YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Industry (2022) S02EP02 WEB-DL,1080p(CM).mp4

1.27 GB N/A video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Jack
7

IMDb – 7.2 / Rotten Tomatoes – 8.2% အဆုံးသတ်မှာ နှလုံးသားကိုကွဲအက်သွားစေတဲ့ ရုပ်ရှင်တွေ ဘဝမှာ ဘယ်နှစ်ခေါက်လောက်ကြည့်ဖူးကြလဲ ကျွန်တော့် အတွက်တော့ ဂျက်ဆိုတဲ့ ၂၀၁၄ ခုနှစ်ထွက် ဂျာမန်ရုပ်ရှင် တစ်ကားဟာ အပါဝင်ပဲ။ လောကကြီးကို လူမမည်ကလေးတစ်ယောက်ရဲ့ မြင်ကွင်း ကနေကြည့်နေရသလိုပဲ။ ဂျက်ဆိုတဲ့ ချာတိတ်လေးဟာ အရွယ်နဲ့မလိုက်တဲ့ တာဝန်ဝတ္တရားတွေကို ပုခုံးပေါ်ထမ်းပိုးပြီး မိခင်မေတ္တာတွေကိုငတ်မွတ်ရင်း ဘဝကို သတ္တိရှိရှိ ရင်ဆိုင်နေတဲ့ ချာတိတ်လေးတစ်ယောက်ပဲ။ သားသမီးကိုအချိန်မပေးတဲ့ ဘဝကိုအလေးနက်မထားဘဲ ခပ်ပေါ့ပေါ့ နေတတ်တဲ့ ကလေးနှစ်ယောက်နဲ့ တစ်ခုလပ်မိခင်ဖြစ်သူ ဆန်နာ ကို ဂျက်ဟာ အရမ်းချစ်တယ်။ ညီဖြစ်သူ ကလေးလေးရဲ့ဝေရာဝတ်စတွေကို ဂျက်ဖြစ်သူပဲ ခြေအစခေါင်းအဆုံးလိုက်လုပ်ပေးတယ်။ နောက်တော့ မိခင်ဖြစ်သူဟာ ဂျက်ကိုလူငယ်ဂေဟာပို့အငယ်ကောင်လေးကို သူငယ်ချင်းနဲ့ အပ်ပြီး ရုတ်တရက်ပျောက်ဆုံးသွားတယ် ဆက်သွယ်လို့မရတော့ဘူး။ ဒီလိုနဲ့ပဲ မိခင်မေတ္တာကို ငတ်မွတ်လွန်းတဲ့ ဂျက် တို့ညီအစ်ကို နှစ်ယောက်သား ဘာလင်မြို့ရဲ့လမ်းမတွေပေါ်မှာ မိခင်ရှာပုံတော်ဖွင့်ပါတော့တယ်။ ချာတိတ်နှစ်ယောက် ကွန်ကရစ်တောကြီးထဲ နေ့နေ့ညည ဘယ်လိုတွေဖြတ်သန်း ကြမလဲဆိုတဲ့ အတွေးနဲ့တင် အုပ်စီးလွန်းလှပါတယ်။ ဒီလိုနဲ့ ရှာပုံတော်ကြီးအဆုံးမှာ ဂျက်ဟာ ဘာတွေကိုနားလည်ပြီး ဘယ်လိုဆုံးဖြတ်ချက်မျိုး ချခဲ့လဲ ဆိုတာ ဆက်လက်ကြည့်ရှုကြည့်ပါ။ File size…2.21GB / 938MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 43m Genre ..... Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing

Action • Comedy
7 2014 99 mins
Jack
Without a Paddle
5.6

ဇာတ်လမ်းအကြောင်းမပြောခင် ဇာတ်လမ်းနဲ့ သက်ဆိုင်တဲ့ ဒီဘီကူးပါးရဲ့ အပြင်က ဖြစ်ရပ်မှန်လေး ဝေမျှပေးချင်လို့ပါ။ ဒီဘီကူးပါးဆိုတဲ့လူဟာ ၁၉၇၁ ခုနှစ်တုန်းက ငွေတွေကို ခိုးခဲ့ပြီး လေထီးနဲ့ ခုန်ချသွားခဲ့တာ အစအနပျောက်သွားတာ အက်ဖ်ဘီအိုင် တောင် ရှာမတွေ့ခဲ့တဲ့ ဆန်းကြယ် ဖြစ်ရပ်တစ်ခုပါ သေသလား ရှင်သလား ဘယ်သူမှ မသိကြပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဒီ ဒီဘီကူးပါး အကြောင်းကို ရူးသွပ်ကြပြီး သူခုန်ချတဲ့နေရာကို လိုက်ရှာချင် ကြတဲ့ ငယ်သူငယ်ချင်း ၄ ယောက်ရှိခဲ့ကြတယ်။ အသက်တွေကြီး လာတဲ့အခါ ကိုယ်စီကိုယ်စီ အလုပ်များနေတဲ့အချိန် သူငယ်ချင်း တစ်ယောက်က မတော်မဆဖြစ်ပြီး ဆုံးပါးသွားတော့ ကျန်တဲ့ ၃ ယောက် ပြန်ဆုံဖို့ ဖြစ်လာပါတော့တယ်။ ဒီ ၃ ယောက်ကတော့ ဘဝကိုငြီးငွေ့နေပြီး ကောင်မလေးနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ဂျယ်ရီ၊ ဆရာဝန်လုပ်နေပေမဲ့ အရမ်းကြောက်တတ် ရှက်တတ် ဆော်မရှိတဲ့ ဒန်နိုရယ် ဘဝကို ပရမ်းပတာ ဖြစ်နေသလို သောင်းကျန်းနေတဲ့ တွန်မီရယ် ဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ အသုဘကိုလာရင်း ငယ်ဘဝက သစ်ပင်အိမ်လေးထဲ ဝင်ကြည့်ကြရာကနေ ငယ်စဉ်က စိတ်ကူးယဉ်ခဲ့တဲ့ ဒီဘီကူးပါးနဲ့ ပိုက်ဆံတွေဆိုတာ စိတ်ကူးယဉ် မဟုတ်ပဲ တကယ်ဖြစ်နိုင်တဲ့ သက်သေတွေ မြေပုံတွေကို ဆုံးပါး သွားတဲ့ သူငယ်ချင်းဖြစ်သူက ရှာဖွေပြီး အတူတူ ခရီးထွက်ဖို့ စီစဉ်ထားတာကို တွေ့လိုက်ရပါတယ်။ အဲဒီမှာပဲ သူငယ်ချင်း သုံးယောက်သား သူငယ်ချင်းဖြစ်သူ ဆန္ဒ ပြည့်မြောက်အောင်ဆိုပြီး ဒီပိုက်ဆံတွေ လိုက်ရှာဖို့ စွန့်စားခန်းထွက်ခဲ့ကြပြီး တစ်လမ်းလုံး ပရမ်းပတာ ပေါက်ကရလေးဆယ် အခွီတွေနဲ့ စွန့်စားကြတာကို ရယ်ရယ်မောမော ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ရယ်ရတဲ့အကြောင်း အရာတွေကို ပြောပြချင်ပေမယ့် ကြိုပြောလိုက်သလိုဖြစ်မှာစိုးလို့ မပြောတော့ပဲ သေချာလေး ကြည့်လိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ် နောက်ပြီးတော့ ဒီကားလေး ကြည့်ပြီး အသက်တွေကြီးလာတဲ့အချိန် ငယ်ပေါင်းတွေနဲ့ Road Trip လေး ထွက်လိုက်ပြီး ဘဝအမောတွေ ဖြေဖျောက်ချင်တဲ့ဆန္ဒတွေတောင် ဖြစ်လာကြမယ်လို့ ထင်မိပါသေးတယ်ဗျာ။ File size…1.75GB / 986MB Quality…WEBRip 1080p  / 720p Format…mp4 Duration….1h 35m Genre ..... Adventure , Comedy , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Crime • Drama • Thriller
5.6 2004 95 mins
Without a Paddle
Conspiracy Theory
6.6

