YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Hyde.Jekyll.Me.2015.EP17.WEB-DL.1080P (CM).mp4

977.23 MB N/A video/mp4 35 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Overheard
6.8

ဟောင်ကောင်ဂန်း မာစတာပိစ်ကားဖြစ်တဲ့ Infernal Affairsကားကို ရိုက်ခဲ့တဲ့ ဇာတ်ညွှန်းရေးခဲ့တဲ့ ၂ယောက်ဖြစ်တဲ့ Felix Chongနဲ့ Alan Mak တို့ ပူးတွဲ ရိုက်ထားတဲ့ကားပါ။ Infernal Affairsလိုပဲ ၃ကားထွက်ရှိထားပြီး ဟောင်ကောင်မှုခင်းကားကောင်း စာရင်းဝင်ကားဆိုလည်း မမှားပါဘူး။ မင်းသားတွေ ဇာတ်ပို့တွေကတော့ တကယ့်နာမည်ကြီးတွေချည်းပါပဲ။ The Mitchells vs. the Machines ကို ဆိုနီနဲ့ပူးတွဲထုတ်ခဲ့တဲ့ One Cool Group Limited ရဲ့ဖောင်ဒါ 1994က ရုပ်ရှင်စရိုက်ခဲ့ပြီး ဟောင်ကောင်ရဲ့ သရုပ်ဆောင်အကောင်းဆုံးမင်းသားတွေထဲ အပါအဝင်ဖြစ်သလို Johnnie Toလို ဆရာကြီးရဲ့ လက်စွဲတော်ဖြစ်ခဲ့တဲ့ တလောကတင်နာမည်ကြီးခဲ့တဲ့ ဟောင်ကောင်သိပ္ပံကား Warriors of Futureရဲ့မင်းသား Louis Koo , ဂျက်ကီချမ်းရဲ့ New Police Story နဲ့ လူသိများတယ်ပြောလို့ရတဲ့ ခုတော့ အမေရိကန်တက်ပြီး Reminiscence ,Tomb Raider , Warcraft , Into the Badlands , Westworld တို့လို အနောက်က နာမည်ကြီးစီးရီးတွေ ဇာတ်ကားတွေမှာသရုပ်ဆောင်နေတဲ့ daniel wu , Johnnie Toရဲ့ ကားတိုင်းလိုလို မင်းသားအဖြစ်တစ်ဖုံ ဇာတ်ရန်အဖြစ်တစ်မျိုး ပါနေကျ Sean Lau , နောက် Rush Hour 3ထဲက တရုတ်မ , Lost and Found ထဲက နိုင်ငံခြားသား , Bullet in the Headတို့ A Better Tomorrowတို့လို ဂျွန်ဝူးကားတွေထဲ ဗီလိန်ဘဲ waise leeစသဖြင့် နာမည်ကြီးတွေ ဆရာ့ဆရာကြီးတွေ ရင်းနှီးပြီးသားလူတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ ဇာတ်လမ်းကတော့ မင်းသားသုံးယောက်က စတော့ဈေးကစားပြီး စီးပွားရေးမသမာမှုလုပ်နေတဲ့လုပ်ငန်းတစ်ခုနောက် လိုက်နေကြတယ်။ သူတို့လုပ်ရတဲ့အလုပ်က အသံဖမ်းစက်တွေတပ်ပြီး သူတို့ပြောတာကို ချောင်းနားထောင်ကြတာပေါ့။ တစ်ခါကျ သူတို့တွေ သူဌေးဖြစ်မယ့်အကွက်ကို ကြားလိုက်ရာကနေ အစီရင်ထည့်မခံတော့ဘဲ ကွက်ပျောက်လေးရိုက်ပြီး စတော့လောင်းလိုက်ကြတယ်။ ဒါပေမဲ့ သူတို့ အဲဒီကနေမှ သူတို့ငွေတွေဆုံးသွားပြီး ငွေတွေပြန်ရဖို့ကြိုးစားရင်း အာဏာလည်းကြီးသလို မလုပ်ရဲတာဘာမှမရှိတဲ့ ကုမ္ပဏီပိုင်ရှင်နဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့ဖြစ်လာခဲ့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.8GB) / (900MB) Quality__WEB-DL1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__01:45:00 Type__Crime , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Comedy • Horror • Mystery
6.8 2009 100 mins
Overheard
Lucy
6.4

လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားက လူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်း အသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကို သယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊ CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။ သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီး ဗိုက်ကို အကန်ခံလိုက်ရတဲ့အခါမှာတော့...................... နာမည်ကျော် ညှို့အားပြင်း မင်းသမီးချော Scarlett Johansson ခေါင်းဆောင်ပါဝင်ပြီး ကိုရီးယား မင်းသားကြီး Choi Min Sik က Johansson နဲ့ အပြိုင် လူဆိုးကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ပရော်ဖက်ဆာ နော်မန်အဖြစ် Morgan Freeman က Logic တွေ တော်ကီပွားရုံ သရုပ်ဆောင်ထားပြီး Amr Waked က Del Rio အဖြစ် သရုပ်ဆောင်ထားပါတယ်။ The Fifth Element နဲ့ The Lady ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ကူးထားပြီး ကုန်ကျစရိတ် ဒေါ်လာ သန်း ၄ဝပဲ ရှိခဲ့ပေမယ့် ဝင်ငွေ သန်း ၁၀၀ ကျော် ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ IMDb မှာ Rating 6.6 ရရှိထားပြီး Rotten Tomatoes မှာလည်း Tomatometer 62% ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ File Size : (4.16GB )(1.94 GB) and (797MB) Quality : 4K-Blu-Ray.HEVCL, 1080P5.1Ch,720p Running Time : 1 hr  29min Format : Mp4e Genre    : Action , Sci-Fi , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Nyi Than Lwin Encoded by Phyo Pyae

