YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Hridayapoorvam (2025) Malayalam 1080p HEVC WEB-DL 5.1 [RMC].mp4

3.15 GB N/A video/mp4 14 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Som Pla Noi
4

** အရင်တစ်ခါ တင်ထားတုန်းက ဘာသာပြန်လိုအပ်ချက်လေးတွေ ရှိနေလို့ ပြန်လည်ပြင်ဆင်ပြီး တစ်ဖန် တင်ဆက်ပေးခြင်းဖြစ်ပါတယ် ခင်ဗျာ ** အခုတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ 2021 တုန်းက ထွက်ရှိခဲ့တဲ့ " Som Pla Noi " ဆိုတဲ့ အချစ် ဟာသ ရုပ်ရှင် ဇာတ်ကားကောင်းလေး တစ်ကားဘဲ ဖြစ်ပါတယ်။ Main Cast တွေ အနေနဲ့ကတော့ ဆုမ် အဖြစ် Oom Eisaya Hosuwon, နွိုင် အဖြစ် Tono Phakin Khamwilaisak, ပလား အဖြစ် Toey Apiwat Boonanak တို့က ပါဝင် သရုပ်ဆောင်ထားကြတာဖြစ်ပြီး ဝါရင့်သရုပ်ဆောင်များစွာလည်း အားဖြည့်ပါဝင်ထားကြပါတယ်။ ဇာတ်လမ်း အကျဥ်းလေးကတော့... ဒီကားကတော့ နောက်ထပ်ထိုင်းဟာသကားဇာတ်လမ်းလေးတစ်ခုပါပဲ။ ဇာတ်လမ်းနာမည်အတိုင်း စုမ် .. ပလား နဲ့ နွိုင် ဆိုတဲ့ လူသုံးယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ဟာသရောပြီး တင်ဆက်ပေးထားတာပါ။ စုမ်ဆိုတဲ့ကောင်မလေးက သူ့ကိုမြင်မြင်ချင်းစွဲလမ်းသွားတဲ့ ပလား ဆိုတဲ့ မြို့သားလေးကို ရွေးရမလား၊ အရင်ကတည်းက သူ့ကိုချစ်နေတဲ့ နွိုင်ဆိုတဲ့ ရွာမွေးခြံပေါက် သူငယ်ချင်းကိုပဲရွေးရမလားဆိုပြီး Lဆိုင်းဇီဆန်နေတဲ့ ကားလေးပါရှင့်။ ဒီကြားထဲမှာ ထိုင်းဟာသကားတွေထဲ မပါမဖြစ် ဆရာတော်ချိုင် ဆိုတာလည်းပါပါသေးတယ်။ ဆရာတော်ချိုင်နဲ့ သူ့ကပ္ပိယ ၂ ယောက်ကြားက အလွဲတွေကိုလည်း ဟာသလေးတွေအနေနဲ့ တဖြတ်ခွီရဦးမှာမလို့ ပိန္နဲသီးသရဲကားလိုပုံစံကို သဘောကျသူတွေကလည်း နှစ်သက်ကြမှာပါ။ ဇာတ်လမ်းဇာတ်ကွက်တိုင်းမှာလည်း သီချင်းလေးတွေနဲ့ ပုံဖော်ထားတာမလို့ အခွီသီချင်းရော အဆွေးသီချင်းရော ပေါက်ကရတွေစုံနေတဲ့ ဟာသကားလေးပါလို့ ညွှန်းလိုက်ချင်ပါတယ်။ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပေါ်အခြေခံထားပြီး Romance, Comedy အမျိုးအစားလေးဖြစ်တဲ့ ဒီ "Som Pla Noi" ဆိုတဲ့ ထိုင်းဇာတ်ကားလေးမှာ ဆက်ပြီး ကြည့်ရှုလိုက်ကြရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chothet_mlmt ပါ။) File Size : 2.4GB, 926MB, 457MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 38mins Genre : Comedy, Romance Translated by Chothet_mlmt Encoded by Kinnov

