YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

I Wanna See You Again E10 CM.mp4

217.27 MB N/A video/mp4 349 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
From Me to You
7.3

From Me to You (or) Kimi ni Todoke (2010) =============================== IMDb Rating - 6.9/10 Anime fan လေးတွေအကြိုက် Kimi ni Todoke ကိုမှ ၂၀၁၀ တုန်းက ထွက်ရှိခဲ့တဲ့ Live action movie အဟောင်း လေး ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ Sawako Kuronuma (Mikako Tabe)ဟာ ဆံပင်ရှည်ကြီးအမြဲချ ထားပြီး ရှက်ကြောက်တတ်တဲ့အပြုအမူတွေကြောင့် ၁၉ ၉၈ တုန်းကထွက်ခဲ့တဲ့ ဂျပန်သရဲကား 'Ring' ထဲက သရဲမ "Sadako" နဲ့ တူတာမို့ ငယ်ငယ်ကတည်းက အတန်းဖော် တွေရဲ့ အရှောင်ကြဉ်ခံခဲ့ရပါတယ်။ အထက်တန်းကျောင်းမှာလည်း လူတိုင်းရဲ့ ကြောက်ရွံ့မှုကို ခံနေရပေမဲ့ အတန်းထဲက လူချစ်လူခင်များတဲ့ နာမည်ကြီး ကောင်လေးတစ်ယောက် Shota Kazehay‌a (Haruma Miura)ကတော့ သူများတွေနဲ့မတူဘဲ Sawako ကို အမြဲ ဂရုစိုက်ကြင်နာပေးပါတယ်။ အဲလိုနဲ့ Kazehay‌a ကြောင့် Sawako မှာ သူငယ်ချင်းတွေရလာပြီး သူမ အမြဲတောင့် တခဲ့ရတဲ့ ကျောင်းသားဘဝလေးရလာတဲ့အခါ သူတို့ သူငယ် ချင်းနှစ်ယောက် တဖြည်းဖြည်းကြီးထွားလာတဲ့ ကိုယ်စီ ခံစားချက်တွေကို အချင်းချင်းသိအောင် အရောက်ပို့နိုင် ကြမလားအဆင့် တက်သွားကြမလား ဆိုတာ...ကြည့်ရှု ရမှာပါ။ လူငယ်တွေရဲ့ friendship တွေ စိတ်ခံစားချက် တွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ ဒါရိုက်တာ Naoto Kumazawa ရဲ့ masterpiece လေး... ဇာတ်အိမ်ခိုင်တဲ့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ recommend ပေးလိုက် ပါတယ်။ ကား‌ဟောင်းလေးဆိုပေမဲ့ 2009 တုန်းကထွက်ခဲ့တဲ့ original anime အပြီး ၂၀၁၀ မှာထွက်ခဲ့တာဆိုတော့ မူမပျက် ဇာတ် လမ်းကောင်းလေးကို စီးရီးအနေနဲ့မဟုတ်ဘဲ တစ်ကားတည်း အပြီးပြန်ကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size..........(2.32 GB) / (905 MB) / (532 MB) Quality............WEB-DL 1080p / 720p / 480p Duration.........2Hr 08Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Khaing Khin Encoder..........Zin Phyo Aung

Drama • Mystery
7.3 2010 128 mins
From Me to You
(18+) Death By Desire
10

Three's a Crowd ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ ဘယ်လိုဆက်ဆံရေးမျိုးမဆို တတိယလူဆိုတာ မဝင်သင့်မဝင်အပ် ကြိုဆိုစရာအကြောင်းမရှိတဲ့လူမျိုးပါပဲ။ ဒါပေမဲ့လည်း မီဂယ်ဆိုတဲ့ ကောင်လေးကတော့ မီးတောက်တစ်စကို သူ့ဘဝထဲ လိုလိုလားလားခေါ်သွင်းခဲ့မိပါတယ်။ သူဟာ မကြာခင်လက်ထပ်ရတော့မယ့် သတို့သားလောင်းတစ်ယောက်... သူ့ရဲ့ဇနီးလောင်းကတော့ အောက်ပိုင်းသေနေပြီး သူ့လိင်ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်တော့တဲ့သူ။ အဲဒီဇနီးကိုလည်း သူသိပ်ချစ်တယ်။ ဒါပေမဲ့ အလိုဆန္ဒရဲ့ဖြားယောင်းမှုအရ သူအပြင်မှာ အပျော်ရှာမိတယ်။ ဒါပေမဲ့လည်း သူရှာမိတဲ့ ပျော်ရွှင်စရာလို့ထင်ခဲ့တဲ့ ကောင်မလေး ဧပရယ်ဟာ နာမည်နဲ့လိုက်အောင် သူ့ဘဝကို ရက်ရက်စက်စက် ပူလောင်ခြင်းတွေပေးတော့မှာဆိုတာကြိုမသိခဲ့ပါဘူး။ ဧပရယ်ရဲ့အပြစ်ကတော့ သူ့ကို သိပ်ချစ်မိခဲ့တာနဲ့အစွဲအလန်းကြီးလွန်းခဲ့တာပါ။ ကာမပိုင်နီးပါးဖြစ်နေခဲ့တဲ့လူတစ်ယောက်ကို ချစ်ခင်စွဲလန်းခဲ့ပြီး အဲဒီလူဆီက ပစ်ခွာမှုကိုခံရချိန်မှာတော့ ဧပရယ် သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ရယူပိုင်ဆိုင်လိုခြင်းတွေ အငြိုးအတေးတွေနဲ့ သေဆုံးသွားတဲ့သူဖြစ်တဲ့အလျောက် သူ့ကို အခုလိုဖြစ်သွားရအောင် စေစားခဲ့တဲ့သူတွေရဲ့ဘဝကိုလဲ အဆုံးစွန် လိုက်နှောင့်ယှက် ဒုက္ခပေးဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 650MB Quality - 1080p, 720p Format - mp4 Duration - 1H 37Min Genre - Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Animation • Fantasy
10 2023 89 mins
(18+) Death By Desire
The Banshees of Inisherin
7.5