Drama
6.4 2014 89 mins
Lucy
Old People
5.7

"မှန်ရှေ့မှာဖီးလိမ်းခြယ်သ၊ ဝတ်ကောင်းစားလှတွေဝတ်ပြီး တခြားသူတွေလို ပါတီပွဲတွေမှာ ပျော်ချင်‌တယ်ပေါ့‌လေ၊ အဖိတ်မခံရတာဆိုးတာပဲနော" လူအိုရုံ တစ်ခုရဲ့ဝန်ထမ်းလူငယ်က မင်္ဂလာဆောင်သီချင်း‌ကို နှစ်နှစ်သက်သက်နားထောင် နေတဲ့ အဘိုးအဘွားတွေကိုပြောတဲ့စကား၊ နောက်တစ်ယောက်ကပြောတယ်၊ အဘိုးအဘွားတွေကိုကုတင်မှာချုပ်ထားရတာက ထွက်ပြေးရင်လိမ့်ကျပြီး အနာတရဖြစ်မှာစိုးလို့ မတတ်နိုင်ပါဘူးတဲ့လေ။ အိုမင်းရင့်ရော်နေတဲ့ဘဝတစ်ခုရဲ့နောက်ဆုံးအချိန်မှာ အထီးကျန်ခြင်းဆိုတာကိုပဲ သိတော့တယ်။ "old people" ဆိုတဲ့ ဒီဂျာမန် horror thriller ရုပ်ရှင်ဟာ အထီး ကျန်လှတဲ့ ဘဝ‌နေဝင်ချိန်ကိုဖြတ်သန်းနေရတဲ့ အဘိုးအဘွားတွေအကြောင်းနဲ့ မိသားစုထဲက သံယောဇဉ်တွေ၊မေတ္တာတွေအကြောင်းကို တစ်ဖက်လှည့်နဲ့ ရိုက်ကူး ပုံဖော်ပေးထားတာပါပဲ၊ စိတ်ဝင်စားစရာကောင်းတာက ဇာတ်အေးကြီးမဟုတ်ဘဲ horror ဆန်ဆန်လေးပေါ့နော်၊ ဇာတ်လမ်းကြည့်ပြီးသွားရင်တော့တွေးစရာတွေကျန်ခဲ့လောက်တယ်ဗျ၊ ကိုယ်ရော အသက်ကြီးနေပြီဖြစ်တဲ့ကိုယ့်အဘိုးအဘွားနဲ့မိဘတွေအပေါ်မှာဘယ်လိုဆက်ဆံလေ့ ရှိလဲ၊ ပစ်ထားမိလား၊ ကိုယ့်အလှည့်ကျရင်ရောဘယ်လိုဖြစ်မှာလဲ။ old people ဟာ fav list ထဲထည့်လို့မရရင်တောင်မှ one time watch အနေနဲ့တော့ ကြည့်ကောင်းမယ့် ကားလေးပါလို့ ညွှန်းလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.0 GB) / (435 MB) / (241 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 41mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Drama Translator.......Ngwe Zin Encoder..........SWM

Comedy • Crime • Thriller
5.7 2022 101 mins
Old People
The Mechanic
6.5

မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားကလဲ နာမည်ကြီးပါတယ်။ ကြေးစားလူသတ်သမား ဘစ်ရှော့ဆိုတာ Mechanic စက်တစ်လုံးလို တိကျသေချာတဲ့နည်းလမ်းနဲ့ အလုပ်လုပ်တတ်တဲ့သူပါ။ ဘယ်နေရာမှာမဆို တိကျသေချာအောင် အကွက်ချတတ်ပြီးတော့ သူ့ရဲ့အလုပ်က လူသတ်ယုံမဟုတ်ဘဲ အဲ့ဒီ့လူသတ်မှုကို မတော်တဆမှုလိုလို...အခန့်မသင့်လို့သေတာလိုလို...ဖန်တီးရတာမျိုးပါ။ ဒီလိုကြေးစားလူသတ်သမားကိုမှ လာရှုပ်မိတဲ့ ငနဲသားတွေ ဘယ်လိုဒုက္ခဝေသွားမလဲဆိုတာ.....။ မာကြောပြတ်သားတဲ့ အက်ရှင်ဇာတ်ရုပ်နဲ့ Jason Statham နဲ့ကတော့ အလိုက်ဆုံးအတွဲအဖက်ပါပဲ။ Action,Crime,Thriller အမျိုးအစားဖြစ်ပြီး IMDb Rating (6.6/10 ) ရရှိထားပါတယ်။ File size…(1.8 GB) / (700 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Adventure • Comedy • Family • Fantasy • Music • TV Movie
6.5 2011 93 mins
The Mechanic
CBI 5: The Brain
5.5

ဒီတစ်ခါမှာလည်း ထုံးစံအတိုင်း ခေါင်းစားစရာတွေ တစ်ပုံကြီးနဲ့ အိန္ဒိယစုံထောက်ကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB မှာ ၆.၁ ရထားတဲ့ စုံထောက်အက်ရှင် Crime, Mystery, Thriller အမျိုးစားရုပ်ရှင်ဖြစ်ပါတယ်... ဇာတ်လမ်းအကျဉ်း... ဝန်ကြီးချုပ်နဲ့အတူ ခရီးထွက်ခဲ့တဲ့ ဝန်ကြီးတစ်ယောက် သေဆုံးသွားတဲ့နောက်ကွယ်ကနေစပြီး Basket Killings ဆိုတဲ့ ကွင်းဆက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ် နောက်ဆုံးအသတ်ခံရတဲ့သူက ရဲအရာရှိတစ်ယောက်ဖြစ်တာမို့ ရဲတွေပါ အလုပ်ရှုပ်လာပါတယ် ဒီအချိန်မှာ "မာနကြီးပြီး ဘယ်တော့မှမကျရှုံးဘူး" လို့ ကြွေးကြော်ထားတဲ့ CBI အိန္ဒိယ ဗဟိုထောက်လှမ်းရေးကို အမှုကိုလွှဲပါတော့တယ် CBI နဲ့ ရဲအဖွဲ့ကြားက အဖုအထစ်တွေ အားပြိုင်မှုတွေနဲ့ တရားခံကို ဘယ်လိုဖော်ထုတ်ဖို့ကြိုးစားလည်းဆိုတာကိုတော့ ၂နာရီနဲ့ ၄၂မိနစ်ကြာတဲ့ ဒီရုပ်ရှင်မှာ တ၀ကြီး လိုက်ပါစီးမျောခံစားကြည့်လိုက်ပါဦး... File size…2.54GB / 1.2GB Quality…1080p WEB DL Malayalam AAC5.1CH / 720p Format...mp4 Duration….2h 42mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Yunni ~ Honey ~ OeliuJ

