YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

I Am What I Am 2 (2024) 1080p HEVC WEB-DL 5.1 [RMC].mp4

2.43 GB 1080p video/mp4 9 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Miller's Crossing
7.5

IMDb 7.7/10 ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ Miller's crossing ဆိုတဲ့ ဂန်းစတားရုပ်ရှင်ပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ မြို့မှာအကြီးဆုံးဂိုဏ်းရဲ့ ခေါင်းဆောင် Leo ဟာ တခြားဂိုဏ်းခေါင်းဆောင် Caspar တောင်းဆိုတာကို ငြင်းလွှတ်လိုက်တာကနေစထားပါတယ်။ Caspar တောင်းဆိုတာကတော့ Leo ကောင်မလေးရဲ့မောင်ဖြစ်သူ Bernie က သူ့ကို သစ္စာဖောက်သွားလို့ သူ့လက်ထဲထည့်ဖို့ပါ တောင်းဆိုတာပါ။ အဲတော့ Leo ကမပေးဘူးပေါ့။ Leo ရဲ့ အယုံကြည်ရဆုံး Tom ကတော့ တခြားဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို စိတ်ကွက်အောင်လုပ်ဖို့ထက် Bernie ကိုပေးလိုက်ဖို့ အကြံပေးပါတယ်။ အဲလိုနဲ့ Tom တစ်ယောက် ဂိုဏ်းနှစ်ဂိုဏ်းကြားက ပါဝါဘက်ညီမှု ပြိုပျက်သွားတာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြရမှာပါ File size…(1.9 GB)/(900 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre...Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

Action • Thriller
7.5 1990 115 mins
Miller's Crossing
Amsterdam
6.1

ဒီရုပ်ရှင်ကတော့ ပထမကမ္ဘာစစ်အပြီး အမေရိကန်ရဲ့ နာမည်ကျော် ဖြစ်ရပ်မှန် အရှုပ်တော်ပုံ အမှုကြီးတစ်ခုအကြောင်းကို ရိုက်ကူးထားတာပါပဲ။ ဘာဖြစ်ရပ်မှန်လဲဆိုတာတော့ ကြိုမပြောပြတော့ပါဘူး။ စုံထောက်ကားဆန်ဆန်ဖြစ်လို့ ပဟေဠိတွေ ကြိုသိမသွားအောင်ပါ။ ပါဝင်ထားတာကတော့ နာမည်ကြီးသရုပ်ဆောင်များလွန်းလို့ ဘယ်သူက စပြောရမလဲတောင်မသိပါဘူး။ အဆိုတော် တေလာဆွစ်ပါ ပါလိုက်ပါသေးတယ်။ ခေါင်းဆောင်မင်းသားက ခရစ်ရှန်ဘေး၊ မင်းသမီး မာဂေါ့ရော်ဘီ၊ ဂျွန်ဒေးဗစ်ဝါရှင်တန်၊ အာညာ တေလာဂျွိုင်း၊ ခရစ်စ် ရော့ခ်၊ တေလာဆွစ်၊ ရာမီမာလက်ခ် တို့ပါပါတယ်။ ဒါပေမဲ့ ရုံတင်တော့ အရှုံးပေါ်ထားပါသေးတယ်။ ၉၇ သန်းလောက်ကို ရှုံးတာပါ။ ဝေဖန်ရေးဆရာတွေကတော့ ဒီဇိုင်းတွေ၊ သရုပ်ဆောင်တွေကို အရမ်းချီးကျူးထားပါတယ်။ ဒါရိုက်တာရဲ့ ဇာတ်ညွှန်းနဲ့တင်ဆက်ပုံကို မကြိုက်ကြလို့ဖြစ်သွားတာပါ။ ဘာပဲပြောပြော ဒီလူတွေစုပြီး သရုပ်ဆောင်ထားတာနဲ့တင် ကြည့်လို့တန်ကိုတန်လွန်းတဲ့ ရုပ်ရှင်ဖြစ်နေပါပြီ။ ဇာတ်လမ်းအကျဉ်း ဘတ်ထ် ဘရန်ဆန်ဟာ စစ်ပြန် ဆရာဝန်တစ်ယောက်ပါ။ ဆေးခန်းတစ်ခုဖွင့်ပြီး စစ်ပြန်ရဲဘော်တွေကို ကူညီပေး၊ ကုသပေးနေတဲ့သူပါ။ ဒါပေမဲ့ ဆေးတွေမျိုးစုံစမ်းသပ်နေတဲ့အတွက် ဆေးကောင်စီက ခဏခဏ သတိပေးခံနေရတဲ့သူပါပဲ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း စစ်ပြန်ကြီးကတော့ ဟာရိုးဝုမန်းဖြစ်ပြီး ရှေ့နေအဖြစ် သူနဲ့အတူ ၁၀ နှစ်ကျော်အလုပ်တွဲလုပ်နေခဲ့တာပါ။ သူတို့ရဲ့ အချစ်ဆုံးသူငယ်ချင်း သူနာပြု ဗယ်လာရီအဖြစ် မာဂေါ့ရော်ဘီက သရုပ်ဆောင်ထားပါတယ်။ ရာမီမာလက် နဲ့  အာညာတို့အတွဲကတော့ အရေးပါတဲ့ ဇာတ်ကောင်လင်မယားနှစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ တစ်နေ့မှာ ရှေ့နေ ဟာရိုးကို ဗိုလ်ချုပ်ဟောင်းကြီးတစ်ယောက်ရဲ့ သမီးက အမှုအပ်လာတယ်။ သူ့အဖေ ဗိုလ်ချုပ်ဟောင်း ဘေလ်မီးကင်းစ်သေဆုံးမှုကို စုံစမ်းဖို့ပါပဲ။ ဒါပေမဲ့ အဲဒီအမှုက ထင်သလို လူသေမှုလား လူသတ်မှုလား ခွဲရုံတင်မကဘဲ နိုင်ငံနဲ့ချီတဲ့ အရှုပ်တော်ပုံကြီးဖြစ်လာတဲ့အခါ.... File size…(1.5 GB)/(888 MB)/( Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Comedy, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Family • Fantasy
6.1 2022 134 mins
Amsterdam
Panama
5.2

