YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Industry (2022) S02EP04 WEB-DL,1080p(CM).mp4

1.26 GB N/A video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mandrake
3.9

နောက်ဆုံးထွက် V/H/S/99, Speak No Evil နဲ့ Dark Glasses စတဲ့ကားတွေကို ထုတ်ခဲ့တဲ့ ဟော်ရာတစ်လိုင်း သီးသန့်ပြတဲ့ Shudder က ထုတ်တဲ့ Original Film တစ်ကားပါ။ Horror တစ်လိုင်း သီးသန့်လုပ်တာဆိုတော့ သူကထုတ်တဲ့ကားတွေဟာ အရမ်းတော့ဆိုးရွားနေတာမျိုး မရှိပါဘူး။ Mandrake ဟာ Shudder ရဲ့ နောက်ဆုံးထွက် Original Film ပါပဲ။ စစချင်းကနေ အလယ်လောက်ထိ ဒီကားက ခင်ဗျားကို ဟော်ရာကားတစ်ကားလို ဆွဲဆောင်မှာမဟုတ်ဘဲ စုံထောက်ကားတစ်ကားလို ဆွဲဆောင်သွားလိမ့်မယ်။ ကလေး၂ယောက်သေသွားတဲ့အမှုအတွက် တရားခံကို ရှာကြတဲ့အကြောင်းနဲ့ပေါ့။ ကားထဲမှာ အဓိက ဇာတ်အိမ်တည်ထားတဲ့ သူ့ယောက်ျား သူသတ်ပြီး ဘလက်ဒီမေရီဆိုပြီး နာမည်တွင်နေတဲ့ မိန်းမတစ်ယောက်ရှိတယ်။ ဘလက်ဒီမေရီကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ ကလေး ၂ယောက် သူ့အိမ်နားပျောက်သွားတော့ ကလေးအဖေနဲ့အမေက သူ့ကိုသတ်ဖို့လုပ်ကြပေမဲ့ ရဲတွေက တားကြတယ်။ အဲဒီနောက်ကွယ်မှာ လူသတ်သမားက ဘယ်သူလဲ။ ဘယ်လိုသဘာဝလွန်အရာတွေနဲ့ ကြုံလာရမလဲဆိုတာကို တစ်နာရီကျော်အချိန်လေးပဲပေးရပြီး အဲဒီအချိန်နဲ့တန်အောင် ရင်တသိမ့်သိမ့်တုန်အောင် ကြည့်ရမယ့် မဆိုးတဲ့ ဟော်ရာကားလေးပါပဲ။ In The Earth ကားလိုမျိုး ကမ္ဘာမြေကြီးနဲ့ ချိတ်ဆက်ထားတဲ့ဟော်ရာကားကိုမှ ဆိုက်ကိုလိုလို တကယ်လိုလိုခေါင်းစားအောင် လုပ်ပြဦးမှာမို့ အကွေ့အကောက်တွေနဲ့ ကားတွေကိုမှ ကြိုက်တတ်ရင်လည်း ကြည့်သင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 805MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Romance • Thriller
3.9 2022 85 mins
Mandrake
Onoda: 10,000 Nights in the Jungle
7.1