4 2021 100 mins
Som Pla Noi
Pacifiction
6.5

ဒီနေ့မှာတော့ လူ့သဘာဝကို ထိထိမိမိနဲ့သရုပ်ဖော်နိုင်လွန်းလို့ ပရိသတ်တွေရဲ့ချီးကျူးမှုတွေကို သိမ်းပိုက်ထားတဲ့ Albert Serraရဲ့ နာမည်ကျော်လက်ရာတစ်ခုဖြစ်တဲ့ Pacifiction 2022ဆိုတဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးမှာပါ။ Albert Serraရဲ့လက်ရာပီပီ ဒီကားလေးကရော ဒီတစ်ခါမှာ ဘယ်လိုတွေးစရာတွေပေးသွားမလဲဆိုတာ အားလုံးတူတူကြည့်လိုက်ရအောင်ပါ။ ပြင်သစ် ပေါ်လီနီးစီးယားရဲ့ ကျွန်းလေးတစ်ကျွန်းပေါ်ကအုပ်ချုပ်ရေးမှူး အစိုးရအရာရှိလေး ဒီရိုလာတစ်ယောက်ဟာ လူတော်တွေကို မြေတောင်မြှောက်ပေးပြီး လိုအပ်နေသူတိုင်းကို ကူညီတတ်တဲ့လူတစ်ယောက်ပါ။ ဆိတ်ငြိမ်လှတဲ့ ကျွန်း‌မြို့လေးတစ်မြို့အတွက် ကြီးကျယ်တဲ့ပြဿနာရယ်လို့ ရှိလာမှာမဟုတ်ဘူးလို့ပဲ အားလုံးကထင်မှတ်ထားကြတာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ကျွန်း‌မှာ nuclearစမ်းသပ်မှုလုပ်မယ်ဆိုပြီး ခပ်သဲ့သဲ့ထွက်လာတဲ့သတင်းနဲ့အတူ မြို့နားမှာ ရုတ်တရက်ပေါ်လာတဲ့ ရေတပ်သားတွေ၊ စစ်တပ်ရဲ့လှုပ်ရှားမှုတွေကြောင့် ဒီရိုလာတစ်ယောက် ခေါင်းခဲရဖို့ဖြစ်လာတဲ့အခါ... တစ်ဖက်က အစိုးရပိုင်းကရာထူးအကြီးဆုံးတွေနဲ့ တခြားတစ်ဖက်က ဩဇာအာဏာဆိုလို့ စိုးစဉ်မျှမရှိကြရှာတဲ့ ကျွန်းနေပြည်သူ၊ ထိပ်ဆုံးနဲ့အောက်ဆုံးကြားက နိုင်ငံရေးအင်အားပြိုင်ပွဲမှာ လက်ဝင်ရှိုမိတဲ့ ဒီရိုလာတစ်ယောက် တစ်ချက်အမှားမခံတဲ့ဆုံးဖြတ်ချက်တွေချရဖို့ ဖြစ်လာတဲ့အခါ ဘယ်လိုဆက်လုပ်မှာလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ နိုင်ငံရေးဆိုတဲ့မျက်နှာဖုံးအောက်က အာဏာရှင်လက်မည်းကြီးတွေရဲ့ပြိုင်ဆိုင်မှုနဲ့အတူ၊ အကျိုးအမြတ်နဲ့ပတ်သက်လာတဲ့အခါမှာတော့ သေမင်းနဲ့ပဲ အပြိုင်စစ်ခင်းရပါစေ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ လောဘသားတွေရဲ့စရိုက်နဲ့ လူ့သဘောသဘာဝကို ပေါ်လွင်အောင်ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရှုသူတိုင်း philosophical thinkingတစ်ခုစီတော့ ရသွားစေမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Jane ပါ။) File Size          : 3.2GB, 1GB, 493MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 45mins Genre              : Drama Translated by Jane Encoded by Kinnov

Action • War
6.5 2022 165 mins
Pacifiction
Take Care of My Mom
6

"မိသားစုလိုမျိုး သူစိမ်း ၊ သူစိမ်းလိုဖြစ်နေတဲ့ မိသားစု"ဆိုတာမျိုး မြင်ဖူကြားဖူးကြုံဖူးပါသလား? အသက် ၈၅ နှစ်အရွယ် အဘွားအိုတစ်ဦးရဲ့ ရွေးချယ်မှုက ဘာများဖြစ်မလဲ ။ အဘွားဂျောင်မာအင်ကတော့ ဒယ်ဂူမှာနေထိုင်တဲ့ အသက် ၈၅ နှစ်အရွယ် အဘွားတစ်ဦးပါ။ အကြာကြီးနေမှ ဒယ်ဂူကို ပြန်လာမယ်ဆိုတဲ့ သားဖြစ်သူရဲ့စကားကြောင့် ဟိုဟိုဒီဒီပြင်ဆင်နေရင်းကနေ မတော်တဆ လက်ကျိုးသွားခဲ့တဲ့အခါ ကိုယ့်ကြောင့် သားဖြစ်သူကို ဒုက္ခမဖြစ်စေချင်တဲ့ မိခင်တစ်ယောက်ရဲ့ ခံစားချက်တွေကို မြင်တွေ့ရမှာပါ ။ သားဖြစ်သူရဲ့တာဝန်ဝတ္တရားတို့အတိုင်း မိခင်ဖြစ်သူအတွက် အစစအရာအရာ အဆင်ပြေအောင် လုပ်ပေးဖို့ကြိုးစားပေမယ့်လည်း အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့ မိခင်ဖြစ်သူရဲ့ စိတ်ကို သားဖြစ်သူကရော ဘယ်လိုနားလည်အောင် ကြိုးစားမလဲ? သူကြိုးစားခဲ့သမျှကရော မိခင်ဖြစ်သူအတွက် အကောင်းဆုံးတွေကိုပဲ ဖြစ်စေမှာလား ဒါမှမဟုတ် အဆင်မပြေမှုတွေပဲ ဖြစ်လာမှာလား? မိဘဘက်က ခံစားရတဲ့စိတ်ခံစားချက်တွေနဲ့ သားသမီးဘက်ကမြင်တဲ့ အမြင်တွေကို နှစ်ဖက်မျှပြီး ရိုက်ကူးပုံဖော်ထားတာမို့ မိသားစုရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် တကယ်ကို ကြည့်လို့ကောင်းစေမယ့် ဇာတ်ကားတစ်ကားဖြစ်မယ့်အပြင် လက်တွေ့ဘဝက သက်ကြီးရွယ်အိုမိဘတွေရဲ့ ခံစားချက်တွေ ၊ မိဘတွေအတွက် တတ်နိုင်သလောက်လုပ်ပေးချင်မိတဲ့ သားသမီးတို့ရဲ့ စိတ်ခံစားချက်တွေအပြင် သူစိမ်းတစ်ယောက်ကလည်း ကိုယ့်မိသားစုဝင်လိုဖြစ်လာနိုင်တယ်ဆိုတဲ့ အကြောင်းအရာတစ်ခုကိုပါ ခံစားနိုင်မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality….WEB-DL 1080p and 720p File size…1.6GB and 807MB and 293MB Format…mp4 Duration….1h 50min Subtitle….Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Documentary • Music
6 2022
Take Care of My Mom
Side Job
6.1

