YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

iHostage (2025) WEB-DL,720p (CM).mp4

809.74 MB N/A video/mp4 650 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kisna
4.5

ဤဘဒ္ဒကမ္ဘာလောကမှာ ကမ္ဘာဦးအစကတည်းက ဆင့်ကဲပြောင်းလဲခြင်းတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်.. လူသားတွေ ပြောင်းလဲလာတယ်…မြစ်ချောင်းအင်းအိုင်တွေ ပြောင်းလဲလာခဲ့တယ်..နိုင်ငံတွေ ဖြစ်ပေါ်လာတယ် လူ့စိတ်သဘောထားတွေ ပြောင်းလဲလာတယ်… ဒီထဲမွာမွ မပြောင်းလဲဘဲ တည်မြဲနေတာဆိုလို့ အချစ်စစ်ပဲရှိပါတယ်… ဟုတ်ပါတယ် ဒီဇာတ်လမ်းလေးက ကစ္စနဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ အချစ်စစ်တို့သက်သေထူရာကို ဖေါ်ပြထားတဲ့ ကားလေးပါ.. ၁၉၄၇ခုနှစ် အစောပိုင်း အိန္ဒိယနိုင်ငံလွတ်လပ်ရေးမရခင် ဗြိတိသျှတို့ အိန္ဒိယမြေပေါ် အုပ်စိုးခဲ့စဉ်က…။ ကစ္စန..ကက်သရင်း..လက်ရှမီးဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဖေါ်ကျူးရိုက်ကူးထားပါတယ်… ဒီကားလေးဟာ သိပ်ကိုနူးညံ့လွန်းတယ်.. ရင်ထဲလည်း ပီတိဖြစ်ရပါတယ် အိန္ဒိယကို လွတ်လပ်ရေးပေးဖို့ ကြေညာလိုက်တော့ နိုင်ငံတွင်း ဗြိတိသျှအရာရှိတွေကို အင်္ဂလန်အမီ ပြန်ခိုင်းတယ်.. ဒီထဲမွာ ကက်သရင်းရဲ့အဖေနဲ့ အေမဟာ အသတ်ခံလိုက်ရပါတယ် တစ်ဦးတည်းကျန်ခဲ့တဲ့ သူငယ်ချင်းမလေး ကက်သရင်းကို အိန္ဒိယသားလေး ကစ္စနက ဘေးမသီရန်မခဘဲ ဘေးကင်းရာကို ပို့ပေးရမှာပါ… ကိုယ့်မိသားစုက သူ့မိဘတွေကို ရန်သူလို့ သတ်မှတ်ပြီး လိုက်သတ်နေတဲ့ကြားထဲက မိသားစုနဲ့ အတိုက်အခံလုပ်ပြီး ကက်သရင်းကို ကယ်တင်ရင်းနဲ့….။ ပိုင်ဆိုင်ရမှ အချစ်မဟုတ်ပါဘူး ခွဲခွာခြင်းဟာလည်း အချစ်ရဲ့တစ်စိတ်တစ်ဒေသပါပဲ တစ်ခါတလေကျရင် စွန့်လွှတ်ခြင်းက အချစ်ကို ပိုလို့တိုးလာစေပါတယ် အချစ်မှာ ကောင်းခြင်းတွေရတတ်သလို ခွဲခွါခြင်းမှာလည်း ကောင်းခြင်းတွေ ရတတ်ပါတယ် အချစ်ဆိုတာက အတူတူနေရဖို့ပဲမှ မဟုတ်တာ.. ဒီတော့ ရိုချင်သူ FA နဲ့ ဆော်ပစ် ဘဲပစ်များ စောက်ကိုက် တစ်သျှူးဆောင်ပြီး ကြည့်လို့ရပါပြီလို့ ညွှန်းပေးလိုက်ပါတယ်…

Comedy • Romance
4.5 2005
Kisna
Easter Sunday
5.3

Easter Sunday Netflix နဲ့ Comedy Central တို့ရဲ့နာမည်ကျော် Comedian ကြီး Joe Koy ရဲ့ဟာသရုပ်ရှင်လာပါပြီ။Joe Koy ဟာ Joe Valencia ဆိုတဲ့ရုန်းကန်နေတဲ့ Comedian နေရာသရုပ်ဆောင်ထားပါတယ်။Joe ဟာသူ့သားဖြစ်သူကိုကောင်းကောင်းမွန်မွန်ပျိုးထောင်နိုင်ဖို့ ရုန်းကန်ရင်း တစ်ဖက်မှာလည်း မိသားစုကိုအချိန်ပေးနိုင်ဖို့ လုံးပန်းနေရပါတယ်။ ကက်သလစ်ဘာသာ၀င်ဖိလစ်ပိုင်လူမျိူးတွေအတွက် အထွတ်အမြတ်ဖြစ်တဲ့ အီစတာအတွက် မိသားစုရှိရာမြို့ကိုပြန်လာတဲ့အခါ Asian မိသားစုထုံးစံအတိုင်း အမျိုးတွေအများကြီးနဲ့ ‌ဗြောက်သောက်တွေဖြစ်လာပုံကို ဟာသမြောက်စွာကြည့်ရှု့ရမှာပါ။ နာမည်ကျော် Comedian ကြီးJoe Koy အပြင် Jimmy O Yang,Lou Diamond Phillips တို့လို နာမည်ကြီး Asian သရုပ်ဆောင်တွေလည်းပါ၀င်ပါတယ်။ File size…(2.05GB)/(1013MB)/(532MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Drama
5.3 2022
Easter Sunday
The Legend Of Justice WuSong
5.9

ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးချင်တာကတော့ နာမည်ကြီးကာတွန်းတစ်ခုကနေ ရုပ်ရှင်အပြင်အသက်သွင်းထားတဲ့ ဇာတ်လမ်းတစ်ခုပါ။ တစ်နေ့မှာတော့ ‌ကျားကိုသတ်ခဲ့လို့ဆိုပြီး သိုင်းသမား ဝူစုန့်တစ်ယောက်က ပြန်လာရင်း တစ်နယ်‌တစ်ကျေးကို ပြောင်းနေပြီထင်တဲ့ အစ်ကိုအရင်းဖြစ်သူ ဝူတာ့လန်နဲ့ ငယ်ရွယ်ပြီး ချောမောလှပတဲ့ ဖန်ကျင်းလျန်ဆိုတဲ့ မရီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ရိုးအတဲ့အစ်ကိုဖြစ်သူရဲ့ ဇနီးမို့ ရင်းနှီးဖော်ရွေစွာ ဆက်ဆံခဲ့ပေမယ့်လည်း နောက်ကြောင်းမရှင်း အကြံကြီးလှတဲ့မရီးဖြစ်သူဟာ ဂွင်ဖန်ပေမယ့် ကိုယ်ကျင့်တရားကောင်းသူ ဝူစုန့်ကတော့ မဖြုံခဲ့ဘူး မြို့အနှံ့အချောအလှနာမည်ကြီးနေတဲ့ ဖန်ကျင်းလျန်ရဲ့ အလှကျော့ကွင်းမှာ မိသွားသူကတော့ ရှီမန်းချင်ဆိုတဲ့ လူတစ်ယောက်ပေါ့။ ဖန်ကျင်းလျန်ကိုမှ လိုချင်လှပါချည်ရဲ့ဆိုပြီး အဘွားနန်ကို လာဘ်ထိုးလို့ ရယူဖို့ ကြိုးစားခဲ့ရာကနေ အရှုပ်အထွေးတွေဖြစ်လာခဲ့တယ် ဝူတာ့လန်နဲ့ ဖန်ကျင်းလျန်ရဲ့အိမ်ထောင်ရေးကရော ဘယ်လိုဖြစ်မလဲ…. ရှီမန်းချင်ရဲ့ဝင်ရှုပ်မှုကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ…. ဝူစုန့်ကရော ဘာကြောင့်အစ်ကိုဖြစ်သူရဲ့စကားကို ပယ်ရှားရတာလဲ….

Drama • Horror • Thriller
5.9 2022
The Legend Of Justice WuSong
Gremlins
7.3

Gremlins (1984) ============ IMDb Rating — 7.3/10 တရုတ်တန်းက စတင်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် သူ့ခေတ် သူ့အခါမှာတော့ Rating 7 ကျော်ရရှိခဲ့ပါတယ်။ တီထွင်ဖန်တီးရှင် တစ်ဦးဟာ သူလက်ဆော့ထားတဲ့ ပစ္စည်းရောင်းဖို့သွားရင်း သား အတွက် ခရစ္စမတ်လက်ဆောင်ကို တရုတ်တန်းမှာ တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ချစ်စရာ မှင်စာလေးတစ်ကောင်ပါပဲ။ မွေးရတာ တာဝန်ကြီးတယ် မရောင်းဘူး ပြောပေမယ့် ဆိုင်ရှင်ရဲ့ မြေးလုပ်သူက ခိုးရောင်းပေးလိုက်ပါတယ်။ မှင်စာလေးကိုမွေးမယ် ဆိုရင် စည်းကမ်း(၃)ခုတော့ရှိတယ် – – နေမထိရ – ရေမထိရ – ည၁၂ကျော်ရင် အစာမကျွေးရ ဆိုတာပါပဲ။ (၃)ခုလေးဆိုပေမဲ့ အဲစည်းကမ်းတွေကိုမလိုက်နာနိုင်ဘဲ ချိုးဖောက် မိတဲ့အခါမှာတော့ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size……….(3.94 GB) / (1.02 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 46Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Fantasy, Sci-Fi Translator……Mugiwara Ya Encoder……….SWM

