YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

I Promised You the Moon EP05.END.1080p.CM.mp4

987.12 MB N/A video/mp4 1200 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Trespass
6.2

ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးရှိတဲ့ ကြည့်ပျော်ရှုပျော် Action ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ 1992 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDB လည်း 6.3/10 ရထားပါတယ်။ ဇာတ်လမ်းအားဖြင့် ဒွန် နဲ့ ဗင့်(စ်)ဆိုတဲ့ မီးသတ်သမားနှစ်ယောက်ဟာ မီးလောင်နေတဲ့ တိုက်ခန်းတစ်ခုကို ဝင်ကယ်ဆယ်ရေးလုပ်ရင်း သေခါနီးအဖိုးကြီးတစ်ယောက်ဆီကနေ ရတနာမြေပုံတစ်ခုရရှိခဲ့ပါတယ်။ သေချာစုံစမ်းကြည့်တဲ့အခါ အဲ့ဒီအဖိုးကြီးဟာ လွန်ခဲ့တဲ့နှစ်(၅၀)က ဘုရားကျောင်းတစ်ခုကိုဓားပြတိုက်ခဲ့တဲ့သူဖြစ်ပြီး ဒေါ်လာသန်းချီ တန်တဲ့ တိုက်ရာပါ ရွှေသားပစ္စည်းတွေကို ဖွက်ထားတဲ့သူဖြစ်နေပါတယ်။ ဒါနဲ့ပဲ ဒွန် နဲ့ ဗင့်(စ်)တို့ဟာ အဖိုးကြီးရဲ့ မြေပုံမှာပါတဲ့ အဆောက်အဦး အဟောင်းကြီးဆီကို ယုံတစ်ဝက်မယုံတစ်ဝက်နဲ့ ချီတက်ခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း ဆေးရောင်းတဲ့ လူမဲဂိုဏ်းတစ်ဂိုဏ်းဟာ ဂိုဏ်းထဲက သစ္စာဖောက်တစ်ယောက်ကိုရှင်းဖို့အတွက် အဆိုပါ အဆောက်အဦး ဟောင်းကြီးကိုပဲ ရွေးချယ်ထားပါသေးတယ်။ ဒီလိုနဲ့ ရွှေရှာဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တဲ့ ဒွန်နဲ့ ဗင့်(စ်)ဟာ မမျှော်လင့်ဘဲ လူသတ်မှုတစ်ခုရဲ့မျက်မြင်သက်သေတွေ ဖြစ်လာပါတယ်။တစ်ဖက်ဂိုဏ်း ကလည်း သူတို့လည်ပင်းကို ကြိုးကွင်းစွပ်နိုင်မယ့် ဒွန် နဲ့ ဗင့်(စ်)ကို အပျောက် ရှင်းဖို့ ကြိုးစား၊ဒွန် နဲ့ ဗင့်(စ်)ကလည်း အသက်ရှင်ဖို့ ရုန်းကန်နဲ့ ဒီဇာတ်ကားဟာ မထင်မှတ်ထားတာတွေနဲ့ ကြွတက်လာပါတော့တယ်။ လူနည်းနည်း၊သေနတ်တွေများများ၊အဆောက်အဦးဟောင်းကြီးတစ်ခုနဲ့ ရွှေထည်ပစ္စည်းတွေပါတဲ့ ဒီကားဟာ ကြည့်ရှုသူတွေအတွက် သေချာပေါက် စိတ်အပန်းပြေစေမှာမို့ ကြည့်ရှကြဖို့ ညွှန်းပေးလိုက်ပါတယ်။ File size…1.81GB / 866MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ..... Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Drama
6.2 1992 101 mins
Trespass
Blue Gate Crossing
7

IMDb Rating - 7.4/10 ကိုယ့်နှလုံးသားကို ဝေခွဲမရဖြစ်နေတဲ့ မိန်းကလေးတွေရော၊ မချစ်သင့်တဲ့သူကို ချစ်မိတဲ့ကိုကိုတွေရောမမတွေရော အတွေး တစ်စုံတစ်ရာရရှိအောင်လုပ်ပေးနိုင်တဲ့ LGBT ထိုင်ဝမ်ကား လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ထိုင်ဝမ်ရုပ်ရှင်တို့ထုံးစံအတိုင်း သဘာဝကျတဲ့ရိုက်ချက်တွေနဲ့ အပီအပြင်တင်ဆက်ပေးထား ပါတယ်။ ကျောင်းမှာအရမ်းချောတဲ့ ကျောင်းသားလေးဖြစ်တဲ့ ကျန်းရှီး ဟောင်ကို လင်ယွဲ့ကျန်းကျောင်းသူက အရူးအမူးချစ်နေပါ တယ်။ ဘယ်လောက်တောင်ချစ်လဲဆိုရင် ကျန်းရှီးဟောင် စွန့်ပစ်ထားတဲ့ စာအုပ်၊ ဘောလုံး၊ အသုံးအဆောင်ပစ္စည်း တွေကအစ အမှိုက်ပုံးထဲကနေယူပြီး အိမ်မှာစုထားတဲ့သူပါ။ ဘယ်လောက်ပဲချစ်ချစ် သူငယ်ချင်းလုပ်ဖို့တောင် လုံးဝဖွင့် မပြောရဲတဲ့ ကြိတ်ခရက်ချ်သူလေးပေါ့။ သူ့ကိုကူညီပေးဖို့ မုန့်ခယ်ရုံဆိုတဲ့အချစ်ဆုံးသူငယ်ချင်းကို အကူအညီတောင်းခဲ့ပါတယ်။ ကြားထဲကနေ အောင်သွယ် ပေးရင်းနဲ့ ကျန်းရှီးဟောင်နဲ့လင်ယွဲ့ကျန်းတို့ နှစ်ယောက်ကြား ဗျာများလာခဲ့ရပါတော့တယ်။ တစ်နေ့မှာ “ကျွန်မကိုမနမ်း ချင်ဘူးလား”လို့ အရဲစွန့်ပြီးမေးလိုက်တဲ့တစ်ယောက်က မုန့်ခယ်ရုံဖြစ်သွားတဲ့အခါ.... ကျန်းရှီးဟောင်၊ လင်ယွဲ့ကျန်း၊ မုန့်ခယ်ရုံတို့သုံးယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့် လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.5 GB) / (622 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 39Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Jo Jo Va Encoder..........SWM

