YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Hu Tong E06 (720p) CM.mp4

234.51 MB N/A video/mp4 106 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Trials of Cate McCall
6.4

Genre – Crime, Drama IMDB – 6.2/10 ဇာတ်ကားအကြောင်းမပြောခင် မမ ကိတ်ဘက်ကင်ဆေးရဲ့ အလှတော်လေး ချီးမွမ်းခန်းဖွင့်ချင်လို့ပါ။ သူဟာ အင်္ဂလိပ်မဆိုပေမဲ့ အဖေရဲ့အဖွားက မြန်မာမစစ်စစ် မနှင်းဖြစ်လို့ မြန်မာသွေးကို ၈ ပုံ ၁ ပုံလောက် ပါလာလို့လားမသိ အတော်ချောမောလှပတဲ့ မင်းသမီးဖြစ်ပါတယ် ဒီကားထဲမှာဆို ဖွာလန်ကျဲနေရာတွေပါတာတောင် သူ့အလှကို ခံစားကြရဦးမှာပါ အသက်ငယ်လို့ ငယ်ဂုဏ်မောက်တာမျိုးလည်း မဟုတ်ပါဘူး ကြီးတဲ့ထိ ကျက်သရေရှိရှိ လှနေတာမျိုးပါ။သူ့ရဲ့ နာမည်ကြီးကားတွေဆို Underworld ကားတွေတို့ Van Helsing တို့ ရှိကြပါတယ် ကြည့်ဖူးကြမှာပါ အားလုံးလည်း။ ကဲ ဒီတော့ ဇာတ်လမ်းအကြောင်း ဆက်လိုက်ရအောင် “အသက်တစ်ရာ မနေရ အမှုတစ်ရာပွေရ” ဆိုသလို ဇာတ်ကားနာမည်က ကိတ်မက်ကောရဲ့ တရားခွင်များတဲ့ ပြောရမယ်ဆို မမရဲ့ ရှုပ်ထွေးပွေလီ ပြဿနာများပေါ့။ ရှေ့နေဖြစ်တဲ့မမဟာ အရက်စွဲနေတဲ့ပြဿနာရှိပြီး ရှေ့နေရုံးကနေလည်း ဆိုင်းငံ့ခံထားရတယ် နောက်ပြီး ခံဝန်နဲ့ နေနေရတယ်။ မိသားစုရေးမှာလည်း သမီးဖြစ်သူကို ဂရုစိုက်မပေးနိုင်လို့ ဖခင်ဖြစ်သူက အုပ်ထိန်းခွင့်ရဖို့ အမှုစွဲထားတာမျိုး ကြုံနေရပါတယ် ဒါက သူ့ ကိုယ်ရေးကိုယ်တာအမှု တစ်ခုပေါ့လေ။ အဲဒီမှာ ရှေ့နေရုံးကနေ အပြစ်ကို ပြန်လည်ပေးဆပ်စေချင်လို့ အမှုတစ်ခုကို ပြန်လိုက်ခိုင်းပါတယ်။ ဒီအမှုကတော့ ချစ်သူဖြစ်သူက မုဒိမ်းကျင့်တာခံရ ရဲတွေမုဒိမ်းကျင့်တာခံရ ထောင်ကျတော့လည်း အစောင့်က မုဒိမ်းကျင့်တာခံရပြီး ချစ်သူနဲ့ရထားတဲ့ ကိုယ်ဝန်ရှိနေချိန် ချစ်သူကို အီစီကလီ လာလုပ်တဲ့ကောင်မလေးကို အဖော်တစ်ယောက်နဲ့ သွားဖြဲရာကနေ လူသတ်မှုဖြစ်ခဲ့ပါတော့တယ်။ အဲဒီမှာ သူသတ်တာသေချာ ပါတယ်ဆိုတဲ့အမှုကို မမတစ်ယောက် လိုက်ရာကနေ လွဲမှားနေတာတွေ စတွေ့လာတဲ့အခါ… အမှုကို ဘယ်လိုမျိုး လိုက်ပေးမလဲ၊ မိသားစုရေးရာမှ ာ သမီးလေးကို အုပ်ထိန်းခွင့်ပြန်ရပါ့မလား၊ နောက်ထပ် ဘာပြဿနာတွေ ကြုံရဦးမလဲ စသဖြင့် တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်တက်ပြီး ခေါ်သွားမယ့် တရားဥပဒေရုပ်ရှင်မျိုး ဖြစ်ပါတယ်။ လူတစ်ယောက်ဘဝတွေပျက် ခွေးဖြစ်လုနီးပါး ဖြစ်ခဲ့တာတောင် အဖော်ကောင်းတွေရှိပြီး သေသေချာချာလေး ကြိုးစားရင် ပြန်ထူထောင်နိုင်ပါတယ်ဆိုတဲ့ စိတ်ခွန်အားလည်း ပေးသွားတဲ့ ဇာတ်ကားကောင်းလေးပါ။ File size…1.41GB / 524.8MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 29m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Thura Aung