ခုတစ်ခေါက် တင်ဆက်ပေးမယ့် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသမီး အလှပဂေး Julia Roberts နဲ့ ဒါရိုက်တာ-သရုပ်ဆောင် မင်းသားကြီး Mel Gibson တို့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ ပါဝင်ပြီးတော့ ကြည့်ရှုသူတွေအနေနဲ့ အက်ရှင်၊ နိုင်ငံရေးလျှို့ဝှက်မှုခင်းတွေနဲ့ အချစ် အကြောင်းတို့ကို စုံလင်စွာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ တက္ကဆီမောင်းသမား Jerry က နိုင်ငံမှာ ဖြစ်ပျက်နေတာတွေအကုန်လုံးကို လိုက်ကြည့်ပြီး ဒါကတော့လက်မဲကြီးတွေကလုပ်တာ၊ ဘယ်သူတွေကကြိုးကိုင်နေလို့ ဒီလိုဖြစ်တာဆိုပြီး ကိုယ်ပိုင်သီအိုရီတွေထုတ်တတ်လေ့ရှိပါတယ်။ တက္ကဆီမောင်းတဲ့သူလည်း ဖြစ်နေတော့ လူတွေအများကြီးနဲ့ ဆက်ဆံရပြီး တွေ့သမျှလူတိုင်းကိုလည်း သူ့အတွေးတွေအကုန်လုံးကို လိုက်ပြောလေ့ရှိပါတယ်။ သူပြောသမျှက ယုံချင်စရာမကောင်းလွန်းလို့ အရူးလို့ထင်ရပေမဲ့ သူပြောတဲ့အထဲက တစ်ခုခုကမှန်သွားပြီးတော့ သူ့ကိုလိုက်ဖမ်းတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်။ Jerry ကတော့ သူထုတ်ထားတဲ့ သီအိုရီတွေက များလွန်းလို့ ဘယ်ဟာကြောင့်ခုလို ဖြစ်ရတယ်ဆိုတာတောင် မသိတော့ပါဘူး။ Jerry မှာ သူ အရူးအမူးစွဲလမ်းနေတဲ့ Alice လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်။ Jerry ကို လိုက်ဖမ်းတဲ့ အဖွဲ့အစည်းက အဲဒီကောင်မလေးနဲ့ရော ဘယ်လိုဆက်စပ်မှုတွေရှိလဲ။ Jerry ရဲ့ စွဲလမ်းမှုကရော Alice အပေါ် အန္တရာယ်ဖြစ်စေနိုင်မလား ဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ တင်ဆက်ပေးထားလို့ လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…(2.63GB)  / (`1.36GB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:15:00 Genre... Action / Mystery /  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

