YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Invasion.2021.S02E07.720p.ATVP.WEB-DL.YK(CM).mp4

336.62 MB N/A video/mp4 407 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Battlebox
4.2

၁၉၄၁ ခုနှစ်၊ ဟောင်ကောင်ဟာ ဗြိတိသျှအင်ပိုင်ယာကြီးရဲ့ အရှေ့ဘက်စစ်မျက်နှာခံတပ်တစ်ခု ဖြစ်နေတဲ့ကာလ...... ဂျပန်တပ်တွေရုတ်တရက်တိုက်ခိုက်လာခဲ့တဲ့အခါ.... အလွဲလွဲအမှားမှား ဖြစ်ကုန်တဲ့ စစ်ဖက်ထောက်လှမ်းရေးပြဿနာကြားမှာ ပါဝင်ပတ်သက်နေမိတဲ့ တရုတ်ညီအစ်မနှစ်ယောက်ရဲ့ ဇာတ်လမ်း.... Gin Drinker ခံစစ်ကြောင်းမှာ ဂျပန်တွေအဝိုင်းခံလိုက်ရတဲ့ ဗြိတိသျှ-အိန္ဒိယစစ်သားတွေရဲ့ ဖြစ်ပုံပျက်ပုံတွေ.... သွေးပျက်ချင်စရာ စစ်ပွဲရဲ့မြူနှင်းတွေကြားမှာ မေဂျာဂျင်နရယ် မော့ဘီနဲ့ သူ့ရဲ့ အထက်တန်းအရာရှိတွေ အရှက်ကွဲခံပြီးလက်နက်ချကြမှာလား၊ အသက်အသေခံပြီး အဆုံးထိခံတိုက်သွားကြမှာလား.... (ဘယ်လမ်းကိုရွေးဖို့ သတ္တိပိုလိုမလဲ) စတာတွေကို ဇာတ်ကားလေးကြည့်ရင်း ဆက်လက်ရှုစားလိုက်ကြပါဦး............. အညွှန်း နဲ့ ဘာသာပြန်ကတော့ Bruce ပဲ ဖြစ်ပါတယ်။ Genre..... Drama, History, War Quality…. 1080p | 720p | 480p File size…1.1GB | 567MB | 265MB Format… mp4 Duration…. 1h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Bruce Encoder ..... August

Drama • Thriller
4.2 2023 77 mins
Battlebox
Case 39
6.3

Bradley Cooper  ,Renée Zellweger တို့ နာမည်ကြီး သရုပ်ဆောင်ထားတဲ့ ဒီကားကတော့ horror, thriller အမျိုးအစားဖြစ်ပြီးတော့ အတော်ကောင်းတဲ့ဇာတ်ကားဖြစ်လို့ BO လည်း ဝင်ခဲ့ပါတယ်... Emily က ကလေးတွေကူညီရေးအဖွဲ့တခုမှာအလုပ်လုပ်ပါတယ် ကလေးတွေ မိသားစုကောင်းကောင်းရှိရဲ့လား မိဘတွေက ကောင်းကောင်းဆက်ဆံရလား စစ်ဆေးရတဲ့အခါ ၃၉ ယောက်မြောက် ကလေးမလေးတစ်ယောက်လည်း ပါလာပါတယ်.... ၁၀ နှစ်အရွယ် Lilyကို သူ့ရဲ့မိဘတွေက သူ့ကို သတ်ဖို့ကြိုးစားနေတာ သိရပြီး Emily က ကယ်လိုက်ပါတယ်.... မိဘတွေထောင်ထဲရောက်တော့ Lily တစ်ယောက် Emily ဆီ လိုက်နေပါတယ် အစက အဆင်ပြေပေမဲ့ တဖြေးဖြေး Lily ပတ်ဝန်းကျင်မှာ ထူးဆန်းတာတွေဖြစ်လာတဲ့အခါ Emily တစ်ယောက် ဘာလုပ်မလဲ File Size : (2.1GB)(729MB) and (278MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:49:00 Genre : Horror, Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae

