YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

I-LAND S2-NÎą (2024) E06 720P (CM).mp4

735.85 MB N/A video/mp4 76 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
AlcarrĂ s
6.9

~ IMDb - 7.1/10, RT - 90%, Meta - 85% ~ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Palme d’Or ဟာ အမြင့်ဆုံးဆုဖြစ်သလို ဒီရုပ်ရှင်ဟာ ဘာလင်ရုပ်ရှင်ပွဲတော်ကြီးရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Golden Bear ဆုကို ဆွတ်ခူးထားတဲ့ ရုင်ရှင်ပဲဖြစ်ပါတယ်။ ဒီကားထဲက ထူးခြားမှုတစ်ခုက ဘာလဲဆိုတော့ သရုပ်ဆောင်အစစ်တစ်ယောက်ကလွဲရင် ကျန်တဲ့ ပါဝင်သမျှသရုပ်ဆောင်တွေအားလုံးဟာ အဲဒီရိုက်တဲ့နေရာက ဒေသခံတွေချည်းပဲဖြစ်ပါတယ်။ ဒေသခံမဟုတ်တဲ့ တစ်ဦးတည်းသော သရုပ်ဆောင်ကလည်း ဒါရိုက်တာရဲ့ ညီမဖြစ်သူပဲဖြစ်ပါတယ်။ ကျေးလက်ဒေသနဲ့ ခြံသမားတွေအပေါ် ဇာတ်လမ်းတည်ထားတာဖြစ်တဲ့အလျောက် သရုပ်ဆောင်မဟုတ်သူ (Non-Actors) တွေကို သုံးထားတာက တကယ့်ကို လက်တွေ့ဆန်စေပြီး ရုပ်ရှင်ဆိုတာကို မေ့သွားစေပါတယ်။ သရုပ်ဆောင်မဟုတ်လို့ဆိုပြီး သဘာဝမကျ တောင့်တောင့်ကြီးတွေ ဖြစ်နေမယ်လို့တော့ မထင်လိုက်ပါနဲ့၊ ဘာလို့ဆို Best New Actor/Actress အတွက် Nomination တွေ အများကြီး ဝင်ခဲ့သေးတာမို့လို့ပါ။ ဇာတ်လမ်းအကြောင်းကို သွားရမယ်ဆိုရင်တော့ အဘိုးဖြစ်သူလက်ထက်ကတည်းက မက်မွန်ခြံစိုက်ပြီး အသက်မွေးလာခဲ့တဲ့ မိသားစုကြီးတစ်စုဟာ မြေပိုင်ရှင်အသစ်ဖြစ်လာသူက တစ်ရက်မှာ ဖယ်ခိုင်းလာပါတယ်။ စာချုပ်စာတမ်းမရှိခဲ့ဘဲ လက်ရှိမြေပိုင်ရှင်ရဲ့ အဘိုးတို့ အဖေတို့ ခေတ်အဆက်ဆက်က နှုတ်ကတိစကားနဲ့ ပေးစိုက်လာခဲ့တဲ့ မြေဖြစ်တာကြောင့် ပိုင်ဆိုင်မှုသက်သေမရှိဘဲ အခက်ကြုံရတဲ့ အနေအထားဖြစ်လာပါတယ်။ ခေတ်စနစ်၊ လူတန်းစား၊ ဓလေ့ထုံးစံ၊ သဘာဝတရား၊ မိသားစုရေးရာ... ဒါတွေအပြင်ကို ကျေးလက်လူမှုဘဝမှာ လိုအပ်နေတဲ့ ခွန်အားကို သိမ်သိမ်မွေ့မွေ့ပုံဖော်ထားတဲ့ နွေးထွေးကြည်နူးစရာကောင်းသလောက် ဝမ်းနည်းခံပြင်းဖို့လည်းကောင်းတဲ့ သိပ်လှတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 850MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H Genre - Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime • Drama • Thriller
6.9 2022 120 mins
AlcarrĂ s
True Memoirs of an International Assassin
5.7

True Memoirs of an International Assassin The interview လိုမျိုး စစ်အာဏာရှင်တွေကို လှောင်ပြောင်ထားတဲ့ကားဖြစ်ပါတယ်။ Mall Cop, Grown ups တို့လို့ နာမည်ကြီး comedy ကားတွေရဲ့ မင်းသား Kevin James ကပဲ အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်ထားတဲ့ ဟာသအက်ရှင်ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ် ဆမ်ဟာစာရေးဆရာတစ်ယောက်ဖြစ်ပြီး ကြေးစားလူသတ်သမားတစ်ယောက်ရဲ့ ကိုယ်တွေ့ဝတ္ထုရေးကာ စာအုပ်ထုတ်ဝေခွင့်ရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ ကြေးစားလူသတ်သမားတွေအကြောင်း အသေးစိတ်လေ့လာပြီး အလွန်သဘာဝကျအောင်ရေးထားတဲ့ဝတ္ထုကို အင်တာနက်ပေါ်မှာ ဖြစ်ရပ်မှန်အ​ဖြစ် မှားယွင်းတင်မိလိုက်တဲ့အခါမှာ ဗင်နီဇွဲလားနိုင်ငံရဲ့ တော်လှန်ရေးအဖွဲ့တွေပြန်ပေးဆွဲတာကိုခံရပြီး ဗင်နီဇွဲလားရဲ့သမ္မတကိုလုပ်ကြံဖို့ စေခိုင်းခံရပါတော့တယ်။ စစ်အာဏာရှင်​တွေ မူးယစ်လုပ်ငန်းရှင်တွေနဲ့ အကျင့်ပျက်ချစားမှုတွေပြည့်နှက်နေတဲ့နိုင်ငံမှာ ဆမ်ဟာ အသက်ရှင်ရက်အိမ်ပြန်အောင် ကြိုးစားရပုံကို အက်ရှင်နဲ့ဟာသနှောပြီး ရှုစားရမှာဖြစ်ပါတယ် File size…(1.75GB)/(996MB)/(684MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Comedy / Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Pyi T nyein

