YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

In The Dark.S01EP05.1080p.(CM) .mp4

456.88 MB N/A video/mp4 471 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pretty Stoned
7

အလှပြင်ဆိုင်မှာအလုပ်လုပ်တဲ့ စတယ်လာဟာ အနာဂတ်မှာ ဆေးခြောက်အရောင်းဆိုင်ဖွင့်ချင်တယ်ဆိုတဲ့ အိပ်မက်အပြင် တခြားအိပ်မက်ရေရေရာရာမရှိပဲ အချိန်ပြည့်ဆေးကွဲနေတဲ့သူတစ်ယောက်ပါ။ အားလပ်ချိန်တွေမှာတော့ အပိုဝင်ငွေရဖို့အတွက် ဆေးခြောက်တွေကိုလိုက်ပို့ပေးတဲ့အလုပ်ကိုလည်းလုပ်ပါသေးတယ်။ ဒီလိုနဲ့ သူတစ်နေကုန်အခန်းအောင်းပြီး ဝိသောက်မယ်လို့တွေးထားတဲ့ ၄ လပိုင်း ၂၀ ရက်နေ့ (၄၂၀) မှာ သူ့ရဲ့ လုပ်ကလုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဒါဆီ မွှေတာကြောင့် အလုပ်မနားရပဲ အလုပ်သွားရပါတော့တယ်။ ဒါပေမဲ့လည်းသူ့ရဲ့ဆေးကွဲမဲ့ အစီအစဉ်ကိုဖျက်လိုဖျက်ဆီးလုပ်တဲ့ ဒါဆီ ကိုတစ်ပတ်ပြန်ရိုက်ပြီး အလုပ်ကနေအစောကြီးပြန်လစ်ခဲ့တာကြောင့် Performance Anxiety ရှိတဲ့ ဒါဆီတစ်ယောက်ထဲလူအများကြီးကိုအလှပြင်ပေးရတာမလို့ အလွဲလွဲအချော်ချော်တွေဖြစ်ပြီး ကာစတန်မာတွေနဲ့ရန်ဖြစ်ကာ အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ဖြုတ်ခံလိုက်ရတဲ့ဒါဆီတစ်ယောက် ငါခံရသလို နင်လည်းပြန်ခံစေရမယ်ဆိုပြီး စတယ်လာနေတဲ့အိမ်ကိုလိုက်သွားတာ စတယ်လာအိမ်မှာရှိနေတဲ့ ဆေးခြောက်တွေကို အိမ်သာထဲထည့်ပြီးရေဆွဲချလိုက်ပါတယ်။ ဖြစ်ချင်တော့ အဲဒီဆေးခြောက်တွေက စတယ်လာပို့‌ပေးရမဲ့ပစ္စည်းတွေဖြစ်နေပြီး တစ်ပေါင်ကို ဒေါ်လာ နှစ်သောင်းတန်တဲ့ ပင့်ခ် ဟက်ရှမီနာ အမျိုးအစားဆေးခြောက်တွေဖြစ်နေတဲ့အတွက်သူတို့ဆေးခြောက်ကိုဖြောင်သွားပြီဆိုတဲ့ အထင်နဲ့ ဆေးခြောက်ပိုင်ရှင်မူးယစ်ရာဇာ မဒမ်အိတ်စ်က သူ့လူတွေကိုလွှတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့စတယ်လာနဲ့ ဒါဆီတို့လည်းသူတို့နောက်ကို လိုက်လာတဲ့ မူးယစ်ရာဇာရဲ့ လူတွေနဲ့မတွေ့အောင်ရှောင်ထွက်နိုင်မလား၊ ပင့်ခ်တွေကိုပဲ ပြန်ပေးလိုက်နိုင်မလား၊ နှစ်သောက်သား ဆေးတွေရှယ်ကွဲပြီး ဘယ်လိုအလွဲတွေလုပ်ကြပြီး ဘာတွေဖြစ်ကုန်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.6 GB)/(900 MB)/(520 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:00:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

