YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

How to Steal a Dog 2014.720p NF WEB-DL DD5.1.CM.mp4

925.51 MB 720p video/mp4 135 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
IB 71
7

IB 71(2023) လတ်တလောထွက်သမျှမှာ အကောင်းဆုံးလို့ပြောရမယ့် IMDb 8.4/10 ရရှိထားပြီး နာမည်ကြီးမင်းသား ဗီရွတ် ပါဝင်ထားပြီး ၁၉၇၁ ခုနှစ် အိန္ဒိယန်းလေကြောင်းလိုင်း လေယာဉ်ပြန်ပေးဆွဲမှုကို အခြေခံထားတဲ့ အသစ်စက်စက်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်ဟာ နှစ်သုံးရာဗြိတိသျှကျူးကျော်မှုအပြီးမှာ အကြမ်းအားဖြင့် ဟိန္ဒူနဲ့ အစ္စလာမ်နိုင်ငံဆိုပြီးခွဲလိုက်ကြတာကို သိပြီးသားဖြစ်မှာပါ။ အဲ့လိုကွဲပြီးနောက်ပိုင်းမှာလည်း သီးဖြားဖြစ်သွားတဲ့ညီအစ်ကိုနိုင်ငံနှစ်ခုရဲ့ အားပြိုင်မှု တင်းမာမှုတွေဟာ လျော့ကျသွားခြင်းမရှိပါဘူး။ အချင်းချင်း သူလျှိုတွေလွှတ် သတင်းတွေယူနဲ့ နိုင်သူစားကြေးအကွက်တွေပြိုင်နေကြတုန်းပါပဲ။ ဒီလိုနဲ့ တဖြည်းဖြည်းအားပြိုင်ရင်း တစ်ချိန်မှာတော့ အကြိမ်ကြိမ်စစ်ရှုံးခဲ့တဲ့ ပါကစ္စတန်ဟာ တရုတ်နဲ့ပေါင်းပြီး စစ်မီးပြန်ညှိဖို့ကြိုးစားလာပါတော့တယ်။ ကျူးကျော်မှုလုပ်ပါတော့မယ်ဆိုတဲ့ သတင်းရတဲ့အချိန်မှာ အိန္ဒိယအတွက်ပြင်ဆင်ချိန်ဟာ အရမ်းကိုနည်းနေပါပြီ။ ပြည်တွင်းစစ်နဲ့တင် ငါတို့ကိုအာရုံမရဘူးဆိုပြီး လျှော့တွက်ထားခဲ့တဲ့အိန္ဒိယအတွက် ရွေးချယ်စရာကတော့ တစ်ခုပဲရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခုတည်းသောရွေးချယ်မှုဟာလည်း ဗုံးကိုလက်ထဲကိုင်ထားပြီး စနက်တံဖြုတ်ရမယ့်အကွက်ဖြစ်နေတဲ့အခါ ဘယ်လိုအကွက်တွေထုတ်သုံးပြီး ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေနဲ့ အကွက်ရွှေ့သွားမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦးနော်။ အညွှန်းကိုတော့ Aditi ရေးသားထားပြီး Aditi, V, Thaik San, BpLတို့မှ ဘာသာပြန်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ File size…2.07GB / 840MB Quality…1080p WEB DL /720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Aditi~ V~  Thaik San~ BpL

Adventure • Comedy • Fantasy
7 2023 117 mins
IB 71
Voir la Mer
5.5

ဒီတစ်ခေါက်မှာတော့ ပြင်သစ် သုံးပွင့်ဆိုင် ဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နီကိုလာနဲ့ ကလီမန့်လို့ခေါ်တဲ့ ညီအစ်ကို နှစ်ယောက်က အားလပ်ရက်မှာ သူတို့အမေရှိတာ ပြင်သစ်ကို အလည်သွားဖို့ ခရီးထွက်လာခဲ့ပါတော့တယ်။ ခရီးမသွားခင်မှာပဲ ပရူဒန့်ဆိုတဲ့ ကောင်မလေးတစ်ယောက်က နီကိုလာနောက်လိုက်ပါပြီး သူမလည်း ခရီးစဥ်မှာအတူပါလာပါတော့တယ်။ တကယ်တော့ ဇာတ်လမ်းလေးက ရိုးရိုးလေးပါပါပဲ . ညီအကိုတွေ ခရီးထွက်တယ်၊ ကောင်မလေးက လမ်းကြုံလိုက်တယ်ပေါ့။ မရိုးတာ ကတော့ ကောင်မလေးနဲ့ ညီအကိုနှစ်ယောက်လုံးနဲ့ ညိတာပါပဲ။ ကျန်တာတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါ၊ တစ်ခုသတိ ပေးချင်တာက မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်တဲ့ အခန်းတွေ ပါဝင်တာမို့ သတိပြုကြည့်ရှုကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.8 GB) / (780 MB) / (449 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Parris Encoder..........SWM

