YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

It's.Beautiful.Now.S01E44.1080P[CM].mp4

1.34 GB N/A video/mp4 127 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Renfield
6.8

Renfield(2023) ************* ကဲ ပေါကားလောကကနေ ရုပ်ရှင်ရုံကြီးကားလောကထဲကို ပြန်ဝင်လာနိုင်တဲ့ နီကိုလက်ကေ့ရဲ့ ဒရက်ကူလာကားအသစ်လာပါပြီ။ နီကိုလက်ကေ့ဟာ တစ်ချိန်က ထိပ်တန်းသရုပ်ဆောင်ကြီးဖြစ်ခဲ့ပြီးမှ အကြွေးတွေကြောင့် ကြုံရာကားတွေထိုးရိုက်ရတဲ့ဘဝကိုဆင်းသက်ခဲ့ရတဲ့သူပါ။ အခုတော့ သူ တစ်နှစ်ကို တစ်ကားနှုန်းနဲ့ ပိတ်ကားပြင်ပေါ်ကို ပြန်တက်လာနိုင်တာ တကယ်ဝမ်းသာစရာပါပဲ။ သူ့ရဲ့သရုပ်ဆောင်အရည်အချင်းတွေကို ပြန်အဖက်ဆယ်နိုင်ခဲ့ပါပြီ။ ဒီရုပ်ရှင်ကတော့ ဟော်ရာ၊ ဟာသ အမျိုးအစားပါ။ နီကိုလက်ကေ့က ဒရက်ကူလာအဖြစ် ပါဝင်ထားပြီး သူ့ရဲ့ ရန်ဖီးဆိုတဲ့ နာမည်နဲ့ ဖမ်မီလိရာခေါ် အမှုထမ်းအဖြစ် မင်းသား နီကိုလက်ဟောက်က ပါဝင်ထားပါတယ်။ နီကိုလက်ကေ့ဟာအများအားဖြင့် ခေါင်းဆောင်မင်းသားနေရာမရတဲ့ရုပ်ရှင်တွေကို ငြင်းတတ်ပေမဲ့ ဒရက်ကူလာအဖြစ်သရုပ်ဆောင်ဖို့က သူ့အိပ်မက်တစ်ခုပဲမို့ ဒီရုပ်ရှင်ကို သဘောတူခဲ့ပါတယ်။ သူသရုပ်ဆောင်ဘဝအစမှာ အဖြစ်ချင်ဆုံး ဇာတ်ကောင်သုံးကောင်က Captain Nemo, Superman and Dracula တို့ပါပဲ။ ရန်ဖီးဆိုတဲ့နာမည်ကတော့ ဒရက်ကူလာဝတ္ထုထဲက ဒရက်ကူလာရဲ့ အမှုထမ်းနာမည်ကိုပဲ ပြန်သုံးထားတာပါ။ ဆေးပညာမှာလည်း ကိုယ့်ကိုယ်ကိုယ် သွေးစုတ်ကောင်လို့မြင်နေပြီး သွေးတွေသောက်သုံးချင်တဲ့ ရောဂါကို ရန်ဖီးရောဂါလို့ နာမည်ပေးကြပါတယ်။ မင်းသမီးကတော့ ရှန်းချီရဲ့ သူငယ်ချင်းအဖြစ်လူသိများကြတဲ့ မင်းသမီး အော်ကွာဖီနာပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ရေဘက်ကာ ကွင်စီဆိုတဲ့ ရဲမေအဖြစ် ပါဝင်ထားပါတယ်။ အဲဒီနာမည်ကလည်း ဒရက်ကူလာဝတ္ထုရဲ့ တစ်ဦးတည်းသော အမေရိကန်ဇာတ်ကောင် Quincey P Morris ကို အမှတ်တရထည့်သွားထားတာပါပဲ။ ဇာတ်လမ်းအကျဉ်း ဒရက်ကူလာဟာ မုဆိုးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာအကြီးအကျယ်ရခဲ့တာကြောင့် စွမ်းအားပြန်ပြည့်ဖို့စောင့်ရင် ခေတ်သစ်ကမ္ဘာကြီးထဲမှာ ပုန်းခိုနေရပါတယ်။ သူ့ရဲ့ အမှုထမ်း ရန်ဖီးကလည်း သူ့စားသုံးဖို လူသားတွေရှာပေးနေပေမဲ့ အတတ်နိုင်ဆုံးမကောင်းတဲ့ကောင်တွေကိုလိုက်ရှာနေတဲ့ စိတ်ကောင်းရှိတဲ့လူတစ်ယောက်။ တစ်နေ့မှာတော့ လူဆိုးဂိုဏ်းက သတ်လုဆဲဆဲ ရဲမေတစ်ယောက်ကို ကယ်တင်ရင်းနဲ့ လူကောင်းလုပ်ချင်စိတ်တွေဝင်လာပြီး ဒရက်ကူလာကို စွန့်ခွာလာတဲ့အခါ... ရဲတွေ လူဆိုးတွေနဲ့ ဒရက်ကူလာတို့ ဖမ်မီလီရာတို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်လိုက်ပါဦး File Size :(5.3GB)(1.9GB) &(818MB) Quality : 4K,WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:33:00 Genre : Horror, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae

