YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Instant.Karma.2022.720p.(CM).mp4

774.72 MB 720p video/mp4 454 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rare Exports: A Christmas Tale
6.3

Sisu movieက ဖင်လန်ကွန်မန်ဒိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jorma Tommilaနဲ့ Schützeအဖြစ်သရုပ်ဆောင်ခဲ့တဲ့သားဖြစ်သူ Onni Tommila တို့ရဲ့ သားအဖနှစ်ယောက်သရုပ်ဆောင်ထားတဲ့ ခရစ်စမတ်အချိန်အခါ သည်းထိတ်ရင်ဖိုဇာတ်ကား‌တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အချိန်ကတော့ ခရစ်စမတ်မတိုင်ခင် ၂၄ရက်အလိုမှာပေါ့။ဥရောပ မြောက်ပိုင်း စကန်ဒီနေးဗီးယားနိုင်ငံတွေရဲ့အာတိတ်စက်ဝိုင်း‌နဲ့ အနီးဆုံးဖြစ်တဲ့ လက်ပ်လန်းဆိုတဲ့ဒေသ။ အထူးသဖြင့် ဖင်လန်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြားကကော်ဗာ တွန်တူရီဆိုတဲ့တောင်မှာ တူးဖော် နေကြတဲ့အမေရိကန်-ဗြိတိန်အဖွဲ့က ဒေသခံ ဆာမီလူမျိုးတွေရဲ့ ရှေးဟောင်းသင်္ချိုင်းတခုကိုရှာဖွေတွေ့ရှိခဲ့တယ်။ သူတို့ကိုချောင်းကြည့် နေခဲ့တာက ပီရဲတာရီနဲ့ ဂျူးဆိုဆိုတဲ့ ကောင်လေးနှစ်ယောက်။ ပီရဲတာရီယုံကြည်ထားတာ ဒီတောင်ဟာဆာမီလူမျိုးတွေက ဆိုးသွမ်းတဲ့ ကလေးတွေကိုနှိပ်စက်တတ်တဲ့ ဆန်တာ ကလော့အစစ်အမှန်ကို ဖမ်းဆီး မြေမြှုပ်ထားတဲ့နေရာပဲ။ တောင်‌ပေါ်ကတူးဖော်နေတာတွေရပ်သွားတဲ့ အချိန်မှာပဲသူ့ရဲ့ရွာနားမှာ သမင်တွေအကုန်လုံးနီးပါးသေကြေနေတာတွေ ပစ္စည်းတွေပျောက်ကုန်လာတာတွေကလေးတွေပျောက်ကုန်တာအပြင် လူထူးလူဆန်းတယောက်ကိုပါ သူ့အဖေရဲ့ ထောင်ချောက်မှာမိလာတဲ့ အချိန်မှာတော့ပီရဲတာရီနဲ့ ပီရဲတာရီရဲ့အဖေတို့က ဒီကိစ္စကိုအဖြေရှာဖို့ ဖြစ်လာပါတော့တယ်။ သမင်တွေဘာလို့သေကုန်တာလဲ။ ဒီဖမ်းမိထားတဲ့သူကဘာလဲ။ကလေးတွေဘယ်ရောက်ကုန်တာလဲ။ တောင်ပေါ်မှာကဘာလို့တိတ်ဆိတ်သွားရတာလဲ။ဒီခရစ်စမတ်ကို သူတို့တွေကျော်ဖြတ်နိုင်ပါ့မလားဆိုတာကိုRare Exports ဆိုတဲ့ ဒီဇာတ်ကားလေးမှာရှုစားပေးပါဦးခင်ဗျ။ File size…1.68GB / 727MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 24m Genre ..... Adventure , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Drama
6.3 2010 83 mins
Rare Exports: A Christmas Tale
A Family
7.2

A Family (RT 71% , IMDb 7 ) ယာကူဇာ... ယာကူဇာဆိုတာ ကျွန်တော်နဲ့ မစိမ်းတဲ့ စကားလုံးပါ... ဂျပန်နိုင်ငံက လူမိုက်ကြီးတွေပေါ့... ယာကူဇာမှာ အလွှာအမျိုးမျိုးရှိတယ်.. တချို့ဟာ ဂုဏ်သိက္ခာတွေ စစ်မှန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ခြင်းတွေ အစရှိတဲ့ ဂုဏ်ဒြပ်တွေကို ဦးစားပေးတဲ့ လူမိုက်မျိုးနဲ့ ... ငွေရမယ် အာဏာရမယ်ဆိုရင် မူးယစ်ဆေးကအစ ထဲထဲဝင်ဝင်လုပ်ကိုင်တဲ့ ရာဇဝတ်ဂိုဏ်းတွေအထိ အမျိုးမျိုးရှိလို့နေပါတယ်... မည်သို့ပင် ဆိုစေကာမူ ယာကူဇာမှန်သမျှဟာ သာမန်လူ့လောက တရားဥပဒေကို တနည်းတဖုံ ဆန့်ကျင့်ဖောက်ဖျက်နေကြသူတွေသာ ဖြစ်ပါတယ်... ဒီဇာတ်ကားမှာ ယာမာမိုတိုရဲ့ ဖခင်ဟာ ယာကူဇာတွေရဲ့ မူးယစ်သားကောင်ဖြစ်ခဲ့ရပြီး ဆေးသုံးစရာ ခြူးတစ်ပြားတောင် မရှိတော့လို့ ဘဝနိဂုံးကို ကိုယ်တိုင်ချုပ်ခဲ့သူပါ... ယာမာမိုတိုဟာ အဲ့အတွက်ကြောင့် ယာကူဇာနဲ့ သူတို့ရဲ့ မူးယစ်ဆေးဝါးကို အင်မတန်စက်ဆုပ်ရွံရှာနေခဲ့ပါတယ်... ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းကြောင့် သူဟာလည်း သူမုန်းတီးရတဲ့ ယာကူဇာတစ်ယောက် ဖြစ်လာပါတော့တယ်... ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံရဲ့ ယာကူဇာဂိုဏ်းဖြိုခွင်းရေး ဥပဒေတွေ မပေါ်ပေါက်ခင် အခြေအနေနဲ့ … ဥပဒေပြဌာန်းပြီး ယာကူဇာတွေရဲ့ ဘဝဟာ ဘယ်လောက်တောင် ကြပ်တည်းသေးသိမ်သွားသလဲဆိုတာကို ယာမာမိုတိုကို အခြေတည်ပြီး ဖော်ပြထားတာပါ... ဂျပန်လူ့အသိုင်းအဝိုင်းရဲ့ ဝိုင်းကျဉ်ခြင်းကို ခံရတဲ့ လူမိုက်ကြီးတွေ အကြောင်းကို ရိုက်ကူးပြထားတဲ့ ဒီဇာတ်လမ်းရဲ့ ရိုက်ချက်တွေ ဇာတ်ကွက်တွေက ကြည့်ကောင်းသလား မကောင်းသလား rating တွေကတော့ တစ်ဖက်တစ်လမ်းက ထောက်ပြပေးနေပါတယ်... ယာကူဇာကားတွေ ဂိုဏ်းဂဏကားတွေ ကြိုက်တတ်ရင်တော့ ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2.3GB) / (1.2GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__02:10:00 Type__Action, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Drama • Thriller
7.2 2021 136 mins
A Family
On the Fringe
6.8

