YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

It's.Beautiful.Now.S01E14.720P[CM].mp4

600.63 MB N/A video/mp4 678 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wait With Me
5.8

ဒီကားလေးကတော့ သိပ်မကြာသေးခင်ကမှ Passionflix ကနေ အသစ်စက်စက်ထွက်ရှိထားတဲ့ စာရေးဆရာမ အေမီဒေါ်စ်ရဲ့ Young Adult Genre "Wait With Me" စာအုပ်စီးရီးထဲက ပထမဆုံးစာအုပ်ဖြစ်တဲ့ "Wait With Me"ကို စာအုပ်ဖုံးများရှင် မော်ဒယ်ပရိုဂျူဆာမင်းသား အန်ဒရူးဘီရာနက်၊ ဓာတ်ပုံဆရာဒါရိုက်တာမင်းသမီး မက်ဒီဆင်လော်လောတို့နှစ်ယောက်နဲ့အတူ အချိတ်အဆက်မိမိ ပုံဖော်ရိုက်ကူးထားတဲ့ လူငယ်အကြိုက် ခပ်ကြမ်းကြမ်း အချစ်ဇာတ်လမ်းကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာ မင်းသမီးကိတ်ထ်စမစ်သ်က ကားပြင်ဆရာဖြစ်တဲ့ မင်းသားမိုင်လ်ဟတ်ဆန်အလုပ်လုပ်တဲ့ တာယာဂိုထောင်မှာ သူမရဲ့ရောင်းအားအကောင်းဆုံးစာအုပ်ရဲ့ အဆက်စာအုပ်ကိုရေးဖို့ဈာန်‌ဝင်အောင်လို့ အဲဒီနေရာကို အကြောင်းအမျိုးမျိုးပြပြီး အဝင်အထွက်လုပ်နေလေ့ရှိပါတယ်။ အဲဒီကနေ တဖြည်းဖြည်း မိုင်လ်နဲ့အနေနီးသွားပြီး ရင်းနှီးမှုအတိုင်းအတာတစ်ခုကိုကျော်သွားတဲ့အခါမှာ ခံစားချက်တွေနက်ရှိုင်းလာကြပြီးနောက် ကိတ်ထ်ဖုံးကွယ်ထားတဲ့အကြောင်းတစ်ခုကို မိုင်လ်သိသွားတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ စာရေးဆရာမ အေမီက "Wait With Me"စာအုပ်ကို ရုပ်ရှင်ထဲကအတိုင်း တာယာဂိုထောင်မှာ ရေးခဲ့တာပါတဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 755MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 36Min Genre - Romance Subtitle - Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Comedy • Drama
5.8 2023 90 mins
Wait With Me
Detective Dee and The Burning Sky
4

ဒီတစ်ခါ CM ကနေမိတ်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ detective Dee ရှေးဟောင်းစုံထောက် movie လေးဖြစ်ပါတယ် အေဒီ ၆၉၆ခုနှစ် ဝူကျယ်ထျန်းအုပ်စိုးစဉ်ကာလမှာ လူရိုင်းတပ်သားတွေက ဝေ့ကျိုးမြို့ကိုတိုက်ခိုက်စဥ် အဲ့ဒီမြို့ဟာ စစ်ဘေးနှင့် ရောဂါကပ်ဘေးကိုကြုံတွေ့ရတယ်။ ဒီးရန်ကျယ်ဟာ မင်းအမိန့်ဖြင့် ဝေ့ကျိုးမြို့ကို အုပ်ချုပ်ရေးမှူးအဖြစ် ရောက်လာတုန်းအခိုက်မှာ လူသတ်သမားတိုက်ခိုက်ခံရတယ်။ ဝေ့ကျိုးမြို့ရဲ့အရင်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ တူကူစစ်ကျွမ်းဟာ အံ့ဩဖွယ် အဆိပ်သင့်ပြီးသေဆုံးနေပြီး ယင်းအမှုဟာ ဒီး‌ရန်ကျယ် ရောက်ရှိလာမှုနဲ့ ပတ်သက်နေမလား။ တပ်သား၅၀၀ သေဆုံးမှုနှင့် ငွေစ၅သိန်းပျောက်ဆုံးတဲ့ ထူးဆန်တဲ့ဖြစ်ရပ်ကို ဒီးရန်ကျယ်ကဘယ်လို ပြောင်မြောက်တဲ့နည်းလမ်းနဲ့ဖြေရှင်းမလဲ။ ဒီးရန်ကျယ်ဟာ ဤပဟေဠိဆန်တဲ့ဖြစ်ရပ်တွေကြား အမှန်တရားတွေဖော်ထုတ်နိုင်မလားဆိုတာ CMက‌နေ အားပေးစောင့်မျှော်ကြည့်ရှုကြပါရှင့် [ Reviewed By Mei Mei ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Mystery Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Adventure • Drama • Fantasy
4 2020 80 mins
Detective Dee and The Burning Sky
The Curious Case of Dolphin Bay
5.8

