YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Incomparable Beauty E19 720p WEB-DL CM.mp4

332.27 MB 720p video/mp4 47 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Transformers: Rise of the Beasts
7.3

7 ကားမြောက် ထရန်စဖော်မာရုပ်ရှင်လာပါပြီ။ Creed 3 ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Steven Caple Jr. ရဲ့လက်ရာပါပဲ။ ဒီတစ်ခေါက်မှာတော့ အော်တိုဘော့တွေနဲ့ ဒီဆက်တီကွန်တွေ ချတာမဟုတ်တော့ပါဘူး။ မက်စီမယ်ဆိုတဲ့ သားရဲပုံအများဆုံးပြောင်းတဲ့ ထရန်စဖော်မာ မျိုးနွယ် စုတွေ ပါလာပါပြီ။ အဓိကရန်သူကတော့ ယူနီခရွန်ဆိုတဲ့ ဂြိုလ်တွေကို အလုံးလိုက်စားပစ်တတ်တဲ့ နတ်ဘုရားလယ်ဗယ် အကောင်ကြီးတစ် ကောင်ပါပဲ။ အဲဒီအကောင်ကြီးဟာ မက်ဆီမယ်တွေရဲ့ ဂြိုလ်ကို ဖျက်ဆီးပြီး မက်ဆီ မယ်တွေဆီက ထရန်စဝါ့သော့လို့ခေါ်တဲ့ စကြဝဠာတွေထဲကို ခရီးသွားဖို့ ပေါ်တယ်တံခါးဖွင့်ပေးတဲ့သော့ကို လာလုပါတယ်။ အဲဒီသော့နဲ့ ဂြိုလ်ဘူ ဖေးစားဖို့ပါ။ ယူနီခရွန်နဲ့ သူ့တပည့် တယ်ရာကွန်တွေရယ် တယ်ရာကွန် ခေါင်းဆောင် စကာ့ဂျ်ရယ်ကို မနိုင်တော့လို့ မက်စီမယ်တွေ သော့ကိုယူပြီး ကမ္ဘာပေါ်မှာ ပုန်းနေကြရပါတယ်။ ဒါပေမဲ့ စကာ့ဂျ်က ခြေရာခံလိုက်လာပြီး သော့ကိုလုဖို့ကြိုးစားတဲ့အချိန်မှာတော့ ဆိုက်ဘာထရွန်စစ်ပွဲကနေ ရှောင် တိမ်းလာတဲ့ အော့တိမတ်ပရိုင်းရဲ့ အော်တိုဘော့တွေနဲ့ အော့တိမတ်ပရိုင် မယ်ရဲ့ မက်ဆီမယ်တွေပူးပေါင်းပြီး ယူနီခရွန်ရဲ့ တပ်ဖွဲ့တွေကို တားဆီးရပါ တော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size.......... Quality............WEB-DL 1080p / 720p Duration.........2Hr 07Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Sci-Fi Translator.......Mr.Anderson Encoder..........Aaron, SWM

Drama • Mystery • Thriller
7.3 2023 127 mins
Transformers: Rise of the Beasts
The Keeper of Lost Causes
7.1

ဟောလိဝုဒ်ကားတွေ အကြည့်များလို့ ရိုးနေရင် အပြောင်းအလဲလေး ဖြစ်အောင် စတိုင်ပြောင်းကြည့်လို့ကောင်းတဲ့ ဒိန်းမတ်စုံထောက်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်လိုက်ကျော် ကားလ်ဆိုတဲ့ စုံထောက်က ခေါင်းမာတယ် လူ့ဂွစာ အပေါင်းအသင်းမရှိဆိုပေမယ့် အရည်အချင်းလေး ရှိပြီး တစ်ဇွတ်ထိုးလုပ်တတ်သူ ဖြစ်ပါတယ်။ တစ်ရက် သူ့ရဲ့ခေါင်းမာမှုကြောင့် တွဲဖက်တွေက သေတာတို့ ဒုက္ခိတ ဖြစ်တာတို့ ရှိပြီး သူ့ကိုလည်း Q ဌာနလို့ခေါ်တဲ့ ဌာနအသစ်တစ်ခုကို ရာထူးချလိုက်ပါတော့တယ်။ ဒီ Q ဌာနဆိုတာက ဝန်ကြီးဌာနက အသစ်ဖွဲ့စည်းထားတာဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ပိတ်သိမ်းထားတဲ့အမှုတွေကို ပြန်စစ်ပြီး စာရင်းသွင်းရတဲ့ ပျင်းစရာ ဌာနတစ်ခုပေါ့။ ဝန်ထမ်းဆိုလို့ အရာရာကို အကောင်းမြင်စိတ်ရှိတဲ့ အာဆတ်ဆိုတဲ့တစ်ယောက်ပဲ ရှိတယ်။ဒီလိုနဲ့ လူပျော်အာဆတ်နဲ့ ဦးစိတ်တို ကားလ်တို့ ပျင်းစရာအမှုတွေ စစ်ဖို့ လုပ်ရင်း လွန်ခဲ့တဲ့ ၅ နှစ်က ထူးခြားတဲ့အမှုတစ်ခုကို ပြန်တွေ့သွားပါတယ်။ ဘာအမှုလည်း ဆိုတော့ ဦးနှောက်မကောင်းတဲ့ မောင်ဖြစ်သူကို ပြုစုပေးနေတဲ့ ကျန်းမာရေးနယ်ပယ်က အမျိုးသမီးတစ်ယောက် ဖယ်ရီသင်္ဘောပေါ်ကနေ ခုန်ချ သတ်သေတယ်ဆိုတဲ့အမှုပါ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုပြီး အမှုပိတ်ထားတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား မသင်္ကာလို့ အမှုပြန်ဖွင့်ပြီး လိုက်ကြတဲ့အခါ နောက်ကွယ်က ပင့်ကူမျှင်တွေလို ရှုပ်ယှက်ခတ်နေတဲ့ အမှောင်ခြမ်းတစ်ခု ထွက်ရှိလာပါတော့တယ်။ မိုးအေးအေးမှာ ဇိမ်ရှိရှိနဲ့ အေးဆေးကြည့်ရမယ့် စုံထောက်ဇာတ်အေး ရုပ်ရှင်၊ ဇာတ်အေးဆိုပေမဲ့ မပျင်းရဘူး၊ ဘာတွေဖြစ်မလဲ ဖြစ်မလဲဆိုတဲ့စိတ်နဲ့ သိချင်တဲ့အပြင် မျက်မှောင်ကြီးကြုံ တစ်ချိန်လုံ း စိတ်တိုနေတဲ့ ဇာတ်လိုက်နဲ့ ဘေးကနေ လူပျော်ဖြစ်တဲ့ လက်ထောက်တို့ သရုပ်ဆောင်မှုတွေကိုလည်း စီးမျောနိုင်မှာဖြစ်တယ်။ ဒီကားထဲက ဇာတ်လိုက်ဆိုရင် Tom Hanks ရဲ့ Angels & Demons မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီ Q ဌာနဟာ အောင်မြင် သွားပုံရပါတယ် ဒီကားပြီးတဲ့နောက် သူတို့နှစ်ယောက်ရဲ့ အမှုတွေ အကြောင်း ၃ ကားတောင် ထပ်ထွက်ထားပြီး အကုန်လုံးကလည်း IMDB မနည်းတာကို တွေ့ရှိရမှာပါ။ File size…1.03GB / 455MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 36m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Comedy • Fantasy
7.1 2013 93 mins
The Keeper of Lost Causes
Sunny
6.2