~ IMDb - 6.7/10, Rotten Tomatoes - 80% ~ စပိန်မင်းသား Juan Diego Botto ဒါရိုက်တာလုပ်ပြီး ပွဲဦးထွက်အနေနဲ့ရိုက်တဲ့ စပိန်ရုပ်ရှင်ပါ။ သူကိုယ်တိုင်ရော နာမည်အကြီးဆုံး စပိန်မင်းသမီး Penélope Cruz ရော သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ စပိန်ရဲ့မျက်မှောက်ခေတ်မှာ ကြုံနေရတဲ့ လူမှုဘဝပြဿနာတွေရောကိုပြထားပြီး အဲဒီထဲက အကြီးဆုံးပြဿနာဖြစ်တဲ့ ဘဏ်ကြွေးကြောင့် နေအိမ်က နှင်ထုတ်ခံရတဲ့ မိသားစုတွေအကြောင်းကိုရော ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတယ်။ စပိန်ပြည်သူတွေကို အရင်အစိုးရက ဘဏ်တိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးပေးမယ်လို့ ကြေညာခဲ့တဲ့အတွက် ပြည်သူတွေဟာ အိမ်အပေါင်စာချုပ်တွေနဲ့ ငွေချေးတာတွေ၊ သားသမီးအိမ်၀ယ်ဖို့ မိဘက အာမခံပေးတာတွေ လုပ်ခဲ့ကြတယ်။ အစိုးရသစ် ဘဏ်စနစ်အသစ်မှာ အတိုးတွေဟာ မိုးထိထိုးတက်ကုန်ကြပါတယ်။ ဒီနောက်မှာ ဘဏ်တွေဟာ အတိုးကို အကြောင်းပြုလို့ အိမ်တွေကို သိမ်းလာတဲ့အခါ စပိန်မှာ အိုးမဲ့အိမ်မဲ့တွေ များပြားလာခဲ့တယ်။ ဒီလိုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့လူတွေရယ် သူတို့ဘက်က ပရဟိတသမားတွေဟာ ဘဏ်တွေကို ပြန်လည်တိုက်ခိုက်ဖို့ ကြံကြတယ်။ ဒါကတော့ ကျောရိုးဇာတ်ပေါ့။ ဒီကနေ ခွဲထွက်ပြီး အိမ်ဆုံးသွားတဲ့လူ၊ ကူတဲ့လူ၊ အိမ်ဆုံးဖူးတဲ့လူ အလီလီအထွေထွေအပြင် အခြေခံလူတန်းစားမျိုးစုံရဲ့ ဒုက္ခနဲ့ ဘဏ်တွေရဲ့ ကုတ်သွေးစုပ်မှုတွေအကြောင်း ရိုက်ပြထားပါတယ်။ စပိန်ကားတွေဟာ သူတို့ပြချင်တာကို လှလှပပပြတတ်တဲ့သဘောရှိတာမို့ ဇာတ်အရမ်းလည်းမနာ မနာတယ်လည်းမဟုတ်ဘဲ လှတပတနဲ့ကို ခံစားကြရမယ့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 805MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 45Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
6.8 2022 103 mins
On the Fringe
Amigos