7.3 1984
Gremlins
Saw VI Saw 6
6

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 6 (2009) “Live or Die..Choice is Yours” ဇာတ်အိမ်ခိုင်ခိုင်နဲ့ စိတ်လှုပ်ရှားဖို့​ကောင်းတဲ့ horror ချစ်သူ​တွေအ​နေနဲ့ လက်လွတ်ဖို့မသင့်တဲ့ကား​ကောင်းတစ်ကားပါ SAW VI မှာ ကိုယ်​တွေရဲ့ဇာတ်လိုက်ကြီး ဂျစ်​ဆောက ​သေသွား​ပေမယ့် သူ့ရဲ့ဇနီး​ဟောင်းနဲ့ ရဲအရာရှိတစ်​ယောက်​ပေါင်းပြီး သူ့ရဲ့​နောက်ဆုံးဆန္ဒကိုဖြည့်ဆည်း​ပေးတဲ့အ​နေနဲ့ လူသတ်ဂိမ်း​တွေ ဆက်ပြီးအသက်သွင်းကြတယ် ဒီထဲမှာ​​တော့ ဂျစ်​ဆောကို သနားစိတ်ဝင်မိမယ်လို့ထင်ပါတယ် သူ့မှာက​လေးလည်းဆုံးရှုံးရတယ် သူ့ကျန်းမာ​ရေးအာမခံအတွက် အာမခံမ​ပေးခဲ့တယ့် အကျင့်ပြတ်ချစား​နေတဲ့ အာမခံကုမ္ပဏီပိုင်ရှင်ကို ဘယ်လို​တွေ ကလဲ့စား​ချေရင်း စိတ်လှုပ်ရှားစရာ (လူသတ်)ဂိမ်း​တွေနဲ့ ဇာတ်လမ်းအဆုံးထိ ကြည့်ချင်​လောက်တဲ့အထိ ဖြစ်မှာ ကို အာမခံပါတယ်။

6 2009
Saw VI Saw 6
Please Don’t Destroy: The Treasure of Foggy Mountain
6.2

” Please Don’t Destroy: The Treasure of Foggy Mountain ” နာမည်ဖတ်ကြည့်ရင်တော့ အရှည်ကြီ: ဘာရေးလို့ရေးထားမှန်း ခန့်မှန်းလို့မရဘူး။ ဒါပေမဲ့ ဇာတ်ကားကတော့ တိုတိုလေးနဲ့ တကယ်ကို ထိထိမိမိရှိတဲ့ ဟာသကား ဖြစ်ပါတယ်။ နာမည်ကျော် TV show တစ်ခုဖြစ်တဲ့ Saturday night live ရဲ့ writers တွေ ဖြစ်တဲ့ John, Ben, Martin တို့ ၃ ယောက်က ဒီ ဇာတ်ကားထဲမှာလည်း ကိုယ်တိုင် ပါဝင် ရေးသား သရုပ်ဆောင်ထားတာမို့ ဟာသတွေက ကြည့်တဲ့သူတွေကို ရယ်မောစေမှာ အမှန်ပါပဲ။ သူတို့ချည်းပဲ မဟုတ်ပဲ နာမည်ကျော် ဝါရင့်သရုပ်ဆောင် Conan O’Brien ကလည်း ပါဝင် သရုပ်ဆောင်ထားတာမို့ ပေါ့ပျက်ပျက် ဟာသကား မဟုတ်တာ အသေအချာပါပဲ.. ဇာတ်လမ်းလေးကတော့ John, Ben, Martin တို့ သူငယ်ချင်း ၃ ယောက်ဟာ ငယ်ငယ်ကတည်းက ခင်လာပြီး ကြီးလာခဲ့ကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၃ ယောက် ဖြစ်ပါတယ်။ အသက်ကြီးလာတော့ ဘဝကိုယ်စီနဲ့ ဝေးသွားတော့မဲ့ သူငယ်ချင်းတွေကို မခွဲချင်တဲ့ John က ငယ်ငယ်တုန်းက သူတို့တူတူ ကောက်ရခဲ့တဲ့ သံလိုက်အိမ်မြှောင်လေးကို အကြောင်းပြုပြီး တောနက်ထဲမှာ ရတနာရှာထွက်ဖို့ စည်းရုံးပါတော့တယ်။ အဲ့ဒီလိုလဲ ရတနာရှာထွက်လာတဲ့ အချိန်မှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမှာလဲ ကျော်ဖြတ်နိုင်မှာလား ရတနာကော အဆုံးသတ်မှာ ရမှာလား စတာတွေက စိတ်ဝင်စားဖို့ကောင်းသလို ဇာတ်ကားတစ်လျောက်လုံးမှာလည်း ဟာသရယ်မောစရာတွေကို မရိုးအောင် ကြည့်ရှုခံစားရမဲ့ အဆင့်မြင့် ဟာသကားလေး တစ်ကား ဖြစ်ပါတယ်ခင်ဗျ… File size…1.64GB / 800MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.2 2023 92 mins
Please Don’t Destroy: The Treasure of Foggy Mountain
Take Me Back for Christmas
7.1

