YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

House, M.d. S06e09 Ignorance Is Bliss.1080p.CM.mp4

478.79 MB N/A video/mp4 1240 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
42
7.1

ဒီတစ်ခါ CM Fan တွေ အတွက် Black Panther ရုပ်ရှင်ကားနှင့် ပိုပြီးလူသိများ ကျော်ကြားခဲ့သော ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားChadwick Boseman ရဲ့ ရုပ်ရှင်ကားကောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် ၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးတော့ အမေရိကန်နိုင်ငံရဲ့ ရှေ့တန်းထွက်နေရတဲ့သူအားလုံး အမိမြေကိုပြန်လာကြပါတယ်။ အဲဒီမှာ အာဖရိကန်-အမေရိကန်လူမျိုးတွေလည်းပါပါတယ်။ သူတို့ဟာ နာဇီစစ်တပ်ရဲ့လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်အနိုင်ယူခဲ့ကြပေမယ့် အမိမြေပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အပေါ် လူမျိုးရေးခွဲခြားမှုကြီးက စောင့်ကြိုနေပါတယ်။ သူတို့ဟာ လူဖြူတွေနဲ့ အိမ်သာအတူတူသုံးခွင့်မရှိဘူး၊ ရေချိုးခန်းတစ်ခန်းထဲအတူသုံးခွင့်မရှိဘူး၊ ဟိုတယ်ထဲတည်းခွင့်မရှိဘူး စတဲ့ခွဲခြားမှုပေါင်းမျိုးစုံရှိနေတာပါ။ ဒီလိုအဖြစ်မျိုးက အမေရိကန်တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတာပါ။ ဘေ့စ်ဘောလောကမှာလည်း အတူတူပါပဲ။ ၁၉၄၆ ခုနှစ်မှာ စာရင်း၀င်ဘေ့စ်ဘောအသင်း ၁၆သင်းရှိခဲ့ပြီး စာရင်း၀င်ကစားသမား အယောက် ၄၀၀ရှိခဲ့ပါတယ်။ အဲဒီအယောက် ၄၀၀လုံးကလည်း လူဖြူတွေပါ။ ဒါပေမယ့် ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ မစ္စတာရစ်ကီဟာ လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို ခေါ်ယူခဲ့ပါတယ်။ ဒီလိုခေတ် ဒီလိုအခါမှာ လူမည်းကစားသမားကိုထခေါ်တော့ ကန့်ကွက်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ကျောနံပါတ်၄၂ ဂျက်ကီရော်ဘင်ဆင်ကလည်း ကစားပွဲထဲမှာရော ကစားပွဲပြင်ပမှာပါ လူမျိုးရေးခွဲခြားမှုတွေ၊ ခြိမ်းခြောက်စာမျိုးစုံကိုပါ ရခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီခွဲခြားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး အနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရပြီး ဘေ့စ်ဘောလောကကြီးက လူမျိုးရေးခွဲခြားမှုကို ဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.82 GB /  894 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 8m Genre .....  Drama, Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

Comedy • Romance
7.1 2013 128 mins
42
Step Up All In
6.8

Genre – Drama, Music, Romance IMDB – 5.9/10 Step Up ရုပ်ရှင်တွေရဲ့ နောက်ဆုံးကားဖြစ်ပါတယ်။ သူကတော့ ထူးထူးခြားခြား All In ဆိုတဲ့အတိုင်း ရှေ့ကလူတွေချည်း ပြန်သုံးထားတာပဲဖြစ်ပါတယ်။ အဓိက မင်းသားနေရာဆို Revolution က ရှောန် ပြန်ဖြစ်သွားပြီး မင်းသမီးနေရာကျ No 2 ထဲက အန်ဒီ ဖြစ်သွားပါတယ်။ နောက်ပြီး အရင်ကားက နာမည်ကြီး အကသမား တွေလည်း ပြန်ပါပေးထားတာပါ ဆရာသမား မုစ်အပါအဝင်ပေါ့လေ။ ဇာတ်လမ်းအရတော့ ရှောင်န်တို့အုပ်စု Revolution အပြီး မိုင်ယာမီကနေ အယ်အေကို ချီတက်လာကြပုံရတယ်။ လူရွေးပွဲတွေဝင်လျှောက် ခွေးတွေဖြစ် ပိုက်ဆံကမကျန် စသဖြင့်ပေါ့လေ ဒီတော့ တစ်ဖွဲ့သားလုံးက ပြန်ကြမယ်ပေါ့ မိုင်ယာမီ အိမ်ကွင်းမှာပဲ ဆက်ကြိုးစားကြရအောင် ပြောတော့ စကားများကြပြီး ရှောင်န်တစ်ယောက်တည်းသာ ကျန်ခဲ့ပါတယ်။ ဒီတော့ နေစရာမရှိတဲ့အတွက် မုစ်ကို အကူအညီ တောင်းတော့ သူတို့အဖိုးအဖွားရဲ့ ရွန်ဘအကသင်တန်းကျောင်းမှာ တောက်တိုမယ်ရလုပ်ရင်း ကပ်နေရပါတော့တယ်။ အဲဒီအချိန်မှာ လက်စ်ဗီးဂတ်စ်မှာ Vortex ဆိုတဲ့ ပြိုင်ပွဲသစ်ပေါ်လာတယ် သူက နိုင်သွားရင် အဲဒီမှာပဲ ၃ နှစ် သေချာပေါက် စာချုပ်ချုပ်ပြီး ဆက်တိုက် ဖျော်ဖြေပေးနေရမယ်တဲ့။ ဒီမှာတင် မုစ်ကို အသေအလဲကပ်ညှိတော့ လူတွေပတ်ခေါ်လိုက်ကြတာ မင်းသမီးဟောင်း အန်ဒီပါလာတယ် ဆန်တီယေဂို အမွှာ စက်ရုပ်ကြီး ဗလပ် ဂျပန်မကီဒို စသဖြင့် အုပ်စု အသစ်ပြန်ဖွဲ့ကြပြီး အနိုင်ရအောင်လုပ်ကြမှာကို ကြည့်ရမှာပါ။ ဒီမှာ ပြိုင်ဖက်အသစ် Grim Knight ဆိုတာ ဘယ်သူတွေလဲ၊ နောက်ထပ် စပရိုက်အသစ်တိုက်မယ့် အဖွဲ့ကတော့ ဘယ်သူတွေလဲ ဘာအခက်အခဲတွေ ကြုံဦးမလဲ ဒီလိုနဲ့ ကုလားကားဆန်ဆန် အုပ်လိုက်တွေ ရှယ်ကကြရင်း နောက်ဆုံးပိတ် အိတ်နဲ့လွယ်ရမယ့် ကားလေးဖြစ်ပါတယ်လို့ ပြောလိုက်ပါရစေ။ File size…3.14GB / 1.60GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ..... Drama, Music, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy
6.8 2014 112 mins
Step Up All In
Never Rarely Sometimes Always
7.1