IMDb - 7/10 အခုတင်ဆက်​ပေးမှာ​ကတော့ အက်ရှင်ဇာတ်ကား​တွေနဲ့လူသိများတဲ့ မင်းသားNandamuri Kalyan Ramက သုံးကိုယ်ခွဲအဖြစ်သရုပ်​ဆောင်ထားပြီး လှည့်ကွက်အများကြီးနဲ့ရိုလာကိုစတာစီးသလိုခံစားချက်​တွေနဲ့ ကြည့်ရှု့ရမယ့် Amigosဆိုတဲ့အက်ရှင်ဇာတ်ကား​ကောင်းတစ်ကားဖြစ်ပါတယ် ကမ္ဘာကြီးမှာကိုယ်နဲ့​​သွေးသားမ​တော်စပ်ဘဲ ရုပ်တူတဲ့သူ​​တွေကအနည်းဆုံးသုံး​ယောက်က​နေ အများဆုံး​ခုနှစ်​ယောက်အထိရှိနိုင်ပြီး အဲ့လူ​တွေနဲ့​တွေ့နိုင်ဖို့ကိုယ့်မှာလည်း အခွင့်​ရေး​တွေရှိလာနိုင်ပါတယ် ဒီကားထဲမှာ​တော့ဆဒ်ဒူးဆိုတဲ့လူငယ်​လေးကရိုးသားထက်မြက်ပြီး မိဘစီးပွား​ရေး​တွေကိုခန့်ခွဲ​နေသူတစ်​​ယောက်ပါ တစ်​​နေ့မှာ​တော့ အခွင့်အ​​ရေးတချို့​ကြောင့် ဝဘ်ဆိုဒ်တစ်ခုက​နေ သူနဲ့ရုပ်တူတဲ့မန်ဂျူးနဲ့ မိုက်ကယ်ဆိုသူ လူနှစ်​ယောက်ကို​တွေ့ဆုံပြီး သူငယ််ချင်း​တွေဖြစ်သွားကြ​ပြီး အတူတူခရီး​တွေထွက်ကာ​ပျော်ရွှင်ခဲ့ကြပါတယ် ဒါ​ပေမဲ့သူတို့သုံး​ယောက်ထဲကမိုက်ကယ်ဆိုသူဟာ ဆဒ်ဒူးနဲ့မန်ဂျူးတို့လိုသာမန်လူ​မဟုတ်ဘဲ နိုင်ငံ့အလိုရှိရာဇဝတ်​သားတစ်​ယောက်ဖြစ်​နေပြီး ရုပ်တူတာကိုအသုံးချကာထွက်ပြေးဖို့ကြံစည်လာတဲ့အခါ မိုက်ကယ့်ရဲ့လှည့်ကွက်ထဲကိုသူတို့ဘယ်လို​တွေဝင်သွားမိပြီး ပြန်​ဖြေရှင်းဖို့ကြိုးစားကြမလဲ ​သွေးသားမ​တော်ပဲရုပ်တစ်​ထေရာတည်းတူညီ​နေတဲ့ အကျိုးဆက်​ကြောင့်ဘယ်လိုအ​မွှေဇယား​တွေဖြစ်လာမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် File size…2.6GB /1.13GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder…. YK Translated by BpL~Yunni~ Khin Khin

Comedy • Romance
null 2023 139 mins
Amigos
Restless
6.1

အခုတစ်ခေါက်မှာတော့ Netflix ကနေ အသစ်စက်စက်ထွက်ရှိထားတဲ့ ပြင်သစ်အက်ရှင်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ အမြဲတမ်း ဖြောင့်မတ်တဲ့ရဲတွေကိုပဲ ဇာတ်လိုက်နေရာက မြင်နေရတာ ရိုးသွားပြီလား ဒါဆိုရင် ဒီကားလေးကို ကြည့်လိုက်ပါ။ အဓိက ဇာတ်လိုက်ဖြစ်တဲ့ ဘလင်းဟာ ပုံမှန်မြင်နေကျဇာတ်ကောင်တွေလို ရိုးသားဖြောင့်မတ်တဲ့ရဲမဟုတ်ဘဲ လာဘ်ပေးလာဘ်ယူလုပ်ပြီး အကျင့်ပျက်ခြစားတဲ့ရဲပဲဖြစ်ပါတယ်။ ဘလင်းတစ်ယောက် သူ့မိခင်ဆုံးပြီး အခေါင်းသွင်းတော့မှာဖြစ်တဲ့အတွက် ဆေးရုံကို အလောတကြီးသွားရမဲ့ အချိန်မှာပဲ ပြည်တွင်းလုံ​​ခြုံ​​ ရ​ဌာနက သူတို့စခန်းကို ရှောင်တခင်ဝင်စစ်ဆေးပါတော့တယ်။ မောင်ဘလင်းတစ်ယောက် လောလောနဲ့ ဗျာများပြီး ကားမောင်းရာကနေ လူတစ်ယောက်ကို တိုက်မိခဲ့ပါတယ်။ အကျင့်ပျက်ခြစားရုံတင်မက ကားနဲ့လူပါတိုက်လိုက်မိတဲ့ ဘလင်းဟာ ဒီယာဥ်တိုက်မှုကို ခြေရာလက်ရာဖျောက်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ပေမယ့်လည်း ထူးဆန်းတဲ့ မျက်မြင်သက်သေတစ်ယောက်ဆီကနေ ခြိမ်းခြောက်မှုတွေရရှိလာတဲ့ခါ.... ဘလင်းတစ်ယောက် ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲ..?? သူရဲ့လာဘ်စားမှုတွေကရော ပေါ်လွင်သွားမှာလား..?? မျက်မြင်သက်သေကရော ဘာလို့ခြိမ်း ခြောက်နေရတာလဲ.. ဆိုတာကို ကြည့်ရှုရမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်တာမလို့ အားလုံးအကြိုက်တွေ့ကြမယ့် Action, Crime, Thriller ကားသစ်လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size - (1.2 GB) / (585 MB) / (385 MB) Quality – WebDL 1080p / 720p/480p Duration - 1h 35mins Subtitle – Myanmar Hardsub Format – MP4 Genre : Action, Crime, Drama Translator – CM Team Encoder – SWM