Horror
7 2002 85 mins
Blue Gate Crossing
The Dunes
4.7

အမှန်တရားဆိုတာ ပြောတိုင်းလည်းမကောင်းဘူးလို့ လူတွေကပြောကြတာပါပဲ ဟုတ်တော့လည်း ဟုတ်ပါတယ် အသက်ကိုဥာဏ်စောင့်ဆိုတဲ့အတိုင်း ကိုယ့်ရဲ့အကြောင်းတွေကိုလည်း ခရေစေ့တွင်းကျ သူများကို မပြောတာ အကောင်းဆုံးပါပဲ အခုတစ်ခါတင်ဆက်ပေးမှာကတော့ အသက်၁၃နှစ်လောက်က အထက်တန်းကျောင်းမှာ ရေးခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ်ကြောင့် နောက်ဆက်တွဲအကျိုးဆက်တွေကို ဘုမသိ ဘမသိ ခံလိုက်ရတဲ့အကြောင်းလေးပါပဲ နစ်ခ် က ဩစတျေးရီးယား ကနေ အမေရိကန် က အယ်လေ တိုင်းမ်မှာအလုပ်ရလို့ သွားလုပ်နေရာက ဩစီ က သူ့ရဲ့အိမ်ငှားက အိမ်လခ ၂လခမပေးဘဲ ပျောက်သွားလို့ အိမ်ရောင်းဖို့ပြန်သွားတဲ့အချိန်မှာပဲ သူ့ရဲ့အိမ်ရှေ့မှာ ဘတ္တရီဒေါင်းသွားလို့ လာအကူအညီတောင်းတဲ့ လူတစ်ယောက်နဲ့ဆုံခဲ့ရတာပါ အဲဒီမှာပဲ သူတို့အကြောင်းတွေပြောကြရင်းနဲ့ သူရေးခဲ့တဲ့ ဆောင်းပါးကြောင့် လာအကူအညီတောင်းတဲ့သူရဲ့ ဘဝထိခိုက်ခဲ့ရတာကို သိသွားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ဘယ်လိုများ ကလဲ့စားချေခံရမလဲဆိုတာ စောင့်ကြည့်ရင်းကြည့်လို့ကောင်းတဲ့ ကားကောင်းလေးတစ်ကားပါပဲ File size…(2.25GB)/(1.15GB)/(667MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Crime
4.7 2021 84 mins
The Dunes
Salute
7.7

မှုခင်းဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ နိုင်ငံရေးနဲ့မှုခင်းတွဲဖက်နေတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် "ငါတို့က ယူနီဖောင်းဝတ်ထားတဲ့ချိန်ပဲ အာဏာရှိတာကွ လက်ရှိအုပ်ချုပ်နေတဲ့အစိုးရပြုတ်သွားရင် ဒီအုပ်ချုပ်ရေးခရိုင်မှာ ငါတို့ဆိုတာ ရှိမှာမဟုတ်တော့ဘူး" အာဏာမက်တဲ့သူတွေအတွက် အားနည်းချက်မရှိစေဘဲနဲ့ အာဏာကို ဆက်လက်တည်တံ့နိုင်ဖို့ အထက်ဖားအောက်ဖိ နည်းမျိုးစုံနဲ့ ကြိုးပမ်းကြတယ်မလား ဒီဇာတ်ကားလေးမှာလည်း မကြာခင်ရွေးကောက်ပွဲ ကျင်းပတော့မဲ့ မြို့လေးမှာ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားပြီး ၃ပတ်ကြာတောင်မှ အမှုနဲ့ပတ်သတ်ပြီး ဘာတိုးတက်မှုမရှိတဲ့အခါ လက်ရှိအုပ်ချုပ်သူက ရဲဌာနကိုဖိအားပေးလာပါတော့တယ် အာရဗင်က အစ်ကိုဖြစ်သူစံပြပုဂ္ဂိုလ် ရဲအရာရှိကြောင့် ရဲထဲဝင်လာသူလည်းဖြစ်ပါတယ် ဒီအမှုကို အမြန်စုံစမ်းဖို့ဖိအားပေးတဲ့ချိန်မှာ အစ်ကိုဖြစ်သူနဲ့ အာရဗင်တို့ကြား သဘောထားကွဲလွဲမှုဖြစ်လာပြီး အာရဗင်ကို သူ့အစ်ကို နယ်ပြောင်းပြီး တာဝန်ချပေးလိုက်ပါတယ် အမှုကိုစုံစမ်းရင်းနဲ့ ချန်ဒရာဗီလာဆိုတဲ့လူလိမ် နောက်ကို လိုက်ရင်း အမှုက ဘယ်လိုရုပ်လုံးပေါ်လာမလဲ အာရဗင်တစ်ယောက် အမှုကိုကိုယ့်နည်းကိုယ်ဟန်နဲ့ ဘယ်လိုတွေဆက်ဖြေရှင်းမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် File size…1.5GB / 800MB Quality…1080p WEB DL Format…mp4 Duration….2h 25min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & Honey & Haruko & Poe

