YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

How I Fell In Love With A Gangster 2022 1080p (CM).mp4

2.98 GB N/A video/mp4 586 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Killer Design
7.5

“ခြေနှစ်ချောင်း မကယ်ကောင်း” ဆိုတဲ့ဆိုရိုးစကားတစ်ခု ကြားဖူးကြ မှာပေါ့။ ကယ်လိုက်တဲ့ ခြေနှစ်ချောင်းက ကိုယ့်ကိုပြန်ဒုက္ခပေးမိတာလည်း ဒုနဲ့ဒေးပေါ့။ အဲ့ဒီလိုပုံစံကို ရင်သပ်ရှုမောဖွယ်ဖြစ်အောင် လှလှပပလေး ဒီကားလေးမှာရိုက်ကူးထားပါတယ်။ ဂျိုဒီ့ကိုဓါးပြတိုက်တာကို ဝင်ဒီကဝယ်ကယ်ရင်းနဲ့ သူတို့နှစ်ယောက်စတင် သိကျွမ်းခဲ့ပါတယ်။ “လူတစ်ယောက်ရဲ့ဘဝကို တစ်ခါကယ်ပြီးရင် တစ်သက် လုံးတာဝန်ယူရတယ်”တဲ့... အဲ့ဒီစကားပုံကိုလက်ကိုင်ထားပြီး ဝင်ဒီတစ်ယောက် ဂျိုဒီကိုအဖက်ဖက်ကနေ ကူညီပေးခဲ့ပါတယ်။ ဂျိုဒီကလည်း ကျေးဇူးပြန်ဆပ်တဲ့ အနေနဲ့ အလုပ်လည်းပေးခဲ့တဲ့အပြင် နေစရာလည်းရှာပေးခဲ့ပါတယ်။ ဝင်ဒီကာကွယ်ပေးချင်တဲ့ ဂျိုဒီရဲ့သတို့သားလောင်းက ဖောက်ပြန်နေတာရယ်၊ ဂျိုဒီ့ရဲ့သူငယ်ချင်းက ပေါ့ပေါ့ပါးပါးနေတတ်သူမို့ ဂျိုဒီ့အတွက်ကောင်းကျိုးမပေး နိုင်ဘူးဆိုတာ သိသွားတဲ့အခါ... ဝင်ဒီက ဂျိုဒီ့ကိုဘယ်လိုကာကွယ်ပေးမလဲ ? ဂျိုဒီက ဝင်ဒီ့ကိုကယ်ခဲ့တာလား ? ဝင်ဒီက ဂျိုဒီ့ကိုကယ်ခဲ့တာလားဆိုတာတွေကို လှည့်ကွက်တွေနဲ့ကြည့်ရမှာမို့  တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.44 GB) / (464 MB) / (291 MB) Quality............WEB-DL 1080p /  720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Jo Jo Va Encoder..........SWM

Drama
7.5 2022
Killer Design
The Perfect Family
5.6

Comedy, Drama လူကုံတန်မိသားစုနဲ့ အခြေခံလူတန်းစား မိသားစု ၂ ခု ပေါင်းစပ်ကြတဲ့အခါ အမြဲတမ်း အချစ်တစ်ခုထဲနဲ့ ဦးစားပေးလို့ မရပါဘူး။ အမြဲတမ်း ရွှေဇွန်းကိုက်ပြီးမွေးလာခဲ့တဲ့ လူစီယာဟာ သူနဲ့အသိုင်းအဝိုင်းတူထဲက မီဂဲနဲ့ လက်ဆက်ပြီး ပါဘလိုဆိုတဲ့ သားတစ်ယောက်နဲ့ အပူအပင်ကင်းမဲ့တဲ့ အိမ်ထောင်သက်တစ်ခုကို ဖြတ်သန်းနေခဲ့တာ ပါဘလို အရွယ်ရောက်တဲ့အထိပါပဲ။ တစ်နေ့ ပါဘလို တစ်ယောက် အရွယ်ရောက်လို့ အတောင်စုံတဲ့အခါ သူရွေးချယ်လိုက်တဲ့ ကြင်ယာဖက်ဟာ သူတို့နဲ့အခြေအနေများစွာ ကွာလွန်းနေတဲ့ သာမန်မိသားစုက မိန်းကလေးကိုပါ ။ လူစီယာလည်း ဖြစ်လာမယ့် သူ့ချွေးမကို သဘောမကျနိုင်ဖြစ်ကာ တစ်ဖက်မိသားစုနဲ့ပါ ပဍိပက္ခလေးတွေဖြစ်လာပါတယ်။ ဒီအရာရာကွာခြားနေတဲ့ မိသားစု ၂ ခုကြားမှာ ဘယ်လိုမျိုး Perfect ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမယ့် ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) Genre.....Comedy Quality….1080p | 720p| 480p File size… Format…mp4 Duration….1h 50min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... August