6.6 1997 135 mins
Conspiracy Theory
Stand Up Guys
6

ကဲ ဒီတစ်ခါတော့ သရုပ်ဆောင်လည်းဖြစ် စာရေးဆရာလည်းဖြစ် ဒါရိုက်တာလည်းဖြစ်နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Short Circuit 1,2 ရဲ့ပဲ့ကိုင်ရှင်ကြီး ဒါရိုက်တာ Fisher Stevens ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ အဓိက သရုပ်ဆောင်တွေအကုန်လုံးကလည်း နာမည်ကြီး Academy ရမင်းသားကြီးတွေဖြစ်တဲ့ Alfredo James Pacino, Christopher Walken နဲ့ Alan Arkin တို့လိုဝါရင့်မင်းသားကြီးတွေက Main Role အနေနဲ့သရုပ်ဆောင်ထားပြီတော့ မင်းသမီးတွေကလည်း နာမည်ကြီးတွေပဲနော် ဇာတ်လမ်းကတော့ မင်းသားကြီးသုံးယောက်က မိုက်ဖော်မိုက်ဖက် သူငယ်ချင်းတွေဖြစ်ပြီ သူ့ခေတ်သူ့ခါမှာတော့ ဂျင်တွေပေါ့တစ်နေ့တော့လုပ်ငန်းသဘောအရ သူငယ်ချင်း အချင်းချင်းပြန်သတ်ဖို့ အကြောင်းဖန်လာပြီး အချိန် ၁၀ နာရီလောက်ပဲကျန်တော့တဲ့အချိန်မှာသူငယ်ချင်းတွေ တက်ညီလက်ညီနဲ့ တစ်မျို့လုံးကိုပတ်ပြီ မွှေ တဲ့အကြောင်းကို ဇာတ်အိမ်လေးတည်ထားတာပါ တစ်ခေတ်တစ်ခါက ဇိုးကြီးတွေ ဒီဘက်ခေတ်မှာ ဘယ်လိုတွေ မီးကုန်ယမ်းကုန်သောင်းကြမ်းမလဲဘယ်လိုတွေ ပတ်ပွေးကြမလဲဆိုတာကိုတော့ ဇာတ်ကားကိုသာမြန်မြန်ကြည့်ကြပါတော့လို့ပဲတိုက်တွန်ချင်ပါတော့တယ် Plot ခိုင်ခိုင်မာမာနဲ့ အစွမ်းကုန်လည်းကြမ်း တစ်လွဲလုပ်တာတွေကို ခွီလည်းခွီရမယ့် Crime/Comedy ဇာတ်ကားကောင်းလေးတစ်ကားမို့အရမ်းကြည့်သင့်ပါကြောင်း လက်တို့လိုက်ပါရစေ ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်

Drama • History
6 2012 95 mins
Stand Up Guys
Sa Muli

Sa Muli(2023) ဘဝဆက်တိုင်း ပေါင်းဖက်ပါရစေဆိုတာ ချစ်ကြသူတိုင်းဆုတောင်းကြတဲ့ စကား ဒါပေမဲ့ ဖူးစာနက္ခတ်နဲ့ ကံကြမ္မာမျက်နှာသာပေးဖို့လည်း လိုအပ်သေးတာပဲလေ ၁၉၉၀ ပထမဘဝမှာအရမ်းချစ်ကြတဲ့ ဗစ်တာနဲ့ အော်ရိုရာတို့စုံတွဲ ၊ ၁၉၉၅ဒုတိယဘဝမှာ နီကိုးလက်စ်နဲ့ ဘယ်လင်ဆိုတဲ့ ချစ်ကြသူနှစ်ဦး ဒီနှစ်ဘဝလုံးမှာ ကောင်မလေးကသေသွားရပြီး ကောင်လေးတစ်ယောက်တည်း ရင်ကွဲကျန်ခဲ့ရတယ် ၂၀၂၀ မှာ ဗစ်တာနဲ့ နီကိုးလက်စ်ပြန်ဝင်စားတဲ့ ပယ်ပဲ သူ့ရဲ့အတိတ်ဘဝနှစ်ခုကိုပြန်မှတ်မိပြီးတဲ့နောက် အော်ရိုရာနဲ့ ဘယ်လင်ကနေပြန်မွေးဖွားလာမဲ့ ချစ်သူလေးကို လိုက်ရှာရင်း အတိတ်ဘဝအကြောင်းကိုဝတ္ထုရေးချလိုက်ပြီ း နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်လာပါတယ် အတိတ်ဘဝနှစ်ခုမှာ သူ့မျက်စိရှေ့မှာပဲသေဆုံးသွားတဲ့ ချစ်ရသူကိုမကယ်နိုင်ခဲ့တာကြောင့် ဒီဘဝမှာလည်း သေကွဲကွဲရမှာအရမ်းကို စိုးရိမ်နေတာပေါ့ ဒီဘဝမှာသူဆုံတွေ့ခဲ့ရတဲ့ ချစ်သူလေးကတော့ အရက်ဆေးလိပ်တွေသောက် သေချင်သေပါစေဆိုပြီး ဘဝကိုပေတေနေတဲ့ ဂျစ်ကန်ကန်ကောင်မလေးဖြစ်နေပါတယ် အတိတ်ဘဝလိုဖြစ်မှာစိုးရိမ်လွန်းနေတဲ့ ကောင်လေးနဲ့ ဘာကိုမှစိုးရိမ်မနေတဲ့ ဂျစ်ကန်ကန်ကောင်မလေးတို့ ဆုံတွေ့တဲ့အချိန်မှာ ကောင်မလေးကအတိတ်အကြောင်းသိမနေပါဘူး ဒီလိုနဲ့ပယ်ပဲကသူတို့ အရင်ဘဝတွေကဆုံတွေ့ခဲ့တဲ့နေရာတွေကို ခေါ်သွားပြီးအတိတ်ကိုပြန်သတိရလာအောင် ကြိုးစားပါတော့တယ်... မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် စိုးရိမ်နေတဲ့ကောင်လေးနဲ့ ဘာမှစဉ်းစားမနေဘဲ ရောက်ချင်ရာရောက်ဆိုပြီးပါလာတဲ့ကောင်မလေးတို့ရဲ့ အတိတ်ဘဝရှာဖွေရေးခရီးစဉ်ဟာ ချစ်ကြည်နူးဟာသမြောက်ဖွယ်လေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ Aditi ~ Zwe ~ Moon တို့ပဲဖြစ်ပါတယ်) File size…2.06GB / 904MB Quality…1080p  WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Aditi ~ Zwe ~ Moon

