YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hu Tong E05 (720p) CM.mp4

219.05 MB N/A video/mp4 101 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vive L'Amour
7.1

~ IMDb - 7.4/10, Rotten Tomatoes - 86% ~ Directed by "Tsai Ming-liang" ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ နှစ်ပေါင်းများစွာကနေ ပြီးခဲ့တဲ့ ၂၀၂၀အထိလည်း ဒီလိုပုံစံကားမျိုးတွေကို ရိုက်တုန်းပါပဲ။ သူ့ရဲ့ပထမဆုံးရုပ်ရှင် Rebels of the Neon God မှာ သူ့ရုပ်ရှင်ဟာ ထိုင်ပေမြို့အငွေ့အသက် တော်တော်လေးလွှမ်းထားတယ်လို့ဆိုလို့ရပေမဲ့ အဲဒီနောက်ပိုင်းရုပ်ရှင်တွေမှာတော့ သူဟာ နေရာအစွဲကင်းတဲ့သူလို့ သူပြောဖူးတဲ့စကားနဲ့အညီပဲ သူ့ရုပ်ရှင်တွေဟာ ဒေသအပိုင်းအခြားမရွေးတဲ့ မြင်နေကြုံနေခက်ခဲခြင်းတွေ အာသီသတွေကို ပုံဖော်တဲ့ ရုပ်ရှင်တွေပိုဆန်လာတယ်။ သိသလောက်တော့ သူဟာ ဇာတ်လမ်းတစ်ခုတည်းထဲ နောက်ဇာတ်လမ်းပိစိလေးတွေကို ယက်ဖွဲ့တတ်တဲ့ဒါရိုက်တာမျိုးဖြစ်ပြီး အဲဒီဇာတ်လမ်းတွေမှာလည်း သေချာတဲ့ပြချင်တာတစ်ခု ရှိနေတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း Main Story ဖြစ်တဲ့ မသိလိုက်ပါဘဲ တစ်ခန်းတည်း နေဖြစ်သွားကြတဲ့ လူသုံးယောက်ရဲ့ ဇာတ်လမ်းသုံးခုကို ပေါင်းစပ်ပေးထားပြီး တခြားဇာတ်လမ်းပိစိလေးပါထည့်ထားပါသေးတယ်။ သူ့ရုပ်ရှင်တွေဟာ ကင်ကီဒွပ်ရဲ့တစ်ချို့ကားတွေလောက်တော့ လုံးဝစကားမပြောတဲ့ ကားတွေတော့မဟုတ်ပေမဲ့ တော်တော်လေး စကားနည်းပြီး အပြကို ဦးစားပေးတဲ့ ရုပ်ရှင်တွေပါပဲ။ သူ့အပြတွေဟာလည်း တစ်ခါတလေကျ နိမိတ်ပုံဆန်ပြီး တစ်ခါတလေကျ တော်တော်လည်းစားပါတယ်။ ဒီထဲမှာဆို ဒီကားရဲ့ Theme ကို အရိုးအိုးရောင်းတဲ့နေရာနဲ့ ထပ်ဆင့်ပုံဖော်သွားခဲ့သလို ဖရဲသီးတစ်လုံးနဲ့ အာသီသကိုပုံဖော်သွားခဲ့သလိုပေါ့။ နားလည်ရတော့ခက်တဲ့အခန်းတွေလည်း ပါတတ်ပါတယ်။ အရေးတော့မကြီးလှပါဘူး။ သူပြတာကို ကြည့်လိုက်တယ်၊ ကြည့်နေတုန်း အဲဒီခပ်ဆန်းဆန်းအပြတွေကို သဘောကျနေမယ်၊ ကိုယ့်စိတ်နဲ့ကိုယ် အဓိပ္ပာယ်ကောက်ပြီး တစ်ခုခုခံစားလိုက်ရမယ်၊ အရသာရှိနေမယ်ဆို ပြီးပြီပဲမလား။ ကိုယ့်စက္ခုနဲ့ သိစိတ်ကရတဲ့ အရသာကိုမခံစားဘဲ ဒါရိုက်တာ တကယ်တမ်းပြချင်တာဘာလဲ ထိုင်ခေါင်းစားနေမယ်ဆို Art House ကားကြည့်ပေမဲ့ Art House ကား အရသာမရသလို ဖြစ်သွားမလားပဲ။ ဒီတော့ ဒီရုပ်ရှင်ဟာလည်း တစ်ခုခုကိုနားလည်ချင်စိတ်နဲ့ကြည့်ရမယ့် ရုပ်ရှင်မျိုးလို့တော့ ကျွန်တော်တော့မထင်ဘူး။ သူ့အရသာကို ခင်ဗျား ဒီတိုင်းခံစားလိုက်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ အရင်နှစ်က သူ့ပထမဆုံးကားဖြစ်တဲ့ Rebels of the Neon God ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခု Vive L'Amour ကတော့ သူ့ရဲ့ ဒုတိယကားပါ။ အနောက်တိုင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရခဲ့သလို Art Film ကောင်းတွေကို ပြန်လည်ထိန်းသိမ်းထုတ်ဝေပေးတဲ့ Criterion Collection ကလည်း ဒီကားကို ပြန်ထုတ်ပေးထားခဲ့ပါတယ်။ Vive L'Amour ဆိုတဲ့ ပြင်သစ်စကားရဲ့ အဓိပ္ပာယ်ကတော့ ချစ်သက်ရှည်စေလို့ အဓိပ္ပာယ်ရနေပြီး တစ်ချို့ရုပ်ရှင်တွေလို ရုပ်ရှင်ရဲ့အပြနဲ့ ဒီစကားလုံးကို တွဲဖက်ခံစားကြည့်ဖို့ကလည်း တော်တော်တော့နားလည်ရခက်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ရဲ့ Theme လို့ ခံစားရတဲ့အရာနဲ့ တော်တော်မဆီမဆိုင်ဖြစ်နေတာကိုး။ ယူသလိုပဲ ရမှာပါပဲ။ တစ်ချို့အတွက်တော့ အကြိုက်ဆုံးကားဖြစ်သွားနိုင်တာပါပဲ။ တစ်ချို့အတွက်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 820MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 58Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 1995 118 mins
Vive L'Amour
Repeat Shoe

