YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Interstate.2024.1080p.WEBRip.(CM).mp4

1.61 GB 1080p video/mp4 133 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Last House on the Left
6.5

ဒီကားကတော့ 1972ခုနှစ်က ရိုက်ကူးခဲ့ဖူးတဲ့ နာမည်တူ ဇာတ်ကားကိုပဲ 2009 ခုနှစ်မှာ တဖန်ပြန် remake ပြီး ရိုက်ကူးထားတဲ့ horror/thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒီကားထဲမှာ လူသတ်သမား ခရုဂ် ဟာ သူနေရမယ့် ထောင်ဆီသွားနေတဲ့လမ်းမှာ သူ့ညီ ဖရန့်စစ်နဲ့ သူ့မိန်းမ ဆေဒီတို့က ဖြတ်ကယ်ပြီး ရဲတွေကိုသတ်ပစ်ခဲ့ကြပါတယ်။ တစ်နေ့တော့ မေရီ နဲ့ သူ့သူငယ်ချင်းတို့ဟာ ခရုဂ် တို့မရှိချိန် သူတို့နေတဲ့ မိုတယ်ခန်းထဲရောက်နေတုန်း ခရုဂ်တို့ပြန်လာတာနဲ့ ကြုံလိုက်ရပြီး သူတို့တည်နေရာကို တခြားသူတွေကို ပြန်မပြောပြနိုင်အောင် ပြန်ပေးဆွဲ၊ အကြမ်းဖက် မုဒိမ်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့ပါတယ်။ ပြီးတဲ့အချိန်မှာ မုန်တိုင်းတိုက်လာတာကြောင့် တွေ့တဲ့အပန်းဖြေအိမ်တစ်အိမ်ထဲ ၀င်ခိုဖို့လုပ်တဲ့အချိန်မှာ သူတို့၀င်ခိုဖို့ကြိုးစားခဲ့တဲ့အိမ်က မေရီရဲ့မိဘအိမ်တွေ ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ မေရီရဲ့မိဘတွေဟာ သူတို့ရဲ့လုပ်ရပ်တွေကို သိရှိသွားပြီး လက်စားပြန်ချေဖို့ကြိုးစားတဲ့ ‌ သတ်မယ်ဖြတ်မယ် ဇာတ်ကားကောင်းတစ်ကား ဖြစ်တာကြောင့် thriller ကားကြိုက်သူ‌တွေ သွေးသံတရဲရဲမှကြည့်ချင်သူတွေ မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size…(3.08GB/(1.13GB) Quality….Blu-Ray 1080p / 720p  Format…mp4 Duration….01:50:00 Genre... Horror , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San khant Translated by Jaka

Action
6.5 2009 110 mins
The Last House on the Left
Monster
4

အိန္ဒိယ Malayalam ဘက်မှာ မသိသူမရှိတဲ့ မင်းသားကြီး Mohanlal ရဲ့ လှည့်ကွက်များစွာနဲ့ စိတ်ဝင်စားဖွယ် မှုခင်းဇာတ်ကားကောင်းတစ်ပုဒ် ထွက်ရှိလို့ လာခဲ့ပါပြီ ဇာတ်ကားထဲမှာ သူဟာ လပ်ကီးဆင်းဆိုတဲ့ အမည်ရှိပြီး နိုင်ငံခြားကနေ အိန္ဒိယကို တိုက်ခန်းအရောင်းအဝယ်ကိစ္စနဲ့ ပြန်လာရာကနေ ဇာတ်လမ်းကို စထားပါတယ် ဇာတ်လိုက်မင်းသမီးဖြစ်သူ ဘာမီနီက တက္ကစီဝန်ဆောင်မှုလုပ်ငန်းတစ်ခုက ဒရိုင်ဘာတစ်ယောက်ဖြစ်ပြီး သူ့ကို လေဆိပ်မှာ သွားကြိုရမယ့်သူပဲဖြစ်ပါတယ် ခရီးတစ်လျှောက်လုံး သူဟာ ပျော်ပျော်နေတတ်တဲ့သူလို ပြုမူပြီး စကားတွေလည်း အများကြီးပြောပါတယ် ဘာမီနီကိုလည်း ချစ်ခင်နှစ်သက်ပုံပြပြီး စကားရွှင်တဲ့ ကိုလူပျော်တစ်ယောက်လို့ပဲ ထင်ရပါတယ် အဲဒီလိုနဲ့ ဘာမီနီတို့လင်မယားရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကို မရမက အတင်းလာမယ်လုပ်ပြီး ရောက်လာတဲ့အချိန်မှာတော့.. သူဟာ ဘယ်လိုမှ မထင်မှတ်ထားစရာလုပ်ရပ်တစ်ခုကို လုပ်ခဲ့ပါတော့တယ် သူလုပ်တဲ့လုပ်ရပ်က ဘာဖြစ်မလဲ ဘာကြောင့် ဒီလိုလုပ်ရတာလဲ ဘာအကြံအစည်တွေနဲ့ ဘာမီနီကို သူချဉ်းကပ်ခဲ့တာလဲဆိုတာကို ဟောဒီ့ Monster ဆိုတဲ့ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်ရှင် File size…4.34GB / 2.13GB / 980MB Quality…4K HEVC / 1080p WEBDL / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sora~ BpL ~ Yunni