Drama
6.4 2013 89 mins
The Trials of Cate McCall
Death Forest: Forbidden Forest 2
4.7

2014 ခုနှစ်မှာထွက်ရှိထားတဲ့ Death Forest ကားရဲ့ အဆက်အဖြစ် 2015, March 21 မှာ Death Forest 2 ထွက်ရှိထားပါတယ်။ ကျောင်းအဆောက်အဦးအသစ်မှာ ကျောင်းတွင်းလှုပ်ရှားမှုတွေလာလုပ်တဲ့ သူငယ်ချင်းတသိုက်ဆီကို ဆရာမက ကျောင်းသူအသစ်နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ ဂလန်ဂဆန်ဂျစ်တိုက်တိုက်ကျောင်းသူအသစ်ကတော့ ကန့်လန့်တိုက်ရင်း အချိန်ဖြုန်းနေခဲ့ပါတယ် Death Forest 1 မှာတုန်းက တောထဲ မကောင်းဆိုးဝါးပုံတွေရိုက်လာခဲ့တဲ့ အူချီဒါတစ်ယောက် ဓာတ်ပုံတွေပြန်ကြည့်ရင်း ထူးဆန်းတဲ့ဓာတ်ပုံတစ်ပုံကိုတွေ့သွားတဲ့အခါ ကျောင်းသူလေးတွေရှိတဲ့ ကျောင်းကိုထွက်ခွာလာခဲ့ပါတယ်။ ကျောင်းဆောင်အသစ်ကြီးမှာ ဘာတွေများရှိနေလို့လဲ။ ဘယ်သူတွေများရောက်နေမလဲဆိုတာကတော့ ပရိတ်သတ်များကိုယ်တိုင်ပဲ မျက်စိကိုလက်နဲ့မဖုံးစတမ်း ကြည့်ရှုခံစားပေးကြပါဦး။ File size…808MB / 332MB Quality…1080p WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Drama
4.7 2015 68 mins
Death Forest: Forbidden Forest 2
Marcel the Shell with Shoes On
7.7

A24 ရဲ့ Mockumentary ကားလေးပါ။ မနှစ်ကရုံတင်တာဆိုပေမဲ့ ဒီနှစ်မှပဲ ဒစ်ဂျစ်တယ်ကော်ပီထွက်လာပါတယ်။ A24 vibe အပြည့်နဲ့ကားပါပဲ။ ပိုစတာပဲကြည့်လေ... ခရုခွံက အပေါက်နေရာမှာ မျက်လုံးတစ်လုံးတပ် ဖိနပ်ကြီးစီးထားတာပါ။ ဒီကောင့်နာမည်က မာဆယ်ပါ။ ဒီပုံစံလောက်နဲ့တော့ ရုတ်တရက်ဆို ချစ်ဖို့ကောင်းချင်မှ ကောင်းမှာပေမဲ့ ကားထဲက သူ့အပြုအမူတွေ စကားတွေနဲ့ ပေါင်းလိုက်ရင်‌တော့ တော်တော်ချစ်ဖို့ကောင်းပါတယ်။ Mockumentary ကား ပီပီသသ ရယ်လည်းရယ်ရသလို သရော်တာတွေက ဂွလည်းကျပါတယ်။ IMDb - 8.1/10, Rotten Tomatoes - 99% ရထားတဲ့ကားဆိုတော့ မကောင်းမှာ ပူစရာမရှိသလို ချစ်စရာကောင်းတဲ့ ခရုခွံလေးရဲ့တီတီတာတာ စကားတွေကြောင့် လူတိုင်းကြိုက်ကြလောက်မှာပါ။ တော်တော်ချစ်ဖို့ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ မာဆယ်ဆိုတဲ့ ဖိနပ်စီးခရုခွံကလေးဟာ သူ့မိသားစုတွေကို ဆုံးရှုံးထားရပြီး သူ့အဖွားနဲ့နေနေရတာပါ။ လူတွေကိုရှောင်ရင်းပေါ့၊၊ တစ်နေ့ကျ ဒင်းန်လို့ခေါ်တဲ့သူက သူနဲ့ခင်သွားပြီး သူ့ကို ဒိုကူမန်ထရီရိုက် ယူကျူ့ပေါ်တင်ရာကနေ မာဆယ်နာမည်ကြီးသွားပါတယ်။ အဲဒီကနေမှ သူ့မိသားစုကို ပြန်ရှာဖို့ ကြိုးပမ်းတဲ့အကြောင်း ရိုက်ပြထားတာပါ။ သူ့အဘွားက မနေရတော့မှာမို့ သူ့မြေးကို ဘဝမှာ ရှင်သန်တတ်အောင် သင်ပေးတာတွေကလည်း အီမိုရှင်နယ်ဖြစ်ပါတယ်။ ချစ်ဖို့လည်းကောင်း ငိုလည်းငိုရမယ့် ခပ်ဆန်းဆန်း A24 ကားပါပဲ။ မဆန်းရင် A24 ဘယ်ဟုတ်ပါတော့မလဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 600MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 1H 30Min Genre - Animation, Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Comedy • Science Fiction
7.7 2022 90 mins
Marcel the Shell with Shoes On
Dongeng Mistis
6.3