Action • Fantasy • Thriller
5.5 2011 91 mins
Voir la Mer
Joe Maddison's War
7.5

ငါက ပထမကမ္ဘာစစ်ရဲ့ စစ်သားတစ်ယောက်။ အဲဒီစစ်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ အခုထိ ခြောက်လှန့်နေဆဲ။ ညဘက် အိပ်မက်ဆိုးတွေမက်ရင်း မျက်ရည်ကျမိတယ်။ စစ်ပွဲကြီးအပြီး တို့နိုင်လိုက်ပြီပဲ ထင်ခဲ့တာပေါ့။ ဒီလိုစစ်ပွဲမျိုး ထပ်မဖြစ်နိုင်တော့ဘူး ထင်ခဲ့မိ။ ငါလည်း သင်္ဘောကျင်းလုပ်သားတစ်ယောက်အဖြစ် ဇနီးသည်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ နေထိုင်လာခဲ့တယ်။ ငါနဲ့တိုက်ဖော်တိုက်ဖက်ရောင်းရင်းတွေလည်း ငါ့လိုပဲ စစ်ပွဲကြီးကို မမေ့နိုင်ကြသူတွေပါ။ ဒါပေမဲ့ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပြန်တယ်။ တစ်ကမ္ဘာလုံးချီတဲ့စစ်ဖြစ်လာသလို ငါ့ကမ္ဘာငယ်‌လေးတစ်ခုလုံးလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားတော့တာပါပဲ။ ငါ့သားကိုစစ်ထဲဝင်ဖို့ ဆင့်ခေါ်ကြတယ်။ ငါ့သမီးရဲ့ခင်ပွန်းသည်လည်းပါတာပေါ့။ လက်ထပ်ပြီးလို့မှမကြာခင် ခွဲကြရရှာတယ်။ ကမ္ဘာစစ်ဆိုတာကို ကောင်းကောင်းကြုံခဲ့ရတဲ့ငါ့အတွက် ပထမအကြိမ်ကထက် ပိုပြီးလက်နက်တွေထွန်းကားလာပြီဖြစ်တဲ့ ဒီတစ်ပွဲက ဘယ်လောက်ရက်စက်ကြမ်းကြုတ်လိမ့်မယ်ဆိုတာ မတွေးရဲဘူး။ ငါ့ဒုက္ခတွေက ဒီလောက်နဲ့မဆုံးခဲ့။ ငါ့ဇနီးသည်ကပါ ငါ့ကို စွန့်ပစ်ပြီး တခြားလူတစ်ယောက်နဲ့ အဝေးကိုထွက်သွားပြန်တယ်။ ဘာကြောင့်မှန်းလည်း ငါမသိရပါလား။ သူ အကတော်သလောက် ငါက လုံးဝမကတတ်လို့လား မသိပါဘူးလေ။ အဲဒီအချိန်မှာပဲ ဟစ်တလာရဲ့လေတပ်မတော်က ဗြိတိန်နိုင်ငံရဲ့ မြို့ကြီးတွေပေါ်ကို နေ့စဉ်ရက်ဆက် ဗုံးမိုးတွေရွာချပေးကြတော့တယ်။ ငါ့သူငယ်ချင်း လှုပ်ရှားတက်ကြွသူတွေကတော့ ဒေသခံကာကွယ်ရေးစေတနာ့ဝန်ထမ်းတပ်ဆိုတာမှာ ဝင်ရောက်ကူညီနေကြပြီ။ ငါကတော့ စိတ်ဆင်းရဲလွန်းလို့ ဗုံးကြဲလေယာဉ်တွေလာချိန်မှာတောင် ဗုံးခိုကျင်းထဲမဝင်မိတော့ဘူး။ 2010 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Joe Maddison's War ဇာတ်ကားဟာ စစ်ပွဲနဲ့သမိုင်းနောက်ခံ ဒရာမာဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ရုပ်မြင်သံကြားဇာတ်လမ်းတစ်ခုဖြစ်လို့ လူသိပ်မသိခဲ့ကြဘူးထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ပျိုရွယ်သူယောက်ျားမှန်သမျှစစ်ထဲဝင်သွားကြချိန်မှာ ကျန်ခဲ့တဲ့ အသက်အရွယ်ကြီးသူအမျိုးသားတွေ နဲ့ ပညာသည်ဝန်ထမ်းဖြစ်လို့စစ်မှုထမ်းခွင့်ကင်းလွတ်ခံရသူ အရပ်သားတွေက ဒေသခံ ကာကွယ်ရေးတပ်တွေဖွဲ့စည်းပြီး ဂျာမန်တွေရဲ့ရန်ကို ခုခံတွန်းလှန်ခဲ့ကြပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ရုရှားကွန်မြူနစ်တွေကလည်း အင်္ဂလန် အမေရိကန်နိုင်ငံတို့နဲ့ မဟာမိတ်အဖြစ်လက်တွဲပြီး နာဇီဖက်ဆစ်တွေကို တိုက်ခိုက်ခဲ့ကြတဲ့ကာလပါ။ class လို့ခေါ်တဲ့ လူတန်းစားအမျိုးမျိုး အဆင့်ဆင့်ရှိတဲ့ အင်္ဂလန်နိုင်ငံရဲ့ အောက်ခြေအလုပ်သမားလူတန်းစားတွေကြားမှာ အလုပ်သမားထုသွေးစည်းညီညွတ်ရေး ဆိုတဲ့ ကွန်မြူနစ်ဆန်တဲ့အတွေးအခေါ်မျိုးတွေ အားကောင်းနေခဲ့တာကိုလည်း ဖော်ကျူးထားတာ တွေ့ရမှာပါ။ ဇာတ်ကောင်တွေအနေနဲ့လည်း British တွေဖြစ်တော့ သူတို့စကားပြောတဲ့ လေယူလေသိမ်း အသုံးအနှုန်းတွေက ဟောလီးဝုဒ်ဇာတ်ကားတွေမှာ အမေရိကန်အင်္ဂလိပ်အသံထွက်နဲ့သာ ရင်းနှီးနေကြတဲ့ ရုပ်ရှင်ကြည့်ပရိသတ်အတွက် ထူးဆန်းနေဖွယ်ရာရှိပါတယ်။ ချစ်စရာလည်းကောင်းပါတယ်။ စာတန်းထိုးရာမှာ လွဲချော်မှု မဆီလျော်မှုများရှိခဲ့ရင်တော့ ဘာသာပြန်သူရဲ့လိုအပ်ချက်ပါပဲ။ ဂျိုးမက်ဒီဆန်တစ်ယောက် ရစရာမရှိလောက်အောင် ပျက်စီးသွားတဲ့သူ့ဘဝကို ပြန်အဖတ်ဆည်နိုင်ပါ့မလား။ သူ့ဇနီးသည်က‌ရော ဘာကြောင့်သူ့ကိုစွန့်ပစ်ခဲ့တာလဲ။ သူ့ဆီများပြန်လာဦးမလား။ သူတို့ရဲ့သင်္ဘောကျင်းတွေတည်ရှိရာမြို့ကလေးကရော နေ့စဉ်ရက်ဆက်ဗုံးကြဲခံရတဲ့ဒဏ်ကို ခံနိုင်ပါ့မလား။ ဗုံးလာကြဲတဲ့နာဇီလေယာဉ်တစ်စီးလောက်ကို ပစ်ချလိုက်နိုင်လို့ အောင်ပွဲခံပျော်ရွှင်နေကြစဉ်မှာ ဂျိုးရဲ့သားလေးကလည်း ဗြိတိသျှဗုံးကြဲလေယာဉ်တစ်စီးနဲ့ ဂျာမနီနိုင်ငံကို သွားပြီး ဗုံးကြဲတိုက်ခိုက်နေရတော့ အတုံ့အလှည့်နဲ့ ကိုယ်ချင်းစာတရားက အဘိုးကြီး မက်ဒီဆန် အတွက် ထိုးနှက်ချက်ဖြစ်လာတယ်။ စစ်ပွဲနဲ့သမိုင်းနောက်ခံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်ကြသူများ အားပေးရကျိုးနပ်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မထင်မရှား သမိုင်းတကွေ့ရဲ့ မကြီးကျယ်တဲ့အဖြစ်ကလေးဆိုပေမဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတွေအဖို့တော့ တသက်စာ အမှတ်တရပေါ့။ (ဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.52GB, 661MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 25Min Genre - Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Documentary • Music
7.5 2010 85 mins
Joe Maddison's War
Daeng Phra Khanong
6.1

