YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Into.The.Deep.2022.720p(CM).mp4

742.23 MB N/A video/mp4 376 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Paappan
6.6

ယခုတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ မှုခင်း Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစကနေအဆုံးထိ တရားခံကို သိတာလိုလိုမသိတာလိုလို မိတော့မှာလိုလို မမိတော့ဘူးလိုလိုနဲ့ ဖမ်းရခက်ပြီး အန္တရာယ်များတဲ့ ကွင်းဆက်စိတ္တဇလူသတ်သမားတစ်ယောက်ကို ကြည့်ရှုရမှာပါ ဇာတ်လမ်းအစမှာ တောနက်တစ်နေရာက အိတ်ထဲထည့်ဆွဲထားတဲ့ အလောင်းတစ်ခုကို တွေ့ရှိရကစပါတယ် အဲ့အမှုကို တာဝန်ယူရတာက ရဲအရာရှိဗင်ဆီအေဗရာဟမ် ဖြစ်ပါတယ် အဲ့အလောင်းနားမှာ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ ကားတွေဖုန်းတွေကိုတွေ့လို့ မင်းသားကိုသတ်တဲ့အမှုလို့ထင်လိုက်ပေမဲ့ မထင်မှတ်ပဲ ကွင်းဆက်လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ ဒီအမှုက ရဲမေဗင်ဆီအတွက်တင်မက အတိတ်က ရဲဟောင်းသူ့အဖေမစ္စတာအေဗရာဟမ်နဲ့ပါ ပတ်သတ်လာတဲ့အခါ ဇာတ်လမ်းအစကနေအဆုံး ‌ရင်တမမနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ မှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လက်မလွှတ်သင့်ကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် File size…2.43GB / 1.2GB Quality…1080p HD RIP/ 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Nyein~Sai~Yunni~BpL

Mystery • Thriller
6.6 2022 162 mins
Paappan
Extras For Chasing The Dragon
4.2

၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေအတွင်း ဟောင်ကောင်မှ ရဲတပ်ဖွဲ့တွေဟာ ဒုစရိုက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကျင့်ပျက် ချစားမှုတွေ လုပ်ကိုင်ခဲ့ကြပြီးတော့ ဟောင်ကောင်ဟာ ဒုစရိုက်နယ်မြေကြီးသဖွယ်ဖြစ်လို့လာခဲ့ပါတယ် ။ အဲဒီအချိန်မှာပဲ တိုက်ရည် ခိုက်ရည်ကောင်းတဲ့ ဝူကော်ဟောင် နဲ့ သူ့ရဲ့ ငယ်သူငယ်ချင်းနှစ်ယောက်တို့ဟာ ဟောင်ကောင်ကို မှောင်ခိုလုပ်ငန်းလုပ်ပြီး စီးပွားရှာချင်လို့ ရောက်လာခဲ့ကြပါတယ် ။ ကံအကြောင်းဖန်လာပြန်တော့ ဟောင်ကောင်ရဲ့ အမှုစစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ရွှီလဲ့နဲ့ တွေ့ဆုံခဲ့ပြီး ရွှီလဲ့ဆီမှာ အခစားဖို့ ဖြစ်လာခဲ့ပါတယ် ။ အမှုစစ်ရွှီလဲ့ဟာ လက်ရှိမှာ ပိုင်အိမ်တော် မမလေးကျန်းနီရဲ့ ခင်ပွန်းဖြစ်နေပြီးတော့ တစ်နေ့မှာ သေဆုံးနေပြီဟု သိထားတဲ့ သူ့ရဲ့ ရည်းစားဟောင်း ကျန်းနီနဲ့ မတော်တဆ တွေ့ဆုံလိုက်ရတဲ့ အခါမှာတော့....? ❏ တစ်ဖက်က သူ့ရဲ့ အာဏာရာထူးတွေကို ထောက်ပံ့ပေးနေတဲ့ မမလေး ❏ တစ်ဖက်က သူ့ကိုအရမ်းချစ်ရှာပြီး အမြဲအဖော်ပြုပေးနေခဲ့တဲ့ ချစ်ရသူ အာဏာနဲ့ အချစ်ရဲ့ ကြားမှာ ရွှီလဲ့ တစ်ယောက်ဘာတွေကိုရွေးချယ်မလဲ ။ ဒုစရိုက်အမှုတွေက နက်နဲ သထက် နက်နဲလာတဲ့အခါမှာရော အမှုစစ်တစ်ယောက်အနေနဲ့ ဘယ်လိုကိုင်တွယ်မလဲ ။ တစ်ခြား နောက်ကွယ်က ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ ပုန်းကွယ်နေဦးမလဲဆိုတာသိရဖို့ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်လားရှင် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Thriller • Western
4.2 2023 95 mins
Extras For Chasing The Dragon
Chor Nikal Ke Bhaga
7.2