ကြမ်းပေ့ဆိုတဲ့ အက်ရှင်တွေ ကြိုက်တဲ့ CM ပရိသတ်ကြီးတို့အတွက် မင်းသားကြီး Mel Gibson ပါ၀င်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Iran-Contra အရေးအခင်းချိန်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းမှာ Gibson ကတော့ အမေရိကန် ကာကွယ်ရေးဌာနက ကန်ထရိုက်တာတစ်ဦးပါ။ ဒီအရေးအခင်းမှာ Contra တို့ဘက်ကို ပနားမားအခြေစိုက် အမေရိကန် ခံတပ်က စီအိုင်အေအကူအညီနဲ့ လက်နက်တွေ ထောက်ပံ့နေတာပါ။ ဒါပေမဲ့ ထုတ်ပြန်ချက်တစ်ခုကြောင့် လက်နက်ထောက်ပံ့ဖို့ မဖြစ်နိုင်တော့ချိန်မှာ တခြားနည်းလမ်းတစ်ခုကို စဉ်းစားရပါတော့တယ်။ ဒီမစ်ရှင်အတွက် ပထမဆုံး တာ၀န်ကတော့ ဆိုဗီယက် ရဟတ်ယာဉ်တစ်စင်း၀ယ်ပြီး တစ်ဖက်ကို ပို့ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ ဒီတာ၀န်အတွက် တပ်ဖွဲ့၀င်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျိမ်းစ် ဘက်ကာဆိုသူကို ရွေးချယ်လိုက်ပါတယ် သူဟာ သိပ်ကို ခေါင်းမာပြီး ထင်ရာစိုင်းတတ်သူမျိုးမလို့ တာ၀န်သာပေးရတယ် ခပ်လန့်လန့်ဆိုသလိုမျိုးပါ။ သို့ပေမဲ့ မစ်ရှင်အတွက် အသင့်တော်ဆုံးသူက သူဖြစ်နေတဲ့အခါ ဘက်ကာ့ကို ပနားမားကို လွှတ်ပြီး တာ၀န်ထမ်းဆောင်စေပါတော့တယ်။ တာ၀န်ထမ်းဆောင်ရင်းနဲ့မှ ပနားမားအတွင်း ယူအက်စ် ကျူးကျော်မှုကိစ္စမှာ ဘက်ကာတစ်ယောက် ၀င်ပါမိတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ရဟတ်ယာဉ် မစ်ရှင်ကရော အောင်မြင်မလားဆိုတာ ကြည့်ရှုပေးကြပါဦး အညွှန်းကတော့ Yoon Sandi Aung ဖြစ်ပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Action, Thriller Quality….WEB-DL 1080p and 720p and 480p File size…1.3GB and 682MB and 344MB Format…mp4 Duration….1h 34min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder ..... August