Kanojo no Jinsei wa Machigai ja Nai" ဝတ္ထုစာအုပ်ကို အခြေခံရိုက်ကူးထားပြီး ဝတ္ထုရေးဆရာပဲ ပြန်လည်ရိုက်ကူးထားတာပါ ဆူနာမီကြောင့် အမေဆုံးရှုံးသွားပြီးနောက်ပိုင်း မီယူကီဆိုတဲ့ ကောင်မလေးက ဖူကူရှီမာမြို့မှာ သူ့အဖေနဲ့အတူ နေထိုင်ပါတယ် အရင်တုန်းက လယ်သမားဖြစ်တဲ့ အဖေက နေ့တိုင်းအရက်သောက်ပြီး ငလျင်ဒဏ်ကြောင့် ပြန်လည်ရရှိခဲ့တဲ့ ထောက်ပံ့ငွေတွေကို ဂိမ်းကစားပစ်ပါတယ်... မီယူကီတစ်ယောက် အိမ်စရိတ်ကာမိဖို့အတွက် တိုကျိုမြို့မှာ ပြည့်တန်ဆာအဖြစ် ရုန်းကန်ရင်း ဘဝကို ရှေ့ဆက်ရပါတယ်... မီယူကီတစ်ယောက် ဘဝကို ရှေ့ဆက်ဘယ်လိုဖြတ်သန်းမလဲ ဆက်လက်ကြည့်ရှုကြပါအုန်း ။ File Size__(2.1GB) / (1GB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__02:00:00 Type__Adult, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Parris99

Comedy • Romance
6.1 2017 120 mins
Side Job
Wolfwalkers
8.3

IMDb..8.3 Wolfwalkers ဇာတ်ကားလေးက စိတ်ကူးယဉ် စွန့်စားခန်း animation ရုပ်ရှင်လေးပဲ ဖြစ်ပါတယ် လူသားနဲ့ ဝံပုလွေကြားမှာတဲ့ တင်းမာတဲ့ ဆက်ဆံရေးတွေ ၊ မိန်းကလေးငယ်ငယ်လေး နှစ်ယောက်ရဲ့ ခိုင်မာတဲ့ သံယောဇဉ် အကြောင်းလေး နဲ့ မိဘနဲ့ သားသမီး ကြားမှာရှိတဲ့ ချစ်ခြင်း မေတ္တာတို့ကို တစ်ခန်းနဲ့ တစ်ခန်း မရိုးသွားအောင် ရိုက်ပြထားတဲ့ Drama ဆန်ဆန်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အေဒီ နှောင်းပိုင်းကာလမှာ လူသားတွေက ဝံပုလွေကို အရမ်း မုန်းတီးနေကြပါတယ်။ မိန်းကလေးဆိုရင် အိမ်မှူ ကိစ္စပဲ လုပ်ရမယ်ဆိုတဲ့ ခေတ်ကြီးမှာ ရောဘင်လို့ ခေါ်တဲ့ ကလေးမလေးက သူ့အဖေနဲ့ အတူ ဝံပုလွေေတွေကို လိုက်သတ်ချင်တယ်။ အဲ့ဒါနဲ့ တစ်နေ့မှာ အဖေ့နောက် ခိုးလိုက်ရင်း တောထဲမှာ သူနဲ့အသက်သိပ်မကွာတဲ့ မေ့ဆိုတဲ့ ဝံပုလွေစောင့်ရှောက်သူနဲ့ ခင်သွားတယ်။ တစ်တိုင်းပြည်လုံးက ဝံပုလွေတွေကို မုန်းတီးနေတာကြောင့် အန္တရာယ်ကင်းအောင် ထွက်သွားဖို့မေ့ကပြောပါတယ်... အဲ့ဒီနောက် ရောဘင် လေးဟာ မမျှော်လင့်ဘဲသိလိုက်ရတာက မေ့ရဲ့အမေဟာ ပြန်မလာတော့ဘဲ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားပါတယ်... မနေနိုင်လွန်းတဲ့ ရောဘင်ဟာ မေ့ရဲ့ အမေကို ပြန်ရှာပေးဖို့ ကတိပေးလိုက်တယ်။  အဲ့ဒီနောက်တော့ ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့.....ဇာတ်လမ်းကောင်းကောင်းနဲ့ စွန့်စားခန်း  Animation ကားတွေကိုမှသဘောကျတဲ့သူတွေအတွက် လက်မလွှတ်သင့်ပါကြောင်း... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre :  Animation, Adventure, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae

Romance
8.3 2020 103 mins
Wolfwalkers
Khuda Haafiz
6.8

IMDb 8.1ရရှိထားတဲ့Action Thriller ဇာတ်ကား ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဆမီရ်​ချောင်ဒရီနဲ့ နာရ်ဂိရှ်​ချောင်ဒရီတို့ကို မိဘာတွေက ဝတ္တရားရှိတဲ့အတိုင်းလက်ထပ်​ပေးလိုက်ကြပါတယ်။ နာရ်ဂိရှ် ချောင်ဒရီဟာ အကြောင်းအမျိုးမျိုးကြောင့်အလုပ်ထွက်လိုက်ရပြီး ဆမီရ်ချောင်ဒရီကလည်းလုပ်ငန်းအခွင့်အလမ်း​တွေပိတ်သွားတာ​ကြောင့် နှစ်ယောက်စလုံးက နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ အလုပ်လျှောက်တဲ့အခါ နာရရ်ဂိရှ်ကအလုပ်အရင်ရသွားပြီး ဆမီရ်က ကျန်နေတာ​ကြောင့် နာရ်ဂိရှ်ကိုတစ်ယောက်တည်းနိုင်ငံခြားလွှတ်ဖို့စိတ်မချပေမယ့် လွှတ်လိုက်ရပါတယ်။ နာရ်ဂိရှ် ချောင်ဒရီကနိုင်ငံခြားရောက်ပြီးတဲ့နောက်ဖုန်းခေါ်လာခဲ့​ပေမယ့်အလုပ်မရဘဲ တစ်ခြားတစ်နေရာကိုခေါ်သွားနေကြကြောင်း သူ့ကိုနှိပ်စက်နေကြကြောင်း နဲ့ လာပြန်​ခေါ်ဖို့အတွက်ဆမီရ်ကို​ပြော​တော့ ဆမီရ်တစ်ယောက် နာရ်ဂိရှ်ဟာ အကြီးအကျယ်အန္တရယ်တောထဲ ရောက်နေပြီကိုသိတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲကြည့်ရှုပေးကြပါလို့..... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်.... File Size : (1.03  GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:10:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae

Action & Adventure • Drama • Mystery
6.8 2020 134 mins
Khuda Haafiz
Broken People
3

Broken People (2023) လူတစ်ယောက်နဲ့ တစ်ယောက် သူ့အကြောင်းကိုယ့်အကြောင်း သေချာသိကြဖို့ အချိန်ဘယ်လောက်လိုပါသလဲ… လူတစ်ယောက်နဲ့ တစ်ယောက်ကြား အခိုင်မာဆုံးကြိုးတွေ ချည်ဖြစ်ဖို့ ရာသီဘယ်နှလီ ဖြတ်သန်းကြရမလဲ... တချို့တွေအဖို့ နှစ်နဲ့ချီ ဖြည်းဖြည်းချင်း ညှိယူသိယူကြရတဲ့ နားလည်မှုတွေ၊ တစ်ကြိုးချင်းရစ်ရင်းသီရင်းက ချည်နှောင်ခဲ့ရတဲ့ ရင်းနှီးမှုတွေဟာ... တချို့များအတွက်ကျတော့လည်း ဝီစကီတစ်ခွက်ပဲ လိုပါတယ်။ တစ်ခါတစ်ခါ ရင်ဖွင့်ချင်တာတွေရှိတဲ့အခါ ကိုယ့်အသိအဝန်းအဝိုင်းထဲက လူတစ်ယောက်ဆီမှာ ဖွင့်ချရတာထက် ကိုယ့်ကိုလုံးဝမသိတဲ့ လူစိမ်းတစ်ယောက်ဆီမှာ အိပ်သွန်ဖာမှောက်ပြောပြရတာက ပိုလို့ သက်တောင့်သက်သာရှိပါတယ်။ ဒီလိုနဲ့ပဲ လွန်ခဲ့တဲ့ ၅မိနစ်က သူစိမ်းတစ်ယောက်ဟာလည်း သင့်ဘဝရဲ့ အရင်းနှီးဆုံးလူတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို မပြောပြချင်ပါဘူး။ ဘာလို့ဆို ဒါဟာ သူစိမ်း၂ယောက်ကြားက ရင်းနှီးမှု မီးပွင့်လေးကို တတိယလူ(အပြင်လူ)နေရာကနေ စောင့်ကြည့်ရတဲ့ ဖီလင်လေးနဲ့ မျောရမှာမို့ပါ။ သူစိမ်း၂ယောက်... ဘားတစ်ခု... ဝီစကီခွက် ခပ်များများ... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 755MB Quality - 1080p, 720p Format - mp4 Duration - 1H 35Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action & Adventure • Drama • Sci-Fi & Fantasy
3 2023 95 mins
Broken People
[21+] Frivolous Lola (1998) Monella
5.1

အီတလီဒါရိုက်တာ Tinto Brass ဇာတ်ကားဆိုရင်တော့ သဘောပေါက်လိုက်ပါတော့။ လိုလာဆိုတာ အီတလီနယ်မြို့လေးတစ်မြို့ရဲ့ဆယ်ကျော်သက်မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး၊ သူ့ချစ်သူနဲ့ စေ့စပ်ထားတဲ့ သတို့သမီးလောင်းလေးတစ်ယောက်လဲဖြစ်ပါတယ်။ ဒါပေမယ့် လင်ကောင်မပေါ်ပဲ သူ့ကိုမွေးတယ်လို့ လူတွေဆိုကြတဲ့ သူ့မိခင်၊ မိန်းမရှုပ်တယ်လို့နာမည်ကျော်တဲ့အမည်ခံဖခင်တို့ကြောင့်ရော သူကိုယ်တိုင်ရဲ့လော်လည်တဲ့အနေအထိုင်တွေကြောင့်ပါ မြို့နေမိန်းမသားတွေကြားမှာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ လိုလာဟာ သူ့ချစ်သူနဲ့လက်မထပ်ခင်မှာအပျိုစင်ဘဝကိုအသည်းအသန်ပေးအပ်ချင်နေခဲ့ပေမယ့် သူ့ကိုတန်ဖိုးထားချစ်တယ်လို့ဆိုတဲ့ ရှေးရိုးစွဲသူ့ချစ်သူကတော့ လက်မခံပါဘူး။ ဒီတော့ လိုလာဟာ သူ့ချစ်သူကိုအတင်းဝင်လုံးတယ်၊ အထိအတွေ့နဲ့ဖြားယောင်းတယ်၊ တစ်ပါးသူတွေနဲ့ပရောပရည်လုပ်ပြီးဝန်တိုအောင်ဆွတယ်။ ဒီလိုကနေ တစ်ဖြည်းဖြည်းမချင့်မရဲဖြစ်လာတဲ့လိုလာဟာပတ်ဝန်းကျင်ကလူမှန်သမျှကို အလွတ်မပေးစတမ်းဖြစ်လာပါတော့တယ်။အဲ့ဒီထဲမှာမှ သူ့ဖခင်လို့ အများသိထားတဲ့ မိန်းမရှုပ်တဲ့နေရာမှာနာမည်ကျော်တဲ့ အန်ဒရေးလဲ မလွတ်ပါဘူး။ ဆရာကြီး Tinto Brass ရဲ့ထုံးစံအတိုင်း မိန်းမလှလေးလိုလာရဲ့ စူးစမ်းရှာဖွေမှုစွန့်စားခန်းတွေကို ပွင့်လင်းတဲ့ အပြောအပြတွေနဲ့တွေ့မြင်ရမှာဖြစ်တဲ့အတွက် 21 plus ပါပဲ။ Frivolous Lola နာမည်နဲ့လူသိပြီး မူရင်း နာမည်က Monella ဖြစ်ပါတယ်။ပိုစတာကိုတော့အများရင်းနှီးနေမှာဖြစ်ပေမယ့် ကြည့်ပြီးသားလို့အထင်မရောက်စေချင်ပါဘူး။ သူ့ဇာတ်ကားတွေထဲမှာ ဒီလိုပုံစံမျိုးဆင်တူတွေ မနည်းမနောရှိလို့ပါပဲ။ File Size : (2.3 GB) & (950 MB) Quality : BluRay 1080p & 720p Running Time : 01:45:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Action & Adventure • Crime • Drama
5.1 1900
[21+] Frivolous Lola (1998) Monella
Remain In Twilight
6