Chor Nikal Ke Bhanga(2023) ***************************************** IMDb-8/10 Glow & Lovely (Fair & Lovely)ရဲ့ ကြော်ငြာမင်းသမီးချောလေးယန်မီဂေါ်သမ်က လေယာဉ်မယ်အဖြစ် ၊ မင်းသားချောနှစ်ယောက်ဖြစ်တဲ့ ဆန်နီကောရှလ်နဲ့ ရှရားဒ်ကဲလ်ကရ် တို့အဓိကပါ၀င်ထားတဲ့ လေယာဉ်ပြန်ပေးဆွဲကားပါ ။ ဇာတ်လမ်းအကျဉ်း သက်သတ်လွတ်သမားအန်ကစ်နဲ့ လေယာဉ်မယ်နေဟာတို့ သက်သတ်လွတ်ဟင်းပွဲကိစ္စကအစပြုပြီး တွေ့ဆုံရင်းချစ်မိသွားကြရာက နေဟာကိုယ်၀န်ရသွားတဲ့အထိနီးစပ်သွားကြပါတယ်။ နှစ်ယောက်လုံးကအရမ်းချစ်ကြသူတွေမို့ လက်ထပ်ဖို့ဆုံးဖြတ်ပြီးသာယာကြည်နူးနေချိန်မှာ အန်ကစ်လုပ်ငန်းတစ်ခုကအမှားအယွင်းကြောင့် အန်ကစ်ဟာ သူ့ကုမ္မဏီကစိန်ကို သူကိုယ်တိုင်ပြန်ခိုးရမယ့်အဖြစ်ရောက်သွားပါတယ်။ ကြင်ယာလောင်းအတွက် နေဟာပါအဆစ်ပါပြီး နှစ်ယောက်ပေါင်း အကြံအစည်အကောင်အထည်ဖော်ခါနီးမှာပဲ အဲဒီလေယာဉ်ကြီးကိုပြန်ပေးဆွဲခံရပြီး နှစ်ယောက်လုံးဓားစာခံဖြစ်သွားပါတော့တယ်။ သူတို့က ဘာကြောင့်လေယာဉ်ကိုပြန်ပေးဆွဲရတာလဲ... အန်ကစ်ကရော ဒီကိစ္စတွေကြားမှာမှ သူ့အစီအစဉ်ကိုအကောင်အထည်ဖော်နိုင်ပါ့မလား... နောက်ထပ်အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရှရားဒ်ကဲလ်ကရ် ကရော ဘယ်နားကနေဘယ်လိုပေါ်လာမလဲ ရင်တထိတ်ထိတ်ခံစားကြည့်ပါဦးလို့ .... ဘာသာပြန်တွေကတော့ Bpl,Yunniနဲ့ Thaik Sanတို့ ဖြစ်ပါတယ် File size…1.2GB / 540MB Quality…1080p WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Thaik San

Comedy
7.2 2023 110 mins
Chor Nikal Ke Bhaga
The Mosquito Coast
6.6

The Mosquito Coast (1986) ~ IMDb – 6.6/10, Rotten Tomatoes – 74% ~ ဒီဇာတ်ကားထဲက Harrison Ford သရုပ်ဆောင်တဲ့ အယ်လီဖောက်စ် (Allie Fox) ဆိုတဲ့ ဇာတ်ကောင်ကို တီထွင်သူ၊ အလွယ်လမ်း မလိုက်သူ၊ အမေရိကနိုင်ငံကြီးရဲ့ ပုပ်ပွနေတဲ့ စနစ်နဲ့ လူမှုအဖွဲ့အစည်းကြီးကို ရွံရှာမုန်းတီးနေသူ တစ်ယောက် အဖြစ် ပုံဖော်ထားတယ်။ မော်စကီတို ကမ်းရိုးတန်း (Mosquito Coast) ဆိုတာ အယ်လီအတွက်တော့ အထဲမှာ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေတဲ့ အမေရိကနိုင်ငံကြီးထဲကနေ သူတို့ ထွက်ပြေးမယ့် သုခဘုံကြီးတစ်ခုပဲ။ အဖေဖြစ်သူ အယ်လီကို ဘုရားလို ကိုးကွယ်ကြတဲ့ သား ၂ယောက်၊ သမီးအမြွှာလေး ၂ယောက်၊ ဇနီးမယားတစ်ယောက်ကတော့ ဘာမှ မတတ်နိုင်ဘဲ မော်စကီတိုကမ်းရိုးတန်းမကလို့ သေတွင်းထဲ ခေါ်သွားလည်း အယ်လီ့နောက်ကို လိုက်နေရမှာပါပဲ။ ဒါ့အပြင် ယောက်ျားရဲ့ စံနှုန်းနဲ့ သားသမီးတွေရဲ့ ဒုက္ခကြားမှာ လွန်ဆွဲနေမယ့် အမေဖြစ်သူ၊ အဖေ့စကား မြေ၀ယ်မကျ နားထောင်ရင်း အဖေ့ကြောင့် ရတဲ့ ဒုက္ခတွေကြားမှာ ဗျာများနေမယ့် အစ်ကိုကြီး ချာလီ (ဂျိုကာ သရုပ်ဆောင်ကြီး Joaquin Phoenix ရဲ့ အစ်ကိုဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့ပါတယ်) တို့ကို ကြည့်နေရင်းနဲ့ စိတ်မောလူမော ဖြစ်ရအုံးမှာပါ။ တီထွင်သူကြီး အယ်လီဖောက်စ်နဲ့ သူ့မိသားစုတို့ နဖူးတွေ့ ဒူးတွေ့ ကြုံရမယ့် မော်စကီတို ကမ်းရိုးတန်းဟာ သူတို့မိသားစုလေး အတွက် သုခဘုံဖြစ်မလား ငရဲတွင်းဖြစ်မလားဆိုတဲ့ ဖြစ်အင်ကို ဒီဇာတ်လမ်းမှာ ကြည့်ရှုကြရမှာပါ။ ဇာတ်ကားအပြီးမှာ ကျွန်တော်ကတော့ အယ်လီဖောက်စ်ကို ငါစွဲ အတ္တသမား တစ်ယောက်လို မြင်မိတာပါပဲ။ ဘယ်လို အတွေးအခေါ်တွေ၊ ဘယ်လို Message တွေ ရသွားမလဲ ဆိုတာကတော့ ကြည့်ရှုသူ ကိုယ်တိုင်ပဲ ဆုံးဖြတ်သင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3GB, 1.2GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 57Min Genre – Adventure, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