IMdb Rating - 7.3/10 ဒီရုပ်ရှင်ဟာ ထူးခြားမှုတစ်စုံတရာမရှိပေမယ့် ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ မြင်နေကြပြဿနာ တစ်ခုအတွက် ကာကာကွယ်ကွယ်ပြောရရင် တစ်ချို့အတွက်တော ဘာမှန်းမသိဘဲ ပြီးသွားတဲ့ကားသက်သက်ဖြစ်မှာပါ။ IMdb ratingဟာ ခင်ဗျားသွားပေးလည်းရတဲ့ ratingတစ်ခုဆိုတော့ IMDb ratingမဆိုးတာကို အသာဖယ်လိုက်ပါဦး။ ကမ္ဘာ့စိတ်အချရဆုံး ratingလို့ပြောကြတဲ့ Rotten Tomatoesရဲ့ criticတွေပေးတဲ့ Tomatoers rating ၉၉ရှိပါတယ်။ ဒီလောက်ဆို ကျွန်တော်ညွှန်းစရာတောင်မလိုပါဘူး။ ရုပ်ရှင်ကောင်းဆိုတာ သိသာပါတယ်။ တစ်ခုရှိတာကတော့ Audience Ratingကတော့ ၂၀ပဲရှိပါတယ် ။ ဆိုလိုတာကတော့ လူတိုင်းကြိုက်မယ့်ကား မဟုတ်ပါဘူး။ ကောင်းတယ်ညွှန်းလို့ Downမိတာ မကောင်းဘူးပြောမယ့်သူတွေ ကြိုက်မယ့်ကားမျိုးမဟုတ်ပါဘူး။ The New Yokerမှာတောင် ဒီရုပ်ရှင်အကြောင်း ဆောင်းပါးတစ်ခုတ်တရရေးထားပါတယ်။ ရုပ်ရှင်တစ်ကားရဲ့ ကောင်းခြင်းမ‌ကောင်းခြင်းက ကြည့်ရှုသူရဲ့ ခံစားမှုအကျယ်အပြောနဲ့ တိုက်ရိုက် အချိူးကျပါတယ်။ ဒီရုပ်ရှင်ရဲ့ အကြောင်းအရာနဲ့ တင်ဆက်ပြသပုံဟာ အင်မတန်ရိုးရှင်းပြီး သရုပ်မှန်ဆန်ပါတယ်။ မြင်နေကျပြဿနာ တစ်ခုကိုပဲ တင်ပြထားတာပါ။ ခေတ်အဆက်ဆက်ပြဿနာဖြစ်တဲ့ လိင်မှုရေးရာနဲ့ အမျိုးသမီးတွေရဲ့ အနိုင်ကျင့်ခံရမှုတွေ လစဉ်ဓမ္မတာဝေဒနာတွေ၊ ကိုယ်ဝန်နဲ့ပက်သက်တဲ့ ဝေဒနာတွေအကြောင်းပါပဲ။ စစ်တမ်းကောက်ချက်အရတော့ အမျိူးသမီးထုရဲ့ 81%ဟာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေနဲ့ကြုံတွေခဲ့ရပြီး ငါးယောက်မှာ တစ်ယောက်နှုန်းလောက် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတယ်ဆိုပါတယ်။ လူ့အဖွဲ့အစည်းကနေလုံလောက်တဲ့ကာကွယ်မှု မရတဲ့သဘောပါပဲ။ ဒါကို ဒီရုပ်ရှင်မှာ Reality ဆန်ဆန်နဲ့ မြင်သာအောင်ပြထားတယ်။ တစ်ဖက်မှာလည်း အမျိုးသမီးတွေကြုံ‌တွေ့ရမယ့်လိင်မှုကိစ္စရဲ့နောင်ဆက်တွဲဖြစ်တဲ့ ကိုယ်ဝန် ပြဿနာကို ၁၇နှစ်ကလေးမလေးရဲ့ကိုယ်ဝန်ဖျက်ဖို့ကြိုးစားခြင်းနဲ့ပြထားတယ်။ နစ်နာသူအတွက် တစ်ချို့လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုတွေဟာ စကားနဲ့ပြောပြဖို့ရာ အဆင်မပြေပါဘူး။ ဒါရိုက်တာကလည်း ဖော်ပြမထားပါဘူး။ဆရာဝန်သိသလောက်ကိုပဲ ကျွန်တော်တို့သိရတာပါပဲ။ သဘောကျစရာ ကောင်းတာကတော့ ဖြေရခက်တဲ့ မေးခွန်းတွေအတွက် အဖြေလေးခုထဲက ရွေးပေးရတဲ့စနစ်ကိုသုံးပြီး လူသားဆန်ဆန်မေးတာပါပဲ။ အဲ့ဒီ‌အဖြေလေးခုကတော့ "တစ်ခါမှ" "ဖြစ်တောင့်ဖြစ်ခဲ" "တစ်ခါတလေ" "အမြဲတမ်း"တို့ပါပဲ။ ခင်ဗျားရောလိင်မှုကိစ္စပြုဖူးလား။ပြုဖူးရင်ရောအမျိုးသမီးဘက်က နောက်ဆက်တွဲ ပြဿနာတွေအတွက် ထည့်စဉ်းစားဖူးလား။ "တစ်ခါမှလား" "ဖြစ်တောင့်ဖြစ်ခဲလား" "တစ်ခါတလေလား" "အမြဲတမ်းလား"။ ဘာပဲဖြစ်ဖြစ်ပါ ဒီရုပ်ရှင်ဟာ လိင်မှုကိစ္စနောက်ဆက်တွဲပြဿနာတွေကို ပိုပြီးဆင်ခြင်မိစေမှာပါပဲ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မလွဲမသွေ ကြုံတွေ့ရမယ့် အရာအ‌တွက် ကြည့်ထားကြသင့်တဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ရဲ့ အသက်ကန့်သတ်ချက်က PG-13ပါ။ 13နှစ်အထက် သားသမီးတွေရှိရင် ပြသင့်တဲ့ Sex educationရုပ်ရှင်တစ်ကားလို့ ပြောရင်လည်း မမှားပါဘူး။ ( အညွှန်းရေးသားပြီးဘာသာပြန်ထားသူကတော့ WiRa Aung ဖြစ်ပါတယ် ) Quality__1080p IMDb Rating__7.3/10 Format__mp4 Duration__01:44:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • Family
7.1 2020 101 mins
Never Rarely Sometimes Always
Trolls
6.7