Thriller
4 2022 133 mins
Monster
Cadaver
6.6

ဘယ်သူက တရားခံလဲ... ဘယ်သူက နစ်နာသူလဲ... တရားမှုကို ဘယ်လိုရှာဖွေကြမလဲ... ထောင်ထဲမှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်နဲ့ အကျဥ်းကျနေပေမယ့်လည်း သူ့ဘဝကိုဖျက်ဆီးခဲ့သူတွေကို လက်တုံ့ပြန်သတ်ဖြတ်ဖို့ စိုင်းပြင်းနေတဲ့ ဗတ်ထရီ... တစ်ချိန်တည်းမှာပဲ ဗတ်ထရီရဲ့ အကျဥ်းခန်းနံရံမှာ ပုံဆွဲထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ နာမည်ကျော်လူချမ်းသာဆရာဝန်တစ်ယောက် သတ်ဖြတ်ခံရတဲ့အခါ... သူမရဲ့ အမှုလိုက်နိုင်စွမ်းကြောင့် ဒီလူသတ်မှုစုံစမ်းရာမှာပါဝင်လာတဲ့ ရဲဆာဂျင်ဘတ်ဒရာနဲ့ ရဲအရာရှိဗီရှယ်တို့ ဗတ်ထရီကို မေးမြန်းစစ်ဆေးရင်း ဘယ်လိုရှုပ်ထွေးတဲ့နောက်ကြောင်းတွေ ပေါ်ထွက်လာဦးမလဲ... ဗတ်ထရီက တကယ့်လူသတ်တရားခံလား၊ ဒါဆိုရင် အကျဥ်းခန်းထဲကနေ သူဘယ်လိုသတ်လိုက်တာလဲ၊ သူ့ကို ဘယ်သူက ကူညီနေတာလဲ၊ ဘယ်သူတွေ ထပ်ပြီးအသတ်ခံရဦးမှာလဲ၊ ဘာကြောင့်လဲ... စတဲ့မေးခွန်းပေါင်းများစွာ၊ အလှည့်အပြောင်းများစွာ၊ ရင်နင့်ခံပြင်းစရာ အဖြစ်အပျက်များစွာနဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့် မှုခင်းဒရာမာဇာတ်ကားလေးဖြစ်ပါတယ်... File size…7.69GB / 2.08GB / 1GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khai & OeliuJ & Kevin & Yunni

Comedy • Fantasy • Horror
6.6 2022 119 mins
Cadaver
Ford v Ferrari
8

ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှ ာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။ ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ငြင်းဆိုခဲ့တဲ့အတွက် ဒုတိယမြောက်ဟင်နရီဖို့ဒ်ဟာ ငွေတွေပုံအောသုံးပြီး အကောင်းဆုံးလူတွေနဲ့ ပြိုင်ကားတည်ဆောက်၊ လမန်းစ်ပြိုင်ပွဲမှာ ဖရာရီကို အနိုင်ယူဖို့ ကြိုးစားလာပါတော့တယ်။ ဒီလို ဖြစ်နိုင်ချေနည်းလွန်းတဲ့ အလုပ်အတွက် လမန်းစ်မှာ အနိုင်ရဖူးသူ ကယ်ရိုးရှဲလ်ဘီ နဲ့ သူ့ရဲ့ မိတ်ဆွေကောင်း လူ့ဂွစာ ကင်မိုင်းစ် တို့ဟာ ဖို့ဒ်ပြိုင်ကားကို ကိုယ်တိုင်တည်ဆောက်ပြီး လမန်းစ်မှာ ဖရာရီကို နောက်ကောက်ချဖို့ ကြိုးစားကြပါတော့တယ်။ ပါဝင်တဲ့ သရုပ်ဆောင် ၂ ယောက်ကိုတော့ လူတိုင်းနီးပါး သိပြီးသားဖြစ်မှာပါ။ မက်ဒေမွန်ကတော့ ခရစ်ရှန်ဘေးနဲ့ တွဲလုပ်ရမှာမို့ ဒီဇာတ်ကားကို အားရဝမ်းသာ လက်ခံခဲ့တယ်လို့ ပြောထားပါတယ်။ ခရစ်ရှန်ဘေးကတော့ ထုံးစံအတိုင်း ဇာတ်ကောင်အတွက် ပေါင် ၇၀ ချပြီး အလိုက်ဖက်ဆုံး သရုပ်ဆောင်သွားတာပါပဲ။ ဒီရုပ်ရှင်ကတော့ အတော်လေး ကြည့်လို့ကောင်းပြီး လူတိုင်း ကြိုက်မယ့်အမျိုးအစားမှာ ပါမယ်ထင်ပါတယ်။ (ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) File Size – 2 GB Quality – 1080p.BluRay 5.1CH Duration – 2 hrs 32 mins Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Biography, Drama Source : 1080p.BluRay 5.1CH Translator – Littleneo Encoder – San Win Maung

Action
8 2019 153 mins
Ford v Ferrari
Burden
10

ဘေ့စ်ဘောကစားသမား ဒေးဗစ်ဟာ ငယ်စဉ်က အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရသူပါ။ သူ့မှာ အေဗာဆိုတဲ့ ငယ်သူငယ်ချင်းမလေး ရှိပါတယ်။ မိခင်ရယ် ညီလေးရယ်နဲ့အတူကြီးပြင်းလာရင်း တစ်နေ့မှာတော့ သူ့ညီမောင်းလာတဲ့ကားက မတော်တဆမှုဖြစ်ပြီး တစ်ဖက်ကားပေါ်ကသူ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူက တခြားသူမဟုတ်ဘဲ အေဗာရဲ့ အမျိုးသား ဖြစ်နေခဲ့ပါတယ်။ ဒေးဗစ်က သူ့ညီအစား ထောင်ထဲဝင်ပေးလိုက်တော့ သူ့ရဲ့ ဘေ့စ်ဘောကစားသမားဘဝမှာ ကမောက်ကမတွေ ဖြစ်ကုန်ပါတယ်။ ဒီလို အခက်အခဲတွေကြားကနေမှ ဒေးဗစ်တစ်ယောက် သူ့အဖေ သူ့ညီလေးတို့နဲ့ မိသားစုကို ဘယ်လိုမျိုး ပြန်လည်တည်ဆောက်ကြမလဲ? အေဗာနဲ့ရောဘယ်လိုရှေ့ဆက်ကြမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။) File Size :  1.5GB, 547MB, 268MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 35mins Genre : Drama, Romance Translated by Poant Encoded by Kinnov

