YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

It's.Beautiful.Now.S01E30.720P[CM].mp4

515.35 MB N/A video/mp4 418 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Willow
7

"Star Wars & Indiana Jones" အဲဒီဖန်ဒန်ကြီး၂ခုလုံးကို တည်ဆောက်ဖန်တီးခဲ့တဲ့ George Lucas ကို မသိတဲ့လူမရှိပါဘူး။ တစ်ခေတ်တစ်ယောက် ဆရာ့ဆရာကြီးဖြစ်ခဲ့သလို ဒီရုပ်ရှင်ကလည်း သူ့ဇာတ်လမ်းပါပဲ။ သူတည်ဆောက်ခဲ့တဲ့ နောက်ယူနီဗာ့စ်ကြီးတစ်ခုပေါ့။ ဒီရုပ်ရှင်က လူးကတ်စ်ရဲ့ မှော်ဇာတ်လမ်းပေါ့။ ရိုက်တာကတော့ ရွန်ဟောင်းဝတ်။ ဒီနှစ်ထဲတင် Thirteen Lives ထွက်ထားတဲ့၊ တစ်နှစ်ထဲမှာတင် Best Director ရော Best Picture ဆုပါရဖူးတဲ့ နာမည်ကြီးဒါရိုက်တာပါပဲ။ ကားကတော့ fantasy ကိုမှ LoTR တို့ ဘာတို့ကို ပိစိလောက်ဆင်နေတဲ့ပုံစံ။ ဇာတ်ကတော့အရမ်းကြီးမကြီးကျယ်ဘူး။ မကြီးကျယ်ဆို ဒီတစ်ကားပဲရှိသေးပေမဲ့ ဒီတစ်ကားက အစကနဦးလို့ပဲပြောရမယ်။ ရှေ့အများကြီးဆက်ရင်တော့ ဘယ်လိုဖြစ်လာမလဲပြောမရပေါ့။ သို့ပေမဲ့ နောက်နှစ်လလောက်ကျရင် ဒီကားရဲ့အဆက် ဇာတ်လမ်းတွဲထွက်လာမှာပါ။ သို့ပေမဲ့ သူကတော့ LoTR လို အတည်အကြမ်းကြီးတွေမဟုတ်ဘဲ ငပေါလေးတွေချည်း။ LoTR နဲ့ ဆင်တယ်ဆိုပေမဲ့ LoTR လို မာစတာပိစ်ကြီးရဲ့ခြေဖျားတော့မမီဘူးပေါ့။ သူ့အရသာနဲ့သူတော့ ရှိပါတယ်။ ဒါပေမဲ့ IMDb - 7.2/10 နဲ့ အတော်ဆုံးတွေထဲက တစ်ယောက်ကရေးပြီး တစ်ယောက်ကရိုက်ထားတဲ့ တော်တော်လေးမိုက်တဲ့ ရုပ်ရှင်ပါပဲ။ Cast တွေက Warwick Davis, Val Kilmer နဲ့ Joanne Whalley။ Joanne Whalley က တော်တော်လေးလှသလို Val ကြီးကလည်း မိုက်ကန်းတဲ့သူရဲကောင်းနေရာက ကွက်တိပါပဲ။ Warwick Davis ကတော့ မှော်ဆရာဖြစ်ချင်တဲ့ ရိုးရိုးကုတ်ကုတ်လယ်သမားလူပုလေးပေါ့။ နောက်နှစ်လ‌လောက်ကျထွက်မယ့် ဒစ္စနေးရဲ့ အဆက်ဇာတ်လမ်း စီရီးထဲမှာလည်း Willow နေရာကို ပထမမင်းသားကြီးကိုပဲ ပြန်သုံးပေးထားပါတယ်။ ပထမမင်းသားကိုပဲ ပြန်သုံးထားတာဆိုတော့ မူလအရသာတော့ မပျက်ဘူးလို့ယူဆရပါတယ်။ Joanne Whalley လည်းပါမှာပါ။ နှစ်ပေါင်း၃၄နှစ်အကြာဆိုတော့ ပိုလှတဲ့ effect တွေနဲ့ သတ္တဝါတွေကို တွေ့ရမယ်လို့ မျှော်လင့်ရတာပါပဲ။ Val ကြီးကတော့ ပြန်မပါနိုင်တော့လောက်ပါဘူး။ ဒီရုပ်ရှင်ဟာ LoTR ဆန်ဆန်နဲ့ကို LoTR လို ဂန္ထဝင်အရမ်းဆန်မနေပေမဲ့လည်း သူထွက်ခဲ့တဲ့နှစ်အရဆို တော်တော်လှပတဲ့ကားလေးပါပဲ။ သူ့ဟာနဲ့သူလည်း ဂန္ထဝင်ဖြစ်နေပါပြီ။ အော်စကာ၂ဆုလည်း ဆန်ခါတင်ဝင်ခဲ့ပါတယ်။ Board Game လည်း ထွက်ခဲ့ပါတယ်။ ဒါကိုမှ ဂျော့လူးကပ်စ်, ရွန်ဟောင်းဝတ်, ဝါးဝစ်ခ်, ဗယ်လ် တို့ရဲ့ ဂန္ထဝင်ဆန်ခြင်းတွေနဲ့ ပေါင်းစပ်ထားတဲ့ ဂန္ထဝင်အရသာအပြည့်နဲ့ ဂန္ထဝင် Fantasty ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.4GB, 750MB Quality - 1080p, 720p, 480p IMDb Rating - 7.2/10 Format - mp4 Duration - 2H 6Min Genre - Action, Adventure, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Adventure • Drama • History
7 1988 126 mins
Willow
Dreams of Getting Rich
7

