YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

In The DarkS01EP06.1080p(CM).mp4

443.82 MB N/A video/mp4 460 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Happening
7.2

ဒီဇာတ်ကားလေးဟာ Annie Ernaux ရဲ့ "Happening" ဆိုတဲ့ ဝတ္ထုလေးကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.4 အထိရရှိခဲ့တဲ့အပြင် BAFTA Award တွေအတွက် ဆန်ခါတင်စာရင်းမှာ ပါခဲ့သလို အခြား ဆုတွေလည်း ၁၃ ခုလောက် ရရှိထားခဲ့တဲ့ ဒရမ်မာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ ကိုယ်ဝန်ဖျက်ချတာဟာ တရားဝင်တယ် တရားမဝင်ဘူး ဆိုတာ အခု ၂၂ ရာစုအထိ နိုင်ငံအချို့မှာ debate လုပ်နေကြဆဲဖြစ်ပါတယ်။ 1960 ခုနှစ်တွေတုန်းက ပြင်သစ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာဟာ တရားမဝင်ပါဘူး။ ကိုယ်ဝန်ဖျက်ချရင် ဖျက်ပေးတဲ့ ဆရာဝန်ရော ကိုယ်ဝန်ရှိသူပါ ထောင်ချခံရတဲ့ အခြေအနေပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ... အန်းဆိုတဲ့ စာပေ မေဂျာ ကျောင်းသူလေးက ပညာရေးမှာ ပါရမီပါပြီး ထူးချွန်တယ်။ လူဆိုတာကတော့ အမှားနဲ့ မကင်းကြပါဘူး။ အမှားနဲ့မကင်းတဲ့ထဲမှာမှ ကံဆိုးသွားသူက အန်း ပေါ့။ တစ်ညတာလေး မှားမိခဲ့တာဟာ အန်း ဘဝကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့တယ်။ ဟုတ်ပါတယ် အန်းတစ်ယောက် ကိုယ်ဝန်ရသွားခဲ့တယ်။ အန်းက ဘဝရှေ့ရေး ရှိသေးတာမို့ ကလေးယူဖို့ တာဝန်မယူနိုင်သေးတဲ့အတွက် ကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်ဆရာဝန်မှ မကူညီပေးခဲ့ဘူး။ ဥပဒေကလည်း လက်မခံခဲ့ဘူး။ မိဘတွေကိုလည်း ဖွင့်မပြောရဲ၊ သူငယ်ချင်းတွေကိုလည်း ဖွင့်မပြောရဲတဲ့ အန်းတစ်ယောက် ဒီအခက်အခဲကို တစ်ယောက်တည်း ဘယ်လို ကျော်လွှားနိုင်မလဲ? ဆိုတာကိုတော့ စိတ်ဝင်စားဖွယ်၊ ရင်နင့်ဖွယ် ကြည့်ရှုခံစားကြရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size : 2.2GB, 1.1GB, 463MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 1hr & 40mins Genre : Drama Translated by Kit Encoded by Kinnov