Comedy
10 2022 95 mins
Burden

ကဲ Color Rush S2 Movie Versionလေး လာပါပြီ အရင် S1တုန်းက Mono ယွန်းအူတစ်ယောက် သူ့ရဲ့Probe ဂိုယူဟန်နဲ့ တွေ့ဆုံခဲ့ပြီး တစ်နေ့တော့ ဂိုယူဟန်က ယွန်းအူအစား ပြန်ပေးဆွဲခံခဲ့ရပြီး ပျောက်သွားခဲ့ပါတယ် အခု S2ကို အကျဉ်းချုပ်လေး ပြောပြရရင်တော့ အရောင်တွေကို အဖြူအမဲအနေနဲ့သာ မြင်ရတဲ့ Monoတွေဟာ သူတို့ကို အရောင်မြင်နိုင်စွမ်း(Color Rush)အခိုက်အတန့်ကိုပေးတဲ့ Probeတွေကို တွေ့ဆုံတဲ့အခါ... ပျော်ရသလို စွဲလမ်းလွန်းသွားတတ်တာကြောင့် ပြန်ပေးဆွဲမှု လူသတ်မှုတွေပါထိ ဖြစ်ကြတော့ ရာဇဝတ်ကောင်တွေအဖြစ် Monoတွေကို လူအများက ကျဉ်ပယ်ကြပါတယ် ဝမ်းနည်းမှု မတရားမှု စိတ်အားငယ်မှုတွေနဲ့အတူ ပတ်ဝန်းကျင်ဒဏ်ကို ခံစားရတဲ့ Monoတွေရဲ့ ခံစားချက်တွေကို အခွင့်ကောင်းယူ အသုံးချပြီး အရောင်မြင်နိုင်အောင် ဖန်တီးပေးမယ့် ''Probe ခွဲစိတ်မှု ''ဆိုတဲ့ စီးပွားရေးလောကသားအချို့ရဲ့ လျျို့ဝှက်ရာဇဝတ်မှုတစ်ခု ရှိနေတဲ့အခါ အဲ့အမှုထဲ ပါဝင်ပြီး သေဆုံးသွားခဲ့တဲ့ Mono ကျောင်းသူယယ်ဝန်အတွက် ကလဲ့စားချေမယ့် အစ်ကိုဖြစ်သူ ဆယ်ဟျွန်းနဲ့... အမေဖြစ်သူနဲ့ ဂိုယူဟန် ပျောက်ဆုံးမှုနောက်ကွယ်ကအကြောင်း စုံစမ်းနေတဲ့ ယွန်းအူတို့ သူငယ်ချင်းနှစ်ယောက်... monoတွေ ပျောက်ဆုံးမှုနောက်ကွယ်က အမှန်တရားကို ဘယ်လိုဖော်ထုတ်ကြပြီး သူတို့နှစ်ယောက်ကြားမှာ တဖြည်းဖြည်း ဘယ်လိုဘယ်ပုံ ခံစားချက်လေးတွေ ဖြစ်ပေါ်လာမလဲဆိုတာ... ထူးထူးနဲ့မှ ခြားခြား မှုခင်းဆန်ဆန် စိတ်ဝင်စားစရာ ဒီBLကားလေးမှာ ကြည့်ရှုလို့ရပါပြီ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ) File Size__(2GB) / (930MB) Quality__1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__02:01:00 Type__BL, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt

Drama • Family
null 2022
Color Rush 2
Kajillionaire
6.3

IMDb Rating - 6.4/10 ဒီဇာတ်ကားလေးဟာ IMDb Rating 6.4/10 ရရှိထားပြီး ကြည့်လို့ကောင်းတဲ့ Crime, Drama ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ◌်းကိုပြောပြရရင် ရောဘတ်နဲ့ ထရီဇာဆိုတဲ့ စုံတွဲဟာ လူတွေကို လှည့်ပတ်လိမ်လည်နေတဲ့ ဂျင်ပေါ်ကထုံး လမ်းဘေးကြွက် Con Artist နှစ်ယောက်ပါ၊ ရတဲ့ဝေစုကို အမြဲတမ်း ၂ ယောက်ခွဲယူတယ် ဒီလိုနဲ့ သူတို့ ဘဝကို လည်ပတ်ဖြတ်သန်းနေတာပါ။ နောက်ပြီး သူတို့မှာ သမီးလေး တစ်ယောက်ရလာတော့လည်း ပညာအမွေပေးတဲ့အနေနဲ့ အဲ့ဒီ သမီးကို ၂၆ နှစ်လုံးလုံး သူတို့လိုလူလိမ်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ (စေတနာတွေနော်) ရောဘတ်ပြောတဲ့ စကားအရဆို ငါ့သမီးက စာမရေးတတ်ခင် အရွယ်ကထဲက လူတွေကို ဘယ်လိုလှည့်ပတ်ရမလဲ သိနေပြီတဲ့.... အဲ့ဒီလိုနဲ့ သူတို့ ၃ ယောက်အဖွဲ့ထဲကို မယ်လီနာဆိုတဲ့ ကောင်မလေး တစ်ယောက်ရောက်လာပြီး ဓားပြမှုတစ်ခုကို စီစဉ်ကြတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုဆက်လက်ကြည့်ရှုပေးပါ ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CH Duration - 1h 44min Subtitle – Myanmar Hardsub Format – Mp4 Genre : Crime, Drama Source : 1080p.WebRip Translator – Thiha Yan Naing Encoder – SWM

Reality
6.3 2020 105 mins
Kajillionaire
The Monkey King
8.6

နက်ဖလစ်ရဲ့ ကာတွန်းရုပ်ရှင်အသစ်လာပါပြီ။ နာမည်အတိုင်းပါပဲ မရိုးနိုင်တဲ့ စွန်းဝူခုန်းဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။ ဒါပေမဲ့ ဇာတ်လမ်းကိုနည်းနည်းပြောင်းထားပြီး ဟာသတွေ၊ အက်ရှင်ကောင်းကောင်းတွေကို ပုံကောင်းကောင်းနဲ့ ပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖန်တရာတေပါပဲ ကျောက်ဆောင်တစ်ခုကနေ မွေးဖွားလာတဲ့မျောက်ဟာ စွမ်းအားတွေရှိနေပါတယ်။ ဒါပေမဲ့ သူ့ကို မျောက်တွေက လက်မခံသလို နတ်တွေကလည်း လက်မခံတာကြောင့် တစ်ယောက်တည်းဖြစ်နေပါတယ်။ အဲဒီတော့ သူဟာ နတ်ပြည်မှာနေရာရဖို့ မသေမျိုးဖြစ်အောင်ကြိုးစားရင်းနဲ့ ငရဲမင်း၊ နဂါးမင်း၊ နတ်မင်းတွေ နတ်ဆိုးတွေနဲ့ တိုက်ခိုက်ရပုံကို ပြထားတာပါ။ ကြည့်လို့ကောင်းပါတယ်။ ကြည့်လိုက်ပါဦး။