Daeng Phra Khanong (2022) ဒန် အဖြစ် Melix Efe Aygun မလီ အဖြစ် Machida စီ အဖြစ် Phuwarak Khamsing ဆမ်လီ အဖြစ် Mboke Medad Epie ဟင် အဖြစ် Surachai Borsuwan ဇာတ်လမ်းအကျဉ်း လူတွေက နာမည်ကြီးသရဲဇာတ်လမ်းတစ်ခုဖြစ်တဲ့ မက်နဲ့နတ်ရဲ့အကြောင်းကိုသာ မှတ်မိကြပြီး နတ်ရဲ့ သေဆုံးသွားခဲ့တဲ့ သားလေး ဒန်ကိုတော့ သိပ်မသိနေခဲ့ကြပါဘူး ဒီဇာတ်လမ်းမှာတော့ မိဘတွေမရှိဘဲ ကျန်ရစ်ခဲ့တဲ့ ဒန်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် လူတွေကို ရန်ပြုလိုစိတ်မရှိဘဲ ခင်မင်ချင်ပြီး မိဘတွေကိုပဲ အမြဲလိုက်ရှာချင်ခဲ့တဲ့ ဒန် တစ်နေ့ ရွာမှာ ညတိုင်းခြောက်လှန့်နေပြီး လူပါသတ်တယ်လို့ စွပ်စွဲခံလာရတဲ့အခါ ဒန့်ကို နှိမ်နင်းဖို့ ပယောဂဆရာတစ်ယောက်ပါ ရောက်လာတဲ့အခါ လူသားတွေနဲ့ ခင်မင်မှုမပျက်ချင်တဲ့ ဒန်တစ်ယောက် ဘာတွေဆက်ဖြစ်လာမလဲ မျှော်လင့်နေခဲ့တဲ့ မိဘတွေနဲ့ရောဆုံနိုင်မလားဆိုတာ ဟာသနှောရိုက်ကူးထားတာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ N ပဲ ဖြစ်ပါတယ်။ Genre…..Thriller Quality…. 1080p | 720p | 480p File size…1.5GB | 845MB | 291MB Format… mp4 Duration….1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. N Encoder ….. August

Action • Thriller
6.1 2022 110 mins
Daeng Phra Khanong
Heaven and Hell
5

Heaven & Hell နတ်ပြည်နဲ့ ငရဲပြည်… အချစ်ဟာ တန်ခိုးရှိန်ဝါကြိးမားပါသတဲ့… ကိုယ်ချစ်တဲ့သူဆီက ပြန်အချစ်ခံရတဲ့ အရသာကို သိဖူးကြတယ်မလား… ပြန်အချစ်မခံရဘဲ ပစ်ပယ်ခံကြရတဲ့အခါမှာရော ဘယ်လိုတောင် နာကျင်ခံစားကြရသလဲ… လူ့ပြည်မှာနေရင်းနဲ့ကို နတ်ပြည်လား ငရဲပြည်လားဆိုတဲ့ ခံစားချက်မျိုးကို အချစ်က ပေးစွမ်းနိုင်ပါတယ်… ဒီဇာတ်ကားဟာ သရဲကားပါ အချစ် အမုန်းနဲ့ သက်ဆိုင်တဲ့ ထိုင်းသရဲကားလေးပါ…. ကြောက်စရာလည်း အင်မတန်ကောင်းတာမို့ ဒီဇာတ်ကားထဲက နတ်ပြည်ရောက်နေတဲ့ သရဲနဲ့ ငရဲပြည် ရောက်နေတဲ့ သရဲတို့အကြောင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(1.8GB) / (800MB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:32:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Romance • Drama
5 2012
Heaven and Hell
Are You There God? It’s Me, Margaret.
7.8