Drama • History
6.3 2009 109 mins
Case 39
A Prophet
7.6

~ IMDb - 7.8/10, RT - 96%, Meta - 90% ~ A Prophet (Un prophète) လို့ ခေါ်တဲ့ ဒီဇာတ်ကားဟာ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ဇာတ်ကားတစ်ကားဖြစ်ပြီး Crime / Drama ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ နယ်နယ်ရရ ဇာတ်ကားမဟုတ်ဘဲ အကောင်းဆုံး နိုင်ငံခြားဇာတ်ကားအဖြစ်နဲ့ အော်စကာဆုကို လျာထားခြင်းခံခဲ့ရပြီး အခြားဆုပေါင်း ၅၂ ဆုနဲ့ nominations ၅၅ ခု ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ၁၉ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေး မလိခ်အယ်လ်ဂျယ်ဘနာဟာ ပြင်သစ်ထောင်တစ်ခုဆီမှာ ထောင်ဒဏ် ၆ နှစ် ကျခံခဲ့ရပါတယ်။ ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားခြင်း မရှိဘဲ ပြုပြင်ထိန်းသိမ်းရေးစခန်းတစ်ခုကိုသာ ၀င်ခဲ့ဖူးတဲ့ မလိခ်ဟာ အခု တကယ့်အရွယ်ရောက်သူ အပြစ်သားတွေကို ထိန်းသိမ်းတဲ့ ထောင်ထဲမှာ သူ့ဘ၀ ၆ နှစ်ကို ကုန်ဆုံးရတော့မှာပါ။ ဂလယ်အူကြောင် မလိခ်တစ်ယောက် ထောင်တွင်းမှာ နှစ်ဂိုဏ်းကွဲနေတဲ့ ကော်စီကန်လူမျိုးအဖွဲ့နဲ့ မူစလင်လူမျိုးအဖွဲ့ နှစ်ဖွဲ့ကြားမှာ ပဲလှော်ကြားဆားညပ် ဖြစ်ရတဲ့အခြေအနေကို ရောက်ကိန်းဆိုက်နေပါပြီ။ ဒီလိုနဲ့ ကော်စီကန်အဖွဲ့ခေါင်းဆောင် လူရှန်နီဟာ မလိခ်ကို ထောင်တွင်းမှာ လူသတ်မှုတစ်ခုအတွက် စေခိုင်းရာကနေ မလိခ်ရဲ့ဘ၀က တဖြည်းဖြည်း ပြောင်းလဲလာပုံကို တင်ဆက်ရိုက်ကူးထားတာဖြစ်ပါတယ်။ မလိခ်တစ်ယောက် ကော်စီကန်တွေ ဘက်ပဲ ပါသွားမလား၊ မူစလင်တွေဘက်ပဲ ပါသွားမလား... ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ ဒီနှစ်ဖွဲ့ကြားထဲမှာ မလိခ် အသက်ရှင်ကျန်ရစ်ရအောင် ဘယ်လိုတွေ ဉာဏ်နီဉာဏ်နက်သုံးပြီး ကစားသွားမလဲဆိုတာ ကြည့်ရှုရမယ့် ဇာတ်ကား‌ကောင်းလေးတစ်ကားဖြစ်ပါတယ်။ ထောင်တွင်းဇာတ်ကားဖြစ်တဲ့အတွက် အသုံးအနှုန်းကြမ်းကြမ်းတွေ သတ်ဖြတ်ခန်းတွေ ပါမှာတော့ ပြောဖို့လိုတော့မယ် မထင်ပါဘူး။ (ဒီဇာတ်ကားဖြစ်မြောက်ရေးအတွက် ဒါရိုက်တာဟာ အပြစ်သားဟောင်းတချို့ကို အကြံပေးတွေ ဖြတ်လျှောက်တွေအနေနဲ့ ငှားရမ်းခဲ့ပါတယ်။ ဒီဇာတ်ကားမရိုက်ကူးမီမှာ သူဟာ ပြင်သစ်မှာ အကျဥ်းသားတွေအတွက် ဇာတ်ကားပြသခဲ့ပြီး အကျဥ်းထောင်တွင်းအခြေအနေတွေကို မြင်တွေ့လိုက်ရတော့ အတော်လေးတုန်လှုပ်သွားခဲ့ပါတယ်။ အဲဒီမှာ သူဟာ ဒီဇာတ်ကားကို ရိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်) ( * ပြင်သစ်စကားပြောကနေမှ အင်္ဂလိပ်ဘာသာကို မြန်မာလို ပြန်ဆိုထားတာဖြစ်တဲ့အတွက် တချို့နေရာလေးတွေမှာ ဘာသာပြန် ချို့ယွင်းချက်လေးအနည်းငယ်ရှိနိုင်ပါတယ် * ) (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.5GB, 1.4GB, 810MB Quality - 1080p, 720p, 480p IMDb Rating - 7.8/10 Format - mp4 Duration - 2H 35Min Genre - Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

Drama
7.6 2009 155 mins
A Prophet
Pet Sematary
5.7

စတီဖန်ကင်းရဲ့ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ၁၉၈၉ တုန်းက တစ်ခေါက်ရိုက်ကူးဖူးခဲ့ပြီး အခုကတော့ ဇာတ်ညွှန်းအနည်းငယ်ပြောင်းပြီး ထပ်မံရိုက်ကူးထားတာမို့ အရသာအသစ်ခံစားရမှာပါပဲ။ ဒီဝတ္ထုဟာ စာရေးဆရာကိုယ်တိုင်ကြောက်မိတယ်လို့ ဝန်ခံခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ စာရေးဆရာကိုယ်တိုင်က ဇာတ်လမ်းထဲက အိမ်မျိုးမှာနေမိပြီး သူ့ရဲ့ ကလေးတွေသာ ဒီလိုဖြစ်သွားရင်ဆိုတဲ့ အတွေးနဲ့ ရေးခဲ့တာမို့ တွေးကြည့်ပြီး စိမ့်ကြောက်ရမယ့် ဇာတ်လမ်းမျိုးပါပဲ။ ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သချႋုင်း လို့ ဖြစ်ပါတယ်။ စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ ဒါပေမယ့် အဲဒီသချႋုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။ (မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမို့ မှားခဲ့တာဖြစ်ဖို့များပါတယ်) ဇာတ်လမ်းအကျဉ်း ============ မြို့လေးကို အသစ်ပြောင်းလာတဲ့ ဆရာဝန်မိသားစုမှာ သမီးတစ်ယောက်၊ သားတစ်ယောက် နဲ့ ကြောင်လေးတစ်ကောင် ပါလာပါတယ်။ သူတို့ ပြောင်းလာရတဲ့အိမ်က ကားတွေမပြတ်သွားနေတဲ့ အဝေးပြေးလမ်းမရဲ့ လမ်းဘေးလေးတင်ဖြစ်တဲ့အတွက် ကလေးတွေအတွက်ရော ကြောင်လေးအတွက်ပါ အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ သူတို့အိမ်နားက လမ်းသွယ်လေးမှာတော့ အဲဒီမြို့လေးရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို သင်္ဂြိုလ်တဲ့ နေရာလေးတစ်ခု ရှိနေပါတယ်။ အဲဒီနေရာရဲ့ ကြောက်စရာကောင်းတဲ့ ထူးခြားမှုကို မူတည်ပြီး ဒီဇာတ်လမ်းဖြစ်ပေါ်လာတာမို့ နောက်ထပ်ဘာမှ မပြောပြတော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီး ခံစားလိုက်ပါ။ Littleneo ဘာသာပြန်သည် File Size : 740MB Quality : Blu-Ray --720p Running Time : 1hr 41min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS Translated by Littleneo Encoded by THZ