ပျော်ရွှင်မှုဆိုတာ ဘာလဲ??????? အတုယောင်တွေပေါများတဲ့ ယခုခေတ်မှာတော့ စစ်မှန်တဲ့ပျော်ရွှင်မှုက ရှားပါလာပြီ ဟန်ဆောင်အပြုံးတွေ ဟန်ဆောင်နှစ်သိမ့်မှုတွေထဲက ပျော်ရွှင်မှုပျောက်ဆုံးနေတဲ့ လူသားတွေအတွက်တော့ နည်းပညာပစ္စည်းတွေသုံးပြီး ပျော်ရွှင်မှုတွေကို ရှာဖွေနေရပါတယ်။ ဒါပေမဲ့ နှလုံးသားဆိုတဲ့ စစ်မှန်တဲ့ဖန်တီးမှုမပါတဲ့ နည်းပညာပစ္စည်းတွေက ပြီးပြည့်စုံတဲ့ပျော်ရွှင်မှုကိုမပေးနိုင်ပါဘူး။ ကျွန်တော်တို့ ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေရမလဲ???? မနေ့က မမျှော်လင့်ပဲ ကြည့်မိတဲ့ Trolls ဆိုတဲ့ ဇာတ်ကားလေးအကြောင်းပြောချင်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ရောင်စုံဆံပင်ရှည်လေးတွေရှိတဲ့ Trolls တွေရဲ့ အလုပ်ကတော့ သီချင်းဆိုမယ် ကမယ် တစ်ယောက်ကိုတစ်ယောက် နွေးထွေးစွာပွေ့ဖက်မယ် ဒါသူတို့ရဲချစ်စရာကောင်းတဲ့အလုပ်ပဲ။ ဒီလိုချစ်စရာကောင်းတဲ့ Trolls တွေမှာ ရန်သူတွေရှိတယ် သူတို့က Bergens တွေပဲ သူတို့ရဲ့ပျော်ရွှင်မှုကတော့ Trolls တွေကို စားခြင်းပဲ။ Bergens တွေရဲ့ ရန်ကလွတ်မြောက်ပြီး နှစ်၂၀ ကြာတဲ့အချိန် ကြီးကျယ်တဲ့ပါတီပွဲလုပ်တဲ့ချိန်မှာ Bergans တွေရဲ့ ဖမ်းဆီးချင်းကို ခံရတဲ့ Trolls တွေကို ပြန်လည်ကယ်တင်မယ့်သူက Trolls တွေရဲ့ခေါင်းဆောင်မင်းသမီးလေး Poppy ၊မင်းသမီးလေးကို ကူညီပေးမယ့်သူကတော့ Trolls တွေရဲ့ လူ့ထူဆန်းအဖြစ်သတ်မှတ်ခံရပြီး Trolls တစ်ယောက်ဖြစ်ပြီး သီချင်းမဆိုတဲ့ Branch သူတို့နှစ်ယောက်ပေါင်းပြီး Trolls တွေကို ကယ်တင်နိုင်မလား ပျော်ရွှင်မှုကို ရှာဖို့ဘယ်လိုသင်ပြမလည်းဆိုတာကတော့………. Dream Work က ရိုက်ကူးထုတ်ပြီး Justin Timberlake က producer အဖြစ်ပါဝင်ထားပြီး ကိုယ်တိုင်အသံသရုပ်ဆောင်ကာ Anna Kendrick, Zooey Deshanel အပါအဝင် နာမည်ကျော် သရုပ်ဆောင်တွေက အသံသရုပ်ဆောင်တွေအဖြစ်ပါဝင်ထားတဲ့ ဒီဇာတ်ကားက နာမည်ကျော် Disney ရဲ့ Moana မကြည့်ရသေးခင်မှာတော့ ဒီနှစ်ရဲ့ အကောင်းဆုံး Entertainment အဖြစ်ဆုံး Animation ဇာတ်ကားတစ်ကားပါ။ ဇာတ်ကားမထွက်ခင်အချိန်းတုန်းကသာမက ထွက်ပြီးတဲ့အချိန်မှာ စိတ်ဝင်စားမှုမရှိခဲ့ပေမယ့် ကြည့်နေတဲ့အချိန်မှာတော့ ကြည်နူးမှု ပျော်ရွှင်မှုရသအပြည့်ကို ခံစားရပါတယ်။ Trailer ထွက်ကတည်းက နာမည်ကြီးနေတဲ့ သီချင်းဖြစ်တဲ့ Can’t Stop The Feeling ကဇာတ်ကားနဲ့အရမ်းလိုက်သလို ဇာတ်ကားရဲ့ Climax အခန်းမှာဆိုတဲ့ သီချင်းလေးကလည်း အရမ်းကိုအဓိပ္ပါယ်ပြည့်ဝပြီး တော်တော်ကောင်းမွန်ပါတယ်။ Lionel Richie ရဲ့ Hello သီချင်းကို တစ်ခန်းသုံးထားပြီး အဲ့အခန်းကို တော်တော်များများသဘောကျမှာပါ ။Animation ရေးဆွဲထားတာက လှပပြီးတော်တော်လေးကို idea ကောင်းပါတယ် Frozen ဇာတ်ကားလိုပဲ သီချင်းတွေဆိုရင်း ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့ ဇာတ်ကားကို အကုန်အကြိုက်တွေ့စေမှာပါ။ အပေါ်မှာပြောခဲ့သလိုပါပဲ စစ်မှန်တဲ့ပျော်ရွှင်မှုကို ဘယ်ကရှာရမလဲ Trollsတွေရဲ့ ခေါင်းဆောင်မင်းသမီးလေးဖြစ်တဲ့ Poppy ကတော့ပြောတယ် “မင်းရဲ့ရင်ဘက်ထဲကလာတဲ့အရာကနေရှာပါတဲ့ ” အဲ့စကားလေးက တော်တော်အတွေးပွားစေပါတယ် ရုပ်ဝတ္ထုတွေတိုးတက်လာတဲ့နောက်ပိုင်းမှာ လူချင်းတွေ့ဆုံပြီး စကားပြောဖို့ ရင်းရင်းနှီးနှီးနေထိုင်ဖို့က ဝေးကွာလာစေပါတယ်။ အွန်လိုင်းပေါ်က နှစ်သိမ့်တဲ့ လေလှိုင်းပေါ်ကစကာလုံးတွေထက်စာရင် အပြင်မှာတွေ့ဆုံပြီး ရင်းရင်းနှီးနှီးထွေးပွေ့လိုက်တာက ပိုပြီးလှပသလို ပိုပြီးနွေးထွေးစေပါတယ်။ ဒီဇာတ်ကားလေးကို ကြည့်ပြီးကလေးလူကြီးမရွေးကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် မကြည့်ရသေးတဲ့သူတွေလည်း သေချာပေါက်ကြည့်ကြည့်ပါလို့ ညွှန်းဆိုလိုက်ရပါတယ။် ပြီးရင် ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုကို ရှာဖွေလိုက်ကြရအောင်လား ခင်ဗျာ……. Animation ဆိုပေ့မယ် အသံ သရုပ်ဆောင် နာမြည်တွေဖတ်ရုံနဲ့ ဖျားသွားလောက်ပါတယ်။ Credit : #MMDB_Review #Troll #ZKK အညွှန်းကို MMDB မှ ကို ဇင်ကိုကို ရေးထားတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် File Size     :   949 MB Duration    :   1 hr 30 min Quality       :   Webrip 720p Translator  :   Littleneo, Nyi Thanlwin Encoder      :   ThitSanKhant

Comedy • Crime
6.7 2016 92 mins
Trolls
Free State of Jones
6.7

ဒီ Free State of Jones ဇာတ်ကားဟာဖြင့်အမေရိကန်ပြည်တွင်းစစ်အတောအတွင်းဖြစ်ပွားခဲတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကိုအခြေခံထားတဲ့ကားကောင်း တစ်ကားပါပဲ။ဒီဇာတ်လမ်းမှာ ဆင်းရဲသားတွေနဲ့လူချမ်းသာတွေရဲ့ တဖြည်းဖြည်းကွာဟလာတဲ့ ဘဝတွေကိုပေါ်လွင်အောင်ပြထားနိုင်တယ်လို့ချီးမွမ်းကြပါတယ်။ ဒီဇာတ်လမ်းမှာNewton Knight ဆိုတဲ့ ဆင်းရဲသားလယ်သမားတစ်ယောက် ဦးဆောင်တဲ့ လွတ်မြောက်လာတဲ့ကျွန်တွေ၊ဆင်းရဲသားတွေရဲ့ တော်လှန်ပုံ ကိုပီပီပြင်ပြင်ပုံဖော်ထားလို့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပြောရမှာပါ (ဇာတ်လမ်းအညွန်းကိုတော့ Shocking Pink မှရေးသားပေးထားတာဖြစ်ပါတယ်) File Size : 1 GB /500 MB Quality : Blu ray 720P Running Time : 2hr 15 minute Format : Mp4 Genre : Action, Biography, Drama Encoder : Thanhtike Zaw

Action & Adventure • Drama • Sci-Fi & Fantasy
6.7 2016 140 mins
Free State of Jones
[18+] Empire of Lust
6.1

