YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Indian Police Force (2024) S01 EP07.720p.YK(CM).mp4

384.41 MB N/A video/mp4 918 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Addams Family Values
6.9

Addams Family ဟာ အမေရိကန်ကာတွန်းဆရာ Charles Addams ဖန်တီးခဲ့တဲ့ Fictional Family တစ်ခုဖြစ်ပြီး The New Yorker မဂ္ဂဇင်းမှာ 1938 ကတည်းက စတင်ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ နှစ်၁၀၀နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ကာတွန်းဇာတ်ကောင်တွေပါပဲ။ Tom & Jerry ထက်‌တောင် နှစ်နှစ်စောပေါ်ခဲ့တဲ့ ဇာတ်ကောင်တွေ‌ပေါ့။ 1964 မှာ The Addams Family ဆိုပြီး TV series အနေနဲ့ စအသက်သွင်းခဲ့ပြီး Addams Family franchise ကြီးစတင်ခဲ့ပါတယ်။ ခုထိဆို တီဗီစီးရီး ၇ခု ထွက်ပြီးပါပြီ။ 1991-1999အတွင်းမှာတော့ ရုပ်ရှင်သုံးကားထွက်ရှိခဲ့ပြီး 2019 နဲ့ 2021 မှာတော့ အန်နီမေးရှင်း၂ကားထပ်ထွက်ခဲ့ပါတယ်။ 2022 မှာတော့ တင်ဘာတန်ရဲ့လက်ရာနဲ့ Wednesday ထွက်လာခဲ့ပါတယ်။ Addams တွေဟာ ၂၀ရာစု အမေရိကန်မိသားစုတွေရဲ့ စံအတွေးအမြင်တွေကို သရော်ထားတဲ့ ဇာတ်ကောင်တွေဖြစ်ခဲ့ပြီး ၁၉၆၄ဇာတ်လမ်းတွဲမှာမှ ဇာတ်ကောင်နာမည်တွေ စပေးခဲ့တာပါ။ ဒီဇာတ်လမ်းတွေဟာ Pop Culture တစ်ခုဖြစ်လာခဲ့ပြီး Video game တွေ Academic Book တွေအထိထွက်ခဲ့သလို အမေရိကန် Comics, Cinema နဲ့ Television တွေအပေါ် လွှမ်းမိုးမှုကြီးခဲ့ပြီး Goth Subculture နဲ့ Fashion တွေကိုလည်း မြစ်ဖျားခံစေခဲ့ပါတယ်။ တင်ဘာတန်ရဲ့ Gothic ဟန်ဟာလည်း Addams တွေနဲ့ မကင်းလောက်ပါဘူး။ အခုမှာတော့ ပထမဆုံးထွက်ခဲ့တဲ့ Addams Family ရုပ်ရှင်နှစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Classic လို့ ပြောလည်းမမှားတဲ့ကားတွေပေါ့။ ဟန်ဆောင်မှုကင်းစွာ ယုတ်မာတတ်ကြသလို သဘောရိုးနဲ့လည်း ခြေထိုးခံတတ်ကြပြီး လူ့ဘောင်ကျင့်ဝတ်တွေနဲ့ လုံးလုံးလျားလျားလွဲနေတဲ့ သူတို့ရဲ့စံတွေကြောင့် ပတ်ဝန်းကျင်ရဲ့ အမြင်မကြည်မှု၊ မြင်မှန်းတန်းမိသူတွေဆီက နားလည်ရခက်တဲ့ အကြည့်တွေနဲ့ကြည့်ခံရပေမဲ့ သဘောချင်းတူတဲ့ အမျိုးအဆွေတွေဆီကနေတော့ လေးစားချစ်ခင်မှုကို ရရှိထားကြတဲ့ မိသားစုတစ်သိုက်ဖြစ်တဲ့ Addams Family အကြောင်းကို အားလုံးသိပြီးသားဆိုတော့ အထွေအထူးတော့ ပြောစရာမလိုပါဘူး။ တင်ဘာတန်ကြီးဖန်တွေရော Addams Family ဖန်တွေရော ကြည့်သင့်တဲ့ကားလို့ပဲ ပြောစရာရှိပါတယ်။ Dark Comedy Film တွေရဲ့ ထုံးစံအတိုင်း ဒီသောက်တလွဲလောကကြီးကို ဟားတိုက်ပစ်ချင်ရင်လည်း ကြည့်သင့်တဲ့ကားတွေပါပဲ။ ----------------------------------ဇာတ်လမ်းအကျဉ်း---------------------------------- Gomez နဲ့ Morticia တို့ဟာ ရင်သွေးနှစ်ချာ အသစ်စက်စက်ကလေးကို ပိုင်ဆိုင်ထားပြီး Wednesday နဲ့ Pugsley တို့က သူတို့မောင်ညီလေးကို သတ်ဖို့ ကြံပေမဲ့ မိဘနှစ်ပါး အဆူခံလိုက်ရသာ အဖတ်တင်ပြီး မအောင်မြင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အက်ဒမ်စ်တို့ဟာ ဒီကလေးကိုထိန်းဖို့ Debbie လို့ခေါ်တဲ့ နာနီတစ်ယောက် ငှားလိုက်ကြပါတယ်။ သူတို့မသိလိုက်တာကတော့ Debbie ဟာ သူဌေးတွေနဲ့ လက်ထပ်ပြီး သူတို့ကိုသတ်ပြီး အမွေရအောင်ကြံတတ်တဲ့ ကွင်းဆက်လူသတ်သမားဖြစ်နေတာပါပဲ။ ဒီလိုနဲ့ Debbie ရဲ့နောက်ပစ်မှတ်ဟာ Uncle Fester ဖြစ်လာခဲ့ပါတယ်။ အကင်းပါးတဲ့ Wednesday က ဒတ်ဘီကို မသင်္ကာဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့မိသားစုနဲ့ ဒီကွင်းဆက်လူသတ်သမား ထိပ်တိုက်ရင်ဆိုင်ဖို့ အကြောင်းဖန်လာတဲ့အချိန် ငါ့မောင်လေးကို ငါကလွဲ ဘယ်သူမှ မနှိပ်စက်ရဘူးဆိုတဲ့ Wednesday ဟာ သူ့မိသားစုကို ကာကွယ်ဖို့ ဘယ်လိုကြိုးစားမလဲ မြင်ကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.02GB, 1GB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1h 34Min Genre - Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Crime • Drama • Thriller
6.9 1993 94 mins
Addams Family Values
Wicked City
6.7

