YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Hotel.King.2014.E09.1080p.p.WEB-DL(CM).mp4

1.22 GB N/A video/mp4 23 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Moloch
5.9

IMDb Rating - 6.1/10 သည်းထိပ်ရင်ဖို ဒဏ္ဍာရီပုံပြင်ဆန်ဆန် ခြောက်ခြားဖွယ်ကောင်းတဲ့ ကားကိုရှာနေရင်တော့ ဒီကားလေးကိုညွှန်းပါရစေနော်။ နယ်သာလန် မြောက်ပိုင်းဒေသတစ်ခုရဲ့ ဒဏ္ဍာရီကိုအခြေခံပြီးရိုက်ကူးထားတဲ့ ကားလေးတစ်ကားပါဗျ ။ ဘီထရက်မိသားစုက ကျိန်စာသင့်နေတယ်ဆိုပြီးတစ်ရွာလုံးက သတ်မှတ်ထားကြပါတယ် ။ အဘွားကလည်း အသတ်ခံရပြီးတော့ အဖေကလည်းစိတ်မနှံ့သူပါ။ အမေကလည်း ညဘက်ဆိုအိမ်မက်ဆိုးတွေ မက်လွန်းလို့ ဆရာဝန်နဲ့ပြသနေရပါတယ် ။ ဘီထရက်ရဲ့ခင်ပွန်းဖြစ်သူကလည်း ဆုံးပါးသွားတာမို့ သမီးဖြစ်သူနဲ့အတူ မိဘအိမ်မှာ အတူတူပြန်နေနေပါတယ်။ နောက်တစ်ခုက နုန်းမြေအကွက်ကြီးထဲမှာ အလောင်းတစ်လောင်းကိုတူးမိရာ ကနေ ဘူမိဗေဒတစ်ဖွဲ့ကြီးရောက်ချလာပါတော့တယ်။ အလောင်းတွေကိုတွေ့ရတာ အခုဆိုရှစ်လောင်းထိရှိလာပြီးတော့ အကုန်လုံးက အမျိုးသမီးတွေဖြစ်နေပြီး သေဆုံးရတဲ့အကြောင်းရင်းကလည်း တူညီပါတယ်။ အဲ့ဒီနုန်းမြေနဲ့အနီးဆုံး နေထိုင်တဲ့သူကတော့ ဘီထရက်ပေါ့ ။ ခြောက်လှန့်ခြင်းများစွာနဲ့ ထိတ်လန့်နေရင်း သူစိမ်းတစ်ယောက် ဘီထရက်အိမ်ထဲ ဝင်လာပြီး သူတို့ကိုလာသတ်ပါတော့တယ်။ ဘာလို့သတ်ရတာလဲ ဘာကြောင့်လဲ သူတို့မိသားစုရဲ့ကျိန်စာကရော ယုံတမ်းစကားလား တကယ်လားဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.34 GB) / (425 MB) / (295 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 39mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Jo Jo Va Encoder..........SWM

Drama
5.9 2022 99 mins
Moloch
Riki Rhino

ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဒိုနီးရှားကသစ်တော တစ်ခုမှာ လူတွေကအမဲလိုက်ရုံတင်မကဘူး သစ်တောတွေကို မီးရှို့ဖျက်ဆီးကြတယ်။ အဲ့လိုမီးရှို့ကြတဲ့အတွက် ကြံ့မျိုးနွယ်ဟာ မျိုးတုန်းသွားတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ကြံ့ကလေး ရီကီက အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတော့ ရီကီဟာတစ်ကိုယ်တည်းနေထိုင်ရင်းနဲ့ တောရိုင်းတိရိစ္ဆာန်တွေကို စိတ်ရော ကိုယ်ပါကူညီပေးတယ်ပေါ့။ သူ့ရဲ့ခွန်အားတွေနဲ့ မွန်မြတ်တဲ့ စိတ်ထားတွေကြောင့် တောတစ်ခွင်မှာနာမည်ကြီးလာတယ်။ ဒီလိုနဲ့တစ်နေ့မှာ အမဲလိုက်မုဆိုးတစ်ယောက်ဟာ ရီကီကိုဖမ်းဖို့ ကြိုးစားတဲ့အခါ ရုန်းကန်တိုက်ခိုက်ရင်းနဲ့ နောက်ဆုံးမှာရီကီလေး လွှတ်လာပါတယ်။ လွှတ်တာတယ်ဆိုပေမယ့် ရီကီရဲ့ကြံ့ချိုဟာ မုဆိုး ဆီမှာကျန်ရစ်ခဲ့ပြီး ချိုမရှိတဲ့အတွက်သူ့ကိုယ်သူစိတ်ပျက်အားငယ် သွားနေခဲ့ရတာပေါ့။ နောက်မှာတော့ သူ့မိတ်ဆွေဘဲကလေး ဘန်နီနဲ့ ချိုအသစ်ပြန်ပေါက်အောင်လုပ်ပေးနိုင်မယ့် မှော်ဆေးဆရာကို သစ် တောတစ်ခွင်မှာလိုက်ရှာရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ ဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(2.11 GB) / (759 MB) / (528 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 32mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Tin Myo Lwin Encoder..........SWM

