YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

In.Your.Dreams.2023.TURKISH.720p.WEBRip.(CM).mp4

559.25 MB N/A video/mp4 331 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Liar x Liar
7.8

ဒီကားလေးကတော့ Liar x Liarဆိုတဲ့ Mangaလေးကို Live action ပြန်ရိုက်ထားတဲ့ ကားလေးပါ။ "အစကတော့ အလိမ်ညာလေးတစ်ခုပါပဲ။ ဒီအလိမ်အညာလေးက ကျွန်မတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲသွားစေမယ်လို့ မထင်ခဲ့မိဘူး" ဒီစကားလေးအတိုင်းပဲ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းက အလိမ်အညာတစ်ခုကနေ စတင်ခဲ့တာပါ။ Minato ဆိုတဲ့ကောင်မလေးက တက်တက်ကြွကြွရှိတဲ့ ချစ်စဖွယ် ‌တက္ကသိုလ်ကျောင်းသူလေးပါ။ အလယ်တန်းကျောင်းကစလို့ တက္ကသိုလ်ရောက်တဲ့အချိန်ထိ အေးအေးချမ်းချမ်းနေရတဲ့ရက်ဆိုတာ မရှိခဲ့တဲ့ ကံဆိုးမလေးဆိုရင်လည်း မမှားပါဘူး။ ဒီကိစ္စတွေရဲ့ တရားခံကတော့ သွေးသားမတော်စပ်တဲ့ မောင်ဖြစ်သူ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး Toruပါပဲ။ ရုပ်ချောသလောက် ပွေရှုပ်လွန်းအားကြီးတဲ့ Toruကတော့ ခန့်မှန်းရခက်တဲ့ ကောင်လေးပါ။ သွေးသားမတော်စပ်တဲ့သူတို့နှစ်ယောက်ကြားထဲ အလိမ်ညာ‌တစ်ခုကြောင့် ထူးဆန်းတဲ့ခံစားချက်တွေဖြစ်တည်လာတာကို ကြည်နူးဖွယ်ပုံဖော်ထားတာပါ။ Mangaလေးကလည်း ဖတ်လို့ကောင်းသလို ရုပ်ရှင်အနေနဲ့ပြန်ကြည့်တော့လည်း ပါဝင်အားဖြည့်ထားတဲ့ သရုပ်ဆောင်တွေကြောင့် အရသာမပျက်သွားပါဘူး။ လိမ်ညာတယ်ဆိုတာ မကောင်းပေမယ့် ဒီဇာတ်လမ်းကတော့ ကောင်းပါတယ်။ ကားကောင်းလေးမို့လို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii နဲ့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality….WEB-DL 1080p and 720p and 480p File size…1.65GB, 856MB and 304MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lai Laii and Milkeux Encoder ..... LK

Drama • Romance • War
7.8 2021 117 mins
Liar x Liar
Home Team
6.8

ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးမှာတော့ အားကစားနဲ့ဟာသကို ယှဉ်တွဲတင်ဆက်ထားတာဖြစ်ပါတယ်။  ရှောင်းပေတန်ဟာ အပြင်လောကမှာ အမေရိကန်ဘောလုံးအားကစား (American Football) ရဲ့ နာမည်ကြီးနည်းပြတစ်ယောက်ဖြစ်ပြီး ယခုအခါမှာ နည်းပြအဖြစ်မှအနားယူနေပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူ့နည်းပြဘဝရဲ့အကြီးမားဆုံးသော အမှတ်တရ ဒါမှမဟုတ် အိပ်မက်ဆိုးကြီးကို နောက်ခံပြုပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ အမေရိကန်ဘောလုံးရဲ့ အမြင့်ဆုံးလိဂ်မှာ ဖလားတွေရယူနိုင်ခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ပိုင်ဆိုင်ခဲ့တဲ့ ဒီနည်းပြကြီးဟာ သူ့ရဲ့မွေးရပ်မြေမှာ သူ့သား ပါဝင်ကစားနေတဲ့ ဘောလုံးအသင်းကို နည်းပြဝင်လုပ်ပေးခဲ့ပါတယ်။ သူဟာ သူ့အမျိုးသမီးနဲ့ ကွာရှင်းထားသူဖြစ်ပြီး သားဖြစ်သူဟာလည်း အမေနဲ့ပဲနေထိုင်ရင်းကနေ အဖေကို နာကျည်းနေခဲ့သူတစ်ယောက်ပါ။ ဒီလိုအချိန်မှာ သားဖြစ်သူပါဝင်နေတဲ့ ဘောလုံးအသင်းကိုနည်းပြလုပ်ရင်းနဲ့ သားအဖသံယောစဉ်တွေကို ဘယ်လိုမျိုးပြန်လည်ချည်နှောင်ကြမလဲဆိုတာ ရယ်စရာလေးတွေရောပြီး ပေါ့ပေါ့ပါးပါးလေးကြည့်ရှုရမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File Size          :  (1.6GB), (807MB) & (387MB) Quality            : WEB-DL 1080p, 720p & 480p Format            : mp4 Duration         : 1hr & 35mins Genre              : Comedy, Sport Translated by  Paing & Jumper Neysman Encoded by Kinnov