Take Me Back for Christmas (2023) ========================== IMDb Rating – 7.1/10 ဒီ Take Me Back For Chrismas လို့ခေါ်တဲ့ကားလေးကတော့ ကြည့်ပြီးရင် ရင်ထဲမှာ ကျန်ခဲ့မယ့် ကားမျိုးထဲ ပါပါတယ်။ နွေးနွေး ထွေးထွေးနဲ့ အတိတ် ပစ္စပ္ပုန် အနာဂတ် အရာအားလုံးကို ဒါရိုက် တာကြီး Joy Holliday က သေသေချာချာ တင်ဆက်ထားတာပါ။ မိသားစု၊ အချစ်၊ ‌ခရစ်စမတ်ရဲ့ တကယ့်အဓိပ္ပာယ် အကုန်လုံးရဲ့ အရေး ပါပုံကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ တနေ့ ရီနေးဟာ အလုပ်က ပြန်စိတ်ပျက် လက်ပျက်နဲ့ ကူကယ်ရာ မဲ့နေတဲ့အချိန် ထူးဆန်းတဲ့ ‌နတ်သူငယ်ဝတ်စုံ ဝတ်ထားတဲ့ မိန်းမတစ်ယောက်ပေးခဲ့တဲ့ ‌ခေါင်းလောင်းလေးကို တီး ပြီးတော့ ဆုတောင်းမိပါတော့တယ်။ တောင်းမိတဲ့ ဆုတောင်းတာ “ခြား နားတဲ့ ဘဝမှာ နေရပါစေ” တဲ့။ ထူးဆန်းစွာနဲ့ သူ့ဆုတောင်းတွေပြည့်ပြီး နောက်တနေ့မနက်မှာ နယူးယောက်က အအောင်မြင်ဆုံး ကုမ္ပဏီအကြီး ကြီးရဲ့ ရုံးခန်းထဲမှာ နိုးလာပါတော့တယ်။ ဒါပေမယ့် အကောင်းနဲ့အတူအ ဆိုးပါ ဒွန်တွဲလာတတ်တယ်ဆိုတဲ့အတိုင်း မထင်မှတ်ထားတာလေးတွေ ဖြစ်လာပါတော့တယ်။ ရယ်စရာလေးတွေရော ရင်ကိုနွေးထွေးစေမယ့် အခိုက်အတန့်လေးတွေ ရောကိုပါ ရောနှောထားလို့ တကယ်ကို ကြည့်သင့်တဲ့ဇာတ်ကားလို့ ပြော ချင်ပါတယ်။ Imdb လဲ 7.1 တောင် ရထားလို့ မြည်းစမ်းကြည့်ကြပါခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Dr . Zac ဖြစ်ပါတယ်) File Size……….(1.55 GB) / (600 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Fantasy, Romance Translator…….Dr.Zac Encoder……….SWM

Horror
7.1 2023 84 mins
Take Me Back for Christmas
Hellraiser: Hellseeker

Hellraiser: Hellseeker (2002) Hellraiser Franchise ရဲ့ ခြောက်ကားမြောက်ဖြစ်တဲ့ Hellseeker က ငါးကားမြောက် Inferno နဲ့ ခပ်ဆင်ဆင်တော့တူနေပါတယ်။ ဒီဇာတ်ကားမှာတော့ ပထမဆုံး ဇာတ်ကား Hellraiser (1987) က အဓိကဇာတ်ကောင် ခရစ္စတီ ပြန်ပါလာပါတယ်။ ဒါရိုက်တာက နာမည်ကျော် စီးရီးဖြစ်တဲ့ Supernatural ရဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Rick Bota ပါ။ Inferno မှာ ပြောမထားတဲ့ ဆီနိုဘိုက်တွေရဲ့ သဘောသဘာဝတွေကို ဒီမှာ ပြန်ဖြည့်ထည့်ထားထားသလိုပါပဲ။ ဒီဇာတ်ကားမှာလည်း Body Horror ကို ဦးစားပေးမထားဘဲ ဇာတ်လမ်းကို အဓိကထားပြီး တင်ဆက်သွားပါတယ်။ အဓိကဇာတ်ဆောင်က ထင်ယောင်ထင်မှားဖြစ်တာတွေ များနေတော့ ဇာတ်လမ်းက နည်းနည်းတော့ လည်သွားနိုင်ပါတယ်။ Inferno မှာ ပြထားတဲ့ ငရဲဆိုတာကို ပိုပြီး ထင်ရှားသွားအောင် အရောင်တင်ပေးလိုက်သလိုဆိုတော့… တော်တော်လေးလှတဲ့ ဇာတ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 715MB Quality – 1080p, 720p Format – mp4 Duration – 1H 29Min Genre – Horror, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