IMDb - 7.3/10 Rotten Tomatoes - 100% 4 Wins and 19 Nominations ၂၀၁၄ဇန်နဝါရီမှာ The Gurdianသတင်းစာမှာ " ဆယ်စုနှစ်သုံးခုကြာအညံ့မခံခဲ့သော ဂျပန်စစ်သား ဟိရိုး အိုနိုဒ သေဆုံးခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ပါခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ အိုနိုဒအကြောင်းကို ပြင်သစ်ဒါရိုက်တာ Arthur Harariက ရိုက်ထားတဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပါ။ အနောက်ဥရောပမှာ အစပြုခဲ့တဲ့ ဒုတိယကမ္ဘာစစ်ဟာ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၇ မှာ ဂျပန်က ပုလဲဆိပ်ကမ်းကို စစ်မကြေညာဘဲ ဗုံးကြဲရာကစလို့ အရှေ့တိုင်းကိုကူးစက်ခဲ့ပါတယ်။ ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးလည်း ဂျပန်နဲ့ အင်္ဂလိပ်တို့ရဲ့ စစ်တလင်းဖြစ်ခဲ့ပါတယ်။ စစ်ရေးအတွက်ကြိုပြင်ထားခဲ့တဲ့ ဂျပန်တွေဟာ အသာစီးရပြီး ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းတွေကို သိမ်းနိုင်ခဲ့ပါတယ်။ ၁၉၄၂နှစ်ဝက်လောက်မှာ ဖိလစ်ပိုင်ကျွန်းစုတွေကို ဂျပန်က သိမ်းထားနိုင်ခဲ့ပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးခါနီး ဂျပန်အရေးစနိမ့်လာတဲ့ ၁၉၄၅နှစ်ဦးလောက်မှာ လက်ဖတင်နင်အိုနိုဒဟာ ဖိလစ်ပိုင်က ကျွန်းတွေကို အမေရိကန်လက်ထဲမကျအောင် ကာကွယ်ဖို့ ရောက်လာခဲ့တယ်။ မလာခင်မှာ သူစစ်ရေးလျှို့ဝှက်သင်တန်းတစ်ခုတက်ခဲ့ပြီး အဲဒီသင်တန်းက အိုနိုဒတို့ကို အတတ်နိုင်ဆုံးရှင်ကျန်နေနိုင်အောင်နေပြီး ဆက်တိုက်နေဖို့ကို အဓိကထားသင်ပေးခဲ့တယ်။ ဖိလစ်ပိုင်ကို ရောက်ရောက်ချင်းကတည်းက အကြီးအကျယ်အရေးနိမ့်ပေမဲ့ အိုနိုဒတို့ဟာ ဖိလစ်ပိုင်တောထဲမှာနေရင်း ပင်မတပ် အင်အားပြန်စုစည်းနိုင်ပြီး လာတိုက်မယ့်အချိန်ကို စောင့်နေခဲ့ကြတယ်။ "အိုနိုဒ"တို့လို့ ဆိုပေမဲ့ တကယ်တမ်း လေးယောက်ပဲကျန်တာပါ။ မသေစာ စားရင်း အားမလျှော့ဘဲ စောင့်နေကြသူတွေပါပဲ။ သို့ပေမဲ့ အဲဒီနှစ်ဩဂုတ်လအစမှာ နာဂစခိနဲ့ ဟိရိုရှိမတို့ အနုမြူဗုံးကြဲခံရပြီးနောက် တိုကျိုကနေ ဖိလစ်ပိုင်က ဂျပန်တပ်တွေကို အညံ့ခံလိုက်ဖို့ အမိန့်ပေးပြီးခဲ့ပါပြီ။ ဒါကို အိုနိုဒါတို့က မသိခဲ့ပါဘူး။ တောထဲမှာပဲ ဆက်ကြံ့ကြံ့ခံနေနေခဲ့ကြတယ်။ ဒီရုပ်ရှင်ဟာ ၁၉၄၅မှာ ဂျပန်စစ်ရှုံးခဲ့ပေမဲ့ စစ်ရှုံးတာကိုမသိဘဲ စစ်ဖြစ်နေသေးတယ်ထင်ပြီး ဖိလစ်ပိုင်ကတောထဲမှာ ၁၉၇၄အထိ ၂၉နှစ်လုံး ဂျပန်ပြန်အသာစီးရမယ့်အချိန်ကိုစောင့်ရင်း ကုန်လွန်ခဲ့တဲ့ လက်ဖတင်နင်အိုနိုဒ ဖိလစ်ပိုင်ကို စစသွားကတည်းကနေ နောက်၂၉နှစ်အကြာ ဂျပန်ကို သူပြနလာတဲ့အထိ သူဖြတ်သန်းခဲ့ရတဲ့ဘဝအကြောင်းရိုက်ပြထားပါ။ အိုနိုဒဟာ သူ့အမိမြေကို ချစ်တဲ့စိတ်နဲ့ မျှော်လင့်ရင်း ရက်ပေါင်းတစ်သောင်းလုံး ဖိလစ်ပိုင်တောထဲမှာနေရင်း အသက်ဆက်ခဲ့ပါတယ်။ ၁၉၇၄မှာမှ အညံ့ခံခဲ့ပြီး ၂၀၁၄ဇန်န၀ါရီမှာသေဆုံးခဲ့ပါတယ်။ လက်ဖတင်နင် ဟိရိုးအိုနိုဒ အညံ့ခံလိုက်တဲ့အချိန်မှာမှပဲ ဂျပန်စစ်ရှုံးပြီး စစ်ကြီးပြီးသွားခဲ့သလို ခံစားခဲ့ရတယ်လို့ တစ်ချို့ကဆိုကြပါတယ်။ Onoda: 10,000 Nights in the Jungle ကို ကိန်းရုပ်ရှင်ပွဲတော်မှာ စပြခဲ့ပြီး ယူကေက ရုပ်ရှင်ရုံတွေမှာတော့ ဒီနှစ်ဧပြီလမှရုံတင်မှာပါ။ ခရမ်းချဉ်သီး တစ်ရာအပြည့်ရထားပြီး တငွေ့ငွေ့နဲ့တဖြည်းဖြည်းချင်း အရသာရှိစေမယ့် ရုပ်ရှင်မျိုုးလို့ ဝေဖန်ရေးသမားအချို့ကဆိုပါတယ်။ Ref - Wikipedia and The Guardian အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Adventure, War Quality….WEB-DL 1080p and 720p and 480P File size…2.36GB and 1.19GB and 334MB Format…mp4 Duration….2h 53min Subtitle….Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Action • Comedy • Crime • Thriller
7.1 2021 167 mins
Onoda: 10,000 Nights in the Jungle
Drifting
7.3