Action • War
5.7 2016 98 mins
True Memoirs of an International Assassin
Starred Up
7.3

Starred Up(2013) ============== ဒီကားလေးကတော့ british director David Mackenzie ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ လူကြီးထောင်ကို ပြောင်းလာတဲ့ Eric Love လို့ခေါ်တဲ့ ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ အကြောင်းပါ။ ဖြစ်ချင်တော့ အဲ့ဒီထောင်မှာပဲ သူ့အဖေဖြစ်သူ Neville ဟာလည်း အကျဉ်းသားအဖြစ် ရှိနှင့်နေပြီးသား ဖြစ်နေပါတယ်။ ဒေါသကြီးပြီး စိတ်ဆတ်တတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ ယောကျ်ားတွေကြားမှာ ရှင်သန်ဖို့ ဘယ်လို ရုန်းကန်ရမယ်၊ အဖေဖြစ်သူမှာလည်း သူ့သားဒီထောင်ထဲမှာ အခြေကျနိုင်ဖို့အတွက် ဘယ်လိုကြိုးစားပြီး ကူညီပေးမယ် ဆိုတာတွေကို အမုန်းတရားတွေ၊ ဒေါသတွေကြားက သားအဖနှစ်ယောက်ရဲ့ မေတ္တာတရားကိုပါ မြင်တွေ့ရမှာပါ။ Eric Love အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားဖြစ်သူ Jack O’Connell ရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေ၊ ခပ်ကြမ်းကြမ်း action တွေနဲ့ စကားအသုံးအနှုန်းတွေအပြင် အုတ်နံရံ၊ သံတိုင်တွေကြားက ကြမ်းတမ်းတဲ့ ဘ၀တွေကို စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ပြထားတာဖြစ်ပါတယ်။ File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 46m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by KMH

7.3 2013
Starred Up
Of Mice and Men
7.5

Of Mice and Men (1992) ~ IMDb – 7.5/10, Rotten Tomatoes – 97% ~ အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့… လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား အဲလိုလူတစ်ယောက်ပါ။ လန်နီဟာ ပင်ကိုယ်စိတ်ရင်းက ကလေးတစ်ယောက်လို အလွန်နူးညံ့ပါတယ်။ လှလှပပ ချောချောမွေ့မွေ့အရာလေးတွေ ဥပမာ – ကတ္တီပါစလိုဟာလေးတွေ၊ အဝတ်လှလှလေးတွေ၊ ကြောင်ကလေး ခွေးကလေးတွေရဲ့ အမွေးလေးတွေကိုတွေ့ရင် သူက ယုယုယယ ပွတ်သပ်ပေးနေချင်တာ။ ဒါပေမဲ့ သူ့ခွန်အားကို သူက မထိန်းသိမ်းတတ်တော့ ဘာကောင်မှ သူ့လက်ထဲကြာကြာမခံဘူး။ အဲဒီအကျင့်ကြောင့်လည်း ဘယ်အလုပ်ထဲမှာမှ မမြဲဘဲ ပြေးခဲ့ကြရပေါင်းလည်း များလှပြီ။ ( ဥပမာ – ကောင်မလေးတစ်ယောက် ဝတ်ထားတဲ့ ဝတ်စုံလှလှလေးကို သွားပြီး ကိုင်ကြည့်မိလို့ ကောင်မလေးက သူ့ကို မုဒိန်းကျင့်ဖို့ကြံစည်တယ်ထင်ပြီးအော်ပါလေရော။ လူတွေက လိုက်ဖမ်းကြတော့ သူတို့နှစ်ယောက် အသက်လုပြီး ထွက်ပြေးရတာမျိုးပေါ့ ) နောက်ပြီး သူက မှတ်ဉာဏ်ကလည်း မကောင်းတော့ ဘာပဲဖြစ်ဖြစ် အကုန်မေ့သွားတာပဲ။ သူမမေ့တာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့… လန်နီ နဲ့ ဂျော့တို့မှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့ကျရင် သူတို့နှစ်ယောက် ကိုယ်ပိုင်မြေတစ်ကွက် ဝယ်ကြမယ်။ အဲဒီမြေပေါ်မှာ သူတို့ နေမယ့်အိမ်ကလေးတစ်လုံးရှိမယ်။ နွားတွေ ဝက်တွေ ကြက်တွေ မွေးကြမယ်။ လန်နီကတော့ ယုန်လေးတွေမွေးမယ် တဲ့။ ယုန်လေးတွေကို သူပဲ ထိန်းမှာတဲ့။ အဲဒီအကြောင်းတွေကို ဂျော့က လန်နီ့ကို အိပ်ယာဝင်ပုံပြင်လို မကြာခဏပြောပြရလေ့ရှိပါတယ်။ သူ မပြောချင်လည်း လန်နီက သတိရတိုင်းပြောခိုင်းတာပဲ။ ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ မူရင်းဝတ္ထု ထွက်ရှိခဲ့တဲ့ အချိန်တုန်းက ဝတ္ထုထဲမှာ စကားလုံးအသုံးအနှုန်းတွေက ကြမ်းတမ်းလို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေပါလို့ဆိုပြီး အမေရိကန်နိုင်ငံက စာကြည့်တိုက်တွေ ကျောင်းတွေမှာ ပိတ်ပင်ခံခဲ့ရပါသတဲ့။ ဆင်ဆာအထိဆုံးစာအုပ်တစ်ရာ စာရင်းတွေထဲမှာလည်း မကြာခဏ ပါနေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ တကယ်တော့ စာရေးဆရာက အမေရိကန်ကျေးလက်လူတန်းစားရဲ့ အငွေ့အသက်ကို အရှိအတိုင်း ပုံဖော်ထားတဲ့အတွက် အဲဒီလိုစကားလုံးတွေ ပါနေတာလို့ပဲ ယူဆပါတယ်။ ဇာတ်ကားထဲမှာလည်း အဲဒီစရိုက်က ပီပြင်ပါတယ်။ ဘာပဲပြောပြော အဆဲကလေးနဲ့ပြောတာမျိုး၊ သဒ္ဒါမမှန်တဲ့ စကားပြောတွေ၊ အနှိမ်ခံရတဲ့ လူမည်းတစ်ယောက်ရဲ့ ရင်ပွင့်စကား(ရင်ဖွင့်မဟုတ်)တွေ စသဖြင့်…။ ဒီဝတ္ထုကို ကျွန်တော်တို့ဆီက စာရေးဆရာ၊ ကဗျာဆရာ # ပိုင်သ က “တို့ပိုင်တဲ့မြေ” ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ဖူးကြောင်း သိရပါတယ်။ ဗီဒီယိုရိုက်ဖို့လည်း ကြိုးစားဖူးပါသတဲ့။ ဆင်ဆာအဖွဲ့က ဒီဇာတ်လမ်းကို ရိုက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်တဲ့အခါ ပျက်သွားတာများပါတယ်။ ဒီတစ်ခုကတော့ ဝတ္ထုနဲ့ရုပ်ရှင်နှစ်ခုလုံးက ပေးစွမ်းနိုင်တဲ့ ခံစားမှု အရသာချင်း ထပ်တူနီးပါး ရနိုင်မှာပါ။ ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေကပါ အားပေးချီးကျူးမှုများစွာ ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 55Min Genre – Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama
7.5 1992
Of Mice and Men
Godzilla: Final Wars
6.3