Mystery နဲ့ လူငယ်ကားလေးတွေကြည့်ရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် The Curious Case of Dolphin Bayဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အားလုံးလည်း သိပြီးကြတဲ့အတိုင်း ကမ္ဘာကြီးက တဖြည်းဖြည်းပူနွေးလာပြီး ပင်လယ်ပျော်သတ္တဝါတွေလည်း မျိုးတုံးလာကြပါတယ်။ ဒီလိုပင်လယ်သတ္တဝါတွေမျိုးတုံးလာမှုကို ဖြေရှင်းချင်ပြီး ပင်လယ်ချစ်တတ်တဲ့ Quinnဟာ ကျောင်းပိတ်ရက်မှာ သြစတေးလျမှာရှိတဲ့ အဏ္ဏဝါဇီဝဗေဒစင်တာ တစ်ခုမှာ အလုပ်သင်လုပ်ဖို့ လင်းပိုင်ပင်လယ်အော်ကို လာခဲ့ပါတယ်။ အလုပ်သင်ဆင်းတဲ့ လူငယ်လေးယောက်ထဲမှာမှ Teddyဆိုတဲ့ကောင်လေးက အဏ္ဏဝါဇီဝဗေဒကို စိတ်ဝင်စားလို့မဟုတ်ဘဲ ဒီပင်လယ်အော်မှာရှိနေတဲ့ ရတနာသိုက်ရှာဖို့ လာခဲ့တာပါ။ စိတ်ကူးယဥ်ဆန်ဆန် Mysteryတွေကို ဖြေရှင်းချင်တဲ့ Teddyနဲ့ လက်တွေ့ကိုပဲ ယုံကြည်တဲ့ သိပ္ပံသမား Quinnတို့ ဘယ်လိုတွေ သူငယ်ချင်းဖြစ်သွားကြမလဲ။ ပြီးတော့ ဒီပင်လယ်အော်မှာပဲ ခြောက်လှန့်နေတဲ့ ရတနာသိုက်ရှာတစ္ဆေတစ်ကောင်လည်း ရှိနေပါသေးတယ်။ အဲဒီကိစ္စကိုရော Quinnတို့ ဘယ်လိုအဖြေရှာကြမလဲ..... ဒီကားကိုကြည့်ရတာတန်စေတဲ့ အကြောင်းအရင်းတွေကတော့ ပင်လယ်ကမ်းခြေရှုခင်းတွေ သန္တာကျောက်တန်းဇီဝမျိုးကွဲတွေကို တွေ့ရတာအပြင် အဆင်ချောချောလေးကို ငမ်းရတာလည်းပါပါသေးတယ် File size…(1.88GB) / (969MB) / (490MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:23:00 Genre...Adventure / Family / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jane

Drama • Horror • Romance
5.8 2022 83 mins
The Curious Case of Dolphin Bay
Ah, Wilderness: Part 1
6.8

လက်ဝှေ့သမားဖြစ်တဲ့ ယူးဂျီကို သတ်ပစ်ချင်လောက်အောင် လက်စားချေချင်စိတ် ပြင်းပြနေတဲ့ ရှင်းဂျိက ‌ ဘယ်လိုအနိုင်ယူရမလဲစဉ်းစားရင်း ပိုက်ဆံလည်း မရှိ အိမ်လည်းမရှိ လေလွင့်နေတဲ့အဆုံး အရှုံးပေါ်လုနီးနီး လက်ဝှေ့သင်တန်းကျောင်းကို ဝင်လိုက်ပါတော့တယ်.... ငယ်ငယ်ကတည်းက အမေဖြစ်သူကလည်း ထားသွား အဖေလည်းသတ်သေသွားတာကြောင့် တစ်ကောင်ကြွက်ဖြစ်ခဲ့ရသူရှင်းဂျိဟာ အစ်ကိုကြီးခန်းဂျိနဲ့ ဆရာဖြစ်သူကို မိသားစုလို သံယောဇဉ်ရှိလာခဲ့ပါတယ် ခန်းဂျိကတော့ အထစ်အထစ်ဖြစ်နေပြီး အရမ်းရှက်တတ်တဲ့ ဆံသဆရာပါ စကားမထစ် လူရာဝင်ချင်လွန်းတဲ့သူဟာ အရည်အချင်းလည်း ရှိတာကြောင့် လက်ဝှေ့လောကထဲ ခြေချခဲ့ပါတယ်... အဲ့ဒီနောက်မှာတော့ ....လက်ဝှေ့ကြိုးဝိုင်းထဲ ဘယ်သူတွေအောင်မြင်ကြမလဲဆိုတာကိုတော့.. ဇာတ်လမ်းလည်းကောင်းသလို အိပ်ရာခန်းတွေလည်းပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး... မင်းသားက ကျွန်တော်တို့ Kamen Rider W တို့ Drowning Love တို့ထဲကမင်းသားမလို့ မစိမ်းလောက်ဘူးထင်ပါတယ် ကြည့်ရှုခံစားလိုက်ပါဦးဗျာ File Size :(1.5GB) and (628 MB) Quality : Blu-Ray 720p Format…mp4 Duration…02:37:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Chevy Encoded by DS