Action • Crime • Drama • Thriller
5.6 2021 110 mins
The Perfect Family
Dual
6

IMDb - 6.2/10, Rotten Tomatoes - 72% ~ ဘာရောဂါနဲ့မှန်းမသိ သေတော့မယ့် ကောင်မလေးတစ်ယောက်ကို ဆရာ၀န်က သေဖို့သေချာနေပြီလို့ ပြောတော့ ကောင်မလေးက သူ့မှာ ဘာများရွေးချယ်စရာ ရှိသေးလဲလို့မေးတော့ ဆရာ၀န်ကပြန်ဖြေတယ်။ "မြေမြုပ်မလား မီးသင်္ဂြိုလ်မလား ရေထဲမျှောမလား ရွေးချယ်လို့ရပါတယ်"ဆိုပြီး သူသာဆို မြေပဲမြုပ်မယ့်အကြောင်း ဋီကာချဲ့ပြီးနောက် ကိုယ်သေသွားပေမဲ့ ကိုယ်ချစ်တဲ့သူတွေအတွက် ကိုယ့်ပုံတူကိုယ်ပွား အစားထားခဲ့လို့ရတဲ့အကြောင်း ကြော်ငြာစာရွက်ကလေးပေးလိုက်တယ်။ ဒီလိုနဲ့ ကောင်မလေးက ကိုယ်ပွားပွားပေးတဲ့ဆီ ကိုယ်ပွားသွားပွားတယ်။ Ethic စောက်ရမ်းရှိတဲ့ ဆရာ၀န်က ကိုယ်လုံးတီးဖြစ်နေတဲ့ သူ့ကိုယ်ပွားကို ဘူးသွားတာကလွဲ အားလုံးအဆင်ချောပါတယ်။ နောက်မှ ဆရာ၀န်က ဘာမှားလဲမသိပေမဲ့ မသေတော့ပါဘူး ကောက်လုပ်ပြန်တော့ ကောင်မလေးခဗျာ ကိုယ်ပွားကြီးအဖတ်တင်ပါရော။ ပြဿနာက ခုနကိုယ်ပွားက လူစစ်စစ်ပဲ။ စက်မဟုတ်ဘူး။ ဆိုတော့ သူ့ကိုဖျက်သိမ်းဖို့က သတ်ပစ်ရတာပဲ။ ဥပဒေအရ သေခါနီးလူမဟုတ်ရင် ကိုယ်ပွားပွားလို့ မရတော့ တစ်ယောက်ပဲရှင်ရမယ်။ ‌ဥပဒေအရပဲ ကိုယ်ပွားမှာလည်း ရှင်သန်ခွင့်ရှိတယ်။ ဒီတော့အဖြေက စီးချင်းထိုးပြီး မသေတဲ့တစ်ယောက်နေဖို့ပဲတဲ့။ စားပွဲပေါ်လက်နက်၅မျိုး ထားပေးထားတယ်။ ကြိုက်တဲ့လက်နက်ကို ရွေးပြီး ဆော်ရတယ်။ မသေမချင်း ဆော်ရတာပါ။ သေရင်သေ မသေရင် စုတ်ပြတ်သပ်တာပါပဲ။ မင်းသမီးက Karen Gillan ဆိုတော့ ဘယ်သူသေသေ နှမြောစရာပါပဲ။ ကိုယ်ပွားသေမလား မူလလူသေမလားတော့ ကြည့်ကြည့်ပေါ့။ အကွက်လေးတွေ လှပါတယ်။ ဟိုအကောင်းဆုံးစီးရီး Breaking Bad ထဲက ကတုံးအတွဲထဲက ကတုံးအငယ် Aaron Paul လည်းပါပါတယ်။ Sundance ပွဲမှာ နှစ်အစလောက်က ပြခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး Ratingလည်းမဆိုးသလို ဇာတ်လည်းလန်းတဲ့ ရုပ်ရှင်ပါပဲ။ Size - 1.32GB, 620MB Quality - 1080p, 720p Format - mp4 Duration - 1H 34Min Genre - Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Romance
6 2022 95 mins
Dual
Father & Soldier
5.9

Father & Soldier (2022) ~ IMDb – 5.9/10, Rotten Tomatoes – 86% ~ ဒီရုပ်ရှင်နာမည်က ပြင်သစ်လိုဆိုရင် “Tirailleurs” လို့ခေါ်ပါတယ်။ အဓိပ္ပာယ်အရဆိုရင် အဲဒီခေတ်က ရှေ့တန်းမှာသုံးတဲ့ အာဖရိကတပ်သားတွေကို ရည်ညွှန်းတာပေါ့။ သူတို့တာဝန်က ရှေ့တန်းမှာကင်းစောင့်ရတယ်၊ ပစ်စရာရှိရင်ရှေ့ဆုံးကပစ်ရတယ်၊ ကျဆုံးစရာရှိရင်လည်း ဒုတိယမဟုတ်ခဲ့ကြဘူး။ အကြမ်းသုံးစစ်သည်တွေလို့ ယူဆလို့ရပါတယ်။ ပထမကမ္ဘာစစ်ကာလတုန်းက ပြင်သစ်ဟာ သူတို့ရဲ့အာဖရိကန်ကိုလိုနီနိုင်ငံတွေဆီကနေ အဲဒီလိုအကြမ်းခံစစ်သားတွေကို ခေါ်သုံးခဲ့ပါတယ်။ အကြမ်းနည်းတဖုံ အနုနည်းတဖုံပေါ့။ အကြမ်းနည်းဆိုရင် အာဖရိကန်ရွာတွေကို ဝင်စီးတယ်။ လူငယ်တွေကို ပေါ်တာဆွဲတယ်။ တပ်ထဲထည့်တယ်။ အနုနည်းဆိုရင် မင်းတို့ဒီတိုက်ပွဲအပြီးမှာ ပြင်သစ်နိုင်ငံသားဖြစ်ပြီး အဆင့်အတန်းမြင့်မြင့်နေရမယ်လို့ဆွယ်တယ်။ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ။ ပြင်သစ်အလံတော်အောက်မှာ စတေးကြဖို့။ ဒီရုပ်ရှင်ကတော့ အဲဒီလို အမေ့လျော့ခံအာဖရိကန်စစ်သားတွေကို အမှတ်ရသောအားဖြင့်ရိုက်ကူးထားတဲ့ War, Drama ကားကောင်းလေးပါ။ ရုပ်ရှင်အကျဉ်းကတော့… ဆီနီဂေါက ရွာတစ်ခုမှာ ဘာကရီတို့မိသားစုလေးနေတယ်။ ပြင်သစ်တွေ ပေါ်တာစဆွဲပြီလို့ သတင်းတွေကြားတော့ ရွာက အဖေတွေက သူတို့သားတွေကို ပြင်သစ်တွေလာတဲ့အချိန်မှာ ဖွက်ထားကြဖို့ စီစဉ်ကြတာပေါ့။ ဒါပေမဲ့ ဘာကရီတစ်ယောက် ကံမကောင်းခဲ့ပါဘူး။ သူ့သားလေး သီယာနို ပေါ်တာဆွဲခံလိုက်ရတယ်။ ကိုယ့်သားသမီးအသက် ၆၀ ဖြစ်နေရင်တောင် မိဘဆိုတာ ကလေးလေးလိုပဲ မြင်တတ်ကြတာမဟုတ်လား။ ပေါ်တာဆွဲခံလိုက်ရတဲ့သားကို အဖေဖြစ်တဲ့သူက ဘယ်စိတ်ချပါ့မလဲ။ အဲဒါနဲ့ ဘာကရီတစ်ယောက် သားကိုကယ်ထုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူ့ဖာသာစစ်ထဲဝင်ဖို့ စာရင်းပေးလိုက်တယ်။ သူ့သားလေး ရှေ့တန်းမထွက်ရအောင် နည်းမျိုးစုံကြံတယ်။ တပ်ထဲဝင်ခါစကနေ သူလွတ်လမ်းရတဲ့အထိ သူ့သားလေးကို စစ်ပွဲထဲက အမြန်ဆုံးခေါ်ထုတ်သွားဖို့ကိုပဲ စိတ်လောခဲ့တယ်။ ဒီလိုနဲ့ သူတို့သားအဖ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ 2022 ကိန်းစ်ရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီး 2023 မှာမှ ပြင်သစ်မှာ စတင်ရုံတင်ပြသခဲ့ပါတယ်။ ဒါဟာ စစ်ပွဲအနိဋ္ဌာရုံတွေ၊ မိဘမေတ္တာတွေကိုဖော်ကျူးထားတဲ့ရုပ်ရှင်ဖြစ်ရုံတင်မကပါဘူး။ စစ်ပွဲရဲ့ မှောင်မိုက်တဲ့ဘက်ခြမ်းကိုပါ မီးမောင်းထိုးပြထားပြီး ချစ်ရသူတို့နဲ့ခွဲခွာရခြင်းအပြင် စစ်မြေပြင်မှာ ပြင်သစ်အလံတော်အောက်စတေးခဲ့ရသူ အမေ့လျော့ခံအာဖရိကန်စစ်သည်တို့အတွက် အောက်မေ့သတိရအထိမ်းအမှတ်တစ်ခုလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 38Min Genre – Action, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