Remain in twilight (2021) J drama ပရိသတ်တွေနဲ့မစိမ်းတဲ့ main leadတွေ အများကြီးပါဝင်ရိုက်ကူးထားတဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းထဲမှာတော့ အထက်တန်းကျောင်းတည်းက အတူတူပေါင်းပြီး ဗရုတ်ကျလာခဲ့တဲ့ သူငယ်ချင်း၆ယောက်ရှိပါတယ်။ သူတို့က ကျောင်းကပွဲနေ့မှာ လန်ကွတ်တီအနီတွေဝတ်ပြီး ကြယ်မိုးရွာတာကိုတားတဲ့အကကိုတက်ကကြတဲ့အထိ ဗရုတ်သုတ်ခနိုင်တဲ့ ငချွတ်တွေပါ။ ညီအစ်ကိုလိုရင်းနှီးခဲ့ကြတဲ့သူတို့၆ယောက်ရဲ့သံယောဇဉ်က ဘယ်တော့မှမပျက်နိုင်ကြဘူးလို့ ယုံကြည်ခဲ့ကြပါတယ်။ ကျောင်းပြီးတဲ့နောက် ၅နှစ်အကြာမှာ သူတို့သူငယ်ချင်းရဲ့မင်္ဂလာပွဲအတွက်ပြန်ဆုံဖို့ဖြစ်လာပါတယ်။ ဒီပွဲမှာလည်း အရင်လိုလန်ကွတ်တီဝတ်ပြိီးကကြဖို့စီစဉ်ထားတာပါ။ အဖွဲ့တောင့်ခဲ့တဲ့သူငယ်ချင်းတစ်စုဟာ အရင်နှစ်များလိုပဲ ဆက်လက်ရှိနေမယ်လို့ယုံကြည်ခဲ့ကြတာကြောင့် အရှိတရားကိုပါလက်မခံနိုင်ကြတဲ့အထိပါပဲ။ တချို့သောလူတွေက ဘေးမှာမရှိတော့ပေမဲ့ သူတို့နဲ့အတူရှိခဲ့ဖူးတဲ့ ဆည်းဆာချိန်တွေကတော့ အရင်အတိုင်းဆက်ရှိပြီး လှပနေကြ သတိရနေရဦးမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:36:00 Type__Comedy, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Crime • Drama • History
6 2021 96 mins
Remain In Twilight
Hell House LLC II: The Abaddon Hotel
5.3

Hell House LLC II: The Abaddon Hotel (2018) ဒီကားက Hell House Franchise ရဲ့ ဒုတိယကားဆိုပေမဲ့ ပထမနဲ့ တတိယကားကို ကြည့်ပြီးရင်တော့ ပိုနားလည်လွယ်ပါလိမ့်မယ်။ ဒီဇာတ်ကားကတော့ Abaddon Hotel အကြောင်း အဓိကပါဝင်ထားပါတယ်။ Hell House အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပြီး ပထမဆုံး အဖွင့်ညမှာတင် လူ၁၅ယောက် သေဆုံးခဲ့ရလို့ ချိတ်ပိတ်လိုက်ရတဲ့ ဟိုတယ်တစ်ခု… ခိုးဝင်မိသူတိုင်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားလေ့ရှိတာမို့ မြို့ခံတွေကလည်း ရဲအစောင့်အကြပ်တွေ အမြဲ ချထားလေ့ရှိတယ်။ ဒီလိုနာမည်ဆိုးနဲ့ကျော်ကြားတာမို့ စူးစမ်းချင်သူတွေကလည်း ခိုးဝင်လေ့ရှိတယ်။ ဒီအကြောင်းအရာတွေကို ဆွေးနွေးဖို့ ဆူဇီက တက်ဆယ်လ်မန်း မစ်ချယ်ရဲ့ အကြားအမြင်ပညာရှင် ဘရော့ခ်တို့ကို ဖိတ်ကြားတယ်။ တက်ဆယ်လ်မန်းကတော့ မစ်ချယ်ဟာ သူ့ရဲ့မှတ်တမ်းရုပ်ရှင် ရောင်းထွက်ဖို့အရေး လုပ်ဇာတ်ခင်းတာလို့ စွပ်စွဲတယ်။ မစ်ချယ်ကလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေ ပျောက်ဆုံးသွားတာ ဟိုတယ်ကြောင့်ဆိုပြီး တစ်ထစ်ချ‌ငြင်းတယ်။ သူတို့ရဲ့ အငြင်းအခုံတွေ ထွက်ပေါ်လာတဲ့ Leaked Video တွေနဲ့အတူ မစ္စဖောက်စ်ဟာ ဒီဟိုတယ်ရဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ သဲလွန်စ‌တချို့ အမည်မသိတစ်ဦးဆီက ရရာက ဟိုတယ်ထဲ ခိုးဝင်ဖို့ ဖြစ်လာတဲ့အခါမှာတော့… ဒီဇာတ်လမ်းဟာ ညဘက် မီးပိတ်ကြည့်နေရင်းတောင် မီးထဖွင့်ရလောက်တဲ့အထိ ကျောချမ်းဖို့ ကောင်းလှပါတယ်။ ဇာတ်ကား ၃ကားလုံးကိုလည်း ဇာတ်အိမ်ခိုင်ခိုင် လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ဆွဲဆောင်နိုင်တာမို့ Horror Fans တွေအတွက် သိပ်ကောင်းတဲ့ရုပ်ရှင်ဖြစ်မှာ အသေအချာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 29Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

