YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Hypnotic Duel (2024) 720p WEB-DL CM.mkv

678.97 MB N/A video/x-matroska 74 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Raincoat
7.1

ဒိဇာတ်ကားလေးကတော့ ကမ္ဘာ့အလှဆုံးမင်းသမီးတစ်ယောက်လို့ တင်စားခံရတဲ့ အက်ရှ်ဝါးရိယားရွိုင်နဲ့ မင်းသားကြီး အာဂျေးဒေ့ဗ်ဂန်းဒ်တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကားဖြစ်ပြီး IMDb ratingကလည်း 7.7အထိ ရရှိထားပါတယ်။ ဇာတ်လမ်း အကျဉ်း မာနိုးဂ်ျနဲ့ နီရူးတို့ဟာ တစ်ချိန်က တစ်ယောက်နဲ့ ‌တစ်ယောက်ချစ်ခင်စုံမက်ခဲ့ကြတဲ့ သမီးရည်းစားတွေ ဖြစ်ကြပါတယ်။ တစ်နေ့မှာတော့ နီရူးဟာ ပစ္စည်းဥစ္စာ ပေါကြွယ်ဝတဲ့သူတစ်ယောက်နဲ့ လက်ထပ်တော့မှာဖြစ်ကြောင်းနဲ့ သူ့ကို မေ့လိုက်ဖို့အတွက် မာနိုးဂ်ျကို ဖွင့်ပြောလာပါတော့တယ်။ အချိန်အတော်အတန် ကြာပြီးတဲ့နောက်မာနိုးဂ်ျနဲ့ နီရူးတို့ ပြန်လည်ဆုံတွေ့ကြရာဝယ်.... လွမ်းစွတ်တမ်းတမှုတွေ နောင်တတွေနဲ့ ပြန်ဆုံကြရတဲ့သူတို့နှစ်ယောက်ရဲ့ ဘဝကဘယ်လိုတွေဖြစ်နေပြီလဲ ပြန်ရောပြောင်းလဲနိုင်ဦးမှာလား... အရမ်းနောက်ကျသွားပြီလား... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ... သရုပ်ပေါ်လွန်းလှတဲ့သူတို့ရဲ့ သရုပ်ဆာင်မှုတွေနဲ့ ရိုးရှင်းပြီး ထိရောက်တဲ့ဇာတ်လမ်းဇာတ်အိမ်တွေကြောင့် ကြည့်ဖူးသမျှ လူတွေမမေ့နိုင်တဲ့ဇာတ်ကားလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ်ပရိတ်သတ်များ လုံးဝ လက်မလွှတ်သင့်ပါကြောင်း... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။ File size…2.9GB / 830MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San ~ Intelligence ~ Soe Kalayar

Comedy • Drama • Fantasy
7.1 2004 120 mins
Raincoat
Prema Vimanam
9.8

Prema Vimanam (သို့) အိပ်မက်ဆီသို့ (2023) IMDb – 10/10 ကျွန်‌တော်တို့ရဲ့ ငယ်ဘဝအမှတ်တရတွေထဲမှာ သူငယ်ချင်း‌တွေ ရွယ်တူတွေ ဘာလုပ်လုပ် ဘာစားစား အိမ်ကိုပြန်ပူဆာရင်းနဲ့ အမေနားရွက်လိမ်ဆွဲတာခံရတာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီလိုတစ်ချိန်က အမှတ်တရတွေကို CMပရိသတ်တို့ ပြန်အမှတ်ရနိုင်ဖို့ Prema Vimanamဆိုတဲ့‌ Teluguရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်း ရာမူးနဲ့လာချူးတို့ညီအစ်ကိုဟာ ငွေကြေးမပြည့်စုံတဲ့ လယ်သမားကြီးအိမ်က ကလေးနှစ်ယောက်ပါ။ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့မိသားစုက ကလေးတွေပီပီ ဘောင်းဘီပြဲ‌ရင်တောင် မလဲနိုင်လေတော့ ရွယ်တူကလေးတွေလှောင်တာခံရတာပေါ့။ ဒီလိုနဲ့တစ်နေ့မှာ သူတို့ကစားနေကြအဖွဲ့ထဲက ဆာတစ်ရှ်ဆိုတဲ့ကလေးက လေယာဉ်ပျံကြီးစီးပြီး ဘုံဘေကိုသွားတယ်လို့ကြားလိုက်ချိန်မှာတော့ ဒီကလေးနှစ်ယောက် လေယာဉ်ပျံရူးစရူးကြပါတော့တယ်။ ဆန္ဒပြင်းပြနေတဲ့ သားနှစ်ယောက်ကိုကြည့်ပြီး သူတို့ရဲ့အိပ်မက်ကို အဖျက်တွေမပြောချင်တဲ့အဖေဖြစ်သူကလည်း သီးနှံအထွက်ကောင်းရင်သွားမယ်လို့ ပြောလိုက်တဲ့အခါ…. အိမ်အခြေအနေက လယ်ကိုကြွေးရှင်လက်အပ်ရမယ့်ဆဲဆဲဆိုပေမဲ့ ကလေးပီပီ ဘာမှမသိတဲ့ ရာမူးနဲ့လာချူးတို့ညီအစ်ကိုနှစ်ယောက် သူတို့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ဘယ်လိုကြိုးစားကြမလဲ။ တစ်ဖက်က မျိုးရိုးအဆင့်အတန်းကွာခြားချက်ကြောင့် ခိုးရာလိုက်ပြေးလာတဲ့ မာနီနဲ့အာဘီသာတို့စုံတွဲကလည်း လေယာဉ်စီးဖို့ဖြစ်လာတော့ ဒီအတွဲနဲ့ဒီကလေးတွေဆုံတွေ့ပြီး ဘယ်လိုအချိုးအကွေ့တွေဖြစ်လာမလဲ။ အိပ်မက်ကိုရှာတဲ့သူနဲ့ အချစ်ကိုရှာတဲ့သူတို့တွေ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျနိုင်မလားဆိုတာ ကျေးလက်အလှ ကျေးလက်ဓလေ့တွေကိုခံစားရင်း ကြည့်ရှုလိုက်ကြပါစို့လား။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood teamမှဖြစ်ပါတယ်) (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