Action • Mystery • Thriller
7.2 2021 100 mins
Happening
Deathgasm
6.3

ဒီဇာတ်ကားကြီးက နည်းနည်းတော့စားတယ်ဗျ။Horror ရယ် comedy ရယ်ကို ရောထားတာ။ တစ်ကားလုံး သွေးထွက်သံယိုတွေရယ် သောက်ပေါက်ကရတွေရယ်ချည်းပဲ။သတ်တာဖြတ်တာဆိုရင်လည်း တစ်ကားလုံးနီးပါးပဲ။အူတွေအထွေးလိုက်ထွက်ကျလာရတာနဲ့ ခေါင်းကို ပုဆိန်ကြီးနဲ့ နှစ်ခြမ်းခြမ်းလိုက်ရတာနဲ့။မထင်မှတ်ထားတဲ့အချိန် ပေါက်ကရထထလုပ်လို့ ခွီရတာတွေလည်း အများကြီးပဲ။ထားပါတော့ ဇာတ်လမ်းအကျဉ်း ပြောရအောင်။ ဘရိုဒီဆိုတဲ့ Heavy Metalတွေကို ကြိုက်တတ်တဲ့ ဆယ်ကျော်သက် ဘဲတစ်ဗွေရှိတယ်ပေါ့ဗျာ။အဲ့ဘဲဘဝကြီးက စုတ်ပြတ်သတ်လို့။ဘယ်လိုလဲဆို အမေက စိတ်ရောဂါသည်(အရူးထောင်မှာ)။သူကဦးလေးနဲ့ ကပ်နေရတယ်။အဲ့ဦးလေးရဲ့ သားက သူ့ကို ကျောင်းမှာရော အိမ်မှာရော အမြဲတမ်းအနိုင်ကျင့်တယ်။သူ့မှာရှိတဲ့ စိတ်ထွက်ပေါက်ဆိုလို့ Metal တွေတီးပြီး ဝုန်းဒိုင်းကြဲရတာတစ်ခုပဲ ရှိတယ်။(ဒါတောင် Christian သူ့ဦးလေးက နတ်ဆိုးဂီတတွေဆိုပြီး လာလာပြဿနာရှာသေးတယ်) ဘရိုဒီ့မှာ ဇက်ဆိုတဲ့ အကိုလိုခင်ရတဲ့ ဘော်ဒါတစ်ကောင်ရှိတယ်။အဲ့ကောင်က ဇိုးဆိုမှ ဇိုး။ကျောင်းမှာကျောင်းသားတစ်ယောက်ကို ထောက်ဆူးနဲ့ထိုးလို့ ကျောင်းထုတ်ခံရတယ်။အဲ့နောက် သူ့အဖေ work shop မှာအလုပ်လုပ်တယ်။လာပြင်တဲ့ကားတွေဆီက ရသမျှ ဖြုတ်ခိုးတယ်။လမ်းမှာ ရပ်ထားတဲ့လူနာတင်ကားဆီက ဆီခိုးထုတ်တယ်။အဲ့လိုကောင်။သူကလည်း metal သမား။ပြောရရင် ဇလေးလည်းရှိ ဝါသနာလေးလည်းတူ အထာလေးလဲကျဆိုတော့ စုတ်ပြတ်နေတဲ့ ဘရိုဒီ့ ဘဝကြီးမှာ ဇက်ကအားကျရတဲ့ဘဲပေါ့ဗျာ။ တစ်ရက်ကျ ဇက် နဲ့ ဘရိုဒီရဲ့လက်ထဲကို Black Hymn ဆိုတဲ့ Metal သီချင်းနုတ်(စ်)တစ်ခုရောက်လာတယ်။အဲ့နုတ်(စ်)က အေးလို့ လို့ခေါ်တဲ့ ကမ္ဘာဦးနတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်တဲ့ သီချင်း။ဒီကောင်တွေကတော့ ဘာသိမှာလဲ။ဂစ်တာကြီးတွေကိုင်ပြီး တဗျင်းဗျင်း ဖြဲကြတာပေါ့။ အဲ့မှာ သောက်ပြဿနာတွေတက်ပါလေရော ။တစ်မြို့လုံးသွေးတွေအန်၊နတ်ဆိုးတွေ ဝင်ပူးခံရ၊လူတွေကို လိုက်သတ်နဲ့ ဝရုန်းသုန်းကားတွေကို ဖြစ်လို့။ပိုဆိုးတာက အဲ့တာတွေက အေးလို့ ထမြောက်ခြင်းကိုကြိုဆိုတဲ့ သဘောပဲရှိသေးတာ။ကြိုဆိုတာတောင် ကပ်ဆိုက်နေပြီဆိုတော့ ရောက်သာလာရင် ဘယ်လိုနေမလဲ စဉ်းစားကြည့်ပေါ့ဗျာ။ ဘရိုဒီ နဲ့ ဇက်တို့ ငပေနှစ်ကောင် ဝရုန်းသုန်းကား မြို့ကြီးထဲမှာ ဘာတွေဆက်လုပ်ကြမလဲ။အေးလို့နဲ့တွေ့ရင်ရော ဘာတွေဖြစ်ကြမလဲဆိုတာတော့ ဒီဇာတ်ကားမှာပဲ ဆက်ကြည့်ကြပါ။ 18+ words တွေဖောဖောသီသီ ပါတဲ့အပြင် တစ်ကားလုံးသွေးထွက်သံယိုတွေနဲ့ သတ်ဖြတ်နေကြတာဆိုတော့ ကလေးတွေကိုတော့ ပေးမကြည့်နဲ့ပေါ့ဗျာ။ကိုယ်က အဲ့လိုတွေကိုလည်း မြင်ချင်တယ်။Metal သီချင်းတွေကိုလည်း သဘောကျတယ်၊ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီး ဘာတွေးစရာမှမပါတာမျိုး ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကိုသာ ကြည့်။ File size…1.47GB / 584.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

6.3 2015 86 mins
Deathgasm
Corner Office
6

ကိုယ်လုပ်နေရတဲ့ရုံးအလုပ်တွေမှာ စိတ်တွေမွန်းကြပ်လွန်းလာရင် တချို့လူတွေကစိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်။ဒီ Corner Office ဆိုတဲ့ကားထဲက အော်ဆန်ဆိုတဲ့လူရဲ့စိတ်ထွက်ပေါက်ကတော့ အရမ်းထူးဆန်း လွန်းပါတယ်။ အော်ဆန်က သူ့ရဲ့ရုံးအသစ်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲ ဘယ်သူမှမသုံးတဲ့ အခန်းတစ်ခန်းကိုတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့သူအဲ့ဒီအခန်းထဲကို သုံးလေးခေါက်ဝင်ပြီးတဲ့နောက်မှာတော့ အဲ့ဒီအခန်းကိုအရမ်းစွဲလမ်းသွားခဲ့ ပါတော့တယ်။ အဲ့ဒီအခန်းကသူ့အတွက်စိတ်ကိုအေးချမ်းစေပြီး အလုပ်တွေ လုပ်ရတာ ပိုကောင်းစေတဲ့ အခန်းတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့လုပ်ငန်းခွင်က လူတွေ အားလုံးရဲ့ အဝေးကိုထွက်သွားစေနိုင်တဲ့စိတ်ထွက်ပေါက်လေးပဲဖြစ်ပါတယ်။ ပြဿနာလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒီအခန်းက အမှန်တကယ်မရှိပါဘူး။ အော်ဆန်ကတော့ အဲ့ဒီအခန်းကိုစိတ်ကြိုက်ဝင်ထွက်သွားလာနေပေမဲ့ တခြားလူတွေကတော့ အဲ့ဒီအခန်းနေရာမှာ နံရံကြီးတစ်ခုကိုပဲ မြင်ရပြီးတော့ သူအခန်းထဲဝင်သွားတယ်ဆိုတာလဲ နံရံကြီးရှေ့မှာကြောင်တောင်တောင်ကြီး မတ်တပ်ရပ်နေတာကိုပဲ မြင်ရတာဖြစ်ပါတယ်။ဒီလိုနဲ့အော်ဆန်က သူ့ရဲ့လုပ်ဖော် ကိုင်ဖက်တွေအပြင် သူဌေးနဲ့ပါပြဿနာတွေတက်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်း သူပြောပြောနေတဲ့ အခန်းထဲကိုသွားပြီးအလုပ်တွေကြိုးစားလိုက်တဲ့အခါမှာ သူဌေးကသဘောကျပြီးရာထူးတွေဘာတွေတက်သွားပြီး နောက်မှာ သူ့ရဲ့အဲ့ဒီအခန်းကို စွဲလမ်းစိတ်က ပိုပြင်းထန်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို Storytelling ပုံစံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.19GB / 407MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Romance
6 2022 102 mins
Corner Office
Love You Ram
8.4

