YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Home Sweet Home Rebirth (2025) WEB-DL,720p (CM).mp4

834.13 MB N/A video/mp4 1847 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
True and False Jigong
9

“မိစ္ဆာတွေကို နှိမ်နင်း / အားနည်းသူတွေကိုကူညီပေးပြီး ပြည်သူတွေရဲ့ အချစ်ကို ရရှိနေသူ ၊ မသေမျိုးကျင့်စဥ်ရရှိဖို့ ကျင့်ကြံနေသူ ၊ တောင်ပေါ်မှာပဲ သီတင်းသုံးနေထိုင်တတ်သူ ဘုန်းတော်ကြီး - ကျိကုန်း” “ရုပ်ဆိုးလွန်း၍ အားလုံးက မိစ္ဆာတစ်ကောင်လိုသတ်မှတ်ခြင်းခံနေရသူ ၊ ဆိုးဝါးလွန်းတဲ့ မျက်နှာကြောင့် အားလုံးရဲ့ အပယ်ခံဖြစ်ပြီး အ ထီးကျန်နေရသူ ၊ ပြည်သူတွေရဲ့ ချစ်ခြင်းကို ခံရဖို့ ကြိုးစားနေသူ - ဟွမ်ယွမ်” လွန်ခဲ့တဲ့ အနှစ် ၂၀ က ဘုန်းတော်ကြီး ကျိကုန်းဟာ မြွေမိစ္ဆာမောင်နှမကိုနှိမ်နှင်းရင်း အစ်ကိုဖြစ်သူကို သတ်ပစ်ခဲ့မိပါတယ် ။ ကျန်တဲ့ မိစ္ဆာညီမလေးကိုတော့ အမှားတွေပြန်လည်ပြင်ဆင်ပေးဖို့ လွှတ်လိုက်ပေမဲ့ တကယ်တမ်းမှာတော့ အဲဒီမိစ္ဆာမဟာ အစ်ကိုဖြစ်သူအတွက် လက်စားပြန်ချေဖို့ ကြိူးပန်းနေခဲ့ပါတယ် ။ ဒီလိုနဲ့ နှစ် ၂၀ ကုန်ဆုံးလာခဲ့ပြီး ပိုင်ရွှိန်မြို့တော်မှာထူးဆန်းတဲ့ ကိစ္စတွေဖြစ်ပေါ်လာခဲ့ပါတော့တယ် ။ ဒါတွေကို ဖြေရှင်းဖို့ အတွက် ဘုန်းတော်ကြီး ကျိကုန်းဟာ ပိုင်ရွှိန်မြို့တော်ကိုရောက်လာခဲ့ပေမဲ့ ၎င်းမြို့တော်မှာ သူနဲ့ ချွတ်စွပ်တူတဲ့ နောက်တဲ့ ကျိကုန်းတစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ် ။ ❏ ဘုန်းတော်ကြီး ကျိကုန်းတစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ ? ❏ ကျိကုန်းတစ်ယောက် အညှိုးအတေးတွေ အာဃာတတွေကြားမှာ ပိတ်မိနေတဲ့ ပြည်သူတွေကိုဘယ်လို ကယ်တင်သွားမလဲဆိုတာ ? ကြည့်ရှုရလိုက်ရအောင်ပါနော် ။ ဒီဇာတ်ကားလေးကိုကြည့်ရှုပြီး လူတစ်ယောက်ကို အပေါ်ယံ ကြည့်ယုံနဲ့ မဆုံးဖြတ်သင့်တဲ့အကြောင်း နားလည်သဘောပေါက်သွားစေမှာ အသေချာပါပဲရှင် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Comedy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror
9 2023 80 mins
True and False Jigong
Nenjuku Needhi
7.5

“လူသားအားလုံး သာတူညီမျှ ဖြစ်သွားရင် ဘယ်သူက အုပ်ချုပ်မင်းလုပ်မှာလဲ…တဲ့ လူသားအားလုံးဟာ သာတူညီမျှ အခွင့်အရေးရသင့်ကြောင်း တွေးခေါ်နိုင်စွမ်းရှိတဲ့သူပေါ့ဗျာ” ကမ္ဘာအနှံ့မှာ လူ့အခွင့်အရေးအရ သာတူညီမျှဖြစ်နိုင်ဖို့ ယနေ့ထိတိုင် Ideology Revolution တွေ ဆင်နွှဲနေရဆဲပါ။ ပဒေသရာဇ်စနစ်တော်လှန်ရေးမှစပြီး ယနေ့ LGBTQ+ အခွင့်အရေးတွေအထိ ကျွန်တော်တို့ လူသားတွေ တော်လှန်ခဲ့ကြရာ သာတူညီမျှ အခွင့်အရေးရှိတဲ့ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ သို့ပေမဲ့ ကျွန်တော်တို့နိုင်ငံအပါအဝင် ကမ္ဘာ့ဒေသတချို့မှာလည်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ အိန္ဒိယနိုင်ငံဟာ လူတန်းစားခွဲခြားမှုကြီးမားပြီး ဇာတ်နိမ့်၊ ဇာတ်မြင့် စသဖြင့် အမျိုးမျိုး ခွဲခြားဆက်ဆံတဲ့ ပြဿနာဟာ ယနေ့ထိတိုင် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ဇာတ်ခွဲခြားမှုအပေါ် အခြေခံပြီး လူ့အခွင့်အရေးအတွက် လှလှပပ တင်ဆက်ထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ================ ဗီဂျာယာရာဂါဗန်ဟာ နိုင်ငံခြားကနေ ပြန်လာပြီးနောက် အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်မယ့် ရဲအရာရှိတစ်ယောက်ပါ။ နယ်ဘက်ကို တာဝန်ကျတဲ့အခါမှာတော့ လူတန်းစားခွဲခြားမှုတွေကို သိရပြီး ကသိကအောင့် ဖြစ်ရတာပေါ့။ တာဝန်ထမ်းဆောင်ရင်း တစ်နေ့မှာတော့ ပျောက်ဆုံးနေတဲ့ ဇာတ်နိမ့်အမျိုးသမီးငယ် ၃ ဦးထဲမှာ ၂ ဦးကို သေဆုံးလျက် တွေ့ရပြီး နောက်ကျန်တဲ့တစ်ဦးကိုတော့ သဲလွန်စ အစတောင် ရှာမရဘဲ ဖြစ်နေပါတယ်။ အာဒီတီဟာ လူ့အခွင့်အရေးအတွက် ဆောင်းပါးတွေရေးတဲ့ အိန္ဒိယအမျိုးသမီးလူငယ်ဖြစ်ပါတယ်။ ဗီဂျာယာရာဂါဗန်ရဲ့ ချစ်ဇနီးဖြစ်ပြီး ဇာတ်နိမ့်အမျိုးသမီး သုံးဦးအမှုမှာ လူ့အခွင့်အရေးအတွက် ရပ်တည်သူပီပီ အမှုမှန်ပေါ်ပေါက်ဖို့အရေး အစွမ်းကုန် ဗီဂျာယာရာဂါဗန်ကို ကူညီပေးမှာ အသေအချာပါပဲ။ ကူမာရန်ကတော့ ဇာတ်နိမ့်လူတန်းစားရဲ့ ခေါင်းဆောင်ဖြစ်ပြီး Revolution ကို ဦးဆောင်နေသူပါ။ ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်သုံးဦးထဲမှာ သူ့ရဲ့ ညီမ ပါဝင်တာမို့ ယူကျုံးမရဖြစ်ပြီး ဒီအမှုကို သူ့နည်းသူ့ဟန်နဲ့ ဖော်ထုတ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီအမှုက ရိုးရှင်းရဲ့လား…? နောက်ကွယ်မှာ ဘာတွေ ပါဝင်ပတ်သက်နေဦးမလဲ…? တွေးခေါ်စရာတွေ ငြင်းခုန်စရာတွေ အပြည်နဲ့ “ငါရော လူသားဆန်ရဲ့လား” ဆိုတဲ့ အဖြေကို ဖြေကြည့်ဖို့ အကောင်းဆုံးဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ကြည့်ရှုပြီးရင်တော့ အတွေးအခေါ်ကို တိုးတက်စေမှာ အသေအချာပါပဲ။ File size…1.9GB  / 1GB Quality…1080p True WEB DL  / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Kham Mon & OeliuJ & Sora