Drama • History • Mystery
9.8 2023 146 mins
Prema Vimanam
Wanted
6.7

Wanted (2008) IMDb Rating (6.7) / Rotten Tomatoes (71%) တစ်ခုခုကို ဝေ့ဝိုက်ပစ်တော့မယ်ဆိုရင် Wanted ထဲကလိုလို့ ဆိုကြတဲ့အထိ Wanted ရုပ်ရှင်ကားကို ကျည်ဆံဝေ့ပစ်တဲ့ဇာတ်ကားအဖြစ်လူသိကြပါတယ်။ လူတိုင်းမှတ်မိကြတယ်ဆိုရအောင်လဲ တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေချည်းပဲကိုး။ Morgan Freeman , Angelina Jolie , James McAvoy, Chris Pratt တို့လိုသရုပ်ဆောင်တွေနဲ့ အထူးအဆန်းတော်ကီတွေနဲ့ အထူးအဆန်းဇာတ်လမ်းဇာတ်ကွက်နဲ့ တကယ့်အမှတ်ရစရာဇာတ်ကားပါပဲ။ ဇာတ်လမ်းကတော့…. Spoiler Alert…. ဝီစလေ ဂစ်(ဘ်)ဆင် [James McAvoy] ဆိုတဲ့ လူငယ်လေးဟာ ချီကာဂို မြို့ထဲက ကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှ မရှိတဲ့ စားရင်းကိုင် အလုပ်လေးတစ်ခုအတွက်နဲ့ သူတစ်ပါးကို ပေးထားတဲ့ လုပ်ခလစာနဲ့မတန်အောင် မတရားခိုင်းစေပြီး မိမိကိုယ်တိုင်ကတော့ ဘာအလုပ်မှမလုပ်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့လက်အောက်မှာ အလုပ်လုပ်ကိုင်ရပါတယ် တစ်နေ့မှာတော့ ဂစ်(ဘ်)ဆင် တစ်ယောက် သူ့ရဲ့အတူနေချစ်သူက သူ့အပေါ်သစ္စာမရှိပဲ သူရဲ့အခင်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့ ဖောက်ပြန်တာကြောင့် စိတ်အာရုံထွေပြားပြီး ခေါင်းကိုက်နေတာကြောင့် သူကိုယ်တိုင်အတွက်ခေါင်းကိုက်ပျောက်ဆေးနဲ့အတူ သူ့ချစ်သူအတွက် သန္ဓေတားဆေးပါ ဝယ်နေတဲ့အချိန် ဆေးဆိုင်လေးမှာ … ဖော့(စ်) [Angelina Jolie] ဆိုတဲ့ အမျိုးသမီး တစ်ယောက်နဲ့တွေ့ဆုံခဲ့တယ် ဖော့(စ်) က ဝီစလေရဲ့ဖခင် ကို သူမ သိကြောင်း ယမန် နေ့ညက သူ့အဖေ အသတ်ခံရကြောင်းနဲ့ သူ့အဖေကို သတ်တဲ့ လူသတ်တရားခံက သူ့နောက်ကို လိုက်နေကြောင်း ပြောပြပေမဲ့ သာမန် လူရိုးသားလေး ဂစ်(ဘ်)ဆင် အဖို့တော့ ဒီကိစ္စကြီးဟာ လက်မခံနိုင်စရာ ဖြစ်နေပါတယ် ဒီလိုနဲ့ ဖော့(စ်) ဟာ ဂစ်(ဘ်)ဆင် ကို အန္တရာယ်ကြားမှ ကယ်တင်ခဲ့ပြီး သူတို့စခန်းရှိရာကို ခေါ်သွားပါတယ် အဲ့ဒီနေရာမှာတော့ သူဟာ လျှို့ဝှက် အဖွဲ့အစည်းရဲ့ခေါင်းဆောင် ဆလိုအန် [Morgan Freeman] နဲ့တွေ့ဆုံခဲ့ရပြီး ဆလိုအန် က ဂစ်(ဘ်)ဆင် မှာလည်း သူ့ဖခင်လိုပဲ စွမ်းဆောင်ရည်များ ရှိကြောင်းပြောပြပြီး သူကိုယ်တိုင် သိရှိအောင်လည်း လက်တွေ့စမ်းသပ်ပြလိုက်ပါတယ် ဒါပေမဲ့ ဂစ်(ဘ်)ဆင် တစ်ယောက် လက်မခံနိုင်ပဲ ဒေါသတစ်ကြီးနဲ့ထွက်သွားရာမှ နောက်နေ့မှာတော့ သူပိုင်ဆိုင်ထားတဲ့ သာမန် လူနေမှုဘဝကို စွန့်ပစ်ပြီး လျှို့ဝှက်အဖွဲ့အစည်း နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ် လျှို့ဝှက်အဖွဲ့အစည်းကတော့ ဝီစလေ ရဲ့ပျော့ညံ့တဲ့ စိတ်ဓာတ်တွေကို သူတို့ရဲ့ရက်စက်ကြမ်းကြုတ်လှတဲ့ ပြန်လည်ပြုပြင်ရေးတွေနဲ့ စိတ်ဓာတ်ခိုင်မာလာအောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဝီစလေ ဟာ မြောက်မြားစွာသော စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပြီး သူကိုယ်တိုင်လည်း သူ့ဖခင်လို တိုက်ခိုက်ရေး သမားတစ်ယောက်ဖြစ်လာခဲ့ပါတယ် ဝီစလေ ဟာ အခက်အခဲများစွာထဲကမှ သူ့ရဲ့အသက်ကိုရင်းပြီး ဒဏ်ရာတွေအကြိမ်ကြိမ်ရရင်း စစ်ဆင်ရေး အောင်မြင်ဖို့သူတတ်စွမ်းနိုင်တာထက် ပိုပြီး သူ့ဘဝကိုပေးဆပ်ရင်း အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးခဲ့ပေမယ့် ဒီအဖွဲ့အစည်းရဲ့ နောက်ကွယ်က တကယ့်ဇာတ်ရုပ်မှန်ကိုသိရှိသွားတဲ့အခါမှာတော့…..။ (ရုပ်ရှင်အညွှန်းကို Carey Nyein မှ ရေးသားပြီး ဘာသာပြန်ကိုတော့ Garfield မှ တင်ဆက်ထားပါတယ်။)