7 2023 120 mins
Pretty Stoned
Robinson Crusoe
5.8

ဝတ္ထုတစ်ပုဒ်က စာဖတ်သူတွေ နှစ်ထောင်းအားရ ကြိုက်နှစ်သက်ကြလို့ နာမည်ကျော်လာတာမဟုတ်ဘဲ ဝေဖန်ရေးဆရာတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခံရပြီး လူသိများလာတာမျိုး၊ အချိန်ကာလကို ကြံ့ကြံ့ခံလို့ ကြာရှည်ထင်ပေါ်နေတာမျိုး လူတို့လောကမှာ ကြုံရဆုံရ ခဏခဏပေါ့ဗျာ။ စိုင်ကော်လို့ ခြုံပေါ်ရောက်ပေမဲ့ ဆူးခြုံဖြစ်နေတာမျိုး၊ အကျနာတာမျိုးဆိုတော့လည်း စပ်ဖျင်းဖျင်းတော့ နိုင်သပေါ့လေ။ ဒယ်နီယယ် ဒီဖိုး ရဲ့ လူသိများလှတဲ့စာအုပ်၊ ရော်ဘင်ဆင် ကရူးဆိုး ရယ်လို့ လူတကာနီးပါးသိတဲ့ ဇာတ်ကောင်၊ ကိုသောကြာခေါ် ဖရိုက်ဒေး ဆိုတဲ့ အရိုင်းအစိုင်း လူမည်းအမျိုးသား၊ ဒါတွေကို လူကြီးမင်းတို့လည်း ဘဝတကွေ့မှာ ဖျတ်ခနဲ ကြုံရင် ကြုံဖူးမှာပေါ့။ ဝေဖန်ရေးဆရာတွေက ဇာတ်ကွက်မပြည့်စုံမှု၊ စိတ်ကူးယဉ်ဆန်မှု၊ အပျော်သဘော စားပွဲပေါ်က စိတ်ကူးမိသမျှ စာရွက်ပေါ်ချရေးထားပါတယ်လို့ အပစ်ရဆုံးတိုင် အကဲဖြတ်ခံရချိန်မှာ တဖက်မှာလည်း ကြိုက်နှစ်သက်လို့ ကာကွယ်ပြောဆိုကြရင်း တစ်ခေတ်မှာ တစ်ပွဲတော့ ပွဲကောင်းကြုံခဲ့ရတာပဲ။ ဒီကြားထဲ ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတဲ့အခါမှာ မျိုးစုံ fail ပြခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ရပြန်ရော။ ကျွန်တော်တို့ရဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးရက်စ် ဘရိုစ်နမ် ကိုယ်တိုင်တောင် သောက်သုံးမကျပါဘူးဆိုပြီး အဆော်ခံရတဲ့အထဲပါခဲ့တဲ့ ဇာတ်ကားပါပဲ။ IMDb 6.0 ပဲရပါတယ်။ ဝတ္ထုရှည်ကြီးကို ရုပ်ရှင်အဖြစ်‌ပြောင်းတော့ ဇာတ်ကွက်တွေ မြန်လွန်းလို့ မပီမပြင်ဖြစ်ရတာ၊ ထိုးထွင်းတီထွင်မှုမရှိဘဲ အဖြောင့်ဆန်ဆန် ပုံဖော်ထားတာ၊ ခေါင်းဆောင်မင်းသားက ဇာတ်ရုပ်နဲ့မလိုက်တာ၊ သင်္ဘောနစ်ခန်း၊ မုန်တိုင်းခန်းတွေ ကပျစ်ကညစ်နိုင်တာတွေကြောင့် လူကြိုက်မများခဲ့တာပါ။ ဒီလို အဆိုးတွေချည်း ရွေးပြောမိတာကတော့ လူကြီးမင်းကို ဒီဇာတ်ကား ကြည့်စေချင်လို့ပါ။ ဟုတ်ပါတယ်။ ကြည့်စေချင်ပါတယ်။ ဝတ္ထုကြီးက သမိုင်းအဆက်ဆက် လူသိများတာမလို့ တစ်ခါတော့ မြည်းစမ်းစေချင်ပါတယ်။ စာအုပ်ဖတ်ဖို့အဆင်မပြေရင် အခုလို ဇာတ်ကားလေးထိုင်ကြည့်ပြီး ဝတ္ထုဖတ်ရသလောက် ရသ ရနိုင်လို့ပါ။ တင်ဆက်ပုံကိုမကြည့်ပဲ တင်ဆက်တဲ့အကြောင်းအရာကို ကြည့်စေချင်ပါတယ်။ တွန် ဟမ့်ခ် ရဲ့ Cast Away နဲ့တော့ မနှိုင်းနဲ့ပေါ့ဗျာ။ ဘာသာပြန်ရာမှာ အဲဒီခေတ်အသုံးအနှုန်းများနဲ့ စကားပြောဟန်များကို ခပ်ပါးပါးကျောရိုးမှီထားပါတယ်။ အရမ်းများရင်လည်း ဖတ်လို့ မကောင်းမှာ စိုးပါတယ်။ ဇာတ်လမ်းကတော့ စစ်ထွက်အမျိုးသားကြီး ရော်ဘင်ဆင် မှာ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူရှိပါတယ်။ ဒါပေမဲ့ အချစ်ဆုံးမိတ်ဆွေကပဲ ဓနအင်အားကိုခိုပြီး ချစ်သူကို အပိုင်ကြံလို့ နှစ်ယောက်တည်း စီးချင်းထိုး၊ တဖက်လူသေသွား‌တဲ့အခါ သူ့မိသားစုတွေ လက်စားချေတဲ့ရန်ကိုရှောင်ရင်း နိုင်ငံရပ်ခြား သင်္ဘောတစ်စင်းပေါ် ရောက်လာရတာပေါ့။ ပင်လယ်ပြင်မှာ သင်္ဘောမှောက်တော့ မေခလာ မကယ်ဘဲ သူတစ်ယောက်တည်း "သေသူတို့ရဲ့ကျွန်း" မှာ သောင်တင်လို့ အိမ်ပြန်လမ်းဝေး‌ရပါတော့တယ်။ အဲဒီကျွန်းဟာ လူရိုင်းတွေရဲ့ ယစ်ပူဇော်ရာ ကျွန်းတစ်ခုပါ။ ယစ်ကောင်အဖြစ် အရွေးချယ်ခံရသူတွေထဲက လူရိုင်းတစ်ယောက်ကို ကယ်တင်လိုက်နိုင်တော့ မိတ်ဆွေရင်းချာဖြစ်လို့ လူမရှိတဲ့ကျွန်းမှာ နှစ်ယောက်တစ်ကမ္ဘာတည်ရတာပေါ့လေ။ ဒါပေမဲ့ ယစ်ပူဇော်တတ်တဲ့ လူရိုင်းတွေ အုပ်စုလိုက် ကျွန်းပေါ်ပြန်လာပြီး သူတို့နှစ်ယောက်ကို အမဲပြန်လိုက်ကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ချစ်သူကို ပြန်လာခဲ့ပါ့မယ် ကတိပေးခဲ့တဲ့ ရော်ဘင်ဆင် ကရော အိမ်ပြန်နိုင်ပါ့မလား။ သူ့ရဲ့ လူရိုင်းမိတ်ဆွေ ဖရိုက်ဒေး ကရော သူ့အပေါ်မှာ ဘယ်လောက်ထိ ချစ်ခင်ရင်းနီးပြီး ရော်ဘင်ရဲ့ အိမ်ပြန်ခရီးမှာ ဘာကိုလက်ဆောင်ပေးလိုက်မလဲ ဆိုတာတွေကို ဟောဒီဇာတ်ကားကြည့်ပြီး ခံစားလိုက်ရအောင်လားဗျာ။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.03GB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 45Min Genre - Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy • Drama
5.8 1997 92 mins
Robinson Crusoe
The Venture Bros.: Radiant is the Blood of the Baboon Heart
7.3