Drama • Sci-Fi & Fantasy
6.8 2022 95 mins
Home Team
Next Sohee
7.3

Next Sohee (2023) Bae Doo Na ရဲ့ Comeback Movie လို့ ပြောလို့ ရပါတယ်။ ပျောက်နေတာ အတော်ကြီး ကြာပြီးမှ ပြန်လာသလို ပြန်လာတဲ့ကားကလည်း အတော့်ကို ကောင်းတဲ့ကားပါ။ "ထပ်တိုး ဆိုဟီး" ဆိုတဲ့ ရုပ်ရှင်ကားလေးနဲ့ ပြန်လာခဲ့တဲ့ သူမရဲ့ရုပ်ရှင်ကားက ဘယ်လို အကြောင်းအရာများ ဖြစ်မလဲ? တစ်ချက် ကြည့်လိုက်ရအောင်ပါ။ လူဟာ အိပ်မက်နဲ့ရှင်သန်ကြတယ်ဆိုပေမဲ့ အိပ်မက်တွေက တစ်ခါတလေတော့လည်း အိပ်မက်ဆန်လွန်းတယ်။ ဒီလိုနိုင်ငံမျိုးမှာတော့ ဖြစ်ချင်တာတွေနောက်လိုက်ဖို့ မဖြစ်ချင်တာတွေလုပ်ရတဲ့ အခြေအနေမျိုးကို အားလုံးကျော်ဖြတ်ခဲ့ဖူးကြမှာပဲ။ ဖြစ်ချင်တာတွေဟာ ဘယ်တော့မှဖြစ်မလာတော့တဲ့ဘဝတွေလည်း ရှိကောင်းရှိကြမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီလိုဘဝမျိုးတွေအကြောင်းပဲ။ အထက်တန်းကျောင်းသူကောင်မလေး ဆိုဟီးဟာ ကျောင်းက ချိတ်ပေးတဲ့ အလုပ်မှာ အလုပ်သင်အနေနဲ့ဝင်လုပ်တယ်။ ဒါပေမဲ့ အဲဒီအလုပ်ဟာ မတရားမှုတွေ အပြည့်ရှိနေသလို လစာကိုလည်း ရတဲ့နေရာကနေ ဘက်စုံနှိမ်တတ်တဲ့ အလုပ်မျိုး။ ဒီလိုနဲ့ အထက်တစ်ဆင့်ကနေ အောက်တစ်ဆင့်ကိုပြန် အမြတ်ထုတ်ရင်း အဆင့်ဆင့်သွားတတ်တဲ့ စနစ်မျိုးမှာ သူရှင်သန်ခဲ့ရတယ်။ ဒါပေမဲ့လည် ရွေးစရာတော့မရှိဘူး။ ဆိုဟီးမှ မဟုတ်ဘူး။ ဆိုဟီးလို ရွေးစရာမရှိတဲ့ ကလေးတွေအကုန် ဒီလမ်းပဲ သွားကြရတာပဲ။ လူ့စနစ်ကြီးကတော့ ဒီလိုအခြေအနေကို သည်းညည်းခံပြီး‌ ကျော်ဖြတ်ပြီး အိပ်မက်တွေဖြစ်လာရင်ဖြစ်လာ မဖြစ်လာရင်လည်း ဒီလိုလူကြီးတစ်ယောက်ပဲဖြစ်လာဖို့ဆီ ဦးတည်ထားလားပဲ။ ဆိုဟီးကတော့ တတ်နိုင်သလောက် သည်းညည်းခံပေမဲ့ လူငယ်ဆိုတော့ ဒီလိုပဲ ပေါက်ကွဲထွက်သွားတယ်။ လူငယ်တစ်ယောက် ပေါက်ကွဲသွားတဲ့အခါ လူကြီးတွေဟာ... ( စကားလုံးမှားသွားမလားပဲ ) လူကြီးဆိုတဲ့လူတွေဟာ ဘာကြောင့်ပေါက်ကွဲသွားသလဲဆိုတဲ့ အကြောင်းရင်းကို နားလည်ပေးကြမှာမဟုတ်တာကတော့ သဘာဝတစ်ခုလိုလိုပါပဲ။ ပိုဆိုးတာကတော့ လူကြီးဆိုတဲ့ လူတွေဟာ သူ့ဟန်ကိုယ်ဖို့ (နားလည်လွယ်အောင်ပြောရရင်) လူကြားကောင်းဖို့နဲ့ သူတို့အချင်းချင်းကြားက ဆက်ဆံရေး မပျက်ဆီးသွားဖို့ ပြဿနာရဲ့အဖြေကို လူငယ်တွေရဲ့ ဆိုးကွက်တွေကိုပဲ ဖိနင်းပြောချပစ်ကြမှာပဲ။ ဆိုဟီးလည်းပဲ ဒီလိုအခြေအနေကို ကြုံခဲ့ရတယ်။ အိပ်မက်ကို လက်လျှော့ခဲ့ရတယ်။ ဒီလိုနဲ့ မရွေးသင့်တဲ့လမ်းကို ရွေးမိသွားတယ်။ ဒီရုပ်ရှင်က တကယ်ဆို နှစ်ခြမ်းခြမ်းထားတယ်။ ဆိုဟီးအလွန်မှာ ဒီလိုတွေကြုံကောင်း ကြုံခဲ့ရပေမဲ့ ဒီလိုလူကြီး မဖြစ်လာခဲ့တဲ့ Bae Doo Na ရဲ့ဇာတ်ကောင်ပါ။ ဆိုဟီးအမှုကို စုံစမ်းတယ်။ ဆိုဟီးအတွက် အမှန်တရားကို ရှာပေးတယ်။ ပြောခဲ့သလိုပဲ လူကြီးတွေက ဟန်ကိုယ့်ဖို့လုပ်ရင်း ဆိုဟီးကိုပဲ ပုံချလိုက်ကြတယ်။ Bae Doo Na ရဲ့ ဇာတ်ကောင်ဟာ ဒေါသထွက်ရပေမဲ့လည်း အားလုံးကြားကောင်းအောင် အပေါ်ယံတွေ တည်ဆောက်ထားတဲ့ စနစ်ကြီးကို သူတို့တွေလည်း မကျော်လွှားနိုင်ခဲ့ဘူး။ ဦးလှိုင်ရဲ့ လူငယ်တယောက်ရဲ့သွေးတွေဆိုတဲ့ကဗျာထဲကလို " သူတို့က မှားသွားလည်းလှတယ် ...... ကမ္ဘာမြေကို မဖျက်ဆီးဘူး " ဆိုတဲ့ ကမ္ဘာမျိုးပေါ်မလာနိုင်သရွေ့တော့ အရင်ဆိုဟီးတွေရော နောက်ထပ်ဆိုဟီးတွေရော အဆက်ဆက်ပေါ်လာကြဦးမှာပဲ။ အစ်ကိုတစ်ယောက်ပြောဖူးတယ်။ "ကျွန်တော်တို့ကမ္ဘာဟာ နောက်လူငယ်တွေအတွက်" တဲ့။ ဒီရုပ်ရှင်ကတော့ ခင်ဗျားတို့ ကျွန်တော်တို့ ကြုံခဲ့ရတဲ့ အဖြစ်မျိုးတွေ နောက်လူငယ်တွေ မကြုံစေဖို့ ကျွန်တော်တို့လည်း လူငယ်တွေဖြစ်ခဲ့ကြတာကို မမေ့ဖို့အတွက်ပေါ့။ အညွှန်းကိုတော့ WiRa Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.74GB | 541MB | 272MB Format… mp4 Duration…. 2h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... Aaron