7.5 2022 140 mins
Nenjuku Needhi
The Legend of La Llorona
4.7

လာ ရိုရို့နာဆိုတာ မက္ကဆီကိုရဲ့ နိုင်ငံကျော် သရဲပုံပြင်တစ်ခုပါပဲ။ နောက်ခံဇာတ်ကြောင်းကွဲလေးတွေကတော့ အမျိုးမျိုးရှိတာပေါ့။ ဒါပေမဲ့ အကြမ်းဖျဉ်းအားဖြင့်တော့ တူညီကြပါတယ်။ လာရိုရို့နာဆိုတာ အင်္ဂလိပ်လိုဆိုရင် "ငိုကြွေးနေတဲ့မိန်းမ" ပါတဲ့။ သူ့ကလေးလေး သေသွားရတဲ့အတွက် ငိုနေပြီး ကလေးတွေကို အစားလိုက်ဖမ်းတတ်တဲ့သရဲပါ။ ဒီရုပ်ရှင်မှာတော့ လာရိုရို့နာနဲ့ပတ်သက်နေတဲ့ မက္ကဆီကိုက တည်းခိုခန်းတစ်ခုကို မသိဘဲနဲ့လာတည်းမိတဲ့ အမေရိကန်လင်မယားနှစ်ယောက်နဲ့ သူတို့ရဲ့သားလေး ကြောက်စရာတွေကို ရင်ဆိုင်ရပုံတွေကို ပြထားတာပါပဲ။ ဟော်ရာကားကြိုက်သူတွေ ခံစားကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre.....Horror, Thriller Quality….WEB-DL 1080p and 720p adn 360p File size…1.7GB and 819MB and 273MB Format…mp4 Duration….1h 38min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Horror • Thriller
4.7 2022 98 mins
The Legend of La Llorona
Harry Potter and the Half-Blood Prince
7.7

Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ... ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ... သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ယောက်နဲ့အတူ ဒီမှော်ဆရာကြီးနဲ့ အချိန်အကြာကြီး ရင်ဆိုင်ခဲ့ပါတယ် ... အဆိုးနဲ့အကောင်း အမှောင်နဲ့အလင်း အမည်းနဲ့အဖြူလို ဆန့်ကျင်နေတဲ့ ဒီ မှော်ဆရာ ၂ ယောက်ရဲ့ တိုက်ပွဲရှည်ကြီးကို ပြန်လှန်လေ့လာလိုက်ကြပါစို့... မြန်မြန်တက်ကြဗျို့ Hogwarts ရထားကြီး ထွက်တော့မယ် !! File size…(3.3 GB) /(1.3 GB)/(800 MB) Quality….BluRay 4K HEVC/1080p /720p Format…mkv/mp4 Duration….02:33:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo

Comedy • Crime • Drama
7.7 2009 153 mins
Harry Potter and the Half-Blood Prince
The Square
6.8

IMDb - 7.2/10_____Rotten - 85% Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ကြိမ်တင်ဆက်ပေးလိုက်တဲ့ The Square ဇာတ်ကားဟာဆိုရင် ပုံမှန်အတွေ့ရများလေ့ရှိတဲ့ဇာတ်ကားတွေလိုမဟုတ်ဘဲ တစ်မျိုးတစ်ဘာသာ ထူးခြားတဲ့သဘောကိုခံစားမိစေမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ အရှေ့ဥရောပ နိုင်ငံတစ်ခုဖြစ်တဲ့ ဆွီဒင်နိုင်ငံက “ခရစ်စတီယန်”ဆိုတဲ့ ပြတိုက်မှူးတစ်ယောက်… စတော့ဟုမ်းမြို့လည်မှာ ဖုန်းနဲ့ပစ္စည်းအချို့ခါးပိုက်နှိုက်ခံရတာကနေ ဇာတ်ကားတစ်ခုလုံးရဲ့ အဓိကအကြောင်းအရာကိုစတင်ထားတာပါ။ ပျောက်ဆုံးသွားတဲ့ ဖုန်းနဲ့ပစ္စည်းတွေကို ပြန်လည်ရယူဖို့ကြိုးစားရင်းဇာတ်ရှိန်တဖြည်းဖြည်းတက်လာမှာပါ။ဇာတ်ကားတစ်ခုလုံးကို အစကနေအဆုံး ဂရုတစိုက်ကြည့်မှသာ ဇာတ်လမ်းရဲ့အရသာကို ခံစားလို့ရနိုင်မယ်လို့ ပြောချင်ပါတယ် အလွမ်းအဆွေးပိုင်းဆိုင်ရာ သရုပ်ဆောင်ခန်းတွေကို တင်ပြထားရင်းနဲ့ကြိုကြားကြိုကြားဆိုသလို အနုပညာပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုတွေအကြောင်းလည်းဗဟုသုတဖြစ်စရာ တွေ့မြင်ကြရမှာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီဇာတ်ကားဟာရသခံစားမှုအပိုင်းထက် သုတပိုင်းကိုပိုပြီးအလေးပေးထားတဲ့ ဇာတ်ကားတစ်ကားသာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျား File Size : (1.1 GB) Quality : WEB-DL 720p Running Time : 2hr 22min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : SWEDISH.720p.WEB-DL.XviD.AC3-FGT Translated by Myo Myint Oo (Arakanese) Encoded by Thanhtike Zaw

