YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

invincible.2021.s00e01.presenting.atom.eve.special.episode.720p.web.h264-nhtfs(CM).mp4

338.91 MB N/A video/mp4 524 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hello.. Meera..!

Hello Meera (2023) IMDb 8.4/10 Survival Movie ကြိုက်သူတွေ သဘောကျကြမှာပါ။ Survival Movie တွေထဲမှာ ကျွန်တော် သဘောကျမိတာ မနှစ်ကမှ ထွက်တဲ့ Fall(2022)မှာ မိန်းကလေးနှစ်ယောက် တာဝါပေါ်မှာ ဒုက္ခတွေရောက်ကြတာလေ။ နောက်ပြီး The Swallows(2016) ပင်လယ်ထဲမှာ ငါးမန်းတကောင်နဲ့ ဗျာများရတဲ့ စော်လေးလေ။ ကျွန်တော်က FA မို့လားမသိ ရုပ်ရှင်တွေထဲ စော်ခပ်လန်းလန်းလေးတွေ ဒုက္ခရောက်တာ မြင်နေရရင် ရင်တမမနဲ့ ကြည့်ရတာ သဘောတွေကိုကျနေရော။နောက်ဆုံးမှာတော့ အဆင်ပြေစေချင်တဲ့စိတ်လေးလည်း ရှိပါတယ်လေ။ အခုတင်ဆက်ပေးမဲ့ ဒီဇာတ်လမ်းလေးထဲမှာလည်း ကောင်မလေးတယောက် ဘယ်လိုတွေ ဒုက္ခရောက်မလဲ ကြုံလာတဲ့ ဒုက္ခကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပါ။ ဇာတ်လမ်းအကျဉ်း မီရာဆိုတဲ့ ကောင်မလေးက မင်္ဂလာဆောင်ဖို့ ရက်ပိုင်းပဲလိုတော့တယ်။ သူ့မင်္ဂလာဆောင်အတွက် သတို့သမီးဝတ်စုံ သွားယူဖို့ တယောက်တည်း ကားတစီးနဲ့ သွားတဲ့အချိန်မှာ သူ့ရဲ့ EX ပေါ့ (EX ဆိုတာ ကောင်းကျိုးပေးတတ်တဲ့ အမျိုးမဟုတ်ဘူးလေ)။ အဲဒီ EX က Suicide လုပ်ပါရော၊ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်တဲ့ လူသေမှုကို လူသေစေမှုအဖြစ် မီရာ့အပေါ် ရဲဌာနက သံသယဝင်လာတဲ့ အခါမှာ၊သံသယဝင်ရအောင်လည်း EXကြီးက ဖန်တီးခဲ့လေတော့ မီရာတယောက် အဲဒီအမှုကို ဖြေရှင်းနိုင်မှာလား မင်္ဂလာပွဲကို ဆက်ပြီးကျင်းပနိုင်မှာလားဆိုတာ Hello Meera ဆိုတဲ့ နာမည်နဲ့ လိုက်အောင် ဖုန်းတလုံးနဲ့ ဘယ်လိုတွေ ဖြေရှင်းပြီး သူ့ဘ၀အတွက် ရင်ဆိုင်‌‌ဖြေရှင်းရပုံကို မျက်တောင်မခတ်စတမ်း ကြည့်ရှုရမှာပါ။ (အညွှန်းနှင့် ဘာသာပြန်သူတွေသူ‌ကတော့Zwe,chiclon3,BpL,Yunni,Thaik San တို့ပဲ ဖြစ်ပါတယ်) File size…1.24GB/ 522MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe~chiclon3~BpL~Yunni~Thaik San

Comedy • Romance • TV Movie
0 2023 93 mins
Hello.. Meera..!
I’ll Be Watching

သင့်ကို လူတစ်ယောက်ကအမြဲစောင့်ကြည့်နေတယ်လို့ တွေးမိကြဖူးလား??? အဲ့လိုသာဆို တကယ်ကျောချမ်းစရာကြီးပါ။ အဲ့လိုလူတွေကို လိုက်ချောင်းတတ်တဲ့ကောင်လေး ဇူဇူတောင် လျော်ကြေးတွေတော်တော်ပေးလိုက်ရပါသေးတယ်။ ကျွန်တော်တို့ မဖတ်ဘဲ ကျော်ကျော်သွားတဲ့ Privacy and Terms တွေလိုပေါ့ ဟိုက ကိုယ့်ရဲ့ Gallery Contacts Folder ကိုဝင်ခွင့်ရသွားတာမျိုးပေါ့။ ခုနောက်ပိုင်း AI တွေကလဲပိုဆိုးလာကြပါပြီ> တွေးတောဆင်ဉာဏ်ကိုပါ လုပ်ဆောင်နိုင်ဖို့ နီးစပ်လာနေပါပြီ။ အီလွန်မက်ကြီးပြောသလိုပေါ့ AI တွေက Nuke တွေထက်ပိုကြောက်ဖို့ကောင်းတယ်ဆိုတာလေ။ ခုလဲ ၂၀၂၃ ထွက် Thriller အမျိုးအစား I'll be Watching ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း အကျဉ်းလေးကတော့ မားကပ်စ်နဲ့ ဂျုလီဆိုတဲ့ လင်မယားစုံတွဲ တစ်တွဲရှိပါတယ်။ ယောကျာ်းကတော့ အိုင်တီပညာရှင်ပေါ့ မိန်းမက နာမည်ကြီးပန်းချီဆရာမ သူတို့ဘဝကြီးက အရာရာအေးချမ်းနေခဲ့တာ။ တစ်နေ့ သူ့တို့အိမ်ထဲ ဖောက်ဝင်လာသူက သူ့အစ်မကို သတ်သွားရာကလေ Truama တွေရပြီး မြို့နဲ့ဝေးတဲ့ ဆိတ်ငြိမ်ရပ်ကွက်ကို ပြောင်းသွားကြပါတယ်။ သူ့မိန်းမကို စိတ်မချလို့ဆိုပြီး ယောကျာ်းဖြစ်သူက သူကိုယ်တိုင်ထွင်ထားတဲ့ AI နဲ့ အိမ်ရဲ့လုံခြုံရေးစနစ်တွေကို သေချာအောင်လုပ်ထားတာပေါ့။ ဒါပေမဲ့ အိမ်ကိုဖောက်ဝင်လာသူကလဲ မြင့်လှပါတဲ့ လုံခြုံရေးစနစ်ကို ကျော်ပြီး ဝင်လာပါတယ်။ ဒီအိမ်ဖောက်တဲ့သူက ဘယ်သူလဲ ဘာအတွက်လဲ ဘာကြောင့်လဲ။ သူ ဘယ်လို လုံခြုံရေးစနစ် ကိုကျော်ဝင်လာလဲဆိုတာ မထင်မှတ်ထားတဲ့ ဇာတ်ကွက် မြုပ်ကွက်တွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Sci-fi. Thriller Quality…. 1080p | 720p | 480p File size… 1.1GB | 518MB | 263MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Drama
0 2023 90 mins
I’ll Be Watching
New Kung Fu Cult Master 2
4.5