“အသက် (၃၀) အရွယ် မိဘမဲ့တစ်ယောက်ဖြစ်သူ ၊ ရွာမှာ ရှိတဲ့ အလုပ်မှန်သမျှကို လုပ်ကိုင်ပြီး ရွာက ကျွေးတာကမ်းတာကိုပဲစားရသူ ၊ ဆင်းရဲပြီး အရပ်မှာ ၅ ပေပဲရှိလို့ လူစဥ်မမှီတဲ့ သူတစ်ယောက်အဖြစ် ရပ်တည်နေရသူ - စုန့်ရှောင်ပေါင်” စုန့်ရှောင်ပေါင်တစ်ယောက် ချမ်းသာချင်တဲ့အတွက် သူ့အစ်ကို(၂) ဖြစ်သူကို ပူဆာပြီး ရှန့်ကျန့်မြို့ကြီးဆီ ပိုက်ဆံရှာဖို့ထွက်လာခဲ့ပါတယ် ။ ပိုက်ဆံရှာဖို့ ထွက်လာတဲ့ ရှောင်ပေါင် တစ်ယောက် ပိုက်ဆံမရတဲ့အပြင် စွန့်ပစ်ခံထားရတဲ့ ကလေးငယ်တစ်ယောက်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာက အကြောင်းဖန်လာခဲ့ပါတော့တယ် ။ ကိုယ်တိုင်ကမိဘမဲ့ တစ်ယောက်ဖြစ်တာမို့ ကလေးငယ်လေးကိုလဲ မစွန့်ပစ်ရက်ပဲ ဆင်းရဲမွဲတေတဲ့ ကြားကနေ မွေးစားခဲ့ပါတယ် ။ ကလေးတစ်ယောက်နဲ့ နေစရာအိမ်မရှိတဲ့ ရှောင်ပေါင် နဲ့ အစ်ကို (၂) တို့နှစ်ယောက်ဟာ အဘိုးတစ်ယောက်ရဲ့ ကူညီမှုနဲ့ နေစရာရရှိခဲ့ပြီး တစ်ချိန်ထဲမှာပဲ ရှောင်ပေါင်ဟာ မာလုဆိုတဲ့ မိန်းကလေးနဲ့ တွေ့ဆုံခဲ့ပါတယ် ။ ကလေးငယ်လေးနဲ့အတူ ကံကြမ္မာအရ တွေ့ဆုံကြရတဲ့ သူစိမ်းတွေဟာ ဆွေမျိုးရင်းလိုဖြစ်လာပြီး နွေးထွေးတဲ့ မိသားစုလေးအဖြစ်ပြောင်းလဲ လာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဒါတွေဟာ ကြာရှည်မခံခဲ့ပါဘူး ။ အရွယ်ယောက်လာတဲ့ ကလေးငယ်လေးဟာ အမေဖြစ်သူကို တွေ့ချင်လာတဲ့အခါမှာတော့ - ❏ ရှောင်ပေါင်တစ်ယောက် ဘယ်လိုဖြေရှင်းပေးမလဲ? ❏ မွေးစားသားပေမဲ့ သားအရင်းလို ရှာကျွေး ခဲ့တဲ့ “သူ” ❏ အရာရာကိုမျိုသိပ်ပြီး သားဖြစ်သူကိုသာ ရှေ့တန်းတင်ခဲ့တဲ့ “သူ” ❏ သားဖြစ်သူ အတွက်ဆို အသက်ကိုတောင် စတေးဝံ့တဲ့ “သူ” “သူ” ဘာတွေဆက်ဖြစ််မှာလဲ / ဘယ်လိုတွေရင်ဆိုင်ရမလဲ ဆိုတာ ဒီကားလေးမှာဆက်ပြီးတော့ စောင့်ကြည့်ပေးပါဦးရှင် ။ ဒီကားလေးကတော့ တကယ်ကိုကြည့်ရတာ အရမ်း အရမ်းတန်စေမယ်လို့ အာမခံပါတယ် ။ တကယ့်လက်တွေ့ဘဝမှာ ဖြစ်ပျက်နေရတာတွေကို ဟာသလေးတွေ နှောပြီးပြသထားတဲ့ အပြင် ဖခင်အရင်းမဟုတ်ပေမဲ့ သားဖြစ်သူကို ချစ်ရှာတဲ့ ဖခင်မေတ္တာတွေကို ကြည့်ရှုရင်းနဲ့ တကယ်ကို နွေးထွေးမှုတွေကူးစပ်စေမှာပါ ။ အခုပဲကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chit Mya Mya Hmwe Encoded by LK

Drama
7 2021 90 mins
Dreams of Getting Rich
Out of the Blue
6.2

ဒီတစ်ခါတော့ မိန်းမမာယာ သဲကိုးဖြာကိုမှ အကွက်ကွက်ကျကျလေးရိုက်ပြသွားတဲ့ ရုပ်ရှင်လေးတစ်ကား တင်ဆက်လိုက်ပါတယ် မိန်းမမာယာတောင်မှ နှစ်ယောက်ဆိုတော့ ဘယ်လိုမှကိုနွံထဲကရုန်းမထွက်နိုင်အောင်ဖြစ်ရပြီပေါ့ဗျာ အရင်က လူသေမှုနဲ့ထောင်ကျခဲ့တဲ့ ကွန်နာဆိုတဲ့ကောင်လေး ဟာ ကမ်းခြေကိုသွားရင်း မာရီလင်းဆိုတဲ့ မမကြီးနဲ့ ဆုံခဲ့ကြတာပါ အဲဒီနောက် မာရီလင်းက ကောင်လေးအလုပ်လုပ်တဲ့ စာကြည့်တိုက်မှာ စာအုပ်လာငှားရင်းနဲ့ ဆက်သွယ်မိခဲ့ရာက‌နေ ခွဲမရအောင်ချစ်မိသွားခဲ့ကြတာပေါ့ အဲဒီအချိန်မှာပဲ မာရီလင်းမှာ အရမ်းချမ်းသာတဲ့ယောကျာ်းရယ် လင်ပါသမီးလေးရယ်ရှိနေပြီး သူ့ကိုလည်းနှိပ်စက်ပါတယ်လို့ ကွန်နာ ကိုဆက်တိုက်ပြောဆိုရာကနေ နောက်ဆက်တွဲဖြစ်လာမဲ့ ဇာတ်လမ်းလေးကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲဗျာ File size…(1.7GB)/(908MB)/(451MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Thriller / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Action • Adventure • Comedy • Crime • Drama
6.2 2022 105 mins
Out of the Blue
Crazy Rich Asians
7.1