Comedy
6.8 2023 93 mins
Renfield
Kids vs. Aliens
5.7

IMDb 5.6 ရထားတဲ့ Horror, Sci-Fi အမျိုးအစားဖြစ်ပြီးတော့ ဇာတ်ကားနာမည်အတိုင်း ကလေးတွေနဲ့ ဂြိုလ်သားတွေ တိုက်ခိုက်ကြတဲ့ကားပါ။ Sam နဲ့ Gary တို့မောင်နှမက နပန်းသတ်တာတို့ တိုက်ခိုက်ရတာတို့ကို ကြိုက်တဲ့သူတွေပါ။ သူတို့မြို့က ပြဿနာရှာတတ်တဲ့ ဆယ်ကျော်သက်အဖွဲ့နဲ့လည်း မတည့်ကြပါဘူး။ ဒါပေမယ့် ဆယ်ကျော်သက်အဖွဲ့ထဲက အဖွဲ့ခေါင်းဆောင် Billy က Sam တို့မိဘတွေခရီးသွားတဲ့အချိန် သူတို့အိမ်မှာ ပါတီလုပ်ခွင့်ရအောင်လို့ Sam ကို ချစ်ချင်ယောင်ဆောင်ပြီး ချဉ်းကပ်လာပါတယ်။ Sam က Billy ကိုကြွေသွားပြီး အိမ်မှာ ပါတီလုပ်ခွင့်ပေးလိုက်ပေမယ့် Gary ကတော့ သူ့အစ်မနဲ့သူ့ကြားဝင်လို့ဆိုပြီး ပြန်လက်စားချေဖို့ ချောင်းနေပါတယ်။ သူတို့အိမ်မှာ ပါတီလုပ်တဲ့ညမှာပဲ Billy ရဲ့ သရုပ်မှန်တွေ ပေါ်လာပြီး ပြဿနာတွေ ဖြစ်နေတဲ့အချိန်မှာ ဂြိုလ်သားတွေက ပါတီကိုရောက်လာပြီး လူတွေကိုတိုက်ခိုက်ပါတော့တယ်။ Billy ကြောင့် အဆင်မပြေဖြစ်ခဲ့ကြတဲ့ Sam နဲ့ Gary တို့မောင်နှမနှစ်ယောက်ရယ် Gary ရဲ့သူငယ်ချင်းတွေရယ် ဂြိုလ်သားတွေကို ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတွယ်။ Genre..... Horror, Sci-fi Quality…. 1080p | 720p | 480p File size… 4GB, | 1.1GB | 516MB Format… mp4 Duration…. 1h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Horror
5.7 2023 75 mins
Kids vs. Aliens
Mad Heidi
6

ဒီဇာတ်ကား‌လေးက ဆွစ်ဇာလန်က Alps တောင်တန်းတွေမှာ ဇာတ်အိမ်စတည်ထားပြီး အသည်းတစ်ခြမ်း မိန်းမကြမ်းကားကိုမှ ဟာသလေးနည်းနည်းနှောပြီးကြည့်ရမယ်ကားလေးပါပဲ။ ဟာသနှောဆိုပေမယ့် ခပ်ပေါ့ပေါ့ကားတော့မဟုတ်ဘဲ သွေးထွက်သံယိုနဲ့ကြည့်ရမှာပါ။ ဖြစ်ကြောင်းကုန်စင်ကတော့ အဲ့အချိန်အခါက ဆွစ်ဇာလန်မှာ ဆွစ်ချိစ်ကို မစားရင်၊ ချိစ်မှာပါတဲ့ နို့သကြားဓာတ်ကိုမခံနိုင်ရင် ရာဇဝတ်မှုဆိုပြီး ဖမ်းဆီးသတ်ဖြတ်ခံရပါတယ်တဲ့။ အဲ့အမိန့်ချတဲ့ ဆွစ်ခေါင်းဆောင်ကြီးဟာဆိုရင်ဖြင့် သူ့ချိစ်ကို ပြည်တွင်းမှာတင်မက နိုင်ငံအနံ့တင်ပို့ပြီး ကမ္ဘာကို အပိုင်သိမ်းချင်နေတာပါ။ တောင်ပေါ်သူ ဟိဒ်ဒီလေးရဲ့ ချစ်သူဆိတ်ပီတာဟာ အဲ့ကိစ္စနဲ့ပတ်သက်ပြီး အသတ်ခံလိုက်ရလို့ ကလဲ့စားချေလိုမှုကစတာပါပဲ။ အသည်းတစ်ခြမ်းနဲ့ မုဆိုးမ မိန်းမကြမ်းကြီး ဟိဒ်ဒီတစ်ယောက် ဘယ်လိုကလဲ့စားချေမလဲ? ကမ္ဘာကိုရောကယ်တင်နိုင်မလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ ဆွစ်ဇာလန်သူလေးရဲ့အဖြစ်ကို ဆွဇ်ဇာလန်ရိုးရာ လက်နက်တွေ၊ ဝတ်စုံတွေအပြင် ဆွစ် ချိစ် လှိုင်လှိုင်နဲ့ ကြည့်ရမယ့်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကို ကို Themes က ရေးပေးထားပါတယ်။) File Size          : 1.9GB, 886MB, 418MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 32mins Genre              : Thriller Translated by Themes Encoded by Kinnov