ကလေးဘဝတုန်းက မီးမလာတဲ့ညတွေဆိုရင် လမ်းထဲကကလေးတစ်သိုက် ပုံပြင်ဇာတ်လမ်းတွေ ပြောပြတဲ့ လူကြီးတွေဆီသွားပြီး သရဲအကြောင်းပြောပြပါလို့ ပူဆာခဲ့ဖူးလား။ အိမ်ကမသိအောင် စာအုပ်အငှားဆိုင်တွေကနေ ခိုးဖတ်ရတဲ့ သရဲဝတ္ထုတွေ၊ ရိုးရာတစ္ဆေသရဲပုံပြင်တွေနဲ့တင်အားမရဘဲ သူများကိုယ်တွေ့သရဲခြောက်ခံရတာမျိုးဆို တရွရွနားထောင်ချင်သေးတာမလား။ အပြောများကြတဲ့ နာမည်ကြီးယုံတမ်းသရဲတွေဆို မှတ်မိသလောက်တော့ ကျောပေါက်ကြီးတို့၊ ခြေကလိန်မတို့၊ ကိုယ့်ကိုဝိုင်းပြီး ၇ ပတ်ပတ်ခံရရင် သေတယ်ဆိုတဲ့ မှင်စာတွေရော မီးစားစုန်းဘာညာအစုံပါပဲ။ ဒါပေမယ့်လည်း ပြောပြတဲ့လူမတူရင် ဇာတ်လမ်းကလည်းကွာသွားတော့ ဘယ်နှစ်ခါနားထောင်ထောင် အရသာကိုရှိနေတော့တာပဲ။ ပြောတဲ့သူက မှင်ကောင်းကောင်းနဲ့ ပြောနိုင်လေလေ နားထောင်ရတဲ့သူက ကျောထဲစိမ့် ကြက်သီးတွေထပြီး နောက်မှာပဲ တစ်ခုခုရောက်လာသလိုလို ခံစားရတဲ့အချိန်မှာ... သောက်ကျင့်ယုတ်တဲ့ ငနဲတစ်ကောင်ကများ "ဟေး" ခနဲထအော်လို့ကတော့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ဖိနပ်တောင်မစီးဘဲ တန်းနေအောင်ပြေးကြတော့တာပဲ။ အခုဒီကားဆိုရင်လည်း အင်ဒိုနီးရှား ရိုးရာသရဲပုံပြင်အတိုလေး ၆ ပုဒ်ကိုစုထားတာဖြစ်ပြီး သရဲကားဆိုတာထက် ငယ်ငယ်ကလူကြီးတွေပြောပြတဲ့ သရဲပုံပြင်တွေနားထောင်နေရသလို ခံစားချက်မျိုးရလို့ ညဘက်ရောက်မှ တစ်ယောက်တည်းနားကြပ်လေးတပ်ပြီး သရဲအခန်းလာတော့မယ်ဆိုရင် သတ္တိရှိရှိနဲ့လက်ကြားထဲကနေ ချောင်းကြည့်လိုက်ကြပါဦးလို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… 628MB | 324MB 178MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August

Comedy • Drama
6.3 2018 88 mins
Dongeng Mistis
Fistful of Vengeance
5.6

ဒီရုပ်ရှင်ကတော့ Wu Assassin စီးရီးရဲ့နောက်ကနေ ဆက်ပြီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းကျောရိုးကတော့ တရုတ်ပုံပြင်တစ်ခုကို အခြေခံထားပါတယ်။ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့တဲ့ ပထမဆုံးလူသား ဖန်းကူဟာ စွမ်းအားတွေနဲ့ယစ်မူးပြီး ကမ္ဘာကြီးက စိတ်ကြိုက်ချယ်လှယ်ဖို့ ကြိုးစားနေတာကို တားဆီးဖို့ တောက် နတ်ဘုရားက ဝူလုပ် ကြံရေးသမားကို ဖန်ဆင်းပြီး တားဆီးစေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဝူလုပ်ကြံရေး သမားအဆင့်ဆင့် အစွမ်းတွေကို လက်ဆင့်ကမ်းပြီး ဖန်းကူပြန်ပေါ်မလာနိုင်အောင် ကာကွယ်တားဆီးခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒီအစွမ်းတွေက ရွေးချယ်ခံရတဲ့ ကိုင်ဆီကိုရောက် လာတာပေါ့။ ဒီဇာတ်လမ်းအစမှာတော့ ကိုင် ရယ် သူ့သူငယ်ချင်း တွမ်မီ နဲ့ လူရှင်းတို့ရယ်ဟာ ဂျန်နီကို သတ်သွားတဲ့ တရားခံကို လိုက်ရှာရင်း ဘန်ကောက်ကို ရောက်လာခဲ့ပါတယ်။ အဲဒီမှာပဲ ဂျန်နီအသတ်ခံရတာနဲ့ ဖန်းကူနဲ့ ဆက်စပ်နေတာကိုသိပြီး ကမ္ဘာကြီးကိုပါ ကယ်တင်ဖို့ ကြုံလာရတဲ့အခါ.... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size - (2.7 GB) /(1.3 GB) / (800 MB) Quality – WebDL 1080p / 720p/480p Duration - 1h 34 mins Subtitle – Myanmar Hardsub Format – MP4 Genre : Crime, Drama, Action Translator – Mr.Anderson Encoder – SWM