"နဂါးနိုင်ဓါးဦးထိပ်ထား တိမ်လွှာဓါးရှင်မပေါ်လျှင် မည်သူအံတုနိုင်မည်နည်း။ " လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကို ကျွန်တော်တို့ပြန်သွားကြရအောင်။ ဒီတစ်ခါတော့ Remake တွေခဏခဏရိုက်တဲ့ ဇာတ်လမ်းတွဲထဲကထွက်ပြီး နှစ်ပိုင်းလောက်နဲ့ပြီးမယ့် နဂါးနိုင်ဓား Version အသစ်လေးကို မြည်းစမ်းကြည့်ရမှာပါ။ ပထမဆုံးပြောချင်တာက Series မဟုတ်ပဲ Movie Version ဖြစ်တဲ့အတွက် တစ်ချို့ဇာတ်ကောင်တွေ ဇာတ်ကွက်တွေ မပါတော့ပဲ အရာရာကို ပေါ့ပေါ့ပါးပါး ပြသွားပြီး ဇာတ်လမ်း၀င်အောင်ရိုက်တာပါ။ ဒုတိယအချက်ကတော့ CGI တွေအများကြီး ချောမောလှပတဲ့မင်းသားလေး လေပေါ်ဝဲနေတာမျိုးမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မုဒ်မျိုးပြန်ပေးတဲ့တစ်ချက်ပါ။ တတိယကတော့ ကျန်းစမ်းဖုန်း ကိုယ်တော် ဒိုနီရမ်း ပါပဲ။ ဒီတော့များသောအားဖြင့် နဂါးနိုင်ဓါးခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းမို့ ဇာတ်လမ်းတွဲမဟုတ်တဲ့ ခပ်သွက်သွက်ဇာတ်လမ်းလေးကို ခံစားပြီး အတိတ်ကိုပြန်လွမ်းကြရအောင်လားဗျာ။ အညွှန်း Lwin Htoo Aung Translator   Jo Jo VA , Yunn Myat Noe Khaing, SST Genre.....Action , Fantasy Quality….WEB-DL 1080p and 720p and 360P File size…1.9GB and 1.1GB and 312MB Format…mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hardsub) Translator ..... Nu Mon, JoJoVa, SST Encoder ..... August

Crime • Drama
4.5 2022 113 mins
New Kung Fu Cult Master 2
Invisible Tattoo
1

Invisible.Tattoo.2022 လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... နိုင်ငံရေးတွေအကြား အသုံးချခံခဲ့ရတဲ့ တက်တူးထိုးဆရာတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးပါ.... သိုင်းလောကသားတွေ သိကြမှာပါ မင်းသားကြီး Vincent Zhaoရဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်လမ်းနဲ့ သရုပ်ဆောင်ကွက်တွေအပြင် ကိုယ်ခံပညာအသားပေးပြီး ဘယ်လို ပြောင်မြောက်တဲ့တိုက်ကွက်တွေကို တင်ဆက်ထားမယ်ဆိုတာ ခန့်မှန်းနိုင်မှာပါ.... ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ဒေသခံအုပ်စုဖွဲ့လှုပ်ရှားမှုတွေပေါ်လာတဲ့ခေတ်ကိုနောက်ခံထားပြီးရိုက်ထားတာပါ။ ချင်လုံလှုပ်ရှားရေးအဖွဲ့ နာမည်ကြီးလာချိန်မှာ တက်တူးဆရာ အားချန်ကလည်း အဖွဲ့တွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်.... ဒီလိုပဲ လော့အရာရှီကလည် ရဲတပ်ဖွဲ့အရာရှိကျင့်ဝတ်နဲ့ ဆန့်ကျင်ပြီး ချင်လုံ အဖွဲ့ထဲ ပါဝင်နေသူဖြစ်ခဲ့တယ်.... ဒီလို အစိုးရရဲတပ်ဖွဲ့နဲ့ ချန်လုံလှုပ်ရှားမှုအဖွဲ့တွေ ယှဉ်ပြိုင်မှုကြားထဲ ဂျပန်တွေပါ ဝင်ရောက်လာခဲ့တယ်... ဂျပန်သံအမတ် အားချန်ဆီရောက်လာချိန်က စပြီး ချန်လုံအဖွဲ့ဝင်တစ်ယောက်ပြီးတစ်ယောက်သေဆုံးခဲ့တယ်... သေဆုံးချိန်နဲ့ သေဆုံးတဲ့နေရာတိုင်းကလည်း အားချန်နဲ့ ပတ်သက်နေတာကြောင့် အားချန်သတ်တာလို့ တစ်ဖွဲ့လုံးကတစ်ထစ်ချထင်နေသလို သူမဟုတ်ကြောင်းလည်း သက်သေမပြနိုင်ခဲ့ပါဘူး.... ဇာတ်လမ်းအဆုံးမှာတော့ အားချန်က ဂျပန်သံအမတ်ရဲ့ အသုံးချခံလား ချန်လုံအဖွဲ့ရဲ့ အသုံးချခံဖြစ်ခဲ့တာလားဆိုတာ အံ့အားသင့်စွာ မြင်တွေ့ရမှာမို့ ဒီဇာတ်လမ်းလေးကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်.... Quality : WEB-DL 1080p Format : mp4 Genres : Drama , Action Duration : 1h 44min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu Chu Encoded by LK