ဒီရုပ်ရှင်ကတော့ အတော်ကိုပြောင်မြောက်တဲ့ Dark Comedy အမျိုးအစားပါ။ Martin McDonagh ကိုယ်တိုင်ရေးသားရိုက်ကူးထားတာပါပဲ။ Martin McDonagh ဆိုတာ In Bruges, Seven Psychopaths, Three Billboards Outside Ebbing, Missouri တို့တို့ နာမည်ကြီးရုပ်ရှင်တွေကို ရေးသားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်ဟာ တကယ်တော့ အိုင်းရစ်ပြည်တွင်းစစ်ကို သရော်တဲ့ သဘောလည်းပါပါတယ်။ အိုင်းရစ်ပြည်တွင်းစစ်အကြောင်း ပြောရမယ်ဆိုရင်တော့ ၁၉၁၉ ကနေ ၁၉၂၁ အတွင်း အိုင်းရစ် ရီပက်ဘလစ်ကန်တပ်မတော်နဲ့ ဗြိတိသျှတို့ တိုက်ခိုက်ခဲ့ကြတဲ့ အိုင်ယာလန်လွတ်လပ်ရေးစစ်ပွဲကနေ အစပြုခဲ့တာပါပဲ။ အိုင်ယာလန်တွေဟာ 1801 ခုနှစ်ကတည်းဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးအတွက်ဗြိတိန်နဲ့တိုက်ခိုက်ရင်း ၁၉၂၁ မှာ စစ်ပွဲရပ်စဲဖို့အတွက် အင်ဂလို-အိုင်ယာလန် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုဖို့ အကြောင်းဖန်လာပါတယ်။ ဒီစာချုပ်အရ အိုင်ယာလန်ဟာ တစ်နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံဖြစ်လာမှာပေမဲ့ ဗြတိသျှအင်ပါယာထဲမှာ အကျုံးဝင်ကြောင်း သဘောတူညီချက်စာချုပ်ပါပဲ။ အဆိုပါစာချုပ်ကို လက်ခံတဲ့အဖွဲ့နဲ့ လက်မခံတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲပြီး အိုင်ယာလန်ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တာပါ။ အဆုံးမှာတော့ စာချုပ်ကိုလက်ခံတဲ့အဖွဲ့က အနိုင်ရပြီး ပြည်တွင်းစစ်ပြီးဆုံးခဲ့တာပါ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် ကွမ်ဆိုတဲ့သူနဲ့ ပက်ဒရစ်ဆိုတဲ့သူဟာ အင်နီရှဲရင်ဆိုတဲ့ ကျွန်းကလေးပေါ်က ရွာလေးတစ်ခုမှာ အတူနေထိုင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွမ်ဟာ ရုတ်တရက်ကြီး ပေါ့ဒရစ်ကို အပေါင်းအသင်းမလုပ်ချင်တော့ဘူးဆိုပြီးအဆက်အသွယ်ဖြတ်သွားပါတယ်။ ဘာကြောင့်မှန်းလည်းမသိတဲ့ ပေါ့ဒရစ်က ကွမ်နဲ့စာရှင်းရှင်းဖို့ ကြိုးစားရင်း ပြဿနာတွေပိုပိုရှုပ်လာပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းကို မုန်းတီးလာပေမဲ့ အပြင်လူနဲ့ အရေးကြုံရင်လည်း ကူညီတတ်ကြသလို တစ်ယောက်ရဲ့ တိရစ္ဆာန်လေးတွေကိုလည်း တစ်ယောက်က ချစ်ကြပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အမုန်းတရားတွေကြောင့် ဘယ်လိုပျက်စီးရလဲဆိုတာကို Dark Comedyတွေရဲ့ ထုံးစံအတိုင်း ရယ်ရခက် ငိုရခက်နဲ့ ရိုက်ကူးပြသသွားတာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 710MB | 312MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action • Crime
7.5 2022 114 mins
The Banshees of Inisherin
(18+) Disclosure
6.2

ရည်းစားဟောင်းတစ်ယောက် ကောင်းမှုကြောင့် ဘယ်လောက် အကျိုးပေးခံလိုက်ရလဲဆိုတာကို တွမ်ဟန်းဒါးစ် တစ်ဖြစ်လဲ ကျွန်တော်တို့ရဲ့ Micheal Douglas ကြီးက သေချာသရုပ်ဖော်ပေးထားပါတယ် နည်းပညာကုမ္ပဏီက မန်နေဂျာတစ်ဦးဖြစ်တဲ့ တွမ်ဟန်းဒါးစ်က အလုပ်အရမ်းကြိုးစားပြီး ဇနီးမယားသမီးသားတွေကိုလည်း အရမ်းချစ်တဲ့သူကြီးပါ တစ်နေ့တော့ ရာထူးတိုးဖို့ အနှစ်နှစ်အလလမျှော်လင့်ခဲ့ရပြီး အကောင်အထည်ပေါ်တော့မယ့်နေ့မှာပဲ တစ်စုံတစ်ယောက် ပေါ်လာပါတယ်... တွမ့်ရည်းစားဟောင်းပါပဲ... အရမ်းဆွဲဆောင်မှုရှိပြီး တော်လည်းတော် ထက်လည်းထက်တဲ့ မဲရီဒစ်ဂျွန်ဆန်ဟာ သူမနဲ့မဆိုင်တဲ့ တွမ့်ဌာနမှာ ရာထူးတိုးသွားပါလေရဲ့ တွမ်ကတော့ သူ့ဌာနက သူ မလုပ်တဲ့ ထုတ်လုပ်ရေးပြဿနာတစ်ခုကို အဖြေရှာနေရသပေါ့။ အဲ့ဒီနောက်မှာတော့ ပြဿာနာအကြီးကြီးသူဆက်လက်ရင်ဆိုင်ရပါတော့တယ်.. Demi Moore ရဲ့  လှသွေးကြွယ်ဆုံးအချိန်ဖြစ်သလို အဖော်အချွတ် ဘာညာခန်းတစ်ချို့ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး.. File Size :(2.07GB )(861 MB) and (380 MB) Quality : Blu-Ray1080p,720p Format…mp4 Duration…02:08:00 Genre :Adult , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Chevy Encoded by SD