ဒီကားလေးကတော့ အမေရိကန်သမ္မတ နဲ့ သူ့သူငယ်ချင်း သိပ္ပံပညာရှင် သမ္မတအကြံပေးတို့ နှစ်ဦး ကမ္ဘာကြီးပျက်စီးသွားပြီးနောက်မှာ သူတို့နှစ်ဦး တည်းသာ ကျန်ခဲ့ရတဲ့ အဖြစ်အပျက်လေးကိုရိုက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သမ္မတရဲ့ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ကမ္ဘာကြီးက ကောင်းကင်ကိုတောင်မမြင်ရတော့အောင် လေထုကပျက်စီး သွားပါတော့တယ်။ အပြင်လေက ဘယ်လိုမှ ရှုလို့မရလောက်အောင်ဖြစ် သွားပြီး သက်ရှိတွေလည်းမျိုးတုံးကုန်ကြတယ်။ သမ္မတရဲ့ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ် အကြံပေးလည်းဖြစ်တဲ့ သိပ္ပံ ပညာရှင်က ဒီအခြေအနေကို ကြိုမြင်ပြီး Green House လို ထပ်ခိုးလေး တစ်ခုကို အချိန်မီတည်ဆောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူနဲ့ သမ္မတနဲ့ပဲ နောက် ဆုံးရှင်ကျန်သူတွေဖြစ်လာတော့တာပေါ့။ အမိုးခုံးအိမ်လေးထဲက နှစ်ယောက် သားကြား ဘာတွေဘယ်လိုဖြစ်ပျက်ကြမလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size..........(1.2 GB) / (507 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Mystery Translator.......Thetti Tun Encoder..........Zin Phyo Aung

Drama • Science Fiction
7.3 2023 84 mins
The Venture Bros.: Radiant is the Blood of the Baboon Heart
Gray Matter
6.7