Action • Comedy
7.3 2022 135 mins
Next Sohee
Another Earth
6.7

Another Earth (2011) ~ IMDb - 6.9/10, Rotten Tomatoes - 65% ~ အနန္တစကြဝဠာကြီးထဲမှာ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးနဲ့ ပုံစံတူတဲ့ Parallel Universe တစ်ခုရှိနေမယ်လို့ တွေးဖူးလား။ တကယ်လို့များ အဲဒီအပြိုင်ကမ္ဘာတစ်ခုက ကျွန်တော်တို့မျက်စိရှေ့မှာ တကယ်ပေါ်လာခဲ့ရင်ရော ဘာတွေဆက်ဖြစ်ကြမယ်ထင်လဲ... ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်တို့ကမ္ဘာနဲ့ ပုံစံတူတဲ့ Earth တစ်ခုကို တွေ့မိပြီးတော့ အကြီးအကဲတွေဟာ အဲဒီ Earth နဲ့ ဆက်သွယ်ဖို့ ကြိုးစားကြည့်တဲ့အခါမှာ အံ့ဩဖို့ကောင်းအောင်ပဲ ကမ္ဘာနှစ်ခုက ဆက်သွယ်နေတဲ့လူချင်းက အစစအရာရာ တူနေတာကို သိလိုက်ရပါတယ်။ Earth II ကို စတွေ့ရတဲ့နေ့မှာ Rhoda ဆိုတဲ့ သိပ္ပံထူးချွန်ကျောင်းသူလေးဟာ ကားအက်ဆီးဒင့်ဖြစ်ပြီးတော့ တဖက်ကားထဲက မိခင်နဲ့ ကလေးဖြစ်သူကို သေစေမိခဲ့တယ်။ ဒီကားတိုက်မှုကြောင့် ထောင်၄နှစ်ကျပြီး ပြန်လွတ်လာတဲ့အချိန်မှာ တဖက်က နစ်နာသူ လင်ယောက်ျား John ကို တောင်းပန်ဖို့ သွားခဲ့ပေမဲ့ တကယ်တမ်းကျ ပြောမထွက်တာကြောင့် အဲဒီယောက်ျားရဲ့အိမ်မှာ သန့်ရှင်းရေးဟန်ဆောင်ပြီး ကူညီလုပ်ကိုင်ပေးခဲ့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ရင်းနှီးသွားကြပြီး ချစ်မိသွားတယ်ဆိုပါတော့... ဖြစ်ချင်တော့ Rhoda ဟာ Earth II ဆီ သွားလေ့လာရမယ့် အာကာသခရီးထဲ ပါဝင်ခွင့်ရသွားတယ်။ ဒီအချိန်မှာ Rhoda က ဘာတွေကြုံရမယ်မှန်းမသိသလို အသက်စွန့်ရမယ့်ခရီးလဲဖြစ်တဲ့ Earth II ကို သွားရမလား... ဒီကမ္ဘာမှာပဲ ဆက်နေရမလား... ဆိုပြီး အကျပ်ရိုက်ရပါတော့တယ်။ ဒါ့အပြင် John ရဲ့ ဇနီးနဲ့ကလေးသေရတာ သူ့ကြောင့်ပါဆိုတဲ့ အမှန်တရားကို ပြောပြဖို့ သူတွေဝေနေတယ်။ ဒီလိုနဲ့ Rhoda ဟာ Earth II နဲ့ ပတ်သက်တဲ့ သီအိုရီတစ်ခုကို သိလိုက်ရပြီးနောက်မှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ ဒီနေရာမှာ ဘယ်လို အလှည့်အပြောင်းတွေ ကြုံလာရမလဲ... Rhoda နဲ့ John တို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုဇာတ်သိမ်းသွားမလဲ... Earth I နဲ့ Earth II ကြားက အရေးပါတဲ့ Connection တစ်ခုက ဘာဖြစ်မလဲ... ဆိုတာတွေကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါနော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 735MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 32Min Genre - Drama, Romance, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Crime • Drama
6.7 2011 92 mins
Another Earth
Scooby-Doo! and the Witch’s Ghost
7.2

