YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Itaewon Class (2020) E10 WEB-DL 1080p [CM].mp4

994.21 MB 1080p video/mp4 208 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Oh My Dog
5.7

ခွေးချစ်သူပရိတ်သတ်ကြီးအတွက် IMDb 8.8အထိတောင်ရရှိထားပြီး Amazon Prime က ထုတ်လွှင့်ထားတဲ့ ခွေးလိမ္မာကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ နှစ်စဉ်အတော်ဆုံးခွေးတွေမွေးထုတ်ပေးတဲ့ခွေးသင်တန်းကျောင်းတစ်ခုရှိပါတယ် ပြိုင်ပွဲတိုင်းမှာလည်းပထမဆုချည်းဆွတ်ခူးခဲ့တာမို့ ခွေးကောင်း‌မျိုးသန့်တွေပဲမွေးထားတာပေါ့ တစ်နေ့ Husky ခွေးမလေးတစ်ကောင်ကသားပေါက်ခဲ့ရာမှာ မျက်စိမမြင်တဲ့ခွေးလေးတစ်ကောင်ပါလာခဲ့ပါတယ် အတော်ဆုံးသင်တန်းကျောင်းပီပီ အသုံးမဝင်တဲ့ခွေးတွေကိုသတ်ပစ်ဆိုပြီး အထက်ကအမိန့်ပေးလေတော့ မတတ်သာတဲ့အဆုံးတောထဲခေါ်သွားပြီးသတ်ဖို့လုပ်ခဲ့ရာမှာ သေကံမရောက်သက်မပျောက်ဘဲ ခွေးလေးကလွတ်မြောက်ခဲ့ပါတယ် ရေစက်သာပါလာခဲ့ရင်နတ်ပြည်ကအပ်တစ်စင်းနဲ့လူ့ပြည်ကအပ်တစ်စင်းထိပ်တိုက်တွေ့သကဲ့သို့ ဒီခွေးလေးဟာလည်း အာဂျွန်ဆိုတဲ့ကလေးလေး‌နဲ့တွေ့ဆုံဖို့အကြောင်းဖန်လာခဲ့ပါတယ် မျက်စိမမြင်ရပေမယ့်အနံ့ခံအာရုံအားကောင်းတဲ့‌ခွေးလေးဆင်းမ်ဘာက အာဂျွန်လေးအနံ့ကိုခံ အိမ်ထိလိုက်သွားခဲ့ပြီး အာဂျွန်လေးရဲ့ ပြုစုမှုအောက်မှာကြီးပြင်းလာခဲ့ပါတယ် ဒီမှာတင်ပြီးမသွားပါဘူး ဆင်းမ်ဘာလေးကိုလွတ်လာတုန်းက သူ့ကိုအသည်းအသန်လိုက်ရှာသတ်နေတဲ့လူနှစ်ယောက်လည်းရှိပါတယ် သူတို့နှစ်ယောက်ကဆင်းမ်ဘာလေးအကြောင်းသတင်းရရှိခဲ့ပြီး‌နောက်မှာတော့ဘာတွေဆက်ဖြစ်သွားမလဲ နှစ်စဉ်ကျင်းပလ့ရှိတဲ့ခွေးပြိုင်ပွဲမှာလည်း ဆင်းမ်ဘာလေးကိုဝင်ပြိုင်စေချင်တော့ ဘယ်လိုသင်ကြားမှုတွေနဲ့ဝင်ပြိုင်ကြမလဲ Rating မြင့်ပြီးတကယ်ကောင်းတဲ့ဇာတ်ကားဖြစ်တာမို့ ခွေးချစ်သူပရိတ်သတ်ကြီးအတွက် မကြည့်ဖြစ်လိုက်ရင်နောင်တရစေမယ့်ဇာတ်ကားတစ်ကားပါလို့ပဲညွှန်းလိုက်ပါရစေ (အညွှန်းကိုတော့ Yunniမှရေးသားပေးထားပါတယ်) File size…2.28GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Yunni & OeliuJ & Haruko