Horror
6 2022 92 mins
Mad Heidi
Aline
6.8

" My Heart Will Go On " ဆိုတဲ့ တိုက်တန်းနစ်သီချင်းလို့ လူသိများတဲ့ ကမ္ဘာကျော်သီချင်းရဲ့ သီချင်းရှင် Celine Dion ကို မိတ်ဆက်ပေးစရာ မလိုလောက်အောင် လူတိုင်းနီးပါး သိကြပြီးသား ဖြစ်မှာပါ။ နှုတ်ခမ်းဖျားလေးနဲ့တင် High Note တွေကို သီဆိုနိုင်တဲ့ ဒီအမျိုးသမီးကို ကျွန်တော်တို့တွေ ချီးကျူးကြတယ်၊ သဘောကျကြတယ်၊ အားကျကြတယ်။ သူ့ရဲ့ သီချင်းတွေကိုလည်း မြတ်နိုးကြတယ်။ အခုတော့ ဒီအမျိုးသမီးဟာ သူ့ရဲ့ ဘ၀ဇာတ်ကြောင်းကို ရုပ်ရှင်တစ်ခုနဲ့ မှတ်တမ်းအတင်ခံရလောက်တဲ့အထိ အောင်မြင်တဲ့ အကျော်ဇေယျတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဇရာအိုပြီဖြစ်တဲ့ မိခင်ကြီးရဲ့ မွေးဖွားဖို့ ချီတုံချတုံ ဖြစ်ခဲ့ရာကနေ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ မွေးချင်း ၁၄ ယောက်မှာ အထွေးဆုံးလေး အယ်လင်းအဖြစ် မွေးဖွားအမည်တွင်လာခဲ့တယ်။ တစ်ခါကြားရုံနဲ့ စွဲမက်စေနိုင်လောက်တဲ့ အသံပါရမီကလည်း ပါလာခဲ့ပြန်တယ်။ " ကလေးမလေး သီချင်းမဆိုရင် ငါတို့ မလာဘူး " လို့ ပြောယူရလောက်တဲ့အထိ ငယ်စဉ်ကတိုင် လူအများရဲ့ အသိအမှတ်ပြုမှု ချီးကျူးမှုတွေကို ခံယူခဲ့ရသူဖြစ်တဲ့ အယ်လင်းဟာ " အဆိုတော်ကောင်း တစ်ယောက် ဖြစ်ချင်တယ် " လို့ မိခင်ဖြစ်သူကို တစ်နေ့တော့ ပြောလာတယ်။ မိခင်ကိုယ်တိုင် အနီရောင် ဖဲကြိုးလေး ချည်ပေးလိုက်တဲ့ မန်နေဂျာ ဂီကလော့ဒ်ကမာဆီ ပို့လိုက်တဲ့ ကတ်ဆက်ခွေလေးဟာ တစ်ချိန်မှာ ကျော်ကြားလာမယ့် ၁၂ နှစ် အရွယ် အယ်လင်းဆိုတဲ့ ကောင်မလေးရဲ့ ပဏာမခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ မန်နေဂျာကြီးရဲ့ လမ်းပြကောင်းမှု၊ ကာယကံရှင်ရဲ့ ပါရမီနဲ့ ကြိုးစားမှုတို့ကြောင့် နိုင်ငံကျော်အဆိုတော်ဘ၀ကနေ နိုင်ငံတကာထိ ထိုးဖောက်ဖို့ အခြေအနေတွေ ဖြစ်လာပါတော့တယ် ကနေဒါ အဆိုရှင် အယ်လင်းကနေ ကမ္ဘာကျော်အဆိုတော် စီလင်း ဖြစ်လာပုံ အဆင့်ဆင့်ကို တွေ့မြင်ရမှာဖြစ်ပြီး သူ့ရဲ့ ငယ်ဘ၀နဲ့ အနုပညာလမ်းကြောင်းတစ်လျှောက် ကြိုးစားခဲ့ပုံတွေ အခက်အခဲတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်လို့ ဒီဇာတ်လမ်းဟာ " Get to know Célin Dion " ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ဝါသနာကြီးသူတို့အတွက်လည်း ခွန်အားပေးမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ် အညွှန်းကိုတော့ Yoon Sandi Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Biography, Comedy, Drama Quality….WEB-DL 1080p and 720p and 480p File size…1.5GB and 700MB and 300MB Format…mp4 Duration….2h 8min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder ..... August