ရေချယ်ချုဟာ နယူး ယောက်တက္ကသိုလ်က စီးပွား ရေးပါမောက္ခတစ်ယောက်ဖြစ်ပြီး သူ့မှာ နစ်ခ်ရန်းဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ နစ်ခ်က သူ့အခင်ဆုံးသူငယ်ချင်း ကောလင်းရဲ့ မင်္ဂလာပွဲမှာ လူပျိုရံလုပ်ဖို့ရှိတဲ့အတွက်ရယ်၊ သူ့မိသားစုနဲ့ မိတ်ဆက်ပေးဖို့အ တွက်ရယ်ဆိုပြီး ရေချယ်ကိုသူနဲ့ အတူ စင်ကာပူကို လိုက်ခဲ့ဖို့ ခေါ် ခဲ့ပါတယ်။ အထက်တန်းလွှာတွေစီးတဲ့ လေယာဉ်လက်မှတ်ဝယ်ထား တာကို တွေ့လိုက် တာ နဲ့ ရေချယ်တစ်ယောက် နစ်ခ်ဟာ ချမ်းသာတဲ့မိသားစုကလာတာလားလို့မေး ပေမယ့် နစ်ခ်ကတော့ သိပ်ထူး ဆန်းဟန်မပြဘဲ မိသားစုက အိမ် ခြံမြေလုပ်ငန်းလုပ်တယ်လောက်ပဲ ပြောပြခဲ့ပါတယ်။ စင်ကာပူကိုရောက်တဲ့အခါ မှာ ရေချယ်ဟာ နစ်ခ်ရဲ့ သူငယ်ချင်းကောလင်းနဲ့ သူ့ချစ်သူအရာ မင်တာလီတို့ စုံတွဲနဲ့ခင်မင်ခဲ့ပြီးနစ်ခ်တို့မိသားစုနဲ့တွေ့ဖို့အတွက်စိတ်မပူဖို့ ရေချယ်ကိုအားပေးခဲ့ ကြပါတယ်။ ရေချယ်ကလည်း စင်ကာပူကိုရောက်တုန်းရောက်ခိုက် ကောလိပ်တုန်းက သူ့အခန်းဖော် ဂိုပိတ်လင်နဲ့ဆုံဖို့စီစဉ်ခဲ့ပါတယ်။ ပိတ်လင်နဲ့ ဆုံတဲ့အခါမှာ တော့ ပိတ်လင်ဟာအရမ်းကို ချမ်းသာသူတစ်ယောက်ဖြစ်ပြီး ရွှေနဲ့ တည်ဆောက်ထားတဲ့ အိမ်ကြီးရခိုင်မှာ နေတယ်ဆိုတာသိလိုက်ရ လို့ အရမ်းကိုအံ့အားသင့်ခဲ့ရပါ တယ်။ ရေချယ်က ပိတ်လင်ရဲ့ မိသားစုနဲ့ စကားပြောဆိုရင်း သူသွားတွေ့ရမယ့် သူ့ချစ်သူနစ်ခ် ရန်းရဲ့ မိသားစုဟာ ဂိုမိသားစုထက်အဆပေါင်း များစွာချမ်းသာ သလို သြဇာလည်းကြီးတဲ့မိသားစု ဆိုတာ ရုတ်တရက်သိခဲ့ရတဲ့အ တွက် စိုးရွံ့သွားခဲ့ပါတယ်။ ရေချယ်ဟာ ကြီးကျယ်ခမ်း နားတဲ့ ပါတီကြီးတစ်ခုဆီကိုနစ်ခ် နဲ့ လိုက်သွားခဲ့ရပြီး သူကသာအခြေအနေအရပ်ရပ်ကိုမသိ ပေမယ့် သူ့ကိုတော့ လူတွေကသိနေပြီး သတိထားကြည့်နေခဲ့ကြပါ တယ်။ နစ်ခ်တို့အိမ်ကအထိန်းကို နစ်ခ်ရဲ့ အဘွားထင်ပြီး မှားနှုတ် ဆက်ခဲ့သလို နစ်ခ်ပေါ်ကိုလည်း ဝိုင်ခွက်မှောက်အောင်လုပ်မိတဲ့ ရေချယ်တစ်ယောက် သတိထား ကြည့်ခံနေရပါတယ်ဆိုမှ တလွဲ တွေချည်းလုပ်မိခဲ့ပါတယ်။ ရေချယ်ကို နစ်ခ်ရဲ့အမေအယ်လီနောက သဘောမကျတဲ့ပုံစံပြခဲ့ပေမယ့် နစ်ခ်အဘွားက တော့ ရေချယ်ကို အိမ်ကိုလာလည်ဖို့ဖိတ်ခဲ့ပါတယ်။ နစ်ခ်ကိုလိုချင် နေတဲ့ အမန်ဒါဆိုတဲ့မိန်းကလေး ကလည်း သူနဲ့ နစ်ခ်က လက်တွဲ တော့မှာလိုလို ရေချယ်သိအောင် လုပ်ပြခဲ့ပါတယ်။ တစ်ဖက်အသိုင်းအဝိုင်းက လူတွေက ရေချယ့်ကို ငွေကြောင့်နစ်ခ်ကို အပိုင်ကြံသလိုလို စကားတွေ၊ အပြုအမူတွေနဲ့ ထိုးနှက်ကြပေမယ့် သနားစရာရေချယ်က တော့ နစ်ခ်နဲ့ပတ်သက်လို့ ဘာဆိုဘာမှသိမထားဘဲ ရုတ်တရက်ကြုံရတဲ့ဒဏ်ကို အလူးအလဲခံခဲ့ရ ပါတယ်။ ရေချယ်တစ်ယောက် ကြီးကျယ်ခမ်းနားလွန်းတဲ့ မိသားစုထဲကို ဝင်မှာလား၊ နစ်ခ်ကကောရေချယ့်အပေါ် ဘယ်လိုသဘော ထားတာလဲ၊ အလွှာမတူတဲ့ချစ် သူနှစ်ဦးရဲ့ အချစ်ခရီးလမ်းက ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ တော့ ဆက်ကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ Constance Wu , Henry Golding , Michelle Yeoh,Gemma Chan , Lisa Lu၊ Nico Santos, Ronny Chieng စတဲ့သရုပ်ဆောင်တွေ ပါဝင်ပါ တယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ) ***သတိပေးချင်တာက အချို.ဇာတ်ဝင်ခန်း ၂ ခန်းလောက်က တရုတ်လိုပြောတဲ့အတွက် စာတန်းထိုးဖိုင်မှာ ပါမလာပါဘူး မူဗီမှာတော့ Eng sub ပါပါတယ်။စကားပြောလွယ်တာရယ် မအားလပ်တာရယ်ကြောင့် ထိုအခန်းတွေကို စာမဖြည့်ထားပါဘူး*** File Size : (950 MB) Quality : Blu-Ray 720p Running Time : 2h 00min Format : Mp4 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-HDC Translated by May Tharaphi Lwin Encoded by Thanhtike Zaw