Horror • Thriller
5.2 2022 100 mins
Panama
Maayon
7

Maayon (2022) IMDb-6.5/10 ရှေးဟောင်းဘုရားကျောင်းကြီးတစ်ခုထဲမှာ လူတွေဘုရားဝတ်ပြုနေကြပြီးဘုရား‌ကျောင်းရဲ့ ကြောက်မက်ဖွယ်ရာထူးခြားမှုကြောင့် နေဝင်ရင် အဲဒီ‌ဘုရားကျောင်းကြီးထဲ ဘယ်သူမှ မနေရဲကြတာမို့ လူတွေအားလုံးက အိမ်ပြန်ဖို့လုပ်နေကြတယ်။ ဘုန်းကြီးငယ်တစ်ပါးကတော့ ညမိုးချုပ်ရင် ဒီဘုရားကျောင်းကြီးထဲ ဘာတွေဖြစ်မလဲသိချင်တာကြောင့် အားလုံးပြန်သွားကြပေမဲ့ မပြန်ဘဲ ဘုရားကျောင်းကြီးထဲမှာ နေခဲ့ပြီး အဲဒီဘုန်းကြီး ထူးထူးဆန်းဆန်း သေသွားတဲ့ မြင်ကွင်းနဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။ တစ်ဖက်မှာတော့ အဓိကဇာတ်ဆောင်အာဂျွန်ဟာ ရှေးဟောင်းပစ္စည်းတွေကို ရှာဖွေထိန်းသိမ်းတဲ့အစိုးရအဖွဲ့အစည်းက ရှေးဟောင်းသုတေသနအဖွဲ့ဝင် တစ်ယောက်ဖြစ်သလို အဲဒီပစ္စည်းတွေကို တရားမဝင်ရောင်းတဲ့ မှောင်ခိုအဖွဲ့ကကြံရာပါလူလည်း ဖြစ်နေပြန်ပါတယ်။ ရှေးဟောင်းပစ္စည်းမှောင်ခိုဂိုဏ်းခေါင်းဆောင်က တန်ဖိုးကြီးရှေးဟောင်းဆင်းတုတစ်ဆူကို လိုချင်တာကြောင့် ‌အာဂျွန်နဲ့ သူ့ရဲ့ကြံရာပါဖြစ်တဲ့ အထက်လူကြီး ဒေဝရာ့ဂ်ျတို့ဟာ ခုနက ကြောက်စရာဘုရားကျောင်းကြီးထဲက အဖိုးတန်ဆင်းတုကို ရှာဖို့ကြံစည်ကြပါတော့တယ်။ နေဝင်ရင်တောင် လူတွေမသွားရဲတဲ့ ‌ဘုရားကျောင်းထဲကရှေးဟောင်းဆင်းတုကို ယူဖို့ကြိုးစားရင်း အာဂျွန်တို့တွေ ဘယ်လိုထူးခြားဆန်းကြယ်တဲ့ အန္တရာယ်တွေနဲ့တွေ့မလဲ ၊ နောက်ပြီး အဓိကဇာတ်လိုက်ကျော်အာဂျွန်ကရော တကယ့်ရှေးဟောင်းသုတေသနပညာရှင်အဖြစ်နဲ့ပဲ‌ ပြန်နေသွားမလား ၊မှောင်ခိုလုပ်ပြီး စီးပွားရှာတဲ့ နိုင်ငံရဲ့ သစ္စာဖောက်အဖြစ်နေသွားမှာလားဆိုတဲ့မေးခွန်းတွေရဲ့ အဖြေတွေကိုသိဖို့ ကြည့်လိုက်ကြရအောင်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH~Aditi~Moon~Vတို့ပဲ ဖြစ်ပါတယ်) File size… 2.22GB / 972MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by YH~Aditi~Moon~V

