YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Iruttu Araiyil Murattu Kuthu.2018.720p.AMZN.WEB-DL.YK(CM).mp4

1000.8 MB 720p video/mp4 392 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nick of Time
6.2

ဒီတစ်ခေါက်မှာ ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ မင်းသားကြီး Jhonny Deep ရဲ့ ၁၉၉၅ ခုနှစ်လောက်ကထွက်ရှိထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Realistic ဆန်ပြီး ကြည့်ရှူသူတွေကိုပါ "ငါသာသူ့နေရာမှာသာဆိုရင်..."ဆိုတဲ့မေးခွန်းတွေအပြည့် စိတ်ထဲမှာတွေးမိနေပြီးတော့ ခံစားကြည့်ရှူသွားရစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ ရထားဘူတာမှာထူးဆန်းတဲ့လူ ၂ ယောက်က ကြုံရာကျပန်းလူတစ်ယောက်ကို ရွေးချယ်နေပါတယ်။ တစ်စုံတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက်ပေါ့... အဲဒီအချိန်မှာ မိန်းမနဲ့ကွာရှင်းပြတ်စဲလုနီးပါးဖြစ်နေတဲ့ မစ္စတာဝက်ဆန်တစ်ယောက် သမီးလေးလက်ကိုဆွဲပြီး ရထားဘူတာထဲကိုဝင်လာခဲ့ပါတယ်.. အဲဒီ လူရွေးချယ်နေတဲ့သူထဲက တစ်ယောက်က မစ္စတာဝက်ဆန်ကို သူတို့ပရောဂျက်နဲ့ ကိုက်ညီတဲ့သူအဖြစ် သတ်မှတ်လိုက်ပြီး သူ့သမီးလေးနဲ့ ခြိမ်းခြောက်အကြပ်ကိုင်ကာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးကို လုပ်ကြံခိုင်းပါတော့တယ်။ ဒီတော့ "Nick of time:အဲဒီသတ်မှတ်ထားတဲ့အချိန်လေးအတွင်းမှာ လူ ၃ ယောက်ရဲ့ဘဝက ဘယ်လိုအပြောင်းအလဲတွေနဲ့ တွေ့ကြုံရမှာလဲ" ဝက်ဆန်တစ်ယောက် ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူခံစားရမှာပါ။ File size…(2.4 GB)/(1.4 GB)/(740 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Thriller, Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

6.2 1995 90 mins
Nick of Time
Black Clover: Sword of the Wizard King
8.4

Black Clover: Sword of the Wizard King (2023) ================================== IMDb Rating - 7.7/10 Black Clover ကို Anime fan အတော်များများသိပြီးဖြစ်ပါလိမ့်မယ်။ Manga ကနေ Anime Adaptation လုပ်ထားတဲ့ Shounen type anime series ပါ။ Season 4ခုထိ ထွက်ရှိထားပြီး Manga ရော Anime ရော အတန်အသင့်အောင်မြင်မှုရရှိထားပါတယ်။ ယခု Sword of the Wizard King ဆိုတဲ့ Movie တစ်ခုထွက်ရှိလာ ပါတယ်။ ပါဆင်နယ်အမြင်အရ အစောပိုင်းထက် Animation ကပိုမို ကောင်းမွန်လာတယ်လို့ မြင်မိပါတယ်။ Shounen တို့ထုံးစံအတိုင်း အိပ်မက်အကြီးကြီးနဲ့ ကောင်လေးတစ် ယောက်အကြောင်းပေါ့။ ကြည့်ဖူးပြီးသား Black Clover fan တွေ အတွက်တော့ အထူးတလည် ညွှန်းစရာတောင်လိုမယ်မထင်ပါဘူး။ ကြည့်ရတာတန်ပါတယ်။ ကျွန်တော်တို့ရဲ့အချစ်တော် စစ္စတာရဲ့အငြင်း ခံ‌လေး အာပြဲအက်စ်တာတစ်ယောက် ဒီ Movie ထိရောက်တာတောင် အရပ်မရှည်လာ‌သေးပါဘူး။ ယူနိုကတော့ ပိုပိုချောလာ..အဲလေ..ပိုရင့် ကျက်လာပါတယ်ပေါ့။ ဒီ Movie ထဲမှာ အရင်မှော်ဝိဇ္ဇာဘုရင်ဟောင်းတွေက ဗီလိန်အဖြစ်ပါ လာမှာမို့ Blattle ကောင်းကောင်းတွေကို တဝကြီးကြည့်ရမှာပါ။ မှော် စွမ်းအားအရ Next Level မှာရှိနေတဲ့ မှော်ဝိဇ္ဇာဘုရင်ဟောင်းတွေကို အက်စ်တာတို့ Magic Knights တွေဘယ်လိုရင်ဆိုင်ကြရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(2.76 GB) / (1.1 GB) / (711 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Action, Adventure Translator.......Ngwe Zin Encoder..........Zin Phyo Aung

Mystery • Thriller
8.4 2023 113 mins
Black Clover: Sword of the Wizard King
OMG! Oh My Girl
6.3

ကောင်လေးနဲ့ ကောင်မလေးဟာ ငယ်သူချင်းဖြစ်ကြတဲ့အလျှောက် တစ်ယောက်နဲ့တစ်ယောက်သံယော်ဇဉ်ရှိကြတယ်.. ကောင်မလေးဘက်ကရိုးသားတယ်ဆိုပေမယ့် ကောင်လေးကတော့ မရိုးသားဘူး..သူငယ်ချင်းစည်းကိုလည်းကျော်ချင် ကောင်မလေးဘက်ကစိတ်ဆိုးမှာလည်းကြောက်တော့ သူ့အဖြစ်ဟာ အဆင်မပြေလှ..တစ်နေတော့ ကောင်လေးရဲ့သူငယ်ချင်းတစ်ယောက်က လာအကူအညီတောင်းတယ်..မင်းဘော်ဒါ စကီလေးကိုငါသဘောကျတယ်ကွာ .. သူ့အကြိုက်လေးငါ့ပြော မင်းပေးတဲ့အကြံဉာဏ်တိုင်းလုပ်မယ်လို့အပူကပ်လာရော.. ငြင်းမကောင်းတော့ ကောင်မလေးမကြိုက်လောက်တဲ့ တလွဲအကြံဉာဏ်တွေနဲ့ ဆေးထိုးပါလေရော...သူ့ဘော်ဒါ ကံကောင်းတာလား သူကံဆိုးတာလားမသိ.. သူ့ရဲ့ ဂျင်းဆေးကွက်မှာ ကောင်မလေးကပြန်ကြိုက်သွားလေရဲ့.. အဲ့ဒီနောက်မှာတော့.... ထိုင်းအချစ်ဇာတ်ကားကောင်းလေးဖြစ်ပြီး Cast တွေကလည်း ဆယ်ကျော်သက် ချစ်စဖွယ်လေးတွေဖြစ်လို့ ကြည့်ရှုခံစားသင့်ပါကြောင်း... File Size :(3.06GB) (867 MB) and (616 MB) Quality :WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:04:00 Genre : Comedy ,Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn, Shoon & Khine Khine Wai Encoded by Phyo Pyae