Scooby-Doo! and the Witch’s Ghost (1999) ============================== IMDb Rating – 7.2/10 Scooby Doo ကားဖြစ်လို့ အားလုံးကို ထွေထွေထူးထူး မိတ်ဆက်နေစရာတော့ မလိုတော့ဘူး ထင်ပါတယ် ။ ဒီကားမှာတော့ Scooby Doo တို့ တစ်သိုက် ဂမ္ဘီရစာရေး ဆရာ ဘန် ရေဗင်ခရော့ဆိုသူနဲ့ ဆုံမိကြပြီး .. စာရေးဆရာရဲ့ ဇာတိမြို့ကို အလည်လိုက်ဖို့ အကြောင်းဖန်လာကြပါတယ်။ ဒါပေမဲ့ မြို့ကိုရောက်တော့ သိလိုက်ရတဲ့ သတင်းဆန်းက စာရေးဆရာရဲ့ ဘိုးဘေးတစ်ဦးဖြစ်သူ ဆာရာ ရေဗင်ခရော့ရဲ့ ဝိညာဉ်က တစ်မြို့လုံးကို ခြောက်လှန့်နေပါသတဲ့။ ဒီလိုနဲ့ ဒီလျှို့ ဝှက်ဆန်းကြယ် ဖြစ်ရပ်ကို အဖြေရှာဖို့ဟာ Scooby Doo တို့ အုပ်စုရဲ့ တာဝန်တစ်ရပ် ဖြစ်လာပါတော့တယ်။ ထုံးစံအတိုင်း Scooby တို့အတွဲကတော့ မွှေမြဲမွှေဆဲပေါ့လေ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(1.1 GB) / (634 MB) / (393 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 06mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Comedy, Family Translator…….Act Molemy Encoder……….SWM

Action • Drama • Romance • Thriller • War
7.2 1999
Scooby-Doo! and the Witch’s Ghost
Seneca: On the Creation of Earthquakes
5.5

ရှေးခေတ်ရောမ ဂရိတွေနဲ့ နောက်ကြောင်းသမိုင်းကိုကြည့်ချင်တဲ့လူတွေအတွက် Senaca လို့ခေါ်တဲ့ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲ ဟိုးအရင်ခေတ်ကဂရိမှာနာမည်ကြီးခဲ့တဲ အတွေးအခေါ်ပညာရှင် ဆန်နေကာအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဆန်နေကာဆိုတာက ရောမအင်ပါယာကြီးရဲ့ဘုရင်ဖြစ်တဲ့နီရိုးရဲ့ အတိုင်ပင်ခံအမတ်ကြီး တစ်ယောက်ဖြစ်ပါတယ်။ ဘုရင်ကြီးနီရိုးကအသက်ငယ်ရွယ်ပြီးမစဉ်းစားမတွေးခေါ် ပဲစိတ်ထင်ရာလုပ်တတ်တဲ့ဘုရင်ကြီးတစ်ပါးဖြစ်ပါတယ်။ ဒီလိုနဲ့ ဆန်နေကာကဘုရင်ကြီးကို အကြိမ်ကြိမ်အခါခါအကျိုးအကြောင်းဆီလျော်အောင် ဘုရင်ကြီးရဲ့လုပ်ရပ်တွေကို ရှင်းပြပေမဲ့လဲနီရိုးကတော့ခေါင်းမာမြဲသူလုပ်ချင်တာ လုပ်နေတုန်းပါပဲ။ဒါပေမယ့်အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက်ရဲ့နေဝင်ချိန်တွေက မကြာခင်မှာ ရောက်လာတော့မယ်ဆိုတာကိုတော့ သူတို့မသိခဲ့ကြပါဘူး။တစ်နေ့မှာတော့ ဆန်နေကာလုပ်ခဲ့တဲ့ကြီးမားတဲ့အပြစ်တစ်ခုကြောင့် သူ့ဘဝရဲ့နေဝင်ချိန်ကိုရောက်ချိန်မှာတော့ သူ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့ အရာတွေ အတွေးအခေါ်တွေကို အမွေအနှစ်တစ်ခုအနေနဲ့ ထားခဲ့ပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပုံတွေကိုကြည့်ရမဲ့ အတွေးအခေါ်ဆိုင်ရာ သမိုင်းကြောင်းဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.87GB / 752MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 52m Genre ….. Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2023
Seneca: On the Creation of Earthquakes
Dick
6.2

IMDb Rating (6.2) / Rotten Tomatoes (72%) ကမ္ဘာ့နိုင်ငံရေးအကြောင်းတီးမိခေါက်မိရှိသူဆိုရင်တော့ အမေရိကန်နိုင်ငံက Watergate Scandal ဆိုတဲ့ ကိစ္စကိုသိကြမှာပါ။ သမ္မတ နစ်ဆင်လက်ထက်က နိုင်ငံရေးအရှုပ်တော်ပုံတစ်ခုပေါ့။ သတင်းထောက်လောကမှာဆိုရင်လည်း ဒီကိစ္စက အတုယူမှတ်သားဖွယ်သတင်းတင်ဆက်မှုတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ ဒီ Dick ဆိုတဲ့ဇာတ်ကားကတော့ အဲဒီအဖြစ်အပျက်ကို Parody ဆန်ဆန် သရော်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကဖြစ်တဲ့အတွက် လက်ရှိအချိန်မှာနာမည်ကြီးနေတဲ့ Deadpool မင်းသားရဲ့ ငယ်ဘဝသရုပ်ဆောင်ပုံတွေကိုတွေ့ရမှာပါ။ Dick မှာဆိုရင် စပိုင်ဒါမန်းမင်းသမီးလို့နာမည်ကြီးတဲ့ Kristen Dunst၊ အော်စကာစာရင်းဝင်မင်းသမီး Michelle Williams တို့အဓိကပါဝင်ထားကြပါတယ်။ ဆယ်ကျော်သက်ကောင်မလေး ၂ ယောက်ဟာ မအူမလည်နဲ့ အမေရိကန်သမ္မတကြီးဆီရောက်သွားပြီးတော့ သမ္မတကြီးရဲ့ လျှို့ဝှက်ချက်တွေကို အမှတ်မထင်ရခဲ့ကြပြီး သူတို့ရဲ့ ဆယ်ကျော်သက်စိတ်တွေကြောင့်ပဲ ဒီအရှုပ်တော်ပုံကြီးပေါ်ပေါက်ခဲ့ရတယ်ဆိုပြီး တကယ့်အဖြစ်အပျက်ကို ဟာသဆန်ဆန်ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ရိုးအီနေတဲ့ နိုင်ငံရေးအရှုပ်တော်ပုံဇာတ်လမ်းကို နောက်ထပ် ဗားရှင်းတစ်မျိုးနဲ့ဟာသဆန်ဆန်ကြည့်ချင်ရင်တော့ Dick ကိုကြည့်ပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားပါတယ်။)

