YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

House Of David (2025) S02 E05 720p WEB-DL HDR [RMC].mp4

556.08 MB N/A video/mp4 12 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bones and All
7.2

Call Me by Your Name ရုပ်ရှင်ရဲ့ ဒါရိုက်တာကြီး Luca Guadagnino ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်မှာလည်း တင်မိုးသီးကိုပဲ ပြန်သုံးထားပါတယ်။ လူငယ်ဒရာမာကိုမှ ဟော်ရာနဲ့ သွေးသံရဲရဲတွေထည့်သွင်းထားတဲ့အပြင် လူသားစားတဲ့ဇာတ်လမ်းဖြစ်လို့ အသည်းငယ်သူတွေမကြည့်သင့်သလို မိသားစုနဲ့မကြည့်သင့်တာတွေလည်းပါဝင်နေပါတယ်။ မူရင်းစာအုပ်တုန်းက နာမည်ကျော်ခဲ့သလို အခုရုပ်ရှင်မှာလည်း စာအုပ်ထဲကဇာတ်လမ်းကိုအနည်းငယ်သာပြောင်းပြီး ရိုက်ကူးထားခဲ့တာပါပဲ။ ဇာတ်ပို့အနေနဲ့လည်း Bridge of Spies နဲ့ အော်စကာရခဲ့တဲ့ မင်းသားကြီး Mark Rylance ပါဝင်ထားပါသေးတယ်။ လူငယ်တွေရဲ့ လူ့အသိုင်းအဝိုင်းနဲ့ဝင်မဆန့်ပုံတွေ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရတာတွေရှာဖွေရတာတွေကို နိမိတ်ပုံအနေနဲ့ ဒီလူသားစားစုံတွဲကို ကြောက်စရာ အချစ်ဇာတ်လမ်းအနေနဲ့ ရိုက်ကူးပြထားတာမျိုးပဲဖြစ်ပါတယ်။ ရသမျိုးစုံခံစားရတာကလွဲရင် ဘာမှတော့ ပညာယူစရာ ဗဟုသုတယူစရာမပေးပါဘူး။ ဖီးချင်ရာဖီးဖို့သက်သက်ပဲ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ထဲမှာ သူတို့ကိုယ်သူတို့ Eater လို့ ခေါ်ပါတယ်။ စားသူပေါ့။ ဒါကို ပါဠိလို အဒ လို့ပဲ ပြန်ပေးထားပါတယ်။ ပေါရိသာဒဆို (ပုရိသ-ယောက်ျား၊ အဒ-စားသူ ပေါင်းထားသလိုပေါ့) File size…1.85GB  / 895MB Quality…1080p WEB RIP / 720p  Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Mr Anderson

Drama • Romance
7.2 2022 131 mins
Bones and All
(18+) Kara Krus
6

အန်ဒယ်လာဟာ သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်ပါ။ သူ့အပေါ် အရိပ်အကဲကြည့် အလိုလိုက် အောင်မြင်တဲ့ရှေ့နေ ခင်ပွန်းသည်၊ ချစ်စဖွယ်သမီးငယ်လေးနဲ့ အတူနေမိခင်တို့ကြောင့် သူ့ဘဝမှာ လိုလေသေးမရှိဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် ဘယ်သူမှမသိပဲ အန်ဒယ်လာတစ်ယောက်တည်း ရင်ဆိုင်နေရတဲ့ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဘယ်သူမှအနားမရှိချိန်မှာ ရောက်လာတတ်တဲ့ လယ်နာဆိုတဲ့ သူနဲ့ တစ်ထေရာတည်းတူတဲ့ မိန်းမငယ်တစ်ယောက်ပါပဲ။ လယ်နာဟာ သူသတိလွတ် မိန်းမောချိန်တွေမှာ သူ့ခန္ဓာကိုယ်ကို ဝင်ရောက်ပြီး ကလပ်တက် လျှောက်သွား ယောက်ျားတကာနဲ့ ပျော်ပါးတာမျိုးတွေ လုပ်တတ်ပါတယ်။ အဆိုးဆုံးအချက်ကတော့ သူနဲ့ဆက်ဆံပြီးတဲ့ယောက်ျားတွေကို မထင်ရင်မထင်သလို သတ်ပစ်တဲ့အထိ သောင်းကျန်းတာပါပဲ။ ဒါတွေကို သူအမျိုးမျိုးဟန့်တားပေမယ့် မအောင်မြင်ပဲ တစ်နေ့မှာတော့ လယ်နာက ဒီလိုတစ်လှည့်စီမနေနိုင်တော့ပဲ သူ့ခန္ဓာကိုယ်ကိုအမြဲတမ်းအပိုင်စီးတော့မှာဖြစ်ကြောင်း ခြိမ်းခြောက်လာပါတော့တယ်။ လယ်နာဟာ သူ့အနားမှာစွဲကပ်နေတဲ့ မကျွတ်လွတ်တဲ့ ဝိညာဉ်တစ်ခုလား...? ဒါမှမဟုတ် သူ့ကိုယ်တိုင်ရဲ့စရိုက်ခွဲတစ်ခုလား...? အတိတ်ရဲ့ခြောက်လှန့်မှုတစ်စုံတစ်ရာများလားဆိုတာ‌တော့ ကိုယ်တိုင်ပဲ ခန့် "မှန်း" ရင်း ဆက်လက်အဖြေရှာလိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 604MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Adult, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Horror • Thriller
6 2022 78 mins
(18+) Kara Krus
God's Country Song
7.5