အခုတစ်ခေါက် ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ 2008 ခုနှစ်က ထွက်ရှိထားတဲ့ Drama,War,Music ဇာတ်လမ်း အမျိုးအစားလေးတစ်ခုဖြစ်တဲ့ Sunnyဆိုတဲ့ ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းလေးမှာကတော့ မင်းသမီး Soo AE က Sunny အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပြီး၊ Hospital playlist ရဲ့ ဇာတ်ဆောင် ကြီး Jung Kyung Ho ကလည်း ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါ တယ်။ ဇာတ်လမ်းအကျဉ်း .............................. ဆွန်းရီ လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်က အချစ်မပါတဲ့ အိမ်ထောင် ရေးတစ်ခုကို ရရှိထားပါတယ်။ တစ်နေ့မှာတော့ ခင်ပွန်းသည်က သူ့ကို အသိမပေးဘဲ ဗီယက်နမ်စစ်‌မြေပြင်ကို စစ်တိုက်ဖို့ ထွက်သွားတဲ့အချိန် မှာတော့... ခင်ပွန်းသည်ကို သူမရဲ့ အချစ်တွေကိုပြသဖို့အပြင်၊ ခင်ပွန်းသည် နဲ့ပါ တွေ့ဆုံနိုင်ဖို့အတွက် စစ်ပွဲတွေမှာ ဖျော်ဖြေကပြတဲ့ အဖွဲ့ထဲဝင်လိုက် တော့တယ်။ သူမက ဗီယက်နမ်တိုက်ပွဲတွေကြားထဲအထိသွားပြီး သူ့ရဲ့ အချစ်တွေကို ဘယ်လို ခိုင်ခိုင်မာမာ သက်သပြသွားမလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size..........(2.4 GB) / (1.1 GB) / (720 MB) Quality............BluRay 1080p / 720p / 480p Duration.........2Hrs 06mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Music, Romance Translator.......June Encoder..........Zin Phyo Aung