Godzilla: Final Wars (2004) ===================== IMDb Rating – 6.3/10 Xiliens လို့ခေါ်ကြတဲ့ ပဟေဠိဆန်ဆန်ဂြိုလ်သားမျိုးနွယ်တစ်စုဟာ ကမ္ဘာမြေကို မိတ်ဆွေတွေအယောင်ဆောင်ပြီးရောက်ရှိလာခဲ့ကြပါ တယ်။ အဲ့ဒီကာလမှာ လူသားမျိုးနွယ်တွေက ဂေါ်ဇီလာကိုနှိမ်နင်း အကျဉ်းချထားနိုင်ခဲ့ပြီ ဖြစ်ပေမယ့်လည်း တစ်ခြားသော ဧရာမသတ္တဝါ ကြီးတွေဟာ ကမ္ဘာအနှံ့ကမြို့တော်တွေကို တိုက်ခိုက်နေကြပါတယ်။ အဲ့ဒီဧရာမသတ္တဝါကြီးတွေနဲ့အတူ ကမ္ဘာကြီးတစ်ခုလုံးကိုဖျက်ဆီးပစ် ပြီး လူသားတွေကို နှိမ်နင်းကျွန်ပြုချင်တဲ့ Xiliens တွေကို နှိမ်နင်းဖို့အ တွက် ကမ္ဘာပေါ်မှာနောက်ဆုံးကျန်ရှိတဲ့ လက်တစ်ဆုပ်စာလူတစ်စုဟာ ကမ္ဘာမြေကိုကယ်တင်နိုင်ဖို့ ဂေါ်ဇီလာကြီးကိုပြန်လွှတ်ပြီး သတ္တဝါကြီး တွေနဲ့ရင်ဆိုင်ခိုင်းရမယ့်အခြေကိုဆိုက်ရောက်လာပါတော့တယ်။ Godzilla: Final Wars ဟာ Millennium series ရဲ့နောက်ဆုံးဇာတ် ကားဖြစ်ပြီး franchise တစ်ခုလုံးရဲ့ နှစ်ငါးဆယ်မြောက်အဖြစ်တိုက်ဆိုင် နေခဲ့တဲ့ကားပါ။ ရုံမတင်ခင်လေးမှာပဲ ဂေါ်ဇီလာဟာ Hollywood Walk of Fame မှာ ကြယ်တစ်ပွင့်ရရှိခဲ့ပါသေးတယ်။ ဒီကားနဲ့အတူ Toho ရဲ့ ဂေါ်ဇီလာ franchise ကိုရပ်နားခဲ့ပြီး ၂၀၁၆ မှသာ Shin Godzilla နဲ့ပြန် ပြီးအသက်သွင်းခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(2.44 GB) / (1.36 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 05Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Fantasy Translator…….Alias Encoder……….SWM