God's Country Song (2023) ဒီကားလေးကတော့ အရက်အလွန်အကျွံသောက်ပြီး ဒုက္ခရောက် ရုန်းကန်နေရတဲ့ နိုင်ငံကျော် အဆိုတော်တ်ယောက်အကြောင်းပါ။ ကန်ထရီးစတား နိုအာဘရိုင်ယန် တစ်ယောက် နာမည်ကြီးလာတာနဲ့အမျှ အတိတ်က အခြေအနေ နဲ့ အရက်စွဲလမ်းမှုက သူ ပန်းတိုင် ရောက်ဖို့ အတားအဆီးဖြစ်နေတာပါ။ ဒါပေမဲ့ သူ့အတွက် ရွေးချ့အတွကရှိသော ကိစ္စတခကိစကိုတော့ အရေးတကြီး လုပ်ရမှာပါ။ အဲဒီဆုံးဖြတ်ချက်တွေကိုတော့ သူ့ရအနီးအနားက လူတွေက စောင့်မျှော်နေပါတယ်။ သူ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်နိုင်ပြီး ဘဝကို အောင်မြင်အောင် ဖြက်သန်းသွားနိုင်မလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်ပြီး ကြည့်လိုက်ကြရ‌အောင်ဗျာ။ ဒီဇာတ်ကားက ကန်ထရီးသီချင်းကြိုက်တဲ့သူ တော်တော်များများအတွက်တော့ တော်တော့်ကြိုက်ပါလိမ့်မယ်။ romance ကားကြိုက်တဲ့သူတွေလည်း အသေအချာ အကြိုက်တွေ့ပါလိမ့်မယ်။ ဇာတ်ကားက ကန်ထရီးသီချင်းတွေရယ် စွဲလမ်းမှုအကြောင်းတွေရယ် ဘာသာရေးရယ် အချစ်ရယ်ကို သေချာရောစပ်ချယ်မှုန်းပြသသွားလို့ ရင်ထဲ ထိမယ့် ကားကောင်း တစ်ကား ဖြစ်ပါလိမ့်မယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 639MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hetang Encoder ..... Aaron

Action • Crime • Drama
7.5 2023
God's Country Song
Portrait of a Lady on Fire
8.2

ပန်းချီဆရာမလေးတစ်ဦးဟာ အိမ်တစ်အိမ်ကို မိန်းမပျိုလေးတစ်ဦးရဲ့ ပုံတူပန်းချီဆွဲပေးဖို့ ရောက်ရှိလာခဲ့တယ်.. .အဲ့အိမ်ကမိန်းမပျိုလေးဟာ သူ့ကိုပန်းချီဆွဲတာကို ကြည်ကြည်ဖြူဖြူနဲ့တော့ လက်မခံခဲ့ဘူး... ဘာဖြစ်လို့လဲဆိုတော့ အဲ့လိုပန်းချီပြီးသွားရင် သူဟာ သူစိတ်မပါတဲ့ လက်ထပ်ပွဲတစ်ပွဲကို ဆင်နွှဲရမှာမို့လို့ပဲဖြစ်တယ်.... ပန်းချီဆရာမလေးဟာ အဲ့ကောင်မလေးအနားကို မိတ်ဆွေသဘောမျိုးနဲ့ ချဉ်းကပ်ပြီး သူနဲ့ရင်းနှီးကျွမ်းဝင်အောင် အရင်လုပ်ကာ ပန်းချီဆွဲဖို့ပြင်ဆင်ပါတော့တယ်.. အဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.... IMDb..နဲ့ Rt အမိုက်စားကားကြီးမို့ ခံစားကြည့်ကြပါဉီးဗျို့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်... File Size : (950 MB) and (404MB) Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae

Comedy • Drama
8.2 2019 120 mins
Portrait of a Lady on Fire
What She Likes
6.8

What she likes (2021) Web novel ကို ပြန်လည်ရိုက်ကူးထားတဲ့ တွေးစရာတွေတစ်ပုံကြီးပါတဲ့ ဆယ်ကျော်သက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျွန် အန်ဒိုဆိုတဲ့ကောင်လေးက ဂေးတစ်ယောက်ဖြစ်ပေမဲ့ come out လုပ်မထားရသေးတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ သူက သူ့ရဲ့ဖြစ်တည်မှုကို အမြဲတမ်းမေးခွန်းထုတ်နေခဲ့တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အသက်ကြီးတဲ့ရည်းစားလည်းရှိပါတယ်။ သူ့ရည်းစားကအိမ်ထောင်သည် ကလေးအဖေဖြစ်ပြီးတော့ အားတဲ့အချိန်မှာ သူနဲ့တွေ့လေ့ရှိပါတယ်။ တစ်ဖက်မှာလည်း သူ့ကို ငယ်ငယ်တည်းကခင်တဲ့ ကောင်မလေး မိအူရက ဖွင့်ပြောလာပါတယ်။မိအူရက BLဇာတ်လမ်းတွေကို ငယ်ငယ်တည်းကကြိုက်ခဲ့တဲ့ ဖူဂျိုရှီလေးပါ။ မိသားစုဘဝကိုမက်မောတဲ့ ဂျွန်က သူ့ဖြစ်တည်မှုကိုမသိတဲ့ မိအူရကိုတွဲဖို့ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ကောင်မလေးကြိုက်တဲ့သူဟာ straightကောင်လေးမဟုတ်ဘဲ ဟိုမိုတစ်ယောက်ဖြစ်နေခဲ့တဲ့အခါမှာတော့… ဂျွန်တစ်ယောက် ကောင်မလေးနဲ့ ရည်းစားကောင်လေးအကြား ခံစားချက်လွန်ဆွဲပွဲတွေ ဘယ်လိုကြုံရမလဲ။သူကိုယ့်ကိုယ်ကိုဖိအားပေးပြီးကြိုးစားယူချင်နေတဲ့ မိသားစုဘဝလေးကရော ဖြစ်မြောက်မှာလား။ ဖူဂျိုရှီလေးရဲ့ စိတ်ကူးယဉ်မှုတွေက လက်တွေ့ဘဝထဲ တကယ်ဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မှာလဲ ။ လက်တွေ့ဘဝက ဂေးကောင်လေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေ ခံစားချက်တွေအကြောင်း ကောင်းကောင်းပုံဖော်ထားတဲ့ ဆယ်ကျော်သက်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2.2GB) / (1GB) Quality__1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__02:06:00 Type__Romance Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Action • Drama • Thriller
6.8 2021
What She Likes
Doraemon the Movie: Nobita’s Little Star Wars 2021
6.5

