YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ice.Rain.2004.DVDRip.CM.mp4

423.09 MB N/A video/mp4 219 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bheed
6.1

IMDb 7.7/10 Drama မင်းသား Rajkummar Raoရဲ့ အသစ်ထွက်ရှိထားတဲ့ ရုံတင်ကားသစ်ပဲဖြစ်ပါတယ်။ 2020ခုနှစ်က တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာရောဂါကြောင့် အားလုံးကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ထူးထူးခြားခြားအနေနဲ့ အဖြူအမဲဗားရှင်းအဖြစ် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကိုရိုနာရောဂါကြောင့် လူတွေရုတ်ရုတ်သဲသဲဖြစ်နေချိန် အိန္ဒိယပြည်မှာလည်း ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အကြပ်အတည်းကာလကို ရောက်ရှိနေကြတာဖြစ်ပါတယ်။ ရောဂါတွေပျံ့နှံ့နေတဲ့ မြို့ကြီးပြကြီးနဲ့ဝေးရာ မွေးရပ်မြေကျေးလက်ဒေသကို ပြန်ရဖို့အရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ အစိုးရကတိုင်းပြည်အတွင်းမှာပဲ နယ်နိမိတ်တွေ သတ်မှတ်လိုက်ပြီး ပို့ဆောင်ဆက်သွယ်ရေးတွေကိုလည်း ပိတ်လိုက်တဲ့အတွက် အခြေခံလူတန်းစားတွေအဖို့ ကူရာကယ်ရာမရတဲ့အခြေအနေဖြစ်နေကြပါတယ်။ ရဲတပ်ဖွဲ့ကလည်း အစိုးရက‌ အမိန့်ချမှတ်တဲ့အတိုင်း ဆောင်ရွက်ကြတာရမလို့ ရုန်းရင်းဆန်ခတ်တွေဖြစ်လာ‌ပါတော့တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အိမ်ပြန်ခရီး အထမြောက်ပါဦးမလား။ မွေးရပ်မြေကိုရော ပြန်ရောက်သွားကြမလား။ ဘာတွေနဲ့ရင်ဆိုင်ရဦးမလဲဆိုတာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…1.4Gb / 680MB Quality…1080p NF  WEB DL  / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ~ThaikSan~YH~Yunni~Cherry

Comedy • History
6.1 2023 112 mins
Bheed
Avarice
5.7

Action thriller ကားသစ်လေးတစ်ကားတင်ပေးထားပါတယ်။ ဒီကားကတော့ အဲရိုးလိုပဲ လက်ရှိခေတ်မှာ မြားနဲ့ တိုက်ခိုက်တာမျိုးပါ။ Kate ဟာprofessional လေးသည်တော်တစ်ယောက်ပါ။ သူ့ရဲ့အိမ်ထောင်ရေးအဆင်မပြေဖြစ်မှုတွေကြောင့် စိတ်ဒုက္ခရောက်နေတာကိုပြေပျောက်အောင် အပန်းဖြေခရီးထွက်ရင်း အိမ်ထဲကို ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြတွေ၀င်ရောက်လာပါတယ်။သူ့သမီးနဲ့ယောက်ျားဖြစ်သူတို့ကိုပြန်ပေးဆွဲသွားချိန်မှာတော့ ကိတ်တစ်ယောက် သူကျွမ်းကျင်တဲ့လေးပညာကိုအသုံးချပြီး ချစ်ရသူတွေကိုကယ်တင်ဖို့ ရုန်းကန်ကြိုးစားရပါတော့တယ်။ File size…1.31 Gb / 722 Mb / 350MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:28:00 Genre...Action,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  SP

Crime • Sci-Fi & Fantasy
5.7 2022 89 mins
Avarice
The Adam Project
7.1

ကိုဓါတ်ဘူးရဲ့ ဒီ​နေ့ထွက် Neflix ဇတ်ကားသစ်​လေးကို တင်ဆက်​ပေးလိုက်ပါပြီ။ The Adam's Project လို့အမည်ရတဲ့ ဒီကားဟာ Sci-fic / Adventrue genreဖြစ်ပြီး ကနဦး IMDb 8.7, RottenTomatoes 70%နဲ့ Metacritic 56% ရရှိထားပါတယ်။ Cast ​တွေက​တော့ Marvel ဇာတ်​ကောင်​တွေကိုပဲ ​ရွေး​ခေါ်ထားသလားမှတ်ရ​အောင်ပဲ Ryan Reynolds (Deadpool), Mark Ruffalo (Hulk), Zoe Saldaña (Gamora)နဲ့ Jennifer Garner (Elektra)တို့ ပါဝင်အားဖြည့်ထားပါတယ်။ အနာဂတ်ကာလက Adam Reed ဟာ အတိတ်ကာလ 2018 ကို မစ်ရှင်တစ်ခုအတွက် ပြန်လာဖို့ကြိုးစားရင်း ဒဏ်ရာအပြင်းအထန်ရကာ 2022ခုနှစ်ကို အချိန်မှားပြီး ခုန်ကူးလိုက်ပါတယ်။ 2022 မှာ သူ့ရဲ့အတိတ်က Adam Reed နဲ့ ပြန်ဆုံခဲ့ပါတယ်။ အနာဂတ် Adam တစ်​ယောက် အတိတ်Adam နဲ့တူတူ မူရင်းမစ်ရှင်ဖြစ်တဲ့ 2018 ကို ပြန်သွားဖို့ကြိုးစားရင်း ကြုံ​တွေ့ရမယ့် စွန့်စားခန်း​တွေနဲ့ အလွဲအ​ချော်​တွေကို ကြည့်ရှုရမှာပါ။ တစ်ခုထူးခြားတာက ဒီကားမှာ ပါဝင်ထားတဲ့ Ryan Reynolds ရဲ့ ဇာတ်​ကောင်က သူ့ရဲ့မူရင်းစတိုင်နဲ့ ကွဲထွက်ပြီး ​ပိုပြီး​လေးနက်တဲ့၊ ရင့်ကျက်တဲ့ Ryan Reynoldsပုံစံဖြစ်​နေတာပါ။ သူ့ရဲ့မူရင်းပုံစံ ရွှတ်​နောက်​နောက်၊ ပြောင်​ချော်ချော်၊ ပါးစပ်စည်းမ​စောင့်တဲ့ လူငယ်ပုံစံကို Girl in the Basement နဲ့ Thunder Force ထဲက က​လေးသရုပ်​ဆောင် Braxton Bjerkenက အ​ကောင်းဆုံး သရုပ်​ဆောင် ထားပါတယ်။ ဘယ်​တော့မှ မျက်နှာပိုးမ​သေတဲ့ Ryan ကြီးက သူ့ရဲ့အချိုးမ​ပြေတဲ့ ငယ်ဘဝကို ပြန်ထိန်း​နေတာကို ကြည့်ရတာ တစ်မျိုးကြည့်​ကောင်းသလို သူ့ရဲ့သရုပ်​​ဆောင်စွမ်းရည် မ​ခေ​ကြောင်း ပြသထားတဲ့ ဇာတ်ကားပါပဲ အညွှန်းကိုတော့ JimX က ဘာသာပြန်ပေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ JimX, Thiha Yan Naing, Leonard Lin, Yoon Sandi Aunv တို့ပဲ ဖြစ်ပါတယ်။ Genre.....Action, Adventure, Comedy Quality….WEB-DL 1080p and 720p and 480p File size…1.49GB and 764MBand 283MB Format…mp4 Duration….1h 56min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX, Thiha Yan Naing, Leonard Lin, Yoon Sandi Aung Encoder .....August

