YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hustlers S1E5 1080p WEB DL YK(CM).mp4

654.05 MB N/A video/mp4 119 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Cases of Mystery Lane
6.2

ဒီ ‘The Cases of Mystery Lane’ ရုပ်ရှင်လေးကတော့ ၂၀၂၃ အစောပိုင်းမှာတင် ထွက်ရှိခဲ့တဲ့Crime/Thriller/Detective/Murder Mystery အမျိုးအစားပဲ ဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းဆိုပေမယ့်လည်းလေးလေးပင်ပင်ရှိမနေပဲ အားလပ်ချိန်တွေမှာ ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းတဲ့ TV Movie အမျိုးအစားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ - Birdie နဲ့ Alden လင်မယားနှစ်ယောက်ဟာ လျှို့ဝှက်ချက်တွေ ကိုယ်စီရှိနေကြပြီး တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်းလည်းမရှိကြတဲ့ လင်မယားတွေ ဖြစ်ကြပါတယ်။ Birdie ကတော့ အလုပ်ရှင်အမေဖြစ်သူရဲ့ ဖိအားတွေအောက်မှာ အိမ်ခြံမြေရှေ့နေလုပ်ငန်း လုပ်နေသူဖြစ်ပါတယ်။Alden ကလည်း အလွတ်စုံထောက်ဖြစ်သင်တန်းကို မိန်းမဖြစ်သူမသိအောင် ခိုးတက်နေခဲ့ရာမှ လူသတ်မှုတစ်ခုထဲမှာ ပါဝင်ပတ်သက်မိခဲ့တဲ့အခါမှာတော့… မိန်းမဖြစ်သူ Birdie ကလည်း ထိုလူသတ်မှုနဲ့ မကင်းမရှင်း ဖြစ်နေခဲ့တဲ့အခါမှာရော… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး စိတ်ဝင်တစား ကြည့်ရှုခံစားရအောင် တင်ဆက်ပေးထားတဲ့ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။ File size…(1.5 GB)/(700 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:24:00 Genre...Drama, Mystery, Romance, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Keith M

Comedy • Romance
6.2 2023 84 mins
The Cases of Mystery Lane
The Night of the 12th
7.1

Memories of Murder တို့ Zodiac တို့လို ဖြစ်ရပ်မှန်ကို အခြေခံပြီး တရားခံမပေါ်တဲ့ ဇာတ်လမ်းတွေကို ကြိုက်တယ်ဆိုရင်တော့ ဒီကားဟာ သင့်အတွက်ပါပဲ။ စုံထောက်တိုင်းမှာ သူတို့မေ့မရတဲ့ သူတို့ကို အတွင်းထဲက လှိုက်စားနေတဲ့ အမှုတစ်ခုစီတော့ ရှိတတ်ကြပါတယ်။ ဒီကားထဲက စုံထောက်အတွက်ကတော့ ၁၂ရက်နေ့ညမှာအသတ်ခံခဲ့ရတဲ့ ကလာရာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမှုပါ။ ဒီကားဟာလည်း ကလာရာ့အသတ်ခံရမှုနောက်ကို စုံစမ်းဖော်ထုတ်ကြမယ့် ဖြစ်စဉ်အကြောင်းပဲဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့သလိုပါပဲ... ဒီကားဟာ ပြင်သစ်ရဲဌာနရဲ့ မဖြေရှင်းနိုင်ခဲ့တဲ့ အမှုတစ်ခုအပေါ် အခြေခံပြီး ပြန်ရိုက်ထားတာဖြစ်ပါတယ်။ သိတဲ့အတိုင်းပါပဲ ဒီလိုကားတွေဟာ ဇာတ်လမ်းအကြောင်း သိပ်များများပြောပြဖို့ မသင့်တာမို့ ကိုယ်တိုင် ကြည့်ရှုကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ တစ်ခုရှိတာက ဒါဟာဖြစ်ရပ်မှန်စုံထောက်ကားဆိုပေမယ့် အလွှာတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ လူမှုရေးရာခေါင်းစဉ်တွေပါဝင်သလို လူမှုရေးစံနှုန်းတွေဘက်ကကြည့်ရင် နက်နဲပါတယ်။ နောက်ပြီး တကယ့်အစစ်အမှန်ဆန်တဲ့ တင်ပြမှုပုံံစံမျိုးနဲ့ တွေ့ရမှာမို့ စိတ်မပျက်စေရဘူးလို့တော့ အာမ,ခံပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 640MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 55Min Genre - Crime, Drama, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Drama
7.1 2022 114 mins
The Night of the 12th
Maqbool
7.1

IMDb...8.1 ရည်မှန်းချက်ကြီးတာ ကောင်းသလားလို့မေးရင် ကောင်းတာပေါ့လို့ပဲ အတော်များများက ဆိုကြမယ်ထင်ပါရဲ့ ဒါပေမဲ့ အဲဒီရည်မှန်းချက်ဆိုတာကြီးကို အကျင့်စာရိတ္တနဲ့ ကိုယ်ကျင့်တရားက ချွန်းလို မအုပ်နိုင်ရင်တော့ ကိုယ်တင်မကဘူး ကိုယ့်ဘေးက လူတွေကိုပါ ပျက်စီးစေတတ်တယ်ဆိုတာကို ဒီဇာတ်ကားရယ် Shakespeare ရေးခဲ့တဲ့ Macbeth ပြဇာတ်ရယ်က သက်သေခံနေပါတယ်.... နာမည်က မီယန်မက်ဘူး သိပ်တော်ပြီး ပါးနပ်လို့ ပါပါကြီးဆိုတဲ့ မွမ်ဘိုင်းက မာဖီယားခေါင်းဆောင်ကြီး အားအကိုးရဆုံး ညာလက်ရုံးတစ်ယောက်ပေါ့ ပါပါကြီးနားမှာ သူနေလာခဲ့တာ ၂၅ နှစ်ရှိပြီ ပါပါကြီးရဲ့အသက်ကို ကယ်ခဲ့ပေါင်းလည်းမနည်းဘူး ပါပါကြီးကလည်း သူမှသူ ဆိုပါတော့လေ ဒါပေမဲ့ သူ့မှာ လျှို့ဝှက်ချက်တစ်ခုရှိတယ် အဲဒါကတော့ ပါပါကြီးရဲ့အမြှောင်မယား နင်မီနဲ့ တိတ်တိတ်ပုန်းချစ်ကြိုက်နေတာပါပဲ မဖြစ်သင့်တဲ့အချစ်တစ်ခုရယ် ဘေးနားက မြှောက်ထိုးပင့်ကော်လုပ်တတ်သူတွေရယ်ကြောင့် စိတ်အလိုလိုက်ပြီး ထင်ရာစိုင်းမိတဲ့ မက်ဘူးတစ်ယောက် တွေ့ကြုံရတဲ့ကံကြမ္မာတွေကတော့- Awards မျိုးစုံရရှိထားပြီး နာမည်ကျော်မင်းသားကြီး Irrfar Khan က မက်ဘူးအဖြစ် သရုပ်ဆောင်ထားပါတယ် File Size : (2.02GB)  ,(957 MB) , (164MB) Quality :Blu-Ray1080P5.1Ch,720p Format…mp4 Duration…02:12:00 Genre :Crime,Drama & Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Drama
7.1 2003 132 mins
Maqbool
The Many Saints of Newark
6.4