Action & Adventure • Drama • War & Politics
8.6 2023 92 mins
The Monkey King
Ante… Sundaraniki!
8.1

Ante Sundaraniki (2022) IMDb Rating- 8.1/10 ရှေးရိုးစွဲမိသားစုတစ်ခုကနေဆင်းသက်လာတဲ့ “ဆန်ဒါ” ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ သရုပ်ဆောင်ဖြစ်ချင်တဲ့ အိမ်မက်တွေနဲ့ ပြည့်နှက်နေတဲ့သူပါ တစ်နေ့ ကျောင်းပြဇာတ်ပွဲမှာ ပီပီပြင်ပြင်နဲ့သရုပ်ဆောင်နိုင်တဲ့သူ့ကို ဒါရိုက်တာတစ်ယောက်က မျက်စိကျသွားပြီး U.S မှာ ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းခဲ့ပါတယ် ဒါနဲ့ပတ်သတ်လို့ မိသားစုတွင်းမှာအချေအတင်ဖြစ်ခဲ့ပေမဲ့ သွားဖို့ခွင်ပြုချက်ရခဲ့ပါတယ် သို့သော် သွားခါနီးလေးမှာ သူတို့သိလိုက်ရတဲ့အမှန်တရားကတော့ ဒါရိုက်တာက လူကုန်ကူးသမားဖြစ်နေခဲ့တာပါ ဒါနဲ့ပတ်သတ်ပြီး မိသားစုတစ်ယောက်ချင်းစီမှာ အကြောက်တရားကိုယ်စီဝင်သွားခဲ့တာကြောင့် ဆန်ဒါကို ခါတိုင်းထက်ပိုပြီး ဓလေ့ထုံးတမ်းတွေနဲ့ချုပ်ချယ်ခဲ့ပါတယ် ဗဒင်နက္ခတ်တွေနဲ့ ကံဇာတာဟောချက်တွေအရ သူ့ခင်ဗျာ ရေတောင်ကောင်းကောင်းမသောက်နိုင်ရှာပါဘူး… သူ့အနေနဲ့သရုပ်ဆောင်ဖြစ်ဖို့လက်လျှော့ခဲ့ရပေမဲ့ U.S သွားရဖို့ကိုတော့ ပိုပြီးအသည်းအသန်ဖြစ်လာခဲ့ပါတယ် လီလာဆိုတဲ့ ကလေးမလေးကတော့ အများနဲ့မတူတမူထူးခြားနေလို့ အပေါင်းအသင်းမရှိတဲ့ကလေးတစ်ယောက်ပါ သူမရဲ့မိသားစုကတော့ ပွင့်လင်းပြီး နားလည်မှုအပြည့်ပေးခဲ့တာကြောင့် အိမ်ကသူ့အတွက် န ားခိုရာဖြစ်ခဲ့ပါတယ် သို့သော် မိဘအတ္တဆိုသည်မှာတော့ မိသားစုတိုင်းမှာရှိစမြဲပါ လီလာ့အနေနဲ့ အစ်မဖြစ်သူနဲ့မတူဘဲ လိုချင်တာအမြဲနေခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ အဖေပေးစားတဲ့သူနဲ့ယူဖို့ အခြေအနေဖန်လာခဲ့ပါတယ်…လီလာမှာလည်း ချစ်ရတဲ့သူသတ်သတ် ရှိနှင့်နေပြီးဖြစ်ပါတယ် ဆန်ဒါနဲ့လီလာကတော့ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ် ဆန်ဒါဖက်ကတော့ ခံစားချက်ရှိနေခဲ့ပေမဲ့ ဖွင့်ပြောဖို့အတွက် အခြေအနေ မပေးခဲ့ပါဘူး…. ကဲ ဆန်ဒါ တစ်ယောက် သူ့ရဲ့ U.S အိမ်မက်ကို ဘယ်လိုအကောင်ထည်ဖော်မလဲ… လီလာကရောအိမ်နဲ့ထားရှိခဲ့ရတဲ့ကတိတွေကြားကနေ သူ့ဘဝဘယ်လိုရှေ့ဆက်ရမလဲ…. သူငယ်ချင်းနှစ်ယောက်ရဲ့ စိတ်ဝင်စားဖွယ်ရာ ဘဝဇာတ်ကြောင်းနဲ့ အချစ်ဇာတ်လမ်းလေးအပြင် မတူညီတဲ့မိသားစုနှစ်ခုကြားက အချုပ်အနှောင်ထူထူပါးပါးတွေကိုပါ ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာဖြစ်တဲ့အတွက် လက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်