Action • Drama • Science Fiction
5.5 2022 163 mins
CBI 5: The Brain
Snatch Up
5.8

ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းလေးမှာ ငမွဲကောင်လေး၊ လူမိုက်၊ ငွေးတိုးချေးတဲ့သူဌေး၊ ကြေးစားလူသတ်သမား၊ လွှတ်တော်အမတ်၊ အကျင့်ပျက်ရဲနဲ့ ပစ္စည်းပို့သမားလေး ဆိုတဲ့ အဓိက ဇာတ်ကောင် ၇ယောက်ပါဝင်ပါတယ်။ အလုပ်အတည်တကျမရှိတဲ့ ငမွဲကောင်လေး ကင်မင်ဂျယ်ဟာ သူ့အမေ ခွဲစိတ်ဖို့အတွက်ဆိုပြီး သူနေတဲ့အခန်းကိုဖယ်ပြီး တိုက်ခန်းစရံငွေ ဝမ် ၁၀သန်း ရထားပါတယ်။ သူ့ဆီကနေ ငွေတိုးချေးတဲ့သူဌေးဘတ်ရဲ့ လူမိုက်က ဒီငွေတွေကို အကြွေးပြန်သိမ်းသွားတယ်။ သူဌေးဘတ်ကတော့ ဒီငွေတွေကို လွှတ်တော်အမတ်မွန်းအတွက် ရန်ပုံငွေပေးရမှာပါ။ သူဌေးဘတ်က မပေးချင်တော့ လွှတ်တော်အမတ်ကိုသတ်ဖို့ လူသတ်သမားငှားပါတယ်။ တစ်ဖက်မှာ အကျင့်ပျက်စုံထောက်ချွဲက လောင်းကစားလုပ်ရင်း သူဌေးဘတ်ဆီမှာ သူ့သေနတ်ကို အပေါင်ထားလိုက်ရပါတယ်။ ရဲရဲ့သေနတ်ကို သူဌေးဘတ်က လူသတ်သမားဆီ ပို့ခိုင်းလိုက်တဲ့အခါမှာ ငမွဲလေး ကင်မင်ဂျယ်ဆီ မှားရောက်သွားရာကနေ ပြဿနာတွေ ပိုရှုပ်လာပါတော့တယ်။ ကင်မင်ဂျယ်တစ်ယောက် သူ့ငွေအိတ်ကြီးကို ဆုပ်ကိုင်လိုက်ရ လက်လွှတ်လိုက်ရနဲ့ သူ့အမေခွဲစိတ်ဖို့ လိုအပ်နေတဲ့ ပိုက်ဆံတွေကို ပြန်ရယူဖို့ အသည်းအသန်ကြိုးစားရှာပါတယ်။ တစ်ယောက်ချင်းဆီက သောက်တလွဲပြဿနာလေးတွေ လုပ်ရင်း ဒီငွေအိတ်ကြီးက ဒီလူ ၇ယောက်ကြားမှာ ဟိုလူ့ဆီရောက်လိုက် ဒီလူ့ဆီရောက်လိုက်နဲ့ ဒီလူ ၇ယောက်ကြားမှာ ဆက်စပ်ထားတဲ့ ဇာတ်လမ်းကြောင်းကတော့ အတော်လေးမိုက်ပါတယ်။ နောက်ဆုံးမှာ ငွေထုပ်ပိုင်ရှင် မောင်ကံကောင်းက ဘယ်သူဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။

Comedy • Romance
5.8 2018 101 mins
Snatch Up
Bedurulanka (2023)
6.3

Bedurulanka 2012 (2023) IMDB 6.2/10 ရထားတဲ့ အိန္ဒိယ Telugu ဘာသာစကားပြော ဟာသ/ဒရာမာ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ် Telugu မင်းသား Kartikeya Gummakonda သရုပ်ဆောင်ထားပါတယ် 2012 ဆိုတာ တစ်ချိန်က နာမည်ပေါက်သွားခဲ့တဲ့ Hollywood ကမ္ဘာပျက်ဇာတ်လမ်းပါ ဒီကားလေးကလည်း အဲဒီ 2012 ဒီဇင်ဘာ 21ရက်နေ့အကြောင်းကိုသတင်းမီဒီယာတွေ တကြော်ကြော်ပြောနေတာတွေနဲ့ စတင်ထားပါတယ် Bedurulanka ဆိုတဲ့ ရွာလေးက ပညာတတ်နည်းပါးပြီး အုပ်ချုပ်ရေးမှူးကအစ တကယ့်သောက်တလွဲပါ ထိုအချိန်မှာ မီဒီယာရဲ့စကားတွေကို ထပ်ဆင့်ခုတုံးလုပ်ပြီး စီးပွားရှာချင်တဲ့ လူတစ်စုကလည်း ရှိနေပြန်ပါတယ် ရှီဗာဆိုသူက ရွာမွေးခြံပေါက်ဆိုပေမဲ့ မြို့မှာ ရုပ်ရှင်ဇာတ်ကားတွေအတွက် CGI effect တွေပြုလုပ်တဲ့ artist တစ်ယောက်ဖြစ်ပါတယ် ရွာမှာတော့ သူချစ်ရတဲ့ မိန်းကလေးကျန်နေခဲ့ပါတယ် တစ်နေ့ လက်ပေါက်ကပ်တဲ့ စီးပွားရှင် နဲ့ အနုပညာသမား ရှီဗာနဲ့ စကားအဝေ မတည့် ဖြစ်ပြီး ရှီဗာတစ်ယောက် အလုပ်ကထွက်လို့ ရွာပြန်လာပါတော့တယ် “ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ အတိုင်း ဘေးဒုက္ခရောက်မယ်ဆိုကာမှ | အသွင်ပေါ်လာတဲ့လူတွေရဲ့ ကိုယ်ကျင့်တရားကို ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးပဲ အပန်းပြေအောင်ရိုက်ကူးထားပါတယ် အညွှန်းကို KKKZ မှရေးသားထားပြီး ဘာသာပြန်သူတွေကတော့ KKKZ ~ ToMo ~ Alex ~ Dee တို့ပဲဖြစ်ပါတယ်