ဒီဇာတ်လမ်းကတော့ ၁၉၉၉တုန်းကနေ စပြီး ၂၀၀၇အထိ ထွက်ရှိခဲ့တဲ့ The Sopranos Series ရဲ့ Prequel Movie ပဲ ဖြစ်ပါတယ် Prequel တစ်ခု ဖြစ်တဲ့အတွက် ဒီဇာတ်လမ်းကို ကြည့်ပြီးသွားရင်လည်း The Sopranos Series ကို ကြည့်ဖို့ညွှန်းချင်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ နယူးဝက်မြို့ မှာ ဒီမီယို ဆိုတဲ့ မာဖီးယားဂိုဏ်းတစ်ခုရှိပါတယ် အယ်လ်ဒို မော်တီဆန်းတီ က အဲဒီ့ ဒီမီယို မိသားစု နဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ ဒါပေမယ့် သူက ဒီမီယိုမိသားစုက လူတွေထက်တောင် ပိုချမ်းသာပါတယ် သူ့မှာ ဒစ်ကီ မော်တီဆန်းတီ လို့ခေါ်တဲ့ သားတစ်ယောက် ရှိပါတယ် သူက ဒီဇာတ်လမ်းရဲ့ main character ပေါ့ဗျာ ဒစ်ကီ ဟာ သူ့ကိုယ်သူ ကောင်းမှုကုသိုလ်တွေချည်းပဲ လုပ်ပေမယ့် သူ့ဘဝဟာ အမြဲတမ်း ဒုက္ခတွေနဲ့ ပြည့်နှက်နေတယ် လို့ ထင်တဲ့သူတစ်ယောက်ပါ ကျွန်တော်တို့လည်း အများအားဖြင့် ကိုယ့်အပြစ်တွေ ကို ကိုယ်မမြင်တတ်ဘဲနဲ့ ငါဘာလို့ အမြဲ ဒုက္ခရောက်နေတာလဲ လို့ တွေးမိသလိုမျိုးပါပဲ ဒစ်ကီ ဟာလည်း တတ်နိုင်သမျှ အများအမြင်မှာ လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပေမယ့် သူ့ရဲ့ ခံစားချက်တွေကို မထိန်းချုပ်နိုင်တဲ့အခါ ဘာတွေဖြစ်သွားမလဲ ဆိုတာကို " နယူးဝက်ရဲ့ သူတော်ကောင်းအများစု" ရုပ်ရှင်ထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ကြပါခင်ဗျ The Godfather လို Vibe မျိုးရစေမယ့် Ganster Movie တစ်ခုဖြစ်ပြီးတော့ Story line ရော Plot အချိတ်အဆက်လည်းကောင်းတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ် ဇာတ်လမ်းကို နောက်ကွယ်ကတော့ ဇာတ်ကြောင်းပြန်ပေးနေမယ့် သူကတော့ ခရစ်စတိုဖာ မော်တီဆန်းတီ ပဲ ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ခရစ်စတိုဖာရဲ့ အဖေဖြစ်တဲ့ ဒစ်ကီ မော်တီဆန်းတီ ရဲ့ ဘဝနဲ့ သူ့ရဲ့ဦးလေး တိုနီ ဆိုပရာနို တို့နဲ့ ဘဝ ဆက်နွယ်မှု ၊ ထိုခေတ်အခါက လူမည်းများအပေါ် လူဖြူများရဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှု တို့ကို အဓိက ထား ရိုက်ပြထားပါတယ် ခရစ်စတိုဖာ မော်တီဆန်းတီ နဲ့ တိုနီ ဆိုပရာနို တို့က ဘယ်သူတွေ လဲ ဘယ်လိုပက်သက်လဲ ဆိုတာကိုလည်း ဒီဇာတ်ကားကို ဒေါင်းကြည့်ပြီး အဖြေရှာကြည့်ပေတော့ဗျာ File size…1.26GB / 1.87GB Quality…720p web h264 & 1080p web h264 Format…Mp4 Duration….2h Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by  Lai Laii And Thura Hein

Action • Adventure • Thriller
6.4 2021 120 mins
The Many Saints of Newark
The Novelist’s Film
7