Comedy
8.1 2022
Ante… Sundaraniki!
Practical Magic
6.2

ဆန်ဒရာဘူးလော့နဲ့ နီကိုးကစ်မန်းတို့ လွန်ခဲ့တဲ့ နှစ် ၂၀ က စုန်းမအတူလုပ်ခဲ့တာလေး ကြည့်လိုက်ရအောင်။ အိုဝင်စ် မိသားစုထဲက မိန်းကလေးတွေဟာ မျိုးရိုးစဉ်ဆက် မွေးရာပါ စုန်းအတတ် တတ်နေကြတဲ့ စုန်းမတွေပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ သူတို့မျိုးဆက်ထဲက ပထမဆုံး စုန်းမရဲ့ ကျိန်စာကြောင့် သူတို့ကို ချစ်မိတဲ့ ယောက်ျားတိုင်းဟာ အရွယ်မတိုင်ခင် အကြောင်းတစ်ခုခုနဲ့ သေဆုံးသွားတတ်ကြပါတယ်ဗျ။ ဆယ်လီအိုဝင်စ်နဲ့ ဂျီလီယန်အိုဝင်စ်တို့ဟာ စရိုက်ချင်း လုံးဝမတူကြတဲ့ ညီအစ်မနှစ်ယောက်ပဲဖြစ်ကြပါတယ်။ သူတို့ဟာ အကြောင်းတစ်ခုကြောင့် လူတစ်ယောက်ကို သဝာ်မိခဲ့ကြပြီး ဖုံးကွယ်ဖို့ကြိုးစားရာကနေ တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်ဗျ။ ဒီရုပ်ရှင်ထဲမှာဆိုရင် အိုဝင်စ်ညီအစ်မတွေအဖြစ် မင်းသမီးကြီး Sandra Bullock နဲ့ မင်းသမီးကြီး Nicole kidman တို့က အတွဲညီညီ သရုပ်ဆောင်ထားကြပါတယ်။ ဒီ Practical Magic ဆိုတဲ့ရုပ်ရှင်ဟာ fairy tale ဆန်ပြီး Romance နဲ့ Fantasy ရောထားတဲ့အပြင် ဆန်ဒရာဘူးလော့ခ်နဲ့ နစ်ကိုးလ်ကစ်ဒ်မန်းတို့လို ဂန္တဝင်မင်းသမီးကြီးတွေ ပါဝင်ထားတဲ့အတွက် အချိန်ပေးရကျိုးနပ်ပြီး စိတ်အပန်းပြေစေမယ့် ရုပ်ရှင်လှလှလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ဗျ…။ File size…(2.09GB) / (1.06GB) / (527MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:44:00 Genre… Comedy / Drama / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan Naing

Crime • Drama • Thriller
6.2 1998 104 mins
Practical Magic
The Host
7.1

The Host(2006) *************** ဒီကားက ဆုပေါင်း ၂၉ဆုရရှိခဲ့ပြီး ဒါရိုက်တာကလည်း Parasite တို့ Memories of Murder တို့လို့ အထင်ကရ ရုပ်ရှင်တွေဖန်တီးတဲ့ Bong Joon Ho ဆိုတော့ကား နင်းကန်ဒေါင်းကြည့်သင့်ပါတယ်.. ဂန်ဒူးဆိုတဲ့သူဟာ ခဏခဏအိပ်ငိုက်တတ်ပြီးတော့ ဟန်မြစ်ကမ်းဘေးမှာ သူ့အဖေနဲ့အတူ ဆိုင်လေးဖွင့်ထားပါတယ်။ သူ့မှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ စာမတတ်ပေမတတ်၊ မိန်းမကလည်းပစ်သွားတဲ့သူ့ဘဝမှာ သမီးလေးကအရာရာပါပဲ။ တစ်နေ့မှာတော့ ဓါတ်ခွဲခန်းတစ်ခုကနေ စွန့်ပစ်လိုက်တဲ့ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းတွေကြောင့် ဟန်မြစ်ထဲမှာ အကောင်ကြီးတစ်ကောင်ပေါ်လာပါတယ်။ အဲဒီအကောင်ကြီးဟာ မြစ်ကမ်းဘေးကိုတက်လာပြီး ဂန်ဒူးရဲ့သမီးလေးယောင်းဆူကိုဖမ်းခေါ်သွားပါတော့တယ်။ အကုန်လုံးကသေပြီလို့ထင်ထားတဲ့ယောင်းဆူက ညဘက်ကြီးသူ့အဖေကိုဖုန်းခေါ်လာတဲ့အခါ…. ဂန်ဒူးနဲ့ သူ့ရဲ့မိသားစုဟာ ယောင်းဆူကိုကယ်ဖို့ ဘယ်လိုမျိုးကြိုးစားကြလဲဆိုတာ တစ်ကားလုံးရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပါ။ ၂၀၀၆ ခုနှစ်မှာထွက်ရှိထားပြီးတော့ rating 7.1 ရရှိထားပြီး ဆုတွေလည်းအများကြီးရရှိထားတဲ့ဇာတ်ကားမလို့ အခုထိမကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ File Size :(4.7GB)(1.5GB) and (380 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Horror,Sci-Fi , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae

7.1 2006
The Host
Ripper’s Revenge
5.3

လန်ဒန်မြို့မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကွင်းဆက်လူသတ်သမား Jack the Ripper ရဲ့ လူသတ်မှုတွေ ဖြစ်ပွားပြီး တစ်နှစ်အကြာ ၁၈၈၉ ခုနှစ်မှာ ဖြစ်ပါတယ်။ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ အသည်းအသန် လုပ်ခဲ့ကြပေမဲ့လည်း Jack the Ripper ရဲ့ သရုပ်မှန်ဟာ ခုချိန်ထိ လျှို့ဝှက်ဆန်းကြယ်ဖြစ်နေဆဲပါ။ ဆီဘက်ရှန် စတပ်ဘ်က London Morning’s Times က သတင်းထောက်တစ်ဦးပါ။ ၁၈၈၈ က Jack the Ripper ရဲ့ လူသတ်မှုတွေအကြောင်း ရေးပြီး အကြီးအကျယ် အောင်မြင်ခဲ့ပေမဲ့ တစ်နှစ်အကြာမှာတော့ ကံဆိုးမိုးမှောင်ကျပြီး လူစိတ်မဝင်စားတဲ့ သတင်းတွေကိုပဲ ရေးနေရပါတယ်။ ငွေရေးကြေးရေး ကြပ်တည်းပြီး အိမ်ငှားခတောင် မပေးနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာတော့ သူ့ဆီကို ထူးဆန်းတဲ့ စာတစ်စောင်ရောက်လာပါတယ်။ စာအောက်ခြေမှာလည်း Jack the Ripper လို့ လက်မှတ်ထိုးထားပြီး သူ ကျူးလွန်ခဲ့တဲ့ လူသတ်မှုအကြောင်း ရေးထားပါတယ်။ နောက်တစ်နေ့မနက်မှာလည်း စာထဲက ရေးထားတဲ့နေရာမှာ တကယ်ပဲ လူသတ်မှု ဖြစ်သွားပါတယ်။ စာထဲမှာလည်း လူသတ်သမားက သူ့လူသတ်မှုတွေကြောင်းကို ရှေ့ဆုံးစာမျက်နှာမှာ ထည့်ရေးစေချင်တယ်လို့ ပြောထားပါတယ်။ စာတွေ ထပ်ရောက်လာပြီး လူသတ်မှုတွေ ထပ်ဖြစ်လာချိန်မှာတော့ ဆီဘက်ရှန်တစ်ယောက် စုံစမ်းရပါပြီ။ စာတွေအကြောင်း သတင်းထည့်ရေးပြီး သူ့ငွေကြေး အကြပ်အတည်းကို လွယ်လွယ်ပဲ ဖြေရှင်းလိုက်မလား လူသတ်သမား လိုချင်တဲ့ လူထုအာရုံစိုက်မှု မရအောင် မရေးဘဲနေမလား ဝေခွဲမရဖြစ်နေပါပြီ။ အမှုကို ထပ်ပြီးတူးဆွလိုက်တဲ့အခါမှာတော့ အမှန်တရားဟာ ထင်ထားတာထက် အများကြီး ရှုပ်ထွေးနေတာ တွေ့လိုက်ရပါတယ်။ ထင်မထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမှာဖြစ်လို့ ခံစားကြည့်လိုက်ကြပါဦးနော် File size…(950 MB)/(400 MB)/(220 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Twe