Empire of Lust ( 2015 ) Uncut Version ဖြစ်ပြီး ဆင်ဆာဖြတ်ထားတဲ့ Scene တွေကို ပြန်ထည့်ပေးထားတာမလို့ BluRay Version ထဲမှာ Scene အစုံဆုံး Version ဖြစ်ပါတယ်။ ——————- Empire of Lust ဟာ softcore ကားလို့ပြောလို့ရတဲ့အထိ လိင်မှုခန်းတော်တော်များပြီး အင်္ဂါတွေကလွဲလို့ တော်တော်ကြီး သေချာကိုပြထားတာပါ။ သို့ပေမဲ့လည်း ဒီရုပ်ရှင်ဟာ သာမန် 18+ကားသက်သက်ဆိုတာထက်တော့ အများကြီးပိုပါတယ်။ castတွေကတော့ တော်လည်းတော် နာမည်လည်းကြီးတဲ့ သူတွေပါ။ ဒီရုပ်ရှင်ရဲ့ကောင်းကွက်ထဲ castတွေ သရုပ်ဆောင်ကောင်းတာကလည်း အဓိကပါပဲ။ Shin Ha-kyun – သူ့ကိုတော့ တောင်ကိုရီးယားက ထိပ်ဆုံးဆရာတွေထဲက တစ်ပါးဖြစ်တဲ့ ပတ်ချန်းဝုရဲ့ ရုပ်ရှင်အများစုမှာ လူအများစုရင်းနှီးပြီးသားဖြစ်မှာပါ။ ဆောင်းကန်ဟိုတို့ အီဗြောင်ဟွန်းတို့လို လူတွေနဲ့ ရင်ဘောင်တန်းသရုပ်ဆောင်နိုင်လောက်အောင် သရုပ်ဆောင်ကောင်းတဲ့သူပါပဲ။ စီးရီးအနေနဲ့ဆိုလည်း မနှစ်က သူရိုက်ထားတဲ့ beyond evilဟာ တစ်ပြိုင်တည်းထွက်တဲ့ တော်တော်ရေးပန်းစားတဲ့ mouseထက်တောင် သရုပ်ဆောင်ရော တင်ဆက်ပုံရော ပိုအဆင့်မြင့်တဲ့ တော်တော်ရှားရှားပါးပါးမြင်ရခဲ့တဲ့ အဆုံးထိသေသပ်နေတဲ့ ကိုရီးယားမှုခင်းဇာတ်လမ်းတွဲပါပဲ။ Jang Hyuk – သူ့ကို‌လည်း ကိုရီးယား မှုခင်းကားဇာတ်လမ်းတွဲတွေ ရုပ်ရှင်ပရိသတ်တွေ တော်တော်ကိုမှ ရင်းနှီးပြီးသားပါပဲ။ ဒီရုပ်ရှင်မှာ သူက ကိုရီးယားရဲ့ ရုပ်ရှင်အရိုက်ခံရဆုံး မင်းသားလို့ပြောရမလားမသိတဲ့ အီဘန်းဝန်နေရာက သရုပ်ဆောင်ထားတာပါ။ ပုဂ္ဂလိကအမြင်အရတော့ အီဘန်းဝန်လို ဇာတ်ကောင်မျိုးနဲ့ သူကအတော်လိုက်ပါတယ်။ My Country: The New Ageမှာလည်း အီဘန်းဝန်နေရာကပဲ သရုပ်ဆောင်ဖူးပါတယ်။ ဒီရုပ်ရှင်ရဲ့ အဓိကကောင်းကွက်ထဲ သူနဲ့ Shin Ha-kyunသရုပ်ဆောင်ကောင်းတာက အဓိကအချက်ပါပဲ။ Kang Ha-neul – ဒီကားထွက်တုန်းကတော့ သူနာမည်ဒီလောက်မကြီးသေးပါဘူး။ အရင်နှစ်တွေက When the Camellia Bloomsနဲ့ ဆုတွေဘာတွေရခဲ့သလို ဒီနှစ်လည်း သူပါတဲ့ infernal affairs ကိုရီးယားမူပြောလို့ရတဲ့ insiderကလည်း သူ့ဟာနဲ့သူ တော်တော်လေးကောင်းတဲ့ဇာတ်ပါပဲ။ သူ့သရုပ်ဆောင်စကေးကလည်း နောက်ပိုင်းတက်လာသလို ဒီကားမှာတင်တော်တော်ကောင်းနေပါပြီ။ အပေါ်က ဘဲကြီး၂ပွေနောက်က အမီလိုက်နိုင်ခဲ့ပါတယ်။ Kang Han-na – start-upနဲ့ တစ်နှစ်ကမှ စပေါက်လာတယ်ပြောရမယ်ထင်တယ်။ Moon Loversမှာ လည်းပါတော့ပါဖူးပေမဲ့ ဗီလိန်ဆိုတော့ သိပ်အချစ်ခံရမယ်မထင်ဘူး။ ဒီကားရိုက်ပြီးမှ Moon Loversရိုက်တာဆိုတော့ ဒီကားက သူနာမည်လုံးဝမရှိသေးတဲ့အချိန်က ကားပါပဲ။ ဒါကြောင့်မို့လည်း ဆောင်းဂျီဟိုတို့ ဟာဂျီဝန်တို့ငယ်ငယ်ကကားတွေထက်တောင် sex sceneတွေ ပိုကြမ်းနေတာဖြစ်ပါလိမ့်မယ်။ ဒီကားရိုက်တုန်းက နာမည်မရှိသေးပေမဲ့ သူလည်း သရုပ်ဆောင်ကောင်းပါတယ်။ တော်တော်လည်းလှပါတယ်။ ဒီကားကထွက်တာကြာပြီဆိုတော့ တော်တော်များများလည်းကြည့်ဖူးမှာပါ။ ဒီရုပ်ရှင်ထဲက သူ့အလှတရားတွေကြည့်ဖူးတဲ့သူတွေသိကြမှာပါ။ Empire of Lustဟာ ဂျိုဆွန်းတည်ထောင်ပြီး ခုနှစ်နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပြီး ကိုရီးယားသမိုင်းရဲ့ နာမည်ကျော် အီဘန်းဝန်ရဲ့ သမိုင်းကို ပုံစံသစ်တစ်မျိုးနဲ့ ချဉ်းကပ်ပြသထားတဲ့ကားဆိုလည်းမမှားပါဘူး။ ဒီလိုပြသပုံကို လူတစ်ချို့က အမြင်သစ်တယ် ချီးကျူးခဲ့ကြသလို နာမည်နဲ့လိုက်အောင်ပဲ lustအပြည့်နဲ့ တော်တော်ကြည့်ကောင်းတဲ့ကားပါပဲ။ softcore ဆန်ဆန်ကားဆိုတော့ ဇာတ်အိမ်ကတော့ အသေကြီးကောင်းပါတယ်ဆိုတဲ့ အနေအထားတော့မရောက်ပေမဲ့ အပေါ်မှာပြောခဲ့တဲ့ ဆရာကြီးတွေရဲ့သရုပ်ဆောင်ကောင်းတာနဲ့ သူ့ဟာနဲ့သူကောင်းနေတဲ့ဇာတ်အိမ်ရယ်ပေါင်းလိုက်တဲ့အခါမှာတော့ ဒီရုပ်ရှင်ဟာ သူ့လိုင်းမှာတော့ တော်တော်လေးကောင်းးတဲ့ ရုပ်ရှင်လို့ပြောလို့ရတဲ့ ရုပ်ရှင်လို့ပြောရင် မမှားပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။) File size…(2.2 GB)/(999 MB) Quality…BluRay (Uncut Version Scene Plus) 1080p / 720p Format…mp4 Duration….02:04:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wira Aung