0 2002 89 mins
Hellraiser: Hellseeker
Little Rose
7

1967-68 ပိုလန်နိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေတဲ့ကာလက အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးပုံဖော်ထားတဲ့ သမိုင်းကြောင်းနောက်ခံ​Drama ကားလေးပဲဖြစ်ပါတယ် တစ်နေ့မှာ ကာမီလာဆိုတဲ့မိန်းကလေးဟာ ပိုလန်ကွန်မြူနစ်အစိုးရရဲ့အမျိုးသားလုံခြုံရေးဌာနကဗိုလ်ကြီးရိုမန်နဲ့ချစ်ကျွမ်းဝင်သွားပါတယ် အဲ့အချိန်ကာလတုန်းက ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုအားကောင်းနေပြီး နိုင်ငံတွင်းမှာရှိနေတဲ့ဂျူးတွေကိုမောင်းထုတ်ချင်နေတဲ့ပိုလန်အစိုးရအတွက် ဘယ်သူကဂျူးမျိုးလဲဆိုတာကိုဖော်ထုတ်ဆိုတာအတော်လေးခေါင်းစားစရာပါ အဲဒီထဲမှာမှ ဝါဆောမှ Seen ဆိုတဲ့​ရေဒီယိုအသံလွှင့်မှုတွေကလည်း လူထုအုံကြွမှုဆီဦးတည်နေတော့ ပိုလန်အစိုးရအတွက်တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလိုပါပဲ အဲ့​အတွက်​ အသံလွှင့်သူကိုဖော်ထုတ်ဖို့​အစိုးရက​ပေါ်ပြူလာဖြစ်တဲ့ စာရေးဆရာတွေ တက္ကသိုလ်​ပါမောက္ခ​တွေကိုစပြီး ပစ်မှတ်ထားလာပါတော့တယ် အဒမ်ဝါချက်စကီကတော့ ကွန်မြူနစ်ဆန့်ကျင်ရေးစာပေတွေရေးသားနေတဲ့ နာမည်ကျော်စာရေးဆရာဖြစ်ပြီး​ ကာမီလာအလုပ်လုပ်တဲ့တက္ကသိုလ်ကပါမောက္ခလည်းဖြစ်ပါတယ် အဒမ်ဟာကွန်မြူနစ်တွေကို တိုက်ခိုက်တဲ့သရော်စာတွေရေးတဲ့နေရာမှာ လက်စောင်းထက်တဲ့သူဆိုတော့ အစိုးရအတွက်ပိုပြီးသံသယဖြစ်စရာပစ်မှတ်ဖြစ်လာပါတော့တယ် အဒမ့်ကိုစောင့်ကြည့်ဖို့အတွက် ရိုမန့်ခေါင်းပေါ်ရောက်လာတဲ့အခါမှာ ရိုမန်ဟာအဒမ်နဲ့ဌာနာတစ်ခုတည်းမှာအလုပ်လုပ်နေတဲ့​ သူ့ချစ်သူကာမီလာကို​ အစိုးရစပိုင်လုပ်ဖို့စည်းရုံးပါတော့တယ် ရိုမန့်ကိုအရမ်းချစ်တဲ့ကာမီလာဟာနောက်ဆုံးစပိုင်လုပ်ဖို့​သဘောတူလိုက်ပြီး ပါမောက္ခ​အဒမ်ကိုဘယ်လိုချဉ်းကပ်သွားမလဲ? အဒမ်ကရော အစိုးရထင်နေသလို​ လူထုအုံကြွမှုတွေဖြစ်အောင်လှုံ့ဆော်တဲ့သူလားဆိုတာကို​ ဆက်ကြည့်လိုက်ရအောင်ပါ File size…(2.9 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre…Drama, History, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by A not B