5.3 2023
Ripper’s Revenge
Popran
5

2022 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း….. အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.2 GB)/(647 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Comedy, fantasy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

Comedy • Horror • Crime • Fantasy
5 2022
Popran
Chungking Express
8.1

Chungking Express (1994) IMDb Rating (7.9) / Rotten Tomatoes (89%) ဝမ်ကာဝေက သူရိုက်ခဲ့ဖူးသမျှရုပ်ရှင်တွေထဲမှာ အချိန်အပေးရဆုံးနဲ့ အခက်ခဲဆုံးဖြစ်တဲ့ Ashes of Time (1994) ရဲ့ နောက်ဆုံးအဆင့် Post Production တွေလုပ်ကိုင်နေဆဲမှာ သူ့ Production အတွက်၊ သူ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက်ဆိုပြီး Chungking Express ရုပ်ရှင်ကားကို ၃ လအတွင်းအပြီးသတ်ရိုက်ကူးပြသခဲ့တယ်။ “ကျွန်တော် Ashes of Time ရဲ့ Post Production တွေကနေ ခဏအနားယူချင်ခဲ့တယ်၊ အဲ့ဒါနဲ့ ဒီ Chungking Express ကိုရိုက်ဖြစ်သွားတာပဲ။ ဒီရုပ်ရှင်မှာ ဇာတ်ညွန်းလည်းအတည်တကျမရှိပါဘူးဗျာ….ရိုက်ကွင်းမစခင်ည ဒါမှမဟုတ် ရိုက်မယ့်မနက်မှ လက်တန်းချရေးပြီး ရိုက်လိုက်တာပဲဗျ။” – ဝမ်ကာဝေ ဒီရုပ်ရှင်ရဲ့ Theme က ပြောရခက်တယ်။ နီယွန်မီးရောင်တွေနဲ့ အတုအယောင်တွေပြည့်နှက်နေတဲ့ ဟောင်ကောင်မြို့ပြညအချိန်တွေကို အခြေခံတဲ့ ပထမဇာတ်လမ်းနဲ့ Chungking Mansion ရဲ့ နေ့ဖက်အချိန် နိစ္စဒူဝအလုပ်လုပ်ကြတဲ့အခိုက်အတန့်တွေကို အခြေခံထားတဲ့ ဒုတိယဇာတ်လမ်းကြားမှာ ဒီရုပ်ရှင်ဟာ လွန်ဆွဲနေတာပါပဲ။ ကိုယ်ချစ်တဲ့သူပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်သင်္ကေတတစ်ခုအဖြစ် မေလ ၁ ရက်နေ့ သက်တမ်းကုန်မယ့် နာနတ်သီးစည်သွပ်ဘူးတွေကို တစ်နေ့တစ်ဘူးဝယ်ရင်း မေလ ၁ ရက်နေ့ရောက်လာမှာကို စောင့်မျှော်နေတဲ့ ရဲနံပါတ် ၂၂၃ နဲ့ ချစ်သူပြန်လာတိုင်း အသုပ်စုံဝယ်ဝယေ်ပးတတ်ပြီး ဆိုင်ရှင်မြှောက်ပေးရာကနေ အစားအသောက်ရွေးချယ်စရာတွေကနေ လူရွေးချယ်ခွင့်ပါ ပေးမိသွားခဲ့တဲ့ ရဲနံပါတ် ၆၆၃ တို့ရဲ့ ဘဝထဲကို လူသစ်တစ်ယောက်စီက နည်းတစ်မျိုးစီနဲ့ ရောက်လာကြတဲ့အခါ သူတို့ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ သူတို့ရဲ့အတိတ်ကို ဘယ်လိုမေ့ဖျောက်ကြသလဲ။ အထီးကျန်တဲ့အချိန်တွေကို ဘယ်လိုဖြတ်ကျော်ကြသလဲ။ ဒီရုပ်ရှင်ကိုကြည့်ပြီး လူဆိုတာ အသိုင်းအဝိုင်းနဲ့နေထိုင်တဲ့၊ ပေါင်းဆင်းဆက်ဆံရေးလုပ်တဲ့သက်ရှိလို့ဆိုကြပေမယ့် တကယ်တမ်းတော့ လူတွေက လူ့အသိုင်းအဝိုင်းကနေ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရှောင်ထွက်ကြပြီး အထီးကျန်မှုကို ရွေးချယ်နေကြတယ်ဆိုတာ သိလာတယ်။ လူတစ်ယောက် ပျော်တယ်၊ မပျော်ဘူး၊ အထီးကျန်တယ်၊ မကျန်ဘူးဆိုတာလည်း အဲ့ဒီလူတစ်ယောက်အပေါ်မှာပဲ မူတည်နေတယ်ဆိုတာသိလာတယ်။ အချစ်ဆိုတာ ချစ်နေရုံနဲ့လည်းမပြီးသွားပြန်ဘူး၊ ချစ်တာကို ပြတတ်ဖို့လည်းလိုအပ်တယ်ဆိုတာကို Hong Kong ရဲ့ မက်ဒေါနားလေး Faye Wong ကလည်း ပြသွားပြန်တယ်။ သူ့ရဲ့ပထမဆုံးရုပ်ရှင်မှာတင် Faye Wong က စီနီယာကြီးတွေကြားမှာ ထင်ပေါ်သွားခဲ့တယ်။ Hollywood ရဲ့ အကောင်းဆုံးဒါရိုက်တာတစ်ယောက်၊ Pulp Fiction, Inglourious Basterds ရုပ်ရှင်တွေရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ Quentin Taratino ကတောင် ဒီရုပ်ရှင်ကို ကြည့်ဖို့ ကိုယ်တိုင်ကိုယ်ကျ တိုက်တွန်းခဲ့ဖူးတယ်။ “California Dreaming ကို ကျွန်တော် နောက်တစ်ကြိမ်နားမထောင်ဖြစ်လောက်တော့ဘူးထင်ပါရဲ့…..