YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hunters.2020.S02E06.1080p.AMZN.WEB-DL.(CM).mp4

531.37 MB N/A video/mp4 40 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Fabelmans
7.8

The Fablemans ကိုအညွှန်းအရှည်ကြီးရေးမယ့်အစား ဒါရိုက်တာ "Steven Spielberg" ရဲ့ ဘဝဖြစ်ရပ်မှန်ပေါ် အခြေခံပြီး Steven Spielberg ကိုယ်တိုင်ရိုက်ကူးထားတဲ့ကားလို့ ပြောလိုက်တာနဲ့ ရုပ်ရှင်ချစ်သူတွေအားလုံးက ဒါကမဖြစ်မနေကြည့်ရမယ့်ကားလို့ သတ်မှတ်ကြမှာသေချာပါတယ်။ West Side Stories, Jaws, ET, Schindler's List, Catch me if You Can စသဖြင့် Steven Spielberg ရဲ့လက်ရာမွန်တွေက ရေးလို့မကုန်နိုင်အောင်များပြီးရုပ်ရှင်ချစ်သူအားလုံးနဲ့ ရင်းနှီးပြီးသားပါ။ ဒီပါရမီရှင်ဒါရိုက်တာကြီးရဲ့ ငယ်ဘဝက ဘယ်လိုရှိခဲ့လဲ။ သူ့ဖန်တီးမှုတွေကဘယ်ကလာပြီး ဘယ်သူတွေလွှမ်းမိုးခဲ့လဲ။ Steven Spielberg က ဒီဇာတ်လမ်းကို ၁၉၉၉ ခုနှစ်ထဲက "I'll be Home" ဆိုတဲ့နာမည်နဲ့ရေးခဲ့ပြီး ပရိသတ်တွေကိုသူ့ဘဝနဲ့မိတ်ဆက်ပေးချင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဇာတ်လမ်းကိုပြောမယ်ဆိုရင် သူ့ဘဝထဲကအရင်းနှီးသူတွေအချစ်ရဆုံးသူတွေကိုချန်ထားရစ်လို့မရပါဘူး။ အထူးသဖြင့်သူ့အမေနဲ့အဖေပေါ့။ ဖြစ်ရပ်မှန်ပေါ်အခြေတည်ထားတဲ့ဒီဇာတ်လမ်းက သူ့အမေနဲ့အဖေကိုထိခိုက်နာကျင်ရစေနိုင်တာကြောင့် သူက ဒါကို အချိန်အကြာကြီးဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ Steven နေရာကသရုပ်ဆောင်တဲ့ Sammy ဆိုတဲ့ဇာတ်ကောင်လေးက သူ့မိသားစုပြသနာတွေကြားမှာ နားလည်ခွင့်လွှတ်ခြင်းများစွာနဲ့ သူ့ပါရမီကိုလဲဆက်လက်ပျိုးထောင်သွားပုံကိုတွေ့ရမှာပါ။ Steven ကလက်တွေ့ဘဝမှာ Sammy လောက် ရင့်ကျက်ခဲ့ရဲ့လားမသေချာပေမယ့် ဒီရုပ်ရှင်ကတော့ Steven တစ်ယောက် သူ့ဘဝကိုပရိသတ်ကိုချပြတဲ့ရုပ်ရှင်သက်သက်မဟုတ်ဘဲ သူ့ဘဝအဆိုးအကောင်းတွေနဲ့ငြိမ်းချမ်းမှုရယူပြီး သူ့မိဘတွေချစ်ခင်ရသူတွေကို ခွင့်လွှတ်နားလည်ခြင်းတွေ နွေးထွေးကြင်နာမှုတွေနဲ့ ပြန်လှည့်ကြည့်ထားတဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာအောင်မြင်မှုတစ်ခုပါပဲ။ အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida နဲ့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 2.3GB | 1.3GB | 494MB Format… mp4 Duration….2h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida and Leonard Lin Encoder ..... August

Action • Crime • Mystery • Thriller
7.8 2022 151 mins
The Fabelmans
Zombie Reddy
6