Drama
6.1 2022 95 mins
Restless
Diabolik
6.1

Diabolik (2021) ၁၉၆၂ ခုနှစ်မှာ အီတလီအပြင် ဥရောပ တခွင် ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့တဲ့ ရုပ်ပြတစ်ခုရှိပါတယ်။ ဒီယာဘောလစ်ပါ။ ဒီယာဘောလစ်ရဲ့ ပထမဆုံး Live Action ကိုတော့ ၁၉၆၈ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး အာရှတိုင်းပြည်တွေအထိပါ ပေါက်ရောက်ခဲ့ပါတယ်။ လူဆိုးတကာ့ လူဆိုးထဲမှာ ဉာဏ်ရည်ထက်မြက်တဲ့ လူဆိုးက ကြောက်ဖို့အကောင်းဆုံးပါပဲ။ ဒီယာဘောလစ်ဟာ အဲဒီလိုဖောက်ထွင်းဝိဇ္ဇာမျိုးပါ။ အခုဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင် အီတလီနိုင်ငံကို ဇာတ်အိမ်တည်ထားပြီး အဲဒီခေတ်ကာလမှာ ကလာဗေးလ်မြို့ကရဲတွေ ခေါင်းခဲနေရတဲ့ကိစ္စတစ်ခုရှိပါတယ်။ ရဲတွေကို အမြဲနောက်ကောက်ချနိုင်တဲ့ သူမတူအောင် တော်လွန်းတဲ့ ဖောက်ထွင်းဝိဇ္ဇာ ဒီယာဘောလစ်ပေါ့။ သူ့ရဲ့ မျက်နှာအမှန်ကို မြင်ဖူးတဲ့သူမရှိတဲ့အပြင် ဒီယာဘောလစ်ဟာ တကယ်တော့ သာမန်လူမဟုတ်ဘဲ မိစ္ဆာတစ်ကောင်လို့ လူတွေကပါ ပြောကြတဲ့အထိ သူ့ရဲ့ ရာဇဝင်ဟာ လျှို့ဝှက်နေပါတယ်။ အေဗာကန့်ဟာ သေဆုံးသွားပြီဖြစ်တဲ့ တောင်အာဖရိက စီးပွားရေးသမားကြီးတစ်ဦးရဲ့ ဇနီးပါ။ သူဟာ အဖိုးတန် ပန်းရောင်စိန်နဲ့အတူ ကလာဗေးလ်ကို ပြန်လာခဲ့ပြီး အဲဒီစိန်ကြောင့်ပဲ အဖိုးတန်တာမြင်ရင် ရေကုန်ရေခမ်းကြိုးစားခိုးယူတတ်တဲ့ ဒီယာဘောလစ်နဲ့တွေ့ဆုံခဲ့ပါတော့တယ်။ တစ်သက်မှာတစ်ခါပဲတွေ့ရမယ့် လူပဲလို့ အချင်းချင်းနားလည်သွားကြတဲ့အခါ သူတို့ချင်း ဘယ်လိုဆက်ဖြစ်မလဲ။ ရာဇဝတ်ဘေးကကော တကယ်ပြေးလွတ်ပါရဲ့လား။ ဒီယာဘောလစ်ရဲ့ ကွက်ကျော်မြင်မှုတွေ၊ အခက်ခဲဆုံးအခြေအနေတွေမှာတောင် တည်ငြိမ်နေပုံတွေအပြင် ဇာတ်လမ်းအလှည့်တွေကိုလည်း မြင်ရမှာဖြစ်တာကြောင့် ရင်ခုန်စရာမရှိတဲ့ဘဝမှာ ရင်ခုန်ချင်ရင် အချိန် ၂ နာရီလောက် ရင်းလိုက်ဖို့ အကြံပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.05GB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 2H 13Min Genre - Action, Crime, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy • Romance
6.1 2021 133 mins
Diabolik
Shotgun Wedding
5.8

Shotgun Wedding (2023) ဂျနီဖာလိုပက်ရဲ့ အက်ရှင်ဟာသအချစ်ကားအသစ် ထွက်လာပါပြီ။ ဇာတ်ကားနာမည် Shotgun Wedding ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင်တော့ နှလုံးပြူးသေနတ်မင်္ဂလာဆောင်ပေါ့။ ဒါပေမဲ့ တကယ့်အဓိပ္ပါယ်က အလောသုံးဆယ်ဆောင်ရတဲ့မင်္ဂလာဆောင်မျိုးကို ပြောတာပါ။ တစ်ခါတလေ သတို့သမီးကိုယ်ဝန်ရှိသွားလို့ ထဆောင်လိုက်ရတာမျိုးပေါ့။ ဒီရုပ်ရှင်ထဲမှာတော့ နာမည်နဲ့လိုက်အောင် ဂျေလိုကြီး နှလုံးပြူးနဲ့ ပစ်ပြပါလိမ့်မယ်။ မင်းသားကတော့ ထရန်စဖော်ကားထဲက ဗိုလ်ကြီး Josh Duhamel ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ မင်္ဂလာဆောင်လုပ်တာကနေ စပါတယ်။ မင်းသမီးက ချမ်းသာတယ်။ မင်းသားက ဘေ့စ်ဘောကစားသမားကိုမှ အသင်းကထုတ်ခံထားရပြီး အလုပ်လက်မဲ့။ အဲဒီကျွန်းမှာ နှစ်ဘက်မိသားစုတွေ အကုန်စုံပြီး တလွဲဖြစ်နေတဲ့အချိန်မှာမှ ပင်လယ်ဓားပြတွေက ဓားပြဝင်တိုက်တဲ့အခါ ဟိုအတန်းမီးလောင်သလို ပွဲတွေဖြစ်ကြတဲ့ ဇာတ်ကားမျိုးပါပဲ။ သတို့သားနဲ့သတို့သမီး ရန်တွေဖြစ်ရင် ပင်လယ်ဓားပြတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ…. အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 1.1GB | 503MB Format… mp4 Duration…. 1b 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder ….. August