တစ်ညမှာ ရဲစခန်းကို မူးပြီး စာရေးဆရာတစ်ယောက်ရောက်လာတယ်။ သူ့ဝတ္ထုထဲက ဇာတ်ကောင်က သူ့ကိုခြိမ်းခြောက်နေလို့တဲ့လေ။ မယုံကြည်နိုင်ဖြစ်နေတဲ့ ရဲတွေကြုံလိုက်ရတာက သူ့ဝတ္ထုထဲကနဲ့ တစ်ပုံစံတည်းတူတဲ့ ပြန်ပေးဆွဲ/ လူသတ်မှုတစ်ခု။ ပြန်ပေးဆွဲခံရတဲ့ ပူဂျာဆိုတဲ့ မိန်းကလေးကလည်း ရဲချုပ်ရဲ့သမီးဖြစ်နေပြီး၊ ရွေးကောက်ပွဲမတိုင်ခင် ကာလဖြစ်တာမို့ ဒီအမှုဟာ ဟိုးလေးတကျော်ကျော်ဖြစ်လာတော့တာပေါ့။ ဒါဟာတကယ်ပဲ Parallel universe တွေထဲကလို စာရေးဆရာဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့မှုခင်းလား။ ဒါဆိုရင် ပျောက်ဆုံးနေတဲ့ ပူဂျာကရော အဲဒီဇာတ်လမ်းနဲ့ဘယ်လိုပတ်သတ်နေတာလဲ။ တရားခံအစစ်ကဘယ်သူလဲ၊ ဒီမေးခွန်းတွေကို အဖြေရှာဖို့ ရောက်လာတဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်။ အဓိကဇာတ်ဆောင်အနေနဲ့ Naveen Chandra ကနေပြီး ပါဝင်ထားပါသေးတယ်။ မဖြေရှင်းနိုင်တဲ့ရှုပ်ထွေးမှုတွေကြားက သဲလွန်စတွေကို တစ်စချင်းဆွဲထုတ်ရင်း ရင်တထိတ်ထိတ်ကြည့်ရမယ့် ရုပ်ရှင်မျိုးမို့ ခုပဲ Channel Myanmar မှာ ရှူစားလိုက်ပါတော့ခင်ဗျာ။ File size…1.9GB / 900MB Quality…1080p WEB DL HQ  /720p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ BpL ~HayMan~OeliuJ~Yunni

Comedy • Romance
0 2022 112 mins
Repeat Shoe
Gandharwa

Action, Drama, Thriller IMDb 8.6/10 (1.8K) လူသားတွေဟာ ကမ္ဘာဦးအစကတည်းက တီထွင်လာခဲ့ကြတဲ့သူတွေဖြစ်ပြီး သိပ္ပံနည်းကျနဲ့ လက်တွေ့ကိုမှ ယုံကြည်လာခဲ့ကြပါတယ်... ဟိုးအမှောင်ခေတ်ကနေ လကမ္ဘာပေါ်ကို တက်လှမ်းနိုင်တဲ့အထိကို လူ့အသိဉာဏ်ကနေ တီထွင်ဖန်းတီးမှုတွေ နည်းပညာတွေ ဆင်းသက်လာခဲ့ပါတယ်... သို့ပေမယ့်လည်း တချို့သော ကိစ္စရပ်တွေဟာ သဘာဝတရားကြီးအတွင်းမှာရှိတဲ့ လက်ခံနိုင်စရာအကြောင်းရင်းတွေကိုဖြတ်ပြီး ဖြစ်ပေါ်လာခဲ့ပါတယ်...ဒီလိုကိစ္စမျိုးတွေကျ လက်ခံနိုင်ဖို့ခဲယဉ်းလှပါတယ်... ဒီဇာတ်ကားလေးဟာ သိပ္ပံပညာနဲ့ ဆေးပညာရပ်တွေလို လက်တွေ့ကျတဲ့ နယ်ပယ်တွေကို ဖြတ်ကျော်ပြီး မေးခွန်းထုတ်လာခဲ့တဲ့ လူတစ်ယောက်ရဲ့အကြောင်းပါ နယ်မြို့လေးတစ်မြို့မှာ နေထိုင်တဲ့ အာဗီနက်ရှ်ကို တစ်ရွာလုံးကချစ်ခင်လေးစားကြသလို သူဟာ နိုင်ငံတော်က အားကိုးရတဲ့ စစ်သားတစ်ယောက်လည်းဖြစ်သေးတယ်... အိန္ဒိယပါကစ္စတန်စစ်ပွဲဖြစ်တော့ လက်ထပ်ထားတာ ပူပူနွေးနွေးလေးပဲရှိဦးမယ် စစ်တိုက်ထွက်ရပြန်ပါတယ်...ကံပဲဆိုးလေသလား တိုက်ပွဲအတွင်း အာဇာနည် ဖြစ်သွားခဲ့တယ်... သဘာဝလွန်ဖြစ်ရပ်တွေက သူ့အားပြန်ရှင်သန်လာစေခဲ့တဲ့အခါမှာတော့....။ File size…2.37GB / 1.15GB Quality…1080p WEB DL AAC5.1CH / 720p  Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor , Kham Mon , Sora & OeliuJ