6.3 2012
Bedurulanka (2023)
Virgo and the Sparklings
5.8

Virgo and The Sparkling (2023a) ရီအာနီ ဆိုတဲ့ ကျောင်းသူလေးတစ်ယောက်က မွေးရာပါ မီးစွမ်းအားနဲ့မွေးဖွားလာသူတစ်ယောက်ပါ သူကစိတ်လှုပ်ရှားလာတဲ့အခါ မီးပွားတွေ ထွက်လာတတ်ပြီး မီးတောက်တွေကိုပါ ဖြစ်လာစေတတ်လို့ သူ့မိဘတွေက သူ့သမီးရဲ့သရုပ်မှန်ကို မပေါ်စေဖို့ ကျောင်းခဏခဏပြောင်းပေးကြရပါတယ် သူမက တီးဝိုင်းတစ်ခုထောင်ပြီး အဆိုတော်ဖြစ်ချင်နေတဲ့ ဝါသနာအိုးလေးတစ်ယောက်လည်းဖြစ်တဲ့အပြင် သူမဟာ သံစဉ်တွေရဲ့အ‌ရောင်တွေကိုလည်း ခွဲခြားမြင်နိုင်ပါတယ် တစ်နေ့မှာတော့ လူငယ်တွေကိုပဲ ကူးစက်တတ်တဲ့ရောဂါပိုးတစ်ခုဟာ အွန်လိုင်းပေါ်က ဗွီဒီယိုတွေကနေတစ်ဆင့်ပျံ့နှံ့လာပါတော့တယ် ဗွီဒီယိုကိုကြည့်မိတဲ့လူငယ်တွေက ညို့ယူခံလိုက်ရပြီး သူတို့ရဲ့မိဘတွေကို စတင်တိုက်ခိုက်ကြပါတော့တယ် ဒီအခါမှာ ရီအာနီက သူ့မီး‌တောက်တွေက ညို့ယူခံရတဲ့သူတွေကိုသတိဝင်စေမှန်းသိပြီးတဲ့နောက် သူနဲ့သူ့သူငယ်ချင်းတွေက သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း လူတွေကို ဘယ်လိုအကူအညီပေးကြမလဲဆိုတာကြည့်လိုက်ကြရ‌အောင် အညွှန်းနဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Acion, Adventure, Comedy File size… 2.1GB | 841MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator …..Thae Thae Encoder ….. Aaron