Drama • TV Movie • Thriller
6.8 2017 157 mins
Ah, Wilderness: Part 1
27 Dresses
6.1

27 Dresses (2008) ~ IMDb rating – 6.1/10 ~ မိန်းကလေးတွေ သူတို့ ဆွေမျိုးသူငယ်ချင်းတွေအတွက် သတို့သမီးအရံလုပ်ပေးတယ်ဆိုတာ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီဇာတ်လမ်းထဲက ဂျိန်းကတော့ သတို့သမီးအရံအဖြစ် 27 ကြိမ်တောင် လုပ်ပေးခဲ့ပါတယ်။ ဂျိန်းငယ်ငယ်က အမ၀မ်းကွဲရဲ့မင်္ဂလာပွဲမှာ သတို့သမီးကို အကူအညီပေးလိုက်နိုင်တာကစပြီး မင်္ဂလာပွဲတွေကို သဘောကျခဲ့တာပါ။ ဂျိန်းအသက်ကြီးလာတော့ သူ့သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲတွေမှာ အစအဆုံးမညည်းမညူပဲ အကူအညီတောင်းသမျှ အကုန် လုပ်ပေးခဲ့ပါတယ်။ ဥပမာ တစ်ရက်တည်းမှာ နှစ်ပွဲတစ်ပြိုင်နက်တက်ပြီး အရံလုပ်ပေးရတာမျိုးပေါ့။ ဂျိန်းက သူ၀တ်ခဲ့ရတဲ့ အရံ၀တ်စုံတွေအားလုံးကိုလည်း ဗီရိုကြီးတစ်လုံးနဲ့အပြည့် သိမ်းဆည်းထားပြီး သူ့ရဲ့ ကိုယ်ပိုင်လက်ထပ်ပွဲရောက်လာမယ့်နေ့ကို စောင့်ဆိုင်းနေသူပါ။ ဂျာနယ်ထဲက သူ့အကြိုက်ဆုံးစာရေးဆရာရေးတဲ့ မင်္ဂလာပွဲအကြောင်း ဆောင်းပါးတွေကိုလည်း သိမ်းထားခဲ့ပါတယ်။ အချစ်ရေးမှာတော့ အလုပ်က ဘော့စ် ဂျော့ကို တိတ်တခိုးချစ်နေခဲ့ပြီး ဘာမဆိုအကုန်လုပ်ပေးခဲ့ပါတယ်။ ဂျိန်းမှာ ညီမတစ်ယောက်နဲ့ ဖခင်ပဲရှိပြီး ညီမဖြစ်သူ တက်စ်ကို အရမ်းအလိုလိုက်အကြိုက်ဆောင်ပေးခဲ့ပါတယ်။ မထင်မှတ်ဘဲ အလုပ်ပါတီကို တက်စ်ကို ‌လာခိုင်းရာကနေ တက်စ်နဲ့ ဂျော့တို့အကြည်ဆိုက်ပြီးလက်ထပ်ဖို့အထိဖြစ်လာတဲ့အခါ ဂျိန်းက အစစအရာရာ အကုန်စီစဉ်ပေးရပါတော့တယ်။ တက်စ်ကို သူတို့မင်္ဂလာပွဲအတွက် ကော်လံရေးပေးဖို့ စာရေးဆရာ မယ်လ်ကွိုင်းက ဆက်သွယ်လာတဲ့အခါ… စာရေးဆရာက ဂျိန်းအကြိုက်ဆုံးဆောင်းပါးတွေရေးတဲ့သူဖြစ်ပြီး လက်တွေ့ဘ၀မှာ မင်္ဂလာပွဲတွေကို မုန်းတဲ့သူ ဖြစ်နေတဲ့အခါ… မယ်ကွိုင်းလ်ရေးတဲ့ တက်စ်တို့အကြောင်းဆောင်းပါးက မျှော်လင့်ထားသလို အဆင်ပြေပါ့မလား… တက်စ်တို့စုံတွဲရော မင်္ဂလာပွဲ ကျင်းပဖြစ်လား… ဂျိန်းရဲ့တိတ်တခိုးအချစ်ကိုရော ဂျော့က သိသွားခဲ့လား… မယ်လ်ကွိုင်းကပါ ဂျိန်းကို ချစ်နေတဲ့အခါ ဘယ်လို ဇာတ်သိမ်းမလဲဆိုတာကို ဆက်လက်အားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size -1.9GB, 810MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 51Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.1 2008
27 Dresses
Syriana
6.9