Action • Crime • Drama
7.7 2022 145 mins
Salute
Death on the Nile
7.1

~ IMDB - 7.3/10, RT - 78%, Meta - 59% ~ (ဒီ Death on The Nile - 1978 နဲ့ အသစ်ထွက် 2022 ဗားရှင်းဟာ ဇာတ်ကျောရိုးချင်းအတူတူပေမဲ့ 2022 ဗားရှင်းက‌တော့ မူလကာရိုက်တာတချို့ကို ပြောင်းသင့်တန်ပြောင်း လဲသင့်တန်လဲပြီး ဇာတ်ကြောင်းတချို့ကိုပါ ခေတ်နဲ့ ဆီလျော်အောင် ပြန်ရိုက်ထားတာမို့ အဟောင်းကရော၊ အသစ်ကရော အရသာတစ်မျိုးစီ ရမှာအသေအချာပါပဲ) Death On The Nile ဟာ အဂ္ဂသာခရစ္စတီရဲ့အကောင်းဆုံး ၀တ္တု‌တွေထဲကတစ်ခုကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ အနောက်တိုင်းစုံထောက်၀တ္တုရေးဆရာတွေထဲ ဆာအာသာကိုနင်ဒွိုင်းပြီးရင် ကျွန်တော်အရင်းနှီးဆုံးက အဂ္ဂသာခရစ္စတီပါပဲ။ အမြန်ရထားပေါ်ကလူသတ်မှု၊ ဟီလာရီ၊ ဂြိုလ်မွှေတဲ့ ကျောက်မျက်ရတနာ၊ လေယာဉ်ပေါ်ကလူသတ်မှု စသဖြင့် အဂ္ဂသာခရစ္စတီ၀တ္တုတွေကို တက္ကသိုလ်နေ၀င်းက တော်တော်ဘာသာပြန်ခဲ့တာကြောင့်လည်း ရင်းနှီးနေတာပါပဲ။ သိပြီးတဲ့အတိုင်း ခရစ္စတီရဲ့၀တ္တုတွေမှာ ဇာတ်လိုက်ကျော်စုံထောက်က ဟာကြူလီပွိုင်ရို့ (ဝါ) ပွာရိုပါ။ စာအုပ်ထဲကစကားအတိုင်းပြောရရင် သမားရိုးကျစုံထောက်တွေကို စာရေးဆရာတွေက ပုံဖော်တဲ့နေရာမှာ ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်း ဖျတ်လတ်ပြီး စွန့်စားရ ဝါသနာထုံတဲ့လူတွေအဖြစ် အသက်သွင်းကြတာများပါတယ်။ အဂ္ဂသာရဲ့ ဟာကြူလီကတော့ ဘယ်ဂျီယမ်သား ပုပု နှုတ်ခမ်းမွှေးကားကားလူ၀ကြီးပါပဲ။ သို့ပေမဲ့လည်း စုံထောက်အမှုမှာ သူမတူအောင် တော်တဲ့လူပါ။ သူ့အမှုကို ဖော်ထုတ်ပုံတွေကလည်း အမြဲစိတ်၀င်စားစရာကောင်းနေတာပါပဲ။ အဂ္ဂသာခရစ္စတီဟာ ဟာကြူလီပွိုင်ရို့ပါတဲ့ စုံထောက်၀တ္တု ၃၃အုပ်၊ ပြဇာတ်၂ခုနဲ့ ၀တ္တုတို ၅၀ရေးသားခဲ့ပါတယ်။ ရုပ်ရှင်ကားအဖြစ်လည်းအတော်များများ အသက်သွင်းခဲ့သလို season 13 ခုရှိတဲ့ Series ရှည်ကြီးလည်း ထွက်ခဲ့ပါတယ်။ ပွိုင်ရို့ရဲ့ Death On The Nile အမှုဟာလည်း အမြန်ရထားပေါ်ကလူသတ်မှုလိုပဲ စိတ်၀င်စားစရာအတော်ကောင်းတဲ့ အကွေ့အကောက်အတော်များတဲ့ အမှုပါပဲ။ ခဏခဏပြန်ရိုက်ကြတဲ့ဇာတ်‌ဆိုပေမဲ့ 1978 ဗားရှင်းရဲ့ castingကို စာအုပ်ပရိတ်သတ်တွေက သိပ်အားရခဲ့ကြသလိုပဲ 1978 ရဲ့ casting ဟာ ဇာတ်ကောင်တွေနဲ့ အတော်လိုက်ဖက်ပါတယ်။ ဟာကြူလီကလည်း စာအုပ်အတိုင်းလိုက်ဖက်ပြီး အကုန်လုံးသူ့နေရာနဲ့သူ အံ၀င်ခွင်ကျရှိပါတယ်။ သုံးထားတာက Peter Ustinov တို့ Mia Farrow တို့ David Niven တို့ Betty Davis တို့ Jane Brikin တို့ Lois Chiles တို့ Maggie Smith တို့လို တစ်ခေတ်တစ်ခါရဲ့ စတားတွေချည်းပါပဲ။ All-star castတွေကို သုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးရာမှာ တကယ် အီဂျစ်ကို သွား ရိုက်ကူးခဲ့သလို လှေကလည်း သမိုင်း၀င်လှေပေါ်မှာပဲ ရိုက်ကူးခဲ့တာပါ။ ဆိုတော့ကာ ဇာတ်ကောင်အပါအ၀င် အရာအားလုံး သဘာ၀ကျတယ်လို့ ပရိသတ်ကို ကောင်းကောင်းကြီး ခံစားရစေပါတယ်။ အီဂျစ်က နာမည်ကျော် နေရာအများစုကိုလည်း လှလှပပကို ထည့်သွင်းရိုက်ကူးထားတာပါပဲ။ ဒါရိုက်တာကတော့ အီဂျစ်မှာ အဂ္ဂသာခရစ္စတီပရိတ်သတ်တွေအရမ်းများတာကြောင့် အီဂျစ်အစိုးရက ဒီရုပ်ရှင်အတွက်အများကြီးအထောက်အကူပေးခဲ့တယ်ဆိုပါတယ်။ Costume ပိုင်းမှာလည်း ဒီဇာတ်ထဲက အချမ်းသာဆုံးဖြစ်တဲ့ Linnet တဖြစ်လဲ Chiles ရဲ့ ဒေါက်ဖိနပ်မှာ စိန်အစစ်တွေစီခြယ်ထားပြီး Davis ရဲ့ဖိနပ်တွေကိုတော့ စပါးအုံး၂၆ကောင်ရဲ့ အရေခွံနဲ့လုပ်ထားတယ်ဆိုပါတယ်။ 51 ကြိမ်မြောက် အော်စကာပွဲမှာ Academy Award for Best Costume Design ကိုလည်း ရရှိထားတဲ့ ရုပ်ရှင်ပါပဲ။ အမှုအကြောင်းကတော့ မဟတော့ပါဘူး။ အရန်ကာရိုက်တာတွေအားလုံးကို သေချာပုံဖော်ထားပြီး အားလုံးက တစ်နည်းတစ်ဖုံ ထူးခြားနေကြတော့ အမှုဖြစ်ရာပတ်၀န်းကျင်မှာ ရှိသမျှလူတစ်ယောက်ချင်းစီကို သေသေချာချာစစ်ဆေးတတ်တဲ့ ဟာကြူလီရဲ့ထုံးစံအတိုင်း ရှိသမျှလူတွေကို စစ်ဆေးတာကို ကြည့်ရတာက တော်တော်အရသာရှိပါတယ်။ နောက် ဒီထဲက ပွိုင်ရို့ရဲ့ အတည်ပေါက်ကြီးနဲ့ ထပြောင်တာတွေကလည်း တော်တော်သဘောကျစရာကောင်းပါတယ်။ အဂ္ဂသာခရစ္စတီရဲ့ပုံစံအတိုင်းပဲ သံသယတရားခံတွေကို ပရိသတ်ကို တစ်ယောက်ချင်းစီ သေချာပြသွားမှာဖြစ်လို့ စိတ်ပါရင် ရုပ်ရှင်အဆုံးနားမရောက်ခင်အထိ ၀င်မှန်းကြည့်နေလို့ရပါတယ်။ နီးစပ်ကောင်းနီးစပ်တဲ့အဖြေကိုရနိုင်ပေမဲ့ သေချာတာကတော့ ကျိန်းသေပေါက်တပ်အပ်တော့ မှန်မှာမဟုတ်ပါဘူး။ ဘာလို့ဆို အဂ္ဂသာခရစ္စတီမို့ပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.1GB, 1.1GB Quality - Blu-ray 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 20Min Genre - Crime, Drama, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action
7.1 1978 140 mins
Death on the Nile
The Battery
6.3