5.3 2018
Hell House LLC II: The Abaddon Hotel
Splinter

လူသွားလူလာနည်းပါးတဲ့ ဂတ်စ်ဆိုင်လေးတစ်ခုရဲ့ပန့်ကိုင်ကို အမျိုးအမည်မသိသတ္တဝါကောင်တစ်ကောင်က လာရောက်တိုက်ခိုက်ပုံနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ ဆက်သ်နဲ့ပေါ်လီဆိုတဲ့ လူငယ်စုံတွဲတစ်တွဲဟာ အိုကလာဟားမားက တောအုပ်တွေထဲကို အပျော်စခန်းချခရီးလာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကားကို ထောင်ပြေးတစ်ဦးနဲ့ ဆေးစွဲနေတဲ့သူ့ကောင်မလေးဖြစ်တဲ့ လေစီတို့က ကြားဖြတ်လုယူချိန်မှာတော့ အစီအစဉ်ပျက်သွားပြီး ဂတ်စ်ဆိုင်တစ်ခုမှာ ဝင်နားဖို့အခြေအနေဖြစ်လာပါတော့တယ်။ ဂတ်စ်ဆိုင်ကိုရောက်ကာစမှာပဲ လေစီကိုဆူးချွန်တွေတကိုယ်လုံးပေါက်နေတဲ့ဂတ်စ်ဆိုင်လုပ်သားရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီး သေဆုံးသွားခဲ့တဲ့အတွက် ဆက်သ်တို့စုံတွဲနဲ့ထောင်ပြေးတို့ဟာ ဂတ်စ်ဆိုင်ထဲကိုပြေးပုန်းလိုက်ရပါတယ်။ သူတို့သေပြီလို့ထင်ခဲ့တဲ့ လေစီကလည်း ဆူးချွန်တွေစိုက်ဝင်ခံထားရာက တွန့်လိမ်ကောက်ကွေးအသက်ပြန်ဝင်လာပြီး မှန်တံခါး၀ကိုလာတိုက်ခိုက်တဲ့အချိန်မှာတော့..။ သူတို့ကိုတကယ်တမ်းလိုက်တိုက်ခိုက်နေတာ ဂတ်စ်ဆိုင်လုပ်သားလည်းမဟုတ်သလို လေစီလည်းမဟုတ်ပါဘူး။ သူတို့ကိုယ်မှာစိုက်ဝင်နေတဲ့ အဲ့ဒီဆူးချွန်တွေပါပဲ။ ဆူးချွန်တွေဟာ စိုက်ဝင်သွားမိတဲ့သားကောင်ကိုမှီတွယ်ပြီး အဲ့ဒီသားကောင်ရဲ့သွေးသားကိုစားသုံးရွေ့လျားပြိး နောက်ထပ်သားကောင်ကိုဆက်ပြီးရှာပါတယ်။ သူတို့အနေနဲ့ ဒီဆူးချွန်တွေ ရဲ့ အားသာချက်အား နည်းချက်တွေ ကိုအဖြေရှာပြီး ရှင်သန်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။ Splinter ကစိတ်ကူးကောင်းသလို အဲ့ဒီစိတ်ကူးကိုထိထိရောက်ရောက်အကောင်အထည်ဖော်သွားနိုင်တဲ့ Horror ကားကောင်းတစ်ကားပါ။ ဇာတ်စကတည်းက သွက်သွက်လက်လက်နဲ့ဇာတ်ကိုသယ်သွားသလို အသည်းယားစရာ ရင်ဖိုစရာ နဲ့ jump scare တွေမျှတပြီး သရုပ်ဆောင်တွေကလည်း လိုရင်းရောက်အောင်ပို့ပေးနိုင်ပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာသက်ဆိုင်ရာဆုတွေအများကြီးရထားတဲ့ Hidden gem တစ်ခုပါပဲ။ File size…(1.5 GB)/(843 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Horror, Thriller, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 2008
Splinter
11th Hour Cleaning