Horror • Thriller
0 2020 92 mins
Riki Rhino
O2
4.9

Kaathuvaakula Rendu Kaadhal ကားထဲက နာမည်ကြီး ဘောလိ၀ုဒ်မင်းသမီး Nayanthara နဲ့ နာမည်ကြီး ကလေးသရုပ်ဆောင် Rithvik တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ O2 ဆိုတဲ့ Disney+Hostarကထုတ်လွှင့်တဲ့ တမီးလ် Thriller ဇာတ်ကားလေး ထွက်ရှိလာပါပြီ။ ဇာတ်လမ်း ဇာတ်အိမ်ကိုက တခြားတမီးလ်ကားတွေနဲ့ မတူပဲ ထူးထူးခြားခြားလေး ရိုက်ကူးထားပြီး မိခင်မေတ္တာကိုအပြည့်အဝဖော်ပြထားတဲ့ ကားကောင်းလေးတစ်ကားပါ ။ ဒီကားလေးထဲမှာ မင်းသမီး Nayanthara က မုဆိုးမ ကျန်းမာရေးမကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ သားတစ်ယောက်မိခင် ပါဗက်သီ နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာပါ .... ဗီရာကတော့ ပါဗက်သီရဲ့ သားလေးဖြစ်ပြီး ငယ်စဉ်ထဲက cystic fibrosis လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်း နံရံတွေထူတဲ့ ရောဂါဝေဒနာကို ခံစားနေရတာကြောင့် သွားလေရာနေရာ အောက်စီဂျင်အိုးသယ်သွားပြီး အောက်စီဂျင်နဲ့ အသက်ဆက်နေရတဲ့ ဝေဒနာသည်ကလေးလေးပါ သားဖြစ်သူကို ခွဲစိတ်ကုသဖို့အတွက် ကုမ်ဘာတာကနေ ကိုချင် ကို ဘတ်စ်ကားနဲ့ ခရီးထွက်လာတဲ့ အချိန် ..... တစ်ချိန်ထဲမှာပဲ အဲဒီဘတ်စ်ကားပေါ်မှာ အကျင့်ပြက် ချစားတဲ့ ရဲအရာရှိရယ် ခိုးရာလိုက်ဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေတဲ့ အတွဲရယ် လွှတ်တော်အမတ်ဟောင်းတစ်ယောက် ဘတ်စ်ကားမောင်းတဲ့ဆရာနဲ့ ကျန်တဲ့ ခရီးသည်တစ်ချို့ပါ ပါလာခဲ့ပါတော့တယ် အဲဒီလိုနဲ့ သူတို့ ခရီးစတင်လာပြီးတဲ့နောက်မှာတော့ ကိုချင်ကို ပုံမှန်မောင်းနေတဲ့လမ်းကြောင်းမှာ ယာဉ်တိုက်မှုအကြီးကြီးဖြစ်ထားတဲ့အတွက် ကားလမ်းတွေ ပိတ်မိနေခဲ့ပါတယ် ကိုချင်ကို အချိန်မှီရောက်ရမယ်လို့ မှာလိုက်တဲ့ ကားသမားကတော့ နောက်တစ်လမ်းကို ရွေးပြီး သွားဖို့ ဆုံးဖြတ်ပြီးတဲ့အချိန်မှာတော့ မမျှော်လင့်တဲ့ အဖြစ်အပျက်ဆိုးကြီးနဲ့ ကြုံတွေ့လိုက်ရပါတော့တယ် ..... သူတို့ ကားတစ်စီးလုံးက မြေပြိုတဲ့အထဲပါသွားရာကနေ သူတို့ ဘတ်စ်ကားတစ်စီးလုံး သဲအောက်ကို နစ်မြုပ်သွားပါတော့တယ် .... မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးကြီးကို ကြုံတွေ့ရပြီးတဲ့နောက် လူသားတွေရ​ဲ့စိတ်ထဲမှာ ပုန်းကွယ်နေတဲ့ နတ်ဆိုးက ထွက်ပေါ်လာတဲ့အခါ ..... ပါဗက်သီနဲ့ သူ့သားလေး ဗီရာတို့ ဒီအခက်အခဲကြီးကနေ အချိန်မှီ လွတ်မြောက်နိုင်ပါ့မလား ............ ကားပေါ်က ကျန်တဲ့ ခရီးသည်တွေကရော ဘာတွေဆက်ဖြစ်ကြမလဲ ...... ဒီ ကားလေးက တော်တော်လေးကောင်းတဲ့ survival drama အမျိုးအစားလေးပါ နောက်ပိုင်းမှာ ဖြစ်လာတယ့် အဖြစ်အပျက်တွေက ရုပ်ရှင် အစပိုင်းက ရိုက်ကွက်တွေကို ပြန်ပြန်ပြီး ပုံဖော်လိုက်သလိုပါပဲ ဒါကြောင့် သေချာလေး စောင့်ကြည့်သင့်တဲ့ Nayanthara ရဲ့ O2 ဇာတ်ကားလေးကို ပရိသတ်အားလုံး ခံစားကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ် File size…1.7GB / 855MB Quality…1080p WEBDL Tamil AAC5.1CH / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Go-O & OeliuJ