Love You Ram ( 2023 ) ===================== IMDb 8.4/10 ‌ဒေဗီယာဆိုတဲ့ ကောင်မလေးဟာ မိသားစုအဆင်မပြေမှုတွေကြောင့် လူတောမတိုးရဲသူပါ။ ဒါပေမဲ့ တစ်နေ့မှာ သူဟာ ရမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့စကားကြောင့် သတ္တိတွေရှိသွားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြန်ရလာတဲ့အပြင် ရမ့်ကိုလည်း တိတ်တခိုးချစ်မိသွားခဲ့ပါတယ်။ ဒီလိုနဲ့ အရွယ်တွေရောက်လာပြီး ပြန်ဆုံတွေ့ကြတဲ့အခါ ဒေဗီယာဟာ ရမ်ရဲ့စကားအတိုင်း တစ်သက်လုံးနေခဲ့ပေမဲ့ ရမ်ကတော့ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်တတ်တဲ့ ကြောင်သူတော် စီးပွားရေးသမား တစ်ယောက်ဖြစ်နေတဲ့အခါမှာတော့…။ ပရိသတ်တွေ အချိန်ပေးရတာ တန်စေမဲ့ ၂ ရာရီစာ တေလေဂူးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်…။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Cherry, Moon, V နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )

8.4 2022
Love You Ram
The Great Indian Family
6.3

The Great Indian Family (or) အိန္ဒိယရဲ့ အကောင်းဆုံးမိသားစု =================================== IMDb – 6.9/10 ဒီတစ်ခေါက်မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမယ့် ဇာတ်ကား‌‌လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဗဒ်ဗက်ရ် ထရီပတ်သီ (ခ) ဘန်ဂျန်ကူးမားဆိုတဲ့ ကောင်လေးဟာ သူတို့နေထိုင်ရာမြို့လေးရဲ့ အလေးစားခံရဆုံး ပုရောဟိတ်ကြီး စီရာရမ် ထရီပတ်သီရဲ့ သားတစ်ယောက်ပဲဖြစ်ပါတယ်။ ဗဒ်ဗက်ရ်ဟာ ငယ်ရွယ်စဉ်က မြွေလှေကားဂိမ်းကို သဘောကျနှစ်ခြိုက်သူ တစ်ဦးလည်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ သမီးဖြစ်သူ အီရှ်ဝါယာမယ်ပနီဟာလည်း (တစ်ကျောင်းလုံးက ကောင်လေးတွေ သဘောကျရတဲ့ သူဌေးသမီးလေး) သူနဲ့ တစ်ကျောင်းတည်းတက်နေသူဖြစ်ပြီးတော့ အီရှ်ဝါယာဟာ သူရဲ့ မွေးနေ့ကို ဗဒ်ဗက်ရ်ကို ဖိတ်ကြားလိုက်ပါတယ်။ ပုရောဟိတ်ကြီးရဲ့ သားဖြစ်တဲ့အလျောက် ဗဒ်ဗက်ရ်ဟာလည်း ပုရောဟိတ်လေးဖြစ်လာဖို့ ပွဲတော်ကျင်းပဖို့ အချိန်ရောက်လာတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲ အီရှ်ဝါယာရဲ့ မွေးနေ့နဲ့ ပွဲတော်လုပ်မယ့်နေ့က တိုက်ဆိုင်လို့ နေပါတယ်။ သူငယ်ချင်းဖြစ်သူရဲ့ မွေးနေ့ကို သွားဖို့အတွက် အားခဲထားပေမယ့် ပရောဟိတ်လေးအဖြစ် ခံယူဖို့ ကတုံးတုံးခံလိုက်ရရင်း အဖေဖြစ်သူဟာ မွေးနေ့ပွဲတစ်ခုကို ‌‌ရိုးရာပွဲပြုလုပ်ပေးဖို့အတွက် သွားရာကို သားဖြစ်သူကိုပါ ခေါ်သွားတဲ့အခါမှာ သူ့သူငယ်ချင်းဖြစ်သူရဲ့ မွေးနေ့ပွဲဖြစ်နေခဲ့ပါတော့တယ်။ ဗဒ်ဗက်ရှ်ဟာ မွေးနေ့မှာ ပူဇော်ဖို့လုပ်ရင်းရဲ့ ဓမ္မတေးဟာ သူ့အတွင်းထဲကနေ အလိုလိုပွင့်ကျလာရင်းနဲ့ အဲဒီနေ့ကစလို့ သူဟာ ဓမ္မတေးဆရာ ဘန်ဂျန်ကူမားအနေနဲ့ ဓမ္မတေးတွေ သီဆိုပါတော့တယ်။ နောက်ပိုင်း မမျှော်လင့်ဘဲ မွတ်စလင်ရပ်ကွက်ကို ရောက်သွားပြီး ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ပြီးတဲ့ နောက်မှာတော့ ဘာတွေ ဘယ်လိုတွေ ဆက်ဖြစ်လာဦးမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလးတစ်ပုဒ် ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sai~Yunni~V~Alex~ToMo တို့ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Animation • Family • Science Fiction
6.3 2023
The Great Indian Family
Never Been Chris’d
5.4

Never Been Chris’d (2023) ===================== နှစ်အကြာကြီးနေမှ ကျောင်းတုန်းက crush ကြီးကို အရှင်လတ်လတ်ပြန်တွေ့ရရင် ဘယ်လိုခံစားရမယ် ထင်ပါသလဲ။ နှစ်ဖက်လုံးက လူပျိုလူလွတ်အခြေအနေနဲ့ဆိုရင် ပေါ့။ ဒီဇာတ်လမ်းလေးကတော့ ခရစ္စမတ်ပိတ်ရက် မွေးရပ်မြေကိုပြန်လာတဲ့ အချစ် ဆုံးသူငယ်ချင်းမနှစ်ယောက် ၁၇ နှစ်ကြာမှ ကျောင်းတုန်းက crush နဲ့ ပြန်ဆုံရပုံ၊ သူတို့တွေရဲ့ လူမှုရေး၊ အချစ်ရေးကိစ္စတွေကို ခရစ္စမတ်အငွေ့အသက်လေးနဲ့ ခပ်မြူး မြူး‌လေးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – နေအိုမီနဲ့လစ်ဇ်ဟာ အထက်တန်းကတည်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ၃၅ နှစ်အရွယ်တန်းကို ရောက်လာတဲ့အထိ အတူအလုပ်လုပ်ရင်း single ဘ၀နဲ့ နေလာ ကြသူတွေပေါ့။ ခရစ္စမတ်ပိတ်ရက်ရှည်မှာတော့ သူတို‌ဇာတိမြေကိုပြန်လာခဲ့ကြပါတယ်။ အဲဒီမြေကို စရောက်ပါပြီဆိုကတည်းက အရင်ဆုံးကြုံတွေ့ရသူဟာ သူတိုနှစ်ယောက် လုံးရဲ့ အထက်တန်းကျောင်းက crush ကြီး ခရစ်ဆေးလ်ဗားပါပဲ။ ခရစ်ကောင်းမှုနဲ့ တခြား အတန်းဖော်ဟောင်းတွေနဲ့ပါ ပြန်ဆုံရပြီး ခရစ်နဲ့လည်း အရင်ထက်ပိုရင်းနှီးလာကြပါတယ်။ နေအိုမီနဲ့လစ်ဇ်ဟာ အိမ်ကမိသားစုပြဿနာတွေ အလုပ်ကိစ္စတွေဖြေရှင်းရင်းကပဲ ခရစ်နဲ့ သုံးပွင့်ဆိုင်ဆန်ဆန် အချစ်ဇာတ်‌လမ်းလေးစတင်ပါတော့တယ်။ ဒီလိုနဲ့ ဘယ်သူက ခရစ်ရဲ့နှလုံးသားကိုပိုင်ဆိုင်ရမလဲ၊ အချင်းချင်းအမြဲအနစ်နာခံလေ့ရှိတဲ့ နေအိုမီနဲ့လစ်ဇ်ရဲ့ သူငယ်ချင်းသံယောဇဉ်ကရော ဘယ်လိုတွေအစမ်းသပ်ခံရမလဲ၊ နောက်ဆုံး မှာ happy ending ဖြစ်နိုင်ပါ့မလားဆိုတာကို ရယ်မောပြုံးရွှင်ရင်း ကြည်ကြည်နူးနူး ကြည့် ကြရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.9 GB) / (659 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….C’mon Encoder……….SWM

5.4 2023 84 mins
Never Been Chris’d
Johan Falk: Blood Diamonds
7

Johan Falk ဆိုတာကတော့ 1999 ခုနှစ်ကနေ 2015 အထိ အပိုင်း 20 ထုတ်လွှင့်ခဲ့တဲ့ ဆွီဒင် ရဲအက်ရှင်ရုပ်ရှင်စီးရီးကြီးဖြစ်ပါတယ်။ အခုကတော့ CM ပရိသတ်ကြီးအတွက် 2015 မှာထွက်ရှိခဲ့တဲ့ Blodsdiamanter ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (ဂျီအက်စ်အိုင်) မာဖီးယားဂိုဏ်းတွေရဲ့ လက်နက်မှောင်ခိုတင်ပို့မှုကို စုံစမ်းနေပါတယ်။ မာဖီးယားတွေရဲ့ လှုပ်ရှားမှုကိုသိဖို့အတွက်လည်း ရဲတစ်ယောက်ကို အသွင်ယူခိုင်းပြီး မာဖီယားလက်ဝှေ့ကလပ်ထဲမှာ စုံစမ်းခိုင်းထားပါသေးတယ်။ ဂျိုဟန် ဖော့ခ်ကတော့ လတ်ဗီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ရုရှားမာဖီးယားတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီး သူတို့ခိုင်းတာကို လုပ်ပေးခိုင်းနေပါတယ်။ ဒီအချိန်မှာ လက်ဝှေ့ကလပ်မှာ တပ်ထားတဲ့ အသံဖမ်းစက်ကို တွေ့သွားပြီး အသွင်ယူထားတဲ့ ရဲအပါအဝင် တခြားလူသုံးယောက်ကိုပါ မာဖီးယားတွေက ခေါ်သွားတဲ့အခါ ပြန်ကယ်ထုတ်ဖို့လုပ်ကြတာကို ကြည့်ရှုကြရမှာပါ။ ဇာတ်ဝင်ခန်းတွေကလည်း အစစ်အတိုင်းဖြစ်နေတဲ့အပြင် အက်ရှင်ခန်းတွေကလည်း အကြမ်းစားတွေမလို့ အက်ရှင်ကားကြိုက်တဲ့လူတွေသဘောကျစေမဲ့ ကားကောင်းတစ်ကားပါ။ File size…(848 Mb) Quality….Webrip 720p Format…mp4 Duration….01:39:00 Genre…Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