(အသက်မပြည့်သေးသူများ လုံး၀ မကြည့်သင့်ပါ) IMDb 6.7/10 1987ထွက်တာဆိုတော့ မင်မင်တို့တောင်မမွေးသေးဘူးဗျ ဒါပေမယ့် old but gold ထဲမှာပါတဲ့ကားတွန်းပါ သိသလောက်တော့ Novel ခြောက်အုပ်ထွက်တဲ့ထဲက ပထမဆုံးအုပ်ကို anime movieထုတ်တာလို့ပြောတာပဲ တခုတော့ရှိတယ် မုဒိန်းကျင့်တဲ့အခန်းတို့ ဘုတဲ့အခန်းတို့မဟားဒယားများပါတယ် ပြီးတော့ Hentaiမဖြစ်ရုံတမယ် တကယ်ကိုကွက်ကွက်ကွင်းကွင်းပြတာတွေပါလို့ မိသားစုနဲ့ယောင်လို့တောင်မကြည့်မိပါစေနဲ့ နားရင်းအုပ်ခံရပါလိမ့်မယ် ငယ်ရွယ်သူများ တကယ်ကိုကြည့်ဖို့မသင့်ပါ ဇာတ်လမ်းအကျဥ်း ကမ္ဘာနှင့် မိစ္ဆာကမ္ဘာကြား စစ်ပွဲကို တားဆီးရန် ငြိမ်းချမ်းရေးသ​ဘောတူညီမှုယူထားတာဟာ နှစ်​ပေါင်းရာနှင့်ချီ၍ အသက်ဝင်ခဲ့ပြီး သ​ဘောတူညီမှုကို သက်တမ်းတိုးရန် သတ်မှတ်ထားသော်လည်း မကောင်းသော အင်အားစုများက ​ အနှောက်အယှက်​တွေ ​ပေးလာခဲ့ပါတယ်။ မိစ္ဆာအကိုက်ခံရသော လူသား Taki Renzaburo (Greg Snegoff) နှင့် Sexy demon Makie (Alexandra Kenworthy) တို့ဟာ ငြိမ်းချမ်း​ရေးကိုပျက်ပြား​စေတဲ့အ​ဖျက်အ​မှောင့်​တွေနဲ့ပတ်သတ်လာချိန်မှာ​တော့.....