Adventure • Drama • Romance
6.2 2008 126 mins
Sunny
Vengeance Is Mine
5.8

အသက်တမျှချစ်ရတဲ့ ဇနီးနဲ့သမီးကို ဆုံးရှုံးလိုက်ရတဲ့ ဟာရီဆိုတဲ့ သာမန်လူတစ်ယောက်... ဖိုက်တာကြီးတစ်ယောက်မဟုတ်သလို ဟီးရိုးကြီးတစ်ယောက်လည်းမဟုတ်တဲ့ အပစ်အခတ် အသတ်အပုတ်တွေနဲ့ အဝေးဆုံးက သာမန်တွေထဲက သာမန်သူတစ်ယောက်... အုံ့မှိုင်းမှိုင်းနေ့ရက်တွေထဲ လူ့အဖွဲ့အစည်းရဲ့ ဟိုးအောက်ခြေက ဘုရားကျောင်းသန့်ရှင်းရေးလုပ်တဲ့ သာမန်လူတစ်ယောက်… ဒါပေမဲ့ ဇနီးနဲ့သမီးကို သတ်သွားတဲ့ လူသတ်သမားတွေရဲ့နေရာကို သိသွား​ပြီးနောက်မှာတော့ လက်စားချေလိုစိတ်ကမောင်းနှင်တဲ့ ခွန်အားနဲ့ ပူဆွေးမှုကနိုးထပြီး ဒီဇာတ်လမ်းကို စ,ခဲ့ပါတော့တယ်။ တစ်ခုသိထားရမှာကတော့ ဟာရီဟာ သာမန်သူတစ်ယောက်ဆိုတာပါပဲ။ ကြွက်သားကြီးတွေထုတ်ပြပြီး ရိုးအီနေတဲ့ စကားမျိုးတွေ ပြောမှာမဟုတ်သလို တစ်ပတ်လည်ကန်ချက်တွေလည်းလာမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒါကြောင့်ပဲ လူသားဆန်တဲ့ဇာတ်ကောင်တစ်ခုကို ခံစားရစေမှာပါ။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာက သူ့ရဲ့အဓိကရုပ်ရှင်ပရောဂျက် (ဒီဇာတ်လမ်းထဲမှာလည်း စာအုပ်နာမည်ပါသွား) မစခင်လေးမှာ ဒီကားကို ရိုက်ကူးရေးအဖွဲ့သားနည်းနည်းရယ် ပေါ့ပေါ့ပါးပါး Lighting လောက်ပဲသုံးပြီး စကားပြောခန်း နည်းနိုင်သမျှနည်းအောင် ရိုက်ကူးခဲ့တာပါ။ မင်းသားကြီး Con O'Neill ကလည်း The Batman ရိုက်ကူးရေးနားနေတဲ့အချိန်တွင်းမှာ လာရိုက်ပေးခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 670MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 19Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Horror
5.8 2021 84 mins
Vengeance Is Mine
Feed Me
5.1

အားလုံးကို သိပ်မကြာသေးခင်က လောလောလတ်လတ် အသစ်ထွက်ရှိထားတဲ့ Dark Comedy အမျိုးအစား ဟော်ရာဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDB rating အရ Horror ကားအနေနဲ့ဆိုရင် ကြည့်ပျော်ရှုပျော်ထက်ပိုတဲ့ မဆိုးလှတဲ့အနေအထားလို့ ပြောရမှာပါ။ ဇနီးသည်သေသွားလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေနဲ့ ယူကျုံးမရဖြစ်နေပြီး ဇနီးသည်ပုံရိပ်ကိုထင်ယောင်ထင်မှားမြင် စိတ်ကျရောဂါ၀င် ထရော်မာရနေတဲ့ ဂျိတ်ဆိုတဲ့သူကို အရက်ဆိုင်မှာ သူစိမ်းတစ်ဦးက မင်းရဲ့၀န်ပိုးတွေ အကုန်ဖယ်ရှားပေးနိုင်တယ်လို့ပြောပြီး ထူးဆန်းတဲ့အပေးအယူတစ်ခုနဲ့ ချည်းကပ်လာပါတယ်။ အဲဒီအပေးအယူက သေချင်နေတဲ့ဂျိတ်ကို တဖြည်းဖြည်း သတ်ပေးပြီး ဂျိတ်ရဲ့အသားကိုတော့သူစားမယ်ဆိုတာပါပဲ။ ဇနီးသေဆုံးမှုကြောင့် အပြစ်တင်စိတ်တွေနဲ့ပြည့်နေတဲ့ ဂျိတ်ကရော ဒီကမ်းလှမ်းချက်ကိုလက်ခံလိုက်ပါ့မလား။ အဲဒါအပြင် မထင်မှတ်ထား‌တာတွေကိုပါ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားမှာ သွေးသံရဲရဲပြကွက်တွေ လူသားစားတာတွေပါတာကြောင့် Gore Movie တွေကို ကြိုက်နှစ်သက်တဲ့သူတွေ ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 751MB Quality - 1080p, 720p Format - mp4 Duration - 1H 36Min Genre - Comedy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Comedy • Romance
5.1 2022 96 mins
Feed Me
[18+] Jan Dara: The Beginning
5.7