Comedy • Drama
4.9 2022 120 mins
O2
The Matador
6.3

The Matador(2005) ****************** လူ့ဘဝမှာ သူငယ်ချင်းတွေ၊ ဘော်ဒါတွေ အများကြီးရှိကြပေမယ့်လည်း မိတ်ဆွေကောင်း/ သူငယ်ချင်းကောင်းတစ်ယောက် ဟုတ်/မဟုတ် ဆိုတာ လွယ်လွယ်ကူကူဆုံးဖြတ်လို့မရပါဘူး။ နောက်ပြီး မိတ်ဆွေကောင်းတန်ဖိုးဟာ ဘယ်လောက်ထိရှိလဲဆိုတာ မသိတဲ့သူတွေ အများကြီးပါ။ ဒီကားလေးကို ကြည့်ရင်း မိတ်ဆွေကောင်းတွေကို တန်ဖိုးထားနိုင်ကြပါစေ။ ဂျူလီယန်ဟာ ကြေးစားလူသတ်သမားဖြစ်ပြီး ငွေအများကြီးပေးတဲ့အလုပ်ကိစ္စမျိုးကိုသာ လုပ် ကိုင်ပေးလေ့ရှိပါတယ်။ အိမ်ထောင်မရှိ၊ သားသမီးမရှိ၊ ဘာအနှောင်အဖွဲ့မှမရှိဘဲ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ သူ့မွေးနေ့မှာ သူ့ကို ဘယ်သူကမှ အမှတ်တရ လက်ဆောင်ပေးတာတွေ၊ နှုတ်ဆက်စကားလှမ်းပြောတာတွေမရှိတဲ့အပြင် သူဖုန်းဆက်သမျှ လူတိုင်းက လည်း သူ့ကိုအရေးတယူ ပြန်မဆက်ဆံတဲ့အတွက် အဖော်မဲ့၊ မိတ်ဆွေမဲ့တဲ့သူ့ရဲ့ဘဝကို စိတ်အပျက်ကြီး ပျက်မိသွားပါတော့တယ်။ တစ်ရက်မှာ အရောင်းကိုယ်စားလှယ်တစ်ယောက်နဲ့ သောက်ရင်းစားရင်း မိတ်ဆွေဖြစ်သွားပါတယ်။ အဲ့ဒိလူက သူ့ကိုစကားရောဖောရောလောက်ဆက်ဆံပေမယ့် မိတ်ဆွေ အရမ်း လိုချင်နေတဲ့ ဂျူလီယန်က အတင်းလိုက်ကပ်ပါတော့တယ်။ လူသတ်သမားတစ်ယောက်ဖြစ်နေကြောင့် မိတ်ဆွေ သူငယ်ချင်းမလုပ်ချင်တဲ့သူများနေတဲ့ ဂျူလီယန်ခမျာ လိုချင်နေတဲ့ မိတ်ဆွေစစ်စစ်ကို တကယ် ရနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ ခံစားကြည့်လိုက်ပါဗျာ။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီယာ့စ်ဘရွန်နန်ဟာ ၂၀၀၅ ခုနှစ် ရွှေကမ္ဘာလုံးဆုအတွက် စကာတင်အမည်စာရင်းမှာပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဇာတ်ကားကောင်း ဟုတ်/ မဟုတ် လက်တို့ပြောဖို့ လိုမယ်မထင်ပါဘူးဗျာ။ File Size :(1.9GB)(and (758MB) Quality :Blu-Ray 1080P, 720p Format…mp4 Duration…01:36:00 Genre : Comedy, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae

Comedy • Drama • War & Politics
6.3 2005 96 mins
The Matador
Once Upon a Time in the Northeast
6.2