Doraemon the Movie: Nobita’s Little Star Wars 2021 (2022) ========================================== CM ပရိတ်သတ်ကြီးတို့ထဲမှာ ဒိုရေမွန်နဲ့ နိုဘိတကို တော်တော်များများ သိကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ ငယ်ဘဝဇာတ်ကားတွေကို ပြန်ကြည့်ရတဲ့အခါ၊ ငယ်ဘဝဇာတ်ကောင်တွေကို ပြန်ထိတွေ့ရတဲ့အခါ ကျွန်တော့်အနေနဲ့ကတော့ ဇာတ်လမ်းဇာတ်ကောင်ကို လွမ်းဆွတ်နှုန်းက ၅၀%၊ ကြည့်ရင်းနဲ့ဖြစ်ပေါ်လာတဲ့ ငယ်ဘဝခံစားချက်ကို သတိရမိတာက ၅၀%ပါပဲ။ ငယ်ငယ်ကတော့ ကျောင်းဆင်းချိန်တို့၊ ကျောင်းပိတ်ရက်တို့မှာ ကြည့်ခဲ့ကြတယ်ဟုတ်။ အခုတင်ဆက်ပေးမယ့် Movie လေးရဲ့ ဇာတ်လမ်းကဒီလိုပါ။ နိုဘိတတို့ သူငယ်ချင်းတစ်သိုက် ရှုတင်ရိုက်နေရင်းကနေ နိုဘိတတစ်ယောက် ဒုံးပျံယာဉ်အသေးစားလေးတစ်စင်း ကောက်ရလိုက်ပါတယ်။ အဲ့ထဲက‌နေ ပါပီလို့ခေါ်တဲ့ ဂြိုဟ်သားသေးသေးလေးထွက်လာသတဲ့။ သူ့ယာဉ်က ပျက်စီး သွားတာမို့ နိုဘိတနဲ့ ဒိုရေမွန်တို့က ကူပြင်ပေးနေချိန် ပီရှားလို့ခေါ်တဲ့ တိုက် သင်္ဘောကြီးရောက်လာပြီး တိုက်ခိုက်တော့တာပါပဲ။ စပွိုင်းလွတ်အောင် ဇာတ်ကွက်လေးတွေကျော်ပြီး အကြမ်းဖျင်းညွှန်းရမယ် ဆိုရင်ဖြင့် နိုဘိတတို့သူငယ်ချင်းတစ်သိုက် တခြားဂြိုဟ်မှာ စွန့်စားခန်းဖွင့်တာ တွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်ထဲအားမလို အားမရဖြစ်လာမှုတွေလည်းကြုံရမှာမို့ ဘယ်လိုမြင်တွေ့ရမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phoenix Homura ဖြစ်ပါတယ်) File Size……….(1.68 GB) / (684 MB) / (421 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 48Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator…….Phoenix Homura Encoder……….Admin X

6.5 2022 108 mins
Doraemon the Movie: Nobita’s Little Star Wars 2021
Yung Libro sa Napanood Ko

Yung Libro sa Napanood Ko (2023) ဒီကားလေးကတော့ ဖိလစ်ပိုင် အချစ်ဒရမ်မာကားလေးပါ။ ပုံမှန်အချစ်ကားတွေနဲ့ မတူတာတော့ ကြိုပြောထားချင်ပါတယ်။ မင်းသမီးက ဖိလစ်ပိုင်က ရောင်းအားအကောင်းဆုံး စာရေးဆရာမလေး ဖြစ်ပါတယ်။ သူက Kdrama ဖန်ဖြစ်တာမို့ သူ့ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းကို အခြေခံပြီး ရေးသားထားတဲ့ အခန်းနံပါတ် ၁၉ ဆိုတဲ့ စာအုပ်က တအားနာမည်ကြီးပါတယ်။ အဲ့မှာပဲ ကိုရီးယားက အိုပါးတယောက်က သူ့စာအုပ်ကို ဖတ်ပြီး သူ့ပရိသတ် ဖြစ်သွားပြီး စာအုပ်လက်မှတ်ထိုးပွဲမှာ လာပြီး မင်းသမီးရဲ့ လက်မှတ်လာထိုင်းခိုင်းတာကနေ ဇာတ်လမ်းစတာပါပဲ။ အဲ့မှာ ကိုရီးယားဇာတ်ကား ပရိသတ်မို့ သူ့ဖန်လေးက ကိုရီးယားကို အလည်ခေါ်တော့ စာရေးဆရာမလည်း ကောက်ကောက်ပါအောင် လိုက်သွားပါတော့တယ်။ တကယ်က စာရေးဆရာမလေးကလည်း အိုပါးမှာ မေရီဆိုတဲ့ ရည်းစားရှိနေမှန်း စတွေ့ကတည်းက သိခဲ့တာပါ။ အဲ့တော့ စာရေးဆရာမလေးနဲ့ ကင်ချီမြေက သူ့ဖန်လေးတို့ ဇာတ်လမ်းလေး ဘာဆက်ဖြစ်မလဲ အိုပါးရဲ့ ရည်းစား မေရီက ဘယ်သူလဲ ဆိုတာ သိချင်ရင်တော့ ဆက်ကြည့်ရှုခံစားလိုက်ပါဦးနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p File size… 956MB | 500MB Format… mp4 Duration….1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hetang Encoder ….. Aaron