Action • Adventure
6.8 2020 126 mins
Aline
Christopher Robin
7.3

Trailerတွေထွက်ကတည်းက အားလုံးစိတ်ဝင်စားစွာ စောင့်မျှော်ခဲ့ရတဲ့ ဇာတ်ကားသစ်လေးတစ်ကားကို Channel Myanmarပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ အားလုံးရဲ့အချစ်တော် Winnie the Pooh နဲ့ သူ့ရဲ့သူငယ်ချင်းလေး Christopher Robin တို့အကြောင်းရိုက်ကူးထားတဲ့ Christopher Robin (2018) ပါ။ ကာတွန်းဇာတ်ကောင်ကိုရိုက်ထားတာက ဘာများအထွေအထူးကောင်းစရာရှိမလဲလို့ မေးချင်မေးပါလိမ့်မယ်။ ဒါပေမယ့် ဒီကားလေးက ဇာတ်လမ်းအရရော ဇာတ်ဆောင်အရရော သူပေးချင်တဲ့ Theme အရရော တော်တော်လေးအဓိပ္ပါယ်ရှိပြီး မပျင်းမရိကြည့်လို့ရတဲ့ကားလေးတစ်ကားပါ။ Imdb Rating 7.7/10 Rotten Tomatoes 71%တောင်ရရှိထားတာမို့ ဒီလိုညွှန်းထားတာပိုရာမကျပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်လောက်တင်ဆက်ပေးလိုပါသေးတယ်။ အားလုံးပဲသိကြတဲ့အတိုင်း Winnie the Poohနဲ့ ခရစ္စတိုဖာရော်ဘင်တို့ဟာ အတူသွားအတူကစားရင်းအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ဒါပေမယ့် လောကရဲ့ထုံးစံအတိုင်း ဆော့ကစားနေရုံနဲ့ပြီးမသွားတဲ့ အတွက် ခရစ္စတိုဖာရော်ဘင်တစ်ယောက် တောထဲကသူ့သူငယ်ချင်းတွေနဲ့ခွဲကာ လန်ဒန်မှာကျောင်းသွားတက်ရပါတော့တယ်။ အဲဒီလိုနဲ့ အလုပ်တွေအရမ်းကြိုးစားကာ မက်ဒီလင်းန်ဆိုတဲ့သမီးလေးတောင်ရရှိနေတဲ့ အရွယ်ရောက်လာပါပြီ။ ကလေးဘဝကသူအရမ်းချစ်ရတဲ့သူငယ်ချင်းတွေကိုလဲ မေ့ပစ်လိုက်ပါပြီ။ တစ်နေ့မှာတော့ Poohတစ်ယောက် သူ့သူငယ်ချင်းတွေအကုန်လုံးတောထဲမှာပျောက်သွားလို့လိုက်ရှာရင်း ခရစ္စတိုဖာရော်ဘင်ဆီကိုဆန်းကြယ်စွာရောက်ရှိလာပါတော့တယ်။ Poohကတော့သူအရမ်းချစ်ရတဲ့ ခရစ္စတိုဖာရော်ဘင် နဲ့တွေ့ရပါပြီ။ ခရစ္စတိုဖာရော်ဘင်ကရော... ကလေးမဟုတ်တော့တဲ့ လူကြီးတစ်ယောက်ရဲ့တာဝန်ဝတ္တရားတွေအလုပ်တွေနဲ့ ဘယ်လိုဆက်စခန်းသွားကြမှာလဲ? စတဲ့မေးခွန်းတွေနဲ့ အဆုံးထိမပျင်းမရိကြည့်ရှူရမှာပါ။ ဒီဇာတ်ကားလေးကိုကြည့်ရင်း ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ကလေးဘဝအချိန်တွေကို တစ်ဖန်ပြန်လည်ရှာဖွေလိုက်ရအောင်လား... File Size : (904 MB) and (326 MB) Quality : BluRay 720p Running Time : 1hr 44min Format : Mp4 Genre : Action , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p Translated by Aye Mon Kyaw & Hin Kyi Thar Oo Encoded by Moe Myint Lwin

Action & Adventure • Drama
7.3 2018 104 mins
Christopher Robin
Love & Gelato

Lina ဟာ single mother ဖြစ်သူ သူ့အမေနဲ့ကြီးပြင်းလာရတာပါ။သူ့အမေကင်ဆာနဲ့သေဆုံးသွားချိန်မှာတော့ သူဟာတစ်ကောင်ကြွက်လိုဖြစ်သွားရပါတယ်။ဒါပေမယ့်အမေဖြစ်သူဟာ မသေမီ သူ့သမီးကို သူငယ်စဉ်ကနေခဲ့တဲ့ အီတလီကို သွားဖြစ်အောင်သွားခိုင်းပါတယ်။လီနာလည်း သူ့အမေရဲ့အီတလီက သူငယ်ချင်းဖြစ်သူ Francesca နဲ့သွားနေပြီး သူ့အမေရဲ့လျှို့ဝှက်ထားတဲ့ အတိတ်ကိုခြေရာခံရင်း အီတလီရဲ့ လှပတဲ့အနုပညာလက်ရာ‌တွေဓလေ့ထုံးတမ်းတွေ အရသာရှိတဲ့အစားအစာ‌တွေကိုခံစားရပါတယ်။ဒါ့အပြင် သူ့အမေရဲ့လျှို့ဝှက်ချစ်သူကိုဖော်ထုတ်နေချိန်မှာပဲ သူကိုယ်တိုင်ကလည်း ချောမောတဲ့အီတလီကောင်လေးနှစ်ယောက်ကြားရွေးဖို့ဖြစ်လာရပါတယ်။ Rome, Florence တို့လိုလှပတဲ့မြို့တွေရဲ့ ခမ်းနားမှုကိုခံစားရင်း လီနာ့ရဲ့ဘ၀ကို‌ ပြောင်းလဲသွားစေတဲ့ ခရီးကို ကြည့်ရှုရမှာပါ။နာမည်ကြီးစာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ ကြည်နူးစရာဇာတ်လမ်းလေးပါ။ File size…(2.21GB)/(1.14GB)/(590 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Action • Mystery • Thriller
0 2022 112 mins
Love & Gelato
How Do You Know
6.7