5.9 2022
Father & Soldier
Cure
7.5

Cure (1997) ~ IMDb – 7.2/10, Rotten Tomatoes – 97% ~ Directed by “Kiroshi Kurosawa” Cure ရဲ့ ဒါရိုက်တာ ခိရိုရှိ ကူရိုဆာဝါကို ဂျပန်ရုပ်ရှင်ပရိသတ်တော်တော်များများလည်း ရင်းနီးလောက်ပါတယ်။ Japanese Horror Genre အကြောင်းပြောရင် မပါမဖြစ်ကိုထည့်ရမယ့် ဂုရုကြီးဖြစ်သလို လက်ရှိ ဂျပန်စီနီမာရဲ့ ဆရာတစ်ဆူလည်းဟုတ်တယ်။ ခိရိုရှိဟာ ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာနဲ့ ဝေဖန်ရေးသမားဖြစ်သလို Tokyo University of the Arts မှာ ပရော်ဖက်ဆာလည်း လုပ်နေတယ်။ တစ်နှစ်က အော်စကာရခဲ့တဲ့ ဂျပန်ရုပ်ရှင် Drive My Car ရဲ့ ဒါရိုက်တာ ရူဆုခဲဟမဂုချိလည်း အဲဒီမှာပဲ သူ့တပည့်ဖြစ်ခဲ့သလို သူ့လွှမ်းမိုးမှုလည်း ရှိခဲ့တယ်။ ခိရိုရှိဟာ Pulse, Creepy, Tokyo Sonata, Séance, Retribution နဲ့ Charisma တို့လို အောင်မြင်တဲ့ Thriller, Horror ကားတွေကိုလည်း ရိုက်ခဲ့တယ်။ Cure ဟာ ခိရိုရှိ ကူရိုဆာဝါရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်သလို ခိရိုရှိကူရိုဆာဝါဟာ Cure နဲ့ပဲ အင်တာနေရှင်နယ်ရဲ့ အာရုံစိုက်မှုကို စရခဲ့တယ်။ ရလည်းရသင့်ပါတယ်။ ပြောရရင် ဒီကားကို တစ်ချို့က Se7en နဲ့ ဆင်တယ်လို့ပြောကြတယ်။ မှားတော့လည်းမမှားဘူး ပြောရမှာပေမဲ့ ဒီလိုကားမျိုးရိုက်လို့ ဒီလိုမျိုးဆင်သွားတာက ဆန်းတော့ဆန်းမနေဘူး။ ဒါပေမဲ့လည်း Cure ဟာ Se7en ထက် တင်ဆက်ပုံ ပိုသိမ်မွေ့သလို Se7en ရဲ့ အလှဆုံးလို့ပြောကြတဲ့ ဇာတ်သိမ်းထက် ပိုအထာကျတဲ့ ဇာတ်လမ်းမျိုးပိုင်ထားတယ်လို့တော့ ပြောချင်တယ်။ လူတိုင်းအတွက်တော့ ဒီလိုဖြစ်နေမယ်မထင်ဘူး။ ဂျပန်ရုပ်ရှင်ရဲ့ တင်ဆက်ပုံနဲ့ ရင်းနှီးနေတဲ့ လူတွေအတွက်တော့ ဟုတ်လိမ့်မယ်။ ပါရာဆိုက်နဲ့အော်စကာရခဲ့တဲ့ ဘွန်းဂျွန်းဟိုကတော့ Cure ကို One of the Greatest Films of All Time လို့ ဆိုထားဖူးတယ်။ ဒီကားက ခိရိုရှိကူရိုဆာဝါနဲ့ Koji Yakusho ပထမဆုံး စတွဲရိုက်တဲ့ကားလည်းဟုတ်တယ်။ ခိုဂျိရဲ့ သရုပ်ဆောင်စွမ်းရည်ကို စပြနိုင်ခဲ့တဲ့ သူ့ရဲ့အစောပိုင်းကားတွေထဲက တစ်ကားလည်းဟုတ်တယ်။ ခိုဂျိဟာ ခိရိုရှိနဲ့ Pulse, Séance, Retribution, Charisma တို့လည်း ဆက်တွဲရိုက်ခဲ့တယ်။ အကုန်လုံးလည်း အောင်မြင်ခဲ့တယ်။ နောက်ပိုင်း သူဟာ Kore-eda တို့ Shinji Aoyama တို့နဲ့လည်း ရိုက်ခဲ့သလို တစ်နှစ်ကဆို Under the Open Sky လို သူ့သရုပ်ဆောင်စွမ်းရည်ကို ပြနိုင်တဲ့ကားမျိုးတွေ ရိုက်ခဲ့တယ်။ အင်တာနေရှင်နယ်အနေနဲ့ Memoirs of a Geisha တို့ Babel တို့ ဒီနှစ်ဆို Wings of Desire ဒါရိုက်တာ Wim Wenders နဲ့ Perfect Days ရိုက်ပြီး Cannes မှာပါ မင်းသားဆုရသွားတယ်။ သတိထားမိချင်မှ ထားမိမှာပေမဲ့ သူ့ကို ကျွန်တော်တို့ Tampopo လို ဂန္ထဝင်ကားမှာ စတွေ့နိုင်တယ်။ Cure ရဲ့ ဇာတ်ဟာ စုံထောက်နဲ့ စိတ္တဇလူသတ်သမား အပြိုင်ကြဲတဲ့ ဇာတ်လိုဇာတ်မျိုးပဲ။ ဒါပေမဲ့ ဒီနောက်ကွယ်မှာ စိတ်ရဲ့အစစ်အမှန်ဆိုတာနဲ့ ပေါင်းစပ်ထားတယ်။ ဒီလိုဆိုလို့ ကြောင်တောင်တောင် ဒိုင်တွေချည်း ထိုင်ရွတ်နေမှာလားဆိုတော့ မဟုတ်ဘူး။ မသိမသာလေးနဲ့ပဲ ကစားသွားတယ်။ ဒါကြောင့်လည်း တင်ဆက်ပုံက တော်တော်သိမ်မွေ့တယ်လို့ ပြောခဲ့တာပါပဲ။ ပြောရရင် ဒီထဲက လူသတ်သမားက လူသတ်နေတာတောင်မဟုတ်ဘူး။ လူတွေသေကြတယ်။ သေပုံတွေဆင်ကြတယ်။ ဒါပေမဲ့ သူတို့ကြား ဘာအဆက်အစပ်မှ ရှိမနေသလို သူတို့ကိုသတ်သွားတဲ့လူတွေဆိုတာကလည်း သူတို့ရဲ့ အရင်းနှီးဆုံး သူတို့အချစ်ဆုံးလူတွေချည်း။ ဒါပေမဲ့ စုံထောက်က မသင်္ကာဘူး။ ဒီကြားက အဆက်အစပ်ကို ရအောင်လိုက်ရှာတယ်။ တကယ်တမ်းလည်း အဆက်အစပ်က ရှိမနေဘူး။ ဒါပေမဲ့ ဘာအကြောင်းနဲ့ ဒီလူတွေ ဒီလိုဖြစ်ကြလဲဆိုတာကို စုံထောက်က‌ တွေ့သွားတယ်။ ဒါပေမဲ့လည်း သူလက်လှမ်းမမီပြန်တဲ့အရာပေါ့။ ဒါကို သူဘယ်လိုဖြေရှင်းမလဲ ကြည့်ရမယ့်ဇာတ်ပေါ့။ ဒီဟန်ကို ဘန်နီဒစ်ကမ်ဘားဘတ်ရဲ့ ရှားလော့အပိုင်းတစ်ပိုင်းမှာလည်း သုံးသွားဖူးတယ်။ ဘယ်အပိုင်းလဲတော့ စပွိုင်လာဖြစ်မှာစိုးလို့ မပြောတော့ဘူး။ ၂ခုလုံးကြည့်ဖူးရင် သိမှာပါပဲ။ နိဂုံးချုပ်ရရင် Cure ဟာ သိမ်မွေ့တယ် သိချင်စရာကောင်းတယ်။ ကြက်သီးထစရာကောင်းတယ်။ အေးစက်တယ်။ အေးစက်တာနဲ့မလိုက်အောင်ဘဲ Cure ဟာ အားရစရာကောင်းတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.25GB, 970MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 51Min Genre – Crime, Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.5 1997 112 mins
Cure
The Love Story
5.8