ဒီဇာတ်ကားကတော့ ထိုင်းမင်းသားမာရီယို နုစဉ်ကာလက ရိုက်ကူးထားတဲ့ 18+ Erotic Drama ထိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်... မွေးဖွားတုန်းက မိခင်ဆုံးပါးသွားတာကြောင့် ဖခင်ဖြစ်သူရဲ့ မုန်းတီးခြင်းကိုခံခဲ့ရတဲ့ ဂျန် အဘွားဖြစ်သူရဲ့ ကယ်တင်မှုကြောင့် မွေးမွေးပြီးခြင်း အသက်ဘေးကလွတ်ခဲ့ရတဲ့ ဂျန် မိခင်ဖြစ်သူရဲ့ ညီမဝမ်းကွဲ အဒေါ်ဖြစ်သူရဲ့ ပြုစုစောင့်ရှောက်မှုကြောင့် လူလားမြောက်ခဲ့ရတဲ့ ဂျန် ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပေါ့။ ၁၉၁၅ ခုနှစ် မုန်တိုင်းထန်တဲ့ ညတစ်ည ဘန်ကောက်မြို့ ဗလန်ပူးအိမ်တော်ကြီး မှာ ပျားပန်းခေတ်မျှအလုပ်ရှုပ်နေကြတဲ့ အလုပ်သမားများနဲ့ မခံမရပ်နိုင်နာကျင်မှုကို အံတုပြီး မိမိရဲ့ ရင်သွေးကို မွေးဖို့ ကြိုးစားနေတဲ့ အိမ်တော်ရဲ့ သခင်မ ဒါရာဟာ သူမရဲ့သားလေး ဂျန်ကို မွေးမွေးပြီးခြင်း လောကကြီးကို ကျောခိုင်းစွန့်ခွာသွားခဲ့ပါတယ်။ မိန်းမဖြစ်သူကို ဆုံးရှုံလိုက်ရတဲ့ ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာက ဂျန်ကို သတ်ပစ်ဖို့အထိ မိုက်လုံးကြီးခဲ့ပေမယ့် ဘွားအေဖြစ်သူ၏ကယ်တင်မှုကြောင့် လောကကြီးမှာ ဆက်လက်ရှင်သန်ခွင့်ရခဲ့သလို ဖခင်ဖြစ်သူရဲ့ အမုန်းတရားကိုပါ မွေးမွေးပြီးခြင်းလက်ခံရရှိလိုက်ပါတော့တယ်။ မိခင်ရဲ့ ညီမဝမ်းကွဲ အဒေါ်ဖြစ်သူ ဝက်ဒ်ရဲ့ ပြုစုမှုနဲ့သာ ဂျန်ဟာ လူလားမြောက်ခဲ့ရပါတယ်။ ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာဟာ မိန်းမဖြစ်သူ သေဆုံးပြီး အစောပိုင်းမှာ ငြိမ်နေခဲ့ပေမယ့် ဗလန်ပူးအိမ်တော်ကြီးရဲ့ အုပ်ချုပ်သူဖြစ်တဲ့ မိန်းမရဲ့အဘွား ခရီးထွက်နေချိန်မှာတော့ ဗလန်ပူးအိမ်တော်ကြီးကို သိမ်းပိုက်ဖို့ကြိုးစားပါတော့တယ်။ သူ့အမိန့််မနာခံတဲ့ အစေခံယောကျာ်းတွေကို အလုပ်ထုတ်ပစ်တာအပြင် အစေခံမိန်းမများကို အပျို/အအို မရွေးဘဲ သူ့နည်းသူ့ဟန်နဲ့ စည်းရုံးသိမ်းသွင်းပါတော့တယ်...နောက်ပိုင်းမှာ အိမ်ကြီးတခုလုံးကို သိမ်းပိုက်ပြီး မရီးဖြစ်သူ ဝက်ဒ်ကိုပါ သိမ်းပိုက်ဖို့ ကြံစည်လာတဲ့အခါ.... အမေ တဖြစ်လဲ အဒေါ်ဖြစ်သူ ဝက်ဒ်က ဂျန်ကို သတ်ချင်နေတဲ့ သူ့အဖေအနေနဲ့ ဂျန်ကို ထပ်ပြီးရန်မရှာဖို့ ကတိတောင်းခံခဲ့ပြီး သူမရဲ့ဘဝနဲ့ အလဲအထပ်ပြုလုပ်လိုက်ပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာချိန်မှာတော့ ဖခင်ဖြစ်သူရဲ့ မုန်းတီးနှိပ်စက်မှုတွေကြောင့် စိတ်ဒဏ်ရာများစွာရရှိခဲ့တဲ့ ဂျန်ဟာ ဖအေတူမအေကွဲညီမဖြစ်သူနဲ့ သူငယ်ချင်းတို့နှစ်ယောက် လူငယ်ဘာဝဖြစ်ပျက်နေကြပုံကို မမျှော်လင့်ထားဘဲ တွေ့မြင်သွားတဲ့အခါ...။ ငယ်ရွယ်စဉ်ကတည်းက ဖခင်ဖြစ်သူနဲ့ အစေခံမိန်းမတွေရဲ့ ဖောက်ပြန်မှုတွေကို တွေ့မြင်ဖူးထားတဲ့ ဂျန်က ဘယ်လို လက်တည့်စမ်းမှုတွေပြုလုပ်မလဲ ... ဖခင်ဖြစ်သူရဲ့ရည်းစားဟောင်းကို ဖခင်ဖြစ်သူက အိမ်ကို ခေါ်ဆောင်လာတဲ့ အခါမှာရော ဂျန်နဲ့ဘယ်လိုတွေဖြစ်ကြမလဲ ... ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာကရော ဘယ်လိုဆက်လိုဇာတ်လမ်းဆက်မလဲ... ဘွားအေဖြစ်သူကကော ဘယ်လိုလှည့်ကွက်တွေပြုလုပ်ထားခဲ့သလဲ ဆိုတာကိုတော့... တသီတတန်းကြီး မနားတမ်းကြည့်ရှုရမှာပါ။ အဆက်အနေနဲ့ Jan Dara: The Finale (2013) ဆက်ထွက်ထားပြီး Jan Dara ကားများကို ဒီမှာ https://channelmyanmar.org/?s=jan+dara ကြည့်ပါ။ မာရီယိုပရိတ်သတ်တွေလဲ မာရီယိုရဲ့စကေးတွေကို လက်လွတ်မခံသင့်သလို လူ့သဘောမနောအမှောင်ခြမ်းတွေအကြောင်းလဲ ဖော်ပြထားတာကြောင့် ပညာပေးဇာတ်လမ်းအဖြစ်လဲ လက်လွတ်မခံသင့်ပါဘူး။ File size…(2.2 GB)/(940 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:17:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Hseng Hom

Drama • History • Romance
5.7 2012 137 mins
[18+] Jan Dara: The Beginning
Oro Arrowhead
5