Are You There God? It’s Me, Margaret. (2023) ~ IMDb – 7.8/10, Rotten Tomatoes – 99% ~ ဒီရုပ်ရှင်လေးကတော့ Anne with an E လိုမျိုး မြီးကောင်ပေါက်လေးတွေရဲ့ ခံစားချက်နဲ့ ဇာတ်လမ်းလေးတွေကို ချစ်စရာရိုက်ကူးထားတဲ့ Coming of Age အမျိုးအစားပါပဲ။ ဒီနာမည်နဲ့ပဲ မူရင်းဝတ္ထုဟာ 1970 မှာ စာရေးဆရာ Judy Blume ကရေးသားခဲ့ပြီး ၁၉၂၃ နောက်ပိုင်း အကောင်းဆုံး စာအုပ် ၁၀၀ ထဲမှာ အပါအဝင်အဖြစ် တိုင်းမ်မဂ္ဂဇင်းက ၂၀၁၀မှာဖော်ပြခဲ့ပါတယ်။ ကလေးတွေအတွက် အကောင်းဆုံး စာအုပ် ၁၀၀ စာရင်းထဲမှာလည်း အပါအဝင်ပါပဲ။ ဒီဝတ္ထုကိုပဲ ခြေခံပြီး ဒါရိုက်တာ Kelly Fremon Craig က ဇာတ်ညွန်းခွဲ ရိုက်ကူးခဲ့တာပါ။ အဓိကမင်းသမီးလေး မာဂရက် အဖြစ် Ant-Man ရဲ့သမီး ကတ်ဆီ ငယ်ငယ်တုန်းက နေရာက‌နေ ပါဝင်ခဲ့တဲ့ Abby Ryder Fortson က သရုပ်‌ဆောင်ထားသလို မာဂရက်ရဲ့ မိခင်နေရာကတော့ ဒေါက်တာစထရိန့်ရဲ့ အချစ်ဆုံး ခရစ္စတင်းဖြစ်ခဲ့တဲ့ Rachel McAdams ပါ။ မာဂရက်ရဲ့ သူငယ်ချင်း နန်စီကတော့ Stranger Things ထဲက ရဲမှူးကြီးရဲ့ သမီးဖြစ်ခဲ့တဲ့ Elle Graham ပါပဲ။ ~ ဇာတ်လမ်းအကျဉ်း ~ မာဂရက်ဟာ ဂျူးအဖေ ခရစ်ယာန်အမေကနေ မွေးဖွားလာသူဖြစ်ပြီး မိဘတွေက ဘာသာမဲ့အဖြစ်ပဲထားထားပြီး အရွယ်ရောက်လာမှ ကိုယ်ပိုင်ဘာသာရွေးချယ်ခွင့်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ဘာသာတရားတွေကို သူ့ဘာသာ လေ့လာဆဲ စဉ်းစားဆဲပါပဲ။ သူတို့မိသားစု နယူးယောက်ကနေ နယူးဂျာဆီကို ပြောင်းလာပြီး ၆ တန်းမှာ ရွယ်တူ သူငယ်ချင်းတွေနဲ့ မိန်းကလေး ယောက်ျားလေးသဘာဝ ချစ်စရာ ဖြစ်ပျက်ပုံလေးတွေကို အခြေခံထားတာပါ။ ရင်သားတွေကြီးလာဖို့၊ ဘရာတွေအကြောင်းပြောဖို့၊ ဓမ္မတာလာတာရဲ့ ထူးဆန်းမှုတွေ၊ ကောင်လေးတွေအကြောင်းတွေ စသဖြင့် ကလေးဘဝကနေ အရွယ်ရောက်လာတဲ့မိန်းကလေးတွေရဲ့ အတွေးတွေနဲ့ စူးစမ်းမှုလေးတွေကို ပြထားတာမို့ မြီးကောင်ပေါက်ရုပ်ရှင်ကောင်းလေးတစ်ခုအဖြစ် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 800MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 46Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

7.8 2023 107 mins
Are You There God? It’s Me, Margaret.
Arbor Demon

ဇာတ်လမ်းအညွှန်း တောနက်ကြီးတွေဟာ တကယ်ပဲကြောက်ဖို့ကောင်းသလား ဆိုတာအပြင် တောတွေအကြောင်း ရှေးလူကြီးတွေပြောပြတဲ့ ပုံပြင်တွေက တကယ်ပဲအမှန်တွေ ဖြစ်လောက်လားဆိုတာကိုရော တွေးမိကြပါသလား။ ဒါဆိုရင်တော့ horror/ thriller ဇာတ်လမ်း အမျိုးအစားလေးဖြစ်တဲ့ Arbor Demon ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါ။ ဒီဇာတ်လမ်းလေးမှာ ချားလ်စ်နဲ့ ဒေနာ တို့ဟာ ကလေးမယူကြသေးဘဲ သူတို့ဘဝရဲ့ကိုယ်ပိုင်စွန့်စားခန်းလေးတွေကို လုပ်နေကြစဲဖြစ်တဲ့ လင်မယားအတွဲလေးဖြစ်ပါတယ်။ ဒေနာက တောနက်ကြီးတစ်ခု အကြောင်းကို ထူးဆန်းစွာ အမြဲမြင်မက်နေပါတယ်။ တစ်နေ့မှာ သူတို့နှစ်ဦးရဲ့မင်္ဂလာနှစ်ပတ််လည်အနေနဲ့ တောထဲကို စခန်းချခရီး ထွက်ဖို့ နှစ်ယောက်သား ထွက်လာကြပါတယ်။ တောနက်နက်ထဲမှာ ကြောက်စရာအသံတွေလည်း စကြားလာရပြီး ဘယ်အရာကလာ တိုက်ခိုက်လဲမသိ တိုက်ခိုက်ခံလာရတဲ့အခါ…သူတို့ကို ဘယ်အရာ တွေက တိုက်ခိုက်နေတာလဲ၊ ဘာအကြောင်းကြောင့်တိုက်ခိုက်နေတာလဲ၊ သူတို့နှစ်ဦး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.73GB / 841MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Horror • Thriller
0 2016
Arbor Demon
The Emperor of Paris
6.3

IMDB – 6.3 Rotten Tomatoes – 70% ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့သမိုင်းဝင်စုံထောက်ကြီး ဗီဒေါ့အကြောင်းပါ။ ဗီဒေါ့ဟာ နပိုလီယံခေတ်မှာကျော်ကြားလာသူဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ပထမဆုံး ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးအေဂျင်စီကို တည်ထောင်သူလည်းဖြစ်သလို ခေတ်မှီပြစ်မှုဗေဒရဲ့ ဖခင်ကြီးလို့လည်းတင်စားကြပါတယ်။ ငယ်စဉ်ကဆိုးပေမိုက်ခဲ့ပြီး နောက်မှာတော့ အသိတရားဝင်ကာ ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့ပူပေါင်းပြီးအမှုတွေလိုက်လံ ဖြေရှင်းခဲ့ပါတယ်။ဒါ့အပြင် ပုဂ္ဂိလိကစုံထောက်အဖြစ်လည်းလုပ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ သူရဲ့အတ္ထုပတ္တိဇာတ်လမ်း၊ စွမ်းဆောင်ရည်တွေကိုအဓိက ရိုက်ကူးထားတာမဟုတ်ဘဲ အကြမ်းဖျင်းသဘောနဲ့ဇာတ်လမ်းဆင်ရိုက်ကူးထားတာဖြစ်ပါတယ်။ Rating လည်းမြင့်တဲ့အတွက် ကြည့်ရှုသူတွေစိတ်ကျေနပ်စေဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်.. File size…1.85 GB / 789MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Adventure , Crime , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Drama • Thriller • Crime
6.3 2018 121 mins
The Emperor of Paris
The Hangover Part III Part 3
5.8

