YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

In.China.They.Eat.Dogs.1999.1080p.(CM).mkv

2.34 GB 1080p video/x-matroska 15 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Last Tango in Paris
7

Last Tango in Paris (1974) ~ IMDb - 6.9/10, Rotten Tomatoes - 83% ~ ခေတ်အဆက်ဆက်မှာ အနုပညာအဆက်ဆက်ရဲ့ အနုပညာမြို့တော်အဖြစ် ရပ်တည်ခဲ့တဲ့ ပါရီဟာ အနုပညာအစစ်အမှန်ပေါင်းများစွာရဲ့ ဇာတိချက်ကြွေဖြစ်တဲ့နေရာပီပီသသပဲ ရုပ်ရှင်အနုပညာရဲ့ ရေစီးကြောင်းရှည်မျောကျယ်ပြန့်လာတဲ့ ခေတ်မှာလည်း ရုပ်ရှင်အနုပညာကို စတင်တီထွင်ခဲ့ရာဒေသပီသစွာနဲ့ နောက်ကျကျန်မနေခဲ့ပါဘူး။ အခုလက်ရှိအထိလည်း ပြင်သစ်ကားတွေဟာ သူ့နည်းသူ့ဟန်နဲ့ အနုပညာကိုဖော်ကျူးနေကြတုန်းပါပဲ။ တိုင်းအရပ်ရပ်က ပိတ်ပင်ခြင်းခံရတဲ့ရုပ်ရှင်တွေ အနုပညာတွေကို ပြင်သစ်ကနေ ဖွင့်ချပြနေကြတုန်းပါပဲ။ ဒီရုပ်ရှင်ဟာလည်း အီတလီဒါရိုက်တာ Bernardo Bertolucci က သူ့အနုပညာကို ပြင်သစ်မှာ သွားဖွင့်ချထားတဲ့ ရုပ်ရှင်ပါပဲ။ သူဟာ The Last Emperor နဲ့ The Dreamers တို့လို မာစတာပိစ်ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာဆိုလည်းမမှားပါဘူး။ မင်းသားတွေကတော့ တကယ့် ဂန္ထဝင်ကိုမှ ထိတ်ထိတ်ကြဲတွေပါ။ ပါချီပါချက်မဟုတ်ဘဲ အနုပညာအရရော အောင်မြင်မှုအရရော ထိပ်တန်းကျခဲ့တဲ့ 400 Blows က မင်းသားကြီး Jean-Pierre Léaud နဲ့ ဟောလိဝုဒ်ရဲ့ ဂန္ထဝင်ရုပ်ရှင်ပေါင်းများစွာမှာ သရုပ်ဆောင်ဖူးခဲ့တဲ့ မာလွန်ဘရန်ဒိုတို့က အဓိက သရုပ်ဆောင်ထားတယ်။ မင်းသမီးကလည်း ပြင်သစ်မင်းသမီး Maria Schneider ပါ။ ဘရန်ဒိုကလွဲ အကုန်ပြင်သစ်တွေချည်းလို့ ပြောလို့ရပါတယ်။ Erotic Drama Film တစ်ကားအနေနဲ့ဆို ဒီကားဟာ တော်တော်ထိပ်တန်းကျတဲ့ အရည်အသွေးရှိတယ်လို့တောင် ပြောချင်ပြောလို့ရပါတယ်။ Sex Scenes တွေက အကြမ်းပတမ်းတွေတောင်ပါတာမို့ အများသူငါ သူယှဉ်တွဲကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 9Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Comedy • Drama • Sci-Fi & Fantasy
7 1972 129 mins
Last Tango in Paris
Real Steel
7

IMDb Rating(7.1) မင်းသားကြီး Hugh Jackman ပါဝင်တဲ့ အာလုံးအကြိုက်တွေ့စေမယ့် စက်ရုပ် အက်ရှင် ဖိုက်တင်ကား အလန်းလေးတင်ဆက်ပေးချင်ပါတယ် ။ ဒီရုပ်ရှင်က ထွက်စတုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့သလို ဘယ်အချိန်ကြည့်ကြည့်မရိုးတဲ့ Drama,Sci-Fi ကားလေးပါပဲ။ ဇာတ်လမ်းကတော့... စက်ရုပ်‌တွေကို အရမ်းစိတ်ဝင်စားလွန်းလို့ အကြွေးပတ်ပတ်လည် ဝိုင်းနေတဲ့ ချာလီ... ချာလီ ဆီမှာ မရင်းနှီးတဲ့ ၁၀ အရွယ် ဂျစ်ကန်ကန်သားတစ်ယောက်ရှိတယ် ။ သားဖနှစ်ယောက် ပေါင်းမိပြီး ကောက်ရတဲ့ စက်ရုပ်နဲ့ ကြေးစားလက်ဝှေ့ ပွဲတွေကို ဝင်ရောက်ထိုးသတ်ရင်း နာမည်ကြီးလာခဲ့တယ် ။ စက်ရုပ်ရဲ့ နာမည်က .... အက်ပ်တန် ....ပါ....နာမည် ကြီးလာတဲ့ အက်ပ်တန်နဲ့ သားအဖနှစ်ယောက် Real Steel ကမ္ဘာ့ ချန်ပီယံ ပွဲရဲ့ ချန်ပီယံကို စိန်ခေါ်ပြီး ဘယ်လို ဖိုက်တင်ပလေးကြမလဲဆိုတာ.....။ Review Crd File size…(3 GB)/(1.4 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:06:50 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH

Comedy
7 2011 127 mins
Real Steel
Men in Black II
6.4

ပြီးခဲ့တဲ့ MIB ပထမ ရုပ်ရှင်ကားမှာတုန်းက အေးဂျင့် ကေ ဟာ အေးဂျင့် ဂျေ ကို သူသိသမျှ တက်သမျှ တွေ အကုန်သင်ပေးခဲ့ပြီး Men In Black အဖွဲ့အစည်းကနေ အနားယူခဲ့ပါတယ် ပိုပြီး ထူးခြားတာက သူအနားယူတဲ့အခါ ဘာမှ မမှတ်မိချင်လို့ ဒီအလုပ်လုပ်ခဲ့သမျှ ကာလပတ်လုံး မေ့သွားအောင် အေးဂျင့် ဂျေ ကို မှတ်ဉာဏ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပြီး ထွက်ခွာသွားခဲ့တာပါ... MIB 2 မှာတော့ ကေ မရှိတဲ့တဲ့ အေးဂျင့် ဂျေ တစ်ယောက် အလုပ်မှာ တလွဲတွေ လုပ်တဲ့ ပါတနာ အသစ်နဲ့ အတော်လေး အဆင်မပြေ ကို ဖြစ်နေပါတယ်... အဲ့ဒီလို အချိန်ကိုက်မှာပဲ ကမ္ဘာပေါ်ကို ပထမတစ်ခါလာဖူးပြီး MIB အဖွဲ့ကို ရင်ဆိုင်ရှုံးနိမ့်သွားတဲ့ ဆယ်လီနာ ဆိုတဲ့ ဂြိုလ်သားမ ဟာ နောက်တစ်ခါ ထပ်မံ ရောက်ရှိလာပါတော့တယ် သူလာရှာတာကတော့ ဇာသန် တွေ ရဲ့ အလင်းရောင် စွမ်းအားပါ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အေးဂျင့် ကေ ငယ်ရွယ်တဲ့ အချိန် ဇာသန် တွေဟာ သူတို့ ဂြိုလ်ရဲ့ တန်ဖိုးရှိ အရာကို စောင့်ရှောက်ပေးဖို့ အေးဂျင့် ကေ နဲ့ MIB ကို အပ်ထားခဲ့တာ ဖြစ်ပြီး ထိုအရာကို လုယူဖို့ ဆယ်လီနာ ပြန်လာခဲ့တာပါ... ဒီသမိုင်းတွေကို သိတဲ့ အေးဂျင့် ကေ ကို ပြန်ခေါ်ဖို့ အေးဂျင့် ဂျေ မှာ တာဝန်ရှိလာတဲ့ အခါမှာတော့... ဒီရုပ်ရှင်ကားကို Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ် File size…9.5GB / 2.22GB / 907MB Quality…4k HEVC BlyRay / 1080p / 720p Format…mkv / mp4 Duration….1h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Archi Than Gyi

Action • Adventure • Mystery • Science Fiction • Thriller
6.4 2002 88 mins
Men in Black II
Wickensburg

Wickensburg နယ်မြို့လေးကိုပြောင်းလာတဲ့ စီလင်းနဲ့ အဲလီရက်တို့ သားအမိ ၂ ယောက်… မြို့ကိုလာတဲ့လမ်းမှာတင် ဒေသခံတစ်ယောက်ရဲ့ထူးခြားတဲ့စကားတွေ.. မြို့ထဲရောက်တော့လည်း ပုံမှန်မဟုတ်တဲ့ လူတွေရဲ့အပြုအမူတွေဟာ သားအမိ ၂ ယောက်အတွက်ထူးဆန်းနေခဲ့ပါတယ်။ နယ်မြို့လေးမှာလည်း အရင်တည်းက ကျိန်စာမိတယ်ဆိုတဲ့ယုံတမ်းစကားကိုလည်းယုံကြည်ပြီး သူ့ကိုယ်သူစုန်းမလို့ခံယူထားတဲ့ ဒေသခံ ဝီလိုဆိုတဲ့ကောင်မလေး နဲ့ အဲလိရက်တို့ခင်မင်သွားပြီး ကျိန်စာအကြောင်းကိုရှာဖွေကြပါတော့တယ်။ တစ်ဖက်မှာလည်း တက်ကြွပြီးတော်တဲ့ ဂျာနယ်လစ်လေးစီလင်းတစ်ယောက် အလုပ်အသစ်မှာ ဘယ်လိုတွေကြုံတွေ့ရမလဲ သတင်းတွေရေးဖို့ရှာဖွေမွှေနှောက်ရင်း စုံစမ်းရင်း ဘာတွေထပ်ပြီးဖော်ထုတ်နိုင်မလဲ.. ဒီမြို့လေးရဲ့ လျှို့ဝှက်ချက်တွေရယ် ဒီမြို့လေးကတကယ်ပဲ ကျိန်စာမိနေတာလား နောက်ဆုံးဘယ်လိုဖြစ်သွားမလဲဆိုတာကို Mystery ဆန်ဆန် မပျင်းရဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမှာပါ။ File size…(1.8GB) / (1.14GB) / (412MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre…Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sarah

