့ကြားမှာ ဇာတ်လမ်းတွေပတ်ရှုပ်ဖို့ဖြစ်လာပါတော့တယ် ဒီဇာတ်ကားမှာလည်း Aliya Raymundo နဲ့ Zayra Estrada ဆိုတဲ့ မင်းသမီးအသစ်လေးနှစ်ယောက်ကို ပွဲဦးထွက်မိတ်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (610 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:14:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Drama
0 2025 73 mins
[18+] Elevator Lady
Yes Man
6.8

Yes Man (2008) IMDb Rating (6.8) ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး Jim Carrey အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပြီး မင်းသမီးကတော့ (500) Days of Summer ရဲ့ ဆမ်းမား တဖြစ်လဲ Zooey Deschanel က တွဲဖက်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ “Yes Man” ဟာ 2008 ခုနှစ်ထွက် ရိုမန်တစ်ဟာသ ဇာတ်လမ်းတစ်ခုဖြစ်ပြီး၊ ဒါရိုက်တာ Peyton Reed က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းရေးသားတင်ဆက်သူတွေကတော့ Nicholas Stoller, Jarrad Paul, နှင့် Andrew Mogel တို့ဆိုတဲ့ ဒိတ်ဒိတ်ကြဲတွေပေါ့ဗျာ။ ဒီဇာတ်လမ်းက 2005 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဗြိတိသျှ ဟာသစာရေးဆရာ Danny Wallace ရေးသားခဲ့တဲ့စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Danny Wallace ကိုယ်တိုင်လည်း ဇာတ်ကားထဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ ဝေဖန်သူတွေဆီက အကောင်းအဆိုး ရောထွေးတဲ့ သုံးသပ်ချက်များတွေ ရှိခဲ့ပေမဲ့ ရုပ်ရှင်ရုံမှာတော့ အောင်မြင်မှု ရရှိခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းမှ စုစုပေါင်း $223 သန်း ဝင်ငွေ ရရှိခဲ့ပါတယ်။ လူ့လောကနဲ့ ကင်းကွာနေတဲ့သူတစ်ယောက်။ အိမ်ထောင်ရေးလည်း ပြိုကွဲပြီးကာစ၊ ဘယ်သူနဲ့မှ မတွေ့ချင် မမြင်ချင် အဆက်အဆံမလုပ်ချင်ဘဲ တစ်ကိုယ်တော်လေလွင့်နေတဲ့ ဇာတ်လိုက်ကျော်ကြီး ကားလ် ဆိုတဲ့လူတစ်ယောက် ရှိခဲ့ပါတယ်။ ဒီလို ပြောရဆိုရခက်၊ လမ်းမှန်ပေါ်ဆွဲတင်ရခက်နေတဲ့သူ့ကို မိတ်ဆွေတစ်ယောက်က လူမှုရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ခေါ်သွားလိုက်တယ်။ အဲဒီ ညီလာခံရဲ့ ရည်ရွယ်ချက်က ကိုယ့်အပေါ် လူတွေ တောင်းဆိုလာတာရှိရင် ငြင်းဆန်ခွင့်မရှိ “အင်း” လို့ ပြောဖို့။ ဒီလိုနဲ့ “ဟင့်အင်း” ဆိုပြီး နေရာတကာ ငြင်းချက်ထုတ်ပြီး လူတွေနဲ့ကင်းကွာနေတဲ့ ကားလ် တစ်ယောက် သူ မဖြစ်မနေ ပေးခဲ့ရတဲ့ ကတိပဋိညာဉ်တစ်ခုကြောင့် လူတကာတောင်းဆိုသမျှ “အင်း” လိုက်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ အံ့အားသင့်စရာပါပဲ။ ဒီလိုနေထိုင်နေရင်း ကားလ် အပေါ်မှာ ကောင်းတဲ့အရာတွေချည်း ဖြစ်လာပါတော့သတဲ့။ အလုပ်မှာလည်း ရာထူးတိုးရုံမက အကြီးပိုင်းအထိဖြစ်သွား။ လူမှုဝန်းကျင်မှာလည်း သတင်းကောင်းတွေ မွှေးပျံ့။ ကံမကောင်းတဲ့တစ်နေ့တော့ ကားလ် တစ်ယောက် တစ်စုံတစ်ယောက်ရဲ့ တောင်းဆိုမှုကို ဘယ်လိုမှ လက်ခံပေးလို့မရဘဲ ငြင်းလိုက်ရပါတယ်။ ဒီလိုနဲ့ ကတိပဋိညာဉ်ရဲ့ နောက်ဆက်တွဲဒဏ်ခတ်မှုကို ကားလ် တစ်ယောက် ကြုံလိုက်ရတဲ့အခါ …။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