5.8 2023
Shotgun Wedding
Too Beautiful To Lie
5.9

လူလိမ်မလေးနဲ့ သားလိမ္မာငအူလေးတို့ရဲ့ ပေါ့ပေါ့ပါးပါးဟာသ အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ကလေးနဲ့မလိုက်အောင်လိမ်တတ်တဲ့ လူလိမ်မလေးနဲ့ သားလိမ္မာငအူလေးတို့ဟာ ခရီးသွားရင်သင်္ဘောပေါ်မှာတွေ့ခဲ့ကြပြီး အခြေနေတွေကြောင့် လူလိမ်မလေးက ငအူလေးရဲ့သတို့သမီးလောင်အဖြစ်အထင်မှားခံရပါတယ်။ ဖန်းမိသားစုရဲ့နွေးနွေးထွေးထွေး အလေးပေးချင်းကိုခံရပါတယ်။ ငအူလေးက လူလိမ်မလေးရဲ့လိမ်ညာစကားတွေကိုဖော်ပြီး မိသားစုရဲ့ယုံကြည်မှုပြန်ရနိုင်ဖို့ လူလိမ်မလေးနဲ့ ဉာဏ်ရည်ချင်းပြိုင်ရတော့တာပေါ့။ လူလိမ်မလေးနဲ့ ငအူလေးရဲ့တိုက်ပွဲကို အခွီလေးတွေနဲ့ပေါ့ပေါ့ပါးပါးတင်ဆက်ပေးလိုက်ပါတယ်။

Action • Adventure • Science Fiction • Thriller
5.9 2023
Too Beautiful To Lie
Happy Feet Two
5.8

ဒီတစ်ခါမှာတော့ ချစ်စရာပင်ဂွင်းလေးတွေရဲ့ Happy Feet Two ဆိုတဲ့ ၂၀၁၁ ခုနှစ်ထွက် Family/Comedy ကာတွန်းကားလေးကို CM version နဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Happy Feet 1 ရဲ့ Sequel ဖြစ်ပြီး ၁ ကိုမကြည့်ထားရင်တောင်မှ ဒီတိုင်း ၂ ကို စီးမျောကြည့်ရှုလို့ ရနိုင်မှာပါ။ ၁ မှာတုန်းက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အသိပညာပေးခဲ့သလို ၂ မှာတော့ မိသားစု အသင်းအဖွဲ့စိတ်ဓာတ်က ဘယ်လောက်အရေးကြီးပုံနဲ့ အခက်အခဲတွေကို စိန်ခေါ်မှုအဖြစ် ပြောင်းလဲပစ်တတ်ဖို့ လိုပုံတွေကို တင်ပြထားခဲ့ပါတယ်။ ၂ က ၁ လောက် မအောင်မြင်ခဲ့ပေမဲ့ တခြားသာမန်ကာတွန်းတွေနဲ့ ယှဉ်ရင်တော့ သီချင်းလေးတွေ အကအလှလေးတွေနဲ့ မျက်စိပသာဒဖြစ်စရာမို့ အတော်လေး ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ ကာတွန်းကားလေးဖြစ်မှာ။ အသံသရုပ်ဆောင်တွေအနေနဲ့လည်း နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Elijah Wood (Lord of the ring ထဲက Frodo) က မန်ဘယ်အဖြစ်၊ Robin Williams (JumanJi 1995) က ရေမွန်နဲ့ Lovelace ဂုရုကြီးအဖြစ်၊ အဆိုတော်နဲ့သရုပ်ဆောင် E.G. DAILY က အဲရစ်ခ်အဖြစ်၊ Brad Pitt (World War Z/Bullet Train) က ပုစွန်ဆိတ်ကလေး ဝယ်လ်အဖြစ်၊ အဆိုတော် Pink က ဂလော်ရီယာအဖြစ် အသီးသီး ပါဝင်အားဖြည့်ပေးထားကြပါတယ်။ ဇာတ်လမ်းကတော့ သီချင်းမဆိုတတ်ပေမဲ့ အကနဲ့တင် အလှတရားလေးဂလော်ရီယာကို သိမ်းပိုက်နိုင်ခဲ့တဲ့ မန်ဘယ်က သူနဲ့တူတဲ့ သားလေးအဲရစ်ခ်အတွက် အဖေကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေပုံကနေ စခဲ့ပါတယ်။ သွေးကစကားပြောတယ်ဆိုရမလားမသိ၊ သူ့သားလေး အဲရစ်ခ်က တခြားပင်ဂွင်းငယ်လေးတွေလိုမဟုတ်ဘဲ သီချင်းမဆိုတတ်သလို အကမှာလည်း သူ့လိုမျိုး ကျွမ်းကျင်မှုမရှိတာကြောင့် ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေခဲ့တာပါ။ ဒီလိုနဲ့ အဲရစ်ခ်က မန်ဘယ့်သူငယ်ချင်း ပင်ဂွင်းပုလေး ရေမွန့်နောက်ကိုလိုက်ရင်း အိမ်ပြေးလုပ်ဖို့ကြိုးစားတာမို့ သူက လိုက်ခေါ်ပြီး အပြန်လမ်းမှာတော့ သူတို့ပင်ဂွင်းတွေအတွက် မျိုးတုံးလုနီးနီး ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ အဲဒါကတော့ ရေခဲတောင်ကြီးတွေ ရွေ့လျားပြိုကျပြီး သူတို့နေတဲ့အင်ပါယာနယ်မြေတစ်ခုလုံးဟာ ရေခဲတောင်တွေကြား လေးဖက်လေးလံလုံးမှာ ပိတ်မိသွားရတာပါပဲ။ သူတို့ အင်ပါယာပင်ဂွင်းတစ်စုလုံး ပိတ်မိနေခဲ့ပြီး လွတ်နေတာဆိုလို့ သူတို့ သားအဖနှစ်ယောက်နဲ့ အဲရစ်ခ်ရဲ့သူငယ်ချင်းလေးတွေပဲရှိချိန်မှာ ဒီဒုက္ခဘေးကနေ လွတ်အောင် သူတို့ဘယ်လိုရုန်းထွက်ကြမလဲ… တကယ်ရော ရုန်းထွက်နိုင်မှာလား… ဘယ်လိုနည်းလမ်းမျိုးနဲ့များ ရေခဲတောင်တွေကြားက လွတ်အောင်ရုန်းထွက်ကြမလဲဆိုတာကိုတော့ လှုပ်လှုပ်ရွရွ ကာတွန်းကာရိုက်တာလေးတွေနဲ့ သာယာဖွယ် သီချင်းလေးတွေကို စီးမျောခံစားရင်း ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီကာတွန်းကားလေးရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပါ) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Animation, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Action • Adventure
5.8 2011
Happy Feet Two
She Hate Me