5.8 2023
Virgo and the Sparklings
Father of the Milky Way Railroad
6.3

Father of the Milky Way Railroad (2023) ~ IMDb – 6.3/10, MyDramaList – 7.9/10 ~ ဒီရုပ်ရှင်အကြောင်းပြောဖို့ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် Koji Yakusho အကြောင်းနဲ့ အရင်စပျိုးမယ်ဆို ဒီရုပ်ရှင်အတွက်တော့ မတရားရာကျကောင်းကျနေလိမ့်မယ်။ ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ၂၀၂၃ ဟာ ခိုဂျိ ကားတော်တော်ရိုက်တဲ့ နှစ်ပါပဲ။ ရုပ်ရှင်ကားလေးကား ဇာတ်လမ်းတွဲ ၂ခုထွက်ခဲ့တယ်။ ဇာတ်လမ်းတွဲ၂ခုကတော့ The Days နဲ့ Vivant ပေါ့။ Vivant မှာ သူ အပိုင်းတိုင်းနီးပါး ပါပေမဲ့ အခန်းတော့ သိပ်များလှတယ်မဟုတ်ဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းတွေမှာ သူ့ကိုမြင်တာနဲ့ သူ့ဇာတ်ကောင်နဲ့လိုက်အောင်ပဲ ပဟေဠိဆန်ပြီး ရှိန်ချင်စရာကောင်းနေခဲ့တယ်။ သူ့ပါဖောမင့်န်လည်းကောင်းခဲ့သလို Vivant ကိုယ်တိုင်ကလည်း ဂျပန်စီးရီးပေမဲ့ ကွဲထွက်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာကြောင့် တော်တော်လေးပေါက်ခဲ့တယ်။ ရုပ်ရှင်ဘက်ဆိုလည်း Família, Father of the Milky Way Railroad, Perfect Days နဲ့ Totto-Chan: The Little Girl at the Window တို့ထွက်ခဲ့တယ်။ Perfect Days နဲ့ သူ ကိန်းစ်မှာ သရုပ်ဆောင်ဆုရခဲ့သလို Perfect Days ကိုယ်တိုင်လည်း လက်ရှိ အော်စကာဆန်ခါတင်ဝင်ထားတယ်။ အဲဒီထဲက သူ့ပါဖောမင့်န်ကိုတော့ အားလုံးလည်းကြည့်ပြီး မြင်ပြီးလောက်ပါပြီ။ Perfect Days ရဲ့ ကောင်းခြင်းထက်ဝက်ဟာ သူ့ပါဖောမင့်န်ကြောင့်ဆိုတာကို ငြင်းလို့ရမယ်မထင်ဘူး။ Father of the Milky Way Railroad မှာတော့ လုံးဝကွဲပြားတဲ့ ကာရိုက်တာတစ်ခုနဲ့ ရုပ်ရှင်ကို သူအသက်သွင်းပေးထားခဲ့တယ်။ သူ့ရုပ်ရှင်တွေ ဆယ်ဂဏန်းကျော်ကြည့်ပြီးပေမဲ့ Father of the Milky Way Railroad ထဲက ခိုဂျိရဲ့ ကာရိုက်တာဟာ သူ့ကိုမြင်နေကျ ကာရိုက်တာတွေထက် တော်တော်ကွဲပြားတယ်ပြောရပါမယ်။ ဒီရုပ်ရှင်အတွက်တော့ မတရားပေမဲ့ ဒီရုပ်ရှင်ရဲ့ကောင်းခြင်းထက်ဝက်ဟာလည်း သူ့ကြောင့်ဆိုတာကို ငြင်းမရပြန်ဘူး။ နောက် ဒီကားရဲ့ ဒုတိယဇာတ်ဆောင်မင်းသားကတော့ မထွက်သေးပေမဲ့ ၂၀၂၃ရဲ့အကောင်းဆုံး အန်နီမေးရှင်းလို့ သမုတ်နေကြတဲ့ Hayao Miyazaki ရဲ့ The Boy and the Heron ထဲ The Grey Heron အဖြစ် အသံသရုပ်ဆောင်ထားတဲ့ Masaki Suda ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ထက်ပိုကြမ်းတာက သူ့ညီမအဖြစ်သရုပ်ဆောင်တဲ့ Nana Mori ပါပဲ။ ဒါပေမဲ့ ဒီထဲက ဇာတ်ရုပ်ဟာ သူသရုပ်ဆောင်နေကျ ဇာတ်ကောင်ပုံစံမျိုးပဲဆိုတော့ သိပ်ပြီးတော့ ထူးထူးကဲကဲတော့ မဖြစ်မနေဘူး။ နာနာမိုရိကို ရှန်းဂျီအီဝေရဲ့ အညံ့ဆုံးပေမဲ့ သူ့ကျန်တဲ့ရုပ်ရှင်တွေအတိုင်း ဒီကမ္ဘာကြီးထက်လှပနေဆဲဖြစ်တဲ့ Last Letter နဲ့ Kore-eda ရဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ The Makanai: Cooking for the Maiko House တို့မှာ သေချာမြင်နိုင်တယ်။ ဆိုတော့ သရုပ်ဆောင်တွေကတော့ အကောင်းဆုံးပဲလို့တောင် ပြောလို့ရတယ်။ ဇာတ်လမ်းကတော့ ဘိုင်အိုဂရပ်ဖီဇာတ်။ ဂျပန်စာရေးဆရာ ကဗျာဆရာ မီယာဇာဝခန်းဂျီရဲ့ အကြောင်းကို အခြေခံထားတယ်။ သူ့အကြောင်းဆိုတာထက် သူ့အဖေအကြောင်းလို့ပြောရမယ်။ ဒါကြောင့်လည်း နာမည်ကိုက ကြယ်စင်စုရထားလမ်းရဲ့အဖေ ဖြစ်နေတာ။ ကြယ်စင်စုရထားလမ်းဆိုတာ ခန်းဂျီရေးခဲ့တဲ့ စာအုပ်နာမည်။ ဒါကြောင့်ပဲ ခိုဂျိရဲ့ ဇာတ်ကောင်က အဓိကဇာတ်ကောင်ဖြစ်သွားတာ။ ဒီကားရဲ့ ဇာတ်က ဘာမှအဆန်းတကြယ်တော့မဟုတ်ဘူး။ ခိုဂျိတို့မိသားစုက မျိုးရိုးစဉ်ဆက် အပေါင်ဆိုင်ဖွင့်လာတဲ့ မိသားစု။ ရွာသူဌေးတွေ။ အဲဒီဘက်ခေတ်က ဂျပန်တွေကလည်း တရုတ်တွေလိုပဲ သားယောက်ျားလေးက မိသားစုအတွက် အရေးအကြီးဆုံးဖြစ်ခဲ့တယ်။ သားဦးယောက်ျားလေးဆို အသေချစ်ကြတယ်။ ခိုဂျိကတော့ သူ့သားဦးလေးကို အများကြီး အချစ်ပိုခဲ့တယ်။ ဖြစ်လည်းဖြစ်မြောက်စေချင်ခဲ့တယ်။ ခေတ်ဟောင်းက သူ့အဖေကတော့ အပေါင်ဆိုင်ဖွင့်မယ့်လူဆိုတာ မူလတန်းပညာလောက်တတ်ရင်ရပြီဆိုပြီး သူ့ကို မူလတန်းအထိပဲကျောင်းထားပေးခဲ့တယ်။ သူ့သားအလှည့်ကျတော့ ခေတ်သစ်ရဲ့အဖေတစ်ယောက်ဖြစ်တဲ့ သူက ဒီထက်ပိုထားပေးခဲ့တယ်။ သူ့သားကတော့ သနားတတ်တဲ့လူဖြစ်လို့ သူ့တို့လုပ်ငန်းအပေါင်ဆိုင်ကိုလည်း အမွေမယူချင်၊ မြို့မှာကျောင်းတက်လို့ အမြင်ကျယ်လာပေမဲ့ သူဘာဖြစ်ချင်လဲ သူမသိဘဲ ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက် ကျရှုံးလိုက် ကောင်လေးပေါ့။ ဒါပေမဲ့ ခိုဂျိက သူ့သားကိုသိပ်ချစ်တော့ ခဏခဏကျရှုံးနေတဲ့ သူ့သားကို အမြဲလိုအားပေးခဲ့တယ်။ သူ့သား သူ့ကိုယ်သူမယုံတဲ့အချိန်တွေမှာတောင် သူက သူ့သားကို ယုံပေးခဲ့တယ်။ သူ့အဖေရဲ့ ယုံကြည်မှု သူ့ညီမကို ချစ်တဲ့စိတ်တွေကနေ မီယာဇာဝခန်းဂျီဆိုတဲ့ စာရေးဆရာတစ်ယောက်ဖြစ်လာပုံကို ပြထားတယ်။ မီယာဇာဝခန်းဂျီဟာ အနုပညာသမားအများစုလိုဘဲ သေပြီးမှ တန်ဖိုးထားခံရတဲ့ အနုပညာသမားတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း သူကံကောင်းခဲ့ပါတယ်။ ဗန်ဂိုးအတွက် သီအိုရှိခဲ့သလို ခန်းဂျီအတွက်လည်း သူ့အဖေရှိခဲ့တယ်။ ရှိခဲ့တယ်ဆိုတာထက်တောင် ပိုပါလိမ့်မယ်။ မိသားစုဒရာမာကားတွေမှာ သဘောကျချင်စရာကောင်းတဲ့တစ်ချက်က ကျွန်တော်တို့မှာရှိသည်ဖြစ်ဖြစ် မရှိသည်ဖြစ်ဖြစ် ချစ်ခြင်းဆိုတာကို ခံစားမိအောင်လုပ်ပေးနိုင်တာပဲဖြစ်လိမ့်မယ်။ အပိုင်းပေါင်းများစွာနဲ့ ရှည်လျားလှတဲ့ မိသားစုဒရာမာတွေပဲဖြစ်ဖြစ် တစ်နာရီခွဲ နှစ်နာရီပဲကြာတဲ့ မိသားစုဒရာမာတွေပဲဖြစ်ဖြစ် ဒီဂုဏ်ဒြပ်တော့အမြဲရှိနေကြတယ်။ “ကြယ်စင်စုရထားလမ်းရဲ့အဖေ” ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲမေးလာရင်တော့ လမ်းပျောက်ခဲ့တဲ့သားတစ်ယောက်ကို အခါခါယုံကြည်ပေးခဲ့တဲ့ ဖခင်တစ်ယောက်အကြောင်းလို့ပဲ ပြောရလိမ့်မယ်။ ဝမ်းနည်းစရာတွေကို အလှပဆုံးတင်ဆက်နိုင်တာဟာ အနုပညာရဲ့ ဂုဏ်ဒြပ်တစ်ခုပေါ့။ အနုပညာဟာ ဝမ်းနည်းစရာတွေကို ရယ်မောရအောင် တင်ဆက်နိုင်သလို ဝမ်းနည်းစရာတွေကို ပီတိဖြာရအောင်လည်း တင်ဆက်နိုင်တယ်။ ဒီရုပ်ရှင်ကတော့ ဒုတိယအမျိုးအစားပေါ့။ ကြယ်စင်စုရထားလမ်းမှာ မျက်ရည်တွေ ကြယ်စင်လို လှပနေခဲ့တယ်။ ~~~~~~~~~~~~~~~~~~~~ ပြန်မလာ အငြိမ့် အငြိမ့်ရှိတယ် လူပြက်ကြီးက ပြောတယ် ငါ့ဘကြီး သေတော့ကွာ ပြန်မလာတော့ဘူး ငါက ပြန်လာဦးမယ် မှတ်နေတာ ဪ တစ်နေ့၊ တစ်နေ့ အဖေ၊ အမေတွေ ချစ်တဲ့သူတွေ ငါက ပြန်လာဦးမယ် မှတ်နေတာ ~ သုခမိန်လှိုင် (အငြိမ့် – ၂၀၀၈) ~~~~~~~~~~~~~~~~~~~~ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 930MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 2H 8Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.3 2023 128 mins
Father of the Milky Way Railroad
Parshawan
6.8