Drama • Romance
0 2022 129 mins
Gandharwa
The Last 10 Years
7.1

~ IMDb rating - 6.9/10, MyDramaList - 8.1/10 ~ " ကောင်လေးရယ် ကောင်မလေးရယ် ကမ္ဘာကြီးရယ် ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ တကယ်ဆို ဒီလိုအချိန်မျိုးမှာ လေပြင်းမုန်တိုင်းဟာ မတိုက်ခတ်ခဲ့သင့်ပါဘူး။ ခုတော့ လျှို့ဝှက်စွာတိုက်ခတ်သွားတဲ့ လေပြင်းမုန်တိုင်းကြောင့် ထင်းရှူးပင်ကြီးဟာ မျက်ရည်တောက်တောက်ကျနေရပေါ့။ ထင်းရှုးတောအုပ်ကလေးတစ်ခုလုံးဟာလည်း မျက်ရည်သစ်ပင်ကြီးရဲ့ငိုသံမှာ အံ့အားသင့်နေကြတယ်။ ဒါပေမယ့် ထင်းရှူးပဒေသာလမ်းပေါ်မှာ ကောင်လေးတစ်ယောက်ဟာ လျှောက်နေတုန်းပါပဲ။ (သူ့ကိုကြည့်ရတာ ဘာကိုမှ နောက်ဆံတင်းပုံမပေါ်ဘူး) လမ်းဘေးက အုတ်ခုံကလေးမှာတော့ အင်္ဂတေတွေကွာနေလေရဲ့... " - မောင်သိန်းဇော် (မျက်ရည်သစ်ပင်၊ ၁၉၈၇) ဒီဇာတ်ကားရဲ့မူရင်းဝတ္ထုကိုရေးသားခဲ့တဲ့ စာရေးဆရာမဖြစ်သူဟာ ၂၀၁၇ ခုနှစ်မှာပဲ ကွယ်လွန်ခဲ့ပါပြီ။ သူကိုယ်တိုင် နာတာရှည်ရောဂါကို ရင်ဆိုင်နေခဲ့ပြီး စွန့်ခွာမဲ့နေ့ကိုစောင့်နေရတဲ့ခံစားချက်ကို ဇာတ်ကားထဲမှာ ပုံဖော်ထားတာမို့ ဒီရုပ်ရှင်ဟာ လူတစ်ယောက်ရဲ့ သူ့ခံစားချက်အမှန်ကို ထုတ်ပြထားတဲ့ ရိုးသားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောလို့ရတာမို့ အနုပညာစစ်သလို ရသလည်းမနုံနဲ့ပါဘူး။ IMDb rating - 6.9/10 ဟာလည်း ဒီလို Romance Drama ကားတစ်ကားအတွက် မနည်းလှတဲ့ rating ဖြစ်မှာပါ။ ဒီကပရိသတ်တွေ လူသိများတဲ့ မင်းသမီး Nana Komatsu ကလည်း အဓိကနေရာက ပါဝင်ထားပါတယ်။ ဇာတ်လမ်းထဲက မဆွတ်ရိ(Nana)က အသက်၂၀အရွယ်မှာပဲ အဆုတ်သွေးကြောနဲ့ပတ်သက်တဲ့ရောဂါကြောင့် ၂နှစ်ကျော် ဆေးရုံတက်ခဲ့ရသူပါ။ သူ့ရဲ့ရောဂါက ပျောက်ကင်းအောင်ကုသလို့ မရဘဲ နောက်၁၀နှစ်ထိသာ အသက်ရှင်နိုင်တော့မှာကို မဆွတ်ရိ သိသွားခဲ့ပါတယ်။ ဆေးရုံဆင်းတော့လည်း ပြင်းထန်တဲ့ လှုပ်ရှားမှုလုပ်ခွင့်မရှိတာကြောင့် အိမ်မှာပဲနားနေရပါတယ်။ သူငယ်ချင်းတွေကတော့ အလုပ်လုပ်ပြီး လက်တွဲဖော်ရှာဖို့ပြောပေမဲ့ လက်ကျန်သက်တမ်းကို သိနေတဲ့သူမကတော့ ဘယ်သူ့ကိုမှ ဘဝထဲမခေါ်ချင်တော့ပါဘူး။ ကျောင်းသားဟောင်းမိတ်ဆုံစားပွဲတစ်ခုကိုသွားတော့ ငယ်သူငယ်ချင်း ခဇုတိုနဲ့ပြန်ဆုံခဲ့ရပါတယ်။ ခဇုတိုကတော့ သူနဲ့ပြောင်းပြန်ပါပဲ။ သူ့မိဘတွေရဲ့ဖိအားပေးမှုနဲ့ အလုပ်အဆင်မပြေတာတွေကြောင့် သေကြောင်းကြံတဲ့အထိ ဖြစ်ခဲ့တဲ့သူပါ။ ဒီလိုနဲ့ အဖြစ်အပျက်တွေကြားမှာ မဆွတ်ရိနဲ့ ခဇုတိုတို့ ချစ်မိသွားကြတဲ့အခါ... ချစ်ခြင်းမေတ္တာဆိုတာ တစ်သက်လုံးအတူရှိရမှ ပန်းခင်းလမ်းကိုလျှောက်ရမှ ပြည့်စုံတာ မဟုတ်ဘူးဆိုတာ ဒီချစ်သူ၂ဦးက ပြောပြပါလိမ့်မယ်။ လက်တွဲဖော်ရဲ့စိတ်ခံစားချက်ကို ကိုယ်ပိုင်စိတ်ချမ်းသာမှုထက်ပိုပြီး ငဲ့ကွက်တာ၊ အရေးကြီးတဲ့အခါမှာ ချစ်သူကို ရှေ့တန်းတင် တွေးပေးတာတွေဟာလည်း နွေးထွေးမှုပါပဲ။ စကားဟောင်းလေးအတိုင်းပဲပေါ့။ လူဆိုတဲ့ သတ္တဝါဟာ အချစ်မရှိရင် တစ်ရည်လျော့တတ်တဲ့ အမျိုးမို့ လူဟာ အချစ်နဲ့ကင်းပြီးမနေနိုင်ကြဘူး။ မာယာတွေရစ်သိုင်းထားတဲ့ ဒီလောကဓံတရားအောက်မှာ ဘယ်လူသားကမှလည်း ဒဏ်ရာနဲ့ကင်းပြီးမနေနိုင်ကြဘူး။ အရှုံးတွေကပဲ ပိုချစ်တတ်အောင် သင်ပေးသွားရင်း ကံမဆုံပေမယ့် ချစ်ခြင်းတွေဟာ ဆက်လက်ရှင်သန်နေကြမှာပဲ။ ဒီရုပ်ရှင်ဟာ ဒီအချစ်တွေအကြောင်းပေါ့။ ~ Ref - မောင်သိန်းဇော်၊ သုခမိန်လှိုင်၊ တာရာမင်းဝေ ~ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.2GB, 661MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 2H 4Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Drama • Thriller
7.1 2022 124 mins
The Last 10 Years
Phone Bhoot
5.6