Drama
5.7 2019 101 mins
Pet Sematary
The Admiral
7

The Admiral (2015) ============== IMDb Rating – 7.0/10 ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ကျူး​ကျော်​နေတာ​ကြောင့် ပြည်ပရန်ကိုလည်း တပြိုင်တည်းရင်ဆိုင်​​နေရတယ်လို့ ​ပြောရမှာပါ။ ဒီအချိန်မှာ ပြည်တွင်း​ရေးကို ဝန်ကြီးချုပ် ယိုဟန်ဒီဗစ်က ထိန်းကာ ပြည်ပရန်ကို​တော့ ​ရေ​ကြောင်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူး ​နိုင်ခဲ့ဖူးတဲ့ မီခယ်ဒီရိုက်တာကို ​ရေတပ်ဗိုလ်ချုပ်အဖြစ်ခန့်အပ်ပြီး ကာကွယ်ခိုင်း ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဒီရိုက်တာရဲ့ စစ်​သေနင်္ကဗျူဟာ​တွေ၊ သင်္ဘောတိုက်ပွဲအမိုက်စားကြီး​တွေ ကြည့်ရှုရမှာဖြစ်သလို တစ်ဖက် ပြည်တွင်း​ရေးမှာ ရီပတ်ဘလစ်ဝန်ကြီးချုပ်နဲ့ အောရိန့်မင်းသားတို့ရဲ့ အာဏာအားပြိုင်မှု​​တွေကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ဒတ်ချ် ဇာတ်ကားဆို​ပေမယ့် ဇာတ်လမ်းအသွားအလာက ခပ်သွက်သွက်နဲ့ တမျိုးကြည့်​ကောင်းပါတယ်။​ ​သင်္ဘောတိုက်ပွဲ​​တွေလည်း ခဏခဏ ဖြစ်​နေတာ​ကြောင့် ပြည်တွင်းပြည်ပ အ​ရေး၂ခုက Non-stopဇာတ် ပုံစံ ဇာတ်ရှိန်က ​တောက်​လျောက်တက်​​​နေတာပါ။ ပ​ဒေသရာဇ်​ခေတ်ပုံစံလည်း ဖြစ်ရမယ်၊ နိုင်ငံ​ရေးအားပြိုင်မှု​တွေကို စိတ်ဝင်စားတယ်။ ​ရေ​တိုက်ပွဲ​တွေကိုလည်း သ​ဘောကျတယ်ဆိုရင် ဒီဇာတ်ကားက ရထားတဲ့ rating​တွေနဲ့ သူ့အိုးနဲ့သူဆန် တန်တယ်လို့ ​ပြောနိုင်ပါတယ်။ ကြာချိန်ကလည်း ၂နာရီခွဲနီးပါးရှိပြီး ဇာတ်အိမ်က ခိုင်လို့ အကြိုက်​တွေ့တဲ့သူ​တွေ ရှိမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်)

Crime • Documentary • Drama
7 2015 128 mins
The Admiral
Scott Pilgrim vs. the World
7.5