7 2010
Little Rose
Memory
6.7

Memory (2023) ~ IMDb – 6.7/10, RT – 84%, Meta – 72% ~ လူတွေရဲ့ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ လူတွေက သူတို့မှတ်မိချင်တာကို မှတ်မိနေကြတတ်တယ်။ စာရေးဆရာတစ်ယောက်ရဲ့ သူ့ငယ်ဘဝအကြောင်း သူရေးတဲ့စာအုပ်ထဲမှာတောင် တကယ်တမ်းမဖြစ်ခဲ့တာတွေ ပါကောင်းပါနေနိုင်တဲ့အထိ မှတ်ဉာဏ်ဟာ ယုံစားလို့မရဘူး။ မှတ်ဉာဏ်ဟာ ကျွန်တော်တို့မှတ်မိချင်တာတွေကို မှတ်မိနေတတ်တယ်။ ဆစ်ဂမန်ဖရွိုက်ကတော့ မှတ်ဉာဏ်ဆိုတာ မသိစိတ်အစုအထုံးတစ်ခုလို့ ဆိုတယ်။ Memory ဟာ အဲဒီမှတ်ဉာဏ်တွေရဲ့အကြောင်းလို့ပြောရမယ်။ ဇာတ်ကောင်အားဖြင့် အဓိကတော့ ၂ ယောက်ပါတယ်။ တစ်ယောက်က စိတ်ကျရောဂါရှိနေတယ်။ တစ်ယောက်က အတိတ်မေ့မေ့သွား သတိလွတ်လွတ်သွားတတ်တဲ့ရောဂါရှိနေတယ်။ နောက်တစ်ယောက်တော့ပါသေးတယ်။ သူက အခန်းတော့သိပ်မများဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းမှာ လူ့မှတ်ဉာဏ်က မှတ်မိချင်တာတွေကိုပဲ မှတ်မိနေတတ်တယ်ဆိုတာကို ရာနှုန်းပြည့်ပေါ်လွင်စေခဲ့တဲ့ ကားနာမည်အရတော့ သူ့ကိုလည်း အဓိကထဲထည့်ရမှာပဲ။ ဇာတ်လမ်းရဲ့ ဗဟိုချက်မဇာတ်ကောင်က အမျိုးသမီးတစ်ယောက်။ သူ့ဘဝကို သူခက်ခက်ခဲခဲရှင်သန်နေရတဲ့ အမျိုးသမီးတစ်ယောက်။ သူ့အသက်၈နှစ်ကတုန်းက သူ့အဖေရင်းကိုယ်တိုင် ဗလက္ကာရပြုကျင့်တာကို ခံခဲ့ရသလို သူ့အမေကို သွားတိုင်တော့လည်း မယုံခဲ့ဘူး။ သူ့ကို လုပ်ဇာတ်တွေလျှောက်ခင်းနေတယ်ပဲ သတ်မှတ်ခဲ့တယ်။ ဒီလိုနဲ့ကျောင်းတက်လို့ ကျောင်းမှာထပ် မုဒိန်းကျင့်ခံရလို့ သူ့အမေကို သွားတိုင်တော့လည်း သူ့အမေက သူ့ကို လုပ်ဇာတ်တွေခင်းနေတယ်ပဲသတ်မှတ်ပြီး သူ့ကိုပဲ ထပ်အပြစ်တင်ခဲ့တယ်။ ဒီလိုနဲ့ အမေကို အမုန်းကြီးမုန်းလာတဲ့ အဲဒီအမျိုးသမီးဟာ သူ့အမေဆီက အကူအညီမယူဘဲ သူ့ဘဝကို သူခက်ခက်ခဲခဲနဲ့ကျောင်းနေခဲ့တယ်။ သူ့မှာ သမီးလေးတစ်ယောက်ရှိပေမဲ့ အဲဒီသမီးလေးကို သူဘယ်လိုရခဲ့လဲတော့ မပြထားဘူး။ တစ်နေ့ကျ အဲဒီအမျိုးသမီး ကျောင်းတွေ့ဆုံပွဲကနေ အပြန်မှာ ယောက်ျားတစ်ယောက်က တစ်လမ်းလုံး သူ့နောက်လိုက်လာတယ်။ သူလည်း ထရော်မာရှိတဲ့သူဆိုတော့ လန့်သွားတာပေါ့။ သူ့ကို မုဒိန်းကျင့်ခဲ့တဲ့လူတွေထဲကတစ်ယောက်လား ဘာလားလို့ သူထင်လိုက်တယ်။ ဒါပေမဲ့ နောက်မှသိလိုက်ရတာက အဲဒီလူက အတိတ်မေ့ သတိလွတ်လွတ်သွားတတ်တဲ့ရောဂါသည်ဖြစ်နေတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်စလုံးရဲ့ မှတ်ဉာဏ်တွေကို ကျွန်တော်တို့ကို တစ်လွှာချင်းခွာချပြသွားတယ်။ ဒီရုပ်ရှင်ကိုကြည့်တဲ့ ပရိသတ်တွေထဲ တော်တော်ကြိုက်တဲ့လူနဲ့ တော်တော်မကြိုက်တဲ့လူဆိုပြီး ဆိုးဆိုးရွားရွားကို ကွဲပြားနေတယ်။ တစ်ချို့ကတော့ ဇာတ်လမ်းရဲ့ထိခတ်စေနိုင်စွမ်းကို ချီးကျူးကြတယ်။ တစ်ချို့ကတော့ ဇာတ်လမ်းဟာ မပြသွားတာတွေများတော့ မပြည့်စုံဘူးဆိုပြီး သမုတ်ကြသလို အတိတ်မေ့သတိလွတ်နေတဲ့လူနဲ့ ဖြစ်တဲ့အမျိုးသမီးကို အပြစ်တင်ကြတာလည်းရှိတယ်။ ပြောရရင် သတိမရှိတဲ့လူတစ်ယောက်ရဲ့ Consent က မစစ်ဘူးပေါ့။ ဟောလိဝုဒ်က Consent ကို ဂရုမစိုက်ဘူးဆိုတာအထိပြောကြတယ်။ ဘာပြောပြောပါ၊ ၂၀၂၁တုန်းက The Eyes of Tammy Faye နဲ့မင်းသမီးဆုရခဲ့တဲ့ Jessica Chastain နဲ့ Peter Sarsgaard တို့ကတော့ ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်ခဲ့ကြတယ်။ သေချာတာတော့ ဒီမှတ်ဉာဏ်ဆိုတဲ့ရုပ်ရှင်ဟာ ဇာတ်လမ်းမပြည့်စုံတာလည်းမဟုတ်သလို ပြချင်တာပြထားတာလည်းမဟုတ်တဲ့ မှတ်ဉာဏ်တွေအကြောင်းပြထားတဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.55GB, 950MB, 560MB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 39Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Romance
6.7 2023 104 mins
Memory
Trim Season
5