6.6 1986
The Mosquito Coast
Powder Blue

ဒီတစ်ခါမှာတော့ IMDb 6.2ထိရရှိထားတဲ့ Thriller/Drama ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ Los Angeles က လူလေးယောက် အကြောင်းကို ရိုက်ကူးထားတာပါ ခရစ္စမတ်မှာ ဒေါ်လာငါးသောင်းထည့်ထားတဲ့အိတ်တစ်လုံးနဲ့ သူ့ကိုသတ်ပေးမယ့်သူ လိုက်ရှာနေတဲ့ ဖာသာဖြစ်ခဲ့ဖူးသူ ချာလီ…… ကိုမာဖြစ်နေတဲ့ သားလေးရဲ့ ဆေးရုံစရိတ်အတွက် အဖော်အချွတ်မယ်လုပ်ပြီး ပိုက်ဆံရှာနေတဲ့ ဂျွန်နီ…… အဖေဆုံးသွားပြီး အကြွေးပိနေ‌တဲ့ သုဘရာဇာ ကွာရတီ……. ၂၅နှစ်ထောင်ကျပြီးနောက် ထောင်က လွတ်လာတဲ့ ဂျက်……. သူတို့လေးယောက်ရဲ့ ဘဝတွေက ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို ကြည့်ရှုသွားရမှာဖြစ်ပါတယ် File size…(1.7 GB)/(810 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