❐ ဒီဇာတ်ကားလေးဟာဆိုရင် ၁၉၉၀ ခုနှစ်အတွင်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း​မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်းလေး​ကိုရေသားဖော်ပြထားတဲ့ Kong Ergou ရဲ့ “The Past in Northeast China” ဝတ္ထုကို အခြေခံရိုက်ကူးထားသော ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ရှင် ၁၉၉၀ ပြည့်နှစ်ဝန်းကျင် မိုးများသည်းထန်စွာ ရွာသွန်းနေချိန်…, ကျောက်ဟုန်ပင်းဆိုသူဟာ ယန်တယုံဆိုတဲ့ လူတစ်ယောက်ကို ကားနဲ့မတော်တဆတိုက်မိပြီး ထွက်ခွာလာခဲ့ပါတယ် ၂ နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ ကျောက်ဟုန်ပင်းဟာ ဇာတိမြေဆီကိုပြန်လာခဲ့ပါတယ် တစ်ဖက်မှာလဲ ဖခင်က ကားတိုက်ခံတဲ့ဒဏ်ရာကြောင့် ဒုက္ခတဖြစ်နေသည့်အတွက် ယန်တယုံရဲ့တစ်ဦးသော သားဖြစ်သူ ၁၀ နှစ်သားအရွယ်ရှောင်လုံဟာ သူတို့နယ်မြေရဲ့ လူမိုက်တစ်ယောက်ထံမှာ အလုပ်ဝင်လုပ်ရင်း အခက်အခဲပေါင်းများစွာ/အနိုင်ကျင့်ခံမှုပေါင်းများစွာကိုခံစားရပါတော့တယ် ဒ ါတွေအားလုံးကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ပြီး သူ့ကိုယ်သူအပြစ်ရှိသလိုခံစားနေရတဲ့ ကျောက်ဟုန်ပင်းဟာ အရာအားလုံးအရင်လိုပြန်ဖြစ်ရေး/ အေးချမ်းတဲ့နေ့ရက်တွေကို ပြန်လည်ရရှိစေရေးအတွက် နောက်မဆုတ်တမ်း ကြိုးစားခဲ့ရင်းကနေ ပြဿနာကြီးတစ်ခုဖြစ်ပွားလာခဲ့တဲ့အခါ….? ❐ ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုမျိုးရင်ဆိုင်မှုတွေနဲ့ ကြုံတွေ့ကြရမှာလဲ? ❐ လူတစ်ယောက်ဖြစ်လာရင် အသိစိတ်ရှိပြီး လိပ်ပြာလုံလုံနဲ့ နေနိုင်ရမယ်လို့ မှတ်ယူထားတဲ့ ကျောက်ဟုန်ပင်းတစ်ယောက် အတိတ်ကဖြစ်ခဲ့တဲ့ အမှားတွေကိုပြန်လည်ပြင်ဆင်နိုင်ပါ့မလား…? ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ရအောင်လားရှင် ဒီဇာတ်ကားထဲမှာဆိုရင် ညီအစ်ကိုတွေကြားထဲက သံယောဇဥ်/ မိတ်ဆွေတွေရဲ့ သံယောဇဥ် အစရှိတဲ့ သံယောဇဥ်နက်ရှိုင်းပုံတွေကို ဦးစားပေးဖော်ပြထားတာမို့ ကြည့်ရှုသူတွေအတွက် ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းခံစားစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်

Drama • Fantasy • Horror • Thriller
6.2 2022
Once Upon a Time in the Northeast
Mysterious Skin
7.6

Mysterious Skin (2004) ==================== (ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းတွေနဲ့ လိင်တူဆက်ဆံတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့ မသင့်တော်တဲ့ ဇာတ်ကားအဖြစ် ကြိုတင်သတိပေးပါရစေ) ဒီဇာတ်ကားမှာ ဇာတ်လမ်းက နှစ်ခုလို့ ပြောရမယ့်အခြေအနေမှာ ရှိပါတယ်. ငယ်ငယ်ကတည်းက လိင်စိတ်ယိုင်နဲ့နေတဲ့ ကလေးနှစ်ယောက် တစ်ကွဲစီကြီးပြင်းလာပုံကို ယှဉ်ပြပြီးဇာတ်လမ်းတစ်ခုလုံးကို ဆွဲခေါ်သွားခဲ့ပါတယ်။ ငယ်ဘဝကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်ပုစ္ဆာတစ်ခုရဲ့အဖြေ ကို ဘယ်လောက် အချိန်ပေးရပေးရ ရှာဖွေချင်နေတဲ့ ဘရိုင်ရန် ငယ်ဘဝမှာ မှားယွင်းခဲ့မိတာကနေစပြီး တစ်သက်လုံး လိင်စိတ်ယိုင်နဲ့နေသူအဖြစ် ဖြတ်သန်းရင်း ဘဝကို ရေစုန်မျောနေတဲ့ နေးလ်. သူတို့နှစ်ယောက်ရဲ့ ဆက်သွယ်မှုကရော ဘာလဲ. ဘရိုင်ရန် ရှာဖွေချင်နေတဲ့ ပုစ္ဆာရဲ့အဖြေကိုရော ဘယ်သူက ဖြေရှင်းပေးသွားမှာလဲ ဆိုတာကို ပရိသတ်များရှုစားနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ပါတယ်…. File size…1.46GB / 508MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