Western
7.1 2022 106 mins
The Adam Project
Taking Lives
6.4

ကမ်းခြေသွားရင် ဝင်ကစွပ်ကောင်လေးတွေကို မြင်ဖူးကြလား ဝင်ကစွပ်တွေက တခြားသတ္တဝါတွေရဲ့အခွံကို သူ့ကိုယ်ပိုင်အိမ်သဖွယ်ဝင်နေကြတယ် လူတစ်ယောက်ကရော အဲ့လိုသူများဘဝကို ကိုယ့်ဘဝလို အပိုင်ယူလိုက်လို့ရလား ဒီမေးခွန်းရဲ့အဖြေကို အခုတင်ပေးသွားမယ့်ရုပ်ရှင်ထဲမှာပဲ အဖြေရှာကြည့်ကြပါ ဒီလိုကားမျိုးက ဇာတ်ကြောင်းအရမ်းပြောရင် spoiler ဖြစ်မှာစိုးရလို့ မိတ်ဆက်သဘောပဲ ပြောမယ်နော့ နှစ်ပေါင်းများစွာ လွတ်မြောက်နေတဲ့ စိတ္တဇကွင်းဆက်လူသတ်သမားကို FBI အထူးအေးဂျင့် Angelina Jolie နဲ့အတူ ကိုယ်တိုင်စုံစမ်းထောက်လှမ်းလိုက်ပါ Psychological thriller ဆိုတဲ့အတိုင်း သည်းထိတ်ရမယ်၊ ရင်ဖိုရမယ်၊ Crime drama ဆိုတဲ့ဆိုတဲ့အတိုင်း အံ့ဩရမယ်၊ မင်သက်ရမယ် ရင်မဖိုရမှာတော့မပူနဲ့၊ Jolie နဲ့ Ethan Hawke တို့ကို ကြည့်ရင်း စောင်ကိုက်ရမှာ အသေအချာပါပဲ IMDB -6.2 RT- 22% File size…(1.6GB)/(830MB)/(458MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Crime / Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK

Drama
6.4 2004 103 mins
Taking Lives
The Lost City
6.6

ပရိသတ်တွေမျှော်နေကြတဲ့ ပျောက်ဆုံးနေသော မြို့တော်လာပါပြီ။ တောတွင်း စွန့်စားခန်းတွေ၊ ရတနာရှာတာတွေကို ဟာသကားအနေနဲ့ ရိုက်ထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ အတော်လေးကြည့်လို့ကောင်းပါတယ်။ သရုပ်ဆောင်တွေကလည်း ဆန်ဒရာဘူးလော့၊ ချန်းနင်းတေတမ်၊ ဘရက်ပစ်၊ ဒယ်နီရယ် ရက်ကလစ်ဖ်တို့ဆိုတော့ အားလုံးရင်းနှီးပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ လော်ရက်တာဆိုဆိုတဲ့ စာရေးဆရာမဟာ ကောလိပ်ကျောင်းသူဘဝမှာ ရှေးဟောင်းစာပေတွေကိုလေ့လာခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူ ရှေးသုတေသနပညာရှင် သေဆုံးခဲ့ပြီးတဲ့နောက်မှာ ရှေးဟောင်းသမိုင်းတွေကို ရေးသားထုတ်ဝေခဲ့ပေမဲ့ လူကြိုက်မများခဲ့ပါဘူး။ ဒါကြောင့် သမိုင်းနည်းနည်းနဲ့ အဖော်အချွတ်များများ ဆော်ကြိုက်ဘဲကြိုက် ပေါ်ပင် အချစ်ဇာတ်လမ်းတွေ တွဲရေးလိုက်တဲ့အချိန်မှာမှ အောင်မြင်သွားပါတော့တယ်။ အဲဒီလိုအောင်မြင်လာတဲ့အချိန်မှာပဲ သူ့စာအုပ်ထဲမှာ နည်းနည်းလေးပါနေတဲ့ သမိုင်းအမှန်တွေနဲ့ ရှေးဟောင်းစာပေ ဘာသာပြန်တွေကို အစစ်အမှန်မှန်းသိသွားတဲ့ ရတနာသိုက်မုဆိုးတစ်ယောက်ဟာ လော်ရက်တာကို ဖမ်းပြီး ပျောက်ဆုံးနေတဲ့ရှေးဟောင်းမြို့တော်ရဲ့ ရတနာတွေကိုရှာတဲ့နေရာမှာ အသုံးချဖို့ကြိုးစားလာပါတော့တယ်။ ဒါကိုပဲ လော်ရက်တာကို ကြိတ်ကြိုက်နေတဲ့ စာအုပ်မျက်နှာဖုံးမော်ဒယ် အလန်ကပါ နောက်ကနေ စွန့်စားခန်းတွေဖွင့်ပြီး လိုက်ကယ်တင်လာတဲ့အခါ... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre.....Adventure, Comedy, Romance Quality….4K HEVC | WEB-DL 1080p | 720p | 480p File size…4.35GB | 1.8GB | 800MB | 292MB Format…mp4 Duration….1h 52min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Comedy • Drama • Fantasy
6.6 2022 112 mins
The Lost City
Az almafa virága

ဆောင်ဂ်ဟ ဆိုတဲ့ကောင်မလေးဟာ ဗီယက်နမ်နိုင်ငံကနေ ဟန်ဂေရီကို တကူးတကရောက်လာပါတယ်။ သူ့အဘွားဟာ ဗီယက်နမ်လူမျိုးဖြစ်ပေမယ့် ထိုစဉ်ကကွန်မြူနစ်နိုင်ငံချင်း ပံ့ပိုးမှုအစီအစဉ်အရ ဟန်ဂေရီမှာ ကျောင်းတက်ခဲ့ရပြီး အဘိုးဖြစ်သူ ဟန်ဂေရီလူမျိုးနဲ့ ချစ်ကြိုးသွယ်ခဲ့ပေမယ့် အဆက်အသွယ်ပြတ် သွားတာကြောင့် ပါ။ သူ့အဘိုးကို တွေ့ချင်လို့ လိုက်လာပေမယ့် အခုမှရောက်ဖူးလို့ အိုးတိုးအမ်းတမ်းဖြစ်နေချိန်မှာ ဗစ်တာဆိုတဲ့ သူနဲ့ရွယ်တူ ဟန်ဂေရီသားတစ်ယောက်က လာမိတ်ဆက်ပြီး သူ့ကိုကူညီပေးပါတယ်။ ထိုဗစ်တာကပဲ သူ့အဘိုးကို လိုက်ရှာတဲ့ တချိန်လုံးမှာ သူ့ကို အစွမ်းကုန်ကူညီပေးပါတော့တယ်။ ဒီလိုနဲ့ သံယောဇဉ်တွေဖြစ်လာပေမယ့်လည်း သူမမှာ စေ့စပ်ထားပြီးသားသူ ရှိနေတဲ့ကိစ္စဟာ ပထမပိုင်း၊ဇာတ်သိမ်းခန်းလို အတားအဆီးကြီးဖြစ်နေပါတယ်။ သူ့အဘိုးနဲ့အဘွားရဲ့ ချစ်ဇာတ်လမ်းမှာ မဖြောင့်ဖြူးတာတွေတွေ့ရှိလာပြီးနောက်မှာ ဆောင်ဂ်ဟရော သူ့အချစ်ရေး ကို ဘယ်လိုဆုံးဖြတ်ဖို့ ဖြစ်လာနိုင်မလဲ…။ ဗီယက်နမ်နဲ့ ဟန်ဂေရီ သရုပ်ဆောင်တွေ တွဲဖက်ရိုက်ကူးထားတဲ့ ဆွတ်ပျံ့ကြည်နူးစရာ၊ ရင်သပ်လွမ်းမော စရာ အချစ်ကားလေးဖြစ်ပါတယ်။ ဆောင်ဂ်ဟရဲ့ အဘိုးနဲ့ အဘွား ဘာလို့ကွဲသွားတာလဲ၊ ကွန်မြူနစ်စနစ်ဆိုးကြီးက သူတို့တွေရဲ့ အချစ်ရေးအပေါ် ဘယ်လိုသက်ရောက်ခဲ့ပါလဲ. ဆောင်ဂ်ဟကိုယ်တိုင်ရဲ့အချစ်ရေးကတော့ ကံဆိုးမှာလား ကံကောင်းမှာလား ဆိုတာကို ဇာတ်လမ်းလေးထဲမှာ ရှုစားလိုက်ပါခင်ဗျာ။ File size…2.06 GB / 1.06 GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ko Myo

Drama • Horror • Comedy
0 2023
Az almafa virága
Monster Inside: America’s Most Extreme Haunted House
5.5

ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ရုပ်ရှင်မဟုတ်ပဲအမေရိကရဲ့ ကြောက်စရာ အကောင်းဆုံးအိမ်ကြီးထဲက မကောင်းဆိုးဝါးတစ်ကောင် အကြောင်း ဖြစ်ရပ်မှန်တီဗီအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ Monster Inside America’s Most Extreme Haunted House ဆိုတဲ့ နာမည်နဲ့ထွက်ရှိထားတာဖြစ်ပြီး သည်းထိပ်ရင်ဖိုဆိုကြိုက်မှကြိုက်ဆိုတဲ့ လူတွေ လက်လွတ်မခံကြည့်သင့်တဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်လောက်တုန်းက အမေရိကမှာဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ မက်ကေမီအိမ်ကြီးဆိုတဲ့ နေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာကို ရက်စ်မက်ကေမီဆိုတဲ့ လူက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အဲ့ဒီနေရာကိုအဓိကကြီးကြပ်ဦးစီးနေသူလည်း ဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးက ဘာလို့နာမည်ကြီးသွားရလဲဆိုရင် အဲ့ဒီအိမ်ကြီးထဲကို လာတဲ့ လူတိုင်းကို စစ်မှန်တဲ့ပြင်းထန်တဲ့ အလွန်အမင်းဖြစ်တဲ့သည်းထိတ်ရင်ဖို အတွေ့အကြုံတွေကို ပေးစွမ်းနိုင်လို့ပဲဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးထဲကို ဝင်ချင်တိုင်းလည်း ဝင်လို့မရပါဘူး။ကျန်းမာရေးစစ်ဆေးချက်တွေလုပ်ပြီး သင့်တော်တယ်ဆိုမှ သူတို့ရဲ့ စာချုပ်မှာပါတဲ့ အချက်အလက်တွေကိုသဘောတူလက်မှတ်ထိုးပြီးမှ ဝင်ခွင့်ရှိတာပါ။အဲ့ဒါကြောင့်မလို့ လည်း ယနေ့ထိတိုင်စိတ်ဝင်စားနေတဲ့လူအများအပြား ရှိနေသေးတာဖြစ်ပါတယ်။အဲ့ဒီထဲမှာကိုယ့်ကိုနှိပ်စက်မယ် ရိုက်နှက်မယ် ရေနှစ်မယ် သွားတွေဆွဲထုတ်မယ် မသေရုံတမယ်နှိပ်စက်မယ်ဆိုတဲ့ ၈ နာရီကြာဝန်ဆောင်မှုတွေ အများကြီးရပါတယ်။ဒီတော့ကိုယ့်သတ္တိကိုယ်ယုံကြည်ပြီးတော့ သည်းထိပ်ရင်ဖို အစစ် အမှန်ကိုမှခံစားချင်တယ်ဆိုရင်တော့ အဲ့ဒီကိုသွားကြဖို့အကြံပေးချင်ပါတယ်။ဒါပေမယ့် လူတွေဆိုတာသိတဲ့အတိုင်း ကောင်းတာလုပ်ရင်တောင် ဝိုင်းပြောချင်နေကြတာဆိုတော့ ဒီလိုဆိုးဝါးတဲ့ အရာတစ်ခုအပေါ်မှာလည်း သဘောထားတွေကွဲလွဲလာခဲ့ကြပါတော့တယ်။ ထောက်ခံသူတွေက ထောက်ခံ ဆန့်ကျင်သူတွေကဆန့်ကျင်ပြီးတော့ ပွဲတွေဖြစ်ခဲ့ကြတာဆိုရင် ယနေ့ထိတိုင်ပါပဲ။ဒီထဲမှာ အဲ့ဒီအိမ်ကိုသွားခဲ့ဖူးတဲ့ လူသုံးယောက်ကသူတို့ရဲ့အတွေ့အကြုံတွေ အထင်အမြင်တွေကို ပြောပြထားတာကိုအဓိကထား ရိုက်ကူးထားပါတယ်။ဒီတော့ ကိုယ်လဲစိတ်ဝင်စားလို့ သွားချင်တယ်ဆိုရင်တော့ မသွားခင် ဒီအစီအစဉ်လေးကိုကြည့်သွားဖို့ အတွက်အကြံပေးလိုက်ချင်ပါတယ်။ File size…1.60GB / 681MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 27m Genre ….. Documentary , Crime , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2023
Monster Inside: America’s Most Extreme Haunted House
Mickey’s Magical Christmas: Snowed in at the House of Mouse
6.6

Mickey’s Magical Christmas: Snowed in at the House of Mouse (2001) ခရစ္စမတ်နေ့မှာ ခရစ္စမတ်အရသာ အပြည့်အဝရမယ့် အန်နီမေးရှင်းလေးတစ်ပုဒ်ပေါ့။ ဒီဇာတ်လမ်းမှာ ၂၀၀၁မတိုင်ခင်ထွက်ခဲ့တဲ့ ဒစ္စနေးရဲ့ရှိသမျှ ဇာတ်ကောင်တွေ အကုန်နီးနီးပါတယ်။ ဘာလို့ပါသတုန်းဆို ဒီရုပ်ရှင်က House of Mouse လို့ခေါ်တဲ့ မစ်ကီမောက်စ်စီးရီးရဲ့ Spin-Off အဖြစ်ထုတ်ထားတာ။ House of Mouse က ပြောရရင် ဒစ္စနေးရဲ့ မှတ်တိုင်စိုက်ထူမှုတစ်ခုလို့ ပြောရမယ်။ ဘာလို့ဆို House of Mouse ဆိုတဲ့ နာမည်ကိုက ဒစ္စနေးရဲ့ နာမည်ပြောင်လည်းဟုတ်နေတယ်။ နောက် House of Mouse စီးရီးမှာ ၁၉၃၀ကနေ ၁၉၅၀ဝန်းကျင်က ဒစ္စနေးကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြထားကြတာတွေတော်တော်ပါတယ်။ သူတို့ရဲ့ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြကြတာပေါ့။ House of Mouse ဆိုတာက မစ်ကီတို့သူငယ်ချင်းတွေဖွင့်ထားတဲ့ Dinner Theatre Club… အဲဒီကို ဒစ္စနေးက ဇာတ်ကောင်တွေအကုန်လာကြတယ်ပေါ့။ အဲဒီဇာတ်ကောင်တွေကိုထည့်တဲ့နေရာမှာ အန်နီမေးရှင်းလုံးဝမရှိသေးတဲ့ ဒစ္စနေးကောမစ်က ဇာတ်ကောင်တွေကိုပါ ထည့်ခဲ့တယ်။ ၅၂ပိုင်းနဲ့ ရုပ်ရှင်၂ကားထွက်ခဲ့တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီ၂ကားထဲက တစ်ကားဖြစ်သလို ခရစ္စမတ်ကားလည်းဟုတ်နေတဲ့ကားပေါ့။ ဇာတ်လမ်းစစမှာ မစ်ကီတို့တွေဟာ ခရစ္စမတ်အကြိုနေ့မှာ ဖျော်ဖြေပွဲလုပ်ပြီးတဲ့နောက် ဧည့်သည်တွေကို နှုတ်ဆက်တယ်။ ကံဆိုးချင်တော့ နှင်းတွေပိန်းပိတ်နေအောင် ကျနေလို့ တစ်ယောက်မှ အိမ်ပြန်မရတော့ဘဲ House of Mouse မှာပဲ ခရစ္စမတ်ပါတီကို ကျင်းပရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုခရစ္စမတ်ပါတီကျင်းပတော့ မစ်ကီက အိမ်ရှင်ပီပီ အားလုံးကို ပျော်စေချင်တယ်။ ရှိရှိသမျှ ဒစ္စနေးဗီလိန်တွေအကုန်လုံးတောင် ခရစ္စမတ်ကိုတော့ ချစ်ကြတယ်။ ပျော်ကြရွှင်ကြတယ်ပေါ့။ ဒါပေမဲ့ ခရစ္စမတ်ကို မချစ်နိုင်တဲ့သူက ဒေါ်နယ်လ်။ ဒီတော့ ဒေါ်နယ်လ်ကို ခရစ္စမတ်ကို ချစ်တတ်လာအောင် မစ်ကီက မစ်ကီရဲ့ဇာတ်လမ်းတိုလေးတွေရော ဒေါ်နယ်လ်ရဲ့ဇာတ်လမ်းတိုလေးတွေရောပြတယ်။ ထုံးစံအတိုင်း မင်နီ ဂူဖီ ပလူတိုတို့ရော ဟူဝီ ဒူဝီ လူဝီတို့ရော ဘဲကပ်စေးတို့ရော အကုန်ပါတာပေါ့။ တစ်ပုဒ်ပြီး တစ်ပုဒ်ပြပေမဲ့ ဒေါ်နယ်လ်ကတော့ သူ့ဦးလေးဘဲကပ်စေးနဲ့တူအောင်ကို ခေါင်းတွင်တွင်ခါနေတုန်းပဲ။ ဒီတော့ မစ်ကီတို့တွေ ဒေါ်နယ်လ်ကို ခရစ္စမတ်ကို ချစ်သွားအောင် ဘာပြရမလဲ ခေါင်းချင်းရိုက်ကြတာပေါ့။ ဒေါ်နယ်လ်ချစ်တတ်သွားအောင် မစ်ကီတို့ ဘယ်လိုဇာတ်လမ်းတွေ ဒေါ်နယ့်လ်ကို ပြကြမလဲ ကြည့်ကြရလိမ့်မယ်။ ဒေါ်နယ့်လ်ကို ပြသွားတဲ့ ခရစ္စမတ်ဇာတ်လမ်းတွေထဲမှာ ဒစ္စနေးရုပ်ရှင်တို ၂ခုပါတယ်။ Pluto’s Christmas Tree (1952) နဲ့ Mickey’s Christmas Carol (1983) တို့ပါပဲ။ Mickey’s Christmas Carol ကတော့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို မှီးထားတယ်။ Academy Award for Best Animated Short Film ဆုပါ ဆန်ခါတင်ဝင်သွားသေးတယ်။ တကယ်လည်း‌ ကောင်းပါတယ်။ သူတို့ပြခဲ့တဲ့ဇာတ်လမ်းတွေထဲ ဒီတစ်ပုဒ်ကတော့ တော်တော်ကောင်းတယ်။ ခရစ္စမတ်ရဲ့ အကျော်ကြားဆုံးဇာတ်လမ်းဖြစ်တဲ့ A Christmas Carol ရဲ့ ကျောရိုးအတိုင်း မစ်ကီမောက်စ်တို့နဲ့ ကြည့်ရမှာဆိုတော့ ခရစ္စမတ်မှာ ကြည့်လို့လည်း တော်တော်အရသာရှိလိမ့်မယ်။ မစ်ကီတို့ဆိုခဲ့တဲ့သီချင်းအတိုင်းပေါ့… ခရစ္စမတ်ဆိုတာ ခရစ္စမတ်သစ်ပင်ကြီးဧည့်ခန်းထဲ အလှထည့်ထားတာလည်းမဟုတ်ဘူး။ ခရစ္စမတ်ပွဲကြီးလမ်းကြီးတွေ လုပ်ကြတာမျိုးလည်း မဟုတ်ဘူး။ ခရစ္စမတ်ဆိုတာ ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ချစ်ခြင်းတွေနဲ့ အတူရှိနေတဲ့ အချိန်ပါပဲ။ ” အားလုံးလည်း ရှိနိုင်ကြပါစေ… မယ်ရီခရစ္စမတ်… “ (ဒီကာတွန်းနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 800MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 5Min Genre – Adventure, Animation, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 2001 61 mins
Mickey’s Magical Christmas: Snowed in at the House of Mouse
Piano no mori [The Piano Forest]
7.1