Drama
6.7 2008 110 mins
Wanted
Universal Soldier II: Brothers in Arms
2.8

ဒီဇာတ်ကားက နာမည်​ကြီး Universal Soldier​ (1992) ရဲ့ နောက်​ဆက်​တွဲ​ရုပ်ရှင်ဖြစ်ပြီး ၁၉၉၈ မှာထွက်ရှိခဲ့ပါတယ်။ ရုပ်​သံ​လိုင်း​မှာထုတ်လွှင့်ဖို့ ရိုက်​ကူး​ခဲ့တဲ့ ဇာတ်ကား​ဖြစ်တာကြောင့် ၁၉၉၂ က မူလဇာတ်ကားက သရုပ်ဆောင်​တွေအစား အသစ်တွေထည့်သုံး​ထားပါတယ်။ ဒီဇာတ်လမ်းက ၁၉၉၂ က ရုပ်​ရှင်အပြီးမှာ ဇာတ်​အိမ်တည်ထားပါတယ်။ Luc နဲ့ သတင်း​ထောက်မလေး Veronica တို့ဟာ Luc ရဲ့မိဘတွေအိမ်မှာ ပုန်း​ရှောင်​နေကြဆဲဖြစ်ပြီး ယူနီဗာဆယ်စစ်သည်​ပရိုဂရမ်ကို အစိုးရက ငွေကြေး​မထောက်ပံ့တော့တာကြောင့် ကြေးစားတပ်အဖြစ်ရပ်တည်ဖို့ ဆုံး​ဖြတ်​လိုက်ပါတယ်။ တစ်ချိန်​တည်းမှာ လူရဲ့အစ်ကိုဖြစ်ပြီး စစ်ပွဲ​မှာကျဆုံးခဲ့သူ Eric ​ဟာ Universal စစ်သည်​တွေကို ဖန်တီး​နေတဲ့ရန်သူ့လက်ထဲမှာ အထိန်းသိမ်း​ခံထားရတာကိုသိတဲ့အခါ လုနဲ့ ဗရော်နီကာတို့အနေနဲ့ သူ့ကို​ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ တီဗွီမှာပြသဖို့ ရိုက်​ကူး​ထားတဲ့ဇာတ်ကားဖြစ်တာကြောင့် သရုပ်ဆောင်​အသစ်တွေသုံးထားပြီး လု နေရာမှာ မူရင်းသရုပ်ဆောင်သူ ဗန်ဒိန်း​အစား တခြား​တစ်ယောက်ကို​တွေ့နေရလို့ ဗန်ဒိန်း​ဖန်တွေအနေနဲ့ ကြည့်ရတာတစ်မျိုးတော့ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ Universal Soldier​ franchise ထဲမှာပါဝင်တဲ့ ဇာတ်ကားဖြစ်တာမလို့ Universal Soldier ရုပ်ရှင်​တွေကိုနှစ်သက်ရင် ကြည့်ရှုသင့်ပါတယ်။ ဒီဇာတ်ကားထွက်အပြီး နောက်​တစ်နှစ်အကြာ ၁၉၉၉ မှာ ထွက်ရှိ​ခဲ့တဲ့ Universal Soldier​ : The Return မှာမှ ဗန်ဒိန်း​က Luc အဖြစ်နဲ့ပြန်လာမှာဖြစ်ပါတယ်။ File size…(1.8 GB)/(950 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