Horror • Thriller
7.6 2004
Mysterious Skin
Mi Maestra se comió a mi amigo
5.6

Mi Maestra se comió a mi amigo (2023) ============================ သောမတ်စ်ဆိုတဲ့ကောင်လေးဟာ မကောင်းဆိုးဝါးမွန်းစတား တွေအကြောင်းကို အရမ်းပဲစိတ်ဝင်စားပြီး အချိန်ရတိုင်း အဲဒီ ဟာနဲ့ပတ်သတ်တဲ့စာအုပ်တွေပဲဖတ်နေလေ့ရှိတဲ့ကောင်လေး ပေါ့။ တစ်မိသားစုလုံးမှာလည်း သူနဲ့ဝါသနာတူတာဆိုလို့ သေ ဆုံးသွားပြီဖြစ်တဲ့သူ့အဖေပဲရှိတာပါ။ တစ်နေ့မှာတော့ သော မတ်စ်တို့အတန်းကိုသင်နေကျ အင်္ဂလိပ်စာဆရာမကရုတ်တ ရက်နှုတ်ထွက်သွားပြီးတော့ အဲဒီနေရာမှာ ဆရာမအသစ်တစ် ယောက် အစားဝင်လာခဲ့ပါတယ်။ အဲဒီနေ့မှာတင်ပဲ ကံဆိုးပြီး သောမတ်စ်တစ်ယောက် သူဖတ်နေကျ မကောင်းဆိုးဝါးကာ တွန်းစာအုပ်ကို ဆရာမအသစ်ဆီမှာအသိမ်းခံလိုက်ရပါတယ်။ မကျေနပ်တာနဲ့ပဲ နောက်ရက်မှာပြန်ခိုးယူဖို့သွားတော့ အဲဒီဆ ရာမရဲ့လျှို့ဝှက်ချက်တစ်ခုကိုသိလိုက်ရပါတယ်။ အဲဒါကတော့ သူ့ဆရာမဟာ ကလေးတွေကိုစားတတ်တဲ့မကောင်းဆိုးဝါးတစ် ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။ သူ့ကို လူတိုင်းက စိတ်ကူးယဉ်ကမ္ဘာမှာပဲနေနေတဲ့‌သူဆိုပြီး အမေ နဲ့အစ်ကိုကပါသတ်မှတ်ထားကြတော့ ဒီအကြောင်း‌ကို သောမတ်စ် ပြန်ပြောပြလိုက်မယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား။ သူ့သူငယ်ချင်း တွေကရောယုံကြည်ပေးနိုင်မှာလား။ ဆရာမအသစ်ရဲ့အန္တရာယ်က နေရော ဘယ်လိုရင်ဆိုင်ကာကွယ်ကျော်လွှားသွားမှာလဲ။ ဒါတွေ အားလုံးကိုတော့ ဇာတ်လမ်းလေးကြည့်ရင်းနဲ့ပဲအဖြေရှာကြည့် ကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.25 GB) / (415 MB) / (267 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy, Family Translator…….Fiona Gillen Encoder……….SWM

5.6 2023 92 mins
Mi Maestra se comió a mi amigo
The Second Best Exotic Marigold Hotel
6.5

The Second Best Exotic Marigold Hotel (2015) ~ IMDb – 6.5/10, Rotten Tomatoes – 66% ~ ဒါကတော့ 2011 ခုနှစ်ကထွက်ခဲ့တဲ့ “The Best Exotic Marigold Hotel” ရဲ့ အဆက်ကားပါပဲ။ လေးနှစ်အကြာ 2015 ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ပထမကားရဲ့ ဒါရိုက်တာဖြစ်တဲ့ အော်စကာဆုရှင် John Madden ကပဲပြန်ရိုက်ထားပါတယ်။ အရင်တစ်ကားလိုပဲ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Maggie Smith, Judi Dench, Bill Nighty တို့ပြန်ပါတဲ့အပြင် မင်းသားကြီး Richard Gere ပါထပ်ဆောင်းပါလာသေးလို့ Cast တွေက မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ ဒီ Sequel ထဲမှာဆိုရင် ဆန်နီက ဒုတိယအကောင်းဆုံးတိုင်းတစ်ပါးမေရီဂိုးလ်ဟိုတယ်ဖွင့်ဖို့ ကြိုးစားနေရင်း တစ်ဖက်မှာလည်း ချစ်သူနဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ အဲဒါအပြင် တခြားဇာတ်ကောင်တွေရဲ့ချစ်သူရည်းစားဆက်ဆံ‌ရေးအကြောင်းတွေ၊ အသက်ကြီးပေမဲ့ ဘ၀အသစ်တစ်ခုပြန်စဖို့မနောက်ကျသေးတဲ့အကြောင်းတွေအပြင် တခြားနမူနာယူ အတုယူစရာတွေကို ရင်တသိမ်သိမ့်တနွေးနွေးကြည့်ရှုရမှာဖြစ်ပါတယ်။ အရင်ကားထက် မသာပေမဲ့လည်း မဆိုးရွားတဲ့ Sequel ဖြစ်တဲ့အပြင် တမူထူးခြားတဲ့အရသာကိုပါခံစားကြည့်နိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 970MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 2Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.5 2015
The Second Best Exotic Marigold Hotel
Asih 2
6.2