CM ချစ်ပရိသတ်တွေအတွက် ရယ်စရာ မောစရာ ဟာသ ပညာပေးဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… အခုလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ live လွှင့်ခြင်း အနုပညာဟာ ရိုးရာတစ်ခုလို ဖြစ်လာပါပြီ ဒီဇာတ်ကားလေးထဲမှာလဲ ဆောက်လုပ်ရေးက နေ့စားသမားလေးဟာဆိုရင် အရက်မူးပြီး သူ့ကို လောင်ကုန်း လောင်ကုန်းခေါ် ချွဲနေတဲ့ အွန်လိုင်းက ချွမ်ရှောင်းကို သူ့ကို သူဌေးက အားလုံးအတွက် ပေးဖို့ ပေးထားတဲ့ အလုပ်လစာ ၂ သိန်းကို မူးမူးနဲ့ လက်ဆောင်တွေ ပေးလိုက်တယ်လေ… အဲ့တာကို ပြန်တောင်းဖို့ကြိုးစားချိန်မှာပဲ ချွမ်ရှောင်းကလည်း သူ့ဆီကို တခြားအကြံတစ်ခုနဲ့ ကပ်လာတာကြောင့် သူတို့ ၂ ဦးသား ခရီးတစ်ခုကို အစီစဉ်မရှိ ရုတ်တရက် ထွက်သွားဖြစ်ခဲ့တာပေါ့… ကဲ ချွမ်ရှောင်းက ဘာအကြံနဲ့ သူ့ဆီချဉ်းကပ်တာလဲ… နောက်ပြီး အကြံစည် အောင်မြင်မှာလား… ဒီခရီးလမ်းက ဘယ်လို ပြီးဆုံးမှာလဲ… ကဲ ဇာတ်ကားလေးကြည့်ရင်း အဖြေဖော်ထုတ်လိုက်ကြရအောင်~

5.8 2022
The Love Story
October Sky
7.8

IMDb 7.8 နဲ့ Rotten Tomatoes 91%အထိရရှိခဲ့တဲ့ NASA legend ကြီးတစ်ဦးဖြစ်တဲ့ ဟိုမာဟစ်ကမ်ရဲ့ ငယ်ဘ၀အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ “ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုပဲ စိတ်၀င်စားတဲ့ ဟိုမာဟစ်ကမ် သို့မဟုတ် အောက်တိုဘာကောင်းကင်ယံက ဆိုဗီယက်ဂြိုဟ်တုကိုငေးကြည့်ရင်း ဒုံးပျံအိပ်မက် မက်ခဲ့တဲ့ သတ္တုတူးသမားတစ်ဦးရဲ့ သား” အချိန်ကာလအားဖြင့် ၁၉၅၀ခုနစ်၊ ဟိုမာဟာ ကိုးလ်ဝုလို့ခေါ်တဲ့ ကျောက်မီးသွေးတူးတဲ့အလုပ်နဲ့အသက်မွေးကြတဲ့ မြို့ငယ်လေးက လူငယ်လေးတစ်ဦးဖြစ်တယ်။ ဟိုမာရဲ့အဖေဖြစ်သူက ကိုးလ်ဝုကျောက်မီးသွေးတွင်းရဲ့ပိုင်ရှင်တစ်ဦး။ ဟိုမာတို့မြို့ငယ်လေးမှာ ပညာရေးအတွက် ရွေးချယ်စရာများများစားစားမရှိ။ အထက်တန်းပြီးသွားရင် ပညာသင်ဆုနဲ့ မြို့ကြီးတွေမှာ ကောလိပ်သွားတက်ရင်တက် မတက်ရင်တော့ အများစုက ကိုးလ်ဝုရဲ့ကျောက်မီးသွေးတွင်းထဲမှာပဲ သတ္တုတူးသမားအဖြစ် ၀င်ရောက်လုပ်ကိုင်ကြတာများတယ်။ ဒါပေမဲ့ တစ်နေ့မှာ နာဆာကိုရောက်မယ့် အင်ဂျင်နီယာလောင်းဟိုမာကတော့ သတ္တုတွင်းထဲမသွား၊ ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုသာ စူးစမ်းချင်သူတစ်ဦး။ ဟိုမာဟာ ရေဒီယိုကနေ ဆိုဗီယက်ပြည်ထောင်စုရဲ့ စပတ်ခ်နစ်ခ်လို့အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး လူလုပ်ဂြိုဟ်တုကို အာကာသထဲ လွှတ်တင်လိုက်နိုင်ပြီဆိုတဲ့ သတင်းကိုကြားပြီး ဒုံးပျံတည်ဆောက်ချင်စိတ်တွေ တဖွားဖွားပေါ်သွားတယ်။ ဒီလိုနဲ့ ဟိုမာနဲ့အတူ အိုဒဲလ် ကွင်တန် နဲ့ ရွိုင်လီတို့ဟာ ဒုံးပျံသိပ္ပံနဲ့ လားလားမှမအပ်စပ်တဲ့မြို့‌ငယ်လေးမှာ ဒုံးပျံတွေကိုအားမပေးတဲ့ ဟိုမာရဲ့အဖေဖြစ်သူရဲ့ ဆန္ဒကိုလွန်ဆန်ပြီး မလျှော့တဲ့ဇွဲနဲ့ လက်လုပ် အပျော်တမ်းဒုံပျံအသေးစားလေး‌တွေကို တည်ဆောက်ကြရင်းကနေ တစ်ချိန်မှာ ဒီလူငယ်လေးဦးရဲ့အနာဂတ်ဟာ ဘယ်လိုများပြောင်းလဲသွားမလဲ။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ မကြုံ‌တွေ့ခဲ့ရဖူးတဲ့ ၁၉၅၀ခုနစ်များရဲ့ အောက်မေ့ဖွယ်ရာငယ်ဘ၀ကို ပြန်လည်ခေါ်ဆောင်သွားပေးလိမ့်မယ်။ အောင်မြင်သူဉာဏ်ကြီးရှင်တို့ရဲ့ စေ့ဆော်မှု မလျှော့တဲ့ ဇွဲ လုံ့လ တွေကိုမီးမောင်းထိုးရိုက်ကူးပြထားတယ်။ အားတက်စရာ အတုယူစရာရုပ်ရှင်ကောင်းဖြစ်တာမလို့ ကလေးလူကြီး‌မရွေး ကြည့်ရှုဖို့သင့်တဲ့ရုပ်ရှင်ဖြစ်တယ်။ ဟိုမာနေရာမှာသရုပ်ဆောင်ထားတဲ့ Donnie Darko, Southpaw, The Covenant အစရှိတဲ့ နာမည်ကြီးရုပ်ရှင်တွေရဲ့ သရုပ်ဆောင် Jake Gyllenhaal ဟာ ဒီရုပ်ရှင်ထဲမှာ အသက် ၁၇နှစ်အရွယ်သာ ရှိပါသေးတယ်။ စ လယ် ဆုံး အပြစ်ပြောစရာမရှိဘဲ ဇာတ်လမ်းအဆုံးအထိ ကြည့်ရှုသူရဲ့စိတ်အာရုံကို ဆွဲဆောင်သွားမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာမလို့ သေချာပေါက် မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Biography, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7.8 1999
October Sky
Just for Showmance
6.6