Action • Drama
0 2023 120 mins
Sa Muli
The Card Counter
6.2

ဒီဇာတ်ကားက ပိုကာအကြောင်းအဓိက ဇာတ်အိမ်တည်ရိုက်ထားတာပါ... Chess အကြောင်းမသိတဲ့သူတွေတောင် The Queen's Gambit လို ချက်စီးရီးကိုတစ်ထိုင်ထဲကြည့်ဖြစ်သလို ဒီဇာတ်ကားကလည်း ပိုကာအကြောင်းမသိရင်တောင် ကြည့်ရတာ တော်တော်စိတ်လှုပ်ရှားစရာကောင်းပါတယ်... ပိုကာအကြောင်းသိရင်တော့ ဆိုဖွယ်ရာမရှိပေါ့.... ဝီလီယမ်ထဲလ်ဆိုတာ စစ်ထောင်ထဲမှာ ထောင်စောင့်အဖြစ် ၈နှစ်ထမ်းဆောင်ခဲ့တယ်... နေ့စဉ် ဒီအလုပ်ကြီးနေတဲ့သူအဖို့  သူ့အတွက်စိတ်အပန်းဖြေရာက ဖဲကစားနည်းတွေပဲဖြစ်လာတယ်... ဒီအပိုင်းမှာ သူဟာ ပါရမီပါပုံရတယ်....မှတ်ဉာဏ်ကလည်း သူမတူအောင်ထူးတယ်... နောက်ပိုင်းထောင်စောင့်ဘဝက အနားယူပြီးတဲ့နောက်မှာ သူဟာ ကာစီနိုတွေတစ်ခုပြီးတစ်ခုပြောင်းပြီး ကစားပါတယ်...သို့ပေမဲ့ ဒီလောကကြီးမှာ လောဘတက်ရင် ဘဝပျက်တယ်ဆိုတာ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေအရ သိလို့  ကြေးနည်းနည်းလေးတွေဆော့ရင် နေ့စဉ်အချိန်ကုန်နေတယ်... ဒီလိုနဲ့သူအရည်အချင်းကို သိပြီး ကြေးအကြီးကြီးဆော့ဖို့ မဲဆွယ်ရင်း ကိစ္စတစ်ခုခိုင်းဖို့ လူတစ်ယောက်က ချဉ်းကပ်လာတဲ့အခါမှာတော့..... မင်းသားကြီးOscar Isaac ပါဝင်ထားပြီး ဝင်ငွေအတော်ကောင်းခဲ့တဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်း... File Size :(2.04GB),(1 GB) and (369MB) Quality : WEBScr 720p Format…mp4 Duration…01:51:00 Genre : Action  , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Yi & Chothet MMT Encoded by Phyo Pyae

Comedy
6.2 2021 111 mins
The Card Counter
Devil Beneath

Devil Beneath (2023) ဒီကားလေးက​တော့ 2023 မှာ လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖိုကား​လေးဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ အ​မေတူအ​ဖေကွဲ ညီအစ်ကိုနှစ်​ယောက် သူတို့အဖိုးရဲ့​သေတမ်းစာကြောင့် ပြန်လည်ဆုံစည်းခဲ့ကြပြီး အိမ်မှာ သူငယ်ချင်း​တွေ စကီ​တွေ​ခေါ်ကဲ​နေတုန်း သူငယ်ချင်း​တွေ ​သွေးရိုးသားရိုးမဟုတ်ပဲ ​ပျောက်သွားလို့ လိုက်ရှာခဲ့တဲ့အခါ ဘာ​တွေပြန်​တွေ့ရမလဲ… သူတို့အဖိုးက​​​ရော ဘယ်လို​သေသွားတာလဲ… သူ့သူငယ်ချင်း​တွေ ​ပျောက်သွားတာက​ရော ပြန်​ပေးဆွဲတာပဲလား… တစ်ခုခုပြုစားမှု​ကြောင့်လား… စတဲ့​ နောက်ကွယ်က ဖြစ်ရပ်​တွေကို ရင်တလှပ်လှပ်နဲ့ရိုက်ပြထားတဲ့ကား​လေးတစ်ကားပါ။ အဲဒါအပြင် နစ်ခ်နဲ့ ထရစ်ဆန်ကြားက ညီအစ်ကို ​မေတ္တာကိုလည်း ထည့်သွင်းရိုက်ပြထားတာ​ကြောင့် ​နွေး​နွေး​ထွေး​ထွေး​လေးနဲ့ လန့်လန့်​လေးကြည့်ရမယ့် ကား​လေးတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 860MB Quality – 1080p, 720p Format – mp4 Duration – 1H 26Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

0 2023 90 mins
Devil Beneath
Wrongfully Accused
6

ကျွန်တော်တို့ငယ်ငယ်တုန်းက နှစ်ခြိုက်ခဲ့ရတဲ့ အမေရိကန် ဟာသရုပ်ရှင်ပုံစံမျိုး အမှန်အကန် ရယ်ရမယ့်ခေတ်ဟောင်းကားလေးဖြစ်ပါတယ် ဒီလိုကားတွေမှာ ထုံးစံအတိုင်း အသက်ကြီးကြီး ဟာသမင်းသားပါမယ် ခေတ်စနစ် ယဥ်ကျေးမှု stereotype တွေကို သရော်တာမျိုးတွေ ပါမယ် နောက်ပြီး ဆွဲဆောင်မှုရှိတဲ့ ရွှေရောင်ဆံပင်နဲ့ မင်းသမီးတစ်ယောက်ရောပေါ့ တယောဆရာ ရိုင်ယန်က နာမည်ကျော်ပြီး လူချစ်လူခင်လည်း ပေါတဲ့ ပုဂ္ဂိုလ်ပေါ့… စပွန်ဆာသူဌေး မစ္စတာ Hibbing Goodhue တို့နဲ့လည်း ရင်းနှီးပါတယ် Hibbing ရဲ့ဇနီး လောရန်က ရိုင်ယန်ကို ခိုးစားဖို့ ခေါ်တယ် အဲဒီညမှာ မျက်လုံးတစ်လုံး၊ လက်တစ်ဖက်၊ ခြေတစ်ဖက်သာရှိတဲ့ လူတစ်ယောက်က မီလျံနာသူဌေး Hibbing ကို သတ်သွားပါလေရော ဒါပေမဲ့ ရိုင်ယန်က အကွက်ဆင်အဖမ်းခံလိုက်ရပြီး လူသတ်မှုနဲ့ သေဒဏ်ကျသွားတဲ့အခါ ထွက်ပြေးဖို့ကြိုးစားပါတော့တယ် ဒီကနေ ဇာတ်လမ်းနာမည်အတိုင်း မှားယွင်းစွာစွပ်စွဲခံလိုက်ရတဲ့ ရိုင်ယန် သူအပြစ်မရှိကြောင်း ဘယ်လိုသက်သေပြဖို့ ကြိုးစားမှာလဲ ဆိုတာကို ……. ပရိသတ်ကြီး အမောပြေစေဖို့ ဒီဟာသကားလေးမှာ ဆက်ကြည့်ပေးကြပါဦး File size…(1.9 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre…Action, Comedy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