Action • Comedy • Crime
5.6 2022 97 mins
Fistful of Vengeance
League of Gods: Zhou Destruction
6

ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။ လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK

6 2023 99 mins
League of Gods: Zhou Destruction
Three Colors: Blue
7.7

ပထမဆုံးကားက အပြာ၊ သူ ကိုယ်စားပြုတာ လွတ်မြောက်မှု။ ဇာတ်လမ်းလေးကလည်း ဂျူလီဆိုတဲ့ အိမ်ထောင်သည် ၃၀ ကျော် အမျိုးသမီးတစ်ယောက်က ကားမတော်မဆ ဖြစ်ပြီး ယောက်ျားဖြစ်သူနဲ့ ၅ နှစ်အရွယ် သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတယ်။ အဲဒီမှာ သူဟာ လောကကြီးကို အဆက်သွယ်ဖြတ်ဖို့ ရှိသမျှအကုန် ရောင်းချပြီး တစ်နေရာမှာ အပျောက်သွားနေထိုင်ရာကနေ ပတ်ဝန်းကျင်ကလူတွေကြောင့်ပဲ လွတ်မြောက်မှုကို ကိုယ်စားပြုတဲ့ ဘဝအသစ်စတင်တာတွေ၊ ကတိကဝတ်တွေ ပူဆွေးမှုတွေ အချစ်တွေ အမုန်းတွေက လွတ်မြောက်သွားတာတွေကို အပြာဆိုတဲ့အတိုင်း အပြာရောင် Theme တို့ ပစ္စည်းတွေ အရောင်တွေနဲ့ ပုံဖော်သွားခဲ့တဲ့ ဒရမ်ကားလေးပါ။ မင်းသမီးနေရာကလည်း အော်စကာတစ်ခု ရရှိဖူးတဲ့ ပြင်သစ်မင်းသမီးကြီး Juliette Binoche က အဲဒီခေတ်တုန်းက လှလှလေးနဲ့ ကောင်းကောင်းကြီး သရုပ်ဆောင်ထားတာပါ။

7.7 1993 98 mins
Three Colors: Blue
Bloody Milk
7

ဆုတွေရထားတဲ့ပြင်သစ်ကားလေးပါ။ နို့စားနွားမွေးမြူရေးခြံပိုင်ရှင်ပီရာဟာ နွားတွေအပေါ်ချစ်ခင်ကြင်နာတတ်ပြီး ခြံတစ်ခြံလုံးကို တစ်ယောက်တည်းထိန်းသိမ်းလုပ်ကိုင်ရင်း နွားနို့အရည်အသွေးပထမအဆင့်ရထားသူပါ။ ဒါပေမယ့် ဘယ်လ်ဂျီယံနိုင်ငံမှာပြန့်ပွားနေတဲ့ ကြောက်မက်ဖွယ်နွားရောဂါပိုးရဲ့လက္ခဏာတွေကို သူ့ရဲ့နွားတစ်ကောင်မှာတွေ့လာရတဲ့အခါ ကျန်တဲ့နွားတွေပါသုတ်သင်ရှင်းလင်းမခံရအောင် တာဝန်ရှိသူတွေကိုအသိမပေးပဲ တစ်ယောက်တည်းဖြေရှင်းဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဇာတ်အေးကားလေးတွေ၊သရုပ်ဆောင်ဦးစားပေးကားတွေကိုကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size…(1.87GB) / (921MB) / (480MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:30:00 Genre…Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein

Action • Comedy
7 2017
Bloody Milk
[18+] Hawas Ki Inteha
6.2

Hawas Ki Inteha (2016) လင်ရယ် မယားရယ်လို့ ဖြစ်လာကြပြီဆိုရင် ဆိုးတူကောင်းဖက်အတူလက်တွဲသွားကြပြီး ဘဝသက်ဆုံးတိုင် နားလည်မှုတွေနဲ့ ဘဝကို တည်ဆောက်ကြရမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ထိုအိမ်ထောင်..ထိုလင်မယားဟာ ရှားစောင်းနဲ့မျက်ချေးလို တစ်မိုးအောက်ထဲက ရန်သူတွေလိုပါပဲ။ အိမ်ထောင်တစ်ခုမှာ အချစ်က အခရာကျသလို လိင်မှုကိစ္စဟာလည်း အဓိကကျပါတယ်။ မှားတဲ့လူရှိရင် ခွင့်လွှတ်ပေးနိုင်တဲ့သူ ရှိရမှာဖြစ်သလို မှားတဲ့သူဟာလည်း အဲ့ဒီအမှားမျိုးကို နောက်ထပ်မကျူးလွန်သင့်ပါဘူး။ အမှားတွေကို မလွန်ဆန်နိုင်တော့တဲ့အထိဖြစ်လာတဲ့အခါမှာတော့ အိမ်ထောင်တစ်ခုဟာ ပျက်တော့မှာပဲမဟုတ်လား။ ဒီဇာတ်ကားမှာလည်း ရာဂစိတ်ကြောင့် အမှားနွံထဲနစ်ပြီး ဘဝပျက်ခဲ့ရတဲ့ လင်မယားအကြောင်းကို ပညာပေးရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ၁၈အပေါင်းအခန်းလေးတွေလည်း ပါတာမို့ ၁၈ယောက်စုကြည့်ကြပါနော်။

6.2 2016
[18+] Hawas Ki Inteha
Curious Caterer: Fatal Vows

ဒီတစ်ခါမှာ‌တော့ အသစ်ထွက်ရှိထားတဲ့ Curious Caterer ဇာတ်ကားအသစ် ကိုတင်ဆက်ပေးသွားမှာ ဒီဇာတ်ကားထဲမှာ စုံထောက်ကြီး တွမ်ရဲ့ ဇနီးဟောင်းဖြစ်သူ ဂျက်စ်ဟာ မင်္ဂလာဆောင်တော့မှာဖြစ်ပြီး မင်္ဂလာပွဲနေ့မှာပဲ သတို့သားဟာ သေဆုံးသွားပြီး သတို့သမီးဟာလည်း ပျောက်ဆုံးသွားပါတော့တယ် စုံထောက်တွမ်ဟာလည်း ဒီအမှုဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်နေတဲ့အတွက် အမှုလိုက်ခွင့်မရ‌လိုက်ပါဘူး ဒါပေမဲ့ လက်မလျှော့တဲ့ စုံထောက်တွမ်ဟာ မင်္ဂလာကိတ်မုန့် လုပ်ပေးတဲ့ ဂိုဒီဆိုတဲ့ အမျိုးသမီးနဲ့ အတူ အမှုလိုက်ပါတော့တယ် သတို့သမီးကရော အသက်ရှင်လျက် ရှိနေသေးလား သတို့သားကိုရော ဘယ်သူသတ်သွားတာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.6 GB)/(873 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Tv Movie, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

Thriller • Action • Crime • Drama
0 2023
Curious Caterer: Fatal Vows
Dark Blue
6.6