7 2022 130 mins
Maayon
Uncut Gems
7.1

ကျောက်ရိုင်းတုံး သို့မဟုတ် မသွေးရသေးတဲ့ ကျောက်ပေါ့ ဒီကျောက်တစ်တုံးပတ်မွှေတာနဲ့တင် တိုင်လည်နေတဲ့ကျွန်တော်တို့ရဲ့ဇာတ်လိုက်​ကျော် ဟော၀ပ်ရပ်တနာ Click ကားနဲ့နာမည်ကြီးခဲ့တဲ့ မင်းသားကြီးAdam Sandler ကိုမြင်ရမှာပါ အဲ့ဘဲကြီးကားတွေဆိုကတည်းက လုံး၀ ပြဿနာပေါင်းစုံနဲ့ မရိုးရတဲ့ကား တွေပဲဖြစ်တယ်ဆိုတာကို အားလုံးလည်း သိကြမှာပါ...ဒီကားမှာလည်း တချိန်လုံးပြဿနာတက် ကွိုင်တက်တိုင်တွေပတ်နေတာကိုမြင်ရမှာပါ ... လက်၀တ်ရတနာဆိုင်ရှင်ဟော၀ပ်ရပ်တနာတစ်ယောက် အီသီယိုးပီးယားက ရောင်ပြေးရွဲကျောက် လေးတစ်လုံးရလာချိန် အဲ့ကျောက်နဲ့ဘယ်လိုတွေ အရှုတ်အထွေးတွေ ဖြစ်မလဲကြည့်ရမှာပါ.....ကြည့်ရင်းကြည့်ရင်း ကိုယ်တိုင်ပါ တိုင်ပတ်သလိုဖြစ်လာပါလိမ့်မယ်... လောင်းကစားဝါသနာအိုးကြီးဖြစ်တဲ့ဟောဝပ် အိမ်ထောင်ရေးလူမှုရေးနဲ့စီးပွါးရေး သုံးရပ်လုံး မှာပြဿနာအလီလီတက် သူ့ကိုဆိုဘယ်သူမှမယုံကြည်ချင်ဖြစ်လောက်အောင် ကံကလဲမျက်နှာ သာမလိုက်ခဲ့ပါဘူးမျက်နှာသာလိုက်တဲ့ခါကျပြန်တော့လဲ မမျှော်လင့်ထားတဲ့ဘယ်လို ကိစ္စတွေထပ် ဖြစ်မလဲကတော့ပရိတ်သတ်ကြီးကိုယ်တိုင်ပဲကြည့်ကြည့်ပါ IMDbမှာ8ရထားပြီး RottenTomatoesမှာ93%နဲ့လတ်လတ်ဆတ်ဆတ်ကြီးဆိုတော့ ဘ၀မှာအမြဲအဆင်ပြေနေတဲ့ CM ပရိတ်သတ်တွေအနေနဲ့ ရသမြောက်စွာ အရှုတ်အထွေး တွေပြည့်နေတဲ့ ဒီကားကို လွန်စွာမှ သဘောကျလိမ့်မယ်လို့ ညွှန်းဆိုလိုက်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing နဲ့ Aye Mon Kyaw တို့ပဲဖြစ်ပါတယ်.... File Size : (1.04 GB) and (409 MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Crime,Drama,Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Hein That Naing & Aye Mon Kyae Encoded by Phyo Pyae

Comedy • Drama
7.1 2019 136 mins
Uncut Gems
Your Name.
8.5

ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်... ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီး Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ... ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ... ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်...တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေး တာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြို့လေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတို့ဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့... အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်... ဒါကို သူတို့တွေက အိပ်မက်လို့ ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်.. ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲ သူတို့နှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့.... ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်... မြင်အောင်ပြောပြရရင် အခုလက်ရှိ ပစ္စုပန်အချိန်နဲ့ ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ... ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ... ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ ဒီဇာတ်ကားလေးက ကျွန်တော်တို့ကို တစ်ခုပြောသွားသေးတယ်ခင်ဗျ "မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖို့လွယ်ပေမယ့် နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ" ကျွန်တော်တို့ ဘဝမှာလည်း နှလုံးသားထောင့်တစ်နေရာက တစ်ယောက်သောသူဆိုတာမျိုး ရှိနေတုန်း ရှိနေနိုင်သေးတယ်မဟုတ်လား?? ဦးနှောက်က မေ့သွား/မေ့ထား ပေမယ့် အဖြစ်အပျက်လေးတစ်ခုလောက်က ရင်ကိုလှိုက်ခနဲဖြစ်စေခဲ့တာမျိုးပေါ့... ဒီကားရဲ့ဇာတ်ဝင်တေးတွေကလည်း ကောင်းမွန်ပြီး လှပတဲ့ အန်နီမေးရှင်း ပြကွက်တွေနဲ့ ဆွဲဆောင်ထားတာကို ခံစားရမှာပါ.. ကဲ အညွှန်းကလည်း နည်းနည်းရှည်သွားပြီမို့ ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း တစ်နေ့တာကို အရသာရှိရှိဖြတ်သန်းလိုက်ကြရအောင် (ဒါနဲ့ ဒီဇာတ်ကားထဲမှာ The Garden Of Words (2013) ဇာတ်ကားထဲက ဆရာမ ယူကာရီ က cameo အနေနဲ့ ပြန်လည်ပါဝင်ပါသေးတယ်.. ဒါ့အပြင် အခု Your Name ထဲက ဇာတ်ကောင်တွေဖြစ်တဲ့ တကိ..မိဆုဟ..ယော့ဆုဟ..တက်ရှီ..ဆယက တို့တတွေလည်း Weathering With You (2019) မှာ cameo အဖြစ် ပြန်လည်ပါဝင်ကြပါသေးတယ်.. သေချာလေးကြည့်ကြနော် ?...ကဲ ခံစားကြည့်ရှုလိုက်ကြပါဦး) File Size :  1.49 GB Quality : Bluray 1080 (5.1) Running Time : 1hr 46minutes Format : Mp4 Genre : Animation, Drama, Fantasy Translated By Ye Kyaw Htet & Mko Encode By YK