Piano no mori [The Piano Forest] (2007) ============================== IMDb Rating – 7.1/10 CM ပရိတ်သတ်ကြီးတို့ကို (2007)ခုနှစ်ကထွက်ရှိခဲ့တဲ့ IMDb rating 7.1 /10 Anime လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ စန္ဒရားသံကိုသဘောကျတဲ့ သူတွေ၊ တီးရတာဝါသနာသူတွေ သဘောကျနှစ်သက်လောက်မဲ့ကားလေးပါ။ ဒီAnime ထဲမှာ တူညီတဲ့နယ်ပယ်တစ်ခုတည်းက ပုံစံမတူတဲ့ ကောင်လေးနှစ် ယောက်ကို ယှဉ်ပြီးပြထားပါတယ်။ “အကောင်းဆုံးပြိုင်ဘက်”တွေဟာ “အကောင်း ဆုံးမိတ်ဆွေ”တွေဆိုတဲ့ ခံစားချက်မျိုး ရရှိပါလိမ့်မယ်။ အိချိနိုဆဲခိုင်နဲ့ အာမမိယရှုဟေတို့ဟာ စရိုက်ချင်းရော၊ ကြီးပြင်းတဲ့ပတ်ဝန်းကျင် ရော၊ အနေအထားချင်းရော မတူညီတဲ့သူတွေပါ။ ရှုဟေက အဘွားကျန်းမာရေး ကြောင့် တိုကျိုမြို့ကြီးကနေ နယ်မြို့လေးကို ခဏကျောင်းပြောင်းလာတဲ့ ဆွေကြီး မျိုးကြီးစန္ဒရားပညာရှင်မျိုးရိုးမိသားစုက ဗိုင်းကောင်းကျောက်ဖိ သားယောက်ျား လေးဖြစ်ပြီး၊ ခိုင်ကတော့ ကျောင်းမှာလည်းဂျစ်ကန်ကန်၊ ပြောစကားနားမထောင် ဘဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့ နယ်ခံလေးပါ။ သူတို့နှစ်ယောက်လုံးမှာ တူညီ တာတစ်ခုက “စန္ဒရားတီး”တော်ကြတာပါပဲ။ ဒါပေမဲ့ ရှုဟေက မိဘတွေရဲ့ခိုင်းစေမှုကြောင့် အိမ်မှာ ငယ်ငယ်ကတည်းက ဆရာနဲ့ သေချာလေ့ကျင့်ခဲ့တာဖြစ်ပြီး ခိုင်ကတော့ ဘယ်သူမှအသံထွက်အောင်မတီးနိုင်တဲ့ တောထဲက စွန့်ပစ်စန္ဒရားကြီးကို ၃နှစ်သားကတည်းက ကလိရင်း အပျော်တမ်းတီး တဲ့သူပါ။ ဒီလိုအခြေအနေမျိုး ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း ရင်းနှီးပါလိမ့်မယ်။ မိဘခိုင်းလို့ လုပ်တာနဲ့ တကယ်ဝါသနာပါလို့လုပ်တဲ့ လူငယ်တွေလိုပေါ့။ ဒါပေမဲ့ ကြာ လာရင် ကိုယ်ကျွမ်းကျင်သွားတဲ့နယ်ပယ်မှာ “ပျော်မွေ့”တတ်လာတာမျိုးလည်း ရှိ သေးတယ်ကိုး။ တစ်နေ့ကျ ၅၆ကြိမ်မြောက်ဂျပန်နိုင်ငံလုံးဆိုင်ရာကျောင်းပေါင်းစုံ စန္ဒရားပြိုင်ပွဲကို အကြောင်းအမျိုးမျိုးကြောင့် နှစ်ယောက်လုံးဝင်ပြိုင်ဖို့ဖြစ်လာရင်း သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးမှာ “ပြိုင်ဘက်”ဆိုတဲ့စကားလုံးလေးလည်းဖြည့်စွက် လာတဲ့အခါ….။ အကြောင်းပြချက်ရော၊ ပင်ကိုစရိုက်ရော မတူကြတဲ့ သူတို့နှစ်ယောက်ရဲ့စန္ဒရားပညာ ရှင်လမ်း ဘယ်လိုဖြစ်သွားလဲဆိုတဲ့ ဇာတ်သိမ်းကို ကျွန်တော်လည်းမသိပါဘူး။ Piano Forest ဟာ ခိုင်နဲ့ ရှုဟေတို့ လူကြီးဖြစ်ချိန်ထိပါတဲ့ Series ရှိပြီးသားပါ။ ဒါပေမဲ့ ကျွန် တော့်အတွက် Movie ရဲ့အဆုံးသတ်က လုံလောက်သွားပြီမို့ အကြည့်ရပ်ထားပါတယ်။ ခိုင်နဲ့ ရှုဟေတို့နှစ်ယောက်ဆီကနေ အများကြီးသင်ယူလိုက်ရတာပါပဲ။ ရှုဟေကို စည်းစနစ်ကျမှုနဲ့ ခိုင်းနှိုင်းရင် ခိုင့်ကို အထိန်းအကွပ်မဲ့မှုနဲ့ ခိုင်းနှိုင်းရပါလိမ့်မယ်။ ရှုဟေက ပိရိသေသပ်ပြည့်စုံသူလို့‌ဆိုရရင် ခိုင်က တီထွင်ဆန်းသစ်တတ်တဲ့သူလို့ဆိုရမှာပါ။ နှစ်ယောက်လုံးက “ကြိုးစားမှုပါရမီရှင်”တွေပါပဲ။ ဒီ movie ထဲမှာ ခိုင်နဲ့ ရှုဟေတို့ သူငယ် ချင်းပြိုင်ဘက်နှစ်ယောက် စတင်သိကျွမ်းပုံကစလို့ တစ်ယောက်ဆီကတစ်ယောက်သင်ယူ ရင်း၊ ကိုယ့်ကိုယ်ကိုယ်ပိုနားလည်လာရင်း၊ အိပ်မက်ပန်းတိုင်တစ်ခုကို မတူညီတဲ့လူသားနှစ် ယောက် ခံယူချက်ကိုယ်စီနဲ့ ကိုယ်ပိုင်ဟန်အတိုင်းလျှောက်လှမ်းဖို့အစပြုပုံကိုကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.0 GB) / (527 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Anime, Animation, Drama, Family, Translator…….Ngwe Zin Encoder……….SWM