Asih 2 (2020) 2018 တုန်းက ထွက်ခဲ့တဲ့ Asih ရဲ့ အဆက်ဖြစ်ပြီးတော့ ပထမဇာတ်ကားမှာတုန်းက ကလေးကို ခိုးယူသွားတဲ့ သရဲမ Asih က ကလေးပျောက်သွားပြီး ခြောက်နှစ်အကြာမှာ ပြန်ပေါ်လာပါတယ်။ Asih ခိုးယူသွားတဲ့ ကလေးမလေးက အက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံကို ရောက်လာတဲ့အခါမှာတော့ မိသားစုမရှိ၊ ဆွေမျိုးမရှိဖြစ်နေတာကို ဆေးရုံကဆရာဝန် Dr.Sylvia က သနားသွားပြီး မွေးစားဖို့ လုပ်ပါတယ်။ Dr.Sylvia တို့လင်မယားက ကလေးတစ်ယောက် ဆုံးရှုံးထားဖူးတဲ့ စိတ်ဒဏ်ရာကြောင့် အဲဒီကလေးမလေးကို တွေ့တဲ့အချိန်မှာ ဘုရားသခင်က အခွင့်အရေးထပ်ပေးတယ်လို့သတ်မှတ်ပြီး ကလေးကို အိမ်ခေါ်သွားပါတော့တယ်။ သူတို့မသိတာက ကလေးနဲ့အတူတူ Asih ရဲ့ဝိညာဉ်ပါ ပါလာတယ်ဆိုတာပါပဲ။ ဒီဇာတ်လမ်းမှာလည်း ကိုယ့်ကလေးကိုယ်သတ်ပစ်ပြီး သူ့ကိုယ်သူသတ်သေသွားတဲ့ သရဲမ Asih က ဘယ်လိုတွေခြောက်လှန့်ဦးမလဲ ဆိုတာကို ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။ အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1GB | 560MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

6.2 2020 104 mins
Asih 2
Stronghold

ဇာတ်လမ်းအကျဥ်းလေးကတော့ ကမ္ဘာပျက်ကပ်ဖြစ်အပြီးမှာ အသက်ရှင်ကျန်ရစ်သူသားအမိနှစ်ယောက်က တောအုပ်ထဲမှာ နှစ်ကိုယ်တည်းဆက်လက်နေထိုင်ခဲ့တယ်။…ဒီတောအုပ်ရဲ့အပြင်ဘက်မှာဘာတွေရှိမလဲဆိုတာကိုတော့ အမေဖြစ်သူကလွဲပြီး သမီးဖြစ်သူဆောလ်က ဘာတစ်ခုမှမသိရပါဘူး။… တနေ့တောထဲကို အပြင်လောကက လူတစ်ယောက်ရောက်လာတဲ့အခါမှာတော့…လက်တွေ့ဖြစ်ရပ်မှန်နဲ့ ဆောလ်တစ်ဘဝလုံးယုံကြည်ထားသမျှတွေက ဘယ်လိုတွေကွဲလွဲနေလဲ၊ ဆောလ်အမေကရော ဆောလ်ကို ဘာအကြောင်းတွေကြောင့် တောထဲမှာထားထားတာလဲဆိုတဲ့ အဖြေတွေကို ဇာတ်လမ်းထဲမှာ ကြည့်ရှူရမှာပါ။ File size…(1.5 GB)/(764 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