အခုခေတ်မှာအင်တာနက်တွေကိုလူတိုင်းသုံးလာတာနဲ့အမျှ အွန်လိုင်း Influencer ဆိုတာကလည်းအလုပ်တစ်ခုဖြစ်လာပါပြီ။ကိုယ့်ကိုယ်ကိုယ် နာမည်ကြီးသထက်ကြီးအောင်ကြိုးစားရင်း ထုတ်ကုန်တွေထုတ်ရောင်းတာ စပွန်ဆာတွေကြော်ငြာပေးတာအစရှိသဖြင့်နဲ့ငွေဝင်လမ်းကြောင်းရှာဖွေရပါတယ်။ အခုတင်ဆက်ပေးမဲ့ Just For Showmance ဆိုတဲ့ဇာတ်ကားထဲက တယ်ရာဆိုတဲ့ အမျိုးသမီးကလည်း Influencer တစ်ယောက်ဖြစ်ပြီး ဒီနေ့မှာပဲသူ့ရဲ့ Skincare တွေကိုပွဲထုတ်ရောင်းချခဲ့ပါတယ်။အဲ့ဒီအပြင်ကိုမှ သူ့မှာ တီဗီအစီအစဉ်တင်ဆက်သူဖြစ်ချင်တဲ့အိပ်မက်လည်းရှိပြီး လူရွေးပွဲ တွေလည်းဝင်ရွေးခံထားပါတယ်။ဒါပေမယ့် သူက လိုအပ်သလောက်နာမည် သိပ်မကြီးတဲ့အတွက် သူ့ပစ္စည်းတွေအများကြီးမရောင်းရတဲ့အပြင် တီဗီအစီအစဉ် တင်ဆက်သူဖြစ်ဖို့လည်းရွေးချယ်မခံရပါဘူး။အဲ့ဒီအချိန်မှာပဲကံကောင်းစွာနဲ့ Happily Ever After ဆိုတဲ့အစီအစဉ်တစ်ခုမှာပါဝင်ဖို့ သူ့ဆီဖုန်းဆက်လာခဲ့ ပါတယ်။Happily Ever After ဆိုတာကတစ်ခါမှ မမြင်မတွေ့ဖူးတဲ့သူ နှစ်ယောက်ကို လက်ထပ်ပေးတဲ့တီဗီရှိုး အစီအစဉ်တစ်ခုဖြစ်ပြီး အဲ့ဒီမှာပါဝင်ရင် နာမည်ကြီးမှာ မလို့တယ်ရာလည်း နှစ်ခါပြန်စဉ်းစားမနေပဲ လက်ခံလိုက်ပါ တော့တယ်။ဒါပေမယ့် သူ့ရည်ရွယ်ချက်က နာမည်ကြီးလာဖို့ပဲဖြစ်ပြီး လက်ထပ်ဖို့ မဟုတ်တဲ့အတွက်သူနဲ့ချိတ်ပေးမဲ့ လူကိုစုံစမ်းပြီးသွားညှိနှိုင်းခဲ့ ပါတော့တယ်။သူနဲ့ချိတ်ပေးမဲ့ လူကတော့ကျေးလက်မှာ နေထိုင်တဲ့ဂျိုးဆိုတဲ့ မုဆိုးဖိုကလေးအဖေလူရိုးလေးဖြစ်ပြီး သမီးလေးတစ်ယောက်ရှိပါတယ်။ အဲ့ဒီသမီးလေးကသွက်လက်ပြီး သူ့အဖေကိုအတင်းတိုက်တွန်းတာကြောင့် ဂျိုးလည်းလက်ခံလိုက်ရပြီး တကယ်တမ်းသူတို့ကြားမှာ သံယောဇဉ်တွေ တွယ်လာကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို Romantic ဆန်ဆန်ကြည့်ရှုရမဲ့ IMDb Rating 6.9 ရရှိထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…1.72 GB / 693 MB Quality…AMZN WEB-DL 1080p / 720p Format…mp4 Duration….1h 23m Genre ….. Romance , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.6 2023
Just for Showmance
[18+] Maps to the Stars
6.2