7.1 2007 101 mins
Piano no mori [The Piano Forest]
Daisy
7.5

နှစ်ချို့ဝိုင်တစ်ခွက်လို အတိတ်ရဲ့လွမ်းမောဖွယ်ရာကို လတ်လတ်ဆတ်ဆတ်သယ်ဆောင်လာတဲ့ ရနံ့မျိုးနဲ့ ပန်းတစ်ပွင့်..ဒေစီ။ အရောင်တွေကစလို့ ဝါကျင်ကျင်ဖြစ်နေမယ်…သရုပ်ဆောင်တွေက ဒေစီအတွက် အသက်ရှင်နေသလို သက်ဝင်နေမယ်… ဖြစ်တည်တဲ့လမ်း မြစ်တွေရဲ့ကမ်းလိုပဲ အကြောင်းအရာက နည်းနည်းလေးဆိုပေမယ့် တစ်ဘဝစာလုံး ပျော်ဝင်မှုနဲ့ထိန်းကွပ်ထားမယ်… အတ္တတွေမရှိဘူး….ချစ်ခြင်းသန့်သန့်တွေပြိုင်ဆိုင်ကြတဲ့ပွဲမှာ… ဪ…တွယ်ငြိရာသာ ဆုံးရှူံးမှာပါပဲ။ Daisy (2006) IMDb Rating (7.5 ) Rotten Tomatoes (79%) ရရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့ ကိုရီးယားရဲ့ မင်းသမီးချော Ji-hyun Jun နဲ့ မင်းသား Jung Woo-sung တို့ပါဝင်ထားပြီး ဘဝမှာ မှတ်မှတ်ထင်ထင်ရှိစေမယ့် ကိုရီးယားရုပ်ရှင်တစ်ကားလဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက HD Quality လုံးဝမထွက်ရှိခဲ့ဘဲ DVD Quality နဲ့ပဲ နှစ်တွေကြာရှည်ခဲ့ပြီး ခုကတော့ BluRay Disc 60 FPS Quality နဲ့ထွက်ရှိလာလို့ အကောင်းဆုံး ရုပ်သံအရည်အသွေးရရှိအောင် ပြန်လည်တင်ဆက်လိုက်ပါတယ်။ +++++++++++++++++++ ရုပ်ရှင်အညွှန်းကိုတော့ MSR FB ပေ့ကစာသားတွေနဲ့မိတ်ဆက်ခဲ့ပါမယ်…. ++++++++++++++++++++ ဒေစီ မိုးကလည်း ရွာလာပြန်ပြီ ။ ကျွန်မက ထီးမဆောင်တက်တဲ့အတွက် မိုးရွာတိုင်း မိုးခိုဖို့နေရာ အမြဲရှာရတယ် ။ ကျွန်မတစ်ယောက်တည်းနေသားကျနေတာလည်းပါမှာပါလေ ။ ကျွန်မမိုးမိမှာကို စိုးရိမ်မဲ့သူ ၊ ဂရုစိုက်မဲ့သူလည်း မရှိဘူးလေ ။ ဒီတော့ ကျွန်မထီးယူယူမယူယူ ကိစ္စမရှိဘူးပေါ့ ။ ကျွန်မအဖိုးအမြဲပြောလေ့ရှိတာက ဟယ်ယောင်း စိတ်မပူနဲ့ ၊ အချိန်တန်ရင် မိုးတိတ်သွားပြီးတော့ တောက်ပတဲ့‌ေနမင်းကြီးထွက်လာလိမ့်မယ် ၊ တစ်နေ့တော့ သမီးလည်း အဲလိုလူမျိုးတွေ့မှာပါ တဲ့ ။ ကျွန်မအဖိုးက ရှေးရိုးဆန်တယ် ။ ကျွန်မခု အသက်၂၅ ပြည့်ပြီ ။ ပြီးတော့ ကျွန်မအချစ်ဦးလာမှာကို စောင့်နေတယ် ။ အချိန်တန်တော့မိုးတိတ်သွားပြီ ။ ကျွန်မရဲ့အချစ်ဦးက မကြာမှီပေါ်လာလိမ့်မယ် တစ်ထစ်ချယုံကြည်နေရလောက်အောင်တော့ ကျွန်မ မရူးသေးပါဘူး ။ သူနဲ့ဒီလိုဆုံဆည်းရမယ်လို့ ကျွန်မဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ဘူး ။ သူနဲ့ကျွန်မ မျက်နှာချင်းဆိုင်ထိုင်ခဲ့ကြတာ တစ်နာရီနီးပါးလောက်ကြာ‌ေလောက်တယ် ။ ကျွန်မနဲ့သူ စတွေ့ခဲ့တဲ့အချိန်ကို မှတ်မိနေတယ် ။ ၄ နာရီ ၁၅ ။ ကျွန်မအဖိုးရဲ့ ရှေးဟောင်းပစ္စည်းဆိုင်မှာ ကျွန်မအလုပ်လုပ်တယ် ။ ညဘက်ကတော့ ကျွန်မကိုယ်ပိုင်အချိန်ပေါ့ ။ ကျွန်မရဲ့ပထမဆုံးပြပွဲအတွက် ညတိုင်းကျွန်မပန်းချီဆွဲတယ် ။ စနေ ၊ တနင်္ဂနွေမှာတော့ လမ်း‌ပေါ်မှာပန်းချီဆွဲတယ် ။ ပုံမှန်ဆိုရင် ‌ပန်းချီလာဆွဲသူတွေက ကျွန်မနဲ့မသိတဲ့ သူစိမ်းတွေချည်း ။ ဒါပေမဲ့ သူကျွန်မရှေ့မှာထိုင်လိုက်တဲ့အခိုက်အတန့်မှာ သူ့ရဲ့တစ်ဘဝလုံးကို ကျွန်မသိမြင်နေသလိုမျိုး သူနဲ့ကျွန်မ ရင်းနှီးနေသလိုကျွန်မခံစားမိတယ် ။ ဒါဟာ ကျွန်မအလုပ်မှာ အကောင်းမွန်ဆုံးအစိတ်အပိုင်းတစ်ရပ်လို့ ကျွန်မထင်နေမိတယ် ။ ဘာလို့လဲဆိုတော့ သူက ၄ နာရီ ၁၅ မိနစ်တိတိမှာ ကျွန်မဆီရောက်လာလို့ပါပဲ ။ သူရဲ့ပုံကို ကျွန်မဆွဲနေတုန်းမှာ သူနဲ့ပတ်သတ်ပြီးထူးဆန်းတာတစ်ခုကို ကျွန်မတွေ့ခဲ့ရတယ် ။ သူကကျွန်မကို ကြည့်နေပေမဲ့ သူ့ရဲ့အာရုံက ကျွန်မခေါင်းရဲ့နောက်ဖက္မှာ ။ ကျွန်မရဲ့ဆံပင်ကို သူကြည့်နေတာလား ။ နောက်တစ်ကြိမ် သူကျွန်မရှေ့ကိုရောက်လာခဲ့တယ် ။ သူက အချိန်တိကျတယ် ။ ၄ နာရီ ၁၅ ၊ ကျွန်မတို့စတွေ့ခဲ့တဲ့အချိန်ပေါ့ ။ ————– မိုးရွာနေလို့ သူ မလာတာများလား ။ သူက ဆရာဝန်တစ်ယောက်လည်း ဖြစ်နိုင်တယ် ။ သူ့မှာအရေးပေါ်လူနာရှိနေတာလည်း ဖြစ်နိုင်တယ် ။ ဒါမှမဟုတ် ဒီလမ်းမှာ သူမတော်တဆတစ်ခုဖြစ်နေလို့လား ။ ————– အဲဒီနေ့က သူနဲ့ကျွန်မ ဟိုးအရင်တည်းကခင်တဲ့သူငယ်ချင်းတွေလို စကားတွေပြောဖြစ်ခဲ့တယ် ။ အဲဒီလိုမျိုး ကျွန်မတို့ ရက်သတ္တပတ်များစွာတွေ့ဖြစ်ကြတယ် ။ ရေစက်ပါလို့ ကျွန်မတို့နှစ်‌ယောက်တွေ့ဆုံရတာလို့ ကျွန်မယုံကြည်တယ် ။ ကျွန်မကြုံဆုံခဲ့ရတဲ့ အတိတ်ကဖြစ်ရပ်တွေအများကြီးကို သူ့ကိုပြောပြခဲ့တယ် ။ ————— အဲဒီနှစ်က ကျွန်မအဖိုးနေတဲ့ရွာကလေးမှာ ကျွန်မရဲ့ပြပွဲအတွက်ပန်းချီဆွဲရင်း ကုန်ဆုံးခဲ့ရတယ် ။ စမ်းချောင်းလေးကိုဖြတ်ပြီး တစ်ဖက်ကမ်းကဒေစီပန်းလေးတွေကို ကျွန်မပန်းချီသွားဆွဲလေ့ရှိတယ် ။ ကျွန်မအတွက် ဒေစီပန်းလေးတွေက နေကြာပန်းအငယ်စားလေး‌တွေပါပဲ ။ ဗန်ဂိုးလ်က နေကြာပန်းတွေကို ပန်းချီဆွဲတယ် ။ ကျွန်မက ဒေစီပန်းတွေကို ဆွဲတယ် ။ ဗန်ဂိုးလ်ကြောင့် ကျွန်မ ပန်းချီဆရာဖြစ်ဖို့ အိမ်မက္မက္ခဲ့တာ ။ စမ်းချောင်းလေးထဲကိုပြုတ်ကျသွားခဲ့ရပြီးနောက် ဒီသစ်လုံးတံတားလေးကနေဖြတ်ဖို့ ကျွန်မမှာ သတ္တိမရှိတော့ဘူး ။ တစ်နေ့မှာတော့ အသစ်ဆောက်ထားတဲ့တံတားလေးကို ကျွန်မတွေ့ခဲ့တယ် ။ တံတားလေးက အကြမ်းထည်လေးဆိုပေမဲ့ ကျွန်မအတွက်လှပနေတယ် ။ ပထမတော့ တိုက်ဆိုင်မှုတစ်ခုလို့ ကျွန်မထင်ခဲ့တာ ။ နောက်တော့ ကျွန်မအတွက် တစ်စုံတစ်ယောက်က ဒီတံတားလေးကို‌ဆောက်ပေးတာလို့ ကျွန်မခံစားရတယ် ။ ပြီးတော့ ကျွန်မပျောက်သွားတဲ့ပစ္စည်းတွေကို တံတားမှာ ကျွန်မတွေ့ခဲ့ရတယ် ။ နောက်တစ်နေ့မှာတော့ ကျွန်မထားခဲ့တဲ့ပန်းချီကားလေးကို တစ်စုံတစ်ယောက်ယူသွားတယ် ။ နောက်မှာတော့ တစ်စုံတစ်ယောက်က ကျွန်မဆီ ဒေစီပန်းတွေ စပို့ခဲ့တယ် ။ ကျွန်မလေ့လာသိရှိရသလောက်တော့ ဒေစီပန်းတွေရဲ့ အဓိပ္ပာယ်က နှလုံးသားထဲကအချစ်တဲ့ ။ ပန်းပို့တဲ့သူက သူဘယ်သူလဲ အသိမခံဘူး ။ ပန်းပို့တဲ့သူဘယ်သူလဲဆိုတာသိချင်လို့ ပြတင်းပေါက်ကနေ အပြင်ကိုကျွန်မစောင့်ကြည့်တယ် ။ ဒါပေမဲ့ ဘယ်သူမှရှိမနေဘူး ။ ဒီတော့ အရိပ်အနေနဲ့ကျွန်မ ဆွဲခဲ့တယ် ။ ကျွန်မသူ့ကို စောင့်နေခဲ့တာ ။ ခုတော့ ကျွန်မသူ့ကို တွေ့ရပြီထင်တာပဲ ။ ဟယ်ယောင်း ~~~~~~~~~~~~~~~ အဲဒီလူက ကျွန်တော်ပါလို့ ကျွန်တော်မလိမ်ချင်ဘူး ။ ကျွန်တော်မဟုတ်ဘူးလို့လည်း မပြောချင်ဘူး ။ သေချာတာတစ်ခုက သူမကို ကျွန်တော် ချစ်မိနေပြီဆိုတာပါပဲ ။ ဒါပေမဲ့ကျွန်တော့်ဘဝက သူမ ထင်ထားသလောက် စိတ်ကူးယဉ်တော့မဆန်ဘူး ။ တကယ်တမ်းကျွန်တော်ဘယ်လိုလူလဲဆိုတာကို သူမ တွေးတောင်တွေးကြည့်ဖူးမှာမဟုတ်ဘူး ။ ကျွန်တော်က အမ်စတာဒမ်မှာရှိနေတဲ့ အာရှရာဇဝတ်ကောင်တွေကို စုံစမ်းထောင်လှမ်းရတဲ့ အင်တာပိုရဲတပ်ဖွဲ့ဝင် တစ်ယောက်ပါ ။ ဒီတစ်ခေါက် ကျွန်တော်တို့တာဝန်က မူးယစ်ဆေးကုန်ကူးနေတဲ့အဖွဲ့တစ်ခုနဲ့ သူတို့ရဲ့အာရှ ဥရောပ ရောင်းဝယ်နေတဲ့လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ဖို့ပါ ။ ဒီနေရာကနေဆို သူမကျွန်တော့်ကိုကွယ်နေလို့ ကျွန်တော့်ကိုသူတို့ သတိထားမိမှာကို စိတ်ပူစရာမလိုပဲ အကုန်လုံးကိုမြင်နိုင်တယ် ။ ကျွန်တော်ထွက်သွားတဲ့အထိ သူမကို ကျွန်တော်သေချာ မကြည့်ခဲ့လိုက်ရဘူး ။ ဒုတိယအကြိမ်မြောက်သူမရဲ့ရှေ့မှာထိုင်မိတဲ့အချိန်မှာ အချက်နှစ်ချက်ကို ကျွန်တော်သိလိုက်တယ် ။ ဟယ်ယောင်းက ကျွန်တော်ထင်ထားတာထက် ပိုလှတယ်ဆိုတာ နဲ့ သူမကလည်း ကျွန်တော့်ကိုစပြီးသဘောကျနေပြီဆိုတာကိုပဲ ။ ကျွန်တော့်နှလုံးသားကလည်းအရမ်းကို လှုပ်ရှားနေခဲ့တယ် ။ နောက်တစ်ပတ်စနေနေ့မှာ မိုးတွေရွာနေခဲ့တယ် ။ သူမကို အကာအကွယ်ယူစရာမလိုတော့ပဲ မိုးရေထဲမှာ ကျွန်တော်ဘာသာ ပုန်းနေခဲ့တယ် ။ အချိန်အတော်ကြာသူမကို ကြည့်နေခဲ့တယ် ။ ပစ်မှတ်က ကျွန်တော့်ကိုသိသွားပြီလို့ ထင်ခဲ့တယ် ။ ကံကောင်းစွာနဲ့သူခိုးဖြစ်နေခဲ့တယ် ၊ မဟုတ်ရင် ခုချိန် ကျွန်တော်သေနေလောက်ပြီ ။ ဂျောင်ဝူး ~~~~~~~~~~~~~~~~ ဂျောင်ဝူးကရဲတစ်ယောက်လို့ သူတို့ကွျန်မကိုပြောပြတယ် ။ သေနတ်ဒဏ်ရာရယ် ရှော့ရတာရယ်နဲ့ပေါင်းပြီး ကျွန်မအသံကိုဆုံးရှုံးလိုက်ရတယ် ။ ပြီးတော့ ဂျောင်ဝူးလည်းဒဏ်ရသွားလို့ ကိုရီယားကိုပြန်သွားရတယ်လို့သူတို့ပြောပြတယ် ။ ဒါပေမဲ့ ကျွန်မ မယုံနိုင်ဘူး ။ ဂျောင်ဝူးပြန်သွားပြီးတဲ့နောက် ဒေစီပန်းတွေ ကျွန်မထပ်ရခဲ့တယ် ။ ဟယ်ယောင်း ~~~~~~~~~~~~~~~~~ ကျွန်တော်သူမကို ပထမဆုံးစတွေတာက ကျွန်တော်လူတစ်‌ေယာက်ကိုပထမဦးဆုံးသတ်ခဲ့ပြီးတဲ့နေ့ရဲ့ နောက်တစ်နေ့မှာပါ ။ ကျွန်တော်က ယမ်းနံ့တွေနံနေတဲ့ လူတစ်ယောက်ပါ ။ ကျွန်တော့်ဝိဉာည်တောင် ယမ်းနံ့‌နံနေရင်နံနေမှာ ။ ကျွန်တော် ပန်းပင်တွေစစိုက်တယ် ။ မြေကြီးက ယမ်းနံ့ကိုစုတ်ယူပြီး အဲဒီ‌ေမြကြီးမှာ စိုက်ထားတဲ့ပန်းရဲ့ရနံက လူတစ်ယောက်ကိုပြောင်းလဲပစ်နိုင်တယ်လို့ စစ်ပြန်အဖိုးအိုတစ်ယောက်ပြောတာ ကြားဖူးတယ် ။ ပန်းပင်တွေစိုက်နေတဲ့အခိုက်အတန်းမှာ ယမ်းနံ့တွေကို ကျွန်တော်မေ့ထားလို့ရတယ် ။ ပန်းတိုင်းကတော့ ယမ်းနံ့ကို မေ့မပစ်‌ေစနိုင်ပါဘူး ။ အနက်ရောင်ကျူးလစ်ပန်းက ကျွန်တော့်အတွက်အလုပ်ရှိတယ်ဆိုတဲ့သဘောပါ ။ မက်ဂ်နမ် ၃၅၇ က ကျည်ခွံမကျန်ဘူး ။ အခေါင်းပေါက်ကျည်တွေကလည်း ကျည်ခွံမကျန်ပါဘူး ။ မက်ဂ်နမ် ၃၅၇ က ခုခေတ်အတွက်သုံးဖို့ ဒိတ်အောက်နေပေမဲ့ ကျွန်တော်နဲ့တူပါတယ် ။ ကျွန်တော်ကလည်း ရှေးဆန်တဲ့သူပါ ။ ဒါကြောင့် ကျွန်တော် အသက်ရှင်နေသေးတာပေါ့ ။ ကိစ္စပြီးတဲ့အခါ ကျွန်တော်ရွာမှာသွားပုန်းနေခဲ့တယ် ။ အဲဒီမှာ သူမကို ကျွန်တော် စတွေ့ခဲ့တာပါ ။ ကျွန်တော်က ကလေးတစ်ယောက်လိုစိတ်လိုက္မာန်ပါလုပ်တက်တဲ့သူပါ ။ သူမကို အံ့ဩသွားစေချင်ရုံပါ ။ ကျွန်တော့်ရဲ့ပထမဆုံးလူသတ်မှုကို မကျူးလွန်ခင်သူမနဲ့တွေ့ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ ။ ဒီ့အတွက်ကျွန်တော်ဘာမှမတက်နိုင်တော့မဲ့ ကျွန်တော်သူမကို ထပ်မြင်ချင်‌ေတွချင်နေတယ် ။ ကျွန်တော်သူမကိုမြင်ချင်တွေ့ချင်တိုင်း ပန်းလေးတွေပို့ပေးလေ့ရှိတယ် ။ ကျွန်တော့်သေနတ်တွေကို ဒီမှာဖွက်ထားပြီး သူမကိုစောင့်ကြည့်နေမိတယ် ။ သူမ ပန်းချီဆွဲတာကိုစောင့်ကြည့်ပြီး ပန်ချီကားတွေကိုနားလည်အောင် သင်ယူတယ် ။ မိုနက် နဲ့ ဒီဂတ်တို့က ကျွန်တော့်အတွက် မစိမ်းတော့ဘူး ။ တစ်နေ့နေ့မှာ သူမနဲ့ပန်းချီကားတွေအကြောင်းပြောရရင် ကျွန်တော် အရူးတစ်ယောက်လို ဖြစ်မနေတော့ဘူးပေါ့ ။ သူမကိုစကားသွားပြောဖို့ ကျွန်တော့်မှာသတ္တိ‌တော့မရှိသေးဘူး ။ ကျွန်တော့်အလုပ်ရဲ့ သဘောတရားအရ အသက်ရှင်ဖို့စည်းမျဉ်းတွေကို လိုက်နာရတယ် ။ အရေးအကြီးဆုံးစည်းမျဉ်းက လျှို့ဝှက်ချက်ကိုထိန်းသိမ်းဖို့ပဲ ။ လျှို့ဝှက်ချက်ကိုထိန်းသိမ်းဖို့ ကျွန်တော်လိမ်ညာရမယ် ။ တစ်ခါလိမ်ပြီးရင်တော့ ဘယ်တော့မှရပ်လို့မရတော့ဘူး ။ လျှို့ဝှက်ချက်ကိုထန်းသိမ်းရတာ အသက်ရှင်ဖို့ပါ ။ ဒါ့ကြောင့် လူအများကြီးနဲ့ကျွန်တော် အဆက်ဆံမလုပ်ဘူး ။ ခုတော့ တစ်စုံတစ်ယောက်က ကျွန်တော့်နေရာကိုဝင်ယူပြီးတော့ ကျွန်တော်တစ်ခါမှမဆက်သွယ်ခဲ့တဲ့ တစ်ဦး‌တည်းသောသူကို ဆုံးရှုံးရတော့မယ် ။ ကျွန်တော် ရှေ့ဆက်တိုးသင့်နေပြီ ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ အသည်းကွဲရသလို ကျွန်တော်ခံစားရတယ် ။ ကျွန်တော်ဘာတွေလုပ်တာလဲ ။ ပထမတော့ သူ့ကို ကျွန်တော့်လို လူဆိုးတစ်ယောက်လို့ထင်နေခဲ့တာ ။ ဒါပေမဲ့ သူက ကျွန်တော်နဲ့ ဆန့်ကျင်ဘက်ပါပဲ ။ ဘယ်သူက အဲဒီရဲကို အာဃာတထားနေလဲဆိုတာ ကျွန်‌တော်မသိဘူး ။ ဒါပေမဲ့ ဟယ်ယောင်းကိုကာကွယ်ဖို့ သေနတ်မောင်းကို ကျွန်တော်ဆွဲခဲ့ရတယ် ။ ပတ်ရီ ~~~~~~~~~~~~~~~~~ အလုပ်ကိုပြန်လာတဲ့အထိမ်းအမှတ်အနေနဲ့ အဖိုးက ကျွန်မကို ဓာတ်ပုံရိုက်ပေးတယ် ။ အဲဒါသူပဲ ။ အဲဒါ သူပဲဖြစ်ရမယ် ။ ဒါပေမဲ့ သူကျွန်မကို ဘာလို့လာမတွေ့တာလဲ ။ ဟိုတစ်ခါကလို သူတစ်ခုခုဖြစ်နေလို့ နေမှာပါ ….. ဟယ်ယောင်း _-_-_-_-_-_-_-_-_-_-_-_-_-_-_-_ Daisy (2006) -MSR