Scott Pilgrim vs. the World (2010) ~ IMDb – 7.5/10, Rotten Tomatoes – 82% ~ ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။ Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ နောက်တစ်ချက်အားဖြင့်တော့ ဒီဘက်ခေတ်မှာ ကျွန်တော်တို့ ပြန်မရနိုင်တော့တဲ့ ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်တွေမှာရှိနေခဲ့တဲ့ အငွေ့အသက်မျိုးပေးနိုင်တဲ့ကားလို့ ပြောလို့ရပါတယ်။ အဲဒီအငွေ့အသက်ကို ခင်ဗျား ဇာတ်လမ်းကတင်မဟုတ်ဘဲ သရုပ်ဆောင်တွေဆီကပါ ရလိမ့်မယ်။ Chris Evans, Brie Larson, Mary Elizabeth Winstead, Aubrey Plaza, Brandon Routh, Ellen Wong, Alison Pill နဲ့ Anna Kendrick တို့ကို ခင်ဗျား ဘယ်တော့မှ ထပ်မမြင်ရတော့မယ့်ပုံစံတွေနဲ့ မြင်ရလိမ့်မယ်။ မြင်ရရင်တောင် ဒီလိုမဟုတ်ဘဲ ကြောင်တောင်တောင်ဖြစ်နေမှာပဲ။ စကော့အဖြစ်သရုပ်ဆောင်တဲ့ Michael Cera ကိုလည်း ခင်ဗျား ဒီလိုပုံစံနဲ့ထပ်မြင်ရတော့မှာမဟုတ်ဘူး။ ပိုထူးတာက Jason Schwartzman ပဲ။ ဝက်စ်အန်ဒါဆန်ကားတွေတိုင်းပါခဲ့ဖူးတဲ့ သူ့ကို ဒီမှာမြင်ရတဲ့အဖြစ်မျိုးက ကြောင်တောင်တောင်တော့နိုင်ပေမဲ့ မိုက်လည်းမိုက်နေတယ်။ ပါတဲ့ပုံစံကလည်း စားတာကိုး။ မဆန်းပါဘူး ဂရပ်ဖစ်နိုဗယ်ကို ပြန်ရိုက်ထားပြီး စာအုပ်ကို အပြည့်အဝသစ္စာရှိထားတော့ ကြောင်တောင်တောင်ကြီးလုပ်ပြမနေမှကို ဆန်းနေမှာ။ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းရှင်းလေးပဲ။ Scott Pilgrim ဆိုတဲ့ကောင်လေးက ကောင်မလေးတစ်ယောက်ကိုချစ်မိတယ်။ သူ့အချစ်ကိုရဖို့ အဲဒီကောင်မလေးရဲ့ ဆိုးရွားလှတဲ့ ရည်းစားဟောင်းခုနှစ်ယောက်ကို အနိုင်ပိုင်းရတယ်။ ဒါတွေကို ဂီတာဟီးရိုးလိုလို စထွိဖိုက်တာလိုလို မြင်ရုံနဲ့ Nostalgia ဖြစ်မယ့် အကွက်ဆန်းကြီးတွေနဲ့ချည်းပြသွားတာ။ တစ်ခါတလေ နိုင်ပုံနိုင်နည်းတွေကလည်း တော်တော်ဂလည်အူကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့ Inner Logic ထဲဆို‌တော့ “လခွမ်းဟ” ဆိုပြီး ဖြစ်သွားရုံကလွဲ ကြည့်ကောင်းနေတာပါပဲ။ ဆက်တင်တွေကလည်း တော်တော် Nostalgia ဖြစ်တယ်။ ဒါကြောင့်လည်း တချို့က Scott Pilgrim vs. the World ကို စီနီမာရဲ့ တစ်ထောင့်တစ်နေရာက စီနီမာစစ်စစ် အရသာပေးနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလို့ဆိုကြတယ်။ ဂရပ်ဖစ်နိုဗယ်ကို ရိုက်ပြီး ဒီလိုခပ်ကြမ်းကြမ်း လှလှပပ ရုပ်ရှင်ထွက်လာတာလည်း ကြက်ကန်းဆန်အိုးတိုးတာတော့မဟုတ်ဘူး။ Edgar Wright ကိုယ်တိုင် ရိုက်ကူး ဇာတ်ညွှန်းဝင်ရေး ပရိုဂျူဆာပါလုပ်ထားသကိုး။ ဒီဘဲက Satirical ဖလင်တွေမှာ ဂျွတ်လေတော့ ဒီကားကလည်း သူနဲ့အပြည့်အဝလည်း ကီးကိုက်သွားတယ်။ ဒီဘဲရိုက်တဲ့ကားတွေအကုန်ကလည်း ကြည့်လို့တော်တော်ကောင်းတဲ့ ကားတွေချည်း။ Shaun of the Dead, Hot Fuzz နဲ့ The World’s End ဆိုတဲ့ နာမည်ကျော် Cornetto Trilogy နဲ့ Baby Driver တို့လို ကားတွေကို ရိုက်ခဲ့တဲ့အပြင် သူရိုက်ခဲ့တဲ့ပုံစံတွေကနေ ကွဲထွက်ပြီးရိုက်ခဲ့တဲ့ Last Night in Soho ကလည်း တော်တော်လေး ကောင်းခဲ့တယ်။ ဒီလိုဘဲက အသက်သွင်းထားတဲ့ ကားဆိုတော့လည်း ဒီလိုထွက်လာတာပါပဲ။ Scott Pilgrim vs. the World ဟာ Edgar Wright ရဲ့ မာစတာပိစ်အဖြစ်ဆုံးရုပ်ရှင်ဖြစ်သလို စီနီမာရဲ့ စီနီမာစစ်မှန်တဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ ဒီကားရဲ့အရသာမျိုးက ဒီကားမှာပဲရနိုင်တာမို့ Comic Book Movies တွေကြိုက်ရဲ့နဲ့ ဒီကား မကြည့်ဘူးဆိုတာက ဘယ်လိုမှမဖြစ်သင့်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.75GB(HDR), 8.77GB(SDR), 2.75GB, 1.25GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 52Min Genre – Action, Comedy, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y, Ka Naung

7.5 2010
Scott Pilgrim vs. the World
The Guilty Ones
5.8

လွန်ခဲ့တဲ့၁၀နှစ်က လင်တန်းဆိုတဲ့ကလေးမလေးတစ်ယောက်ကို လူတစ်ယောက်ကပြန်ပေးဆွဲခဲ့ပြီး ကလေးမလေးအမေဆီကို ငွေညစ်တောင်းခဲ့ပေမဲ့ကလေးမလေးကတော့သေသွားခဲ့ပါတယ်…. အဲ့ဒီအမှုကို၁၀နှစ်ကြာစုံစမ်းစစ်ဆေးခဲ့တာတောင် အဖြစ်မှန်မပေါ်နိုင်သေးပဲရှိနေသေးတာမို့ ကလေးမလေးအမေကလက်မလျော့ပဲ အဲ့အချိန်တုန်းကပြန်ပေးဆွဲသမားကို ဆက်လက်ပြီးတော့လိုက်ရှာနေခဲ့ပါတယ် တိုက်ဆိုင်စွာနဲ့ပဲလွန်ခဲ့တဲ့၁၀နှစ်တုန်းကအဖြစ်လိုမျိုး ကျူးကျူးဆိုတဲ့ကလေးမလေးဆီမှာပြန်ဖြစ်လာသောအခါ… ကလေးကိုဘယ်သူကပြန်ပေးဆွဲတာလဲ ဘာကြောင့်လဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်…..