ယခုအခါမှာတော့ Rotten 80% နဲ့ IMDb 6.3အထိ ရရှိခဲ့တဲ့ ၂၀၁၂ခုနှစ်ထွက် ဇွန်ဘီကားကောင်းတစ်ကားကို ချပြလိုက်ပါတယ် မြန်မာရုပ်ရှင်ပရိသတ်တွေဟာ ဇွန်ဘီ (Zombie) ကားလို့ဆိုလိုက်ရင် ဖန်တရာတေနေတဲ့ ဇာတ်လမ်းကြီးပဲလို့ တွေးမိပါလိမ့်မယ်။ ဇွန်ဘီကားဆိုရင် ဇွန်ဘီတွေတစ်အုပ်ကြီး နောက်ကလိုက် မင်းသားတို့အုပ်စုကထွက်ပြေး၊ လွတ်အောင်လုပ်၊ ဇွန်ဘီတွေကိုတိုက်ခိုက်နဲ့ မျိုးစုံအောင်ကြည့်ဖူးခဲ့ကြတာ နှစ်ပေါင်း၂၀လောက်ရှိနေလောက်ပါပြီ အခုဒီ The Battery ဆိုတဲ့ ဇွန်ဘီကားကတော့ ထူးခြားပါတယ်။ တခြားဘယ်ဇွန်ဘီကားမှာမှ မမြင်ခဲ့ရတဲ့ ဇာတ်လမ်းကိုကြည့်လိုက်ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘေ့စ်ဘောကစားသမား ၂ ယောက်ဟာ ဇွန်ဘီမြေမှာ ဟိုဟိုဒီဒီလျှောက်သွားပြီး သောင်တင်နေတဲ့ ဇာတ်လမ်းပါ။ သူတို့ဟာ ဦးတည်ချက်မဲ့ပြီး လမ်းမှာတွေ့ကရာ အိမ်ပျက်ကြီးတွေက စားစရာတွေရှာဖွေ ခိုးယူရင်း လျှောက်သွားလို့ နေခဲ့ပါတယ် ဒါပေမဲ့ တစ်ရက်မှာတော့ ဇွန်ဘီတွေဖျက်ဆီးလိုက်လို့ ပျက်စီးနေတဲ့ ကမ္ဘာကြီးမှာ သူတို့ ၂ ယောက်တည်းမဟုတ်ဘူးဆိုတာ စကားပြောစက်ကနေတဆင့် သိလိုက်ရတယ်။ အဲဒီအချိန်ကစပြီး ဘာမှမယ်မယ်ရရ စွဲလန်းစရာမရှိခဲ့တဲ့ သူတို့ ၂ ယောက်ရဲ့ကမ္ဘာဟာ မျှော်လင့်ချက်တွေသန်းလာ၊ စွဲလန်းစိတ်တွေများလာပါတော့တယ်။ ဒီတော့ သူတို့ ၂ ယောက်ရဲ့ မျှော်လင့်ချက်ရောင်ခြည်ဆီသွားနိုင်မလား? သူတို့ကို မျှော်လင့်ချက်ပေးခဲ့တဲ့အရာ၊ ဘယ်သူက ပေးခဲ့တာလဲ? ဇွန်ဘီတွေပြည့်နှက်နေတဲ့ကမ္ဘာမှာ နေ့စဉ်ရက်ဆက်သူတို့ဘယ်လိုဖြတ်သန်းရမလဲဆိုတာကို ဟာသဆန်ဆန်၊ ဒရာမာဆန်ဆန်၊ ဇွန်​ဘီကားဆန်ဆန်ကြည့်ရမှာဖြစ်တဲ့အကြောင်း ညွှန်းလိုက်ပါရစေ… File size…(1.85GB)/(1009.9MB)/(516MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre… Adventure / Drama / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mugiwara Ya