6 1998 87 mins
Wrongfully Accused
Brother Team / Kardes Takimi

မတည့်အတူနေ မောင်နှမ ၄ ယောက် အထူးအေးဂျင့် မိဘနှစ်ပါးကို ကယ်တင်ရသောအခါ…. ဒီဇာတ်ကားလေးကတော့ ဒီနှစ်ထဲမှာမှ ထွက်ရှိထားပြီး ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင် ကြည့်ရှုရမယ့် တူရကီမိသားစု စွန့်စားခန်း ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီနစ် ဒါရာ အလီ ရာ့စ် ဆိုတဲ့မောင်နှမလေးယောက်ဟာ မိဘနှစ်ပါးနဲ့အတူ ပြည့်ပြည့်စုံစုံနေထိုင်ရပြီးတော့ ပျော်ရွှင်သုခနဲ့ ပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ တစ်ယောက်တစ်မျိုးစီ ထူးချွန်ကြပြီးတော့ မိဘတွေကလည်း အလိုလိုက်ထားတော့ ကျောင်းမှာ တစ်ယောက်တစ်မျိုးပတ်မွေနေကြတာမျိုးတော့ ရှိပါတယ်။ တစ်နေ့မှာတော့ သူတို့မိဘတွေဟာ အလုပ်ခရီးဆိုပြီး ထွက်သွားရာက ပြန်မလာတော့ပဲ သူတို့မိဘတွေအစား လူဆိုးတွေက လာဖမ်းတဲ့အခါ အိမ်ထဲမှာ TM-OZ 4000 ဆိုတဲ့ ဉာဏ်ရည်တုစနစ်က လျှို့ဝှက်ခန်းကို ဖွင့်ပေးရာကနေ သူတို့မိဘတွေက သူတို့ထင်ထားသလိုမဟုတ်ပဲ အထူးအေးဂျင့်တွေဖြစ်ပြီး လူဆိုးတွေဖမ်းဆီးတာ ခံထားရကြောင်း သိလိုက်ရတဲ့အခါမှာတော့ မတည့်အတူနေ မောင်နှမလေးယောက်သား သူတို့မိဘတွေကို ကယ်တင်မဲ့စွန့်စားခန်းလေးထွက်ကြပါတော့တယ်။ ဒီတော့ သူတို့မိဘတွေကို ဘယ်လိုအလွဲပေါင်းများစွာနဲ့ ကယ်တင်ကြမလဲ လူဆိုးတွေက ဘာလို့ သူတို့မိဘကိုဖမ်းထားတာလဲ စသဖြင့် စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.7 GB)/(981 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Family, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2024
Brother Team / Kardes Takimi
Gabriel’s Inferno: Part II
6.4

Gabriel’s Inferno: Part II (2020) ******************************** ဒီကားလေးကတော့ Gabriel’s Inferno ဆိုတဲ့ အချစ်ဇာတ်လမ်းလေးရဲ့ နောက်ဆက်တွဲ ထွက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်… ကနေဒါလူမျိုး စာရေးဆရာတစ်ယောက်ရဲ့ လက်ရာဖြစ်ပြီးတော့ ဒီ၀တ္ထုဟာဆိုရင်] New York မြို့မှာ ရောင်းအားအကောင်းဆုံးစာရင်း၀င်တဲ့အထိ နာမည်ကြီးတဲ့အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဆိုတာ ပြောဖို့လိုမယ်တောင် မထင်ပါဘူး… Scholarship ရထားတဲ့ကျောင်းသူလေး ဂျူလီယန် မစ်ချယ် နဲ့ ပရော်ဖက်ဆာ ဂေဘရီယယ် အန်မာဆင်န် တို့ အချစ်ဇာတ်လမ်းအဆက်ပါ… အပိုင်း(၁)မကြည့်ရသေးတဲ့သူတွေအဖို့ လုံးဝ Spoiler ကြီးဖြစ်မှာစိုးလို့ အညွှန်းကိုအများကြီးမရေးပါတော့ဘူး…. ဒီကားကိုမကြည့်ခင်Gabriel’s Inferno (2020)ကိုကြည့်ပါ… ပြီးမှ ယခုကားကိုဆက်ကြည့်ကြပါ…. သရုပ်ဆောင်တွေကတော့ ပရော်ဖက်ဆာ ဂေဘရီယယ် အဖြစ် နာမည်ကျော်မင်းသားကြီး Giulio Berruti နဲ့ ဂျူလီယန် အဖြစ် မင်းသမီး Melanie Zanetti တို့က အတွဲညီညီပါ၀င်ထားပါတယ်… ဝုန်းဒိုင်းကျဲနေတဲ့ဇာတ်ကားတွေကြည့်တာ ခဏရပ်ပြီး Romance စစ်စစ်ကို ခံစားကြည့်မယ်ဆိုရင်တော့ ဒီကားလေးကို 100% recommend ပေးပါတယ်ခင်ဗျာ… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်) File Size : 1.68GB/ 530MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:47:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet Encoded by Tiff

Horror • Mystery
6.4 2020 106 mins
Gabriel’s Inferno: Part II
Keshava Chandra Ramavath (KCR)
7.4