အိန္ဒိယ ဇွန်ဘီကားတဲ့ဗျ။ သည်းထိတ်ရင်ဖို Thriller တွေ လူကြိုက်များလာတဲ့နောက်ပိုင်းမှာ အိန္ဒိယကလည်း လူကြိုက်များတဲ့ genre တစ်ခုကို ထိုးဖောက်ဖို့ ကြိုးစားလာတဲ့ပုံပဲဗျ။ ဒါပေမယ့် ဒီရုပ်ရှင်ကတော့ ဟာသဘက်ကို နှောပြီး ရီရီမောမောကြည့်ရမယ့် ပုံစံမျိုးပါ။ မာရီယိုဆိုတဲ့ ဂိမ်းတွေရေးတဲ့ programmer တစ်ယောက်က သူထွင်ထားတဲ့ ဂိမ်းပေါက်ခါနီးမှ error တက်တယ်ပေါ့ဗျာ။ ဒီတော့ ကုဒ်ရေးတဲ့ ဘော်ဒါကြီးကလည်း နှစ်ချို့ တစ်ကိုယ်တည်းသမားကြီး။ ကံကောင်းချင်တော့ ရည်းစားရပြီး ချက်ချင်းမင်္ဂလာဆောင်ဖို့ ရာရ်လာဆီမာဆိုတဲ့မြို့ကို ရောက်နေတာပေါ့။ ရာရ်လာဆီမာဆိုတဲ့မြို့က ဂိုဏ်းကြီးတွေ ကြီးစိုးပြီးမင်းမူနေတဲ့မြို့ဗျ။ ဒီတော့ မာရီယိုတို့အုပ်စု မင်္ဂလာဆောင်သွားရင်း ဂိုဏ်းနှစ်ဂိုဏ်းရန်ပွဲကြားက မြေစာပင်ဖြစ်တော့တာပေါ့။ အဲဒီအပြင် အိန္ဒိယမှာ ကိုရိုနာကပ်ဘေးလည်း ဖြစ်နေတဲ့ကာလ။ စိတ်ရူးပေါက်နေတဲ့ ဆရာဝန်အဖိုးတစ်ယောက်က ကိုဗစ်ကာကွယ်ဆေး ဖော်ရင်း ကျရှုံးပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ ဇွန်ဘီတွေကို မွေးထုတ်မိကုန်တော့ပေါ့။ အဲဒီနောက်မှာတော့ ရာရ်လာဆီမာဆိုတဲ့မြို့မှာ ဖရိုဖရဲတွေဖြစ်၊ ဇွန်ဘီတွေကတစ်မျိုး၊ လူမိုက်တွေတစ်မျိုး ယောက်ယက်ကိုခတ်ပြီး အကုန်အလွဲလွဲအချော်ချော်တွေပေါ့။ ပေါ့ပေါ့ပါးပါးနဲ့ ရီရတဲ့ပုံစံမျိုးမို့ ခဏတာအပန်းဖြေဖို့ မဆိုးလှတဲ့ဇာတ်ကားလို့ညွှန်းရင်း Channel Myanmar မှာ လာရောက်ကြည့်ရှူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။ File size…4GB / 1.4Gb / 500MB Quality…1080p AAC 2.0 / 720p / 480p Format…mp4 Duration….2h 10min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lwin Htoo Aung & HM