6.3 2004 125 mins
Godzilla: Final Wars
Gringa
5.9

Gringa ဆိုတဲ့အဓိပ္ပာယ်က စပိန် ဒါမှမဟုတ် လက်တင်အမေရိကမှာနေထိုင်တဲ့ နိုင်ငံခြားသူအမျိုးသမီး အထူးသဖြင့် အင်္ဂလိပ်အမျိုးသမီးလို့အဓိပ္ပာယ်ရပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်ဖြစ်တဲ့ မာ့ခ်ျဘစ်ခ်ဖို့်ဒ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးဟာ အထက်တန်းကျောင်းတက်နေပါတယ်။ မာ့ခ်ျက အနည်းငယ်၀တယ်၊ နှေးတယ်၊ ဉာဏ်သိပ်မပြေးဘူး၊ ငြိမ်တယ် အဲဒါကြောင့် မာ့ခ်ျဟာ ကျောင်းမှာလည်းမ၀င်ဆံ့သလိုဖြစ်နေပြီး ‌ဆယ်ကျော်သက်ကျောင်းသားဘ၀ကို ဖြတ်သန်းဖို့ရာအခက်တွေ့နေပါတယ်။ တစ်ချိန်တည်းမှာပဲ မာ့ခ်ျရဲ့အမေဖြစ်သူဟာ ရုတ်တရက်ဆုံးပါးသွားခဲ့တဲ့နောက်မှာတော့ မာ့ခ်ျဟာ ၁၆ နှစ်လောက်ပျောက်ဆုံးနေခဲ့တဲ့ သူမရဲ့အဖေကိုရှာဖို့အတွက် အမေရိကန်-မက္ကဆီကိုနယ်စပ်ဖြတ်ပြီး ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ မက္ကဆီကိုကျေးလက်က ပင်လယ်ကမ်းခြေရွာလေးတစ်ရွာမှာ သူမရဲ့အဖေကိုတွေ့ရှိသွားခဲ့ပါတယ်။ မာ့ခ်ျရဲ့အဖေဟာ ရွာရဲ့အမျိုးသမီးဘောလုံးအသင်းကိုနည်းပြလုပ်ပေးရင်း ရပ်ရွာအကျိုးသယ်ပိုးပြီး ဘ၀ကိုရိုးရှင်းစွာဖြတ်သန်းလာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၆ နှစ်တာကွဲကွာနေတဲ့ အဖေနဲ့သမီးနှစ်ယောက် ပြန်ဆုံသွားတဲ့အချိန်မှာ သူတို့နှစ်ယောက်လုံးရဲ့ဘ၀တွေ တစ်ဆစ်ချိုးပြောင်းလဲဖို့ရာအကြောင်းဖန်လာပါတော့တယ်။ အမျိုးအစားကို Comedy/Sport လို့ခေါင်းစဉ်တပ်ထားပေမဲ့ ကျွန်တော်ကတော့ ဟာသနဲ့ အားကစားကို အချိုးညီညီရောစပ်ထားတဲ့ ဒရာမာရုပ်ရှင်ကောင်းလေးလို့မြင်ပါတယ်။ ဒီရုပ်ရှင်ကို စိတ်အပန်းဖြေနေတဲ့သူတွေ၊ ပင်လယ် နဲ့ ကျေးလက်အလှတွေကိုခံစားချင်တဲ့သူတွေအတွက် အထူးသင့်တော်ပြီး အဖေနဲ့သမီးအကြားက နွေးထွေးတဲ့ချစ်ခြင်းအပြင် ပင်လယ်ကမ်း‌ခြေရွာလေးထဲက ချစ်စရာဇာတ်ကောင်တွေနဲ့ မက္က‌ဆီကန်ရိုးရာယဉ်ကျေးမှုတွေကိုလည်း တစေ့တစောင်းမြင်တွေ့ရမှာဖြစ်တာကြောင့် မြည်းစမ်းကြည့်ရှုဖို့ရာ မမှားတဲ့ရုပ်ရှင်လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.9 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre… Comedy, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

5.9 2023 103 mins
Gringa
Igor
5.9

Igor (2008) ========== ဒီဇာတ်လမ်းကတော့ ဆိုးရွားရက်စက်မှုတွေကိုမှ ကောင်းတဲ့အရာလိုနှစ်သက်သဘောကျကြတဲ့တိုင်းပြည်က သိပ္ပံပညာရှင်တွေနဲ့ သူတို့ရဲ့ယုတ်မာတဲ့တီထွင်မှုတွေကြား အောင်မြင်တဲ့သိပ္ပံပညာရှင်ဖြစ်ဖို့ အိပ်မက်ထားထားတဲ့ အီဂေါ်ဆိုတဲ့ ကျောမှာဘုရှိတဲ့ ခါးကုန်းကောင်လေးအကြောင်းပါ။ အီဂေါ်က နှစ်စဥ်ကျင်းပနေကျဖြစ်တဲ့ ယုတ်မာတဲ့တီထွင်မှုပြိုင်ပွဲမှာ အနိုင်ရပြီး အတော်ဆုံးယုတ်မာမှုသိပ္ပံပညာရှင်ဖြစ်ဖို့ ကြိုးစားနေ​တာပါ။ ဒါပေမဲ့ အီဂေါ် မကောင်းဆိုးဝါးတစ်ကောင်ကို​ ဖန်တီးပြီးနောက်ပိုင်း အမှားပါသွားတာ​​ကြောင့် ဘယ်လိုဟာသအလွဲတွေ ဖြစ်သွားမလဲ၊ အောင်မြင်ဖို့အတွက် ယုတ်မာကောက်ကျစ်ရတာဟာ မှန်ကန်ရဲ့လားဆိုတဲ့မေးခွန်းအောက်မှာ အီဂေါ်ရဲ့အိပ်မက်တွေ ပြောင်းလဲသွားမလားဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ကာတွန်းကားဆိုပေမဲ့ အဓိပ္ပါယ်နက်နဲတဲ့အပြင် dark humor တွေအပြည့်နဲ့ တစ်ကားလုံးခွီနေရမဲ့ကားမို့ မလွတ်တမ်းကြည့်သင့်တဲ့ကားတစ်ကားပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Animation, Comedy, Family Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