Comedy • Romance
6.8 2008 104 mins
Yes Man
Mobile Suit Gundam II: Soldiers of Sorrow
7.1

Mobile Suit Gundam Movies Trilogy Mobile Suit Gundam II: Soldiers of Sorrow (1981) Mobile Suit Gundam ဆိုတာက Anime လောကမှာဆိုရင် သူ့ဟာနဲ့သူ Star Wars လို့တောင် တင်စားလို့ရမယ်ထင်တယ်။ ဒီ ရုပ်ရှင် ၃ ကား Trilogy ကတော့ မူရင်းစီးရီးကို ရုပ်ရှင် ၃ ကားအဖြစ် ဖန်တီးထားပြီး Music ပိုင်း Animation ပိုင်း ပိုအားထုတ်ပေးထားတယ်။ နောက်ပြီး Mecha လို့ ခေါ်ရမယ့် စက်ရုပ်ကြီးတွေနဲ့ တိုက်ပွဲဆင်တာ ဘာညာကို စတင်မိတ်ဆက်ပေးတဲ့ကောင်လည်း ဟုတ်တယ်။ အဲဒီလိုဆိုလို့ စက်ရုပ်အက်ရှင်တွေပဲလားဆိုတော့ မဟုတ်ဘူး သူက လူသားတွေရဲ့ Emotional တွေ စစ်ရဲ့ဆိုးကျိုးတွေ နိုင်ငံရေးတွေပါ ထည့်သွင်းပုံဖော်ထားတာ။ Sci-fi, War, Psycological Drama ဆိုတာတွေကို အချိုးကျကျ ရောသမပေးထားတာမျိုး။ ဇာတ်လမ်းအကျဉ်းမပြောခင် သူတည်ဆောက်ထားတဲ့ကမ္ဘာမှာ လူသားတွေက အာကာသတွေပေါ်မှာ ကိုလိုနီလုပ် နေထိုင်နေကြပြီ။ အဲဒီမှာ Earth Federation နဲ့ Zeon ဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့နှစ်ဖွဲ့ကွဲပြီး စစ်ဖြစ်နေကြရော။ Zeon ဖက်က Zaku ဆိုတဲ့ စက်ရုပ်ကြီးတွေနဲ့ လူမောင်းနှင်ပြီး တိုက်ခိုက်သလို Federation ဖက်ကလည်း Gundam, Guntank, Guncannon ဆိုပြီး စက်ရုပ်တွေနဲ့ ပြန်ဆော်ကြတယ်။ အဲဒီမှာ Federation ဘက်သားဖြစ်သူ ဖခင် အင်ဂျင်နီယာကြောင့် အာကာသစခန်းပေါ် လိုက်နေတဲ့ Amuro လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က သူတို့နေရာကို ဆုတ်ခွာမိန့်ပေးထားတာကို မကြားပဲ သူ ဝါသနာပါရာတွေလုပ်နေရင်း ကျန်ခဲ့တာ ။ ဒီမှာတင် Zeon တွေက ဝင်တိုက်တော့ ပြေးကြလွှားကြရင်းနဲ့ လမ်းမှာ သယ်ယူပို့ဆောင်ရေးလုပ်နေတဲ့ Gundam ဆိုတဲ့ စက်ရုပ်ကြီးပေါ်ကို Manual ဖတ်ရင်း ပြန်ချရာကနေ ဒီကောင်က လက်စောင်းထက်လာပြီး White Base ဆိုတဲ့ စစ်ယာဉ်ကြီးနဲ့ လွတ်ရာကိုပြေးရင်း နောက်ကလည်း Zeon တပ်က တိုက်ခိုက်ရာကနေ ဒီ Trilogy တစ်ခု ဖြစ်လာခဲ့တာပါ။ ဒီလိုနဲ့ ပထမကားအရ အူကြောင်ကြောင်နဲ့ စစ်ပွဲထဲဝင်လာတဲ့ ကောင်လေးတစ်ယောက်ဟာ တဖြည်းဖြည်း ဒီ အကျည်းတန်ရုပ်ဆိုးတဲ့ စစ်ပွဲဆိုတာကြောင့် ဘယ်လို စိတ်ဒဏ်ရာတွေဖြစ်လာမလဲဆိုတာတွေ၊ Zaku Vs Gundam ချခန်းတွေ၊ Villain ဂန္ဓဝင်ဇာတ်ကောင် Char နဲ့ Amuro တို့ရဲ့ အဆက်မပြတ် တိုက်ပွဲတွေ ၊ ပြီးပြည့်စုံတဲ့ ကမ္ဘာတည်ဆောက်မှုနဲ့ ဖန်တီးမှုကြောင့် အဟောင်းဖြစ်သော်ငြား Old is Gold မို့ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Anime Team ဖြစ်ပါတယ်) File size… 2.33 GB / 1.76 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 2h 19m Genre ….. Anime/Action/ Sci-fi/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