The Novelist’s Film (2022) ~ IMDb – 7/10, Rotten Tomatoes – 100% ~ Directed by Hong Sang-soo ဟုံဆန်ဆူးဟာ မနှစ်ကထွက်တဲ့ ၂ကားကနေ အခုထိ ဒါရိုက်တာတွေ မင်းသမီးတွေ စာရေးဆရာတွေအကြောင်းချည်း ရိုက်လာတာပါ။ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းတင်ဆက်ပုံအရဆို In Front of Your Face က ပိုသာတယ် ထင်ကောင်းထင်ရပေမဲ့ ကျွန်တော်တော့ ဒီသုံးကားထဲ The Novelist’s Film ကို အကြွေဆုံးပါပဲ။ In Front of Your Faceထဲက သရုပ်ဆောင်တွေရော၊ Introduction ထဲက သရုပ်ဆောင်တွေရော ပြန်သုံးထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်းပါပဲ စာရေးဆရာရိုက်တဲ့ ရုပ်ရှင်အကြောင်းပေါ့။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရှိတယ်။ သူစာမရေးနိုင်တာ နည်းနည်းကြာပြီ။ သူစာမရေးနိုင်တဲ့ သဘောက သူက ပုံမှန်ဆို ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတွေကို တစ်ခုခုခံစားရအောင် ရေးနိုင်စွမ်းရှိတဲ့ သူမျိုးပေါ့။ အရင်ကတော့ ဒီလိုရေးနိုင်တာက သူ့အတွက် ပါရမီလိုလို ဘာလိုလို သူခံစားခဲ့ရတယ်။ ကြာတော့ သူ့ဘာသာ ဒါကြီးက ဟန်များပြီး မရိုးသားဘူးလို့ မြင်လာရော။ စာရေးဆရာရဲ့ အလုပ်က စာဆက်ရေးနေဖို့ပဲလေ။ ဒီတော့ သူဆက်ရေးတယ်။ မကြိုက်ဘူး။ ဖြဲပစ်တယ်။ ဒီလိုနဲ့လည်နေတာပဲ။ ဒီလိုနဲ့စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း သူသိပ်ကြိုက်တဲ့၊ ကားမရိုက်တာကြာပြီဖြစ်တဲ့ မင်းသမီးနဲ့တွေ့တယ်။ ဂင်မင်ဟီးပေါ့။ သူနဲ့တွေ့တဲ့အခန်းမှာ ဂင်မင်ဟီး အပြင်ဘဝနဲ့ ခပ်ဆင်ဆင်စကားတွေသုံးပြီး ဂင်မင်ဟီး ကားသိပ်မရိုက်ရတဲ့ အကြောင်းရင်းကိုတောင် ရှင်းသွားတယ်။ ပြီးကျ စာရေးဆရာမက သူစာရေးမရလို့ ဇာတ်ကားတစ်ကားရိုက်ကြည့်ချင်တဲ့အကြောင်း ဂင်မင်ဟီးကိုပြောပြီး အတူတူရိုက်ကြတယ်။ စာကျတော့ ရေးလို့မရဘူး။ ရုပ်ရှင်ကိုကျ ဇာတ်ညွှန်းပါရေးပြီး ရိုက်ဖို့လုပ်တာက နည်းနည်းတော့ မဆီလျော်ဘူးထင်စရာပဲ။ ဒါကိုလည်း သူက သူရိုက်ချင်တဲ့ ပုံစံကိုပြောပြပြီး ပြန်ရှင်းသွားတယ်။ သူ့ရုပ်ရှင်ရိုက်နည်းက ဇာတ်ညွှန်းမရှိတာလည်း မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ သူတည်ဆောက်ထားတဲ့ ဇာတ်ညွှန်းထဲ သူ့အလိုလို ဆင့်ပွားဖြစ်လာတဲ့အရာတွေကိုလည်း ဇာတ်ညွှန်းအတိုင်းကိုက်အောင် ပိတ်ဆို့ပစ်တာမျိုးမရှိတဲ့ပုံစံမျိုးပေါ့။ စာရေးတာမှာလည်း ဒီလိုမျိုး ခပ်ဆင်ဆင်တော့ရှိပေမဲ့ ရုပ်ရှင်မှာလောက်တော့ မလွတ်လပ်ဘူးပေါ့။ စာရေးတာမှာက ကိုယ့်ဇာတ်ကောင်တွေကို ကိုယ်မထိန်းနိုင်တော့တာမျိုး သူ့ဘာသာ အသက်ဝင်လာတာမျိုးပေါ့။ မင်းလူတော့ အမှာစာတစ်ခုမှာ ဒီလိုဖြစ်ဖူးတယ်လို့ ရေးထားတာပဲ။ ခပ်ဆင်ဆင်ပြောရရင် ဇာတ်ညွှန်းက ပန်းပွင့်တစ်ပွင့်ပွင့်တာကို ရိုက်မယ်ထား။ ဒါရိုက်တာက ပန်းပွင့်လာတာကို ထိုင်ရိုက်တယ်ထား။ သူရိုက်နေတုန်း ပွင့်ပွင့်ချင်း ပန်းကတစ်လွှာ အလိုလိုကြွေသွားတယ်ထား။ ဒါရိုက်တာက သူ့ဇာတ်ညွှန်းအရ ပွင့်တဲ့အထိပဲဖြစ်ရမယ်ဆိုပြီး တစ်လွှာကြွေတာကို ကန့်သတ်ပြီး ဖယ်မပစ်တဲ့ပုံစံမျိုး ရိုက်တယ်ပေါ့။ ဒီရုပ်ရှင်ဟာ စာရေးသားခြင်းမှာ သူမရတဲ့ လွတ်လပ်ခြင်းမျိုးကို စာရေးဆရာမက ရုပ်ရှင်ရိုက်ပြီး ပြန်ရှာတဲ့ အကြောင်းပါပဲ။ ဟုံဆန်ဆူးဟာ သူပြချင်တဲ့ပွိုင့်ကို တော်တော်လှလှပပကို ပြသွားပါတယ်။ မနှစ်ကအကောင်းဆုံးကားတွေထဲ ဟုံဆန်ဆူးရဲ့ In Front of Your Face ကို ထည့်ခဲ့ရသလို ဒီနှစ်လည်း ဟုံဆန်ဆူးရဲ့ The Novelist’s Film ကို ဒီနှစ်ရဲ့အကောင်းဆုံးကားတွေ စာရင်းထဲ ထည့်ရဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.73GB, 1.13GB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 32Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Biography • Drama • History
7 2022 92 mins
The Novelist’s Film
Enemy Mine

Enemy Mine (1985) ဒီတစ်ခေါက်မှာတော့ IMDB 6.8/10 ရထားတဲ့ ၁၉၈၅ ခုနှစ်က Sci-fci/Action ကားလေး နဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဇာတ်လမ်းအကျဉ်းမပြောခင် ဒီကားက ၁၉၈၅ခုနှစ်က ရိုက်ထားတဲ့ ဂြိုလ်သားကားလေးဆိုတာတော့ တစ်ချက်လောက် သတိပြုမိစေချင်ပါတယ်နော်.. တစ်ခေတ် တစ်ခါက လူသားနဲ့ ဂြိုလ်သားဇာတ်ကားလေးကို ခေတ်ဟောင်းမုဒ်သွင်းပြီး ခံစားသက်ဝင်ကြည့်ကြပါလို့.. ဇာတ်လမ်းအကျဉ်း နှစ်ဆယ့်တစ်ရာစုအလွန်မှာ ကမ္ဘာသားတွေနဲ့ ဒရက်ဂ်လို့ခေါ်တဲ့ဂြိုလ်သားမျိုးနွယ်တွေက နယ်မြေချဲ့ထွင်ကြရင်း ကတောက်တဆဖြစ်ကာ အာကာသထဲ တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်.. ဒီလိုနဲ့ အာကာယတိုက်ခိုက်ရေးယာဉ်မှူး ဒက်ဗေ့ချ်က ဒရက်ဂ်တစ်ကောင်နဲ့ အကြိတ်အနယ် တိုက်ခိုက်ရင်း မထင်မှတ်ဘဲ အာကာသယာဉ်ပျက်ကြပြီး နယ်မြေသစ်တစ်ခုဖြစ်တဲ့ ဖိုင်ရင်ဂြိုလ်ထဲ သောင်တင်သွားခဲ့ပါတော့တယ်.. ကံဆိုးစွာနဲ့ပဲ အဲဒီဂြိုလ်ပေါ် ယာဉ်ပျက်ကျပြီး သောင်တင်နေတာက သူတစ်ယောက်တည်းမဟုတ်ဘဲ တစ်ဖက်က ရန်သူ ဒရက်စ်တစ်ကောင်ပါ အတူတူဖြစ်နေတဲ့အခါ… ဒက်ဗေ့ချ်တစ်ယောက် ရန်သူနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ရင်းပဲ ကယ်ဆယ်ရေးယာဉ်လာအောင် စောင့်မျှော်နေရမလား.. ဒါမှမဟုတ် ရန်သူနဲ့ တစ်မြေတည်းနေပြီး သူငယ်ချင်းတွေအဖြစ်ပေါင်းစည်းသွားမလား.. ရန်သူတော်ကြီးကနေ သူငယ်ချင်းအဖြစ်ပေါင်းစည်းသွားဖို့ဆိုတာရော ဖြစ်နိုင်ပါ့မလား.. တစ်ဖက် ရန်သူတွေမှာရော သူတို့ ကမ္ဘာသားတွေ မသိနိုင်တဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေ အကျင့်စရိုက်တွေ ရှိနေမလဲဆိုတာကိုတော့… ဇာတ်ကားထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်.. ပါဝင်ထားတဲ့ သရုပ်ဆောင်ကြီးတွေကတော့ Dennis Quaid (The Day After Tomorrow/Jaws 3-D) Louis Gossett Jr. (Jaws 3-D)တို့ပဲဖြစ်ပါတယ်.. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(2.24GB) / (980GB) / (631MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre…Action / Adventure / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 1985 108 mins
Enemy Mine
96
8.9