IMDb Rating (5.8) / Rotten Tomatoes (20%) ❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို သာမန်သောက်စားပြီးပဲဖြတ်သန်းဖို့ စီစဉ်ထားကြပေမယ့် စိတ်ရောဂါရှိတဲ့ Alan ဟာ သူတို့အုပ်စုကို Wolf Pack လို့သတ်မှတ်ထားပြီး Party Drug တွေခိုးထည့်ကာ အမြဲမွှေလေ့ရှိပါတယ်..အကြောင်းအရင်းကတော့ ပိုပျော်ရအောင်၊ ပိုသောင်းကျန်းလို့ကောင်းအောင်ပေါ့..ဒါပေမယ့် အမြဲတမ်းလွဲပြီး ပြဿနာတက်ကြတာပါပဲ.. • ညဘက်မှာ လေးငါးပင်လိမ်ပြီး လုပ်ချင်တိုင်းလုပ်ထားကြ၊ မနက်ကြရင်ဘာမှမမှတ်မိပဲ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို သဲလွန်စရှာ လိုက်ရှင်းကြရတော့တာပါပဲ.. • ဒီထဲမှာတော့ သူငယ်ချင်းတွေပျော်အောင် အလိုလိုက်ပြီး လိုက်လုပ်ပေးနေပေမယ့် အမြဲပျောက်သွားလိုက်၊ ကျန်နေခဲ့လိုက်၊ ပြန်ပေးဆွဲခံလိုက်နဲ့ ခံနေရတဲ့ Doug.. • မိန်းမတွေကလေးတွေရှိပေမယ့် အမြဲတစ်ဇွတ်ထိုးလုပ်တတ်ပြီး သောင်းကျန်းဖို့မြှောက်ပေး၊ မနက်ပြဿနာတက်ရင် ရှေ့ကနေဒိုင်ခံရှင်းတဲ့ Phil.. • ပျော်ရပါးရဖို့ဆို ရှေ့ဆုံးကနေတက်ကြွနေပေမယ့် တကယ်ပြဿနာတက်လာပြီဆို သေလောက်အောင်ကြောက်တဲ့ သွားဆရာဝန် Stu.. • စိတ်ရောဂါအခံလေးသာရှိတာ တကယ်သောင်းကျန်းရပြီဆို သူပဲအမြဲစမွှေ၊ မဟုတ်ကဟုတ်ကလူတွေနဲ့လျှောက်ပက်သက်ပြီး ပြဿနာကိုမကြီးကြီးအောင်လုပ်၊ အသက်ကြီးနေပေမယ့် မိဘလုပ်စာပဲထိုင်စားနေလို့ အနှိမ်ခံရတာကနေ အဖော်မက်ပြီး လျှောက်လုပ်တတ်တဲ့ Alan.. • ဒီလိုမျိုး Characters တွေနဲ့ Trilogy ကို ဖြတ်သန်းရမှာဖြစ်ပါတယ်..ဒီထဲမှာမှ Leslie Chow ဆိုတဲ့ Ken Jeong သရုပ်ဆောင်ထားတဲ့ Iconic ဖြစ်တဲ့ ဇာတ်ကောင်ကလဲ သောက်မြင်ကပ်စရာကောင်းအောင် ပါလာဦးမယ့်အပြင် Mike Tyson ကြီးရဲ့ Cameo ကလဲ ရယ်နေရဦးမှာပါ.. • The Hangover Trilogy မှာ Iconic ဖြစ်စရာ Moments တွေ၊ တကယ်ရယ်ရတဲ့ ဟာသတွေ၊ သောက်တလွဲ Lines တွေနဲ့ လူလတ်ပိုင်းတွေဘယ်လို ဗရုတ်ကျလဲဆိုတာကို မြင်တွေ့မှာပါ..Part I နဲ့ Part II က ဇာတ်လမ်းကျောရိုးတူပြီး Part III ကတော့ Conclusion သဘောမျိုးနဲ့အဆုံးသတ်ထားပါတယ်.. • ဒီရုပ်ရှင်က တကယ်မောပန်းနွမ်းနယ်နေချိိန် Comfort ရုပ်ရှင်တစ်ခုအနေနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီး Movie Night မှာပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ Comedy ရုပ်ရှင်တစ်ခုပါ..ဒါပေမယ့် R-Rated ဖြစ်တာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို တော်တော်ပွင့်လင်းမှရပါမယ်..နောက်ပြီး Credit ထိုးတဲ့အထိကြည့်ဖို့မမေ့ပါနဲ့လို့ပြောရင်း အကြံပြုလိုက်ရပါတယ်ခင်ဗျာ.. #cultureflix #thehangover (ရုပ်ရှင်အညွှန်းကို Culture Flix FB Page မှ ကူးယူဖော်ပြပါသည်။) The Hangover ရုပ်ရှင်ကား ၃ ကားရှိပြီး ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=the+hangover+2009 ကြည့်ပါ။