Action & Adventure • Crime • Drama • Mystery • Sci-Fi & Fantasy
7.1 2018 121 mins
Crazy Rich Asians
Suffragette
6.9

ဒီတစ်ခါမှာတော့ အမျိုးသမီးတွေမဲပေးခွင့်ရရေးအတွက် လှုပ်ရှားမှုတွေအကြောင်းရိုက်ကူးထားတဲ့ Suffragette ဆိုတဲ့ကားလေးကိုတင်ဆက်ပေးချင်ပါတယ် အရင်ဆုံးအနေနဲ့ ဒီဇာတ်ကားလေးထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေက Alice in Wonderland live action ကားတွေနဲ့ Harry Potter ထဲမှာ သရုပ်ဆောင်ထားတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး Helena Bohman Carter နဲ့ The Great Gatsby ထဲက မင်းသမီး Carey Mulligan တို့လို ဒိတ်ဒိတ်ကြဲသရုပ်တွေပါဝင်ထားပါတယ် နောက်ပြီး The Iron lady ရဲ့စာရေးသူ Abi Morgan ရေးသားတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဥ်းကတော့ ဗြိတိန်မှာ 1912 ကာလတွေတုန်းက အမျိုးသမီးတွေကို မဲပေးခွင့်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုနေကြတဲ့အချိန်ပါ မော့ဒ်ဝက်ထ်စ်ဆိုတဲ့ သာမန်ခဝါသည်အမျိုးသမီးလေးဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဗွိုင်းအိုလက်ဆိုတဲ့အမျိုးသမီးနဲ့ စကားဆုံမိကြရာကနေ အမှတ်မထင်ပဲ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိရေးတက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်မိပါတော့တယ် အဲဒီလိုပါဝင်မိရင်း အဖမ်းခံ အကျဥ်းချခံရတဲ့အခါ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်ကဲ့ရဲ့ခံရတဲ့အပြင် ယောက်ျားကိုယ်တိုင်ကပါ အိမ်ကနှင်ထုတ်ပြီး သားလေးနဲ့တွေ့ခွင့်မပေးတော့ပါ အဲ့ခေတ်က ဥပဒေအရ သားသမီးကို ဖခင်ကပဲ ပိုင်ဆိုင်ပါတယ် အဲ့ဒါကြောင့် ​မော့ဒ်တစ်ယောက် ထိုဥပဒေကို ပြင်ရမယ် အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့တန်းတူအခွင့်အရေးရှိရမယ်ဆိုပြီး တက်ကြွလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်ပါဝင်ပါတော့တယ် သူမနဲ့အတူ ဗွိုင်းအိုလက် မစ္စစ်အယ်လင် အမ်မလီ မစ္စစ်ပန်ဟာ့စ် စတဲ့အမျိုးသမီးတွေနဲ့အတူ စစ်ဆင်ရေးတွေကိုဆောင်ရွက်ပါတော့တယ် ဒီဇာတ်ကားလေးဟာ မော့ဒ်ကိုအဓိကဇာတ်ကောင်အနေနဲ့ရိုက်ကူးထားတယ်ဆိုပေမဲ့ ဒီဇာတ်ကားထဲမှာပါတဲ့ အမ်မလီ ဆိုတဲ့ အမျိုးသမီးဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ ”Emily Wilding Davison” ဆိုတဲ့ တက်ကြွလှုပ်ရှားသူအမျိုးသမီးကို အခြေခံထားတာပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama, Histroy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