ဒီရုပ်ရှင်က ( New Years Eve ၊ Valentines day) တို့လို Parallel Scene တွေနဲ့ရုပ်ရှင် Genre မျိုးပါ။ အဲ့ရုပ်ရှင်တွေလိုတော့ ပျော်ဖို့ကောင်းပြီး ကြည့်ရတာ Fun ဖြစ်စေမှာမဟုတ်ဘဲ Deep and Dark ဖြစ်တာကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်လို့ကောင်းစေမယ့် ရုပ်ရှင်ပါ။ ဇာတ်ကောင်တွေရဲ့ တစ်ပြိုင်တည်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကနေ အချင်းချင်း တစ်မျိုးတစ်ဖုံ ဆက်စပ်နေတာကို Thriller, Psychopath ရိုက်ပြထားပါတယ်။ LA မြို့မှာရှိတဲ့ သရုပ်ဆောင်တွေ၊ ကြယ်ပွင့်တွေရဲ့ ဖြစ်လေ့ဖြစ်ထ ပြဿနာတွေ၊ စရိုက်တွေနဲ့ ရုပ်ရှင်ကားတွေရဲ့နောက်ကွယ်က အမှောင်ခြမ်းတွေကို စိတ္တဇဆန်ဆန် ဝတ္ထုဇာတ်လမ်းအချို့ကို ထည့်ပေါင်းရိုက်ကူးထားပါတယ်။ မင်းသားချော Robert Pattinson အပြင် အသက်အရွယ်ရလာသည့်တိုင် လူကြီးတွေသာမက လူငယ်တွေကိုပါ ဖမ်းစားနိုင်တဲ့ အလှပိုင်ရှင် မင်းသမီးကြီး Julianne Moore တို့ ပါဝင်အားဖြည့်ထားပါတယ်။ တချို့ အခန်းတွေက ၁၈ ယောက်ပေါင်းကြည့်ရတဲ့ အခန်းတချို့နဲ့ အင်းစက်ဆန်ဆန်ဇာတ်လမ်းမျိုးတွေပါဝင်လို့ မိသားစုနဲ့ အတူကြည့်ရှုဖို့ မသင့်တော်ပါဘူး ဇာတ်လမ်းအကျဉ်း LA ကို ဖလော်ရီဒါကနေပြောင်းလာတဲ့ Agatha ,(Mia Wasikowska) ဇိမ်ခံကား မောင်းရင်း အချိန်ပိုင်းသရုပ်ဆောင်လုပ်နေတဲ့ Jarome (Robert Pattinson) တက်သစ်စကြယ်ပွင့် သရုပ်ဆောင်ဖြစ်ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ မူးယစ်ဆေးပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ Benji နဲ့ သူ့ရဲ့ မိဘတွေ (John Cusack , Olivia Williams) အမေဖြစ်သူ သရုပ်ဆောင်မင်းသမီးကြီးကြောင့် ရခဲ့တဲ့စိတ်ဒဏ်ရာတွေကို ကုစားရင်း မိခင်ဖြစ်သူရိုက်ခဲ့တဲ့ ရုပ်ရှင်ကို ပြန်သရုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတဲ့ Havana Segrant ( Julianne Moore) စတဲ့ ဇာတ်ကောင်တွေက တစ်နည်းနည်းနဲ့ တစ်ယောက်ကိုတစ်ယောက် ဆက်နွယ်နေကြပြီးတော့ ဘယ်လို ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦးခင်ဗျာ….. File size…(1.4 GB)/(690 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:51:00 Genre… Comedy, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