Drama • Mystery • Sci-Fi & Fantasy
8.5 2016 106 mins
Your Name.
An Autumn’s Tale
7.6

An Autumn’s Tale ( 1987 ) ================== IMDb Rating 7.6/10 An Autumn’s Tale ဟာ Hong Kong Film Awards ကနေပြီး ဟောင်ကောင် , ထိုင်ဝမ် နဲ့ ပြည်မ သုံးခုလုံးက ကားကောင်းတွေကို အကုန်လုံးကို Best 100 Chinese Motion Pictures ဆိုပြီး စာရင်း လုပ်ထားတဲ့အထဲ နံပါတ် ၄၉ ချိတ်ထားတဲ့ရုပ်ရှင်။ 49 လို့ဆိုပေမဲ့ ဒီကားကရိုမန့်ကားစစ်စစ် အဲဒီစာရင်းထဲ သူ့အထက်ကရှိနေတဲ့ ရိုမန့် ကားစစ်စစ်တွေက Comrades: Almost a Love Story , Chungking Expressနဲ့ Days of Being Wildပဲရှိတယ်။ ရိုမန့်ကားတွေပေါပေမဲ့ ရိုမန့်ကားကို မာစတာပိစ်ကားဖြစ်အောင် ရိုက်ဖို့ဆိုတာလည်း အခက်ဆုံး လို့တောင်ပြောချင်ပြောလို့ရတယ်မလား။ ဒီရုပ်ရှင်က အပေါ်က သုံးကား လုံးထက် ရှေးကျသလို အပေါ်ကကားတွေထက်လည်း ရိုမန့်အငွေ့အသက် စစ်စစ်ကိုတော့ ရတယ်။ ပိုသာတယ်လို့ ဆိုလိုတာတော့မဟုတ်ဘူးပေါ့။ An Autumn’s Taleဟာ Mabel Cheung ရဲ့ “migration trilogy”ထဲက ဒုတိယကားပါ။ Mabel Cheungဟာ အဲဒီကားသုံးကားလုံးကို ရေးသား ရိုက်ကူးခဲ့ပြီး သုံးကားလုံး ဇာတ်ညွှန်းဆုတွေရထားသလို ဟောင်ကောင် best picture တွေ ဘာတွေလည်းရထားပါတယ်။ An Autumn’s Tale ကတော့ ဒီသုံးကားထဲက အကောင်းဆုံးလို့ ယူဆလို့ရတဲ့ကားဖြစ်သလို Best Film, Best Cinematography , Best Screenplayဆုတွေရခဲ့ ပါတယ်။ ဒီထဲက မင်းသားကလည်း ဟောင်ကောင်ရဲ့ သက်ရှိထင်ရှား Legend အစစ်ကြီး သရုပ်ဆောင်စွမ်းရည်ရော Personality ရော ဘာမှအပြစ်ပြော စရာမရှိတဲ့ ချောင်ယွန်ဖတ် ။ ဒီကားထဲ သူ့ပုံစံလည်းပေါ်သလို ငပေငတေပုံနဲ့လည်း လိုက်အောင်သရုပ်ဆောင်ပြခဲ့ပေမဲ့ ဒီကားနဲ့တော့ သူ့ best actor ဖြစ်မသွား ခဲ့ပါဘူး။ ဘာလို့ဆို အဲဒီတစ်နှစ်တည်းမှာတင် သူကားသုံးကားနဲ့ best actor ဆုကို ဆန်ခါတင်ဝင်ခဲ့လို့ပါပဲ။ ဒီကားရယ် Prison on Fireရယ် City on Fire ရယ်ပါ။ Prison on Fireနဲ့ ရသွားပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Best