5.8 2013
The Hangover Part III Part 3
Tony Takitani
7.2

Tony Takitani (2004) ~ IMDb – 7.2/10, RT – 88%, Meta – 80% ~ မူရာကာမိရဲ့ ဝတ္တုတွေကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်တွေသိပ်အများကြီးမရှိသလို အခုထိအနေနဲ့လည်း နည်းပါးတုန်းလို့ပြောရပါမယ်။ ပြန်ရိုက်လိုက်ရင်လည်း အောင်မြင်ကြတာတော့ များပါတယ်။ Drive My Car, Burning, Norwegian Wood နဲ့ Tony Takitani တို့ကတော့ အောင်မြင်မှုကြီးတယ်ပြောရမယ်။ Tony Takitani ကိုတော့ Blind Willow, Sleeping Woman စာအုပ်ထဲက နာမည်တူဝတ္တုတိုကိုပဲ ပြန်ရိုက်ထားတယ်။ Blind Willow, Sleeping Woman ဝတ္တုတိုကိုတော့ မနှစ်ကတင် အန်နီမေးရှင်းအဖြစ်ရိုက်ခဲ့ပါသေးတယ်။ Tony Takitani ထဲတော့ မူရာကာမိဝတ္တုတွေထဲက တွေ့ရများတတ်တဲ့ Element ဖြစ်တဲ့ သူ့စာရေးဆရာဘဝမစခင် မကင်းခဲ့တဲ့ ဂျတ်ဇ်ဂီတတို့ ဘာတို့ပါတယ်။ ဒီရုပ်ရှင်က တခြား မူရာကာမိဝတ္တုကို ရိုက်ထားတဲ့ကားတွေထက် ဝတ္တုကို အားပြုမှုတော်တော်ကြီးတယ်လို့ပြောလို့ရတယ်။ Narrative တွေလှိုင်လှိုင်သုံးပြီး ရုပ်ရှင်တစ်ကားကြည့်ရတဲ့ဖီလင်ထက် မူရာကာမိဝတ္တုတိုတစ်ပုဒ်ဖတ်နေရတဲ့ဖီလင်တော့ရတယ်။ ဇာတ်ကတော့ တိုနီတာခိတနိလို့ခေါ်တဲ့ လူတစ်ယောက်နဲ့ သူ့ခံစားချက်တွေအကြောင်းပါပဲ။ဇာတ်လမ်းအကြောင်းတော့ ဘာမှများများစားစား ပြောစရာမရှိပါဘူး။ မူရာကာမိဝတ္တုတိုတွေကို ကြိုက်တဲ့သူတွေကြိုက်ကြမယ့်၊ မူရာကာမိဝတ္တုတိုအရသာ အပြည့်အဝရတဲ့၊ သူ့ဝတ္တုတိုကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 620MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 15Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2004 77 mins
Tony Takitani
Deck the Walls
5.9

Deck the walls (2024) IMDb Rating (5.9) ဒီဇာတ်လမ်းလေးကတော့ ခရစ္စမတ်vibeအပြည့်နဲ့ ခရစ္စမတ် decorationတွေအများကြီးနဲ့ကိုမှ ဆောင်တွင်းလေးမှာအေးအေးဆေးဆေးကြည့်လို့ကောင်းမဲ့ကားလေးပါ။ ၁၅၀၀အချစ်တင်မကပဲ၅၂၈မေတ္တာတွေကိုပါထည့်သွင်းရိုက်ကူးပြထားတာမို့လို့ မိသားစုလိုက်တူတူကြည့်လို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဓိက‌ဇာတ်ဆောင်တွေဖြသ်တဲ့ စဲလ်နဲ့ရိုစ့်ဆိုတဲ့မောင်နှမနှစ်ယောက်ဆီကစမှာပါ။ သူတို့နှစ်ယောက်လုံးဟာ ဆောက်လုပ်ရေးနယ်ပယ်မှာကျွမ်းကျင်ကြတဲ့သူတွေပါ။ စဲလ်ကတော့ဆောက်လုပ်ရေးတစ်ခုပိုင်ရှင်ဖြစ်ပြီး ညီမဖြစ်သူရိုစ့်ကတော့ ချီကာဂိုမှာ သူ့ကိုယ်ပိုင်အိမ်တွင်းအလှဆင်လုပ်ငန်းကိုလုပ်ဆောင်နေသူပါ။ သူတို့မိဘတွေဆုံးသွားချိန်မှာတော့ ရိုစ့်ဟာချီကာဂိုကိုထွက်လာခဲ့တာဖြစ်ပြီးတော့ သူ့အစ်ကိုကတော့ဆိုလန်းဆိုတဲ့မြို့လေးမှာပဲကျန်နေရစ်ပြီး သူ့မိဘခြေရာကိုနင်းခဲ့ပါတယ်။ ဒီလိုနဲ့တနေ့မှာတော့ ခရစ္စမတ်အတွင်းမှာသူတို့မို့လေးရဲ့စံပြဖြစ်တဲ့ကျောင်းအုပ်တစ်ယောက်ကိုမြို့တော်ဝန်ကနေ အိမ်တစ်လုံးပေးဖို့စီစဉ်ခဲ့ပြီးတော့ ဒါကိုစဲလ်ရဲ့ဆောက်လုပ်ရေးကတာဝန်ယူရမှာပါ။ ဒီလိုနဲ့ညီမဖြစ်သူနဲ့အတူတူအတွင်းခန်းအလှဆင်ဖို့အကြောင်းဖန်လာချိန်မှာတော့ ရိုစ့်ကသူတို့ရဲ့အရင်အိမ်ကိုပြန်လာခဲ့ပြီးတော့ ကူညီခဲ့ပါတယ်။ ဒီလိုနဲ့စဲလ်ရဲ့လုပ်ဖော်ကိုင်ဖက်ကတချိန်တုန်းကရိုစ့်ကြိတ်ကြိုက်နေရသူဖြစ်နေပြီး အိမ်ကိုခရစ္စမတ်မတိုင်ခင် ဘတ်ဂျက်အတတ်နိုင်ဆုံးချွေတာပြီး အခက်ခဲတွေကြားကနေ မရရအောင်ပြုပြင်‌တာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာမို့လို့ ကိုယ်တိုင်ပဲရှုစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ C.M Min Htike ဖြစ်ပါတယ်။) File size…(1.8 GB) / (890 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:24:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by C.M Min Htike