Action • Drama • History • War
1 2022 104 mins
Invisible Tattoo
Lower City
6.5

Lower City (2005) ============== IMDb Rating – 6.5/10 ဒယ်ဒင်ဟိုနဲ့ဒီကိုဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ထဲက ခင်လာကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပဲဖြစ်ပါတယ်။ တစ်ယောက် ကကြက်တိုက်ရတာကြိုက်ပြီး တစ်ယောက်က လက်ဝှေ့ထိုးပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်စပ်တူပိုင်တဲ့လှေပေါ်မှာပဲ ရရာအလုပ် လေးလုပ်ပြီး အတူနေလေ့ရှိပြီး မိန်းမတစ်ယောက်ကိုတောင် နှစ်ယောက် မျှကြတဲ့ ညီအကိုတွေလိုခင်ကြပါတယ်။ တစ်နေ့မှာတော့ ကရီနာဆိုတဲ့ ညည့်ငှက်ကလေးနဲ့ နှစ်ယောက်သားစုံ ကြပြီး ခါတိုင်းလိုမျှဝေကြရာကနေ ညီအကိုလိုခင်တဲ့သူငယ်ချင်းတွေမှာ ညည့်ငှက်ကလေးကို ကြိုက်မိကုန်ကြပြီး သူငယ်ချင်းနှစ်ယောက်လုကြရင်း ဘယ်သူနဲ့နောက်ဆုံးမှာ ရသွားမလဲဆိုတဲ့ ဇာတ်ကြောင်းလေးကို ဇာတ် အိမ်တည်ထားတာပါ။ ဘယ်လောက်ပဲခင်ခင် ညီအကိုတွေထပ်ပိုရင်းနီး နေပါစေ မိန်းကလေးတစ်ယောက်နဲ့ပတ်သတ်လာတဲ့အခါ အခုလိုရန်သူ တွေပါဖြစ်နိုင်တယ်ဆိုတဲ့ message လေးကိုပေးထားတာမို့ အားလုံး ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ (အဖော်အချွတ်အခန်းတွေပါတာမို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ momo ဖြစ်ပါတယ်) File Size……….(2.17 GB) / (846 MB) / (529 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 38Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….momo Encoder……….SWM

6.5 2005
Lower City
The Silence
7

၂၀၁၀ တုန်းကထွက်ရှိထားတဲ့ Das Letzte Schweigen (The Silence) ရုပ်ရှင်ဟာ IMDB 7.0 ရရှိထားတဲ့ ဂျာမန်စကားပြော Crime, Drama, Thriller အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျာမဏီရုပ်ရှင်ဒါရိုက်တာ ဆုတစ်ခု ဆွတ်ခူးထားပြီး အခြားရုပ်ရှင်ဆုလေးဆု ဆန်ခါတင်စာရင်းဝင်ထားပါတယ်။ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ပီယာဟာ လယ်ကွင်းထဲမှာအသတ်ခံလိုက်ရပေမယ့် တရားခံလက်သည်မပေါ်ခဲ့ပါဘူး။ ပီယာအသတ်ခံရပြီး ၂၃ နှစ်တိတိကြာတဲ့အခါ အဲဒီရက်စွဲမှာပဲ နောက်ထပ် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး မူလအခင်းဖြစ်ပွားရာနေရာမှာပဲ တစ်ပုံစံတည်း ပျောက်ဆုံးသွားပါတော့တယ်။ အခင်းဖြစ်ပွားမှုတစ်ပုံစံတည်း တူနေပြီး ရက်စွဲကအစ ၂၃ နှစ်ခြားပြီးတစ်ရက်တည်းဖြစ်နေတာကြောင့် ရဲတပ်ဖွဲ့ဟာ တရားခံတစ်ဦးတည်းဖြစ်ရမယ်လို့ တထစ်ချမှတ်ယူပြီး ရေဆုံးမြေဆုံး လိုက်လံစစ်ဆေးပါတော့တယ်။ ပထမမှုခင်းတုန်းက မတွေ့ခဲ့တဲ့ သဲလွန်စတွေဟာ ဒုတိယမှုခင်းဖြစ်တဲ့အချိန်မှာ တဖြည်းဖြည်း ပေါ်လွင်လာပြီး ကျူးလွန်သူကိုမိလုမိခင် အနေအထားရောက်ရှိလာတဲ့အခါ ဇာတ်လမ်းဟာတစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတော့တယ်။ ဆယ်ကျော်သက်လူသတ်မှုကျူးလွန်သူဟာ ဘာကြောင့် ၂၃ နှစ်ခြားပြီး တစ်ရက်တည်းမှာ လူသတ်မှုနှစ်ကြိမ်ကျူးလွန်ခဲ့ရသလဲ.. ဘာကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေကိုမှ ရွေးပြီးသတ်ရတာလဲ မှုခင်းနှစ်ခုကို တစ်ပုံစံတည်း တစ်နေရာတည်းမှာ ကျူးလွန်ခြင်းအားဖြင့် တရားခံကိုဖမ်းမိနိုင်ချေပိုများလာတာ သိလျက်နဲ့ ဘာလို့ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာလဲဆိုတာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ File size…2.26 GB/ 1.02 GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

Thriller • Drama
7 2010
The Silence
Above the Shadows
6.1

Holly ဆိုတဲ့ကောင်မလေးဟာ မိသားစုတစ်စုက အလတ်မလေးပေါ့..တစ်အိမ်လုံးနဲ့သူနဲ့က အကြောမတည့်ပေမယ့် အမေဖြစ်သူနဲ့တော့ အတော်လေးရင်းနှီးရှာတယ် တစ်နေ့အမေဖြစ်သူ ဆုံးသွားအပြီးမှာ သူမဘဝရုတ်ချည်းပြောင်းလဲခဲ့တယ်… ဖြစ်ပုံကတော့ တစ်မနက်ခင်းနိုးထလာတဲ့အချိန်မှာ သူမဟာကိုယ်ပျောက်သွားတာပါ.. ဒီလိုနဲ့ရှင်သန်လာရင်း တစ်နေ့မှာ သူ့ကိုမြင်နိုင်တဲ့ တစ်ဦးတည်းသောယောကျာ်း Shayne နဲ့တွေ့ဆုံခဲ့ပါတယ်.. Shayne ဟာလည်းတစ်ချိန်က လက်ဝှေ့ချန်ပီယံ ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့အမေ့ခံဖြစ်နေပါပြီ ဒီလိုမျိုး အကူအညီလိုနေကြတဲ့နှစ်ယောက်သားတွေ့ ကြချိန်မှာ တစ်ဦးကိုယ်တစ်ဦးဘယ်လိုကူညီကြမလဲဆိုတာ… File size…1.6GB / 754MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre …..Drama , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric

Thriller • Mystery • Science Fiction
6.1 2019
Above the Shadows
Three Dates to Forever