of Chow Yun Fatလို့ ပြောကြပါတယ်။ မင်းသမီးဖြစ်တဲ့ Cherie Chung ကလည်း ဆန်ခါတင်တော့ ဝင်ခဲ့ပါတယ်။ သူ့ကိုတော့ သိပ်မရင်းနှီးလောက်ပေမဲ့ ချောင်ယွန်ဖတ်နဲ့ ကားတော်တော်များများရိုက်ခဲ့ပြီး။ မကြာသေးခင်က တင်ခဲ့တဲ့ လတ်စလီချောင်ရဲ့ Fatal love နဲ့ Once a thief ထဲ အဓိကဇာတ်ကောင်အဖြစ် ပါခဲ့ပါတယ်။ အစအဆုံး အမေရိကန်မှာပဲ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး မန်ဟက်တန်တံတား , ဘရွတ်ကလင်းတံတား , ဝီလီယမ်ဘာ့ချ်တံတား ,နယူးယောက်တရုတ်တန်းတို့လို နေရာတွေမှာ ရိုက်ကူးခဲ့ပါတယ်။ စီနီမာတိုဂရပ်ဖီ ဆုရထားတဲ့ကားပီပီသသပဲ ဇာတ်ဝင်ခန်းအများစုက တော်တော်လှပါတယ်။ အထူးသဖြင့် ချောင်ယွန်ဖတ်ရဲ့ ဖိုသီဖတ်သီ ကြေကွဲစုတ်ပြတ်နေတဲ့ ရုပ်ကလပ်ကြီးနဲ့ တွဲရိုက်ပြထားတဲ့ အခါတွေ မှာပေါ့။ ဒီရုပ်ရှင်ရဲ့ Iconic Scene ကတော့ မြန်မာဝတ္တုတိုတစ်ခုထဲတောင် ဖတ်ဖူးတဲ့ အခန်းနဲ့ခပ်ဆင်ဆင်ပါပဲ။ အဲဒီဝတ္တုထဲက အခန်းကို သိပ်တော့မမှတ်မိတော့ပေမဲ့ ဘာပစ္စည်းတွေလဲတော့ သေချာမမှတ်မိတော့ပေမဲ့ အကျဉ်းဖျဉ်းက ကောင်လေးက နာရီကြိုးအသစ်လဲချင်တယ်။ ကောင်မလေးက ကလစ်လားမသိလိုချင်တာထင်ပါ တယ်။ နောက်ကျ ကောင်လေးက နာရီစက်ကိုရောင်းပြီး ကလစ်ပေး၊ ကောင်မလေးက ဆံပင်ရောင်းပြီး နာရီကြိုးပေးတာလားတော့ မသိဘူး။ ဒီထဲက Iconic Scene ကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီအခန်းကိုမှ ချောင်ယွန်ဖတ်ရဲ့ acting နဲ့ပေါင်းလိုက်တော့ တော်တော်လေး ထိတဲ့ ဇာတ်ဝင်ခန်းအဖြစ်အသက်ဝင်သွားတာပါပဲ။ ရိုမန့်ကားတွေ ကြိုက်တတ်ရင်တော့ ဒီကားဟာ အနှစ်နှစ်အလလ လှည့်မကြည့်ဖြစ်ခဲ့တဲ့ စာအုပ်စင်ပေါ်က ချောင်အကျဆုံးနေရာက စာအုပ်ထဲ ပြန်တွေ့လိုက်ရတဲ့ အချစ်ဦးရဲ့ ဓာတ်ပုံဟောင်းတစ်ပုံလို ဖြစ်နေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(2.34 GB) / (930 MB) / (531 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 38mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….WiRa Aung Encoder……….SWM