Horror • Mystery • Thriller
6.2 1994 128 mins
(18+) Disclosure
The Jester

The Jester (2023) မိမိနားမှာ ​ရောဂါတစ်ခုလို စွဲကပ်​နေရင်း​ တခြားသူ​တွေကို လိုက်ဒုက္ခ​ပေးတတ်တဲ့ မ​ကောင်းဆိုးဝါး Jester အ​ကြောင်းကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား​​လေးဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ငယ်ငယ်တည်းက ဖခင်ကပစ်သွားလို့ ဖခင်အ​ပေါ် မုန်းတဲ့စိတ် ​ဒေါသ​တွေနဲ့ ကြီးပြင်းလာရတဲ့ အမ်မာတစ်​ယောက် တစ်​နေ့ ဖခင်က ဆက်သွယ်လာရာက​နေ စကား​ပြောဖို့ ငြင်းဆိုလိုက်ရာက​နေ ​ဟော်လိုးဝင်းတစ်ညလုံး မြို့​သေး​လေးတစ်မြို့နီးပါးကို ဝါးမျိုသွားတဲ့ အဖြစ်အပျက်​တွေနဲ့ ကြုံ​တွေ့သွားရတာ​တွေကို ရိုက်ကူးတင်ဆက်​ပေးထားတဲ့ သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 850MB Quality – 1080p, 720p Format – mp4 Duration – 1H 30Min Genre – Horror, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

0 2023
The Jester
Hardcore Never Dies
6.9

နယ်သာလန် ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Jim Taihuttu ရဲ့လက်ရာကောင်းလေးဖြစ်တဲ့ Crime ဇာတ်ကားလေး တစ်ကားပါ 2022 မှာ Do Not Hesitate ဇာတ်ကားနဲ့ Best Leading Role ဆုရထားတဲ့ မင်းသား Joes Brauers နဲ့ 2018-21 မှာထွက်ရှိထားတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ Joardy Season မှာ Honorable Mention Television Award ရရှိခဲ့တဲ့ မင်းသား Jim Deddes တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ မိုက်ကယ် နဲ့ ဒန်နီ တို့နှစ်ယောက်ဟာ အကျင့်ရော၊ စာရိတ္တ ရော ဘာဆိုဘာမှ မတူနဲ့ ညီအစ်ကိုနှစ်ယောက်ပေါ့ အစ်ကိုဖြစ်သူ ဒန်နီ ကမိဘတွေက မနိုင်တော့လို့အိမ်ပေါ်ကနေကန်ချထားတဲ့ မူးယစ်ဆေးဝါးဝယ်ရောင်းလုပ်တဲ့သူပေါ့ ညီဖြစ်သူကတော့ စန္ဒယားအတီးသင်ပြီး ပိုကောင်းတဲ့ဘဝဖြစ်နိုင်ဖို့ အချိန်ပိုင်းအလုပ်လေးလုပ်ပြီး ကြိုးစားနေတဲ့သူပေါ့ အဖေဖြစ်တဲ့သူက ညီဖြစ်သူ သူ့အစ်ကိုလို လမ်းမှားရောက်သွားမှာစိုးလို့ အရိပ်တကြည့်ကြည့်နဲ့ ထိန်းနေရတယ် တရက်တော့ အစ်ကိုဖြစ်သူရောက်လာပြီး သူ့အရောင်းအဝယ်ကိစ္စမှာတစ်ခါလောက်ကူညီပေးဖို့ အကူအညီတောင်းရာကနေ တစ်နွယ်ငင်တစ်စင်ပါဆိုသလို ငွေကိုရေလိုသုံးနေတဲ့ သူ့အစ်ကိုရဲ့ဘဝကို တဖြည်းဖြည်းအားကျမိရာကနေ အဲဒီမူးယစ်ဆေးဝါးနွံထဲက ဘယ်လိုခက်ခက်ခဲခဲ ရုန်းထွက်မလဲဆိုတာကိုတော့………. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.3 GB)/(2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