0 2023 103 mins
Yung Libro sa Napanood Ko
Never Say Never
6

CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Never say neverဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ လက်ဝှေ့ချန်ပီယံဆုရှင်ရှန့်ထိန်ဟွေးက သူများရဲ့ မတရားအကောက်ကြံမှုကြောင့် ထောင်ကျခဲ့ပြီးထောင်ကလွတ်လာတဲ့အချိန် သဲလုပ်ငန်းလုပ်တဲ့ သူဌေးဖြစ်လာခဲ့တယ်။ သူဌေးဆိုပေမဲ့လည်းအကြွေးတွေ နစ်နေတာကြောင့် သူ့သူငယ်ချင်းကနေလက်ဝှေ့သရုပ်ပြပွဲလုပ်ဖို့အတွက် မိဘမဲ့ကလေးတွေကို စုဆောင်းဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ရှာတွေ့လာတဲ့ ကလေးတွေက ချို့တဲ့လှတဲ့မြက်ရိုင်းပင်လေးတွေဖြစ်တာကြောင့် မကြာခဏ ပြဿနာတွေဖြစ်လာတာပေါ့။ ဒီလိုနဲ့ရှန့်ထိန်ဟွေးကလက်ဝှေ့သရုပ်ပြဖို့လေ့ကျင့်ပေးရင်း သူ့သူငယ်ချင်းက ဒီကလေးတွေကိုမြေတောင်မြှောက်ပေးဖို့တိုက်တွန်းလာခဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီကလေးတွေကတော့ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲ စတာတွေကို ဒီဇာတ်ကားလေးကနေပြသပေးသွားမှာဖြစ်ပါတယ်။

Drama
6 2023
Never Say Never
Dust To Dust
6.1

တရားခံကိုဖမ်းနိုင်ဖို့ (၂၁)နှစ်ကြာခဲ့တဲ့ (၁၉၉၅)ခုနှစ်မှာဖြစ်ခဲ့တဲ့ ဘဏ်ဓားပြမှုကိုအခြေခံပြီးရိုက်ထားတဲ့ မှုခင်းဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါ။ (၁၉၉၅)ခုနှစ် ကွမ်းတုံရဲ့ ငွေစုဘဏ်လေးတစ်ခုမှာ လူနှစ်ယောက်သေနတ်နဲ့ဝင်ပြီးဓားပြတိုက်တဲ့အမှုဖြစ်ခဲ့တယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ဘဏ်ရဲ့ငွေသယ်ယာဉ်ကိုဓားပြတိုက်မှုဖြစ်သွားပါတယ်။ တစ်ခါမှာတော့ ဘဏ်ဝန်ထမ်း(၃)ယောက်သေခဲ့ပြီး ငွေပမာဏဟာလဲအဲဒီအချိန်မှာ အများဆုံးအဖြစ်စံချိန်တင်သွားပါတယ်။ နယ်မြေ(၃)ခုကရဲတွေဟာပူးပေါင်းပြီးစုံစမ်းခဲ့လို့ တရားခံ(၅)ယောက်ကို အမြန်ဖမ်းနိုင်ခဲ့ပေမယ့် ကျန်တဲ့နှစ်ယောက်ကတော့ ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ (၂၁)နှစ်ကြာပြီးမှ တရားခံတစ်ယောက်ကို နယ်စပ်မြို့တစ်မြို့မှာ ပြန်တွေ့လိုက်ရတဲ့အခါ အမှုကပြန်ပြီးအသက်ဝင်လာပါတော့တယ်။ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းတစ်ခုလုံးကိုကစိတ်ဝင်စားဖို့ကောင်းပြီး ဒါရိုက်တာကလဲ ကောင်းကောင်းတင်ဆက်ပေးနိုင်တဲ့အတွက် မှုခင်းဇာတ်ကားကောင်းလေးတွေကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ပါတယ်။

Fantasy • Drama • Romance
6.1 2023
Dust To Dust
Verdict
7.4

ဒီကားလေးကတော့ လူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်တတ်တာလေးကို လက်တွေ့ဆန်ဆန်လေးရိုက်ပြထားတဲ့ကားလေးတစ်ကားပါ…… ဂျွိုင်းဆန်းတို့စ် နဲ့ ဒန်တီဆန်းတို့စ်တို့က လင်မယားတွေပါ သူတို့မှာ အိန်ဂျယ်ဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်……တနေ့ ဂျွိုင်းရဲ့ အဖေမွေးနေ့ပွဲအတွက် ဂျွိုင်းတို့မိဘတွေက အိမ်လာပြီးညစာစားဖို့ဖိတ်တော့ ဒန်တီကလည်း လိုက်မယ်ဆိုတာနဲ့ သူတို့သားအမိနှစ်ယောက် မိုးချုပ်တဲ့အထိစောင့်ခဲ့ကြတာပေါ့…… ဒီလိုနဲ့ အချိန်ကလည်းနောက်ကျလာ ဒန်တီကလည်း ပြန်ရောက်မလာတာကြောင့် သားအမိနှစ်ယောက်ပဲ ဂျွိုင်းမိဘတွေဆီသွားလိုက်ရတယ်……ပြန်လာတော့ ဒန်တီက သူ့ကို စာမပို့ရကောင်းလား မစောင့်ရကောင်းလားဆိုပြီး မူးမူးနဲ့ ရိုက်နှက်ပါလေရော အဲဒီမှာ ဂျွိုင်းရော သမီးလေး အိန်ဂျယ်ပါ ဒဏ်ရာတွေရသွားတော့ ရဲတိုင် ဆေးရုံရောက်တွေဖြစ်သွားတော့တာပေါ့….. အဲဒီမှာပဲ သူတို့နှစ်ယောက်ကြား တရားရင်ဆိုင်ရတာတွေ ပိုက်ဆံရဲ့ ပြောစကားတွေ လူတွေက ကိုယ့်ကိုယ်မှမထိရင် မနာတတ်တဲ့အကြောင်းတွေ အစုံစုံကို ကြည့်ရှုရင်း ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာလေးကို စောင့်စားကြည့်ရှုလိုက်ကြပါဦးလို့…… File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mr.Anderson & Gerfield