2.8 1998
Universal Soldier II: Brothers in Arms
One-Percenter
6.3

အက်ရှင်ကားဆိုအစစ်အမှန်တွေကိုသုံးပြီးချပြချင်တဲ့ဆန္ဒရှိနေတဲ့ အက်ရှင်မင်းသား တာခုမာတိုရှီရိုတစ်ယောက် သူ့ရဲ့ရည်ရွယ်ချက်‌ကိုအကောင်အထည်ဖော်ဖို့အတွက်ကြိုးစားပုံစံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ‌ တိုရှီရိုက အက်ရှင်ကား‌တွေမှာ ကြိုးတွေ ကွန်ပျူတာအထူးတည်းဖြတ်မှုတွေကိုသုံးတာကို သဘောမတွေ့တာနဲ့အညီ သူကိုယ်တိုင် အက်ရှင်လောကကိုပြောင်းလဲဖို့ကြိုးစားပါတော့တယ်။ သိုင်းနည်းနာတွေ ၁၀ နှစ်ကျော်သင်ယူပြီးတဲ့နောက်မှာ အာခီရာဆိုတဲ့ သူ့အပေါ်လေးစားအားကျတဲ့တပည့်လေးတစ်ယောက်နဲ့ဆုံဖြစ်သွားတယ်။ အဲမှာပဲ တိုရှီရိုဟာ အာခီရာနဲ့အတူ သူ့အိပ်မက်ဖြစ်တဲ့ အက်ရှင်ကားစစ်စစ်ကိုဖန်တီးဖို့အတွက် ဆရာတပည့်နှစ်ယောက် လူမနေတဲ့ကျွန်းကြီးပေါ်မှာ ရုပ်ရှင်ရိုက်ကူးဖို့သွားလိုက်တဲ့အခါမှာ… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ ) File size_(1.3GB)/( 730MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing

Romance • Comedy
6.3 2023
One-Percenter
The Hateful Eight
7.8

The Hateful Eight (2015) IMDb Rating (7.8) / Rotten Tomatoes (75%) ဒီရုပ်ရှင်ကတော့ ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ နာမည်ကျော် ရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ သူရိုက်ခဲ့တဲ့ Pulp fiction, Kill Bill, Inglourious bastards, Django unchained တို့ကို ကြည့်ဖူးရင် သူဘယ်လိုကားမျိုးတွေ ရိုက်တတ်လဲ သိမှာပါ။ ဒီဇာတ်လမ်းမှာလဲ ကာရိုက်တာ မျိုးစုံကို အခန်းတစ်ခုထဲမှာ ထည့်ပြီး ပဟေဠိတွေနဲ့ လှလှပပ ပြသထားတာ တွေ့ပါလိမ့်မယ်။ ဇာတ်လမ်းကတော့ အမေရိကန် ပြည်တွင်းစစ်အပြီး နှစ်အနည်းငယ်အကြာကို အခြေပြုထားတာပါ။ မြောက်ပိုင်းတပ်က ထွက်လာတဲ့ ဗိုလ်မှူးမားကွစ် ( ဆမ်မြူရယ် ဂျက်ဆန်) ဟာ ကြေးစားလူဆိုးဖမ်းသမားအဖြစ် အသက်မွေးနေပါတယ်။ တစ်နေ့မှာ ဝိုင်အိုးမင်းနယ် တောင်ပေါ်တစ်နေရာမှာ နှင်းမုန်တိုင်းကြောင့် ပိတ်မိနေရင်း လှည်းတစ်စီးနဲ့ လမ်းကြုံလိုက်ခဲ့ရတယ်။ အဲဒီလှည်းပေါ်မှာ ပါလာတဲ့ လူတွေနဲ့ ဆိုင်လေးတစ်ခုမှာ ဝင်ခိုနားကြတယ်။ အဲဒီဆိုင်ထဲမှာလည်း ရောက်နှင့်ပြီးတဲ့သူတွေ ရှိနေပါပြီ။ အဓိကကတော့သူတို့တွေကြားထဲက ပတ်သတ်မှုနဲ့ လျို့ဝှက်ချက်တွေကို စိတ်ဝင်စားစရာထိုင်ကြည့်နေရမှာပါပဲ။ ကြာမြင့်ချိန် ၃ နာရီနီးပါးရှိပြီး ရုပ်ရှင်အရသာခံကြည့်တတ်သူတွေ အကြိုက်တွေ့ကြမှာပါ။