0 2023
Stronghold
The Phantom Lover
6.6

The Phantom Lover (1995) ~ IMDb – 6.6/10, Rotten Tomatoes – 60% ~ လတ်စလီချောင်ရဲ့ သမိုင်းတစ်လျှောက်က အရမ်းမခမ်းနားရင်တောင် လတ်စလီချောင်ကားမို့ အလိုလိုခမ်းနားသွားတဲ့ ရုပ်ရှင်တွေထဲကတစ်ကားပေါ့။ ဒါပေမဲ့ The Phantom Lover က တကယ်ဆို တော်တော်ခမ်းနားတဲ့ ကလပ်စစ်ကားဖြစ်သွားသင့်တာကို မဖြစ်သွားခဲ့တာဆိုတော့ နှမြောစရာတော့ကောင်းတယ်။ ဘာလို့ဆို The Phantom Lover ဟာ နာမည်ကျော် The Phantom of the Opera ဝတ္တုကိုပဲ မှီးပြီးရိုက်ခဲ့တာမို့ပါပဲ။ အင်္ဂလိပ်ကားတွေလည်း တစ်သီတစ်သန်းကြီး ထွက်ခဲ့ဖူးတဲ့ ဝတ္တုပေါ့။ The Phantom Lover ဟာတော့ ဒါရိုက်တာလည်းကောင်း သရုပ်ဆောင်တွေလည်းကောင်းပေမဲ့ သရုပ်ဆောင်နှစ်ယောက်ကြားက Chemistry က ပေါ်သင့်သလောက်မပေါ်သွားတာကြောင့် ကလပ်စစ်တန်းဝင်ကားတော့ မဖြစ်သွားခဲ့ဘူး။ ဒီလိုဆိုလို့ ဒါရိုက်တာမကောင်းလို့လားဆိုတော့ မဟုတ်ပြန်ဘူး။ The Phantom Loverရဲ့ ဒါရိုက်တာ Ronny Yu ဟာ ဟီးရိုးပြီးရင် ဂျက်လီရဲ့ ဒုတိယအကောင်းဆုံးကားလို့ ပုဂ္ဂလိက အမြင်အရ ကျွန်တော်သတ်မှတ်ထားတဲ့ Fearless ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်းဟုတ်သလို ကမ္ဘာသိ အများကြိုက်ကြတဲ့ Freddy vs. Jason ကို ရိုက်ခဲ့တဲ့သူလည်း ဟုတ်တယ်။ နောက် ဒီကားမှာ လတ်စလီချောင်အပြင် ကျွန်တော်သဘောကျတာက ဂျက်ကလင်းဝူ။ ဂျက်ကလင်းဝူဟာ A Moment of Romance ထဲ အချစ်ကလွဲ ဘာမှမမြင်တဲ့ ချစ်စရာကောင်မလေးအဖြစ် သရုပ်ဆောင်တဲ့နေရာမှာ အတုမရှိအောင် ပြောင်မြောက်ခဲ့သလို ဒီရုပ်ရှင်ထဲက အချစ်ကို ဘဝတစ်ခုလုံးနဲ့ ရင်းခဲ့တဲ့ဇာတ်ကောင်နေရာမှာလည်း အံဝင်ခွင်ကျဖြစ်နေတယ်။ ဒါရိုက်တာဘက်ကလိုနေရင်တောင် သရုပ်ဆောင်တွေ မျက်နှာထောက်ပြီး ကြည့်တော့ကြည့်သင့်တဲ့ရုပ်ရှင်လို့ပြောရမှာပဲ။ ဟောင်ကောင်ပရိသတ်တွေတော့ ကျွန်တော့်လိုပဲ လတ်စလီချောင်နဲ့ ဂျက်ကလင်းဝူနဲ့တင် သဘောကျကြမှာပဲ။ The Phantom of the Opera ကို မှီးထားတယ်ဆိုပေမဲ့လည်း ဒီရုပ်ရှင်ထဲက ကာရိုက်တာကတော့ တကယ်ရှိခဲ့တဲ့ တရုတ်အော်ပရာသမား ထန်ချောင်ကိုလည်း မှီငြမ်းထားသေးတယ်။ ရိုမီရို ဂျူးလိယက်ဇာတ်ကိုသုံးပြီးလည်း ဇာတ်ကို ပိုကြွအောင်လုပ်ထားသေးတယ်။ ဇာတ်လမ်းကတော့ ၁၉၄၀ဝန်းကျင် တရုတ်ပြည်က နာမည်ကျော် အော်ပရာသမားတစ်ယောက်ရယ် သူချစ်တဲ့ မြို့မျက်နှာဖုံးသူဌေးသမီးရယ်။ တားမြစ်ထားတဲ့အချစ်ကို ဖန်တီးမိတဲ့သူတို့၂ယောက်ကို ခွဲကြမယ့်သူတွေရယ်ကြားက ဇာတ်ပေါ့။ ကြမ္မာဆိုးတွေ ဝိုင်းရံခြင်းခံရတဲ့ ချစ်ခြင်းတစ်ခုအကြောင်းဆိုလည်း မမှားဘူး။ ထူးတာကတော့ ဒါရိုက်တာက အတိတ်နဲ့ လက်ရှိမှာ လက်ရှိကို မှုန်မှုန်မှိုင်းမှိုင်းပြပြီး အတိတ်ကိုကြည်ကြည်လင်လင်ပြသွားတယ်။ မြင်နေကျစတိုင်တော့မဟုတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ပစ္စုပ္ပန်က မှုန်မှိုင်းနေပြီး လှပခဲ့တဲ့ အချိန်တွေက အတိတ်မှာပဲကျန်နေတာဆိုတော့ ဒီလိုပဲဖြစ်သင့်တယ်လို့ ပြောရမှာပဲ။ ဘာနေနေပါ ဂျက်ကလင်းကို ချစ်မိဖူးတဲ့လူတွေ၊ ဟောင်ကောင် ဂန္ထဝင်တစ်ပါးဖြစ်တဲ့ လတ်စလီချောင်ရဲ့ ကြွင်းရစ်တဲ့ ဖန်တီးမှုတွေကို ချစ်တဲ့လူတွေအတွက် ဒီကားဟာ အရမ်းကြီးမကောင်းတောင် ကောင်းနေပါလိမ့်မယ်။ ဒီရုပ်ရှင်ရဲ့ Theme song ကိုလည်း လတ်စလီချောင်ကိုယ်တိုင်သီဆိုခဲ့ပြီး သူ့အယ်လ်ဘမ်မှာ ပြန်ထည့်ခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ဟာလည်း လတ်စလီကို လွမ်းဆွတ်တဲ့ နောက်ထပ်ရုပ်ရှင်တစ်ကားပဲပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 865MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 40Min Genre – Drama, Music, Romace Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 1995
The Phantom Lover
Scooby-Doo! and the Loch Ness Monster
6.6