6.2 1999 94 mins
Dick
Dahanam
8.8

Dahanam (2023) “အနိစ္စ” IMDb-8.8/10 ၁၉၈၄ အန်ဒရာပရာဒတ်ရှ်ပြည်နယ်ရဲ့ မြောက်ပိုင်းကမ်းခြေတစ်နေရာက ဘုရားကျောင်းဗိမာန်တော်မှာ နေထိုင်ခဲ့တဲ့ ဘုန်းတော်ကြီး ဘာရက်ဒ်ဝါဂျာဆက်စ်ထရီအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ အရှင်သျှီ၀ကို ဆည်းကပ်ယုံကြည်ပြီး သူ့တဘ၀လုံးကို အရှင်သျှီ၀အတွက်သာသနာပြုနေတဲ့ ဘုန်းတော်ကြီး ဆက်စ်ထရီ။ သူနဲ့မိသားစု အတူနေထိုင်ရာ ဘုရားကျောင်းက ရွာထဲကသူဌေးအမွေရပိုင်ခွင့်ထဲမှာပါလာတဲ့အခါမှာတော့ တရားရုံးမှာ ဘုရားကျောင်းကိုပိတ်ပစ်မယ့်အရေးကနေ ကာကွယ်ရပါတော့တယ်။ ဘုရားကျောင်းနဲ့ မလှမ်းမကမ်းမှာနေတာကတော့ သုဘရာဇာယစ်ထုတ်ကြီးတို့လင်မယားပါ။ အချိန်ပြည့်မူးနေပေမယ့် မိန်းမကို ကြင်ကြင်နာနာနဲ့ ရှာဖွေကျွေးမွေးနေတဲ့သူ။ ဘုန်းတော်ကြီးရဲ့ ကလေးတွေ စားစရာမလုံလောက်လို့ငိုယိုဂျီကျနေသံကြားနေရတော့ ယစ်ထုတ်ကြီးကတွေးတယ် “သူတို့တွေ ဘုရားရှိခိုးရင်း ငတ်နေကြပြီ ငါတို့ကတော့ အလောင်းတွေမြေမြှုပ်ပေးရင်း စားသောက်နေကြတာ တကယ်တော့ ဘုရားထက် အလောင်းတွေကမှငါတို့ကို ထမင်းကျွေးထားသေးတယ်” ဆိုပြီး။ ဒီလိုမျိုးရိုးဇာတ် အနိမ့်အမြင့်တွေကြားက ကွာဟမှုတွေ၊လူ့ဘောင်လူလောကကြားက မညီမျှမှုတွေကို မီးမောင်းထိုးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.8 2023
Dahanam
Lila & Eve
5.8

ဒီနေ့မှာတော့ အားလုံးရဲ့အသည်းစွဲ Jennifer Lopez ပါဝင် သရုပ်ဆောင်ထားတဲ့ မူခင်းရုပ်ရှင်တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် ။ Lila and Eve လို့ အမည်ရတဲ့ ဒီရုပ်ရှင်ထဲမှာတော့ Lila ဆိုတဲ့ အမျိုးသမီးက သူ့သား Stephon ကို လောလောလတ်လတ် ဆုံးရှုံးထားရတဲ့သူပါ ။ ဘာအပြစ်မှမရှိဘဲ မတရားသဖြင့် သေသွားရတဲ့ သားဖြစ်သူအတွက် ပူဆွေးနေရတဲ့ Lila ဟာ သူ့လိုမျိုး ဘဝတူမိခင်တွေအတွက် ဖေးကူရေး အဖွဲ့တစ်ခုရဲ့ စကားဝိုင်းကို သွားခဲ့ပါတယ် ။ အဲဒီမှာပဲ သူ့လိုမျိုးပဲ သားသမီးဆုံးရှုံးထားတဲ့ Eve နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ် ။ တကယ်တော့ Lila လိုချင်တာက သူ့သားကို သတ်ခဲ့တဲ့ တရားခံကို ရှာဖို့ပါပဲ ။ ရဲတွေကို အမျိုးမျိုးဆက်သွယ်ခဲ့ပေမယ့် အဖတ်မလုပ်တဲ့နောက်မှာတော့ Eve က သူ ကူညီပေးမယ်လို့ ဆိုလာပါတယ် ။ Stephon ကို သတ်သွားတဲ့ တရားခံကို Lila နဲ့ Eve တို့ ရှာတွေ့နိုင်မလား ။ တရားခံရှာရင်းကနေ ဘယ်လိုပြဿနာမျိုးတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကို သားဖြစ်သူကို ဆုံးရှုံးထားတဲ့ မိခင်တစ်ယောက်ရဲ့ နေရာကနေ ဝင်ခံစားနေရသလိုမျိုး ကြည့်ရှုရမှာဖြစ်ပါတယ် ။ ဒီရုပ်ရှင်မှာတော့ Lila အဖြစ် အော်စကာဆု ၊ ဂရမ်မီဆုတွေအပြင် သရုပ်ဆောင်ဆု သုံးထပ်ကွမ်း ပိုင်ရှင် Viola Davis က ပါဝင်သရုပ်ဆောင်ထားပြီး Eve အဖြစ် အားလုံးသိကြတဲ့ မင်းသမီးကြီး Jennifer Lopez က ပါဝင်ထားပါတယ် ။ Lila and Eve ရုပ်ရှင်ဟာ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Out of Sight ရုပ်ရှင်ပြီးရင် Viola Davis နဲ့ Jennifer Lopez တို့ရဲ့ ဒုတိယအကြိမ် တွဲဖက်ရိုက်ကူးရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ် ။ File size…1.31 GB / 602 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