Action • Science Fiction • Thriller
5.8 2019
The Guilty Ones
Who’s The Suspect
6.2

ဘယ်တော့မှမရူံးနိမ့်ဖူးတဲ့ နာမည်ကြီးရှေ့နေ ချန်ကျစ်ချီဆိုတဲ့ အမျိုးသမီးမှာ (၈) နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပါတယ် တစ်နေ့ကျတော့ တက္ကသိုလ်ကျောင်းသူ တစ်ယောက် အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့အမှုဖြစ်ပွားခဲ့ပြီး အဲ့ဒီအမှုမှာ စွဲချက်တင်ထားရတဲ့ ဒန်နီရယ်ဆိုသူ သံသယရှိသူကို သေဒဏ်ချမှတ်ခဲ့ပြီးနောက်ပိုင်း အမည်မသိလူတယောက်က ချန်ကျစ်ချီရဲ့ သမီးကို ပြန်ပေးဆွဲပြီး ဒန်နီရယ်ကိုလွတ်မြောက်အောင်လုပ်ပေးဖို့ဖိအားပေးခဲ့တယ်။ ဒီလိုနဲ့နာမည်ကြီး ရှေ့နေသမားချန်ကျစ်ချီတစ်ယောက် ဒန်နီရယ်ကိုလွတ်မြောက်အောင်လုပ်ပေးနိုင်မလား။ အဲ့အမှုရဲ့ လူသတ်သမားကကောဘယ်သူလဲ။ ဘာကြောင့်သတ်ရတာလဲ….. မှုခင်းစုံထောက်လေးတစ်ပုဒ်ဖြစ်တာကြောင့် ဒီဇာတ်ကားလေးကို ဆက်လက်ကြည့်ရူအားပေးလိုက်ကြရအောင်