KCR(2024) ယုံကြည်ရာဆီသို့ သန်ဒါဆိုတဲ့ရွာလေးမှာ ကီရှာဗာဆိုတဲ့ ကလေးလေးဟာ သူ့မိသားစုနဲ့အတူ ပျော်ရွှင်နွေးထွေးစွာရှိနေတာပါ။ အဖေရယ်၊ အမေရယ်၊ အဘွားရယ်ဟာ သူ့ကို တစ်ဦးတည်း‌သောသား‌လေးရယ်ဆိုပြီး တုန်နေအောင်အချစ်ခံရသူပေါ့။ တောရွာလေးတွေရဲ့ထုံးစံအတိုင်းသူ့ဖခင်ဟာ ဆိတ်ကျောင်းရင်းအသက်မွေးရသူမို့ ငွေကြေးအရာမှာတော့မတတ်နိုင်ရှာကြပါဘူး။ တစ်နေ့သူ့အမေက ချောင်းအလွန်ဆိုးနေတဲ့အတွက် ဆေးခန်းပြဖို့ရာ သူတို့အဘွားရဲ့နားကပ်ကိုရောင်းရဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့စာမဖတ်တတ်တဲ့သူ့ဖခင်ကို ကီရှာဗာက ဦးဆောင်ခေါ်သွားရင်း လမ်းကဆိုင်းဘုတ်တွေလည်း သူပဲဖတ်ပြလာပါတယ်။ ဘဏ်ကိုရောက်သွားတဲ့အခါမှာတော့ သူ့အဘွားရဲ့နားကပ်ဟာ သူတို့တစ်ခါမှတောင်မမြင်ဖူးတဲ့ပစ္စည်းပါဆိုပြီး အပေါင်မရခဲ့ဘဲ ငွေပဲချေးခဲ့ရပါတော့တယ်။ အပြန်လမ်းမှာ ကီ‌ရှာဗာလေးဟာ ဗိုက်အလွန်ဆာလို့ ဆိုင်ကြီးတစ်ဆိုင်ထဲ သားအဖနှစ်ယောက်ဝင်ထိုင်ရုံရှိသေး ဝတ်စားထားတာနွမ်းနေလို့ပါဆိုပြီး နှင်ထုတ်ခံရပြန်ပါတယ်။ အဲဒီလိုနဲ့ တွန်းလှည်းလေးနဲ့ရောင်းတဲ့မုန့်ကိုသားအဖနှစ်ယောက်စားနေရင်း လမ်းဘေးတစ််နေရာ တီဗွီကနေ သူတို့ဘဝတွေကိုပြောင်းလဲပေးပါမယ်ဆိုတဲ့ KCR အမည်ရှိ လူတစ်ယောက်ရဲ့မိန့်ခွန်းပြောနေသံကို တွေ့မြင်ကြားသိခဲ့ရပါတယ်။ သူတို့ရဲ့ဘဝဟာဘာတွေဖြစ်လို့ပြောင်းလဲချင်နေရပါသလဲဆိုရင်တော့ အိမ်နားကဦးလေးဟာ ဘဏ်ကြွေးတွေမဆပ်နိုင်လို့ စိတ်ဖိအားများကာ သေသွားရတာ၊ လယ်ကွင်းထဲရေလွှတ်ရင်း မြွေကိုက်လို့သေသွားရတာ၊ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ယောက် ဆေးရုံသွားမယ့်လမ်းမှာ လမ်းဆိုးလွန်းလို့သေသွားရတာ စသည်ဖြင့် အများကြီးပါပဲ။ ကီရှာ‌ဗာလေးဟာ အဲဒီနေ့ကစပြီး KCR ရဲ့မိန့်ခွန်းတွေနားထောင်ပြီး လေးစားအားကျစိတ်အပြည့်နဲ့ ပါးစပ်ကမချ ဖြစ်သွားပါတော့တယ်။ တစ်ဖက်မှာလည်း ကီရှာဗာဟာ သူ့ကိုအချစ်လေးလို့ချစ်စနိုးခေါ်ပြီး အရိပ်တကြည့်ကြည့်နဲ့ဘေးမှာရှိနေပေးတဲ့ မန်ဂျူဆိုတဲ့ကလေးမလေးဆီကလည်းဂရုစိုက်ခံရလေရဲ့။ ကီရှာဗာကရှေ့ဆက် သူတို့ရွာကိုဘယ်လိုပြောင်းလဲဦးဆောင်မှာလဲ သူ့မိသားစုတွေ‌ကရော ဘယ်လိုတားဆီးပိတ်ပင်မလဲ ထောက်ပံ့အားပေးမလဲ မန်ဂျူကရော ဘေးကနေဘယ်လိုပါရမီဖြည့်ပေးမှာလဲ ဆိုတာ ကြည့်ရှူခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

History • Drama
7.4 2024 133 mins
Keshava Chandra Ramavath (KCR)
What Lies Beneath
6.6