Gray Matter (2023) Sci-Fi Thriller ကားကောင်းကောင်းလေကြိုက်တတ်တဲ့သူတွေ Thr Witch(Korea) တို့ Stranger Things တို့လိုဇာတ်ကားမျိုး Thriller လဲဆန်ရမယ် စူပါပါဝါနဲ့ကောင်မလေးတစ်ယောက်လဲ ပါရမယ် ဇာတ်ကွက်ကလဲ လှည့်ကွက်လေးတွေနဲ့မှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် 2023 ထွက် Grey Matter ဆိုတဲ့ကားလေးတင်ပေးလိုက်ပါတယ်။ Grey Matter ဆိုတာကတော့ ဦးနှောက်နဲ့ ကျောရိုးမကြီးဆက်တဲ့နေရာက အရေးပါတဲ့ ဦးနှောက်တစ်ရှုးနေရာလေးကို ပြောတာပါ။ အဲ့နေရာလေးက စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ မှတ်ဉာဏ်တွေ စိတ်ခံစားချက်တွေ လှုပ်ရှားမှုတွေအတွက် အရေးပါတဲ့နေရာလေးပါ။ ဒါကလဲ ဒီဇာတ်ကားရဲ့ အဓိကအရာလေးမို့ ဒီလိုနာမည်ပေးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ စိတ်စွမ်းအားတွေရှိနေတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဟာ အမေဖြစ်သူနဲ့ နှစ်ယောက်တည်းနေပြီး ကျောင်းလဲမတက်ရ အပြင်လဲမထွက်ရပဲ အိမ်မှာပဲစာသင်ပြီးနေနေရပါတယ်။ အမေဖြစ်သူကတော့ သူတို့လိုစွမ်းအားရှိတဲ့သူတွေ လိုက်ဖမ်းနေတာကြောင့်ဆိုပြီး ဘယ်ကိုမှပေးမသွားသလို ဘယ်သူနဲ့မှလဲအဆက်ဆံမလုပ်ခိုင်းပါဘူး။ ဒါပေမဲ့ ဆယ်ကျော်သက်တို့ထုံးစံအတိုင်း အရာရာကိုစူးစမ်းပြီး တခြားကလေးတွေလိုပဲ နေ့စဉ် ကျောင်းသွား သူငယ်ချင်းတွေထားပြီး ပုံမှန်ဘဝလေးကို လိုချင်နေတာပါ။ တစ်နေ့တော့ သူ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူနဲ့ လိုက်သွားပြီး တခြားဆယ်ကျော်သက်လေးတွေနဲ့သွားပြီးတွေ့ရာကနေ သူ့ရဲ့အစွမ်းကိုမထိန်းချုပ်နိုင်တော့ဘဲ လွတ်ထွက်သွားရာကနေ စပြီးသူ့အမေပြောထားသလိုပဲ သူ့ကိုလာဖမ်းသွားမလား ဒါမှမဟုတ် သူ့အမေကပဲ သူ့ကိုလိမ်ညာခဲ့တာလား သူ့အမေရဲ့နောက်ကြောင်းကကော ဘာတွေလဲ ဘာလို့သူတို့ဒီလို လူမသိ သူမသိနေနေရတာလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှု အားပေးကြလိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်

Horror
6.7 2023 87 mins
Gray Matter
Vavien

IMDb rating – 7.5/10 ဒီနေ့တော့ပရိတ်သတ်ကြီးကို Comedy Drama Thriller ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ Celal ဆိုတဲ့သူက အကြွေးတွေဝိုင်းဝိုင်းလည်နေတဲ့ လျှပ်စစ်ဝန်ဆောင်မှုပေးတဲ့သူတစ်ယောက်ပေါ့ တစ်နေ့မှာတော့ သူ့ရဲ့အကြွေးတွေကရုန်းထွက်နိုင်တဲ့သူက သူ့မိန်းမရဲ့စုဆောင်းငွေတွေကိုတပ်မက်ပြီး သူ့မိန်းမကိုမက်လုံးပေး ပျော်ပွဲစားထွက်ဖို့ပြောပါတော့တယ် ယောက်ျားကလွဲရင်ကျန်တာမမြင်တဲ့သူ့ဇနီးကလည်း သူ့ယောက်ျားက ပျော်ပွဲစားထွက်မယ်ပြောတော့ ရာသီဥတုမကောင်းတဲ့ မိုးရွာတော့မယ့်နေ့မှာတောင် သူငယ်ချင်းတွေကိုခေါ်ပြီး သူတို့မိသားစုလေးပျော်ပျော်ပါးပါး ပျော်ပွဲစားထွက်ခဲ့ကြပါတယ် ဒီလိုနဲ့အပြန်လမ်းမှာ Celal ရဲ့ဇနီးက ကားတံခါးကနေ ချောက်ကမ်းပါးထဲကိုပြုတ်ကျသွားတဲ့အခါမှာတော့…ရဲတွေကဘယ်လိုလိုက်ရှာပါစေမတွေ့ခဲ့ပါဘူး သူ့ယောက်ျားလည်း သူ့မိန်းမကိုသေပြီလို့အောက်မေ့ပြီးအပျော်ကြီးပျော်နေချိန်မှာ သူ့မိန်းမပြန်ရောက်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖို့ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…(844 MB) Quality….Webrip 720p Format…mp4 Duration….01:40:00 Genre…Comedy, Drama, Thiller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