အခုတစ်ခါစပယ်ရှယ်တင်ဆက်ပေးမယ့်ကား​လေးကတော့ သရဲဟာသကားလေးပဲဖြစ်ပါတယ် ပြောစရာမလိုအောင် သိနေကြတဲ့ မင်းသမီးချောလေး ကက်ထရီနာ...Dhadak (2018) & Khaali Peeli (2020) ထဲက မင်းသား အီရှန်းခသရ်...ဒီပီကားနဲ့တွဲရိုက်ထားတဲ့ Gehraiyaan (2022) ထဲက မင်းသား ဆစ်ဒန့်သ်ချတူးဗေဒီးတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်နော် ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင် မေဂျာနဲ့ ဂူလူးတို့နှစ်ယောက်က ၁၀၉ - ၁၁၀ အလုပ်မရှိအကိုင်မရှိတဲ့လူငယ်နှစ်ယောက်.. ငယ်ငယ်ကတည်းက သည်းထိတ်ရင်ဖို သရဲဇာတ်လမ်းတွေကြည့်ပြီး မကောင်းဆိုးဝါးနှင်တဲ့သူဖြစ်ချင်နေကြတဲ့သူတွေပေါ့.. တစ်နေ့သူတို့နှစ်ယောက် တောင်ကုန်းတစ်ခုကိုတူးရင်း ရာကာဆိုတဲ့အရုပ်ကိုရသွားပြီး သူတို့အိမ်ငှားခတွေပေးနိုင်အောင် အဲ့ဒီအရုပ်ကြီးကိုဆုတောင်းကြတယ်. ဟော်လိုးဝင်းပါတီလုပ်ကြတဲ့အခါ အရုပ်ကြီးရဲ့မျက်လုံးကိုထိခိုက်မိပြီး မီးတွေနဲ့ပြန်ပြင်ဖို့လုပ်ကြရင်း ဓာတ်လိုက်ခံရပြီးသတိမေ့သွားကြပါတော့တယ် အဲ့ဒီမှာ သရဲမလေး ရာဂီနီနဲ့တွေ့ကာ ရာဂီနီက အပေးအယူတစ်ခုလုပ်ပြီး မေဂျာနဲ့ဂူလူတို့နှစ်ယောက်ကို သူတို့ဖြစ်ချင်တဲ့ မကောင်းဆိုးဝါးနှိမ်နင်းသူဖြစ်အောင် သူကူညီနိုင်ကြောင်း ပြောလာပါတယ်... ဒါပေမယ့် မေဂျာနဲ့ဂူလူက အဲ့ဒီအကြံကိုအသုံးချပြီး ဖုန်းသရဲဆိုတဲ့ Appတစ်ခုကိုတီထွင်ပြီး လူတွေကိုမကောင်းဆိုးဝါးပူးရင် ဖုန်းခေါ်ဆိုအကူအညီတောင်းလို့ရအောင်လုပ်ပါတော့တယ်.. အဲ့ဒီ ဖုန်းသရဲAppကြောင့်သူတို့ဘာတွေဆက်ဖြစ်မလဲ သူငယ်ချင်းနှစ်ယောက် ဘယ်လိုတွေတလွဲတချော်လုပ်ကြမလဲဆိုတာ ဟာသလေးနှောပြီးကြည့်ကြရမှာမို့ လက်မလွှတ်သင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်.... File size…2.21GB  / 1.01GB Quality…1080p HD RIP / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Hay Man ~ Thet Ko ~ Yunni ~ Cherry ~ BpL