5.8 2015 94 mins
Lila & Eve
American Dreamer
5.7

GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင် Peter Dinklageရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကို ထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကလည်း ရိုးရှင်းရှင်းလေးကိုမှ cinematography တွေလည်းလှ ကြည့်ရင်းကြည့်ရင်း စီးမျှောခံစားလို့ကောင်းဦးမှာပါပဲ။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ဖီးလစ်ဟာ စီးပွားရေးပညာ၊ ဘောဂဗေဒကို သင်ကြားပေးတဲ့ ပရော်ဖက်ဆာတစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့ ကြွယ်ဝချမ်းသာမှုကတော့ ထင်သလောက် မကောင်းရှာပါဘူး။ တက္ကသိုလ်မှာ ပရော်ဖက်ဆာတစ်ယောက်ဖြစ်နေပေမယ့် အိမ်လေးတစ်လုံးဝယ်နိုင်ဖို့တောင် အနိုင်အနိုင်စုဆောင်း နေရတဲ့ဘဝ၊ စိတ်ကူးယဥ်နေရတဲ့ဘဝပေါ့။ သို့ပေမယ့် ဖီးလစ်ဟာ အိပ်မက်ဆိုတာ တကယ်ဖြစ်လာ နိုင်ကြောင်းယုံကြည်သူ၊ ဇွဲမလျှော့သူပါ။သူလိုချင်တဲ့ အိမ်လေးကိုလည်းရကိုရရမယ်ဆိုတဲ့စိတ်ကူးလည်းအပြည့်ပေါ့။ ကံကောင်းချင်တော့ သူ့အိပ်မက်ထဲက အိမ်လေးတစ်လုံး စျေးချိုချိုနဲ့သွားတွေ့ပါတယ်… ဒါကြောင့် ရှိသမျှစုဆောင်းငွေတွေအကုန်ထုတ်၊ ပစ္စည်းတွေကားတွေ အကုန်ထုခွဲရောင်းချပြီး ဒီအိမ်လေးကို ဝယ်လိုက်ပါတော့တယ်။ ဝယ်ပြီးခါကျမှ အိမ်ပိုင်ရှင်ရဲ့ အရှုပ်အရှင်းတွေပေါ်လာပြီး တစ်သက်လုံး စုဆောင်းလာသမျှ အကုန်ဆုံးမယ့်ကိန်းကို ဆိုက်လာပါလေရော။ ဖီးလစ်တစ်ယောက် ဖွတ်မရ ဓါးမ ဆုံးဖြစ်မယ့်အရေးကနေ ဘယ်လိုရှင်သန်နေထိုင်သွားမလဲဆိုတာကို comedyလေးတွေနဲ့ ကြည်ကြည်နူးနူးကြည့်လို့ကောင်းမယ့်ကားလေးဖြစ်ပါတယ်။ File size…1.27GB / 549MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.7 2022
American Dreamer
Crew
6.4

Crew (2024) “မဒီသုံးဖော်” IMDb – 6.4/10 တဘူး၊ ကရီးနား၊ ကရီတီးဆိုတဲ့ အသီးသီးတောက်ပခဲ့ကြပြီး တောက်ပနေတုန်းဖြစ်တဲ့ အိန္ဒိယရဲ့စတားမင်းသမီး သုံးယောက်တွဲထားတဲ့ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ The Great Indian Kapil Showရဲ့ အစီအစဉ်မှူး ကာပီလ်နဲ့ နာမည်ကျော်ပန်ချာပီအဆိုတော်သရုပ်ဆောင် ဒေလ်ဂျိဒိုဆန်တို့လည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ ရုံတင်ငွေ ၁၅၆ ကုဋေရထားပြီး ပေါ့ပေါးပါးပါး ကြည့်ရမယ့် ရွှေခိုးသယ်တဲ့ ဟာသရုပ်ရှင်လေးပါ။ အိပ်မက်ကိုယ်စီနဲ့ လေယာဥ်မယ်သုံးယောက်၊ ဝါသနာအလုပ်ကို လုပ်နေရပေမယ့် လေကြောင်းလိုင်းက လစာမပေးတော့တာ ခြောက်လကြာသွားတယ်။ လေကြောင်းလိုင်း ဒေဝါလီခံလိုက်ရတာ သိလိုက်ရတော့ စည်းမျဥ်းတွေကို စွန့်ပယ်ပြီး ဖြတ်လမ်းလိုက်ဖို့ လေဒီသုံးယောက်သား ရွေးချယ်လိုက်ရတဲ့အခါမှာ ရွှေခိုးသယ်နေကျ သူတို့ HR ဆရာကြီးရဲ့ လျှို့ဝှက်ချက်ကို အသုံးချပြီး သူတို့သုံးယောက်ကို တာဝန်ပေးဖို့ အပေးအယူလုပ်ကာ ဘယ်သို့ဘယ်ပုံ ဆက်ပြီး စွန့်စားခန်းထွက်ကြပုံကို … ဒီရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားကြရမှာပါ။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6.4 2024 124 mins
Crew
24 Frames
6.8