6.9 2015 106 mins
Suffragette
The Sound of Summer

မြန်မာနိုင်ငံကနွေရာသီဟာ မြန်မာနိုင်ငံသားတွေအတွက်တော့ ကြောက်စရာကောင်းအောင်ပူသလို ဂျပန်နိုင်ငံရဲ့ နွေဟာလည်းသူတို့အတွက်တော့ ကြောက်စရာကောင်းအောင်ပူပါတယ် ဒီဇာတ်ကားရဲ့ပေးချင်တဲ့ meassage ကတော့ နွေရာသီဟာ ပူပြင်းပြီး အသက်အန္တရာယ်ရှိတယ်ဆိုပေမယ့်လည်း စိတ်ရောဂါ အခြေအနေတွေလည်းဖြစ်တတ်ပါသေးတယ် နေမြင့်လေ အရူးရင့်လေ လို့ဆိုလိုချင်တာကို မြင်အောင်ရိုက်ပြသွားတယ်လို့ပဲမြင်ပါတယ် ဇာတ်အိမ်ကလေးကတော့ ဂျပန်နိုင်ငံမှာနွေရာသီဆိုရင် ပုဇင်းရင်ကွဲတွေဟာ ကြောက်စရာကောင်းလောက်အောင် များပြားဆူညံနေတတ်ပါတယ် ပုဇင်းရင်ကွဲတွေကိုကြောက်တတ်တဲ့ ကောင်မလေးတစ်ယောက် ကပ်ပါးကောင်းတွေအပေါ် ထင်ယောင်ထင်မှားဖြစ်တတ်တဲ့ ရောဂါအခံနဲ့ စိတ်ဝေဒနာကို ခံစားရမှန်းမသိခံစားနေရတာကို သူသတိမထားမိခဲ့ဘူး လက်တွေ့ဘဝနဲ့ ထင်ယောင်ထင်မှာမှုတွေကြားမှာ သူဘယ်လိုရုန်းကန်မလဲဆိုတဲ့ ဂျပန် Horror ဇာတ်ကားလေးကိုတော့……… (***နွေကိုနွေလိုပဲရင်ဆိုင်တာအကောင်းဆုံးပါပဲနော်***) ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(886 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:15:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

Drama • Comedy
0 2022
The Sound of Summer
Cruel War
5.9

CM ရဲ့ ပရိသတ်တွေအတွက် အက်ရှင်စုံထောက်ရုပ်ရှင်ကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ကမ္ဘာ့အဓိကမူးယစ်ထုတ်လုပ်ရာနေရာဖြစ်တဲ့ ယင်ဖန်ကျွန်းမှာ ဘိန်းစိုက်ပျိုးမှုကို လျှော့ချဖို့အတွက် တရုတ်နိုင်ငံက သိပ္ပံပညာရှင်ပါမောက္ခယန်က ဗီဇပြောင်းနည်းပညာနဲ့ စမ်းသပ်အောင်မြင်ထားတဲ့ ရှန်နုံအမှတ် ၂၁ ကို စမ်းသပ်စိုက်ပျိုးဖို့ အထက်အရာရှိတွေနဲ့ သဘောတူညီမှု ရထားပါတယ်။ ပါမောက္ခယန်နဲ့ ရှန်နုံအမှတ် ၂၁ မျိုးစေ့ကို ကာကွယ်ဖို့အတွက် လင်ရှန်တို့အဖွဲ့ကို တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ယင်ဖန်းကျွန်းကို သူတို့ မျိုးစေ့စိုက်ပျိုးခြင်းကို မအောင်မြင်စေချင်တဲ့လူတွေလည်း ရှိနေပါတယ်။ အဲ့ဒါကတော့ မူးယစ်ဂိုဏ်းခေါင်းဆောင်ကြီး လီဝိန်ယောက်ပဲ ဖြစ်ပါတယ်။ လင်ရှန်တို့အဖွဲ့ လီဝိန်ယောက်ရဲ့ လိုက်လံတိုက်ခိုက်ခြင်းရန်ကနေ မျိုးစေ့ကို ကာကွယ်ပေးနိုင်ကြမလားဆိုတာကိုတော့ ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