Adventure • Romance
6 2021 125 mins
Zombie Reddy
The Guilty
6.4

စောင့်​မျှော်​နေကြတဲ့ Jake Gyllenhaalရဲ့ Crime, Thrillerကားသစ် ရပါပြီ၊ ဒီကားက​​တော့ 2018 တုန်းက ထွက်ခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင် The Guilty ကို Remake ပြန်ရိုက်ထားတာပါ သူ့နာမည်က ဂျိုး​ဘေလာ၊ LAရဲတပ်ဖွဲ့ရဲ့ အရာရှိတစ်ဦးဖြစ်​ပေမယ့် အတိတ်ကအ​ကြောင်းတစ်ခု​ကြောင့် ၉၁၁- အ​ရေး​ပေါ်ဌာနကို ရာထူးချခံထားရသူ အ​ရေး​ပေါ်ဌာနတို့ရဲ့ ထုံးစံအတိုင်း ကားပိတ်တာ၊ ​ကြောင်သစ်ပင်​ပေါ်တက်တာကအစ သဘာဝ​ဘေးအန္တရာယ်အဆုံး ဖုန်းတဂွမ်ဂွမ်ဆက်လာတာကို ပြန်​ဖြေပေးရတဲ့​နေရာဆို​​တော့ ဂျိုးတစ်​ယောက် ​သိပ်နေသားမကျလှ၊ ရဲအရာရှိဘဝကလာတာမလို့ ​ပေါင်းသင်းဆက်ဆံ​​ရေးကလည်းညံ့​တော့ အ​တော်ဘုကလန့်ကျ​နေတာ​ပေါ့၊ ဒီကြားထဲ အိမ်​ထောင်​ရေးကလည်း အဆင်မ​ပြေ​တော့ တစ်ပူ​ပေါ်နှစ်ပူဆင့် ဖြစ်​နေတာ​ပေါ့ တစ်ရက် LAမှာ မီးအကြီးအကျယ်​လောင်မှု​ကြောင့် အ​ရေး​ပေါ်ဌာနတစ်ခုလုံး ဗျာများ​နေချိန် ဂျိုးဆီကို ဖုန်းတစ်​ကောလ်ဝင်လာတယ်၊ ဖုန်းဆက်လာသူအမည်က အမ်မလီလိုက်တန်၊ ဂျိုးဖုန်းကိုင်ကိုင်ချင်းပဲ သူ့ကို Sweetyဆိုပြီး စ​ခေါ်​​​တော့ လူဂွစာကြီးဂျိုး ​ထောင်းခနဲ​ဒေါသထွက်သွားပြီ၊ ဌာနတစ်ခုလုံးအလုပ်များ​နေချိန် မျက်နှာ​ပြောင်ပြီး ဖုန်းဆက်တာပဲ​​ပေါ့ ဒါ​​ပေမယ့်အဲ့ဒီအမျိုးသမီးရဲ့အသံက တုန်​နေတယ်၊ ငိုသံပါ​နေတယ်၊ ​ကြောက်လန့်​နေတယ်၊ ​ နောက်​ပြောင်ပြီး​ခေါ်တဲ့ဖုန်းမဟုတ်ဘူး။ ဂျိုးလည်းစဉ်းစားရပြီ၊ သူ့ကိုဘာလို့ Sweetyလို့​ခေါ်ရတာလဲ? ဘာလို့ ဖုန်း​​ပြောတဲ့အသံက ထူးဆန်း​နေတာလဲ? စသဖြင့် ​မေးခွန်း​တွေ​မေး၊ စကား​တွေ​ပြောရင်း ကိစ္စကသူထင်ထားသလို ရိုးရှင်းမ​နေမှန်းသိသွားတဲ့အခါ.... အမ်မလီလိုက်တန်ဆိုတဲ့ အမျိုးသမီးက ဘယ်သူလဲ? သူအခုကြုံ​နေရတဲ့ကိစ္စက ဘာလဲ? ဂျိုးရဲ့အတိတ်ကအ​ကြောင်းက​ရော ဘာဖြစ်​နေမလဲ? ပတ်သက်ဆက်နွယ်မှု​တွေ​ရော ရှိနေတာလား စသဖြင့် ပ​ဟေဠိ​ပေါင်းများစွာထွက်​​ပေါ်လာပါတယ် ရိုက်ကူးထားတဲ့ပုံစံက Jake Gyllenhaalတစ်ဦးတည်း အသား​ပေးထားပြီး ကျန်သရုပ်​ဆောင်​တွေက များ​သောအားဖြင့် အသံပဲပါဝင်​ပေမယ့် Jakeရဲ့ ပိုင်နိုင်တဲ့သရုပ်​​ဆောင်မှု​ကြောင့် ဇာတ်ရှိန်အနှိမ့်အမြင့် တစ်ခုလုံးကို ဇာတ်လမ်းစတာနဲ့ ​တောက်​လျှောက်ဆွဲ​​ခေါ်သွားနိုင်မှာပါ။ ကြည့်​နေရင်းနဲ့ကို အထဲကဇာတ်​ကောင် ဂျိုး​ဘေလာနဲ့အတူ ကိုယ်တိုင် ရင်ခုန်မွန်းကြပ်လာတဲ့ ခံစားချက်မျိုးရမှာပါ၊ ​ မူရင်းဇာတ်​ကားနဲ့ ဘာ​တွေကွာ​သလဲ၊ ဘယ်ကားကပို​ကောင်းသလဲဆိုတာကိုတော့ မူခင်း သည်းထိပ်ရင်ဖိုဇာတ်လမ်းကြိုက်သူတိုင်း ကြည့်ပြီးမှ ဆုံးဖြတ်ကြည့်လိုက်ကြပါ အညွှန်းကိုတော့ JimX က ရေးသားထားပြီးတော့ ဘာသာပြန်ထားတာကတော့ JimX နဲ့ Pyi Ti Nyein တို့ပဲ ဖြစ်ပါတယ်။ Quality….720p File size… 1GB Format…mp4 Duration….1h 30min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX and Pyi Ti Nyein Encoder ..... August

Action & Adventure • Mystery • Sci-Fi & Fantasy
6.4 2021 91 mins
The Guilty
Joker
8.2

DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။ အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။ လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။ သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။ စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်.... File Size : (2.0 GB) and (950 MB) Quality : Blu-Ray (1080p 5.1, 720p) Running Time : 2hr 02min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-AAA Translated by Littleneo Encoded by Thanhtike Zaw