How Do You Know(2010) *********************** 2010 ခုနှစ်က ထွက်ခဲ့တဲ့ Reese Witherspoon, Paul Rudd, Owen Wilson တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ How do you know ဆိုတဲ့ romance/comedy ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဆော့ဖ်ဘောအမျိုးသမီး ကစားသမားဖြစ်တဲ့ လီဆာဟာ အသက်အရွယ်ကြောင့် အသင်းကနေ ထွက်ရတော့မယ့်အချိန်ဟာ သူ့ဘဝအတွက် တဆစ်ချိုးဖြစ်နေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာပြိုလဲနေတဲ့ အချိန်လို့ပြောလို့ရပါတယ်။ ဒီအချိန်မှာပဲ အမျိုးသားနှစ်ယောက်နဲ့ တချိန်တည်းမှာ ဆုံတွေ့ခဲ့ပြီး ဘယ်တယောက်ကို ရွေးချယ်ရမလဲဆိုတာ ခက်ခက်ခဲခဲ ဆုံးဖြတ်ရဖို့ဖြစ်လာပါတယ် တယောက်ကတော့ ဘေ့စ်ဘော ကစားသမား အကျော်အမော်ဖြစ်ပြီး ဥစ္စာပေါရုပ်ချော တယောက်ဖြစ်ပါတယ် ကျန်တဲ့တယောက်ကတော့ လိမ်လည်မှုနဲ့ စွပ်စွဲခံရပြီး အစိုးရရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံနေရတဲ့ ကုမ္ပဏီပိုင်ရှင်သားဖြစ်ပါတယ်။ ဘဝရဲ့ အလှည့်အပြောင်းတခုမှာ သူတို့ သုံးယောက် ဆုံတွေ့ခဲ့ပြီး အချစ်စစ်ဆိုတာ ဘယ်လိုမျိုးလဲလို့ လီဆာက ရွေးချယ်ရတော့မှာဖြစ်ပါတယ်။ File size… 2.1GB& 1.1GB Quality… Blu-Ray1080p,720p Format…mp4 Duration….2hr 03min Genre ….. Romance , Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Zuel Thwin

6.7 2010
How Do You Know
Saw 3D Saw 7
5.6

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 3D The Final Chapter (2010) Saw franchise ရဲ့ ၇ ကားမြောက်ဖြစ်တဲ့ဒီကားဟာလဲ saw ဖန်တွေအကြိုက်တွေ့မယ့်ကားတစ်ကားပဲဖြစ်ပါတယ် ရှေ့ကားတွေနဲ့ပြန်ချိတ်ထားတာတွေကလဲ သေသပ်သလို ဇာတ်ကောင်တွေလဲအများကြီးပါဝင်ထားပါတယ် ပြီးတော့ saw ကားတွေရဲ့ထုံးစံအတိုင်းတစ်ကားနဲ့တစ်ကားမှာ အသုံးပြုတဲ့လက်နက်တွေ စက်ပစ္စည်းတွေမတူတာကြောင့် စိတ်ဝင်စားစရာကောင်းပါတယ် Plot twist တချို့ကိုလဲချပြသွားပါတယ် သွေးထွက်သံယိုအခန်းတွေအများအပြားပါဝင်ပြီး တကယ်ကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတာကြောင့် ကြောက်တတ်သူများနဲ့နှလုံးရောဂါအခံရှိသူများမကြည့်သင့်ပါဘူး။