7.5 2006 110 mins
Daisy
Phalana Abbayi Phalana Ammayi
5

Phalana Abbayi Phalana Ammayi (2023) “အချစ်နယ် ကန့်သတ်ချက်” ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2023 ခုနှစ်ထွက် အိန္ဒိယတေလူဂူးဘာသာစကားပြော အချစ်ဟာသရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Srinivas Avasarala ရိုက်ကူးပေးထားပြီးတော့ Naga Shaurya နဲ့ Malvika Nair တိုက အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ဆန်ဂျေးနဲ့ အာနူပါမာတိုနှစ်ယောက် ကောလိပ်မှာ ဆုံတွေ့ရာကနေ တဖြည်းဖြည်း ရင်းနှီးသွားပြီး အချစ်တွေနဲ့အတူ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို အတူတူ တည်ဆောက်လိုက်ကြပါတော့တယ်။ သူတိုနှစ်ယောက်ဟာ ကောလိပ်အပြီးမှာတော့ တူတူနေထိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ အဆင်မပြေ ဖြစ်လာရာကနေ လမ်းခွဲလိုက်ရပါတယ်။ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆန်ဂျေးတစ်ယောက် သူဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ အာနူပါမာနဲ့ ပြန်တွေ့ဆုံရင်း သူတိုနှစ်ယောက်ကြား ဘာတွေ ဆက်ဖြစ်ကြဦးမလဲဆိုတာ‌ကိုတော့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးလို တိုက်တွန်းပါရစေရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်