Drama • War
5.7 2022 121 mins
Oh My Dog
Searching for the Elephant
3.9

ဇာတ်ကားနာမည်က "ဆင်ရှာပုံတော်ထွက်ခြင်း"တဲ့။ ဒါပေမဲ့ "ဆင်" အကြောင်းတော့မဟုတ်ပါဘူး။ "လူ" အကြောင်းမှ လူအကြောင်း စစ်စစ်ကို ရေမရောဘဲ ရိုက်ပြထားတာပါ။ သေချာတာကတော့ ဒီကားက လူတိုင်းအတွက် မဟုတ်ပါဘူး။ ဘယ်လိုလူတွေ အတွက်လဲဆိုတော့ လက်ရှိဘဝကို စိတ်ပျက်လာတဲ့အခါ.... ဘဝထဲက လူတွေအကြောင်း သိလာပြီး သူတို့မျက်နှာဖုံးတွေကို မြင်လာတဲ့အခါ.... လွယ်လွယ်ပြောရရင် Dark mood ဝင်လာတဲ့အခါမှ မြိန့်မြိန့်ကြီး ထိုင်ကြည့်ပြီး ရိသဲ့သဲ့ စိတ်နာနာပြုံးမိမယ့် လူ့သဘာဝ dark side ကိုရိုက်ပြထားတဲ့ကားပါ။ ဒီကားမှာ ဇာတ်သိမ်းကို ပြူးပြဲလိုက်ရှာလို့ မရသလို Plot ကိုနားလည်အောင် အတင်းချိတ်နေလို့လည်း မရပါဘူး။ ဇာတ်ကားကို ဒါရိုက်တာ ခေါ်ဆောင်သွားတဲ့အတိုင်းလေး အလိုက်သင့်စီးမြောပြီး တစ်ခန်းချင်း ကြည့်သွားရုံပါပဲ။ အဆုံးသတ်ကြရင် လူဆိုတာ ဒီလိုပါပဲဆိုပြီး သံဝေဂရစေမယ့် ဇာတ်ကားပါပဲ။ ရုပ်ရှင်ဝေဖန်သူတွေက ဒီကားကို plot twist တွေများပြီး ခန့်မှန်းရခက်တယ်လို့ ဝေဖန်ထားကြပေမယ့် လူ့လောကကြီးကိုက Plot twist တွေပဲ မဟုတ်လားဗျာ [Plot twist တွေကြောင့် ပညာတွေလည်း ရပါတယ် :') ] မကြည့်ခင် မှာချင်တာကတော့ အိပ်ရာထက်က တစ်တီတူးခန်းတွေကို အရှင်းသား ပြထားတာမို့လို့ ကလေးများကြည့်ရန် မသင့်တော်သလို မိသားစုနဲ့ ကြည့်ရမယ့်ကားလည်း မဟုတ်ကြောင်းပါ။ သွေးသံတရဲရဲနဲ့ ဆူဆိုက်(Suicide)လုပ်ခန်းတွေ ပါလို့ စိတ်မခိုင်သူများနဲ့ စိတ်ကျလွယ်သူများ ကြည့်ရန် မသင့်တော်ပါ။ အပေါ်ကအချက်တွေကို သတိထားပြီးရင်တော့ ပရိသတ်ကြီးအနေနဲ့.... သူငယ်ချင်း ၃ယောက်နဲ့ အတူ ဆင်ရှာထွက်လို့ရပါပြီ။ Cast တွေအနေနဲ့ကတော့ အားလုံးသိကြတဲ့ နှုတ်ခမ်းမွှေးစစနဲ့ မင်းသားကြီး Jang Hyuk အရပ်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့်နဲ့ ဇာတ်ပို့မင်းသား Lee Sang-woo ပွေရှုပ်တတ်တဲ့ဇာတ်ရုပ်ကို သရုပ်ဆောင်ထားတဲ့ မင်းသား Jo Dong-hyuk မင်းသမီးချောများဖြစ်တဲ့ Lee Min-jung, Jang Ja-yeon စသဖြင့် ပါဝင်ထားတာမို့လို့ cast အပိုင်းကတော့ အားအပြည့်ပါပဲ။ အညွှန်းထဲမှာ ဇာတ်ကားအကျဥ်းကို ရေးပြရမှာ ကလောင်မစွမ်းသာတဲ့အတွက် ကိုယ်တိုင်သာ တင်းပြည့်ကျပ်ပြည့် ခံစားကြည့်လိုက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဆင်ပုံပြင်နဲ့ လူ့မနောကို ခံစားကြည့်ကြပါစို့လားဗျာ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Richrad Wai ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality….WEB-DL 1080p and 720p and 480p File size…1.9GB and 1GB and 292MB Format…mp4 Duration….2h 24min Subtitle….Myanmar Subtitle (Hardsub) Translator ..... Richard Wai Encoder ..... LK

Horror
3.9 2009 144 mins
Searching for the Elephant
Two Tickets to Paradise
6.8

Two Tickets to Paradise (2022) ~ IMDb rating – 6.8/10 ~ မြင်မြင်ချင်းအချစ်ဆိုတာကို ယုံကြလားမသိဘူး။ ကျွန်တော်ကတော့ ယုံတဲ့ထဲမှာပါတယ်လို့ ပြောလို့ရပါတယ်။ လူတစ်ယောက်ကိုချစ်မိဖို့၊ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ပြောင်းပစ်ဖို့၊ ဉာဏ်အလင်းပွင့်ဖို့က အချိန် တစ်စက္ကန့်ပဲလိုတယ်လို့ ကျွန်တော်ကတော့ဖြင့် ယုံကြည်ပါတယ်။ အချစ်ဆိုတာ ပွင့်အာလာအောင် နည်းမျိုးစုံနဲ့ ဘယ်လောက်ပဲ ကြိုးစားပါစေ မပွင့်တတ်ဘဲ အခြေအနေမှန် အချိန်မှန်မှာဆိုရင် အလိုလို ပွင့်အာလာတဲ့ ကြာပန်းတစ်ပွင့်လို့ဆိုချင်ပါတယ်။ လုပ်ယူဖန်တီးယူလို့မရတဲ့ အချစ်ဟာ ဖြစ်တည်လာတဲ့အချိန်မှာ အံ့အားသင့်စရာကောင်းပြီး ခမ်းနား ချိုမြနေမယ်ဆိုတာ လက်တွေ့ကြုံဖူးသူတွေပဲ သိနိုင်ကြမှာပါ။ မကြုံဖူးသေးတဲ့သူတွေအတွက်ကတော့ သုခဘုံကိုသွားမယ့် ခင်ဗျားရဲ့ဘေးခုံက လက်မှတ်ပိုင်ရှင်က တစ်နေရာရာမှာ စောင့်နေမယ်ဆိုတာ သေချာပါတယ်လို့ ပြောချင်ပါတယ်။ သုခဘုံဆိုတာ နေရာမဟုတ်ပါဘူး သုခဘုံသွားမယ့်လက်မှတ်နှစ်‌စောင်ရဲ့ ပိုင်ရှင်တွေ မျှဝေကြတဲ့ ခံစားချက်တစ်ခုပါပဲ။ ခု Two Ticket to Paradise ကားလေးကတော့ အချစ်ကို ကြိုတင်စီစဉ်ထားသလိုဖြစ်လာဖို့ကြိုးစားထားတဲ့သူနဲ့ မြင်မြင်ရာကို အချစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့သူ နှစ်ယောက်တို့ အချစ်ဆိုတာကို အဖြေရှာတွေ့သွားကြတဲ့ ကြည်နူးစရာ Romance, Comedy, Drama ဇာတ်ကားလေးပါပဲ။ မင်္ဂလာဆောင်နေ့မှာ သတို့သားက ပစ်ထားခံခဲ့ရတဲ့ သတို့သမီးနဲ့ လက်ထပ်ဖို့လုပ်ထားတဲ့နေ့မှာပဲ စေ့စပ်ထားတဲ့သူက ပစ်သွားတဲ့ ကောင်လေးတစ်ယောက် ပန်းခြံမှာ တိုက်တိုက်ဆိုင်ဆိုင်တွေ့မိကြတယ်။ အဲဒီမှာ တစ်ယောက်ကိုတစ်ယောက် အားပေးရင်း တစ်ကိုယ်တော် ဟန်းနီးမွန်းကိုယ်စီ ထွက်ကြဖို့ သဘောတူလိုက်ကြတယ်။ ထူးထူးဆန်းဆန်းပဲ သူတို့သွားမယ့် ဟန်းနီးမွန်း ခရီးစဉ်က တူနေကြတယ်။ စိတ်နေစိတ်ထားချင်း ကွဲပြားသလောက် အဖြစ်အပျက်ချင်း တိုက်ဆိုင်လွန်းတဲ့သူတို့ ဟာဝါအီလို အချစ်တွေနဲ့ ပြည့်နေတဲ့ သုခဘုံမှာ ဘယ်လိုတွေ ဘာတွေကြုံရမလဲဆိုတာတော့ ကြုံတဲ့လက်မှတ်ဆွဲပြီး လိုက်ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1GB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 24Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Comedy • Fantasy • Music • Romance
6.8 2022 84 mins
Two Tickets to Paradise
A Father’s Nightmare
5.5