96 (2018) ” ငါတို့ ဘယ်ရထားမှာ လွဲခဲ့သလဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ ။ ခင်ခင်ပျိုရေ ….. ငါ စောင့်ခဲ့တယ် ။ ။ #အောင်ချိမ့် အချစ်ဆိုတာလည်း အချိန်ကို စောင့်တတ်တာမျိုး မဟုတ်ပါဘူး။ ဖူးစာဆိုတာဟာလည်း ဦးရာလူပါပဲ။ လွဲရမဲ့ ကံကြမ္မာတွေဟာ လွဲကို လွဲကြရတာပါပဲ။ မဆုံဆည်းဖြစ်ခဲ့တဲ့ ကံကြမ္မာက တစ်ပတ်လည်လို့ မဖြစ်မနေ ပြန်လည် ဆုံဆည်းရမယ် ဆိုပါစို့။ အဲဒီအချိန်တွေကို တန်ဖိုးရှိအောင် အသုံးချရမှာပေါ့။ ဖြူစင်လွန်းတဲ့အချစ်တွေက ပိုင်ရှင်အတွက် တန်ဖိုး ရှိပေမဲ့ လက်ခံသူထားတဲ့တန်ဖိုးပေါ် မူတည်ပြီး တန်ဖိုးတွေက ပြောင်းလဲလို့ နေပါတယ်။ အထက်တန်းကျောင်းသားဘဝကတည်းက အခြေတည်ခဲ့တဲ့အချစ်တစ်ခုဟာ အကြောင်းအမျိုးမျိုးကြောင့် အလွဲလွဲ အချော်ချော်တွေ ဖြစ်ခဲ့ရပြီး ကံကြမ္မာ မျက်နှာသာမပေးလို့ အနီးဆုံးမှာ ရှိနေပေမဲ့ အဝေးကြီး ဝေးခဲ့ရတဲ့အဖြစ်တွေ …. “ငါတို့တွေ ပြန်တွေ့ရတဲ့အချိန် ငါ့မှာလည်း အကြွေးတွေနဲ့ နင့်မှာလည်း ကလေးတွေနဲ့” ဆိုတဲ့ စကားဟာ ကြားရရင် ဟာသစွက်သလို ဆိုပေမဲ့ ခံလိုက်ရတဲ့ကောင်ကတော့ ရင်အနင့်ကြီး နင့်ရသပေါ့။ အချစ်ဦးကို အိမ်ထောင်သည်အဖြစ် ပြန်တွေ့ရတဲ့အခိုက်အတန့် တစ်ညလုံး မအိပ်ဘဲ ကိုယ် မျိုသိပ်ခဲ့ရတဲ့ အချစ်တွေကို ရင်ဖွင့်ခွင့် ရခဲ့တဲ့လူတစ်ယောက်ရဲ့ အရိုးသားဆုံး အဖြူစင်ဆုံး ဝန်ခံချက်တွေကြောင့် ဒီဇာတ်ကားကို ကြည့်တဲ့ သူတွေလည်း နင့်နေ‌အောင် ခံစားကြရမှာပါပဲ။ ၉၆ ဆိုတဲ့ ၁၉၉၆ ခုနှစ်က အထက်တန်းကျောင်းသားလေး နဲ့ ကျောင်းသူလေးရဲ့ နှစ် ၃၀ ကြာမှ ဖြေရှင်းခွင့် မရခဲ့တဲ့ အကြောင်းတွေကို ဖြေရှင်းခွင့် ရခဲ့တဲ့အခါမှာ အရာရာဟာ နောက်ကျသွားခဲ့ပြီ ဆိုပေမဲ့ မပြောဖြစ်ခဲ့တဲ့ စကားတွေကို ပြောခွင့်ရတဲ့ တစ်ညတာက အင်မတန် တန်ဖိုးရှိလှပါတယ်။ တစ်ညလုံးလုံး မအိပ်ဘဲ စကားပြောဖြစ်လောက်အောင်အထိ အတူတူ ရှိနေချိန်တွေက တန်ဖိုး ရှိနေခဲ့တဲ့ ဇာတ်လမ်းလေး။ အချစ်ဦး နဲ့ လွဲခဲ့တဲ့လူတွေ ဒီဇာတ်လမ်းကို ကြည့်ပြီး မငိုရဘူးဆိုရင် ကြိုက်သလို ပြောပါ။ အင်္ဂလိပ်မှာ 500 Days of Summer ကိုရီးယားမှာ On your wedding day တရုတ်မှာ My Love ထိုင်းမှာ One Day ဆိုရင် …. ဒီတောင်ပိုင်းကား 96 ကလည်း အဲဒီအနွယ်ဝင်ပဲ ဖြစ်ပါလိမ့်မယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ August ပဲ ဖြစ်ပါတယ်။ Genre….. Romance, Drama Quality…. 1080p | 720p File size… 2.13GB | 1GB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. August Encoder ….. Aaron