Adventure • Animation • Family • Fantasy
8.2 2019 122 mins
Joker
Junkyard Dogs
5.4

Junkyard Dogs (2022) ================ Dog person တို့ အကြိုက်တွေ့စေမယ့် ပါပီလေးတို့ဇာတ်လမ်းလေး လာပါပြီ။ဟူဒီနီ ဆိုတဲ့ ခြံစောင့်ခွေးလေးက ပိတ်ထားတဲ့တံခါးတွေ မှန်သမျှကို ရအောင်ဖွင့်တတ်တဲ့ ဆူဘီဗန်အိမ်က ဆရာကြီးတစ်ကောင်ပေါ့။ သူ့မိတ်ဆွေတွေကတော့ အိုင်းစတိုင်း လို့ခေါ်တဲ့ ဉာဏ်ပြေးပြီး အနံ့ခံ ကောင်းတဲ့ ခွေးမလေးတစ်ကောင်ရယ်၊ ဂျက်ပေါ့ လို့ခေါ်တဲ့ အကောင် ကြီးကြီး ခွေးတစ်ကောင်ရယ်ပါ။ ပျော်စရာလိန်းရပ်ကွက်လေးကို စောင့်ရှောက်နေကြတဲ့ ခွေးလေးတွေ ဖြစ်ပြီး၊ သူတို့ ရပ်ကွက်ကို သိပ်ချစ်ကြတဲ့ကောင်လေးတွေဖြစ်ပါတယ်။ တစ်နေ့မှာ ထောင်ကထွက်လာတဲ့ ဂျင်မီ နဲ့ ခရက်ရှာတို့နှစ်ယောက် စာပို့ သမား အယောင်ဆောင်ပြီး ဟူဒီနီတို့ ရပ်ကွက်ကို ဓားပြတိုက်ဖို့ ကြံစည် လာကြတယ်။ ဒါတွေကို မထင်မှတ်ဘဲ သိသွားတဲ့ ဟူဒီနီက သူ့သခင်ဖြစ်တဲ့ မိုနီကာကို သတိပေးပေမယ့် မိုနီကာက မင်္ဂလာပွဲနဲ့ အလုပ်ရှုပ်နေပြီး သတိ မထားမိခဲ့ပါဘူး။ ဟူးမန်းမကို ပြောမရတဲ့အခါမှာ ရပ်ကွက်ကို ကယ်တင်ဖို့ ဟူဒီနီတို့ အုပ်စု ဉာဏ်နီဉာဏ်နက်တွေ ထုတ်ကြပါတော့တယ်။ ထောင်ထွက်လူဆိုးတွေနဲ့ ဂျလည်ခွေးတစ်သိုက် ဉာဏ်ချင်းပြိုင်သုံးရတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဟူးမန်းတွေ အနိုင်ရမလား အာဝုတို့ အနိုင်ရမလား စောင့်ကြည့်ရမယ့် မိသားစုဟာသကားလေးဖြစ်တာမို့ ကြည့်ရှူ့သူတို့ကို အကြိုက်တွေ့စေဦးမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)

Drama • Horror • Thriller
5.4 2022 89 mins
Junkyard Dogs
As Long As We Both Shall Live
6.8

Manga မှာရော Animeမှာပါ နာမည်ကြီး လူကြိုက်များပြီးသားဆိုတော့ ဒီကားလေးကို တော်တော်များများ သိပြီးကြမှာပါ။ ဒီ Live Action မှာတော့ နာမည်ကြီးVoice actor တစ်ဦးဖြစ်တဲ့ Kenjiro Tsuda နဲ့ My Love Mix-up ၊ Silent အစရှိတဲ့ Series တွေမှာ သရုပ်ဆောင်ခဲ့တဲ့ Ren Meguro တို့ ပါဝင်သရုပ်‌ဆောင်ထားကြတာဆိုတော့ ကြည့်ပျော်မှာကတော့ အသေအချာပါပဲ။ ဒါ့အပြင် IMDb rating ကလည်း 6.7 ဆိုတော့ တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ အချစ်မပါဘဲ မိဘတွေစီစဉ်ပေးလို့ မင်္ဂလာဆောင်ခဲ့ရတဲ့အိမ်ထောင်ရေးတစ်ခုက မွေးဖွားလာခဲ့တဲ့ Miyo Saimori… မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာတော့ မိထွေးနဲ့နေရပြီး စွမ်းအားစစ်ဆေးချိန်မှာ မိသားစုအမွေဖြစ်တဲ့ စိတ်စွမ်းအင်ကို ဆက်ခံနိုင်တဲ့သူက Miyo မဟုတ်ဘဲ မိထွေးရဲ့သမီးဖြစ်သူဖြစ်နေပါတယ်။ အဲဒါကြောင့် မိသားစုအတွင်းမှာ နေရာမရဘဲ အစေခံသာသာပဲနေရပါတယ်၊ ဒီလိုနဲ့ အင်မတန် ရက်စက်တယ်လို့ နာမည်ကြီးတဲ့ စစ်တပ်ခေါင်းဆောင် Kiyoka Kudou နဲ့ လက်ထပ်ရဖို့ဖြစ်လာပါတယ်။ ဒီလို ကံဆိုးအကြောင်းမလှတဲ့ဘဝနဲ့ ကြီးပြင်းလာတဲ့ Miyo Saimori တစ်ယောက်ရဲ့ဘဝ ဘယ်လိုတွေပြောင်းလဲလာမလဲ၊ သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးက ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ဆုံရမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်ကြည့်လိုက်ကြရအောင် File size… 1.97 GB / 845 MB Quality… Web-Dl 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Drama, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