Thriller
6.7 1987 82 mins
Wicked City
Mary Queen of Scots
6.6

~ IMDb - 6.3/10, Rotten Tomatoes - 62% ~ 1500 ပြည့်နှစ်တွေက စကော့တလန်ဘုရင်မ မယ်ရီနဲ့ အင်္ဂလန်ဘုရင်မ အယ်လိဇဘက်တို့အကြောင်းကို ပြန်လည်ပုံဖော်ထားတဲ့ သမိုင်းကားကောင်းတစ်ကားပေါ့။ တိုင်းပြည်နှစ်ခုရဲ့ ကိုးကွယ်တဲ့ဘာသာ အယူအဆတွေ နိုင်ငံရေးရပ်တည်ချက်တွေ ကွဲပြားပုံနဲ့ နှစ်ဖက်ကောင်စီ၀င်၀န်ကြီးတွေရဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြားက ၀မ်းကွဲတော်စပ်တဲ့ ဘုရင်မ၂ဦးအကြောင်းကို ရိုက်ထားတာပါ။ မယ်ရီက ကက်သလစ်ကိုးကွယ်သူဖြစ်ပြီး အယ်လိဇဘက်က ရိုမန်ကက်သလစ်ကိုးကွယ်သူဖြစ်ပါတယ်။ အဲဒီတုန်းက ဘာသာရေးကွဲလွဲချက်တွေပြင်းထန်တဲ့အတွက် ၂နိုင်ငံအမြင်မတူဘဲ စစ်ဖြစ်နိုင်တဲ့အခြေအနေပါ။ ဒါကို မယ်ရီက ၀မ်းကွဲအမ အယ်လိဇဘက်ဆီကနေ ဆက်ခံသူအဖြစ်တောင်းဆိုတဲ့အခါ ဒီအချက်က နိုင်ငံ၂ခုကြားက တင်းမာတဲ့အခြေအနေကို ပိုလှုံ့ဆော်လိုက်တာပါ။ မယ်ရီက အသက်၁၅နှစ်မှာ ပြင်သစ်သားနဲ့ အိမ်ထောင်ကျခဲ့ပြီး မုဆိုးမအဖြစ်နဲ့ စကော့တလန်ကိုပြန်လာတာပါ။ အယ်လိဇဘက်က အိမ်ထောင်မရှိ ဆက်ခံသူမရှိတဲ့အတွက် မယ်ရီရဲ့ဖြစ်တည်မှုက အယ်လိဇဘက်ရဲ့အာဏာနဲ့ ထီးနန်းကို ခြိမ်းခြောက်နေခဲ့ပါတယ်။ သံတမန်တွေနဲ့ တွေ့ဆုံပြီး မယ်ရီကို သူတို့ကြိုးကိုင်လို့ရမယ့် အင်္ဂလိပ်လူမျိုးမင်းမျိုးနွယ်နဲ့ လက်ဆက်ပေးဖို့ စီစဉ်ပါတယ်။ မယ်ရီကလည်း သူ့တွက်ကိန်းနဲ့သူ လက်ခံခဲ့ပါတယ်။ မယ်ရီဘုရင်မဖြစ်တာကို ရိုမန်ကက်သလစ်တွေက မုန်းတီးပြီး သွေးထိုးလှုံ့ဆော်ကြပါတယ်။ ပြည်သူတွေကြားမှာ သူက အိမ်ထောင်ရေးဖောက်ပြန်တဲ့ ပြည့်တန်ဆာသာသာပဲ ရှိပါတယ်။ မယ်ရီနဲ့ လက်ထပ်ရသူက သခင်ဒန်လီဖြစ်ပြီး မယ်ရီအတွက် မျိုးဆက်ဆောင်ယူပေးဖို့နဲ့ ဘုရင်ရာထူးမယူပါဘူးဆိုပြီး ကတိပေးထားပါတယ်။ ဒန်လီကိုလည်း ယောကျာ်းချင်းစိတ်၀င်စားသူအနေနဲ့ ထည့်သွင်းထားပါတယ်။ ဒါပေမဲ့ ဒန်လီလည်း သက်ဆိုးမရှည်လှပါဘူး။ ကောင်စီ၀င်တွေရဲ့ နိုင်ငံရေးလှည့်ကွက်ကြားမှာ လုပ်ကြံခံလိုက်ရပါတယ်။ မယ်ရီက သူမသားတော်ရဲ့ ကံကြမ္မာအတွက်ထီးနန်းစွန့်ခဲ့ရပြီး နောက်ဆုံးမှာ အသက်ပါစွန့်ခဲ့ရတဲ့ထိ ပေးဆပ်ခဲ့ရတာကို သံဝေဂရဖွယ် ရှုစားရမှာပါ။ ဒီရုပ်ရှင်ကို ပြဇာတ်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Josie Rourke က ရိုက်ထားပြီး ထိတ်ထိတ်ကြဲ မင်းသမီး ၂ယောက်က မယ်ရီနဲ့ အယ်လီဇဘက် ဘုရင်မနှစ်ပါးအဖြစ် အပြိုင်သရုပ်ဆောင်ထားသေးပါတယ်။ အဲဒီ၂ယောက်ကတော့ ရုပ်ရှင်ပရိသတ်တွေအားလုံးချစ်ကြတဲ့ Saoirse Ronan နဲ့ Margot Robbie ပါပဲ။ Tag Line ကိုက Bow To No One ဆိုတော့ သူတို့၂ယောက် အားပြိုင်တာကို ကောင်းကောင်းကြီးမြင်ကြရမှာပါ။ အော်စကာဆန်ခါတင်လည်း ၂ဆုဝင်ထားပါသေးတယ်။ အဆစ်အနေနဲ့ Guy Pearce နဲ့ Gemma Chan ပါ ပါထားပါသေးတယ်။ John Guy ရဲ့ Queen of Scots: The True Life of Mary Stuart ဆိုတဲ့ နာမည်ကြီးစာအုပ်ကို ပြန်ရိုက်ထားတာဆိုတော့ ‌အင်္ဂလန်နန်းတွင်းကားတွေ အလယ်ခေတ်ကားတွေကြိုက်တဲ့လူတွေအတွက် သရုပ်ဆောင်ရော ဇာတ်လမ်းရော ဘာမှမပြောစရာမရှိအောင် ကြည့်ကောင်းမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 670MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 2H 4Min Genre - Biography, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Drama • Fantasy • Romance
6.6 2018 124 mins
Mary Queen of Scots
Beauty and the Beast
7