Comedy • Mystery
8.9 2018 159 mins
96
Florence Foster Jenkins
6.8

ဒီဇာတ်လမ်းမှာတော့ Florence Foster Jenkins ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဘဝဇာတ်ကြောင်းကို တင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ဂီတကို ရိုးသားစွာချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင် ဗာဒီကလပ် ကို တည်ထောင်ပြီး နယူးယောက်မြို့အတွက် ဂီတကို ပေးဆပ်သူအဖြစ် ခံယူထားခဲ့ပါတယ်။ ဖလောရန့်စ်ဟာ ပထမအိမ်ထောင်က ကူးစက်လာတဲ့ ဆစ်ဖလစ်ရောဂါကို နှစ် (၅၀) ကြာ ခံစားလာခဲ့ရသူဖြစ်ပြီး သူ့ရဲ့ လက်ရှိအိမ်ထောင်လည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့ မစ္စတာစိန့်ကလဲရ်ဘေးဖီးဒ်နဲ့ နှစ်များစွာ လက်တွဲလာခဲ့ပါတယ်။ ဂီတပွဲတစ်ခုအတွင်းက လီလီပွန်းစ်ရဲ့တင်ဆက်မှုကို မစ္စတာဘေးဖီးဒ်နဲ့အတူ ကြည့်ရှုခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ သီချင်းဆိုလေ့ကျင့်ခန်းတွေကို ဆက်လက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စန္ဒရားဆရာဖြစ်သူကော့စမီးမက်မွန်း ကိုလည်း ငှ ားရမ်းပြီးတော့ ပင်တိုင်စန္ဒရားဆရာအဖြစ်အသုံးပြုခဲ့ပါတယ်။ စိန့်ကလဲရ်အနေနဲ့ ပွဲငယ်လေးတစ်ခုစီစဉ်ပြီး ပရိသတ်တွေကို လက်ရွေးစင်ရွေးချယ်ကာ သူ့မိန်းမ ဖလောရန့်စ်ကို သီချင်းဆိုကောင်းသူအဖြစ် ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဂီတကိုရိုးသားစွာခုံမင်သူ ဖလောရန့်စ်အတွက်ကတော့ သူ့ရဲ့ကမ္ဘာလေးက သူစိတ်တိုင်းကျ ဖြစ်လာခဲ့ပြီလို့ ထင်ယောင်နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူ့ယောကျ်ားကိုယ်တိုင်ရဲ့ စေတနာနဲ့လှည့်စားမှုအောက်မှာ ပရိသတ်ကိုလိမ်ညာသူ ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။ စိန့်ကလဲရ်ဖန်တီးပေးထားတဲ့ အကဲဖြတ်ချက်ကောင်းတွေကို ယုံကြည်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ ကော့စမီး မက်မွန်းနဲ့အတူ ကိုယ်ပိုင်သီချင်းတွေကိုပါ ဖန်တီးသီဆိုလာခဲ့ပြန်ပါတယ်။ သီချင်းတစ်ပုဒ်ပါရေဒီယိုမှာ လွှင့်ခွင့်ရခဲ့တဲ့အချိန် ပရိသတ်တွေက ဟာသနဲ့ အပျော်သဘောတောင်းဆိုမှုတွေ များလာခဲ့ပါတယ်။ မဒမ် ဖလောရန့်စ်အတွက် ကာနေဂီဟောလ်မှာ ဖျော်ဖြေဖို့အထိ အားအင်တွေ ရလာခဲ့ပြီး စိန့်ကလဲရ်အနေနဲ့ ကော့စမီးမက်မွန်းကိုပါ လေဒီဖလောရန့်စ်ကို ကူညီဖျော်ဖြေပေးဖို့ တိုက်တွန်းခဲ့ရပါတယ်။ လူ ၃၀၀၀ ခန့်ဆန့်တဲ့ နာမည်ရခန်းမတစ်ခုဖြစ်တဲ့ ကာနေဂီဟောလ်မှာ ဖျော်ဖြေရမယ့်အခွင့်အရေးကို လိုချင်ပေမယ့် လှောင်ပြောင်နှာခေါင်းရှုံ့မယ့်သူတွေနဲ့ အဖြစ်ဆိုးကြီးကို ကြိုမြင်နေသူ ကော့စမီးမက်မွန်း အနေနဲ့ စိတ်မသက်သာစွာပဲ သဘောတူခဲ့ပါတယ်။ လေဒီဖလောရန့်စ်ကိုယ်တိုင်ကလည်း တိုင်းပြည်အတွက် အနစ်နာခံပေးခဲ့သူ စစ်သားတွေကို ဒီဖျော်ဖြေပွဲကို တက်ရောက်နိုင်ဖို့ လက်မှတ် ၁၀၀၀လှူဒါန်းခဲ့ပါတယ်။ ဂီတပွဲကလည်း မထင်မှတ်ထားဘဲ နာမည်ကြီးတွေပါ တက်ရောက်အားပေးခဲ့ပြီး သောက်စားလာတဲ့အရှိန်ကြောင့် ရော နာမည်ကြီးမင်းသမီးတွေကိုပါ တွေ့ရလို့ အပျော်လွန်နေတဲ့ စစ်သားတွေဟာ မဒမ်ဖလောရန့်စ်ရဲ့ ဖျော်ဖြေမှုကို ဟားတိုက်လှောင်ပြောင်စော်ကား လာခဲ့ပါတော့တယ်။ မဒမ်ဖလောရန့်စ်ရဲ့ ဂီတအပေါ်ရှုးသွပ်မှုကို လောင်စာပေးခဲ့သူ စိန့်ကလဲရ်ကပဲ ဒီအဖြစ်ဆိုးရဲ့တရားခံလား။ ရိုးသားမှုမရှိဘဲ ငွေမျက်နှာကြောင့် မဒမ်ဖလောရန့်စ်အပေါ် အကဲဖြတ်ကောင်းတွေ ပေးခဲ့သူတွေ၊ ချီးကျူးခဲ့သူ အပေါင်းအသင်းတွေကပဲ တရားခံလား။ ဘယ်လိုပဲဖြစ်ဖြစ် ဂီတအပေါ် ရိုးသားစွာခုံမင်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ နှလုံးသည်းပွတ်ကြွေမတတ် သီဆိုဖျော်ဖြေနေခဲ့တာတွေက အများအမြင်မှာ ရယ်စရာဟာသတစ်ခုလို ဖြစ်နေခဲ့တဲ့အဖြစ်မှန်တွေကိုသိပြီး သူထင်မှတ်ထားတဲ့ ကမ္ဘာကြီးက ပြောင်းပြန်ဖြစ်နေခဲ့တယ်ဆိုတာကိုနှစ်များစွာကြာမှ သိခဲ့ရပါတော့တယ်။ အစစ်အမှန်ပဲဖြစ်ဖြစ် အတုအယောင်ပဲဖြစ်ဖြစ် မဒမ်ဖလောရန့်စ်အတွက်တော့ သူမရဲ့ဂီတဘဝမှာ လူတွေက သူ့ကို သီချင်းမဆိုနိုင်ဘူးလို့ ပြောလို့ရချင်ရမယ်၊ သီချင်းမဆိုခဲ့ဘူးလို့တော့ ပြောလို့မရပါဘူး။ File size… 1.6 GB / 620 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 51m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6.8 2016
Florence Foster Jenkins
Marei El Breemo
5.5