၁၈၃၀ ခုနစ်မှာ အမေရိကန်အစိုးရဟာ ဌာနေတိုင်းရင်းသား အင်ဒီးယန်းတွေကို နေရာရွှေ့ပြောင်းရေး အစီအမံလုပ်ခဲ့ပါတယ်။အသစ်ဝင်ရောက်လာတဲ့ လူဖြူတွေ ဝါဂွမ်းစိုက်ပျိုးလို့ရအောင်မြေလိုတဲ့အတွက်လို့ အကြောင်းပြပြီး ချရိုကီးလူမျိုး ၁၆၀၀၀ ကျော်အပါအဝင် လူပေါင်း၆၀၀၀၀ လောက်ရှိတဲ့ မျိုးနွယ်စု ငါးစုကိုမိုင်ပိုင်းများစွာ လမ်းလျှောက်ခရီးနဲ့ အတင်းအကျပ်ပြောင်းရွှေ့ခဲ့ပါတယ်။ ပင်ပန်းဆင်းရဲမှုကြောင့် လူပေါင်း လေးထောင်ကျော်သေဆုံးခဲ့ပြီး မျက်ရည်လျှောက်လမ်းလို့ အမည်တွင်ခဲ့ပါတယ်။ ဒါ့အပြင် မျိုးနွယ်စုတွေ ဖယ်ရှားခံခဲ့ရတဲ့နေရာတွေဟာ တွင်းထွက်ပစ္စည်းလည်း ထွက်တဲ့အတွက် လူဖြူတွေက လိုချင်တပ်မက်ခဲ့တာပါ။ အဲဒါကို သိတဲ့ မျိုးနွယ်စုတွေဟာ ရွှေတွေကို တူးဖော်ပြီး မှော်အစီအရင်တွေနဲ့ ဖွက်ခဲ့ပါတယ်။ နောင်အခါမှာ အဲဒီအကြောင်းကို သိတဲ့ သိုက်တူးဖို့ လာသူတွေလည်း အများကြီးရှိတာပေါ့။ ဒီဇာတ်ကားမှာတော့ မြို့တော်ဝန်ဟာ ရွှေသိုက်ကို ရှာဖွေနေသူပါ။ အခြားဒီလိုမျိုး အကြံအစည်ရှိသူ ရှာဖွေသူတွေကို ခြိမ်းခြောက်လေ့ သတ်ပစ်လေ့ရှိပါတယ်။ ဒါကြောင့် မြို့တော်ဝန်ချုပ်ကိုင်ထားတဲ့ အဲ့နယ်မြေတွေမှာ ပြည်သူတွေဟာ တုပ်တုပ်မှ မလှုပ်ရဲ ကြပါဘူး။ တစ်ခါမှာတော့ ဇာတ်လိုက်ဖြစ်သူ ဗိုလ်မှူး ဂျင်မ်ပိုဝဲလ် တစ်ယောက် ဖခင် ရုတ်တရက်သေဆုံးမှုကြောင့် အသုဘကိစ္စအတွက် မြို့ကို ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ဖခင်သေဆုံးမှုဟာ သမားရိုးကျမဟုတ်တာကို သိရှိသွားပြီနောက် ရွှေသိုက်နဲ့လည်း ဘယ်လိုဆက်စပ်လာမလဲဆိုတာကို တွေ့ရမှာပါ။ စွန့်စာခန်းတွေပါတဲ့ Adventure အမျိုးအစားဖြစ်ပြီး နောက်ခံသမိုင်းကြောင်းကောင်းကောင်းနဲ့ ကြည့်ကောင်းမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Zaw Myo Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Zaw Myo Thu, Luca Mi တို့ဖြစ်ပါတယ်။) File Size..........(1.25 GB) / (620 MB) Quality............WebRip 1080p / 720p Duration.........1Hr 52mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Adventure Translator.......Zaw Myo Thu, Luca Mi Encoder..........SWM

Thriller
5 2022 112 mins
Oro Arrowhead
Kimi
6.2

Siri လည်းမဟုတ် Alexa လည်းမဟုတ် ... နည်းပညာတစ်ခေတ်ဆန်းမယ့် Kimi ခေတ်ကိုရောက်ရှိလာပါပြီ။ ဘာတွေကွာလည်းဆိုတော့ Kimi ကလူကိုယ်တိုင်ဖြေကြားတာပါတဲ့။ အဲ့ဒီတော့ နားလည်မှုလွဲတာတွေမဖြစ်နိုင်ဘဲ ကိုယ်လိုချင်တာကို တိတိကျကျ အဖြေပေးနိုင်တဲ့ Kimi ဆိုတဲ့ကုန်ပစ္စည်းလေးက ဒီကားလေးမှာ အဓိကဇာတ်ဆောင်ဖြစ်လို့နေပါတယ်။ Kimi လေးကိုဈေးကွက်မှာမိတ်ဆက်ဖို့ တစ်ပတ်အလိုမှာ ဒီဇာတ်လမ်းကို စတင်ထားပါတယ်။ အွန်လိုင်းနဲ့ချိတ်ဆက်ထားပြီး သုံးစွဲသူတောင်းဆိုသမျှကိုပြန်ဖြေနိုင်ဖို့ Kimi လေးက အသံတွေကိုအမြဲတမ်းဖမ်းယူထားရပါတယ်။ အန်ဂျလာက အဲ့ဒီအသံဖိုင်ကိုနားထောင်ပြီး ခွဲခြမ်းစိတ်ဖြာပေးရတဲ့ ဝန်ထမ်းတစ်ဦးပေါ့။ တစ်နေ့မှာ အဲ့ဒီအသံဖိုင်ထဲကနေ “ရပ်လိုက်...ရပ်လိုက်...တော်ပါတော့...” ဆိုတဲ့ဖိုင်ကိုနားထောင်ပြီးတဲ့နောက် အန်ဂျလာတစ်ယောက် မသင်္ကာဖြစ်လာခဲ့ပါတယ်။ အန်ဂျလာက အသံဖိုင်ထဲက Kimi ပိုင်ရှင်ကိုဘယ်လိုရှာပြီး ဘယ်လိုတွေဇာတ်လမ်းဆက်မလဲဆိုတာကိုတော့ ဇာတ်ကားကောင်းတွေကြိုက်သူအဖို့ ဆက်ပြီးကြည့်လိုက်ပါတော့ဗျာ... အညွှန်းကိုတော့ JoJoVa က ရေးသားပေးထားပြီးတော့ ဘာသာပြန်ပေးထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Crime, Drama, Thriller Quality….WEB-DL 1080p and 720p File size…1.34 GB, 738MB, 244MB Format…mp4 Duration….1h 29min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder .....August