Drama • Comedy • Romance
5.9 2024 84 mins
Deck the Walls
Into the Deep
5.5

နာမည်ကျော်ငါးမန်းရုပ်ရှင် Jaws ရဲ့မင်းသားကြီး Richard Dreyfuss ပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ထပ်ငါးမန်းရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ ငါးမန်းကားဆိုပေမယ့် အက်ရှင်ခန်းတွေ၊ တိုက်ခိုက်တာတွေနဲ့ ပစ်ခတ်တာတွေကို အသားပေးရိုက်ကူးထားတဲ့ အက်ရှင်ကားဖြစ်ပါတယ်။ ကတ်ဆီဒီဟာ ကလေးဘဝတုန်းက မျက်စိရှေ့တင် ငါးမန်းကိုက်ခံ ရပြီးသေဆုံးခဲ့တဲ့ဖခင်ကြောင့် ရေကိုလုံးဝကြောက်သွားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အဏ္ဏဝါဗေဒပညာရှင်ဖြစ်တဲ့ အဘိုးဖြစ်သူရဲ့ လေ့ကျင့်ပေးမှုကြောင့် ကတ်ဆီဒီတစ်ယောက် ငါးမန်းတွေကို လေ့လာတဲ့ အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တစ်ရက်မှာ လန်ဒန်အမျိုးသားပြတိုက်မှာအလုပ်လုပ်တဲ့ခင်ပွန်း ဖြစ်သူဂရက်က သမုဒ္ဒရာအောက်က သမိုင်းဝင်ရွှေပြားတွေကို ဆယ်ယူဖို့ ပြင်သစ်ကိုခရီးထွက်လာတဲ့အခါ ကတ်ဆီဒီလည်း လိုက်ပါလာခဲ့ပါတယ်။ ကိုယ့်အကြောက်တရားကိုယ် ရင်ဆိုင် ကျော်လွှားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့လိုက်လာတဲ့ကတ်ဆီဒီတစ်ယောက် ဂရက်တို့အုပ်စုနဲ့အတူ လိုက်ရေငုပ်ချိန်မှာတော့ ငါးမန်းဖြူကြီးတွေနဲ့ တည့်တည့်တိုးပါတော့တယ်။ တစ်ချိန်တည်းမှာပဲ မှောင်ခိုသမားတွေရဲ့လှေက ကတ်ဆီဒီတို့ကို ဖမ်းထားလိုက်ပြီး ငါးမန်းတွေရှိနေတဲ့ ရေအောက်ကမူးယစ်ဆေး အထုပ်တွေကို အတင်းအကြပ်ဆယ်ယူခိုင်းချိန်မှာတော့ ငါးမန်းတွေ အကြောင်းလေ့လာခဲ့တဲ့ကတ်ဆီဒီတစ်ယောက် သူလေ့လာထားတာတွေကို အသုံးချပြီး ငါးမန်းဖြူကြီးတွေလက်ကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ။ မှောင်ခိုသမားတွေလက်ကရော ဘယ်လိုရုန်းထွက်မှာလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.88GB) / (1.04GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Mystery • Animation • Family • Comedy
5.5 2025 90 mins
Into the Deep
Vice
5.1

Vice (2015) *************** ဒီကားကတော့ မင်းသားကြီး Bruce wills နဲ့ the punisher နဲ့ the mist တိုထဲက မင်းသားကြီး Thomas James တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ action , sci fi ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အပြင်လောကမှာလုပ်ရင် ရာဇဝင်မှုမြောက်ပြီး ဂျေးအောင်းရမယ့်ကိစ္စတွေကို တကယ် လုပ်နေရသလို ခံစားရအောင် လူချမ်းသာတွေအတွက် ဖွင့်ထားတဲ့ အဆောက်အဦကြီးတစ်ခု ရှိပါတယ်။ အဲဒီ အဆောက်အဦကြီးထဲမှာတော့ လူတွေအတိုင်း တစ်ထပ်တည်းခံစားနိုင်တဲ့ စက်ရုပ်မလေးတွေက ဆားဗစ်ပေးရပါတယ်။ အဲဒီ လုပ်ငန်းကြီးကို ပိတ်ပစ်ချင်လို အမြဲမျက်စောင်းထိုးနေတဲ့ စုံထောက်ကြီး Thomas James ရယ် .. အဆောက်အဦပိုင်ရှင် Bruce wills ရယ် .. ဒီကြားထဲ မှတ်ဥာဏ်တွေပြန်ရလာလို သူ့တည်ရှိမှူကို လက်မခံနိုင်တဲ့ ဆားဗစ်ပေးတဲ့ စက်ရုပ်မလေးရယ် .. ဒီသုံးယောက် ဘယ်လို လွန်ဆွဲကြမလဲဆိုတာကို action ခန်းတွေပိုင်ပိုင်နိုင်နိုင်နဲ့ sci fi တွေရဲ့ ထုံးစံအတိုင်း တအံ့တဩကြီး ကြည့်ရမှာပါ .. ။ (အညွှန်းကို Jiyeon မှ ရေးသားထားပါတယ်) File size…1.58GB / 679MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 36m Genre ….. Action, SciFi, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Jiyeon Encoded by AHtet