6.2 2023
Who’s The Suspect
Jenny, Juno
6.3

Jenny, Juno ( 2005 ) ဂျယ်နီဂျူနိုဟာ ၁၅နှစ်ကလေးတွေရဲ့ အချစ်ဇာတ်လမ်းလို့ပြောရမလား။ ဒါမှမဟုတ် ၁၅နှစ်ကလေးတွေရဲ့ အမှားတွေအကြောင်းလို့ပြောရမလား။ ကလေးတွေရဲ့အသိစိတ်နဲ့ လူကြီးတွေရဲ့အသိစိတ်ကြားက သဘောထားကွဲလွဲမှုဇာတ်လမ်းလို့ပြောရမလား ခေါင်းစဉ်တပ်ရတော့ခက်တယ်။ ဂျယ်နီဂျူနိကို ရိုက်တဲ့ဒါရိုက်တာက ကင်ဟိုဂျွန်း။ လက်ရှိ အသက်အစိတ် ၃၀နားကပ်နေတဲ့လူတွေတော့ သူ့ကို မသိတောင် သူ့ကားတွေကို ရင်းနှီးကြမှာပဲ။ ကင်ရေဝန်း မွန်ဂန်ယောင်းနဲ့ ရှင်းဆယ်ဂယောင်းတို့ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ My Little Bride ( 2004 )လိုကားမျိုးတွေ , Love Match (2014)တို့ , Touch By Touch (2015)တို့လို ၁၈ပလပ်ဆန်ဆန်ကိုရီးယားတွေ ရိုက်ခဲ့ဖူးတဲ့လူပါပဲ။ Love Match (2014)ကိုတော့ ကြည့်ဖူးတဲ့လူတွေ ငြိခဲ့ဖူးကြမှာပါ။ ဘာလို့လဲမသိ ဒီကားတွေမှာ တူညီတဲ့အချက်က မိန်းကလေးငယ်ငယ်လေးတွေနဲ့ လိင်မှုကိစ္စခန်းတွေပါနေတာပါပဲ။ My Little Bride ( 2004 ) နဲ့ အခုရုပ်ရှင် Jenny, Juno ( 2005 )ကတော့ အထက်တန်းကျောင်းသူ ကလေးမလေးတွေနဲ့ ဇာတ်လမ်းဖြစ်ကြတာကို ဇာတ်အိမ်တည်ထားပေမဲ့ အနုပညာအရတော့ အတိုင်းအတာတစ်ခုအထိတော့ အောင်မြင်ခဲ့တယ်။ ဇာတ်တွေလည်း ကောင်းခဲ့တယ်။ My Little Bride ( 2004 )ကတော့ သူ့ကားထဲ နာမည်အကြီးဆုံးလို့ပြောရမှာပေမဲ့ ဂျယ်နီဂျူနိုရဲ့ တမူထူးပြီး ရဲတင်းတဲ့ဇာတ်လမ်းကိုလည်း ပစ်ထားလို့မရပြန်ပါဘူး။ ဂျယ်နီဂျူနိုကတော့ သူ့နာမည်အတိုင်း ဂျယ်နီဆိုတဲ့ ကောင်မလေးနဲ့ ဂျူနိဆိုတဲ့ ၁၅နှစ်အရွယ်ကလေးတွေရဲ့ ဇာတ်လမ်းပါပဲ။ ဂျယ်နီဆိုတဲ့ တော်လည်းတော် လှလည်းလှတဲ့ ကောင်မလေးနဲ့ ဂျူနိုဆိုတဲ့ တော်လည်းတော် ချစ်ဖို့လည်းကောင်းတဲ့ ကောင်လေးဟာ ချစ်ကြိုးသွယ်မိရာက အဆင့်တက်ပြီး ချစ်ကြိုးတွေပါနွယ်မိကြတယ်။ သူတို့ထပ်ဆင့်နွယ်မိတဲ့ ချစ်ကြိုးလေးက ဂျယ်နီ့ဗိုက်ထဲက ကလေးလေးပေါ့။ ဒီကလေးလေးဖြစ်တည်စမှာ ဂျယ်နီကတော့ ဘာပဲဖြစ်ဖြစ် သူ့ကလေးကို သူမွေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဂျယ်နီကတော့ ကလေးကို မွေးချင်ပေမဲ့ ဂျူနိုကတော့ နည်းနည်းအင်တင်တင်ဖြစ်နေခဲ့တယ်။ သူတို့ကလည်း အထက်တန်းကျောင်းသားလေးတွေပဲရှိကြသေးသကိုး။ ဒါပေမဲ့လည်း ဂျူနိုဟာ ဂျယ်နီ့သူ့ကလေးကို ချစ်သလောက်ကို ချစ်ခဲ့ပါတယ်။ ဂျယ်နီ ချဉ်ခြင်းတပ်တဲ့ စားစရာတွေဝယ်ကျွေးနိုင်ဖို့ သတင်းစာပို့တဲ့အလုပ်ကိုပါ လုပ်ခဲ့တဲ့အထိ ဂျူနိုဟာ သူ့မိန်းမကိုရော သူ့ကလေးကိုပါချစ်ခဲ့တယ်။ သူတို့ဟာ ကလေးအတွက် သူတို့နှစ်ယောက်တတ်နိုင်သလောက် လုပ်နေရင်းမှာပဲ သူတို့မိသားစုတွေကို ကာလတစ်ခုအထိဖုံးထားဖို့ပါ ကြိုးစားခဲ့ကြတယ်။ အစောကြီးသိသွားရင် ဖျက်ရလွယ်တော့ သူတို့ကလေးကို သူတို့မိဘတွေက ဖျက်ချခိုင်းမှာ စိုးခဲ့ကြလို့ပါပဲ။ ဒီရုပ်ရှင်ရဲ့ ၃ပုံ၂ပုံလောက်ဟာ သူတို့မိသားစုတွေ မသိအောင် သူတို့ဖုံးဖို့ ကြိုးစားရင်း သူတို့ဘာသာ ရုန်းကန်ရပုံတွေနဲ့ အသက်သွင်းထားတယ်။ နောက်တစ်ပုံမှာတော့ သူတို့မိဘတွေသိသွားရာကနေ လူကြီးတွေရဲ့အမြင်နဲ့ ကလေးတွေရဲ့ ဆုံးဖြတ်ချက်ကြား သဘောထားကွဲလွဲကြမှုကနေ ပြဿနာတွေတက်လာတော့ ဒီပြဿနာတွေကို ကျော်ဖြတ်နိုင်ပါ့မလား သူတို့ကလေးကိုရော မွေးခွင့်ရပါ့မလားကြည့်ရမယ့်ဇာတ်ပေါ့။ ဇာတ်ကတော့ တော်တော်မထော်မနန်းလို့ ပြောရမှာပေမဲ့ ကလေးတွေ သူတို့ကလေးကိုချစ်လို့ လုပ်ကြတာတွေကတော့ ကြည့်ရတာ ချစ်ဖို့တော့ကောင်းနေတယ်။ သရုပ်ဆောင်တွေကတော့ High Kick ( 2006 )နဲ့ Potato Star 2013QR3 တို့နဲ့ လူသိများတဲ့ Kim Hye-seongရယ် Time to Huntတို့ A Man and a Woman တို့လို အနုပညာအရအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေထဲ သရုပ်ဆောင်ဖူးတဲ့ Park Min-jiတို့တွေပါပဲ။ ဇာတ်ရံတွေကလည်း လက်ရှိကေဒရာမာတွေမှာ မြင်နေကျလူတွေပဲဆိုတော့ ကြည့်ရတာတော့ အစိမ်းသက်သက်တော့ ဖြစ်မနေဘူး။ ဝေဖန်ရေးသမားတွေကတော့ ဂျယ်နီဂျူနိုရဲ့ ကလေးတွေကြားက ကိုယ်ဝန်ပြဿနာကို တင်ပြပုံဟာ တော်တော်လေးလက်တွေ့မကျတာမို့ ကလေးတွေကို အတုယူမှားစေနိုင်တယ်လို့ အပြစ်တင်ခဲ့ကြပေမဲ့ ဒါရိုက်တာကတော့ ဒီရုပ်ရှင်မှာ အပြစ်တင်ရမှာက အသက်မပြည့်ခင်အမှားလုပ်မိကြတဲ့ ဂျယ်နီဂျူနိတို့မဟုတ်ဘဲ သူတို့ဟာ သူတို့နည်းသူတို့ဟန်နဲ့ သူတို့အချစ်ကိုပြနေခဲ့တာဖြစ်ပြီး ဒီအချစ်ကို ငြင်းပယ်ခဲ့တဲ့ လူကြီးတွေကိုပဲ အပြစ်တင်ရမှာလို့ ဆိုခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ တာဝန်ယူမှုတာဝန်ခံမှုအကြောင်းလို့လည်း ဆိုခဲ့တယ်။ သူပြောတာလည်း သူ့နည်းသူ့ဟန်နဲ့တော့ ဟုတ်ပေမဲ့ ဝေဖန်ရေးသမားတွေပြောတာလည်း မမှားဘူး။ ဒါပေမဲ့ ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ ကြည့်ကြရင်တော့ ဒီရုပ်ရှင်ဟာ အတိုင်းအတာတစ်ခုအထိတော့ ချစ်ဖို့ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ဆန်းကြယ်တာကတော့ ၂၀၀၇မှာ ကျွန်တော်တို့ချစ်ခဲ့ဖူးတဲ့ Elliot Pageလေးသရုပ်ဆောင်ထားတဲ့ အမေရိကန်ရုပ်ရှင် ဂျူနိုထွက်ခဲ့ပါတယ်။ သူလည်း ကိုယ်ဝန်ရသွားတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးအကြောင်းပါပဲ။ ဒါပေမဲ့ ဇာတ်ညွှန်းဆရာကတော့ သူ့အနေနဲ့ ဂျယ်နီဂျူနိုကို မကြည့်ဖူးတာတော့ အမှန်ပါပဲလို့ပြောခဲ့ပါတယ်။ ဒီလိုအမေးခံရတာကြောင့်ပဲ စိတ်ဝင်စားပြီး ကြည့်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖန်တီးမှုတွေနဲ့ပတ်သက်ရင် ဒီလိုတိုက်ဆိုင်မှုမျိုးတွေက မြင်ရနေကျလိုလိုပါပဲ။ ဒီက သူစိမ်းအိမ်နဲ့ သူ့နောက်မှထွက်တဲ့ Ready Or Not ဇာတ်အခြေခံက တော်တော်လေးတူနေလို့ ဇစ်မြစ်တစ်ခုခုများရှိနေလို့ ရှာကြည့်ခ့ဖူးပေမဲ့ ဘာမှတော့မတွေ့ခဲ့ပါဘူး။ ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ပဲပြောရမှာပါပဲ။ ဂျူနိုနဲ့ ဂျန်နီဂျူနိုကြားလည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ အညွှန်းကိုတော့ WiRa Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.7GB | 882MB Format… mp4 Duration….1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. Aaron