စိတ်တွေမွန်းကြပ်နေတဲ့အချိန်မှာ စိတ်ပြေလက်ပျောက် ဟာသကားလေး ကြည့်ချင်တယ်ဆိုရင် အခုတင်ဆက်ပေးမယ့် Marei The Primo ဆိုတဲ့အီဂျစ်ဟာသလေးကိုကြည့်ဖို့ ညွှန်းပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေက မဆိုသလောက် မြန်မာကားလေးနည်းနည်းဆန်တယ်ဆိုပေမဲ့ Netflix တန်းဝင်ဖြစ်တဲ့အတွက် သူ့ဟာလေးနဲ့သူတော့ ကြည့်လို့အဆင်ပြေပါတယ်။ ဇာတ်လမ်းအစမှာတော့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက်က ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ သူ့ရဲ့မြေးဖြစ်သူကို ရှာနေပုံကိုတွေ့ရမှာဖြစ်ပြီး ဥစ္စာလိုချင်ဇောနဲ့အကြံအဖန် လာလုပ်တဲ့ ဂျင်းကောင်တွေကို နောက်တစ်ခါဆိုတာ မရှိတော့အောင် သင်ခန်းစာပေးနေပုံကိုတွေ့ရမှာဖြစ်ပါတယ်။ဒီလိုနဲ့ နောက်တစ်ခန်း မှာတော့ မာရီဆိုတဲ့ ဖရဲသီးကုန်သည်တစ်ယောက်နဲ့ သူ့ဘ၀ကို ရိုက်ကူးပြသထားပါတယ်။နောက်ပိုင်းမှာတော့ ပရိသတ်ကြီးထင်တဲ့ အတိုင်းပါပဲ မာရီကခုနကသူဌေးကြီးရဲ့တကယ့်မြေးအရင်းဖြစ်နေပြီး အဖိုးဖြစ်သူနဲ့ သွားရောက်တွေ့ဆုံခဲ့ရပါတယ်။အဖိုးဖြစ်သူက သူ့မြေးနဲ့တွေ့တဲ့အခါမှာ သူ့ပိုင်ဆိုင်မှုတွေကို မျက်စိကျနေတဲ့ သူတွေရှိနေတဲ့အတွက် အချိန်တွေဆွဲမနေတော့ပဲ မာရီ့ကို ပိုင်ဆိုင်မှုတွေ အားလုံးပေါင်းထားတဲ့ စိန်တွေပေးလိုက်ပြီး ထိန်းသိမ်းထားခိုင်းလိုက်ပါတော့တယ်။မာရီကလည်း ဖရဲသီးကုန်သည် ပီပီ အိမ်မှာထားထားတဲ့ ဖရဲသီးတွေထဲကနှစ်လုံးထဲမှာ အဲ့ဒီစိန် တွေကိုဖွက်ထားလိုက်ပါတော့တယ်။ အဲ့ဒီအထိ ကိစ္စမရှိသေးပေမဲ့ နောက်နေ့မနက်နိုးလာတဲ့အချိန်မှာ သူ့မိန်းမကအိမ်က ဖရဲသီးတွေ အကုန်လုံးကိုရောင်းလိုက်ပြီဖြစ်တဲ့အတွက် စိန်တွေပါသွားတာက တစ်ကြောင်း သူ့အဖိုးရဲ့ပိုင်ဆိုင်မှုတွေကို တပ်မက်နေတဲ့လူတွေပါ အိမ်အထိရောက်ချလာပြီး ခြိမ်းခြောက်တောင်းယူတာက တစ်ကြောင်းနဲ့ ပြဿနာပေါင်းစုံကြုံတွေ့ပြီးအဲ့ဒီစိန်တွေကို ပြန်ယူနိုင်ဖို့ကြိုးစားရတဲ့ခရီးကြမ်းကြီးကို ဟာသပေါင်းများစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.61GB / 1.3GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2023 105 mins
Marei El Breemo
Tiger House
5.1

ကဲ အခုတစ်ခါတော့ ပရိတ်သတ်ကြီး အတွက် သည်းထိပ်ရင်ဖို ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်ကားလေးကတော့ မမျှော်လင့်ထားတဲ့ နေရာကိုရောက်သွားပြီးတော့ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံတွေ့ရတတ်ပုံကို သည်းထိတ်ရင်ဖိုအသားပေး ရိုက်ကူးထားတာဖြစ်ပါတယ် မြန်မာစကားပုံတစ်ခုတောင် ရှိသေးတာပဲ ” အစားမတော် တလုပ် အသွားမတော် တလှမ်းတဲ့ ” ဇာတ်လမ်း အကျဉ်းလေးကတော့ ကယ်လီဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ တစ်ညမှာ သူ့ရည်းစားအိမ်ကို သွားရောက်လည်ပတ်ရာမှ သူ့ရည်းစားနဲ့ မတွေ့ဘဲ မထင်မှာထားတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့လိုက်ရာမှ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော….။