0 2009
Powder Blue
Fallen Leaves
7.5

Fallen Leaves (2023) ~ IMDb – 7.5/10, RT – 98%, Meta – 86% ~ ” ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေ ကြားဖူးတယ်မလား။ ဂန္ထ၀င်စာအုပ်တွေလိုမျိုးလေ။ နမ်းခန်းတောင်မပါဘူး။ မနမ်းကြဘူး။ လုံး၀ ဘာမှကိုမဖြစ်ဘူး အရမ်းသန့်စင်တယ်။ ဒါကြောင့်ပဲ ကြီးကျယ်ခမ်းနားတာ။ ထုတ်မပြောထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းတယ်… “ ဒီစကားက တာကော့စကီးရဲ့ Nostalghia ထဲက စကား။ ဘာလို့ ဒီစကားထည့်ပြောရသလဲဆို ဒီရုပ်ရှင်ဟာ အချစ်အကြောင်းမို့ပါပဲ။ ဒါပေမဲ့ အချစ်အကြောင်းလို့မထင်ရအောင်ကို ဒီရုပ်ရှင်ဟာ မကြီးကျယ်မခမ်းနားဘူး။ ခပ်ရှင်းရှင်းပြောရရင် အချစ်ဇာတ်အနေနဲ့ဆို တော်တော်လေး သိမ်ငယ်ရမယ့်အထဲတောင် ဝင်သွားနိုင်တယ်။ ဒါကြောင့်လည်း ဒီရုပ်ရှင်နဲ့သိပ်ဆန့်ကျင်ဘက်ဖြစ်လွန်းတဲ့ တာကော့စကီးပြောတဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်တွေအကြောင်း သွားပြေးမြင်မိတာပဲ။ ထုတ်မပြောဖို့နေနေသာသာ တန်းပြောတန်းဖြစ်ဆိုတဲ့ သဘောမျိုးတောင် ဆန်တယ်။ ဒါကို ဘာလို့ပြေးမြင်မိသလဲဆို ဘာမှမဆိုင်လို့ပါပဲ။ ” ဘာဆိုင်လို့လွမ်းတာလဲ” ” ဘာမှမဆိုင်လို့ကို လွမ်းတာပါ” ဆိုတဲ့ စကားအတိုင်းပေါ့။ ဒီရုပ်ရှင်က Aki Kaurismäki ရဲ့ ကျောမွဲလူတန်းစားတွေအကြောင်းရိုက်ထားတဲ့ Proletariat Trilogy ထဲကို လေးကားမြောက်ထပ်ဖြည့်ထားတဲ့ကားဆိုတော့ ကျောမွဲလူတန်းစားအကြောင်း ဇာတ်ပဲ။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်၂ကောင်လုံးက လူမရိုသေရှင်မရိုသေအလုပ်တွေ လုပ်နေရတဲ့ ဒီနေ့အလုပ်မလုပ်ရင် မနက်ဖြန်ငတ်သွားနိုင်တဲ့ လူတွေထဲကလူတွေပဲ။ Kaurismäki ဟာ ဇာတ်ရဲ့ သုံးချိုးတစ်ချိုးလောက်အထိကို သူတို့အချစ်ဇာတ်ကို မပြသေးဘဲ သူတို့ရဲ့ ကျောမွဲလူတန်းစားဘဝကို အရင်ပြတယ်။ တကယ်တမ်း သူတို့ဆုံစည်းခြင်း ချစ်ကြိုက်ခြင်းကိုပြတော့လည်း တာကော့စကီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ဆန့်ကျင်စွာပဲ ခုတွေ့ ခုကြိုက် ခုချစ် ပုံစံမျိုးကို ရောက်သွားတယ်။ အမှတ်တမဲ့ဆို မမြင်သာနိုင်အောင်လောက်ပဲ ချစ်တယ်ဆိုတဲ့ စကားလုံးတော့ တစ်လုံးမှမပါခဲ့ဘူး။ ဒါကလည်း မဆန်းပါဘူး။ သက်လတ်ပိုင်း တစ်ကိုယ်တော်လူတစ်ယောက်နဲ့ သက်လတ်ပိုင်း အထီးကျန်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ဘာတွေများ ရွေးချယ်စရာများများစားစားရှိမှာလဲ။ ဒီတိုင်းဘဝဆိုတာကို ဒီတိုင်းလက်ခံလိုက်ကြရမှာပဲ။ ဒါပေမဲ့ ကံက သူတို့ဘက်မရှိပေမဲ့ ဒီအချစ်ကို သူတို့လက်မလျှော့လိုက်တဲ့အချက်ကတော့ သဘောကျစရာကောင်းနေတယ်။ Fallen Leaves ဟာ ရိုးရိုးလေးပါပဲ။ ဒီလိုရိုးရိုးလေးဆိုတဲ့ ဘာထူးထူးခြားခြားမှမပါတဲ့ ဇာတ်လမ်းတွေကို မကြိုက်တတ်ရင် Fallen Leaves ဟာ ခင်ဗျားအတွက်မဟုတ်လောက်ဘူး။ ဒီလို ရိုးရိုးလေးဆိုတဲ့ အရာရာပါနေတဲ့ ဇာတ်လမ်းတွေကို ကြိုက်တတ်ရင်တော့ ဒီဇာတ်လမ်းဟာ ခင်ဗျားအတွက်ဖြစ်လောက်မယ်။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Aki Kaurismäki ဟာ နာမည်ကျော်ဖင်လန် ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ဖင်လန်ရဲ့နာမည်အကျော်ဆုံး ဒါရိုက်တာလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့ ကားအများစုက ကိန်းမှာဆုအသီးသီးရခဲ့ပြီး အော်စကာဆန်ခါတင်ဝင်ဖူးတာတွေလည်းရှိတယ်။ Fallen Leaves လည်း လက်ရှိမှာ Shortlist ထဲတော့ ဝင်ထားတာပါပဲ။ ပြီးတော့ နောက် တစ်ချက်ရှိတာက ဒီရုပ်ရှင်က သီချင်းတွေက တော်တော်လေးကောင်းတယ်။ Autumn Leaves ခေါ် Fallen Leaves လို ၁၉၄၅ကတည်းက သီချင်းကအစ မျက်မှောက်​ခေတ် ဖင်လန်ပေါ့ဂီတအဖွဲ့ဖြစ်တဲ့ Maustetytöt ရဲ့ ၂၀၂၀ကထွက်ခဲ့တဲ့ Syntynyt suruun ja puettu pettymyksin အဆုံး သုံးထားတယ်။ ရုပ်ရှင်ရဲ့ နာမည်ဖြစ်တဲ့ Fallen Leaves ကတော့ တော်တော်သမိုင်းကြီးတဲ့သီချင်းလို့ပြောရမယ်။ Nat King Cole တို့၊ Frank Sinatra တို့လို ဂီတသမိုင်းရဲ့ အကျော်အမော်တွေပါ ဆိုဖူးတဲ့သီချင်းပဲ။ ဂျတ်ဇ်ဂီတပညာရှင်တွေကတော့ အမေရိကန်ကထွက်တာမဟုတ်တဲ့ထဲ ဂျတ်ဇ်သမိုင်းရဲ့အရေးအပါဆုံးသီချင်းလို့ သမုတ်ကြတယ်။ မိန်းစထွင်းနဲ့ မော်ဒန်ဂျတ်ဇ်သမားတွေချည်း အကြိမ်ပေါင်း ၁၄၀၀လည်း အသံသွင်းဖူးသလို ဂျတ်ဇ်ဂီတရဲ့ ပြန်ဆိုသူအများဆုံးသီချင်းလည်း ဟုတ်နေတယ်။ Syntynyt suruun ja puettu pettymyksin ကတော့ နားထောင်ရတာ တော်တော်လေး နားဝင်လွယ်သလို သူတို့ခေတ် သူတို့နိုင်ငံရဲ့ အခြေအနေကိုလည်း ထင်ဟပ်နေသလို ခံစားရတယ်။ Fallen Leaves ကို Aki Kaurismäki ဟာ မျက်မှောက်ခတ်မှာပဲ အခြေတည်ထားသလို ရုံမှာ သူတို့သွားကြည့်ကြတဲ့ကားကလည်း The Dead Don’t Die ဖြစ်နေပေမဲ့ သုံးထားတဲ့အရောင်တွေက အဟောင်းဆန်နေသလို ရုပ်ရှင်ပိုစတာတွေကလည်း အဟောင်းတွေပါပဲ။ ဂိုးဒတ်တို့ ဘာတို့အကြောင်းတောင် ကောက်ပြောလိုက်ကြသေးတယ်။ ဘာကြောင့်လဲတော့ ရုပ်ရှင်ကိုကြည့်ပြီးတဲ့အခါ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးလိုက်ပေါ့။ Fallen Leaves ဟာ ဘယ်လိုရုပ်ရှင်လဲဆိုတော့ ဆိုခဲ့သလို ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမဲ့လည်း နှောင်ကြိုးကလွဲ ဘာမှမပိုင်ဆိုင်နိုင်တဲ့ သူတို့ရဲ့ဘဝမှာတော့ ဒီဇာတ်လမ်းဟာ ကြီးကျယ်ခမ်းနားနေမှာပါပဲ။ Fallen Leaves ထဲက အချစ်ဇာတ်ဟာ သစ်ရွက်ကြွေတို့ရဲ့အတိတ်တစ်ခုပေါ့။ မျက်လုံးကိုမှိတ်ပြီးနားထောင်ကြည့်ရင်တော့ တိတ်ဆိတ်လွန်းတဲ့ သစ်ရွက်ကြွေသံကို ခင်ဗျားကောင်းကောင်းကြားရမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီသစ်ရွက်အသေတွေအကြောင်းပေါ့။ ဒါဟာ… မလှပခြင်းနဲ့ လှပနေတဲ့၊ လှပခြင်းနဲ့ မလှပနေတဲ့ သစ်ရွက်အသေတို့ရဲ့ ဂီတ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 890MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 21Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.5 2023 81 mins
Fallen Leaves
Alvin and the Chipmunks: The Road Chip