6.8 2023
As Long As We Both Shall Live
She Came to Me
6.1

She Came to Me (2023) ~ IMDb – 6.1/10, Rotten Tomatoes – 47% ~ လတ်တလောမှ အသစ်ထွက်ထားတဲ့ Comedy, Drama, Romance ကားလေးပါ။ GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင် Peter Dinklage ရယ်၊ ဟောလိဝုဒ်အလှပဂေး Anne Hathaway ရယ်၊ Tom Holland’s Spider-Man ရဲ့အန်တီမေ Marisa Tomei ရယ်ဆိုတော့ အရွေးမမှားမယ့်ကားမျိုးပါပဲ။ လောလော‌ဆယ်တော့ Nomination နှစ်ခု၀င်ထားပါတယ်။ ဒီဇာတ်လမ်း‌ကို ဇာတ်ကောင်တွေရဲ့စရိုက်နဲ့ အခက်အခဲတွေကို စိတ်၀င်စားဖို့ကောင်းအောင် ဖော်ကျူးထားတာဖြစ်ပါတယ်။ စတီဗင်က အော်ပရာတေးရေးဆရာတစ်ယောက်ဖြစ်ပြီး ဇနီးချော ကုထုံးဆရာ၀န်မလေး ပတ်ထရီရှာလည်းရှိပါတယ်။ အနုပညာရှင်တို့ရဲ့ တစ်သက်မှာတစ်ခါ ထုံးစံအတိုင်း လတ်တလောမှာ အိုင်ဒီယာမရှိကြောင်ပျောက်နေရင်းကနေ ဆွဲသင်္ဘောကပ္ပတိန်မ‌လေးကတ်ထရီနာနဲ့ ခဏတာအပျော်ရှာပြီးတဲ့နောက် ရုတ်တရက်အလင်းပွင့်ပြီး သီချင်းတွေပြန်ရေးနိုင်ခဲ့ပါတယ်။ ပတ်ထရီရှာကတော့ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး ယောက်ျားဖြစ်သူကိုလည်း ထောက်ပံ့ပေးတတ်တဲ့သူဖြစ်ပါ။ ကတ်ထရီနာကတော့ အချစ်နဲ့လိင်စိတ်လွန်ကဲတဲ့ရောဂါရှိနေသူဖြစ်ပါတယ်။ ဒီဇာတ်ကောင်သုံးယောက်ကြားက ပတ်သက်မှုတွေအပြင် စတီဗင်ရဲ့မယားပါသားအရှုပ်တော်ပုံတွေကိုပါ တစ်နာရီမိနစ်လေးဆယ်အချိန်အတွင်းမှာ ကြည့်ရှုသူတွေကို မပျင်းရိစေဘဲ ကောင်းကောင်းဆွဲခေါ်သွားနိုင်လို့ အချိန်ပေးရတာတန်စေမယ့်ကားမျိုးပါပဲ။ ဒီဇာတ်လမ်းဟာ ဇာတ်လမ်းသက်သက်ဆိုရင်တော့ ဒီလောက်တော့ အားရစရာကောင်းမနေပေမဲ့ Peter Dinklage, Anne Hathaway နဲ့ Marisa Tomei တို့ရဲ့ သမ္ဘာက ဒီကားကို အများကြီး ပိုဆွဲတင်ပေးနိုင်ခဲ့ပါတယ်။ ဒါရိုက်တာကလည်း အချစ်က ဘယ်လိုဆိုတာကို သူ့နည်းသူ့ဟန်နဲ့ သရုပ်ဖော်သွားခဲ့တယ်။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေ ရုပ်ရှင်တစ်ကားကို ဘယ်လိုပုံစံလိုချင်တယ်ဆိုတာကို ဒါရိုက်တာတွေနားလည်သေးကြောင်း မျှော်လင့်ချက်ပေးနိုင်ခဲ့တယ်လို့ တချို့ကတော့ပြောကြပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 945MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 42Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Documentary
6.1 2023 102 mins
She Came to Me
Sixty Minutes
5.7