5.1 2015 80 mins
Tiger House
Carbone
6.5

စက်ရုံကြီးတွေက ထုတ်တဲ့ညစ်ညမ်းတဲ့ ကာဘွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ ပြဿနာတွေက ဟိုးအရင်ကတည်းက အခုလက်ရှိအချိန်အထိ ကြုံတွေ့နေရသေးတဲ့ပြဿနာ တွေပါပဲ။အဲ့ဒါဆိုရင် စက်ရုံတွေကိုဓာတ်ငွေ့မထုတ်အောင် တားမြစ်ပိတ်ပင်လိုက်လို့ မရဘူးလားဆိုတော့လည်း အဲ့ဒါ အတွက် ညစ်ညမ်းခွင့်ပြုချက်ကို အခွန်ဆောင်ဝယ်ယူပြီး အသုံးပြုလို့ရနေပြန်ပါတယ်။အဲ့ဒါကြောင့်လည်း ဆန္ဒပြသူ တွေကပြ စက်ရုံတွေကလည်း အပြုံးမပျက်ဆက်လက် လည်ပတ်နေနိုင်တာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ ဇာတ်ကားမှာတော့ အဲ့ဒီကာဘွန်ဒိုင်အောက်ဆိုက်ဒ်ညစ်ညမ်းမှု ခွင့်ပြုချက်ကိုအသုံးချပြီး လပိုင်းအတွင်းသူဌေးတစ်ယောက် ဖြစ်လာခဲ့တဲ့လူတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ ဇာတ်ကားအကြောင်းအရာအတိုင်း Carbon ဖြစ်ပြီး IMDb Rating 6.5 အထိရရှိထားတာပဲဖြစ်ပါတယ်။ အန်တွိုင်းရိုကာလို့ခေါ်တဲ့ ပြင်သစ်ကလုပ်ငန်းပိုင်ရှင် တစ်ယောက်က သူ့အဖေဆီကအမွေဆက်ခံထားတဲ့လုပ်ငန်းကို သူ့ရဲ့ ဦးဆောင်မှုညံ့ဖျင်းမှုတွေကြောင့် အကြွေးလည်ပင်းနစ်ပြီး ဆုံးရှုံးရတော့မလိုဖြစ်နေပါတယ်။အဲ့ဒါအပြင်ကိုမှ ယောက္ခထီး ဖြစ်သူကလည်း ဘီလီယံနာသူဌေးကြီးဖြစ်ပြီး မကူညီတဲ့အပြင် ရှယ်ကောနေလို့ အန်တွိုင်းတစ်ယောက်ကြံရာမရဖြစ်နေပါ တော့တယ်။အဲ့ဒါကြောင့် ဒေဝါလီခံဖို့ဆုံးဖြတ်ပြီးခါမှ သူ့လုပ်ငန်းရဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ညစ်ညမ်းပိုင်ခွင့်ကို ပိုက်ဆံလေးနည်းနည်းရလိုရငြား ရောင်းလိုက်တာကို တွေ့ပြီး အကြံတစ်ခုရခဲ့ပါတော့တယ်။အဲ့ဒါကတော့ အဲ့ဒီညစ်ညမ်းမှုခွင့်ပြုချက်တွေကို အသုံးချပြီး အခွန်တွေ လိမ်လည်ကာ စျေးကွက်ကြီးတစ်ခုဖန်တီးဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်က တကယ်ကောင်းပေမဲ့များများရင်းမှ များများမြတ်မဲ့လုပ်ငန်းမျိုးဖြစ်တဲ့အတွက် လူဆိုးဂိုဏ်း ခေါင်းဆောင်တစ်ယောက်ဆီကနေ ပိုက်ဆံထပ်ချေးခဲ့ ရပါတယ်။ဒါပေမယ့်သူ့ရဲ့ကံ ဉာဏ် ဝီရိယကြောင့်အကြွေးပေါ် အကြွေးမဆင့်သွားတဲ့အပြင် လပိုင်းအတွင်းကျိကျိတက် ချမ်းသာလာပါတော့တယ်။ဒါပေမယ့်မကောင်းမှုတွေ လိမ်လည်မှုတွေနဲ့ ရှာဖွေထားတဲ့ပိုက်ဆံတွေဆိုတာ ဘယ်သောအခါမှ ကြာကြာမတည်မြဲနိင်တဲ့အတွက် အန်တွိုင်းရဲ့သူဌေးဖြစ်ပြီးနောက် ရှေ့ဆက်ဘ၀ခရီးမှာ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ ဘယ်လိုအရာတွေကို ကျော်ဖြတ်ရင်းနဲ့နောက်ဆုံးမှာဘာဖြစ်သွားလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ File size…1.43GB / 660MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.5 2017 104 mins
Carbone
Ribbon
6.9

Ribbon 2017 (နှောင်ကြိုးလေး) ကာရန်နဲ့ ဆာဟာနာတို့ဟာ မိသားစုတာဝန်တွေကို ထမ်းဆောင်ရင်း အလုပ်ကိုယ်စီနဲ့ ကြိုးစားရုန်းကန်နေရတဲ့ ဇနီးမောင်နှံနှစ်ယောက်ပေါ့၊ ဒီလိုနဲ့ တစ်ရက်မှာ မမျှော်လင့်ဘဲ ဆာဟာနာ့မှာ ကိုယ်ဝန်ရှိလာပါတော့တယ်။ သာမာန်မိသားစုတွေဖြစ်တဲ့အပြင် အလုပ်မှာ အရမ်းကြိုးစားပြီးတော့ နေရာတစ်နေရာရနေတဲ့ ဆာဟာနာဟာ ဒီကလေးကို မလိုချင်ခဲ့ပါဘူး။ ကိုယ်ဝန်ရတာကို သိသွားပြီးတဲ့နောက်မှာတော့ ကလေးအရမ်းလိုချင်တဲ့ ကာရန်တစ်ယောက်ကတော့ အပျော်ကြီးပျော်ခဲ့ပေမယ့် ကလေးမလိုချင်လို့ ဖျက်ချမယ်ဆိုတဲ့ ဆာဟာနာပြောတဲ့စကားသံကို ကြားပြီးနောက်မှာတော့ ကာရန်နဲ့ ဆာဟာနာတို့ဟာ ပြဿနာတွေ တက်ပါတော့တယ်။ ဒီလိုနဲ့ လင်မယားနှစ်ယောက်လုံး ရုန်းကန်နေရတဲ့ကြား အိမ်ချေးငွေတွေ, ဆာဟာနာရဲ့ဖခင်ဖြစ်သူ ဆိုင်အသစ်ဖွင့်တဲ့အတွက် ကူညီလုပ်ကိုင်ပေးနေရတာတွေအပြင် ကလေးတစ်ယောက်ကို ပျိုးထောင်ရဖို့ မလွယ်လှတဲ့ ခေတ်ကြီးမှာ ကာရန်နဲ့ ဆာဟာနာတို့ ဒီကိုယ်ဝန်ကို ဘယ်လို ဆုံးဖြတ်ချက်ချမလဲ ……. သူတို့ရဲ့ ဘဝကို ဘယ်လိုတွေ နပန်းလုံးရင်း နှစ်ပါးသွားကြမလဲဆိုတာတွေကို ကြည့်ရှုရမယ့် မိသားစုဒရာမာဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

TV Movie • Thriller • Drama • Crime
6.9 2017
Ribbon
Things Will Be Different

ဓားပြမှုတစ်ခုကနေ ရဲတွေလက်ကထွက်ပြေးလွတ်မြောက်လာတဲ့ မောင်နှမနှစ်ယောက်သူတို့ပုန်းခိုဖို့အတွက်နေရာရှာဖို့ဖြစ်လာပါတယ် ဒီအချိန်မှာအစ်ကိုဖြစ်သူက သူရှာတွေ့ထားတဲ့ လယ်တောထဲကအိမ်တစ်လုံးမှာသွားပုန်းနေကြမယ်ဆိုပြီးညီမဖြစ်သူနဲ့ထွက်လာခဲ့ပါတယ် အဲဒီလယ်တောထဲကအိမ်မှာ ထူးဆန်းမှုတွေနဲ့ပြည့်နေပြီး မတူညီတဲ့ အချိန်ကာလတစ်ခုကိုရောက်သွားပြီး အချိန်သံသရာထဲမှာ တစ်ဝဲလည်လည်နဲ့ရုန်းမထွက်နိုင်ဖြစ်နေကြတာပေါ့ ဒီလိုနဲ့အချိန်ထိန်းချုပ်တဲ့သူတွေနဲ့ သူတို့မောင်နှစ်မနှစ်ယောက်ကြားမှာ အပေးအယူတွေလုပ်ပြီး ဒီအချိန်သံသရာထဲကနေရုန်းထွက်နိုင်ပါ့မလား…..ဘယ်လိုထူးဆန်းမှုတွေနဲ့ကြုံတွေ့ရပြီး ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ကြရမလဲဆိုတာကိုတော့……….. ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.6 GB)/(783 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Horror, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leo