ရဲတိုက်ကြီးတစ်ခုမှာနေတဲ့ အတ္တကြီးပြီး စိတ်ကြီးဝင်နေတဲ့ မင်းသားငယ်တစ်ပါးနဲ့ အစေအပါးတွေဟာ ကျိန်စာအတိုက်ခံခဲ့ရပြီး မင်းသားကလည်း အင်မတန်ကြောက်စရာကောင်းတဲ့ အကောင်ကြီးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။ ကျိန်စာဟာ အကောင်ကြီးဖြစ်နေတဲ့မင်းသားလေးကိုယ်တိုင် ချစ်တတ်လာပြီး သူကိုယ်တိုင်လည်း သူများချစ်တာကို စင်စစ်ခံရမယ်ဆိုတဲ့အချိန်ကျမှသာ ပျက်ပျယ်မှာဖြစ်ပါတယ်။ အဲနောက် Belle ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်လှတဲ့ မိန်းမပျိုလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက မင်းသားလေးရဲ့ ရဲတိုက်မှာ အကျဉ်းကျခံနေရတယ်ဆိုလို့ ရဲတိုက်ကို လိုက်လာပါတယ်။ အဲဒီမှာ မင်းသားလေးရဲ့ အစေအပါးတွေရဲ့ အကူအညီနဲ့အတူ Belle ဟာ စိတ်ရိုင်းဝင် ဆိုးသွမ်းနေတဲ့ မင်းသားကို ပြောင်းလဲလာအောင် လုပ်ဆောင်ရပါတော့တယ်။ Disney ရဲ့ 1991 ခုနစ်ထွက် နာမည်ကျော်ကာတွန်းကားကို ရုပ်ရှင်အဖြစ်အသက်ပြန်သွင်းထားတာဖြစ်ပြီး Belle အဖြစ် မင်းသမီး Emma Watson က သရုပ်ဆောင်ထားပါတယ်။ Luke Evans နဲ့ Ewan McGregor တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကဲ ပရိတ်သတ်ကြီးရေ အားပေးလိုက်ကြပါအုံးဗျ ? (အညွန်းကိုတော့ ဓာတ်ရှင်မှကူးယူဖော်ပြပါတယ်..) Quality…..720p Duration…..02:09:00 Format…Mp4 File Size…(2GB) Encoder…..Moe Myint Lwin Translator…..Wendy

Comedy • Crime
7 2017 129 mins
Beauty and the Beast
Scooby-Doo and the Alien Invaders
6.8

Scooby-Doo and the Alien Invaders (2000) =============================== IMDb Rating – 6.8/10 ဒီတစ်ခါမှာတော့ 2002 ခုနှစ်ထွက် Scooby Doo ရုပ်ရှင်ရဲ့ Graphic quality ကို အပြည့်အဝပြန်ခံစားပြီး Nostalgic ဖြစ်လိုက်ကြရအောင်လားဗျာ။ IMdb Rating – 6.8 ရှိတာမို့ ပုံမှန်လို Entertainment အသားပေးသာသာ Common sense rating နည်းလေ့ရှိတဲ့ ဇာတ်လမ်းမျိုးမဟုတ်တာတော့ အထွေ အထူးညွှန်းဖို့ မလို‌လောက်ပါဘူးနော်။ Mystery Machine ရဲ့ ဒါရိုင်ဘာခုံမှာ ဖင်မထိုင်ဖူး‌သူ Shaggy နဲ့ Scooby တို့နှစ်ယောက် ထူးထူးခြားခြား ကားမောင်းတာဝန်ယူတဲ့ ညမှာမှ တိုက်တိုက်ဆိုင်ဆိုင် ဇာတ်လမ်းကစတာပါ။ ကန္တာရဒေ သမို့ အချိန်အခါမဟုတ် သဲမုန်တိုင်းတိုက်နေတာပေါ့။ Mystery Machine ပေါ်ကနေ ပန်းကန်ပြားပျံသဏ္ဍာန် အရိပ်ကြီးတစ်ခု ဖြတ် ပျံသွားပြီးနောက်မှာတော့ ဂြိုဟ်သားကျူးကျော်မှုရဲ့ သားကောင်ဖြစ် နေတဲ့ နယ်မြို့လေးတစ်မြို့မှာ Scooby တို့သူငယ်ချင်းတစ်စု သောင် တင်စတည်းချရဖို့ ဖြစ်လာပါတော့တယ်။ အစိုးရစီမံကိန်းရဲ့ စလောင်းတွေကြောင့် ဂြိုဟ်သားအန္တရာယ်ဖြစ်ရပါ တယ်လို့ဆိုသူများအပြင်ကိုမှ Velma ကတော့ တခြားအရာကိုသာ သံသယရှိနေခဲ့ပါတယ်။ ညဆိုတာနဲ့ ကြက်ပျောက်ငှက်ပျောက်ရှိလှတဲ့ မြို့မှာ ခေါင်မိုးထပ်တက်ပြီး စိတ်ချလက်ချအိပ်မိတဲ့ Shaggy နဲ့ Scooby တို့ကို ဂြိုဟ်သားတွေပြန်ပေးဆွဲသွားတာကနေစလို့ Mystery Gang ရဲ့ စုံစမ်းစစ်ဆေးရေးအသက်ဝင်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.6 GB) / (716 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 14Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Comedy Translator…….Hnin Wut Yi Encoder……….Zin Phyo Aung