Horror
5.9 2008
Igor
The Lover

The Lover (1992) IMDb: 6.8/10 Genre: Biography, Drama, Romance erotic romantic drama ဖြစ်တာကြောင့် လှပလွန်းတဲ့ အနုစိတ်ရိုက်ချက်တွေနဲ့ ဗလာကျင်းအခန်းတွေ အများကြီးပါတာမို့ အသက်မပြည့်သေးတဲ့သူတွေ မကြည့်မိဖို့ မိသားစုနဲ့အတူမကြည့်မိဖို့တို့ သတိလေးချပ်စေချင်ပါတယ်။ ဗီယက်နမ်ဟာ ပြင်သစ်ကိုလိုနီဖြစ်နေဆဲ ကာလတုန်းကပေါ့ … ဗီယက်နမ်မှာပဲ အခြေချနေထိုင်တဲ့ အသက်မပြည့်သေးတဲ့ အခြေမွဲအနေမွဲ ပြင်သစ်ကျောင်းသူလေးတစ်ဦးဟာ တရုတ်လူမျိုး ကြေးရတတ်‌အမျိုးသားတစ်ဦးနဲ့ ငြိစွန်းခဲ့ကြပါတယ်။ တရုတ်ဆိုတာ အထင်သေးစရာ လူမျိုးတစ်ခုအနေနဲ့ မြင်တဲ့ လူမျိုးစုပြဿနာကို လက်ကိုင်ထားတဲ့ ပြင်သစ်မိသားစုက တစ်ဖက်၊ လူဖြူဖြစ်တယ်ဆိုတဲ့ မဆိုစလောက်ဂုဏ်ကလေးပိုက်ပြီး သွေးကြီးနေသလောက် ကုန်းကောက်စရာမရှိတဲ့ ဥရောပမိသားစုကို အထင်ကိုမကြီးတဲ့ တရုတ်ဖခင်ကြီးက တစ်ဖက်နဲ့ ရှေ့ဆက်စရာမရှိမှန်း ကိုယ်စီသိပြီးသား အခြေအနေတစ်ရပ်မှာ နှစ်ကိုယ်တူအိပ်မက်ဆိုတာကို မရှိသလိုသဘောထားပြီး ပစ္စုပ္ပန်မှာပဲ အာရုံပြုလို့ ရမ္မက်မီးပွားတွေကိုသာ အစွမ်းကုန်လောင်ကျွမ်းစေခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ပြင်သစ်စာရေးဆရာမ Marguerite Duras ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိဝတ္ထုကို အခြေခံထားတာဖြစ်ပါတယ်။ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဖြစ်တာကြောင့် ဒီထဲက မိန်းမငယ်လေးဟာ ဆရာမရဲ့ ငယ်ဘဝဖြစ်ပြီး တစ်ခါက သူချစ်ခဲ့ရဖူးတဲ့ တရုတ်အမျိုးသားနဲ့ သူ့အကြားက လျှို့ဝှက်အပ်တဲ့ အိပ်ခန်းတွင်းဆက်ဆံရေးအကြောင်းကို အိတ်သွန်ဖာမှောက်ဖွင့်ချထားတာပဲဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဇာတ်ကြောင်းပြောသူအဖြစ်လည်း ဆရာမကပဲ ကိုယ်တိုင်ပါဝင်ထားပါတယ်။ တစ်ခုရှိတာကတော့ ရုပ်ရှင်ထဲက မိန်းမငယ်လေးဟာ ဆရာမရဲ့ ငယ်ဘဝ သူ့အကြောင်းသူ ပြန်ပြောတာဖြစ်တာကြောင့် တစ်ခါတစ်လေ ‘ကျွန်မ’ လို့ သုံးနှုန်းပေမဲ့ သူကိုယ်တိုင်က သူ့စာအုပ်ရဲ့ ဇာတ်ကောင်ဖြစ်ပြန်တာကြောင့် တစ်ခါတစ်လေ ‘သူမ’ လို့ သူ့ကိုယ်သူ သုံးနှုန်းတတ်တာလေးကိုတော့ မျက်စိရှုပ်သွားမှာစိုးလို့ ကြိုလို့ ပြောပြထားချင်ပါတယ်။ တရုတ်လူမျိုးနဲ့ ပတ်သတ်မိလို့ အပြောအဆိုခံ အကျဉ်ခံရတဲ့ အသက်မပြည့်သေးတဲ့ ပြင်သစ်မိန်းကလေးအဖြစ်သရုပ်ဆောင်တဲ့ Jane Marchဟာ တကယ်တမ်း အပြင်မှာတော့ ဗြိတိန်မှာမွေးတဲ့ တရုတ်ဗီယက်နမ်နွယ်ဖွားပဲဖြစ်ပါတယ်။ ဒီကားရိုက်တဲ့အချိန်မှာ ၁၈ တော့ ပြည့်ပြီးခဲ့ပါပြီ။ ဒီဇာတ်ကားဟာ ထွက်တုန်းက ဂယက်တစ်သိန်းထခဲ့ပါသေးတယ်။ ဒါရိုက်တာ Jean-Jacques Annaud က ရုပ်ရှင်ပေါက်ချင်တာ တစ်ခုပဲကြည့်ပြီး ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းတွေဟာ အတုအယောင်မဟုတ်ဘဲ သရုပ်ဆောင် ၂ယောက် အမှန်အကန် ဟိုဒင်းဟိုဝှာပြုကြတာပါလို့ ပြောလိုက်တာကြောင့် လူပြိန်းကြိုက် လိင်ကိစ္စအသားပေးစာစောင်တွေရဲ့ ရှေ့ဖုံးမှာ ဒီအကြောင်းဟာ ရက်အတော်ကြာ ဟိုလေးတကျော်ဖြစ်သွားခဲ့ပြီး မင်းသမီးငယ်ငယ်လေးနဲ့ သူ့မိသားစုခမျာ အတော်လေး စိတ်ပင်ပန်း ဖိဆီးခဲ့ရပါတယ်။ မင်းသမီးငယ်လေးဟာ နောက်ဆုံးမှာ ဆီရှဲလ်ကျွန်းတွေဆီ တိမ်းရှောင်နေရတဲ့အထိကို ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာမှ ဒါရိုက်တာက သူပြောခဲ့တာမဟုတ်မှန်ကြောင်းကို ပြန်ကြေညာပေးခဲ့တာပါ။ အညွှန်းရေးသူကတော့ Z ပါ။ File size… 3.1 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Biography / Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Z