History • Drama • Comedy
5.1 2015 96 mins
Vice
A City of Sadness

၁၉၄၅ ခုနှစ် ဂျပန်တို စစ်ရှုးပြီးနောက် ထိုင်၀မ်ကျွန်းကို တရုတ်နိုင်ငံဆီပြန်အပ်ရချိန် ၅၁ နှစ်ကြာ ဂျပန်ပိုင်ဖြစ်ခဲ့တဲ့ ထိုင်၀မ်ဟာ ဂျပန်လက်ထဲက လွတ်မြောက်ခဲ့ရပေမဲ့ တခြားစစ်ပွဲတွေက ဆီးကြိုနေသေးတယ်။ အစိုးရအပြောင်းအလဲတွေကြောင့် ဖရိုဖရဲတွေဖြစ်နေတဲ့အချိန်မှာ ကံကြမ္မာဆိုးတွေကို တစ်ခုပြီးတစ်ခု ခါးစည်းခံရတဲ့ လင်းမိသားစု။ လင်းမိသားစုမှာ ‌သားယောကျာ်း ၄ ယောက်ထွန်းကားတယ်။ အကြီးဆုံးသားက အိမ်ထောင်ဦးစီးတာ၀န်ယူ၊ ဒုတိယမြောက်နဲ့တတိယမြောက်သားတွေက စစ်အတွင်းမှာ တပ်ထဲပါသွားခဲ့ပြီး ဒုတိယမြောက်သားက ဖိလစ်ပိုင်ကိုထွက်သွားခဲ့ရာကနေ စစ်ပွဲပြီးဆုံးသွားခဲ့ပေမဲ့ အိမ်ပြန်ရောက်မလာခဲ့။ တတိယမြောက်သားက စစ်ပွဲကရလာတဲ့စိတ်ဒဏ်ရာတွေကြောင့် တစ်ခါရူးရ၊ အိမ်ပြန်ရောက်ပြီး စစ်သားတွေနှိပ်စက်လို တစ်ခါပြန်ရူးရ၊ အငယ်ဆုံးသားလေးကတော့ ၈ နှစ်အရွယ်မှာ မတော်တဆဖြစ်ကာ နားကန်းခဲ့ရ။ ထိုင်၀မ်သားနဲ့ပြည်မသားတွေရဲ့ကြားက ပဋိပက္ခဖြစ်ပွားချိန် လင်းမိသာစုကြုံတွေ့ရဲ့အရာတွေကို လွမ်းမောဖွယ်တင်ဆက်ပြသပေးထားပါတယ်။ သမိုင်းနောက်ခံ စစ်အကြောင်းကိုရိုက်ထားပေမဲ့ ဒါရိုက်တာကြီး Huo Hsiao Hsein ရဲ့ထူးခြားပြောင်မြောက်ကာ သူမတူတဲ့စွမ်းရည်ကြောင့် လွမ်းဖွယ်အတိဖြစ်ကာ ဂန္တ၀င်မြောက်ခဲ့ရတယ်။ (ရုပ်ရှင်ကိုကြည့်ရှုခံစားပြီးလို soundtrack ကိုသဘောကျနှစ်ခြိုက်မိခဲ့သည်ရှိသော် – Soundtrack -S.E.N.S) File size…(2.2 GB)/(900 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:01:00 Genre… Tragedy, Comedy, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Family • Adventure
0 1989 158 mins
A City of Sadness
Blue Spring Ride
6.1

Blue Spring Ride (2014) ************************ IMDb…..6.1 “ငါတို့အားလုံးအတူတူ ကြည့်ခဲ့ရတဲ့ ဒီနေထွက်ချိန်လေးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” “အမှားလုပ်မိနေတာကိုက ဆယ်ကျော်သက်လူငယ်ဖြစ်နေလို့ပါပဲ” ဇာတ်လမ်းအကျဉ်း ယိုရှီအိုကာ ဖူတာဘာ အလယ်တန်းကျောင်းတက်နေစဉ်က ခို့တာနခ(ခို့မာဘူချီ) နဲ့ ကျောင်းမှာ ရင်းနှီးခဲ့ကြပါတယ်။ သာမန်ထက် ခံစားချက်ပိုလာသူ ခို့ဟာ ဖူတာဘာနဲ့ တွေ့ဖို့ ချိန်းထားခဲ့ပေမဲ့ မလာခဲ့ပါဘူး။ အဲဒီနေ့ကစပြီး ဖူတာဘာရဲ့ဘေးကနေ ခို့ပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းမရှိဘဲ နေလာခဲ့တဲ့ ဖူတာဘာဟာ အထက်တန်းရောက်တဲ့အချိန်မှာ သူငယ်ချင်းရဖို့ ကြိုးစားလိုက်လျောပြီး နေခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒီအချိန်မှာပဲ ခို့က ဖူတာဘာတို့ကျောင်းကို ပြန်ပြောင်းလာတဲ့အတွက် ပြန်ဆုံခွင့်ရခဲ့ပါတယ်။ ၄ နှစ်ကြာပြီးမှ ပြန်တွေ့ခဲ့ရတဲ့ ခို့ကို မေးစရာအများကြီးရှိနေပေမဲ့ ခို့ရဲ့ အေးစက်တဲ့ပုံစံတွေကြောင့် ဖူတာဘာလည်း ဇဝေဇဝါ ဖြစ်နေခဲ့ပါတယ်။ ခို့က ဖူတာဘာကို သူငယ်ချင်းအယောင်ဆောင်များနဲ့ သူငယ်ချင်းအစစ်အကြောင်းသိအောင် လမ်းပြပေးခဲ့ပါတယ်။ အထက်တန်းပထမနှစ်တွေထဲမှ အတန်းခေါင်းဆောင်သင်တန်းတက်ရောက်ဖို့စာရင်းတောင်းချိန်မှာ သူငယ်ချင်းအရင်းတွေရဖို့ နည်းလမ်းရှာနေသူ ဖူတာဘာ က စာရင်းပေးလိုက်တဲ့အခါ… ဖူတာဘာ မျှော်လင့်သလို သူ့ရဲ့ဆယ်ကျော်သက်ကျောင်းသားဘဝမှာ သူငယ်ချင်းအရင်းအချာများရလာပြီး အမှတ်တရအချိန်တွေ ဖန်တီးနိုင်မလား… Blue Spring Ride သည် ဘဝရဲ့ ပထမဆုံးအချစ်၊ သူငယ်ချင်းအချစ်၊ မိသားစုပြဿနာများနဲ့ ဆယ်ကျော်သက် လူငယ် ကျောင်းသား၊ ကျောင်းသူများရဲ့ ခံစားချက်အပေါ် ဖြေရှင်းကြပုံများ၊ လူငယ်ဘဝတွေကို တစ်သက်တာ အဖိုးတန်အမှတ်တရအဖြစ် သိမ်းထားနိုင်ဖို့ ကြိုးစားကြပုံများနဲ့ ဖန်တီးထားသည့် လူငယ်ပညာပေးဇာတ်လမ်း အမျိုးအစားဖြစ်ပါတယ်။ “Ao Haru Ride” Manga ကို ရုပ်ရှင်အဖြစ် ဆန်းသစ်ဖန်တီးပေးထားတဲ့ ဇာတ်လမ်းရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်လို့ ကြည့်ရှုခံစားစီးမျောနိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်။ (ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကတော့ Dao Phyo ပဲ ဖြစ်ပါတယ်။) File Size : 1.83GB/ 840MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:34:00 Genre : Comedy, Romance, Youth, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Dao Phyo Encoded by Tiff

Thriller • Drama • Crime • Action
6.1 2014 122 mins
Blue Spring Ride