A Father’s Nightmare (2018) ===================== လီဆာက အယုံလွယ်တဲ့ကောင်မလေးတစ်ယောက်။ မိခင်ဖြစ် သူ ဆုံးသွားပြီးကတည်းက စိတ်ဒဏ်ရာအကြီးကြီးရခဲ့တဲ့သူ။ သူ့အဖေနဲ့အတူ အဖေတစ်ခုသမီးတစ်ခုမိသားစု။ အဲဒီကောင် မလေးရဲ့ ဘဝထဲကို ဗန်နက်ဆာဆိုတဲ့ မိန်းမတစ်ယောက်ရောက် လာတယ်။ အဲဒီမိန်းမက ကောက်ကျစ်တယ်။ လှည့်စားတတ် တယ်။ ဉာဏ်များတယ်။ ဟန်ဆောင်ကောင်းတယ်။ မာယာများ တယ်။ စကားကို ပလီပလာပြောတယ်။ အကွက်ကျကျစီစဉ်တတ် ပြီး လက်ရဲဇက်ရဲရှိတယ်။ သူများဘဝကိုဖျက်ဆီးရတာ ပျော်မွေ့ သူတစ်ယောက်။ သူ့ပစ်မှတ်က သနားစရာလီဆာဖြစ်တယ်။ သူလီဆာ့ဘဝထဲကို သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးကနေ စိမ့်ဝင် လာတယ်။ လီဆာ့အနားက လီဆာ့ကိုချစ်တဲ့သူတွေကို ဖယ်ထုတ် ပစ်တယ်။ လီဆာ့အပေါ်မှာ သူ့တစ်ယောက်တည်းရဲ့လွှမ်းမိုးမှုသာ ရှိစေတယ်။ မသိမသာရော သိသိသာသာရော လီဆာက သူ့ရုပ် သေးရုပ်လိုဖြစ်လာတယ်။ သူဝင်ရောက်လာတာနဲ့အမျှ လီဆာ့ ဘဝက တဖြည်းဖြည်းပြောင်းလဲသွားတယ်။ ပြောရရင် လီဆာ့နေ့ စဉ်ဘဝကို သူဂြိုဟ်ဝင်မွှေနေတာပဲ။ လီဆာက သူ့အတွက် အရေး ပါတဲ့အရာတွေ၊ အရေးပါတဲ့သူတွေကို တစ်စတစ်စဆုံးရှုံးလာရ တယ်။ သတိမထားမိလိုက်ခင်မှာပဲ ဗန်နက်ဆာဆိုတဲ့ မိန်းမရဲ့ကစား စရာလေးဖြစ်နေပြီ။ လီဆာဟာ နုနယ်တယ်။ သူ့ပြောင်းလဲမှုတွေကို သတိထားမိတာက သူ့အဖေ။ လက်သည်တရားခံကိုသတိထားမိတာကလည်း သူ့အ ဖေပဲ။ ကိုယ့်ရင်သွေး ပျက်စီးနေတာကို မြင်နေရတာ အဖေတစ် ယောက်ရဲ့အိပ်မက်ဆိုးပါပဲ။ ဒီလိုနဲ့လီဆာ့အဖေဟာ စပြီးစုံစမ်း တယ်။ ဗန်နက်ဆာ့ကို သူ့သမီးအနားကနေ ဖယ်ထုတ်ဖို့ ကြိုးစား တယ်။ ဒါပေမဲ့ သူသိလိုက်ရတဲ့အရာက နောက်ထပ်အိပ်မက်ဆိုး တစ်ခု ဖြစ်နေပြန်တာပါပဲ။ လီဆာနဲ့သူ့အဖေတို့ ဗန်နက်ဆာ့ရဲ့အကြံ အစည်ကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား။ ဗန်နက်ဆာကရော ဘာလို့သူများဘဝကိုဖျက်ဆီးရတာကို ပျော်မွေ့နေတာလဲ။ ကဲပါ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.66 GB) / (660 MB) / (378 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 25Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Ngwe Zin Encoder……….SWM