Parshawan2024 (ညီအစ်ကို ချစ်သံယောဇဉ်) ဟာမန်နဲ့ ဂုရုတို့ဟာ မိဘတွေမရှိတော့ကတည်းက အတူတူနေထိုင်လာကြပြီး အရမ်းကိုချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ပေါ့။ ဟာမန့်မှာတော့ ချစ်စရာဇနီးလေးရှိပြီးတော့ ဂုရုကတော့ မိဘတွေရဲ့ဆန္ဒအတိုင်း အရာရှိစာမေးပွဲဖြေဆိုဖို့အတွက် စာအုပ်ပုံကြားထဲနစ်နေသူတစ်ဦးပေါ့။ဒီလိုနဲ့နေလာကြရင်း မရီးဖြစ်သူက ဂုရုအပေါ်မှာ စာအုပ်ပုံတွေကြားပဲနေနေပြီး အစ်ကိုဖြစ်သူကို အလုပ်ကူမလုပ်တဲ့အတွက် အမြင်မကြည်မှုတွေဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာ မရီးဖြစ်သူဟာ သူ့ညီမဖြစ်သူနဲ့ ဂုရုကို ပေးစားပြီးတော့ အိမ်ကြီးကို အုပ်စိုးချင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ မရီးဖြစ်သူနဲ့ ဂုရုတို့ ပြဿနာဖြစ်ကြရင်း ဂုရုရဲ့စာအုပ်တွေကို မရီးဖြစ်သူက မီးရှို့ပစ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ဂုရုတစ်ယောက်အိမ်ပေါ်ကနေ ဆင်းလာခဲ့တော့တာပေါ့။ အရမ်းချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက် မိန်းမတစ်ယောက်အတွက်နဲ့ ဝေးကွာသွားပြီး ဘယ်လိုတွေ ခရီးဆက်ကြမလဲ ……. ဂုရုတစ်ယောက်ရော သူရည်မှန်းထားတဲ့ အရာရှိစာမေးပွဲကို အောင်မြင်အောင်လုပ်နိုင်မှာလား …… ဂုရုရဲ့ ချစ်ခရီးလမ်းကရော ဘယ်လိုတွေ ကြမ်းတမ်းပြီးတော့ သူတို့ မိသားစုတွေ ပြန်လည်ပြေလည်သွားကြမလား ….. ဆိုတာတွေကို ကြည့်ရှုရမယ့် ပန်ဂျာပီကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo ~ V~ Alex ဖြစ်ပါတယ်)