ဒီဇာတ်လမ်းမှာတော့ မင်းသား Anthony Mackie က ဂျွန်ဟင်နရီအမ်းစထရောင်းအဖြစ် အဓိကသရုပ်ဆောင်ထားပြီး Kerry Washington ၊ Woody Harrelson နဲ့ Monica Bellucci တို့ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဂျွန်က ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး သူတို့ ကုမ္ပဏီကြီးက AIDS ရောဂါကာကွယ်ဆေးကို ထုတ်လုပ်ဖို့ကြိုးစားနေတာပါ။ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်အတွင်း ကျင့်ဝတ်ဆိုင်ရာချိုးဖောက်မှုတွေကို ဂျွန်က သိမြင်လာရတဲ့အတွက် အဲ့ဒီကိစ္စတွေကို ကျင့်ဝတ်ဆိုင်ရာထိန်းသိမ်းရေးကော်မတီတစ်ခုကို တိုင်ကြားလိုက်ပါတော့တယ်။ ဒါကြောင့် သူလည်း အလုပ်ပြုတ်သွားတဲ့အချိန်မှာ သူ တစ်ချိန်က ဇနီးအဖြစ်မတော်လိုက်ရတဲ့ ချစ်သူဟောင်း ဖာတီမာက သူ့ဘဝထဲကို ပြန်ဝင်လာပါတော့တယ်။ သူတို့ မယူဖြစ်ခဲ့ကြပုံမှာလည်း လက်ထပ်ခါနီးမှာမှ ဖာတီမာက သူမကို သူမ လိင်တူချစ်မြတ်နိုးမှန်းသိလိုက်ရတာကြောင့်ပါ။ ယခုအခါ သူမက သူမရဲ့ လက်ရှိချစ်သူကောင်မလေးနဲ့ တပြိုင်နက် ကိုယ်ဝန်လွယ်ချင်ပြီး ကလေးရဲ့ ဖခင်ကိုတော့ ဂျွန်ကို ဖြစ်စေချင်တာပါ။ ဂျွန်ကလည်း တစ်ဖက်မှာ အလုပ်ကလည်း အဆင်မပြေတာနဲ့ ဖာတီမာနဲ့ သူမ ချစ်သူကို အဆင်ပြေအောင် ကူညီပေးလိုက်ရာကနေ နောက်ထပ် နောက်ထပ်သော လိင်တူချစ်ကြိုက်ပြီး ကိုယ်ဝန်ဆောင်လိုတဲ့ အမျိုးသမီးလေးများက သူ့ဆီသို့ ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(3 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2004
She Hate Me
Red Line
6

Andy Lau နဲ့ ထိုင်ဝမ်သရုပ်ဆောင်တွေပါဝင်ထားတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ကားဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ပြိုင်ကားဆိုတာ အစကတည်းကအသက်နဲ့ရင်းရတဲ့ပြိုင်ပွဲတစ်ခုပါ။ လူငယ်တွေဟာ အရှိန်ကိုခုံမင်ပြီး အသက်နဲ့ရင်းပြီးပြိုင်တဲ့ပြိုင်ပွဲမှာ အနိုင်ရပြီလို့ထင်ပေမယ့် ကားနက်တစ်စီးဟာ ရုတ်တရက်လိုက်လာပြီး အဆုံးအစွန်ထိရောက်အောင်တွန်းပို့တဲ့အတွက် ပြိုင်ကားမောင်းသူဟာ သေသွားခဲ့ပါတယ်။ ဒါကိုသာမန်အရှိန်လွန်တဲ့ဖြစ်ရပ်တစ်ခုလို့ထင်ကြပေမယ့် ကြိမ်ဖန်များလာတဲ့အခါ အားလုံးHellCatလို့နာမည်ပေးထားတဲ့ ဒီကားနက်ဟာ တရားမဝင်မြေအောက်ပြိုင်ကားမောင်းတဲ့သူတွေကို ပစ်မှတ်ထားနေတာကို သတိထားမိလာကြတယ်။ အဲဒီအကြောင်းကိုမသိသေးတဲ့ရှောင်လော့ဆိုတဲ့ကောင်လေးဟာ သူ့ အစ်ကိုကပြိုင်ကားမောင်းရင်းသေသွားတာကြောင့် ပြိုင်ကားမောင်းတာကိုစွန့်လွှတ်ပြီး လူတွေရဲ့အသက်ကိုကယ်ရတဲ့ အရေးပေါ်လူနာတင်ကားပြောင်းမောင်းနေခဲ့တယ်။ မထင်မှတ်ပဲ သူ့အစ်ကိုသေရတာ ဒီငရဲကြောင်ကြောင့်ဆိုတာသိလိုက်ရတော့ သူငယ်ချင်းတွေနဲ့ပူးပေါင်းပြီး လက်စားချေဖို့အစီအစဉ်စလိုက်ပါတော့တယ်။