7.8 2015
The Hateful Eight
Freaky Friday

ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။ တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာကို တင်ပြထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အမေနေရာမှာ သရုပ်ဆောင်တဲ့ Jamie Lee Curtis ကလည်း ဆယ်ကျော်သက်ပုံစံကို အမိအရ သရုပ်ဆောင်နိုင်တာကို တွေ့ရမှာဖြစ်ပြီး သမီးနေရာမှာ သရုပ်ဆောင်တဲ့ Lindsay Lohan ကလည်း စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ ဆယ်ကျော်သက်ဘဝကို ရင့်ကျက်တဲ့ အမူအရာနဲ့ အမေတစ်ယောက်လိုပုံဖော်ရင်း သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်အိမ်လေးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် အချိန်ကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်လို့ Heart Warming ဖြစ်တဲ့ ဒီဇာတ်ကားလေးကို ကိုယ့်မိဘ မဟုတ်လည်း ချစ်ခင်ရသူတွေနဲ့အတူတူ အချိန်ပေးကြည့်ဖြစ်ရင် ပိုကောင်းမယ်လို့ အကြံပေးရင်းနဲ့ပဲ ကဲ ရှုစားလိုက်ကြပါဦးဗျာ။ File size…(2.0 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min

0 2003
Freaky Friday
The Umbrella Fairy
6

အရာဝတ္ထုတွေက ဘာအတွက် တည်ရှိနေတာလဲ… ဒီမေးခွန်းလေးကို ဒီကားလေးက ဖြေပေးသွားပါလိမ့်မယ်… ရှော့ပင်ထွက်တဲ့အခါ ငါကမဝယ်ချင်သူ ပစ္စည်းက လှမ်းခေါ်နေလို့ ဝယ်ပါလို့ပြောနေလို့ဆိုတာ မှန်လောက်တယ်… ဘာလို့လဲဆိုတော့ ပစ္စည်းတွေက ပိုင်ရှင်နားနေတာကြာတဲ့အခါ စိတ်ဝိညာဉ်လေးတွေဖြစ်လာပြီး အသက်ရှိသွားကြတယ်… သူတို့ သခင်နဲ့အတူရှိချိန်မှာ သခင်နဲ့အတူ နေ့ရက်တိုင်းကို တာဝန်ကျေဖြတ်သန်းပေးပြီး သေသွားတဲ့အခါ သူတို့ပိုင်ရှင်စိတ်ဆန္ဒကို ဖြည့်ဆည်းပေးရင်း ကျန်ရစ်သူတွေအတွက် အမှတ်တရအဖြစ် ဆက်နေပေးသွားကြတယ်တဲ့… ဇာတ်လမ်းလေးကတော့ … ရှေးဟောင်း အမှတ်တရပစ္စည်းခန်းမမှာ စုဝေးနေတဲ့ ခေတ်အဆက်ဆက်က ပစ္စည်းတွေနဲ့အတူ အဲ့ပစ္စည်းတွေမှာ ရှိနေတဲ့ စိတ်ဝိညာဉ်လေးတွေရဲ့ အကြောင်းကို နောက်ခံပြု ဇာတ်လမ်းဆင်ထားတာပေါ့… ဒီခန်းမထဲကို နောက်ဆုံးရောက်လာတဲ့ စိတ်ဝိညာဉ်နှစ်ယောက်ကတော့ ကျောက်စိမ်းနက်တစ်တုံးတည်းကနေ ခွဲပြီး လုပ်ခဲ့တဲ့ နောက်ဆုံးမင်းဆက်ဘုရင့်သမီးတော်ရဲ့ ထီးတော်မိုးနဲ့ နောက်ဆုံးမင်းဆက်ရဲ့ တိုက်ပွဲကျစစ်သူကြီးရဲ့ ကျောက်စိမ်းနက်ဓားပဲပေါ့… ထီးတော်မိုးရဲ့ စိတ်ဝိညာဉ်လေးက ပျော့ပျောင်းသလောက် ကျောက်စိမ်းနက်ဓားကတော့ သွေးစာနေတဲ့ ဓားတစ်ချောင်းပီပီ ခက်ထန်တယ်… ချင်တိုက်ဆိုတဲ့ ထီးတော်မိုး စိတ်ဝိညာဉ်က ခန်းမထဲက တခြားစိတ်ဝိညာဉ်တွေနဲ့ တည့်အောင်ပေါင်းဖို့ကြိုးစားပေမယ့်… ဝမ့်ကွေးဆိုတဲ့ ကျောက်စိမ်းနက်ဓား စိတ်ဝိညာဉ်ကတော့ သူဟာ ဒီမှာပိတ်လှောင်ခံရမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ ခန်းမက ထွက်ပြေးခဲ့တယ်… ချင်တိုက်လည်းဝမ့်ကွေးကို ပြန်ရှာဖို့ကြိုးစားတာပေါ့… ချင်တိုက်ရဲ့ ဝမ့်ကွေးရှာပုံတော်ခရီးမှာ အဓိက ကူညီသူကတော့ ခန်းမကအလုပ်သမားလေး ယွမ်မော့ပါပဲ… ယွမ်မော့က လူသားဆိုပေမယ့် ငယ်စဉ်တည်းက စိတ်ဝိညာဉ်တွေကို မြင်တွေ့နေခဲ့တာကြောင့်… မိတ်ဆွေမရှိတဲ့အပြင် ခန်းမထဲမှာ ပိတ်မိနေခဲ့တဲ့ လူသားကောင်လေးပေါ့.. ကဲ ချင်တိုက်လေးတစ်ယောက် ဝမ့်ကွေးကို ရှာနိုင်မှာလား… ဒီကြားထဲ ဘာကိစ္စတွေဖြစ်ဦးမှာလဲ… ယွမ်မော့လေးကရော စိတ်ဝိညာဉ်တွေဘာလို့မြင်နိုင်တယ်ဆိုတာ သိနိုင်မှာလား… ဝမ့်ကွေးကရော ဘာလို့ ထွက်ပြေးသွားခဲ့ရတာလဲ… ဇာတ်လမ်းလေးထဲ အဖြေအတူရှာကြည့်ကြရအောင်