Action
5.6 2010
Saw 3D Saw 7
My Left Foot: The Story of Christy Brown
7.8

ခရစ်စတီဘရောင်းဟာ မွေးကတည်းက မသန်စွမ်းလေးဆိုပြီး ပတ်ဝန်းကျင်က ဝိုင်းနှိမ်တာခံခဲ့ရတဲ့ ကလေးတစ်ယောက်ပါ။မိသားစုတွေပေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကိုရင်ဆိုင်ပြီး မသန်ပေမယ့်စွမ်းတယ်ဆိုတဲ့စကားအတိုင်း ခရစ်စတီ ဘရောင်းတစ်ယောက်ဝါသနာပါရာ ပန်းချီကိုရေးဆွဲဖြစ်လာတယ်။ စကားပြောတတ်အောင် သင်ပေးတဲ့ ဆရာဝန်မလေး အယ်လင်က သူဝါသနာပါရာတွေကို တတ်နိုင်သမျှ ကူညီပေးရာကနေ မိသားစုငွေရေးကြေးရေး အကြပ်အတည်းကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ အဲဒီလိုနဲ့ အယ်လင်‌ကြောင့် ကဗျာစာပေတွေကိုချစ်မြတ်နိုးသွားပြီး အယ်လင့်ကိုပါချစ်မိသွားရာက ဖွင့်ပြောလိုက်တဲ့အခါ အယ်လင်မှာ လက်ထပ်တော့မဲ့သူဆိုတာ သိလိုက်ရပြီးနောက် ဘယ်လို ဘဝကို ရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန် My Left Foot ဆိုတဲ့ ဝတ္ထု အပေါ်အခြေခံရိုက်ကူးထားပြီး ဆုပေါင်း ၁၁ခုရရှိခဲ့ပါတယ်။ ကျွန်တော်တို့ Christmas တိုင်းကြည့်ခဲ့တဲ့ Home alone ဇာတ်လမ်းထဲမှ ‌ခိုအစာကျွေးတဲ့အမျိုးသမီးလို့သိကြတဲ့ Brenda Frickerဟာ ခရစ်စတီဘရောင်းရဲ့ အမေနေရာအဖြစ် ပါဝင်ထားပါတယ်။ File size…(1.8 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Robert

Family • Animation
7.8 1989 103 mins
My Left Foot: The Story of Christy Brown
The Retreat

Renee နဲ့ Valerie တို့ couple ဟာ သူတို့ မိတ်ဆွေတွေ ဖြစ်တဲ့ Connor နဲ့ Scott တို့ရဲ့ ဖိတ်ကြားမှု အရ ကျေးလက်ဒေသမှာ ရှိတဲ့ အပန်းဖြေ ရိပ်သာကို ခရီးထွက်လာပါတယ်။ လမ်းမှာ စတိုး တစ်ခုထဲ ဝင်ကြရင်းနဲ့ လူတစ်ယောက်နဲ့ ဆုံပါတယ်။ အဲ့ဒီလူက Valerie ကို အတင်းလိုက်ရောနေတာ ဖြစ်တာကြောင့် Valerie က သူ့မှာ ကောင်မလေး ရှိတဲ့အကြောင်း ပြန်ပြောလိုက်ပါတယ်။ သူတို့ တည်းရမယ့် နေရာကိုရောက်တော့ Connor နဲ့ Scott ကို မတွေ့ပါဘူး။ ဒါနဲ့ တောအုပ်တစ်ပတ် လျှောက်ရင်း ပျော်ပွဲစား ထွက်နေတုန်း တစ်ယောက်ယောက်က သူတို့ကို စောင့်ကြည့်နေတာကြောင့် ရိပ်သာကို ပြန်လာခဲ့ပါတယ်။ Renee ရဲ့ ကားကလည်း ပျောက်နေတဲ့ အပြင် သူတို့ ဖုန်းတွေလည်း မရှိတော့ပါဘူး။ အိမ်ထဲမှာ ရှာနေကြတုန်း သူတို့ကို စစ်ဝတ်စုံနဲ့ လူတစ်စုက သေနတ်တွေနဲ့ ချိန်ပြီး ဖမ်းဖို့ လုပ်ပါတယ်။ ဒီလူတွေက ဘယ်သူတွေလဲ၊ Renee နဲ့ Val ကရော သူတို့ လက်က လွတ်မြောက်နိုင်ပါ့မလား သိရဖို့ ရုပ်ရှင်ထဲမှာ ဆက်လက် ကြည့်လိုက်ပါ။ File size…(1.1 GB)/(593 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre… Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2021
The Retreat
The End of Endless Love
6.1

၂၀၂၀ ခုနှစ် ရုပ်ရှင်ရုံမှာ လာကြည့်သူတိုင်း မျက်ရည်ကျခဲ့ရတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးက သဘာဝလွန် တခြားကမ္ဘာက လာတဲ့ ရှင်းထန်ဆိုတဲ့ကောင်လေးက မိခင်ကမ္ဘာကို ပြန်ဖို့ ကြိုးစားတဲ့ ရက် ၁၀၀ အတွင်းအဖြစ်ပျက်လေးကို ရိုက်ကူးထားတာပါ။ အရင်ဆုံး တခြားကမ္ဘာက လာတဲ့ သူတို့က လူသားတွေနဲ့မတူဘဲ လူသားတွေရဲ့ ပျော်ရွှင်မှု တစ်နည်းအားဖြင့်ပြောရင် သူ့အသံနဲ့ ဖန်တီးထားတဲ့ လူသားတွေရဲ့ပျော်ရွှင်မှုကိုစားသောက်ရင်း ရှင်သန်နေရတာပေါ့။ ဒီလို သဘာဝလွန် တခြားကမ္ဘာကလာတဲ့သူ့မှာလည်း အားနည်းချက်ရှိပါတယ်။ လူတစ်ယောက်ကို သူ့စွမ်းအားသုံးပြီး ပျော်ရွှင်အောင် ၃ ကြိမ်လုပ်လိုက်မိရင် အဲ့လူနဲ့ ချိတ်ဆက်သွားတာပါပဲ။ ချိတ်ဆက်သွားတယ်ဆိုတာ ဒီလူသားသေတဲ့အချိန်မှာ သူပါ လိုက်သေရတာမျိုးပါ။ ဒါကြောင့် အတတ်နိုင်ဆုံး ဘယ်သူနဲ့မှ မချိတ်ဆက်မိအောင် ကြိုးစားနေတဲ့ ရှင်းထန်တစ်ယောက်က ရှောင်လွှဲမရတဲ့ ကံတရားကြောင့် ကျီဇယ်ဆိုတဲ့ ဟန်ဆောင်အပြုံးအပြည့်နဲ့ ကောင်မလေးနဲ့ ချိတ်ဆက်မိသွားခဲ့တယ်။ မိခင်ကမ္ဘာကို အဆုံးသတ်မှာပြန်နိုင်မှာလား။ ကျီဇယ်ရဲ့ ဟန်ဆောင်အပြုံးတွေကို အသက်သွင်းနိုင်မှာလား။ ဘယ်လို အပြောင်းအလဲဖြစ်မယ်ဆိုတာ စောင့်ကြည့်လိုက်ကြပါ။