အတိအကျတော့မမှတ်မိတော့ပေမဲ့ မနှစ်တုန်းက တရုတ်တစ်ချို့က Johhnie Toတို့ ဂျွန်ဝူးတို့က ကားဆက်မရိုက်တော့၊ ဝေါင်ကာဝေးတို့ စတီဖင်ချောင်တို့က ပြည်မ ရောက်သွားကြ၊ နိုင်ငံခြားရောက်သွားတဲ့သူတွေလည်းရှ်ိလိုရှိနဲ့ ဟောင်ကောင်ရုပ်ရှင်ရဲ့ အရည်အသွေးကျလာတဲ့အကြောင်း ငိုချင်းချထားတာ ဖတ်လိုက်ရပါသေးတယ်။ ဟောင်ကောင်ရုပ်ရှင်ရဲ့ တစ်ချိန်က Legendတွေဟာ လုံးပါးပါးကုန်ကြပါပြီ။ သို့ပေမဲ့ မနှစ်ကတော့ Limboတို့ DRIFTINGတို့ Hand-rolled cigarettesတို့ Timeတို့လို ဒါရိုက်တာမသစ်တသစ်တွေရဲ့ ဇာတ်ကာကောင်းတွေထွက်ခဲ့တာကြောင့် မျှော်လင့်ချက်တော့ရှိသေးတယ်ဆိုပါတယ်။ Driftingဟာ မနှစ်က‌ ဟောင်ကောင်ရဲ့ ရှားရှားပါးပါးထွက်ထားတဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားပါ။ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတစ်ချို့ရထားပါတယ်။ မင်းသားကတော့ Johhnie Toရုပ်ရှင်တွေထဲ ပါနေကျ Francis Ngပါ။ ဇာတ်ကြောင်းကတော့ ၂၀၁၂မှာ တကယ်ဖြစ်ခဲ့တဲ့ ဟောင်ကောင် အိမ်ခြေရာမဲ့တွေနဲ့ ပတ်သက်နေတဲ့တရားခွင်ကို အခြေခံရိုက်ကူးပါတယ်။ ဟောင်ကောင်မှာလည်း ဒီကလို ကျူးကျော်တဲဆန်ဆန်တွေ၊ အိမ်ခြေရာမဲ့တွေရှိပါတယ်။ သူတို့ထဲက အများစုကတော့ ပြန်စရာ အိမ်မရှိတော့တဲ့လူတွေပါ။ သူတို့အားလုံးဟာ ဘာမှလုပ်စရာမရှိတဲ့ဘ၀မှာ အချိန်တွေကို ဆေးသုံးရင်း အကုန်မြန်အောင် လုပ်ပစ်တတ်ကြတဲ့သူတွေပါပဲ။ တစ်နေ့ကျ သူတို့အိမ်လို့သတ်မှတ်ထားတဲ့ လမ်းဘေးနေရာလေးကို စည်ပင်၀န်ထမ်းတွေက လာပြီး သန့်ရှင်းရေးလုပ်ပါတယ်။ သူတို့အသုံးအဆောင်တွေ အားလုံးကို အမှိုက်တွေဆိုပြီး သူတို့တားနေကြတဲ့ကြားက အမှိုက်ကားပေါ် တင်ပစ်လိုက်ကြတယ်။ ဒါက သူတို့အတွက်တော့ အဖိုးတန်တွေပါ။ ဒီလိုနဲ့ သူတို့ စည်ပင်ကို တရားစွဲခဲ့ကြတယ်။ ဒါက‌တော့ကျောရိုးပါပဲ။ ဒီကျောရိုးကိုမှ အိမ်ခြေရာမဲ့တစ်ယောက်ချင်းစီရဲ့ အိမ်ခြေရာမဲ့မဖြစ်ခင်ဘ၀တွေ၊ ဖြစ်ပြီးနောက်ပိုင်း ရှင်သန်ပုံတွေ၊ သူတို့နေတဲ့ ဆင်းရဲသားရပ်ကွက်ကြီး တိုးတက်လာပြီး ကွန်ဒိုတွေဆောက်နေတဲ့နောက် သူတို့ရဲ့ အိမ်ဆိုတဲ့နေရာလေးပါ ပျောက်ရပုံတွေကို ပြန်ယှက်ဖောက်ပြီး heart-touchingဖြစ်တဲ့ ဇာတ်၀င်ခန်းများစွာနဲ့ ဒရာမာချိုးပြီး ပုံဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ ‌ပြောရရင် ရှေ့ကို တဟုန်ထိုး သွားနေတဲ့ မြို့ကြီးတစ်မြို့က ပြန်ငဲ့ကြည့်ဖို့လိုတဲ့ ပိုခက်တဲ့ဘ၀တွေအကြောင်း ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.1GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action • Adventure • Animation • Science Fiction
7.3 2021 112 mins
Drifting
The Highwaymen
6.7

တောအုပ်တစ်ခုရဲ့ နေရာတစ်ခုတွင် ထောင်သားတွေအလုပ်လုပ်နေကြသည်.... မြင်းကိုယ်စီ ဖြင့် လက်နက်ကိုင် ထောင်စောင့်အဖွဲ့တွေလည်း အသီးသီးစောင့်ကြတ်နေကြသည်... သို့ပေမယ့် ကြိုတင်စီစဉ်မှုတွေကြောင့် ထောင်သားတစ်ချို့ဟာ ဝှက်ထားတဲ့ လက်နက်များဖြင့် ထောင်စောင့်များကို သတ်ဖြတ်ကာ  သူတို့အား လာခေါ်သည့် ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြသည်... ပြေးနိုင်သည့် လမ်းများကိုလိုက်လံပိတ်ဆို့ထားသော်လည်း အစအနပင်ရှာမရချေ.... ဒါတွေအားလုံးရဲ့အဓိက တရားခံက ဝရမ်းပြေးလင်မယား(၂)ယောက်ဖြစ်သည်.. တကယ်တော့ သူတို့ကိုဖမ်းမမိသည်မှာ (၂)နှစ်ခန့်ပင်ရှိနေသည့်အပြင် ယ္ခုအခါ တခြားရာဇဝတ်သား အပေါင်းအပါတွေပါ ထောင်ကလာခေါ်ထုတ်သည့်အတွက် သတင်းစာခေါင်းကြီးပိုင်းမှာ ခမ်းခမ်းနားနားကြီးကိုပါလာခဲ့လေသည်.. ဒီ့အတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ ခေါင်းမီးတောက်နေသည်... နောက်ဆုံးတော့ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ယခင်ကဖျက်သိမ်းခဲ့သည့် ရန်းဂျားတပ်ဖွဲ့ဝင်(၂) ဦးကို ပြန်လည်တာဝန်ပေးအပ်ဖို့ဖြစ်သည်...ရှေးယခင်က ရိန်းဂျိန်းတွေဟာ ဖမ်းမမိတဲ့သူတွေကို တရားဝင်သတ်ဖြတ်ပိုင်ခွင့်ရှိသည်..အုပ်ချုပ်ရခက်သည့် ရိန်းဂျားတွေဟု ယူဆက အဖွဲ့ကိုဖျက်သိမ်းခဲ့ခြင်းဖြစ်သည်.. ယ္ခုအခြေအနေမှာတော့ ကျန်ရှိနေသေးသည့် အတော်ဆုံး(၂)ယောက်ကိုခေါ်သုံးဖို့ဖြစ်လာသည်... ကိုင်း သူတို့ ဖမ်းမိနိုင်မလား....ဒီရာဇဝတ်သားတွေကရော ဘယ်လိုမကောင်းမှုတွေဆက်ကျူးလွန်ဦးမလဲ... ခံစားကြည့်လိုက်ပါဦး...မင်းသားကြီး Kevin Costnerနဲ့ Woody Harrelsonတို့အဓိကပါဝင်ထားသည့် အပြင် IMDbလည်းအကောင်းဆုံးအနေအထားမှာရှိနေသည့် မှုခင်းဇာတ်ကားမို့ ကားကောင်းတစ်ကားဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်... File Size : (1GB) and (357MB) Quality : WEB-DL 720p, Format…mp4 Duration…02:12:00 Genre : Crime, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae

Drama • Sci-Fi & Fantasy
6.7 2019 133 mins
The Highwaymen
The Magnificent Seven
6.4

ကျွန်တော်တို့ ခင်ဗျားတို့ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို သူတို့ချည်းပဲ ထားခဲ့ရပြီဆို သူတို့ ဘာလုပ်နေကြမယ် ထင်ပါသလဲ? သူတို့ အချင်းချင်းရော ဘာတွေကြံစည်တွေးတော နေကြမယ်ထင်ပါသလဲ? အဲဒီအကြောင်းတွေကို ဒီ Animation လေးထဲမှာ ကြည့်ကြပါစို့။ IMDb 6.8 နဲ့ Box Office မှာ 760$ Millions ထိ အောင်မြင်နေတဲ့ ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့..... Jack Russell Terrier အမျိုးအစား ခွေးလေး Max ဟာ သူ့သခင်မလေး ကေတီနဲ့အတူ မန်ဟက်တန်မြို့မှာ ပျော်ရွှင်စွာ နေထိုင်နေရင်း တစ်နေ့မှာ ကေတီဟာ ပိုင်ရှင်မဲ့ခွေးလေး Duke ကိုပါ အိမ်ကိုခေါ်လာတဲ့အခါ.....သူတို့ ၂ ကောင် ရန်ဖြစ်ရာကနေ လူတွေရဲ့စွန့်ပစ်ခံ မြေအောက်အိမ်မွေးတိရစ္ဆာန်ဂိုဏ်းကြီးနဲ့ သူတို့ရဲ့ ခေါင်းဆောင် Snowball နဲ့ တွေ့ဆုံရင်း ပြဿနာတွေ အကြီးအကျယ် တက်လာပြီး.....အဲဒီအချိန်မှာပဲ Max ကို ခရက်ရှ်နေတဲ့ အဖြူရောင်Pomeranian ခွေးမလေး Gidget ကလည်း Max ရဲ့ ဘော်ဒါတွေကို စုစည်းပြီး လိုက်ကယ်ဖို့ ချီတက်လာတဲ့အခါမှာတော့......

Action & Adventure • Reality • War & Politics
6.4 2016 132 mins
The Magnificent Seven
WWII: The Long Road Home
4.9

WWII: The Long Road Home (2017) ========================== ဒီဇာတ်လမ်းက ဆယ်ကျော်သက်ဒါရိုက်တာတစ်ယောက်ရဲ့ သူ့အဘိုး ဒုတိယကမ္ဘာစစ်မှာ ထွက်ပြေးလွတ်မြောက်တာကို ရိုက်ထူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ချာလီတို့တပ်ဖွဲ့ကို ကပ္ပတိန်တစ်ယောက်နဲ့အတူ ဂျာမနီစစ်တပ် ကိုစုံစမ်းဖို့အတွက် ဂျာမနီနိုင်ငံကိုသွားရမယ်လို့အထက်ကအမိန့် ချလာပါတယ်။ စုံစမ်းဖို့သွားနေရင်းနဲ့ လမ်းတစ်ဝက်မှာအဖမ်းလိုက် ခံရပါတယ်။ နောက်တော့ ကပ္ပတိန်နဲ့အတူ မဟာမိတ်တပ်တွေ လာကယ်တာကိုစောင့်ဆိုင်းကြတာပေါ့။ဒါပေမယ့် ချာလီဟာ ရန်သူ့နယ်မြေမှာဖြစ်တဲ့အတွက် စောင့်နေရင် ပိုဆိုးလာမယ့် အန္တရာယ် များကိုသိတဲ့အတွက် သူတစ်ယောက်တည်း မဟာမိတ်နယ်မြေကို ရောက်အောင်သွားရင်းနဲ့လမ်းမှာ ကြုံရတဲ့အခက်အခဲတွေကိုရိုက် ကူးထားတာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size……….(1.7 GB) / (822 MB) / (530 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 20Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, History Translator…….Tin Myo Lwin Encoder……….SWM

Horror • Thriller
4.9 2017 90 mins
WWII: The Long Road Home
The Best Exotic Marigold Hotel
7.2