Online Dating ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ရှားပါသေးတယ်။ Tinder လို app ဟာ အောင်မြင်နေခဲ့တာ ကြာပါပြီ။ ရည်ရွယ်ချက်က ဖူးစာရှင် ရှာတွေ့နိုင်ဖို့ online ပေါ်ကနေ ရှာဖွေကြတာပါ။ ဒီဇာတ်ကားကလည်း dating scene တွေအပေါ် မှီတည်ပြီးရိုက်ပြထားတာပါ။ ရေဒီယို ကြေညာသူ မက်ဒီက online dating လုပ်ဖို့ မပြောနဲ့ အလုပ်တွေထဲမှာသာ အာရုံအပြည့်ထည့်ထားသူ တစ်ယောက်ပါ။ Application အသစ်တစ်ခုဖြစ်တဲ့ Tripledate က သုံးကြိမ် ချိန်းဆိုပြီးတာနဲ့ ဖူးစာရှင် အစစ်ကိုတွေ့နိုင်မယ် မဟုတ်ရင် ငွေပြန်အမ်းမယ်လို့ ရဲရဲဝံ့ဝံ့ အာမခံပေးပြီး online dating scene ထဲ ဝင်လာဖို့ ကြိုးစားနေပါတယ်။ Online dating ကို အယုံအကြည်မရှိတဲ့ မက်ဒီကလဲ ဒီ app ကို အလိမ်အညာဆိုပြီး ရေဒီယိုကနေ လှော်ပါတော့တယ်။ App ရဲ့ ဖန်တီးသူ ဂျွန်က မယုံကြည်ရင် ကိုယ်တိုင်စမ်းကြည့်လိုက်ပါလို့ စတူဒီယိုထိ လာပြီးစိန်ခေါ်ပါတော့တယ်။ App ကရော တကယ် အစစ်အမှန်လား။ စိန်ခေါ်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ သူတို့ကရော တကယ်ပဲ ဖူးစာရှင်နဲ့ တွေ့နိုင်ကြပါ့မလားဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။ File size…(923 MB) Quality…. 720p Format…mp4 Duration….01:30:00 Genre… TV Movie, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Boomer

0 2023
Three Dates to Forever
From Darkness
5.1

From Darkness (၂၀၂၄) အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ဆွီဒင်စကားပြော Horror ကားလေးပဲ ဖြစ်ပါတယ် Jump scare တွေ ဘာတွေလှိမ့်ပိတ်မထည့်ထားပဲ သဘာဝကျကျ နှင်းတောထဲမှာ ခြောက်ချားဖွယ်ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရပုံဇာတ်လမ်းလေးမို့ သဘာဝဆန်ဆန်ဟော်ရာကားကြိုက်သူတွေအတွက် ဇာတ်ကားဖြစ်မှာပါ ဇာတ်လမ်းအကျဉ်းကတော့ မြို့ငယ်လေးတစ်ခုက သဘာဝဘေးမဲ့တောရဲ့တာဝန်ခံ အန်ဂျလီကာဆိုတဲ့ အမျိုးသမီးဟာ သူတာဝန်ယူထားတဲ့ တောဝိုင်းအတွင်း လူတစ်ယောက်ပျောက်သွားတာကို ရှာဖွေရေးအဖွဲ့နဲ့ လိုက်ရှာဖို့လုပ်ပါတော့တယ်…. ပျောက်သွားတဲ့သူက သူနဲ့ရော သူ့ရည်းစားဟောင်း ဗစ်တာနဲ့ပါ ပတ်သတ်ခဲ့ဖူးတဲ့အတိတ်ဟောင်းတွေ ရှိတဲ့အခါမှာတော့ နှင်းတောကြီးထဲမှာ စောင့်ကြိုနေတာဘာတွေဖြစ်မလဲ ရှာနေတဲ့သူကိုရော ပြန်တွေ့မှာလားဆိုတာ ပရိသတ်ကြီးပဲ ရင်ခုန်စွာနဲ့ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Horror, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.2GB | 563MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator …..Saii Thurein Lynn Encoder ….. Aaron

Documentary
5.1 2024
From Darkness
The Birth of Kitaro: The Mystery of GeGeGe
7.2

ဒီကားလေးကတော့ Horror Anime လေးတစ်ကားဖြစ်ပြီး တော်တော်လေးကောင်းတဲ့ ကားဖြစ်ပါတယ် ဇာတ်လမ်း အညွှန်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နာမည်ကြီး ဆေးဝါးလုပ်ငန်း လုပ်ကိုင်တဲ့ မိသားစုတစ်ခုရဲ့ မိသားစု ခေါင်းဆောင် အဘိုးကြီးသေသွားတဲ့အခါမှာ နောက်ဆက်ခံသူနဲ့ မိတ်ဖွဲ့ဖို့ သွေးဘဏ်တစ်ခုမှာ အလုပ်လုပ်တဲ့ Mizuki ဆိုတဲ့ လူတစ်ယောက်ဟာ ဒီမိသားစုရှိတဲ့ ရွာကို ထွက်လာခဲ့ပြီး အဲဒီရွာကိုရောက်ပြီးတဲ့ နောက်မှာ ထူးဆန်းတာတွေကို ကြုံရပါတော့တယ် အဲဒီရွာမှာ သူဘာတွေကြုံတွေ့ရမလဲ ဒီမိသားစုနဲ့ ဒီရွာမှာ ဘာတွေကို လျှို့ဝှက်ထားတာလဲ ဒီဆေးဝါးလုပ်ငန်းရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေတာလဲ သူကရော သူလာခဲ့သလို မိတ်ဖွဲ့သွားနိုင်မှာလား ဆိုတာကို မထင်ထားတဲ့ အလှည့် အပြောင်း များစွာနဲ့ ရင်တမမ ကြည့်ရမှာပါ…. File Size : 2 GB, 910 MB Quality : WEB-DL 1080p / 720p Running Time : 1hr 44min Format : Mp4 Genre : Action,Comedy, Dark Fantasy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : Zin Sann Oo Encode by : Zin Sann Oo

TV Movie • Thriller
7.2 2023
The Birth of Kitaro: The Mystery of GeGeGe
Holy Punch
6.2