Animation • Romance • Comedy
6 2024
The Umbrella Fairy
Intruders
6.5

ကျူးကျော်သူများ (၂၀၁၃) လက်ဟောင်းကိုရီးယားတို့ ထုံးစံအတိုင်း လျှို့ဝှက်ချက်တွေကို တစ်ခုချင်းစီဖြည်ရင်း၊ ပဟေဠိအဖြေညှိရမယ့် Thriller, Mystery ဇာတ်ကား ထပ်မံရောက်ရှိလာပါပြီ။ ဆိုးလ်မြို့သား ဇာတ်ညွှန်းရေးဆရာတစ်ယောက်က တစ်နေ့ စိတ်ပြေလက်ပျောက် အလုပ်လုပ်နိုင်ဖို့အတွက် နယ်ဘက်ကို ခရီးဆက်ခဲ့ပါတယ်။ နှင်းထူထူ လူကျဲကျဲ ခေါင်လီလှတဲ့ တောင်ကြားက တည်းခိုဆောင်မှာ တစ်ယောက်တည်း အလုပ်ကို အာရုံစိုက်ဖို့အကြံပါပဲ။ ဒီလိုနဲ့ ခရီးလမ်းတစ်လျှောက်မှာ ထောင်ထွက်တစ်ယောက်နဲ့ ဆုံခဲ့ရသလို၊ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေပါ ဝင်ရောက်လာတဲ့အခါ…။ ဇာတ်ညွှန်းရေးဆရာရဲ့ ခရီးစဉ်တစ်လျှောက် ပဟေဠိများစွာနဲ့ ကိုယ်တိုင်ပါ အဖြေညှိနိုင်မှာမို့ စိတ်ပြေလက်ပျောက်ကြည့်ဖို့ ရွေးချယ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်။ Genre….. Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.4GB | 678MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