Action & Adventure • Drama • Sci-Fi & Fantasy
6.8 2017 151 mins
The Square
The Horde
5.9

La Horde (2009) =============== ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိထားတဲ့ ပြင်သစ် ဇွန်ဘီကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ရဲတပ်ဖွဲ့ရဲ့ အဖွဲ့၀င်တစ်ယောက်ဟာ ဂန်းစတားတစ်ယောက် သတ်တာကိုခံလိုက်ရပြီးတဲ့နောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ သူ့အတွက် လက်စားပြန်ချေဖို့ ကြိုးစားကြပါတော့တယ်။ သူတို့ဟာ ဂန်းစတားနေတဲ့ မြို့အပြင်က စွန့်ပစ်ထားတဲ့ တိုက်ဆီကိုရောက်ပြီး မကြာခင်မှာပဲဇွန်ဘီတွေကလည်း သူတို့ဆီကို ရောက်လာကြပါတော့တယ်။ ဒီလိုနဲ့ ရဲတွေရယ်၊ ဂန်းစတားအဖွဲ့ရယ်၊ ဇွန်ဘီတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကို စိတ်၀င်စားစရာကောင်းအောင်၊ အသည်းယားစရာကောင်းအောင် ရိုက်ကူးထားတာကြောင့် ဇွန်ဘီကားသဘောကျသူတွေ ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…1.31GB / 538MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Action / Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Horror • Mystery • Science Fiction
5.9 2009 98 mins
The Horde
Shohorer Ushnotomo Din E
6.6

Shohorer Ushnotomo Din E (2023) IMDb-6.6/10 မဆုံစည်းလိုက်ကြတဲ့ ချစ်ခြင်းတွေမှာ ဒုတိယအကြိမ်အခွင့်အရေးရခဲ့ကြရင်….. လန်ဒန်ကို ကျောင်းသွားတက်ဖို့ထောက်ပံ့နိုင်စွမ်းအပြည့်ရှိတဲ့ မိသားစုကမွေးဖွားလာသူနဲ့ ထူးချွန်ပြီး သာမန်ကျောင်းဆရာမမိသားစုကမွေးလာသူတို့ အချစ်တွေနဲ့နှစ်ယောက်တစ်အိမ်မက်အတွက် ပညာတော်သင်သွားကြဖို့ ဆုံးဖြတ်ကြပြီးမှ ကိုယ်ရေးကိုယ်တာ မိသားစုပြဿနာတွေနဲ့ ဝေးကွာသွားခဲ့ရတယ် နှစ်အနည်းငယ်ကြာပြီး အလုပ်ရတဲ့သူ ကျောင်းတက်နေသူနဲ့ အားလုံးအသားကျနေချိန်မှ ချစ်ရသူတွေ ကောလိပ်က သူငယ်ချင်းတွေပြန်ဆုံစည်းလာကြပြီး နီးစပ်ဖို့အခွင့်အရေးထပ်ရလာချိန်မှာ… နီးမလိုနဲ့ ဝေးခဲ့ကြသူတွေ ၊ အချစ်နဲ့ဘဝကို တစ်ထပ်တည်းထပ်တူကျအောင် ပုံသွင်းနိုင်ကြမလားဆိုတာ ရှုထောင့်မျိုးစုံကနေခံစားကြည့်ပါဦး (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ V ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်)

Drama • Romance
6.6 2023
Shohorer Ushnotomo Din E
Saving Grace

ဆာရာဆိုတဲ့ အမျိုးသမီးလေးက ကလေးဘ၀က နာကျင်စရာတွေနဲ့အတူ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ပေးရတဲ့ လူနာစောင့်အဖြစ်လုပ်ကိုင်နေတဲ့သူ။ စွန့်စားမှုအသစ်တစ်ခုအနေနဲ့ လူတွေတဲ့ဝေးတဲ့ ကျွန်းလေးတစ်ခုပေါ်က ဂရေ့စ်ဆိုတဲ့ အမျိုးသမီးကြီးကို သွားပြီးစောင့်ရှောက်ပေးဖို့ တာဝန်ယူလိုက်တဲ့အခါမှာတော့။ တစ်အိမ်လုံးမှာ တစ်ယောက်တည်းရှိတဲ့ ဂရေ့စ်ဆိုတဲ့အဘွားအိုကြီးက မလှုပ်မရှား ခံစားချက်မဲ့နေတဲ့အပြင် နောက်ဖေးအိမ်မှာကလည်း ဂရေ့စ်နဲ့ အမျိုးမကင်းတဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက်ရှိနေပြန်ရော။ စိတ်ဒဏ်ရာတွေအများကြီးနဲ့ ဆာရာတစ်ယောက် ဒီတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မှာလား။ ထိတ်လန့်စရာကောင်းလို့ လူနာစောင့်တွေ တပတ်တောင်မခံဘူးဆိုတဲ့ ဒီအိမ်လေးမှာရော ဆာရာ့ကို ဘာတွေက စောင့်မျှော်နေမှာလဲ။ ဇာတ်လမ်းနာမည်အတိုင်း ဆာရာတစ်ယောက် ဂရေ့စ်ကို ဘယ်အရာဆီက ကယ်တင်ရမှာလဲဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.4 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2022
Saving Grace
Parasyte: Part 2
6.5