6.8 2024
Parshawan
The Queen of My Dreams

The Queens of My Dream (2023) က မိသားစုနဲ့ ယဉ်ကျေးမှုအကြောင်းကို နက်နက်နဲနဲရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး ဒါရိုက်တာ ဖော်ဇီယာ မီးဇာရဲ့ အနုပညာမြောက်မှုကို ပြသနေတဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကအချက်ကတော့ အမေနဲ့ သမီးတို့ရဲ့ ဆက်ဆံရေးအပေါ် အခြေခံပြီး သူတို့ရဲ့ အတူတူနေမှုတွေ၊ ယဉ်ကျေးမှုကွာဟမှုတွေ၊ စိတ်အတွင်းထဲကအရာတွေကို လှပစွာဖော်ပြထားတာဖြစ်ပါတယ်။ အမ်ရီတ် ကာအူးနဲ့ နင်မာရာ ဘူချာ တို့ရဲ့ သရုပ်ဆောင်မှုက ဇာတ်လမ်းကို ပိုမို အသက်ဝင်စေတယ်။ အမ်ရီတ် ကာအူးက သမီးတစ်ယောက်အနေနဲ့ ကိုယ့်အတိတ်ကို ရှာဖွေဖော်ထုတ်ပြီး ကိုယ့်အနာဂတ်ကို တည်ဆောက်ချင်တဲ့ စိတ်ဓာတ်ကို သရုပ်ဖော်နိုင်ပါတယ်။ ဒါရိုက်တာ ဖော်ဇီယာ မီးဇာရဲ့ ရိုက်ချက်တွေက ဇာတ်လမ်းရဲ့ အချို့ အခန်းတွေကို အရမ်းတိကျပါတယ်။ ရုပ်ရှင်ကြည့်ရှုသူကို ဇာတ်လမ်းထဲမှာပျော်ရွှင်စေတဲ့အနေထားတွေနဲ့ စိတ်ကိုသက်သက်သာသာနဲ့ကြည့်ရှု့ရအောင်လုပ်ထားတာပါ ။ ရုပ်ရှင်ရဲ့ ရိုက်ကွင်းတွေက ယဉ်ကျေးမှုအလှတရားကို ဖော်ပြသလို သီချင်းတွေကလည်း ဇာတ်လမ်းရဲ့ ခံစားချက်တွေကို ပိုမို ပေါ်လွင်စေပါတယ်။ ရုပ်ရှင်က ဟာသ၊ စိတ်လှုပ်ရှားမှုနဲ့ စိတ်ထဲကိုရောက်စေတာမို့ မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တော်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ The Queens of My Dream ဟာ မိသားစုအကြောင်းကို ခံစားချင်သူ၊ ကိုယ့်ယဉ်ကျေးမှုရိုးရာ ယုံကြည်မှုတွေကိုပြန်ပြီးတော့ လေ့လာအာရုံစိုက်မယ့်သူတွေအတွက် ကြည့်သင့်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

Comedy
0 2024
The Queen of My Dreams
[18+] Celestina: Burlesk Dancer
7.6

Celestina: Burlesk Dancer (20224) IMDb Rating (7.6) Celestina: Burlesk Dancer ဟာ Lovely Ladies Dormitory တစ်ကားထဲနဲ့ပွဲဦးထွက်မှာတင် ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ Yen Durano လေးရဲ့ပထမဆုံးရုံတင်ကားကြီးဖြစ်ပြီး VMX အတွက်တော့ Unang Tikim နောက်ဒုတိယဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၄၀ ဝန်းကျင် ဖိလစ်ပိုင်နိုင်ငံရဲ့ မငြိမ်မသက်ကာလတစ်ခုကိုအခြေခံထားတာပါ။ ဆယ်လက်စ်တီးနား သို့မဟုတ် တီနေးဟာ လင်ဆိုးမယားဘ၀နဲ့ရင်ဆိုင်ရုန်းကန်နေရပါတယ်။ ခင်ပွန်းဖြစ်သူဟာ ရခဲ့သမျှအမွေတွေကိုရောင်းစားရင်း၊ လောင်းကစားလုပ်မိန်းမရှုပ်ရင်းအချိန်ကုန်ပြီးလက်ကြောမတင်းတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ဆက်သည်းမခံနိုင်တော့တဲ့နောက် သားဖြစ်သူလက်ကိုဆွဲပြီး ဘ၀သစ်စဖို့ တီနေးထွက်လာခဲ့ပါတယ်။ အဲ့ဒီမှာမှ ပဒေသာဇာတ်ရုံတစ်ခုမှာ burlesque ကချေသည်အဖြစ် အလုပ်ဝင်ရင်းလီယန်ဒရိုဆိုတဲ့ ဂျပန်တော်လှန်ရေးသမားလေးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ခဲ့မိပါတယ်။ဘ၀သစ်မှာနေသားတကျပျော်မွေ့နေတဲ့ တီနေးဆီကို တဖန်ပြန်ရောက်လာခဲ့တဲ့ ကြမ္မာဆိုးကတော့ ခင်ပွန်းဟောင်းဖြစ်သူပါပဲ။ အခုချိန်မှာ သူ့ခင်ပွန်းဟာ ဂျပန်အလိုတော်ရိတစ်ယောက်အဖြစ်ကောင်းစားနေပါပြီ။ လှုပ်လှုပ်ခတ်ခတ် နိုင်ငံရေး အခြေအနေ၊ဆန့်ကျင်ဘက်တွေဖြစ်နေကြတဲ့ ချစ်သူနဲ့ခင်ပွန်းဟောင်း၊ သားတစ်ယောက်တို့ကြားက တီနေးရဲ့အနိမ့်အမြင့်အတက်အကျတွေကို လိုက်ပါစီးမျောခံစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (750 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:59:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Drama • Comedy • Romance
7.6 2024 119 mins
[18+] Celestina: Burlesk Dancer
Vaamana