ဒီနှစ် အစမှာ ထွက်ရှိလာတဲ့ ဂျာမန် အက်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ Octavioက MMA fighter တစ်ယောက်ပါ။ သူ့ အသက် ၁၉နှစ်မှာ သူ့ exနဲ့ ရထားတဲ့ သူသိပ်ချစ်ရတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ သူ့သမီးလေးမွေးနေ့မှာမှ သူ လက်ဝှေ့ထိုးရမယ့် ပွဲက ၃ခါလောက် အချိန်ရွှေ့ဆိုင်းနေတာပါ။ သူ့သမီးလေး မွေးနေ့ကို အချိန်မီ မရောက်နိုင်မှာ စိုးရိမ်နေတဲ့ သူ့ဆီကို ကြိုးဝိုင်းထဲ ဝင်ခါနီးဆဲဆဲမှာ သူ့ Ex ဆီက ဖုန်းဝင်လာပါတယ်။ နောက်တစ်နာရီအတွင်း မရာက်လာနိုင်ရင် သူ့ကို မိဘ အုပ်ထိန်းခွင့်မပေးနိုင်တော့ဘူးလို့ ပြောလာပါတယ်။ ဒီလိုနဲ့ Octavioတစ်ယောက် ဘာကိုမှ လှည့်မကြည့်ဘဲ သမီးဆီရောက်ဖို့ ထွက်လာခဲ့ပေမယ့် သူ့နောက်ကို လူတွေက တောက်လျှောက်လိုက်လာနေခဲ့တာပါ။ လမ်းတစ်လျှောက် ကြုံရတဲ့ အခက်အခဲတွေ အနှောင့်အနှေးတွေကို ကျော်ဖြတ်ပြီး သမီးဖြစ်သူဆီ ဘယ်လိုအရောက်သွားမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…(1.7 GB)/(952 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

Drama
5.7 2024 89 mins
Sixty Minutes
You Are My Diamond aka Tu Mano Deimantas

Tu Mano Deimantas/ You are my Diamond (2023) Genre – Thriller 2023 ခုနှစ်ထွက် လစ်ယူနီးယန်း သည်းထိပ်ရင်ဖိုကားလေးပါ ပွင့်လင်းမြင်သာသော အိပ်ရာခန်းများ ပါဝင်သဖြင့် ၁၈ ယောက် စုကြည့်ကြဖို့ အကြံပေးတိုက်တွန်းအပ်ပါတယ်။ Jacob ဆိုတဲ့လူက စိန်ကုန်သည်တစ်ယောက် လုပ်ငန်းအောင်မြင်ပြီး မိန်းမမရှုပ် ဘာမရှုပ်နဲ့ ဘော်ဒါတွေက မြှောက်ပေးတာတောင် တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် လုပ်ချင်သူ ကိုရိုးသားကြီးပေါ့။ ဒီအချိန်မှာ တွေ့ထားတာ မကြာသေးတဲ့ ချစ်သူလေး Catherine ဆိုတာ ရှိပါတယ်၊ သူနဲ့ပဲ ဘဝကို ရိုးမြေကျ ဖြတ်သန်းတော့မယ်ပေါ့။ တစ်ရက်ကျ Jacob ဆီကို ပြဿနာရှိတဲ့ စိန်ထုပ်လေး လာရောင်းပါတယ် ထူးဆန်းတယ်ထင်ပေမဲ့လည်း ဝယ်ယူလိုက်ပြီး ပိတ်ရက်မှာ ချစ်သူလေးနဲ့ သူခေါ်ဆောင်ရာကို လိုက်ပါသွားတဲ့အချိန် နောက်ကနေ ထူးဆန်းတဲ့လူ ၂ ယောက်က နောက်ယောင်ခံလာပြီး ဘယ်လိုတွေ ကြမ္မာဆိုးငင်တော့မလဲဆိုတာ ဆက်လက်ရှုစားရမှာပါ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