Drama
6.3 2022 124 mins
OMG! Oh My Girl
A Cinderella Story
6.5

မရိုးနိုင်တဲ့ စင်ဒရဲလားဇာတ်လမ်းမြောက်များစွာထဲကမှ ရှေးခေတ်မူနဲ့မဟုတ်ဘဲ ခေတ်သစ်စင်ဒရဲလား ဇာတ်လမ်းလေးနဲ့ CMပရိသတ်တွေကို မိတ်ဆက် ပေးပါရစေ။ Samဟာ အဖေနဲ့အတူ ပျော်ရွှင်ပြည့်စုံစွာ နေခဲ့ရပေမဲ့ အဖေယူလိုက်တဲ့မိန်းမကတော့ Samကို မကြည်လှပါဘူး။ အဖေဆုံးပါးသွားတဲ့နောက်မှာ မိထွေးနဲ့ သူ့သမီးနှစ်ယောက်က အရာအားလုံးကို အပိုင်စီးကာ Samကိုလည်း အစေခံတစ်ယောက်လို ခိုင်းပါတယ်။ Samနဲ့အတူ အွန်လိုင်းပေါ်က စကားပြောဖော် လေးတစ်ယောက်လည်းရှိပါသေးတယ်။ အဲဒီစကားပြောဖော် လေးနဲ့အတူ ကျောင်းကပွဲမှာ လူချင်းတွေ့ဖို့ ချိန်းဆိုထားပေမဲ့ မိထွေးက လုံးဝမလွှတ်ဘဲ အလုပ်တွေပဲလုပ်ခိုင်းထားပါတယ်။ Samဟာ ကပွဲကို ဘယ်လိုရောက်အောင်သွားမလဲ သူ့မင်းသားလေးနဲ့ ဘယ်လိုတွေ့မလဲဆိုတာကိုတော့ ကိုယ်တိုင် ကြည့်ရှုလိုက်ကြပါဦးနော်။ File size…2.48GB / 1.18GB / 771MB Quality…Blu-Ray 1080p5.1CH  / 720p / 480p Format…mp4 Duration….1h 35m Genre ..... Comedy , Family , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Action • Drama
6.5 2004 95 mins
A Cinderella Story
Tom and Jerry Cowboy Up!
6.9

ကြောင်နဲ့ကြွက်ပရိတ်သတ်တွေအတွက် IMDb 7/10 အထိရရှိထားပြီး လောလောလတ်လတ်ထွက်ရှိလာတဲ့ Tom&Jerry Cowboy Up လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ဘိုးဘွားပိုင်ခြံဖြစ်တဲ့ ဘန်ဆင်မွေးမြူရေးခြံကြီးကို ခရစ်ဒ်ချလီလို့ခေါ်တဲ့ လူလိမ်တစ်ယောက်ကမျက်စိကျသွားခဲ့ပါတယ် ခရစ်ဒ်ချလီဆိုတာ တခြားလူမဟုတ်ပါဘူး ဘဏ်ဓားပြ/စာချုပ်အတုတွေနဲ့ လိမ်လည်ဖန်တီးနေလို့ နိုင်ငံတော်ကအလိုရှိတဲ့ လူလိမ်တစ်ယောက်ပါ ဘန်ဆင်ခြံပတ်လည်မှာရှိတဲ့မြေကွက်တွေကိုလိမ်လည်ပြီးရယူခဲ့တာကြောင့် ဘန်ဆင်ခြံကြီးကလွဲကျန်တဲ့ဘေးပတ်လည်ကသူ့အပိုင်ပါပဲ ဘန်ဆင်ခြံကိုတော့ သူဘယ်လိုပဲဝယ်ယူဖို့ ကြိုးစားကြိုးစားမရခဲ့ပါဘူး ဒီလိုနဲ့ ဝယ်မရရင် လုမယ်ဆိုပြီး ပူးကောင်ပေါင်းများစွာကို ဘန်ဆင်ခြံထဲ‌ မောင်းသွင်းလိုက်ပါတယ် ဒါကိုမသိလိုက်တဲ့ ဘင်ဆန်မိသားစုက ပူးပြဿနာတက်နေတာပေါ့ အဲ့ဒီအချိန်မှာသူ့ရဲ့လက်ထောက် ကလဲမ်ကိုပူးပြဿနာဖြေရှင်းနိုင်တယ်ဆိုပြီး ဘန်ဆင်မိသားစုဆီကပ်ခိုင်းပြီး မြေကွက်ပိုင်ဆိုင်ကြောင်းအထောက်အထားစာချုပ်ကိုရှာဖွေဖျက်စီးခိုင်းပါတော့တယ် Tomကတော့ မြို့သားကြီးပေါ့ တွမ်ကသူ့ရဲ့သခင်နဲ့အတူ ဘန်ဆင်ခြံထဲကိုအလည်လာရင်း ကျွဲလက်ကနေသူ့ကိုကယ်တင်ပေးခဲ့တဲ့ Jerryနဲ့ မိတ်ဆွေတွေဖြစ်သွားကြပါတယ် ဒီလိုနဲ့ ဘန်ဆင်မိသားစု ခရီးထွက်ချိန်မှာ ကျန်ခဲ့တဲ့ ခရစ်ဒ်ချလီရဲ့လက်ထောက်ကလဲမ်ကသူ့ရဒ့အစီအစဉ်ကိုစပါတော့တယ် ကလဲမ်တစ်ယောက် စာချုပ်ကိုရှာတွေ့သွားမှာလား တွမ်နဲ့ဂျယ်ရီက သူတို့သခင်ရဲ့ခြံကြီးကို အလွဲလွဲအမှားမှား‌တွေကြားကဘယ်လိုကာကွယ်မလဲဆိုတာ ဆိုတာ ဟာသနှောပြီးပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်တာကြောင့် စိတ်ရောလူရောပင်ပန်းနေကြမယ့် ကြည့်ရှုသူတွေအတွက် ခဏတာစိတ်အပန်းဖြေဖို့ တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းရေးသားသူက Yunni ဖြစ်ပြီး ဇာတ်ကားဘာသာပြန်တွေကတော့ Yunni& HMပဲဖြစ်ပါတယ် File size…628MB / 1.1GB Quality…720p AAC 5.1CH  / 1080p WEBRIPx264 AAC 5.1CH Format…mp4  Duration….1h 14min  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & HM