5.5 2018 90 mins
A Father’s Nightmare
White Noise
5.5

ဗိသုကာတစ်ယောက်ဖြစ်တဲ့ဂျိုနာသန်ရေးဗားဟာဇနီးသည်စာရေးဆရာဖြစ်တဲ့အန်နာနဲ့အတူအရင်အိမ်ထောင်ကရတဲ့သားကိုအလှည့်ကျအုပ်ထိန်းရင်းသာယာတဲ့အိမ်ထောင်တစ်ခုကိုပိုင်ဆိုင်ပါတယ်။မနက်ခင်းတစ်ခုမှာတော့ အန်နာကသူကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းဖွင့်ပြောခဲ့တဲ့အတွက်ဂျိုနာသန်တစ်ယောက်ပျော်ရွှင်လို့မဝသေးခင်မှာပဲ အန်နာဟာသူ့ သူငယ်ချင်းဆီကအိမ်အပြန်လမ်းမှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ အန်နာပြန်လာနေတဲ့လမ်းမှာရပ်ထားတဲ့ သူ့ကား၊ဖိနပ် အစရှိတာတွေကိုရဲတွေရှာတွေ့ခဲ့ပေမယ့် အန်နာ့ကိုတော့ အစအနရှာမရပါဘူး။ အဲ့ဒီအချိန်မှာသူ့ကို ရေမွန်ပရိုက်စ်ဆိုတဲ့လူတစ်ယောက် သူ့ဆီရောက်လာခဲ့ပြီး အန်နာဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့အကြောင်းနဲသူ့ဆီကိုဆက်သွယ်လာကြောင်းပြောပြလာပါတယ်။သူ့ဇနီးသည်သေဆုံးပြီဆိုတာကိုလက်မခံနိုင်တဲ့ဂျိုနာသန်ကခါးခါးသီးသီးငြင်းဆန်ခဲ့ပေမယ့်မကြာခင်မှာအန်နာ့အလောင်းကိုရှာတွေ့သွားခဲ့တဲ့နောက်၊ဒါ့အပြင်သူကိုယ်တိုင်ဆီကိုပါသေဆုံးသူဇနီးသည်အန်နာဆီကဖုန်းတွေဝင်လာအသံတွေကြားလာတဲ့နောက်မှာတော့ ပဟေဠိဖြစ်နေတဲ့ အန်နာ့သေဆုံးမှုကိုအဖြေသိချင်တဲ့၊ သူ့ဇနီးသည်ကိုနောက်ဆုံးအဖြစ်မြင်လိုတဲ့ စိတ်တွေနဲ့ အန်နာကိုအဆက်အသွယ်ရဖို့ကြိုးစားပါတော့တယ်။ ဒါပေမယ့်တစ်ဖက်လောကမှာကိုယ်ဆက်သွယ်ချင်တဲ့သူ၊ကိုယ်ချစ်ခင်ရတဲ့သူတွေသာမဟုတ်ပဲရန်လိုတဲ့ကြောက်မက်ဖွယ်ဝိဉာဉ်တွေလည်းရှိနေသေးတယ်ဆိုတာကို ဂျိုနာသန်မေ့လျော့နေခဲ့ပါတယ်။မကြာသေးခင်ကမှ The FlashမှာBruceWayneအဖြစ်ပြန်လည်တွေ့ခဲ့ရတဲ့Batmanမင်းသားဟောင်းကြီးMichaelKeatonခေါင်းဆောင်ပါဝင်တဲ့ဒီဇာတ်ကားဟာတစ်ချိန်ကနာမည်ကျော်ခဲ့တဲ့Horrorတစ်ကားဖြစ်ပြီးgenreaudienceတွေလက်မလွတ်သင့်တဲ့ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

5.5 2005
White Noise
Marshall
7.3

Marshall (2017) ~ IMDb – 7.3/10, Rotten Tomatoes – 80% ~ အမေရိကန်ရဲ့ အထက်တရားရုံးမှာ လျှောက်လဲခွင့်ရတဲ့ ပထမဆုံးသော အမေရိကန် အာဖရိကန် လူမျိုး သားဂွတ်မာရှယ်ရဲ့အကြောင်းကို ပြန်လည်ရိုက်ပြထားတဲ့ အတ္ထုပ္ပတ္တိပုံစံ ဒရာမာကားတစ်ကားပါ။ ကြွေလွင့်သွားခဲ့ပြီဖြစ်တဲ့ Chadwick Boseman ရဲ့ ကားကောင်းတစ်ကားပါပဲ။ ~ ဇာတ်လမ်းအညွှန်း ~ အမေရိကန်မှာ လူဖြူဝါဒကြီးစိုးပြီး လူမည်းတွေဖိနှိပ်ခံရတဲ့အချိန် ဂရင်းဝစ်မြို့မှာ လူဖြူအမျိုးသမီးတစ်ဦး လူမည်းရဲ့ မုဒိန်းကျင့်ခံရတယ်လို့ စွပ်စွဲလိုက်တာကြောင့် တနိုင်ငံလုံးကလူမည်းအများစူတွေ အလုပ်ဖြုတ်ခံရတာကို ဖြေရှင်းဖို့ သားဂွတ်တစ်ယောက် လူမည်းဘက်က ထုပဖို့ သူငယ်ချင်းဆမ်နဲ့အတူ ကြိုးစားခဲ့ပါတယ်။ သူကိုယ်တိုင်တာဝန်ယူဖို့ ကြိုးစားထားပေမဲ့ တကယ်တမ်း တရားရုံးက သူငယ်ချင်းဆမ်ကို အမှုစစ်ခိုင်းတဲ့အခါ ဘယ်လို အခက်အခဲတွေရှိခဲ့လဲ… ဘယ်လိုကြိုးစားခဲ့ရလဲ… ဆိုတာတွေကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းတစ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.45GB, 680MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 50Min Genre – Biography, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