The Best Exotic Marigold Hotel (2011) ~ IMDb – 7.2/10, Rotten Tomatoes – 78% ~ Shakespeare in Love နဲ့အော်စကာဆုရခဲ့တဲ့ ဒါရိုက်တာ John Madden ရဲ့လက်ရာဖြစ်ပြီး Cast တွေကလည်း တကယ့် ထိတ်ထိတ်ကြဲတွေချည်းပါပဲ။ Maggie Smith တို့၊ Judi Dench တို့လို ဝါရင့်မင်းသမီးကြီးတွေအပြင် Bill Nighy တို့၊ Tom Wilkinson တို့လို မင်းသားကြီးတွေလည်း သုံးထားပါတယ်။ နောက် Slumdog Millionaire နဲ့ နာမည်ကြီးခဲ့ပြီး Lion ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အနေနဲ့ ဆုများစွာသိမ်းပိုက်ခဲ့တဲ့ အိန္ဒိယနွယ်ဖွား ဗြိတိန်လူမျိုး Dev Patel လည်းပါသလို သူ့ရဲ့အနုပညာမှတ်တိုင်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ ငယ်ရွယ်ခြင်းက အားသာချက်တစ်ခုဆိုရင် အိုမင်းရင့်ရော်လာခြင်းမှာလည်း အလှတရားတစ်ခုရှိနေပါတယ်။ လူငယ်တွေကိုပဲဇာတ်လိုက်ထားပြီးရိုက်တဲ့ ရုပ်ရှင်အများစုကြားမှာ ထူး​ထူးခြားခြားဖြစ်နေတဲ့ The Best Exotic Marigold Hotel ကနေ သင်ယူရမှာကတော့ Life Purpose ကိုရှာဖွေဖို့ ဘယ်တော့မှနောက်ကျတယ်လို့ မရှိဘူးဆိုတာပါပဲ။ လောကဓံရဲ့အထုအထောင်းများစွာကိုခံထားရပြီး နွမ်းနယ်နေတဲ့ အင်္ဂလိပ်လူမျိုးပင်စင်စားတစ်ဖွဲ့ဟာ ဘဝသစ်ပြန်စဖို့ အိန္ဒိယနိုင်ငံ ဂျိုက်ပေါမြို့စွန်က မာရီဂိုးဟိုတယ်ဆီမှ ာလာဆုံတွေ့ခဲ့ကြတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နယ်မြေသစ် ယဥ်ကျေးမှုသစ်မှာ အသားကျဖို့ကြိုးစားကြပုံတွေကနေ ဘဝမှာ Resiliency ဆိုတဲ့ နလန်ထူနိုင်စွမ်းရဲ့အရေးပါပုံကို ပြသွားတာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 960MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Animation • Adventure • Family • Fantasy • Comedy
7.2 2011 124 mins
The Best Exotic Marigold Hotel
Little Miss Rawther
7.9

Little Miss Rawther (2023)”အချစ်ရူးမလေး မိရော်သာ” ======================================= IMDb 8.3/10 စီအမ် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် Little Miss Rawther ဆိုတဲ့ မလျာလမ်စကားပြော အချစ်ဟာသဇာတ်မြူးရုပ်ရှင်လေးကို CM Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ နိုင်နာရော်သာဆိုတဲ့ ကောင်မလေးဟာ အရာဝတ္ထုတွေ အစီအစဉ်တကျဖြစ်မနေရင် ရင်ဘက်ထဲ ကျလိကျလိဖြစ်တတ်တဲ့ OCD ရောဂါပိုင်ရှင် အရပ် ၅ ပေ ဝန်းကျင်ကောင်မလေးပဲဖြစ်ပါတယ်။ သူ့ဘဝမှာ အခက်အခဲဆိုလို့ သူများမျက်နှာ မော်ကြည့်ရတာလောက်သာ ရှိပြီး ဘဝကို သက်တောင့်သက်သာဖြတ်သန်းနေရတဲ့ ကံကောင်းသူလေးပေါ့။ သူဟာ အရပ်ငါးပေဝန်းကျင်သာ ရှိပေမဲ့ သူ့ရဲ့ ရည်းစားဦး အာဘီဂျစ်ကတော့ အရပ် ၆ ပေကျော်တဲ့ ကလန်ကလားကိုကိုပဲဖြစ်ပါတယ်။ အာဘစ်ဂျစ်ကတော့ နီနာ့လို ဖယောင်းလမ်းကို သက်တောင့်သက်သာလျှောက်ခွင့်မရဘဲ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ အခက်အခဲတွေကြားမှာ ဘဝကို ကန့်လန့်တိုက်ဖြတ်သန်းနေရတဲ့ မအောင်မြင်တဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပေမဲ့ အရပ်ကစလို့ အစစအရာရာကွာခြားနေတဲ့ သူတို့နှစ်ယောက်ကြား မတူညီမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရပုံကို ဒီရုပ်ရှင်လေးထဲမှာ ရယ်ရယ်မောမောကြည့်ရှုခံစားကြရမှာပါ…။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.9 2023
Little Miss Rawther
Family History Mysteries: Buried Past
6.7