Thriller
6.9 2022 75 mins
Tom and Jerry Cowboy Up!
Erumbu
8

Erumbu 2023 IMDb 7.7/10 Drama/Family မိသားစုဇာတ်ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ရသကောင်းလေး‌ ပေးစွမ်းနိုင်မယ့် တမီးလ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အန်နာဒူရိုင်ဟာ ‌အိမ်အတွက် ရုန်းကန်ပြီးဝမ်းစာနေရှာနေရတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ ‌အကြွေးပတ်လည်ဝိုင်းနေပြီး မိသားစုဝင်ခြောက်ယောက်စာကို ရှာ‌ဖွေနေရတာမလို့ တကယ်ကိုမလွယ်ကူလှပါဘူး။ ဒါပေမဲ့လည်း သားဖြစ်သူမူသူးနဲ့ သမီးဖြစ်သူပန်ချီကို မရှိတဲ့ကြားကနေ စိတ်ချမ်းသာအောင်ထားပေးတဲ့ ဖခင်ကောင်းတစ်ဦးဖြစ်ပါတယ်။ မိထွေးဖြစ်သူနဲ့နေရတဲ့ သားနဲ့သမီးကို အတတ်နိုင်ဆုံးလိုတာတွေဖြည့်ဆည်းပေးပြီး သားနဲ့သမီးကလည်း ရုန်းကန်နေရတဲ့အဖေကို ပြန်ကြည့်ပေးတာမလို့ ငွေကြေးမပြည့်စုံပေမယ့်လည်း မေတ္တာတွေနဲ့လွှမ်းခြုံထားတဲ့မိသားစုလေး‌ဖြစ်ပါတယ်။ တစ်နေ့မှာ မိထွေးဖြစ်သူရဲ့အရေးပါတဲ့ရွှေလက်စွပ်တစ်ကွင်းဟာ မထင်မှတ်ပဲပျောက်သွားတဲ့အတွက်ကြောင့် မူသူးတစ်ယောက် ပြာယာခတ်သွားပါတော့တယ်။ အရေးပါတဲ့လက်စွပ်ဖြစ်ပြီး အိမ်ကသိရင်ပြဿနာတက်မှာဖြစ်တဲ့အတွက် အစ်မဖြစ်သူနဲ့အတူ သူငယ်ချင်းတွေကိုပါ အကူအညီတောင်းရင်း ရှာပုံတော်စရပါတော့တယ်။ မူသူးတို့မိသားစုလေး အစစအရာရာအဆင်ပြပါ့မလား။ ဘာတွေဆက်ဖြစ်ကြဦးမလဲ။ ဒီဇာတ်ကားလေးမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Moon~Zwe Yan~Cherry တို့ပဲဖြစ်ပါတယ်။) File size…2.5GB / 1.3GB Quality…1080p True WEB DL /  720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Moon~Zwe Yan~Cherry

Action & Adventure • Drama • Mystery
8 2023 104 mins
Erumbu
Manchester by the Sea
7.5

အခုတစ်ခါတော့ အားလုံးစောင့်မျှော်နေကြတဲ့ အောစကာဇကာာတင်စာရင်းမှာ ဝင်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားဆုကိုဆွတ်ခူးရရှိခဲ့ပြီးIMDb 7.8 ရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ ဒီဇာတ်ကားမှာဆိုရင် လီချန်ဒလာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Casey Affleck ဟာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ် ဇာတ်ကားဟာလဲ တခြား ရုပ်ရှင်ဆုပေါင်း ၁၂၈ဆုနဲ့ ၂၅၉ ကြိမ်ထိ ဇကာတင်စာရင်းမှာဝင်ခဲ့ပါတယ် ဒီဇာတ်ကားလေးက သာမန်ဒရာမာကားတွေထက်ပိုပြီးတော့ တူဖြစ်သူနဲ့ ဦးလေးကြားဆက်ဆံရေး ဦးလေးဖြစ်သူ လီ နဲ့ အတိတ်က အကြောင်းအရာတွေ အိမ်ထောင်ရေး ပြသနာတွေ၊ အစ်ကိုဖြစ်သူသေဆုံးမှုကြောင့် ဝမ်းနည်းမှုကြားကကိုယ့်ကိုကိုယ်လမ်းပျောက်နေသူတစ်ဦး၏ တရားဥပဒေအရ တူဖြစ်သူကိုထိန်းသိမ်းစောင့်ရှောက်ခွင့်အပ်နှင်းခံရသူတယောက်ရဲ့ အကြပ်အတည်းတွေနဲ့နေ့စဉ်တွေ့ကြုံနေကြလူနေမှု ဘဝတွေကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လီချန်ဒလာဟာ ဘောစတွန်မြို့မှာ တိုက်လေးတိုက်ကို ပြုပြင်ထိန်းသိမ်းရေး တာဝန်ကိုယူရသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ မူရင်းဇာတိဖြစ်တဲ့ မန်ချက်စတာမြို့ကနေ အကြောင်းတစ်ခုကြောင့် လာရောက်ဇာတ်မြှုပ်နေထိုင်နေသူတစ်ဦးဖြစ်ပါတယ် ဒီလိုနဲ့ တနေ့မှာ လီ ရဲ့ အစ်ကို ဂျိုးချန်ဒလာ နှလုံး ရောဂါဖောက်ပြီး မထင်မှတ်ပဲ ကွယ်လွန်သွားခဲ့ပါတယ် အစ်ကိုဖြစ်သူကွယ်လွန်သွားခဲ့တဲ့အခါမှ တူဖြစ်သူ ၁၆နှစ်သား ပက်ထရစ်ဟာ ဦးလေးဖြစ်သူ လီ ရဲ့ အုပ်ထိန်းမှုအောက်မှာနေထိုင်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ် ပက်ထရစ် ဟာ ကောင်မလေးများနဲ့ပွေရှူပ်သူတစ်ယောက်ဖြစ်ပြီး ေ ကျာင်းမှာလဲ ပေါ်ပြူလာဖြစ်သူတစ်ဦးပါ လီ ဟာ လဲ အတိတ်က အကြောင်းတစ်ခုကြောင့် မန်ချက်စတာမြို့ကနေ ဇာတ်မြုပ်ပြီးဘောစတွန်မြို့မှာ ပြောင်းရွေ့အချေချနေထိုင်သူတစ်ဦးဖြစ်တာကြောင့် လီဟာ တူဖြစ်သူကိုခေါ်ပြီး ဘောစတွန်မြို့မှာပြောင်းရွေ့ နေထိုင်ဖို့ လုပ်ဆောင်ရာမှ တူဖြစ်သူကလဲ ပြောင်းရွေ့နေထိုက်ဖို့ရာ လက်မခံတဲ့ အခါမှာတော့ ကဲ ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်လိုက်ပါတော့ဗျာနော် ဇာတ်ကားကိုတင်ဆက်ပေးတာကတော့ ကျွန်တော် မောင်မာင်သာရစ် ပါဗျာ ကျိူင်းဇူးတင်ပါတယ် ရှင့် ။