Vaamana 2025 ကလဲ့စား ဂူနာက အေးချမ်းသာယာတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ သာမန်လူငယ်လေးတစ်ယောက်ပါ ရိုးသားကြိုးစားပြီး မိသားစုကို ချစ်မြတ်နိုးတဲ့သူတစ်ယောက်ဆိုလည်း မမှားဘူးပေါ့ ဒါပေမဲ့ သူ့ရဲ့ဘဝက မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် လုံးဝပြောင်းလဲသွားခဲ့ရပါတယ် အတိတ်မှာ ဂူနာနဲ့ သူ့ရဲ့မိသားစုက ရက်စက်ကြမ်းကြုတ်တဲ့ လူဆိုးဂိုဏ်းရဲ့သားကောင်တွေ ဖြစ်ခဲ့ရတာပါ အဲဒီအဖြစ်အပျက်ကြောင့်ပဲ ဂူနာက နာကျင်မှုတွေ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူ့ရဲ့နှလုံးသားထဲမှာ လက်စားချေလိုတဲ့စိတ်ဟာ အမြစ်တွယ်လာခဲ့ပါတော့တယ် လက်စားချေဖို့စောင့်နေတဲ့ ဂူနာက ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာကိုပါ ကြံ့ခိုင်အောင် လေ့ကျင့်ပြင်ဆင်ထားပြီး သူ့ရန်သူတွေကို တစ်ယောက်ပြီးတစ်ယောက် ချဉ်းကပ်ဖို့ ကြိုးစားတာကို ကြည့်ရှုရမှာပါ ဒီခရီးလမ်းမှာ ဂူနာက မထင်မှတ်ထားတဲ့ မိတ်ဆွေတွေနဲ့လည်း တွေ့ဆုံနိုင်သလို အန္တရာယ်ရှိတဲ့ ရန်သူတွေနဲ့လည်း ရင်ဆိုင်ရမှာဖြစ်လို့ လိုက်ပါကြည့်ရှုလိုက်ပါဦးနော် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Thriller • Horror
0 2025
Vaamana
Three Birthdays
5.8

Three Birthdays (2024) IMDb Rating (5.8) 1970 အမေရိကန်မှာ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ ဗီယက်နမ်စစ်ပွဲမပြီးသေးခင်ကာလမှာ တည်ထားတယ်လို့ ပြောလို့ရတယ်။ စကားထဲတော့ ဗီယက်နမ်စစ်ပွဲပါပေမဲ့ မပြဘူးပေါ့။ နောက် အမျိုးသမီးအခွင့်အရေး အများကြီးမရသေးခင်ကာလလို့လည်းပြောလို့ရတယ်။ အဓိကဇာတ်ကောင်တွေက မိသားစုတစ်ခုထဲက အဖေနဲ့အမေနဲ့ သမီးနဲ့။ သူတို့က ပွင့်လင်းမြင်သာတဲ့အမြင်တွေရှိပြီး အဖေက စာရေးဆရာနဲ့ ကျောင်းဆရာ အမေက စာရေးဆရာနဲ့ကျောင်းဆရာမ ။ သမီးကလည်း စာရေးဆရာဖြစ်ချင်နေတဲ့သူပေါ့။ သူတို့က သူတို့ခေတ်ရဲ့ရှေ့ကိုကျတဲ့အမြင်တွေရှိတယ်လို့ ခံယူထားကြသလို အဲဒီအရေးတွေနဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားတာတွေလည်းလုပ်တယ်။ လိင်မှုလွတ်လပ်ခွင့်ကို အရေးပေးတဲ့ သူတွေလို့လည်း ကြွေးကြော်ထားကြပေမဲ့ တစ်နေ့ သူ့သမီးက သူ့အမေဖောက်ပြန်တာကို သိသွားရာကနေ အဲဒီအဖြစ်ကို လက်သင့်မခံနိုင်ရာက မိသားစုဆက်ဆံရေး ထိခိုက်သွားရပုံကို ပြထားတယ်။ သူ့နာမည်အတိုင်း ဒီရုပ်ရှင်ရဲ့အချိန်ကာလက မွေးနေ့၃ခုကို အချိန်တည်ထားတယ်။ ကားစစမှာ သမီးမွေးနေ့ နောက် အဖေမွေးနေ့ နောက်ဆုံးအမေမွေးနေ့ပေါ့။ မွေးနေ့၃ခုလုံးမှာ အရေးပါတဲ့အချိုးကွေ့တွေဖြစ်ခဲ့ပြီး မွေးနေ့တွေကိုပဲ အချိန်တည်ထားတဲ့ ရုပ်ရှင်ပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.5 GB) / (700 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:31:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

5.8 2024 90 mins
Three Birthdays