Crime • Thriller
5.6 2022 137 mins
Phone Bhoot
My Worst Neighbor
5

My Worst Neighbour (2023) ဒီတစ်ခါမှာ ချိုချိုချဉ်ချဉ်လေးခံစားရစေမယ့် Romance ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးပါမယ် ဇာတ်လမ်းအကျဉ်းကတော့ အဆိုတော်အဖြစ် လူရွေးပွဲဝင်ချင်တဲ့ အီဆွန်းဂျင်းဟာ လွတ်လွတ်လပ်လပ်နဲ့ လေ့ကျင့်ချင်တဲ့အတွက် အိမ်ငှားရပါတယ်... အိမ်ရှာတဲ့နေရာမှာလည်း ပေါချောင်ကောင်းလိုချင်တဲ့ သူ့အဖြစ်က ငိုရခက်ရယ်ရခက်ပါပဲ ဘာလို့လဲဆိုတော့ ငှားလိုက်တဲ့အိမ်က ဟိုဘက်တိုက်နဲ့ ဖုန်းဆက်စရာတောင်မလိုဘဲ စကားပြောလို့တောင်ရတဲ့အထိ အသံက ထိုးချင်းပေါက် ကြားနေရတာပါ အဲတော့ အဆိုလေ့ကျင့်ချင်တဲ့သူနဲ့ ဟိုဘက်အိမ်က ကောင်မလေးတို့ရဲ့ ရန်ပွဲစပါတော့တယ်.. အဲလိုရန်ဖြစ်ရင်းနဲ့ပဲ သံယောဇဉ်တွေဖြစ်လာပြီး နောက်ပိုင်း မျက်နှာတောင်မမြင်ဖူးသေးဘဲ တွဲတဲ့အဆင့်ထိရောက်လာပါလေရော မျက်နှာတောင်မမြင်ဖူးဘဲ သံယောဇဉ်တွေဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ရှေ့ဆက်လို့အဆင်ပြေပါ့မလား.. ဖြစ်လာတဲ့ပြဿနာတွေကို ရင်ဆိုင်နိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်

Crime • Thriller
5 2023 112 mins
My Worst Neighbor
The Twilight Saga: Breaking Dawn - Part 2
6.5

စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်... Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ဆိုပြီး စုစုပေါင်း ၅ ကားထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။ သွေးစုတ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ လူသား စတဲ့ မတူညီတဲ့ လောကတွေအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုမန့်တစ်ဆန်ဆန်တင်ဆက်ထားပြီး သရုပ်ဆောင်တွေရော ဇာတ်လမ်းရော ဒိုင်ယာလော့ခ်တွေရော ထိမိလှတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ File size…(1.5 GB) Quality….BluRay 1080p HEVC Format…mkv Duration….01:55:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Action • Adventure • Comedy
6.5 2012 115 mins
The Twilight Saga: Breaking Dawn - Part 2
Kunlun Kingdom
5.9

စူးစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ တောင်ပေါ်မှာရှာဖွေလေ့လာရင်း မိစ္ဆာနဂါးကျောက်ဖြစ်ရုပ်ကြွင်းအသက်ဝင်လာတာနဲ့ကြုံခဲ့ရပြီး လေ့လာရေးတစ်ဖွဲ့လုံးဒုက္ခရောက်ခဲ့ကြပါတယ် အဖွဲ့ထဲမှာ လီရှန်းရဲ့မိဘနှစ်ပါးလုံးပါဝင်ခဲ့တာဖြစ်ပြီး နှစ်အတော်ကြာအောင်ထိ လီရှန်းဟာ မိဘတွေရဲ့ဘာသတင်းအစနမှပြန်မကြားခဲ့ရပါဘူး တခြားအဖွဲ့ဝင်များရဲ့ မိသားစုတွေကလည်း လီရှန်းရဲ့မိဘနှစ်ပါးကို လူသတ်တရားခံဆိုပြီးစွပ်စွဲခဲ့ကြပါတယ် မတရားစွပ်စွဲခံရတာကို သက်သေပြနိုင်ဖို့ လီရှန်းတစ်ယောက် ဘယ်လိုစူးစမ်းရှာဖွေမှုတွေလုပ်ရင်း ဘာတွေသိလာရမလဲ ငယ်ငယ်ကတည်းက‌အတူတူကြီးပြင်းခဲ့တဲ့ လုယောင်နဲ့ လောင်ယွီကရော သူငယ်ချင်းအတွက်ဘယ်လို အသက်စွန့်ပြီးကာကွယ်ကြမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