Parasyte ဟာ Iwaaki Hitoshi ရဲ့ ၁၉၈၈ခုနှစ်ကနေ ၁၉၉၅ခုနှစ်ထိ အခန်းဆက်ရေးသားခဲ့တဲ့ Sci-fi horror မန်ဂဇာတ်လမ်းတွဲဖြစ်ပြီး၊ ဇာတ်လမ်းရဲ့ ထူးခြားတဲ့တင်ပြပုံနဲ့ body horror ကို အသားပေးဖော်ပြမှုကြောင့်နာမည်ကြီးတဲ့ မန်ဂဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့မှုကြောင့် အမေရိက နဲ့ နိုင်ငံတကာမှာ အတော်လေးအောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ ၂၀၁၄ခုနှစ်မှာတော့ ဇာတ်ခုံပေါ်တစ်ဖန်ပြန်တက်လာခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မှာ TOHO ကနေ အပိုင်း၂ပိုင်းပါဝင်တဲ့ Live-action ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးရုံတင်ဖို့ ကြေညာခဲ့ပြီး၊ ၂၀၁၄ ခုနှစ်ထဲမှာပဲ MADHOUSE စတူဒီယိုကနေ ရိုက်ကူးတဲ့ Anime ရုပ်သံဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသခဲ့ပါသေးတယ်။ အစကတော့ ၂၀၀၅ခုနှစ်ကတည်းက ဒီဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းရိုက်ကူးဖို့ဝယ်ယူထားတာက ဟောလိဝုဒ်ရုပ်ရှင်လုပ်ငန်းတစ်ခုဖြစ်တဲ့ New Line Cinema ဖြစ်ပေမယ့် မရိုက်ဖြစ်လိုက်ရပဲ ၂၀၁၃ခုနှစ်ထဲမှာ သက်တမ်းကုန်သွားတဲ့အတွက် ကံကောင်းထောက်မစွာ အနောက်တိုင်းမှုပြုထားတဲ့(ညံ့မှာသေချာတဲ့)ဇာတ်ကားမထွက်ရှိလိုက်ပဲ အခုလို ဒါရိုက်တာ Yamazaki Takashi ရဲ့ Live-action ဇာတ်ကားအဖြစ် ကြည့်ရတာ ဖြစ်ပါတယ်။ Spoiler Alert…. Kiseijuu (ကပ်ပါးကောင်) လို့ အဓိပ္ပာယ်ရတဲ့ အမည်နဲ့လိုက်ဖက်စွာပဲ ဒီဇာတ်လမ်းရဲ့အဓိကလက်သည်တွေကတော့ ဘယ်ကနေဘယ်လိုရောက်ရှိလာမှန်းမသိတဲ့ အမျိုးအမည်မသိသတ္တဝါဆန်း ကပ်ပါးကောင်တွေပဲ ဖြစ်ပါတယ်။ သဘာဝအလျောက်စ့ဆော်မှုအရလူသားတွေကို သတ်ဖြတ်ချင်နေတဲ့ ဒီကပ်ပါးကောင်တွေဟာ လူသားတွေရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး၊ ဦးနှောက်ကိုအပိုင်စီးကာ လူခန္ဓာကိုယ်မှာ တွယ်ကပ်နေတဲ့ လူသားစား Monster တွေဖြစ်လာပါတယ်။ လူခန္ဓာကိုယ်ကို လုယူနိုင်လိုက်တဲ့ကပ်ပါးကောင်တစ်ကောင်ဟာ သာမန်လူတစ်ယောက်ပုံစံဟန်ဆောင်နိုင်ပြီး၊ သားကောင်ရှေ့ရောက်မှ သတ်ဖြတ်စားသောက်ကြတာ ဖြစ်ပါတယ်။ Izumi Shinichi အမည်ရ အထက်တန်းကျောင်းသားလေးကတော့ ကံကောင်းသွားပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ကပ်ပါးကောင်ဟာ Shinichi ရဲ့ ဦးနှောက်ကိုမရလိုက်ပဲ ညာဘက်လက်ကိုသာ အပိုင်စီးနိုင်ခဲ့ပါတယ်။ အိပ်ရာကနေနိုးလာတော့ ကိုယ့်ရဲ့ညာဘက်လက်က သတ္တဝါဆန်းတစ်ကောင်ဖြစ်နေတာတွေ့လိုက်ရတဲ့ ခံစားချက်ကို စဉ်းစားသာကြည့်ကြပါတော့။ လေ့လာသင်ယူမှုအားကောင်းတဲ့ ကပ်ပါးကောင်တွေပီပီ အဆိုပါ Migi (ညာလက်) အမည်ရ ကပ်ပါးကောင်ဟာ Shinichi နဲ့ ဆက်သွယ်ပြောဆိုလာနိုင်ပြီးနောက် နှစ်ယောက်စလုံးအသက်ရှင်ရပ်တည်ရေးအတွက် အတူတကွယှဉ်တွဲနေထိုင်ဖို့ သဘောတူညီချက်ရရှိသွားပါတယ်။ Shinichi ဟာ မိခင်ဖြစ်သူ Izumi Nobuko နဲ့ အမေတစ်ခုသားတစ်ခု နေထိုင်ရတာဖြစ်ပြီး၊ မိခင်ဖြစ်သူတစ်ယောက်တည်း သူ့အတွက်ကြိုးစားရုန်းကန်နေရတာကိုကြည့်ကာ အလိုလိုနေရင်းအပြစ်ရှိသလို ခံစားနေရတဲ့ Shinichi အတွက် အခုလို လူသားစားကပ်ပါးကောင်တွေနဲ့ ပတ်သတ်ဖို့ဖြစ်လာတော့ ပိုပြီးစိတ်ဖိစီးလာခဲ့ပါတယ်။ ပိုဆိုးတာက ကပ်ပါးကောင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အာရုံခံနိုင်တဲ့အတွက် Shinichiအတွက် ရှောင်ပြေးဖို့မဖြစ်နိုင်ပဲ သူပထမဆုံးကြုံတွေ့ရတဲ့ လူသားစားကပ်ပါးကောင်တစ်ယောက်ကို Migi ရဲ့အကူအညီနဲ့ သတ်ဖြတ်နိုင်လိုက်ပါတယ်။ ဒီလို Migi ကို လူတွေမမြင်အောင် ဖုံးကွယ်နေရတဲ့ကြားထဲ အခြားသောကပ်ပါးကောင်တွဆီကနေ ပတ်ပြေးရသေးတဲ့ Shinichi ဟာ တစ်နေ့တော့ သူတို့ကျောင်းကိုအသစ်ရောက်ရှိလာတဲ့ ဆရာမ Tamiya Ryoko ဟာ ကပ်ပါးကောင်တစ်ယောက်ဖြစ်နေတာ သိလိုက်ရပါတော့တယ်။ အခြားလူသားစားကပ်ပါးကောင်တွေနဲ့မတူ တစ်မူထူးခြားတဲ့ Tamiya ဟာ ကပ်ပါးကောင်တွေနဲ့လူသားတွေ အတူတကွနေထိုင်နိုင်မယ့်နည်းလမ်းကို သူရှာဖွေစမ်းသပ်နေကြောင်း ပြောပြကာ Shinichi ကို သူတို့ရဲ့ကွန်ယက်ထဲ သွင်းလိုက်ပါတယ်။ ဒါပေမယ့် အခြားကပ်ပါးကောင်တစ်ယောက်ဖြစ်တဲ့ ရဲအရာရှိခန္ဓာကိုယ်နဲ့ A ကတော့ Shinichi ကို ယုံကြည်ခြင်းမရှိပဲ တစ်ညမှာ Shinichi ကို လမ်းမှာတိုက်ခိုက်ပါတယ်။ Shinichi က Migi ရဲ့အစွမ်းနဲ့ ကံကောင်းထောက်မစွာ အသက်ရှင်လွတ်မြောက်နိုင်စွမ်းရှိပေမယ့် အဆိုပါအိမ်ပြန်လမ်းကနေ ဖြတ်သန်းပြန်လာသူက Shinichi ရဲ့ မိခင်ဖြစ်သူ Nobkuo .. ။ ခြောက်လနီးပါးခြားပြီး ရုံတင်ပြသတဲ့ အပိုင်း ၂ မှာတော့ အပိုင်း ၁ ရဲ့ အဆုံးကနေ တစ်ဆက်တည်းဇာတ်လမ်းဆက်ပြီး၊ အပိုင်း ၁ တုန်းက ဖြစ်ရပ်တွေကြောင့် မတူညီတဲ့အခြားလူတစ်ယောက်လို ပြောင်းလဲသွားတဲ့ Shinichi ဟာ ကပ်ပါးကောင်တွေနဲ့လူသားတွေကြားက စစ်ပွဲမှာ တစ်ဖန်ပါဝင်ပတ်သတ်ရပြန်ပါတယ်။ Tamiya ရဲ့ ကပ်ပါးကောင်ကွန်ရက်ဟာ မြို့တော်ဝန်ရာထူးအထိရယူနိုင်လာပြီး၊ သူတို့ရဲ့အဖွဲ့အစည်းကို ကြီးမားအောင်ဖွဲ့စည်းနိုင်လာပါတယ်။ တစ်ဆက်တည်းမှာ လူသားကလေးတစ်ယောက်ကို စမ်းသပ်တဲ့အနေနဲ့ ကိုယ်ဝန်ဆောင်မွေးဖွားတဲ့ Tamiya ဟာ သူမရဲ့အမူအကျင့်တွေ၊ အတွေးအခေါ်တွေ ပြောင်းလဲလာသတိထားမိပြီး၊ Shinichi နဲ့ Migi တို့ကြားကဆက်ဆံရေးဟာလည်း ပိုပြီးရင်းနှီးနီးစပ်လာခဲ့ပါတယ်။ Tamiya အဆိုပြုတဲ့ လူသားတွေနဲ့အတူတကွနေထိုင်နိုင်ဖို့အတွက် သူတို့အနေနဲ့လိုက်လျောညီထွေပြောင်းလဲဖို့လိုအပ်ကြောင်းကို လက်မခံတဲ့ ကပ်ပါးကောင်တွေနဲ့ ထိပ်တိုက်တွေ့တာက ကပ်ပါးကောင်တွေကို နှိမ်နင်းဖို့ အစိုးရကစေလွှတ်လိုက်တဲ့အထူးတပ်ဖွဲ့တွေ။ ဒီလိုနဲ့ ကပ်ပါးကောင်တွေနဲ့လူသားတွေကြားက တိုက်ပွဲဟာအရှိန်အမြင့်ဆုံးကိုရောက်ရှိလာပြီးနောက်၊ Shinichi နဲ့ Migi တို့ဟာ ဒီမျိုးစိတ်နှစ်ခုအတူယှဉ်တွဲနေထိုင်ဖို့ဖြစ်နိုင်မလား၊ ဘယ်ဘက်ကမကောင်းဆိုးဝါးတွေလဲ၊ လူသားတွေလား၊ ကပ်ပါးကောင်တွလားဆိုတာ အဖြေရှာရတော့မှာ ဖြစ်ပါတယ်။ အပိုင်း ၁ နဲ့ ၂ မှာ သိသာစွာ ကွဲပြားချက်တစ်ခုကတော့ ပထမဇာတ်ကားမှာ စတင်အသက်ဝင်လာတဲ့ ကပ်ပါးကောင်တွေရဲ့အန္တရာယ်ကို ကြောက်မက်ဖွယ်ကောင်းအောင် ဖော်ပြထားပြီး၊ လူသားတွေဖြစ်တဲ့ပရိသတ်တွေအနေနဲ့ လူတွေကိုရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ ကပ်ပါးကောင်တွေကို ဗီလိန်တွေအဖြစ် အမုန်းကြီးမုန်းကြရမှာ ဖြစ်ပါတယ်။ အဲ … ဒုတိယပိုင်းရောက်တော့ ကပ်ပါးကောင်တွေက လူသားခန္ဓာကိုယ်မှာအချိန်ကြာလာတော့ တဖြည်းဖြည်းနဲ့လိုက်လျောညီထွေဖြစ်အောင် ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာပါ ဆင့်ကဲပြောင်းလဲလာကြပြီး၊ ဒီတစ်ကြိမ်မှာတော့ လူသားတွေအနေနဲ့ ခံရတဲ့ victim သားကောင် ချည်းသက်သက်မဟုတ်တော့တာ တွေ့ရမှာပါ။ ရှင်းရှင်းပြောရင် Parasyte ဇာတ်ကားဟာ မထွက်ရှိခင်က သိပ်ပြီးအကောင်းဘက်ကနေ မျှော်လင့်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်မဟုတ်ခဲ့ပါဘူး။ အကယ်ဒမီဆုရှင်ဒါရိုက်တာ Yamazaki Takashi ဟာ ဒီဇာတ်ကားကို မန်ဂစီးရီးတစ်ခုရဲ့ adaptation ဆိုတာထက် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားအဖြစ် ရိုက်ကူးဖို့ ကြိုးစားခဲ့ဟန်တူပါတယ်။ မန်ဂအုပ်တွဲပေါင်း ၁၀ခုကို လေးနာရီကြာ ရုပ်ရှင်ဇာတ်လမ်းအဖြစ် ကူးပြောင်းရိုက်ကူးတဲ့နေရာမှာ အများကြီးဖြတ်တောက်ချုံ့ပစ်လိုက်တာဖြစ်တဲ့အပြင် ဆယ်စုနှစ်နှစ်ခုနီးပါးကွာခြားတဲ့ ဇာတ်အိမ်တည်ရာအချိန်ကာလကြောင့် အချို့နေရာတွေမှာ ခေတ်မှီအောင် ပြင်ဆင်လိုက်ရတာတွေရှိုလို့ မူရင်းဇာတ်လမ်းတွဲပရိသတ်ပါ ဆိုသူများအတွက်တော့ အလိုမကျစရာတွေ အများကြီးရှိမှာအမှန်ပါပဲ။ အရေးပါတဲ့ဇာတ်လမ်းဇာတ်ကွက်များစွာနဲ့ ဇာတ်ကောင်တွေကို ချန်လှပ်ပြီး၊ ဇာတ်လမ်းကိုပြုပြင်တဲ့နေရာမှာ အထင်ရှားဆုံးအချက်လို့ပြောရမှာကတော့ အဓိကဇာတ်ကောင် Shinichi ရဲ့ မိသားစုအခြေအနေပါပဲ။ မူရင်းထဲကလို မိစုံဖစုံမဟုတ်တော့ပဲ အမေတစ်ခု၊သားတစ်ခုပုံစံ ပြု ပြင်ထားတာက ဆိုးဝါးတဲ့စိတ်ကူးတစ်ခုလို့ မဆိုနိုင်ပါဘူး။ ဒီလိုပြင်လိုက်လို့ Shinichi နဲ့ မိခင်ဖြစ်သူတို့ကြားက သံယောဇဉ်ကို ပိုပြီးမီးမောင်းထိုးပြနိုင်တဲ့အပြင် နောက်ပိုင်းပါလာမယ့် Shinichi ရဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအတွက် ပိုပြီးအားကောင်းတဲ့ သက်ရောက်မှုတစ်ခုဖြစ်စေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူလဇာတ်လမ်းတုန်းက Shinichi ရဲ့ ပြောင်းလဲမှုမှာအဓိကကျခဲ့တဲ့ ဇာတ်ကောင် သူ့နောက်ကတစ်ကောက်ကောက်လိုက်နေတဲ့ကောင်မလေး Kana ဟာ Live-action မှာ ချန်လှပ်ထားခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့အတွက် Shinichi တို့သားအမိဆက်ဆံရေးဟာ ပိုပြီးအရေးပါလာခဲ့ပါတယ်။ ပြောရရင် မူရင်းဇာတ်လမ်းတွေထဲမှာကတည်းက သတိထားမိတာကို ပြောရရင် မိခင်ဖြစ်သူဟာ Shinichi ရဲ့ စိတ်အတွင်းရုန်းကန်မှုတွေမှာ အရေးပါတဲ့နေရာကပါဝင်ခဲ့ပေမယ့် သူတို့ကြားက အပြင်ပန်းဆက်ဆံရေးကို ဖော်ပြတဲ့နေရာမှာတော့ ထင်သလောက်မပေါ်လွင်တာတွေ့ရမှာပါ။ ဒီနေရာမှာ Live-actionကတောင် ပိုသာတယ် ပြောရမှာပါ။ အထူးသဖြင့် အပိုင်း ၁ ရဲ့ နောက်ဆုံးဇာတ်ရှိန်အမြင့်ဆုံးဇာတ်ဝင်ခန်းမှာ ရုပ်ရှင်ဖန်တီးသူတွေ ထည့်သွင်းထားတဲ့ Izumi Nobuko ရဲ့ သားဖြစ်သူအပေါ်ထားတဲ့မေတ္တာကိုမြင်သာစေသော အခိုက်အတန့်ကတော့ မန်ဂ နဲ့ Anime တွေထဲကထက် ပိုပြီးရသမြောက်ပါတယ်။ အလားတူ Shinichi ကို စောင့်ကြည့်ဖို့ Tamiya က ငှားရမ်းထားတဲ့ သတင်းထောက် Kuramori နဲ့ သူ့ရဲ့သမီးလေးတို့အကြောင်းကို အချိန်နည်းနည်းယူပြီး သရုပ်ဖော်ထားတာက ပရိသတ်အနေနဲ့ ဇာတ်ကားရဲ့လူသားဇာတ်ကောင်တွေအပေါ် ပိုပြီး၊ စာနာခံစားလာစေပါတယ်။ ဇာတ်လမ်းဇာတ်ကွက်နဲ့ဇာတ်ကောင်တစ်ချို့ကို အရမ်းကြီးကြမ်းကြုတ်မှုမရှိအောင် နည်းနည်းဖျော့ထားတာကလည်း သတိထားမိစရာပါ။ ဥပမာပြောရရင် နိုင်ငံရေး၊လူမှုရေးအရပြသနာရှိနိုင်တဲ့ မြို့တော်ဝန်ရုံးကို အထူးရဲတပ်ဖွဲ့ SAT က ဝင်ရောက်စီးနင်းတဲ့ဇာတ်ဝင်ခန်းတွေမှာ ရက်စက်ကြမ်းကြုတ်မှုတွေကို တတ်နိုင်သလောက်လျှော့ထားတာမျိုးပေါ့။ အဲဒီလိုဆိုလို့ သွေးထွက်သံယိုပြကွက်တွေ နည်းတယ်လို့ မထင်လိုက်ပါနဲ့ဦး။ စားသောက်လို့ကျန်တဲ့လူ့ခန္ဓာကိုယ်အစိတ်အပိုင်းအကြွင်းအကျန်တွေက ကာတွန်းထဲကထက် အပြင်မှာတွေ့ရတာ ပိုအော်ဂလီဆန်စရာကောင်းပါတယ်။ မူရင်းကာတွန်းရုပ်ပြဇာတ်လမ်းနဲ့ပဲ နှိုင်းယှဉ်နေတာတွေ ခဏရပ်ပြီး၊ သာမန်ရုပ်ရှင်ဇာတ်ကားတစ်ကားအနေနဲ့ ခဏကြည့်ကြည့်ရအောင်။ အဲဒီလိုဆိုရင်တော့ သိပ်ကိုကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားလို့ ဆိုရမှာပါ။ ဇာတ်ဝင်ခန်းတိုင်း၊ ဒိုင်ယာလော့ခ်တိုင်းဟာ ဒါရိုက်တာတင်ပြချင်တဲ့ အကြောင်းအရာအတိုင်းကွက်တိကျပြီး၊ အပိုအလိုမရှိဘူးလို့ဆိုနိုင်ပါတယ်။ ဒီအတိုင်း လူတွေကို သတ်နေတဲ့ Monster သတ္တဝါတွေနဲ့ ပါဝါရှိတဲ့မင်းသား၊ လူသားစစ်တပ်တွေ၊ရဲတွေကြားက တိုက်ပွဲအက်ရှင်ကား ဆိုပြီး ပေါ့ပေါ့သဘောထားပြီး၊ ကြည့်ရင်တော့ ဘာမှထူးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် လက်ရှိအင်တာနက်ပေါ်က ဒီဇာတ်ကားနှစ်ကားလုံးအတွက် အင်္ဂလိပ်ဘာသာပြန်စာတန်းထိုး subtitle