Comedy • Romance
0 2022 92 mins
Wickensburg
To Kill a Stepfather

နစ်ကိုးလ်ရေးဟာ ကယ်လီဖိုးနီးယားက ထိပ်တန်းဥပဒေရုံးကြီးမှာ လုပ်ကိုင်နေတဲ့ အောင်မြင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်၊ တစ်နေ့မှာတော့ သူမဟာ သူမရဲ့မွေးစားအဖေဖြစ်သူ လှေကားပေါ်ကနေ တွန်းချခံလိုက်ရပြီး သေဆုံးသွားတဲ့အပေါ် သူမရဲ့အမေဖြစ်သူကို လူသတ်မှုနဲ့ဖမ်းဆီးခံလိုက်ရတာကို သိလိုက်ရပြီးတဲ့နောက်မှာ သူမရဲ့အမေဘက်ကနေ ရှေ့နေလိုက်ပေးဖို့နှင့် ဘာဖြစ်ခဲ့လဲဆိုတာက စုံစမ်းဖို့ ပြန်လာခဲ့ပါတော့တယ်၊ ဒီလိုနဲ့ အမှုအတွက် စတင်စုံစမ်းတဲ့အခါမှာ အဖြစ်အပျက်တွေက သူမထင်သလို မရိုးရှင်းနေဘူးဆိုတာ သူမသိလာရပါတော့တယ်။ သူမရဲ့အမေက တစ်ကယ်ပဲ သူ့မရဲ့မွေးစားအဖေကို သတ်ခဲ့တာလား၊ အပြင်မှာရော တစ်ကယ့်လူသတ်သမားရှိနေတာလား၊ သူမအနေနဲ့ရော ဒီအမှုကို ဘယ်လိုဖြေရှင်းမလဲ၊ အမှန်တရားကိုရောရှာဖွေတွေ့ရှိနိုင်ပါ့မလား ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(659 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2023
To Kill a Stepfather
Uniki

Madam Collector – Uniki 2022 ( မမခရိုင်မှူး) ယခုတစ်ခါ ထပ်မံတင်ဆက်ပေးမဲ့ကားလေးကလဲ ပရိသတ်များအကြိုက်တွေ့မှာဖြစ်တဲ့ ဇာတ်လမ်းလေးမျိုးဖြစ်ပြီး မင်းသမီးချောလေး ချစ်ထရာရှူလာက မမခရိုင်မှူးအဖြစ် အဓိက ပါဝင်ထားပါတယ် ဇာတ်လမ်းလေးကတော့ သာမန်လူတန်းစားမိသားစုကနေ ပညာတော်လို့ ခရိုင်မှူးဖြစ်လာတဲ့ ဆူဘာဟာ သူ့လက်ထက်မှာ စနစ်ကြီးတသ်ခုလုံးကို မြေလှန်ပစ်မယ်လို့ အလုပ်စဝင်တဲ့နေ့ထဲက ကြွေးကြော်လာတာပါ အိန္ဒိယထုံးစံ ကြီးနိုင်ငယ်ညှဉ်း ရာထူးကြီးတဲ့ကောင်နဲ့ ပေါင်းအနိုင်ကျင့် စတဲ့ဟာတွေကို ခရိုင်မှူးမမတစ်ယောက် ဆတ်ဆတ်ထိမခံ ဖြေရှင်းပေးရင်း တစ်ရက်မှာတော့ ချောင်းရိုက်ခံလိုက်ရပြီး ဆေးရုံရောက်သွားပါတယ် ခရိုင်မှူးပါချောင်းရိုက်ခံရအောင် ဘယ်သူတွေကြိုးကိုင်ထားလဲ ခရိုင်မှူးမမကရော ဒီလိုအန္တရာယ်တွေကို မမှုပဲ ဆက်တာဝန်ထမ်းဆောင်နိုင်မလားဆိုတာ အမျိုးသမီးအသားပေး မိုတီပေးတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီး အတွက် ခံစားကြည့်ရှုကြဖို့ အကြံပေးရင်း တင်ဆက်ပေးလိုက်ပါတယ် အညွှန်းကို‌တော့ ဝါရင့်ဘာသာပြန်ကြီးSaiiမှ ရေးသား ပေးထားကာ ဘာသာပြန်တွေကတော့ Thaik San , V နဲ့ Saii တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Comedy • Drama
0 2022
Uniki
The Storm

တရုတ်ရိုးရာ ကာတွန်းလေးတွေကြိုက်တယ်ဆိုတဲ့သူတွေဆို ဒီတစ်ခေါက်ကာတွန်းလေးကို လက်လွှတ်မခံသင့်ဘူးနော်… ဒီဇာတ်လမ်းလေးကို အမြည်းမိတ်ဆက်ပေးရမယ်ဆိုရင် မန်ထိုဆိုတဲ့ကောင်လေးက သာ့ကူကျစ်ဆိုတဲ့သူ့ကို မွေးစားထားတဲ့ မွေးစားအဖေနဲ့အတူ လူသူကင်းမဲ့တဲ့ ရွာလေးတစ်ခုမှ ာ ဦးတည်ရာမဲ့ ဒဏ္ဏာရီထဲက ရှိကူသင်္ဘောနဲ့ ယဲ့လင်သွမ့်ကို ရှာဖွေနေခဲ့တာပေါ့… ဘယ်လိုဒဏ္ဏာရီလဲဆိုရင်တော့ ယဲ့လင်ငှက်ဆိုတဲ့ ငှက်နတ်ဘုရားရဲ့ အမွှေးအတော်ကနေ ယဲ့လင်သွမ့်ဖြစ်လာပြီး ဒီယဲ့လင်သွမ့်ကို ဟေးလုံတပ်က တိုက်ခိုက်လုယူခဲ့တာကြောင့် ယဲ့လင်ငှက်တို့ မျိုးသုဉ်းခဲ့ရတာပေါ့… ဒါပေမယ့်လည်း ဟေးလုံတပ် အခြေစိုက် လျိုအိမ်တော်လည်း ဂိုဒေါင်မီးလောင်လို့ လုယူခဲ့တဲ့ ယဲ့လင်သွမ့်လည်း မီးလောင်ပျက်စီးခဲ့ရတာပေါ့… ဒါပေမယ့်လည်း ဒဏ္ဏာရီလာ ရှိကူသင်္ဘောမှာ အရောင်တလက်လက်လင်းနေတဲ့ သေတ္တာထဲမှာ နောက်ထပ် ယဲ့လင်သွမ့်တစ်ခုရှိတယ်လို့ ဆိုထားတာကြောင့်… မန်ထိုလေးရဲ့ မွေးစားအဖေ သာ့ကူကျစ်ကလည်း လိုက်ရှာနေခဲ့တာပေါ့… ကဲ မန်ထိုလေးတို့သားအဖ ဘယ်လို စွန့်စားခန်းတွေကြုံရမလဲ… ဒဏ္ဏာရီက တကယ်ဖြစ်လာမှာလား… တကယ်ဖြစ်လာရင်လည်း ဘယ်လိုအခက်ခဲတွေကြုံနိုင်လဲ ဇာတ်လမ်းလေးကိုကြည့်ရင်း အဖြေရှာကြည့်လိုက်ပေါ့ကွယ်…