Action • Adventure • Thriller
6.1 2020
The End of Endless Love
Chain of Fools
6

Chain of Fools (2000) IMDB: 6 Rotten Tomatoes: 40% Genre: Comedy/Crime Chain of Fools (2000) ကတော့ ဘယ်လိုပြောရမလဲ အတော်လေးသဘောကျဖို့ကောင်းတဲ့ ဟာသကားတစ်ကားလို့ပဲပြောချင်ပါတယ်။ မင်းသား၊ မင်းသမီးတွေကလည်းပရိသတ်နဲ့မစိမ်းတဲ့လူတွေဖြစ်တာကြောင့် ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း၊ Kresk ဆိုတာကတော့ ဘဝကို အောင်မြင်မှုဆိုတာဘာမှန်းမသိပဲ ဖြတ်သန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဆံသဆရာဆိုပေမယ့် မိန်းမကလည်းကွာရှင်းတော့မယ် ဝင်ငွေကလည်းမကောင်း ဘဝကြီးကို ယက်ကန်၊ ယက်ကန် ပတ်လက်လေး ဖြတ်သန်းနေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ Avnet ဆိုတဲ့လူတစ်ယောက် Kresk ရဲ့ ဆိုင်ထဲကိုတည့်တည့်မတ်မတ်ဝင်လာပြီး ဆံပင်ညှပ်ခဲ့ပါတယ်။ Kresk မသိခဲ့တာက Avnetဟာ လက်ရှိနာမည်ကြီးနေတဲ့ တန်ကြေးမြင့် တရုတ်ဒင်္ဂါးပြားတွေကို ဓားပြတိုက်သွားတဲ့ လူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဖြစ်ချင်တော့ ကတ်ကြေးနဲ့ Avent ရဲ့လည်မြိုကိုစိုက်မိပြီး Avent တစ်ယောက် ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီးလျှောသွားပါတော့တယ်။ ဒင်္ဂါးတွေဟာလည်း Kresk ရဲ့လက်ထဲကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ထင်သလောက်မရိုးရှင်းပဲ လုပ်ကြံရေးသမား Mikey နဲ့ ရဲတပ်ကြပ်ကြီး Kolko တို့ပါပါလာခဲ့ပါတယ်။ ကဲဘယ်လိုများ အရှုပ်ထုပ်တွေဖြစ်လာမှာလဲ ဆိုတာကိုတော့ကြည့်လိုက်ကြပါ။ Kolko အဖြစ်မင်းသမီး Salma Hayek Avnet အဖြစ်မင်းသား Jeff Goldblum Mikey အဖြစ်မင်းသား Elijah Wood Kresk အဖြစ်မင်းသား Steve Zahn တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size… 1.3 GB / 600 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

Action
6 2000 96 mins
Chain of Fools
Khel Khel Mein
7.1

Khel Khel Mein (2024) “အရင်းနှီးဆုံးသူစိမ်းများ” IMDb – 7.1/10 Remakeမင်းသားကြီးရဲ့ ဘောလိ၀ုဒ်ဟာသဒရာမာရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်က Perfect Strangers (2016)ဇာတ်လမ်းကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာ။ နိုင်ငံတော်တော်များများ ပြန်ရိုက်ထားကြတဲ့အပြင် မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်ကိုက နှစ်ကားထိရှိတယ်။ 12th Man (2012)နဲ့ 1001 Nunakal (2022)တဲ့။ ဒီရုပ်ရှင်မှာတော့ အရှေးကူးမား၊ တာ့ပ်ဆီး၊ ပရေ့ဂ်ယာဂျေစ်ဝယ်လ်နဲ့ ဗာနီကပူးရ်တို့လို နာမည်ကျော်သရုပ်ဆောင်တွေပါဝင်ထားကြပါတယ်။ အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အလင်းဖွင့်ပေးချင်တဲ့ စေတနာကိုလည်းမြင်တွေ့ရမှာပါ။ ဇာတ်အလမ်းအကျဉ်းပြောရရင် သူငယ်ချင်းသုံးယောက်ရှိတယ်၊ သုံးယောက်လုံးက အိမ်ထောင်သည်တွေ။ တစ်ကောင်ရဲ့ခယ်မ မင်္ဂလာဆောင်ရှိရာမြို့ကို သွားကြဖို့ စီစဉ်ထားကြတယ်၊ သွားကြတယ်ပေါ့။ မင်္ဂလာဆောင်မှာတွေ့ကြပြီး သူငယ်ချင်းစုံတွဲသုံးတွဲ အတူတူရှိနေရာကစ ဂိမ်းတစ်ခုကစားဖို့ လုပ်ကြတဲ့အချိန်မှာတော့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေ၊ သိုဝှက်ထားတဲ့ စိတ်ခံစားမှုတွေ ဘွင်းဘွင်းကြီးပေါ်လာပြီး ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