0 2023
You Are My Diamond aka Tu Mano Deimantas
Novitiate
6.7

Novitiate (2017) ~ IMDb – 6.7/10, RT – 86%, Meta – 73% ~ တလောတုန်းကမှ ထွက်ထားပြီး ခုထိ လူပြောသူပြောများနေတဲ့ The Substance မှာ မင်းသမီးကြီး Demi Moore နဲ့အတူ အပြိုင်ကြဲထားတဲ့ မမ Margaret Qualley ရဲ့ ကားအဟောင်းအကောင်းလေးပါ။ ကိုယ်တိုင် သူ့ကို စကြွေခဲ့ရတာကတော့ The Nice Guys မှာ ညဉ့်ငှက်မလေးအဖြစ်သရုပ်ဆောင်ခဲ့တုန်း‌ကပေါ့။ နောက်ပြီးတော့ တာရန်တီနိုရဲ့ Once Upon A Time in Hollywood မှာလည်း မှတ်မှတ်ရရ ရှိကြပါလိမ့်မယ်။ သိပ်ကိုလှပလွန်းတဲ့ မျက်ဝန်းတစ်စုံပိုင်ရှင် အလှတရားလေးပါပဲ။ “ပေးဆပ်ခြင်းမရှိတဲ့ အချစ်က အချစ်မဟုတ်ဘူး။ အကြွင်းမဲ့အချစ်ဆိုတာ အဆုံးအစွန်ပေးဆပ် စတေးရခြင်းဖြစ်တယ်” ကိုယ့်ရည်းစားက တစ်ရက်လောက် စာမပို့ဘဲ ဖုန်းမဆက်ဘဲနေရင်တောင် စိတ်ကောက်နေတတ်ကြတဲ့ မမတွေနဲ့ ဆန့်ကျင်ဖက်ပါပဲ ဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ကတ်သလင်းကတော့ တစ်ယောက်သောသူကို တစ်ဖက်သတ် တစ်ဘဝလုံးစာ ပေးဆပ်ပြီး ဥပေက္ခာပါရမီဖြည့်ရင်း ချစ်နေချင်ပါတယ်တဲ့။ သူချစ်မိတဲ့သူကတော့ ဘုရားသခင်ပါပဲ။ သူ့ရဲ့ ငယ်ရွယ်မှုအပါအဝင် တစ်ဘဝလုံးစာ စတေးပြီး ဘုရားသခင်ကို ချစ်ခွင့်ရဖို့ ဆယ်ကျော်သက်အရွယ်မှာပဲ သူ့ဆုံးဖြတ်ချက်နဲ့သူ သီလရှင်ဝတ်ဖို့ ပထမအကြိမ် သစ္စာပြုပြီး ဒုလ္လဘဝတ်လိုက်ပါတယ်။ (တစ်သက်လုံးစာ မဝတ်ခင်ဝတ်တဲ့ ယာယီသီလရှင်သဘောမျိုးပါပဲ။ မြန်မာမှာ အနီးစပ်ဆုံး စကားလုံးယူသုံးထားတာပါ။ နားလည်မှုအလွဲအမှားဖြစ်သွားရင် တောင်းပန်ပါတယ်) ကတ်သလင်းက ဘာသာရေးနဲ့ မနီးစပ်တဲ့အသိုင်းအဝိုင်းကနေ ဘုရားသခင်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သီလရှင်ကျောင်းကို ရောက်လာတာပါ။ သီလရှင်ကျောင်းကို ရောက်တဲ့အချိန် တင်းကြပ်လွန်းတဲ့ ပညတ်တွေနဲ့ သူ့ရဲ့စတေးမှုက ထိုက်တန်ရဲ့လားဆိုတဲ့ သံသယတွေက တိုက်စားတာကို သူဘယ်လိုရင်ဆိုင်လဲဆိုတာကို ပြပေးထားပါတယ်။ ခေတ်ကတော့ ၁၉၆၀ များက ဗာတီကန် ၂ ကိုစမိတ်ဆက်ပြီး ရိုးရာဘာသာရေးကနေ ခေတ်သစ်ဘာသာရေးကို ပြုပြင်ပြောင်းလဲနေစဉ် ကာလမှာဖြစ်ပါတယ်။ လူတစ်စုရဲ့ ဆုံးဖြတ်ချက်ကြောင့် တချို့သူတွေ အခွင့်အရေးသစ်တွေရလာပြီး တချို့သူတွေရဲ့ တစ်ဘဝလုံးစာ အချည်းနှီးဖြစ်ရတာကို ခပ်ပါးပါးလေးပြပေးသွားပါတယ်။ ခင်ဗျားတို့ဆိုရင်ရော ရယူခြင်းလုံးဝမရှိဘဲ တစ်သက်လုံးစာစတေးပြီး ချစ်နိုင်ကြမလား… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 665MB Quality – BluRay HEVC 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.7 2017 123 mins
Novitiate
The Initiated: Written from the Shadows
5.8