ဒိုင်လန်တို့ဟာ​ အခင်းဖြစ်နေရာတွေကို သန့်ရှင်းရေး လိုက်လုပ်ပေးကြတဲ့အဖွဲ့ဖြစ်ပြီး သူတို့အဖွဲ့နာမည်ကို 11th hour cleaning လို့ပေးထားပါတယ် သူတို့ပေးထားတဲ့နာမည်အတိုင်းပဲ​ ရှင်းလင်းရေးတွေကို သန်းခေါင်ယံအချိန်တွေမှာပဲလိုက်လုပ်ရလေ့ရှိပါတယ် တစ်နေ့မှာ​တော့​ ဒိုင်လန်တို့အဖွဲ့ဟာ ကိုယ့်မိသားစုဝင်တွေကို သတ်ပြီး ကိုယ့်ကိုယ်ကိုပါသတ်သေသွားတဲ့အခင်းဖြစ်အိမ်ကို သွားရှင်းရဖို့အလုပ်အပ်ခံရပါတော့တယ်. သူတို့အဖွဲ့ဟာ အဲဒီအခင်းဖြစ်နေရာမှာ​အလုပ်လုပ်နေကြရင်းနဲ့ အိမ်ထဲမှာထူးဆန်းစွာပိတ်မိသွားကြပြီးပြန်ထွက်လို့မရကြတော့ပါဘူး. ဒိုင်လန်ကတော့သူတို့ပိတ်မိနေတာ အိမ်ရဲ့တည်ဆောက်ပုံမှာ အိမ်ကိုအလုံပိတ်ဖြစ်အောင်လုပ်လို့ရတဲ့စနစ်ဆင်ထားတာကြောင့်လို့ သူ့အဖွဲ့သားတွေ​ကိုပြောခဲ့ပေမယ့် တကယ့်အမှန်တရားကသက်သက် ရှိနေပါတယ် အဲဒီအမှန်တရားကဘာလဲ သူတို့အဖွဲ့ကရောလွတ်မြောက်နိုင်မှာလားဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်ပါ… File size…867MB / 358MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 13m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

0 2022
11th Hour Cleaning
Poka
6

Poka 2023 ဘာဘီ IMDb 6.3 ဒုစရိုက်လောကက ဂိုဏ်းတွေကို ယောကျာ်းတွေပဲဦးစီးပြီးအောင်မြင်တာတွေပဲတွေ့ရတတ်ပေမဲ့ မိန်းမဦးစီးတဲ့ဂိုဏ်းဆိုတာမရှိသလောက်ပါပဲ ဒီမှာတော့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မိန်းမကအုပ်ချုပ်တဲ့ဂိုဏ်းတစ်ခုပေါ့ အစကတော့ဒီလောက်အာဏာမရှိခဲ့ပေမဲ့ သူကိုင်တွယ်လိုက်တဲ့ပို့ကုန်မှန်သမျှက ယောကျာ်းသားတွေပို့ရင်တောင် ၂ခါလောက်ပျောက်တတ်ပေမဲ့ သူပို့ရင်တော့တိတိကျကျရောက်တယ် အဆင်ပြေတယ်ဆိုတဲ့မှတ်ချက်တွေကြောင့် လူအထင်ကြီးလေးစားခံရပြီး အောင်မြင်လာခဲ့တယ် ဒါကြောင့်မို့ ဒီအဖွဲ့ကိုဦးစီးဖို့ ဆရာဖြစ်သူကသူ့ကိုတာဝန်ပေးလိုက်ချိန်မှာတော့ အဖွဲ့သားတွေကသဘောတူတဲ့လူကတူ မတူတဲ့လူကမတူနဲ့ အဖွဲ့တွေကွဲသွားရင်းက ရန်စတွေဖြစ်ခဲ့ကြတယ် ဒီကြားထဲ နေထိုင်နေတဲ့ပတ်ဝန်းကျင်မှာပါ မထင်ထားတဲ့ပြဿနာတွေကြုံလာချိန်မှာတော့ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကြည့်ရှုလိုက်ပါဦး (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် )

6 2023
Poka
Bunraku
6.1

Bunraku ဆိုတာ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိတဲ့ဂျပန် ရုပ်သေးပြဇာတ်ပုံစံတစ်မျိုးဖြစ်ပါတယ်။ ပြဇာတ်မှာ နောက်ခံစကားပြောသူရဲ့ဇာတ်ကြောင်းအတိုင်း ၄ ပေအမြင့်ရှိတဲ့ အရုပ်တွေက လိုက်လံပုံဖော်တင်ဆက်ဖျော်ဖြေရတာပါ။ ၂၀၁၀ မှာထွက်ရှိခဲ့တဲ့ Bunraku ရုပ်ရှင်ဟာ အက်ရှင် အမျိုးအစားဖြစ်ပေမယ့် ဇာတ်ကားတစ်ခုလုံးကို Bunraku ရုပ်သေးပြဇာတ်တစ်ခုလိုကြည့်ရှု့ခံစားရမှာပါ။ ဒေါ်လာ ၂၅ သန်းအကုန်အကျခံရိုက်ကူးထားပေမယ့် ဝေဖန်မှုတွေအများကြီးရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** သေဆုံးမှုတွေနဲ့ဖျက်ဆီးမှုတွေအများအပြားဖြစ်ပေါ်မှုကြောင့် သေနတ်ကိုင်ဆောင်မှုကိုတားမြစ်ထားတဲ့ကမၻာကြီးမှာ လူတွေကတော့ ဓားတွေ၊လက်တွေကိုသုံးပြီး အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြတုန်းပါပဲ။ သစ်ခုတ်သမားလို့လည်း ခေါ်တဲ့နီကိုလာဟာ အတ္တလန်တိတ်အရှေ့ဘက်မှာ အင်အား အကြီးဆုံးသူဖြစ်ပြီး သူ့နယ်မြေကိုလိုချင်လို့ စိန်ခေါ်သူတွေ အများကြီးရှိပေမယ့် နီကိုလာနဲ့သူ့ရဲ့လူသတ်သမားကိုးယောက်ကို ယှဉ်နိုင်သူမရှိခဲ့တာကြာမြင့်လှပြီဖြစ်ပါတယ်။ တစ်ရက်မှာတော့ ထူးဆန်းတဲ့ခြေသလုံးအိမ်တိုင်သမား တစ်ယောက်နဲ့ ဂျပန်ဆာမူရိုင်းဓားသမားတစ်ယောက်ဟာ မြို့ထဲရောက်ရှိလာပြီး တူညီတဲ့ရည်ရွယ်ချက်တစ်ခုကြောင့် အရက်ဆိုင်ပိုင်ရှင်နဲ့ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ကြပါတယ်။ သူတို့သုံးယောက်ဟာ မတူညီတဲ့အကြောင်းရင်းအသီးသီးကြောင့် နီကိုလာနဲ့လူသတ်သမားကိုးယောက်ကို အနိုင်ယူဖို့ကြိုးစားရမှာ ပဲဖြစ်ပါတယ်။ File size…2.33GB , 1.02GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 4m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Action • Comedy • Crime
6.1 2010 124 mins
Bunraku
Knowing
6.2