ဒီဇာတ်ကားက Chipmunk​တွေရဲ့ ​နောက်ဆုံးထွက်ရှိထားခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ချစ်ပက်တ်​​​တွေက ဂီတ​​လောကမှာနေရာရ​နေပြီဖြစ်သလို ​ ဒေ့ဗ်ကလည်း ဆမန်သာဆိုတဲ့ ဆရာဝန် တစ်​ယောက်နဲ့ နီးစပ်​နေတဲ့အချိန်ဖြစ်လို့ အယ်ဗင်တို့သုံး​ကောင် အထီးကျန်​နေရတဲ့ ကာလ​တွေ​ပေါ့။ ဆမန်သာမှာ မိုင်းစ်ဆိုတဲ့သားတစ်​ယောက်ရှိပြီး သူတို့နဲ့စ​တွေ့ကတည်းက ကမ္ဘာ့ရန်​တွေဖြစ်​နေခဲ့တာပါ။ အဲဒီလိုနဲ့ ​ဒေ့ဗ်နဲ့ ဆမန်သာတို့ နှစ်​ယောက်တည်း မိုင်ယာမီကို ခရီးထွက်ဖို့ဖြစ်လာတဲ့အခါ ​ဒေ့ဗ်တစ်​ယောက် လက်ထပ်ခွင့် ​တောင်း​တော့မယ်လို့ ထင်သွားကြပြီး ကိုယ့်ရန်သူနဲ့ မိသားစု မဖြစ််ချင်တဲ့ မိုင်းစ်နဲ့ ရှဉ့်သုံး​ကောင်တို့ ပန်းတိုင်တူ မိတ်​ဆွေ ​တွေအ​နေနဲ့ ​ဟောလီးဝုဒ်က​နေ မိုင်ယာမီအထိ လိုက်သွားပြီး ​ဒေ့ဗ် လက်ထပ်ခွင့်​တောင်းမယ့် အစီအစဉ်ကို လိုက်ဖျက်ဖို့ ကြိုးစားပါ​တော့တယ်။ သူတို့ရဲ့ ဖျက်လိုဖျက်ဆီး ခရီးစဉ်မှာ ဘယ်လိုတလွဲ​တွေ လုပ်ဦးမလဲ၊ သူတို့ရဲ့ရည်မှန်းချက်ကြီးကို ​အောင်မြင်စွာ အ​ကောင်အထည် ဖော်နိုင်မလား၊ ဒါမှမဟုတ် ကျရှုံးသွားမလားဆိုတာ ကြည့်ရှုရမှာပါ။ File size… 2.6 GB / 665 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Horror • Science Fiction
0 1900
Alvin and the Chipmunks: The Road Chip
Penduko
6

ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စူပါစွမ်းအားရှင် ဂမ္ဘီရစိတ်ကူးယဉ် ဖိလစ်ပိုင်ရုပ်ရှင်ကားကောင်းတကား ဖြစ်သလို ဖျော်ဖြေရေး စွန့်စားခန်းရုပ်ရှင်လည်းပါတယ်။ ဒီကားထဲမှာ ဖိလစ်ပိုင်ဒဏ္ဍာရီ‌တွေနဲ့ ရိုးရာပုံပြင်ကို မီးမောင်းထိုးပြထားပြီး မှော်ပညာဆန်းတွေနဲ့ Harry Potter ကို ဖိလစ်ပိုင်ဗားရှင်းနဲ့ ရိုက်ကူးထားတဲ့ ကွဲပြားခြားနားတဲ့ စူပါဟီးရိုးဇာတ်ကားလို့ ချီးကျုးခံထားရပါတယ်။ Pedro Penduko ဟာ သူ့ရဲ့ဘိုးဘေးတွေဆီက သဘာဝလွန်စွမ်းအားတွေကို ရရှိထားတဲ့လူငယ် တယောက်ပါ။ သူက ဆင်းရဲနွမ်းပါး ကျေးလက်ဒေသကို မုန်းတီးပြီး ရေကြည်ရာ မြက်နုရာရှာဖွေဖို့ မနီလာမြို့တော်ကြီး ဆီကို ထွက်လာခဲ့တဲ့အခါမှာတော့ တမူထူးခြား မှော်ပညာ တွေကို အသက်သွင်းနေတဲ့ ကုမ္ပဏီတခုမှာ အလုပ်ဝင် လုပ်ခဲ့ပါတယ်။ ဒီကုမ္ပဏီက သူ့ရဲ့ဇာတိရွာလေးကို အပိုင်သိမ်းဖို့ ကြံစည်လာတဲ့ အခါမှာတော့ ထူးခြားစွမ်းအင်ကို ပိုင်ဆိုင်ထားသူ ဆေးဆရာဖြစ်တဲ့ သူ့ရဲ့ဖခင်နဲ့ ပြန်လည်ပူးပေါင်းပြီး အောက်လမ်းစုန်းကဝေတွေကို ဘယ်လိုပညာပေး၊ မောင်းထုတ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…1.41GB / 724MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

Romance • Comedy
6 2023
Penduko
The Train of Death

သရဲကားကောင်းတွေ ကြိုက်နှစ်သက်သူ cm ပရိသတ်ကြီးကို အင်ဒိုသရဲကားကောင်း တစ်ကားဖြစ်တဲ့ The Train of Death (အင်ဒိုလို Kereta berdarah)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပူရ်နားမားနဲ့ ကမ်ဘန်လို့ခေါ်တဲ့ ညီအစ်မနှစ်ဦးဟာ ဆန်ခါရာ အပန်းဖြေစခန်းကို အလည်အပတ်သွားရောက်ဖို့ အတွက် အထူးစီစဉ်ထားတဲ့ ရထားကို စီးနင်းလာခဲ့ကြပါတယ်။ ရထားစီးနင်းလာတဲ့ လမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့အရာတွေကို ရထားပေါ်မှာ ကြုံရတဲ့အပြင် လှိုဏ်ခေါင်းတစ်ခုကို ဝင်ရောက်ချိန်မှာ ရထားနောက်ဆုံးတွဲဖြစ်တဲ့ ပဥ္စမမြောက်အတွဲ ပြုတ်ထွက် ကျန်တာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ သူမတို့ ညီအစ်မနှစ်ဦး ဘယ်လိုတွေဆက်လုပ်ကြမလဲ။ ကျန်ရစ်ခဲ့တဲ့ ရထားတွဲထဲက ခရီးသည်တွေက ဘယ်လို ကံကြမ္မာတွေ ရင်ဆိုင်ကြရမလဲ။ ဒီရထားနဲ့ ပတ်သတ်ပြီး ကြောက်မက်ဖွယ် အကြောင်းရင်းကို သိရှိလိုက်ရတဲ့ အချိန် ရထားတွဲ ခေါင်းတွဲတစ်တွဲသာ ကျန်တော့တဲ့အချိန်မှာတော့…..။ File size…1.49GB / 688MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

0 2024
The Train of Death
Paku Tanah Jawa
5.5

Indo horroပရိသတ်တို အကြိုက်တွေ့စေမယ့် အသစ်ထွက် ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ အခုနှစ်ပိုင်းတွေမှာ အင်ဒိုဟော်ရာလောကလည်း အဆင့်မြင့်လာပြီး လူကြိုက်များလာကြပြီဆိုတော့ ဒီကားလေးရော ဘယ်လိုလာမလဲ ရှုစားကြပါဦး။ ပါကူတာနာဂျဝါလိုခေါ်တဲ့ တောတွေတောင်တွေ ဝန်းရံနေတဲ့ မြိုငယ်လေးမှာ ဟာဒီနီလိုခေါ်တဲ့ ဆွန်ဒန်ကချေသည်တစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ ရိုးရာကချေသည်ဖြစ်တဲ့ဟာဒီနီက နာမည် ဂုဏ်သတင်းတော့ မကောင်းလှပါဘူး။ ဟာဒီနီက ယောက်ျားတွေနဲ့ ပတ်အိပ်နေသလိုလို ပြည့်တန်ဆာပဲ လုပ်စားနေသလိုလို သတင်းတွေထွက်နေပြီး မကြာသေးခင်ကပဲ ဟာဒီနီဆီကပြန်လာပြီး ရုတ်တရက် နှလုံးဖောက်ပြီးသေသွားတဲ့ ကူစ်နိုဆိုသူကလည်းရှိနေတော့ သွားပုပ်လေလွင့်ပြောသူတွေ အတွက် ပြောစရာကြီးဖြစ်နေတာပေါ့။ အမေ့ရဲ့မကောင်းသတင်းတွေကြောင့် နင်ရမ်တစ်ယောက်လည်း အမေနဲ့ မကြာခဏပြဿနာတက်ရပေမဲ့ အမေဖြစ်သူရဲ့ ထူးဆန်းတဲ့ အပြုအမူတွေ လုပ်ရပ်တွေကို နင်ရမ်တစ်ယောက်လည်း နားမလည်နိုင်သလို မေးတော့လည်းဟာဒီနီကမဖြေပြန်ပါဘူး။ ဒီလိုနဲ့ သူတိုသားအမိနှစ်ယောက်ရဲ့ဘဝထဲကို ဂျာလူဆိုတဲ့ လူတစ်ယောက် ဝင်လာချိန်မှာတော့…. File size… (1.01GB) / (438MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mary