Action • Drama • Thriller • Crime
5.9 2023
Kunlun Kingdom
Madhi
9.3

Madhi(2022) IMDb-9.3/10 မာဒူးနဲ့အာဘီတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်။ ငယ်ငယ်တည်းက အိမ်ချင်းကပ်လျက်နေလာတဲ့ မာဒူးဆိုတဲ့ကောင်မလေးကို တလျောက်လုံးစိတ်မဝင်စားခဲ့ပေမယ့် တစ်နေ့လမ်းမှာ စကူတာအဝါလေးစီးပြီးဖြတ်သွားတာကို မြင်လိုက်တဲ့အခိုက်မှာတော့ အာဘီတစ်ယောက် တဖြုတ်ဖြုတ်ကြွေခဲ့မိတယ်။ လျောက်ပြန်သံပေးအဆင့်ကနေ တဖြည်းဖြည်းအဆင့်တွေတိုးလာတော့ ချစ်သူတွေဘ၀ကိုရောက်သွားခဲ့ပေါ့။ အချစ်စစ်တို့မည်သည် ဖြောင့်တန်းရိုးမရှိဆိုတဲ့စကားလို သိပ်ချစ်ကြတဲ့သူတို့နှစ်ဦးအတွက် မျိုးရိုးဇာတ်မတူတာကြောင့် အခက်အခဲတွေနဲ့ကြုံလာပါရော။ချစ်ရတဲ့အာဘီရဲ့အသက်အန္တရာယ်အတွက် ချစ်သူကိုစွန့်လွှတ်ဖို့ မိဘပေးစားတဲ့သူနဲ့ယူဖို့ မာဒူးတစ်ယောက် ဆုံးဖြတ်လိုက်ပေမယ့် နှစ်ဦးသား အရင်အတိုင်း ဆက်ချစ်နေဖို့ဆုံးဖြတ်လိုက်တဲ့အခါ။ နောက်ဆုံးမှာ သူတို့နှစ်ဦး ပျော်ရွှင်စွာပေါင်းဖက်သွားနိုင်မလားဆိုတာကတော့။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ BpL~Cherry~Yunni~Zwe~Vတို့ပဲဖြစ်ပါတယ်)

Romance • Comedy • Drama
9.3 2023
Madhi
Dragon Gate Posthouse 3: Red Turban
5.9

CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Dragon Gate 3 ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ် ဒီမှာရှာပါ ယွဲ့ယာရှေးဟောင်းမြို့မှာ လူတွေအပိုင်းပိုင်းသေဆုံးကုန်ကြပြီးတချို့လူတွေ အလောင်းပျောက်ဆုံးနေတဲ့ ထူးဆန်းအမှုတစ်ခုဖြစ်ပွားတာကနေအစချီထားပါတယ်။ လုံမိန်ရပ်နားစခန်းကလူတွေထင်တာကတော့ ဟုန်ထုံကျင်းဓါးပြကရက်ရက်စက်စက် သတ်ဖြတ်သွားတာလို့ထင်ပြီး ညတိုင်းကင်းစောင့်ကာ ရွာသားတွေကို ကာကွယ်တဲ့ကြားက ရွာသားတွေကိုသတ်ဖြတ်သွားတာခံလိုက်ရတယ်။တနေ့မှာတော့ အရှေ့မြောက်ပိုင်း ဆေးဝါးကုန်သည်အဖွဲ့ကရောက်လာပြီး ကူညီကင်းစောင့်ပေးရာကနေ ဒီအဖြေရှာမရတဲ့အမှု အဖြေပေါ်လာပါတော့တယ်။ ကဲဒီတော့ဒီထူးထူးဆန်းဆန်း လူတွေအသတ်ခံလိုက်ရတာ ဘာကြောင့်များလဲ။ သူတို့ထင်နေကြတဲ့ဓါးပြကကော တကယ်ပဲ အဲ့လောက်ရက်စက်ကြမ်းကြုတ်တာဖြစ်နိုင်ပါ့မလား။ ဒီအမှုနောက်ကွယ်မှာ ဘာတွေရှိနေမလဲ စတဲ့မေးခွန်းထုတ်စရာတွေကိုဒီဇာတ်လမ်းလေးကြည့်ရင်းနဲ့ အတူတူအဖြေရှာကြည့်ရအောင် ~

Drama • History
5.9 2018
Dragon Gate Posthouse 3: Red Turban
Allure
5.1

Allure (2017) ========== လော်ရာက သူ့အဖေရဲ့သန့်ရှင်းရေးကုမ္ပဏီမှာ အလုပ်လုပ်နေပေမဲ့ သူ့ဘဝကတော့ အစွန်းမရှိ သန့်ရှင်းမနေပါဘူး။ တစ်နေ့မှာ လော်ရာ သန့်ရှင်းရေးလုပ်ပေးရတဲ့အိမ်က စည်းကမ်းတင်းကြပ်မှုကြောင့် သူ့အိမ်ကိုမုန်းနေတဲ့ ဆယ်ကျော်သက်ကောင်မလေး အယ်ဗာနဲ့တွေ့ ခဲ့တယ်။ လော်ရာက အယ်ဗာရဲ့ ဖြူဝင်ရိုးသားမှုကို တွေ့ခဲ့သလို အယ်ဗာကလည်း လော်ရာရဲ့ ပုန်ကန်တတ်တဲ့ရင်ဖိုစရာစရိုက်ကိုမြင်ပြီး အချင်းချင်း စိတ်ဝင်စားခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီသဘောကျမှုတွေက စွဲလမ်းမှုတွေအဖြစ်ပြောင်းသွားပြီး ဘယ်လိုပြဿနာတွေ ကြုံလာရ မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.4 GB) / (452 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance, Thriller Translator…….Thwal Htoo Zin Encoder……….SWM