The Initiated: Written from the Shadows (2024) IMDb Rating (5.8) ဒီဇာတ်ကားဟာ လျှို့ဝှက်ဆန်းကြယ်နဲ့ သည်းထိပ်ရင်ဖိုဇာတ်ကား အမျိုးအစားနှစ်ခုရောထားသည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဂျာနယ်လစ်ဟောင်းတစ်ယောက်ဖြစ်သူ ဖရန့်ခ်က အတိတ်ကအကြောင်းအရာအချို့ကိုလည် မေ့ပျောက်နေပြီး ဇာတ်မြှုပ်ကာ ပုန်းကွယ်နေရာမှ တစ်နေ့ သူ၏အိမ်ရှေ့တွင် ဖောက်ထုတ်ခံထားရသည့် မျက်လုံးတစ်စုံနှင့် သွေးစွန်းထားသော စာတစ်စောင်ရောက်လာပါတော့တယ်။ ထို့အတူ လူသတ်နည်းဆင်တူသော လူသတ်မှုတွေလည်း တစ်နေ့တစ်ခြားတိုးလာရာ ဖရန့်ခ်တစ်ယောက် တရားခံရှာဖို့ကြိုးစားရင်း မေ့ပျောက်နေသော အတိတ်များပြန်လည်ပေါ်လာသောအခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှူခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(1.1 GB) / (650 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller Duration….01:40:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice

Family • Comedy
5.8 2024 100 mins
The Initiated: Written from the Shadows
An Ideal Husband
6.8

An Ideal Husband (1999) IMDb Rating (6.8) / Rotten Tomatoes (85%) ဒီတစ်ခါမှာတော့ Oscar Wilde ရဲ့ ပြဇာတ်ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတဲ့ An Ideal Husband ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Rupert Everette, Jeremy Northam, Julian Moore နဲ့ Cate Blanchett တို့ကအဓိကပါဝင်ထားပါတယ်။ ဆာရော့ဘတ်ချေလ်တန်နဲ့ လေဒီဂါးထရုချေလ်တန်တို့လင်မယားဟာ အင်္ဂလိပ်နိုင်ငံရေးလောကမှာ ဂုဏ်သိက္ခာကြီးမားပြီး လူအများရဲ့လေးစားအားကျခြင်းကိုခံထားရသူတွေပါ။ ဒါပေမဲ့ မစ္စစ်ရှယ်ဗလီဆိုတဲ့အမျိုးသမီးတစ်ယောက် လန်ဒန်ကိုပြန်ရောက်လာချိန်ကစပြီး ရော့ဘတ်တစ်ယောက်အတွက် အိပ်မက်ဆိုးတွေဖြစ်လာပါတယ်။ မစ္စစ်ရှယ်ဗလီဟာ ရော့ဘတ်ငယ်ရွယ်စဥ်ကမှားခဲ့ဖူးတဲ့အမှားတစ်ခုကိုအကြပ်ကိုင်ပြီး သူမလိုချင်တာတွေကို ခြိမ်းခြောက်တောင်းဆိုပါတယ်။ အဲ့ဒါကြောင့် ရော့ဘတ်တစ်ယောက်လည်း သူငယ်ချင်းဖြစ်သူ လော့ဒ်ဂေါရင်းဆီကိုသွားပြီး အပူကပ်ကာ အကူအညီတောင်းရပါတယ်။ လော့ဒ်ဂေါရင်းကလည်း မစ္စစ်ရှယ်ဗလီနဲ့ အတိတ်မှာပက်သက်မှုရှိခဲ့ဖူးပါတယ်။ ထိုမိန်းမအကြောင်းကို ကောင်းကောင်းသိနေတဲ့လော့ဒ်ဂေါရင်းကလည်း သူငယ်ချင်းဖြစ်သူကို ကူညီဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ မစ္စစ်ရှယ်ဗလီဆိုတဲ့မိန်းမက သူတို့အားလုံးကြားမှာ လင်မယားအချင်းချင်းပြဿနာတက်အောင် သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲအောင် ဝင်မွှေသွားခဲ့ပါတယ်။ သူတို့အားလုံး မစ္စစ်ရှယ်ဗလီ မွှေသွားတဲ့ပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းနိုင်ကြပါ့မလား အရာအားလုံးကိုအရင်လိုအဆင်ပြေအောင်ပြန်လုပ်နိုင်ကြပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size… (1.8 GB) / (790 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Romance Duration…. 01:38:02 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Rubyjane

Drama • Comedy
6.8 1999 97 mins
An Ideal Husband