TV Movie • Comedy • Drama
0 2024
The Storm
Iron Lady Sniper
5.7

ဇာတ်ကားလေးကိုတော့ တရုတ်ပြည်မှာ ဂျပန်တွေကြီးစိုးနေတဲ့ခေတ် 1950နှောင်းပိုင်းကိုအခြေခံပြီးရိုက်ကူးထားပါတယ် ။ ဇာတ်ကားလေးက Action ဆန်ဆန် ဇာတ်လမ်းတွေ ကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်တော့ ဇာတ်ကားကောင်းလေးဖြစ်မယ်ဆိုတာ ပြောရဲပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ စက်တင်ဘာ 18 ဆူပူမှုကြီးအပြီးမှာ တရုတ်ပြည်ရဲ့ အင်အားအကြီးဆုံးစစ်တပ်ဖြစ်တဲ့ တုန်းပေစစ်တပ်ဟာ ဂျပန်တွေကို မတိုက်ခိုက်တော့ဘဲ ခုခံဖို့မူဝါဒကိုချမှတ်လိုက်ပါတယ် ။ ဒါကိုမကျေနပ်ကြတဲ့ တုန်းပေစစ်တပ်က စစ်သားတွေဗိုလ်ကြီးတွေ တော်တော်များများက တုန်းပေစစ်တပ်ကထွက်ခွာပြီး ပြည်သူ့တော်လှန်ရေးတပ်ထဲဝင်ကြပါတော့တယ် ။ ဂျပန်တွေကလည်း မန်ချူးတွေရဲ့အကူအညီနဲ့ရဲတင်းပြီး တရုတ်ပြည်က တော်လှန်သူမှန်သမျှကို ရက်ရက်စက်စက်လိုက်လံသုတ်သင်နေတဲ့အချိန်လည်းဖြစ်ပါတယ် ။ အဲဒီတော်လှန်သူတွေထဲမှာ မင်းသမီးရဲ့မိဘတွေကလည်းအပါအဝင်ဖြစ်ပြီး သူတို့ရဲ ရဲဘော်ရဲဘက်တစ်ယောက်ကို ဖွက်ထားပေးမိလို့ အသေနှိပ်စက်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ် ။ ဒါကိုမျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတဲ့ လန်ရွှယ် ( မင်းသမီး ) လေးဟာ တစ်ဘဝလုံး ဂျပန်တွေကိုမုန်းတဲ့စိတ်နဲ့ကြီးပြင်းလာခဲ့ပြီးတော့ အဲဒီကယ်လိုက်တဲ့ရဲဘော်ရဲဘက်ဗိုလ်ကြီးဆီမှာ သေနတ်ပစ်နည်းကို ကျွမ်းကျင်သည်အထိသင်ခွင့်ရခဲ့ပါ‌တယ် ။ သူပညာရည်ပြည့်စုံပြီး ထိပ်တန်းစနိုက်ပါတစ်ယောက်ဖြစ်လာခဲ့ချိန်မှာတော့ မိဘတွေအတွက်ဘယ်လိုလက်စားချေသွားမလဲ ? ဂျပန်တွေကိုရော ဘယ်လိုတော်လှန်သွားမလဲဆိုတာကို စိတ်ဝင်စားစွာ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှူပေးကြပါအုံးနော် ။

5.7 2024
Iron Lady Sniper
71: Into the Fire
7.3

71: Into the Fire (2010) *********************** နာမည်ကြီး ရုပ်ရှင်မင်းသားကြီးတွေဖြစ်တဲ့ Cha Seung-won၊ Kwon Sang-woo၊ Kim Seung-woo နဲ့ T.O.P တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ တောင်-မြောက်ကိုရီးယားစစ်ပွဲကာလအတွင်း ၁၉၅၀ ခုနှစ် သြဂုတ် ၁၁ ရက် ဖိုဟန်တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတဲ့ တောင်ကိုရီးယားကျောင်းသားလေး ၇၁ ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- ယုံးဒေါ့နယ်က အူတူတူအတတ စစ်သင်တန်းသား အိုဂျန်ဘုံးဟာ လက်တိုလက်တောင်းအကူအညီပေးရတဲ့ စစ်သားလေးပဲဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်လာတဲ့တစ်ရက် အသက်အန္တရာယ်နဲ့ ကြုံလာရချိန်မှာ သူ့ရဲ့ဗိုလ်မှူးဟာ သူ့ကိုကာကွယ်ပေးရင်း အသက်ပေးလိုက်ရတဲ့အတွက် စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီးနေနေတဲ့သူပါ။ တောင်-မြောက် စစ်ပွဲတွေ ပြင်းထန်လာပြီး စစ်သားမလုံလောက်မှုတွေ ဖြစ်လာတဲ့အခါမှာ အမိမြေကိုကာကွယ်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ကျောင်းသားလေးတွေဟာ ကိုယ့်ဆန္ဒနဲ့ကိုယ် တပ်ထဲကို ဝင်‌ရောက်လာကြပါတယ်။ ထိုအချိန်မှာ အလယ်တန်းကျောင်းမှာ စခန်းချနေတဲ့ တောင်ကိုးရီးယားတပ်မဟာအနေနဲ့ နက်ဒုံမြစ်ဘက်မှာ စစ်ပွဲရင်ဆိုင်ဖို့သွားရချိန် ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်တွေကို ဦးဆောင်ဖို့နဲ့ စခန်းကိုစောင့်ကြပ်ရေးတာဝန်ကို တောင်စစ်တပ်စု (၃)ရဲ့ ခေါင်းဆောင်ဗိုလ်ကြီးဟာ အိုဂျန်ဘုံးကို ပေးအပ်လိုက်ပါတော့တယ်။ မိမိစီနီယာသေဆုံးသွားလို့ ယုံကြည်ချက်မဲ့နေတဲ့ အိုဂျန်ဘုံးတစ်ယောက်ဟာ အသစ်ဝင်ရောက်လာတဲ့ စစ်သင်တန်းသားသစ်ထဲမှာ ကျောင်းသားဟန်ဆောင်ထားတဲ့ လူမိုက်ဂိုဏ်းဝင် ဂပ်ဂျိုတို့အုပ်စုရဲ့ မထီမဲ့မြင်ဆက်ဆံခြင်းတွေကိုလည်း ခံရပါသေးတယ်။ အိုဂျန်ဘုံးဦးဆောင်တဲ့ တိုက်ပွဲအတွေ့အကြုံမရှိတဲ့ ကျောင်းသားလေး ၇၁ ယောက်ဟာ မြောက်ကိုရီးယားရဲ့ ကြောက်စရာအကောင်းဆုံး အမှတ် (၇၆၆) ခြေလျင်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့… ကျောင်းသားလေးတွေ ဘယ်လို ရွပ်ရွပ်ချွံချွံနဲ့ မြောက်ကိုရီးယားကို ခုခံသွားမလဲဆိုတာ ရင့်နင့်ဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…3.01GB / 1.24GB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 2m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Thinn & Theint

7.3 2010
71: Into the Fire
Three Kilometres to the End of the World Trei kilometri pâna la capatul lumii
7.1

Three Kilometres to the End of the World (2024) IMDb Rating (7.1) / Rotten Tomatoes (65%) ကိန်းမှာ ပွဲဦးထွက်ပြခဲ့တဲ့ ရိုမေးနီးယန်းရုပ်ရှင်ပါ။ Palme d’Or ဆု ပြိုင်ဖို့ အရွေးခံခဲ့ရပြီး Queer Palm ဆုရခဲ့တယ်။ ဒီနှစ်အော်စကာမှာ ရိုမေးနီးယန်း ကိုယ်စားပြုအဖြစ် အရွေးခံထားရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ ကိန်းမှာပြခဲ့တဲ့ကားပီပီသသ အန်ဒီဆန်ဆန် ရိုးရိုးရှင်းရှင်းကိုပဲ အခြေအနေတစ်ခုကို ပေါ်လွင်အောင်ပြထားတယ်ပဲ ပြောရမယ်။ ခေတ်ရဲ့ပြင်ပက အစွန်းရောက်တဲ့ ရွာလေးတစ်ရွာနဲ့ ခေတ်ထဲကိုဝင်ပြီး ရွာလေးကို ပြန်လာခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ကတောက်ကဆတ်တွေ။ အဲဒီရွာကလူတွေရဲ့အစွန်းရောက်ခြင်းတွေနောက်မှာ သူ့အကြောင်းပြချက်နဲ့သူ အကြမ်းဖက်ခြင်းတွေပါလာတာတွေ။ အဲဒီနောက်မှာ ဥပဒေရေးရာတွေပေါ့။ တရားမျှတမှုဆိုတာမျိုးတွေ ရှိရင်တောင် တကယ်မရှိတဲ့ သဘောသဘာဝရဲ့နောက်မှာ သူ့လွတ်မြောက်လမ်းကို အဲဒီလူငယ်လေး ဘယ်လိုရှာသွားလဲ ကြည့်ရမယ့်ရုပ်ရှင်လို့လည်း ပြောလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.3 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:44:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Romance
7.1 2024 105 mins
Three Kilometres to the End of the World Trei kilometri pâna la capatul lumii
Schindler’s List
9