စကူးဘီ ဒူးဘီ ဒူး!! မွန်းစတားရှာပုံတော်စပါပြီ။ဘလိတ်မျိုးနွယ်ရဲ့ရဲတိုက်ကြီးမှာ လုပ်မယ့် အားကစားပွဲကို ဘလိတ်မျိုးနွယ်၀င်ရှန်နွန်က ဦးဆောင်လုပ်မှာဖြစ်ပြီးတော့ ရှန်နွန်ရဲ့၀မ်းကွဲညီအစ်မနဲ့သူငယ်ချင်းတွေကလည်း ပွဲကို လာရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ မွန်းစတားကြီးရှိတယ်လို့ယူဆချက်တွေနဲ့အတူ မတော်တဆမှုတွေကိုလည်း ကြုံလာခဲ့တဲ့အခါမှာတော့ ရှန်နွန်နဲ့အဖွဲ့က အားကစားပွဲကိုမစတင်ခင်မှာ မွန်းစတားကြီးရဲ့တည်ရှိမှုကို စုံစမ်းအတည်ပြုဖို့ဖြစ်လာပါတော့တယ်။ မွန်းစတားကြီးက အမှန်တကယ်တည်ရှိနေတာလား ဒီလျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်က ဘယ်လိုမျိုးလဲဆိုတာကို သိရဖို့ ဇာတ်လိုက်ကျော်ကြီး စကူးဘီနဲ့အတူ ရှန်နွန်တို့သူငယ်ချင်းတစ်သိုက်ရဲ့ မွန်းစတားရှာပုံတော်ကြီးကို လိုက်လံကြည့်ရှူလိုက်ပါဦး။ File Size : 1.5 GB, 689 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 14min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Mon Encode by : Thit San Khant

6.6 2004 74 mins
Scooby-Doo! and the Loch Ness Monster
BASEketball
6.5

BASEketball (1998) IMDb Rating (6.5) / Rotten Tomatoes (41%) အမေရိကန်နိုင်ငံမှာ baseball ပြိုင်ပွဲအလွန်နာမည်ကြီးခဲ့တဲ့ကာလပေါ့။ အဲ့ဒီအချိန်မှာအားကစားဟာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့အချိန်။ Baseball World Series ရဲ့ပြိုင်ပွဲတစ်ခုကို Joe Cooper နဲ့ Doug Remer တို့သူငယ်ချင်းနှစ်ယောက်ဟာ လာရောက်ကြည့်ရှု့နေခဲ့ပါတယ်။ အဲ့ဒီ့နေ့မှပဲ Reggie Jackson ကလည်းမှော်ဝင်နေသလိုကိုကောင်းရော။ တစ်ပွဲတည်း home run သုံးခါရိုက်ခဲ့တယ်။ ကံကောင်းချင်တော့ နောက်ဆုံးရိုက်ချက်ဟာ Coop ဆီကိုကျလာခဲ့တယ်။ ငယ်ရွယ်တဲ့ Coop ဟာ တစ်နေ့ငါလည်းသူ့လိုအားကစားသမားကြီးဖြစ်ရမယ်ပေါ့။ တကယ်တမ်းကြီးလာတဲ့အခါ Coop နဲ့ Remer တို့နှစ်ယောက်သား ဘာမှအလုပ်မယ်မယ်ရရမရှိ။ အလေလိုက်ကောင်းနေခဲ့ပါတယ်။ Remer ကကျောင်းတုန်းက Crush လေး ပါတီပွဲလုပ်တယ်ဆိုလို့ အဖော်ဆွယ်ပြီး Coop ကိုပါခေါ်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ လူကုံထံအသိုင်းဝိုင်းကြားမှာမလို့ ဘယ်သူမှသူတို့ကို အဖက်မလုပ်ချင်ခဲ့ပါဘူး။ ဒါနဲ့ပဲပျင်းလို့ Basketball လေးဆော့နေတုန်း သူ့crush လေးရဲ့ဘဲက နှစ်ယောက်ချင်းကစားဖို့ စိန်ခေါ်ပါတော့တယ်။ Coop ကလည်းလူလည်ဆိုတော့ မနိုင်မှာသိတဲ့အတွက် လျှောက်ဖောလိုက်ပြီး ကစားနည်းအသစ်ကိုထွင်မိသွားပါတယ်။ Basketball ကို Baseball စည်းမျဉ်းနဲ့ဆော့ရတာပါ။ ဒါနဲ့ပဲကစားနည်းကတွင်ကျယ်လာပြီး နိုင်ငံအဆင့်ပါဖြစ်သွားပါတော့တယ်။ ဒီကနေမှတဆင့် Coop နဲ့ Remer တို့နှစ်ယောက်ကြုံရမယ့်အရာတွေကို ဟာသဆန်ဆန်လေးတင်ဆက်ထားပါတယ်။ သရော်တာတွေလည်းအများကြီးပါတဲ့အပြင် အူတက်အောင်ရယ်ရမဲ့ဟာသဇာတ်ဝင်ခန်းတွေလည်းအများကြီးပါတာမလို့ White Chicks လိုဇာတ်ကားမျိုးကိုကြိုက်တဲ့သူတွေဆိုရင် ကြည့်ကြည့်ဖို့အကြံပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။) File size…(3.8 GB) / (1.9 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:43:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by S4L

Drama • Romance • Mystery
6.5 1998 103 mins
BASEketball