Drama • History • War
6.3 2012
The Battery
Four (The 4 movie)
5.2

The 4 Movie ဒီရုပ်ရှင်က မတူညီတဲ့ ဇာတ်လမ်း ၄မျိုးကို တစ်ကားတည်းပေါင်းရိုက်ထားတာပါ… သရဲကားလည်းပါတယ် ဟာသလည်းပါတယ် လူတွေရဲ့ မနာလိုမုန်းတီးစိတ် အာဃတတရားတွေလည်းပါတယ်… အနီးကပ် သစ္စာဖောက်မှုတွေလည်းပါတယ်.. ချစ်ခြင်းမေတ္တာအကြောင်းလည်းပါတယ်… အိုး အစုံစုံကို ပါပါတယ်… ပါဆို ဇာတ်ကြောင်းက ၄ခုကိုးဗျ…. ထုံးစံကြည့်နေကျအတိုင်း ဇာတ်ကြောင်းတစ်ခုတည်းကို အချိန်အကြာကြီးပေးမကြည့်ချင်တော့ဘူး မတူညီတဲ့ရသတွေကို တထိုင်တည်း ခံစားလိုက်ချင်တယ်ဆိုရင် ၂နာရီလောက်သာရှိတဲ့ ဒီထိုင်းကားလေးကို ကြည့်လိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ခဗျာ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2.8GB) / (1.5GB) Quality__1080p, 720p IMDb Rating__5.2/10 Format__mp4 Duration__01:36:00 Type__Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Drama • Comedy
5.2 2011
Four (The 4 movie)
George and the Dragon
5.6