Science Fiction • Action • Adventure
7.1 1981 135 mins
Mobile Suit Gundam II: Soldiers of Sorrow
Moonwalk
6.4

Moonwalk (2025) (လပေါ်လမ်းလျှောက်ခြင်း) IMDb rating: 7.5/10 လပေါ်လမ်းလျှောက်ခြင်းဇာတ်ကားကို ဒါရိုက်တာ ဗီနွိုက်အေကေ ရဲ့ ပထမဆုံး ဇာတ်ကားဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်နှင့် ထရီဝန္နန္သူပါမြို့တွင် အခြေခံထားတဲ့လူငယ်တွေကြား ဘယ်လ်ကစားနည်းအနုပညာပေါ်အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းတွင် မိုက်ကယ်ဂျက်ဆင်၏ နာမည်ကြီး မွန်ဝေါ့ အကစတိုင်က လူငယ်များအတွက် ဘယ်လ်ကစားကို စိတ်ဝင်စားစေခဲ့ပြီး သူတို့၏ အနုပညာဖန်တီးမှုနှင့် ကိုယ့်ကိုယ်ကို ထင်ဟပ်ဖော်ပြမှုတွင် အရေးပါသော အခန်းကဏ္ဍတစ်ခုကို ဦးတည်ရိုက်ကူးထားပါတယ်။ အသစ်စက်စက် အနုပညာရှင်အသင်းဖြစ်တဲ့ ပရှန့်ပီလိုင် ရဲ့ စိတ်လှုပ်ရှားဖွယ်ဂီတနှင့် အန်ဇာရှက်တို့ ရဲ့ ရိုက်ကူးပုံများက ၈၀s ခေတ်က အမှတ်တရများကို နောက်ခံထားသဖြင့် ရုပ်ရှင်အတွင်း ပိုမိုထင်ရှားစေပါတယ်။ ဒီဇာတ်ကားဟာ လူငယ်တွေရဲ့ ခင်မင်မှု၊ အိပ်မက်တွေ၊ ယုံကြည်မှုနှင့် ပတ်ဝန်းကျင်ရဲ့ဖိအားတို့ကို ပြသထားပြီးတော့ ပြိုင်ပွဲတစ်ခုအဖြစ် ခံစား‌စေရပါတယ်။ လပေါ်လမ်းလျှောက်ခြင်း ဇာတ်ကားကတာ့ ပျော်ရွှင်စရာလည်းဖြစ်သလို ပညာပေးမှုများပါပါရှိပြီး သူငယ်ချင်းတွေရဲ့ ခင်မင်မှု၊ စိတ်အားထက်သန်မှုနှင့် ဆိုရင်အားလုံးကိုရင်ဆိုင်နိုင်ကြောင်းပြသထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လပေါ်လမ်းလျှောက်ခြင်း ဟာ ၈၀s ခေတ်ရဲ့ ယောက်ျားလေးတွေရဲ့ စိတ်ဓာတ်၊ အိပ်မက်များကို တောက်ပစွာဖော်ပြထားတာကြောင့် ကြည့်ရတာ အရမ်းကောင်းပါတယ်။ ကလေးငယ်များနှင့် လူငယ်များအတွက် ခင်မင်မှု၊ စိတ်အားထက်သန်မှုနဲ့ အနုပညာဆန်ဆန်ပြုလုပ်ထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Teamမှတင်ဆက်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ။

Mystery • Thriller
6.4 2025
Moonwalk