Horror • Mystery • Thriller
6.2 2022 89 mins
Kimi
Chong Zi – The Snow Fairy Love
6

ဟဲလို ဒီတစ်ခါ CM တင်ဆက်မယ့်ရုပ်ရှင်က The Journey of Chong Zi (2023)ရဲ့ Movie Version လေးပဲဖြစ်ပါတယ် ယင်ဆွေရှန်းဟာ ထျန်းစန်းနတ်ဂိုဏ်း ရွှယ်လင်ရဲ့တပည့်ဖြစ်ပြီး ဆရာ့ကိုချစ်မြတ်နိုးတဲ့အတွက်ကြောင့် န တ်ဂိုဏ်းစည်းမျဉ်းချိုးဖောက်မိပြီး နှင်ထုတ်ခံရတယ်။ ရွှယ်လင်(နတ်မင်း)တာဝန်ဟာ လူသားတွေကို ကာကွယ်စောင့်ရှောက်ရတယ်။ ရွှယ်လင်ဟာယင်ဆွေရှန်းအပေါ် မေတ္တာသက်ဝင်မှုတွေကို စိတ်ထဲမြိုသိပ်ထားရတယ်။ ‌ ဒီလိုနဲ့ရွယ်လင်ဟာနတ်ဆိုးဘုရင်နီလွင်နဲ့ တိုက်ခိုက်ရမှ သေဆုံးသွားတယ် ယင်ဆွေရှန်း နတ်ဆိုးလောကမှာ ဘယ်လိုအခက်အခဲကြုံတွေ့နိုင်မလဲ ။ ရွှယ်လင်ဟာပြန်လည်နိုးထလာပြီးနောက် ယင်ဆွေရှန်းနဲ့အတူ ဇနီးမောင်နှံအဖြစ် လူ့ပြည်မှာနေထိုင်တယ်။ ပြီးနောက် နတ်ဆိုးလောကက မိစ္ဆာမိဖုရား ရွှမ်လွေ့ကို ဖိနှိပ်ဖို့စေလွှတ်တဲ့အခါမှာ ရှောင်လန်(နတ်ပင်)နဲ့ မိစ္ဆာမိဖုရား ရွှမ်လွေ့တို့ရဲ့ အချစ်နဲ့အမုန်းတရားရန်ငြိုးတွေဖြစ်ပွားလာတော့ သူတို့လေးဦးကြားမှာ ဘယ်လိုအချိတ်ဆက်တွေရှိနိုင်မလဲ ယင်ဆွေရှန်း၊ ရွှယ်လင်တို့ကြား ဘယ်လိုအထင်လွှဲမှုတွေဖြစ်လာပြီး ပြေလည်သွားမလဲ သူတို့နှစ်ဦးရဲ့ အချင်းချင်းပေးဆပ်မှု၊ ကာကွယ်မှုနှင့် ယုံကြည်မှုတို့ကို CM ပရိတ်သတ်တို့စောင့်မျှော်ကြည်ရှုကြပါရှင်

6 2023
Chong Zi – The Snow Fairy Love
Dragon Gate Posthouse 9: Unexpected Romance
5.8

ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ် ဒီမှာရှာပါ ဒါလေးကတော့ အချစ်အတွက် အချိန်တွေ သေရေးရှင်ရေးတွေကို ကျော်ဖြတ်ခဲ့တဲ့ ဖူးစာတစ်ခုပဲ ဖြစ်ပါတယ်။ မာတာ့လုဟာ စာပေသမားဖန်းကျွင့်ကို ယွဲ့ယာမြို့မှာ စာသင်ကျောင်းဖွင့်နိုင်ရန် ကူညီပေးခဲ့ပါတယ် ဒါပေမဲ့ ၃ လအတွင်း ကျောင်းသား တစ်ယောက်မှ မရှိလို့ ကျောင်းပိတ်လိုက်ရတော့မလို ဖြစ်နေပါတယ်။ ကံကောင်းစွာနဲ့ ကျူးအာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကူအညီရခဲ့ပြီးမှ အခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျူးအာဟာ အလွန်ဉာဏ်ကောင်းပြီး ဖန်းကျွင့်အပေါ်လည်း အလွန် ဂရုစိုက်သူ ဖြစ်ပါတယ်။ ဖန်းကျွင့်ကတော့ သူ့ကို ပစ်သွားတဲ့ ဇနီးလောင်း ရှန်ယန့်ကိုပဲ ပြန်လာစေချင်နေပါတယ်။ ရှန်ယန့်ဟာ သူ့ရဲ့သူဌေးနှင့် အိမ်ထောင်ပြုနိင်ဖို့အတွက် ဖန်းကျွင့်ကို ရက်စက်စွာ လုပ်ကြံခဲ့ပါတယ်။ ဖန်းကျွင့်ဟာ အသက်အန္တရာယ်နှင့် ကြုံတွေ့ရချိန်မှာ ကျူးအာ ကဘယ်လိုကာကွယ်မလဲ ကျူးအာတစ်ယောက် ဖန်းကျွင့်ရဲ့ မေတ္တာတွေကို လက်ခံရနိုင်မလား…… ကျူးအာရဲ့ သရုပ်မှန်ကရော ဘာဖြစ်နေမလဲ….. ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.8 2018
Dragon Gate Posthouse 9: Unexpected Romance
Scrambled