Comedy
7.6 1987
An Autumn’s Tale
Dream Wedding
5.6

Dream Wedding (2023) ================== ဇာတ်လမ်းကတော့ ရည်းစားမရှိဘဲ ဒေါ်လာ ၁ သိန်းတန် မင်္ဂလာပွဲကြီး ကံထူးသွားတဲ့အပျိုကြီး မမ အကြောင်းပါ။ မင်္ဂလာခန်းဝင်ပစ္စည်းတွေ ရောင်းတဲ့ အရောင်းပွဲတော်ကို ကိတ်နဲ့မီဂန်တို့ ညီအစ်မနှစ်ယောက် ရောက်လာကြပါတယ်။ နှစ်ပတ်နေရင် မင်္ဂလာဆောင်တော့မယ့် ညီမ ဖြစ်သူ မီဂန်အတွက်ဝယ်ဖို့ ခြမ်းဖို့ ရောက်လာကြတာပါ။ ကိတ်ကတော့ ညီမကို အဖော်လိုက်ပေးတဲ့ အပျိုကြီးမမပါ။ အရောင်းပွဲတော်မှာ မင်္ဂလာ ဆောင်ဖက်ရှင်ရှိုးပွဲအပြင် မင်္ဂလာဆောင်မယ့် စုံတွဲတွေကို ဒေါ်လာ (၁) သိန်းတန် အိပ်မက်၊ မင်္ဂလာပွဲကြီးမဲဖောက်ပေးမယ့် အစီအစဉ်လည်း ရှိနေပါတယ်။ အဲဒီမှာပဲ လက်သွက်ခြေသွက် မီဂန်က စိတ်မြန်လက်မြန်နဲ့ ကံစမ်းမဲထဲမှာ ကိတ်ရဲ့နာမည်ကို ထည့်လိုက်ပါတော့တယ်။ ထောင်ချီတဲ့ လူတွေထဲမှာ ကံထူးနိုင်ချေ မရှိဘူးဆိုပြီး ထည့်လိုက်ပေမဲ့ ကံကောင်းတာလား ကံဆိုး တာလား ပြောလို့ မရအောင်ကိုကံထူးရှင်ကြီး ဖြစ်သွားပါတော့တယ်။ အဲဒီနောက်မှာတော့ ဒေါ်လာ ၁ သိန်းတန် မင်္ဂလာပွဲကြီးရဲ့ ခံစားခွင့်တွေကို ခံစားနိုင်ဖို့ ကိတ်နဲ့ မီဂန်တို့ ဘယ်လိုတွေ ကြံဖန်ကြမလဲဆိုတာတော့ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size……….(1.71 GB) / (759 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 49Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Roman Nox Encoder……….SWM

Horror • Comedy • Drama • Thriller
5.6 2023 90 mins
Dream Wedding
Get Him to the Greek
6.3

2011 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း….. အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre…Adventure, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

6.3 2010
Get Him to the Greek
Cabin Fever 2: Spring Fever

Cabin fever 2 မှာဆိုရင်လည်း Cabin fever series တို့ရဲ့ ထုံးစံအတိုင်း ကူးစက်ရောဂါ ကူးစက်မှုအပေါ်ဇာတ်လမ်းအခြေတည်၍ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ အထက်တန်းကျောင်းပြီးဆုံးခါနီးမှာ အထက်တန်းကျောင်းသားတိုင်း ကိုယ်စီအတွဲများနှင့် ရင်ခုန်စွာတက်ရောက်ရတဲ့အထက်တန်းကျောင်း အိမ်မက်ဖြစ်တဲ့ကျောင်းကပွဲကို ကူးစက်ရောဂါကျရောက်လာပြီးနောက်မှာ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများ ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဒီအိမ်မက်ဆိုးရောဂါကြီးကရော ဘာရောဂါလဲ၊ ဘယ်သူတွေအသက်ရှင်လွတ်မြောက်နိုင်မလဲကို စောင့်စားကြည့်ရှူရမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…(1.7 GB)/(917 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2009
Cabin Fever 2: Spring Fever
The Motorcycle Diaries
7.7