What Lies Beneath (2000) IMDb Rating (6.6) / Rotten Tomatoes (47%) ကလဲယာ ဟာ တယောပညာရှင် တစ်ယောက်ဖြစ်သလို အဆိုလဲ ကောင်းသူပါ ပထမ အိမ်ထောင် နဲ့ တုန်းက ခင်ပွန်းဖြစ်သူ မဆုံးပါးခင်ထိပျော်ရွှင်စရာ ဘဝ လေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ပထမ ခင်ပွန်း ဆုံးပါးပြီးနောက် မျှော်လင့်ချက် မဲ့နေတဲ့သူ့ ဘ၀ ထဲကို နော်မန် ဆိုတဲ့ သက္ကသိုလ် တစ်ခုကသုတေသန ဆရာ တစ်ယောက် ဝင်လာခဲ့ပါတယ်။ နော်မန် နဲ့ လက်ထပ်ပြီးနောက်ပိုင်း ပျော်ရွှင်စရာဘ၀ တစ်ခုကို ထပ်မံ ပိုင်ဆိုင်ခဲ့ရပါတယ်။ ပထမ ယောင်္ကျားနဲ့ ရခဲ့တဲ့ သမီးလေးကိုလဲနော်မန် က သူ့သမီးအရင်းလေးလို ချစ်တဲ့သူပါ။ နော်မန် က ကျောင်းဆရာ ဖြစ်တာနဲ့ အညီအလုပ်ပြောင်းရင် အိမ်လိုက်ပြောင်းရပါတယ်။ တစ်နေ့မှာတော့ ကလဲယာ တို့ မိသားစု ဟာနော်မန် စာသင်ရမယ့် ကျောင်းရှိတဲ့ မြို့လေးကိုရောက်ရှိခဲ့ပြီး နော်မန် ရဲ့ ဖခင်ဖြစ်သူ ပိုင်ဆိုင်တဲ့အိမ်ကြီး တစ်ခုကို ပြန်လည်ပြုပြင်ပြီး နေထိုင်ခဲ့ပါတယ်။ အိမ်ကြီးရဲ့ နောက်ဖက်မှာလဲ မြစ်ကမ်းစပ်ကြီးက ကပ်လို့ပေါ့ နေချင်စရာ အတိပြီးတဲ့ အိမ်ကြီးပါပဲ၊ ဒါပေမဲ့ ကလဲယာ အတွက် အလုပ်ပိုတွေ ရှိလာပါတယ်။ ဘေးအိမ်က လင်မယားက အမြဲလိုလို ရန်ဖြစ်တာကိုစပ်စုနေတက်ခဲ့ပါတယ်။ တစ်ခါတစ်လေ အားလုံး အလုပ်သွား ကျောင်းသွားတဲ့အခါ သူတစ်ယောက်ထဲ အိမ်ကြီးထဲမှာ ခြောက်ခြားနေသလို ခံစားခဲ့ရပါတယ်။ အဲ့ဒီဖြစ်ရပ်တွေက ကလဲယာ ရဲ့ သမီးဖြစ်သူ ကျောင်းအိပ်ကျောင်းစားထွက်သွားတဲ့ နေ့ကစပြီး ပိုမိုပီပြင်လာခဲ့ပါတော့တယ်။ အိမ်ကြီးထဲ လူတစ်ယောက်လမ်းလျှောက်သွားသလိုရေစိုနေတဲ့ ခြေရာတွေ နဲ့ ရွံ့ပေနေတဲ့ ခြေရာတွေအမြဲလိုလို တွေ့ရပြီး ရေတွေစိုပြီး ခြံထဲကနေ ကလဲယာ ကိုငေးကြည့်နေတဲ့ အမျိုးသမီး တစ်ယောက်ကိုလဲ ရံဖန်ရံခါတွေ့ရတက်ပါတယ်။ ထိုအရာများကို တစ တစ အဖြေရှာခဲ့တဲ့ အခါမှာတော့.. File size…(1.8 GB) / (840 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Mystery, Thriller Duration….02:10:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Aung Tayza

6.6 2000 130 mins
What Lies Beneath
The Night of the Skirt
5

ခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဒတ်ချ်စကားပြောအနောက်ဥရောပ အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ် ဒီကားလေးမှာဆိုရင် ဘဝလက်တွဲဖော်ရှာမတွေ့နိုင်ဖြစ်နေတဲ့ လူလတ်ပိုင်းအရွယ်တချို့ရဲ့ အခက်အခဲတွေ၊ ဇီဇာကြောင်ပုံတွေ၊ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်ကြပုံတွေကို ဟာသနှောအရွှန်း ဖောက်ကာ သွက်သွက်လက်လက်တင်ဆက်ပုံဖော်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်,,, Roos ဆိုတဲ့ အမျိုးသမီးဟာ လက်တွဲဖော်ရှာဖို့ခက်ခဲနေတဲ့သူတွေအတွက် Blind Date စီစဉ်ပေးတဲ့သူတစ်ယောက်ဖြစ်ပြီး မေးခွန်းအခု ၅၀၀ ကို ဖြေဆိုပေးရင် လိုက်ဖက်တဲ့စုံတွဲဖြစ်အောင် နေရာချပေးနိုင်တယ်လို့ ယုံကြည်ထားသူတစ်ဦးပါ… ထူးထူးဆန်းဆန်း ရယ်သံပြုတတ်တဲ့ ခွေးအလှပြုပြင်သူ Jenny… လက်ရှိအချစ်ရေးအဆင်မပြေသူ ဘဏ်ဝန်ထမ်း Bob… ပေါက်လွတ်ပဲစားတွေခရားရေလွတ်ပြောတတ်သူ Aldo… မုဆိုးဖိုဖခင်ရဲ့ မျက်စိဒေါက်ထောက်ကြည့်ခံနေရသူ Eefje တို့ Roos ရဲ့ Blind Date အစီအစဉ်ကိုစာရင်းသွင်းကာ ရောက်ရှိလာပါတော့တယ် Roos ဟာ ၎င်းတို့ ၄ ယောက်ကို မေးခွန်း ၅၀၀ ဖြေဆိုစေပြီး လိုက်ဖက်တဲ့သူချင်းနေရာချပေးဖို့ကြိုးစားရာမှာကြုံရတဲ့ အဖြစ်အပျက်တွေ အခက်အခဲတွေ ခေါင်းကိုက်စရာတွေကို ရယ်ရွှင်ဖွယ်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ ပေါ့ပေါ့ပါးပါး ကြည့်ရှုလိုသူ ရုပ်ရှင်ချစ် ပရိသတ်များအတွက် သဘောကျမှာသေချာပါတယ် စုံတွဲနှစ်တွဲအကြောင်းကို မြိုင်မြိုင်ဆိုင်ဆိုင် အပြိုင်တင်ပြထားပြီး အမ်စတာဒမ်မြို့ရဲ့ အလှအပတွေ မသိမသာကွဲပြားနေတဲ့ အနောက်ဥရောပရဲ့ လူမှုဆက်ဆံရေးတွေကိုပါ ကြည့်ရှုခံစားရမှာဖြစ်တဲ့ ဇာတ်ကားကောင်းလေးကို အချစ်ဟာသကားကြိုက်နှစ်သက်သူပရိသတ်များ လက်မလွတ်ကြစေဖို့ ညွှန်းဆိုပေးလိုက်ပါရစေဗျာ………. File size… (2.05GB) / (1.01GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5 2024
The Night of the Skirt
Novo Land : Floating Heart
6