အယ်ဒွန်ပယ်ရီ နဲ့ ဘော်ဘီကီရယ် တို့ဟာ LAPD အထူးစုံစမ်းရေးတပ်ဖွဲ့က စုံထောက်တွေပါ။ ပယ်ရီဟာ ရဲအလုပ်ကို မျိုးရိုးစဉ်ဆက်အမွေအဖြစ် လုပ်ခဲ့သူဖြစ်ပြီး ဘာမဆို သွေးအေးအေး လက်ရဲ ဇတ်ရဲ ရှိလှပါတယ်။ ဘော်ဘီ ရဲ့ဦးလေး ဂျက်ဟာ ရဲဌာနရဲ့ အကြီးအကဲဖြစ်ပြီး ဒုစရိုက်သမားတွေ နဲ့ လက်တွဲနေသူပါ။ ဘော်ဘီဟာ အထူးစုံစမ်းရေးအဖွဲ့ကို ရောက်ရောက်ချင်းမှာပဲ သံသယရှိသူကို ပစ်ခတ်မှု နဲ့ စစ်ဆေးခြင်းခံရပါတော့တယ်။ တကယ်ပစ်ခတ်ခဲ့သူက ပယ်ရီဖြစ်ပြီး ဂျက် ရဲ့ ခိုင်းစေမှုနဲ့ ဘော်ဘီကို အရှက်မရအောင်လို့ဟု အကြောင်းပြကာ တာဝန်ခံခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ရဲ့ စီမံမှုကြောင့်ပဲ ပြစ်ဒဏ်တော့မကျခဲ့ပါဘူး။ ပယ်ရီ လုပ်တာမှန်း သတိထားမိသွားသူက လူမည်းရဲမှူး ဟောလန်းပါ။ သက်သေပြလို့မရတာကြောင့် ဒီတိုင်း ကြည့်နေရပါတယ်။ ဂျက် နဲ့ ဟောလန်း ကြားမှာလည်း အားပြိုင်မှုတွေရှိပြီး တစ်ဦးနဲ့တစ်ဦး မျက်ခြေမပြတ်စောင့်ကြည့်နေကြတာပါ။ အဲဒီလို အခြေအနေမှာပဲ စတိုးဆိုင်ကို ဖောက်ထွင်းဝင်ရောက်ပြီး ရဲဝန်ထမ်း အပါအဝင် လူလေးယောက်အသတ်ခံရမှု ကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီအမှုကို ဂျက် က ပယ်ရီတို့ နှစ်ယောက်ကို လိုက်ခိုင်းတဲ့အခါ ပယ်ရီက ဘာတွေ တွေ့ရှိသွားမလဲ။ ဂျက် ကရော ဘယ်လိုပါဝင် ပတ်သတ်နေလဲ။ မနူးမနပ် ဘော်ဘီရော ဘယ်လိုသင်ခန်းစားတွေရသွားလဲ ဆိုတာအပြင် ရဲမှူး ဟောလန်း ကရော ပ ယ်ရီရဲ့ ကျူးလွန်မှုတွေကိုဖော်ထုတ် နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။ ရဲဝန်ထမ်းတွေရဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်ကြပုံတွေ အ ချင်းချင်း ထိုးကျွေးကြတာတွေကို ပြတဲ့ ဖန်တရာ‌တေဇာတ်လမ်းမျိုးဖြစ်ပေမယ့်လည်း ဇာတ်လမ်း ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ လူမျိုးရေးအဓိကရုဏ်းတွေကိုပါ နောက်ခံထားရိုက်ကူးထားတဲ့အတွက် မတူညီတဲ့ခံစားမှုမျိုးရမှာပါ။ 2002 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 6.6 ရထားတဲ့ ဟောင်းပေမယ့် ကောင်းနေဆဲ ဇာတ်ကားလေးပါ။ မင်းသားကြီး Kurt Russell က အယ်ဒွန် ပယ်ရီ နေရာက သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ချက်တွေ နဲ့ ဒိုင်ယာလော့တွေက အရမ်းမိုက်ပါတယ်။ အက်ရှင်ကားတွေ၊ ရဲစုံထောက်ဇာတ်လမ်းတွေကို နှစ်သက်သူတွေ မဖြစ်မနေကြည့်ရှုသင့်လို့ တင်ဆက်ပေးလိုက်ပါတယ်။ File size… 1.4 GB / 815 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

Romance • Drama • Thriller
6.6 2002 118 mins
Dark Blue
Getaway

Getaway (2013) ဇာတ်လမ်းတစ်ပုဒ်လုံး ကားမောင်းတဲ့အက်ရှင်အမိုက်စားတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်မျိုးကို ကြိုက်တယ်ဆိုရင်တော့ 2013 ခုနှစ်ကထွက်ခဲ့တဲ့ ဒီ Getaway ဆိုတဲ့ ဇာတ်လမ်းက ရုပ်ရှင်ချစ်သူတွေအတွက် အကြိုက်တွေ့စေမှာပါ. ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာ နာမည်ကြီး ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ Ethan Hawke ကို အဓိက ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာပါ. ဒါ့အပြင် ကျွန်တော်တို့ရဲ့ ငယ်ငယ်က crush လေးဖြစ်ခဲ့ဖူးတဲ့ Selena Gomez လေးကလည်း ပါသေးတယ်ဆိုတော့ကာ ဘာလိုသေးလဲ ဦးကြီးရယ်ပေါ့. ဇာတ်လမ်းအကျဉ်း ဘရန့် မဂ်နာဆိုတဲ့ ပြိုင်ကားမောင်းသမားဟောင်းတစ်ယောက်ဟာ ဇာတ်လမ်းအစမှာ အမည်မသိလူတစ်ဦးရဲ့ လမ်းညွှန်စေခိုင်းချက်အရ ကားတစ်စီးကို သွားပြီး ခိုးရပါတယ်. အဲ့ကားမှာ သူ့ကို ခိုင်းတဲ့လူက ကင်မရာတွေအပြည့်တပ်ဆင်ထားပြီး သူဘာလုပ်နေတယ်ဆိုတာကို အစအဆုံး တစ်နေရာကနေ ထိုင်ကြည့်နေပါတယ်. အဲဒီ့လူက ဘယ်သူလဲဆိုတာကိုတော့ ဘရန့်တစ်ယောက်မသိပါဘူး. နောက်တော့ ကျွန်တော်တို့ရဲ့မင်းသမီးလေး Selena နဲ့တွေ့ဆုံဖို့ဖြစ်လာပြီး အဲဒီ့တွေ့ဆုံမှုကလဲ အမည်မသိသူက စီစဉ်ထားတဲ့ တွေ့ဆုံမှုပဲလား? ဘရန့်ကရော ဘာဖြစ်လို့ အမည်မသိသူ ခိုင်းတဲ့အတိုင်း တစ်ခုမကျန်လိုက်လုပ်နေရသလဲ? အဲဒီ့လူရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ? စတဲ့ စတဲ့ မြှုပ်ကွက်လေးတွေနဲ့ စိတ်လှုပ်ရှားဖို့ကောင်းအောင် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်. ဇာတ်လမ်းကိုအခြေတည်ထားတာတော့ ခရစ်စမတ်အချိန်မှာဖြစ်ပေမယ့် တခြား ခရစ်စမတ်ဇာတ်လမ်းတွေကို နုနုရွရွလေးမဟုတ်ပဲ ကြမ်းကြမ်းရမ်းရမ်းနဲ့ ခရစ်စမတ်ကို ဖြတ်သန်းတဲ့ ဘရန့် မဂ်နာ (Ethan Hawke) တစ်ယောက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်. အညွှန်းနှင့် ဘာသာပြန်ကိုတော့ Jo Joe မှရေးသားထားပါတယ် File size…(1.7 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe

0 2013
Getaway
The Platform El hoyo
7

The Platform (2019) El hoyo IMDb Rating (7.0) / Rotten Tomatoes (81%) ဒီရုပ်ရှင်ကတော့ Netflix က စပိန်ရုပ်ရှင်ကားပါ။ တကယ့်ကို မှောင်မိုက်တဲ့ Thriller အမျိုးအစားဖြစ်လို့ကလေးတွေ မကြည့်သင့်ပါဘူး။ ဇာတ်လမ်းကတော့… Goreng ဆိုတဲ့လူဟာ သဘောတူညီချက်တစ်ခုနဲ့ အကျဉ်းထောင်တစ်ခုကို လေ့လာဖို့ရောက်ရှိလာပါတယ်.. ဒေါင်လိုက်ဖန်တီးထားတဲ့ အကျဉ်းထောင်တစ်ခု၊ တစ်ဆင့်ချင်းစီက အကျဉ်းခန်းတွေမှာ လူနှစ်ယောက်စီကိုနေရာချပေးတဲ့ ငရဲတွင်းပေါက်ကြီး…… သာမန်ထောင်မဟုတ်ဘဲ လူတွေရဲ့ စိတ်တွေဝိဉာဉ်တွေကိုချေမွှထားတဲ့ လောဘတွေနဲ့လှောင်ပိတ်ထားတဲ့ ငရဲ။ Goreng တစ်ယောက် အဲ့ဒီနေရာမှာ ရှင်သန်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ။ အဲ့ဒီနေရာရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။ ကျဉ်းကျပ်ခက်ခဲတဲ့အခြေအနေစနစ်ကိုလိုက်ပြီး လူတွေရဲ့စိတ်တွေ ပြောင်းလဲတာတွေ… အခြေအနေဘယ်လိုပဲဖြစ်ဖြစ် လူသားဆန်ဆန် အဆုံးစွန်ထိ တွန်းလှန်တိုက်ခိုက်တာတွေ… လူလူချင်းထားရှိရမယ့် Sharing is Caring ဓမ္မတွေ…စတဲ့တွေးစရာလေးတွေနဲ့ ဒီရုပ်ရှင်ကားကို ထူးဆန်းပြီး ပြောင်မြောက်တဲ့ တင်ဆက်မှုတစ်ခုအဖြစ် အကြိုက်တွေ့ခဲ့ကြပါတယ်။

History • Drama
7 2019
The Platform El hoyo
About Cherry

About Cherry ဆိုတဲ့ဇာတ်ကားကတော့ ၂၀၁၂ ခုနှစ်ကထွက်ရှိထားပြီး James Franco နဲ့ Heather Graham Ashely Hinshaw တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ အန်ဂျလီနာဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်းပြီး ဘဝကိုကြိုးစားရုန်းကန်နေတဲ့အမျိုးသမီးငယ်တစ်ယောက်ပါ။ သူမဟာ သူ့ရဲ့ဘဝမှာ လွတ်လပ်မှုကို ရှာဖွေရင်း ဘဝကိုအသစ်ကနေပြန်စဖို့ဆုံးဖြတ်လိုက်တဲ့တစ်နေ့မှာတော့ သူမရဲ့အပြစ်ကင်းတဲ့အဖြူထည်ဘဝကနေ အရောင်ပြောင်းလဲသွားစေတဲ့လောကထဲကို ဝင်ရောက်ဖို့ ဖြစ်လာပါတော့တယ်။ စူးစမ်းလိုစိတ်အားပြင်းတဲ့ဆယ်ကျော်သက်မိန်းမငယ်တစ်ယောက်ရဲ့အဖြစ်ကနေ လမ်းမှားလိုက်မိရင်း လူကြီးရုပ်ရှင်လောကထဲကို ခြေစုံပစ်ဝင်လိုက်တဲ့အခါ ပေါ်ပေါက်လာတဲ့ လက်တွေ့ဘဝရဲ့ရိုက်ခတ်မှုတွေ၊ ဘဝနဲ့ရင်းပြီးရတဲ့အတွေ့အကြုံတွေကို အနုပညာဆန်ဆန်ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အဖော်အချွတ် အညှီအဟောက်တွေ အထင်းသားကြီးပါတာမို့ တစ်ယောက်တည်းကြည့်ကြပါကုန်။ File Size : 2 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 38min Format : Mp4 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Vader ft Riley Encoded by : Thit San Khant