6.9 2022 108 mins
Hardcore Never Dies
The Delinquents
6.8

The Delinquents (2023) ~ IMDb – 6.8/10, RT – 84%, Meta – 86% ~ ဒီတစ်ခေါက်မှာတော့ ၂၀၂၄ ခုနှစ်မှာကျင်းပမယ့် ၉၆ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲအတွက် အာဂျင်တီးနားနိုင်ငံကနေ “အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားဆု” အတွက် စာရင်းတင်သွင်းထားတဲ့ စပိန်စကားပြော ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ World Premiere ကိုလည်း ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Un Certain Regard ဆိုတဲ့ ကဏ္ဍမှာ ပြခွင့်ရခဲ့တာပါ။ မြို့မှာဆို လူတွေက အချင်းချင်းတွေ့ရင် ဘယ်လိုနှုတ်ဆက်ကြလဲ သိလား။ “ဘာအလုပ်လုပ်လဲ” “အလုပ်အကိုင် ဘယ်လိုလဲ” တဲ့။ လူတစ်ယောက်ဟာ သူ့ကိုယ်သူ အလုပ်ဆိုတာကြီးနဲ့ ဖော်ပြရတယ်။ အဲဒီအလုပ်ဆိုတာကြီးကိုသွားဖို့ မနက်တွေဆို တသမတ်တည်း ဒီအချိန်မှာပဲထ၊ မြင်နေကျဒီမျက်နှာတွေပဲ ပါမယ့် ဒီရထားကိုပဲစီး၊ ဒီအလုပ်တွေကိုပဲ ပြန်လုပ်၊ နောက်တစ်ရက်ကျတော့လည်း အရင်နေ့က လုပ်ခဲ့တာတွေကိုပဲ အစက ပြန်လုပ်၊ အဲ့လိုနဲ့ ပိတ်ရက်နည်းနည်းလေးမှာ ကမ်းခြေသွားတယ်ဆိုပါစို့၊ ရထားပေါ်မှာ တွေ့နေကျ မျက်နှာတွေကိုပဲ ဒီကမ်းခြေမှာ ပြန်စုပြီးတွေ့နေရ။ နေ့စဉ်ဘဝကိုယ်၌ကိုက အဖန်တလဲလဲသံသရာ…။ ဇာတ်ကားအဖွင့်မှာ ကိန်းတွေဂဏန်းတွေနဲ့ အလုပ်များနေကြတဲ့ ဘဏ်ဝန်ထမ်းတွေကို တွေ့ရမှာပါ။ ဘဏ်ရဲ့နိစ္စဓူဝပြဿနာတွေ အရှုပ်အရှင်းတွေနဲ့ မဆိုစလောက်နားချိန်လေးကို လုပြီး ဆေးလိပ်ထွက်သောက်နေရတဲ့ ဝန်ထမ်းတွေ။ ဒီထဲကမှ မိုရန်ဆိုတဲ့ ငွေထိန်းဖြစ်သူကတော့ ကိုယ်တွေရဲ့ ဇာတ်လိုက်ထဲက တစ်ယောက်ပေါ့။ အဲဒီညနေမှာတော့ သူဟာ တစ်သက်စာ အလုပ်မလုပ်ဘဲ နေနိုင်မယ့် ငွေပမာဏကို ဘဏ်က အလစ်သုတ်ခဲ့ပြီး လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူ ရိုမန်ဆီ အပေါင်းအပါညှိပါတော့တယ်။ မိုရန်ဟာ ကိုယ်တိုင်ဝန်ခံ၊ ထောင်ထဲမှာ သုံးနှစ်ခွဲသွားနေမှာဖြစ်ပြီး ရိုမန်ကတော့ ငွေကို ဝှက်ပေးထားရမှာပဲဖြစ်ပါတယ်။ မိုရန်ထောင်ကထွက်လာတဲ့နေ့မှာ ၂ယောက်သား တစ်ဝက်စီ ခွဲယူကြပြီး တစ်သက်လုံး အလုပ်လုပ်စရာမလိုတော့တဲ့ ဘဝကို နေထိုင်ဖို့က အိပ်မက်ပါ။ သူတို့အိပ်မက်လေး အမှန်တကယ်ဖြစ်မလား… အပြောလွယ်သလောက် ထောင်ကျရတာဟာရော ထင်သလောက်လွယ်ပါ့မလား… ငွေပမာဏကြီးကြီးကို ဝှက်ထားရသူအဖို့ကရော pressure ကို ခံနိုင်ပါ့မလား… သူတို့၂ဦးသား မတူညီတော့တဲ့ နေ့စဉ်ဘဝတွေထဲက မတူညီတော့တဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်ရမှာပါ။ Comedy, Crime, Drama သုံးမျိုးပေါင်းကိုမှ တစ်ကားတည်းနဲ့ ၃နာရီကြာ အဝကြည့်ရမယ့် ရုပ်ရှင်စစ်စစ်ပဲဖြစ်ပါတယ်။ တကယ်တော့ ဒီရုပ်ရှင်မှာ အပိုင်း ၂ပိုင်းပါ,ပါတယ်။ ပထမတစ်ပိုင်းကတော့ ဘဏ်က ပိုက်ဆံအလစ်သုတ်တဲ့အပိုင်းဖြစ်ပေမဲ့ ဒုတိယအပိုင်းကတော့ သူတို့ ၂ယောက်လုံးရဲ့ အပြောင်းအလဲအပိုင်းပဲဖြစ်ပါတယ်။ ပြောရရင် ဒီအပိုင်းက တော်တော်လေး စိတ်ချမ်းသာရတယ် ဆိုရမယ်။ ဒီအပိုင်းကို ဇာတ်လမ်း Spoil သလိုဖြစ်မှာစိုးလို့ ပြောပြလို့ မရပေမဲ့ အာဂျင်တီးနားရဲ့ ကျေးလက်အလှတွေ ရှုခင်းတွေကို မဟူရာဆံပင်၊ မျက်လုံးရွှင်ရွှင်နဲ့ အတော်လှတဲ့ မိန်းကလေးတစ်ယောက်နဲ့အတူ တွေ့ရမယ်ဆိုတာလောက်တော့ ပြောပြထားချင်ပါတယ်။ ဒီရုပ်ရှင်မှာ ထူးခြားတဲ့ နောက်တစ်ခုကတော့ သရုပ်ဆောင်တစ်ယောက်ဟာ ဇာတ်ကောင် ၂ယောက်နေရာကနေ သရုပ်ဆောင်သွားပါတယ်။ သတိမထားမိလိုက်ရင်တော့ သိလိုက်မှာ မဟုတ်ပေမဲ့ အကယ်၍ သတိထားမိလိုက်မယ်ဆိုရင်တော့ သူ အဲဒီလို ဇာတ်ကောင် ၂ခု သရုပ်ဆောင်သွားတာကိုက ဇာတ်လမ်းအတွက် အဓိပ္ပာယ်တစ်ခုရှိနေတာမို့ ဒီအညွှန်းဖတ်ပြီးမှ ကြည့်တယ်ဆိုရင်တော့ သတိလေးထားပြီး ကြည့်ပေးစေချင်ပါတယ်။ အချုပ်ပြောရမယ်ဆိုရင်တော့ The Delinquents ဟာ တမူထူးခြားတဲ့ နည်းနဲ့ အတော်လေး ဖမ်းစားနိုင်တဲ့ ရုပ်ရှင်တစ်ကားလို့သာပဲ ပြောလိုက်ချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.8GB, 1.35GB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 3H 9Min Genre – Comedy, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.8 2023
The Delinquents
Chhota Bheem Shakti Astra Ki Khoj
7.7

Chhota Bheem Shakti Astra Ki Khoj(2023) ချိုတာဘီးမ်နှင့်နတ်လက်နက်ရှာပုံတော် IMDb- 7.7/10 ရှားရှားပါးပါး indian cartoon လေးလည်းဖြစ် မီယမ်မာပရိသတ်နဲ့လည်းမစိမ်းလှတဲ့ ချိုတာဘီးမ်ဆိုတဲ့ကာတွန်းလေးကို တင်ဆက်လိုက်ပေးလိုက်ပါပြီ။ ထုံးစံအတိုင်းပဲ ဇာတ်လိုက်ကျော်ကြီးချိုတာဘီးမ်နဲ့ သူငယ်ချင်းတစ်စုက ဒီတစ်ခါမှာရော လူတွေကို ဘယ်လိုကယ်တင်မလဲဆိုတာ ရှုစားကြပါဦး။ စကြာဝဠာကြီးထဲက ဂြိုဟ်တွေအများကြီးရှိတဲ့ထဲမှာ ရှက်တီဆိုတဲ့ဂြိုဟ်တစ်လုံးလည်း ထူးထူးဆန်းဆန်းပါဝင်ပါတယ်။ ဒီဂြိုဟ်ရဲ့ထူးခြားမှုကတော့ ဂြိုဟ်ကြီးရပ်တည်နိုင်ဖို့ကို ရှက်တီလက်နက်ဆိုတဲ့ နတ်လက်နက်က စွမ်းအင်ပေးထားတာပါ။ ဒီရှက်တီလက်နက်သာမရှိရင် တစ်ပတ်အတွင်း ဂြိုဟ်ကြီးကပျက်စီးသွားမှာဖြစ်သလို ဂြိုဟ်သားတွေလည်း တစ်ခါတည်းအတူသေကုန်မှာဖြစ်ပါတယ်။ ဒါပေမဲ့ နတ်လက်နက်ဆိုတဲ့အတိုင်း ပိုင်ဆိုင်လိုသူတွေကများတော့ ဒီရှက်တီလက်နက်ကိုသိမ်းပြီး ဂြိုဟ်တစ်ခုလုံးကို မင်းမူချင်တဲ့ရှရူးဒါ့စ်က ဒီလက်နက်ကို လာခိုးပါတော့တယ်။ ဒီတော့ ဂြိုဟ်သားတွေလည်း ကြံရာမရဖြစ်ပြီးတော့ ရှက်တီလက်နက်ကို ယာဉ်ပျံပေါ်တင်ပြီး ရောက်မိရောက်ရာကိုလွှတ်လိုက်ရာကနေ ကမ္ဘာပေါ်ကို ရောက်လာတော့တာပေါ့။ ဒီလိုနဲ့ပဲ ရှရူးဒါ့စ်တစ်ယောက် ချိုတာဘီးမ်တို့သူငယ်ချင်းတစ်သိုက်ဆီကို ရှက်တီဂြိုဟ်ရဲ့ဘုရင် အယောင်ဆောင်ပြီး ရှက်တီလက်နက်ကို ကူရှာပေးဖို့ လာတောင်းဆိုရာကနေ ချိုတာဘီးမ်တို့ နတ်လက်နက်ရှာပုံတော်ခရီးစဉ်စဖို့ဖြစ်လာပါတော့တယ်။ ဒီတစ်ခါမှာရော ချိုတာဘီးမ်တို့သူငယ်ချင်းတစ်စု ရှက်တီလက်နက်ကို ဝင်လုချင်သူတွေနဲ့ရင်ဆိုင်လို့ ရှက်တီဂြိုဟ်သူဂြိုဟ်သားတွေနဲ့ ကမ္ဘာမှာရှိတဲ့သူတွေကိုပါ ထပ်မံကယ်ဆယ်နိုင်ဦးမလား စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Horror • Thriller
7.7 2023
Chhota Bheem Shakti Astra Ki Khoj
Tenkiller
5.9

ယခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၂ ခုနှစ်ထွက်ဒရာမာကားလေးပဲဖြစ်ပါတယ်…. ဒီရုပ်ရှင်ကားလေးက ၁၈ နှစ်သား လီယွန်ဆိုတဲ့ machinist နဲ့သူ့ညီလေးအကြောင်းကိုအဓိကထားရိုက်ကူးထားတာပါ… အချစ်ဆုံးသူငယ်ချင်းဖြစ်သူသေဆုံးပြီးတဲ့နောက် မိဘနှစ်ယောက်ကပါ အဆင်မပြေတဲ့အတွက် လီယွန်ဟာစိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကိုရင်ဆိုင်လာရပါတယ်… ထို့အပြင်အမေဖြစ်သူရဲ့ ရည်စားက သူ့အလုပ်ကသူနဲ့မတည့်တဲ့ လူဆိုးလူမိုက်တစ်‌ယောက်ဖြစ်နေပါတယ်… ဒီရုပ်ရှင်ကားက ဒရာမာဆိုတဲ့အတိုင်း လီယွန်နဲ့သူညီလေးတို့အကြောင်းကိုပဲအဓိကထားပြီးရိုက်ကူးထားပါတယ်…. ခံစားကြည့်ရှုကြပါခင်ဗျာ…. File size…(1.7 GB)/(964 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