Action • Adventure
6.1 2015 113 mins
[18+] Empire of Lust
Avatar
7.8

Avatar (2) ထွက်ဖို့ရှိတာမလို့ Avatar(2009) ကို Quality Update လိုက်ပါတယ်…Extended Version ကိုမှ 4K IMAX HDR/SDR အရည်အသွေးတွေနဲ့ တင်ဆက်လိုက်ပါတယ်။ (HDR ကိုတော့ ခေတ်ပေါ်ဖုန်းတချို့နဲ့ Android TV တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။) Avatar ကတော့ Titanic ဒါရိုက်တာကြီး James Cameron ရိုက်ထားတဲ့ ရုပ်ရှင်သမိုင်းရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ… ဇာတ်လမ်းအကျဉ်းကတော့ … လူတွေနေတဲ့ကမ္ဘာအပြင်ဘက်ကပင်ဒိုရာလို့ခေါ်တဲ့နေရာမှာ လူထက်နှစ်ဆကျော်လောက်မြင့်တဲ့မျက်နှာအပြာရောင်၊ နှာခေါင်းပြားပြား၊ မျက်လုံးပြူးပြူး၊ အမြီးပါတဲ့ နာဗီလို့ခေါ်တဲ့လူနဲ့တူတဲ့ဂြိုလ်သားခေါ်မလား၊ တခြားကမ္ဘာကသက်ရှိတွေလို့ခေါ်မလား သူတို့နေကြတယ်။သူတို့တွေမှာ သီးခြားဘာသာ စကားရှိပေမယ့် ရုပ်ရှင်ရိုက်လို့ကောင်းအောင်တချို့တွေကိုတော့ အင်္ဂလိပ်စကားပြောတတ်အောင် ဒါရိုက်တာက ခိုင်းထားတယ်။နာဗီတွေနေတဲ့နေရာက သိပ်လှတယ်။ ဒါရိုက်တာစိတ်ကူးကြောင့်ဒီလိုမြင်ကွင်းတွေ မြင်ခွင့်ရတာဖြစ်တယ်။ မြန်မာတွေအတွက်တော့ ဒီစိတ်ကူးတွေက သိပြီးသားပါ။ဘာသာရေးဆိုင်ရာစာအုပ်ဖတ်တဲ့သူတွေဆိုရင် ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီတွေတရားမွေ့လျော်ရာ နေရာမျိုးတွေပေါ့။ သစ်ပင်တွေ၊ ပန်းမာလ်တွေ၊ ကျေးငှက်သာရကာတွေနဲ့သိပ်ပျော်မြူးဖို့ကောင်းတဲ့နေရာပေါ့။ဒါရိုက်တာကတော့ အမေရိကန်မို့ သူ့စိတ်ကူးထဲက အရုပ်တွေ၊ အကောင်တွေဖန်တီးတာပေါ့လေ။ကြည့်လို့ကောင်းအောင်လည်း ရုပ်ရှင်ပညာနဲ့ ဂရပ်ဖ်ဖစ်နဲ့ လုပ်လိုက်တာပေါ့။အဲဒီနာဗီတွေနေတဲ့ဆီမှာ ကမ္ဘာစွမ်းအင်အတွက် လိုအပ်တဲ့ဓာတ်သတ္ထုတစ်မျိုးက ထွက်တယ်။ကမ္ဘာစွမ်းအင်လိုအပ်ချက်အတွက် အဲဒီသတ္ထုထုတ်ယူဖို့လိုတယ်။ဒီတော့ လူသားတွေပီပီ ကြံဆကြိုးစားကြရင်းအမေရိကန်မရင်းတပ်ဖွဲ့ဝင်ဟောင်း(အခုတော့ အောက်ပိုင်းမသန်ဖြစ်နေတဲ့ မင်းသား)ကအဲဒီ နာဗီအဖြစ် အသွင်ပြောင်းရတယ်။ Jake လို့ခေါ်တဲ့ မင်းသားကိုသေတ္တာထဲထည့် ခလုတ်နှိပ်လိုက်ရင် သူက နာဗီဖြစ်သွားတာပဲ၊ ပြန်ခေါ်ချင်ရင်ခလုတ်ပိတ်လိုက် လူပြန်ဖြစ်လာတယ်။Jake က လူအဖြစ်ကနေ နာဗီဖြစ်နိုင်လို့ Avatar လို့ ဇာတ်ကားနာမည်ပေးတာပဲ။ဒီတော့ အသားပြာပြာရှိတဲ့လူဆို (အထူးသဖြင့် နေပူထဲများများသွားရတဲ့သတင်းထောက်တို့၊ မားကတ်တင်းတို့ဆို အသားတွေပြာနှမ်းကုန်တတ်တာပေါ့)နာဗီလို့ ခေါ်လို့ရမလား မသိဘူး။ဇာတ်ကားကိုပြန်ဆက်ရရင် Jack က နာဗီဖြစ်ဖြစ်သွားပြီး၊ နာဗီဘုရင်ကြီးရဲ့သမီးတော် နေတရီ နဲ့ ကြိုက်သွားရောဆိုပါတော့။ဒီတော့ ဒီဘက်က သတ္ထုတွေ လိုချင်တဲ့သူတွေကနာဗီတွေကို အပြတ်ရှင်း၊ နာဗီဒေသမှာရှိတဲ့ သတ္ဌုတွေ ယူပေါ့။မင်းသားက လူကနေ ခဏ ခဏ နာဗီဖြစ်ပြီးတဲ့အခါ ဒီစီမံကိန်းကြီးကိုလုပ်နေတဲ့သူတွေက နာဗီတွေရဲ့ လမ်းကြောင်းတွေ၊ အနေအထားတွေကိုအကုန်မှတ်တမ်း ယူထားတယ်။ တစ်ချိန် သူတို့ဆော်မယ်လေ။Jack က နာဗီဖြစ်လာတော့ နာဗီတွေ အေးအေးဆေးဆေး နေတာ၊ သဘာဝတရားနဲ့အလွမ်းသင့်အောင်နေတာ၊ သစ်ပင်တွေမှာ အသက်ရှိတာ၊ အသက်ရှုတာ၊ မျိုးပွားတာတွေကို သိလာတယ်။သဘာဝကြီးဟာ သူ့ဟာသူ သိပ်လှနေတယ်၊ လူတွေ လောဘဇောတက်ကုန်လို့သာကမ္ဘာကြီး ပျက်စီးလာတာ၊ အခုလည်း နာဗီတွေကို အပြတ်ရှင်းဖို့လုပ်နေပြီ။ဒီဇာတ်ကားမှာလည်း သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ပြောဆိုသတိပေးမှုလေးတွေ ထည့်ထားတာပါတယ်။လူနဲ့သဘာ၀ သမူဟဖြစ်မှ၊ သတ္တဝါနဲ့ ပတ်ဝန်းကျင် သဟဇာတဖြစ်မှပျော်ရွှင်စရာကမ္ဘာဖြစ်မယ်ဆိုတာကို မီးမောင်းထိုးပြထားတယ်။လူတွေရဲ့ အတောမသတ်တဲ့လောဘနဲ့ ဒေါသ၊ အတ္တ၊ မာနတွေကိုလည်း ပေါ်လွင် အောင်ရိုက်ပြနိုင်လို့ ဒါရိုက်တာကို ချီးကျူးရမှာဖြစ်ပါတယ်။လူတွေရဲ့ စိတ်အခြေအနေတွေဆိုတာ လူသာမန်တိုင်း ကိုယ့်စိတ်ကိုယ့်အခြေအနေ၊ ကိုယ့်အနာဂတ်ကို ကိုယ်ကိုယ်တိုင် သိနေကြတာပဲဆိုတာကို ပြထားပါတယ်။လူဆိုတာ ပထမတော့ အဖြူ ထည်သက်သက်ပါပဲ။အေးအေးနေတတ်တယ်၊ မျှတတာကိုကြိုက်တယ်၊ အေးချမ်းမှုကို နှစ်သက်တယ်၊ စိတ်ခံစားချက်တွေ ကိုယ်စီရှိကြတယ်။ခုန ဘေးကအရောင်တွေဖြစ်တဲ့ ဒေါသတွေ၊ လောဘတွေ၊ မာနတွေ၊ အတ္တတွေရောထည့်လိုက်တော့မှ မတရားမှုတွေ၊ အနိုင်ကျင့်မှုတွေ၊ စစ်တွေစသဖြင့်ဖြစ်လာတာပါဆိုတာကို ဒီ Avatar မှာလည်း တွေ့ရမှာဖြစ်ပါတယ်။နာဗီတွေဟာ ဝိဇ္ဇာ၊ ဇော်ဂျီတွေနဲ့ မတူတာဆိုလို့စစ်တိုက်တတ်တယ်၊ ဓားရေး၊ လှံရေး၊ လေးမြားအတတ်တွေ ကျွမ်းကျင်ကြတယ်။စက်ရုပ်ကြီးတွေ၊ လက်နက်တွေ၊ ရှုးပျံလိုအကောင်ကြီးတွေနဲ့ဖိုက်တင်တွေ၊ အဝဲအပျံ၊ အခုတ်အထစ်တွေကို ကလေးကြိုက်၊ လူငယ်ကြိုက်ရိုက်ပြထားပါတယ်။ဇာတ်ကားမြင်ကွင်းတွေ၊ တွေးဆဆင်ခြင်စရာ ဇာတ်ဝင်စကားတွေကတော့လူကြီးပရိသတ်အတွက် ဆင်ခြင်စရာပေါ့လေ။ ဒါရိုက်တာကလူကြီးကော လူငယ်ပရိသတ်ကော နှစ်ခုလုံးအတွက် ရိုက်ထားပုံရပါတယ်။ဇာတ်ကားအဆင့်ကိုလည်း 12 A လို့ သတ်မှတ်ထားပါတယ်။နောက်ဆုံးတော့ ဇာတ်သိမ်းလိုက်ရင် ကောင်းတဲ့လူတွေသာနောက်ဆုံးမှာ အောင်ပွဲခံတယ်ဆိုတာကို ဒါရိုက်တာဂျိမ်းစ်ကင်မရွန်းကပြသွားပါတယ်။ လူအများနှစ်သက်တဲ့ဇာတ်သိမ်းမျိုးနဲ့ပဲ ဒါရိုက်တာက ဇာတ်လမ်းကို သိမ်းလိုက်ပါတယ်။ ဒီကားကြည့်ပြီး ဘာရလိုက်သလဲဆိုတော့ ဘယ်လောက်ပဲအခက်တွေကြုံနေပါစေ၊ သူများနဲ့မတူဘဲ ပေါက်မြောက်အောင်သာထိထိရောက်ရောက် စွမ်းဆောင်ပါလေ၊ မုချအောင်မြင်မယ်ဆိုတာရယ်။လူတွေက အသစ်အဆန်းကို သိပ်စိတ်ဝင်စားတယ်ဆိုတာရယ်၊ ကြီးကျယ်တဲ့ အလုပ်မှန်သမျှ၊သမိုင်းဝင်အောင် လုပ်မယ်လို့ ကြံဆသမျှတွေရဲ့ အခြေခံဟာစိတ်ကူးတွေဖြစ်တယ်ဆိုတာကိုတွေကို ရလိုက်ပါတယ်။ ဒီကားဟာ ခေတ်သစ်ရုပ်ရှင်တွေအတွက် နောက်ထပ်ခေတ်သစ်အခုဆီကိုကူးပြောင်းပေးလိုက်တာလို့လည်း ဂျိမ်းစ်ကင်မရွန်းကို ဝေဖန်ရေးဆရာတချို့က မြှောက်ပင့်ကြပါတယ်။ကျွန်တော်ကတော့ ဂျိမ်းစ်ကင်မရွန်းလို ဒါရိုက်တာက ဒီလောက်ပိုက်ဆံတွေသုံးမှတော့ဒီလောက်တော့ဖြစ်သင့်တာပေါ့လို့ ပြောချင်ပါတယ်။ဒါပေမယ့် စိတ်ကူးကိုတော့ ချီးကျူးပါတယ်။အလွန်ကြည့်ကောင်းပါတယ်။ Avatar က စိန်ခေါ်မှုတစ်ခုတော့ ဖြစ်သွားပါပြီ။သူ့ကိုကျော်ဖို့ နောက်ထပ်ဒါရိုက်တာတွေ ရှိလာဦးမယ်ဆိုတာကိုတော့ အသေအချာ ယုံကြည်မိပါတယ်…. (ရုပ်ရှင်အညွှန်းကို မိုးစက်မှော် WordPress မှ ကူးယူဖော်ပြပါသည်။)