7.3 2017
Marshall
Dog Day Afternoon
8

Dog Day Afternoon ဆိုတဲ့ ၁၉၇၅ ထွက် ဇာတ်ကားဟာ နယ်နယ်ရရ ကားမဟုတ်ပါဘူး။ ၁၉၇၆ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ညွှန်းအတွက် အော်စကာဆုရရှိခဲ့ပြီး တခြား အော်စကာဆု ၄ ခုအတွက်လည်း ဆန်ခါတင် စာရင်းထဲ ပါဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် တခြားကချီးမြှင့်တဲ့ဆုတွေလည်း အများကြီး သိမ်းပိုက်နိုင်ခဲ့ပြီး ဟောလိဝုဒ်ရဲ့ နာမည်ကျော် Al Pacino က အဓိက ဦးဆောင် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်လေးက တွေးကြည့်ရင် ရိုးတယ်ထင်ရပေမဲ့ ကြည့်တဲ့အခါမှာ ထိုင်ရာမထ အစအဆုံး ဆွဲခေါ်သွားမဲ့ ဖြစ်ရပ်မှန် ဇာတ်ကား တစ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင် Soony နဲ့ Sal ဆိုတဲ့ သူငယ်ချင်း ၂ ယောက် နယူးယောက် ဘရွတ်ကလင်းက ဘဏ်တစ်ဘဏ်ကို ဓားပြတိုက်ခြင်းနဲ့ စတင်ခဲ့ပါတယ်။ ၁၀ မိနစ်နဲ့ ပြီးသွားရမဲ့ သူတို့ရဲ့ အစီအစဥ်က သူတို့ထင်သလို ၁၀ မိနစ်နဲ့ မပြီးဘဲ နာရီပေါင်းများစွာကြာမြင့်တဲ့ ဓားစာခံ အခြေအနေကို ကူးပြောင်းသွားတဲ့အခါမှ သူငယ်ချင်း ၂ ယောက် ဘယ်လို ရုန်းကန်ကြမလဲ။ သူတို့ ဘဏ်ဓားပြတိုက်ခြင်းရဲ့ နောက်ကွယ်မှာရော ဘယ်လို အကြောင်းတွေ ရှိကြမလဲ ဓားစာခံခေါ်ထားခြင်း ခံရတဲ့ ဘဏ်ဝန်ထမ်းတွေရဲ့ တုံ့ပြန်မှုကရော ဘယ်လိုလာမလဲ စတာတွေကို အပြင်မှာ တကယ်ဖြစ်ရပ်မှန် ဖြစ်ခဲ့ပါလားဆိုပြီး ခံစားကြည့်ရှုတဲ့အခါမှာ လုံးဝအံ့အားမှင်သက်မှုတွေကို ခံစားစေရမှာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ မဖြစ်မနေကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျား….. File size…2.21 GB / 1.37GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 5m Genre ….. Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Thriller • Drama
8 1975 125 mins
Dog Day Afternoon
The Best Century of My Life
6.2

Il più bel secolo della mia vita [or] The Best Century of My Life (2023) ================================================= IMDb rating – 6.2/10 ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးတို့အတွက် အဓိပ္ပာယ်ပြည့်ဝနေတဲ့ comedy ဆန်ဆန်ဇာတ်လမ်းတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… ဥရောပတိုင်းပြည်တစ်ခုဖြစ်တဲ့ အီတလီနိုင်ငံမှာ ထူးခြားတဲ့ဥပဒေတစ်ခုရှိ နေခဲ့ပါတယ်။ အဲဒါကတော့ မွေးကတည်းက စွန့်ပစ်ခံလိုက်ရတဲ့ကလေးတွေ က သူတို့ရဲ့မိဘအရင်းတွေအကြောင်းကို သူတို့အသက် ၁၀၀ ရောက်တဲ့အထိ မသိရဘူးဆိုတဲ့ဥပဒေပါပဲ။ ဒီဟာသဇာတ်လမ်းလေးထဲမှာတော့ စွန့်ပစ်ခံရတဲ့ ကလေးဘဝကနေ အသက် ၁၀၀ ရှိသွားပြီဖြစ်တဲ့ အဘိုး Gustavo နဲ့ ကောင် လေး Giovanni တို့ သူတို့ဘဝရဲ့ဇာတ်မြစ်အကြောင်းရှာဖွေကြပုံကို စိတ်ဝင် စားဖွယ်ခရီးစဉ်လေးအဖြစ်ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1 GB) / (463 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….June Encoder……….SWM

6.2 2023
The Best Century of My Life
Into the Beat
5.5

ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့်​ Street Dance ကားလေးပဲဖြစ်ပါတယ် Street Dance ကိုကြိုက်တဲ့သူတွေပဲဖြစ်ဖြစ် စိတ်အပန်းဖြေချင်လို့ပဲဖြစ်ဖြစ်ရွေးချယ်သင့်တဲ့ ဇာတ်ကားလေးပါပဲ.. ကာ့တ်ယာဆိုတဲ့ဆယ်ကျော်သက်မလေးဟာ ဘဲလေးအကမှာအစဥ်အလာကြီးမားတဲ့ အော်လိုမိသားစုကနေပေါက်ဖွားလာတဲ့ ကောင်မလေးဖြစ်ပြီးတော့ မိသားစုအမွေကို ဆက်ခံဖို့လည်းအသင့်ဖြစ်လုနီးပါးဖြစ်အောင် အထိ ဘဲလေးအကမှာထူးချွန်သူပါ နယူးယောက် ဘဲလေးအကယ်ဒမီရဲ့စကောလာရှစ်ကိုရဖို့လည်း တစ်ပြေးနေသူလေးပေါ့.. တစ်နေ့မှာ​တော့​ ကာ့တ်ယာလေးတစ်ယောက် ဘဲလေးအကနဲ့လုံးဝကွဲပြားတဲ့အကကိုမြင်တွေ့သွားရာကနေ သူ့မှာရွေးချယ်ရခက်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင် ရပါတော့တယ်.. ဇာတ်လမ်းလေးကလည်းကြည့်လို့ကောင်းပြီး အကတွေကလည်းမိုက်လို့ အခုပဲခံစားကြည့်လိုက်ရအောင်ဗျာ File size…1.59GB / 791MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Drama , Music , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

5.5 2020 98 mins
Into the Beat
Chicken for Linda!