ဒီဇာတ်ကားမှာဆိုရင် အမျိုးသမီးတစ်‌ယောက်ရဲ့ ဖြစ်တည်မှု၊ အမျိုးသမီးတစ်ယောက်ရဲ့ mid-life crisis တွေကို ရိုက်ပြထားတာတွေရပါမယ်။ ထူးခြားတာကတော့ ဇာတ်ညွှန်းရော၊ ဒါရိုက်တာရော၊ သရုပ်ဆောင်ရော Leah McKendrick ကိုယ်တိုင်ပါပဲ။ နယ်လီ ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့ချစ်သူ ရှောန်နဲ့ပြတ်သွားပြီးတဲ့နောက်မှာ single တစ်ယောက်အနေနဲ့ သူ့ဘဝကြီးကို အပျော်ပွဲတွေတက်၊ ယောက်ျားတွေနဲ့ ဒိတ်လုပ်ရင်းအချိန်‌တွေကုန်ခဲ့ပါတယ်။ တစ်နေ့ကျတော့ သူ့သူငယ်ချင်း‌တွေအားလုံး သူ့အိမ်ထောင်၊ သူ့ဘဝနဲ့သူ ‌တည်တည်ငြိမ်ငြိမ်ဖြတ်သန်းတော့မယ့်အချိန်မှာ… သူ့မိသားစုကပေးလာတဲ့ဖိအားတွေနဲ့ အသက်လတ်အမျိုးသမီးတစ်ယောက်ရဲ့ဖြစ်တည်မှုဆိုင်ရာပြဿနာတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက comedy, drama အမျိူအစားဖြစ်ပြီး အမျိုးသမီးတစ်ယောက်မှာကြုံတွေ့ရတဲ့၊ အမျိုးသားတွေနဲ့မတူတဲ့ အချိန်ယန္တရားရဲ့ခြိမ်းခြောက်မှုတစ်ခုကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ File size…(1.3 GB)/(767 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Luca

Documentary
0 2024
Scrambled
Diaz – Don’t Clean Up This Blood
7.3

IMDb Rating 7.3 အထိရရှိထားတဲ့ Diaz – Don’t Clean Up This Blood ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဘယ်ဖြစ်ရပ်မှန်ကိုအခြေခံထားတာလည်းဆိုတော့ 2001 ခုနှစ်တုန်းကအီတလီမှာပြုလုပ်ခဲ့တဲ့ G8 ညီလာခံမှာ ဆူပူသောင်းကျန်းဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး အဲ့ဒီနောက်ဆက်တွဲဖြစ် ခဲ့တဲ့အရာတွေကို အခြေခံထားတာပဲဖြစ်ပါတယ်။အဲ့ဒီအထိကရုဏ်းတွေ ဖြစ်ခဲ့တဲ့အချိန်မှာ ရဲတွေရဲ့ပစ်ခတ်မှုကြောင့် လူငယ်တစ်ယောက် သေဆုံးသွားခဲ့ရပြီး ဆန္ဒပြမှုတွေအရှိန်အဟုန်ပိုတိုးလာခဲ့ပါတယ်။ ရဲတွေဘက်ကလည်း အဲ့ဒီဆန္ဒပြသူတွေကိုနှိမ်နင်း ဖမ်းဆီးဖို့ကြိုးစား နေခဲ့ကြပါတယ်။တစ်နေ့မှာတော့ ဆန္ဒပြသူတွေပုန်းခိုနေတဲ့ နေရာအတိ အကျသတင်းရသွားပြီး ဝင်ရောက်စီးနင်းခဲ့ပါတော့တယ်။ဒါပေမယ့် ရဲတွေရဲ့ ထုံးစံအတိုင်းဖမ်းဆီးတာကို ရိုးရိုးတန်းတန်းမဖမ်းဆီးပဲ အကြမ်းဖက် ရိုက်နှက်ပြီးဖမ်းဆီးခဲ့ပြီး အဲ့ထဲမှာသတင်းထောက်တွေ ဂျာနယ်လစ်တွေပါနေတဲ့အခါမှာတော့ သူတို့ရဲ့ရက်စက်မှုတွေကို တစ်ကမ္ဘာလုံးသိအောင်ဖော်ပြခဲ့ပုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.52GB / 1.21GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Thriller
7.3 2012
Diaz – Don’t Clean Up This Blood
One in 89 Murderers
5.8