ဒီဇာတ်ကားကတော့ အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အာရေးဗျနိုင်ငံနှင့် အီရတ်နိုင်ငံတို့ရဲ့ သဘာဝသယံဇာတဖြစ်တဲ့ ရေနံထွက်ရှိတဲ့နယ်မြေတွေကို လက်ဝါးကြီးအုပ် ပိုင်ဆိုင်ချုပ်ကိုင်နိုင်ဖို့အတွက် နိုင်ငံချင်းအားပြိုင်ရုံတင်မကဘဲ နောက်ကွယ်မှာ အမေရိကန်တို့လို အင်အားကြီးနိုင်ငံတွေပါ ကြိုးကိုင်ခြယ်လှယ်နေတယ်ဆိုတာကိုပါ ရိုက်ပြထားတာပါ ဒီဇာတ်လမ်းမှာ ပါဝင်တဲ့ဇာတ်ကောင်တွေဖြစ်တဲ့ အာရပ်တော်ဝင်စော်ဘွားတွေ၊ ရေနံတူးဖော်ရေးကုမ္ပဏီနှစ်ခု ပေါင်းစည်းနိုင်ဖို့ကြိုးပမ်းနေတဲ့ ရှေ့နေဖြစ်သူ ဘင်းနက်ဟောလီးဒေး၊ ဆွစ်ဇာလန်အခြေစိုက်စွမ်းအင်ကုမ္မဏီရဲ့ လေ့လာဆန်းစစ်ရေးပညာရှင် ဘရိုင်ယန်ဝုဒ်မန်းတို့ဟာ နောက်ကွယ်မှာပါဝင်ကြိုးကိုင်နေတဲ့ စီအိုင်အေ၊ အကျိုးအမြတ်ပဲကြည့်တဲ့ ရေနံကုမ္မဏီကြီးတွေအစရှိတဲ့ အင်းအားကြီးအစုအဖွဲ့ကြားမှာ ဘယ်လိုမြေစာပင်ဖြစ်သွားကြလဲ ဘယ်လိုနယ်ရုပ်ကလေးတွေလိုရွှေ့ခံရလဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့လွှမ်းမိုးချုပ်ကိုင်မှုက ဘယ်လောက် အင်အားကြီးလဲ၊ မဖွံ့ဖြိုးသေးတဲ့နိုင်ငံရဲ့သယံဇာတတွေကို ဘယ်လောက်နှိုက်ထုတ်ရလွယ်လဲဆိုတာကို ဗဟုသုတရဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပြီး သမိုင်းကြောင်း၊ နိုင်ငံရေးရာစိတ်ဝင်စားတဲ့သူတွေဆို အကြိုက်တွေ့မှာအသေအချာပါပဲ။ IMDb Rating 6.9/10 ရရှိထားပြီး Tomatoes Metre မှာ Rating 73% ရရှိထားတဲ့ အတွက် တော်တော်လေးကြည့်ပျော်မဲ့ကားလေးလို့ဆိုရပါမယ်။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:08:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6.9 2005 128 mins
Syriana
Waitress: The Musical
8.1

Waitress: The Musical (2023) ====================== IMDb Rating – 8.1/10 ဒီတစ်ခေါက်မှာတော့ Imdb 8.1 ရထားပြီး အတော်လေးကြည့်ကောင်းတဲ့ musical ပြဇာတ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Waitress (2007) ကို ပြန်လည်ဖန်တီးရိုက်ကူးထားပြီး ဒီပြဇာတ်ထဲက သရုပ်ဆောင်တွေရဲ့ Vocal လည်း အတော်ကောင်းကြပါတယ်။ ပြဇာတ်တစ်လျှောက်လုံး ဟာကွက်မရှိ အောင်ကို အတော်လေးသေသေသပ်သပ် ကပြဖျော်ဖြေသွားတာကတော့ တကယ့်ကိုချီးကျူးစရာပါ။ ပြဇာတ်အကျဥ်းကတော့ မြို့ငယ်လေးမှာ မကောင်းတဲ့အိမ်ထောင်သည်ယောကျ်ားနဲ့ ရုန်းကန်နေရတဲ့ စားပွဲထိုးမလေး Jenna မှာ ကိုယ်ဝန်ရလာခဲ့တယ်။ Jenna က ပိုင်မုန့်တွေဖုတ်တာ အရမ်းတော်ပြီး တစ်နေ့မှာ ကိုယ်ပိုင်ဆိုင်ခန်းဖွင့်ဖို့ အိပ်မက် မက်နေတဲ့သူပဲဖြစ်ပါတယ်။ အဲဒီအချိန် Jenna သူ့ကိုယ်ဝန်အတွက်ဆေးခန်းပြရင်း သူတို့မြို့ဆီမကြာသေးခင်ကပြောင်းလာတဲ့ ဆရာဝန် Pomatter နဲ့ တွေ့ဆုံလာခဲ့ တယ်။ နောက်ပိုင်းမှာတော့ Jenna ရဲ့ အဆင်မပြေတဲ့အိမ်ထောင်ရေး၊ ဆရာဝန် အသစ်လေးနဲ့ ပေါ်ပေါက်လာတဲ့ခံစားချက်တွေအပြင် Jenna သူ့ရဲ့အိပ်မက်နောက် ကိုလိုက်ဖို့ ဘယ်လိုခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရမလဲဆိုတာကို လူ့သဘာဝဖြစ်စဥ် တွေနဲ့ ရသစုံလင်စွာ ဆက်လက်ကြည့်ရှူနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(2.48 GB) / (1.04 GB) Quality…………WEB-DL 1080p / 720p Duration………2Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Musical Translator…….Thwal Htoo Zin Encoder……….SWM