ခရစ္စမတ်အချစ်ဇာတ်လမ်းလေးတွေ ရိုက်ကူးမှုများတဲ့ ဒါရိုက်တာကြီးကနေ ခရစ္စမတ်ကားတွေအများကြီးမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ ကြည်နူးဖွယ် မိသားစုဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေဗျ။ ဆိုဖီဆိုတဲ့ အမျိုးသမီးလေးက ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ရှာဖွေပေးတဲ့ အလွတ်စုံထောက်သဘောမျိုးလုပ်ကိုင်နေသူတစ်ဦး။ ဆိုဖီ့မှာ နှစ်အိမ့်တစ်အိမ်လိုနေတဲ့ သိပ်ချစ်ခင်ရတဲ့ သူငယ်ချင်းအမွှာညီကိုနှစ်ယောက်လဲရှိတယ်။ ညီဖြစ်သူက သွေးကင်ဆာဖြစ်ပြီး ရိုးတွင်းခြင်ဆီအစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာတော့ အစ်ကိုဖြစ်သူရော အမေဖြစ်သူနဲ့ပါ ကိုက်ညီမှုမရှိခဲ့ပါဘူး။ ပထွေးအပါအဝင် သူငယ်ချင်းဆိုဖီတို့ပါ ကိုက်ညီမလား စစ်ဆေးကြပေမဲ့လည်း ကိုက်ညီမှုမရှိခဲ့။ ဒီမှာပဲ ညီကိုနှစ်ယောက် မမွေးခင်ကတည်းက သေသွားပြီလို့ ထင်ထားကြတဲ့ အဖေအရင်းကို ရှင်သန်နေမလားဆိုတဲ့ သဲလွန်စ သေးသေးလေးတွေကနေ လိုက်လံရှာဖွေဖို့ ဆိုဖီ့ဆီကို တာဝန်ကျလာပါတော့တယ်။ ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့ စိတ်ဝင်စားဖွယ်၊ ကြည်နူးဖွယ် ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(825 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

6.7 2023
Family History Mysteries: Buried Past
Bhari Taraganam
7.5

Bhari Taraganam (2023) “လောကဇာတ်ခုံ” IMDb – 7.5/10 ဇာတ်အိမ်ကြီးကြီးနဲ့ ဖန်တီးရိုက်ကူးထားတဲ့ တလေဂူးလ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ မတူညီတဲ့ ဇာတ်ကောင်တွေရဲ့ ဇာတ်ကြောင်းအသီးသီးကို ချပြရင်းနဲ့ ဇာတ်ကောင်တွေ အချင်းချင်းကိုချိတ်ဆက်ပေးထားတဲ့ ဇာတ်လမ်းမျိုးပေါ့။ မင်းသမီးက လူ့ဂျစ်ကန် တစ်ရွာလုံးရဲ့ချဉ်ဖတ် အပေအတေလေး။ သူ့ကြောင့် အဖေလုပ်သူ ပြောခံ ဝိုင်းရိုက်ခံရတာလည်း ခဏခဏ။ မင်းသားကကျ မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်တာမျိုးမဟုတ်။ မြင်မြင်ချင်းမုန်းတာတဲ့။ အဲဒီအမုန်းကနေမှ တစိမ့်စိမ့်နဲ့ချစ်လာတတ်တဲ့ ရှားပါးလူစားပေါ့လေ။ ဒါပေမဲ့ အသဲကွဲလို့ မြို့ကနေပြန်လာတဲ့အချိန် မိဘတွေပေးစားတဲ့ ရွာ့ချဉ်ဖတ် မင်းသမီးလေးနဲ့ယူဖို့ စီစဉ်တာကစလို့ တခြားဇာတ်ကောင်တွေနဲ့ အဆက်အစပ်မိမိ ချိတ်ဆက်သွားတာကို ခံစားကြည့်ရှုကြပါဦးဗျ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Action • Thriller • Drama
7.5 2023
Bhari Taraganam
The Embroidered Sword and The God of Cookery
5.7

ဒီကားလေးကတော့ လူငယ်တွေအတွက် အကျိုးရှိတဲ့ ကိုယ်ဒေသရဲ့ထူးခြားတဲ့အမွေအနှစ်ကိုအသုံးချပြီး ကိုယ့်ကျေးရွာစီးပွားရေးတိုးတက်ဖို့ လူငယ်လေးတွေကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ – ဘိုးဘေးတွေက မင်ခေတ်ကတော်ဝင်ကိုယ်ရံတော်တပ်ရဲ့အမွေဖြစ်တဲ့ ရှို့ချွင်းဓားနဲ့ ရှို့ချွင်းဓားသိုင်းပညာကို အမွေဆက်ခံထားတဲ့ စားဖိုမှူးလေးတစ်ယောက် -ကိုယ့်ဇာတိရဲ့အဝေးမှာအခြေချခဲ့ပေမယ့် အသဲကွဲပြီး ကိုယ့်မျိုးနွယ်ဇာစ်မြစ်ကိုပြန်လာရှာတဲ့ ဘလော့ဂါမလေးတစ်ယောက် – မြို့ကလာတဲ့ကောင်မလေးကို မြင်မြင်ချင်းချစ်မိသွားပြီး အရာရာကူညီပေးနေတဲ့ ရွာသားကြီး – အစ်မကိုလိုက်ရှာရင် ရွာလေးကိုရောက်လာတဲ့ အစားအသောက်အရည်အသွေးဝေဖန်သူမြို့သားလေး သူတို့(၄)ယောက်ပေါင်းပြီးတော့ ရှို့ချွင်းဓားကိုအကြောင်းပြုပြီးတော့ ကျေးရွာတိုးတက်ဖို့ လုပ်ငန်းတည်ထောင်ကြတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။

Drama • Comedy
5.7 2024
The Embroidered Sword and The God of Cookery
End of the World
5.7