အားလုံးနီးပါးက တော်တော်လေးမှားယွင်းနေတာလည်း သတိထားမိပါတယ်။ ဒီတော့ ခုနကပြောခဲ့သလို ပြောနေတာတွေနားမလည်တော့ ဒီအတိုင်းအက်ရှင် body horror ဇာတ်ကားတစ်ကားအဖြစ် မြင်ကြတာများမှာပါ။ ဇာတ်ကောင်အနေနဲ့ပြောရရင်တော့ နာမည်ကျော်မင်းသမီး Fukatsu Eri သရုပ်ဆောင်ထားတဲ့ Tamiya Ryoko ဟာ အပိုင်း ၁ မှာတော့ သွေးအေးရက်စက်တဲ့ဇာတ်ကောင်တစ်ယောက်ဖြစ်ခဲ့ပေမယ့် အပိုင်း ၂ မှာတော့ သူမရဲ့ မိခင်ဖြစ်လာပြီးနောက် ပိုမိုလူသားဆန်လာမှုကို အတော်ကလေးချဲ့ကားထားပြီး၊ anti-villain ဇာတ်ကောင်တစ်ယောက်ဖြစ်လာတာ တွေ့ရမှာပါ။ ထို့အတူ Fukatsu Eri ရဲ့ချောမောလှပမှုက သူမရဲ့ creepyဖြစ်ရမယ့် ဇာတ်ရုပ်ကိုထင်သလောက်ကြောက်စရာမကောင်းဘူးဖြစ်စေပေမယ့် ဇာတ်ကားတစ်ကားလုံးမှာ အကောင်းဆုံးသရုပ်ဆောင်သွားသူပါပဲ။ အဓိကဇာတ်ကောင်အဖြစ်ပါဝင်တဲ့ Sometani Shota ကတော့ သူ့ရဲ့မထုံတက်တေး derp face ကြောင့် ဝေဖန်ကြပေမယ့် တော်တေ်ာလေးcoolဖြစ်အောင် သရုပ်ဆောင်သွားပါတယ်။ တစ်ခုပဲ။ ရုပ်ကလေးချောသလောက် ပါးစပ်အဟောင်းသား၊ မျက်နှာသေနဲ့ သရုပ်ဆောင်နေတဲ့ မင်းသမီး Hashimoto Aiရဲ့ Satomi ကို ကြည့်ရတာတော့ တော်တော်လေးစိတ်ညစ်ဖို့ကောင်းပါတယ်။ အပိုင်း ၂ ပိုင်းခွဲပြီး၊ ရုံတင်တဲ့ Live-action ဇာတ်ကားတွေ ကြုံတွေ့နေကျ ပြသနာဖြစ်တဲ့ ပထမဇာတ်ကားမှာ ဇာတ်ရှိန်အမြင့်ဆုံးနေရာကို ဇာတ်လမ်းကြီးဆွဲ … ဆန့် ပြီး ခေါ်သွားပြီးမှ ဒုတိယပိုင်းကျတော့ ကျန်ရှိနေတဲ့ဇာတ်လမ်းအများကြီးကို အလောသုံးဆယ်မတရားချုံ့ပစ်ရတာမျိုးကိုတော့ မတွေ့မဖြစ် တွေ့ရဦးမှာပါ။ ပြရမယ့်ဇာတ်ဝင်ခန်းတွေကများ၊ အချိန်ကမရတဲ့အတွက် အရေးကြီးတဲ့ဇာတ်ဝင်ခန်းတွေအားလုံး တစ်ပြိုင်နက်ဖြစ်နေကာ ဇာတ်ရှိန်ကတစ်ချိန်လုံးမကျပဲ ဖြစ်နေပါတယ်။ အဓိကဇာတ်ကောင် Shinichiရဲ့ ပျော်ပျော်နေတတ်တဲ့ လူငယ်အဖြစ်ကနေ တည်ငြိမ်သွေးအေးတဲ့စိတ်ထားပိုင်ရှင်အဖြစ်သို့ပြောင်းလဲ၊ ပြီးတော့မှလူသာဆန်တဲ့စိတ်ခံစားချက်တွေကိုပြန်လည်ရရှိလာ …အစရှိသဖြင့် အရေးကြီးတဲ့ Character ပြောင်းလဲပုံအဆင့်ဆင့်ကို ဖော်ကျူးသွားတာက မြန်ဆန်လွန်းတဲ့အတွက် ရုပ်ရှင်ကြည့်ရှုသူတစ်ယောက်အနေနဲ့ သတိတောင် ထားမိလိုက်မှာ မဟုတ်ပါဘူးဒါပေမယ့် နောက်ဆုံးဇာတ်သိမ်းခန်းအတွက် အချိန်အများကြီးပေးထားပြီး၊ တိုက်ခိုက်တဲ့နေရာကို ဧရာမအမှိုက်မီးရှို့စက်ကြီးထဲမှာ ရိုက်ကူးထားတာက တော်တေ်ာလေးမိုက်ပါတယ်။ အက်ရှင်ခန်းတွေ နဲ့ CG effect တွေက ဂျပန် (အာရှ) ဇာတ်ကားတစ်ကားအတွက် အံ့သြဖွယ်ကောင်းလောက်အောင် သေသပ်ကောင်းမွန်နေတာတွေ့ရပြီး၊ အထူးသဖြင့် အရေးအပါဆုံးဇာတ်ကောင် Migi ကို CG နဲ့ဖန်တီးထားတဲ့နေရာမှာ သေချာရုပ်လုံးပေါ်တဲ့အတွက် စိတ်ကျေနပ်စရာပါ။ လူသားနဲ့ ကပ်ပါးကောင် ဘယ်ဘက်ကနေမလဲ။ သေချာတာပေါ့။ ကြည့်ရှုတဲ့ပရိသတ်ကျွန်တေ်ာတို့က လူစစ်စစ်ကြီးတွေဖြစ်လို့ လူသားစားတဲ့ကပ်ပါးကောင်ဘက်ကအားပေးဖို့မဖြစ်နိုင်ပေဘူး။ ဒါပေမယ့် တခြားတွေ့နေကျ Monster ဇာတ်ကားတွေ၊ Horror ကားတွနဲ့ ခြားနားစွာပဲ လူသားမျိုးနွယ်ကို ဒုက္ခပေးမယ့်သတ္တဝါဆိုးတွေကို အောင်မြင်စွာနှိမ်နင်းလိုက်လေသတည်းဆိုတဲ့ ဖီလင်မျိုးနဲ့ အဆုံးသတ်သွားမှာမဟုတ်တဲ့ Parasyte Live-action ဇာတ်ကားနှစ်ကားကတော့ ယခုနှစ်ထဲမှာကြည့်ဖြစ်တဲ့ ဂျပန်ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ အမိုက်ဆုံးဇာတ်ကားတွေအပါအဝင်အဖြစ် အမှတ်ပေးလိုက်ပါတယ်။ ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို myotaku club မှ Samurai မှတင်ဆက်ထားပါတယ်။) Parasyte: Part 1 (2014) နဲ့ Parasyte: Part 2 (2015) ၂ ကားစလုံးကို ဒီလင့်မှာ https://channelmyanmar.to/?s=Parasyte%3A+Part ဒေါင်းပါ။