Knowing (2009) ~ IMDb – 6.2/10, RT – 35%, Meta – 41% ~ ဒီကားက ကျွန်တော်တို့ ကလေးဘဝကတည်းက ရင်းနှီးခဲ့ပြီးသားကားပဲ။ တော်တော်လည်းကောင်းခဲ့တဲ့ကားပေါ့။ အဲဒီကာလတွေက ဒီမှာ နစ်ကေ့ဂ် တော်တော်ပေါ်ပြူလာဖြစ်ခဲ့တဲ့ကာလလို့ပြောရမယ်။ အဲဒီတုန်းက နစ်ကေ့ဂ် ကော်လက်ရှင်အခွေတွေဆိုလည်း Knowing က အမြဲပါတတ်တယ်။ အဲဒီတုန်းက ကျွန်တော်တို့ ကမ္ဘာပျက်တဲ့ကားတွေ သိပ်မကြည့်ခဲ့ရသလို ဒီကားက ကမ္ဘာပျက်တဲ့ကားပေမဲ့ ပဟေဠိတွေနဲ့ စိတ်ဝင်စားဖို့ကောင်းနေတာရော အဲဒီမတိုင်ကာလမှာ နာမည်ကြီးခဲ့တဲ့ နိုင်ငံခြား ရှေ့ဖြစ်ဟောဆရာမတစ်ယောက်ပြောတာတွေနဲ့ ခပ်ဆင်ဆင်တွေဖြစ်နေလို့လားမသိ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းခဲ့တယ်။ တော်တော်ကြာလို့ မေ့သွားမှ ခုခေတ်တွေမှာ ပြန်ကြည့်တော့လည်း ဒီကားက မဟောင်းသေးပါဘူး။ ကောင်းတုန်းပဲ။ သက်တမ်းနု နှစ်ချို့ဝိုင်တစ်ခွက်လို့ ပြောရင်လည်းရတယ်။ သရုပ်ဆောင်တွေကတော့ နစ်ကေ့ဂ်အပြင် Rose Byrne ပါတယ်။ Ben Mendelsohn ပါတယ်။ Rose Byrne က ဒီထဲနုသေး တော်တော်လည်း ချောသေးတော့ တစ်ကားလုံး စုတ်ပြတ်သတ်နေရင်တောင် ကျွန်တော်တော့ သူပါလို့ ထပ်ကြည့်မှာပဲ။ ဇာတ်ရဲ့အကြောင်းအရာကတော့ ၁၉၅၉မှာ မူလတန်းကျောင်းတစ်ကျောင်းမှာ ကျောင်းသူကျောင်းသားတွေ အနာဂတ်မှာ ဘာဖြစ်မယ်လို့ သူတို့ထင်လဲဆိုတာတွေကို ပုံမှာရေးပြီး Time Capsule ထဲ ထည့်မြုပ်ဖို့လုပ်တယ်။ အဲဒီထဲက ကောင်မလေးတစ်ယောက်ကတော့ ဂဏန်းတွေရေးထည့်ခဲ့တယ်။ နှစ်ငါးဆယ်ကြာတော့ အဲဒီဟာတွေကို ပြန်ဖော်ကြတော့ ဒီဘက်ခေတ်ကလေးတွေကို အဲဒီစာရွက်တွေကို ပြန်ဝေပေးတယ်။ နစ်ကေ့ဂ်သားလေးကတော့ အဲဒီဂဏန်းတွေရေးထည့်ထားတဲ့ စာရွက်ကို ရသွားခဲ့တယ်။ ဒီလိုနဲ့ နစ်ကေ့ဂ်က အဲဒီဂဏန်းတွေက ပြီးခဲ့တဲ့နှစ်ငါးဆယ်အတွင်းဖြစ်ခဲ့တဲ့ ပျက်ကပ်တွေရဲ့ ရက်စွဲ၊ သေသူအရေအတွက်နဲ့ ကိုဩဒိနိတ်တွေမှန်း သိလာခဲ့တယ်။ အိုကလာဟိုမာစီးတီး ဗုံးကွဲမှုတို့ 9/11 တို့ ဟာရီကိန်းတိုက်တာတို့ အကုန်ပါခဲ့တယ်။ မဖြစ်သေးတာ သုံးခုအတွက်လည်းပါခဲ့တယ်။ ဒါကိုသိသွားတဲ့နစ်ကေ့ဂ်က ဒီပျက်ကပ်တွေကို ဘယ်လိုတားမလဲ တားနိုင်မလား။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ပဟေဠိတွေအပြည့်နဲ့ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ တော်တော်များများလည်း ကြည့်ပြီးကြလောက်ပါပြီ။ မကြည့်ရသေးတဲ့လူတွေတော့ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားကို Myo Min Aung (MMA) မှ စိတ်ကြိုက်ဘာသာပြန် တင်ဆက်ထားပါတယ်) Size – 4.2GB, 1.9GB, 1GB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 2H 1Min Genre – Disaster, Action, Mystery, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Myo Min Aung (MMA) Encoded by Y

Drama • Thriller
6.2 2009
Knowing