6.2 2014
[18+] Maps to the Stars
Persona
8

Persona ( 1966 ) Personaက Ingmar Bergmanရဲ့ အကောင်းဆုံးတွေထဲပါသလို ခေတ်အဆက်ဆက် ရုပ်ရှင်ဒါရိုက်တာတွေ ဒီစတိုင်မျိုး တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပြန်ဖော်ထုတ်ကြတာကိုလည်း ခဏခဏခံခဲ့ရတဲ့ ရုပ်ရှင်ပဲ။ ထင်ထင်ရှားရှားကတော့ ဒေးဗစ်လင်းရဲ့ မူဟော်လန်ဒရိုက်ဗ်တို့ ဘာတို့ပေါ့။ စတိုရှိခွန်တို့ စကောဆေးစိတို့လည်း ကင်းခဲ့မယ်လို့ ကျွန်တော်တော့မထင်ဘူး။ ဒီလိုပါပဲ။ ဘာမှအသစ်မရှိတဲ့ သမိုင်းတစ်လျှောက်မှာ ဒါလည်း မဆန်းပါဘူး။ အင်ဂမာဘာ့ခ်မန်းကို ကျွန်တော်အလေးစားဆုံးအပိုင်းက သူ့အနုပညာကို သူ့အတွက်ပဲသူလုပ်တဲ့ အမှုကိုပဲ။ ဘာ့ခ်မန်းက အစောပိုင်းကာလတွေမှာတော့ သူ့ရုပ်ရှင်ရိုက်တဲ့အပိုင်းမှာ ပရိသတ်ဆိုတဲ့အပိုင်းကို ထည့်တွေးခဲ့ပေမဲ့ နောက်ပိုင်းတော့ ရုပ်ရှင်ကို သူ့အတွက်ပဲ သူရိုက်တော့တယ်လို့ ပြောခဲ့တယ်။ သူ့ခံစားချက် သူ့အနုပညာကို သူစီးကူးချင်လို့ပဲ ရိုက်တော့တယ်လို့ပြောခဲ့တယ်။ ဘာ့ခ်မန်းဟာ အော်စကာဆန်ခါတင်ဝင်တာကိုတောင် ငြင်းခဲ့တဲ့အတွက် သူ့ရုပ်ရှင်တွေဟာ သူ့အတွက်သူလုပ်တာလို့ပဲ ယုံခဲ့တဲ့လူမျိုးပဲ။ ဘယ်သူ့မှတ်ကျောက်မှ အတင်ခံစရာမလိုလို့လည်းဖြစ်နိုင်တယ်။ မသိနိုင်ဘူး။ ဝူဒီအယ်လန်ကလည်း Personaကို မှီးပြီး Stardust Memories (1980)ကို ရိုက်ခဲ့ဖူးသလို ဘာ့ခ်မန်းကို လေးလည်းလေးစားသလို လူချင်းလည်းတွေ့ဖူးတဲ့သူပဲ။ သူလည်း မထူးဘူး။ ‌အော်စကာကို ငြင်းတော့မငြင်းခဲ့ပေမဲ့ သူရခဲ့တဲ့လေးဆုလုံးကို သူသွားလည်းမယူခဲ့ဘူး။ သူလည်း အလားတူ သူ့အတွက်ပဲသူရိုက်ပုံပါပဲ။ သူ့ပြဿနာနဲ့သူ အမေရိကန်ရုပ်ရှင်လောကမှာ ခြေချဖို့မဖြစ်နိုင်တော့ပေမဲ့ ပရိသတ်လက်ခံမှုတော်တော်ပျက်သွားပေမဲ့ ပြင်သစ်မှာ အခုထိရိုက်ကောင်းတုန်းပဲ။ ဘာ့ခ်မန်းရဲ့ ရုပ်ရှင်တွေကတော့ ပုဂ္ဂလိက ပိုဆန်မလားပဲ။ သူ့ရုပ်ရှင်တွေဟာ အမြဲ သူ့အမေးတွေနဲ့ပဲ ပြည့်နှက်နေခဲ့တယ်။ သူ့ရုပ်ရှင်တွေဟာ သူ့ရှေ့က ဘယ်ဒါရိုက်တာနဲ့မတူတဲ့ အကြောင်းအရာတွေကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်တွေများတယ်။ သေခြင်း ယုံကြည်မှု လူ့ဆက်ဆံရေးတို့ကို အမြဲမေးခွန်းထုတ်ထားတယ်။ Personaကလည်း အဇ္စျတ္တနဲ့ အစစ်အမှန်တရားကို မေးခွန်းထုတ်ထားတဲ့ ရုပ်ရှင်လို့ပြောလို့ရတယ်။ Personaဆိုတာ maskဆိုတဲ့ အဓိပ္ပာယ်လည်းရနေတယ်။ ဘာ့ခ်မန်းအဆိုအရတော့ ကျွန်တော်တို့ရဲ့ ပြုခြင်းပြောခြင်း ထိတွေ့ခြင်း အရာရာက အစစ်အမှန်တရားမဟုတ်ဘူးတဲ့။ ငြိမ်သက်ခြင်းကတော့ အစစ်အမှန်တရားတစ်ခုတည်းသော ပုံစံဖြစ်နိုင်တယ်တဲ့။ ဒါကြောင့် ဒီရုပ်ရှင်ထဲက ဇာတ်ဆောင်ဟာ စိတ်‌ရော ကိုယ်ရော ကျန်းမာနေလျက်ပါနဲ့ ပြောခြင်းပြုခြင်းတွေနဲ့ ကင်းအောင်နေခဲ့တယ်။ ဒါကို ဆရာဝန်တွေက ကုပေးဖို့ကြိုးစားတာနဲ့ ဒီရုပ်ရှင်ကို စဖွင့်ထားတယ်။ ဘာ့ခ်မန်းဆက်ပြောတာက… နောက်တစ်ဆင့်ထပ်တွေးကြည့်မယ်ဆိုရင်လည်း ဒီလိုမပြုမပြောဘဲနေတာကိုကလည်း မျက်နှာဖုံးတစ်မျိုးဖြစ်နေတာကို မြင်ရလိမ့်မယ်တဲ့။ ဒီရုပ်ရှင်ဟာ အဲဒီနောက်တစ်ဆင့်ရဲ့ မျက်နှာဖုံးကို ခွာချတဲ့အကြောင်းလို့ပြောရင်လည်း ရတယ်။ မရှိမဖြစ်အတုတွေနဲ့ လည်ပတ်နေတဲ့အရာကို ကမ္ဘာလို့ ငါတို့ခေါ်တယ်။ အမြဲမဟုတ်တောင် တစ်ခါတလေတော့လည်း ငါတို့ထဲကအများစုကတော့ ဒါကိုမြင်ခဲ့ကြတယ်။ ဘယ်သူမှတော့ ဒါကိုအကြာကြီးမစွဲကြဘူး။ အကြာကြီး မတွေးကြဘူး။ စွဲလိုက်မိရင်လည်း ငါတို့ကမ္ဘာကြီးက ပြိုကျသွားလိမ့်မယ်။ ငါတို့ထက်တော်တဲ့လူတွေ မသိခဲ့ကြဘူးမဟုတ်ဘူး။ တစ်ချို့တလေကတော့ ငြိမ်သက်ခဲ့ကြတယ်။ သက်ငြိမ်ကလည်း ဒီကမ္ဘာက မလွတ်မြောက်နိုင်သေးတဲ့ လွတ်မြောက်ချင်ယောင်ဆောင်ထားတဲ့ နောက်ထပ်အတုတစ်ခုပဲ။ “ရောင်စုံစွန်းထင်းခဲ့တဲ့စိတ်ကို ဖြူစင်အောင်ပြန်ဖွတ်လည်း” ဒါတကယ်ဖြူစင်ခြင်း ဟုတ်ပါ့မလား။ ဖြူစင်ခြင်းကရော ရှိပါ့မလား။ တစ်ချိန်တည်းမှာပဲ အသစ်တစ်ခုကြောင့် အဟောင်းတစ်ခုက အတုဖြစ်သွားမယ်ဆို အသစ်တစ်ခုကလည်း အတုပဲလို့ ထင်ကောင်းထင်ရနိုင်တယ်။ ဒါပေမဲ့ ငါတို့ယုံကြည်ထားတဲ့ ခံစားချက်ရဲ့စစ်မှန်ခြင်းအရတော့ စစ်နေရင် ဒါတွေဟာ အတုတွေဟုတ်ပါ့ဦးမလား။ ဒါမှမဟုတ် အဲဒီခံစားချက်ကလည်း ငါတို့ဉာဏ်မမီနိုင်တဲ့ အတုတစ်ခုပဲလား။ စိတ်မှာရော အဆုံးရှိပါ့မလား။ ဒီအချိန်ငါ့အတွေးဟာ”အမည်မရှိရေတံခွန်”။ ” ဘယ်တုန်းကမှလည်း မမိခဲ့ဖူးဘူး”။ ဒီတိုင်းပဲ ထားလိုက်ရပါတယ်။ ဘာကမမှန်ပေမဲ့ အားလုံးမှားသွားတဲ့အခါကျရင် အားလုံးပြိုလဲကြရမှာမို့ပါ။ ဒီဒုက္ခဟာ ငါနဲ့ငါ့အတွက်ပဲ ဖြစ်ပါစေပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်) Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.55GB | 1.15GB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