ဝေါ်ကီးကြိုက်တဲ့ ဝေါ်ကီးဘဲကြီးတွေအတွက် ထူးထူးခြားခြား ဆန်းဆန်းပြား‌ပြား Horror Movie လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဆေးခြောက်တွေကို ထုတ်ကုန် တစ်ခုအဖြစ် ဖန်တီးတဲ့အခါမှာ အချောသတ်အဆင့်ကို ရောက်အောင် ကိုင်းတွေအရွက်တွေကိုအရင်ညှပ်ပေးရပါ သေးတယ်။အဲ့ဒီသဘောတရားကိုအခြေခံပြီး ဒီဇာတ်ကားနာမည်ကို Trim Season လို့ပေးထားတာဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ဂျိမ်းစ်ဆိုတဲ့လူတစ်ယောက်က ဆေးခြောက်တွေကို ရိတ်သိမ်းပြီးညှပ်ရတဲ့ ရာသီရောက်ရင် ညှပ်ပြီးအချောသတ်ပေးမဲ့ လူတွေကိုလိုက်လံရှာဖွေနေသူ တစ်ယောက်ဖြစ်ပါတယ်။ဒီအလုပ်က တရားမဝင်အလုပ်ဆိုတော့ ပိုက်ဆံတွေအများကြီးရတဲ့အတွက် လုပ်ချင်တဲ့သူတွေကလည်း တန်းစီနေတာပါပဲ။ အဲ့ထဲမှာ အမ်မာဆိုတဲ့ မကြာသေးခင်ကမှ အလုပ်ပြုတ်ထားပြီး အိမ်လခမပေးနိုင်လို့ ငှားထားတဲ့ အိမ်ကနေ ဖယ်ပေးရတော့မဲ့ ကောင်မလေးတစ်ယောက်ပါပါတယ်။အမ်မာက သူ့သူငယ်ချင်းရဲ့ ချိတ်ဆက်ပေးမှုကြောင့် ဂျိမ်းစ်နဲ့သိသွားပြီး အဲ့ဒီအလုပ်ကိုလုပ်ဖို့ စတင်ထွက်ခွာလာခဲ့ပါတော့တယ်။ စစချင်းကတည်းက သူတို့မှာပါလာတဲ့ကားတွေကို ထားခဲ့ရပြီး လူသူကင်းမဲ့တဲ့တောကြီးမျက်မည်းထဲက စိုက်ခင်းတစ်ခုဆီကို ခေါ်လာခဲ့ပါတော့တယ်။ပါလာတဲ့သူတွေ အကုန်လုံးက မိန်းကလေး တွေဖြစ်ပြီး မကြာခင်မှာပဲအလုပ်ကိုယ်စီစလုပ်ရပါတော့တယ်။ ဒါပေမယ့် ဒီလိုလွယ်လွယ်ကူကူအလုပ်လုပ်ပြီး ပိုက်ဆံအများကြီး ရမယ်ဆိုတာက ကလေးကိုသကြားလုံးပေးပြီးမျှားခေါ်သလို သဘောတရားနဲ့အတူတူပဲဆိုတာကို မသိရှာတဲ့ အမ်မာနဲ့အလုပ် လာလုပ်တဲ့ကောင်မလေးတစ်သိုက် ဘယ်လိုထိတ်လန့်စရာတွေ ကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ File size…1.92GB / 876MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2023 100 mins
Trim Season
The Great Actor

The Great Actor (2016) *********************** 2016ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး ဒါရိုက်တာ Seok Min Woo ရိုက်ကူးခဲ့တဲ့ The Great Actor ဇာတ်​ဆောင်​တွေအ​နေနဲ့ မင်းသားကြီး Oh Dal Su, Yoon Je Moon, Lee Geung Young တို့ အဓိက ပါဝင်သရုပ်​ဆောင်ထားကြပါတယ် ပြဇာတ်သရုပ်​ဆောင် Jang Sung pil (Oh Dal Su)က အနှစ်၂၀​ကျော်ကြာ ​ခွေးဇာတ်​ကောင်အ​နေနဲ့ပဲ သရုပ်​ဆောင်ခဲ့ရပါတယ် ဒါ​ပေမဲ့ သူ့အိပ်မက်က ​အရင်က အတူအလုပ်တွဲလုပ်ခဲ့တဲ့ စီနီယာ Sul Gang sik (Yoon Je moon)လိုမျိုး အောင်မြင်တဲ့ ရုပ်ရှင်သရုပ်​ဆောင်တစ်​ယောက်ဖြစ်လာဖို့ပါပဲ တစ်​နေ့မှာ ကိန်းဒါရိုက်တာ Park (Lee Geung Young)ရဲ့ ရုပ်ရှင်အတွက် လူ​ရွေးပွဲတစ်ခု ရှိလာပါတယ် တစ်ဖက်မှာ Jang Sung pilဟာ ဇွဲ​ကောင်း​ပေမဲ့ တာဝန်မ​ကျေတဲ့ ​အိမ်​ထောင်ဦးစီးအဖြစ် သတ်မှတ်ခံလာရ​တော့ ရလာတဲ့အခွင့်အ​ရေးကို အမိအရ ဆုပ်ကိုင်ပြီး လူ​ရွေးပွဲအောင်​အောင် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားပါ​တော့တယ် ​ နောက်ဆုံး လူ​ရွေးပွဲ​အောင်ပြီး ရိုက်ကူး​ရေးစတဲ့အခါ အခက်အခဲအမျိုးမျိုးနဲ့ ကြုံ​တွေ့ခဲ့ပြီး အရှုံးမ​ပေးဘဲ ဆက်လက်ကြိုးစားခဲ့ပါတယ် ​ Jang Sung pilဟာ တကယ်ပဲ သူ့စီနီယာလိုမျိုး ​​အောင်မြင်တဲ့ သရုပ်​ဆောင်တစ်​ယောက် ဖြစ်လာနိုင်မလား သူဘယ်လိုအခက်အခဲ​တွေကြုံ​တွေ့ရမလဲဆိုတာ ဟာသ​နှော ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား​ကောင်းတစ်ခုပဲ ဖြစ်ပါတယ် အညွှန်းကိုတော့ Stary မှ ရေးသားပေးထားပါတယ် File size…2.41GB / 841.3MB Quality…WEB-DL 1080p 720p Genres: Comedy, Drama Duration: 1 hr. 48 min Subtitle….Myanmar Subtitle (Hard Sub) Translated By Stary Encoded By Heather Oo