Holy Punch (2024) ******************** Kdrama ပရိသတ်ကြီးတို့ ရင်းနှီးပြီးသား The Worst of Evil ထဲက မင်းသား Ji Seung Hyun၊ The Tale of Lady Ok ထဲက မင်းသား Oh Dae Hwan တို့ အဓိကပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါး Gangster အက်ရှင်ဟာသဇာတ်ကား အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ -ဇာတ်လမ်းအညွှန်း- ဝမ်ဂါလ်ဘီနဲ့ ဆမ်ဂေါရီလို့ ခေါ်တဲ့ ပြိုင်ဘက် ဂိုဏ်း၂ဂိုဏ်း ရှိပြီးတော့ သူဌေးဂျန်း ခေါင်းဆောင်တဲ့ ဝမ်ဂါလ်ဘီ ဂိုဏ်းမှာတော့ ဘတ်ဂယောင်းချော (Oh Dae Hwan) နဲ့ အီထယ်ယုံး (Lee Yong Kyu)တို့ ပါဝင်ကြပါတယ်။ တစ်နေ့မှာတော့ ဝမ်ဂါလ်ဘီဂိုဏ်းက ခေါင်းဆောင်ဂျန်းဟာ ရုတ်တရက် တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တာကြောင့် ဘတ်ဂယောင်းချောနဲ့ အီထယ်ယုံးတို့ဟာလည်း အသီးသီး လွတ်မြောက်ရာကို ထွက်ပြေးခဲ့ရပါတော့တယ်။ အဲဒီလိုနဲ့ ဘတ်ဂယောင်းချောကတော့ ဘုရားကျောင်းတစ်ခုမှာ ပုန်းခိုနေရင်းကနေ သင်းအုပ်ဆရာ ရာထူးရရှိသွားပြီး အီထယ်ယုံးကတော့ ဘုန်းကြီးကျောင်းမှာ ဆရာတော်အဖြစ်နဲ့ ခိုကပ်နေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဆမ်ဂေါရီ ဂိုဏ်းရဲ့ လူကုန်ကူးမှုကို လိုက်လံ စုံစမ်းနေတဲ့ စုံထောက်ချာ (Ji Seung Hyun) ဟာ အကြောင်းမလှစွာနဲ့ လေးသရဲ ပူးကပ်ခံနေပြန်ပါတယ်။ ဆမ်ဂေါရီ ဂိုဏ်းရဲ့ ခေါင်းဆောင်ကို လိုက်လံ ဖမ်းဆီးဖို့ရာအတွက် စုံထောက်ချာဟာ ဘတ်ဂယောင်းချောနဲ့ အီထယ်ယုံး တို့ကိုပါ စစ်ကူခေါ်ရပါတော့တယ်။ လူကုန်ကူးတဲ့ ဂိုဏ်းကို လိုက်လံဖမ်းဆီးမဲ့ ခရီးစဉ်မှာ လူမိုက်လက်ထွက် သင်းအုပ်ဆရာနဲ့ ဆရာတော်၊ ကလေးသရဲ ဝင်ပူးခံနေရတဲ့ စုံထောက် သုံးယောက်ပေါင်းပြီး အလွဲပေါင်းများစွာကြုံ့တွေ့ရပုံကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်တာကြောင့် ကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.63GB/ 750MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:47:00 Genre : Action, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri & Hsu Pyae Encoded by Tiff

Action • Crime • Drama
6.2 2024 98 mins
Holy Punch
Distant
5.7

Distant (2024) IMDb Rating (5.7) အန်ဒီရာမီရက်ဇ်ဆိုတဲ့ လူငယ်လေးဟာ အိပ်မွေ့ချအိပ်စက်ခြင်းကနေ ရုတ်တရက်လန့်နိုးလာခဲ့ပြီး သူတို့ရဲ့အာကာသယာဉ်ကြီးဟာ ဂြိုလ်သိမ်ဂြိုလ်မွှားတွေနဲ့ဝင်တိုက်ပြီး ပျက်ကျလုဆဲဆဲဆိုတာ သိလိုက်ရပါတယ်။ အဲ့ဒီမှာပဲ အရေးပေါ်လုံခြုံရေးစနစ်တွေအသက်ဝင်လာခဲ့ပြီး လွတ်မြောက်ရေးယာဉ်ငယ်တွေက တစ်ဆင့်အမည်မသိဂြိုလ်တစ်စင်းပေါ် ဆင်းသက်ခဲ့ရပါတယ်။ ဂြိုလ်ပေါ်ကိုအဝင်မှာတင်ပဲ မမျှော်လင့်တဲ့ပြဿနာတွေကြောင့် ယာဉ်ငယ်တွေအားလုံးနီးပါးပျက်ကျခဲ့ပြီး ပါဝင်သူတွေပါသေဆုံးခဲ့ပါတယ်။ ရေဒီယိုအသံလွှင့်စနစ်ကတစ်ဆင့် အချက်ပြဆက်သွယ်ပေမယ့် ဘယ်သူ့ဆီကမှ အကြောင်းပြန်မလာခဲ့ပါဘူး။ သူ့မှာအဖော်ဆိုလို့ AI တစ်ခုဖြစ်တဲ့ “L.E.O.N.A.R.D” သာရှိပါတယ်။ ကမ္ဘာမြေနဲ့ မိုင်ထရီလီယံပေါင်းများစွာဝေးကွာတဲ့ သူစိမ်းဂြိုလ်တစ်ခုမှာ သူ့အတွက် ဘယ်လိုအန္တရာယ်တွေစောင့်ကြိုနေမလဲ? ကမ္ဘာမြေကိုဘယ်လိုပြန်အဆက်အသွယ်လုပ်ကြမလဲ? သူ့အတွက် အိမ်ပြန်နိုင်မယ့်အခွင့်အရေးရောရှိပါဦးမလား? sci-fi ရုပ်ရှင်တစ်ကားမှာမြင်နေကျအကြောင်းအရာတွေကို အသုံးချဖန်တီးထားပေမယ့် ဇာတ်အိမ်ကိုဟာသနှောပြီးပေါ့ပေါ့ပါးပါးသွားထားပါတယ်။ အထူးပြုလုပ်ချက်ကောင်းကောင်းတွေ၊ cinematography အမိုက်စားတွေနဲ့အဓိက သရုပ်ဆောင်နှစ်ယောက်ကြောင့် ကြည့်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.1 GB) / (660 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Sci-Fi Duration….01:28:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