သူဌေးသားလေး မုံ့ယိယွမ်နဲ့ နာမည်ကြီးအစီအစဥ်တင်ဆက်သူ ချန်ပင်းတို့ လက်ထပ်ခါနီးမှာပဲ မုံ့ယိယွမ်တစ်ယောက် ပြန်ပေးဆွဲခံရပြီး သုံးလေးရက်အကြာမှာတော့ မုံ့မိသားစုဆီကို ဗီဒီယိုတစ်ခုနဲ့အတူ ငွေညှစ်တဲ့ကိစ္စဖြစ်လာပါတယ် ဒါပေမဲ့ပြန်ပေးဆွဲထားတဲ့ဘက်ကို ငွေသွားပေးတဲ့အခါ ငွေကိုထားခဲ့ရပေမဲ့ မုံ့ယိယွမ်ကတော့ ပြန်ပေါ်မလာခဲ့ပါဘူး ၃ ရက်ကြာတဲ့အခါ မြစ်ကမ်းဘေးမှာ လက်ပြတ်တစ်ခုတွေ့လို့ ရဲဘက်က စစုံစမ်းတဲ့အခါမှ အဲဒီလက်ပြတ်က မုံ့ယိယွမ်ရဲ့ လက်ဖြစ်နေခဲ့ပြီး ရဲဘက်ကနေ မုံ့ယိယွမ်သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ် သဲလွန်စတွေ စုံစမ်းကြတဲ့အခါ မုံ့ယိယွမ်နဲ့ ဖောက်ပြန်နေတဲ့ စူးရှောင်ချင်ရယ် စူးရှောင်ချင်ရဲ့ ရည်းစားဟောင်းဖြစ်သူ ချန်ကျစ်တို့ပါ ဒီအမှုနဲ့ ပတ်သက်နေပေမဲ့ ရဲဘက်က စစ်ဆေးလိုက်တဲ့အခါ အမှုကွင်းဆက်က မုံ့ယိယွမ်ရဲ့ ဇနီးလောင်းချန်ပင်းကိုပဲ ညွှန်ပြနေခဲ့ပါတယ် ဒါပေမဲ့ ချန်ပင်းနဲ့ စူးရှောင်ချင်ဟာ ရုပ်ချင်းတူနေတဲ့အခါမှာတော့… ဒီအမှုက အချစ်ကြောင့်ဖြစ်လာတဲ့ ရိုးရှင်းတဲ့ လူသတ်မှုလား ဒါမှမဟုတ် နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေဦးမှာလဲဆိုတာရှုစားကြပါဦး

5.8 2024
One in 89 Murderers
The Vanished
6.6

အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ စပိန်ဇာတ်ကား The Body ကို ပြန်လည်ရိုက်ကူးထားတဲ့ psychological thriller အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ထက်မြက်လှပပြီး ကြွယ်ဝချမ်းသာမှုတွေကိုပိုင်ဆိုင်ထားတဲ့ ဘာရွန်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌ ယွန်းဆိုဟီး(Kim Hee-ae)ဟာ ရုတ်တရက် သေဆုံးသွားခဲ့ပြီးသူမရဲ့အလောင်းဟာ ထူးဆန်းစွာပျောက်ဆုံးခဲ့ပါတယ်။ ပတ်ဂျင်ဟန်( Kim Kang-woo )ဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး ဇနီးသည်ယွန်းဆိုဟီးရဲ့ဆေးဝါးကုမ္ပဏီမှာလည်း မန်နေဂျင်းအဖြစ် လုပ်ကိုင်နေသူပါ။ ဇနီးသည် ယွန်းဆိုဟီးရဲ့အလောင်း ပျောက်ဆုံးခဲ့ပြီးနောက်မှာတော့ လူတိုင်းအားကျနေရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ သူတို့စုံတွဲရဲ့နောက်ကွယ်က အိမ်ထောင်ရေးအရှုပ်အရှင်းတွေနဲ့အတူ ယွန်းဆိုဟီးရဲ့ သေဆုံးမှုနောက်ကွယ်က ခင်ပွန်းသည်ရဲ့လုပ်ကြံဆောင်ရွက်မှုတွေကို ပရိသတ်ကြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်ချမ်းသာပြီး လူတိုင်းအားကျရတဲ့ သူဌေးစုံတွဲရဲ့လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေကိုဖော်ထုတ်ရင်း စုံထောက် ဝူဂျောင်ရှစ်( Kim Sang- Kyung)တစ်ယောက် သူ့ချစ်သူရဲ့ပျောက်ဆုံးမှုအကြောင်းအရင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖော်ထုတ်သွားမလဲဆိုတာကိုပါ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို့ ဇာတ်လမ်းအဆုံးအထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ထိတ်လန့်ဖွယ်ရာ သည်းထိတ်ရင်ဖိုကားလေးတစ်ကားကို လက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော် ဇာတ်ကားထဲမှာပါဝင်တဲ့သူတွေကတော့ ယွန်းဆိုဟီးအဖြစ် အခုလက်ရှိ The world of married couple ဇာတ်လမ်းနဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Kim Hee-ae ပါမောက္ခ ပတ်ဂျင်ဟန်အဖြစ် Kim Kang-woo စုံထောက် ဝူဂျောင်ရှစ်အဖြစ် Kim Sang- Kyung တို့က အဓိကပါဝင်ထားကြပါတယ်။ ပရိသတ်အားပေးမှုရရှိထားတဲ့ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ လျှို့ဝှက်သည်းဖိုဇာတ်လမ်းကောင်းလေးဖို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့နဲ့နော်။

Romance
6.6 2018 101 mins
The Vanished