7 2015
Johan Falk: Blood Diamonds
A Part of You

ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ A Part of You ဆိုတဲ့ ဆွီဒင် Teen Drama လေးပါ ဇာတ်လမ်းအကျဥ်းလေးကတော့….. ဂျူလီယာနဲ့ အာ့ဂ်နက်စ်ဆိုတဲ့ ညီအစ်မနှစ်ယောက်မှာ အစ်မဖြစ်သူဂျူလီယာက ကျောင်းမှာပေါ်ပြူလာဖြစ်သူ, ပါတီပွဲတွေမှာသူကမပါမဖြစ်,သူငယ်ချင်းတွေကြားမှာလည်းအချစ်ခံရဆုံးသူ ပြီးတော့ အရမ်းချစ်တတ်တဲ့ နိုအဲလ်ဆိုတဲ့ချစ်သူလည်းရှိတဲ့သူပေါ့။ အဲ့ဒါကြောင့်လည်း ညီမဖြစ်သူအာ့ဂ်နက်စ်ဟာ အစ်မဖြစ်သူကို အမြဲအားကျရပြီး တစ်ခါတလေမနာလိုပါဖြစ်တတ်ပါတယ် တစ်ရက်မှာ ဂျူလီယာက သူငယ်ချင်းဖြစ်သူတစ်ယောက်ရဲ့ပါတီပွဲကို အာ့ဂ်နက်စ်ကိုပါခေါ်သွားပါတယ် ဒါပေမဲ့ အဲဒီပါတီကအပြန်မှာ ဂျူလီယာတစ်ယောက်ကားအက်ဆီးဒင့်ဖြစ်ပြီးအသက်ဆုံးရှုံးခဲ့ရပါတယ် အစ်မဖြစ်သူရဲ့ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြီးဖြစ်ပြီးနောက်ပိုင်း အာ့ဂ်နက်စ်တစ်ယောက် သူမရဲ့ပူဆွေးဝမ်းနည်းမှုတွေကိုဖြေဖျောက်ရင်း အစကတည်းကအားကျခဲ့ရတဲ့အစ်မဖြစ်သူရဲ့နေပုံထိုင်ပုံတွေအတိုင်းအတုယူပြီးလိုက်လုပ်ပါတော့တယ် ဒါပေမဲ့ အစ်မဖြစ်သူဂျူလီယာရဲ့အကြောင်းကိုအလုံးစုံသိတယ်လို့ထင်နေတဲ့ အာ့ဂ်နက်စ်တစ်ယောက် ဂျူလီယာရဲ့လျှို့ဝှက်ချက်ကိုသိလိုက်ရပြီးနောက်မှာ………. ဂျူလီယာသေဆုံးသွားရတာကရော တကယ်ပဲ မတော်တဆကြောင့်လား ကြည့်ရှုနိုင်မှာပါ File size…(1.9 GB)/(945 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2024
A Part of You
How to Marry a Millionaire
6.8

မယ်ရီလင် မွန်ရိုး ဆိုရင်တော့ မသိတဲ့သူရှိမယ်မထင်ပါဘူး။ 1953 တုန်းကထွက်ခဲ့တဲ့ ဒီအချစ်ဟာသ ကားထဲမှာဆိုရင် မယ်ရီလင်မွန်ရိုးက အဓိက မင်းသမီးသုံးလက်ထဲက တစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ရှေးခေတ်ဟောလိဝုဒ် ရဲ့ ရိုက်ချက်တွေ ၁၉၅၀ ဝန်းကျင်က ဖက်ရှင် တွေနဲ့ အတူ ဇာတ်မြူးလေးတစ်ခုကိုကြည့်ရှုနိုင်မှာပါ။ ပိုလာ၊ ရှော့ဇီ နဲ့ လိုကို ဆိုတဲ့ မိန်းကလေးသုံးယောက်ဟာ နယူးယောက်က သူဋ္ဌေးရပ်ကွက်မှာ တိုက်ခန်းတစ်ခန်းငှားပြီး လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်နိုင်ဖို့ ကြိုးစားကြတာနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဒီလိုနဲ့ပဲ အလွဲ အလွဲတွေဖြစ်ကြတာတွေ အချစ်နဲ့ ပိုက်ဆံကြား ဗျားများရတာတွေကို ကြည့်ရှုရမှာပါ။ ရှေးခေတ် ဟောလိဝုဒ်ကားတွေကို ကြိုက်လို့ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးရယ်ချင်တာပဲ ဖြစ်ဖြစ် ဆိုရင် ဒီကားလေးက ကြည့်လို့အဆင်ပြေမှာပါ။ File size…(1.6 GB)/(820 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