0 2009
Vavien
Rubber
5.7

၂၀၁၀ ကထွက်ရှိထားတဲ့ Rubber ဟာ ရုပ်ရှင်ဆုငါးဆုဆွတ်ခူးထားပြီး ဆန်ခါတင်သုံးဆုစာရင်းဝင်ထားပါတယ်။ Comedy, Fantasy, Horror အမျိုးအစားဖြစ်ပြီး ပုံမှန်ကြည့်နေကျဇာတ်ကားများထက် တမူထူးခြားပါတယ်။ ဇာတ်လမ်းအကျဉ်းက ကန္တာရမြို့လေးတစ်မြို့က စွန့်ပစ်ထားတဲ့ ကားတာယာအဟောင်းတစ်ကွင်းဟာ အသက်ဝင်လှုပ်ရှားလာပါတယ်။ ရွေ့လျားနိုင်ရုံသာမက စိတ်စွမ်းအင်နဲ့ သတ္တဝါငယ်လေးတွေကို အသေသတ်နိုင်မှန်း သူ့ဘာသာသူသိလာပါတယ်။ ကားတာယာဟာ လမ်းသွားလမ်းလာမိန်းကလေးတစ်ယောက်ကို စွဲလမ်းမိပြီး သူမတည်းခိုရာ မိုတယ်မှာလိုက်နေပါတော့တယ်။ စိတ်စွမ်းအင်နဲ့ အဖျက်လုပ်ငန်းလုပ်နိုင်တဲ့ ကားတာယာဟာ စိတ်မထင်ရင်မထင်သလို လူပါသတ်နိုင်လာပြီး ကန္တာရမြို့ငယ်လေးအတွင်း သောင်းကျန်းပါတော့တယ်။ ရဲတပ်ဖွဲ့ဟာ လူသတ်ကားတာယာကိုဖမ်းဆီးနိုင်ဖို့ ခရီးသွားမိန်းကလေးရဲ့အကူအညီနဲ့ ကြိုးစားပြီး ထောင်ချောက်ဆင်ပါတော့တယ်။ ကားတာယာဟာဘယ်လိုလုပ်အသက်ဝင်လာတာလဲ… စိတ်စွမ်းအင်နဲ့လူသတ်တယ်ဆိုတာဘယ်လိုမျိုးလဲ… ကားတာယာဆိုပြီးတော့ မိန်းကလေးတွေကို ဘာလို့သဘောကျတာလဲ ကားတာယာကအစစ်လား… သောင်းကျန်းနေတဲ့ကားတာယာကို ဘယ်ပုံဘယ်နည်းနှိမ်းနင်းနိုင်မလဲဆိုတာ Rubber ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်… File size…1.50 GB / 751 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 22m Genre ….. Comedy , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

Drama • Comedy
5.7 2010 82 mins
Rubber
All Your Faces
7

ပြန်လည်ထူထောင်ရေးဆိုင်ရာ တရားမျှတမှုအစီအစဉ်များကို ပြစ်မှုကျူးလွန်သူများနှင့် သားကောင်များအကြား ဆွေးနွေးမှုများအတွက် ပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများက ပံ့ပိုးပေးတဲ့လုံခြုံသောနေရာတစ်ခု ပေးခဲ့တယ် ပါဝင်သူများထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ Chloé , Grégoire၊ Nawelle နှင့် Sabine၊ ဖောက်ထွင်းမှုနှင့် လုယက်မှု သားကောင်များ၊ Nassim၊ Issa နှင့် Thomas တို့က အကြမ်းဖက် လုယက်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံရသော ပြစ်မှုကျူးလွန်သူများဖြစ်ကြတယ် သူတို့တွေ့ဆုံဆွေးနွေးတဲ့အခါ… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File size_(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

7 2023
All Your Faces
Babumoshai Bandookbaaz
7.1

Babumoshai Bandookbaaz (2017) IMDb Rating -7/10 Google User – 86% Genre – Crime/Thriller ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက ချန်နယ်မြန်မာမှာ တောင်းဆိုမှုအများဆုံးဇာတ်ကား တစ်ကားဆိုရင် မမှားပါဘူး။ အချစ်အတွက်နဲ့ တောင်ဖြိုပြခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ အကြိုက်မင်းသားကြီး Nawazuddin Siddiqui ရဲ့ 2017 က ထွက်တဲ့ ဂန်းစတား ဘဝ သရုပ်ဖော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။ သဘာဝကျတဲ့ ဇာတ်ရုပ်တွေကိုအပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့မင်းသားကြီးနဝဇ်ရဲ့ ကားဆိုတော့မကောင်းမှာ မပူရသလို၊ လူ့သဘာဝနဲ့ လူ့စိတ်ကို အကောင်းဆုံး ပြသပေးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အပစ်အခတ် အသတ်အပုတ်တွေ ကြမ်းသလို၊ အချစ်ခန်းတွေကလည်း ကြမ်းပါတယ်။ ဒါ့အပြင် ဒီကားက မင်းသမီး Bidita Bag လက်စွမ်းပြလိုက်တဲ့ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို လက်ဖျားခါရပါတယ်။ ဇာတ်ကားအကြောင်းအရာကို မညွှန်းတော့ပါဘူး။ တစ်ခါတစ်လေဇာတ်လမ်းအကြောင်းအရာကို ဖတ်ကြည့်တာထက်ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းလို့ပါ။ ပြောလိုတာကတော့မြင်နေကျ ဂန်းစတားတွေလိုစကားတွေအများကြီး မပြောပါဘူး။မျက်နှာတွေ ရှုံ့မပြပါဘူး။ မျက်နှာ အမူအရာတွေ ၊မျက်လုံးအကြည့်တွေ၊သီချင်းတွေနဲ့တင် မြိုင်ဆိုင်ပြည့်စုံနေတဲ့ကြေးစားလူသတ်သမား၂ယောက်ရဲ့ ကစားပွဲပါ။ ဒီကစားပွဲကို ပြည့်စုံစေဖို့ နိုင်ငံရေးလောကထဲဝင်မယ့် လူမိုက်ကြီးတွေကလည်း အားဖြည့်ထားပါတယ်။ “ရသမပါတဲ့ အနုပညာက ဆားမပါတဲ့ဟင်းနဲ့တူတယ်၊ဘဝအမောတွေ ပြေပျောက်စေသည်မှာ ရသပင်ဖြစ်သည်” တဲ့။ ဆရာဇော်ဂျီရဲ့ အဆိုအမိန့်ကလည်း ရှိခဲ့တယ်။ ဒီတော့ ဘဝအမောတွေကို ပြေပျောက်စေဖို့ သဘာဝစစ်စစ်ကို အရသာလေးကိုခံစားကြည့်ကြရအောင်ပါ။ (အရွယ်မရောက်သေးသူတွေ၊မိသားစုနဲ့အတူကြည့်မယ့်သူတွေ အတွက်တော့ တချို့ဇာတ်ဝင်ခန်းတွေနဲ့ ပြောစကားတွေဟာ ကြမ်းတမ်းတာသတိပြုရပါမယ်။) ရုပ်ရှင်အညွန်းနဲ့ ဘာသာပြန်ကို Myin Thu နဲ့ Nyi Nyi Koe တို့မှတင်ဆက်ထားပါတယ်။

7.1 2017 122 mins
Babumoshai Bandookbaaz
The Biggest Fan/ Jadore Ce Que Vous Faites

ပြင်သစ်နိုင်ငံကျော်ရုပ်ရှင်မင်းသား”ဂျရက်လန်ဗင်း”ဟာ နာမည်ကျော်သရုပ်ဆောင်တွေအများကြီးပါတဲ့အမေရိကန်ရုပ်ရှင်မှာပါဝင်ဖို့ကမ်းလှမ်းခံရပြီး အဲ့ရုပ်ရှင်ကိုရိုက်ကူးဖို့လက်ခံခဲ့ပါတယ် ရုပ်ရှင်ကို ပြင်သစ်နိုင်ငံတောင်ပိုင်းမှာရိုက်ကူးပါတယ် အဲ့မြို့မှာပဲ ဂျရက်ဟာ သူခေတ္တတည်းရတဲ့အိမ်ကရေကူးကန်ကိုလာပြုပြင်ပေးတဲ့ မိုမိုဇာပါရေတိုဆိုတဲ့လူနဲ့တွေ့ဆုံခဲ့ရပါတယ် သူကဂျရက်ရဲ့အမာခံပရိတ်သတ်တစ်ယောက်ပါ မိုမိုဟာသူအရမ်းသဘောကျလေးစားရတဲ့အိုင်ဒေါကိုအပြင်မှာမြင်တွေ့လိုက်ရတဲ့အခါ ခင်မင်ရင်းနှီးမှုရအောင်ကြိုးစားပါတယ် ဂျရက်ရဲ့ရိုက်ကွင်းကိုပါလာခွင့်တောင်းပြီး နောက်ပိုင်းမှာဂျရက်ကိုမျက်စိအောက်ကအပျောက်မခံလောက်တဲ့အထိ ကော်လိုကပ်နေခဲ့ပါတယ် မိုမိုအတွက်ကတော့ သူအရမ်းကြိုက်ရတဲ့ရုပ်ရှင်မင်းသားမလို့ အရမ်းတွယ်ကပ်နေတာပေမဲ့ တစ်ဖက်ကဂျရက်အတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်လာပြီး မိုမိုကိုတွေ့ရတာကအိပ်မက်ဆိုးတစ်ခုလိုပါဖြစ်လာပါတော့တယ် File size…(1.5 GB)/(757 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2022
The Biggest Fan/ Jadore Ce Que Vous Faites
Oddball
6.5