TV Movie • Drama • Romance
5.9 2024
Cruel War
Inside À l’intérieur
6.7

Horror နှစ်သက်သူတွေအတွက်တော့ တကယ့်ကိုကားကောင်းတစ်ကားရလိုက်ပါပြီ။ Horror ရုပ်ရှင်တွေဆို ဝေဖန်လေကန်မှုတွေ ရှယ်ကြမ်းကြပေမယ့် Inside (2007) ကားလေးကိုတော့ ဝေဖန်ရေးသမားတော်တော်များများက Horror ကားအစစ်လို့ မှတ်ချက်ပြုထားကြတဲ့အတွက် အကြိုက်တူမတူ ပြောပေးကြဦးနော်…. ဇာတ်လမ်းအစမှာ ဆာရာ နဲ့ သူ့အမျိုးသားတို့စီးလာတဲ့ကားက မတော်တဆမှုဖြစ်ပြီး အမျိုးသားက ပွဲချင်းပြီးဆုံးသွားပါတယ်။ ဆာရာကတော့ ကိုယ်ဝန်နဲ့အတူအသက်ဆက်ရှင်ခဲ့ပါတယ်။ မီးဖွားဖို့ရက်နီးလာပေမယ့် ဆာရာကတော့ ခင်ပွန်းစိတ်နဲ့ ဝမ်းနည်းနေတုန်းပါ။ ကလေးမွေးဖွားခါနီးတစ်ရက်အလိုမှာတော့ ဆာရာရဲ့အိမ်ကို အမည်မသိအမျိုးသမီးတစ်ယောက် တံခါးခေါက်ပြီး လာနှောင့်ယှက်ခဲ့ပါတယ်။ ဘယ်လိုပဲမောင်းထုတ်ပါစေ ထွက်မသွားတဲ့နောက် ရဲကိုဖုန်းဆက်တိုင်လိုက်ရပါတယ်။ ရဲတွေလည်း လာစစ်ဆေးပေမယ့် လာနှောင့်ယှက်တဲ့အမျိုးသမီးကို ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့…. ဆာရာနေထိုင်တဲ့ သာမာန်အိမ်လေးတစ်လုံးထဲမှာ စစ်မြေပြင်အလားထင်မှတ်ရလောက်အောင် သွေးသံတရဲရဲနဲ့အပြည့်ဖြစ်နေခဲ့ပါပြီ။ အမည်မသိအမျိုးသမီးကရော ဘယ်သူလဲ ? ဘာလို့ဒီလောက်အထိ ရက်စက်ရတာလဲ ? ဇာတ်လမ်းကရော ဘယ်လိုဆက်ဖြစ်သွားမလဲ? Horror Fan တွေဆက်ကြည့်လိုက်ပါတော့နော်… R rated ဖြစ်ပြီး သွေးသံတရဲရဲနဲ့မို့ နှလုံးကောင်းသူတွေသာ ကြည့်ဖို့တော့ အကြံပြုချင်ပါတယ်ဗျာ ။ ။ File size… 1.8 GB / 611 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 22m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa

Drama
6.7 2007 83 mins
Inside À l’intérieur
Kumiko, the Treasure Hunter
6.6

IMDb – 6.6/10 Director – David Zellner ဒီဇာတ်ကားလေးကတော့ ခုမီကို ဆိုတဲ့ ဂျပန်အမျိုးသမီးတစ်ယောက် ရတနာတွေကို လိုက်လံရှာဖွေတဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအေးအေးလေးမှာ စီးမြောပြီး စိတ်ကူးယဉ်တတ်တဲ့သူများ အကြိုက်တွေ့စေမယ့်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ခုမီကို ဟာ ရတနာရှာဖွေခြင်းကို စွဲလမ်းနေတဲ့သူတစ်ဉီးပါ။ သူကစိတ်ကူးယဉ်ဇာတ်ကားထဲက ရတနာမြေပုံကိုရရှိပြီး အဲဒီရတနာတွေကို ရှာဖွေချင်နေပါတယ်။ အမြဲတမ်း တမှိုင်မှိုင်တတွေတွေနဲ့ လက်တွေ့ဘ၀ကို ဘာတစ်ခုမှစိတ်မပါ၊ အလုပ်ကသူဌေးနဲ့လည်း အဆင်မပြေဖြစ်ပြီး ရတနာတွေရှာဖို့ပဲစိတ်အားထက်သန်နေတဲ့ ခုမီကို တစ်ယောက် တစ်နေ့ကျတော့ ရတနာတွေရှာဖို့မြေပုံထဲကအတိုင်း US ကပြည်နယ်တွေဘက်ကိုထွက်လာပါတော့တယ်။ အင်္ဂလိပ်စကားလည်း ကောင်းကောင်းမတတ်တဲ့အပြင် နဂိုကတည်းကမှ ထုံပေပေနဲ့ ခုမီကို တစ်ယောက် သူယုံကြည်ရာ ရတနာတွေကို တဇောက်ကန်းရှာဖွေပုံကို စိတ်၀င်စားဖွယ်ရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ သရုပ်ဆောင် Rinko Kikuchi ဟာလည်း Main character ဖြစ်တဲ့ ခုမိကို နေရာမှာ အပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့အပြင် တိတ်ဆိတ်သော၊ အစွဲအလမ်းကြီးသော၊ စိတ်အားငယ်သော၊ အထီးကျန်သော ကောင်မလေးဇာတ်ရုပ်ကို ပီပြင်စွာပဲ‌ပုံဖော်ထားပါတယ်။ File size…(1.3 GB)/(570 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thiha Kyaw