Comedy
7.8 2009
Avatar
Ramabanam
5.6

Ramabanam 2023 IMDb 5.9/10 Action/Drama အခုတစ်ခါတင်ဆက်ပေးမယ့် တေလဂူးရုပ်ရှင်ကတော့ အက်ရှင်အကြမ်းစားတွေအပြင် မိသားစုတွေကြားထဲက ၅၂၈မေတ္တာ ချစ်သူတွေကြားက ၁၅၀၀မေတ္တာကိုပါ ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ရိုးသားမှုကို အရင်းခံပြီး သမာအာဇီဝကျကျနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ ရာဂျာရမ်မှာ ဗစ်ကီလို့ခေါ်တဲ့ ညီလေးတစ်ယောက်ရှိပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဖို့ အစ်ကိုဖြစ်သူက အမြဲဆုံးမလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူ မတရားသဖြင့် ဒုက္ခခံနေရတာကို မြင်ရပြီးနောက် လက်တုံ့ပြန်ခဲ့ပါတယ်။ အစ်ကိုဖြစ်သူသိသွားပြီး ဗစ်ကီနဲ့ အချေအတင်ဖြစ်ကြတဲ့အခါ ဗစ်ကီတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ကာလကတ္တားမြို့ကို လက်ဗလာနဲ့ရောက်သွားတဲ့ဗစ်ကီတစ်ယောက် လုပ်ငန်းရှင်တစ်ဦးနဲ့ချိတ်ဆက်မိပြီး ယုံကြည်အားကိုးရတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ ထင်ထားသလောက်မရိုးရှင်းတဲ့စီးပွားရေးလုပ်ငန်းမှာ ဗစ်ကီတစ်ယောက် အစ်ကိုဖြစ်သူမကြိုက်တဲ့ ဒုစရိုက်မှုတွေလုပ်ပြီး ကြီးပြင်းလာခဲ့ပါတယ်။ အချိန်တန်အရွယ်ရောက်လို့ ချစ်ရတဲ့သူတွေ့လာတဲ့အခါ လက်ထပ်ထိမ်းမြားဖို့ မိသားစုက အရေးပါတယ်ဆိုတာ ဗစ်ကီသိရတဲ့အခါ အစ်ကိုဖြစ်သူနဲ့မိသားစုဝင်တွေရှိရာဆီကို ပြန်လာခဲ့ပါတယ်။ မိသားစုတွေ ပြန်လည်ပေါင်းစည်းကြမိပေမယ့် ဖုံးကွယ်ထားရတဲ့အခက်အခဲကိုယ်စီလည်း ရှိနေကြပါတယ်။ ဗစ်ကီနဲ့အစ်ကိုဖြစ်သူ ဘာတွေဆက်ဖြစ်ကြမလဲ။ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ။ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နေသွားရမလားဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V, BpL, Zwe Yan, Dee နဲ့ Cherryတို့ဖြစ်ကြပါတယ်။)

5.6 2023
Ramabanam
All the Names of God

အကြမ်းဖက်ဝါဒ (terrorism) တစ်ကမ္ဘာလုံးက အစိုးရတွေရော၊ သာမန်လက်နက်မဲ့ပြည်သူတွေကိုပါ အနုနည်း၊ အကြမ်းနည်းနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်သမားတွေအကြောင်းကို နိုင်ငံတကာက ဇာတ်လမ်းအမျိုးမျိုး၊ ဝတ္တုအမျိုးမျိုးနဲ့ မရိုးနိုင်အောင်ရိုက်ကူးရေးသား ဖော်ပြခဲ့ကြ၊ ဖော်ပြနေကြဆဲပါ။ အခုတင်ဆက်မယ့်ဇာတ်ကားလေးကလည်း အဲ့ထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ အကျင့်အတိုင်း ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးစုကောင်းစားရေး စတဲ့မြင့်မြတ်သန့်စင်တဲ့အကြောင်းအရာတွေကို မစားရဝခမန်းပြောပြီး သူတို့လိုချင်တဲ့အရာကို သူရဲဘောနည်းစွာသူတို့ကိုယ်တိုင်မလုပ်ဘဲ အသိဉာဏ်နည်းပါးတဲ့ အူကြောင်ကြားတွေ၊ ဂေါက်သီးတွေ၊ စိတ်မူမမှန်သူတွေ၊ အစွန်းရောက်တွေကို ချကျွေးပြီး ယုတ်မာတာဟာ အကြမ်းဖက်ဝါဒပါပဲ။ ဒီဇာတ်ကားထဲမှာလည်း ဘာသာရေးအကြောင်းပြပြီး လူငယ်သုံးယောက်ကို လေဆိပ်မှာ အသေခံဗုံးခွဲခိုင်းပါတယ်။ နှစ်ယောက်က အောင်မြင်စွာခွဲနိုင်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအောင်မြင်ဘဲ လေဆိပ်ကနေ တက္ကစီသမားတစ်ယောက်ကိုတားစီးပြီး ကိုယ်လွတ်ရုန်းထွက်ပြေးတာနဲ့ ဇာတ်လမ်းစဖွင့်ပါတယ်။ ဒဏ်ရာရသူထင်ပြီး ဆေးရုံပို့ပေးဖို့ စေတနာနဲ့တင်ခေါ်ခဲ့တဲ့ တက္ကစီသမားခမျာ သူ့နားထင်ကိုသေနတ်နဲ့အထောက်ခံပြီး ပြန်ပေးဆွဲခံရမှ အဖြစ်မှန်သိလိုက်ရပါတော့တယ်။ အဲ့ကတဆင့် တက္ကစီသမားနဲ့ မအောင်မြင်ခဲ့တဲ့အကြမ်းဖက်သမား ဘယ်လိုနှစ်ပါးသွားကြမလဲ၊ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကရော ဗုံးခွဲတရားခံတွေနဲ့ တက္ကစီသမားကိုဓားစာခံလုပ်ထားတဲ့ အကြမ်းဖက်သမားကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှူကြရမှာပါ။ Rating အများကြီးရမထားပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ဇာတ်လမ်းအစမှအဆုံးထိ ဇာတ်အိမ်ခိုင်ခိုင်နဲ့ တောက်လျှောက်မလွတ်တမ်း ကြည့်ဖြစ်အောင် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်လမ်း၊ အခက်အခဲကြုံရချိန်မှာ ရှိလာတတ်တဲ့ မိသားစုသံယောဇဥ်စိတ်ကိုဖော်ကျူးနိုင်တဲ့ ဇာတ်လမ်းအဖြစ် အသိအမှတ်ပြုမိပါတယ်။ ဥရောပရုပ်ရှင်ဇာတ်ကားတွေထဲကမှ စပိန်ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း dialouge နည်းနည်း၊ idea များများ ပုံစံမျိုးနဲ့ လေးနက်တဲ့ရသတစ်မျိုး ခံစားမိမှာပါ။ စပိန်ဒါရိုက်တာ Daniel Calparsoro ကရိုက်ကူးပေးထားပြီး Luis Tosar၊ Inma Cuesta၊ Nourdin Batan၊ Patricia Vico၊ Lucas Nabor၊ Antonio Buil စတဲ့စပိန်သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating 5.7 ရရှိထားပါတယ်။ File size…(1.7 GB)/(960 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