Science Fiction • Action • Adventure • Thriller
0 2024
Things Will Be Different
Popeye’s Revenge
4.1

Popeye’s Revenge (2025) လူတိုင်းသိထားကြတဲ့ ပေါ့အိုင်း ဆိုတာဟာ ကျွန်တော်တို့ ကလေးဘဝတုန်းက သူ့ရဲ့လက်မောင်းကြီးနဲ့ ဟာသကာတွန်းကားတွေကို ခေတ်စားအောင်လုပ်ပေးခဲ့တဲ့ ဇာတ်ကောင်ပါ။ ဒီဇာတ်ကားထဲမှာတော့ အဲဒီဇာတ်ကောင်ကို နောက်ခံဇာတ်လမ်းသစ်တစ်ခုနဲ့ပေါင်းစပ်ပြီး ကြောက်စရာ သဲထိပ်ရင်ဖို horror ဇာတ်ကားဖြစ်အောင် ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း တစ်နေ့မှာပေါ့အိုင်း လို့ နာမည်ရတဲ့ ကိုယ်လက်အင်္ဂါမူမမှန်တဲ့ ကလေးတစ်ယောက်မွေးဖွားလာခဲ့ပါတယ်။ ပေါ့အိုင်း ရဲ့ မိဘဟာ သူတို့ရဲ့ကလေးမမူမှန်တာကိုသိပေမယ့်လည်း အရမ်းချစ်ခဲ့ကြပါတယ်။ တစ်နေ့အရွယ်ရောက်လာတဲ့အခါမှာ ဘေးလူသူငယ်ချင်းတွေ ဝိုင်းစကြတဲ့အခါ ပေါ့အိုင်းလေးဟာစိတ်မထိန်းနဲ့ဘဲ သူ့ရဲ့ခွန်အားနဲ့ သူငယ်ချင်းတစ်ယောက်ကို ဒဏ်ရာရအောင်လုပ်လိုက်ရာကနေ အဖြစ်ဆိုးကြီးဖြစ်သွားပြီး အဲဒီသူငယ်ချင်းဟာဆုံးပါးသွားခဲ့ပါတယ်။ သူငယ်ချင်းဆုံးပါသွားပြီးတဲ့နောက် ရွာထဲကလူကြီးတွေအားလုံးက ဒါမကောင်းဆိုးဝါးပဲဆိုပြီးတော့ ပေါ့အိုင်းတို့အိမ်ကို မီးရှို့ဖျက်ဆီးကြပါတော့တယ်။ ဖြစ်ချင်တော့ ပေါ့အိုင်းကို သူ့မိဘတွေက သူပြစ်မှုကျူးလွန်ပြီးနောက်ပိုင်း မြေအောက်ခန်းမှာချုပ်ထားခဲ့ကြတာပါ။ ဒီလိုနဲ့ မြေအောက်ခန်းထဲမှာပဲ မီးလောင်သေဆုံးခဲ့ရတဲ့ပေါ့အိုင်းရဲ့ ဒဏ္ဍာရီဟာ နောက် နှစ်ပေါင်းရာနဲ့ချီအထိကျန်ရှိနေပါတယ်။ မီးလောင်သွားပြီးနောက်ပိုင်း အစအနပဲကျန်ခဲ့တဲ့အိမ်ကို နောက်အိမ်ပိုင်ရှင်တွေက ဝယ်ပြီးတဲ့နောက် ပြန်လည်စောင့်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခုက နေရောင်ကျသွားပြီး မြူတွေဆိုင်းလာတဲ့အချိန်ကျရင် ပေါ့အိုင်း သရဲကထွက်လာပြီး သူ့အိမ်ကိုလာထိတဲ့သူ သူ့အိမ်နားမှာရှိသမျှအားလုံးကို လုပ်ကြံသတ်ဖြတ်တတ်တယ်ဆိုတဲ့ ကောလဟာလပါထွက်လာခဲ့ပါတယ်။ ဒါနဲ့ ပေါ့အိုင်းရဲ့ဒဏ္ဍာရီဟာအပြင်မှာတကယ်ပဲရှိနေတာလား ဘာလို့များ ပေါ့အိုင်းဟာ လက်စားချေတဲ့ပုံစံမျိုးနဲ့ လူတွေကို ပြန်လာခြောက်နေလဲဆိုတာကို ဒီဇာတ်ကားထဲမှာ တစေ့တစောင်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.2 GB) / (570 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:21:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

4.1 2025 79 mins
Popeye’s Revenge
The Infernal Walker
5.3

ဒီဇာတ်ကားလေးက တော့ဘိန်းဖြန့်ချီရေးအဖွဲ့စည်းတွေနဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့ သူလျှိုတွေနဲ့ အရောင်းအဝယ်လမ်းကြောင်းကို သတင်းပေးပြီး ဖမ်းဆီးဖို့ကြိုးစားတဲ့ဇာတ်လမ်းတွေထဲက ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့… ဒီကားရဲ့ ထူးခြားချက်ကတော့ အပြန်အလှန် သူလျှိုတွေရှိနေတာပါပဲ… ဖူဟဲလုပ်ငန်းနဲ့ တုန်းလီလုပ်ငန်းစုတို့ ဘိန်းဈေးကွက်ကို ကြိုးကိုင်နေတဲ့ အင်အားကြီးလုပ်ငန်း ၂ ခုပေါ့ ဒီ ၂ ဖွဲ့ကို ဖမ်းဖို့ကြိုးစားနေတဲ့ ဟောင်ကောင်ရဲအဖွဲ့က ဖူဟဲလုပ်ငန်းစုမှာ သူလျှိုထားထားပြီး လမ်းကြောင်းတွေ စုံစမ်းနေခဲ့တယ်… ဒါက TVB ရဲကားတိုင်းနီးပါးမှာ ပါနေကြအကွက်ပေါ့… ဒါပေမယ့် တုန်းလီလုပ်ငန်းစုက စုန့်လူကြီးမင်း မွေးထားတဲ့ သူလျှို ကစားသွားတဲ့အကွက်လေးတွေကတော့ အ တော်လေးလန်းတယ်လို့ပြောရပါမယ် ဘာတွေဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး

Action • Thriller
5.3 2020 91 mins
The Infernal Walker