6 2023
Red Line
3 Idiots
8.4

IMDb (8.4/10) /Rotten Tomatoes (100%) December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့ 3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်… မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်…ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး….သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ ဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။ ဒီအကြောင်းတွေကို ဒီရုပ်ရှင်လေးမှာ #ရန်ချို #ဖာရ်ဟန်း #ရာဂျူး ဆိုတဲ့ အင်ဂျင်နီယာကျောင်းက သူငယ်ချင်း ၃ ယောက်နဲ့ ပုံဖော်ရိုက်ကူးထားပါတယ်။ ဘယ်ကလာမှန်းမသိ ဘယ်လိုလူမှန်းမသိ လူထူးလူဆန်း ဖြစ်နေတဲ့ ရန်ချို… ပင်စင်လစာလေး တစ်ပဲခြောက်ပြားနဲ့ လေဖြတ်နေတဲ့ အဖေကို ဆေးကုနေရင်း အမေဖြစ်သူရဲ့ ချာပါတီရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ကျောင်းလခ ပေးရင်း ချို့တဲ့စွာ စာသင်ယူနေရတဲ့ ရာဂျူး… ငယ်စဉ်ကတည်းက အနုပညာကိုဝါသနာပါပေမယ့် ဖခင် ဖြစ်စေချင်တဲ့ အင်ဂျင်နီယာကြီးဖြစ်ဖို့အတွက် မိဘစကား နားထောင်ပြီး ရိုးရိုးကုတ်ကုတ် စာကြိုးစားတတ်သူ ဖာရ်ဟန်း… သူတို့ ၃ ယောက်ဆုံကြတာက နာမည်ကြီး အင်ဂျင်နီယာကျောင်းတစ်ခုမှာ… ရက်စက်ပြီး စက်ရုပ်လိုနှလုံးသားနဲ့ စည်းကမ်းကြီးတဲ့ ကျောင်းအုပ်ကြီးလက်အောက်မှာ သူတို့ ၃ ယောက် ကိုယ့်ဝါသနာနဲ့ပညာရပ်တွေကို ဘယ်လိုပုံဖော်ကြမယ်ဆိုတာ ကြည့်ရှုရမှာပါ…။ ဆုတွေတစ်သီကြီးရရှိထားတဲ့ ဒီဇာတ်ကားဟာ အိန္ဒိယရဲ့အကောင်းဆုံးဇာတ်ကားထဲက တစ်ကားဖြစ်ပြီး အတွေးအမြင်တွေကို သမားရိုးကျကနေ လူသားဆန်ဆန်ဖောက်ထွက်သွားနိုင်တာမို့ ကြည့်ပြီးရင် သိမ်းထားရမယ့်ဇာတ်ကားမျိုးပါပဲ။ BluRay 4K HEVC , 1080p ,720p Quality တွေနဲ့သိမ်းထားရအောင် ပြန်လည်တင်ဆက်ထားပါတယ်။ (သီချင်းတွေကအစ ခံစားပြီး ဘာသာပြန်တင်ဆက်ထားသူများကတော့ Nyi Koe & Myint Thu တို့ပဲဖြစ်ပါတယ်။)

8.4 2009 171 mins
3 Idiots
The Hills Have Eyes
6.4

ဒီ Horror ရုပ်ရှင်ကတော့ ၁၉၇၇ ကတည်းက နာမည်ကြီးခဲ့တဲ့ ဂန္ဓာဝင်ကားတစ်ခုကို ပြန်လည်ရိုက်ကူးထားတာပါ။ မူလရုပ်ရှင်လိုပဲ အောင်မြင်မှုတွေ ရခဲ့ပါတယ်။ လူသူမရှိတဲ့ ကန္တာရလိုနယ်မြေတစ်ခုထဲကို ရောက်ရှိသွားမိတဲ့ မိသားစုတစ်စုဟာ လူသားပုံပျက်နေတဲ့ စိတ္တဇအဖွဲ့တစ်ခုရဲ့ လိုက်လံသတ်ဖြတ်ခြင်းလက်ကနေ အလွတ်ရုန်းဖို့ ကြိုးစားရတဲ့ဇာတ်လမ်းပါ။ ဇာတ်လမ်း၊ ရိုက်ကူးချက်၊ သရုပ်ဆောင် အားလုံးကောင်းမွန်ပါတယ်။ ဟော်ရာကြိုက်သူတွေ နှစ်ခြိုက်မှာဖြစ်ပေမယ့် အသည်းငယ်သူတွေနဲ့ သွေးသံရဲရဲမကြည့်ရဲသူတွေ အတွက်တော့ မသင့်တော်ပါဘူး။ ပိုစတာမှာ ပြောထားတဲ့ ” ကံကောင်းတဲ့သူတွေ အရင်သေခွင့်ရသွားတယ်” ဆိုတာနဲ့ ညီအောင်ကို ကြောက်စရာအချိန်ကာလကြီးကို မြင်ရပါလိမ့်မယ်။ ခံစားကြည့်ပါ။