0 2023 105 mins
All the Names of God
Curse of the Sin Eater
5

ပိုက်ဆံတစ်ပြားမှမရှိဘဲ မွဲတေနေတဲ့အချိန်မှာ သူဌေးကြီးတစ်ယောက်က သူသေသွားတဲ့အချိန်မှာ သူ့အလောင်းပေါ်က စားစရာတွေကိုစားရင် တစ်သက်သုံးမကုန်တဲ့ပိုင်ဆိုင်မှုတွေအားလုံးပေးမယ်လို့ကမ်းလှမ်းလာရင် လက်ခံကြပါ့မလား။လက်ခံမယ်လို့ဖြေမဲ့လူတွေကများပေမဲ့ Spider Man ဇာတ်ကားထဲကစကားလုံးကိုငှားသုံးရမယ်ဆိုရင် ကြီးမားတဲ့စွမ်းအားတွေအတွက် ကြီးမားတဲ့တာဝန်တွေယူရပါလိမ့်မယ်။ အခုတင်ဆက်ပေးမဲ့ Curse Of The Sin Eater ဆိုတဲ့ဇာတ်ကားထဲမှာလည်း ကြီးမားတဲ့စည်းစိမ်ဥစ္စာတွေအတွက် ဘယ်လိုမျိုးကြီးမားတဲ့တာဝန်တွေ ယူရမယ်ဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ ရစ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ကမွဲတေနေတဲ့ ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်ဖြစ်ပြီးသူငယ်ချင်းအိမ်မှာကပ်နေနေ ရပါတယ်။ဒါပေမယ့်ကံကြမ္မာကမျက်နှာသာပေးခဲ့တော့ သူဌေးကြီးကကြီးမားတဲ့ ကမ်းလှမ်းမှုကြီးကိုကမ်းလှမ်းခဲ့ပြီး တော်တော်စဉ်းစားခဲ့ပြီးနောက်မှာတော့ လက်ခံ လိုက်ပါတော့တယ်။ဒီလိုနဲ့သူ့ဘ၀ကဆင်းရဲသားဘ၀ကနေ နေ့ချင်းညချင်းသူဌေးကြီး ဖြစ်သွားပြီးသုံးချင်သလိုသုံး ဖြုန်းချင်သလိုဖြုန်း နေချင်သလိုနေလို့ရလာပါတော့တယ်။ ဒါပေမယ့်အဲ့ဒါတွေကရေရှည်မခံပဲ ဇာတ်ကားနာမည်အတိုင်း သူကအပြစ်စားသုံးသူ တစ်ဦးဖြစ်သွားပြီးကျိန်စာသင့်သွားတဲ့အခါမှာတော့ ဘယ်လိုကြောက်မက်ဖွယ် ကောင်းတဲ့ တာဝန်တွေကိုယူရမလဲဆိုတာကို ထိတ်လန့်စရာကောင်းကောင်းနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.62GB / 779MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Romance
5 2024 89 mins
Curse of the Sin Eater
All Too Well: The Short Film
9.1

All Too Well ( Short Film ) 2021 IMDb – 9.1/10 ကဲ YouTube မှာ ထွက်တာ 24 နာရီပြည့်ပြီးသွားပြီဆိုတော့ CM မှာ တင်ပေးပါပြီ ဒီ short film လေးကတော့ Taylor Swift ကိုယ်တိုင် ရေးသားရိုက်ကူးထားတဲ့ ကြေကွဲဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်ပါ Stranger Things ထဲက အားလုံးရဲ့ အချစ်တော်လေး Sadie နဲ့ Teen Wolf, Maze Runner, Love & Monster တို့ရဲ့ မင်းသား Dylan O’Brien တို့က အဓိကပါ၀င် သရုပ်ဆောင်ထားပါတယ် သီချင်းရှင်မမ Taylor လည်း ပါပါတယ် Short Film ဆိုပေမဲ့ သီချင်းကို ရိုက်ကူးထားတာဖြစ်လို့ dialogue တွေအပြင် သီချင်းလေးကိုပါ ခံစားရင်း ကြည့်ရှုနိုင်မှာပါ အသက်အရွယ် အလွန်ကွာခြားလွန်းတဲ့ relationship တစ်ခုကို ပုံဖော်ရိုက်ကူးထားပါတယ် အားလုံးပဲ ရှုစားပေးကြပါဦး File Size : 168 MB Quality : 1080p Running Time : 15min Format : Mp4 Genre : Biography, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Yoon Sandi Aung Encode by : Thit San Khant

9.1 2021
All Too Well: The Short Film
Wretches
6

Wretches (2018) *************** ပရိသတ်တို့အချစ်တော် ဂင်ချားနား (Lee Yi Kyung), Uncle Samsik ထဲက (Lee Won Geun) နဲ့ Dali and Cocky Prince, Celebrity ထဲက (Park Gyu-Young)တို့ ပါဝင်ထားပြီး ကိုရီးယားနိုင်ငံရဲ့ ဆိုးဝါးလှတဲ့အရာတစ်ခုဖြစ်တဲ့ ကျောင်းတွင်းအကြမ်းဖက်မှု အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ 2018 ခုနှစ်ထွက် ဇာတ်ကားတစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း **************** သာမန်ကျောင်းသားတစ်ဦးဖြစ်တဲ့ Jae-Young နဲ့ သူ့သူငယ်ချင်းတို့ဟာ ကျောင်းမှာ အနိုင်ကျင့်ခံရနေကျ ကျောင်းသားတွေပါ။ တစ်ရက်သည်းမခံနိုင်တော့တဲ့အဆုံး အနိုင်ကျင့်တဲ့ခေါင်းဆောင်ကို အအေးထဲ ပိုးသတ်ဆေးခတ်လိုက်ရာကနေ သူငယ်ချင်းဖြစ်သူက ကျောင်းထွက်လိုက်ရပါတယ် .. ။ ကျောင်းတွင်းအနိုင်ကျင့်အဖွဲ့တွေမှာလည်း အာဏာအပေါ်မူတည်ပြီး အထက်တွေ အောက်တွေရှိတဲ့အလျောက် ထုံးစံအတိုင်း ကျန်ခဲ့တဲ့ Jae-Young တစ်ယောက် မပြီးမဆုံးနိုင် အနိုင်ကျင့်ခံရပါတယ်။ စပရိန်တို့လို ဖိလေလေ တွန်းကန်လေဆိုတဲ့အတိုင်း ချောင်ပိတ်ပြီး လွတ်လမ်းမရှိတဲ့ လူငယ်ကျောင်းသားတစ်ယောက် ဘယ်လိုတွေ လက်တုံ့ပြန်သွားမလဲဆိုတာကို Jae-Young နေရာမှာပါ ဝင်ခံစားပြီး ရင်တမမနဲ့ ကြည့်ရှုခံစားရစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.13GB / 500MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 42 min. Genre ….. Psychological, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