Thriller • Romance • Drama
6.6 2014
Kumiko, the Treasure Hunter
Son of Batman

Son of Batman (2014) IMDb: 6.7/10 Rotten Tomatoes: 64% Genre: Animation/Action/Adventure Son of Batmanဟာ ၂၀၁၄ ခုနှစ်ထွက် DC Animated Original Movies ရဲ့ အခု ၂၀ မြောက် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ထွက် “Batman and Son” comic ကိုအခြေခံထားတာဖြစ်ပါတယ်။ ဘတ်မန်းရဲ့ သားဖြစ်တဲ့ ဒေမီယမ်ဝိန်း ကိုမိတ်ဆက်တဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ အဖေနဲ့သားရဲ့ချစ်စဖွယ် ဇာတ်လမ်းလေးပေါ့ဗျာ ? ဇာတ်ညွှန်း League of Assassins ဦးဆောင်နေသူဟာ ရေရှယ်ဂူးလ် ဖြစ်တယ်ဆိုတာကို ဘတ်မန်းနဲ့ မစိမ်းသူတိုင်းသိပါတယ်။ ဘရုစ်ဝိန်းဆိုတဲ့ လူတစ်ယောက်မရောက်လာခင်အထိ ဆလိတ်ဝီဆင်လ်(Deathstroke) ဟာ ရေရှယ်ဂူးလ် ရဲ့ ညာလက်ရုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရုစ်ဝိန်းရောက်လာတဲ့အချိန်မှာတော့ ဆလိတ်ကို လက်လွှတ်လိုက်တာသိကြမှာပါ။ တစ်ရက်မှာတော့ ဆလိတ်ဝီဆင်လ်ဟာ ရေရှယ်ဂူးလ်တို့တည်ရှိနေတဲ့နေရာကိုလာရောက်တိုက်ခိုက်ခဲ့ပါတယ်။ သေမင်းကိုခဏခဏကလိမ်ကျပြီး အသက်ရှင်ခဲ့တဲ့ ရေရှယ်ဂူးလ် ဟာ ဒီတစ်ကြိမ်မှာတော့ အသက်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် မသေပဲလွတ်သွားတဲ့လူနှစ်ယောက်ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ကတော့ တာလီယာနဲ့ ဒေမီယမ်တို့နှစ်ယောက် ဖြစ်ပါတယ်။ တာလီယာကတော့ရေရှယ်ဂူးလ်ရဲ့သမီးဖြစ်ပြီး ဒေမီယမ်ကတော့ တာလီယာရဲ့သားဖြစ်ပါတယ်။ ဒေမီယမ်ရဲ့အဖေကတော့ ဘရုစ်ဝိန်းဖြစ်ပါတယ်။ League of Assassins ပျက်စီးသွားချိန်မှာတော့ တာလီယာဟာ ဒေမီယမ်ကို ဘရုစ်လက်ထဲထည့်ဖို့အကြောင်းဖန်လှပါတော့တယ်။ ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်၊ ငယ်ငယ်ထဲက လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ခံထားပေးရတဲ့ကောင်လေးတစ်ယောက်နဲ့ စည်းကမ်းတင်းကြပ်လှတဲ့ သခင်ကိုယ်တော်ဆရာဘတ်တို့နှစ်ယောက် ဘယ်လိုနှစ်ပါးသွားမှာလဲ။ League of Assassins ကိုဖြုတ်ချတာထက်ပိုတဲ့ ရည်ရွယ်ချက်တွေရှိနေတဲ့ Deathstroke ကိုသားအဖနှစ်ယောက်ပေါင်းပြီး ဘယ်လိုတိုက်မှာလဲ။ File size… 979 MB / 414 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by LuciferMaximoff

Horror • Mystery • Thriller
0 2014
Son of Batman
Tuesday

A24 က ဖြန့်ချိတဲ့ fantasy ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၅ နှစ်အရွယ် ဝှီးချဲလ်ပေါ်က ရောဂါသည်မလေး Tuesday ဟာ အမေဖြစ်သူနဲ့ ရှုပ်ထွေးတဲ့ မတင်မကျ ဆက်ဆံရေးရှိသူပါ တနေ့မှာတော့ Tuesday ရှိရာအခန်းကို လူအရွယ်ရှိတဲ့ ကြက်တူရွေးအကြီးကြီးတစ်ကောင် ရောက်လာပါတယ် တကယ်တော့ အဲဒီ လူစကားပြောတဲ့ ကြက်တူရွေးက Tuesday ကို အဆုံးသတ်ဖို့လာတဲ့ သေမင်းဆိုတာ သိလိုက်ရတဲ့နောက် အဆင်သင့်မဖြစ်သေးတဲ့ အမေဖြစ်သူကို နားချနိုင်ဖို့ Tuesday က သေမင်းကြက်တူရွေးကို ခေတ္တဆိုင်းငံ့ခိုင်းထားပါတယ် ဒီကနေ ဘာတွေဆက်ဖြစ်လာဦးမှာလဲဆိုတာ အချစ်၊ ဘဝနှင့် သေခြင်းတို့ကို မေးခွန်းထုတ်ထားတဲ့ ဒီရုပ်ရှင်လေးထဲမှာပဲ ပရိသတ်ကြီးကပဲ ဆက်လက်ခံစားပေးပါဦး File size…(1.2 GB)/(705 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre… Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Thriller
0 2024
Tuesday
Auron Mein Kahan Dum Tha
5.4

Auron Mein Kahani Dum Tha (2024) ဒီနေ့မှာတော့ action crime drama အမျိုးအစားနဲ့ ဘောလိဝုဒ်ပရိသတ်မဟုတ်တဲ့ လူတွေနဲ့တောင် မစိမ်းလောက်မယ့် မင်းသားကြီး Ajay Devgn ရဲ့ဇာတ်ကားအသစ်စက်စက်လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ခရစ်ရှ်နား (Ajay Devgn) ဟာ လူသတ်မှု၂ခုနဲ့ ထောင်ဒဏ် ၂၅ နှစ်ကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်ဖြစ်ပါတယ်။ လူနေတည်ကြည်ပြီး ကောင်းမွန်စွာပြုမူနေထိုင်တာကြောင့် အထက်က သူ့ကို ပြစ်မှုထောင်ဒဏ်တစ်ဝက်တိတိ လျှော့ချပြီး နောက်တစ်နေ့မှာတင် ထောင်ကလွတ်တော့မှာပါ။ ဒါပေမဲ့ သူကအဲဒီလို ပြစ်ဒဏ်လျှော့ပေါ့ပေးတာကို လက်မခံနိုင်ကြောင်း စာတင်လျှောက်ထားခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ အကျဉ်းသားတိုင်းလိုချင်တဲ့ ပြစ်ဒဏ်လျှော့ပေါ့မှုမျိုးကို ရုတ်သိမ်းပေးဖို့ တောင်းဆိုရတဲ့အကြောင်းအရင်းက ဘာများဖြစ်မလဲ။ ဘာကြောင့် ဒီလိုပြစ်မှုကို ကျူးလွန်ပြီး ဘာအတွက်ကြောင့်များ ထောင်ကထွက်ပြီး အပြင်လောကကို မရင်ဆိုင်ချင်လဲဆိုတာ ခရစ်ရှ်နားရဲ့ ဇာတ်ကြောင်းကို နောက်ကြောင်းအတူပြန်ရင်း ဇာတ်လမ်းလေးကို လိုက်ပါစီးမြောကြည့်လိုက်ရအောင်ပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ။)