History • Drama
7.4 2019 126 mins
Verdict
Teri Baaton Mein Aisa Uljha Jiya
7.1

Teri Baaton Mein Aisa Uljha Jiya (2024) “ချစ်သူရဲ့ စကားသည်သာ… ” IMDb – 7.1/10 အားလုံးစောင့်မျှော်နေကြတဲ့ ဘတ်ဂျတ် ရူပီး ၇၅ကုဋေ အသုံးပြုထားပြီး နှစ်ဆပြန်ဝင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ခင်ဗျားတို့သိပ်ကြိုက်ကြတဲ့ မင်းသားရှာဟစ်ကပူးနဲ့ ကျွန်တော်သိပ်ကြိုက်တဲ့ မင်းသမီးလေး ကရီသီးတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အာယန်ဆိုတာ အိန္ဒိယရဲ့ အတော်ဆုံးပရိုဂရမ်မာတွေထဲက တစ်ယောက်ပေါ့။ မိခင်ဖြစ်သူရဲ့ အိမ်ထောင်ပြုဖို့ တဂျီဂျီနားပူနားဆာလုပ်သမျှ အကြောင်းအမျိုးမျိုးပြရှောင်နေရင်း ဇီဇာကြောင်တဲ့ လူပျိုကြီးဘ၀ကိုဖြတ်သန်းနေတဲ့သူ။ အမေရိကက အဒေါ်ဖြစ်သူပိုင်တဲ့ စက်ရုပ်ကုမ္ပဏီရဲ့ အိန္ဒိယရုံးခွဲတစ်ခုမှာ အလုပ်လုပ်နေတဲ့သူ။ တစ်ရက် ပရောဂျက်အသစ်တစ်ခုအတွက် အမေရိကကိုလာဖို့ အဒေါ်ဖြစ်သူကလှမ်းခေါ်တော့ အမေ့ရဲ့မိန်းမယူဖို့နားပူနားဆာလုပ်တဲ့ရန်က ဝေးပြီဆိုပြီး ဝမ်းသာအားရပြေးပါတယ်။ အိန္ဒိယမှာနေတုန်းက သူ့ဆီမှာအလုပ်လုပ်ဖို့ အိမ်အကူမရှိတော့အထိ ဇီဇာကြောင်လွန်းတဲ့ အာယန်တစ်ယောက် အဒေါ့်ဆီရောက်တဲ့အခါမှာတော့ အဒေါ်ဖြစ်သူရဲ့ မန်နေဂျာဆိုသူ စီဖရာရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောအကျကြီးကျရာကနေ သိလိုက်ရတာက စီဖရာက စက်ရုပ်မလေး ဖြစ်နေတယ်ဆိုတာပါပဲ။ ဒီကနေ အာယန်ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်တည်လာမယ်ဆိုတာကတော့ ဒီသိပ္ပံခေတ်လွန်ရုပ်ရှင်ကားကြီးမှာ စီးမျောခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်)