6.5 2013
Intruders
The Twilight Samurai

IMDb – 8.1/10 Rotten Tomatoes – 99% ဂျပန်မင်းသားလို့ဆိုလိုက်တာနဲ့ ရုပ်ရှင်ပရိတ်သတ်တွေ အရင်ဆုံးပြေးမြင်ကြမှာကတော့ “Hiroyuki Sanada” ပဲဖြစ်မှာပါ။ The Last Samurai, 47 Ronin, John Wick, Mortal Combat နဲ့ Shōgun တို့အပြင် များစွာသောဟောလိဝုဒ်ထိပ်တန်း ဇာတ်ကားတွေမှာ ဂျပန်ဆိုတာနဲ့ သူ့မျက်နှာကြီးပဲပေါ်ပေါ်လာတဲ့အထိအောင်မြင်တဲ့ ဆရာသမားပါ။ သူအဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတဲ့ ဒီ The Twilight Samurai ဆိုတဲ့ historical-drama ရုပ်ရှင်ဟာလည်း ဂျပန်ပြည်တွင်းမှာ Japanese Academy Awards ၁၂ ဆုအထိ စံချိန်တင်ရရှိခဲ့ပြီး Hollywood’s 76th Academy Awards မှာလည်း အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်ဆုအတွက် ဇကာတင်ချိတ်နိုင်ခဲ့ပါတယ်။ ကဲ… ဘုန်းတော်ဖွဲ့နေတာတွေရပ်ပြီး ဇာတ်လမ်းအကြောင်းပြောပါ့မယ်။ ဇာတ်အိမ်က ၁၉ ရာစုအလယ်ပိုင်း ဂျပန်နိုင်ငံမှာ တည်ပါတယ်။ အဲဒီတုန်းက ဂျပန်ဟာ နိုင်ငံရေးပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတဲ့အပြင် ပြည်သူတွေမှာလည်း အငတ်ဘေး ရောဂါဘေးဆိုက်နေတဲ့ကာလ၊ “အိဂုချိ” ဆိုတဲ့ ဆင်းရဲပေမယ့် စိတ်ထားမွန်မြတ်တဲ့လူတစ်ယောက်ဟာ သူ့နယ်မြေနန်းတော်မှာ အငယ်တမ်းဆာမူရိုင်းအဖြစ် အမှုတော်ထမ်းနေပါတယ်။ အစိုးရအောက်တန်းစာရေးလို ရာထူးမျိုးဆိုတော့ သိကြတဲ့အတိုင်း မလောက်မငှရတဲ့အထဲမှာ မိန်းမက တီဘီဖြစ်ပြီး ဆုံးလေရဲ့။ လူမမယ်သမီးလေးနှစ်ယောက်ရယ်၊ ရောဂါသည် အမေအိုကြီးရယ်နဲ့ အိဂုချိတစ်ယောက် လောကအလယ်မှာ ဒေါင်ချာစိုင်းပြီးကျန်ခဲ့တုန်း ငယ်ချစ်ဦး “တိုမိုအဲ” နဲ့ မထင်မှတ်ပဲ ပြန်တွေ့ဖို့အကြောင်းဖန်လာပါတယ်။ တိုမိုအဲက သူဘာကောင်ကြီးဖြစ်နေနေ မေတ္တာရှိရှာပေမယ့် ကလေးနှစ်ကောင်နဲ့ လုံးလည်ချာလည်လိုက်ပြီး ရေတောင် နပ်မှန်အောင်မချိုးနိုင်တဲ့ အစိုးရဝန်ထမ်း ဘဝသမားလေး အိဂုချိကတော့ တိုမိုအဲကိုပါ ဒုက္ခတွင်းထဲ ဆွဲမသွင်းရက်ဘူးပေါ့လေ။ အမှန်တော့ သူကလည်း ကြိုက်ပါတယ်။ ကြိုက်လို့ပဲ မမူနိုင်တော့တဲ့အဆုံး ဖွင့်ပြောပြီး လက်ထပ်ခွင့်တောင်းမယ်လည်းဆိုရော ကံဆိုးမ အိဂုချိတစ်ယောက် အသက်နဲ့ရင်းပြီးထမ်းဆောင်ရမယ့်တာဝန်တစ်ခု ပေးအပ်ချင်းခံရပါတော့တယ်။ ဘယ်လိုတာဝန်မျိုးလဲ… အိဂုချိတစ်ယောက် အသက်ရှင်ရက်မှ ပြန်လာနိုင်ပါ့မလား… ချစ်လှစွာသော တိုမိုအဲကရော သူပြန်လာတဲ့အချိန်ထိ သစ္စာရှိရှိစောင့်နေမှာလား… လက်ရှိအနေအထားနဲ့ ဆန့်ကျင်ဘက် ၁၉ ရာစုနှစ် ဂျပန်နိုင်ငံကြီးကို နောက်ခံထားပြီး ကြည်နူးချည်တစ်ဖုံ ရင်မောချည်တစ်လှည့် ဆက်လက်ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ။ File size…(1.7 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thant Sin