7.1 2024 135 mins
Khel Khel Mein
The Great Escape
8.2

၁၉၄၄ ခုနှစ်မှာ လုံခြုံရေးအတင်းကျပ်ဆုံး ထွက်ပြေးလွတ်မြောက်ဖိုလုံး၀မဖြစ်နိုင်ဘူးဆိုတဲ့ ဂျာမန်အကျဉ်းစခန်းကနေ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ မဟာမိတ်တပ်ဖွဲ၀င်စစ်သားတွေဟာ ထွက်ပြေးဖို ကြိုးစားခဲ့ကြတယ်။ ထွက်ပြေးမယ့်သူကလည်း တစ်‌ယောက်နှစ်ယောက် တစ်ဒါဇင်လောက်တောင်မဟုတ်ဘဲ အယောက် ၂၅၀ ‌ထွက်ပြေးကြမှာ။ ၃ နှစ်ကျော် အကျဉ်းချခံထားတဲ့သူတိုဟာ လိုက်ခေါင်း ၃ ခုတူးပြီး မရရအောင် ထောင်ဖောက်ပြေးကြဖို စီစဉ်ခဲ့ကြတယ်။ ဇာတ်ကောင်တွေ အချိန် နေရာ‌တွေကို အနည်းငယ်ပြုပြင်ထားပေမဲ့ ထွက်ပြေးလွတ်မြောက်ရေးအစီအစဉ်ကတောာ့ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အတိုင်း အသေးစိတ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်တာမို စိတ်လှုပ်ရှားဖို အတော်လေးကောင်းပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးတဲ့ ထောင်ဖောက်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်ရင် ဒီဇာတ်ကားကလည်း လက်လွှတ်ခံလိုမဖြစ်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(3.5 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:52:00 Genre… Adventure, Drama, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Horror • Thriller • Drama
8.2 1963 173 mins
The Great Escape
Saving Onome
4.6

Saving Onome (2024) Onome ဆိုတဲ့ကောင်မလေးက နှလုံးမကောင်းတာကြောင့် နှလုံးအစားထိုးဖို့ စောင့်စားနေရတဲ့ ကောင်မလေးတစ်ယောက်ပေါ့.. သူ့နှလုံးကို သုံးပတ်အတွင်း အစားမထိုးနိုင်ရင် အသက်ဆုံးရှုံးရတော့မယ်.. Onome ရဲ့ အဘိုးဖြစ်သူက ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးရတဲ့ အင်စပက်တာတစ်ယောက်.. Onome ရဲ့ မိဘတွေက ရောဂါဖြစ်နေတဲ့သူ့သမီးငယ်လေးကို ခွဲစိတ်ဖို့အတွက် ငွေအသဲအသန်လိုနေတာကြောင့် မကောင်းမှုမျိုးစုံကို ကျူးလွန်ဖို့လည်း ဝန်မလေးတော့တဲ့သူ.. ငွေဆယ်သန်းကို သုံးပတ်အတွင်းရအောင် ရှာနိုင်မှ သူတို့သမီးလေး အသက်ရှင်မှာ ဖြစ်တာကြောင့် မဖြစ်ဖြစ်တဲ့နည်းနဲ့ ငွေရှာကြဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ.. လူတိုင်းက လူကောင်းဖြစ်ချင်ကြတာပါ သို့သော် မကောင်းတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်လည်း လက်တစ်ကမ်းအလိုမှာပဲ ရှိနေတဲ့အခါ.. သူတို့လိုအပ်တဲ့ငွေကို ရှာနိုင်ပြီး သူတို့သမီးလေးကို ကယ်တင်နိုင်မလား? ဒါမှမဟုတ် မကောင်းမှုကို စွန့်လွှတ်ပြီး လူကောင်းဖြစ်ဖို့ ရွေးချယ်ရင်း သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရမလား? လူကောင်းလူဆိုးနှစ်ခုကြားမှာ ရွေးချယ်ရင်းဗျာများနေကြပြီး နောက်ဆုံးမှာ သူတို့ဘာကို ရွေးချယ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.6 GB) / (710 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:45:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Horror • Science Fiction • Action
4.6 2024
Saving Onome