IMDb 6.4/10 Rotten Tomatoes 87% ပေါ့ပေါ့ပါးပါးဖြစ်ပြီး ပိတ်ရက်မှာ မိသားစုတစ်စုလုံး အတူကြည့်ရှု ခံစားနိုင်မဲ့ ဇာတ်ကားလေးရှာနေပါသလား? ဒါဆို ဒီရုပ်ရှင်က လူကြီးမင်းတို့အတွက်ဖြစ်မှာပါ။ နာမည်ကိုက အူကြောင်ကြောင်လေးလို့ အဓိပ္ပာယ်ရတဲ့ ခွေးလေး Oddball ရဲ့ တစ်ရက်တာဟာ အလွဲပေါင်းတစ်သိန်းနဲ့ စတင်ပါတယ်။ ခြံမွေးတိရစ္ဆာန်တွေကို စောင့်ကြပ်ရတဲ့ မာရန်မာခွေးမျိုးဖြစ်ပေမဲ့ သူ့သခင်မွေးထားတဲ့ ကြက်တွေကို နည်းနည်းမှ မစောင့်ရှောက် ပေးတတ်တဲ့ ကောင်လေးပါ။ တစ်နေ့ သူတို့နေထိုင်တဲ့ ဝါနမ်ဘိုးမြို့လေးရဲ့ အလယ်ကျွန်းလို့ခေါ်တဲ့ နေရာလေးတစ်ခုမှာ ဒေသခံပင်ဂွင်းလေးတွေ မျိုးတုံးမဲ့ အခြေအနေကို ဆိုက်ရောက်လာပါတော့တယ်။ အဲဒီအခါမှာ ကြက်ခြံလယ်သမားကြီး ဆွမ်ပီဟာ သူ့သမီး အမ်မလီနဲ့ မြေးမလေးဖြစ်သူ လစ်ဗီနဲ့အတူ ပင်ဂွင်း ဘေးမဲ့စခန်းကို ဘယ်လိုနည်းလမ်းနဲ့ ကယ်တင်မလဲဆိုတာ စောင့်မျှော် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဖြစ်ရပ်မှန်အခြေပြုဇာတ်လမ်း ဖြစ်တဲ့အလျောက် ပျော်ရွှင်စရာ ဇာတ်ကွက်တွေကိုလည်း ကြည့်ရှုနိုင်ပြီး အသိပညာဗဟုသုတလည်း ရရှိနိုင်မဲ့ ရုပ်ရှင်ကောင်းတစ်ပုဒ်ဆိုတာ သေချာပါတယ်။ File size…1.58GB / 812MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 35m Genre ….. Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

6.5 2015
Oddball
The Token
5.4

တရုတ်တောင်ပိုင်းဒေသမှာရှိတဲ့ ချစ်စရာကောင်းတဲ့ ပုရီးတိုင်းရင်းသူလေးရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဟွားရှန်းရွာလေးဟာ တောင်ပေါ်ဝေးလံခေါင်သီတဲ့နေရာမှာရှိတဲ့အတွက်ဆင်းရဲပြီး ခေတ်နောက်ကျပါတယ်။ ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်တာဝန်ကျတဲ့ အတွင်းရေးမှူးနုံကျားဟွေးဟာ အထက်တန်းကျောင်းမှာကတည်းက ချစ်ရတဲ့ လော်ဟုန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့တယ် ဒါပေမယ့်ချစ်သူရှိတဲ့သူဖြစ်နေတဲ့အတွက် လက်လျှော့ပြီး ရွာဖွံ့ဖြိုးရေးကိုပဲအားစိုက်ပြီးလုပ်ခဲ့တယ်။ ဆရာဝန်မလေးဖြစ်တဲ့လော်ဟုန်က မြို့ဆေးရုံမှာပဲအလုပ်ကြိုးစားနေပြီး ဘဝတိုးတက်မယ့်လမ်းမှာလျှောက်လှမ်းနေခဲ့တယ်။ ဆင်းရဲတဲ့ဇာတိရွာလေးမှာ ဆရာဝန်မမြဲပဲကျန်းမာရေးထောက်ပံ့ချက်တွေ အားနည်းတာကိုသိရတဲ့အချိန်မှာ ရွာမှာဆရာဝန်ပြန်လုပ်ချင်လာခဲ့တယ်။ တစ်ဖက်မှာလူသားဆန်တဲ့စိတ်နဲ့ရွာအတွက်ပြန်လုပ်ပေးချင်တဲ့စိတ်ရှိပြီးတော့ တစ်ဖက်မှာတော့အနာဂတ်ကောင်းဘဝရှေ့ရေးကိုစွန့်လွှတ်ရမယ့် ရွေးချယ်စရာတွေရှိလာတယ်။ စိတ်ထားကောင်းတဲ့ဆရာဝန်မလေးဟာ နောက်ဆုံးမှာဘယ်လမ်းကိုရွေးချယ်မလဲ…… မြို့ကဆရာဝန်ချစ်သူနဲ့ ရွာကအတွင်းရေးမှူးကြားမှာ ဘယ်လိုရွေးချယ်မလဲ ……