Drama
6.3 2005
Jenny, Juno
The Beast Within

Game of Throne ထဲက ဂျွန်စနိုးတဖြစ်လဲ Kit Harington ပါဝင်သရုပ်ဆောင်ထားတဲ့ လပြည့်ညတိုင်း အူရတဲ့ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…… ဒီဇာတ်ကားထဲမှာ ဝဲလ်လိုဆိုတဲ့ ၁၀နှစ်အရွယ်သမီးလေးဟာ သူ့အဖေရယ် အမေရယ် အဖိုးရယ်နဲ့ပဲ တသီးတသန့် တောထဲမှာကြီးပြင်းလာရာကနေ တဖြည်းဖြည်းနဲ့ ပုံမှန်မဟုတ်တာတွေကို သတိထားမိလာပါတယ်……သူ့အဖေက ပျောက်ပျောက်သွားပြီး ပြန်လာရင်ပုံမှန်လူတစ်ယောက်လို မဟုတ်တာကို သူသိလာခဲ့တာပါ…. နောက်ပိုင်းတော့ သူ့အမေဖုံးကွယ်ထားတွေကို ဟိုတစ်စ ဒီတစ်စ သိလာပြီး သူ့အဖိုးကပါ သူ့ကိုကာကွယ်ဖို့အတွက် သူ့အဖေ အမေနဲ့ အတိုက်အခံလုပ်ပြီးနောက်ပိုင်းမှာတော့ ဘာတွေဆက်ဖြစ်လာကြမလဲ ဘာတွေဖုံးကွယ်ထားကြတာလဲ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(1.2 GB)/(590 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by ….Garfield