Thriller • Horror • Romance
6.4 2006 107 mins
The Hills Have Eyes
Angithee 3
6

Angithee 3 2024 (အချစ်မီးလျှံ) ကူနယ်နဲ့ ရီဗာတို့ဟာ အခုမှ လက်ထပ်ပြီးခါစ ကြင်စဦးဇနီးမောင်နှံပေါ့။ သူတို့ဟာ မင်္ဂလာဆောင်အပြီး ကူနယ့်မွေးရပ်မြေအိမ်လေးကို ဟန်နီးမွန်းခရီးအနေနဲ့ ပြန်လာခဲ့ကြပါတယ်။ ကူနယ့်မှာတော့ အမေပဲ ရှိတော့တာဖြစ်ပြီးတော့ အပန်းဖြေစခန်းလေး ဖွင့်ထားပါတယ်။ ကူနယ်တို့အိမ်မှာတော့ သူ့အမေကို ကူညီလုပ်ခိုင်းပေးနေတဲ့ သူတို့အိမ်က ကားမောင်းသမားကြီးရဲ့သမီးဖြစ်သူ ချန်ဒါနဲ့ အပန်းဖြေစခန်းကို ကူနယ့်ကိုယ်စား စီမံအုပ်ချုပ်ပေးနေတဲ့ သူငယ်ချင်းဖြစ်သူ ဆာမာတို့ နေကြပါတယ်။ ချန်ဒါဆိုတာကလည်း ကူနယ့်ကို ငယ်ငယ်လေးကတည်းက ချစ်ခင်ခဲ့သူဖြစ်ပြီး ခေါ်တာတောင် အစ်ကိုလေးလို့ပဲ ခေါ်သူပါ။ ဒီလိုနဲ့ အချိန်အတော်ကြာ မတွေ့ရတဲ့သားလေး ပြန်လာမှာကို အိမ်ကနေ စိတ်လှုပ်ရှားစွာ စောင့်နေတဲ့ ကူနယ်ရဲ့ အမေ၊ မထင်မှတ်ဘဲ ကူနယ်တို့ ကားမတော်တဆဖြစ်တဲ့ သတင်းလည်းကြားရော အဲဒီအချိန်မှာပဲ ကံကြမ္မာဆိုးတွေ စတင်ခဲ့ပါတော့တယ်။ ချွေးမဖြစ်သူက အများကြီးမထိခိုက်ပေမယ့် ကူနယ်ကတော့ ကားမတော်တဆဖြစ်မှုကနေ ကျောရိုးထိခိုက်ပြီး တစ်သက်လုံးလမ်းမလျှောက်နိုင်တော့ပါဘူး။ ဒီလိုနဲ့ ကြင်စဦးလင်မယားနှစ်ယောက် ရှေ့ဆက် ဘယ်လို စခန်းသွားကြမလဲ ……. အမေ, ချန်ဒါနဲ့ ဆာမာတို့ကရော ကူနယ့်အပေါ်မှာ ဘယ်လိုတွေ ဖြည့်စည်းလုပ်ကိုင်ပေးသွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

6 2023
Angithee 3
Robinhood
4.4

Robinhood (2025) ရော်ဘင်ဟုဒ် ရော်ဘင်ဟုဒ်ဆိုတာနဲ့ လူချမ်းသာတွေဆီက ခိုးယူ လုယက် ဖောက်ထွင်းလို့ မရှိဆင်းရဲသား‌တွေကို ထောက်ပံ့သူအနေနဲ့ မသိသူမရှိလောက်အောင် နာမည်ကြီးပါတယ် ဒီဇာတ်လမ်းလေးထဲမှာလည်း မိဘမဲ့ဂေဟာက ရမ်ဆိုတဲ့ကလေးလေးက လူချမ်းသာတွေဆီက လုယူလို့ သူတို့ဂေဟာကို ထောက်ပံ့ဖို့ အကြံရလာပါတယ် အဲဒီလိုကနေ တစ်စတစ်စနဲ့ တခြား မိဘမဲ့‌ဂေဟာတွေကိုပါ ထောက်ပံ့လာနိုင်ပါတယ် ကလေးဘဝငယ်ရွယ်စဉ်မှာ အဆင်ချောနေခဲ့ပေမဲ့ ကြီးပြင်းအရွယ်ရောက်လာလို့ အာဏာပိုင် အထက်လူကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံလာချိန်မှာတော့ သူ့ကိုသာမိသွားရင် မိဘမဲ့ကလေးတွေကို သူခိုးတွေအနေနဲ့ဆက်ဆံခံရမှာကို တွေးပူမိသွားတဲ့အတွက် ဒီလုပ်ရပ်ကနေ အနားယူလို့ ပုံမှန်အလုပ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် အဲဒီလိုနဲ့ လုံခြုံရေးအေဂျင်စီတစ်ခုမှာ အလုပ်လျှောက်ပါတော့တယ် နီရာဗာဆူဒေ့ဗ် ဆိုတာကတော့ ထိပ်တန်းဆေးဝါးကုမ္ပဏီပိုင်ရှင်ကြီး ဗာဆူ‌ဒေ့ဗ်ရဲ့ သမီးချောလေးပါ သူဘာလုပ်လုပ် သူ့အဖေနာမည်ကိုပဲ ယူကြပြီး သူ့ကိုအသိအမှတ်မပြုကြတာ‌မို့ သူ့အဖေအရိပ်အောက်ကနေ ထွက်ဖို့ စဉ်းစားမိပါတော့တယ် တစ်နေ့တော့ ရွာတစ်ရွာမှာ နိုင်ငံတကာ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားလို့ တရားမဝင် ကုန်ကူးသန်းနေပါတယ်ဆိုတဲ့သတင်း ထွက်လာပါတယ် ဒီလိုနဲ့ပဲ လုံခြုံရေးတာဝန်ယူထားရတဲ့ ရမ်နဲ့ ဆေးဝါးအလုပ်နဲ့ဆက်စပ်နေသူ နီရာတို့ တွေ့ဆုံဖို့ဖြစ်လာပါတယ် ခေတ်သစ်ရော်ဘင်ဟုဒ်ကိုမှ မှုခင်း သည်းထိတ်ရင်ဖို အပြင်ကို ရယ်မောဖွယ်ရာဟာသလေးရောနှောထားတဲ့ ဒီဇာတ်လမ်း လေးမှာ ရော်ဘင်ဟုဒ်(ခေါ်) ရမ်ဆိုတဲ့သူရဲ့ ဘဝဇာတ်ကြောင်းနဲ့စိတ်ထားလေးကို တွေ့မြင်ရမှာမို့ ကြည့်ရှုခံစားပေးကြပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Alex~KKKZ~Zwe Yan~Cym~STAR တို့ပဲဖြစ်ပါတယ် )

4.4 2025 150 mins
Robinhood