5.5 2024 100 mins
Paku Tanah Jawa
Michael Jackson: Moonwalker

အရင်တစ်ခေါက် မိုက်ကယ်ဂျက်ဆင်ရဲ့ Ghost က အမြည်းဆိုရင် ဒါကတော့ ဟင်းပွဲကြီးပါပဲ။ ၁၉၈၈ မှာထွက်ထားတဲ့ ဒီ anthology ရုပ်ရှင်လေးက မိုက်ကယ်ဂျက်ဆင်ရဲ့ ဖန်တီးနိုင်စွမ်းရှိတာတွေ ဂီတပါရမီတွေကို ရုပ်ရှင်ရိုက်ပြသလိုထည့်ထားတာပါ။ Music Video အရှည်ကြီးကို ကြည့်နေရသလို feeling မျိုးကိုကောင်းကောင်းကြီးပေးနိုင်ပါတယ်။ ရုပ်ရှင်နာမည် Moonwalker ကတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ Iconic ကကွက်ဖြစ်တဲ့ Moonwalker Lean နာမည်ကိုယူထားတာပါ။ Man in the Mirror , Badder, Speed Demon , Leave Me Alone နဲ့ နာမည်ကြီး Smooth Criminal သီချင်းနဲ့ကကွက်တွေ နဲ့ Come Together သီချင်း ကပြမှုနဲ့ ပိတ်ထားပါတယ် ။ မိုက်ကယ်ဂျက်ဆင် သီချင်းတွေကို ကြိုက်တယ် မိုက်ကယ် ဂျက်ဆင်ကို ကြိုက်တယ် ဆိုရင်တော့ လုံးဝကို လက်မလွှတ်သင့်တဲ့ကားလေးပါ။ File Size : 4.7 GB, 1.8 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Action, Crime, Fantasy, Music Subtitle : Myanmar Subtitle (Hard Sub) Translated by : Nikobaby Encode by : Thit San Khant

0 1988 93 mins
Michael Jackson: Moonwalker
The Mystery Of Lop Nur
5.9

ဒီတစ်ခါCMကနေတင်ဆက်ပေးမှာကတော့ Chinese Fantasy ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ရတနာသိုက်တူးသမားတစ်စုက ထူးဆန်းတဲ့မြေအောက်နန်းတော်တစ်ခုကိုဆင်းပြီး သိုက်တူးဖို့ကြိုးစားကြပါတယ်။ ထူးဆန်းတဲ့သတ္တဝါကြီးတွေတိုက်ခိုက်ခံကြရတယ်။ ထူးဆန်းတာကတော့အသက်ရှင်ကျန်သူတွေက အဲဒီအဖြစ်အပျက်တွေကိုမေ့သွားတာပါပဲ။ Lop Nur နယ်တစ်ဝိုက်မှာထူးဆန်းတဲ့ ဖြစ်ရပ်တွေမကြာခဏဖြစ်ပွားနေပါတယ်။ ရုတ်တရက် ရွှယ်ရှောင်းဆိုတဲ့မိန်းကလေးကလဲ ထူးဆန်းစွာပေါ်လာပါတယ်။ ရှီချူချီက ထူးဆန်းဖြစ်ရပ်တွေကိုစုံစမ်းဖို့ ချီကျီအဖွဲ့ကို တည်ထောင်စုံစမ်းဖို့ကြိုးစားတဲ့အခါမှာ သဘာဝလွန်ဖြစ်ရပ်တွေကြောင့်မဟုတ်ပဲ ဂြိုလ်သားတွေရဲ့လုပ်ရပ်ကြောင့်ဖြစ်ရတယ်ဆိုတာသိလိုက်ရပါတော့တယ်။ Lop Nur ရဲ့ထူးဆန်းဖြစ်ရပ်တွေရဲ့ အဖြေကဘာလဲဆိုတာတော့ အဆုံးထိအောင်ကြည့်ရှုအားပေးကြပါဦး။ ဒီဇာတ်ကားလေးမှာ ဂြိုလ်သားယဉ်ကျေးမှု၊ ခေတ်လွန်နည်းပညာစတဲ့ အကြောင်းအရာတွေ ပြချင်တာတွေများတော့ စဉ်းစားစရာတွေလဲများပါတယ်။ Sci- fiတွေရဲ့ထုံးစံအတိုင်းရှင်းလင်းအောင်မဖြေရှင်းပြနိုင်တာတွေလဲရှိပါတယ်။ အနောက်တိုင်းသိပ္ပံကားတွေကိုမယှဉ်နိုင်ပေမယ့် မတူတဲ့ရသတစ်ခုကိုတော့ရရှိစေမှာပါ။