5.9 2022 92 mins
Tenkiller
The Searchers
7.8

The Searchers (1956) ~ IMDb – 7.8/10, Rotten Tomatoes – 87% ~ ဂျွန်ဖို့ဒ်ဟာ ဟောလိဝုဒ်ရွှေခေတ်က အအောင်မြင်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ပါပဲ။ အဓိကကတော့ သူ့ကို Western ကားတွေနဲ့ လူသိပိုများပါတယ်။ Western ကားတွေရဲ့ Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ဝိန်းနဲ့တွဲဖက်ပြီးတော့လည်း သိကြတယ်။ Western လိုင်းရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာနဲ့ မင်းသားအတွဲပေါ့။ သူ့ဒါရိုက်တာသက်တမ်း အနှစ်၅၀ ၁၉၁၇ကနေ ၁၉၆၅အတွင်းမှာ ရုပ်ရှင်ပေါင်း ၁၄၀ရိုက်ခဲ့ပြီး Best Director ဆု လေးဆုရထားတဲ့ ဒါရိုက်တာပါပဲ။ သူရိုက်ခဲ့တဲ့အသံတိတ်ရုပ်ရှင်တွေကတော့ ပျောက်ရှကုန်ပါပြီ။ ဂျွန်ဝိန်း၊ ဟင်နရီဖွန်ဒါ၊ မော်ရန်အိုဟာရာနဲ့ ဂျိမ်းစတီးဝတ်တို့လို ထိတ်ထိတ်ကြဲတွေနဲ့ပဲ အရိုက်များခဲ့တယ်။ ဖို့ဒ်ရဲ့ထူးခြားချက်ကတော့ သူ့ခေတ်ပြိုင်ဒါရိုက်တာတွေအပါအဝင် ကျွန်တော်တို့ သိသမျှ ထိတ်ထိတ်ကြဲဒါရိုက်တာတွေဟာ ဖို့ဒ်ကို ချီးကျူးကြတာပါပဲ။ Frank Capraဆို “King of Directors” လို့ပြောဖူးတယ်။ Jean-Luc Godard ဆို The Searchers ရဲ့ ဇာတ်သိမ်းခန်းကို Ulysses နဲ့ Telemachus ပြန်ပေါင်းစည်းကြတဲ့အခန်းနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ဖူးတယ်ဆိုတယ်။ Alfred Hitchcock ဆို ဂျွန်ဖို့ဒ် ရုပ်ရှင်တွေရဲ့အပြဟာ အရာရာလှပတယ်လို့ပြောဖူးတယ်။ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးရုပ်ရှင်လို့ သမုတ်ခဲ့ကြဖူးတဲ့ Citizen Kane ရဲ့ ဒါရိုက်တာနဲ့မင်းသား Orson Welles ကို တစ်ခါသား သူအကြိုက်ဆုံး ဒါရိုက်တာသုံးယောက်နာမည်မေးတော့ “ကျွန်တော်က ဆရာ့ဆရာကြီးတွေကို ကြိုက်တာဗျ။ ဥပမာဆို ဂျွန်ဖို့ဒ်ရယ် ဂျွန်ဖို့ဒ်ရယ် ဂျွန်ဖို့ဒ်ရယ်ပေါ့” လို့တောင် ဖြေဖူးတယ်။ Andrei Tarkovsky ကလည်း ဖို့ဒ်က သူ့အကြိုက်ဆုံး ဒါရိုက်တာတွေထဲပါတယ်လို့ ဖြေဖူးတယ်။ သူတို့လိုလူတွေအပြင် ဂျွန်ဖို့ဒ်ကိုကြိုက်တဲ့ထဲ Satyajit Ray တို့၊ Jean Renoir တို့၊ Federico Fellini တို့၊ Francois Truffautတို့၊ Ingmar Bergman တို့၊ Stanley Kubrick တို့၊ Sergio Leone တို့လို ရုပ်ရှင်သမိုင်းရဲ့ထိတ်ထိတ်ကြဲတွေတောင်ပါပါတယ်။ သူတို့ထက် နှောင်းတဲ့ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ စတိုရှိခွန်တို့ စကောဆဲစီတို့လိုလူ‌တွေလည်း မနည်းဘူး။ David Lean ရဲ့ ဂန္ထဝင်ဖြစ်တဲ့ Lawrence of Arabia ကလည်း The Searchers ကို Inspiration ယူခဲ့တယ်လို့ David Lean ကိုယ်တိုင်ပြောဖူးတယ်။ Landscape တွေကို ဘယ်လိုရိုက်ရမလဲဆိုတာကို ဒီကားကို ကြည့်ပြီးလေ့လာခဲ့တာပါတဲ့။ နောက်ထူးခြားတဲ့အချက်ကတော့ ဂျွန်ဖို့ဒ်ဟာ ဒီလောက်ဆရာကျတဲ့ ဒါရိုက်တာဖြစ်ခဲ့ပေမဲ့ စတိုရီဘုတ်လုံးဝမသုံးပါဘူး။ သရုပ်ဖော်ထားတာရော စာနဲ့ရေးထားတာရော မသုံးခဲ့ပါဘူး။ ဒိုင်ယာလော့စာရွက်သက်သက်လောက်ပဲ သုံးခဲ့တယ်။ ဒါက ဝေါင်ကာဝေးလည်း ဒီလိုလုပ်တယ်ကြားဖူးပေမဲ့ ဝေါင်ကာဝေးရဲ့ ကာရိုက်တာတည်ဆောက်ပုံနဲ့ မသုံးတာက ဆန်းတောင် မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပေမဲ့ ဂျွန်ဖို့ဒ် ကာရိုက်တာတည်ဆောက်ပုံနဲ့ စတိုရီဘုတ်လုံးဝမသုံးဘဲ ဒီလိုပုံစံထွက်တာက ဂျွန်ဖို့ဒ်က လူလွန်မသားပါလို့ ပြောနေသလိုပါပဲ။ အခု ဒီ The Searchers ကတော့ ဂျွန်ဝိန်းနဲ့ ဖို့ဒ်တွဲဖက်ထားတဲ့၊ Lawrence of Arabia ကားရဲ့ မြစ်ဖျားခံရာဖြစ်တဲ့၊ ဖို့ဒ်ရဲ့အကောင်းဆုံးတွေထဲက တစ်ကားပါပဲ။ ဖို့ဒ်ဟာ Western ကားတွေကို အခန်းတိုင်းမလွတ်လှနေအောင် ရိုက်ပြနိုင်တဲ့အချက်နဲ့လည်း ကျော်ကြားပါတယ်။ အခုကားကိုလည်း Western ကားတွေရိုက်ရင် သူအကြိုက်ဆုံးလိုကေးရှင်းတွေထဲက တစ်ခုဖြစ်တဲ့ Monument Valley မှာပဲရိုက်ထားတယ်။ နောက် ဒီထဲကဇာတ်ကောင် အီသန်ဟာ ဂျွန်ဝိန်းသရုပ်ဆောင်ဖူးသမျှထဲ အကြိုက်ဆုံးဇာတ်ကောင်ဖြစ်ခဲ့ပြီး သူ့သားနာမည်ကိုပါ ဒီဇာတ်ကောင်နာမည်ပေးထားခဲ့ပါတယ်။အမေရိကန်ဖလင်အင်စတီကျူ့ကလည်း Greatest American Western လို့ သမုတ်ခံခဲ့ရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ Texas–Indian စစ်ပွဲကာလမှာ တည်ထားတယ်။ တက္ကဆက်သားတွေနဲ့ အင်ဒီးယန်းတွေ သူသတ်ကိုယ်သတ်လုပ်နေကြတဲ့ ကာလပေါ့။ အဓိကဇာတ်ကောင်ကတော့ အဲဒီကာလက ပြည်တွင်းစစ်စစ်ပြန်တစ်ယောက်ဖြစ်တဲ့ အီသန်။ စစ်ကြီးပြီးတာတောင် စစ်ရှုံးသွားတာတောင် အရှုံးပေးချင်စိတ်မရှိတဲ့ ဘုကလန့်စစ်ပြန်ကြီးတစ်ယောက် ညီနဲ့ညီမ တူတွေတူမတွေရှိတဲ့ အိမ်ကလေးကို ပြန်လာတာကနေ ဇာတ်ကိုစထားတယ်။ သူရောက်ပြီးသိပ်မကြာခင်မှာပဲ အင်ဒီးယန်းတွေက သူတို့မြို့ကို လာတိုက်ခိုက်ပြီး ထွက်ပြေးသွားတယ်။ ဒီလိုနဲ့ သူအပါအဝင်တက္ကဆက်ရိန်းဂျားတွေက အဲဒီလူနီရိုင်းတွေကို သတ်ဖို့လိုက်ကြတယ်။ ဒါပေမဲ့ သူတို့မျှားခေါ်ခံလိုက်ရတာဖြစ်နေပြီး သူ့ညီအိမ်ကို ဖျက်ဆီးပြီး သူ့ညီတစ်မိသားစုလုံး အသတ်ခံခဲ့ရတယ်။ သူ့တူမလေးတွေလည်း အဖမ်းခံခဲ့ရတယ်။ ဒီလိုနဲ့အီသန်ဟာ သူ့တူမလေးတွေကို ပြန်ကယ်ဖို့ရော ကလဲ့စားချေဖို့ရော နေရာအတည်တကျမရှိဘဲ လှည့်ပတ်နေထိုင်နေတဲ့ လူနီရိုင်းတွေနောက်ကို ခြေရာကောက်တဲ့အကြောင်းကို ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ The Searchers ဟာ ဂျွန်ဖို့ဒ် ပီပီသသ အခန်းတိုင်းလှနေတဲ့ Landscape စီနီမာတိုဂရပ်ဖာအလန်းစားတွေနဲ့ကြည့်ရမယ့် အကောင်းဆုံး Western ကားတွေထဲက တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.6GB, 1.31GB Quality – BluRay 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 59Min Genre – Adventure, Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1956 119 mins
The Searchers
Killer Body Count