ဒီတစ်ခါမှာတော့ ချစ်စရာ ပြင်သစ် animation ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် လင်ဒါဆိုတဲ့ ကလေးမလေးက ငယ်ငယ်လေးကတည်းက ဖခင်ကိုဆုံးရှုံးလိုက်ရပြီး အမေဖြစ်သူ ပူလတ်နဲ့ နှစ်ယောက်တည်း နေထိုင်ပါတယ် တစ်နေ့မှာတော့ မေမေက လင်ဒါ့ကို သူ့လက်စွပ်ခိုးတယ်လို့ စွပ်စွဲပြီး အပြစ်ပေးတဲ့ အနေနဲ့ သဘောဆိုးတဲ့ လင်ဒါရဲ့ အန်တီ့အိမ်မှာ တစ်ညသွားထားပါတယ် တကယ်တမ်း လက်စွပ်ကို သမီးလေးခိုးတာမဟုတ်မှန်း သိသွားတဲ့အခါ သူ့ညီမအိမ်ကနေ သမီးကို သွားပြန်ခေါ်လာပြီး သမီးလိုချင်တာတစ်ခု ပြန်လုပ်ပေးဖို့ ကတိပေးလိုက်ပါတယ် အဖေ့ကို မမှတ်မိတော့ပေမယ့် လင်ဒါလေးဟာ အဖေချက်တဲ့ ထူးရှယ်ကြက်သားဟင်းကို စားချင်တယ် ပြောလာလို့ ကြက်သားရှာဝယ်ပေမယ့် အလုပ်သမားသပိတ်ကြောင့် ဆန္ဒပြပွဲတွေဖြစ်ပြီး ဈေးတိုင်းပိတ်ထားတဲ့အခါမှာ ဘယ်လိုတွေ ဆက်လက်ကြုံရမလဲ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး File size…(1.4 GB)/(712 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:13:00 Genre… Animation, Comedy,Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2023
Chicken for Linda!
The Diary
5

စပိန်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိုလ်ဂါနဲ့ဗစ်တာတို့ဟာလင်မယားအဖြစ်မှ ကွာရှင်းထားပြီးသမီးလေးဗဲရာကိုတစ်ပတ်တစ်ခါအလှည့်ကျ ကိုယ့်အိမ်မှာကိုယ်ခေါပြီးစောင့်ရှောက်ရပါတယ်။ ဗဲရာက ငယ်စဉ်ဘဝက စိတ်ဒဏ်ရာရနိုင်တဲ့အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ထားရတာကြောင့် မိခင်ဖြစ်သူအိုလ်ဂါကကားလို့စ်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်နဲ့ပြခိုင်းထားတယ်။ အဲ့ဒီစိတ်ဒဏ်ရာကြောင့် အိုလ်ဂါဟာ တစ်သက်လုံးစုဆောင်းထားတဲ့ ပိုက်ဆံတွေကိုသုံးပြီး အခြားတစ်နေရာမှာအိမ်တစ်လုံးဝယ်လိုက်ပြီး သမီးဖြစ်သူနဲ့အတူနေဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ကိုသန့်ရှင်းရေး လုပ်ရင်းနဲ့ ထူးဆန်းတဲ့သေတ္တာတစ်လုံးတွေ့ခဲ့တယ်။ အရင်အိမ်ရှင်ဟောင်းတွေ ကျန်ခဲ့တယ်အထင်နဲ့ထားလိုက်ပေမယ့် စဝယ်တုန်းက ဒီနေရာမှာဘာမှမရှိဘူးဆိုတာတော့သူအသေအချာသိတယ်။ သေတ္တာထဲဖွင့်ကြည့်လိုက်တဲ့အခါ ဒိုင်ယာရီစာအုပ်တစ်အုပ်နဲ့ ထူးဆန်းတဲ့ပစ္စည်းတွေကိုရှာတွေ့တယ်။ စာအုပ်ထဲမှာ လူတွေကို ညှင်းပန်းနှိပ်စက်ပြီးရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေကို အသေးစိတ်ရေးထားတာကိုတွေ့လိုက်တယ်။ ကြောက်လန့်ပြီး သေတ္တာကိုလွှင့်ပစ်လိုက်ပေမယ့် အိမ်ကိုပဲပြန်ရောက်နေတယ်။ အဲ့လိုနဲ့ ကားလို့စ်ကိုအကူအညီတောင်းပြီး ဖြေရှင်းကြတဲ့အခါမှာတော့…… File size…1.20GB / 630MB Quality…WEB-Rip 1080p HEVC / 720p Format…mkv / mp4 Duration….1h 22m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5 2024 82 mins
The Diary
Very Ordinary Couple
6.3