ဒါရိုက်တာ Tom Reeve ကိုယ်တိုင်ရေးသားရိုက်ကူးထားပြီး မင်းသား James Purefoy နဲ့မင်းသမီး Piper Perabo ပါဝင် သရုပ်ဆောင်ထားတဲ့ ဟာသစွန့်စားခန်းဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ပထမခရူးဆိတ်စစ်ပွဲပြီးဆုံးချိန်မှာ ပင်ပန်းနွမ်းနယ်နေတဲ့ သူရဲကောင်းတွေ၊ စစ်သားတွေနဲ့ ဘုန်းတော်ကြီးတွေဟာ ဥရောပတစ်လွှားက မိမိတို့နေရပ်ကို အသီးသီးပြန်လာကြပါတယ်။ ရုပ်ရည်ချောမောတဲ့အင်္ဂလိပ်သူရဲကောင်းဂျော့ဂျ်ဟာ ပါလက်စတိုင်းမှာတွေ့ကြုံခဲ့ရတဲ့ သွေးထွက်သံယိုမြင်ကွင်း တွေကြောင့် အေးချမ်းတဲ့ဘဝမှာပဲနေထိုင်သွားဖို့ဆုံးဖြတ်ပြီး အင်္ဂလန်ကိုပြန်လာခဲ့ပါတယ်။ ဂျော့ဂျ်ဟာ အခြေချနေထိုင်ဖို့ မြေကွက်ရှာဖွေရင်း စိတ်ပူပန်သောကရောက်နေရရှာတဲ့ ဘုရင်အက်ဒ်ဂါနဲ့တွေ့ပြီး ပျောက်ဆုံးနေတဲ့မင်းသမီးလေးလူနာကို ရှာဖွေပေးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မင်းသမီးလေးကိုဖမ်းဆီး သွားတာဟာ နဂါးတစ်ကောင်ဖြစ်နေပြီး နဂါးမကြီးဟာ သေဆုံးသွားတဲ့အတွက် မင်းသမီးလေးလူနာက အကောင် ပေါက်တော့မယ့်နဂါးဥလေးကိုကာကွယ်ပေးဖို့ ဆုံးဖြတ်ထားတဲ့ အခါမှာတော့ ဂျော့ဂျ်ရဲ့စွန့်စားခန်းတွေက တစ်ဖန်ပြန်လည် စတင်လာပါတော့တယ်။ File size…1.93GB / 1.09B Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 33m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Action • Science Fiction • Thriller
5.6 2004
George and the Dragon
Worlds Apart
7.4

Genre – Drama, Romance IMDB – 7.4/10 တစ်နေရာရာမှာ စစ်ပွဲတွေဖြစ်ရင် အဲ့ဒီ့စစ်ရဲ့အကျိုးဆက်ကို ခံစားရတာက အဲ့ဒီတစ်နေရာတည်းမဟုတ်ပါဘူး။ ကမ္ဘာဟာရွာကြီးလိုဖြစ်လာတဲ့အလျောက် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ တခြားနိုင်ငံတွေကိုပါ မတူညီတဲ့ပုံသဏ္ဍာန်တွေနဲ့ အနည်းနဲ့အများတော့ ရိုက်ခတ်စေမြဲဖြစ်ပါတယ်။ ဒီလိုပါပဲ ၂၀၁၁ လောက်ကတည်းကနေ အခုထက်တိုင်ဆို ၁၃နှစ်ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် တိုင်းပြည်စွန့်ခွာသူတွေအများကြီးရှိခဲ့ပါတယ်။ ဒီလိုတိုင်းပြည်စွန့်ခွာသူတွေဟာ တခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သွားရောက်နေထိုင်ကြရပြီး အများစုဟာ ခက်ခက်ခဲခဲ ရုန်းကန်ကြရပါတယ်။ ဒါမျိုးဟာ သိပ်စိမ်းလှတဲ့အခြေအနေလည်း မဟုတ်တဲ့အလျောက် ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ ဇာတ်လမ်းဘက်ကို သွားရမယ်ဆိုရင်တော့ အပေါ်က ဆီးရီးယားဒုက္ခသည်တွေထဲက အများစုဟာ တဆင့်ခံ တထောက်နားရာနေရာအဖြစ် ဂရိနိုင်ငံထဲကိုခိုဝင်ကြပါတယ်။ ဂရိနိုင်ငံလို့ပြောရင် လူတွေက.. ရှေးခေတ်ဒဏ္ဍာရီတွေ.. အိုလံပစ်ပြိုင်ဂိမ်းကို ပြေးသတိရမှာပါ။ တချို့လည်း သိမှာပေမယ့် အများစု မေ့နေကြမှာက ‘ဒီမိုကရေစီ မွေးဖွားရာနေရာ’ ဆိုတာပါပဲ။ ဒီလို သမိုင်းကြီးတဲ့ ဂရိနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဒဏ်ကို စ,ခံလာရပါတော့တယ်။ အပြန်အလှန်ပါပဲ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေဟာလည်း ဖက်ဆစ်ဆန်လာတဲ့ တချို့သောဂရိနိုင်ငံသားတွေရဲ့ တိုက်ခိုက်မှုတွေကို ခံလာရတာပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ ဒုက္ခသည်တွေကို လက်ခံထားပြီဆိုရင် လက်ခံထားရုံနဲ့မပြီးပါဘူး၊ စီးပွားရေးအပေါ်မှာလည်း အများကြီး ရိုက်ခတ်မှုရှိပါတယ်။ ဥရောပနိုင်ငံချင်းအတူတူဆိုပေမယ့် ရွှေ့ပြောင်းတွေရဲ့ဒဏ်ကို အဲ့လောက်မခံရသေးတဲ့ မြောက်ပိုင်းဥရောပနိုင်ငံကြီးတွေက ဒါကို သဘောမပေါက်တဲ့အလျောက် ဥရောပသမဂ္ဂရဲ့ ဂရိနိုင်ငံအပေါ် စီးပွားရေးမူဝါဒတွေဟာလည်း နိုင်ငံကို ပိုလို့ ကျဉ်းထဲကျပ်ထဲရောက်စေပါတယ်။ ဒီလိုအခြေအနေမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို အသေအလဲမုန်းတဲ့ ဖက်ဆစ်ဝါဒီဖခင်တစ်ဦးရယ် .. အကျပ်အတည်းတွေကြောင့် မိသားစုမှာလည်း မပျော်ရွှင်နိုင်တော့တဲ့ အိမ်ထောင်ရှင်မတစ်ဦးရယ်… နိုင်ငံရဲ့ လူမှုစီးပွားချွတ်ခြုံကျမှုတွေကို တိုက်ရိုက်ခံစားနေရတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးရယ်…. … သူ့ကို ကယ်တင်ခဲ့တဲ့ ဆီးရီးယားဒုက္ခသည် ပန်းချီကျောင်းသားကောင်လေးကိုမှ ချစ်မိသွားတဲ့ နိုငံရေးမေဂျာလေ့လာနေတဲ့ ကျောင်းသူလေးတစ်ဦးရယ်.. မတူညီတဲ့ မျိုးဆက်တစ်ခုချင်းစီရဲ့ ရုန်းကန်မှုတွေကို ရုပ်ရှင်တစ်ကားထဲမှာတွေ့မြင်ရမှာပါ။ ဒီလိုတွေပြောနေလို့ ဒီကားက ခပ်လေးလေးနိုင်ငံရေးကားကြီးမဟုတ်ပါဘူး။ အရွယ်အပိုင်းအခြားမရွေးတဲ့ အချစ်ကို လက်တွေ့ကျကျချဉ်းကပ်ပြီး ရှေးခေတ်ဂရိဒဏ္ဍာရီတွေနဲ့ နှိုင်းယှဉ်လို့ ပြသသွားပါတယ်။ ဒဏ္ဍာရီတွေကို စိတ်ဝင်စားရင် လေ့လာဖို့အခွင့်အရေးပါ တစ်ချက်ခုတ် နှစ်ချက်ပြတ်ရသွားနိုင်ပါတယ်။ ဒီ Worlds Apart ရုပ်ရှင်ဟာ ဂရိနိုင်ငံမှာ ၂၀၁၅ ခုနှစ်တုန်းက ရုံဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒေါ်လာ ၄.၈ သန်း ရှိခဲ့ပါသလို ၂၀၁၅-၂၀၁၆ ရာသီအတွက် ဂရိရဲ့ နံပါတ် ၁ ရုပ်ရှင်အဖြစ် တည်ရှိခဲ့ပါသေးတယ်။ မျိုးဆက် ၃ခု အသီးသီးဆီက ဂရိလူမျိုးတစ်ယောက်ဆီနဲ့ နိုင်ငံခြားသားတစ်ယောက်ဆီကြားက မတူညီတဲ့ မေတ္တာတွေဟာ ဇုနတ်ဘုရားက ပေးသနားတဲ့ ‘’ဒုတိယ အခွင့်အရေး’’ရဖို့ ထိုက်တန်သလားဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦးနော့်။ အညွှန်းရေးသူကတော့ Z ဖြစ်ပါတယ်။ File size… 1.6 GB / 751 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Z