6.8 2000
Scooby-Doo and the Alien Invaders
Our Son

Our Son (2023) ~ Rotten Tomatoes – 58%, Meta – 86% ~ ရိုးရိုးလေးနဲ့ လက်တွေ့လောကမှာဖြစ်တတ်တဲ့ အချစ်ရေးမိသားစုအရေးတွေကို LGBTQ+ စုံတွဲနဲ့ပုံဖော်ထားတဲ့ Drama အမျိုးအစားဖြစ်ပါတယ်။ နယူးယောက်မှာ လိင်တူစုံတွဲတွေ လက်ထပ်ခွင့်ရကတည်းက ၁၃နှစ်ကြာလက်ထပ်ပေါင်းသင်းလာကြတဲ့ နစ်ကီနဲ့ဂေဘရီရယ်တို့ ဂေးစုံတွဲ… သူတို့မှာ နစ်ကီရဲ့မျိုးစေ့နဲ့ အငှားကိုယ်၀န်ဆောင်ပြီးယူထားတဲ့ အို၀မ်ဆိုတဲ့ ၈နှစ်အရွယ်သားလေးရှိတယ်။ နစ်ကီက စာအုပ်‌ထုတ်ဝေသူဖြစ်ပြီး ဂေဘရီရယ်ကတော့ နစ်ကီကိုမွေးပြီးကတည်းက ကလေးစောင့်ရှောက်ဖို့ဆိုပြီး အရင်သရုပ်ဆောင်အလုပ်ကနေနားလိုက်တာ အခုထိပါပဲ။ နှစ်တွေအကြာကြီးပေါင်းလာပြီး တဖြည်းဖြည်းနဲ့ သံယောဇဉ်ကုန်လာတယ်ပြောရမလား… ဂေဘရီရယ်က နစ်ကီက သူတို့သားကို ဂရုမစိုက်ဘူး အလေးမထားဘူးလို့ တစ်စတစ်စမြင်လာပါတယ်။ နစ်ကီမသိအောင် တခြားတစ်ယောက်ပါတွေ့နေပြီး နောက်ဆုံးမှာ ကွာရှင်းဖို့ ထုတ်ပြောလာပါတယ်။ နစ်ကီကလည်း အို၀မ်ကို မပေးနိုင်… ဂေဘရီရယ်ကလည်း အို၀မ်အတွက် သူကပိုသင့်တော်တယ်ဆိုပြီး နှစ်ယောက်သား ကလေးအုပ်ထိန်းခွင့်လုကြရင်း တရားရုံးထိပါရောက်သွားတဲ့အခါ… ၁၃နှစ်ကြာခဲ့တဲ့ သူတို့ရဲ့ဆက်ဆံရေးက နောက်ဆုံးမှာ တခြားသူတွေလိုပဲ ကွာရှင်းခြင်းနဲ့ အဆုံးသတ်မလား… အို၀မ်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မလဲ… လိင်တူစုံတွဲတွေ ကြုံရတတ်တဲ့ မိသားစုပြသာနာတွေ ကလေးပြသာနာတွေအပြင် ပတ်၀န်းကျင်နဲ့ မိဘတွေဘက်က သဘောထားတွေကိုပါ ထည့်သွင်းထားတာ မြင်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.45GB, 600MB Quality – 1080p, 720p Format – mp4 Duration – 1H 44Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2023
Our Son
Spice World

Spice World (1997) ရုပ်ကလည်းဖြောင့် ကစားတာလည်း ရှယ်တော်တဲ့ ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ မိန်းမဖြစ်သူ ဗစ်တိုးရီးယားဆို တော်တော်များများ သိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ အရင်က ၉၀ ကာလတွေမှာ သူပါဝင်ခဲ့တဲ့ Girl band တစ်ခုဖြစ်တဲ့ ဗြိတိသျှအခြေစိုက် Spice Girls အဖွဲ့ဆိုတာ အမျိုးသမီးကိုယ်စားပြု စာသားသီချင်းတွေနဲ့ အတော်နာမည်ကြီးခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့ သူတို့ Spice Girls အဖွဲ့အနေနဲ့ပဲ ပါဝင်သရုပ်ဆောင်ထားပြီး ၂ ထပ်ပါ လန်ဒန်ဘတ်စ်ကားကြီးနဲ့ အင်္ဂလန်တလျှောက် လျှောက်ပတ်သွားရင်း ဆူပူကြိမ်းမောင်းနေတဲ့ မန်နေဂျာနဲ့ ရန်ဖြစ်ရတာတွေ မနာလိုတဲ့လူတွေက ပါပါရာဇီငှားပြီး လိုက်အရှက်ခွဲဖို့ လုပ်တာတွေ နာမည်ကျော်ဘဝရောက်တော့ သာမန်ဘဝလိုမျိုး နေထိုင်ဖို့ အချိန်မပေးနိုင်တာတွေ ပရိတ်သတ်တွေနဲ့ စွန့်စားခန်း လုပ်ကြတာတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဂျိန်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖူးတဲ့ ရော်ဂျာမိုးတောင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ File size… 3.3 GB / 1.3 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

0 1997 93 mins
Spice World
Magic Carpet Rides
7

Magic Carpet Rides (2023) ====================== IMDb Rating – 7.0/10 Social Influencer တစ်ယောက်ဖြစ်တဲ့ Callie က သူနဲ့တွဲနေတဲ့ ဘဲတွေတစ်ယောက်ပြီးတစ်ယောက်အကြောင်းကို ဖောက်သည်ချပြီး အင်တာနက်ပေါ်တင်ရင်း နာမည်ကြီးဖို့ကြိုးစားနေတဲ့မိန်းကလေး တစ်ယောက်။ နောက်တော့ သူ အခုခေတ်အင်တာနက်ကမ္ဘာနဲ့အဆက် ပြတ်ပြီး ဖုန်းတောင်မသုံးဘဲ လက်တွေ့ဘဝမှာပဲနေထိုင်တဲ့ ကောင်ချော လေး Leo နဲ့တွေ့ခဲ့တယ်။ အင်တာနက်မှာနာမည်ပေါက်ဖို့ကိုပဲစိတ်နှစ်ထားတဲ့ Callie လည်း သူ့ page followerတိုးပြီး လူကြိုက်များလာဖို့ရည်ရွယ်ချက်နဲ့ Leo နဲ့ဒိတ်ပြီး Leoရဲ့ အကြောင်းတွေကို ဗီဒီယိုစတင်တော့တာပါပဲ။ အဲဒီမှာ ဖုန်းစွဲနေတဲ့ အင်တာနက်ဆယ်လီ Callie နဲ့ ဖုန်းလုံးဝမသုံးဘဲ အင်တာနက်လောက အကြောင်းမသိတဲ့ Leo တို့အချစ်ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မလဲဆို တာကိုတော့ ဒီဇာတ်လမ်းမှာရင်ခုန်စိတ်လှုပ်ရှားစွာဆက်လက်ကြည့်ရှုနိုင် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.9 GB) / (722 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 49Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Thwal Htoo Zin Encoder……….SWM