Romance
0 2012 102 mins
About Cherry
Locked
6.3

Locked (2025) IMDb Rating (6.3) / Rotten Tomatoes (65%) အက်ဒီဘာရစ်ဟာ ကားတစ်စီးနဲ့ ဒလီပို့တဲ့ အလုပ်ကို လုပ်ပြီး ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေသူတစ်ဦးဖြစ်တယ်။ သူ့ဒုက္ခတွေနဲ့သူ အကျပ်ရိုက်နေလို့ ဇနီးဟောင်းနဲ့ အလှည့်ကျ ခွဲယူထားတဲ့ သူ့သမီးအတွက် ဖခင်တာဝန်တွေကိုလည်း မကျေပွန်နိုင်သူပေါ့။ တစ်နေ့တော့ သူ့ရဲ့ကားက ပျက်လို့ ဝပ်ရှော့ကို ပို့လိုက်ရတယ်။ ပြင်စရိတ်ကိုလည်း အကုန်မပေးနိုင်တော့ ကားလည်းမရ ငွေလည်းကုန် အခြေအနေဖြစ်သွားတယ်။ လူတကာကို ပိုက်ဆံလိုက်ချေးပေမဲ့လည်း အရာမထင်ခဲ့တဲ့အဆုံး အက်ဒီဟာ လမ်းပေါ်မှာ ဒီတိုင်းရပ်ထားတဲ့ SUV တစ်စီးထဲက ပစ္စည်းတစ်ခုခုကို ခိုးပြီး ငွေရပေါက်ကြံတယ်။ ဒါပေမဲ့ ကံဆိုးမ,သွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ သူဝင်ခိုးတဲ့ ကားက သာမန်ကားတစ်စီး ဟုတ်မနေခဲ့တာပါပဲ။ ကားထဲကို အက်ဒီဝင်သွားအပြီးမှာ ကားတံခါးတွေဟာ အကုန် လော့ခ်ကျသွားခဲ့ပါတယ်။ အက်ဒီဘယ်လိုပဲ ကြိုးစားကြိုးစား တံခါးတွေဟာ လုံးဝဖွင့်မရတော့ပါဘူး။ ပါလာတဲ့ သေနတ်နဲ့ မှန်ကိုခွဲပြန်တော့ ကျည်မတိုးတဲ့ မှန်ဖြစ်နေပြီး ကျည်ဆံက တန်ပြန်လာလို့ အက်ဒီ့ခြေထောက်ကို ပြန်မှန်ပြီး သွေးတွေလွန်ပါတော့တယ်။ ရုတ်တရက်ဆိုသလို ကားရဲ့ တီဗီဖန်သားပြင်ကနေ ဖုန်းတ‌စ်ကောဝင်လာခဲ့ပြီး ဝီလီယံဆိုသူဟာ သူက ဒီကားရဲ့ပိုင်ရှင်ဖြစ်ကြောင်း သူဟာ အက်ဒီ့လိုလူတွေကြောင့် ဒီကားကို ပရောဂျက်ဆွဲထားတာဖြစ်ကြောင်း သူလုပ်စရာရှိတာတွေ လုပ်လို့မပြီးမချင်း အက်ဒီ့ကို ပြန်မလွှတ်ဘူးဆိုတဲ့အကြောင်းတွေ ပြောလာပါတော့တယ်။ ဒီလိုနဲ့ ဒဏ်ရာကြောင့် သွေးလွန်နေတဲ့ အက်ဒီဟာ SUV ကားကြီးထဲမှာ ပိတ်မိသွားပြီး အသံရှင်ရဲ့ လက်ခုပ်ထဲက ရေဘဝကို ရောက်ချင်းမလှရောက်သွားပါတော့တယ်။ ဒီဇာတ်လမ်းမှာ မင်းသားချော Bill Skarsgård က အက်ဒီအဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်ကားတစ်ကားလုံးကို ကားတစ်စီးထဲမှာ ဇာတ်အိမ်တည်ပြီး စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Act Molemy ဖြစ်ပါတယ်။) File size… (6.2 GB) / (1.8 GB) / (720 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:35:34 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Act Molemy

Action • Drama
6.3 2025 95 mins
Locked