5.7 2024 87 mins
Distant
Iron Man 2
6.9

Marvel Cinematic Universe: Phase One ဆိုတာ MCU ရဲ့အစဖြစ်ပြီး စူပါဟီးရိုးရုပ်ရှင်သမိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့ Universe ကို အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီ Phase 1 ထဲမှာတော့ MCU ဇာတ်ကောင်တွေကို Solo တွေအနေနဲ့ ပရိတ်သတ်တွေ စတင်ထိတွေ့ခွင့်ရခဲ့ပြီး ဇာတ်ကောင်တိုင်း ပရိတ်သတ်ရင်ထဲ ကိုယ်စီရောက်ရှိခဲ့ကြပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 1 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man (2008) The Incredible Hulk (2008) Iron Man 2 (2010) Thor (2011) Captain America: The First Avenger (2011) The Avengers (2012) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ Iron Man 2 (2010) IMDb Rating (6.9) / Rotten Tomatoes (72 %) MCU ရဲ့ တတိယမြောက်ရုပ်ရှင်ကားဖြစ်ပြီး Scarlett Johansson ရဲ့ Black Widow ဇာတ်ကောင်နဲ့ James Rhodes ရဲ့ War Machine လိုဇာတ်ကောင်တွေကိုထပ်မံမိတ်ဆက်ခဲ့ပါတယ်။ Budget $170–200 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $623.9 million ထိပြန်လည်ရရှိခဲ့ပြီး Robert Downey Jr. ရဲ့ Iron Man ဇာတ်ရုပ်က ပိုမိုပီပြင်လာပါတယ်။