ဒီတစ်ခါမှာတော့ Killer Body Count ဆိုတဲ့ လူငယ်တွေကိုလိုက်သတ်တဲ့လူသတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ကမ်မီဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးဟာ မိတဆိုးလေးဖြစ်ပြီး ဖခင်ဖြစ်သူ”ဘရိုင်ယန်”နဲ့အတူတူ​နေပါတယ် ဘရိုင်ယန်ဟာ ကမ်မီ့ကို လိင်မှုကိစ္စစွဲလန်းနေသူဟုအထင်မှားပြီး ဝေးလံခေါင်ဖျားတဲ့နေရာမှာရှိတဲ့ ကတ်သလစ်ကုသရေးစင်တာကိုပို့ခဲ့ပါတယ် အဲ့ဒီမှာ ကမ်မီလိုပဲ လိင်မှုကိစ္စကိုအလွန်အကျွံစွဲလန်းတာကြောင့်ဆိုပြီး စင်တာကိုရောက်လာတဲ့အခြားဆယ်ကျော်သက်များလည်းရှိပါတယ် အဲ့ဒီစင်တာကိုတော့ တော်နီနဲ့ယူဂျင်းတို့မောင်နှမနှစ်ယောက်ကဦးစီးပြီးအုပ်ချုပ်ပါတယ် ဒါပေမဲ့ နတ်ဆိုးမျက်နှာဖုံးစွပ်ထားတဲ့လူတစ်ယောက်က အဲ့ဒီစင်တာမှာ လိင်မှုကိစ္စကျူးလွန်တဲ့သူတွေကို လိုက်လံသတ်ဖြတ်နေပါတယ် အဲ့ဒီအကြောင်းကိုစင်တာကိုရောက်နေတဲ့လူငယ်တွေသိသွားတဲ့အခါမှာ ဘယ်လိုလွတ်အောင်ပြေးကြမလဲ လိုက်သတ်နေတဲ့လူကရော ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်ခန်းတချို့ကြောင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်တော်ပါဘူး File size…(848 MB) Quality…. 720p Format…mp4 Duration….01:47:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

Thriller • Horror • Science Fiction
0 2024
Killer Body Count
13 Going on 30
6.2

ချစ်စဖွယ် အပြုံးပိုင်ရှင် မင်းသမီးချော Jennifer Garner ပါဝင်ပြီး Hulk မင်းသားအသစ်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Mark Ruffalo တို့ သရုပ်ဆောင်ထားတဲ့ ၂၀၀၄ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ 13 Going On 30 ဆိုတဲ့ ရုပ်ရှင်ကားလေးပါ ၁၃ နှစ်ဆိုတဲ့ ဘာမှ မဖွံ့ဖြိုး မလှပ လုပ်ပိုင်ခွင့်မရှိတဲ့ ဘ၀ ကို မလိုချင်တဲ့ ဂျန်နာ ဟာ သူမ ရဲ့ ၁၃ နှစ်ပြည့် မွေးနေ့မှာ အသက် ၃၀ လောက်ရှိချင်ပါတယ်လို့ ဆုတောင်းခဲ့ပါတယ် သူမ အိပ်ရာက နိုးတဲ့ အချိန်မှာတော့ အသက် ၃၀ လှပတဲ့ အမျိုးသမီးကြီး အဖြစ်ရှိနေပြီး သူမ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ခဲ့ပြီး အပြစ်မကင်းတဲ့ အရောင်စုံ ကာလာစုံ ဘဝကြီးကို ပိုင်ဆိုင်ခဲ့ရပါတယ် သူမ ပျော်မယ် ထင်ပေမယ့် အသက် ၁၃ နှစ်ကိုသာ ပြန်သွားချင်ပါတော့တယ် ဘ၀ ရဲ့ အခက်အခဲတွေကို ဖြေရှင်းပြီး ဂျင်နာ တစ်ယောက် အသက် ၁၃ နှစ်ပြန်ရောက်နိုင်ပါ့မလား သူမ ကို တစ်ဖက်သက် ချစ်ခဲ့တဲ့ မတ် ဆိုတဲ့ ဓါတ်ပုံဆရာလေးနဲ့ရော ဖူးစာ ဆုံနိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ကြပါအုံး….

Action • Drama • Romance • Thriller
6.2 2004 98 mins
13 Going on 30
An American Werewolf in London
7.5

Horror နဲ့ Comendy ကို သေချာပေါင်းစပ်ရိုက်ကူးထားပြီး သူ့ခေတ်ရဲ့ မိတ်ကပ်နည်းပညာနဲ့ အကောင်းဆုံး werewolf transformation အခန်းတစ်ခုကို ရိုက်ပြသွားခဲ့တဲ့အပြင် အကောင်းဆုံးမိတ်ကပ် အော်စကာဆုကို ရရှိခဲ့တဲ့ သမန်းဝံပုလွေရုပ်ရှင်ကားကောင်းတကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် ကောလိပ်ကျောင်းသားနှစ်ယောက်ဖြစ်တဲ့ ဂျက်ခ်နဲ့ ဒေးဗစ်တို့ ဗြိတိန်ကိုခရီးထွက်လာကြရင်း လပြည့်ညမှာ သမန်းဝံပုလွေ တိုက်ခိုက်တာခံလိုက်ရပါတယ်။ ဂျက်ခ်ကတော့ သေသွားခဲ့ပေမဲ့ ဒေးဗစ်ကတော့ ဆေးရုံမှာပြန်နိုးလာခဲ့ပြီး ဒဏ်ရာအလိမ်းလိမ်းနဲ့အသားတွေပဲ့ကျနေတဲ့ ဂျက်ခ်က သမန်းဝံပုလွေကျိန်စာကြောင့် undead ဘဝကနေမလွတ်မြောက်နိုင်တဲ့အကြောင်းအပြင် သမန်းဝံပုလွေ မျိုးဆက်ကိုဖြတ်နိုင်မှ ကျိန်စာပြယ်မဲ့အကြောင်း လာပြောတဲ့ အိပ်မက်ဆိုးတွေမက်နေခဲ့ပါတယ်။ ဒေးဗစ်ကရော ဂျက်ခ်ပြောခဲ့သလို သမန်းဝံပုလွေ ကျိန်စာကို ပြယ်အောင်လုပ်နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ သွေးထွက်သံယိုပြကွက်တွေပေါပေါများများပါဝင်လို့ ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်ပါဘူး။ File Size : 10.6 GB, 2.4 GB, 763 MB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 37min Format : Mkv and Mp4 Audio : AAC, E-AC-3 Genre : Comedy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant

7.5 1981
An American Werewolf in London
Kiss of the Dragon
6.6

Kiss of the Dragon (2001) IMDb Rating (6.6) / Rotten Tomatoes (53%) နာမည်ကြီး အက်ရှင်မင်းသားကြီး ဂျက်လီရဲ့ ၂၀၀၀ အစောပိုင်း ကားဟောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ဂျက်လီက တရုတ်မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဖို့ ပြင်သစ်ကို ရောက်လာတဲ့ တရုတ်အေးဂျင့် လွီယန်းအနေနဲ့ ပါဝင်ထားပါတယ်။ ဒါပေမဲ့ သူနဲ့တွဲအလုပ်လုပ်ရမယ့် ပြင်သစ်ရဲအရာရှိဟာ မူးယစ်ဂိုဏ်းခေါင်းဆောင်နဲ့ အဆက်အသွယ်ရှိနေပြီး သူက မူးယစ်ဂိုဏ်းခေါင်းဆောင်ကို သတ်ပစ်ပြီး လွီယန်းကို အပြစ်ပုံချလိုက်ပါတယ်။ တစ်ဖက်မှာ ဒါတွေအကုန်လုံးကိုသိပြီး လွီယန်းမှာ အပြစ်မရှိကြောင်းသက်သေပြနိုင်မဲ့သူက ပြင်သစ်ရဲအတွက် အလုပ်လုပ်ပေးရတဲ့ ဂျက်ဆီကာ ဆိုတဲ့ပြည့်တန်ဆာမလေးပါ။ ဒါကြောင့် လွီယန်းဟာ ပြင်သစ်ရဲတွေ လက်ကနေ ထွက်ပြေးရင်း သူ့မှာအပြစ်မရှိကြောင်း သက်သေပြဖို့ ဘယ်လိုကြိုးစားသွားမလဲဆိုတာကို အက်ရှင်ခန်းတွေ အများအပြားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။) File size…(1.3 GB) / (760 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama Duration….01:39:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Marco

Thriller
6.6 2001 98 mins
Kiss of the Dragon
Bridge to Terabithia
7.2

Bridge to Terabithia (2007) IMDb Rating (7.2)/ Rotten Tomatoes (85%) နင့်နေအောင် ခံစားကြရတဲ့ ဒီရုပ်ရှင်ကားက စာရေးဆရာမ Katherine Paterson ရဲ့ အအောင်မြင်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ဖြစ်ပြီး Walt Disney က ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပါတယ်… ရိုက်ကူးစရိတ် Budget $17 million သာ ကုန်ကျခဲ့ပေမယ့် Box office $137.6 million ထိပြန်လည်ရရှိခဲ့ပြီး Rating တွေလဲ ကောင်းမွန်ခဲ့တာမလို့ အဖက်ဖက်ကပြည့်စုံတဲ့ Drama,Family,Fantasy ကားလေးဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့… ဂျက်စ်အရွန်း (Josh Hutcherson)ဆိုတဲ့ ၁၀ နှစ်သားအရွယ်ကောင်လေးဟာ ဆင်းရဲသားမိသားစုမှ ပေါက်ဖွားလာတာနဲ့အညီ ကျောင်းမှာရော အိမ်မှာပါ အနိုင်ကျင့်ခံရတဲ့ အထီးကျန်ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီကောင်လေးရဲ့ ဘဝထဲကို လက်စလီဘာ့ခ် (AnnaSophia Robb) ဆိုတဲ့ ဘေးအိမ်က ကောင်မလေးတယောက် ဝင်ရောက်လာတာကနေစလို့ လုံးဝပြောင်းလဲသွားပါတော့တယ်…. ဂျက်စ်က ပုံဆွဲဝါသနာပါပြီး လက်စလီက စိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးဖြစ်တော့ သူတို့နှစ်ယောက်ဟာ လက်ရှိကမ္ဘာကနေရုန်းထွက်ပြီး “တီရာဘီသီးယား” (Terabithia) ဆိုတဲ့ စိတ်ကူးယဉ်နိုင်ငံတစ်ခုကို ဖန်တီးလိုက်ကြပါတယ်… သူတို့နှစ်ယောက်ဟာ အဲ့ဒီ Terabithia မှာ ဘုရင်တွေ စွမ်းအင်တွေ သတ္တဝါကြီးတွေ ထူးဆန်းတဲ့အရာတွေကို ဖန်တီးပြီးတော့ စွန့်စားခန်းတွေထွက်ကြပါတော့တယ်။ ဒီလိုစိတ်ကူးယဉ်ပျော်ရွှင်နေကြတဲ့ သူတို့နှစ်ဦးကြားမှာ အလွန်စိတ်ထိခိုက်ဖွယ်အဖြစ်အပျက်တစ်ခုဝင်လာတဲ့အခါမှာတော့………။ Terabithia ဆိုတာ ကလေးတွေရဲ့စိတ်ကူးထဲကနေရာလို့ ပြသထားပေမယ့် တကယ်တော့ လက်တွေ့ဘဝရဲ့စိန်ခေါ်မှုတွေ(ကျောင်းတွင်းအနိုင်ကျင့်ခံရခြင်း၊ မိသားစုပြဿနာများ) စတဲ့အရာတွေကို ညွှန်းဆိုထားတာ တွေ့ရမှာပါ။ ဒီရုပ်ရှင်ကားက စိတ်ကူးယဉ်ခြင်းရဲ့ အရေးပါမှု၊ မိတ်ဆွေစစ်စစ်တန်ဖိုး၊ ကိုယ်ပိုင်ယုံကြည်မှု၊ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း၊ ခံစားချက်တွေကိုရင်ဖွင့်ရဲမှုနဲ့ ဆုံးရှုံးခြင်းတွေကိုရင်ဆိုင်နိုင်မှု စသည်ဖြင့် အဖက်ဖက်ကနေ သင်ကြားပြသသွားခဲ့တဲ့ ကလေးရော လူကြီးပါမကျန် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

Animation • Family • Fantasy
7.2 2007 96 mins
Bridge to Terabithia