Crime • Drama
5.4 2025
The Token
Divino tesoro
4.7

Divino tesoro (2024) IMDb Rating (4.7) ရောဘတ်ဟာ ပင်စင်ယူထားတဲ့ အငြိမ်းစားဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ဇနီးဖြစ်သူမာရီယမ်နဲ့ ကွာရှင်းထားကာ တစ်ဦးတည်းသော သားဖြစ်သူကလည်း သူနဲ့အစေးမကပ်တာကြောင့် ကိုယ်ပိုင်တိုက်ခန်းမှာတစ်ဦးတည်းနေထိုင်ရင်း ဘဝကြီးကိုပျင်းရိစွာ ဖြတ်သန်း‌နေရပါတယ်။ သူ့အတွက်တစ်ခုတည်းသော ထွက်ပေါက် ဘဝတူရွယ်တူမိတ်ဆွေ တွေနဲ့ ပြုလုပ်လေ့ရှိတယ့်စကားဝိုင်းပဲလေးဖြစ်ပါတယ် ။ ဒီလိုနဲ့တစ်နေ့မှာ ရောဘတ်ဟာ စိတ်ကူးရပြီး သူ့တိုက်ခန်းက လွတ်နေတဲ့အခန်းတခန်းကို အငှားတင်လိုက်ပါတယ်။ အိမ်ငှားက ကာမန်ဆိုသူ ကျောင်းသူလေးဖြစ်ပြီး အသက်အရွယ်ကွာခြားလွန်းတဲ့အတွက်အစပိုင်းမှာ အိမ်ရှင်အိမ်ငှား ဆက်ဆံရေးမျိုးသာရှိခဲ့ပေမယ့် ရဲတင်းလှတဲ့ကောင်မလေးကြောင့် အဘိုးကြီးရောဘတ်ခမျာ ဈာန်လျှောရတော့မလို ဖြစ်လာပါတယ်။ ပင်စင်စားအဘိုးကြီးနဲ့ အိမ်ငှားကျာင်းသူလေးကာမန်တို့ဟာ အတူနေရင်းသံယာဇဉ်တွယ်လာတာနဲ့အမျှ သူ့တို့ရဲ့ ဆက်ဆံရေးက နောက်တစ်ဆင့် တက်သွားနိုင်မလား ဘယ်လိုတွေဆက်ဖြစ်လာမလဲ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Swan yee Myo thant ဖြစ်ပါတယ်။) File size…(1.8 GB) / (770 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:21:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Swan yee Myo thant

Drama
4.7 2024 81 mins
Divino tesoro
My Robot Girlfriend
6.1

စက်ရုပ်မလေးကို ချစ်မိသွားတဲ့ ကောင်လေးအကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဒီဇာတ်လမ်းလေးကတော့ ဂျပန်ကားတစ်ကားရှိပြီးသားမို့ကြည့်ဖူးတဲ့လူတွေ သိမယ်ထင်ပါတယ်။ version ပြောင်းသလို တချို့အခန်းလေးတွေပြောင်းကောင်းပြောင်းသွားနိုင်ပေမယ့် လူသားကောင်လေးတစ်ယောက်က ခံစားချက်မဲ့တဲ့ ကောင်မလေးကို ခံစားချက်တွေ မွေးဖွားလာစေပြီး ချစ်တတ်လာအောင် သင်ပေးတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ မပြောင်းလဲဘဲ တူနေဆဲမို့ ဇာတ်လမ်းလေးကြည့်ပြီး အားလုံးလည်း အချစ်တစ်ခု ခံစားမိမယ်မျှော်လင့်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ကောင်လေးဟာ မတော်တဆကြောင့် တစ်သက်လုံး မသေရုံတမယ် ဒုက္ခိတဘဝနဲ့ နေသွားရတဲ့အတွက် အနာဂတ်ကနေ သူတီထွင်ထားတဲ့စက်ရုပ်ကောင်မလေးကို စေလွှတ်ပြီး အတိတ်က အက်စီးဒင့်ကို တားစေခဲ့ပါတယ်။ ဒါပေမယ့် အတိတ်က ကောင်လေးက သူမနှစ်က မထင်မှတ်တဲ့ပုံစံနဲ့ မြင်ထားတဲ့ကောင်မလေးနဲ့ တူနေတဲ့ စက်ရုပ်မလေးကို စက်ရုပ်ဆိုတာ ယုံကြည်ဖို့ခက်ခဲသလို ရင်မခုန်ဖို့လည်း မလွယ်ကူခဲ့ပါဘူး။ စက်ရုပ်နဲ့လူကြားက အချစ်ဇာတ်လမ်းလေးရယ် အနာဂတ်က စက်ရုပ်မလေးကို အတိတ်ကသူ ဘာလို့ကြိုမြင်ဖူးခဲ့တယ်ဆိုတာရယ်ကတော့ ဇာတ်လမ်းလေးကြည့်မှ သိနိုင်ခံစားနိုင်မှာမို့ ဒေါင်းကြည့်လိုက်တော့နော်

Drama
6.1 2020
My Robot Girlfriend