Very Ordinary Couple (2013) **************************** IMDb… 6.3 ကျွန်တော်တို့ CM ကနေ ယခု တစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ rom-com တွေကိုလည်း ကြိုက်တယ်… drama နဲ့ melodrama ပါမှလည်း ကြည့်ချင်တယ်ဆိုတဲ့ ပရိသတ်ကြီးတွေ အကြိုက်တွေ့စေမဲ့ Very Ordinary Couple ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ Face me ထဲက ဆွဲဆောင်မှုရှိတဲ့ဆရာဝန်အဖြစ် မိန်းကလေးတွေ အသည်းကို ချွေသွားတဲ့ မင်းသား Lee Min Ki နဲ့ မထင်မှတ်ထားတဲ့ လှည့်ကွက်များစွာပါတဲ့ ဇာတ်ကားကောင်းလေး The Handmaiden ထဲက လှပကြော့ရှင်းတဲ့ Lady Hideko အနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသမီး Kim Min Hee တို့ပဲ ဖြစ်ပါတယ်။ ဘဏ်တစ်ခုတည်းမှာ အလုပ်လုပ်ကြတဲ့ ဂျန်ယောင်း (Kim Min Hee) နဲ့ အီဒုံဟီး (Lee Min Ki) တို့ဟာ ၃ နှစ်တာ ခိုးတွဲခဲ့ကြပြီး လောလောလတ်လတ် လမ်းခွဲထားကြတဲ့ ရည်းစားဟောင်းတွေဖြစ်ကြပါတယ်။ လမ်းခွဲပြီးနောက်ပိုင်း တစ်ယောက်ကို တစ်ယောက် ရွဲ့လွန်းတဲ့အပြုအမူတွေကြောင့် ရုံးအတွင်းမှာလည်း ကောလာဟလမျိုးစုံနဲ့ပေါ့။ အချိန်ကာလတစ်ခုအကြာ တွဲခဲ့ကြတဲ့သူတွေ ဖြစ်တဲ့အလျောက် တစ်ယောက်အပေါ် တစ်ယောက် စိတ်မပြတ်သားနိုင်သေးဘဲ သံယောဇဉ်တစ်ဖြစ်လည်း ချစ်ခြင်းမေတ္တာတွေကျန်ရှိနေသေးတဲ့အခါ… သာမန်စုံတွဲတွေလိုမျိုးပဲ တစ်ကျက်ကျက်ရန်ဖြစ်ပြီး ပြန်တွဲမိမလား အကယ်၍များ ပြန်တွဲဖြစ်ခဲ့ရင်တောင် ဆက်ဆံရေးကြာရှည်ပါ့မလားဆိုတဲ့ အကြောင်းအရာကို မှတ်တမ်းရုပ်ရှင်ပုံစံလေးမျိုးရိုက်ကူးထားတဲ့အပြင် တကယ့် ချစ်သူရည်းစားတွေ ကြားမှာ ဖြစ်တတ်တဲ့ ပြဿနာလေးတွေကိုပါ ထည့်သွင်းထားတာကြောင့် ရည်းစားရှိတဲ့သူတွေရော မရှိတဲ့သူတွေ‌ရော ဒီဇာတ်ကားကောင်းလေးကို ကြည့်ရှုသင့်ပါကြောင်း…။ (ဇာတ်လမ်းအညွှန်းကိုတော့ Theint မှ ရေးသားပေးထားပါတယ်။) File Size : 1.83GB/ 780MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:52:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Encoded by Tiff

6.3 2013 112 mins
Very Ordinary Couple
The Six Triple Eight
6.6

RT – 53% ဒုတိယကမ္ဘာစစ်နောက်ခံ ဖြစ်ရပ်မှန် ဇာတ်ကားသစ်တစ်ခုဖြစ်ပါတယ်။ လူမည်းနီဂရိုးတွေကို အစဉ်အလာနှိမ်တတ်တဲ့ အမေရိကန် ပြည်ထောင်စု၊ အမျိုးသမီးများကို ဖိနှိပ်ထားချင်တဲ့ အမေရိကန် ပြည်ထောင်စုမှာ လူမည်းအမျိုးသမီးချည်းပါတဲ့ တပ်ရင်းတစ်ရင်းဖြစ်လာဖို့ဆိုတာ အတော်ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ ဖြစ်လာပြီးရင်တောင်မှ တာဝန်ပေးခံရဖို့ဆိုတာ ပိုပြီးခက်ခဲပါတယ်။ ဒါကိုမှ သူများမလုပ်နိုင်တဲ့ တာဝန်ကို အောင်မြင်အောင်ထမ်းဆောင်နိုင်ခဲ့တဲ့ အမှတ် ၆၈၈၈ နီဂရိုးအမျိုးသမီးတပ်ရင်းအကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေချိန်မှာ အမေရိကန်စစ်သည်တွေအပြင် အမေရိကန်ပြည်သူတွေမှာပါ ရန်သူတစ်မျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါကတော့ စစ်မြေပြင်ကနေ အိမ်ကို စာအဆက်အသွယ်လုပ်လို့မရသလို အိမ်ကနေလဲ စစ်မြေပြင်ဆီကို ဆက်သွယ်မရပါဘူး။ အဆက်အသွယ်မရလေ အိမ်က မိသားစုဝင်များက စိတ်ပူလေ…စစ်ဌာနချုပ်ကို စောဒကတွေတက်လေ၊ စစ်ဌာနချုပ်မှာလည်း စစ်ရေးရည်မှန်းချက်တွေရှိလေတော့ မဖြည့်ဆည်းပေးနိုင်၊ နောက်ဆုံး သမ္မတကတော်နားပေါက်ကြားသွားလေမှ သမ္မတကပါ ဖိအားပေးတောင်းဆိုရပါတော့တယ်။ ဒီအခါ နီဂရိုး အမျိုးသမီးတပ်ဖွဲ့ကို ဘယ်သူမှ မအောင်မြင်ခဲ့တဲ့ ဒီ ‌စာဝေရေးတာဝန်ကို ပေးအပ်ခဲ့ပါတယ်။ ဘယ်လိုမှ မအောင်မြင်နိုင်ဘူးဆိုတဲ့ အတွေးနဲ့ ပေးအပ်ကြတာဖြစ်ပြီး လေယာဉ်ရုံကြီးတွေနဲ့ အပြည့် စာ‌အစောင်ပေါင်း ၁၇သန်းကို ခြောက်လအတွင်း နီဂရိုးအမျိုးသမီးတပ်ရင်းဟာ အခက်အခဲတွေကြားက အောင်မြင်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ ရှုစားရမှာပါ။ Kerry Washington, Ebony Obsidian, Shanice Williams တို့က အဓိက ဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားပြီး Director ကတော့Tyler Perry ဖြစ်ပါတယ်။ လောလောဆယ် Hollywood Music in Media Awards မှာ တေးဂီတဆု၊Critics choice award Celebration of Cinema and TV မှာ ဒါရိုက်တာ ဆု၊ African American Film Critics Association မှာ Beacon award စပြီး ဆုသုံးဆုရထားပြီး Nominees ၅ဆု ဝင်ထားပါတယ်။ File Size : 4.2 GB, 1.5 GB, 858 MB Quality : WEB-DL HEVC 4K / 1080p / 720p Running Time : 2hr 7min Format : Mkv and Mp4 Genre : Drama, History, War Subtitle : Myanmar Subtitle (Hard Sub) Translated by : T Lone Encode by : Thit San Khant