7.1 2024 143 mins
Teri Baaton Mein Aisa Uljha Jiya
Wings of Desire
7.9

Wings of Desire (1987) ~ IMDb – 7.9/10, RT – 95%, Meta – 79% ~ Directed by “Wim Wenders” လူများစုကတော့ Wim Wenders ကို လက်ရှိပူပူနွေးနွေးထွက်ထားတဲ့ ဂျပန်ရုပ်ရှင် Perfect Days နဲ့ ပိုရင်းနှီးနေကြလောက်မလားမသိဘူး။ ဒါပေမဲ့ ဝန်ဒါးရဲ့ မာစတာပိစ်ရုပ်ရှင်ဆိုရင်တော့ Wings of Desire လို့ပဲ ပြောကြရမှာပဲ။ တစ်နည်းပြောရရင် Wenders ကိုယ်တိုင်ထက် သူ့ရုပ်ရှင် Wings of Desire နဲ့ WoD ရဲ့ Remake ဖြစ်တဲ့ City of Angels ကိုတောင် လူသိပိုများရင် များလောက်မယ်။ ဘာပြောပြော Wings of Desire ဟာ Greatest Movies of All Time တွေထဲက တစ်ကားဖြစ်ခဲ့တယ်။ Wings of Desire နဲ့ ဝန်ဒါးဟာ Cannes မှာရော European Film Awards မှာရော အကောင်းဆုံး ဒါရိုက်တာဆု ရထားခဲ့တယ်။ ဇာတ်ရဲ့အကြောင်းအရာကိုပြောပြရင်တောင် ဒီဇာတ်ရဲ့ အကြောင်းအရာဖြစ်မယ်လို့ ကျွန်တော်တော့မထင်ဘူး။ ဒီရုပ်ရှင်ကရတဲ့ စီးကူးမှုဟာလည်း ဇာတ်ရဲ့အကြောင်းအရာ ဟုတ်မနေဘူး။ တာကော့စကီးရုပ်ရှင် ကြည့်နေသရသလား ထင်မှတ်မှားရလောက်အောင် ရုပ်ရှင်ကို Poetic Narrations တွေ ကဗျာတွေ Poetic ဆန်တဲ့အပြတွေနဲ့ အသက်သွင်းထားတယ်။ စတိလောက် ဇာတ်အကြောင်းအရာပြောရရင်တော့ ဘာလင်မြို့က တမန်တော်တစ်ယောက်ရဲ့ လူတွေရဲ့ဘဝတွေကို မြင်နေရခြင်း၊ လူတွေရဲ့အတွေးတွေကို ကြားနေရခြင်းတွေကနေ အဲဒီလူတွေရဲ့ ဝေဒနာတွေ ခံစားချက်တွေကို စီးကူးမိနေတဲ့ အကြောင်းပဲ။ ပြောရရင် အဲဒီတမန်တော်ဟာ စစချင်းမှာ ဒီလူတွေရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ ကြားခံလိုမျိုးဖြစ်နေခဲ့တယ်။ သူ့ရှေ့က တမန်တော်ကားတွေမှာတော့ တမန်တော်တွေဟာ လူတွေဘဝရဲ့ အနည်းနဲ့အများတော့ ဝင်ရောက်စွက်ဖက် ပြုပြင်ပြောင်းလဲပေးနိုင်ပေမဲ့ Wings of Desire က တမန်တော်တွေကတော့ မြင်နေ ကြားနေ ဘေးက ကရုဏာသက်နေရုံကလွဲ ဘာမှမလုပ်ပေးနိုင်ဘူး။ It’s a Wonderful Life တို့လို ရုပ်ရှင်တွေထဲက တမန်တော်တွေကနေ ကွဲထွက်သွားတဲ့အရာပေါ့။ ပိုကွဲထွက်တာက ဒီမှာက တမန်တော်ဆိုတဲ့ ဖြစ်တည်မှုထက် လူရဲ့ လက်ရှိပစ္စုပ္ပန်တည့်တည့်မှာ အရသာကို ခံစားနိုင်ခွင့်ရှိတာက ပိုအလေးသာကြောင်းပြောထားတာမျိုးတွေပဲ။ ကော်ဖီနဲ့စီးကရက်ကို တွဲဖက်သောက်သုံးရတဲ့ ဘာနဲ့မှမတူတဲ့အရသာမျိုးကို မင်းမြည်းစေချင်စမ်းတယ်ဆိုတာမျိုးတွေပေါ့။ ဘဝကို အရသာခံတယ်လို့ ပြောရမယ်။ ဒါက Perfect Days အရင်ကြည့်ထားတဲ့လူတွေဆို ကောင်းကောင်းသိမှာပဲ။ Perfect Days မှာ ရှင်သန်နေတဲ့ဘဝကို ကောင်းကောင်းကြီး အရသာခံပြထားတယ်။ နောက် ဒီရုပ်ရှင်ရဲ့ ဇာတ်ကောင်တွေထဲမှာရော လိုကေးရှင်းမှာရော ဘာလင်တံတိုင်းကြီးလည်းပါထားတယ်။ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီကို ပိုင်းခြားထားတဲ့ တံတိုင်းကြီးပေါ့။ ၁၉၆၁ကနေ စပိုင်းခြားထားတဲ့ ဒီတံတိုင်းကြီးဟာ Wings of Desire ထွက်ပြီး နှစ်နှစ်အကြာ ၁၉၈၉ မှပဲ ဖြိုချခဲ့တယ်။ Wings of Desire က တစ်ချို့လူတွေရဲ့ ဝေဒနာတွေဟာ ဒီပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကြီးနဲ့ မကင်းတာကိုလည်း ကျွန်တော်တို့ မြင်နိုင်တယ်။ ဒီရုပ်ရှင်မှာ တမန်တော်တွေဟာ အရောင်တွေကို မမြင်နိုင်တဲ့အတွက် တမန်တော်ဘက်ခြမ်းအကုန်နီးပါးက အဖြူအမည်းနဲ့ပြထားပြီး နတ်သက်လျှောလူဖြစ်သွားတဲ့နောက် အရောင်နဲ့ပဲပြခဲ့တယ်။ စီနီမာတိုဂရပ်ဖာက Henri Alekan… သူလည်း သူ့ခေတ်ရဲ့ အကြီးကျယ်ဆုံး စီနီမာတိုဂရပ်ဖာတွေထဲပါတယ်။ ဒီရုပ်ရှင်ရဲ့ အပြတွေမှာ သူ့ကိုယ်ပိုင်တီထွင်မှုတွေနဲ့ ရိုက်ကူးထားတာတွေလည်း ပါခဲ့တယ်။ French New Wave ရဲ့ တစ်တပ်တစ်အားလည်းဖြစ်ခဲ့တယ်။ ဒီရုပ်ရှင်အတွက် သူသုံးခဲ့တဲ့ Filter ကလည်း တော်တော်လန်းတယ် သူ့အဘွားရဲ့ စတော်ကင်အစုတ်ကြီး။ နောက် ဒီရုပ်ရှင်မှာ Nick Cave & the Bad Seeds တို့ရဲ့ Concert တစ်ခုပါတယ်။ ဝန်ဒါးအဆိုအရတော့ နစ်ကေ့ပွဲမပါဘဲ ဘာလင်ကို သူမရိုက်ပြနိုင်ဘူးလို့ဆိုတယ်။ နတ်သက်ကြွေ တမန်တော်တွေဟာ ဒီရုပ်ရှင်ထဲတင် အများကြီးရှိကြောင်းပြောခဲ့သလို ရုပ်ရှင်ရဲ့အဆုံးမှာ ဝန်ဒါးက ” Dedicated to all the former Angels, but especially to Yasujiro, François, Andrei ” လို့ အပိတ်စာတန်းထိုးထားခဲ့တယ်။ ဒီသုံးယောက်ကတော့ သူ သဘောအကျဆုံး အလေးစားဆုံး ဒါရိုက်တာတွေဖြစ်တဲ့ Yasujiro Ozu, François Truffaut နဲ့ Andrei Tarkovsky တို့တွေပါပဲ။ ဒီတော့ သူပြောချင်တဲ့ တမန်တော်ဆိုတာ တမန်တော်ဟုတ်ရဲ့လားလို့တော့ မေးခွန်းထုတ်စရာရှိနေလိမ့်မယ်။ ဝန်ဒါးဟာ အိုဇုကို တော်တော်ချစ်တာကြောင့်ပဲ ဂျပန်ကားကို ဂျပန်ကားစစ်စစ်ဖြစ်အောင် ရိုက်ပြနိုင်ခဲ့သလို Wings of Desire ကိုယ်တိုင်ကလည်း Tarkovsky ရုပ်ရှင်တစ်ကားကြည့်ရတဲ့ အငွေ့အသက်တော်တော်လေးရနေတဲ့ ရုပ်ရှင်ပါပဲ။ Truffaut ရုပ်ရှင်တွေလို လူတွေရဲ့ဘဝကို မြင်စေနိုင်စွမ်းမျိုးလည်းပါနေတယ်လို့ဆိုတယ်။ Wings of Desire ဟာ ပြန်ပြောပြဖို့တော်တော်ခက်တဲ့ ရုပ်ရှင်တစ်ကားပါ။ ကျွန်တော် ပြန်ပြောပြတတ်သလောက်ပြောရရင်တော့ ဝန်ဒါးရဲ့ သူချစ်တဲ့ဒါရိုက်တာတွေကို Homage ပေးပြီး သူချစ်တဲ့ပိုင်းခြားခံထားရတဲ့ဘာလင်ကို၊ သူချစ်တဲ့နာကျင်ကြေကွဲနေကြတဲ့ ဘာလင်က လူတွေကို၊ သူချစ်တဲ့ ရှင်သန်ခြင်းရဲ့အရသာကို ရိုက်ပြထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 935MB Quality – 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 2H 8Min Genre – Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 1987 128 mins
Wings of Desire
The Lodger
5.7