6.5 2015 117 mins
Parasyte: Part 2
Hard Target 2
5.3

သူငယ်ချင်းကို လက်ဝှေ့ကြိုးဝိုင်းထဲမှာ မတော်တဆသတ်ခဲ့မိလို့ အပြစ်ကြွေးဆပ်ချင်ရာကနေ မြန်မာပြည်က ဗိုလ်ချုပ်တွေနဲ့ လက်ဝါးချင်းရိုက်ထားတဲ့ သတ်ကွင်းမှာ အမဲလိုက်ခံရသူ ဇာတ်ကားအကျဉ်း ဘေလာနှင့် ဆူသာလန်ဟာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်ပြီးတော့ နာမည်တစ်လုံးနဲ့ ကျော်ကြားတဲ့ လက်ဝှေ့သမားတွေဖြစ်ပါတယ်။ သူတို့ဟာ နှစ်ယောက်ယှဉ်ထိုးဖို့ ငွေပမာဏအများကြီး ကမ်းလှမ်းခံရတဲ့အခါ ဘယ်သူနိုင်နိုင်အရေးမကြီးဘူး ပိုက်ဆံရဖို့ အဓိကပဲဆိုပြီး ယှဉ်ထိုးဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အနိုင်ရလိုစိတ်ပြင်းပြသွားတဲ့ ဘေလာက လက်လွန်သွားပြီး ဆူသာလန်ကို သေအောင် ထိုးလိုက်မိပါတယ်။ ဒီလိုကနေ စိတ်ရောလူရော ထောင်းထောင်းကြေသွားတဲ့ ဘေလာဟာ ဆူသာလန် မသေခင်ကို လိုချင်တဲ့တဲ့ ကမ်းခြေဘေးက အိမ်ကို ဝယ်ပေးဖို့ မြန်မာပြည်က ဗိုလ်ချုပ်တွေနဲ့ အဆက်အသွယ်ရှိတဲ့ အဲဒရစ်ချ်ဆိုတဲ့လူနဲ့ ဆုံမိပြီး ထိုးပွဲတစ်ခုအတွက် လက်ခံပြီး မြန်မာပြည်ကို လိုက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကိုရောက်သွားတဲ့အခါမှ လက်ဝှေ့ပွဲမဟုတ်ပဲ သူ့ကို ဝိုင်းအမဲလိုက်မယ့် သတ်ပွဲဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုလွှတ်မြောက်အောင်လုပ်မလဲဆိုတာကို ရင်ထဲ တလှိုက်လှိုက် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(2.8 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…War , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

5.3 2016 104 mins
Hard Target 2
The Dinner Guest El comensal
5.2

The Dinner Guest (2022) IMDb Rating (5.2) “El Comensal” ကတော့ 2022 ခုနှစ်တွင် ထွက်ရှိလာတဲ့ စပိန် ဒရာမာဇာတ်ကားတစ်ခုဖြစ်ပြီးတော့ Ángeles González-Sinde ကဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းမှာ ETA အဖွဲ့၏လက်ချက်နဲ့ ဖြစ်လာတဲ့ မိသားစုရဲ့စိတ်ဒဏ်ရာတွေကိုပြန်လည်ပြီးတော့ ကုစားတာမြင်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းထဲကသရုပ်ဆောင်ကောင်းတွေနှင့် ကောင်းမွန်တဲ့ ဇာတ်ညွှန်းတွေကြောင့် စိတ်ဝင်စားဖို့ကောင်းပြီးတော့ခံစားချက်မျိုးစုံရမှာဖြစ်တယ် ။ Ginés García Millán, Susana Abaitua, Adriana Ozores တို့၏ သရုပ်ဆောင်မှုများက ဇာတ်ကားကို ပိုမိုကျစ်လစ်ကောင်းမွန်စေပါတယ်။ အတိတ်နှင့် ပစ္စုပ္ပန်ကြားက ချိတ်ဆက်ထားတဲ့ ဇာတ်ဝင်ခန်းတွေက မိသားစုရဲ့စိတ်ခံစားချက်တွေကိုသေချာရိုက်ပြထားသလို နည်းနည်းတော့ရှုပ်ထွေးတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ “El Comensal” သည် မိသားစုရဲ့ အတိတ်ကို ရှင်းလင်းဖြေရှင်းဖို့ကြိုးစားပြီ စိတ်ဒဏ်ရာတွေကိုဖြေဖျောက်ပြီးတော့ရှေ့ဆက်လှမ်းဖို့ကြိုးပမ်းမယ့်ပုံစံပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.4 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:36:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Thriller
5.2 2022 100 mins
The Dinner Guest El comensal
The Piano Lesson
6.2

August Wilson ရဲ့ The Piano Lesson ပြဇာတ်ကို ပြန်ပြီး မှီငြမ်းရိုက်ကူးထားတဲ့ Netflix ရဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ မိသားစု အမွေအနှစ်နဲ့ ပတ်သတ်ပြီး ဘယ်တွေလုပ်သင့်တယ်။ ဘယ်လိုတွေ အသုံးချသင့်တယ်ဆိုတာကို ပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဘွိုင်းဝီလီဆိုတဲ့ အမျိုးသားဟာ တစ်နေ့မှာ သူ့ရဲ့ ဦးလေးနဲ့ ညီမရှိရာ အိမ်ကို ခဏတာ အလည်ပြန်လာခဲ့တယ်။ ဒီလိုလာရခြင်းကလည်း သူ့ဆီမှာ အကြောင်းပြချက်တစ်ခု ရှိနေပါတယ်။ ဘွိုင်းဝီလီ သူ့အဘိုးအဘွားတွေ လက်ထပ် ကျွန်ခေတ်က တစ်မိသားစုလုံး အလုပ်အကျွေးပြုခဲ့ရတဲ့ ဆက်တာဆိုတဲ့ လူရဲ့ မြေကို ဝယ်ချင်တယ်။ မြေရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း သူဝယ်ထားပြီးပြီ။ ဒါပေမဲ့ အကုန်ဝယ်နိုင်ဖို့ရာမှာ သူ့အတွက် ငွေလိုနေတယ်။ ဒါကြောင့်မလို့ သူဟာ မိဘအမွေဖြစ်တဲ့ စန္ဒရားကြီးကို ရောင်းပြီး ရလာတဲ့ငွေနဲ့ ‌မြေဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြဿနာက သူ့ရဲ့ ညီမဖြစ်သူဟာ ဒီစန္ဒရားကို လုံးဝ ရောင်းခွင့်မပေးပါဘူး။ ဒီစန္ဒရားဟာ နယ်နယ်ရရ မဟုတ်ဘဲ မိသားစုသမိုင်ကြောင်း ရှိတဲ့အတွက်ကြောင့်ပါ။ ဒီလိုနဲ့ အစ်ကိုဖြစ်သူက ရောင်းမယ်။ ညီမဖြစ်သူက မရောင်းဘူး ငြင်းခုံကြရင်း စန္ဒရားကြီးရဲ့ အနာဂတ်က ဘာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ File size… 1.9 GB / 794 MB Quality… Web-DL 1080p / 720p Format… mp4 Audio… AAC Duration…. 2h 5m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… Act Molemy & Thiha Yan Naing

6.2 2024 127 mins
The Piano Lesson