6.6 2024 130 mins
The Six Triple Eight
Dante’s Hotel

Dante Hotel ကတော့ Horror, Mystery ဇာတ်လမ်းပဲဖြစ်ပါတယ်။ ပုံမှန်ပဲလည်ပတ်နေတယ်လို့ထင်ရတဲ့ဟိုတယ်တစ်ခုမှာ လူပျောက်မှုတွေ မကြာခဏ ကြုံရလေ့ရှိပါတယ်။ ပျောက်ဆုံးတဲ့လူတွေဟာလဲ အစအနရှာမရအောင်ကိုပျောက်သွားကြတာပါ။ ကျိန်စာမိနေသလိုဖြစ်နေတဲ့ဒီဟိုတယ်မှာ နယူးရီးယားပါတီစီစဉ်ပေးဖို့ ဂိုဒီဆိုတဲ့ကောင်မလေးတစ်ယောက်တာဝန်ယူလိုက်ရတဲ့အခါ ဘယ်လိုကံကြမ္မာဆိုးမျိုးတွေနဲ့သူမရင်ဆိုင်ရမှာလဲ ဒီပျောက်ဆုံးသွားတဲ့လူတွေဘယ်ရောက်ကုန်ကြတာလဲ ဒါတွေရဲ့တရားခံကရော လူလား ဒါမှမဟုတ် အခြားအရာတစ်ခုလားဆိုတာ ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်ကြပါဦး File size…(1.1 GB)/(752 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju

Drama
0 2024
Dante’s Hotel
The Man with the Iron Fists

The Man with the Iron Fists (2012) ********************************** ဒီတစ်ခါတော့ ငယ်ငယ်တုန်းက ကြည့်နေကျ တရုတ်သိုင်းကားတွေကိုမှ western actor တွေ ၊ English စကားပြောတွေနဲ့ ပေါင်းစပ်ထားတဲ့ လူစွမ်းကောင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်ကားမှာ Russell Crowe ကလွဲလို့ မင်းသား၊မင်းသမီးတော်တော်များများက ကျန်တဲ့ဇာတ်ကားတွေမှာ second line-up အဖြစ်အသုံးတော်ခံခဲ့ကြသူတွေပါ။ သိုင်းဝတ္ထု ဖတ်နေသလို ခံစားရမယ့်ဇာတ်ကားပါ… မိသားစုနဲ့တော့မကြည့်သင့်ပါဘူး… ဇာတ်လမ်းအကျဉ်း ————- လူရိုင်းမျိုးနွယ်စုတွေ အုပ်စိုးတဲ့ Jungle Villageကို ဧကရာဇ်ရဲ့ ရွှေတွေ တင်ဆောင်လာတဲ့ သင်္ဘောက ဖြတ်ရာကနေ လူရိုင်းမျိုးနွယ်စုတွေက အဲဒီ ရွှေတွေကိုခိုးဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်…မျိုးနွယ်စု ခေါင်းဆောင်ဖြစ်တဲ့ golden lion ကို သတ်ပြီး ခေါင်းဆောင်တက်လုပ်နေတဲ့ silver lion ကလည်း ရွှေသယ်လာတဲ့ သံတမန်တပ်ဖွဲ့တွေကို သတ်ပြီး ရွှေတွေကို ဆောင်ကြာမြိုင်ရဲ့ မြေအောက်ထပ်မှာ ဖွက်ထားဖို့ ကြံပါတော့တယ်…ဒါပေမဲ့ Golden Lion ရဲ့ သားဖြစ်သူ Zen Yi , Jungle village ရဲ့ တစ်ဦးတည်းသော ပန်းပဲဆရာ Thadeus နဲ့ Mr.Knife လို့ နာမည်ကျော်တဲ့ ဓားသခင် Jack တို့ကရော Silver Lion တို့ အဖွဲ့ကို ဒီအတိုင်းထားပါ့မလား… ဆောင်ကြာမြိုင်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Lady Blossom ကရော အဲဒီရွှေတွေကို မတပ်မက်ဘဲ နေနိုင်ပါ့မလားဆိုတာကိုတော့ The Man With Iron Fists မှာ ဆက်လက်ရှုစားလိုက်ရအောင်… ဇာတ်လမ်းအညွှန်းနှင့်ဘာသာပြန်သူကတော့ Hazelle ဖြစ်ပါတယ်… File Size : 1.79GB / 859MB Quality : WEB-DL 1080p / 720p Genres : Action / Martial Arts Duration : 1h 35m Subtitle : Myanmar Subtitle (Hard Sub) Translated by Hazelle Encoded by Heather Oo

Music • Drama
0 2012 96 mins
The Man with the Iron Fists