Comedy • Science Fiction
0 2024
The Beast Within
Não Tem Volta
5

Não Tem Volta (2023) IMDb Rating (5.0) ဘရာဇီးအချစ်ဟာသကားဖြစ်တဲ့ ဒီကားရဲ့ ဇာတ်အိမ်က ထူးလည်းထူးတယ် ရူးလည်းရူးတယ်လို့ပြောရမယ်။ ကောင်လေးတစ်ယောက်ရှိတယ်။ သူက သူ့ကောင်မလေးက သူ့ကိုထားသွားတာကို ခံခဲ့ရတယ်။ မင်းမရှိရင် အသက်မရှင်ဘူးဆိုတာ ဒီကောင်အစစ်ပဲ။ တစ်နှစ်လောက်တော့ စောင့်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး တစ်နှစ်စောင့်ခဲ့ပေမဲ့ သူ့ကောင်မလေးက ပြန်မလာခဲ့ဘူး။ ဒီတော့ သူက လူသတ်သမားငှားပြီး သူ့ကိုယ်သူပြန်သတ်ခိုင်းလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်သတ်ခိုင်းမိတဲ့ ဇာတ်ကတော့ ရှေ့မှာလည်းရှိခဲ့ပေမဲ့ ဒီကားကတော့ ကျန်တဲ့အဲလီးမန့်တွေကပါ စားနေတာမျိုးပေါ့။ သူ့ကိုယ်သူသတ်ဖို့ အလုပ်အပ်တဲ့အချိန် လူသတ်သမားငှားပေးမယ့်ပွဲစားက သူ့ကို တစ်ခါတည်းမှာထားတယ်။ အလုပ်အပ်ပြီးရင် ပြတ်ရုတ်သိမ်းလို့မရဘူး။ နောက်ပြန်ဆုတ်လို့မရဘူးတဲ့။ မင်းမရှိရင်အသက်မရှင်ချင်တဲ့ကောင်ကလည်း ပျော်ပျော်ကြီးလက်ခံလိုက်တာပေါ့။ အလုပ်အပ်ပြီး အိမ်ပြန်လာတော့ သူ့ကောင်မလေး ပြန်လာတာနဲ့ တိုးတယ်။ သူ့ကိုချစ်ကြောင်းတွေပါပြောတော့ ဒီကောင်နားကားရော။ ဒီတော့ သူပြန်ဆုတ်လို့မရတဲ့ အပေးအယူလုပ်ထားတဲ့ကိစ္စကို ပြန်ဆုတ်ဖို့ သူဘယ်လိုလုပ်လဲ တလွဲတွေနဲ့ချည်းကြည့်ရမယ့် ရုပ်ရှင်ပါ။ တစ်ခုရှိတာက ဒီဘရာဇီးကားက ဘောင်ဝင်တန်းဝင်ကားမဟုတ်လေတော့ အင်္ဂလိပ်စာဖိုင်က ဘောင်ဝင်တန်းဝင်စာဖိုင်မျိုးတော့ မထွက်ထားဘူး။ နားလည်လွယ်အောင် ဖြည့်ပြန်ထားပေမဲ့‌ ခြောက်ပြစ်တော့မကင်းတာတော့ သည်းခံကြည့်စေချင်ပါတယ်။ ဇာတ်လမ်းကို နားလည်မှုလွဲစေမှာမျိုးတော့ မရှိပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.3 GB) / (960 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Comedy Duration….01:30:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Romance • Drama
5 2023 90 mins
Não Tem Volta
Nizharkudai
7.9

Nizharkudai (2025) “မေတ္တာရိပ်” ‌အခုတစ်ခါမှာ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် တမီလ်စကားပြော ဒရာမာဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ လန်ဆီနဲ့နီရမ်ဂျာတို့ဟာ ဘာသာချင်းမတူပေမဲ့ မိသားစုဆွေမျိုးတွေကို ဆန့်ကျင်ပြီး အိမ်ထောင်ပြုခဲ့ကြတဲ့ လူငယ်ဇနီးမောင်နှံပါ။ သူတို့မှာ သမီးလေးတစ်ယောက်ရှိပြီး မိသားစုလိုက် အမေရိကမှာအခြေချဖို့ ကြိုးစားနေကြသူတွေပေါ့။ နှစ်ယောက်လုံးက အလုပ်အကိုင်တွေနဲ့မို့ သူတို့အလုပ်သွားချိန်ဆို သမီးဖြစ်သူကို ကလေးထိန်းနဲ့ ထားခဲ့ရပါတယ်။ အဲဒီကလေးထိန်းမိန်းကလေးဟာ လန်ဆီတို့လင်မယား အလုပ်သွားပြီဆိုတာနဲ့ ကလေးကို အိပ်ဆေးတိုက်၊ ရည်းစားကို အိမ်ပေါ်ခေါ်ပြီး နေ့တိုင်း သာယာဇိမ်ကျနေပါတယ်။ တစ်နေ့တော့ ပြဿနာတစ်ခုတက်ရာက အဲဒီအကြောင်း လန်ဆီတို့လင်မယားသိသွားပြီး ကလေးထိန်းဖို့ လူထပ်ရှာရပါတယ်။ အဲဒီအချိန်မှာပဲ လန်ဆီတို့သမီးလေးအတွက် ဂျိုသီဆိုတဲ့ မေတ္တာရှင်အမျိုးသမီးနဲ့ တွေ့ဆုံရဖို့ အကြောင်းဖန်လာပါတော့တယ်။ ခင်ရာဆွေမျိုးဆိုတဲ့အတိုင်း တကယ်‌စေတနာ မေတ္တာထားသူနဲ့ကြုံဆုံရတဲ့ သူစိမ်းတွေဖြစ်ပေမဲ့ သံယောဇဉ်တွေ နှောင်တွယ်မိကြပါတယ်။ ဒီလိုနဲ့ အမေရိကအိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတဲ့ လန်ဆီတို့လင်မယား၊ သံယောဇဉ်နှောင်တွယ်နေကြပြီဖြစ်တဲ့ သူတို့သမီးလေးနီလာနဲ့ ဂျိုသီတို့ကြား ရှေ့ဆက်ဘယ်လိုတွေဖြစ်လာမလဲ၊ ဘာတွေကြုံတွေ့ရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

7.9 2025
Nizharkudai