The Lodger (2009) ============ အယ်လင်ဟာ မပြေလည်တဲ့ အိမ်ထောင်ရေးနဲ့စိတ်ဒဏ်ရာတွေကြားမှာ ခက်ခက်ခဲခဲရှေ့ဆက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ခြံဝင်းထဲက ငှားစားတဲ့အိမ်အလွတ်ကို သူစိမ်းလူချောတစ်ယောက်ပြောင်းလာခဲ့ချိန်မှာတော့ ငြီးငွေ့ဖွယ် သူ့ဘ၀ထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီသူစိမ်းဟာ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်အဖြစ်မိတ်ဆက်ပါတယ်။ စိတ်ကူးနဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်အနှောင့်အယှက်မခံနိုင်လို့ဆိုပြီး သူငှားနေတဲ့ အိမ်ထဲကိုအယ်လင်ကိုပါအလာမခံပါဘူး။ ဒါပေမယ့် သူ့ဆင်ခြေနဲ့သူ ဟုတ်နေတဲ့အတွက်သံသယတစ်စုံတစ်ရာမရှိပဲ ပဟေဠိဆန်တဲ့လူတစ်ယောက်ကို အယ်လင့်အနေနဲ့လက်ခံထားမိရက်သားဖြစ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်ဟာ ဝက်စ်ဟောလိ၀ုဒ်မှာ ရက်စက်ကြမ်းတမ်းလွန်းတဲ့လူသတ်မှုတွေစပြီးဖြစ်ပေါ်နေတဲ့အချိန်ပါ။ အသတ်ခံရသူတွေဟာ ပြည့်တန်ဆာတွေဖြစ်ပြီး သတ်ပုံသတ်နည်းတွေ သားကောင်ရွေးချယ်မှုတွေဟာ လွန်ခဲ့တဲ့ ၁၈၈၈ ခုနှစ်က လန်ဒန်မှာဖြစ်‌ပေါ်ခဲ့ပြီး အခုချိန်ထိတရားခံမပေါ်ခဲ့တဲ့ Jack the Ripper ကိုပုံတူကူးထားတာဖြစ်ပါတယ်။ အဲ့ဒီလိုပုံစံတူလူသတ်မှုတွေဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကလည်းဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီအမှုတွေရဲ့တရားခံကိုဖော်ထုတ် ကွပ်မျက်ခဲ့ပြီးပါပြီ၊ ဒါဆိုရင်အခုထပ်ဖြစ်လာတဲ့လူသတ်မှုတွေကရော ပုံတူကူးလူသတ်သမားနောက်တစ်ယောက်လား? ဖမ်းဆီးကွပ်မျက်ခံလိုက်ရတဲ့သူဟာ တရားခံအစစ်ဖြစ်နိုင်ပါ့မလား? အဲ့ဒီလူသတ်မှုတွေဟာ အယ်လင်နဲ့ ဘယ်လိုပတ်သက်လာမလဲ ဆက်လက်ရှုစားကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Crime, Horror , Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5.7 2009 95 mins
The Lodger
Antigang : La Releve

ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ပြစ်သစ် ရဲကားလေး တင်ဆက်ပေးလိုက်ပါတယ်… ရဲနှစ်ယောက် ရုပ်ရှင်တွေလိုမျိုး ဆိုပေမယ့် ဒီတစ်ခါက အဖေဖြစ်သူရယ် မျက်နှာကြောမတည့်တဲ့ ၁၄ နှစ်အရွယ်သမီးလေးရယ် ဇာတ်လမ်းပါ နီးလ်က အကြမ်းဖက်သမားတွေကြောင့် သူ့ရဲ့မိန်းမကို ဆုံးရှုံးလိုက်ရပြီး ရဲဝန်ထမ်းဘဝကနေပါ အနားယူခဲ့ရပါတယ်… ၁၄ နှစ်အရွယ် သမီးဖြစ်သူ ရှားလော့က ဆရာမနိုင်၊ထိန်းကျောင်းရခက်တဲ့ ကလေးမလေးဖြစ်ပြီး တစ်နေ့မှာတော့ တစ်ချိန်က ရှားလော့ရဲ့ အမေကို သတ်သွားတဲ့ အကြမ်းဖက်အဖွဲ့ ပြန်ပေါ်လာတာကြောင့် နီးလ်က ရဲတပ်ဖွဲ့ရဲ့ အကူအညီမပါဘဲ ပြန်စုံစမ်းရဖို့ ဖြစ်လာကာ… သမီးလေးကလည်း အမေ့အတွက်် လက်စားချေမယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ … ဒရာမာတွေ ခပ်ပါးပါးသာပါပြီး စိတ်ပြေလက်ပျောက်ကြည့်လို့ရမယ့် ဇာတ်လမ်းလေးကို အားပေးကြပါဦးလို့ … File size…(1.4 GB)/(825 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Action, Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2023
Antigang : La Releve
Birds of Passage
7.3

Birds of Passage (2018) *********************** ဒီဇာတ်ကားလေးဟာ ၁၉၆၀ နဲ့ ၁၉၈၀ ကြားလောက်က ကိုလံဘီယာမြောက်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ ဝါရူးလူမျိုး မိသားစုတစ်စုရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်… ငယ်ငယ်ကတည်းက တစ်ကောင်ကြွက်အဖြစ်ကြီးပြင်းခဲ့ရတဲ့ ရာပါရက်ဟာ သူအမြဲတမ်းလိုချင်ခဲ့တဲ့ ကိုယ်ပိုင်မိသားစုတစ်စုလေးတည်ထောင်ချင်ခဲ့သူပေါ့… ဝါရူးလူမျိုးတွေဟာ မိသားစုသည်သာအရေးအကြီးဆုံးဖြစ်ပြီး ဘာအကြောင်းကိစ္စတွေပဲဖြစ်နေပါစေ မိသားစုအရေးသည်သာ ပထမဆိုတဲ့လူမျိုးစုဖြစ်ပါတယ်… ပြီးတော့သူတို့ဟာ သူတို့ရဲ့သေဆုံးသွားတဲ့အမျိုးတွေနဲ့ အိမ်မက်ထဲမှာ စကားပြောလို့ရနိုင်တယ်လို့ ယုံကြည်ကြတဲ့လူမျိုးတွေဖြစ်ပါတယ်…သူတို့ကို သေသူတွေ ဝိညာဉ်တွေကစောင့်ရှောက်တယ်ဆိုတဲ့ အယူအဆကိုလက်ကိုင်ထားတဲ့ အယူသည်းသူတဲ့လူမျိုးစုလည်း ဖြစ်တယ်… ဝါရူးလူမျိုးမဟုတ်ရင် ကျန်တဲ့သူတွေကို အပြင်လူလို့သတ်မှတ်ပြီး အယုံအကြည်ကင်းမဲ့တဲ့လူမျိုးတွေလည်း ဖြစ်တယ်… ရာပါရက်ဟာ ပါရှနာမိသားစုက ဇိုင်ဒါဆိုတဲ့ ကောင်မလေးကိုကြိုက်ပြီးတောင်းရမ်းခဲ့တယ်… သို့ပေမယ့် မိန်းကလေးရှင်တို့က တင်တောင်းဖို့ပြောတဲ့ပစ္စည်းတန်ဘိုးဟာ မြင့်မားလွန်းလှတယ်… သို့ပေမယ့် ရက်ပါရက်ဟာ ရရာနည်းလမ်းသုံးပြီး ရှာခဲ့ပါတယ်… ရက်ပါရက်တစ်ယောက်အောင်မြင်မလား…. ဒီလိုနဲ့ဆက်သွားပြီး ဘာတွေဖြစ်မလဲခံစားကြည့်လိုက်ပါဦး…. ဒီကားက မူးယစ်ကားလို့ပြောလို့ရသလို ဂိုဏ်းစတားဟန်တွေအများကြီးပါတယ်… အစပိုင်းမှာ အနည်းငယ်အေးသလိုဖြစ်လို့ နာရီဝက်လောက်ထိသည်းခံပြီး ကြည့်စေချင်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ဖြစ်ပါတယ်… File Size : 2.13GB / 930MB Quality : BluRay 1080p / 720p Duration : 02:05:00 Genre : Crime, Thriller, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Heather Oo

Action • Crime • Thriller • Mystery
7.3 2018 125 mins
Birds of Passage