Action • Adventure • Drama • History
8.1 2023 144 mins
Waitress: The Musical
Branching Out
7.4

Branching Out (2024) ================= Branching out ရုပ်ရှင်ကားလေးဟာဆိုရင် IMDb 7.4 ရရှိထားတဲ့ family type အမျိုးအစားလေးပဲဖြစ်ပါတယ်။ ဆင်ဂယ်အမေတစ်ယောက်ဖြစ်တဲ့ အမ်မလီရာဟာ သမီး လေးကို ဘယ်လိုပျိုးထောင်မယ် သမီး‌လေးရဲ့ ကျောင်းပ ရောဂျက်အတွက် ဖခင်အရင်းကို ဘယ်လိုရှာပုံတော်ဖွင့်မ လဲဆိုတာကို ကြည့်ရမှာပါ။ ဒီဇာတ်ကားလေးမှာ အချစ်၊ ယုံကြည်မှုနဲ့ မိသားစုရဲ့ တကယ့် အဓိပ္ပာယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကြည်နူးစရာကောင်း ပြီးတော့ မိသားစုနဲ့အတူကြည့်ဖို့သင့်တော်တဲ့ ဇာတ်ကားကောင်း လေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ချစ်သူတို့ လက်မ လွှတ်ပဲ ကြည့်သင့်တဲ့ ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ရ ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KK ဖြစ်ပါတယ်) File Size……….(1.62 GB) / (897 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family, Romance Translator…….KK Encoder……….SWM

7.4 2024 84 mins
Branching Out
Dust to Glory
7.3

Dust to Glory (2005) Genre – Documentary, Action, Adventure IMDB – 7.3/10 မက်ဆီကိုနိုင်ငံ ဘာဟာဆိုတဲ့နေရာမှာ နှစ်စဉ်ကျင်းပနေကြ မိုင်ပေါင်းတစ်ထောင်မောင်းရတဲ့ Off-road ပြိုင်ပွဲကြီးအကြောင်းကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးထားတာဖြစ်ပါတယ်။ ကားမောင်းဝါသနာ ပါသူတွေ ဆိုင်ကယ်မောင်း ဝါသနာပါသူတွေ ဘယ်သူမဆို ဘယ်လိုယာဉ်နဲ့မဆို ယှဉ်ပြိုင်ခွင့်ရှိပြီး လူတွေအများကြီးနဲ့ ပျော်ပျော်ပါးပါးကြီး စွန့်စားခန်းထွက်ကြတာပဲ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ကြတဲ့လူတွေနဲ့ အဖွဲ့တွေအကြောင်းပါမယ် လမ်းမှာရပ်နားစခန်းတွေ လုပ်ရတဲ့အကြောင်းပါမယ် Off-road ပြိုင်ရတာဖြစ်လို့ လမ်းပန်းအခက်အခဲ စက်ပစ္စည်းအခက်အခဲတွေ ထိခိုက်ဒဏ်ရာ ကြုံရတာတွေပါမယ်။ တရားဝင်ပြိုင်ပွဲဆိုပေမဲ့ နိုင်ငံက လမ်းပန်းဆက်သွယ်ရေးကို မပိတ်ပင်ထားလို့ သာမန်အရပ်သားတွေနဲ့ရော ရဲတွေနဲ့ရော ပြဿနာဖြစ် ပြိုင်ရတာမျိုး။ ဆိုင်ကယ်ကစပြီး ၃ ဘီး ၄ ဘီးပေါင်းစုံနဲ့ ထရပ်ကားတွေအစ ဗောက်စ်ဝပ်ဂွန်အဆုံး ပါဝင်ပြီး အသက်အရွယ်ဆိုလည်း အိုအိုပျိုပျို ရှိတဲ့အပြင် အမျိုးသမီးအသင်းတွေပါ ပါဝင်တာကိုတွေ့ရမှာပါ။ File size… 2.3 GB / 789 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Documentary/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Thura Aung