Drama
5.9 2022
The Mystery Of Lop Nur
Burning Stars
5.9

ဒီကားကတော့ ၁၉၂၀ ကာလရှန်ဟိုင်းမှာဖြစ်ပျက်ခဲ့တဲ့ သမိုင်း၀င်အဖြစ်အပျက်တွေကိုအခြေခံထားပါတယ်။ ရှန်ဟိုင်းတက္ကသိုလ်ကို 1922 မှာတည်ထောင်ခဲ့ပေမယ့် ကော်မင်တန်ကနေ ကွန်မြူနစ်တွေကိုသုတ်သင်မှုနဲ့စပ်လျဉ်းပြီး 1927 မှာအပိတ်ခံခဲ့ရပါတယ်။ ရှန်ဟိုင်းကျောင်းသားလေးတွေကလည်း ဆန္ဒပြမှုနဲ့တစ်ကွဲတစ်ပြားစီရောက်ကုန်ကြပြီး သူတို့ဆရာဟောင်းရဲ့ ပေးအပ်လိုက်တဲ့တာ၀န်တစ်ခုကြောင့် အ ရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကို ရှန်ဟိုင်းကထွက်နိုင်ဖို့ကူညီပေးဖို့ဖြစ်လာပါတယ်။ ကောင်းကင်ကကြယ်ပွင့်လေးတွေရဲ့အလင်းကသေးငယ်ပေမယ့် အမှောင်ထဲမှာဆို ဘယ်လိုအလင်းရောင်ငယ်ဖြစ်ပါစေ လူတွေရဲ့မျှော်လင့်ချက်ကိုဆောင်ကျဉ်းပေးနိုင်ပါတယ်တဲ့။ နေရာပေါင်းစုံက ကျောင်းသားလေးတွေက သူတို့တတ်နိုင်တဲ့ဘက်ကနေ ရှိတဲ့အင်အားလေးတွေစုပေါင်းပြီး ဘယ်လိုကူညီသွားကြမလဲဆိုတာတော့ ကြည့်ကြည့်လိုက်ကြပါ။ Cast တွေအနေနဲ့ကတော့ အားလုံးနဲ့မစိမ်းတဲ့ TFBoys က ၀မ်ယွမ်က လီယီမင်အဖြစ် ၊ ကျန်းရွှယ်ယင်က တင်းမုန့်ဟွား ၊လီချန်က ဆရာဟိုအဖြစ် ၊ လျန်ကျန်းခန်က ရွှီထျန်းဖင်အဖြစ်အသီးသီးပါ၀င်ထားပါတယ်။

Drama
5.9 2024
Burning Stars
Nadaaniyan (aka) Naadaniyaan
5

Nadaaniyan (aka) Naadaniyaan (2025) “ရိုးသားမှုများ၏နောက်…” IMDb – 5/10 နာမည်ကျော် အိန္ဒိယရုပ်ရှင်မင်းသားကြီး ဆေ့ဖ်အလီခန်းရဲ့ သားတော်မောင် ပထမဦးဆုံးပွဲထွက်လာတဲ့ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆေ့ဖ်အလီခန်းကိုယ်ပွားလေးလို့ ပြောရလောက်အောင် ဆေ့ဖ်အလီခန်းကို ချွတ်ပြီးစွပ်ထားသလားထင်ရတဲ့အီဘရာဟင်မ်အလီခန်း။ ပီယာဆိုတဲ့ ကျောင်းသူလေးက အသိုင်းကြီးအဝိုင်းကြီးကပေါက်ဖွားလာတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ အချစ်ရဆုံးသူငယ်ချင်းနှစ်ယောက်နဲ့အတူ ဘ၀ကိုပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပေမဲ့ ချစ်ရတဲ့သူငယ်ချင်းတွေက အထင်လွဲမှုတစ်ခုဖြစ်လာတဲ့အခါ ပီယာ့ခေါင်းထဲပေါ်လာတာက တကယ်မရှိဘဲ ရည်းစားရှိတယ်ဆိုပြီး ပြောမိလိုက်ပါလေရော။ ဒီမှာပဲ သူငယ်ချင်းတွေယုံကြည်မှု ချစ်ခင်မှုပြန်ရဖို့ သူ့စိတ်ကြိုက်ရည်းစားတစ်ယောက်ကိုအသည်းအသန်ရှာရတဲ့အခါ….။ ဆိုတော့ ဒီအချစ်ဟာသလူငယ်ရုပ်ရှင်လေးကို စီအမ်အက်ပ်လေးနဲ့ချေးလ်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Thriller
5 2025 119 mins
Nadaaniyan (aka) Naadaniyaan
OOP Saga – Time’s Opposite Path

ရည်းစားဟောင်းရဲ့ လက်ထပ်ပွဲကိုတက်ခဲ့ပြီးနောက် ဆန်မျူရယ်ဟာ သူရဲ့ချစ်သူလော်ရာနှင့်အတူပြောင်းနေဖို့ တောင်းဆိုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူစိမ်းအမျိုးသမီးတစ်ယောက်က မယ်ရီတော်ကို အကူအညီတောင်းတဲ့ ဖုန်းတွေဆက်တိုက်ခေါ်နေခဲ့ပါတယ်။ ချစ်သူနှစ်ဦးတို့ အထင်လွဲနေတာကို ဖြေရှင်းဖို့ သူငယ်ချင်းတွေနဲ့ အပျော်ခရီးထွက်ရင်း ထူးဆန်းတဲ့အမှန်တရားတစ်ခုကို သိလိုက်ကြရပါတယ်။ ထို ထူးဆန်းတဲ့ဖြစ်ရပ်မှန် သူတို့ဘဝတွေ ဘယ်လိုဆက်စပ်နေမလဲ။ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1 GB)/(481 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Eunice

Drama
0 2025
OOP Saga – Time’s Opposite Path