Drama • Comedy
7 2023 109 mins
Magic Carpet Rides
Trinil
6

ဒီတစ်ခေါက်မှာတော့ Horror ရုပ်ရှင်ဆို ပြူးပြူးပြဲပြဲ Jump scares တွေမှကြိုက်တတ်ပါတယ်ဆိုတဲ့သူတွေအတွက် ဖြည်းဖြည်းလေးရော ဝုန်းဝုန်းဒိုင်းဒိုင်းရော နည်းမျိုးစုံ ခြောက်ပြမဲ့ အင်ဒို ခေါင်းပြတ်သရဲကားလေးကိုတင်ဆက်ပေးလိုက်ချင် ပါတယ်။ ဒီဇာတ်လမ်းဟာ 1980ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံ အတွင်း နာမည်ကျော်ခဲ့တဲ့ ရေဒီယိုဇာတ်လမ်းတစ်ပုဒ်ကို မှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့ 1970ဝန်းကျင်ကာလကိုဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း **************** အင်ဒိုနီးရှားနိုင်ငံ Central Java မှာ လက်ဖက်ခြံပိုင်ရှင် သူဌေးကြီး ဝမ်လမ်ဆောင်ဒါဆိုပြီးရှိပါတယ်။ သူ့မှာ သူချစ်စနိုးနဲ့ ထရီနီ လိုခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့ သူဌေးကြီးဆုံးပါးသွားပြီး သူ့မိန်းမဟာလည်းရုတ်ချည်းဆိုသလို ပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့သမီးကတော့ သူဌေးကြီးမဆုံးခင် အိမ်မှာ သူနာပြုလာလုပ်ပေးတဲ့ သူနာပြုဆရာလေးနဲ့လက်ထပ်ပြီး Honey moon ခရီး သုံးလကြာထွက်သွားခဲ့ပါတယ်။ သူတို ဟန်းနီးမွန်းထွက်နေတဲ့ကာလမှာ လက်ဖက်ခြံထဲ ရာသီဥတု မကောင်းတာတွေ၊ ဝန်ထမ်းတွေ သေဆုံးတာတွေ ၊သတ်သေတာတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ သူတိုနှစ်ယောက် ဟန်းနီးမွန်းက ပြန်လာတဲ့အခါမှာလည်း အိပ်နေရင်းဘီလူးစီးခံရတာတွေ ခြောက်လှန့်ခံရတာတွေဖြစ်လာတာမို ခင်ပွန်းဖြစ်သူက သူ့သူငယ်ချင်းအပနှင်ဆရာကို အပနှင်ပေးဖိုအကူအညီတောင်းရာကနေ စံအိမ်ကြီးရဲ့လျှိဝှက်ချက်တွေတစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ ဒီမှာ တစ်ခုသတိထားမိတာက အင်ဒိုသရဲကားတွေဟာ ဇာတ်လမ်းဇာတ်အိမ် ကျစ်လျစ်ပိုင်နိုင်ပြီး တင်ဆက်ပုံကလည်း အဆင့်အတန်းတစ်ခုမှာရှိပါတယ်။ ဇာတ်လမ်းကို အစကနေအဆုံးထိ တန်ပိုကောင်းကောင်းနဲ့ဆွဲခေါ်သွားနိုင်တာမို အချိန်ပေးကြည့်ရတာ တန်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေရှင်။ File size…1.54 GB/ 677 MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6 2024 105 mins
Trinil
Pete’s Dragon
6.7

Disney ရဲ့ ၂၀၁၆ ထွက် လက်ရာကောင်းတစ်ခုပါပဲ။ IMDb 6.7 ရထားပါတယ်။ ဇတ်လမ်းအကျဉ်းလေးကတော့ ၅ နှစ်သားမှာ ကားမှောက်ပြီးမိဘ၂ ပါးလုံး ဆုံးသွားတဲ့ ကလေးလေး Pete၊ တောနက်ထဲမှာ တစ်ယောက်တည်းဖြစ်နေတုန်း သူ့လိုပဲ တစ်ကောင်တည်းအထီးကျန်နေတဲ့ နဂါးကြီးနဲ့တွေ့ပြီး သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ နဂါးကို နဂါးလို့ခေါ်မှန်းတောင် မသိတဲ့ Pete လေးဟာ နဂါးမိတ်ဆွေလေးကို သူ့ပုံပြင်စာအုပ်ထဲက အက်လီရက် ဆိုတဲ့နာမည်ကိုပေးထားပြီ တောထဲမှာ ၂ ကောင်သား ၆ နှစ်တိတိအသက်ရှင်နေထိုင်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သစ်ခုတ်ရင်း တဖြည်းဖြည်း တောနက်ထဲထိ ကျွံဝင်လာတဲ့ အလုပ်သမားတွေနဲ့ သစ်တောအရာရှိမိသားစုလေးနဲ့ ဆုံတွေ့ဖို့ အကြောင်းဖန်လာတဲ့အခါ…. File size…(1.7 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre… Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by Mr. Anderson