5 2023
Phalana Abbayi Phalana Ammayi
Rosalie
7

အမျိုးသမီးတစ်ယောက်ကို မုတ်ဆိတ်မွှေးကြီးတွေနဲ့လို့ မြင်ယောင်ကြည့်လိုက်ရင် တော်တော်ကြည့်ရဆိုးပြီး တစ်မျိုးကြီး ဖြစ်နေမှာတော့အမှန်ပါပဲ။အဲ့ဒါဆိုရင် အဲ့လိုအသွင်အပြင်မျိုး တကယ်ဖြစ်နေတဲ့ မိန်းမတစ်ယောက်ကိုရောမြင်ယောင်ကြည့် လိုက်ပါ။မယုံနိုင်လောက်အောင်ဆိုးဝါးတဲ့ ဝေဖန်ခြင်းတွေ ပြစ်တင် ရှံ့ချခြင်းတွေကိုခံရပြီး ခေါင်းတောင်မဖော်နိုင်လောက်အောင် ရှက်နေရမှာအတိအကျပါပဲ။ဒါပေမယ့် ပတ်ဝန်းကျင်ကလူတွေ ဘာပြောပြော ဘာလုပ်လုပ်အသွင်အပြင်ကအရေးမကြီးပဲ စိတ်ထားလှလှထားပြီး ကိုယ့်ရဲ့ဘ၀နေ့ရက်တွေကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်ဖို့ပညာပေးထားတဲ့ IMDb Rating 6.8 အထိ ရရှိထားတဲ့ Rosalie ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေး လိုက်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ရိုစလီဆိုတဲ့ကောင်မလေးက အလွန်တရာမှချောမောလှပပေမဲ့ သူ့မှာမွေးရာပါခန္ဓာကိုယ် အမွေးအမျှင်များတဲ့ ပြဿနာတစ်ခုရှိနေတာကတော့ ဝမ်းနည်းစရာကောင်းလှပါတယ်။အဲ့ဒီအကြောင်းကို အဖေ ဖြစ်သူက ဘယ်သူမှမသိအောင်လျှို့ဝှက်ထားခဲ့ပေမဲ့လည်း အရွယ်ရောက်လာတဲ့အခါမှာ အိမ်ထောင်ပြုဖို့မဖြစ်မနေလို အပ်လာပါတော့တယ်။ဒါပေမယ့်သူ့အခြေအနေကြောင့်ရှေ့မှာ တွေ့ခဲ့တဲ့ အိမ်ထောင်ဖက်တွေတစ်ယောက်မှ သူ့ကိုလက်မခံ ခဲ့ကြပေမဲ့ အဖေဖြစ်သူကလက်မလျှော့ပဲ အက်ဘယ်ဆိုတဲ့ ကဖီးဆိုင်ပိုင်ရှင်တစ်ယောက်နဲ့ သမီးဖြစ်သူကိုပေးတွေ့ခဲ့ပါတော့ တယ်။ဒါပေမယ့်သမီးဖြစ်သူရဲ့အခြေအနေကို မပြောပြဘဲ လိမ်လည် ထားခဲ့ပြီး အက်ဘယ့်လက်ထဲမှာ ရိုစလီ့ကိုအပ်ထားခဲ့ပါတော့တယ်။ လင်မယားနှစ်ယောက်ကြားမှာ ဒီလိုကိစ္စမျိုးဆိုတာဖုံးဖိထားလို့ မရတဲ့အတွက် သိပ်မကြာခင်မှာပဲ အက်ဘယ်သိသွားခဲ့ပြီး မောင်းထုတ် ပေမဲ့ အရာရာစွန့်လွှတ်အနစ်နာခံတတ်တဲ့ရိုစလီကြောင့် အက်ဘယ် စိတ်လည်လာခဲ့ပြီး သူတို့နှစ်ယောက်ဘ၀မှာဘယ်လို စိတ်ဝင်စားစရာတွေ ဆက်ဖြစ်လာမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.82GB / 849MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7 2023 115 mins
Rosalie
Poison Hunting Operation
5.8

CM ရဲ့ ပရိသတ်တွေအတွက် မူးယစ်စုံထောက် ရုပ်ရှင်ကို အပျင်းပြေကြည့်ရအောင် Poison Hunting Operation ကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ခန့်က ယွီဖေးရဲ့ အဖေဖြစ်သူ ပါမောက္ခယွီဟာ မူးယစ်ဆေးအသစ် MG32 ကိုထုတ်လုပ်ခြင်းကို တားမြစ်ဖို့အတွက်နဲ့ အသက်ပေးလိုက်ရပါတယ်။ မူးယစ်ဂိုဏ်းခေါင်းဆောင် ရှားခွင်းကလည်း ထွက်ပြေးသွားခဲ့ပါတယ်။ နှစ် ၂၀ ကြာတဲ့အချိန်မှာတော့ နိုင်ငံခြားမှာ မူးယစ်သုံးပြီး သေသွားတဲ့ လူသေမှုတစ်ခုကြောင့် MG32 ရဲ့ သဲလွန်စကို ရှာတွေ့သွားပြီး ရှားခွင်းလည်း ပြန်ပေါ်လာပါတယ်။ အဲဒီအချိန်မှာ မူးယစ်ဂိုဏ်းမှာ သူလျှိုလုပ်နေတဲ့ ယွီဖေးဟာ ရဲအဖွဲ့နဲ့ ပူးပေါင်းပြီး နိုင်ငံတကာမူးယစ်ဂိုဏ်းကြီးတစ်ခုကို ဖမ်းဆီးချေမှုန်းဖို့ ကြိုးစားပါတော့တယ်။ ယွီဖေးတို့တစ်တွေ မူးယစ်ဂိုဏ်းကြီးကို အပြတ်ရှင်းနိုင်မလား…… ဒီမူးယစ်တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ ဘာတွေကို ရင်းနှီးစတေးရမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်ကြည့်လိုက်ရအောင်နော်။

Drama • Romance
5.8 2024
Poison Hunting Operation
Ghosts of Red Ridge
5

ဒါရိုက်တာ Stefan Colson ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာ သဘာဝလွန်အက်ရှင် ကောင်းဘွိုင်ဇာတ်ကားမျိုးဖြစ်ပြီးတော့ အဓိကသရုပ်ဆောင်တွေအဖြစ် Owen Williams, Trent Culkin, Griffin Wade တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ Texas ပြည်နယ် Red Ridge မြို့လေးမှာ ဇာတ်အိမ်တည်ထား ပြီးတော့ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် မြို့ရဲ့ရဲမှူးဟာ ဝရမ်းပြေးအုပ်စုတစ်စုနဲ့ပတ်သတ်နေတဲ့ သူစိမ်းတစ်ယောက်ကို ဖမ်းမိသွားခဲ့ပါတယ်။ အဲဒီအုပ်စုသတ်တာကိုခံခဲ့ရတဲ့ဝိညာဉ်တွေက ရဲမှူးဆီကိုရောက်လာပြီးတော့ သူတို့အတွက် လက်စားချေပေးဖို့ ပြောရင်း အဖမ်းခံလိုက်ရတဲ့သူနဲ့ပူးပေါင်းကာ ဝိညာဉ်တွေအတွက် တရားမျှတအောင်လုပ်ပေးပုံကို ကြည့်ရှုကြရမှာပါ။ ဂန္တဝင် အနောက်တိုင်းကောင်းဘွိုင်အငွေ့အသက်တွေကို ခြောက်ခြားဖွယ် Story နဲ့ ပေါင်းစပ်ထားပြီးတော့ ထူးခြားတဲ့ ရသတစ်ခုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… (1.20GB) / (673MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 21m Genre …..Action , Westrn Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5 2024 81 mins
Ghosts of Red Ridge