0 2002
The Twilight Samurai
Love & Other Drugs Love and Other Drugs
6.7

Love & Other Drugs (2010) IMDb Rating (6.7) ဒီရုပ်ရှင်လေးက အချစ်ဆိုတာ ဘာလဲဆိုတာကို သေချာ လှစ်ဟပြထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားပါ ချစ်ခြင်းမေတ္တာဆိုတာ လူတစ်ယောက်မှာ ဘယ်လိုအမှားတွေ အပြစ်တွေရှိနေပါစေ အဲဒါတွေကို မျက်ကွယ်ပြုနိုင်ပြီး အဲဒီလူအပေါ်ကို ‌ကြင်နာခြင်းတွေ ဂရုစိုက်ခြင်းတွေ ပုံအောပေးနိုင်တာမျိုးပေါ့ ဂျေမီဆိုတဲ့ စော်ကြည်ဘဲကတော့ ချစ်ခြင်းမေတ္တာကို သူရှာတွေ့မယ်မထင်တဲ့ နေရာမှာ ရှာတွေ့ခဲ့ပါတယ် မင်းသမီးဖြစ်သူ မက်ဂီကတော့ ပါကင်ဆန် ရောဂါ ခံစားနေရသူပေါ့ ရောဂါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းပြီး ဆက်ဆံရေးတွေကို စိတ်မဝင်စားတဲ့အချိန်မှာ ဂျေမီနဲ့တွေ့ဆုံခဲ့ပါတယ် ဂျေမီနဲ့ မက်ဂီတို့ကြားက ချစ်ခြငါးမေတ္တာပေါက်ဖွားလာပုံကို တစိမ့်စိမ့်ကြည့်ရတာ အရသာရှိလှပါတယ် ဇာတ်ကောင်တွေက အရမ်းသရုပ်ပေါ်ပြီး ဇာတ်ရှိန်အနိမ့်အမြင့်အတက်အကျတွေနဲ့ ကြည့်လို့ကောင်းလှတဲ့ရုပ်ရှင်လေးပါ ဂျေမီနေရာမှာတော့ မင်းသား Jake Gyllenhaal က အပိုအလိုမရှိကွက်တိ သရုပ်ဆောင်ထားပြီး မက်ဂီနေရာမှာတော့ ဘယ်ဇာတ်ကောင်နေရာပဲဖြစ်ဖြစ် အရမ်းတော်လှတဲ့ မင်းသမီး Anne Hathaway က သရုပ်ဆောင်ထားပါတယ် ဒီရုပ်ရှင်လေးက nominee ငါးဆုနဲ့ Satellite Award ကချီးမြှင့်တဲ့ အကောင်းဆုံး မင်းသမီးသရုပ်ဆောင်ထူးချွန်ဆု 2010 ကို Anne Hathaway ရရှိသွားစေတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… အချစ်ရိုမန့်ခန်းတွေမှာ ဂျိတ်ရော အန်းဟန်သာဝေးရော စိတ်ရောကိုယ်ပါနှစ်ဝင်သရုပ်ဆောင်ထားပြီး အဖော်အချွတ်လေးတွေနဲ့အရမ်း Good နေလို့ မိသားစုနဲ့ အတူတူကြည့်ဖို့တော့ မသင့်တော်ပါဘူးနော်။ (ရုပ်ရှင်အညွှန်းကို Bunny မှရေးသားထားပြီး ဘာသာပြန်ကိုတော့ Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

Action • Thriller
6.7 2010 112 mins
Love & Other Drugs Love and Other Drugs
[18+] Kolektor

Kolektor (2025) ဂျက်ဆီဆိုတာက ငယ်ရွယ်ချောမောတဲ့ ဖိလစ်ပိုင်ကပြားလူငယ်လေးတစ်ဦးဖြစ်ပြီး အောက်ခြေလူတန်းစားမိန်းကလေးတွေနဲ့ အဆင့်မြင့်စားသောက်ဆိုင်တစ်ဆိုင်မှာ ချိန်းတွေ့လေ့ရှိပါတယ်။ မိန်းကလေးတွေဟာ သူ့ရုပ်ရည်ရယ်၊ လူမှုအဆင့်အတန်းရယ်ကိုကြည့်ပြီး ပထမဆုံးတစ်ကြိမ်မှာတင် သူ့နောက်ကောက်ကောက်ပါအောင်လိုက်သွားတတ်ကြပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ ဂျက်ဆီဟာ အဲ့ဒီစားသောက်ဆိုင်မှာ နောက်တစ်ယောက်နဲ့ထပ်ချိန်းတွေ့နေပြန်တာကို မြင်တွေ့ရပါတယ်။ ဘယ်သူမှ မသိကြတာက ဂျက်ဆီရဲ့နောက်ကွယ်က မှောင်မိုက်လွန်းတဲ့လျှို့ဝှက်ချက်တစ်ခုအကြောင်းပါပဲ။ သူနဲ့ချိန်းတွေ့ခဲ့သမျှ မိန်းကလေးတွေ ဘယ်ကိုရောက်သွားကြလဲ? ဂျက်ဆီဟာ ဘယ်လိုလူစားလဲ? အစရှိတာတွေကို သိချင်စိတ်နဲ့ရှုစားရမယ့် erotic horror-thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(990 MB) / (450 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller Duration….01:38:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Drama • Thriller
0 2025 96 mins
[18+] Kolektor