0 1992
The Lover
Deception of the Novelist
5.9

ဒီဇာတ်ကားလေးကတော့ ဟောင်ကောင်ကားလေးတစ်ကားဖြစ်ပြီး mystery ဆန်ဆန်ကားလေးတစ်ကားပါဇာတ်လမ်းအကျဉ်းလေးကတော့ Mr.Xu က နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီး မိသားစုအပေါ် ချစ်တတ်လွန်းသူအဖြစ် မိန်းကလေးတွေ အများစု သဘောကျသော စာရေးဆရာပါ kikiကတော့ အရမ်းသဝန်တိုတတ်တဲ့ဇနီးတစ်ယောက်ဖြစ်ပြီး တော်တော် အပျင်းကြီးတဲ့မိန်းမတစ်ယောက်ပါ သူတို့နှစ်ယောက်မှာ မင်ဆိုတဲ့ သားလေးတစ်ယောက်ရှိပါတယ် Mr.Xu က kiki အပေါ် စိတ်ကုန်နေပြီး သာယာမှုကိုခုံမင်သော ယောကျာ်းတစ်ယောက်ပါ တစ်နေ့တော့ Mr.Xu တို့အပေါ်ထပ်ကို ဂျပန်နဲ့ဟောင်ကောင်စပ် ခပ်မိုက်မိုက်အမျိုးသမီးတစ်ဦး အိမ်လာငှါးသောအခါ ဘာတွေ ဆက်ဖြစ်ကြမလဲ Mr.Xuက ဂျပန်မလေးနဲ့ ဖောက်ပြန်မလား လင်မယားချင်း ပြန်အဆင်ပြေသွားမလားဆိုတာ ဇာက်ကားလေးကို ကြည့်ကြည့်လိုက်ပါတော့ 18+အခန်းတစ်ချို့ ပါဝင်သောကြောင့် မိသားစု ကြည့်ရှုဖို့မသင့်တော်ကြောင်း သတိပေးလိုက်ပါရစေနော်

Thriller • Drama • Crime
5.9 2019
Deception of the Novelist
Don’t Die: The Man Who Wants to Live Forever
6.2