6 2018 102 mins
Wretches
Under Suspicion
6.4

Under Suspicion (2000) IMDb Rating (6.4) / Rotten Tomatoes (50%) ဒီဇာတ်ကားလေးကတော့ 2000 ခုနှစ်ကတည်းက ထွက်ရှိထားတဲ့ ပြစ်မှုမှုခင်းဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ ဝါရင့်မင်းသားကြီးတွေဖြစ်ကြတဲ့ Morgan Freeman နဲ့ Gene Hackman တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး Stephen Hopkins ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း….. ဟင်နရီ ဟတ်စ် ဟာ ပေါ်တိုရီကို ဆန်ဟွမ်မြို့က အလွန်ချမ်းသာတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပြီးတော့ ပရဟိတ အသင်းများစွာရဲ့ ဦးဆောင်သူတစ်ဦးလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ မနက်ပိုင်းပြေးရင်းနဲ့ ကလေးမလေးတစ်ယောက်ရဲ့ အလောင်းကိုတွေ့ရှိခဲ့ပြီးတော့ ရဲစခန်းကို ဖုန်းခေါ်ခဲ့ပါတယ်။ အမှုက သူထင်ထားသလိုမရိုးရှင်းနေပဲနဲ့ သက်သေတွေအားလုံးက ဟင်နရီ ကိုညွှန်းဆိုပြနေတဲ့ အခါမှာတော့…. Under Suspicion ဆိုတဲ့အတိုင်းပဲ ဟင်နရီ တစ်ယောက် သံသယအဝင်ခံရပုံတွေကို ရိုက်ကူးထားပါတယ်။ ထွက်ထားတာ နှစ်20 ကျော်လောက်ရှိပြီ ဖြစ်ပေမယ့်လဲ old but gold ဆိုတဲ့အတိုင်း ရွှေဖြစ်နေဆဲဖြစ်တာကြောင့် ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(4.7 GB) / (1.8 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Crime,Drama,Thriller Duration….01:51:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Nay

Action • Crime • Thriller
6.4 2000 110 mins
Under Suspicion
G20
5.1

G20 (2025) IMDb Rating (5.1) / Rotten Tomatoes (50%) The Woman King ထဲက မင်းသမီးကြီး Viola Davis ရဲ့ အက်ရှင်ကားသစ်ပါ။ အထာကတော့ White House Down တို့ London has fallen တို့လိုအထာပါပဲ။ ဂျီ-၂၀ အစည်းအဝေးလုပ်ချိန်မှာ ကမ္ဘာခေါင်းဆောင်တွေကို အကြမ်းဖက်သမားတွေက ပြန်ပေးဆွဲတဲ့ဇာတ်လမ်းပါပဲ။ ဗီလိန်ကတော့ The Boys ထဲက ဟုမ်းလန်ဒါကြီးဖြစ်တဲ့ Antony Starr ပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ သမ္မတတွေကိုကယ်မှာ အထူးတပ်ဖွဲ့မဟုတ်ပါဘူး စစ်ပြန်ဘဝကနေ အမေရိကန်သမ္မတဖြစ်လာတဲ့ မင်းသမီးက ကယ်မှာပါ။ ဇာတ်လမ်းအကျဉ်း စစ်ပြန် စစ်သူရဲကောင်းအဖြစ်ကနေ သမ္မတဖြစ်လာတဲ့ ဒန်နီရယ်ဆက်တန်ဟာ တောင်အာဖရိကမှာ ဂျီ-၂၀ အစည်းအဝေးတက်ဖို့ သွားခဲ့ပါတယ်။ အဲဒီမှာပဲ အကြမ်းဖက်တစ်ဖွဲ့က ပိပိရိရိ ဝင်စီးပြီး ခေါင်းဆောင် ၂၀ လုံးကို ဓားစာခံအဖြစ် ဖမ်းပါတော့တယ်။ အကြံကတော့ ကမ္ဘာ့ငွေကြေးဈေးကွက်ကို ဖျက်ပြီး ခရစ်ပတိုတွေနဲ့ ဘီလီယံနာ လုပ်ဖို့ပါပဲ။ နိုင်ငံခေါင်းဆောင်အကုန်ပါနေတော့ အပြင်က ကယ်ဆယ်ရေးတွေကလည်း အထဲကို ဝင်စီးဖို့ အရမ်းတွန့်နေရပါတယ်။ ဒါပေမဲ့ စစ်ပြန်ဖြစ်နေတဲ့ အမေရိကန် သမ္မတက ရုပ်ရှင်ထဲမှာတော့ စောင်ပေါမဟုတ်ဘဲ လွတ်သွားပြီး အခြားဝန်ကြီးချုပ်တွေ သမ္မတတွေကို ပြန်ကယ်တဲ့ဇာတ်လမ်းပါပဲ။ ဖြစ်နိုင်မဖြစ်နိုင်တော့ မမေးပါနဲ့ ပစ်တာခတ်တာချတာ ကောင်းကောင်းကြည့်ချင်ရင် ကြည့်လို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (6.1 GB) / (1.5 GB) / (862 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…mp4/ mkv Duration….01:48:00 Genre… Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

Drama • Thriller • Comedy
5.1 2025
G20
Time of EVE: The Movie
7.2

Time of Eve (2010) ———————– IMDB – 7.2/10, MyAnimeList – 7.9/10 ဒီကားလေးကတော့ လုံးဝကို Underated ဖြစ်ပြီးတော့ Sci-fi ပိုင်းတွေကိုကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေအတွက် Recommended ပေးချင်ပါတယ်။ ဇာတ်ကားလေးရဲ့ အကြောင်းရင်းကတော့ ဂျပန်နိုင်ငံရဲ့ အနာဂတ်မှာ စက်ရုပ်တွေကိုအကျယ်အပြန့် အသုံးပြုလာကြတယ်။ ဒီလိုမျိုး လူသားတွေဟာ စက်ရုပ်တွေကို လိုလေသေးမရှိ အသုံးပြုလာနိုင်တဲ့အတွက် ဖြစ်သလိုဆက်ဆံလာကြပြီး တစ်ဖက်မှာလည်း စက်ရုပ်တွေကို သက်ရှိလူတစ်ယောက်လို ဆက်ဆံပြီး နားလည်သဘောပေါက်ပေးတဲ့သူတွေလည်း ရှိလာတယ်။ ဒါပေမဲ့ ဒီလိုစက်ရုပ်တွေအပေါ် ကြင်ကြင်နာနာ ဆက်ဆံမှုတွေကို ပတ်ဝန်းကျင်မှာ အထင်သေးကဲ့ရဲ့ခြင်းခံရတယ်။ အဲဒီမှာ ဇာတ်ကားလေးရဲ့ MC ဖြစ်သူ Rikuo ကလည်း ပတ်ဝန်းကျင်အတိုင်း ကြီးပြင်းလာလို့ စက်ရုပ်တွေကိုလိုသလိုခိုင်းစေအသုံးပြုရတယ်လို့ပဲ အမြင်ရှိတာပေါ့။ တစ်နေ့မှာသူ့ရဲ့စက်ရုပ် Sammy ဟာ ထူးဆန်းစွာပြုမူနေတာကို သူသတိထားမိလာတယ်။ Sammy ရဲ့လှုပ်ရှားမှုမှတ်တမ်းကို ပြန်စစ်ပြီး သူဘယ်တွေသွားခဲ့လဲဆိုတာကို Rikuo ဟာ သူ့သူငယ်ချင်း Masaki နဲ့အတူခြေရာခံရင်း Time of Eve ဆိုတဲ့ ထူးဆန်းတဲ့ ကော်ဖီဆိုင်လေးကိုရောက်သွားရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့… အတူတူဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Alyn ဖြစ်ပါတယ်) File size… 1 GB / 506 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Animation, Drama, Romance, Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Alyn

Horror • Thriller
7.2 2010 106 mins
Time of EVE: The Movie