6.8 1953
How to Marry a Millionaire
[18+] Baligtaran

ကတ်ဟာ ဒီဂျေကောင်မလေးတစ်ယောက်ဖြစ်ပြီး ငယ်ဘ၀ဖြစ်စဉ်တစ်ခုကြောင့် ယောက်ျားတွေကို ကြောက်ရွံ့ရှောင်တိမ်းတတ်ပါတယ်။ တစ်နေ့တော့ သူတို့ဘားပိုင်ရှင်နဲ့အတူပါလာတဲ့ ဒနိစ်ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံပြီး ဒနိစ်ရဲ့ဖြားယောင်းသွေးဆောင်မှုကြောင့် မိန်းကလေးချင်းဆက်ဆံဖူးတဲ့အတွေ့အကြုံကို ပထမဆုံးခံစားမိပြီး ဒနိစ်ကိုစွဲလန်းသွားပါတော့တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို Pansexual တစ်ယောက်အဖြစ်ခံယူထားတဲ့ ဒနိစ်ကတော့ သူ့ကိုအတည်မတွဲပဲ တစ်ခြားသူတွေနဲ့ခိုးစားမြဲစားနေတဲ့အချိန်မှာတော့ ကတ်တစ်ယောက် သူ့အနေအထားကို သူပြန်ဆန်းစစ်ဖို့ဖြစ်လာပါတော့တယ်။ Pantaxa laiya ပြိုင်ပွဲဝင်ဟောင်း Apple Dy ကို အမိုက်စား DJ မမအဖြစ်စတိုင်အသစ်နဲ့မြင်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.2 GB) / (540 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:00:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

0 2024
[18+] Baligtaran
Zero Dark Thirty
7.4

Zero Dark Thirty (2012) IMDb Rating (7.4) / Rotten Tomatoes (91 %) “အိုစမာ ဘင်လာဒင် ” ဆိုတဲ့ကမ္ဘာကျော် နာမည်ကိုအားလုံးကြားဖူးကြမှာပါ။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တာဝါ ၂ ခုကို အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲထားတဲ့ လေယာဉ်နဲ့ ဝင်တိုက်ခဲ့တာကြောင့် လူ ၃၀၀၀ ကျော် သေဆုံးခဲ့တဲ့ (၉/၁၁) ဖြစ်စဉ်ကို အဓိကကြိုးကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ အိုစမာ ဘင်လာဒင်ဟာ ကမ္ဘာ့အလိုရှိဆုံး အကြမ်းဖက်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ၉/၁၁ ဖြစ်စဉ်အပြီး ဆယ်စုနှစ်တစ်ခုနီးပါးကြာတဲ့အထိ ဘင်လာဒင်ရဲ့အရိပ်အယောင်ကို အမေရိကန်တွေ ရှာမတွေ့ခဲ့ကြပါဘူး။ ကမ္ဘာ့အကောင်းဆုံးနည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ အမေရိကန်ရဲ့လက်ကနေ နှစ်အများကြီးလွတ်အောင် ဘင်လာဒင် ဘယ်လိုပုန်းကွယ်ခဲ့လဲ။ အဲဒီလိုပုန်းကွယ်နေရင်း အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဘယ်လိုချိတ်ဆက်ပြီး အမေရိကန်ကိုဆက်လက်အထိနာစေတဲ့အကြမ်းဖက်လုပ်ရပ်တွေလုပ်ခဲ့လဲ။ အပုန်းကောင်းသူကြီး အိုစမာ ဘင်လာဒင်ရဲ့ နေရာကို အမေရိကန်တို့ ဆယ်နှစ်ကြာအောင် ဘယ်လို စတေးမှုတွေနဲ့ ဘယ်လိုခက်ခက်ခဲခဲရှာဖွေခဲ့ရပြီး သုတ်သင်ခဲ့ရလဲ ဆိုတာတွေကို ဒီရုပ်ရှင်မှာ အသေးစိတ်ကြည့်ရှုကြရမှာပါ။ ‌Zero Dark Thirty ဆိုတဲ့အဓိပ္ပါယ်ကတော့ သန်းခေါင်ယံကျော်လွန်ပြီး မိနစ် သုံးဆယ်အကြာကို ဆိုလိုတာဖြစ်ပြီး အဲဒီအချိန်အတွင်းမှာ ဘင်လာဒင်ကို အမေရိကန်တို့ သုတ်သင်နိုင်ခဲ့တာလဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကြီးက Rating တွေမြင့်ပြီး ကြည့်ရှုသူတိုင်းကြိုက်ကြတဲ့ ဖြစ်ရပ်မှန်အခြေပြုရုပ်ရှင်ကားဖြစ်ပြီး အော်စကာဆုတဆု ရရှိခဲ့သလို အခြားသော ဆုပေးပွဲတွေမှာလဲ ဆုပေါင်း ၈၆ ဆုထိရရှိခဲ့ပါတယ်။