Comedy • Action • Drama
7.3 2005
Dust to Glory
Bridgend
5.5

၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တုန်းကဘရစ်ဂျန့်ဆိုတဲ့ မြို့တစ်မြို့မှာ လူငယ်အနည်းဆုံး ၂၆ ခန့်ကကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ကြတဲ့ဖြစ်ရပ်မှန်တစ်ခုရှိပါတယ်။ ပိုထူးဆန်းတာကတော့ အဲ့လိုသေကြောင်းကြံတဲ့ လူငယ်တွေအားလုံးထဲမှာတစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံးဆွဲကြိုးချသေခဲ့ကြတာပါပဲ။ ရဲတင်ပြချက်တွေအရတော့ သေကြောင်းကြံတဲ့ ဂိုဏ်းတစ်ခုကို အပြစ်တင်ရမယ်ဆိုပေမဲ့ တကယ်တမ်း အမှုတွေနဲ့ ဆက်စပ်နေတဲ့သက်သေတွေကိုတော့ မတွေ့ခဲ့ ကြပါဘူး။အခုတင်ဆက်ပေးမဲ့ Bridgend ဆိုတဲ့ ဇာတ်ကားကအဲ့ဒီအဖြစ်အပျက်ကိုပဲအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating 5.4 နဲ့ နိုင်ငံတကာကပေးအပ်ထားတဲ့ရုပ်ရှင်ဆုများစွာလည်း ရရှိခဲ့ပြီး အဲ့ဒီဖြစ်ရပ်မှန်ကိုသည်းထိပ်ရင်ဖိုပုံစံလေး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဆာရာဆိုတဲ့ ကောင်မလေးက အဖေဖြစ်သူနဲ့ အတူတူဘရစ်ဂျန့်မြို့ကို ပြောင်းရွှေ့လာခဲ့ပြီး အဲ့ဒီမြို့က ကျောင်းမှာပဲ သွားတက်ရောက်ခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာဆာရာက ဂျိန်းမီဆိုတဲ့ကောင်လေးနဲ့ သူ့အဖွဲ့တွေနဲ့ အဖွဲ့ကျသွားခဲ့ကြပြီး။ရေကန်ထဲ ကိုယ်တုံးလုံး ရေဆင်းချိုးတာတွေအပြင် တခြားသောလူငယ်ဘ၀ ပေါက်ကရတွေများစွာလည်း အတူတူလုပ်ခဲ့ကြပြီး ပျော်ရွှင်နေခဲ့ကြပါတယ်။အဲ့လိုပျော်ရွှင်နေတာတွေက တစ်နေ့မှာတော့ အားလုံးအတွက် ပျောက်ကွယ်သွားတော့ ပါတယ်။ဘာလို့လဲဆိုတော့ သူတို့အဖွဲ့ထဲက ကောင်လေး တစ်ယောက်က ဆွဲကြိုးချပြီးသေသွားတဲ့ သတင်းကို ကြားလိုက်ရလို့ပါပဲ။ဒါပေမယ့်လည်း လူငယ်ပီပီပဲ ခဏကြာတော့ မေ့ပျောက်သွားခဲ့ပြီး အရင်လိုပဲပြန်ကဲ နေခဲ့ပါတယ်။ကဲလို့မကြာသေး သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်ဆွဲကြိုးချပြီးသေကြောင်းကြံ နေကြတဲ့အခါမှာတော့ ဆာရာတို့လည်း ကြောက်လန့်လာပြီး အဲ့လိုဖြစ်ရပ်ဆိုးတွေကြားမှာ ရှင်သန်အောင်ဘယ်လို ကြိုးစားကြမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 635MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2015 104 mins
Bridgend
Man in Love
7

Man in Love (2014) ယောကျ်ားတန်မယ့် မျက်ရည်နဲ့မျက်ခွက်ဆိုတာ ဒီလိုကားပါပဲ… အချစ်ကြောင့် ယောကျ်ားရင့်မာကြီးတွေ ဘယ်လိုကြွေကျကြလဲ သက်သေခံမဲ့ရုပ်ရှင်ပါ…။ မင်းသားကြီးကတော့ တောင်ကိုရီးယားရဲ့ အနုပညာကြေးမြင့်မားပြီး ရုပ်ဆိုးဆိုးလို့ခပ်လွယ်လွယ်ရှုမြင်ကြတဲ့ Hwang Jung-min မင်းသမီးကတော့ ဂျူမုန်ထဲက Han Hye-jin… ဇာတ်လမ်းကတော့… ဟွမ်ဂျွန်မင်းဆိုတာ သူဌေးရဲ့အကြွေးတွေကို လိုက်တောင်းပေးနေတဲ့ လူမိုက်တစ်ယောက်။ တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း အဖေ့အတွက် အကြွေးဆပ်ဖို့ကျန်ရှိနေတဲ့ ဂျိုဟေးဂျောင်ကိုမြင်မြင်ချင်း တဖက်သတ်ချစ်မိသွားခဲ့တယ်။ ဒါကြောင့် ဂျိုဟေးဂျောင်ရဲ့ အကြွေးစာချုပ်ကို သူဌေးဆီကနေ ဘောနပ်အဖြစ်တောင်းပြီး ဂျိုဟေးဂျောင်နဲ့အပေးအယူလုပ်လိုက်ပါတော့တယ်။ အဲ့ဒီအပေးအယူကဘာလဲ… လူကြမ်းကြီးနဲ့ မင်းသမီးတို့ဇာတ်လမ်းကဘယ်လိုဆက်သွားမယ်ဆိုတာ…. ဟာသကားလို့ထင်ပြီး ကြည့်လိုက်မိပြီး ငိုမိသွားသူတွေ ဒုနဲ့ဒေးပါပဲ။