6.7 2016
Pete’s Dragon
Monday First Screening
5

Monday First Screening ( 2023) ဒီဖိလစ်ပိုင် အချစ်ကားက ဖိလစ်ပိုင်အချစ်ကားပေမဲ့ ထူးတော့ ထူးပါတယ်။ ဘာလိုဆို အချစ်ကားပေမဲ့ လူငယ်တွေ လူလတ်တွေအကြောင်းမဟုတ်ဘဲ တော်တော်ကိုမြင်ရခဲတဲ့ အငြိမ်းစား အဘိုးကြီးနဲ့အဘွားကြီးက အချစ်ဇာတ်လမ်းကို ပြထားတာမလိုပါပဲ။ အသက်၆၀ကျော်လို ပင်စင်ယူပြီးမှ ဖြစ်လာတဲ့အချစ်ဇာတ်လမ်းပေါ့။ အချစ်ဇာတ်လမ်းကိုပြတာဆိုပေမဲ့ သူတိုဖိလစ်ပိုင်က ပင်စင်စားတွေရတဲ့အခွင့်အရေးတွေ ဘာတွေကိုလည်း မြင်ရမယ်။ ဒါကတော့ ကောင်းတဲ့ဘက်ပေါ့။ အဲဒီပင်စင်စားဘဝရဲ့ မကောင်းတဲ့ဘက်ကိုလည်း ပြတော့ပြထားတယ်။ ဒါပေမဲ့ မကောင်းတဲ့ဘက်ကတော့ အမြဲမြင်နေကျအရာပဲမို သိပ်တော့မထူးလှပါဘူး။ ကောင်းတဲ့ဘက်ကတော့ တနင်္လာနေ့ မနက်မှာပြတဲ့ ပထမဆုံးရုပ်ရှင်ပြသမှုကို အသက်၆၀ပြည့် သက်ကြီးနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ အခမဲ့ကြည့်ခွင့်ရတာတို ဘာတိုပေါ့။ အတုယူချင်စရာကောင်းမယ့် အချက်တွေပါပဲ။ သူတိုလူကြီးချင်း မိတ်ဖွဲဆွေဖွဲဖြစ်ကြမယ်။ တစ်ပတ်ရုပ်ရှင်တစ်ကား ဘာစရိတ်မှမကုန်ဘဲကြည့်ခွင့်ရမယ်။ လူလွတ်တွေ မုဆိုးဖို မုဆိုးမတွေဆိုရင်လည်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့။ ဇာတ်အိမ်တည်ဆောက်ပုံကတော့ အရမ်းအကောင်းကြီးမဟုတ်ပေမဲ့ ဒီလိုထူးထူးခြားခြားအကြောင်းအရာကို အတုယူချင်ယူစရာကောင်းတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုမှာ တည်ဆောက်ပြထားတာမို ကြည့်တော့ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ဒီလိုကားတွေမှာ စာဖိုင်က တစ်ခါတလေ အခက်အခဲရှိတတ်တာမို ဒီကားက စာဖိုင်က အပြည့်တော့မစုံပါဘူး။ ၅ရာခိုင်နှုန်းလောက်တော့ လိုနေပါလိမ့်မယ်။ နည်းနည်းလေးတော့ သည်းခံပေးရပါလိမ့်မယ်။ ဒါပေမဲ့လည်း ဇာတ်ကိုတော့ မထိခိုက်တာကြောင့် ကြည့်လိုတော့ လုံးဝအဆင်ပြေပါတယ်။ ဒီလိုအတုယူချင်စရာကောင်းတဲ့ အသိုင်းအဝိုင်းတစ်ခုအကြောင်းကို မြင်ရမှာမို တန်တော့တန်မှာပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော W ပါ ) File size_( 3GB)/( 1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:44:00 Genre_Drama, Family Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