24 Frames (2017) ~ IMDb – 6.8/10, Rotten Tomatoes – 92% ~ Abbas Kiarostami ရဲ့ 24 Frames က Experimental Film ဖလင်အမျိုးအစား။ သူမသေခင်နောက်ဆုံးရိုက်သွားတဲ့ လက်ရာလည်း ဟုတ်တယ်။ ရုပ်ရှင်လို့ပြောဖို့ထက် ဒီရုပ်ရှင်ကို ကြည့်ရတဲ့အရသာက ပန်းချီတစ်ချပ် ဓာတ်ပုံတစ်ပုံ အဲဒီလိုမျိုးဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အဲဒီထက်ပိုတဲ့အရာတစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ပြတင်းပေါက်ကနေ အမြဲမြင်နေရမယ့် သစ်ပင်တွေကို မိုးဆင်းလို့ ယိမ်းနွဲ့နေတုန်း အရသာရှိရှိ ထိုင်ကြည့်လိုက်ရသလိုမျိုး… ကိုယ့်မြို့က တံတားကြီးတစ်စင်းပေါ်ကနေ ဖြတ်သွားဖြတ်လာတိမ်တွေကို ထိုင်ကြည့်နေရသလိုမျိုး… နေစောင်းလို့ တိမ်တွေအရောင်းပြောင်းတဲ့အခါ စိတ်ရှိလက်ရှိထိုင်ကြည့်နေရသလိုမျိုး အရသာမျိုးပေါ့။ ဒိုင်ယာလော့မပါ၊ ဇာတ်လမ်းမပါ၊ အဖြစ်အပျက်မပါတဲ့ ဒီဇာတ်လမ်းမှာ အသေထားထားတဲ့ ဖရိန်တစ်ခုအောက် ငြိမ်သက်နေတဲ့အရာတွေ ရွေ့လျားနေတဲ့အရာတွေ သက်ဝင်နေတဲ့အရာတွေ သက်ငြိမ်နေတဲ့အရာတွေကို ဖမ်းယူထားတာတွေကိုချည်း သူတပ်ထားတဲ့ နံပါတ်အရတော့ ၂၄ဖရိန်တိတိပြထားတယ်။ တံတားတစ်စင်းပေါ်က လှုပ်ခတ်နေတဲ့ရေပြင်… အဲဒီနောက်မှာ ညိုမွဲနေတဲ့တိမ်တွေ… တံတားဘောင်ပေါ်မှာက ငှက်ကလေး၂ကောင်… အဲဒီလိုအရာတွေကို အရသာခံကြည့်ရတာကြိုက်တဲ့လူဆိုရင်တော့ ဒီရုပ်ရှင်က ကျွန်တော်မြင်ဖူးသမျှထဲတော့ တစ်ကားတည်းသော ဒီလိုရုပ်ရှင်ပဲ။ ပုဂ္ဂလိက အမြင်အရတော့ Abbas ဟာ ကျွန်တော်တို့ကို ရုပ်ရှင်ဟာ ဒီဇာတ်လမ်းတွေကြားမှာပဲရှိတာမဟုတ်တဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ရှိနေတဲ့အရာလို့ ပြောချင်ခဲ့တာလို့ပဲမြင်တယ်။ ယူသလိုပဲရပါတယ်။ ဒီနေရာမှာ ကျွန်တော်သတိရလိုက်မိတဲ့ ဂိုးဒတ်ရဲ့စကားတစ်ခွန်းတော့ ရှိတယ်။ ဓာတ်ပုံက ဘယ်တော့မှမမှားဘူး။ တစ်စက္ကန့်မှာ ဓာတ်ပုံ၂၄ပုံ (ဝါ) ၂၄ဖရိန်ရှိနေတဲ့ ရုပ်ရှင်ကလည်း ဘယ်တော့မှ မမှားဘူးတဲ့။ ဒါကြောင့်လည်း ဒီကားကို Abbas က ဒီနာမည်ပေးခဲ့သလားတော့မသိဘူးပေါ့။ ” Photography is truth. The cinema is truth twenty-four times per second. “ – Jean-Luc Godard (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 945MB Quality – BluRay 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 54Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.8 2017
24 Frames
Familyhood
6.3