0 2016 108 mins
The Great Actor
Trainspotting
8.1

Trainspotting (1996) IMDb Rating (8.1) / Rotten Tomatoes (90%) ဒါရိုက်တာ Danny Boyle က ရိုက်ကူးတင်ဆက်ထားပြီး Stars တွေဖြစ်တဲ့ Ewan McGregor, Jonny Lee Miller, Kevin McKidd မင်းသမီး Kelly Macdonald တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Trainspotting 1996 ဒီဇာတ်ကားကတော့ မာခ့်ဆေးစွဲနေတဲ့လူငယ်လေးတစ်ဦးနဲ့ သူ့မိတ်ဆွေတွေ မူးယစ်ဆေးကိုစွဲလမ်းနေပုံ၊ မူးယစ်ဆေးကြောင့် အမှားအမှန်မသိအရှက်အကြောက်မရှိတော့ပဲနဲ့ လုပ်ချင်တာတွေကို စိတ်ထင်တိုင်းလုပ်ကြပုံ။ ပတ်ဝန်းကျင်မှတွန်းအားပေးကူညီမှုကြောင့် မာခ့်တစ်ယောက်ဆေးပြတ်သွားသောအခါ သူ့ဘဝရှေ့ခရီးဘယ်လိုဆက်ဖြစ်မလဲ။ သူနှင့်ဆေးအတူသုံးတဲ့ မိတ်ဆွေတွေကို ဘယ်လိုအဆက်ဖြတ်ဖို့ကြိုးစားမလဲ ၊သူ့ရဲ့ဆိုးဖော်ဆိုးဖက်မိတ်ဆွေတွေကရော မာခ့်ကို အလွတ်ပေးပါ့မလား ၊ သူ့မိတ်ဆွေတွေကရော မူးယစ်ဆေးဘယ်လိုအကျိုးဆက်တွေ ခံစားရမလဲ စသည်တို့ကို ဟာသနှောကရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(2.5 GB) / (980 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama Duration….01:35:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice

8.1 1996 94 mins
Trainspotting
All I Need for Christmas

ခရစ္စမတ် ပြီးသွားပေမယ့် ဆောင်းအရိပ်အငွေ့တွေ ကျန်သေးဆဲ ကာလမှာ ချစ်စရာ ခရစ္စမတ်မိသားစုကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ခရစ္စမတ်ကားတွေက တခြား ရုပ်ရှင်ကားတွေနဲ့ မတူဘဲ ကြည့်ရတဲ့ သူကိုပါ ပျော်ရွှင်စေပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ Maggie ဆိုတဲ့ ကန်းထရီး အဆိုတော်မလေးဟာ ခရစ္စမတ် ပိတ်ရက်မှာ အိမ်ကို စောစောပြန်ဖြစ်သွားပါတယ်။ အကြောင်းအရင်းကတော့ သူ့ဖျော်ဖြေပွဲတွေက ရပ်နားခံရလို့ပါပဲ။ သူက ရှေးရိုးစွဲ ဂီတပညာရှင်ဖြစ်ပြီး auto-tune တွေ ဖုန်းထဲက နည်းပညာတွေနဲ့ ဖန်တီးထားတဲ့ သီချင်းတွေကို ဘယ်တော့မှ အားမရသူပါ။ ခေတ်နဲ့အညီ ရေစီးကို မလိုက်နိုင်တဲ့ သူဟာ တဖြည်းဖြည်း နာမည်မရတော့ဘဲ ဖျော်ဖြေပွဲလည်း ရပ်နားခံလိုက်ရပါတယ်။ ဒီတော့ ပိတ်ရက်မှာ မိဘအိမ် ပြန်ရင်း အိမ်နားက ဧည့်ဂေဟာမှာ တည်းတဲ့ Archer ဆိုတဲ့နာမည်ကြီး ဂီတ app တီထွင်သူနဲ့ တွေ့ဆုံခဲ့ပါတယ်။ Maggie မိဘတွေက ခရစ္စမတ် သစ်ပင် စိုက်ခင်းပိုင်တော့ Archerက ကိုယ်ပိုင် သစ်ပင်လေး တစ်ပင် လာဝယ်ရင်း ရင်းနှီးသွားကြတာ ဖြစ်ပါတယ်။ သူတို့ကြားက သံယောဇဥ်တွေ တိုးလာတာနဲ့အမျှ ရှေးရိုးစွဲတဲ့ Maggie တစ်ယောက် Archer နဲ့ သူ့နည်းပညာတွေကို လက်ခံနိုင်ပါ့မလား ကြည့်ရှုရမှာပါ။ File size…(1.3 GB)/(806 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

0 2024
All I Need for Christmas