7 2014
Man in Love
Before the Fall

နာပိုလာ (NaPoIA) ဆိုတာကတော့ ဟစ်တလာရဲ့ နာဇီဂျာမနီလက်ထက်မှာ အနာဂတ် ဂျာမနီအင်ပါယာအတွက် ခေါင်းဆောင်‌တွေ မွေးထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တဲ့ ပညာရေးစစ်စခန်းကျောင်း တွေဖြစ်ပါတယ်။ ဒီဂျာမာန်ရုပ်ရှင်မှာတော့ 1942ခုနှစ် နွေရာသီ အော့ရှတင်မြို့က နာပိုလာကျောင်းကိုဝင်ခွင့်ရခဲ့တဲ့ ဖရက်ဒရစ်အကြောင်းကို အဓိကထားရိုက်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖရက်ဒရစ်က သာမာန်မိသားစုက မွေးဖွားလာသူဖြစ်ပြီး ဘောက်ဆင်ထိုးဝါသနာပါတဲ့အတွက် ကျောင်းပြီးပြီးချင်းမှာ အလုပ်လုပ်ရင်း ဝါသနာပါတဲ့ ဘောက်ဆင်ကိုလေ့ကျင့်နေခဲ့ပါတယ်။ တနေ့မှာတော့ နာဇီလက်ရွေးစင်ကျောင်းကသင်တန်းသားတွေနဲ့ ဘောက်ဆင်ထိုးရင်း နာပိုလာကျောင်းက ဆရာ ‌ဗိုဂလာက သူ့လက်ရည်ကိုသဘောကျသွားတာကြောင့် ကျောင်းဝင်ခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။ ဖရက်ဒရစ်ရဲ့ အဖေက‌တော့ ဒီကျောင်းမတက်ခိုင်းပဲ စက်ရုံမှာအလုပ်ဆင်းဖို့ ဖိအားပေးခဲ့ပေမဲ့ ဖရက်ဒရစ်တယောက် အိမ်ကနေ ခိုးထွက်လာပြီး နာပိုလာကျောင်းဆီ အရောက်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ နာပိုလာကျောင်းက ဖရက်ဒရစ်ထင်သလို သူ့အနာဂတ်ကိုပြောင်းလဲပေးနိုင်မှာလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2004
Before the Fall
The Face of Another
7.9