Don’t Die: The Man Who Wants to live forever (2025) IMDb 6.2/10 ဒီတစ်ခေါက် Documentary လေးကိုတော့ တချို့တော်တော်များများ ဖတ်ဖူးကြားဖူးမယ့်လူလို့ ထင်ပါတယ်။ သူကတော့ တခြားမဟုတ် ဘရိုင်ယန်ဂျွန်ဆင်လို့ခေါ်တဲ့ အသက်၄၀ကျော်အရွယ်ကနေ ဖြစ်နိုင်ရင် ထာဝရနေနိုင်အောင် ဆယ်ကျော်သက်လေးလို ပြန်လည်ငယ်ရွယ်အောင် ကုထုံးမျိုးစုံနဲ့ ကြိုးစားနေတဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ပါတယ်။ တချို့လူတွေအတွက်တော့ သူကပိုက်ဆံရှိလို့ လျှောက်လုပ်နေတဲ့ ငကြောင်တစ်ကောင်လို မြင်ကြပြီး တချို့ကလည်း သူလိုက်တဲ့အတိုင်း လိုက်လုပ်တဲ့လူတွေပါ ရှိလာပါတယ်။ အခြေအနေကိစ္စတစ်ရပ်မှာ တစ်မျိုးထက်မကတဲ့ သဘောထားတွေရှိနိုင်တဲ့အတွက် သူ့ရဲ့လုပ်ရပ်က မှန်တယ်မှားတယ် မပြောလိုပေမယ့် သူ့ကြောင့်နဲ့ ကျန်းမာရေးရဲ့အရေးပါမှုကို လူတွေသတိပြုလာအောင်တော့ လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ဖို့အတွက် သူ့မှာပေးဆပ်ရတာ သန်းနဲ့ချီတဲ့ဒေါ်လာတွေတင်မဟုတ်ဘဲ သားသမီးတို့ရဲ့ ချစ်ခင်ယုံကြည်မှုနဲ့ လူအများရဲ့ ဝေဖန်ပုတ်ခတ်တာကိုပါ ခံခဲ့ရပါတယ်။ မဖြစ်နိုင်ဘူး မလွယ်ဘူးဆိုပေမဲ့ ငယ်ရွယ်နုပျိုလာအောင် သူ့ရဲ့လုပ်ဆောင်မှု လုပ်ငန်းစဉ်တွေနဲ့ ငယ်ဘဝက ကြုံခဲ့ရတဲ့စိတ်ခံစားချက်တွေကြောင့် သူဘယ်လိုဒီအနေအထားနဲ့ဒါတွေကို လုပ်နေလဲဆိုတာ စိတ်ဝင်စားဖွယ် ဗဟုသုတအဖြစ် ရှုစားရမယ့် Documentary လေးပဲဖြစ်ပါတယ်ခင်ဗျ။

Action • History • Drama • Adventure • War
6.2 2025 88 mins
Don’t Die: The Man Who Wants to Live Forever
A Hundred Lies
6.5

ဒီတစ်ခါမှာတော့ Canadian Crime Drama ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ ဒါရိုက်တာ Rouzbeh Heydari က ရိုက်ကူးပေးထားပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Rob Raco, Dana Abraham, Humberly González, Brandon McKnight တို့က ပါဝင် ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သီချင်းဆို၊သီချင်းရေးရတာကို ဝါသနာပါတဲ့ ရစ်ကီဟာ နာမကျန်းဖြစ်နေတဲ့မိခင်ကို ထောက်ပံ့ဖို့အတွက် ဘားတစ်ခုမှာ စားပွဲထိုးနေရပါတယ်။ တစ်နေ့တော့ သူဟာ သီချင်းထုတ်လုပ်သူ တစ်ယောက်နဲ့တွေ့ပြီးတော့ သီချင်းခွေထုတ်ဖို့ဖြစ်လာပါတယ်။ အဲဒီလိုနဲ့ သူ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပြီးတော့ ရုတ်တရက် နာမည်ကြီးလာ၊ ပရိသတ်တွေရလာပါတယ်။ ဒါပေမယ့် ဒီအောင်မြင်မှုရဲ့နောက်ကွယ်မှာ မှောင်မိုက်တဲ့လျှို့ဝှက်ချက်တွေ ရှိနေပါတယ်။ ဘယ်လိုလျှို့ဝှက်ချက်တွေလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါ။ မထင်မှတ်ထားတဲ့ လောကဓံရဲ့ရက်စက်မှုတွေ၊ နေ့ချင်းညချင်းရလာတဲ့ အောင်မြင်မှုတွေကြားကနေ ရစ်ကီဘယ်လို ရုန်းကန်ရမလဲ။ ဘယ်လိုလှည့်ကွက်တွေ ရှိနေမလဲ။ IMDb မှာ rating ကောင်းတစ်ခုကို ရရှိထားပြီးတော့ ကြည့်ရှုသူတွေကို ရသပေါင်းစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (902MB) Quality… WEB-DL 1080p HEVC Format…mkv / mp4 Duration….1h 34m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Action • Drama • Thriller
6.5 2024 95 mins
A Hundred Lies
Something Is About to Happen

IMDb – 5.9/10, Rt – 100% Awards – 6wins and 6 nomis ဒိီကားလေးက ဒါရိုက်တာ Antonio Méndez Esparzaရဲ့စတုတ္ထမြောက် ရုပ်ရှင်ဖြစ်ပြီး၊း သူရဲ့ဇာတိနိုင်ငံ စပိန်မှာ ရိုက်ကူးထားတာပါ ဇာတ်လမ်းကို Juan José Millásရဲ့ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားကာ၊ ဇာတ်ကောင် Lucía ၏ ဘဝကို အဓိကထားပြသထားတာဖြစ်ပါတယ်။ ဒီကားဟာ Lucía (Malena Alterio) ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို အဓိကအနေနဲ့နောက်ကွယ်ကဖော်ပြထားပါတယ်။ သူမဟာ အိုင်တီ အထောက်အပံ့အလုပ်လုပ်နေသူတစ်ဦးဖြစ်ပြီး၊ အလုပ်ထုတ်ခံလိုက်ရတဲ့အခါမှာ သူမဘဝတစ်လျှောက်မှာ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေဖြစ်လာပါတယ်။ သူမဟာ တက္ကစီမောင်းသူအဖြစ်အသစ်စတင်ပြီး၊ လူ ပေါင်းစုံနှင့်တွေ့ဆုံရင်း သူမရဲ့ဘဝဟာ မထင်မှတ်ပဲ ရူးသွပ်လာပါတော့တယ်။ သရုပ်ဆောင် Malena Alterio က Lucía အဖြစ် သဘာဝကျကျသရုပ်ဆောင်ထားပြီး သူမရဲ့စိတ်ခံစားမှုတွေက တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ ဟာသ၊ ဒရာမာ၊ mystery စတဲ့ အမျိုးအစားတွေကို ချောချောမွေ့မွေ့ပေါင်းစပ်ထားလို့ ရုပ်ရှင်တစ်ခုလုံးကို သည်းထိတ်ရင်ဖိုနဲ့ ကြည့်ရမယ့် အခန်းတွေနဲ့တင်မက၊ ထိုင်တွေးစရာလည်းဖြစ်စေပါတယ်။ ဆုတွေလည်းခြောက်ခုလောက်ရထားပြီး RTကလည်း 100%အပြည့်နဲ့ကားကောင်းလေးမလို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…(2.7 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Soe Thiri Nwe