Action & Adventure • Animation • Sci-Fi & Fantasy
7.5 2016 138 mins
Manchester by the Sea
Abominable
7.5

ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် လတ်တလောထွက်ရှိထားတဲ့ ကာတွန်းကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ နာမည်ကျော် DreamWorks Studio ကနေ ဖန်တီးတင်ဆက်ထားတဲ့ ဒီကားလေးနာမည်ကတော့ Abominable (2019)ပါ။ Imdb Rating 7.1/10 Rotten Tomatoes 81%တောင်ရရှိထားတာမလို့ Animation Movie ကောင်းလေးတွေကိုမျှော်လင့်နေတဲ့ CM ပရိသတ်ကြီးအတွက် သတင်းကောင်းပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ဆက်လိုပါသေးတယ်။ ရှန်ဟိုင်းမြို့တစ်နေရာမှာ လူချမ်းသာ စီးပွားရေးသမား မစ္စတာဘားနက်က ဟိုး ဟိမဝန္တာက နှင်းလူတစ်ကောင်ကို ဖမ်းဆီးရရှိထားပါတယ်။ တစ်နေ့မှာတော့ လုံခြုံရေးကျိုးပေါက်ပြီး အဲဒီနှင်းလူကထွက်ပြေးကာ ယီဆိုတဲ့တရုတ်မလေးရဲ့အိမ်ခေါင်မိုးမှာ ပုန်းနေပါသတဲ့။ ပုန်းနေတဲ့ နှင်းလူလေးကိုဝေးလံလှတဲ့ ဟိမဝန္တာဆီကိုပြန်လိုက်ပို့ဖို့ ယီရယ် ပန်ဆိုတဲ့ကလေးလေးရယ် ဂျင်မ်ဆိုတဲ့ ကောင်လေးရယ် အတူတူကြိုးစားအားထုတ်ပုံတွေကိုမြင်တွေ့ရမှာပါ။ တစ်ဖက်မှာလဲသူတို့နောက်ကိုလိုက်နေတဲ့ သူတွေကလဲရှိနေပြန်တော့ သူတို့ဘာတွေရင်ဆိုင်ရမလဲ? ဘယ်လိုတွေရင်ဆိုင်ဖြေရှင်းမလဲ?ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပါ။ File Size : ( 911 MB , 308 MB ) Quality :  BluRay 1080p 5.1 CH , BluRay 720p Running Time : 1 hr 37 min Format : Mp4 Genre :  Animation , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Moe Myint Lwin

Drama
7.5 2019 97 mins
Abominable
Marisol
5.6

Marisol (2023) ============ တစ်ရက်မှ ကျောင်းမပျက်တဲ့မာရီဆို။ Grade A တွေချည်းရတဲ့ မာရီဆို။ အပျော်အပါးမက်တဲ့ ဆယ်ကျော်သက်အရွယ်ဆိုပေမဲ့ ပါတီမတက် အပျော် အပါးမမက်ဘဲ မနက်ခင်းအလုပ်သွား နေ့လယ်ကျောင်းတက် ညကို စာကျက် ပြီး သူတက်ချင်တဲ့တက္ကသိုလ်ကို ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့မာရီဆို။ သူလိုချင်တဲ့ Scholarship ရတဲ့နေ့မှာ မာရီဆိုတစ်ယောက် သူငယ်ချင်းရဲ့ အဆွယ် ကောင်းမှုကြောင့် ပါတီတစ်ခုတက်လိုက်ရာကနေ ဘဝတစ်ခုလုံး ဗြောင်းဆန်ကုန် ပါတယ်။ ထင်မှတ်မထားတဲ့ အမှန်တရားတွေ အကြောက်တရားတွေအောက်မှာ ထွက်ပြေးရင်း တိမ်းရှောင်ရင်း မာရီဆို့ဘဝ ဘယ်လိုဖြစ်သွားမလဲ။ မတော်တဆ လေးတစ်ခုက မာရီဆို့အနားကလူတွေကိုပါ ဘယ်လိုသက်ရောက်မှုရှိမလဲ။ တရား မဝင်နေထိုင်သူတွေဘဝကို ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ကြည့် ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(3.21 GB) / (550 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator……EL Encoder……….SWM