Schindler’s List (1993) IMDb Rating (9.0) / Rotten Tomatoes (98%) ကမ္ဘာပေါ်က အကောင်းဆုံး Biographical ဇာတ်ကားတွေထဲမှာ No.1 ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Schindler’s List ဇာတ်ကားဟာ German စီးပွားရေး သမားဖြစ်တဲ့ Oskar Schindler အကြောင်း ရိုက်ကူးထား တာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီတွေရဲ့ လူမဆန်စွာ သတ်ဖြတ်မှုတွေ အကြား ရပ်တည် နေရတဲ့ Polish Jewish ဒုက္ခသည် ၁၀၀၀ ကျော်ကို အသက်ဘေး ကနေ လွတ်အောင် သူ့ရဲ့ စက်ရုံ အမျိုးမျိုးမှာ နေထိုင် လုပ်ကိုင် စေချင်အားဖြင့် စောင့်ရှောက်ခဲ့ပုံတွေကို ရှုစားရမှာ ဖြစ်ပါတယ်။ Biographical Movies တွေထဲမှာ အကောင်းဆုံး ဇာတ်လမ်းအဖြစ် ရပ်တည် နေပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါ တယ်။ အော်စကာဆု ၇ ဆုအပြင် အခြားဆုပေါင်း ၇၀ နဲ့ ဆု ၂၅ ဆုအတွက် ဇကာတင် စာရင်း တင်သွင်း ခံခဲ့ရပါတယ်။မင်းသားကြီး Liam Neeson မှာ Oskar Schindler အဖြစ်ပါဝင်ထားပါတယ်။ ဒါရိုက်တာက Steven Spielberg ဖြစ်သလို တကယ့်အဖြစ်အပျက်အကြောင်းအရာတွေအတိုင်း အပြင်ကလူတွေပါထည့်သွင်းရိုက်ကူးပြထားတာမလို့ ရင်ထဲနစ်နေအောင်ခံစားရတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ ရုပ်ရှင်အညွှန်းကိုတော့ Eliza Pru ရဲ့ခံစားမှုအက်ဆေးနဲ့မိတ်ဆက်ခဲ့ချင်ပါတယ်။ Spoiler တချို့ပါတာမလို့မကြည့်ရသေးရင် အက်ဆေးကိုမဖတ်သေးဘဲ ဇာတ်လမ်းကိုအရင်ကြည့်ဖို့တိုက်တွန်းပါတယ်။ ++++++++++++ ဒီနေ့ Netflix ကနေ Schindler’s List ဆိုတဲ့ German Industialist သူဌေးကြီး Oskar Schindler ရဲ့ German Holocaust က နေ Jewish ၁၂၀၀ ခန့်ကို ကယ်တင်ခဲ့တဲ့ အကြောင်း ရုပ်ရှင်ကို ကြည့်ဖြစ်ပါတယ်။ ဆုတွေအများကြီးရတယ် ရေးထားတယ်ဆိုတာရယ်၊ ၁၉၉၃ မှာ ပြခဲ့တဲ့ ဇာတ်လမ်းဆိုပြီး Black and White ပုံစံ ပြထားလို့ ထူးခြားတာအပြင် ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်မင်းသားတွေ ဖြစ်တဲ့ Liam Neeson နဲ့ Ralph Finennes တို့ ပါနေတာကြောင့် ကြည့်ဖြစ်ခဲ့တာပါ။ Ralph Finennes ကိုတော့ သူ့ရုပ်ရှင်မှန်သမျှ ကားဟောင်းတွေက အစ ကြည့်ဖူးပေမယ့် Liam Neeson ကတော့ အခုနောက်ပိုင်း ထွက်လာတဲ့ Taken လို ရုပ်ရှင်မျိုးပဲ ကြည့်ဖူးတာပါ။ အခု Schindler’s List ထဲမှာတော့ Liam Neeson ရဲ့ ငယ်ရွယ်စဥ်က ပုံကို မြင်ရလို့ တော်တော့်ကို ကြည့်ကောင်း ခန့်ညားတဲ့ မင်းသားမှန်း သိတော့တာပါ။ Schindler’s List ထဲမှာ တော့ Liam Neeson က German စစ်တပ်ထဲအထိကို ဝင်ရောက်ချယ်လှယ်နိုင်တဲ့ သူဌေးကြီး Oskar Schindler အနေနဲ့ သရုပ်ဆောင်ထားပြီး Ralph Finennes ကတော့ Jew တွေမှန်သမျှကို ရက်ရက်စက်စက် အပျင်းပြေကို သတ်နေတဲ့ German စစ်အရာရှိ Goeth အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ထုံးစံအတိုင်း German Holocaust နဲ့ အတိတ်တွေကို ရိုက်ပြတာမို့ စစ်ရဲ့အကျည်းတန်မှုတွေ၊ စစ်ကြောင့် အသက်ရော အရှက်ရော ဘာမှ မကျန်တဲ့ ဘဝ တွေ အမျိုးမျိုးကို ပီပီပြင်ပြင် နဲ့ အဖြူအမည်း ပြကွက်တွေထဲမှာ ရိုက်ပြသွားပါတယ်။ Goeth ကလည်း ရက်စက်လိုက်တာမှ Camp မှာ အလုပ်မလုပ်ပဲ ထိုင်နားနေတဲ့သူ၊ ဖိနပ်ကြိုးချည်နေတဲ့သူတွေကအစ ပျင်းတိုင်း အိမ်ရှေ့ ဝရန်တာကနေ ကျကျနနထိုင်ပြီး sniper နဲ့ ပစ်သတ်တာက အစ ပြကွက်တွေဟာ ကိုယ်သာ အဲ့ဒီနေရာ၊ အဲဒီ့အချိန်မှာ ရှိနေရင် ဆိုတဲ့အထိ တွေးမိပြီး ထိတ်လန့်မိစေတာပါ။ ကလေးလေးတွေ ၁၀ နှစ်လောက်တောင် မရှိလောက်သေးပေမယ့် မစင်တွင်းထဲအထိ ဝင်ပုန်းနေရတာ၊ အသက်ရှင်သန်ရဖို့ ဘယ်နေရာ ပုန်းရပါစေ၊ ပုန်းနေရတဲ့ ဘဝတွေကို ရိုက်ပြထားပါတယ်။ တစ်နေ့မှာ Oskar က Goeth ကို Jew တွေကို အရမ်းသတ်နေလို့ လာပြီး သတိပေးစကားအနေနဲ့ ပြောသွားတဲ့ စကားပြောခန်းလေးလည်း အတော့်ကို ကောင်းလှပါတယ်။ အဲဒီ့အခန်းမှာ တကယ့် Power ဆိုတာ ဘာလဲဆိုတာကိုလည်း ထောက်ပြသွားပါတယ်။ “Power ဆိုတာ ကိုယ့်ဆီမှာ သတ်လို့ရနေတဲ့ အကြောင်းခိုင်လုံမှု ဘယ်လောက်ပဲ ရှိနေပါစေ၊ မသတ်ဖို့ ကိုရွေးချယ်နိုင်မှ Power ပါပဲ တဲ့။ အပြည့်အစုံလေး အောက်မှာ ဆက်ဖတ်ကြည့်ပါ။ “Oskar: Power is when we have every justification to kill, and we don’t. Goeth: You think that’s power? Oskar: That’s what the Emperor said. A man stole something, he’s brought in before the Emperor, and he throws himself down on the ground. He begs for mercy, he knows he’s going to die. And the Emperor – pardons him. This worthless man, he lets him go. Goeth: I think you are drunk. Oskar: That’s power, Amon. That is power.” ဒီစကားပြောခန်းလေး အပြီးမှာတော့ Goeth ဟာ အရင်ကလောက် လူမသတ်တော့တာကို လည်း ပြထားပါသေးတယ်။ ဒါလေးတွေဟာ မထင်မှတ်ပဲ ရင်ထဲကျန်ခဲ့တဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။ Oskar ဟာ သူရှာထားသမျှ ငွေတွေ မြောက်မြားစွာကို သုံးပြီး Jew လူမျိုး ၁၂၀၀ ခန့်ကို သူ့စက်ရုံမှာ ခိုင်းဖို့ skilled labour တွေအနေနဲ့ German Holocaust ကနေ ကယ်တင်ခဲ့ပုံကို ပြသထားတာဟာ လူတစ်ယောက်ရဲ့ အမြင့်မားဆုံးသော အကြင်နာတရားကို မြင်ရတာပဲ ဖြစ်ပါတယ်။ သူ့နေရာမှာ ကိုယ်သာဆို ဒီလို အရဲစွန့်ရွေးချယ်နိုင်ပါ့မလား၊ လူထောင်ဂဏန်း အသက် နဲ့ ကိုယ့်စီးပွါးနဲ့ လဲနိုင်တဲ့ ဆုံးဖြတ်ချက်ဟာ ငါ သာဆို ချ နိုင်မလား စတဲ့ မေးခွန်းတွေ အများကြီး မေးဖြစ်စေပါတယ်။ Jew လူမျိုး အသက်ကြီးသူတွေကို ခိုင်းမရတော့လို့ ရထားတွဲထဲ ပြွတ်သိပ်တင်ပြီး Auschwitz ကိုပို့ခါနီးမှာတောင် ရထားတွဲမှာ မွန်းကြပ်နေကြသူတွေကို သူက ရေပိုက်တွေနဲ့ ရေတွေ ထိုးပေးပြီး ရေတိုက်ရှာတဲ့အခန်းတွေ၊ ဂျာမန် စစ်သားငယ်တွေကိုလည်း လာဘ်လာဘ တွေပေးပြီး နောက်တစ်ခါ ဒီလို ရထားထွက်ရင် ဒီလို ရေဖျန်းပေး၊ ရေတိုက်ပေး ဆိုတာလေးတွေဟာ သူ့ရဲ့ ကုသိုလ်စိတ်ကို ဘေးကနေကြည့်ရင်း ဒီလို ရေအလှူ လှူဖို့ကို လုပ်နိုင်တာ ဦးနောက်က အကြံဥာဏ်ထွက်တာ နည်းတဲ့ ပါရမီမဟုတ်ဘူး ဆိုပြီး တွေးမိပါတယ်။ သူ့ရဲ့ ကုသိုလ်စိတ်ကြီးမားလွန်းလို့ ဘေးက Goeth တို့တောင် ငိုင်ပြီး ကြည့်နေရတဲ့အထိပါပဲ။ ဒါတောင် သူကယ်လိုက်တဲ့ လူ ၁၀၀၀ ကျော်မှာ အမျိုးသမီးနဲ့ ကလေးတွေကို Auschwitz အထိ မှားခေါ်သွားလို့ သူ့မှာ အသည်းအသန် လိုက်ခေါ်ရပါသေးတယ်။ မိသားစု တွေ မကွဲရအောင် သေချာ စာရင်းနဲ့ ပြုစုခေါ်တာမို့ ဒီ ရုပ်ရှင်ကို Schindler’s list လို့ ခေါ်တာပါ။ နောက်ဆုံးမှာတော့ German စစ်ရှုံးချိန် သူလည်း ထွက်ပြေးရချိန်မှာ သူ့ကို Jew တွေက သူတို့ထဲက ငွေသွားစိုက်ထားတဲ့ သူတစ်ယောက်နဲ့ သွားကို နှုတ် ငွေကို ထုတ်ပြီး လက်စွပ်လေးတစ်ကွင်း လုပ်ပေးလိုက်ပါတယ်။​စာတန်းလေးလည်း Hebrew နဲ့ ထွင်းထားပါသေးတယ်။ အဓိပ္ပါယ်ကတော့ “Whoever saves one life, saves the world entire.” “ဘဝတစ်ခုကို ကယ်တင်သူဟာ တလောကလုံးကို ကယ်တင်သူပါပဲ” တဲ့။ အဲ့ဒီလက်စွပ်လေးကို ရပြီး​ဝတ်လိုက်ချိန်မှာတော့ Oskar ဟာ ငိုကြွေးပြီး သူ့နောင်တတွေကို ထုတ်ပြောပါတော့တယ်။ သူ့မှာ ချမ်းသာခြင်းဆိုတဲ့ ဂုဏ်တွေအတွက် ငွေတွေအလဟဿ သုံးခဲ့မိတယ်။ အခု သူစီးတဲ့ ကားကို သာ မဝယ်ခဲ့ရင် နောက်ထပ် လူ ၁၀ ယောက်လောက် ကယ်လို့ ရနိုင်တယ်။ သူ့ရင်ဘတ်က ရွှေနဲ့လုပ်ထားတဲ့ နာဇီ တံဆိပ်ဟာ လူ နှစ်ယောက် အသက်ကို ကယ်လို့ ရနိုင်သေးတယ်.. ဆိုပြီး ငိုကြွေး ပါတော့တယ်။ သူနေ့ရာမှာ ကိုယ်လည်း ဝင်ခံစားကြည့်မိပြီး လူ ၁၂၀၀ ကျော်တောင် ကယ်နိုင်မှတော့ နောက်ထပ် ၁၀ ယောက် ၁၅ ယောက် ထပ်ကယ်နိုင်လည်း ကယ်ဖို့ကိုပဲ​ ကြိုးစားမိတော့မှာပါပဲ။ သူ့ရဲ့ ယူကျုံးမရခြင်းဟာ ကိုယ့်ကိုလည်း သင်ခန်းစာတွေ အများကြီး ပေးသွားပါတယ်။ အသက်တွေ ကယ်နိုင်လျက်နဲ့ အတ္တ နဲ့ ကိုယ့်အတွက်ကို သာယာ ဖို့ သုံးဖြုန်းမိခဲ့တဲ့ Oskar ကို ကြည့်ရင် ကိုယ်လည်း တစ်ကျပ် တစ်ပြားကအစ အကျိုးရှိရှိ လေးနက်စွာ နဲ့ အတ္တဟိတ ပရဟိတ မျှတစွာနဲ့ လူဖြစ်ရကျိုးနပ်အောင်၊ လူပိီသအောင် သုံးတတ်ရမှာပါလား ဆိုတာကို ကွက်ကွက်ကွင်းကွင်း ခံစားသင်ယူမိစေပါတော့တယ်။ Oskar နေရာကနေပြီး သူ့ရဲ့ နောက်ဆုံးအချိန်တွေကို ကျွန်မ ဝင်ခံစားကြည့်မိပါတယ်။ အသက်တွေ ထောင်ချီ ကယ်တင်နိုင်ခဲ့တဲ့ သူရဲ့ ကုသိုလ်ပါရမီဟာ ဆန်းကျယ်လိုက်တာ၊ သေခါနီးမှာ ပီတိ တွေ ဘယ်လောက် ဖြစ်ရပြီး လူဖြစ်ရကျိုးနပ်၊ လူပီသပြီး သေပျော်ရမှာပဲ လို့ကို တွေးပြီး သင်ယူမိပါတယ်။ Goeth ကတော့ နောက်ဆုံး ကြိုးပေးချိန်အထိ Hail ဟစ်တလာ အော်ပြီး ခေါင်းမာမာနဲ့ သေသွားတာကို ပြသွားပါသေးတယ်။ သေချိန်အထိ ခေါင်းမာသွားခွင့်သာရှိပြီး မိုက်မဲခြင်းကနေ ရုန်းမထွက်လိုက်နိုင်အောင်ကို လူသတ်ကွင်းမှာတင် ရှင်သန်ရတဲ့ ဘဝ မျိုးဟာလည်း ဝဋ်ကြွေးကြီးတာပဲ လို့ သံဝေဂ ရမိပါတယ်။ ကိုယ်တွေလည်း လူသာ မသတ်တာ၊ နောင်တ ရသင့်တဲ့အချိန် မရ၊ ပြုပြင်သင့်တဲ့ အခွင့်အရေးရှိလည်း ခေါင်းမာမာနဲ့ “ငါ” ဆိုတဲ့ မာန်ပိုက်ပြီး မိုက်မဲနေတာတွေ ဘယ်လောက်တောင် များလိုက်သလဲ… တစ်ကားလုံး ဟာကွက်မကျန် အကုန်ကောင်းပြီး နဲ့ ဇာတ်သိမ်းခါနီးရောက်တော့ မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ဝမ်းသာ ဝမ်းနည်း တွေ အများကြီး ဖြစ်ရပါတယ်။ နောက်ဆုံး ရုပ်ရှင်ပြီးလို့ ဇာတ်သိမ်းတော့ ဒီရုပ်ရှင် ကောင်းလိုက်တာ၊ ငါ ဒီနေ့ ကြည့်ရတာ တန်လိုက်တာ၊ ဒါရိုက်တာ ဘယ်သူများပါလိမ့်၊ Steven Spielberg လက်ရာများလားလို့ စာတန်းထိုးကို စောင့်ကြည့်ခါမှ ဒါရိုက်တာက Steven Spielberg ဖြစ်နေတာ တွေ့လိုက်ရတော့ ဝမ်းတွေသာ ကျေနပ်အားရလိုက်တာ ပြောမနေပါနဲ့တော့… အားလုံးအတွက် ခွန်အား၊ သတ္တိ နဲ့ ပညာ တွေ အများကြီး ရစေတဲ့ ရုပ်ရှင်ကားကောင်းလေးမို့ အခုလို မျှဝေလိုက်ရပါတယ်။ ရသ ထက် တစ်ဘဝ စာကို နောင်တကင်းကင်းနဲ့ နေနိုင်အောင် သင်ပေးတဲ့ ကမ္ဘာမှာ ကျန်ရစ်မယ့် ရုပ်ရှင်မျိုးမို့ ကြည့်ဖြစ်အောင် ကြည့်သင့်တယ်လို့ လည်း ပြောချင်ပါတယ်။ မေတ္တာဖြင့် Eliza Pru

9 1993 195 mins
Schindler’s List