Drama
5.1 2017
Allure
Project Makeover
5.9

Project Makeover (2007) ဒီဇာတ်ကားလေးဟာ ၂၀၀၇ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီးဒါရိုက်တာ-ကင်ချန်လေးရဲ့ ကိုရီးယားအချိန်ခရီးသွားဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်အချစ်မှာ နစ်မျောမိသူ နာဂျောင်ဂျူဟာ အသက် ၃၀ အရွယ်ကိုရောက်လာတဲ့အချိန်မှာ အဝတ်အစားဒီဇိုင်းနာလက်ထောက်အဖြစ်နဲ့ ဘဝကို ခက်ခဲစွာရုန်းကန်နေရသူဖြစ်ပါတယ်။ သူ့ကိုတစ်ကြိမ်သာ ဒိတ်ခဲ့ပြီး စွန့်ပစ်သွားတဲ့ အချစ်ဦး ဂျိုဟာနီ(နာမည်ကြီးအဆိုတော်)နဲ့ ဂျောင်ဂျူကို တစ်ဖက်သတ် ချစ်ခဲ့သူ အိုတေးဟွန်း(HiTECHကုမ္ပဏီရဲ့CEOသန်းကြွယ်သူဌေး)တို့နဲ့ တစ်နေ့မှာ မတော်တဆပြန်ဆုံမိခဲ့ကြပါတယ်။ ‌ ဂျောင်ဂျူဟာ သူ့လက်ရှိဘဝအပေါ် စိတ်ပျက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ အချစ်ဦးဂျိုဟာနီကြောင့် သူ့ဘဝဒီလိုမျိုး ခက်ခဲစွာရုန်းကန်နေတာလို့ သတ်မှတ်ထားသူလည်းဖြစ်ပါတယ်။ သူ့ဘဝကို ပြန်လည်ပြင်ဆင်ချင်တဲ့စိတ်တွေနဲ့ မိခင်ရဲ့အောက်မေ့ဖွယ်နေ့မှာ အရက်သောက်ပြီး အိပ်ပျော်သွားခဲ့မိပါတယ်။ နိုးလာတဲ့အချိန် ကွန်ပြူတာကို ဖွင့်လိုက်တဲ့အခါမှာ ကွန်ပြူတာဖန်သားပြင်မှာ အတိတ်ကို ပြန်သွားနိုင်တဲ့ ထူးဆန်းတဲ့ ခလုတ်ရှိတာကိုတွေ့ပြီး အချိန်ခရီးသွားလို့ရတာကို သိသွားပါတော့တယ်။ ဒါကြောင့် အတိတ်ကအချိန်ကို ပြန်သွားပြီး သူ့ဘဝကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ဂျောင်ဂျူ ကြိုးစားပါတော့တယ်။ အသက် ၃၀ အရွယ် ဂျောင်ဂျူဟာ အသက် ၁၈နှစ်အရွယ် ဂျောင်ဂျူကို သူ့အချစ်ဦး ဂျိုဟာနီနဲ့ မတွဲမိစေဖို့ တကယ်ပဲ တားမြစ်နိုင်မှာလား…. ဒါမှမဟုတ် သူ့ကိုတစ်ဖက်သက်ချစ်နေသူ အိုတေးဟွန်းနဲ့ လက်တွဲသွားအောင် လုပ်ပေးနိုင်မလား… အတိတ်မှာသူဖြစ်ချင်တဲ့ ဘဝပုံစံမျိုးကို ပြင်ဆင်နိုင်ပြီး လက်ရှိဘဝမှာ သူ့ဘဝကို တိုးတက်အောင်မြင်အောင်နိုင်မလားဆိုတာ… အညွှန်း နဲ့ ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 720p WEB-DL File size… 1.1GB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

5.9 2007
Project Makeover
Help! I’m a Fish
6

လူကြီးတွေမရှိတုန်း ဖလိုင်းတို့မောင်နှမတစ်‌တွေ အိမ်ကခိုးထွက်ပြီး ငါးသွားမျှားကြရင်းနဲ့ ပရော်ဖက်ဆာကြီးရဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းထဲကိုရောက်သွားခဲ့ကြပါတယ် အငယ်ဆုံးညီမလေး စတယ်လာက ပရော်ဖက်ဆာကြီးရဲ့ ငါးဖြစ်ဆေးရည်ကို မထင်မှတ်ပဲ သောက်မိပြီးကြယ်ငါးလေး ဖြစ်သွားပါတယ် အဲဒီနောက်မောင်နှမတွေတစ်တွေ ပင်လယ်ထဲမှာဘယ်လိုစွန့်စားခန်းတွေဖွင့်ပြီး လူပြန်ဖြစ်အောင် ကြိုးစားကြရသလဲဆိုတာကို ပင်လယ်ရေအောက်ရှုခင်းတွေနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ၂၀၀၀ခုနှစ်ကထွက်တဲ့ animationကားလေးဖြစ်ပါတယ် ဟယ်ရီပေါ်တာကားထဲက ပရော်ဖက်ဆာစနိတ်ကြီးကလည်း ဗီလိန်နေရာကနေအသံသရုပ်ဆောင်ထားပါသေးတယ် သီချင်းမြူးမြူးလေးတွေနဲ့ healဖြစ်စေတဲ့ဇာတ်ကားကောင်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ File size… 1.5 GB / 712 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Animation, Comedy, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Na Ei