7.4 2012
Zero Dark Thirty
Canadian, Sniper
3.4

Canadian, Sniper (2023) ကမ္ဘာကြီးဟာ စစ်ပွဲတွေနဲ့ကင်းသွားတဲ့နေ့ရယ်လို့မရှိဘူးထင်ရတယ်။ ဒီကားလေးကတော့စစ်မှုထမ်းသက်ပြည့်လို့မွေးရပ်မြေကိုပြန်လာတဲ့ စစ်ပြန်တစ်ယောက်ကြုံရတဲ့ အဖြစ်အပျက်တစ်ချို့နဲ့ သူကြုံခဲ့ရတဲ့စစ်ပွဲရဲ့ဒဏ်ရာဒဏ်ချက်တွေကမျက်မှောက်ထိပါလာပြီးသူ့ကိုဘယ်လိုတွေခံစားသက်ရောက်စေရသလဲတွေ့ရပါမယ်။ ဒီဇတ်ကားရဲ့ရည်ရွယ်ချက်က စစ်သားတွေခံစားရလေ့ရှိတဲ့ Post Traumatic Stress Disorder ဆိုတဲ့ “ကြောက်စရာကောင်းတဲ့ ဒါမှမဟုတ်စိတ်ဖိစီးစရာအဖြစ်အပျက်ကြောင့်ဖြစ်လာတဲ့စိတ်ကျန်းမာရေး အခြေအနေကို” ပြချင်တာဖြစ်တယ်လို့ဆိုပါတယ်။ ဒါရိုက်တာက သူ့သူငယ်ချင်းတစ်ယောက်စစ်တပ်ထဲဝင်ပြီး အာဖဂန်နစ္စတန်မှာ တာဝန်တစ်ကြိမ်ထမ်းဆောင်ပြီးအိမ်ပြန်လာတဲ့အချိန် သူ့ကိုယ်သူသတ်သေသွားတာကိုတွေ့လိုက်ရတဲ့အတွက် ဒီဇာတ်ကားကို ရေးသားရိုက်ကူးဖို့ ဖြစ်လာတယ်လို့ဆိုပါတယ်။ စနိုက်ပါသမားတစ်ယောက်ရဲ့စနိုက်ပါကို ပစ်ခတ်လေ့ကျင့်နေချင်တဲ့စိတ်ကိုလည်းပြထားပါတယ်။ အာဖဂန်နစ္စတန်စစ်ပြန်တစ်ယောက်ရဲ့ သဘာဝကိုချစ်တတ်တဲ့စိတ်ကိုလည်မသိမသာဖော်ပြထားတာတွေ့ရပါမယ်။ ကြိုက်တာကဇာတ်ညွှန်းပါ။ဇတ်ကွက်နည်းနည်းစကားလုံးနည်းနည်းနဲ့ ဇာတ်ကားကိုပုံဖော်နိုင်တဲ့ဇတ်ညွှန်းရေးတဲ့သူရဲ့ကျွမ်းကျင်ပိုင်နိုင်မှုကိုချီးကျူးမိပါတယ်။ စစ်မှုထမ်းတာပြီးလို့တပ်ကထွက်တယ်ဆိုတာသိသာအောင်နောက်ခံစကားပြောတာနဲ့သိစေတာမျိုးအဖေဖြစ်သူရဲ့နောက်ခံအကြောင်းအရာတွေကိုစကားနည်းနည်းနဲ့ပုံဖော်သွားတာမျိုးစစ်မှုထမ်းပြီးတဲ့နောက် ဘာလို့မွေးရပ်မြေကနေဒါမြောက်ပိုင်းကိုပြန်လာရတယ်ဆိုတာကိုပုံဖော်ပြတာမျိုးကဇတ်ကွက်အများကြီးပြစရာမလိုပဲဇတ်ရည်လည်စေတာမျိုးပါ။ ကြိုက်တဲ့အချက်တွေအများကြီးပေမယ့်spoil တာဖြစ်မှာမို့ဒီလောက်ပဲပြောလိုက်ပါမယ်။ စစ်နဲ့ပါတ်သက်ပြီးအင်မတန်ထိမိတဲ့အတွေးအခေါ်တွေခံယူချက်တွေတစ်ချို့ကိုလည်း ပါးပါးလေးချပြထားပါတယ်။ နောက်ထပ်ကြိုက်တာက ရိုက်ချက်တွေပါ သမရိုးကျထက်ဆန်းတဲ့လှတဲ့ရိုက်ချက်တွေနဲ့ကနေဒါမြောက်ပိုင်းရဲ့အလှကဇာတ်ကားရဲ့ဆွဲဆောင်မှုတစ်မျိုးဖြစ်လာပါတယ် ။ တေးဂီတကလည်း သမရိုးကျဇတ်ကားတွေနဲ့ကွဲထွက်နေပြီး ဇာတ်ကားနဲ့လိုက်ဖက်အောင် ဖန်တီးထားတာတွေ့ရပါမယ်။ ဇာတ်ကောင်စရိုက်သရုပ်ဖော်တာကိုကြိုက်တယ်အတွေးစတွေပေးလို့တွေးရတာလည်းကြိုက်မယ် စစ်မှန်တာလည်းကြိုက်တယ်ဆိုရင်တော့ သမရိုးကျစစ်ကားတွေနဲ့ ကွဲထွက်နေတဲ့ဒီဇတ်ကားကိုကြည့်ဖို့ညွှန်းချင်ပါတယ်။ ကနေဒါမင်းသားဖရန်ဆွာအားနို ( François Arnaud) ကစစ်ပြန်ကနေဒီယန်စနိုက်ပါသမားနေရာကသရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာမိုက်ကယ် ကန်ဒင်စကိုင်း (Michael Kandinsky )ကရေးသား ရိုက်ကူးထားပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာ ပရိသတ်အကြိုက်ဆုနဲ့ အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ဇတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(770 MB) / (500 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Sci-Fi, War Duration….01:14:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Drama • Comedy
3.4 2023 73 mins
Canadian, Sniper
The Unrighteous
6.5

The Unrighteous (2024) *********************** IMDb… 6.5 ဘာသာ​ရေးကိုအ​ကြောင်းပြုတဲ့ တရားမဝင်ပြစ်မှု​​အ​ကြောင်းကို ရိုက်ကူးပြသထားတဲ့ The Unrighteous ဂျူဟျွန်း (Lee Hyun-Woo) က ဝန်း​ဂျောင်းဗီလာလို့​ခေါ်တဲ့ ​တိုက်ခန်း​ဟောင်း​ ​သေး​သေးလေးမှာ ​ ​နေမ​ကောင်းဖြစ်​နေတဲ့အ​မေ၊ တူမ​လေးနဲ့ အတူတူနေထိုင်​နေတဲ့သူပါ။ ဘဏ်တစ်ခုရဲ့ လုံခြုံ​ရေးဝန်ထမ်းအဖြစ် လုပ်ကိုင်​​နေပြီး တစ်ချိန်တည်းမှာပဲ လိုင်စင်ရအိမ်ပွဲစားဖြစ်ဖို့ ပြင်ဆင်​နေသူလည်းဖြစ်တယ်။ အိမ်နီးနားချင်း​တွေနဲ့လည်း အဆင်​ပြေ​ပြေ ဆက်ဆံတတ်တဲ့သူဖြစ်​ပေမဲ့ ရှင်းဟယ် (Moon Jeong-Hee) လို့​ခေါ်တဲ့ အ​​ပေါ်ထပ်အိမ်က အမျိုးသမီးနဲ့​တော့ ဆက်ဆံ​ရေးမ​ပြေလည်ခဲ့ပါဘူး။ တစ်​နေ့မှာ ဂျူဟျွန်းက ရှင်းဟယ်ရဲ့ ​စာတိုက်ပုံးထဲကို ဘုရား​ကျောင်းတစ်ခုရဲ့ လက်ကမ်းစာ​စောင်ကို ထည့်ခဲ့ပါတယ်။ ရှင်းဟယ်ကလည်း ​နေမ​ကောင်းဖြစ်​နေတဲ့သားဖြစ်သူ​ကြောင့် ဘုရား​ကျောင်းရဲ့ ယုံကြည်သူဖြစ်လာပြီး အလွန်အမင်းအစွန်း​ရောက်လာခဲ့ပါတယ်။ အဲဒီ​နောက်မှာ​တော့ ဝန်း​ဂျောင်းဗီလာတစ်ခုလုံးနဲ့ ဂျူဟျွန်းမိသားစုပါ အစွန်း​ရောက်ယုံကြည်သူ​တွေ​ကြောင့် အန္တရာယ်ကျ​ရောက်လာ​သောအခါ… ဂျူဟျွန်းတစ်​ယောက် ဘယ်လို​တွေ ရင်ဆိုင်​ဖြေရှင်းပြီး ရုန်းထွက်သွားမလဲဆိုတာ ကြည့်ရှုလိုက်ရ​အောင်ပါ။ (ဇာတ်လမ်းအညွှန်းကိုတော့ Stary မှ ရေးသားပေးထားပါတယ်။) File Size : 1.11GB/ 440MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:47:00 Genre : Thriller, Mystery, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Stary, Treasure Htet & Miri Encoded by Tiff

6.5 2024
The Unrighteous
Three Kilometres to the End of the World Trei kilometri pâna la capatul lumii
7.1

Three Kilometres to the End of the World (2024) IMDb Rating (7.1) / Rotten Tomatoes (65%) ကိန်းမှာ ပွဲဦးထွက်ပြခဲ့တဲ့ ရိုမေးနီးယန်းရုပ်ရှင်ပါ။ Palme d’Or ဆု ပြိုင်ဖို့ အရွေးခံခဲ့ရပြီး Queer Palm ဆုရခဲ့တယ်။ ဒီနှစ်အော်စကာမှာ ရိုမေးနီးယန်း ကိုယ်စားပြုအဖြစ် အရွေးခံထားရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ ကိန်းမှာပြခဲ့တဲ့ကားပီပီသသ အန်ဒီဆန်ဆန် ရိုးရိုးရှင်းရှင်းကိုပဲ အခြေအနေတစ်ခုကို ပေါ်လွင်အောင်ပြထားတယ်ပဲ ပြောရမယ်။ ခေတ်ရဲ့ပြင်ပက အစွန်းရောက်တဲ့ ရွာလေးတစ်ရွာနဲ့ ခေတ်ထဲကိုဝင်ပြီး ရွာလေးကို ပြန်လာခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ကတောက်ကဆတ်တွေ။ အဲဒီရွာကလူတွေရဲ့အစွန်းရောက်ခြင်းတွေနောက်မှာ သူ့အကြောင်းပြချက်နဲ့သူ အကြမ်းဖက်ခြင်းတွေပါလာတာတွေ။ အဲဒီနောက်မှာ ဥပဒေရေးရာတွေပေါ့။ တရားမျှတမှုဆိုတာမျိုးတွေ ရှိရင်တောင် တကယ်မရှိတဲ့ သဘောသဘာဝရဲ့နောက်မှာ သူ့လွတ်မြောက်လမ်းကို အဲဒီလူငယ်လေး ဘယ်လိုရှာသွားလဲ ကြည့်ရမယ့်ရုပ်ရှင်လို့လည်း ပြောလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.3 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:44:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Romance
7.1 2024 105 mins
Three Kilometres to the End of the World Trei kilometri pâna la capatul lumii