Novoland (ကျိုကျိုး) ဆိုတာဒဏ္ဍာရီလာ အလွန်လှပတဲ့လောကတစ်ခု ။ အတောင်ပံပါတဲ့မျိုးနွယ်စု ၊ ရေသူမျိုးနွယ်စု၊ ဝိဉာဉ်မျိုးနွယ်စုနဲ့ လူပုလေးမျိုးနွယ်စုတို့ဟာ ကျိုကျိုးမှာနေထိုင်ကြပါတယ်။ ဇာတ်လမ်းကတော့ မင်းဆရာကြီးရဲ့သမီးဖြစ်သူ နန်ရှင်းဟာ မင်္ဂလာပွဲမတိုင်ခင် တစ်ညအလိုမှာထူးဆန်းစွာသေဆုံးသွားတာကနေစပါတယ် ။ မင်းဆရာကြီးကတော်ကလည်းအရူးတစ်ပိုင်းဖြစ်သွားပြီး အိမ်တော်တစ်ခုလုံး အရှုပ်အထွေးနဲ့ကြုံတွေ့နေရချိန်မှာ… မျိုးနွယ်စုအသီးသီးကလူတွေ၊ ကျောင်းတော်အသီးသီးက လူတွေဟာလည်း နန်ရှင်းရဲ့သေဆုံးမှုကိုစုံစမ်းဖို့ပါဝင်လာတဲ့အခါ… နန်ရှင်းရဲ့သေဆုံးမှုမှာဘာလျို့ဝှက်ချက်တွေရှိနေမလဲ။ ဘာလို့မျိုးနွယ်စုအသီးသီးကလူတွေရောပါဝင်လာတာလဲ။ နန်ရှင်းဟာ တကယ်ပဲသေသွားတာရေဟုတ်ရဲ့လား။ ဒီလိုဇာတ်လမ်းမျိုးကတဖြည်းဖြည်းချင်းကြည့်ပြီးမှ ရုပ်လုံးပေါ်လာတာမျိုးမို့ spoiler ဖြစ်သွားမှာစိုးလို့ ဇာတ်လမ်းကိုအများကြီးမပြောပြတော့ပါဘူး။ Novo land စီးရီး တွေရဲ့ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတာကြောင့် ဇာတ်လမ်းထဲကလျို့ဝှက်ချက်တွေကို ကိုယ်တိုင်ကြည့်ရှုပြီးရှာဖွေဖော်ထုတ်ကြည့်ကြရအောင်။

Horror
6 2022
Novo Land : Floating Heart
My Girlfriend Is an Agent
6.4

My Girlfriend Is an Agent (2009) ******************************** “My Girlfriend is an Agent” ရုပ်ရှင်ဇာတ်ကားဟာ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကိုရီးယား အက်ရှင်-ဟာသ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ် .. ဒါရိုက်တာ Shin Tae-ra က ရိုက်ကူးခဲ့ပြီး Kim Ha-neul နဲ့ Kang Ji-hwan တို့က အဓိက သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းချုပ်: ***************** ဇာတ်လမ်းလေးကတော့ အမျိုးသားထောက်လှမ်းရေး အေးဂျင့်နှစ်ဦးဖြစ်တဲ့ Su-ji (Kim Ha-neul) နဲ့ Jae-joon (Kang Ji-hwan) တို့အကြောင်းပါ ..သူတို့နှစ်ဦးဟာ လျှို့ဝှက်အလုပ်တွေ လုပ်နေကြတဲ့ ထောက်လှမ်းရေးတွေဖြစ်ပေမဲ့ တစ်ယောက်အကြောင်း တစ်ယောက် မသိခဲ့ကြပါဘူး .. Su-ji ဟာ ခရီးသွားအေဂျင်စီမှာ အလုပ်လုပ်သလို ဟန်ဆောင်ထားပြီး သူ့ရဲ့ ချစ်သူ Jae-joonကတော့ နိုင်ငံတကာစာရင်းကိုင်အဖြစ် ဟန်ဆောင်ထားခဲ့ပါတယ် .. နှစ်ယောက်စလုံးက သူတို့ရဲ့ ချစ်သူတွေဟာ သာမန်လူတွေပဲလို့ ထင်မှတ်ထားကြပြီး တစ်ယောက်ရဲ့ အလုပ်ကြောင့် တစ်ယောက်စီကို အထင်အမြင်လွဲမှားမှုတွေ မကျေနပ်မှုတွေနဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် ဖြစ်နေကြပါတယ် .. နောက်ဆုံးမှာ ကိုယ်စီကိုယ်စီ ဘဝရဲ့ အဖြစ်မှန်တွေကို သိရှိသွားကြမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် .. ဇာတ်လမ်းရဲ့ အဓိကဆွဲဆောင်မှုကတော့ Su-ji နဲ့ Jae-joon တို့ရဲ့ လျှို့ဝှက်အလုပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရယ်စရာကောင်းတဲ့ အခြေအနေတွေပါပဲ .. သူတို့နှစ်ဦး အချင်းချင်း လိမ်ညာရင်း ရန်ဖြစ်ကြပုံ အထင်အမြင်လွဲမှားကြပုံတွေက ကြည့်ရှုသူတွေကို တခွီခွီနဲ့ ရယ်မောစေမှာပါ .. ခြုံပြောရရင် “My Girlfriend is an Agent” ဟာ ပေါ့ပေါ့ပါးပါးနဲ့ ဖျော်ဖြေမှုအပြည့်အဝ ပေးနိုင်တဲ့ ရုပ်ရှင်တစ်ကားဖြစ်တာမို့လို့ အက်ရှင်ကား ကြိုက်သူတွေ ရိုမန့်တစ်ဟာသကား ကြိုက်သူတွေရော ကြည့်ရှုဖို့ သင့်တော်ပါတယ် .. သူငယ်ချင်းတွေ မိသားစုနဲ့အတူတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုချင်တယ်ဆိုရင်တော့ ဒီကားလေးဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်လို့ပဲ ပြောချင်ပါတယ် .. (အညွှန်းကို Miri မှ ရေးသားထားပါတယ်) File size…1.66GB / 885MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 54m Genre ….. Action, Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Miri Encoded by AHtet

Comedy • Drama
6.4 2009
My Girlfriend Is an Agent