နားထောင်ဖြစ်ရင်လည်း Faye Wong ရဲ့ မြူးကြွတဲ့ ကကွက်လေးတွေကိုပဲ အမြဲမြင်ယောင်မိနေလိမ့်မယ်ဗျာ” ဟုတ်ပါတယ်၊ ဒီရုပ်ရှင်ရဲ့အလှတရားတွေထဲမှာ Faye Wong ကတော့ ထိပ်ဆုံးကပါ။ California Dreaming သီချင်း အပြင် သူကိုယ်တိုင် cover ပြန်သီဆိုထားတဲ့ The Cranberries အဖွဲ့ရဲ့ Dream သီချင်းလေးက ဒီရုပ်ရှင်ကို ပိုပြီးမြူးကြွချိုမြိန်စေခဲ့ပါတယ်။ ရဲနံပါတ် ၆၆၃ ရဲ့ တိုက်ခန်းထဲမှာ ပျော်မြူးနေတဲ့ Faye Wong ရဲ့ပုံရိပ်တွေက Chungking Express ကြည့်ရှုသူတိုင်းကို ဖမ်းစားနိုင်ခဲ့တာအမှန်ပါပဲ။ ပြီးတော့ ဝမ်ကာဝေရဲ့ ထုံးစံအတိုင်း မတင်မကျဇာတ်သိမ်းလေးက Romance ရုပ်ရှင်မျိုးဆိုတာ ဒီလိုလေးလည်း ကြည့်ကောင်းပါလားလို့တောင် တွေးမိစေခဲ့တယ်။ အချိန်တိုအတွင်းမှာရိုက်ကူးပြီးစီးခဲ့ပေမယ့် ဒီရုပ်ရှင်မှာ ဒါရိုက်တာဝမ်ကာဝေရဲ့ အတွေးအပိုင်းအစတွေအများကြီးပါဝင်ခဲ့ပြီး ချစ်သူရည်းစားတွေ ပြတ်စဲပြီးနောက်မှာ ဘာတွေဆက်ဖြစ်ကြသလဲဆိုတာလေးကို အလှပဆုံးပုံဖော်သွားတဲ့ အဖိုးတန် Romance ကားတစ်ကားပါ။ ဝမ်ကာဝေဟာ ဘာမှမဟုတ်ဘူးထင်ရတဲ့ လူ့ဘဝအခိုက်အတန့်လေးတွေကို ရုပ်ရှင်အဖြစ်ပြောင်းလဲဖန်တီးတဲ့နေရာမှာတော့ ဆရာတစ်ပါးပဲဆိုတာ သေချာပါတယ်။ သူ့ရဲ့လက်ရာအများစုကလည်း လူတွေနဲ့အနီးစပ်ဆုံးကိစ္စတွေဖြစ်လို့ ရင်ထဲရောက်အောင် ဆွဲဆောင်နိုင်တာပါ။ Hong Kong new wave 1st generation ကစလို့ ဟောင်ကောင်ရုပ်ရှင်တွေဟာ သာမန်ဖျော်ဖြေရေးရုပ်ရှင်တွေထက် အိမ်တွင်းရေး၊ လူမှုရေးနဲ့ ပြည်သူတွေ သတိမပြုမိတဲ့အခိုက်အတန့်လေးတွေကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးတဲ့ new wave ရုပ်ရှင်တွေပေါ်ထွက်လာခဲ့တယ်။ ဝမ်ကာဝေတို့ ဂျွန်ဝူးတို့ ခေတ်အရောက်မှာတော့ ဟောင်ကောင်ရုပ်ရှင်တွေဟာ အဆင့်အတန်းတစ်ခုကိုရောက်လာခဲ့ပြီး အာရှရုပ်ရှင်လောကမှာ သူတို့ရဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဇာတ်လမ်းသွားပုံစံတွေနဲ့ နေရာတစ်နေရာ အခိုင်အမာရရှိခဲ့ပါတယ်။ Chungking Express ကလည်း ဟောင်ကောင်ရုပ်ရှင်လောကမှာ စံထားရတဲ့ရုပ်ရှင်ကားတွေထဲက တစ်ကားအပါအဝင်ပါ။ ရုပ်ရှင်ရဲ့ Color တွေ၊ အဝတ်အစားရွေးချယ်ပုံတွေနဲ့ ဟောင်ကောင်က Chungking Mansion ကြီးထဲက လူမျိုးပေါင်းစုံ၊ သာမန်လူတန်းစားအသိုင်းအဝိုင်းကို ထောက်တိုင်ပြုထားတဲ့ ဇာတ်အိမ်နှစ်ခုအပြင် ဒီရုပ်ရှင်ရဲ့ အထင်ရှားဆုံး၊ ချီးကျူးအခံရဆုံးအချက်ဖြစ်တဲ့ Slow Motion, Blur Motion Shot တွေကြောင့် Chungking Express ဟာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့ပြောကြတဲ့ In the Mood for Love ထက်မသာရင်တောင် မလျော့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ Romance Genre မှာ Chungking Express က ချစ်စရာအကောင်းဆုံးနဲ့ သဘာဝအကျဆုံးကားတစ်ကားဖြစ်သွားခဲ့ပါပြီ။ “ဘယ်အချိန်ကစပြီး အရာအားလုံးမှာ သက်တမ်းကုန်ဆုံးရက်တွေ ရှိသွားတာလဲ” “ငါးသေတ္တာဘူးတွေ သက်တမ်းကုန်တယ်၊ ဆော့စ်တွေ သက်တမ်းကုန်တယ်၊ ပလက်စတစ်အိတ်တွေတောင် သက်တမ်းကုန်တယ်။” “ကျွန်တော်တွေးမိတယ်…..ကမ္ဘာပေါ်မှာ သက်တမ်းမကုန်တဲ့အရာရှိသေးရဲ့လား” (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Arkar Phyo မှ တင်ဆက်ထားပါတယ်။)