ဒီဇာတ်ကားက အော်စကာဆု ၁ဆု နဲ့ တခြားဆုပေါင်းများစွာသိမ်းပိုက်ထားတဲ့ ဇာတ်ကားတစ်ခု။ ဆုတွေအများကြီးသိမ်းပိုက်ရအောင်လည်း ထိုက်ထိုက်တန်တန်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။ ဇာတ်လမ်းဆိုတာထက် ဖြစ်ရပ်မှန် Documentaryနဲ့ ပိုတူတယ်လို့ပြောရမယ်။ မြန်မာပြည်မှာလည်း ရဲဘော်ချေဆိုပြီး လူသိများကြတဲ့ ကျူးဘားတော်လှန်ရေးမှာ လူသိများတဲ့တော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားရဲ့ တော်လှန်ရေးစိတ်ကို သန္ဓေတည်ပေးလိုက်တဲ့ ခရီးစဉ်အကြောင်းရိုက်ထားတာလို့ ပြောမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ အဲနက်စ်ဒိုဂွေဗားရားက နောက်ဆုံးနှစ်ဆေးကျောင်းတက်နေတဲ့ အသက်နှစ်ဆယ်ကျော်ကောင်လေးတစ်ယောက် ရင်ကြပ်ရောဂါအခံလည်းရှိသူ မိဘများကလည်းအလိုလိုက် ဂရုစိုက်ခံထားရတဲ့ လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ လူငယ်လေးတစ်ယာက်။ အဲဒီလူငယ်လေးက အဲဘက်တိုလို့ခေါ်တဲ့ သူ့မိတ်ဆွေနဲ့ တိုက်ကြီးအနှံ့ခရီးထွက်ပြီးမိတ်ဆွေဖြစ်သူရဲ့ အသက်သုံးဆယ်ပြည့်နှစ်ကို ဗင်နီဇွဲလားမှာ ကုန်ဆုံးကြမယ်ဆိုပြီး စိတ်ကူးနဲ့ ဆိုင်ကယ်တစ်စီးနဲ့ခရီးနှင်လာကြပါတယ်။ ခရီးစဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ကိုယ့်မြေကိုယ့်ရေမှာ နေစရာပျောက်ကြရတဲ့တိုင်းရင်းသားတွေကို မျက်ဝါးထင်ထင်မြင်ပြီးနောက်မှာ ထိုလူငယ်လေးရဲ့အတွေးအမြင်တွေ တဖြည်းဖြည်းပြောင်းလာပါတယ်။ခရီးတစ်လျောက်လုံးမှာလည်း ဘယ်လိုအခက်အခဲနဲ့ကြုံကြုံ သူတစ်ပါးဒုက္ခရောက်အောင် မလုပ်တတတ်ပဲ အမှန်ကိုပဲပြောတတ်တဲ့သူ အနာကြီးရောဂါသည်တွေကိုလည်း မခွဲခြားပဲဂရုဏာနဲ့ဆက်ဆံတဲ့ အဲနက်စ်ဒိုဂွေဗားရားကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံပြီး တစ်နိုင်ငံကူးရင်းနဲ့ ရာသီဥတုရေမြေကွာခြားပုံတွေကိုလည်း လှလှပပရိုက်ကူးထားပြီး ဇာတ်လမ်းတစ်ပုဒ်လုံးကို ငြိမ့်ငြိမ့်လေးနဲ့ဆွဲခေါ်သွားပြီး တွေးစရာအပြည့်ထားခဲ့မယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(2.6 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:06:00 Genre…Adventure, Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

7.7 2004
The Motorcycle Diaries
Star Wars: Episode IV – A New Hope
8.6

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode IV – A New Hope (1977) ဒီရုပ်ရှင်ဟာ StarWars ရုပ်ရှင်တွေရဲ့ ပထမဆုံးထွက်ရှိခဲ့တဲ့ ကားပါ။ StarWars ပထမဆုံး ၃ ကားရဲ့ ပထမဆုံးအပိုင်းဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းအရဆိုရင်တော့ StarWars I II III အပြီး Jedi တွေ ပျောက်ကွယ်သွားချိန် အင်ပါယာ အာဏာရလာချိန်ကာလပဲ ဖြစ်ပါတယ်။ Rogue One ရဲ့ နောက်ဆက်တွဲကာလကို ပြသထားပါတယ်။ Rogue One ရဲ့ နောက်ဆုံးမှာ DeathStar ရဲ့ ပုံစံတွေကို မင်းသမီးလိုင်ယာဆီ ပို့ခဲ့ပြီးနောက်မှာ မင်းသမီးထွက်မပြေးနိုင်ခင် ဖမ်းမိသွားခဲ့ရာက စပါတယ်။ StarWars နောက်ထွက်ကားတွေမှာ CGI တွေ ဘယ်လိုပဲ ကောင်းကောင်း၊ ဘယ်လိုပဲ ခေတ်မှီမှီ StarWars ဖန်တွေအတွက်တော့ ပထမဆုံး ၃ ကားဟာ Classic ပါပဲ။ ဒီဦးဆုံးရုပ်ရှင်တွေရဲ့ ဒိုင်ယာလော့ခ်တွေဟာလည်း ယခုချိန်ထိ ကျော်ကြားဆဲဖြစ်ပြီး နောက်ပိုင်း ရုပ်ရှင်ပေါင်းများစွာမှာ reference အဖြစ်ပြန်လည်အသုံးပြုခံနေရတာပါပဲ။ ဒါ့အပြင် မင်းသမီးလိုင်ယာ နဲ့ ဟန်ဆိုလို တို့ရဲ့တွဲဖက်ညီမှုဟာ အနာကင်စကိုင်းဝေါ်ကာ နဲ့ ပါ့ဒ်မီ တို့ထက် အများကြီးသာလွန်တယ်လို့ မြင်မိပါတယ်ဗျာ။ ခံစားနိုင်ပါပြီ။

Horror • Thriller
8.6 1977 121 mins
Star Wars: Episode IV – A New Hope
Wishes of the Blue Girl