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစပြီးတော့ Auroras ဥတ္တရအလင်းတန်းတွေကို ဝင်ရိုးစွန်းဒေသတွေတင်မှာမကဘူး ဥရောပအလယ်ပိုင်း အမေရိကန်နိုင်ငံအလယ်ပိုင်းဒေသနဲ့ ဩစတေးလျတိုက်နဲ့ နယူးဇီလန်တို့မှာပါမြင်ရလာတဲ့ Trendလေးအမီ (၂၀၁၈)ကထွက်ထားတဲ့ဒီကားလေးကိုတင်ပေးလိုက်ပါတယ်။ ဒီ Auroras တွေဟာ နေပေါ်မှာဖြစ်ပေါ်တဲ့ အလွန်ပြင်းထန်တဲ့မုန်တိုင်းကြောင့်ဖြစ်လာတာဖြစ်တယ်။ ယခု (၂၀၂၄)ခုနှစ်ဟာ နှစ်(၂၀)အတွင်း အပြင်းထန်ဆုံး နေမုန်တိုင်း ကမ္ဘာကိုရိုက်ခတ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နေမုန်တိုင်းပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ Corona Mass Ejection (CME)ရဲ့အားဟာအရမ်းပြင်းတဲ့အခါ ကမ္ဘာလေထုကိုပါသက်ရောက်သွားပြီး ရာသီဥတုတွေဖောက်ပြန်ကာ သဘာဝကပ်ဘေးတွေကျရောက်လာတဲ့အကြောင်းကိုရိုက်ထားတာပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်အမေနဲ့ စစ်တပ်ထွက်အဖေတို့ဟာ သားနဲ့သမီးကို သဘာဝကပ်ဘေးကနေအစွမ်းကုန်ကြိုးစားပြီး သူရဲကောင်းဆန်ဆန်ကာကွယ်သွားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Low Budget ကားဖြစ်လို့Effectတွေသိပ်မကောင်းလှပေမယ့် solar flares တွေ solar storms တွေအကြောင်း ဗဟုသုတတွေရပါတယ်။

5.7 2018
End of the World
Charade
7.8

IMDb 7.8 , ခရမ်းချဉ်သီး RT 94% – Old But Gold ဖြစ်နေဆဲဖြစ်တဲ့ ဂန္တဝင်မြောက် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Nominations အများကြီးပါခဲ့တဲ့အပြင် Best Motion Screenplay , Golden Plate Award နဲ့ Best British Actress ဆုတွေကို ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ – ဒီဇာတ်ကားကို ” ဂန္တ၀င် Legendary ဒါရိုက်တာကြီး Alfred Hitchcock မရိုက်ကူးခဲ့သော အကောင်းဆုံး Hitchcock ကား ” ဆိုပြီး အဲခေတ်အခါက သတ်မှတ်ခံခဲ့ရပါတယ် ။ဆိုလိုချင်တာက Hitchcock ရိုက်ကူးလေ့ရှိတဲ့ပုံစံထဲမှာ အကောင်းဆုံးကား ဒါပေမယ့် Director ကတော့ Hitchcock မဟုတ်ဘူးဆိုပြီး ပြောချင်တာပါ။ – ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုက 1978 ခုနှစ်မတိုင်ခင် အမေရိကန် ဥပဒေအရ မူပိုင်ဖြစ်ဖို့ရာအတွက် “Copr” ဒါမှမဟုတ် ” Copyright” ဒါမှမဟုတ် ” © ” သင်္ကေတလေး ပါရမှာဖြစ်ပြီး ထုတ်လုပ်ဖြန့်ချိတဲ့ Universal studios က အဲဒီ စာလုံးလေးတွေ ထည့်သွင်းဖို့မေ့သွားတဲ့အတွက် ဒီဇာတ်ကားက အများပိုင်ဇာတ်ကား ဖြစ်သွားပြီး ဒီကားနဲ့ပတ်သတ်ပြီး VHS,DVD,Blueray Copies တွေအပြင် Online ပေါ်မှာ Copyright မငြိဘဲ Free ကြည့်လို့ရသလို Free လည်း Download ဆွဲလို့ရသွားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက – အားလပ်ရက်မှာ သူ့သူငယ်ချင်းနဲ့ ပြင်သစ်နိုင်ငံရဲ့တောင်ပေါ်မြို့လေးတစ်မြို့ဆီအလည်အပတ်ထွက်လာတဲ့ Regina , Paris မြို့ကို ပြန်ရောက်လာတဲ့အချိန် သူနေခဲ့တဲ့တိုက်ခန်းကော ပစ္စည်းပစ္စယတွေကော အားလုံးက ဟောင်းလောင်းဖြစ်နေပြီး သူ့ယောင်္ကျားလည်း အသတ်ခံရ တဆက်တည်း ပစ္စည်းတွေ တိုက်ခန်းတွေကို သူ့ယောင်္ကျားလေလံတင်ရောင်းချခဲ့ရာက ရတဲ့ပိုက်ဆံ $250,000 ကလည်း ပျောက်ဆုံးနေတယ်ဆိုတာ သိလိုက်ရတဲ့အခါ – အဲဒီပိုက်ဆံတွေက ဘယ်ရောက်သွားတာလဲဆိုတာရယ် – သူ့ယောင်္ကျားကိုကော ဘယ်သူက သတ်ခဲ့တာလဲ? – ယောင်္ကျား‌ သေဆုံးမှုနဲ့ သင်္ကာမကင်းဖြစ်နေလို့ ပြင်သစ်ရဲတွေရဲ့‌ စောင့်ကြည့်တာခံရတဲ့အပြင် American C.I.A ကော လူစိမ်းသုံးယောက်ပါ ဒီအမှုထဲ ပါလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက် စောင့်ကြည့်ပေးပါဦးခင်ဗျာ။ – သေချာတာကတော့ လုံး၀ကို ကြည့်ရကျိုးနပ်စေမယ့် ကားတစ်ကားဖြစ်ပြီး ကြည့်ရင်းနဲ့ကို ဘာဆက်ဖြစ်မလဲဆိုတာလုံး၀ကြိုပြီးခန့်မှန်းလို့မရနိုင်တဲ့ ကားကောင်းတစ်ကားဆိုတာ အာမခံပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Comedy, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thaw Ko Ko Zin