Romance • Drama
5.6 2023
Marisol
Missionary

‘လူ’ဆိုတာ သိပ်ဆန်းကြယ်တဲ့သတ္တဝါပဲ။ လူတစ်ယောက်အကြောင်းကို ဘယ်လိုမှ အိတ်သွန်ဖာမှောက်မသိနိုင်ကြဘူး။ မိဘနဲ့သားသမီးကြားမှာရော၊ မောင်နှမအချင်းချင်းရော၊ အရင်းနှီးဆုံးသူငယ်ချင်းတွေရော၊ သိပ်ချစ်လှပါချည်ရဲ့ဆိုတဲ့ လင်မယားအချင်းချင်းတောင်မှ အတွင်းစိတ်ထဲထိ အမှန်အတိုင်းသိနိုင်မှသိနိုင်ပါလိမ့်မယ်။ ဒီကားထဲမှာဆိုရင် လင်မယားအချင်းချင်းကြား၊ သူငယ်ချင်းကြား၊ မောင်နှမကြား ဖုံးကွယ်ထားတာတွေ လှစ်ဟာပေါ်ပေါက်လာတဲ့အခါ၊ လူတွေရဲ့စိတ်ထဲက စိတ်ရိုင်းတွေပေါ်လာတဲ့အခါ ဘယ်လိုတွေဖြစ်လာကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ပါဝင်သောဇာတ်ဝင်ခန်းများကြောင့် ကလေးသူငယ်များ ကြည့်ရှုရန်မသင့်ပါ) File size…(1.3 GB)/(584 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ngwe Zin

0 2023 88 mins
Missionary
Paris When It Sizzles
6.3

သမ္ဘာရင့်ဇာတ်ညွှန်းရေးဆရာကြီး ရစ်ချက်ဘန်ဆင်ဟာ ထုတ်လုပ်သူ အက်လဇန္ဒားမေယာအင်းဆီ ရုပ်ရှင်ဇာတ်လမ်းသစ်တစ်ခု ရောင်းချထားပါတယ်။ ပြဿနာက ဇာတ်ညွှန်းအပ်ဖို့ ရက်နီးလာတဲ့အထိ ဘာတစ်ခုမှ မရေးရသေးဘဲ ပဲရစ်မြို့မှာပဲ လတ်လျားလတ်လျားအချိန်ဖြုန်းနေခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ဘန်ဆင့်ဆီ ဂဘရီအယ်လ်ဆင့်ပ်စင်ဆိုတဲ့ စာရိုက်အကူရောက်လာတဲ့အချိန်မှာတော့ ဘန်ဆင့်ရဲ့အချစ်ဇာတ်လမ်းလေးက တဖြည်းဖြည်းချင်း ရုပ်လုံးကြွလာပါတော့တယ်။ ပဲရစ်မြို့ရဲ့ အလှ၊ ပြင်သစ်အမျိုးသားနေ့ ခမ်းနားပုံကို တစ်စွန်းတစမြင်တွေ့ရမယ့်အပြင် မင်းသားချောလေး William Holden နဲ့ အလှလေး Audrey Hepburn တို့ရဲ့ ထိထိမိမိသရုပ်ဆောင်ပုံတွေကြောင့် ဟာသရိုမန့်တစ်ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းလေးပါ။ File size…(2.5 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:50:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina

6.3 1964
Paris When It Sizzles
Father of the Milky Way Railroad
6.3

Father of the Milky Way Railroad (2023) ~ IMDb – 6.3/10, MyDramaList – 7.9/10 ~ ဒီရုပ်ရှင်အကြောင်းပြောဖို့ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် Koji Yakusho အကြောင်းနဲ့ အရင်စပျိုးမယ်ဆို ဒီရုပ်ရှင်အတွက်တော့ မတရားရာကျကောင်းကျနေလိမ့်မယ်။ ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ၂၀၂၃ ဟာ ခိုဂျိ ကားတော်တော်ရိုက်တဲ့ နှစ်ပါပဲ။ ရုပ်ရှင်ကားလေးကား ဇာတ်လမ်းတွဲ ၂ခုထွက်ခဲ့တယ်။ ဇာတ်လမ်းတွဲ၂ခုကတော့ The Days နဲ့ Vivant ပေါ့။ Vivant မှာ သူ အပိုင်းတိုင်းနီးပါး ပါပေမဲ့ အခန်းတော့ သိပ်များလှတယ်မဟုတ်ဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းတွေမှာ သူ့ကိုမြင်တာနဲ့ သူ့ဇာတ်ကောင်နဲ့လိုက်အောင်ပဲ ပဟေဠိဆန်ပြီး ရှိန်ချင်စရာကောင်းနေခဲ့တယ်။ သူ့ပါဖောမင့်န်လည်းကောင်းခဲ့သလို Vivant ကိုယ်တိုင်ကလည်း ဂျပန်စီးရီးပေမဲ့ ကွဲထွက်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာကြောင့် တော်တော်လေးပေါက်ခဲ့တယ်။ ရုပ်ရှင်ဘက်ဆိုလည်း Família, Father of the Milky Way Railroad, Perfect Days နဲ့ Totto-Chan: The Little Girl at the Window တို့ထွက်ခဲ့တယ်။ Perfect Days နဲ့ သူ ကိန်းစ်မှာ သရုပ်ဆောင်ဆုရခဲ့သလို Perfect Days ကိုယ်တိုင်လည်း လက်ရှိ အော်စကာဆန်ခါတင်ဝင်ထားတယ်။ အဲဒီထဲက သူ့ပါဖောမင့်န်ကိုတော့ အားလုံးလည်းကြည့်ပြီး မြင်ပြီးလောက်ပါပြီ။ Perfect Days ရဲ့ ကောင်းခြင်းထက်ဝက်ဟာ သူ့ပါဖောမင့်န်ကြောင့်ဆိုတာကို ငြင်းလို့ရမယ်မထင်ဘူး။ Father of the Milky Way Railroad မှာတော့ လုံးဝကွဲပြားတဲ့ ကာရိုက်တာတစ်ခုနဲ့ ရုပ်ရှင်ကို သူအသက်သွင်းပေးထားခဲ့တယ်။ သူ့ရုပ်ရှင်တွေ ဆယ်ဂဏန်းကျော်ကြည့်ပြီးပေမဲ့ Father of the Milky Way Railroad ထဲက ခိုဂျိရဲ့ ကာရိုက်တာဟာ သူ့ကိုမြင်နေကျ ကာရိုက်တာတွေထက် တော်တော်ကွဲပြားတယ်ပြောရပါမယ်။ ဒီရုပ်ရှင်အတွက်တော့ မတရားပေမဲ့ ဒီရုပ်ရှင်ရဲ့ကောင်းခြင်းထက်ဝက်ဟာလည်း သူ့ကြောင့်ဆိုတာကို ငြင်းမရပြန်ဘူး။ နောက် ဒီကားရဲ့ ဒုတိယဇာတ်ဆောင်မင်းသားကတော့ မထွက်သေးပေမဲ့ ၂၀၂၃ရဲ့အကောင်းဆုံး အန်နီမေးရှင်းလို့ သမုတ်နေကြတဲ့ Hayao Miyazaki ရဲ့ The Boy and the Heron ထဲ The Grey Heron အဖြစ် အသံသရုပ်ဆောင်ထားတဲ့ Masaki Suda ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ထက်ပိုကြမ်းတာက သူ့ညီမအဖြစ်သရုပ်ဆောင်တဲ့ Nana Mori ပါပဲ။ ဒါပေမဲ့ ဒီထဲက ဇာတ်ရုပ်ဟာ သူသရုပ်ဆောင်နေကျ ဇာတ်ကောင်ပုံစံမျိုးပဲဆိုတော့ သိပ်ပြီးတော့ ထူးထူးကဲကဲတော့ မဖြစ်မနေဘူး။ နာနာမိုရိကို ရှန်းဂျီအီဝေရဲ့ အညံ့ဆုံးပေမဲ့ သူ့ကျန်တဲ့ရုပ်ရှင်တွေအတိုင်း ဒီကမ္ဘာကြီးထက်လှပနေဆဲဖြစ်တဲ့ Last Letter နဲ့ Kore-eda ရဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ The Makanai: Cooking for the Maiko House တို့မှာ သေချာမြင်နိုင်တယ်။ ဆိုတော့ သရုပ်ဆောင်တွေကတော့ အကောင်းဆုံးပဲလို့တောင် ပြောလို့ရတယ်။ ဇာတ်လမ်းကတော့ ဘိုင်အိုဂရပ်ဖီဇာတ်။ ဂျပန်စာရေးဆရာ ကဗျာဆရာ မီယာဇာဝခန်းဂျီရဲ့ အကြောင်းကို အခြေခံထားတယ်။ သူ့အကြောင်းဆိုတာထက် သူ့အဖေအကြောင်းလို့ပြောရမယ်။ ဒါကြောင့်လည်း နာမည်ကိုက ကြယ်စင်စုရထားလမ်းရဲ့အဖေ ဖြစ်နေတာ။ ကြယ်စင်စုရထားလမ်းဆိုတာ ခန်းဂျီရေးခဲ့တဲ့ စာအုပ်နာမည်။ ဒါကြောင့်ပဲ ခိုဂျိရဲ့ ဇာတ်ကောင်က အဓိကဇာတ်ကောင်ဖြစ်သွားတာ။ ဒီကားရဲ့ ဇာတ်က ဘာမှအဆန်းတကြယ်တော့မဟုတ်ဘူး။ ခိုဂျိတို့မိသားစုက မျိုးရိုးစဉ်ဆက် အပေါင်ဆိုင်ဖွင့်လာတဲ့ မိသားစု။ ရွာသူဌေးတွေ။ အဲဒီဘက်ခေတ်က ဂျပန်တွေကလည်း တရုတ်တွေလိုပဲ သားယောက်ျားလေးက မိသားစုအတွက် အရေးအကြီးဆုံးဖြစ်ခဲ့တယ်။ သားဦးယောက်ျားလေးဆို အသေချစ်ကြတယ်။ ခိုဂျိကတော့ သူ့သားဦးလေးကို အများကြီး အချစ်ပိုခဲ့တယ်။ ဖြစ်လည်းဖြစ်မြောက်စေချင်ခဲ့တယ်။ ခေတ်ဟောင်းက သူ့အဖေကတော့ အပေါင်ဆိုင်ဖွင့်မယ့်လူဆိုတာ မူလတန်းပညာလောက်တတ်ရင်ရပြီဆိုပြီး သူ့ကို မူလတန်းအထိပဲကျောင်းထားပေးခဲ့တယ်။ သူ့သားအလှည့်ကျတော့ ခေတ်သစ်ရဲ့အဖေတစ်ယောက်ဖြစ်တဲ့ သူက ဒီထက်ပိုထားပေးခဲ့တယ်။ သူ့သားကတော့ သနားတတ်တဲ့လူဖြစ်လို့ သူ့တို့လုပ်ငန်းအပေါင်ဆိုင်ကိုလည်း အမွေမယူချင်၊ မြို့မှာကျောင်းတက်လို့ အမြင်ကျယ်လာပေမဲ့ သူဘာဖြစ်ချင်လဲ သူမသိဘဲ ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက် ကျရှုံးလိုက် ကောင်လေးပေါ့။ ဒါပေမဲ့ ခိုဂျိက သူ့သားကိုသိပ်ချစ်တော့ ခဏခဏကျရှုံးနေတဲ့ သူ့သားကို အမြဲလိုအားပေးခဲ့တယ်။ သူ့သား သူ့ကိုယ်သူမယုံတဲ့အချိန်တွေမှာတောင် သူက သူ့သားကို ယုံပေးခဲ့တယ်။ သူ့အဖေရဲ့ ယုံကြည်မှု သူ့ညီမကို ချစ်တဲ့စိတ်တွေကနေ မီယာဇာဝခန်းဂျီဆိုတဲ့ စာရေးဆရာတစ်ယောက်ဖြစ်လာပုံကို ပြထားတယ်။ မီယာဇာဝခန်းဂျီဟာ အနုပညာသမားအများစုလိုဘဲ သေပြီးမှ တန်ဖိုးထားခံရတဲ့ အနုပညာသမားတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း သူကံကောင်းခဲ့ပါတယ်။ ဗန်ဂိုးအတွက် သီအိုရှိခဲ့သလို ခန်းဂျီအတွက်လည်း သူ့အဖေရှိခဲ့တယ်။ ရှိခဲ့တယ်ဆိုတာထက်တောင် ပိုပါလိမ့်မယ်။ မိသားစုဒရာမာကားတွေမှာ သဘောကျချင်စရာကောင်းတဲ့တစ်ချက်က ကျွန်တော်တို့မှာရှိသည်ဖြစ်ဖြစ် မရှိသည်ဖြစ်ဖြစ် ချစ်ခြင်းဆိုတာကို ခံစားမိအောင်လုပ်ပေးနိုင်တာပဲဖြစ်လိမ့်မယ်။ အပိုင်းပေါင်းများစွာနဲ့ ရှည်လျားလှတဲ့ မိသားစုဒရာမာတွေပဲဖြစ်ဖြစ် တစ်နာရီခွဲ နှစ်နာရီပဲကြာတဲ့ မိသားစုဒရာမာတွေပဲဖြစ်ဖြစ် ဒီဂုဏ်ဒြပ်တော့အမြဲရှိနေကြတယ်။ “ကြယ်စင်စုရထားလမ်းရဲ့အဖေ” ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲမေးလာရင်တော့ လမ်းပျောက်ခဲ့တဲ့သားတစ်ယောက်ကို အခါခါယုံကြည်ပေးခဲ့တဲ့ ဖခင်တစ်ယောက်အကြောင်းလို့ပဲ ပြောရလိမ့်မယ်။ ဝမ်းနည်းစရာတွေကို အလှပဆုံးတင်ဆက်နိုင်တာဟာ အနုပညာရဲ့ ဂုဏ်ဒြပ်တစ်ခုပေါ့။ အနုပညာဟာ ဝမ်းနည်းစရာတွေကို ရယ်မောရအောင် တင်ဆက်နိုင်သလို ဝမ်းနည်းစရာတွေကို ပီတိဖြာရအောင်လည်း တင်ဆက်နိုင်တယ်။ ဒီရုပ်ရှင်ကတော့ ဒုတိယအမျိုးအစားပေါ့။ ကြယ်စင်စုရထားလမ်းမှာ မျက်ရည်တွေ ကြယ်စင်လို လှပနေခဲ့တယ်။ ~~~~~~~~~~~~~~~~~~~~ ပြန်မလာ အငြိမ့် အငြိမ့်ရှိတယ် လူပြက်ကြီးက ပြောတယ် ငါ့ဘကြီး သေတော့ကွာ ပြန်မလာတော့ဘူး ငါက ပြန်လာဦးမယ် မှတ်နေတာ ဪ တစ်နေ့၊ တစ်နေ့ အဖေ၊ အမေတွေ ချစ်တဲ့သူတွေ ငါက ပြန်လာဦးမယ် မှတ်နေတာ ~ သုခမိန်လှိုင် (အငြိမ့် – ၂၀၀၈) ~~~~~~~~~~~~~~~~~~~~ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 930MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 2H 8Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.3 2023 128 mins
Father of the Milky Way Railroad
Look Back
8.1