The Face of Another (1966) ~ IMDb – 7.9/10, Rotten Tomatoes – 86% ~ Woman in the Dunes ရဲ့ စာရေးဆရာဖြစ်တဲ့ Kōbō Abe ရဲ့ ဝတ္တုကိုပဲ Hiroshi Teshigahara က ရိုက်ထားတာ Pitfall, Woman in the Dunes, The Face of Another, The Man Without a Map စသဖြင့် စုစုပေါင်း လေးကားရှိခဲ့တယ်။ ဒီကားတွေကြည့်ဖူးတဲ့လူတွေတော့ သိကြမှာပါ၊ ခိုဘိုအဘဲဟာ ဂျပန်ရဲ့ဖရန့်ကာဖ်ကာလို့ အနှိုင်းခံရတဲ့ စာရေးဆရာမို့ သူ့စာတွေကို ရိုက်ထားတဲ့ ဒီရုပ်ရှင်တွေက Metaphor တွေချည်း လှိမ့်သုံးထားတဲ့ နားလည်ရမခက်ပေမဲ့ မလွယ်တဲ့ကားတွေလို့ ပြောလို့ရတယ်။ ဒါကို ဂျပန်နယူးဝေ့ ဒါရိုက်တာဖြစ်ခဲ့တဲ့ ဟိရိုရှိကလည်း ဒီဇာတ်လမ်းတွေကို အောင်မြင်အောင်ရိုက်နိုင်ခဲ့ပါတယ်။ ပထမ၃ကားလုံးက သူ့အအောင်မြင်ဆုံးရုပ်ရှင်တွေထဲပါခဲ့ပြီး နောက်ဆုံးတစ်ကားပဲ နည်းနည်းချာသွားခဲ့တယ်။ ဂျပန်နယူးဝေ့ဟာ ၁၉၅၆လောက်ကစခဲ့ပေမဲ့ ၁၉၆၀မတိုင်ခင်အထိ နယူးဝေ့ကားနည်းခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ Nagisa Ōshima ကစလို့ Seijun Suzuki တို့အဆုံး နယူးဝေ့ဒါရိုက်တာတွေ ဆက်တိုက်ဆိုသလိုရိုက်ခဲ့ကြတယ်။ ကျွန်တော်သတိထားမိသလောက်တော့ ဒီနယူးဝေ့ကားတွေမှာ အိုဇုတို့ ကူရိုဆာဝါတို့လိုမဟုတ်ဘဲ လိင်မှုခန်းတွေ လူ့စိတ်ရဲ့အမှောင်ဘက်ခြမ်းတွေကိုသာ ရဲရဲဝံ့ဝံ့ကို မြင်သာထင်သာ တင်ဆက်လာကြတယ်။ ဒီနယူးဝေ့ဟာ ဒါရိုက်တာက သူ့ရုပ်ရှင်ကို သူကိုယ်တိုင်လွတ်လပ်စွာ တင်ဆက်နိုင်ခွင့်ရှိတယ်ဆိုတဲ့ သီအိုရီကို ဂျပန်မှာ စမိတ်ဆက်ခဲ့တဲ့ ကာလဖြစ်ခဲ့တော့ ဒါရိုက်တာတွေ တော်တော်တော့ခက်ခဲခဲ့မှာပေမဲ့ Ōshima တို့၊ Suzuki တို့၊ Yoshishige တို့ဆို တော်တော်ရဲရဲတင်းတင်းကို ပြခဲ့ကြတယ်။ တချို့ဆို သူတို့ကားတွေကို အပြာကားလို့တောင် ထင်ခဲ့ကြတယ်။ Hiroshi Teshigahara ကတော့ ကြားကျကျပဲနေသွားခဲ့ပုံပါပဲ။ ပြတော့ပြပေမဲ့ ဟိုဘဲတွေလောက်တော့ မဟုတ်ဘဲ လိုအပ်တယ်လို့ သေချာတဲ့နားလောက်ပဲ ထည့်ခဲ့တယ်။ Hiroshi Teshigahara ရဲ့ The Face of Another ဟာ Woman in the Dunes လောက်တော့ မကောင်းဘူးလို့ ဆိုကြပေမဲ့ Tatsuya Nakadai ရဲ့ သရုပ်ဆောင်ချက်ကိုပါ ထည့်တွက်ရင် ကျွန်တော်တော့ Woman in the Dunes ထက်တော့ မညံ့ဘူးလို့မြင်တယ်။ ဇာတ်လမ်းကတော့ စက်ရုံပေါက်ကွဲမှုကြောင့် မျက်နှာစုတ်ပြတ်သတ်သွားတဲ့ အင်ဂျင်နီယာတစ်ယောက်ကနေ စတယ်။ သူ့မျက်နှာက ရစရာမရှိအောင် စုတ်ပြတ်သတ်သွားပြီးတဲ့နောက် သူ့မိန်းမကတောင် သူ့ကိုအလိုမပါတော့ဘဲ လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာ သူ့အတွက် တော်တော်ခက်ခဲနေခဲ့တယ်။ ဒီတော့ သူက သူ့စိတ်ကို သူအဖက်ဆည်ဖို့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ ပြတယ်။ ဒီဆရာဝန်က စိတ်ရောဂါကုဆရာဝန်ပေမဲ့ စစ်အတွင်းက လက်ပြတ်သွားတဲ့လူတွေကို လက်ချောင်းအသစ်တွေ လုပ်ပေးတာတို့ ဘာတို့လုပ်နေတဲ့ ဆရာဝန်။ သူက မျက်နှာမရှိတော့တဲ့လူကို မျက်နှာဖုံးတစ်ခုလုပ်ပေးခဲ့တယ်။ လူ့မျက်နှာလို တစ်ပုံစံတည်းဖြစ်နေတဲ့ မျက်နှာဖုံးပေါ့။ သူ့သီဝရီအရတော့ သူက မျက်နှာမရှိတဲ့လူဟာ လူတောတိုးဖို့ မျက်နှာလိုချင်တာလို့ပြောပေမဲ့ မျက်နှာဖုံးက သူ့စိတ်နဲ့ ခန္ဓာကိုပြန်ကြီးစိုးသွားမယ်လို့ ယူဆတယ်။ ဒီနောက်မှာတော့ မျက်နှာဖုံးကမျက်နှာလား၊ မျက်နှာက မျက်နှာဖုံးလား၊ မျက်နှာက မျက်နှာလား၊ မျက်နှာဖုံးက မျက်နှာဖုံးလား ဆိုတဲ့ အဖြေကို ကိုယ်တိုင်ရှာယူရမယ့် အခြေအနေကို ဆွဲခေါ်သွားတယ်။ ဒီရုပ်ရှင်မှာ ဒီဇာတ်နဲ့အပြိုင် သူ့အစ်ကိုနဲ့ပြန်အိပ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းလည်းပါခဲ့ပါတယ်။ မူရင်းဝတ္တုမှာတော့ ဒီဇာတ်လမ်းဟာ အဓိကဇာတ်ကောင်က ရုပ်ရှင်ရုံမှာ ကြည့်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပြီး ဒီဇာတ်လမ်းအကြောင်းလည်း သူပြန်ပြောပြခဲ့တယ်။ အဓိကဇာတ်ကောင်က ဒီဇာတ်လမ်းကိုသိနေတယ်ဆိုတဲ့ အချက်ဟာ ဇာတ်ကောင်ကို အကဲဖြတ်ဖို့ ကျွန်တော်တို့အတွက်လိုတဲ့တစ်ချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 600MB Quality – WEBRip 720p, 480p IMDb Rating – 7.9/10 Format – mp4 Duration – 2H 4Min Genre – Drama, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Mystery • Thriller
7.9 1966 122 mins
The Face of Another