Action • Drama
7.8 1963 113 mins
Charade
Scooby-Doo! Meets the Boo Brothers
6.9

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ Scooby Doo ကာတွန်းကားလေးပဲဖြစ်ပါတယ်။ ရှက်ဂီ့ရဲ့ဦးလေးဖြစ်တဲ့ ဘူဝါးဂါ့တ်ကွယ်လွန်သွားတဲ့အချိန်မှာ ရှက်ဂီ့ကို ရတနာတွေနဲ့အတူ အိမ်ကိုပါ အမွေပေးထားခဲ့ပါတယ်။ အခက်အခဲတွေများစွာကို ရင်ဆိုင်ပြီး ရှက်ဂီ စကူဘီနဲ့ တူလေးစခရပ်ပီတို့ဟာ အိမ်ကို အရောက်သွားခဲ့ရပါတယ်။ ဒါပေမဲ့ အိမ်ကိုရောက်တဲ့အခါမှာ အိမ်တော်ထိန်းက မကျေနပ်ဘဲ သူရသင့်တာပါလို့ ဆန့်ကျင်ပြောကြားလာပါတယ်။ အဲဒီအပြင် အိမ်က သရဲခြောက်တဲ့အိမ်ဖြစ်နေပါသေးတယ်။ ရှက်ဂီတို့က အကုန်လက်လွှတ်ပြီး ပြန်မယ်လုပ်တဲ့အချိန်မှာလည်း ကားကနွံထဲမြုပ်သွားပြီး တစ်ညအိပ်ဖို့ အကြောင်းဖန်လာပါတယ်။ ရှက်ဂီတို့ တစ်ညအိပ်တဲ့အတောအတွင်း ဘာတွေကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှူလိုက်ကြရအောင် File Size : 1.3 GB, 631 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Animation, Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

6.9 1987 93 mins
Scooby-Doo! Meets the Boo Brothers
Biography of the Mutants 3
5.9

CM ကနေအခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ Biography of mutants ဆိုတဲ့ ဇာတ်ကားလေးရဲ့ တတိယတွဲ ပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်တော့ ကိုရင်လေးကျန်းလျိုအာ စန်းဟော် လျဲ့ လောင်ရှားတို့ လေးယောက်ဟာ ကိုရင်လေးရဲ့ကိုယ်ထဲမှာရှိနေတဲ့ ဖန်ဂူနှလုံးကို ထုတ်ဖို့ နေရာအနှံ့သွားပြီး နည်းလမ်းရှာခဲ့ပေမယ့် တကယ့်နည်းလမ်းတော့ရှာမရခဲ့ပေမယ့် သဲလွန်စတွေတော့ရခဲ့ပါတယ် အဲ့လို ဖန်ဂူနှလုံးထုတ်မယ့်ခရီးစဉ်မှာ ကိုရင်တစ်ယောက် ဝိညာဉ်ကို မထိန်းချုပ်နိုင်ဘဲ သေဆုံးရတော့အယ့်အဖြစ်အပျက်ကို ကြုံရတဲ့အခါမှာတော့ ကျန်တဲ့သုံးယောက်က ကိုရင်လေးကို ထမ်းပြီးတော့ နတ်ဆေးသမားတော်ဆီကို ခေါ်လာခဲ့ပါတယ် နတ်ဆေးသမားတော်ရဲ့ ပြောကြားချက်အရ အဆိပ်မြက်ပင်နှစ်မျိုးကို ၈နာရီအတွင်း သူတို့ရှာဖွေနိုင်မှ ကိုရင်လေးအသက်ဆက်ရှင်မှာမို့လို့ သူတို့တွေ အဆိပ်မြက်ပင်ရှိတဲ့ တောထဲကို ရောက်လာပါတော့တယ် တောက အရမ်းနက်တော့ တောရဲ့ပရိယာယ်ကိုလည်း ခံကြရတာပေါ့ အဲ့ထဲက အဆိုးဆုံးကတော့ အဆိပ်တစ်ရာမြက်ပင်က လူရိုင်းတွေဆီမှာပဲ ရှိတာမို့လို့ သူတို့ထဲကဘတစ်‌ယောက်က ငါးစာလုပ်ပြီးတော့ ကျန်နှစ်ယောက်ကတော့ လူရိုင်းတွေနေတဲ့ တောင်ကြားကိုရောက်လာခဲ့ပါတယ် ကံဆိုးချင်တော့ အဆိပ်တစ်ရာမြက်ပင်ရဲ့ အဆိပ်နဲ့သုံးယောက်စလုံးက ထိတွေ့ထားမိတာဖြစ်လို့ သူတို့ရဲ့ အစွမ်းတွေကို ထုတ်သုံးလို့မရပါဘူး အဲ့ဒါနဲ့ပဲ သူတို့သုံးယောက်ကတော့ အဖမ်းခံလိုက်ရပါတယ် အဲ့တော့ ကိုရင်လေးကို အသက်ရှင်ဖို့အတွက် အဆိပ်မြက်ပင်နှစ်မျိုးကို သူတို့ဘယ်လိုရအောင်ယူမှာလဲ ဆက်ပြီးတော့ရော ဖန်ဂူနှလုံးထုတ်မယ့် အကြံအစည်ကရော ဘာဆက်ဖြစ်မှာလဲ ဆိုတာကိုတော့ အခုပဲ တင်ဆက်ပေးလိုက်ပြီဖြစ်လို့ ကြည့်ရှုလို့ရပါတယ်နော်

5.9 2017
Biography of the Mutants 3