Look Back (2024) ~ IMDb – 8.1/10, RT – 100%, MyAnimeList – 8.8/10, Meta – 87% ~ “Chainsaw Man” ရဲ့ Manga Artist ဖြစ်သူ Tatsuki Fujimoto ရေးဆွဲထားပြီး Anime Movie အဖြစ် ထွက်လာခဲ့တဲ့ “Look Back” ကို တင်ဆက်ပေးလိုက်ပါတယ်။ မူလတန်းကျောင်းသူ အာယူမူဖူဂျီနို (Ayumu Fujino) ဟာ ကျောင်းတွင်းသတင်းစာမှာ တစ်မျက်နှာလေးကွက်မန်းဂလို့ခေါ်တဲ့ Yonkoma ကိုရေးဆွဲလေ့ရှိသူပါ။ သူ့သူငယ်ချင်းတွေကလည်း သူ့လက်ရာတွေကိုချီးကျူးကြပြီး မန်းဂဆရာ (Manga Artist) လုပ်သင့်တယ်လို့အကြံပေးကြတယ်။ တစ်နေ့ ကျောင်းလာမတက်ဘဲ အိမ်တွင်းပုန်းဖြစ်သူ ကရိုမိုတို (Kyomoto) ဆိုတဲ့ ကျောင်းသူတစ်ယောက်ရဲ့ Yonkoma က သူ့ Yonkoma နဲ့ယှဉ်ပြီးပါလာလို့ ကရိုမိုတိုရဲ့လက်ရာကအများကြီးပိုသာနေတာကို တွေ့လိုက်ရတယ်။ ဖူဂျီနိုလည်း မနာလိုစိတ်ဝင်သွားပြီး သူ့ထက်သာအောင်လုပ်မယ်ဆိုပြီး မန်းဂဆွဲတဲ့ဘက်ကို ဇောက်ချလုပ်ပေမဲ့လည်း မူလတန်းဆဋ္ဌမနှစ်ရောက်တဲ့အထိ သူဘယ်လိုပဲကြိုးစားကြိုးစား ကရိုမိုတိုရဲ့လက်ရာကို မမီမှန်းသိလိုက်ရတော့ လမ်းခုလပ်မှာ မန်းဂဆွဲတာကိုရပ်လိုက်တော့တယ်။ အဲဒီလိုနဲ့ မူလတန်းကျောင်းပြီးသွားတဲ့အချိန်ရောက်တော့ ဖူဂျီနိုတစ်ယောက် ကရိုမိုတိုရဲ့မူလတန်းအောင်လက်မှတ်ကို ဆရာဖြစ်သူခိုင်းလို့ သွားပေးရတဲ့နေ့ကစပြီး သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်သွားမလား ဆိုးဝါးတဲ့ဆက်ဆံရေးဖြစ်သွားမလဲဆိုတာ ပိတ်ကားထက်မှာ ဆက်လက်ရှုစားလိုက်ပါခင်ဗျာ။ “Look Back” Manga ကို ၂၀၂၁ ခုနှစ်မှာ Tatsuki Fujimoto က ရေးဆွဲပြီး Shuheisha ရဲ့ Shonen Jump+ မှာ One-Shot Manga (တစ်ထိုင်တည်းဖတ် သို့ တစ်အုပ်တည်းအပြီးမန်းဂ) အဖြစ်ထုတ်ဝေခဲ့ပါတယ်။ Studio Durian ကနေထုတ်လုပ်ပြီး Kiyotaka Oshiyama (Chainsaw Man, Devilman Crybaby) တာဝန်ယူရိုက်ကူးထားတဲ့ “Look Back” Anime Movie ကိုတော့ ဒီနှစ် ဇွန်လမှာရုံတင်ခဲ့ပြီးနောက် ဒီလအတွင်းမှာ Amazon Prime Video ကနေ ပြသခဲ့ပါတယ်။ Look Back ကို Manga ရော Movie ရော ဖတ်ပြီး ကြည့်ပြီးသူအနေနဲ့ အမြင်ကိုပြောပြပါဆိုရင်တော့… Fujimoto-sensei ရဲ့လက်ရာကို ဖတ်ဖူးသူတွေ သိကြမှာပါ။ အပြောထက် အပြကိုဉီးစားပေးလေ့ရှိပါတယ်။ ဒီ Look Back မှာလည်း အပြောနည်းနည်း အပြများများနဲ့ ဇာတ်လမ်းကိုတည်ဆောက်သွားခဲ့တာပါ။ အဲဒါကို ဒါရိုက်တာက Manga ထဲက Panel တွေအတိုင်း တစ်ကွက်ချင်းစီ ပိုင်ပိုင်နိုင်နိုင် လှလှပပ Adapt လုပ်ပြသွားတာက ချီးကျူးစရာကောင်းပါတယ်။ နောက်ပြီး တစ်ကားလုံးမှာ ရုပ်ရှင်အနုပညာ (Hollywood, Manga, Anime) နဲ့ဆိုင်တဲ့ Reference တွေကို မသိမသာရော သိသိသာသာရော ဖော်ပြထားတာမို့လို့ Easter Egg ရှာသလို ရှာကြည့်လိုက်ပါ။ ဒီ Look Back ထဲက Shark Kick ဆိုတာ Chainsaw Man ကို အစအဆုံး Reference လုပ်ထားတာပါ (ကြည့်ရင်သိပါလိမ့်မယ်)။ Look Back ဇာတ်လမ်းတည်ထားတဲ့ခုနှစ်က Movie ထဲမှာမပါပေမဲ့ Manga ထဲမှာတော့ ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ် ဆိုပြီး ဖော်ပြထားပါတယ်။ Look Back က စာရေးသူအတွက်တော့ မျှော်လင့်ထားတာနဲ့ကွက်တိဖြစ်သွားပြီး အကြိုက်တွေ့မိခဲ့လို့ Fujimoto-sensei ရဲ့ နောက်ထပ် One-Shot Manga တွေဖြစ်တဲ့ Goodbye, Eri (2022) နဲ့ Just Listen to the Song (2022) ကို Anime Movie အဖြစ် ကြည့်ချင်သွားပါပြီ။ Anime ကို ခဏလေးနဲ့လည်းမကြည့်ချင်ဘူး၊ အကြာကြီးလည်းမကြည့်ချင်ဘူး၊ စိတ်ဝင်စားစရာလည်းကောင်းရမယ်၊ ခေါင်းမစားတစားလည်းဖြစ်ချင်တယ်၊ ခံစားချက်တစ်ခုခုလည်းရသွားချင်တယ်ဆိုရင် ဒီ ၅၈ မိနစ်စာရှိတဲ့ Look Back ကကွက်တိပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 830MB, 400MB Quality -1080p, 720p IMDb Rating – 8.1/10 Format – mp4 Duration – 58Min Genre – Anime, Coming-of-Age, Hand-Drawn Animation, Shōnen, Animation, Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Animation • Adventure • Family • Fantasy
8.1 2024 58 mins
Look Back
The Past