Familyhood (2016) ***************** Comedy/ drama အမျိုးအစားလေးတစ်ခုဖြစ်တဲ့ familyhood ဇာတ်ကားလေးကတော့ အောင်မြင်မှုနဲ့ငွေကြေးအားလုံး ပိုင်ဆိုင်ထားပေမဲ့ သူ့ဘက်မှာအမှန်တကယ် ရပ်တည်ပေးမယ့်သူတစ်ယောက်မှ မရှိတဲ့ မင်းသမီးတစ်ယောက် သူ့ဘက်တော်သားဖန်တီးဖို့ ကလေးမွေးဖို့ရာ ကြိုးစားတဲ့အခါ ဖြစ်လာတဲ့ ဂယက်လေးတွေကို ဟာသအနေနဲ့ပုံဖော်ထားတာဖြစ်ပါတယ် .. Queen of umbrella ထဲက မင်းသမီးကြီး Kim Hye Soo, Penthouse ထဲက မင်းသမီး Kim Hyun Soo နဲ့ Train to busan ထဲက မင်းသားကြီး Ma Dong Seok တို့က အဓိကပါဝင်ထားလို့ cast တွေနဲ့တင် ကြည့်ရတာတန်နေတဲ့ Movie လေးဖြစ်မှာပါ .. ဇာတ်လမ်းအကျဉ်း ************** ဂိုဂျူယွန်း(Kim Hye Soo)ကတော့ Dating scandal ပေါင်းများစွာနဲ့ နာမည်ကြီးတဲ့အပြင် ထင်ရာစိုင်းတတ်တဲ့အကျင့်ကြောင့် ‘အရူးမ’လို့ လူသိများတဲ့ မင်းသမီးတစ်ယောက်ပါ .. ဖြောင်းဂူ(Ma Dong Seok)ကတော့ ဂိုဂျူယွန်းထင်ရာစိုင်းသမျှကို သည်းခံရင်း သူ့ရဲ့စတိုင်လစ်အနေနဲ့ အနှစ်၂၀ကျော်လက်တွဲလုပ်လာခဲ့တဲ့ သစ္စာရှိအခင်ဆုံးသူငယ်ချင်းတစ်ယောက်ပေါ့ .. ဒန်ဂျီ(Kim Hyun Soo)ဆိုတဲ့ အလယ်တန်းကျောင်းသူလေးကတော့ မိဘတွေမရှိတော့တဲ့နောက် အစ်မဖြစ်သူနဲ့ခက်ခက်ခဲခဲရှင်သန်နေရတဲ့အပြင် အသက်မပြည့်တဲ့ ကိုယ်ဝန်သည်တစ်ယောက် ဖြစ်လာတယ် .. ချစ်သူဖြစ်သူရဲ့ သစ္စာဖောက်မှုကို ခံလိုက်ရတဲ့ ဂျူယွန်းတစ်ယောက် သူ့ကိုသစ္စာမဖောက်ဘဲ ဘေးမှာအမြဲရှိပေးမယ့်သူကို စဉ်းစားလိုက်တဲ့အခါမှာ မိသားစုဖြစ်နေခဲ့တယ် .. အဲဒီလိုနဲ့ ကလေးယူဖို့ ကြိုးစားလိုက်ပေမဲ့ မရနိုင်တော့တဲ့ဂျူယွန်းက အလယ်တန်းကျောင်းသူ ကိုယ်ဝန်သည်ဒန်ဂျီကို တွေ့သွားခဲ့တယ် .. ဒန်ဂျီရဲ့ကလေးကိုမွေးစားဖို့ ဖြောင်းဂူနဲ့တိုင်ပင်ပြီး စာချုပ်ချုပ်ဆိုခဲ့ကြရာကနေ… အများပြည်သူဆီကနေ အာရုံစိုက်ခံနေရတဲ့ မင်းသမီးတစ်ယောက် ကိုယ်ဝန်ရတယ်ဆိုပြီး ဘယ်လိုဇာတ်လမ်းတွေခင်းသွားမလဲ…. ဒန်ဂျီနဲ့စာချုပ်မှာရော ဘယ်လိုပြဿနာတွေ ကြုံတွေ့ရမလဲဆိုတာကို ဟာသလေးတွေနှောထားတာမို့ ကြည့်ရှုခံစားလိုက်ပါဦးနော် .. (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားထားပါတယ်) File size…1.64GB / 768MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 59 min. Genre ….. Comedy, Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

6.3 2016
Familyhood
The Body
5.7

The Body (2019) ဒီတစ်ခါ ဘောလိဝုဒ်ဖန်တွေအတွက် ၂၀၁၉ ထွက် Crime, Mystery ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း နာမည်ကျော်တွေဖြစ်တဲ့ Emraan Hasmi နဲ့ Rishi Kapoor တို့ အပြိုင်သရုပ်ဆောင်ထားကြတာပါ အထူးသဖြင့် မင်းသမီးရဲ့အက်တင်တွေကလည်း အတော်လေးကို ကောင်းလှပါတယ် ဇာတ်လမ်းလေးကတော့ စီပွားရေးလောကမှာ အောင်မြင်ပြီး သြဇာအာဏာကြီးမားတဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ နှလုံးရောဂါနဲ့ ဆုံးသွားခဲ့ပါတယ် အလောင်းခွဲစိတ်စစ်ဆေးဖို့ သူ့အလောင်းကို ရင်ခွဲရုံပို့ထားတဲ့အခါ ညဘက်ကျတော့ အလောင်းပျောက်သွားပါတယ် ညစောင့်ပြောတာတော့ အလောင်းပြန်ရှင်လာပြီး ထသွားတာတဲ့ ဒါပေမဲ့ တာဝန်ကျရဲမှူးကြီးကတော့ သူ့ယောက်ျားဖြစ်သူ အဂျေးပူရီကိုပဲ သံသယဝင်နေပါတော့တယ် ထိုညမှာ ရဲမှူးကြီးနဲ့ အဂျေးပူရီတို့ မာယာဗာရ်မားရဲ့အလောင်းကို ရှာတွေ့ပါ့မလား ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်သွားမလဲဆိုတာကိုတော့ အားလုံးပဲ ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်လိုက်ကြပါ အထူးမေတ္တာရပ်ခံလိုတာက ဒီဇာတ်ကားဟာ ၂၀၁၂ ခုနှစ်ထွက် စပိန်ရုပ်ရှင်ကား The Body ကို Remake ပြန်ရိုက်ထားတာဖြစ်လို့ မူရင်းဇာတ်ကားကြည့်ပြီးသူများ ဇာတ်လမ်းကို စပွိုင်းမလုပ်ကြဖို့ တောင်းဆိုပါရစေ (Netflix စာဖိုင်ကို ဘာသာပြန်ထားရသောကြောင့် အင်္ဂလိပ်လိုပြောတဲ့နေရာတွေမှာ စာတန်းမပါပါဘူး အတတ်နိုင်ဆုံး နားထောင်ပြီး ဖြည့်ပေးထားပါတယ် လိုအပ်ချက်ပါရှိပါက သည်းခံပေးကြပါခင်ဗျာ) (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။)

Action • Adventure • Drama • History • War • Thriller
5.7 2019 101 mins
The Body