5 2023
Monday First Screening
Remnant
5.5

Horror၊ Mystery နဲ့ Thriller အမျိုးအစားဖြစ်တဲ့ Remnant ကတော့ အသံဖန်တီးမှုအထူးပြုလုပ်ချက်တွေကြောင့် Thriller ပရိသတ်တွေအကြိုက်တွေ့ကြမှာသေချာပါတယ်။ ကားမတော်တဆမှုတစ်ခုမှာ မိဘတွေကိုဆုံးရှုံးလိုက်ရပေမယ့် ခေတ်လွန်သိပ္ပံနည်းပညာစမ်းသပ်မှုတစ်ခုကြောင့် တစ်ဦးတည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ဂရေ့စ်ဟာ ဆေးရုံဆင်းလာကတည်းက ချောက်ချားစရာပုံရိပ်တွေနဲ့အသံတွေကို မြင်နေကြားနေရပြီး တမလွန်ကရင်းနှီးသူတွေက သူ့ကိုတစ်စုံတစ်ခုသတိပေးဖို့ ကြိုးစားနေတယ်လို့ ထင်လာခဲ့ပါတယ်။ သူငယ်ချင်းကိတ်နဲ့အတူနေထိုင်တဲ့ဂရေ့စ်ကို သိပ္ပံစမ်းသပ်မှုတစ်ခုလို သဘောထားတဲ့ဒေါက်တာစတုန်းက ဂရေ့စ်ကိုကင်မရာတွေနဲ့ အချိန်ပြည့်စောင့်ကြည့်နေတာကြောင့် တစ်စုံတစ်ခုထူးခြားနေမှန်း သိတဲ့အတွက် ဆေးရုံလာဖို့ငြင်းဆန်နေတဲ့ဂရေ့စ်ကိုဖမ်းဖို့ သူ့ လက်ထောက်ဂျွန်ကိုစေခိုင်းလိုက်ပါတယ်။ ဒါပေမဲ့ ဂျွန်၊ ဂရေ့စ်နဲ့ကိတ်တို့သုံးယောက်လုံးကို လူသတ်သမား တစ်ယောက်ကဖမ်းဆီးသွားတဲ့အခါမှာတော့ ဆန်းသစ်တဲ့နည်းပညာတွေ ထည့်သွင်းခံထားရတဲ့ဂရေ့စ်တစ်ယောက် ကိတ်နဲ့ဂျွန်ကိုကယ်ပြီး လူသတ်သမားလက်က ဘယ်လိုလွတ်အောင်ပြေးမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.55GB) / (840MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 52m Genre …..Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Crime • Drama
5.5 2024 112 mins
Remnant
Family Blood
4.8

Ellie လို့ခေါ်တဲ့ ဆေးစွဲတာကနေ နလန်ထူကာစ အမျိုးသမီးတယောက်က မြို့သစ်တခုကို ဆယ်ကျော်သက်အရွယ် သူ့ကလေးနှစ်ယောက်နဲ့ ပြောင်းလဲ အခြေချနေဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဘယ်လောက်ကြိုးစားကြိုးစား ဆေးမသုံးပဲ မနေနိုင်တာကြောင့် အခက်တွေ့နေရပါတယ်။ တနေ့ Christopher ဆိုတဲ့ လူနဲ့တွေ့တော့ သူ့ဘဝ တဆစ်ချိုးပြောင်းလဲလာပါတော့တယ်။ စွဲလမ်းမှုကို အခြားစွဲလမ်းမှုနောက်တမျိုးနဲ့ အစားထိုးမယ်ဆိုတာကနေ Ellie က ဘယ်လိုမှ မဆိုင်တဲ့ပုံစံပြောင်းသွားတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။ Horror/ Thriller အမျိုးအစားဖြစ်တာကြောင့် အဲဒီလို mystery ဆန်ဆန် ဇာတ်ကားမျိုးကို ကြိုက်တတ်တဲ့လူတွေ အတွက်ဇာတ်ကားကောင်းတခုဖြစ်မှာပါ။ File size… 905 MB/ 397 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 24m Genre ….. Horror / Thirller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Dr Zac

4.8 2018 92 mins
Family Blood
A New Kind of Wilderness
7.6

A New Kind of Wilderness (2024) IMDb Rating (7.6) / Rotten Tomatoes (90%) ဒီနော်ဝေးဒိုကူမန်ထရီမှာတော့ မိသားစုတစ်ခုကို ရိုက်ပြထားတယ်။ ထူးထူးခြားခြား ခေတ်သစ်လူနေမှုဘဝကြီးကနေ ကင်းကွာချင်ခဲ့တဲ့ မိသားစုတစ်စုပေါ့။ ဒီစိတ်ကူးကို နော်ဝေးသူ အမေကနေ စခဲ့တယ်။ အင်္ဂလန်သားအဖေနဲ့ နော်ဝေးသူအမေတို့ဟာ နော်ဝေးက ရွာလေးတစ်ရွာမှာ လယ်လေးတစ်လယ်မှာနေပြီး ဓာတ်ပုံဆရာအမေ ဓာတ်ပုံရိုက်လို့ရတဲ့ငွေနဲ့ ကိုယ်တိုင်စိုက်ထားတဲ့ သီးပင်စားပင်တွေနဲ့ မွေးထားတဲ့ တိရိစ္ဆာန်တွေကို အမှီသဟဲပြုပြီး ရှင်သန်ခဲ့ကြတယ်။ မောင်နှမလေးယောက်နဲ့ အဖေနဲ့အမေနဲ့ ခြောက်ယောက်ရှိတဲ့မိသားစုလေးပေါ့။ နောက်ပိုင်း ဒီစိတ်ကူးကို စခဲ့တဲ့ သူတို့အမေသေသွားတဲ့အချိန် သူတို့မိသားစုဟာ ဝင်ငွေမလောက်ငှတော့တာကြောင့် လယ်ကိုရောင်းပြီး မြို့ပေါ်ပြန်ပြောင်းရင်း ကြုံလာရတာတွေကို ပြထားတယ်။ ဒါတွေကအပေါ်ယံကြောတွေလို့ပဲ ပြောရပါမယ်။ သေသွားတဲ့လူတွေ ရှင်နေသေးတဲ့လူတွေ ကွဲကွာသွားသူတွေ ဘယ်လိုအခြေအနေတွေမှာပဲဖြစ်ဖြစ် မိသားစုဟာ ဘယ်လိုအသက်ဝင်နေလဲ ပြထားတဲ့ ရုပ်ရှင်လို့ အကျဉ်းဖျဉ်းပြောလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2 GB) / (820 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary Duration….01:24:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Animation • Comedy • Adventure • Science Fiction • Horror
7.6 2024 84 mins
A New Kind of Wilderness