6.9 2010 124 mins
Iron Man 2
Schindler’s List
9

Schindler’s List (1993) IMDb Rating (9.0) / Rotten Tomatoes (98%) ကမ္ဘာပေါ်က အကောင်းဆုံး Biographical ဇာတ်ကားတွေထဲမှာ No.1 ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Schindler’s List ဇာတ်ကားဟာ German စီးပွားရေး သမားဖြစ်တဲ့ Oskar Schindler အကြောင်း ရိုက်ကူးထား တာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီတွေရဲ့ လူမဆန်စွာ သတ်ဖြတ်မှုတွေ အကြား ရပ်တည် နေရတဲ့ Polish Jewish ဒုက္ခသည် ၁၀၀၀ ကျော်ကို အသက်ဘေး ကနေ လွတ်အောင် သူ့ရဲ့ စက်ရုံ အမျိုးမျိုးမှာ နေထိုင် လုပ်ကိုင် စေချင်အားဖြင့် စောင့်ရှောက်ခဲ့ပုံတွေကို ရှုစားရမှာ ဖြစ်ပါတယ်။ Biographical Movies တွေထဲမှာ အကောင်းဆုံး ဇာတ်လမ်းအဖြစ် ရပ်တည် နေပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါ တယ်။ အော်စကာဆု ၇ ဆုအပြင် အခြားဆုပေါင်း ၇၀ နဲ့ ဆု ၂၅ ဆုအတွက် ဇကာတင် စာရင်း တင်သွင်း ခံခဲ့ရပါတယ်။မင်းသားကြီး Liam Neeson မှာ Oskar Schindler အဖြစ်ပါဝင်ထားပါတယ်။ ဒါရိုက်တာက Steven Spielberg ဖြစ်သလို တကယ့်အဖြစ်အပျက်အကြောင်းအရာတွေအတိုင်း အပြင်ကလူတွေပါထည့်သွင်းရိုက်ကူးပြထားတာမလို့ ရင်ထဲနစ်နေအောင်ခံစားရတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ ရုပ်ရှင်အညွှန်းကိုတော့ Eliza Pru ရဲ့ခံစားမှုအက်ဆေးနဲ့မိတ်ဆက်ခဲ့ချင်ပါတယ်။ Spoiler တချို့ပါတာမလို့မကြည့်ရသေးရင် အက်ဆေးကိုမဖတ်သေးဘဲ ဇာတ်လမ်းကိုအရင်ကြည့်ဖို့တိုက်တွန်းပါတယ်။ ++++++++++++ ဒီနေ့ Netflix ကနေ Schindler’s List ဆိုတဲ့ German Industialist သူဌေးကြီး Oskar Schindler ရဲ့ German Holocaust က နေ Jewish ၁၂၀၀ ခန့်ကို ကယ်တင်ခဲ့တဲ့ အကြောင်း ရုပ်ရှင်ကို ကြည့်ဖြစ်ပါတယ်။ ဆုတွေအများကြီးရတယ် ရေးထားတယ်ဆိုတာရယ်၊ ၁၉၉၃ မှာ ပြခဲ့တဲ့ ဇာတ်လမ်းဆိုပြီး Black and White ပုံစံ ပြထားလို့ ထူးခြားတာအပြင် ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်မင်းသားတွေ ဖြစ်တဲ့ Liam Neeson နဲ့ Ralph Finennes တို့ ပါနေတာကြောင့် ကြည့်ဖြစ်ခဲ့တာပါ။ Ralph Finennes ကိုတော့ သူ့ရုပ်ရှင်မှန်သမျှ ကားဟောင်းတွေက အစ ကြည့်ဖူးပေမယ့် Liam Neeson ကတော့ အခုနောက်ပိုင်း ထွက်လာတဲ့ Taken လို ရုပ်ရှင်မျိုးပဲ ကြည့်ဖူးတာပါ။ အခု Schindler’s List ထဲမှာတော့ Liam Neeson ရဲ့ ငယ်ရွယ်စဥ်က ပုံကို မြင်ရလို့ တော်တော့်ကို ကြည့်ကောင်း ခန့်ညားတဲ့ မင်းသားမှန်း သိတော့တာပါ။ Schindler’s List ထဲမှာ တော့ Liam Neeson က German စစ်တပ်ထဲအထိကို ဝင်ရောက်ချယ်လှယ်နိုင်တဲ့ သူဌေးကြီး Oskar Schindler အနေနဲ့ သရုပ်ဆောင်ထားပြီး Ralph Finennes ကတော့ Jew တွေမှန်သမျှကို ရက်ရက်စက်စက် အပျင်းပြေကို သတ်နေတဲ့ German စစ်အရာရှိ Goeth အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ထုံးစံအတိုင်း German Holocaust နဲ့ အတိတ်တွေကို ရိုက်ပြတာမို့ စစ်ရဲ့အကျည်းတန်မှုတွေ၊ စစ်ကြောင့် အသက်ရော အရှက်ရော ဘာမှ မကျန်တဲ့ ဘဝ တွေ အမျိုးမျိုးကို ပီပီပြင်ပြင် နဲ့ အဖြူအမည်း ပြကွက်တွေထဲမှာ ရိုက်ပြသွားပါတယ်။ Goeth ကလည်း ရက်စက်လိုက်တာမှ Camp မှာ အလုပ်မလုပ်ပဲ ထိုင်နားနေတဲ့သူ၊ ဖိနပ်ကြိုးချည်နေတဲ့သူတွေကအစ ပျင်းတိုင်း အိမ်ရှေ့ ဝရန်တာကနေ ကျကျနနထိုင်ပြီး sniper နဲ့ ပစ်သတ်တာက အစ ပြကွက်တွေဟာ ကိုယ်သာ အဲ့ဒီနေရာ၊ အဲဒီ့အချိန်မှာ ရှိနေရင် ဆိုတဲ့အထိ တွေးမိပြီး ထိတ်လန့်မိစေတာပါ။ ကလေးလေးတွေ ၁၀ နှစ်လောက်တောင် မရှိလောက်သေးပေမယ့် မစင်တွင်းထဲအထိ ဝင်ပုန်းနေရတာ၊ အသက်ရှင်သန်ရဖို့ ဘယ်နေရာ ပုန်းရပါစေ၊ ပုန်းနေရတဲ့ ဘဝတွေကို ရိုက်ပြထားပါတယ်။ တစ်နေ့မှာ Oskar က Goeth ကို Jew တွေကို အရမ်းသတ်နေလို့ လာပြီး သတိပေးစကားအနေနဲ့ ပြောသွားတဲ့ စကားပြောခန်းလေးလည်း အတော့်ကို ကောင်းလှပါတယ်။ အဲဒီ့အခန်းမှာ တကယ့် Power ဆိုတာ ဘာလဲဆိုတာကိုလည်း ထောက်ပြသွားပါတယ်။ “Power ဆိုတာ ကိုယ့်ဆီမှာ သတ်လို့ရနေတဲ့ အကြောင်းခိုင်လုံမှု ဘယ်လောက်ပဲ ရှိနေပါစေ၊ မသတ်ဖို့ ကိုရွေးချယ်နိုင်မှ Power ပါပဲ တဲ့။ အပြည့်အစုံလေး အောက်မှာ ဆက်ဖတ်ကြည့်ပါ။ “Oskar: Power is when we have every justification to kill, and we don’t. Goeth: You think that’s power? Oskar: That’s what the Emperor said. A man stole something, he’s brought in before the Emperor, and he throws himself down on the ground. He begs for mercy, he knows he’s going to die. And the Emperor – pardons him. This worthless man, he lets him go. Goeth: I think you are drunk. Oskar: That’s power, Amon. That is power.” ဒီစကားပြောခန်းလေး အပြီးမှာတော့ Goeth ဟာ အရင်ကလောက် လူမသတ်တော့တာကို လည်း ပြထားပါသေးတယ်။ ဒါလေးတွေဟာ မထင်မှတ်ပဲ ရင်ထဲကျန်ခဲ့တဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။ Oskar ဟာ သူရှာထားသမျှ ငွေတွေ မြောက်မြားစွာကို သုံးပြီး Jew လူမျိုး ၁၂၀၀ ခန့်ကို သူ့စက်ရုံမှာ ခိုင်းဖို့ skilled labour တွေအနေနဲ့ German Holocaust ကနေ ကယ်တင်ခဲ့ပုံကို ပြသထားတာဟာ လူတစ်ယောက်ရဲ့ အမြင့်မားဆုံးသော အကြင်နာတရားကို မြင်ရတာပဲ ဖြစ်ပါတယ်။ သူ့နေရာမှာ ကိုယ်သာဆို ဒီလို အရဲစွန့်ရွေးချယ်နိုင်ပါ့မလား၊ လူထောင်ဂဏန်း အသက် နဲ့ ကိုယ့်စီးပွါးနဲ့ လဲနိုင်တဲ့ ဆုံးဖြတ်ချက်ဟာ ငါ သာဆို ချ နိုင်မလား စတဲ့ မေးခွန်းတွေ အများကြီး မေးဖြစ်စေပါတယ်။ Jew လူမျိုး အသက်ကြီးသူတွေကို ခိုင်းမရတော့လို့ ရထားတွဲထဲ ပြွတ်သိပ်တင်ပြီး Auschwitz ကိုပို့ခါနီးမှာတောင် ရထားတွဲမှာ မွန်းကြပ်နေကြသူတွေကို သူက ရေပိုက်တွေနဲ့ ရေတွေ ထိုးပေးပြီး ရေတိုက်ရှာတဲ့အခန်းတွေ၊ ဂျာမန် စစ်သားငယ်တွေကိုလည်း လာဘ်လာဘ တွေပေးပြီး နောက်တစ်ခါ ဒီလို ရထားထွက်ရင် ဒီလို ရေဖျန်းပေး၊ ရေတိုက်ပေး ဆိုတာလေးတွေဟာ သူ့ရဲ့ ကုသိုလ်စိတ်ကို ဘေးကနေကြည့်ရင်း ဒီလို ရေအလှူ လှူဖို့ကို လုပ်နိုင်တာ ဦးနောက်က အကြံဥာဏ်ထွက်တာ နည်းတဲ့ ပါရမီမဟုတ်ဘူး ဆိုပြီး တွေးမိပါတယ်။ သူ့ရဲ့ ကုသိုလ်စိတ်ကြီးမားလွန်းလို့ ဘေးက Goeth တို့တောင် ငိုင်ပြီး ကြည့်နေရတဲ့အထိပါပဲ။ ဒါတောင် သူကယ်လိုက်တဲ့ လူ ၁၀၀၀ ကျော်မှာ အမျိုးသမီးနဲ့ ကလေးတွေကို Auschwitz အထိ မှားခေါ်သွားလို့ သူ့မှာ အသည်းအသန် လိုက်ခေါ်ရပါသေးတယ်။ မိသားစု တွေ မကွဲရအောင် သေချာ စာရင်းနဲ့ ပြုစုခေါ်တာမို့ ဒီ ရုပ်ရှင်ကို Schindler’s list လို့ ခေါ်တာပါ။ နောက်ဆုံးမှာတော့ German စစ်ရှုံးချိန် သူလည်း ထွက်ပြေးရချိန်မှာ သူ့ကို Jew တွေက သူတို့ထဲက ငွေသွားစိုက်ထားတဲ့ သူတစ်ယောက်နဲ့ သွားကို နှုတ် ငွေကို ထုတ်ပြီး လက်စွပ်လေးတစ်ကွင်း လုပ်ပေးလိုက်ပါတယ်။​စာတန်းလေးလည်း Hebrew နဲ့ ထွင်းထားပါသေးတယ်။ အဓိပ္ပါယ်ကတော့ “Whoever saves one life, saves the world entire.” “ဘဝတစ်ခုကို ကယ်တင်သူဟာ တလောကလုံးကို ကယ်တင်သူပါပဲ” တဲ့။ အဲ့ဒီလက်စွပ်လေးကို ရပြီး​ဝတ်လိုက်ချိန်မှာတော့ Oskar ဟာ ငိုကြွေးပြီး သူ့နောင်တတွေကို ထုတ်ပြောပါတော့တယ်။ သူ့မှာ ချမ်းသာခြင်းဆိုတဲ့ ဂုဏ်တွေအတွက် ငွေတွေအလဟဿ သုံးခဲ့မိတယ်။ အခု သူစီးတဲ့ ကားကို သာ မဝယ်ခဲ့ရင် နောက်ထပ် လူ ၁၀ ယောက်လောက် ကယ်လို့ ရနိုင်တယ်။ သူ့ရင်ဘတ်က ရွှေနဲ့လုပ်ထားတဲ့ နာဇီ တံဆိပ်ဟာ လူ နှစ်ယောက် အသက်ကို ကယ်လို့ ရနိုင်သေးတယ်.. ဆိုပြီး ငိုကြွေး ပါတော့တယ်။ သူနေ့ရာမှာ ကိုယ်လည်း ဝင်ခံစားကြည့်မိပြီး လူ ၁၂၀၀ ကျော်တောင် ကယ်နိုင်မှတော့ နောက်ထပ် ၁၀ ယောက် ၁၅ ယောက် ထပ်ကယ်နိုင်လည်း ကယ်ဖို့ကိုပဲ​ ကြိုးစားမိတော့မှာပါပဲ။ သူ့ရဲ့ ယူကျုံးမရခြင်းဟာ ကိုယ့်ကိုလည်း သင်ခန်းစာတွေ အများကြီး ပေးသွားပါတယ်။ အသက်တွေ ကယ်နိုင်လျက်နဲ့ အတ္တ နဲ့ ကိုယ့်အတွက်ကို သာယာ ဖို့ သုံးဖြုန်းမိခဲ့တဲ့ Oskar ကို ကြည့်ရင် ကိုယ်လည်း တစ်ကျပ် တစ်ပြားကအစ အကျိုးရှိရှိ လေးနက်စွာ နဲ့ အတ္တဟိတ ပရဟိတ မျှတစွာနဲ့ လူဖြစ်ရကျိုးနပ်အောင်၊ လူပိီသအောင် သုံးတတ်ရမှာပါလား ဆိုတာကို ကွက်ကွက်ကွင်းကွင်း ခံစားသင်ယူမိစေပါတော့တယ်။ Oskar နေရာကနေပြီး သူ့ရဲ့ နောက်ဆုံးအချိန်တွေကို ကျွန်မ ဝင်ခံစားကြည့်မိပါတယ်။ အသက်တွေ ထောင်ချီ ကယ်တင်နိုင်ခဲ့တဲ့ သူရဲ့ ကုသိုလ်ပါရမီဟာ ဆန်းကျယ်လိုက်တာ၊ သေခါနီးမှာ ပီတိ တွေ ဘယ်လောက် ဖြစ်ရပြီး လူဖြစ်ရကျိုးနပ်၊ လူပီသပြီး သေပျော်ရမှာပဲ လို့ကို တွေးပြီး သင်ယူမိပါတယ်။ Goeth ကတော့ နောက်ဆုံး ကြိုးပေးချိန်အထိ Hail ဟစ်တလာ အော်ပြီး ခေါင်းမာမာနဲ့ သေသွားတာကို ပြသွားပါသေးတယ်။ သေချိန်အထိ ခေါင်းမာသွားခွင့်သာရှိပြီး မိုက်မဲခြင်းကနေ ရုန်းမထွက်လိုက်နိုင်အောင်ကို လူသတ်ကွင်းမှာတင် ရှင်သန်ရတဲ့ ဘဝ မျိုးဟာလည်း ဝဋ်ကြွေးကြီးတာပဲ လို့ သံဝေဂ ရမိပါတယ်။ ကိုယ်တွေလည်း လူသာ မသတ်တာ၊ နောင်တ ရသင့်တဲ့အချိန် မရ၊ ပြုပြင်သင့်တဲ့ အခွင့်အရေးရှိလည်း ခေါင်းမာမာနဲ့ “ငါ” ဆိုတဲ့ မာန်ပိုက်ပြီး မိုက်မဲနေတာတွေ ဘယ်လောက်တောင် များလိုက်သလဲ… တစ်ကားလုံး ဟာကွက်မကျန် အကုန်ကောင်းပြီး နဲ့ ဇာတ်သိမ်းခါနီးရောက်တော့ မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ဝမ်းသာ ဝမ်းနည်း တွေ အများကြီး ဖြစ်ရပါတယ်။ နောက်ဆုံး ရုပ်ရှင်ပြီးလို့ ဇာတ်သိမ်းတော့ ဒီရုပ်ရှင် ကောင်းလိုက်တာ၊ ငါ ဒီနေ့ ကြည့်ရတာ တန်လိုက်တာ၊ ဒါရိုက်တာ ဘယ်သူများပါလိမ့်၊ Steven Spielberg လက်ရာများလားလို့ စာတန်းထိုးကို စောင့်ကြည့်ခါမှ ဒါရိုက်တာက Steven Spielberg ဖြစ်နေတာ တွေ့လိုက်ရတော့ ဝမ်းတွေသာ ကျေနပ်အားရလိုက်တာ ပြောမနေပါနဲ့တော့… အားလုံးအတွက် ခွန်အား၊ သတ္တိ နဲ့ ပညာ တွေ အများကြီး ရစေတဲ့ ရုပ်ရှင်ကားကောင်းလေးမို့ အခုလို မျှဝေလိုက်ရပါတယ်။ ရသ ထက် တစ်ဘဝ စာကို နောင်တကင်းကင်းနဲ့ နေနိုင်အောင် သင်ပေးတဲ့ ကမ္ဘာမှာ ကျန်ရစ်မယ့် ရုပ်ရှင်မျိုးမို့ ကြည့်ဖြစ်အောင် ကြည့်သင့်တယ်လို့ လည်း ပြောချင်ပါတယ်။ မေတ္တာဖြင့် Eliza Pru

9 1993 195 mins
Schindler’s List