Drama • Science Fiction
0 2024
Something Is About to Happen
Resident Evil: Damnation
6.4

Resident Evil: Damnation (2012) IMDb Rating (6.4) / Rotten Tomatoes (100%) ဒီဇာတ်ကားကတော့ ပထမ Resident Evil animationရဲ့ဒုတိယကားဖြစ်ပြီး Degeneration အပြီးနဲ့ တိုက်ရိုက်ကိုချိတ်ဆက်ထားတာဖြစ်ပါတယ်။ ဟားဗတ်ဗေးလ်ဖြစ်ရပ်အပြီး ခွင့်နဲ့အနားယူနေတဲ့ လီယွန်တစ်ယောက် အစိုးရရဲ့အထူးဆင့်ခေါ်မှုနဲ့ အရှေ့ဆလဗ်သမ္မတနိုင်ငံကို မစ်ရှင်သွားရဖို့ ဖြစ်လာပါတယ်။ ဆလဗ်နိုင်ငံဆိုတာ ဆိုဗီယက်ပြည်ထောင်စုကနေ ကွဲထွက်လာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီးအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် UNနဲ့ EUတို့ရဲ့အသိအမှတ်ပြုတာကို လိုချင်‌နေတဲ့ နိုင်ငံငယ်တစ်ခုပါ။ ဒါပေမဲ့ ခွဲထွက်ပြီး လွတ်လပ်ရေးယူထားတဲ့ နိုင်ငံငယ်တို့ထုံးစံအတိုင်း အာဏာလုပွဲနဲ့ ပြည်တွင်းစစ်ပွဲတွေ ကပ်ပါလာခဲ့ပါတယ်။ အဲဒီလို ပြည်တွင်းစစ်ဖြစ်နေတဲ့ အစိုးရနဲ့ သူပုန်တွေကြားဇီဝလက်နက်‌ ခေါ် ဗိုင်းရပ်ကူးစက်ခံသတ္တဝါဆန်းတွေကိုလက်နက်အဖြစ် အသုံးချနေတယ်ဆိုတဲ့ သတင်းကြောင့်ဒီအပိုင်းမှာ အထူးကျွမ်းကျင်တဲ့ လီယွန်အနေနဲ့ လျှို့ဝှက်စုံစမ်းစစ်ဆင်ရေးတစ်ခုကို လုပ်ဖို့ဖြစ်လာရင်း အဆိုပါသတ္တဝါကြီးတွေ၊ အဲဒါတို့ကို ထိန်းချုပ်ထားတဲ့ နှစ်ဖက်အဖွဲ့အစည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ JimX ဖြစ်ပါတယ်။) File size…(2.2 GB) / (910 MB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Animation,Horror Duration….01:40:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by JimX

Comedy • Romance
6.4 2012 100 mins
Resident Evil: Damnation
Eat the Night
6.1

Eat the Night (2024) IMDb Rating (6.1) / Rotten Tomatoes (67%) ပါဘလိုနဲ့ သူ့ ညီမ အာပိုလင်းတို့ဟာ ဒါ့ခ်နွန်းလို့ခေါ်တဲ့ MMORPG ဂိမ်းတစ်ခုမှာ အမြဲတမ်းအတူဆော့ရင်း အချိန်ဖြုန်းခဲ့ကြတဲ့မောင်နှမဖြစ်ပါတယ်။ မိခင်ကလည်းမရှိ ဖခင်ကလည်းအဝေးရောက်နေတဲ့အလျောက် တထစ်ရှိရင် အစ်ကိုကပဲ နှမဖြစ်သူကို ကြည့်ပေးရတာပါ။ နောက်ပိုင်းမှာတော့ ပါဘလိုနိုက်ထ်ဆိုတဲ့သူနဲ့ စသိလာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ပါဘလိုဟာ နိုက်ထ်နဲ့အတူပေါင်းပြီး ကိုယ်တိုင်လုပ် မူးယစ်ဆေးတွေကို စဖြန့်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ အခြားဂိုဏ်းတစ်ခုနဲ့ အရှုပ်အရှင်းဖြစ်သွားတဲ့အခါမှာတော့ ပါဘလိုဟာ ထောင်ထဲရောက်သွားပြီး သူ့ညီမ အာပိုလင်းဟာလည်း အရင်ဘဝကို ပြန်မရနိုင်ဘဲဖြစ်သွားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.2 GB) / (790 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure, Drama, Thriller Duration…. 01:47:25 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

Adventure • Fantasy • Drama
6.1 2024 106 mins
Eat the Night