The Past (2018) “အတိတ်တစ္ဆေ” ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် အကြည့်နဲ့တင်ဖျားသွားမဲ့‌ ဟော်ရာ-ဒရာမာ ဇာတ်လမ်း‌တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဆင်မ်ရန်ဟာ အမြဲအလုပ်ကိုပဲအာရုံစိုက်နေတတ်တဲ့ စာရေးဆရာမတစ်ယောက်ပါ။ သူ့မှာ အာလီယာဆိုတဲ့ ညီမ‌လေးတစ်ယောက်ရှိပါတယ်။ တစ်‌နေ့တော့ သူ့ညီမလေးပူဆာတာကြောင့် ညီအစ်မနှစ်ရက်အလည်ခရီးထွက်ဖို စီစဉ်ရာက လိုနာဗလာဆိုတဲ့ တောင်ပေါ်မြိုလေးကို သွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။ ထုတ်‌ဝေသူယူဗရာ့ဂ်ျစီစဉ်ပေးမှုနဲ့ အဲဒီမြိုလေးက ယူဗရာ့ဂ်ျရဲ့ဘန်ဂလိုမှာ ဆင်မ်ရန်တိုညီအစ်မ အပန်းဖြေအနားယူရဖို ဖြစ်လာပါတယ်။ ဘန်ဂလိုနဲ့ရှုခင်းအလှအပတွေကြောင့် ညီမနှစ်ယောက်လုံး ရောက်ခါစမှာ အပျော်ကြီးပျော်နေခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီအပျော်ဟာတာရှည်မခံခဲ့ပါဘူး။ ဘာလိုလဲဆိုရင် အဲဒီဘန်ဂလိုမှာ စွဲကပ်နေတဲ့ဝိညာဉ်က စတင်ခြောက်လှန့်လာတာကြောင့်ပါပဲ။ ဆင်မ်မရန်လည်း မူမမှန်တာတွေ စဖြစ်လာပြီး တဖြည်းဖြည်းနဲ့ အခြေအနေပိုဆိုးလာခဲ့ပါတယ်။ နောက်ပိုင်းမှာ အစွဲကြီးလွန်းတဲ့ဘန်ဂလိုသရဲမက ဆင်မ်ရန်ရဲ့ခန္ဓာကိုယ်ကို အပိုင်သိမ်းဖိုအထိ ဖြစ်လာတဲ့အခါ…။ ဆင်မ်ရန်တိုညီမ အစွဲကြီးရဲ့သရဲမအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ရမလဲ၊ အဲဒီလိုအစွဲကြီးရတဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိနေမလဲဆိုတာ အမြင်ရောအကြားနဲ့ပါ သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~V~KKKZ ပါ။)

Crime • Drama • Thriller
0 2018 120 mins
The Past