6 2000 80 mins
Help! I’m a Fish
Woochi: The Demon Slayer
6.8

Woochi: The Demon Slayer (2009) ******************************* စိတ်ပြေလက်ပျောက် ရယ်မောချင်တဲ့ ပရိသတ်ကြီးတို့အတွက် 2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျိုဆွန်းခေတ်က မှော်ဆရာဂျောင်ဝူချီအကြောင်းကို ရိုက်ကူးထားတဲ့ ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ Cast တွေအနေနဲ့ကတော့ A-List Actor တစ်ယောက်ဖြစ်တဲ့ မင်းသား Gang Dong-Won ၊ မင်းသမီး Lim Soo-Jung၊ မင်းသားကြီး Kim Yun-Seok ၊ Kim Yun-Seok တို့အပြင် ပရိသတ်ကြီးတို့ မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပါ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ************* ကောင်းကင်ဘုံမှာ စွမ်းအားကြီးနတ်ဘုရားရဲ့ပလွေဟာ ကျိုးသွားပြီး မှင်စာတွေရဲ့လက်ထဲ ရောက်သွားပြီးနောက် လူ့လောကကြီးထဲ အရှုပ်အထွေးတွေ ဖြစ်လာပါတော့တယ်။ ဒါကြောင့်ပဲ နတ်ဘုရားသုံးပါးဟာ လူ့ပြည်ဆင်းလာပြီး အရှေ့ဘက်ကျောင်းတော်ကဆရာကြီးနဲ့ ဆရာဟွာဒမ်းဆိုတဲ့ အကူအညီပေးနိုင်မဲ့နှစ်ယောက်ကို ကျိုးသွားတဲ့ ပလွေ ပြန်ရှာပြီး မှင်စာတွေကိုဖမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီအချိန်မှာပဲ အရှေ့ဘက်ကျောင်းတော်က ဆရာကြီးရဲ့ တပည့်ဖြစ်တဲ့ ဂျောင်ဝူချီဆိုသူဟာ စည်းမျဥ်းစည်းကမ်းမလိုက်နာဘဲ လုပ်ချင်းတိုင်းလုပ်တတ်ပေမဲ့ ခက်ခဲနေတတ်တဲ့လူတွေကို ကူညီရင်းနဲ့ အတော်ဆုံးမှော်ဆရာတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေသူပါ။ ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ ဂျောင်ဝူချီက ဆရာဖြစ်သူကို သတ်တယ်လို့ နတ်ဘုရားသုံးပါးက အထင်လွဲသွားခဲ့ပြီးနောက် ဂျောင်ဝူချီနဲ့ သူ့ရဲ့ခွေး ချိုရန်းအီတို့ကို ပန်းချီကားထဲမှာ ချုပ်နှောင်ထားလိုက်ပါတော့တယ်။ နှစ်ပေါင်း ၅၀၀ ကြာပြီးနောက် .. မှင်စာတွေပြန်လည်သောင်းကျန်းနေတဲ့ မျက်မှောက်ခေတ်မှာ ဂျိုဆွန်းခေတ်က မှော်ဆရာဖြစ်တဲ့ ဂျောင်ဝူချီနဲ့ သူ့ရဲ့ခွေး ချိုရန်းအီတို့ဟာ ပန်းချီကားထဲကနေ ပြန်လွတ်လာတဲ့အခါမှာတော့…. ဇာတ်အိမ်ဆန်းဆန်းလေးကိုမှ ရယ်မောရင်းကြည့်ရှုရမဲ့ ဒီဇာတ်ကားလေးကိုတော့ CM ကနေ ကွာလတီအမိုက်စားနဲ့ ပြန်လည်တင်ဆက်ပေးထားပြီဖြစ်လို့ ကြည့်ရှုခံစားလိုက်ပါဦးနော်… (အညွှန်းကို Su Sandi မှ ရေးသားထားပါတယ်) File size…1.73GB / 838MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Action, Adventure, Comedy, Fantasy Subtitle….Myanmar Subtitle (Hard Sub) Translated by Su Sandi Encoded by AHtet

Romance • Science Fiction • Thriller
6.8 2009 136 mins
Woochi: The Demon Slayer
Innocent Witness
7.5

Innocent Witness (2019) ************************ IMDB rating 7.5 ရရှိထားပြီး ဆုတွေလည်း တသီကြီး ပိုင်ဆိုင်ထားတဲ့ ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. Tell me that you love me ဒရာမာထဲမှ ခန့်ချောမင်းသားကြီး Jung Woo-sung နဲ့ .. အသက်ငယ်ပေမဲ့လည်း သရုပ်ဆောင်တော်လွန်းလှပြီး ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အနေနဲ့ လူကြိုက်များခဲ့တဲ့ မင်းသမီးလေး Kim Hyang-gi တို့နှစ်ယောက်ဟာ Main Cast တွေ အနေနဲ့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ************* Yang Soon-Ho ဟာ အကြွေးတွေ ဝိုင်းနေတဲ့ ဆင်းရဲတဲ့ ရှေ့နေတစ်ယောက်ပါ။ တစ်ရက်မှာတော့ လူသတ်မှုတစ်ခုရဲ့ တရားပြိုင်ရှေ့နေအဖြစ် တာဝန်ယူဖြေရှင်းရဖို့ ဖြစ်လာပြီး ထိုအမှုရဲ့ တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်တဲ့ Autism ကျောင်းသူလေး Im Ji-Woo နဲ့ တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်။ ပုံမှန်လူတွေနဲ့မတူ ထူးခြားတဲ့ မျက်မြင်သက်သေ Autism ကျောင်းသူနဲ့ .. ရှေ့ရေးအဆင်ပြေဖို့ အရေးသာ ဦးစားပေးနေရတဲ့ ရှေ့နေတို့ တွေ့ဆုံလာကြရတဲ့အခါ… ရှေ့နေ Yang Soon-Ho ဟာ မျက်မြင်သက်သေဖြစ်သူ Im Ji-Woo ကို သူလိုချင်တဲ့ ထွက်ဆိုချက်ရဖို့ရာ ဘယ်လိုတွေ ချဉ်းကပ်သွားမလဲ… နောက်ဆုံးမှာရော ဘယ်လိုအမှန်တရားက စောင့်မျှော်နေမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…2.04GB / 901MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 9 min. Genre ….. Thriller, Mystery, Law, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

7.5 2019 129 mins
Innocent Witness