8.1 1994 103 mins
Chungking Express
N.E.S.T.

N.E.S.T (2025) “အသိုက်အမြုံ” မှုခင်း စုံထောက် ပရိသတ်တို့အတွက် ဆန်းကြယ်တဲ့ဇာတ်မြှုပ်ကွက်တွေနဲ့ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ဗစ်ရှဝပ်က အဖြစ်မှန်မပေါ်‌ သေးတဲ့ အမှုတစ်ခုကို လိုက်ဖို့ကြုံလာပါတယ် ဒီအမှုရဲ့သဲလွန်စတွေက မသေချာမရေရာသလို သဘာဝလွန်ဆန်သလိုနဲ့ ဖြစ်ခဲ့စဉ်အချိန်ကလည်း ကောက်ချက်မချနိုင်ခဲ့ကြပါဘူး ဖြစ်စဉ်ကို နစ်နာသူဆတ်တယာရဲ့ ဇနီးဖြစ်သူ ဆာဗီက ပြောပြထားပါတယ်အဖြစ်ကဒီလိုပါ တစ်ည သူ့‌ခင်ပွန်းဖြစ်သူဆတ်တယာက အိမ်ပြန်နောက်ကျပါတယ် သူဖုန်းခေါ်တော့လည်း မကိုင်ပြန်ပါဘူးပြန်ရောက်လာချိန်မှ သူ့ကိုပြောတာက သူ့ကား လမ်းမှာပျက်လို့ အနီးနားက အိမ်တစ်အိမ်မှာ အကူအညီတောင်းရင်း ပြင်ဆင်ရင်း စကားစမြည်ပြောဆိုရင်း နောက်ကျသွားတာပါတဲ့ ဒီနေ့ခေတ်မှာ လူကောင်းတွေဟာ ရှားပါးလာ‌ပေမဲ့သဘောမနောကောင်းသူ သက်လတ်ပိုင်းအရွယ် လိုကီဆိုတဲ့သူက သူ့ကိုကူညီခဲ့ကြောင်း ဆတ်တယာက တစ်ညလုံးတစ်ဖွဖွပြောနေပါတယ် သူ့မိန်းမကတော့ သူကဆေးစွဲဖူးသူတစ်ဦးမို့ တစ်နေရာမှာ မူးယစ်ဆေးသုံးနေတယ်ပဲထင်တာပါတဲ့ သူ့ကိုမယုံရင် မနက်ဖြန် သူတို့ပျိူးခင်းက အပင်လေးတစ်ပင်ကိုသွားပေးရင်း လိုကီနဲ့မိတ်ဆက်ပေးပါမယ်ဆိုပြီး နောက်နေ့မနက်ကျ နှစ်ယောက်သား ထွက်လာပါတော့တယ် ရောက်မှသိလိုက်ရတာက အဲဒီနေရာမှာ ဘာအိမ်မှရှိမနေတာပါ အနီးနားကသူတွေကလည်း သူတို့တစ်သက်လုံး ဒီနေရာမှာ ဘာအိမ်မှမရှိခဲ့ပါလို့ပဲ ပြောနေကြပါတယ် သူတို့တွေ့ခဲ့တာဆိုလို့ အဲဒီညက အိမ်ထဲမှာ ဆတ်တယာတွေ့ခဲ့တဲ့ လိပ်ပြာပုံရှိတဲ့ ရင်ထိုးအရွယ် ပစ္စည်းလေးတစ်ခုပါပဲ အဲဒီညမှာ ဆာဗီက အသံတစ်သံကိုကြားလိုက်ပါတယ် အဲဒီညကစလို့ ဆတ်တယာအိမ်ပြန်မရောက်လာတာ သုံးရက်ရှိပါပြီ သူ့ဘာသာထွက်သွားတာလား တစ်ယောက်ယောက် သူ့ကိုပြန်ပေးဆွဲသွားတာလားဆိုတာလည်း ဆာဗီကမသိပါဘူး အဲဒီလိုနဲ့ စုံထောက်ဗစ်ရှဝပ်နဲ့သူ့ပါတနာစုံထောက်ဆီ ရောက်ရှိလာတာပါ အဲဒီတော့ ဆတ်တယာကပဲထင်ယောင်ထင်မှားဖြစ်တာလား သူတို့အိမ်ထောင်ရေးကပဲမပြေလည်မှုရှိနေခဲ့တာလား လိုကီဆိုတဲ့သူနဲ့ သူ့အိမ်ကရောဘယ်လိုလဲ……..…………………………………… စတဲ့မေးခွန်းတွေရဲ့အဖြေကိုသိရဖို့ ဒီဇာတ်လမ်းလေးထဲမှာ အဖြေထုတ်ကြည့်ကြရအောင်ပါ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Cym~Alexia~KKKZ~STAR တို့ပဲဖြစ်ပါတယ် )

0 2025
N.E.S.T.