Drama • Romance
7.4 2015
Worlds Apart
Visions
5.3

Thriller Mystery ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် 2023 မှာထွက်ရှိခဲ့တဲ့ Visions ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Estelleဟာ နာမည်ကြီးဆရာဝန်တစ်ဦးနဲ့လက်ထပ်ထားပြီး ထူးချွန်တဲ့ ပိုင်းလော့တစ်ဦးလည်းဖြစ်ပါတယ်။ အရာရာပြည့်စုံနေတဲ့ Estelle ဘဝထဲကို အတိတ်မှာဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ Ana ဆိုတဲ့အမျိုးသမီးတစ်ဦးပြန်လည်ဝင်ရောက်လာချိန်မှာ Estelle ဟာ Ana နဲ့ ဖောက်ပြားမိပါတယ်။ Ana ပြန်ရောက်လာတဲ့အချိန်ကစပြီး Estelle ဘဝမှာ ဂြိုလ်ဆိုးဝင်သလို ကမောက်ကမတွေဖြစ်ကုန်ပါတော့တယ်။ Estelle ကြုံတွေ့လာရတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေနောက်ကွယ်မှာတော့…။ Ana အဖြစ် Marta Nieto, Estelle အဖြစ် National Treasure, TROY, Inglourious basterds သရုပ်ဆောင် Diane Kruger ကပါဝင်ထားပါတယ်။ မင်းသမီး ၂ လက်ရဲ့ အပြိုင်သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးကြည့်ရှုရမှာမလို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း.။ (မိသားစုနှင့်အတူ ကြည့်ရှုရန်မသင့်တော်သော ဇာတ်ဝင်ခန်းအချို့ပါဝင်ပါတယ်) File size…(1.8 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre… Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew

5.3 2023
Visions
A Body That Works (aka) Rispet

နီကိုလာက စိတ်မနှံ့တဲ့လူငယ်လေးတစ်ယောက်ဖြစ်ပြီးတော့ သူ့အဖေရဲ့ စပျစ်ခြံအလုပ်တွေကိုလည်း ဝင်မကူ သူ့ကိုယ်ပိုင်ခွေးနဲ့ပဲ တစ်နေ့တစ်နေ့ အချိန်ကုန်နေလေ့ရှိတယ်။ ညဘက်တွေဆိုလည်း ခွေးတစ်ကောင်နဲ့ ရွာထဲကိုလျှောက်သွားတတ်ပြီး လူတွေ လမ်းကြားထဲမှာ ရန်ဖြစ်နေတာမြင်ရင် သူက ကြောက်လို့ထွက်ပြေး… လူတွေက သူထွက်ပြေးတာကိုမြင်တော့ သူက ရွာသားတွေကို လိုက်ချောင်းနေတာလားဆိုပြီး အတွေးရောက်စရာတွေဖြစ်ကုန်တော့တယ်။ ဒီလိုနဲ့ တစ်နေ့ သူတို့ရွာထဲက ရွာသားတစ်ယောက်ရဲ့ ပန်းပုရုပ်ထုတစ်ခုကို လူတစ်ယောက်က ညဘက်ကြီး ခေါင်း-ဖြတ်သွားတဲ့အခါ… နောက်ညတွေမှာလည်း အခြားပန်းပုရုပ်တွေပါ ဖျက်စီးခံလာရတဲ့အခါ… တစ်ရွာလုံးရဲ့ စွပ်စွဲချက်တွေက နီကိုလာဆီကို စုပြုံပြီးရောက်လာတော့တယ်။ တကယ်ပဲ နီကိုလာက ရွာကပစ္စည်းတွေကို ဖျက်စီးနေတာလား? ဘယ်သူကလုပ်နေတာလဲ? အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.5 GB)/(790 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:45:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo Kay zaw

0 2023 106 mins
A Body That Works (aka) Rispet
The Bunny Game

(လိင်ပိုင်းဆိုင်ရာ ဇာတ်ဝင်ခန်းများနှင့် စိတ်မချမ်းမြေ့ဖွယ်ရာ ပြကွက်များ ပါဝင်သောကြောင့် မိသားစုနှင့် ကြည့်ရှုရန် မသင့်တော်ကြောင်း ကြိုတင်သတိပေးအပ်ပါတယ်) ဇာတ်လမ်းအနေနဲ့ကတော့ ခန္ဓာကိုယ်ကို ရောင်းစားကာ ဝမ်းတထွာနဲ့အာသီသကို ဖြည့်ဆည်းနေတဲ့ ကြေးစားမလေးတစ်ယောက် စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့ လက်ထဲမှာ အဆုံးသတ်သွားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းအသားပေးရုပ်ရှင်မျိုးမဟုတ်ဘဲ ပြသချင်တဲ့အကြောင်းအရာကို ဦးစားပေးတဲ့ရုပ်ရှင်မျိုးပဲဖြစ်ပါတယ်။ မြန်ဆန်လှုပ်ခတ်လွန်းတဲ့ Editing အပြင် အဖြူအမည်းပုံစံနဲ့အတူ တင်ဆက်ထားတာကြောင့်လည်း ကြည့်ရှုသူကိုမွန်းကြပ်တဲ့ခံစားမှုကို ပိုမိုပေးစွမ်းနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ Horror ရုပ်ရှင်တွေထဲမှာမှ Disturbing ဖြစ်လွန်းလို့ ဆက်မကြည့်နိုင်လောက်အောင် ဖြစ်စေနိုင်တဲ့ ရုပ်ရှင်ကားအမျိုးအစားတွေထဲမှာ မပါရင်တောင် ဒီရုပ်ရှင်ဟာ အတော်လေးတော့ နှလုံးသားကို မွန်းကြပ်စေပါတယ်။ သို့သော်လည်း အတုအယောင်ဖန်တီးထားတဲ့ဇာတ်ကားသာဖြစ်လို့ အမှောင်လောကကြီးကို စွဲလမ်းမနေဘဲ အပြင်လောကရဲ့ အလှတရားတွေကိုလည်း မမေ့လျော့ဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size… 1.8 GB / 907 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Animation • Drama
0 2011
The Bunny Game
Woods of Ash
4

Woods of Ash (2025) တောကြီးတောင်ကြီးထဲမှာ ဆီးတွေဝမ်းတွေဘာတွေသွားချင်ရင် ခွင့်တောင်းပြီးမှ သွားရတယ်.. တောခြောက်ရင် ဝင်္ကပါကြီးတစ်ခုထဲကို ရောက်သွားသလိုမျိုးပဲ လွတ်လမ်းမရှိဘူး.. သစ်ပင် ပန်းမန်တွေ သစ်ကိုင်းတွေအပေါ်မှာ ရုက္ခစိုးနတ်တွေ နေတယ် နာနာဘာဝသရဲတွေနေကြတယ်.. တောထဲတောင်ထဲတွေမှာ ပါးစပ်တွေ လက်တွေမသရမ်းရဘူး.. မဟုတ်ရင် နတ်ကိုင်လိမ့်မယ် စသဖြင့်ကြားဖူးကြလောက်မှာပါ.. ဒီရုပ်ရှင်ဟာလည်း ဒီလို ဆိုရိုးတွေ ကြားစကားတွေအပေါ်ကို မူတည်ပြီး ဖန်တီးထားတဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့် Thriller အမျိုးအစားကို ကြိုက်ကြသူတို့အဖို့ အပေါ်စီးရိုက်ချက်ကောင်းများစွာနဲ့ သဘာဝပတ်ဝန်းကျင် သစ်ပင်ပန်းမန်တွေရဲ့အလှအပတွေကိုပေါ်လွင်အောင်တင်ပြထားတာကို အရသာရှိစွာခံစားကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size… (1.8 GB) / (920 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:34:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Yamone

Thriller • Horror • Mystery
4 2025 93 mins
Woods of Ash