5.4 2024
Auron Mein Kahan Dum Tha
Andrei Rublev
8

Andrei Rublev (1966) ~ IMDb – 8/10, Rotten Tomatoes – 96% ~ တာကော့စကီးရိုက်ခဲ့တဲ့ ဆိုဗီယက် သမိုင်း ဘိုင်အို ဒရာမာကားပါ။ Andrei Rublev လို့ခေါ်တဲ့ ၁၅ရာစု ရုရှပန်းချီဆရာတစ်ယောက်အကြောင်းကို မှီငြမ်းပြီး ရိုက်ပြထားတဲ့ ရုရှရုပ်ရှင်ပါ။ ဒီရုပ်ရှင်ဟာ Andrei Rublev ရဲ့ဘဝကိုတော့ မှီငြမ်းရုံ မှီငြမ်းထားပေမဲ့ အလယ်ရာစုရုရှကို လက်တွေ့ကျကျပုံဖော်ထားတယ်လို့ ဆိုတယ်။ အနုပညာသမားတစ်ယောက်နဲ့ သူရင်ဆိုင်ရတဲ့ခေတ်အကြောင်းပေါ့။ ဒီကာလရဲ့ထုံးစံအတိုင်း ဘာသာရေးပြဿနာတွေ တစ်ပုံတပင်နဲ့ ဖော်ကျူးထားတယ်။ ကာလကတော့ ရုရှတွေဆီကို တာတာတွေ လာတိုက်တဲ့ကာလပေါ့။ ဒီရုပ်ရှင်က တာကော့စကီးရဲ့ ကနဦးကားတွေထဲက ဖြစ်လို့ တာကော့စကီးအရမ်းမဆန်သေးပေမဲ့လည်း တာကော့စကီးတော့ ဆန်နေတုန်းပါပဲ။ ဆင်ဆာလွတ်တဲ့ Cut က ၃နာရီခွဲရှိပြီး ရုပ်ရှင်တောရန့်တွေကတော့ တစ်နာရီခွဲကျော်၂ခြမ်းအဖြစ်တင်ဆက်ထားကြတယ်။ ရှေးကားတွေလိုမျိုး ဇာတ်ဦးစကားတွေ နိဂုံးစကားတွေနဲ့ အခန်းခွဲတွေ ထည့်သွင်းထားတယ်။ ဇာတ်ဦးစကားနဲ့ နိဂုံးစကားကတော့ ဇာတ်လမ်းနဲ့ တိုက်ရိုက်မဆက်စပ်လှဘူး။ အဲဒီ၂ခုကြားမှာတော့ အခန်း၈ခန်းခွဲပြီး တင်ဆက်ထားတယ်။ တာကော့စကီးကားတွေရဲ့ ထုံးစံအတိုင်း အပျင်းပြေကြည့်ဖို့တော့ ခက်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 870MB Quality – BluRay 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 1H 37Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action
8 1966 183 mins
Andrei Rublev
Unstoppable
5.9

ကမ္ဘာမြေက လူသားတွေနဲ့ ဂြိုလ်သားတွေအတူယှဉ်တွဲနေထိုင်တဲ့ အခြေအနေကို အခြေခံရိုက်ကူးထားတဲ့ သဘောဝလွန်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီလိုမတူညီတဲ့ လူသားနဲ့ ဂြိုလ်သားတွေအတူနေထိုင်ရာကနေ… တည်ငြိမ်နေတဲ့ဘဝကို ဖျက်စီးဖို့ကြိုးစားချင်တဲ့ လူဆိုးတချို့လည်းရှိနေတယ်.. အဲ့တာကတော့ ထျန်းမာဂြိုလ်သားတွေပါပဲ… တစ်ဖက်မှာလဲ ထျန်းမာဂြိုလ်သားနဲ့ လူသားကြား ဖူးစာဆုံပြီး ဖြစ်ထွန်းလာတဲ့ ချင်ဟိုင်ထန်လေးကတော့… ဒီစစ်ပွဲကြားမှာ အမေ့ကို ဆုံးရှုံးခဲ့ရပြီး… အဖေကလည်း ကျူးကျော်တိုက်ပွဲ ရောက်လာတိုင်း ရှေ့တန်းထွက်ထွက်နေရပြန်တယ်… ဒီလိုနဲ့ပဲ ဟိုင်ထန်လေးက ဒီတိုက်ပွဲကြီးနဲ့ ကျင့်သားရနေပြီ.. ကိုယ်တိုင် ရှေ့တန်းမှာ ကြိုးစားချင်စိတ်ဖြစ်နေခဲ့တာပေါ့… ဟိုင်ထန်လေး ကိုယ်တိုင် ရှေ့တန်းဝင်ခွင့်ရပါ့မလား…. ထျန်းမာဂြိုလ်သားတွေလည်း သူတို့က ကမ္ဘာမြေကြီးကို အကြိမ်ကြိမ် ကျူးကျော်ပြီး တိုက်ခိုက်ဖို့ကြိုးစားနေခဲ့တာ… သူတို့အကြံတွေအောင်မြင်မှာလား… ကျရှုံးမှာလားကတော့ ဇာတ်လမ်းလေးကြည့်လိုက်ကြရအောင်နော်…

Action
5.9 2025
Unstoppable