8 1966
Persona
Horrible Bosses
6.9

Horrible Bosses (2011) Extended Cut Version IMDb Rating (6.9) / Rotten Tomatoes (69%) အလုပ်ရှင်သူဌေးကို လုပ်ကြံမယ့် ဝန်ထမ်းတွေလာပါပြီ…. သရုပ်ဆောင်ကလဲ နာမည်ကြီးတွေဖြစ်သလို တကယ်လဲရယ်နေရတဲ့ Dark Comedy ရုပ်ရှင်ကားတွေပါ။ ဇာတ်လမ်းကတော့……. နစ်ခ် ကာ့တ် နဲ့ ဒေးလ် ဆိုတဲ့ သူငယ်ချင်း သုံးယောက်ရှိကြပါတယ်… သူတို့က မတူညီတဲ့ ပတ်ဝန်းကျင်း တစ်ခုစီမှာ ကိုယ်ပိုင်ရာထူးတစ်ခုစီနဲ့အလုပ်လုပ်နေကြပြီး သက်ဆိုင်ရာ သူတို့ရဲ့ အလုပ်မှာ အလုပ်ကြိုးစားကြပေမယ့် အဆင်မပြေကြတဲ့ သူတွေပေါ့ အဓိကအကြောင်းကတော့ ဆိုးရွားတဲ့ အလုပ်ရှင်သဌေးတွေကြောင့်ပါပဲ နစ်ခ် ကတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ သူအလုပ်ကြိုးစားပေမယ့် အကျင့်မကောင်းတဲ့ အလုပ်ရှင်ကြောင့် အမြဲတမ်း အညစ်ခံနေရသူပါ ကာ့တ် ကတော့ အလုပ်ရှင်ရ ကံကောင်းခဲ့ပေမယ့် ကံမကောင်းစွာပဲ သဘောကောင်းတဲ့ အလုပ်ရှင် သေဆုံးခဲ့ပြီး အလုပ်ရှင်သား ဆေးသမားက သူ့အထက်လူကြီး ဖြစ်လာခဲ့ပါတယ် ဒေးလ် ဆိုတဲ့ သွားဆရာဝန်လက်ထောက်ကလေးကတော့ သူအလုပ်လုပ်နေတဲ့ သွားဆေးခန်းမှာ သွားဆရာဝန်မရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံနေရတဲ့သူပေါ့.. သူကတော့ ချစ်သူအပေါ် သစ္စာရှိချင်သူဆိုတော့ သူ့အတွက် ဒုက္ခဖြစ်လာခဲ့တယ် ပြဿနာပေါင်းစုံနဲ့ သူငယ်ချင်းသုံးယောက်ဟာ သည်းမခံနိုင်တော့တဲ့အဆုံး သူတို့အလုပ်ရှင်တွေကို သတ်ဖို့ ကြိုးစားကြပါတော့တယ်… ရယ်မောစရာနဲ့ ရင်ထိတ်စရာ မှုခင်းဟာသကားဖြစ်ပြီး ညစ်ညမ်းတဲ့ဟာသစကားလုံးတွေပါလို့ မိသားစုနဲ့တော့ ကြည့်လို့မပြေလောက်ပါဘူး။ Horrible Bosses (2011) နဲ့ Horrible Bosses 2 (2014) ၂ ကားရှိပြီး ၂ ကားလုံးကို CM မှာ တင်ဆက်ထားပါတယ်။

Comedy
6.9 2011 98 mins
Horrible Bosses
Till Love Do Us Apart
5.8

လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ကိုယ်လက်အင်္ဂါမပြည့်စုံကြတဲ့လူတွေကို ဖယ်ကျဥ်းနေကြစမြဲဆိုတဲ့အရာကိုမီးမှောင်းထိုးပြထားတဲ့ Till love do us apart ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဖူကျားယိဆိုတဲ့အသက် ၃၀ အရွယ်ဝန်းကျင်ကောင်မလေးကမွေးရာပါလက်နှဖက်မပါတဲ့ မသန်စွမ်းတစ်ယောက်။ သူနဲ့အတူအကြားအာရုံချို့တဲ့နေတဲ့ ဖူမန်သော်ဆိုတဲ့မောင်လေး ၂ ယောက်လုံးက မသန်ပေမဲ့ စွမ်းတယ်ဆိုတဲ့အတိုင်းအရမ်းကြင်နာတတ်ပြီးစိတ်ထားကောင်းကြတဲ့ မောင်နှမ ၂ ယောက်။ ဒီလိုနဲ့တနေ့မှာဖူမန်သော်ကိုအနိုင်ကျင့်တဲ့ အစ်ကိုမန်ဆိုတဲ့လူက ဖူကျားယိနဲ့ မာကျောက်ဆော့ရင်းရူံးသွားခဲ့တယ်။ဒါပေမဲ့ မကျေနပ်ပဲ ဖူကျားယိကိုမိဘမဲ့ အကြည်းတန်လှောင်ပြောင်စော်ကားမိတာကြောင့် ဖူကျားယိတစ်ယောက်စိတ်ဆိုးလို့ အရက်သောက်ပြီးအိမ်ပြန်လမ်းမှာ အမှိုက်ပုံးထဲက ကလေးငိုသံကြားလို့သွားကြည့်ရင်း သမီးမိန်းကလေး တစ်ယောက်ကို အမှိုက်ပုံးထဲစွန့်ပစ်ထားခဲ့တာတွေ့သွားတာပေါ့။ ဒီလိုနဲ့သနားစိတ်နဲ့အိမ်ခေါ်လာပြီး မောင်နှမထိန်းကျောင်းလာကြတာအချိန်တခုကြာပြီးနောက် အိမ်နီးနားချင်းတွေကကလေးငိုသံကြောင့်မအိပ်ရကြောင်းကို အစ်ကိုမန်နားထဲရောက်သွားခဲ့တယ်။ ပတ်ဝန်းကျင်က ရဲကိုဖူကျားယိတစ်ယောက် ကလေးလူကုန်ကူးကြောင်း လုပ်ကြံတိုင်ကြားခဲ့တာကြောင့် ဖူကျားယိတယောက်ရဲစခန်းကိုရောက်သွားတဲ့အခါမှာတော့ ဒီဇာတ်ကားလေးဟာ လူသားချင်းမေတ္တာတရားတွေနဲ့ ဆက်ဆံပုံအပြင် ဘဝမှာဘယ်အရာအရေးအကြီးဆုံးဆိုတာကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းလေးတကားပဲဖြစ်ပါတယ်

Thriller
5.8 2024
Till Love Do Us Apart
I Still Believe
6.5

I Still Believe (2020) IMDb Rating (6.5) အချစ်ဇာတ်လမ်းတွေထဲမှာ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတွေက ပိုလို့ထိရှဆွေးရပါတယ်။ အချစ်ကို စိတ်ကူးယဉ်နေတာလို့ ပြောလို့မရတဲ့ ဖြစ်ရပ်မှန်ထဲက အချစ်ရဲ့တန်ဖိုးတွေ စံနှုန်းတွေက လူသားတွေရှင်သန်နေကြတဲ့ အကြောင်းချင်းရာထဲက တစ်ခုပါပဲ။ အမေရိကန်အဆိုတော် တေးရေးဆရာ Jeremy Camp နဲ့ သူ့ချစ်သူ Mellisa Lynn Henning-Camp တို့ရဲ့ ဘဝဇာတ်ကြောင်းကို ကျောရိုးထားပြီး ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားကလဲ ဖြစ်ရပ်မှန်တခုမလို့ သိပ်ကောင်းတဲ့အချစ်ဇာတ်လမ်းတပုဒ်ဖြစ်ခဲ့ပါတယ်။ မင်းသားချော KJ Apa နဲ့ မင်းသမီးချော Britt Robertson တို့အဓိကပါဝင်ထားပြီး Musical Romance ဇာတ်လမ်းလေးမလို့ နူးနူးညံ့ညံ့ကြိုက်တတ်တဲ့ပရိတ်သတ်တွေ သေချာပေါက်အကြိုက်တွေ့မယ့်ဇာတ်ကားလေးဖြစ်ပါတယ်။

Drama
6.5 2020 115 mins
I Still Believe